Channel Myanmar

Comedy

Lady Bird (2017) 7.8
Lady Bird (2017) Imdb - 7.8 Rotten Tomatoes - 99% ---------------------------------------------- သားသမီးတွေနဲ့ မိဘတွေ ကတောက်ကဆအဖြစ်ဆုံးအရွယ်က အထက်တန်းကျောင်းသူကျောင်းသားအရွယ်ဆိုတာ အားလုံးလက်ခံကြမှာပါ။ လူပျိုပေါက်၊ အပျိုပေါက်ဖြစ်လာတဲ့အရွယ်မှာ လွတ်လပ်ခွင့်တွေ အရင်ထက်ပိုလိုချင်လာကြတယ်၊ ကိုယ် ဘာလုပ်လုပ်အမှန်ပဲထင်တတ်ကြတယ်။ မိဘကလဲ ဒီအရွယ်ဆို သေးသေးလေးကအစ အပြစ်လိုက်ပြောတတ်၊ သားသမီးမပျက်စီးအောင်ဆိုပြီး ထိန်းချုပ်မှုတွေလုပ်တတ်တဲ့အခါ သားသမီးနဲ့မိဘတွေကြား နားလည်မှုလေးတွေလွဲတတ်ကြပါတယ်။ ခရစ္စတင်းဆိုတဲ့ ကောင်မလေးဟာ သူ့ကိုယ်သူ "ငှက်မဒီ" လို့နာမည်ပေးထားပါတယ်။ ငှက်မဒီတို့ မိသားစုက သူဌေးရပ်ကွက်တစ်ခုမှာ နေထိုင်ပြီး ငှက်မဒီကတော့ ကတ်သလစ်အထက်တန်းကျောင်း တက်ပါတယ်။ ငှက်မဒီရဲ့ မိဘတွေဟာ ငွေရေးကြေးရေး မချောင်လည်ပေမယ့် ဆက်ကျော်သက်အရွယ် ဟော့ဟော့ရမ်းရမ်းနေချင်၊ ပျော်ပါးချင်တဲ့ ငှက်မဒီ လိုအပ်သမျှကိုတော့ တတ်နိုင်သလောက်ဖြည့်ဆည်းပေးပါတယ်။ မြန်မာပြည်မှာ ၁၀ တန်းအောင်ပြီးရင် တက္ကသိုလ်ရွေးကြသလိုမျိုး ငှက်မဒီတစ်ယောက် အထက်တန်းကျောင်းအောင်သွားတဲ့အခါ ကိုယ်တက်ချင်တဲ့ကောလိပ်ရွေးရပါတော့တယ်။ အစကတည်းက အချစ်ကြီးပြီး အစိုးရိမ်လွန်တတ်တဲ့ အမေဖြစ်သူဟာ ငှက်မဒီလေးကို အိမ်နားအနီးတစ်ဝိုက်က ကျောင်းမှာပဲ တက်စေချင်ခဲ့ပေမယ့် ငှက်မဒီကတော့ ...
movie

Lady Bird (2017)

2017
Hanson and the Beast (2017) 5.5
Hanson and the Beast (2017) ဂူဂူးမင်းသမီးလေး Liu Yifei နဲ့ မင်းသား William Feng တို့အဓိကပါဝင်ထားတဲ့ Hanson and the Beast ဇာတ်ကားဟာ 2017..December မှာထွက်ရှိထားတဲ့ Comedy.. Fantasy .. Romance ကားလေးဖြစ်ပါတယ်။ရုပ်ရှင်မင်းသားဖြစ်ချင်လို့ ကိုယ့်ပိုက်ဆံကိုယ်ထုတ် ဇာတ်ကားရိုက်ရာကနေ နောက်ဆုံးအကြွေးတွေ တောင်လိုပုံသွားတဲ့ ယွမ်ရွှိက် (William Feng) ဟာ အကြွေးတွေကြေဖို့အတွက် ပိုက်ဆံရှိအမျိုးသမီးများနဲ့ ခဏခဏဒိတ်နေသူပါ....တစ်နေ့မှာ ထူးဆန်းစွာကြုံလာတာက ယွမ်ရွှိက်ငယ်ငယ်က ကယ်တင်ပေးခဲ့ဖူးတဲ့ မြေခွေးမိစ္ဆာမလေးပိုင်ချန်းချူ (ဂူဂူး)က ယွမ်ရွှိက်ကိုပြန်တွေ့တော့ ကျေးဇူးကြွေးပြန်ဆပ်မယ်ဆိုပြီး သူ့နောက်ကိုလိုက်ခဲ့ပါတော့တယ်။သူတို့နှစ်ယောက်တွေ့မိကြပြီး ပိုင်ချန်းချူက သူမဟာ မြေခွေးမလေးဖြစ်ကြောင်းပြောပြီး မြေခွေးပုံစံပြောင်းပြလိုက်တာ ယွမ်ရွှိက်တစ်ယောက်ကြောက်လန့်ပြီးပြေးတဲ့အပြင် လူတွေလဲ မြေခွေးအကြီးကြီးကို မြင်တွေ့သွားကြပါတယ်... ဒါပေမယ့် သူတို့မိစ္ဆာလောကမှာ မိစ္ဆာတွေကိုစီမံခန့်ခွဲရေးဌာနဆိုတာရှိပါတယ်... အဲ့ဒီ့အဖွဲ့က မြေခွေးကိုတွေ့ခဲ့တယ်ဆိုတဲ့ လူတွေရဲ့မှတ်ဥာဏ်ဖျက်လိုက်ပါတယ်။ပိုင်ချန်းချူဟာ ယွမ်ရွှိက်ကို တကယ်ချစ်ကြိုက်သွားပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် မိစ္ဆာစီမံခန့်ခွဲရေးဌာနခေါင်းဆောင် ယွင်ကျုန်းဟယ်က မိစ္ဆာနဲ့ လူ ချစ်ကြိုက်ခြင်းကိုတားမြစ်ထားတဲ့သူ ဖြစ်နေတဲ့အခါမှာတော့.....။ (ဘာသာပြန်သူကတော့ မယမင်းသော်တာမောင်ပါ) File Size : (950 MB) ...
movie


2017
[18+] Princess Sakura: Forbidden Pleasures (2013) 4.6
[18+] Princess Sakura: Forbidden Pleasures (2013) ဆာကူရာ ဆိုတဲ့ ချောမောလှပတဲ့ ကောင်မလေးက တော်ဝင်မျိုးနွယ်လေးပေါ့ဆာကူရာ လေးဟာ ခန္ဓာကိုယ်က ဆာကူရာပန်းရနံ့လေး အမြဲမွှေးနေလို့ လိုချင်တပ်မက်သူတွေ ဝိုင်းနေတာပေါ့ဒါပေမယ့် ဆာကူရာလေးကတော့ ဗိုင်းကောင်းကျောင်ဖိ မိကောင်းဖခင် သမီးလေးပေါ့ အချစ်ရေးကို စိတ်မဝင်စားသေးပါဘူးဆာကူရာ တို့ စံအိမ်တော်မှာ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းထားတဲ့ တော်ဝင်ငှက်မွှေး ဆိုတဲ့ ပစ္စည်းရှိပါတယ် တန်ဖိုးလဲ ကြီးပါတယ်တစ်ရက်မှာတော့ ဆာကူရာ တို့အိမ်ကို ငတက်ပြား နာမည်ကျော်သူခိုး ဝင်ပြီး ထိုငှက်မွှေးကို ခိုးပါတယ်ငှက်မွှေးခိုးရုံပဲလား ဆိုတော့ မဟုတ်ပါဘူး အပျိုစင်လေး ဆာကူရာ အိပ်နေတဲ့ အိပ်ခန်းထဲ ဝင်ပြီး ဘုသွားပါသေးတယ် :Pတော်ဝင်ထိန်းသိမ်းထားတဲ့ ပစ္စည်းလဲ ပျောက်လူလဲ ဘုခံလိုက်ရတဲ့ ဆာကူရာလေးဟာ အိမ်မှာမနေတော့ပဲထို သူခိုးကို ရှာဖို့ အတွက် ရည်မှန်းချက်ကြီးကြီးမားမား နဲ့ စံအိမ်ကနေ ထွက်ခွာသွားပါတော့တယ်...ရည်မှန်းချက် ကြီးမားပုံများ လူဆိုးသူခိုးဂျပိုးများ အဝင်အထွက်များတဲ့ ဆောင်ကြာမြိုင်မှာ ပြည့်တန်ဆာ အဖြစ် အလုပ်ဝင်လိုက်တာပါ :Dသူမ ကိုယ်က ပန်းရနံ့ မွှေးတော့ နိုင်ငံအနှံ့ကတောင် လာပြီး သူမနဲ့ အိပ်ဖို့ ...
movie

[18+] Princess Sakura: Forbidden Pleasures (2013)

2013
American Pie 8: American Reunion (2012) 6.7
American Pie 8: American Reunion (2012) American Pie 8: American Reunion (2012) IMDb - 6.7/10_____Rotten - 45%   နာမည်ကျော်ကျောင်းသား ဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နောက်ဆုံးဇာတ်ကားကို ထပ်ဖြည့်လိုက်ပြီဖြစ်တာကြောင့် American Pie (၈) ကားလုံးမြန်မာစာတန်းထိုးနဲ့တင်ဆက်ပြီးပါပြီ။ ဒီဇာတ်ကားမှာတော့ မူလဘူတ American Pie အဖွဲ့သားတွေ အသက်တွေကြီး ... အိမ်ထောင်တွေ ဘာတွေကျပြီးသွားတာတောင် ဘယ်လောက်ထိ လွဲချော် သောင်းကျန်းကြဦးမလဲဆိုတာကို တွေ့ရမှာပါ။ အနောက်တိုင်းဆန်ဆန် ဟာသရောနှောပြီး ပွင့်လင်းစွာ တင်ဆက်ထားတာကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။   American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=american+pie မှာ Download လုပ်လို့ရပါတယ်။  File size...(905 MB) Quality...Blu-ray Rip 720p Format...mp4 Duration....01:53:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်
movie

American Pie 8: American Reunion (2012)

2012
American Pie 5: The Naked Mile (2006) 5.1
American Pie 5: The Naked Mile (2006) American Pie 5: The Naked Mile (2006) IMDb - 5.1/10_____Google users - 85%   နာမည်ကျော်ကျောင်းသားဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နံပါတ်(5)ဇာတ်ကားပါ။ ဒီဇာတ်ကားမှာလဲ သူ့ထက်ငါ လူစွမ်းကောင်းဆိုတဲ့ စတစ်ဖလာမျိုးရိုးတွေအကြောင်းကို တွေ့မြင်ရမှာပါ။ စတစ်ဖလာ မျိုးရိုးထဲမှာ အူကြောင်ကြောင်ကောင်တွေပါနေတာကို ဟာသရသမြှောက်အောင် ပုံဖော်ထားပါတယ်။ အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို ဟာသရောနှောပြီး ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။   American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=american+pie မှာ Download လုပ်လို့ရပါတယ်။  File size...(903 MB) Quality...HDTV-Rip 720p Format...mp4 Duration....01:41:47 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်
movie

American Pie 5: The Naked Mile (2006)

2006
American Pie 4: Band Camp (2005) 5.1
American Pie 4: Band Camp (2005) American Pie 4: Band Camp (2005) IMDb - 5.1/10_____Rotten - 17%   နာမည်ကျော်ကျောင်းသားဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နံပါတ်(4)ဇာတ်ကားပါ။ American Pie အစကမင်းသားတွေ မပါတော့ဘဲ စတစ်ဖလာက မင်းသားဖြစ်သွားပြီး မူရင်း စတစ်ဖလာရဲ့ ညီအကြောင်းကို ပေါ့ပေါ့ပါးပါးတင်ဆက်ထားပါတယ်။ စတစ်ဖလာ ဆိုတာ မျိုးနဲ့ ရိုးနဲ့ သောင်းကျန်းသူတွေဖြစ်ကြောင်း ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။ အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို ဟာသရောနှောပြီး အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။   American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=american+pie မှာ Download လုပ်လို့ရပါတယ်။  File size...(903 MB) Quality...Unrated HDTV Rip 720p Format...mp4 Duration....01:34:10 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်
movie

American Pie 4: Band Camp (2005)

2005
American Pie (1999) 7.0
American Pie (1999) American Pie (1999) IMDb - 7.0/10_____Rotten - 61%ကဲ.....ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် ဇာတ်ကားကြိုက်နှစ်သူပရိတ်သတ်တွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားများလာပါတော့မယ်။ American Pie ဆိုတဲ့ နာမည်ကျော် ကျောင်းသားဟာသဇာတ်ကားတွေပဲဖြစ်ပါတယ်။ စုစုပေါင်း (၈) ကားရှိပါတယ်။ တစ်ကားနဲ့တစ်ကား မဆက်စပ်ဘဲ ကြည့်လို့ရတဲ့အတွက် ခြားခြားပြီးတော့ မြန်မာစာတန်းထိုးနဲ့ (၈) ကားလုံးတင်ပေးထားပါတယ်။ ဒီနေ့ကတော့ No(1) ဇာတ်ကားပေါ့။ ၁၉၉၉ ခုနှစ်က ထွက်ပါတယ်။ အားပေးမှုတော်တော်လေးရရှိခဲ့ပြီး IMDb Rating (7/10) ရရှိထားလို့ Comedy အမျိုးအစားဇာတ်ကားတွေထဲမှာ Rating မြင့်တဲ့ဇာတ်ကားတစ်ကားပါ။ အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို ဟာသရောနှောပြီး အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။   American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=american+pie မှာ Download လုပ်လို့ရပါတယ်။   (မြန်မာစာတန်းထိုးကိုတော့ ကသာသားလေးမှ တင်ဆက်လိုက်တာပါ။)   File size...(946 MB) Quality...Blu-ray Rip 720p Format...mkv Duration....01:35:37 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်
movie

American Pie (1999)

1999
Daddy’s Home 2 (2017) 6.0
Daddy’s Home 2 (2017) Daddy's Home 2 (2017)_____IMDb - 6.0/10  ဒီဇာတ်ကားလေးကတော့ လွန်ခဲ့တဲ့ ၃ နှစ်ကရိုက်ကူးခဲ့ပြီး ပရိတ်သတ်အားပေးမှုတစ်ခဲနက်ရရှိခဲ့တဲ့ Daddy's Home (2015) ရဲ့အဆက် Daddy's Home 2(2017) ပဲဖြစ်ပါတယ်... ဒီဇာတ်ကားအတွက် ဘတ်ဂျက် ၆၉သန်း ဒေါ်လာလောက်နဲ့ရိုက်ကူးခဲ့ပေမယ့် Box Office မယ် ဒေါ်လာသန်း ၁၈၀ကျော် လောက်ထိ ပြန်ရခဲ့တာမို့ အတော် လန်းလောက်မယ့် ကားလေးလို့ ခန့်မှန်းနိုင်ပါတယ်... ဇာတ်လမ်းအကျဉ်း ဘက်သွားရမယ်ဆိုရင်ဖြင့်... ဘရက် နဲ့ ဒက်တီဟာ မီဂန် ဒိုင်လန်ဆိုတဲ့ကလေးနှစ်ယောက်ကို တွဲဖက် အုပ်ထိန်းနေကြတဲ့ အုပ်ထိန်းသူ အမျိုးသားနှစ်ဦးဖြစ်ပါတယ်... ကလေးနှစ်ဦးဟာလည်း ဟိုအိမ် တလှည့် ဒီအိမ်တလှည့် စီနေရင်း အုပ်ထိန်းစောင့်ရှောက်ခံရတာပေါ့... ဘရက်နဲ့ ဒက်တီတို့နှစ်ဦးမှာလည်း ဇနီးမယားကိုယ်စီရှိကြပါသေးတယ်...   တစ်နေ့ ဒီဖခင်နှစ်ဦး ဟာ မီဂန်အတွက် ကျောင်းပြဇာတ်ကို လိုက်သွားခဲ့ရာမှ သူတို့ကလေးဟာ ဒီလိုအိမ်နှစ်လုံးမှာ တလှည့်စီနေထိုင်ရတာ မပျော်မရွှင်ဖြစ်နေကြောင်း သိလာရပါတယ်... ဒါကြောင့်ပဲ ... ခုနှစ် ခရစ်စမတ်ပွဲကိုတော့ ခါတိုင်းလို သီးခြားခွဲမလုပ်ကြဘူး... တစ်ပေါင်းတစ်စည်းတည်း လုပ်ပေးရင်း ကလေးအတွက် ...
movie

Daddy’s Home 2 (2017)

2017
Barefoot (2014) 6.6
Barefoot (2014) Barefoot (2014)_____IMDb - 6.6/10  ဒီဇာတ်ကားလေးက ကျွန်တော့် Favouriteကား တွေထဲက တကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ IMDb rating 6.6/10 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် မင်းသားဂျေးကတော့အိမ်က ပိုက်ဆံရှိချမ်းသာပေမယ့် တခြားမြို့မှာ မိန်းမရှုပ် လောင်းကစားလုပ်နဲ့မူးရူးသောင်းကျန်းနေတဲ့ လူ့ဘောကျော့တယောက်ဖြစ်တယ်။ သူ့ရဲ့လုပ်ရပ်တွေကြောင့် စိတ္တဇဆေးရုံမှာ လူမှုရေးဝန်ထမ်းအဖြစ်လုပ်ကိုင်ဖို့အမိန့်ချခံလိုက်ရတယ်။ ထိုအချိန်မှာပဲ ဆေးရုံလာတက်တဲ့စိတ်ဝေဒနာရှင်မင်းသမီးဒေစီနဲ့ စတင်တွေ့ဆုံပါတော့တယ်။ ဒေစီဟာ ဂျေးကို မြင်မြင်ချင်းသံယောဇဉ်ဖြစ်သွားပြီနေရာတကာတကောက်ကောက်လိုက်တယ်။ အကြွေးတွေဆပ်ဖို့ပိုက်စံလည်းလို…ညီရဲ့မင်္ဂလာဆောင်ကလည်းရှိ…အဖေကလည်း ဂျေးကိုချစ်သူတယောက်ခေါ်ပြီး အိမ်ကိုပြန်ဖို့ပြောတဲ့အချိန်မှာ…ချစ်သူကလည်းရှာမရ ကြံရာမရတဲ့အဆုံးစိတ်ဝေဒနာရှင်ဒေစီကိုပဲ ချစ်သူအဖြစ်ဟန်ဆောင်ပြီး မိသားစုနဲ့ သွားတွေ့တဲ့အချိန်မှာပဲ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦး။ မင်းသမီးဒေစီရဲ့ innocent ဆန်တဲ့ သရုပ်ဆောင်ချက်တွေကြောင် ဇာတ်ကားဟာ ရသမြောက်ခဲ့ပါတယ် sex ခန်းတခန်းမှမပါပဲ Romance ဆန်ဆန်ရိုက်ကူးထားတဲ့ drama ကားကို မိမိချစ်သူရည်းစားနဲ့အတူကြည့်မယ်ဆိုရင်တော့ကြည်နှုးမှုရသအပြည့်အဝပေးစွမ်းနိုင်မှာပါ။ (ရည်စားမရှိသူများကတော့ တယောက်တည်းကြည့်ပေ့ါ….:P)    (ဇာတ်ကားအညွှန်းရေးပေးသူရော . ဘာသာပြန်ပေးသူရော Channel Myanmar Team မှ Ko AP Newschool ဖြစ်ပါတယ်။)@San Win Maung   File Size                          : 700 MB Quality            ...
movie

Barefoot (2014)

2014
Tad the Lost Explorer and the Secret of King Midas (2017) 6.3
Tad the Lost Explorer and the Secret of King Midas (2017) (ဒီကားလေးကတော့ ၂၀၁၂ က ထွက်ရှိထားခဲ့တဲ့ Tad, The Lost Explorer ကားလေးရဲ့ အဆက်ဖြစ်ပြီး သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကို ပြောရရင် တက်ဒ် ဆိုတဲ့ စူးစမ်းရှာဖွေတာကို ဝါသနာပါတဲ့လူတစ်ယောက်မှာ နာမည်ကြီးရှေးဟောင်းသုတေသနပညာရှင်အသိတစ်ယောက်ရှိပါတယ်...သူ့နာမည်က ဆာရာ တဲ့...ပြောရရင် တက်ဒ် က သူ့ကို ကြိတ် crush နေတာပါ...တစ်နေ့မှာ ဆာရာ ဟာ ထူးဆန်းတဲ့ဒဏ္ဍာရီလာပစ္စည်းတစ်ခုအကြောင်း ရှာဖွေတွေ့ရှိသွားပါတယ်...အဲ့ဒီပစ္စည်းဟာ အံ့သြစရာအစွမ်းတွေပိုင်ဆိုင်ပြီး အမှန်တကယ်ရှိကြောင်း သိလိုက်ရပါတယ်...ဒီအချိန် သူ့လိုပဲ အဲ့ဒီပစ္စည်းအကြောင်းသိထားသူတစ်ယောက်က ဆာရာ့ဆီက မှတ်တမ်းတွေကို ပိုင်ဆိုင်ဖို့ ကြိုးစားလာတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ခံစားကြည့်ရှူပေးကြပါဦး...ပထမကားကို မကြည့်ဖူးတဲ့ တစ်ချို့ ပရိတ်သတ်တွေအနေနဲ့လည်း ဇာတ်လမ်းထိခိုက်မှုမရှိပဲ အဆင်ပြေပြေကြည့်နိုင်မှာပါ...အန်နီမေးရှင်းကောင်းမွန်ပြီး ကြည့်ရတာပျော်စရာကောင်းပါတယ်...ကျွန်တော်ဆို ဇာတ်လမ်းထဲက သီချင်းလေးတစ်ပုဒ်ကို သဘောကျမိရဲ့... ပရိသတ်ကြီးလည်း ခံစားကြည့်ရှုရင်း သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...အားပေးကြပါဦး(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ ကိုရဲကျော်ထက်ပါ) File Size : (700 MB)  Quality : Blu-Ray 720p Running ...
movie

Tad the Lost Explorer and the Secret of King Midas (2017)

2017
[18+] Step Up Love Story (2011) 5.3
[18+] Step Up Love Story (2011) Dark Side Production မှတင်ဆက်သည်။   ဇာတ်လမ်းကတော့....အချစ်ကို အချစ်လို့သာသိပြီး အဘာကြီးဘာနေကြတဲ့ သူငယ်ချင်းတွေကြား ဘာအတွေ့အကြုံမှ မရှိသေးတဲ့ စုံတွဲလေးအကြောင်းကို သာသာယာယာလေး ပြသွားမယ့် ဇာတ်လမ်းလေးကို ချပြလတ်ပါပြီ.....Living Together ခေတ်ကြီးမှာ... ခုတွေ့ ခုချစ် ခုယူ ဖြစ်သွားခဲ့တဲ့ မာကိုတိုတို့ စုံတွဲဟာ မီးဖိုချောင် ကိစ္စကအစ အိမ်ထောင်ရေး သုခအဆုံး နကန်းတစ်လုံးမှ မသိကြသေးပါဘူး...ဒါကို ရိပ်မိကြတဲ့ အပေါင်းအသင်းတွေက သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ သင်တန်းပို့ချပေးကြပါတယ်..ကောင်မလေးဖက်က သူငယ်ချင်းကလည်း ထိုနည်း၎င်း လမ်းပြကြတယ် ဆိုပါတော့...ကြားသမျှလေးတွေနဲ့ လက်တည့်စမ်းတဲ့ မာကိုတိုနဲ့ အကြံပေးတိုင်း လိုက်လုပ်ရှာတဲ့ သူ့ချစ်ဇနီးလေးတို့ အဆင်ပဲပြေကြမလား၊ အောင့်အီးသည်းခံတွေပဲ ဖြစ်မလား ဆိုတာကတော့ ကိုယ့်လူတို့ လက်တွေ့ဒေါင်းကြည့်လိုက်ကြတော့ဗျာ...။  File Size…(800 MB)Quality…HDRipFormat…mp4 Duration…01:13:00 Subtitle…Myanmar Subtitle(Hardsub) Encoder…RGBTranslated by Dark Cloud  
movie

[18+] Step Up Love Story (2011)

2011
The Square (2017) 7.2
The Square (2017) The Square (2017) IMDb - 7.2/10_____Rotten - 85% Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ကြိမ်တင်ဆက်ပေးလိုက်တဲ့ The Square ဇာတ်ကားဟာဆိုရင် ပုံမှန်အတွေ့ရများလေ့ရှိတဲ့ဇာတ်ကားတွေလိုမဟုတ်ဘဲ တစ်မျိုးတစ်ဘာသာ ထူးခြားတဲ့သဘောကိုခံစားမိစေမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။အရှေ့ဥရောပ နိုင်ငံတစ်ခုဖြစ်တဲ့ ဆွီဒင်နိုင်ငံက “ခရစ်စတီယန်”ဆိုတဲ့ ပြတိုက်မှူးတစ်ယောက်…စတော့ဟုမ်းမြို့လည်မှာ ဖုန်းနဲ့ပစ္စည်းအချို့ခါးပိုက်နှိုက်ခံရတာကနေ ဇာတ်ကားတစ်ခုလုံးရဲ့ အဓိကအကြောင်းအရာကိုစတင်ထားတာပါ။ပျောက်ဆုံးသွားတဲ့ ဖုန်းနဲ့ပစ္စည်းတွေကို ပြန်လည်ရယူဖို့ကြိုးစားရင်းဇာတ်ရှိန်တဖြည်းဖြည်းတက်လာမှာပါ။ဇာတ်ကားတစ်ခုလုံးကို အစကနေအဆုံး ဂရုတစိုက်ကြည့်မှသာ ဇာတ်လမ်းရဲ့အရသာကို ခံစားလို့ရနိုင်မယ်လို့ ပြောချင်ပါတယ်အလွမ်းအဆွေးပိုင်းဆိုင်ရာ သရုပ်ဆောင်ခန်းတွေကို တင်ပြထားရင်းနဲ့ကြိုကြားကြိုကြားဆိုသလို အနုပညာပိုင်းဆိုင်ရာတီထွင်ဖန်တီးမှုတွေအကြောင်းလည်းဗဟုသုတဖြစ်စရာ တွေ့မြင်ကြရမှာပါ။ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီဇာတ်ကားဟာရသခံစားမှုအပိုင်းထက် သုတပိုင်းကိုပိုပြီးအလေးပေးထားတဲ့ ဇာတ်ကားတစ်ကားသာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျား    File Size : (1.1 GB) Quality : WEB-DL 720p Running Time : 2hr 22min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

The Square (2017)

2017
The Star (2017) 5.9
The Star (2017) Drama လဲ မကြည့်ချင် Crime Thriller လဲမကြည့်ရဲတဲ့ ပရိတ်သတ်တွေရှိလား…ကာတွန်းကိုပဲ ကြိုက်တယ် ကာတွန်းကားကြည့်ရတာ ပျော်တဲ့ ပရိတ်သတ်တွေရှိလား…ဒါဆိုရင်တော့ “The Star”ဆိုတဲ့ Animation Cartoon movie လေး လာပါပြီဗျာ…ဒီကားမှာဆိုရင်တော့ Mariah Carey, Oprah Winfrey နဲ့တခြားတခြားသောနာမည်ကျော်များက နောက်ခံစကားပြောများအဖြစ်ပါဝင်အားဖြည့်ထားကြပါတယ်..လေကြောလေးလျှော့ပြီး အညွှန်းလေးပြောမယ်ဗျာ..မြည်းလေးတစ်ကောင်ဟာ ကြိတ်စက်ထဲမှာပဲ သံသရာလည်ရင်း အပြင်လောကကို စူးစမ်းချင်ခဲ့ပါတယ်..သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ချိုးငှက်လေး ဒေ့ဗ်ဟာ မြည်းလေးရှိတဲ့ ဆန်စက်ထဲကို လာလည်တတ်ပြီး အပြင်လောကအကြောင်းကို အမြဲပြောပြတတ်ပါတယ်…မယ်ရီဟာ ညတစ်ညမှာ သူ့ဆီကို အလင်းရောင်တစ်ခု ဖြာကျလာပြီး ဘုရားသခင်သားတော်ကို မွေးဖွားပေးဖို့ ရွေးချယ်ခံခဲ့ရပါတယ်..မယ်ရီကိုဒီတာဝန်အပ်နှင်းအပြီးမှာတော့ ကောင်းကင်မှာ ကြယ်တစ်ပွင့်ထွန်းလင်းခဲ့ပါတယ်…မယ်ရီဟာ စိတ်ထားကောင်းပြီး သူတစ်ပါးကို အလွန်ကူညီတတ်ပါတယ်..သူဟာ ဂျိုးဆက်ဆိုတဲ့ကောင်လေးနဲ့ အကြောင်းပါခဲ့ပါတယ်..ဒီအချိန်မှာတော့ ဘုရားသခင်သားတော်ကို လွယ်ထားတဲ့ ကိုယ်ဝန်ရင့်နေပါပြီ…သူဟာဂျိုးဆက်ကိုဒီအကြောင်းတွေကို ရှင်းပြခဲ့ပါတယ်..ဂျိုးဆက်ကလဲ ခင်ပွန်းကောင်းပီပီ နားလည်ပေးခဲ့ပါတယ်..အဲ့အချိန်မှာပဲ မြည်းလေးဟာ ဆန်စက်က ထွက်ပြေးပြီး ...
movie

The Star (2017)

2017
Tumhari Sulu (2017) 6.9
Tumhari Sulu (2017) Sulu Chnar _ အိမ်​​ထောင်​ရှင်​မတစ်​​ယောက်​ ၊ အိမ်​မှုကိစ္စရပ်​​တွေမှာ ​စေ့ငှပြီး ခင်​ပွန်းဖြစ်​သူကို ဇနီး​ကောင်းတစ်​​ယောက်​လို ၊ သူငယ်​ချင်းတစ်​​ယောက်​ကဲ့သို့ သတ်မှတ်ပြီး​​ပျော်​​ပျော်​ရွှင်​ရွှင်​ဘဝကိုဖြတ်​သန်း​နေသူ ။မူလတန်းအရွယ်​ က​လေးတစ်​ယက်​၏ မိခင်​ ။ခင်​ပွန်းဖြစ်​သူရဲ့ အသိုင်းအဝန်းစူလိုချနားရဲ့အိမ်​ကို မကြာဆိုသလို လာ​ရောက်​လည်​ပတ်​တတ်​ပြီး သူတို့ အလုပ်​အကိုင်​အ​ကြောင်း​တွေကို ကြွားလုံးထုတ်​ စူလိုချနား မခံချင်​​အောင်​ မီး​မွှေးကြတဲ့သူ​တွေ​ပေါ့ ။အသိုင်းအဝန်းမှာ သူမပညာမတတ်​တာကိုဘဲ အမြဲ ရမယ်​ရှာပြီး အပြစ်​​ပြောခံ​နေရတတ်​သူ ၊ စူလိုချနားဟာ ဒီလိုအချိန်​​တွေမှာ နား​ထောင်​​ကောင်း​ကောင်းနဲ့ အမြဲတမ်းအငြိမ်​​နေသည်းခံတတ်​သူ​တော့မဟုတ်​ပါဘူး။တစ်​ခွန်း​ဆိုရင်​ ဆယ်​ခွန်းပြန်​ဆိုလိုက်​ရမှ ​နေသာထိုင်​သာရှိသူတစ်​​ယောက်​အိမ်​​ထောင်​ရှင်​မ စူလိုချနားမှာ ​ကောင်းတဲ့အကျင့်​စရိုက်​​လေးတစ်​ခုက ဘယ်​အလုပ်​ကိုမဆို ငါလုပ်​နိင်​တယ်​ ဆိုတဲ့ ခံယူချက်​​လေးပါဘဲ ။လင်​​ယောက်ျားဖြစ်​သူ အရို့ က်​ တစ်​​ယောက်​တည်းဝင်​​ငွေနဲ့ ရပ်​တည်​​နေတာကို တစ်​ဖက်​တစ်​လမ်းကကူညီ​ဖြေရှင်း​ပေးချင်​တဲ့ စိတ်​​လေးက စူလိုချနားမှာရှိ​နေတယ်​။စိတ်​ထဲရှိတာတင်​မဟုတ်​ အိမ်​တစ်​​ဆောင်​ရဲ့ လိုအပ်​ချက်​ဖြစ်​တဲ့ မီးဖို​ချောင်​သုံးပစ္စည်း ပန်းကန်​ ခွက်​​ယောက်​မကျန်​ တီဗီအဆုံး စူလိုချနား ဖြည့်​ဆည်းထားတာ​ချည်း ။ယောက်ျားအသုံးစရိတ်​နဲ့ ...
movie

Tumhari Sulu (2017)

2017
Survival Family (2017) 7.1
Survival Family (2017) သင်ဟာ လျှပ်စစ်မီးမရှိပဲ ဘယ်နှစ်ရက်လောက်ထိနေနိုက်ပါသလည်း?????သင်နေ့စဉ်သုံးနေကြ ပစ္စည်းတွေထဲကမှ လျှပ်စစ်နဲ့သုံးရတဲ့ပစ္စည်းတွေ၊ စက်ပစ္စည်းမှ မှန်သမျှက သုံးလို့မရအောင်ရပ်တန့်သွားရင် သင်နေ့စဉ်ဘဝမှာ အစဉ်ပြေနိုင်သေးလား ?????ဒီလိုမေးခွန်းတွေက မြန်မာနိုင်ငံသားတစ်ယောက်ဆိုရင်တော့ သိပ်မထူးဆန်းပေမယ့် ဂျပန်နိုင်ငံသားတွေကို ဒီလိုမေးခွန်းထဲက အခြေအနေတွေမျိုး တစ်ကယ်ဖြစ်လာသောအခါ.......တိုကျိုမြို့ကြီးမှာနေထိုင်တဲ့ ဆူဇူကီး မိသားစုက သာမန်မိသားစုတွေလိုပဲ မြို့ပြယဉ်ကျေးမှုမှာ စီးမျောနေတဲ့မိသားစုတစ်ခု၊ အဖေက company မှာအလုပ်ကြိုးစားတယ်၊ ဒါပေမဲ့ မိသားစုနဲ့ ကင်းကွာနေတယ်၊ အမေကလည်း အိမ်မှုကိစ္စတွေတာဝန်ကျေပွန်ပေမယ့် မိသားစုအတွင်း စည်းလုံးအောင် မလုပ်ဆောင်နိုင်ဘူး၊ သားနှင့်သမီးကလည်း အထက်တန်းကျောင်းသားတွေပီပီ ဖုန်းနှိပ်လိုက်၊ အပေါင်းအသင်းတွေနဲ့ လျှောက်သွားလိုက်နဲ့ မိသားစုစကားပြောဖြစ်တာ တော်တော်ရှားတယ်၊ တစ်ရက် မနက်မိုးလင်းမှာတော့ လျှပ်စစ်မီးပျက်သွားတယ်၊ မီးပျက်မှာကို ကြိုသတိပေးလေ့ရှိတဲ့ ဂျပန်နိုင်ငံမှာတော့ အထူးအဆန်းပေါ့၊ အစကတော့ သူတို့တစ်အိပ်ပဲဖြစ်နေတယ်လို့ထင်နေပေမယ့် နောက်ပိုင်းမှ တစ်မြို့လုံးဖြစ်နေကြတယ်၊ ရုံးသွားဖို့အလျင်လိုနေတဲ့ ဆူဇူကီးတစ်ယောက် မနက်စာမစားပဲထွက်လာခဲ့ပေမယ့် ပုံမှန်လာနေကြ အချိန်မှန် ရထားကလည်းရောက်မလာဘူး၊ ဒိလိုနဲ့ ရုံးကိုလမ်းလျှောက်သွားပြီး ရုံးရှေ့ရောက်တော့လည်း ...
movie

Survival Family (2017)

2016
Please Stand By (2017) 7.3
Please Stand By (2017) ၂၀၁၈ခုနှစ်ထွက်ပေါ့ပေါ့ပါးပါးနဲ့ဇာတ်မြူးမြူး Comedy/Drama ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။Wendy ဟာအရာရာတိုင်းကိုရှုထောင့်တစ်မျိုးနဲ့မြင်တတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူစိတ်ရှိသလိုပြောဆိုနေထိုင်လေ့ရှိပြီး ဉာဏ်ထက်တဲ့ကောင်မလေးတစ်ယောက်ဖြစ်သည့်အပြင် သူဟာအာရုံကြောဆိုင်ရာ ပြဿနာရှိသူဖြစ်ပါတယ်။ဒါကြောင့် သူ့ကိုအကြံပေးဆွေးနွေးပေးတဲ့သူတစ်ယောက်ထားရှိပေးထားရပါတယ်။သူ့အတွက်တော့ လူတွေဟာအလွန်ပွေလီရှုပ်ထွေးတဲ့စကားဝှက်တစ်ခုဖြစ်ပြီး ကမ္ဘာကြီးဟာလည်း ရှုပ်ထွေးလှသည့်နေရာတစ်ခုပဲဲဖြစ်ပါတယ်။သူ့ကိုဆွေးနွေးအကြံပြုနေသူရဲ့လွှမ်းမိုးမှုအောက်မှာပဲ တစ်နေ့သာပုံမှန်လုပ်ဆောင်စရာလေးတွေကိုလုပ်ရင်းပဲ အရွယ်ရောက်လာပြီးနောက် တစ်နေ့မှာပဲသူနေ့စဉ်ကြည့်လေ့ရှိတဲ့ တီဗီအစီအစဉ်တစ်ခုကနေ ဇာတ်ညွှန်းရေးပြိုင်ပွဲတစ်ခုကို သူကြည့်ရှုလိုက်ရပါတယ်။အဲဒီကစပြီး သူဉာဏ်ကွန့်မြူးပြီး သီကုံးဖန်တီးထားတဲ့ စာမျက်နှာ၅ဝဝပါ ဝထ္တုလေးကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်ချက်ချပြီးနောက် အားလုံးမသိအောင်ထွက်ပြေးပြီး ပြိုင်ပွဲရှိရာဆီသွားဖို့ စီစဉ်ပါတော့တယ်။ဇာတ်လမ်းလေးဟာ ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးမြူးမြူးကြွကြွလေးမို့ ကြည့်ရတာအပန်းပြေစေမှာပါ။Rating အနေနဲ့လည်း 6.7 ထိရထားတဲ့အတွက် ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတွေကြည့်ပြီး အလုပ်အားချိန်လေး အနားယူချင်သူများအတွက် ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ File Size : (750 MB) and (276 MB) Quality : WEB-DL 720p Running Time :1hr  33min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

Please Stand By (2017)

2017