Channel Myanmar

Comedy

The Hangover (2009) 7.7
The Hangover (2009) The Hangover (2009)IMDb Rating (7.7) / Rotten Tomatoes (79%)❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞ • 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်.. • ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်.. • The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို သာမန်သောက်စားပြီးပဲဖြတ်သန်းဖို့ စီစဉ်ထားကြပေမယ့် ...
movie

The Hangover (2009)

2009
This Beautiful Fantastic (2016) 6.9
This Beautiful Fantastic (2016)  ဒီကားလေးတော့ English Romance Drama ဇာတ်လမ်းလေးဖြစ်ပြီး အဓိကဇာတ်ဆောင် ဘယ်ဘာဘရောင်းဆိုတဲ့ OCD ရှိတဲ့ကောင်မလေးက သူ့ရဲ့တစ်နေ့တာကို တိတိကျကျဖြတ်သန်းနေပါတယ်။ဒါပေမဲ့ သူ့မှာအပင်တွေကိုကြောက်တဲ့ အကျင့်တစ်ခုရှိပါတယ် တနေ့မှာတော့ သူ့အိမ်ပိုင်‌ရှင်က အပင်တွေကြောက်လို့ မရှင်းပဲထားထားတဲ့ သူ့အိမ်ရှေ့က ဥယျာဉ်ကို မရှင်းနိုင်ရင် အိမ်ပေါ်ကဆင်းကမယ်လို့ပြောလာတဲ့ အခါသူ့အနေနဲ့ ဘယ်လိုဖြေရှင်းမလဲ‌ဆိုတာကြည့်ရမှာပါ။ အဆုံးသတ်လေးကတော့တော်တော်လေးကောင်းပါတယ် ပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့အတွက်ကြည့်ရတာလည်း အဆင်ပြေပါတယ်။ File size…(1.6 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikkobaby
movie

This Beautiful Fantastic (2016)

IF (2024) 6.7
IF (2024)  ဒက်ပူးမင်းသား ရိုင်ရန်ရေးနိုးရဲ့ လူတစ်ဝက်ကာတွန်းတစ်ဝက် ရုပ်ရှင်အသစ်လာပါပြီ။ဒါရိုက်တာနဲ့ ဇာတ်ပို့ကတော့ The Officeဇာတ်လမ်းတွဲထဲက မင်းသား John Krasinski ပါပဲ။Walking Dead ထဲက မင်းသမီးလေးCailey Fleming ကတော့ အဓိက မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************ကလေးတိုင်းမှာ စိတ်ကူးယဉ်သူငယ်ချင်းတွေရှိတတ်ကြပါတယ်။ သူတို့ အကျင့်စရိုက်အတိုင်း၊သူတို့ဆန္ဒအတိုင်း ပုံဖော်မိထားတဲ့ သူငယ်ချင်းလေးတွေပေါ့။ ပုံစံအစုံ ရှိနိုင်ပါတယ်။ အဲဒီသူငယ်ချင်းတွေက သူတို့ကိုယ်သူတို့ What If"အကယ်၍" ဆိုပြီး နာမည်ပေးထားတယ်။အဲဒီလို စိတ်ကူးယဉ်သူငယ်ချင်းတွေရဲ့သနားစရာကောင်းတဲ့အချက်ကတော့ သူတို့ကိုဖန်တီးတဲ့ ကလေးတွေ ကြီးလာတဲ့အခါ သူတို့ကိုမေ့သွားပြီး မမြင်နိုင်တော့သလို သူတို့အချင်းချင်းကလွဲပြီး ဘယ်သူမှမမြင်နိုင်ပါဘူး။ တစ်နေ့မှာတော့အဲဒီ စိတ်ကူးယဉ်သူငယ်ချင်းတွေ အကုန်လုံးကိုမြင်နိုင်တဲ့ ကလေးမလေးတစ်ယောက်ကသူတို့အားလုံးကို ကလေးသူငယ်ချင်းတစ်ယောက်စီပြန်ရှာပေးဖို့ ကြိုးစားပါတော့တယ်... File size…2.13GB / 972MB Quality…WEB-DL  1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Animation  , Comedy , Drama Subtitle….Myanmar Subtitle ...
movie

IF (2024)

Poolman (2023) 5.5
Poolman (2023)  Poolman ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်ထွက်နာမည်ကျော်မင်းသား Chris Pine ပါဝင်တဲ့Comedy, Mystery ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။နည်းနည်းဆန်းတဲ့ Genre အတွဲဖြစ်သလိုဇာတ်ကားလေးကလည်း နည်းနည်းလေးဆန်းပါတယ်။အတိုပြောရရင် မင်းသားဟာ ဇာတ်ကားထဲမှာDarren ဆိုတဲ့ ရေကူးကန်ထိမ်းသိမ်းရေးဝန်ထမ်းတစ်ယောက်ပါ။ သူက သူနေတဲ့ Los Angeles မြို့ကိုအရမ်းချစ်လို့ မြို့ကို တိုးတက်အောင် အမြဲကြိုးစားနေတဲ့လူတစ်ယောက်ပါ။ သူ့မှာ သူ့ကိုအမြဲအပြစ်မမြင် ကူညီပေးတဲ့မိတ်ဆွေတွေရှိသလိုသူ့ကို ရန်သူလိုမြင်နေတဲ့လူတွေလည်း ရှိပါတယ်။တစ်နေ့မှာ အများပြည်သူအကျိုးအတွက်လို့နာမည်ခံထားတဲ့ မြို့ရဲ့ အိမ်ရာစီမံကိန်းနောက်ကွယ်တစ်ခုမှာ လာဘ်ပေးလာဘ်ယူတွေ ရှိနေတာကို သူသိသွားတဲ့အခါမှာ အဲဒါကို ဖော်ထုတ်ဖို့ ကြိုးစားရင်းနောက်ကွယ်မှာ ဘယ်လိုတွေ ရှိနေမှာလဲသူထင်တာတွေကရော မှန်ပါ့မလား ဘယ်သူတွေထိခိုက်ပြီး ဘယ်သူတွေ အသာစီးရသွားမှာလဲစတာတွေကို တစ်ကားလုံး ဟာသဆန်ဆန် ရိုက်ပြထားတာမို့ Mystery လည်း ကြိုက် comedy လည်ကြိုက်တဲ့လူတွေ ကြည်သင့်ပါတယ်လို့ လက်တို့လိုက်ပါရစေခင်‌ဗျ.......... File size…1.87GB / 741MB Quality…WEB-DL 1080p 5.1CH ...
movie

Poolman (2023)

Stress Positions (2024) 5.5
Stress Positions (2024)  ဒီတစ်ခေါက်မှာတော့ရယ်လည်းရယ်ရ ခေါင်းလည်းစားရအဓိပ္ပာယ်အနှစ်သာရလေးတွေလည်းပါတဲ့ LGBT တွေရဲ့ဘ၀ကိုပုံစံတစ်မျိုးတစ်ဖုံထူးထူးခြားခြားလေးရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Stress Positions ဖြစ်ပြီးLGBT ဒရာမာ ဟာသအမျိုးအစားလေးပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာ တယ်ရီနဲ့ခါလာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကအဓိကအနေနဲ့ပါဝင်ထားပြီး တယ်ရီကသာမန် Gay ခါလာကတော့လိင်ပြောင်းထားတဲ့ Transgender ပဲဖြစ်ပါတယ်။တယ်ရီကမကြာသေးခင်ကမှ ယောက်ျားဖြစ်သူနဲ့ကွာရှင်းထားတာဖြစ်ပြီးလက်ရှိမှာတော့ပိုက်ဆံအပြင်အလုပ်အကိုင်ပါမယ်မယ်ရရမရှိတဲ့အတွက် ယောက်ျားဖြစ်သူရဲ့ ဂေးပါတီတွေလုပ်တဲ့ ပါတီအိမ်လို့ခေါ်တဲ့အိမ်ကြီးထဲမှာ နေနေရတာပဲဖြစ်ပါတယ်။အဲ့ဒါအပြင်မတော်တဆမှုတစ်ခုဖြစ်ပြီး ခြေထောက်ကျိုးထားတဲ့ သူ့ရဲ့တူဖြစ်သူမော်ဒယ်လေးကိုပါ အိမ်ပေါ်ခေါ်တင်ပြီး ပြုစုပေးနေရတဲ့အတွက် တယ်ရီ့ဘ၀ကတော့ လွယ်ကူတယ်လို့တော့မဟုတ်ပါဘူး။သူက ကိုဗစ်ကိုအရမ်းစိတ်ပူတတ်တဲ့သူဖြစ်ပြီး သူငယ်ချင်းအကြောင်းကိုသိနေလို့ သူ့တူအဆင်လေးနဲ့တောင်တစ်ခါမှတောင်ပေးမတွေ့ပါဘူး။ဒါပေမယ့်လည်း နောက်ပိုင်းမှာတွေ့ဖြစ်အောင်တွေ့သွားကြပြီး သူတို့သူငယ်ချင်းတွေကြားထဲက စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ LGBTတွေရဲ့ဘ၀တွေကခက်ခဲပုံတွေအကြောင်း ပွင့်ချိန်တန်ရင်တော့ပွင့်သင့်ကြောင်းတွေကို ဟာသလေးတွေနဲ့နှောပြီး တင်ဆက်သွားမဲ့ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…2.06GB / 806MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Stress Positions (2024)

I Am Not Big Bird (2024) 5.5
I Am Not Big Bird (2024) " ကျွန်တော် ငှက်ကြီးမဟုတ်ပါ"ဆိုတဲ့ ထူးထူးဆန်းဆန်း နာမည်နဲ့ ဇာတ်ကားကတော့ ဖိလစ်ပိုင်ရဲ့ နာမည်ကြီးမင်းသား Enrique Gil ရဲ့ သုံးနှစ်ကြာမှပြန်ရိုက်တဲ့ comeback ဇာတ်ကား ဖြစ်ပါတယ်။ s3x comedy ကားဖြစ်တာကြောင့် ကြည့်မယ်ဆိုရင် ၁၈ ယောက်အထက် စုပြီးမှ အောက်က အညွှန်းကို ဖတ်ပေးကြပါ။ဖိလစ်ပိုင်က ဘဏ်ဝန်ထမ်း လူဝိစ်ကာပီယိုဆိုတဲ့ သူရဲ့ဘဝဟာ စိတ်ဝင်စားစရာမရှိလှပါဘူး။ ဘဏ်မှာ အဆင်မပြေဖြစ်မယ်၊ သူ့ရည်းစား ကတ်သီကို လက်ထပ်ခွင့်တောင်းမယ်ပဲ စိတ်ထဲရှိနေတာပါ။ ဒါပေမဲ့ ကတ်သီတစ်ယောက် သူ့ကို ဘာမှမဘာတာလို့ နာကျည်းပြီး လမ်းခွဲလိုက်တဲ့အချိန် ကာပီယိုတစ်ယောက် စိတ်ညစ်ညစ်နဲ့ သူရည်းစားရှိတုန်းက ပလစ်ခဲ့တဲ့ ဂျူလိုင်နဲ့ မက်ကီတို့ကို ခေါ်ပြီး ထိုင်းနိုင်ငံဆီ သွားဖို့ ပြင်ပါတော့တယ်။ ထိုင်းရောက်သွားတဲ့ သူတို့သုံးယောက်ကို ထိုင်းပြည်သူတွေက ပါးတွေနားတွေရိုက်ကြတာကို ထိုင်းတွေက ဒီလိုပဲနှုတ်ဆက်တတ်တာလားလို့ ထင်သွားကြတဲ့ သူတို့တတွေ၊ လမ်းမှာတွေ့တဲ့ တိုးဂိုက် ပရာဂျက်သီသီနဲ့အတူ ညမှာကဲဖို့ နိုက်ကလပ်ကိုသွားတော့မှ ပါးရိုက်နှုတ်ဆက်ခံရတဲ့အကြောင်းအရင်းကို သိကြတော့တာပါပဲ။အကြောင်းကတော့ ကာပီယိုရဲ့ ရုပ်ဟာ ထိုင်းနိုင်ငံဂုဏ်ဆောင် ...
movie

I Am Not Big Bird (2024)

2024
Gangs of Godavari (2024) 5.6
Gangs of Godavari (2024) Gangs of Godavari (2024) "ဂိုဒါဗာရီလူမိုက်ကြီးများ" IMDb - 5.7/10အိန္ဒိယအက်ရှင်ရုပ်ရှင်နှစ်သက်သူတို့ စောင့်မျှော်နေကြတဲ့ တလေဂူးရုပ်ရှင်ဇာတ်ကားကြီးကိုတော့ Netflixကနေထုတ်လွှင့်ခဲ့ပြီမို့မနှေးအမြန်တင်ဆက်ပေးလိုက်ရပါတယ်။ တလေဂူးနာမည်ကျော်တေးရေးဆရာတဖြစ်လဲ ဒါရိုက်တာကြီး ခရစ်ရှ်နာချိုင်တန်ယာရဲ့ ရိုက်ကူးပုံဖော်ထားပြီး Hit(2020)ရုပ်ရှင်ထဲက မင်းသားကြီး Vishwak Senအဓိကပါဝင်ထားပါတယ်။၁၉၈၀နှောင်းပိုင်းကာလ ဂိုဒါဗာရီမြစ်ကမ်းအနီး ကျွန်းစုလေးတွေက နိုင်ငံရေးအရှုပ်တော်ပုံတွေနဲ့ ဒုစရိုက်မှုတွေကြားက အဖြစ်အပျက်တွေ။ရာသ်နာဆိုတာ ဆာလောင်တပ်မက်မှုဆိုတာကိုဗဟိုပြုပြီး ရှင်သန်နေရတာကို မုန်းတီးတဲ့သူ။ ဉာဏ်ကောင်းပြီး ဘ၀ကိုနေချင်သလိုနေတတ်သူ၊ နေရာတစ်ခုရောက်ဖို့ ဘာမဆိုလုပ်ဝံ့တဲ့သူ။ ဒီလိုလူမျိုးက ဒေသတစ်ခုလုံးကို ချုပ်ကိုင်နေတဲ့ ဂိုဏ်းတွေကြားကိုရောက်သွားတဲ့အခါ။ အတိုက်အခိုက်များစွာနဲ့မို့ အက်ရှင်ကားကြိုက်တတ်သူတို့အတွက် ရေကြည်တစ်‌ပေါက်ပါပဲ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.55GB / 1.12GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Gangs of Godavari (2024)

2024
[21+] Score (1973) 5.8
[21+] Score (1973) Score (1973) IMDb - 5.8/10ခုနစ်ဆယ်ခုနစ်တွေနောက်ပိုင်းမှာ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကိုစိတ်ဝင်စားကြတဲ့သူတွေအကြောင်းကို ရိုက်ကူးတဲ့ ကနဦးရုပ်ရှင်တွေထဲက တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။သာယာချမ်းမြေ့ပြီး နေချင်စရာအတိပြီးတဲ့ နေရာလေးတစ်ခုမှာ | အယ်လ်ဗိုင်ရာနဲ့ဂျက်ဆိုတဲ့ ဇနီးမောင်နှံတို့ သာယာပျော်ရွှင်စွာနဲ့ နေထိုင်ကြပါတယ် သူတို့ဘ၀တွေကို ချစ်ခြင်းတရားနဲ့ ရမ္မက်တွေ ရာနှုန်းပြည့်လွှမ်းခြုံထားပြီး အချင်းချင်းသာယာပျော်ရွှင်စေဖို့ ကူညီဖေးမလို့နေကြတာပေါ့။အဲဒီနေရာမှာပဲနေထိုင်ကြသူတွေကတော့ ဘက်ဆီနဲ့အက်ဒီဆိုတဲ့ ဇနီးမောင်နှံ။ ဘက်ဆီလေးကတော့ ဘာသာတရားကိုင်းရှိုင်းတဲ့ ကက်သလစ်အမျိုးသမီးလေး။ အယ်လ်ဗိုင်ရာက သူ့ခင်ပွန်းဖြစ်သူ ဂျက်နဲ့လောင်းထားတာက ဘက်ဆီလေးကို သူ့ဆီမှာတိမ်ထူစေဖို့။ အချိန်ကာလတစ်ခုသတ်မှတ်ပြီး ဘက်ဆီလေးကို အယ်လ်ဗိုင်ရာအပိုင်ဖြစ်ဖို့အရေး ကြိုးစားကြပုံကို နောက်ထပ်ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ မိုက်ခ်ဆိုတဲ့သူပါ ပါဝင်လာတဲ့ ငါးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ခံစားကြည့်ရှုကြရမှာပါ။အဖော်အချွတ်နဲ့ ချစ်တင်းနှောတာတွေအများကြီးပါဝင်တဲ့အတွက် တစ်ကိုယ်တည်းသက်ဝင်ခံစားတာ အကောင်းဆုံးဖြစ်မှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်) File size… 2.8GB / 994MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Zeo
movie

[21+] Score (1973)

1973
You, I Love (2018) 4.8
You, I Love (2018) We love (2018)IMDb - 4.8 My Drama List - 6.6ခဲအိတ၊ ခိုယိုမိ၊ ရင်းနဲ့ ယူးတို့က တစ်တိုက်တည်းမှာနေကြတဲ့ ငယ်သူငယ်ချင်းတွေပါ။ ရင်းက ယူးကို စတွေ့ကတည်းက ချစ်မိသွားခဲ့ပေမယ့် ယူးရဲ့အဖေက ကြင်ကြင်နာနာဆက်ဆံတဲ့ ယောက်ျားတိုင်းက မကောင်းဘူးလို့ ယူးကိုဆုံးမထားတာကို သိပြီးနောက်ပိုင်း ယူးကို အနိုင်ကျင့်လာခဲ့ပါတယ်။ဒီလိုနဲ့ ယူးတို့အိမ် ပြန်ပြင်ဖို့အတွက် တခြားရပ်ကွက်ကို ယာယီ အိမ်ပြောင်းနေတဲ့အချိန်မှာ ခါဇုမိလို့ခေါ်တဲ့ ကောင်လေးနဲ့တွေ့ပြီး ခါဇုမိကလည်း ယူးကိုချစ်မိသွားပါတော့တယ်။ အဲဒါကြောင့် ခါဇုမိက ယူးကို ကြင်ကြင်နာနာဆက်ဆံပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးအောင် လုပ်ပေးလာပါတော့တယ်။တစ်သက်လုံး ပြိုင်ဘက်မရှိလာတဲ့ရင်းတစ်ယောက် ခါဇုမိဆီမှာ ယူးကိုအလုခံရမှာကိုလည်း စိုးရိမ်၊ ယူးဆီကအငြင်းခံရမှာလည်း ကြောက်တဲ့အတွက် အကြံတစ်ခုထုတ်လိုက်ပါတော့တယ်၊ အဲဒါကတော့ သူ့ကိုလာကြိုက်တဲ့ကောင်မလေးတွေကို ငြင်းရတာစိတ်ရှုပ်လို့လို့ အကြောင်းပြပြီး ယူးကို ယာယီချစ်သူလုပ်ခိုင်းဖို့ပါပဲ။ယူးတစ်ယောက် ရင်း ပြောင်းလဲပြီး သူ့အပေါ်ကြင်နာလာတာကို ဘယ်လိုခံစားရမလဲ၊ ရင်းကရော ယူးအပေါ် ပွင့်ပွင့်လင်းလင်းနဲ့ ဖွင့်ပြောလာနိုင်ပါ့မလား စတာတွေကို 2018ခုနှစ်က ထွက်ရှိခဲ့တဲ့ We Love ကျောင်းသားအချစ်ဇာတ်ကားလေးထဲမှာ ဆက်လက်ပြီး ကြည့်လိုက်ကြရအောင်File ...
movie

You, I Love (2018)

Crazy Alien ( 2019 ) 6.2
Crazy Alien ( 2019 ) တရုတ်မှာတောင်5ပတ်မြောက်ရုံတင်နေဆဲဇာတ်ကားဖြစ်ပြီး ဝင်ငွေအားဖြင့်လည်း ၂ ရက်အတွင်းမှာ 100 Milions ရရှိထားတဲ့ နောက်ဆုံးထွက်ဇာတ်ကားအသစ်ပဲဖြစ်ပါတယ်..ကြားထဲမှာလည်း အပတ်စဉ်တိုင်းမှာ China Box Office ရဲ့ Top 10 ဝင်ငွေအကောင်းဆုံး ကားအဖြစ် 5 ပတ်ပတ်တိတိရပ်တည်နေဆဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းလေးကိုတင်ဆက်ပေးလိုက်ပါမယ် တရုတ်ပြည်ရဲ့မျောက်လေ့ကျင့်ပေးသူတစ်ယောက်ဆီကို တခြားဂြိုလ်ပေါ်က ဂြိုလ်သားတစ်ကောင်ဟာ သူတို့ရဲ့ DNA Ball ကို လူသားတွေနဲ့ လဲလှယ်ရာကနေ မှားယွင်းမှုဖြစ်ပြီး ကမ္ဘာပေါ်ကိုပြုတ်ကျလာခဲ့တယ်..ဖြစ်ချင်တော့ သူဟာ မျောက်ကလေးနဲ့ပေါင်းစပ်သွားတယ်..ဒါကို မျောက်လေ့ကျင့်ပေးသူက ဂြိုလ်သားကိုမျောက်တစ်ကောင်လိုကျင့်ပေးနေပါတော့တယ်ဒီလိုနဲ့ဂြိုလ်သားလေးဟာ သူ့စွမ်းအားတွေပြန်ရလာတဲ့အချိန်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Science Fiction Runtime : 1h 56 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK  
movie

Crazy Alien ( 2019 )

2019
Parijatha Parvam (2024) 7.5
Parijatha Parvam (2024) Parijatha Parvam (2024) မင်းသားတစ်ယောက် ဖြစ်ဖို့အရေးဒီတစ်ခါမှာတော့ Comedy, Thriller အမျိုးအစား အိန္ဒိယဇာတ်လမ်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေနယ်မြို့လေးတစ်မြို့က သာမညကောင်လေးနှစ်ယောက် တစ်ယောက်က ဒါရိုက်တာ တစ်ယောက်က မင်းသားဖြစ်ဖို့အတွက် ပရိုဂျူဆာတွေကို ကပ်ရင်း ဇာတ်ကားထွက်ရှိဖို့ ကြိုးစားတဲ့အခါ တိုက်ခိုက်ခြင်းမျိုးစုံကို ကြုံရပါတော့တယ်အဲဒီအချိန်မှာ ပရိုဂျူဆာတစ်ယောက်က သူတို့ကို နှိမ့်ချဆက်ဆံတဲ့အတွက် နှစ်ယောက်သား အဲဒီပရိုဂျူဆာရဲ့ မိန်းမကို ပြန်ပေးဆွဲဖို့ စီစဉ်ပါတော့တယ်ဒါပေမဲ့ ပြန်ပေးဆွဲရတဲ့တကယ့်နောက်ကွယ်က အကြောင်းအရင်းက နှိမ့်ချဆက်ဆံတာကြောင့်တင် ဟုတ်ပါ့မလား ဘာလို့များ တကူးတကကြီး ပြန်ပေးဆွဲတာလဲက တွေးစရာဖြစ်လာပါတယ် ဒီတော့ ဘာတွေဆက်ဖြစ်မလဲ.... ဘယ်လိုတိုက်ခိုက်ခံရလို့ ပြန်ပေးဆွဲတာအထိပါ လုပ်ဖို့ ကြံစည်ရတာလဲ.... နောက်ကွယ်မှာ တခြားအကြောင်းအရင်း ရှိနေမလား...သိချင်ရင် ဇာတ်လမ်းလေးကို ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood team က ဖြစ်ပါတယ်) File size… 2.1GB / 984MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Parijatha Parvam (2024)

2024
Isi & Ossi (2020) 6.5
Isi & Ossi (2020)  ညဘက်မှာ romance လေးတွေနဲ့ chillချင်တဲ့သူတွေအတွက် germanအချစ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။Ratingကောင်းတွေ ပိုင်ဆိုင်ထားတဲ့အပြင် ပေါ့ပေါ့ပါးပါးနဲ့ရင်ထဲမှာနွေးထွေးသွားစေမယ့် အချစ်ဟာသဇာတ်လမ်းလေးဆိုတော့ အခုပဲလက်မနှေးဘဲရှုစားလိုက်ကြပါစို။အစ်စီဟာ ဂျာမန်မှာအချမ်းသာဆုံး လူ 50 စာရင်းဝင်ဘီလျံနာသူဌေးကြီးရဲ့ တစ်ဦးတည်းသောသမီးစည်းကမ်းတင်းကြပ်လွန်းတဲ့ အဖေနဲ့အမေရဲ့ ပုံစံခွက်ထဲကပျင်းခြောက်ခြောက်ဘဝကြီးမှာ ရှင်သန်လာခဲ့ရသူတစ်ယောက်ဒီလိုနဲ့တစ်နေ့မှာ ကောလိပ်ကိုအတင်းတက်စေချင်တဲ့အဖေနဲ့အမေကိုဆန့်ကျင်ပြီး နယူးယောက်က နာမည်ကြီးအချက်အပြုတ်သင်တန်းကိုတက်ဖိုအတွက် အစ်စီတစ်ယောက် မန်းဟိုင်းမ်ကိုဆင်းလာပြီး အဆိုးအတေဘဲတစ်ယောက်ရှာပြီး မိဘဆီက ငွေညှစ်ဖိုလုပ်ပါတော့တယ်။အဲဒီမှာအော်စီဆိုတဲ့ကောင်လေးနဲ့ ဆုံဖိုဖြစ်လာတာပေါ့။မိဘတွေရဲ့မျက်စိထဲ လုံးဝကန့်လန့်ဖြစ်စေမယ့် ဘဲတစ်ပွေလိုနေတဲ့အစ်စီရယ်၊ ပွဲထိုးခါနီးမှ စပွန်ဆာပျောက်သွားတဲ့လက်ဝှေ့သမားလေးအော်စီတို အပေးအယူတစ်ခုလုပ်ဖိုဖြစ်လာတဲ့အခါမှာတော့....အကျိုးအမြတ်ကိုယ်စီမျှော်ကိုးပြီး စခဲ့တဲ့ သူတိုနှစ်ယောက်ရဲ့ဇာတ်လမ်းက ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ File size…2.07GB / 995MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD
movie

Isi & Ossi (2020)

The Last Frenzy ( 2024 ) 5.7
The Last Frenzy ( 2024 ) CMကနေဒီတစ်ခါမှာတော့ ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ကပ်စေးနည်းခြင်းအမွေကို ဆက်ခံလာတဲ့ ကျာယိုဝေ တစ်ယောက် သန်းချီလှဲလျောင်းခြင်းအစီစဉ်ကို အကောင်ထည်ဖော်ဖို့အတွက် မစားရက်မသောက်ရက်နဲ့ ငွေတွေစုနေခဲ့တာပါဒါပေမယ့် တစ်ရက်မှာ မူးလဲပြီးဆေးရုံရောက်သွားချိန်မှာ သိလိုက်ရတာတော့ ဦးနှောက်အကျိတ်ရောဂါနောက်ဆုံးအဆင့်ဖြစ်နေပြီး အကျိတ်ရဲ့ကြီးထွားနှုန်းက အရမ်းမြန်နေပြီး ၁၀ရက်ပဲ အသက်ရှင်နိုင်တော့မယ်လို့ ဆရာဝန်က သတ်မှတ်ပေးလိုက်ပါတယ်အဲ့လိုနဲ့ ကျာယိုဝေတစ်ယောက် သူ့မှာစုထားတဲ့ငွေတွေအပြင် အိမ်ခန်းကိုပါရောင်းပြီးတော့ သူ့ငယ်သူငယ်ချင်းတွေကိုပြန်ခေါ်ပြီး ပိုက်ဆံဖြုန်းတဲ့အစီစဉ်ကို စတင်ပါတော့တယ် ၁၀ရက်ပြည့်တဲ့ညမှာ ကျာယိုဝေတစ်ယောက် မူးလဲအော့အန်ပြီး ဆေးရုံရောက်သွားတဲ့နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမှာလဲ တကယ်သေသွားမှာလားဆိုတာကို ဟာသ‌အနှောလေးနဲ့ကြည့်ရမှာမို့လို့ ပေါ့ပေါ့ပါးပါးအပန်းဖြေချင်တဲ့သူတွေ‌အနေနဲ့ ကြည့်ရှုသင့်တဲ့ကားလေးဖြစ်လို့ CM ကနေဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Drama Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK   
movie

The Last Frenzy ( 2024 )

Yolo ( 2024 ) 5.7
Yolo ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် တရုတ်ရသစုံရိူးပွဲတွေမှာဝဝလေး ပါးချိုင့်လေးနဲ့ချစ်စရာရုပ်ရည်သွင်ပြင်နဲ့ ဟာသဉာဏ်ရွှင်ရုံမက ရုပ်ရှင်လောကမှာ အရည်အချင်းရှိတဲ့ရုပ်ရှင်ဒါရိုက်တာအဖြစ် နာမည်ကြီးတဲ့ ကျာလင်ဆိုတဲ့ မင်းသမီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်တာကြောင့် ရုပ်ရှင်အရည်အသွေးကောင်းတဲ့အပြင် ဒီဇာတ်ကားလေးရဲ့ထူးခြားချက်အနေနဲ့ကတော့ သူမကိုယ်တိုင်ဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားအတွက် ကိုယ်တိုင်ဝိတ်ချပြသွားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။အရမ်းအဝလွန်တဲ့အပြင် စားဖို့အိပ်ဖို့ပဲသိပြီးအရမ်းအအိပ်ပုပ် တုလော့ယင်တစ်ယောက်ဘာကိုမှ မလုပ်ချင်ပဲ အပျင်းထူလွန်းလို့တနေ့သူ့ညီမဖြစ်သူ တုလော့တန်းကကြည့်မရဖြစ်ပြီး ညီမတဝမ်းကွဲတော်စပ်သူ သုံ့သုံ့ဆီကို သွားပြခဲ့တယ်။သုံ့သုံ့ကတော့ သတင်းထောက်ဖြစ်ပြီးအလုပ်အကိုင်ရှာဖွေပေးတဲ့အစီစဉ်မှာ လုပ်ကိုင်နေသူတစ်ယောက်ဖြစ်တာကြောင့် တုလော့ယင်ကိုကူညီပေးဖို့ဆုံးဖြတ်ပေးခဲ့ပေမဲ့ လော့ယင်တစ်ယောက်ကတော့ ဘာကိုမှ မလုပ်ချင်တာကြောင့်ငြင်းပယ်ခဲ့တယ်။ဒီ့အပြင်တုလော့ယင်က ညီမဖြစ်သူနဲ့အမြဲတမ်းရန်ဖြစ်လေ့ရှိပြီး တနေ့မှာ အကြောင်းတခုကြောင့်အိမ်ပေါ်ကနေထွက်သွားဖို့ဆုံးဖြတ်ခဲ့ပြီး ကိုယ့်ခြေထောက်ကိုယ်ပေါ်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း မထင်မှတ်ပဲလက်ဝှေ့ရုံမှာလုပ်ကိုင်နေတဲ့ အားကစားနည်းပြဆရာနဲ့ တွေ့ဆုံခဲ့တဲ့အခါမှာတော့ လော့ယင်ရဲ့ဘဝဘယ်လိုပြောင်းလဲမှုမျိုးနဲ့ကြုံတွေ့ရမလဲ။ဝလွန်းတဲ့အတွက်လူမှုပတ်ဝန်းကျင်မှာ ဖယ်ကျဉ်းခံ၊လှောင်ရယ်ခံတွေနဲ့ နေလာရတဲ့လော့ယင်တစ်ယောက် ဘယ်လိုတွေကြံ့ကြံ့ခံရပ်တည်ခဲ့လဲ။ နည်းပြဆရာတစ်ယောက်က သူ့ဘဝကိုဘယ်လိုတွေ ပြောင်းလဲသွားစေအောင်လုပ်ပေးခဲ့လဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာတဝကြီးမြင်တွေ့ရမှာဖြစ်ပြီး ဒီဇာတ်ကားလေးကို ထွက်ရှိသွားတဲ့အချိန်မှာ ကျာလင်ကိုယ်တိုင်သူ့ခန္ဓာကိုယ်ကိုမတူအောင်ပြောင်းလဲသွားမှုကြောင့် လူတိုင်းရဲ့ချီးကျူး လေးစားမှုတခနဲရရှိသွားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Action Runtime : 2h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Yolo ( 2024 )

Do Not Expect Too Much from the End of the World (2023)
Do Not Expect Too Much from the End of the World (2023) ထူးခြားဆန်းပြားတဲ့ ရိုမေးနီးယား ရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးပါရစေဗျ။ အန်ဂျလာဆိုတဲ့ ကောင်မလေးက ကော်ပိုရေးရှင်းတစ်ခုမှာ ဗီဒီယိုထုတ်လုပ်ရေးလက်ထောက်အဖြစ် လုပ်ကိုင်ပါတယ်။ လစာနည်းနည်း၊ အလုပ်ချိန်များများနဲ့... ဟိုဟာအခိုင်းခံရ ဒီဟာအခိုင်းခံရ၊ ဟိုလူ့ညှိရ ဒီလူ့ညှိရနဲ့ အတော်တိုင်ပတ်တဲ့အလုပ်ပါ။လူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရင် ယဥ်ကျေးပျူငှာတယ်ဆိုပေမဲ့ အလုပ်လုပ်ရင်း ပင်ပန်းလာရင် အင်စတာဂရမ်လေးဖွင့်ပြီး ယောကျာ်းပုံစံ နှုတ်ခမ်းမွှေး filterတွေထည့်၊ ရိုင်းရိုင်းစိုင်းစိုင်း ဟာသတွေပြော ပျစ်နှစ်နေအောင်ဆဲပြီး သူ့ဘာသာ ပျော်အောင်နေရရှာတယ်။ ဒီဇာတ်ကားမှာ အဓိကကတော့ လုပ်ငန်းခွင်မှာ ဒဏ်ရာရလို့ ဒုက္ခိတဖြစ်သွားတဲ့ လူတွေကို "လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးပညာပေးရုပ်ရှင်" ဆိုပြီး လူလိုက်ရှာပြီး ရုပ်ရှင်ရိုက်ဖို့ စီစဥ်ကြတာပါ။ဥရောပအဆင်းရဲဆုံး ရိုမေးနီယားနိုင်ငံရဲ့ အခြေအနေတွေလည်း အရိပ်အမြွက်ပြထားပြီး အန်ဂျလာ ပြောတဲ့စကားလုံးတွေက ရယ်ရပေမဲ့ အရိုင်းဆန်ပြီး အဖော်အချွတ်တွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)File size…(2.5 GB)/(1.9 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:44:00 Genre... ...
movie

Do Not Expect Too Much from the End of the World (2023)

Red vs. Blue: Restoration (2024)
Red vs. Blue: Restoration (2024) Red Vs Blue လို့ခေါ်တဲ့ comic science fiction ရုပ်ရှင်စီးရီးရဲ့ နောက်ဆုံးကားပါ။ ဒီရုပ်ရှင်ထဲက စက်ရုပ်စစ်သားတွေက Xbox ရဲ့နာမည်ကြီး Game franchise တစ်ခုဖြစ်တဲ့ Halo ထဲကပါ။ဒီစက်ရုပ်တွေမှာ အနီ နဲ့ အပြာဆိုပြီး နှစ်ဖက်ရှိကြတာပေါ့။ အနီတွေနဲ့ အပြာတွေက ဘယ်တုန်းကမှမတည့်ခဲ့ကြဘဲ နှစ်ပေါင်းများစွာ တိုက်ပွဲတွေဆင်နွဲလာခဲ့ကြတာ နောက်ဆုံးမှာ အနီရောင်အဖွဲ့ထဲက စစ်သား လက်တဆုပ်စာလောက်ပဲကျန်တော့တဲ့အထိပေါ့။တစ်နေ့မှာ အနီရောင်‌စစ်သားတွေကို အပြာရောင်စစ်သားတစ်ယောက်ကဆက်သွယ်လာပြီး စကြ၀ဠာထဲက အဆိုးရွားဆုံးဗီလိန်ကြီးက အဆိုးရွားဆုံးပုံစံနဲ့ပြန်ရောက်လာပြီး အားလုံးကိုသတ်ဖြတ်ဖြစ်တော့မယ့်အကြောင်း သတိပေးလာတဲ့အခါမှာတော့ အနီနဲ့အပြာတွေက မတူညီမှုတွေကို ဘေးချိတ်ထားပြီး Meta လို့ခေါ်တဲ့ ဗီလိန်ကြီးကို အတူ‌ပူးပေါင်းနှိမ်နင်းကြဖို့ ကြိုးစားကြရပါတော့တယ်။File size…(1.8 GB)/(990 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre... Animation, Comedy, Science Fiction  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Red vs. Blue: Restoration (2024)

Reunion (2024)
Reunion (2024) ဒီဇာတ်ကားကတော့ မတွေ့တာကြာပြီဖြစ်တဲ့ကျောင်းတုန်းက သူငယ်ချင်းတွေရဲ့ ပြန်လည်တွေ့ဆုံပွဲမှာ လူသတ်မှုတစ်ခုထူးဆန်းစွာဖြစ်ခဲ့ပြီး ထိုလူသတ်မှုကိုစုံစမ်းရှာဖွေရတဲ့ Crime, Mystery အမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းအညွှန်းကတော့ ငယ်သူငယ်ချင်းတွေရဲ့ပြန်လည်တွေ့ဆုံပွဲမှာ အားလုံးဟာပျော်ပျော်ပါးပါးနဲ့ ပါတီပွဲ‌နွှဲနေကြတာပေါ့။ဒီလိုနေလာရင်းနဲ့ ညနက်လာတာနဲ့အမျှ တခြားသူတွေကတစ်ယောက်ပြီးတစ်ယောက်ပြန်သွားကြပေမယ့် အရမ်းမူးပြီးအပျော်လွန်နေတဲ့ သူငယ်ချင်းတစ်သိုက်ကတော့ ညလဲအရမ်းနက်သွားသလို နှင်းတွေလဲအရမ်းကျလာလို့ ထိုအိမ်မှာပဲညအိပ်လိုက်ကြပါတော့တယ်။ နောက်တစ်နေ့မနက် သူတို့နိုးလာတဲ့အချိန်မှာတော့ အံ့ဩစရာတစ်ခုက အသင့်စောင့်ကြိုနေပါတယ်။ အဲဒါကတော့ သူတို့သူငယ်ချင်းတစ်ယောက်ဟာ သေနတ်ဒဏ်ရာတွေနဲ့ အခန်းတစ်ခန်းထဲမှာ သေဆုံးနေတာပါ။သူတို့သိရသလောက်ဆိုရင် ထိုညကနှင်းတွေပိတ်နေတဲ့အတွက် ဘယ်သူမှအပြင်ထွက်သွားဖို့မဖြစ်နိုင်တဲ့အတွက် လူသတ်သမားဟာ ယခုကျန်နေတဲ့လူစုထဲကတစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့သူတို့ဘယ်လိုတွေအဖြေရှာကြမလဲ၊ နောက်ထပ်သေဆုံးသူတွေရောရှိလာဦးမှာလားဆိုတာကို ခံစားကြည့်ရှုပေးကြပါဦး။File size…(1.8 GB)/(892 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Reunion (2024)

Taxi (2004)
Taxi (2004) ပထမတစ်ခုအနေနဲ့ပြောချင်တာက ဒီကားက ကြည့်ပျော်တဲ့ ဟာသကားကောင်းဖြစ်နေပေမယ့် Rating တွေအရမ်းနည်းနေတာပါပဲ။ နောက်တစ်ခုက Tonight Show ထဲကကျွန်တော်တို့အချစ်တော် Jimmy Fallon ခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဝါးလုံးကွဲမဟုတ်ရင်တောင် Jimmy Fallon ရဲ့ရုပ်တည်နဲ့ အရွှန်းဖောက်တာတွေကအတော်လေးသဘောကျစရာကောင်းပါတယ်။ဇာတ်ညွှန်း: အန်ဒီ ဆိုတာ အတော်လေးကိုညံ့တဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ ဒါကတော့တခြားရဲတွေအမြင်ပေါ့လေ။ တကယ်တမ်း အန်ဒီဖြစ်နေတာက လွဲတာ။ ဘာလုပ်လုပ်လွဲတယ်။ ပြောရရင်ရဲဖြစ်နေပြီး ကားတောင်ကောင်းကောင်းမမောင်းတက်ဘူး။ ဇာတ်ကားအစအမှုစလိုက်ထဲကကိုလွဲတာ။ ကားမောင်းတာအရမ်းတော်လို့ကားလိုင်စင်အသိမ်းခံလိုက်ရတဲ့အချိန်မှာ သူ့အနီးအနား ဘဏ်ဓားပြမှုတစ်ခုဖြစ်ပါရော။ ပြဿနာကစပြီ သူက အခင်းဖြစ်တဲ့နေရာနဲ့အနီးဆုံး။ ဒါပေမယ့်လမ်းလျောက်မယ်ဆိုရင် သူများထက်နောက်မှရောက်မယ်။ အဲမှာ တကစီတစ်စီးကိုတားပြီး အခင်းနေရာကိုသွားတယ်။ဖြစ်ချင်တော့ သူတားတဲ့တက္ကစီကလည်း မကြာသေးခင်ကမှ တက္ကစီလိုင်စင်ရထားတဲ့ ဘဲလ် ဆိုတဲ့ လူမည်းအမျိုးသမီးတစ်ယောက်။ တက္ကစီလိုင်စင်ခုမှရပေမယ့်အထင်တော့မသေးပါနဲ့။ ကားနဲ့ဖက်ပြီးကြီးလာတယ်လို့ပြောရလောက်အောင်ကားအကြောင်းနားလည်တဲ့လူ။ အရှုပ်တော်ပုံထဲကိုရောက်သွားတဲ့ ဘဲလ် နဲ့ တစ်မြို့လုံးမှာအချာဆုံးရဲ အရာရှိ အန်ဒီတို့ ဘယ်လိုမျိုး အမှုကိုဆက်လိုက်မှာလဲ။ Rating တွေနည်းပေမယ့်ကြည့်ရတန်တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။File size…(1.9 GB)/(1 ...
movie

Taxi (2004)

Gold Brick (2023) 6.2
Gold Brick (2023)  Money Heist လို Plot twist တွေနဲ့ သူခိုးဇာတ်လမ်းကြိုက်တဲ့ပရိသတ်တွေအတွက် အလွမ်းပြေ ပြင်သစ် သူခိုးရုပ်ရှင်လေးတစ်ကားလာပါပြီ။ဆွယ်ဗျားဆိုတဲ့ လူငယ်လေးတွယောက်ဟာ ရှားထရက်မြို့ သာမာန် လူလတ်တန်းစားမိဘနှစ်ဦးကနေ မွေးဖွားကြီးပြင်းလာသူပါ။ သူ့မှာ စကန်နီးရားလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူတို့နေတဲ့မြို့မှာ ဘိုးရစ်နှင့်သားများလို့ ခေါ်တဲ့ ရေမွှေးထုတ်ပိုးဖြန့်ချီရေးကုမ္ပဏီတစ်ခုက တစ်မြို့လုံးရဲ့ အလုပ်အခွင့်အလမ်းတွေကိုအုပ်စိုးထားပြီး ဘယ်လောက်ပင်ပညာတတ်ဖြစ် ​ေနပါစေ အဆုံးသတ်မှာတော့ ဒီစက်ရုံမှာပဲအလုပ်ဝင်ကြရပါတယ်။ဆွယ်ဗျားနဲ့ စကန်နီးရားတို့ဟာ အဲ့လိုမဖြစ်အောင် ကြိုးစားနေထိုင်ခဲ့​ေပမယ့် အဆုံးမှာတော့အများနည်းတူ ဘိုးရစ်စက်ရုံမှာပဲ အလုပ်ဝင်ခံရပါတယ်။ သူတို့အလုပ်ဝင်ပြီးမကြာခင်မှာပဲ ဖခင်ဖြစ်သူဘိုးရစ် သေဆုံးသွားခဲ့ပြီး ဘိုးရစ်ဂျူနီယာက ကုမ္ပဏီကိုအမွေဆက်ခံခဲ့ပါတယ်။ တစ်ရက်မှာတော့ ဆွယ်ဗျားတစ်ယောက် အလုပ်ကနေ အပိုဝင်ငွေရမယ့် နည်းလမ်းတစ်ခုကိုရှာတွေ့သွားတဲ့နောက် သာမာန် စက်ရုံအလုပ်သမားဘဝကနေ သူဌေးတစ်ယောက်ဖြစ်ဖို့ ဘယ်လိုနည်းတွေ၊ အခကါအခဲတွေကို ရုန်းကန်ကြိုးစားကြမလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦးပြင်သစ်စကားပြောရုပ်ရဗင်ဖြစ်တဲအတွက် Money Heist လို ခပ်ဆင်ဆင် Vibe မျိုးရမှာဖြစ်ပေမယ့် ဇာတ်လမ်းက Twisty ...
movie

Gold Brick (2023)

Igor (2008) 5.9
Igor (2008) Igor (2008)==========ဒီဇာတ်လမ်းကတော့ ဆိုးရွားရက်စက်မှုတွေကိုမှ ကောင်းတဲ့အရာလိုနှစ်သက်သဘောကျကြတဲ့တိုင်းပြည်က သိပ္ပံပညာရှင်တွေနဲ့ သူတို့ရဲ့ယုတ်မာတဲ့တီထွင်မှုတွေကြား အောင်မြင်တဲ့သိပ္ပံပညာရှင်ဖြစ်ဖို့ အိပ်မက်ထားထားတဲ့ အီဂေါ်ဆိုတဲ့ ကျောမှာဘုရှိတဲ့ ခါးကုန်းကောင်လေးအကြောင်းပါ။ အီဂေါ်က နှစ်စဥ်ကျင်းပနေကျဖြစ်တဲ့ ယုတ်မာတဲ့တီထွင်မှုပြိုင်ပွဲမှာ အနိုင်ရပြီး အတော်ဆုံးယုတ်မာမှုသိပ္ပံပညာရှင်ဖြစ်ဖို့ ကြိုးစားနေ​တာပါ။ဒါပေမဲ့ အီဂေါ် မကောင်းဆိုးဝါးတစ်ကောင်ကို​ ဖန်တီးပြီးနောက်ပိုင်း အမှားပါသွားတာ​​ကြောင့် ဘယ်လိုဟာသအလွဲတွေ ဖြစ်သွားမလဲ၊ အောင်မြင်ဖို့အတွက် ယုတ်မာကောက်ကျစ်ရတာဟာ မှန်ကန်ရဲ့လားဆိုတဲ့မေးခွန်းအောက်မှာ အီဂေါ်ရဲ့အိပ်မက်တွေ ပြောင်းလဲသွားမလားဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ကာတွန်းကားဆိုပေမဲ့ အဓိပ္ပါယ်နက်နဲတဲ့အပြင် dark humor တွေအပြည့်နဲ့ တစ်ကားလုံးခွီနေရမဲ့ကားမို့ မလွတ်တမ်းကြည့်သင့်တဲ့ကားတစ်ကားပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.7GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:27:00 Genre_Animation, Comedy, Family Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie

Igor (2008)