Channel Myanmar

Comedy

(18+) Desperate Living (1977) 7.0
(18+) Desperate Living (1977)  Desperate Livings က 1977 ထွက် Comedy/Horror Film အမျိုးအစားဖြစ်ပါတယ်။ IMDb 7 နဲ့ RT 70% ရရှိထားပါတယ်ဇာတ်လမ်းကတော့ စိတ်မနှံ့တဲ့ မိန်းမ Peggy Gravel က သူ့‌ယောက်ျားကို သတ်မိပြီး လွတ်သွားတယ်..အဲဒါကို သူ့အိမ်ဖော်မ ဂရီဇယ်ဒါက ပက်ဂီကိုကူညီရင်း ထွက်ပြေးရင်း မော့ဗေးဆိုတဲ့ ဒုစရိုက်သမားတွေ စုနေတဲ့ မြို့တစ်မြို့ကိုရောက်သွားတယ်။မော့‌ဗေးမှာ ပက်ဂီနဲ့ ဂရီဇယ်ဒါဟာ ထူးထူးခြားခြား characters တွေ အဖြစ်အပျက်တွေ နဲ့ တွေ့ကြံကြရတယ် ဇာတ်လမ်းတစ်လျှောက် characters တွေရော events တွေရောက ယုတ္တိမတန်ပြီး မသတီစရာကောင်းကြတယ်။ ကောင်းတဲ့ဘက်ကနေ တော်တော် chaotic ဖြစ်တဲ့ကားပါ။Dark comedy ကြိုက်တဲ့သူတွေ ကြိုက်မှာပါ။ File size…(2.3 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy, Crime, ...
movie

(18+) Desperate Living (1977)

How Much Do You Love Me? (2005) 5.7
How Much Do You Love Me? (2005) ပုရိသအပေါင်းတို့ အကြိမ်ကြိမ်ကြွေခဲ့ရသော Malena ဇာတ်ကားထဲက မမကြီး Monica Bellucci ကို အမှတ်ရကြဦးမလား....ဒီဇာတ်ကားမှာလဲ မမကြီးဟာ ကျွန်တော်တို့ကို အကြိမ်ကြိမ်ထပ်ခြွေဦးမှာပါ...သိဘို့။မမရဲ့ဖြစ်တည်မှုတွေက ပြင်းရှတဲ့ နှစ်ချို့ဝိုင်တစ်ခွက်လို ...။ဇာတ်လမ်းကိုသွားရမယ်ဆိုရင်တော့ဖြင့်....ဖရန်ဆွာ့ဇ်ဟာ ဟာ အထီးကျန်ဘဝနဲ့ သူ့ရဲ့ ပျင်းရိစရာ ရုပ်အလုပ်တို့ကို ငြီးငွေ့နေတဲ့ ပြင်သစ်သားတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဘားတစ်ခုကိုသွားရင်း လှပတဲ့ မိန်းမပျက်ကလေးတစ်ဦးဖြစ်တဲ့ ဒင်နီယယ်လာ နဲ့ ဆုံခဲ့တယ်။ မြင်မြင်ချင်း ဒင်နီယယ်လာကိုစွဲလန်းမိရင်းက သူဟာ မီလျံချီ ထီပေါက်ထားတဲ့သူဖြစ်ကြောင်း နဲ့ သူနဲ့ အတူနေမယ်ဆိုရင် တစ်လကို ယူရို ၁၀၀.၀၀၀ ငွေမကုန်မချင်းပေးမယ်လို့ ကမ်းလှမ်းလာတဲ့အခါ ဒင်နီယယ်လာကလဲ သဘောတူခဲ့တယ်။သဘောမတူနိုင်တာကတော့ သူ့ သူငယ်ချင်းလဲဖြစ် သူ့ ဆရာဝန်လဲဖြစ်တဲ့ အန်ဒရေးပါ။ အန်ဒရေးက ဖရန်ဆွာ့ဇ်ရဲ့ နှလုံးအားနည်းရောဂါဟာ ဒီလိုလိင်မှု ကိစ္စတက်ကြွပုံမျိုးနဲ့ သင့်တော်မှာ မဟုတ်ဘူးလို့ သတိပေးပါတယ်။ စားသောက်ဆိုင်မှာ ညစာစားကြရင်း ဒင်နီယယ်လာ အစာအဆိပ်သင့်သလိုဖြစ်တော့ အန်ဒရေးကို ...
movie

How Much Do You Love Me? (2005)

2005
Inga Naan Thaan Kingu (2024) 5.8
Inga Naan Thaan Kingu (2024) Inga Naan Thaan Kingu 2024 (ငါသည်သာ တစ်ဦးတည်းသောဘုရင်)IMDb- 5.9/10 ဒီတစ်ခါမှတော့ မိန်းမရှာပုံတော်ထွက်ရင်း တလွဲတွေဖြစ်ရတဲ့ ဟာသဇာတ်မြူးကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မွမ်ဘိုင်းမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီးတော့ လူရာနဲ့ချီသေဆုံးရပြီး ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေပါတယ်။ ဒီဖြစ်စဉ်ဟာ အကြမ်းဖက်သမားတွေကြောင့်ဖြစ်တာလို့ ရဲဘက်မှ ကြေညာထားပြီး နောက်ထပ် ဗုံးပေါက်ကွဲမှုက ချန်နိုင်းမှာ ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီလိုကိစ္စတွေ ဖြစ်နေတဲ့အချိန်မှာ အိမ်တစ်လုံးပိုင်ဆိုင်ပြီးရင် အိမ်ထောင်ပြုရတယ်ဆိုတဲ့ အဆိုစကားကြောင့် ဗီထရီဟာ သူငယ်ချင်းဖြစ်သူဆီကနေ ပိုက်ဆံ၂၅သိန်းချေးပြီး အိမ်ဝယ်လိုက်ပေမယ့် လူပျိုကြီးပဲဖြစ်နေတုန်းပါပဲ။အိမ်ထောင်ပြုတဲ့အခါ ခန်းဝင်ပစ္စည်းအနေနဲ့ အိမ်ဝယ်လို့ အကြွေးတင်နေတဲ့ ၂၅သိန်းရမှဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိမ်ထောင်ဘက်လိုက်ရှာပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒီလိုနဲ့ အောင်သွယ်နဲ့ရှာတာ အဆင်မပြေတဲ့နောက် ကိုယ်တိုင်အောင်သွယ်အေဂျင်စီတစ်ခုမှာ အလုပ်ဝင်ရင်း ရှာခဲ့ပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အောင်သွယ်ဆီကနေ ရာသီနာပူရီဂျာမင်က တော်ဝင်မိသားစုဆီကနေ ကမ်းလှမ်းချက်ရလာတယ်ပြောလို့ သွားတွေ့ရာကနေ ချက်ချင်းပဲ အိမ်ထောင်ပြုဖို့ ဖြစ်လာရင်းနဲ့ ....... ဗီထရာရဲ့ အိမ်ထောင်ဖက်နဲ့ရော ဘယ်လိုဆက်ဖြစ်မလဲ ....ဗုံးပေါက်ကွဲမှုတွေနဲ့ ဗီထရီက ဘယ်လိုဆက်စပ်သွားမှာလဲ ..... ရုတ်တရက်ကြီး ဆောင်လိုက်ရတဲ့ အိမ်ထောင်ရေးကရော ...
movie

Inga Naan Thaan Kingu (2024)

2024
Guruvayoor Ambalanadayil (2024) 6.9
Guruvayoor Ambalanadayil (2024) Guruvayoor Ambalanadayil (2024) "ရည်းစားဟောင်း"IMDb 7.0 ရထားတဲ့ အသစ်ထွက် မလေယာလမ်း ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်သရုပ်ဆောင်တွေအဖြစ် Prithviraj Sukumaran နဲ့ Basil Joseph တို့ ဦးဆောင်ပါဝင်ပြီး ဟာသသရုပ်ဆောင် ယိုဂီဘာဘူပါ အားဖြည့်ထားတဲ့ ဒီကားလေးမှာဆိုရင် ဗီနူးဟာ တစ်ချိန်ကစွန့်ခွာသွားတဲ့ အဆက်ဟောင်းကို မေ့မရနိုင်နေ့ရက်တွေကို ဖြတ်သန်းခဲ့ရပြီးနောက်မှာတော့ယောက်ဖလောင်း အာနန်ဒန်ရဲ့ အစ်ကိုလို၊ သူငယ်ချင်းလို ဖေးမအားပေးမှုကြောင့် သူ့ညီမ အန်ဂျလီနဲ့ လက်ထပ်မယ့်အရေး အရာအားလုံး အဆင်ပြေချောမွေ့တော့မယ့်ဟန် ရှိပေမယ့် ကံဆိုးချင်တော့ ချစ်ယောက်ဖရဲ့ ဇနီး တနည်းအားဖြင့် သူ့မရီးဟာဖြင့် သူ့ကိုသိပ်ကိုမုန်းလှချည့်ဆိုတဲ့ ရည်းစားဟောင်း ပါဗာသီဖြစ်နေတဲ့ အခါမှာတော့ …အမုန်းတရားတွေကနေ ဖြစ်လာတဲ့ မိသားစုပြဿနာတွေမှသည် ဘယ်လိုတွေဆက်ဖြစ်မလဲ ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.15GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Guruvayoor Ambalanadayil (2024)

2024
Ghar Banduk Biryani (2023) 6.8
Ghar Banduk Biryani (2023) Ghar Banduk Biryani (2023)IMDb 6.8ဇာတ်ဝင်ခန်း ၈၀% လောက်ကို တောထဲမှာအခြေတည်ထားတဲ့ မာရသီစကားပြော အက်ရှင်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်မိဘမဲ့ စားဖိုမှူးလေး ရာဂျူးက မိန်းမရဖို့ရာ အိမ်တစ်လုံးမဖြစ်မနေ အရင်ဝယ်ဖို့ မိန်းကလေးဘက်က တောင်းဆိုတာကြောင့် စဥ်းစားရကျပ်နေချိန်မှာ ဓားပြဗိုလ်ဆီရောက်သွားပြီး ဓားပြဗိုလ်က ဆုံးသွားတဲ့ ဇနီးသည်ရဲ့ ဒန်ပေါက်လက်ရာကိုလွမ်းတာကြောင့် ဒန်ပေါက်ချက်ရမယ့် အလုပ်ပေးလာတယ်တစ်ဖက်မှာ ရဲအရာရှိပါတီးလ်ကတော့ ရိုးရာပွဲတစ်ခုမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တဲ့ ကျောင်းသားတစ်စုကို ဆော်ပလော်တီးရာကနေ လွှတ်တော်အမတ်ရဲ့သားကို လုပ်မိလို့ ဓားပြတွေရှိရာ နယ်ဘက်ကို တာဝန်ပြောင်းခံလိုက်ရတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မှာလဲအလွမ်းအဆွေး၊ အက်ရှင်ဇာတ်ကြမ်း၊ ဟာသ၊ သီချင်းတို့နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်တင်ဆက်ထားတဲ့ ဒီရုပ်ရှင်လေးကို အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 4.06GB / 1.91GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Ghar Banduk Biryani (2023)

2023
The Movie Emperor ( 2024 ) 6
The Movie Emperor ( 2024 ) မင်းသားကြီး Andy Lau ရဲ့ဒရာမာရုပ်ရှင်ဇာတ်ကားအသစ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အနုပညာသက်တမ်း နှစ်(၄၀)ကျော်ရှိတဲ့ အတ္တကြီးတဲ့ နာမည်ကြီးမင်းသားတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ သူဟာအောင်မြင်မှုတွေရရှိခဲ့ပြီး လူကြိုက်များတဲ့မင်းသားတစ်ယောက်ဖြစ်ပေမယ့် သူလိုချင်တဲ့ဆုကိုမရခဲ့ပါဘူး။ ရုပ်ရှင်လောကကနေအနားယူဖို့ အသင့်ဖြစ်နေပြီဆိုပေမယ့် ဂုဏ်သိက္ခာရှိရှိ ဆုရပြီးမှအနားယူချင်တဲ့သူ့ရဲ့ဆန္ဒကြောင့် လယ်သမားဇာတ်ကောင်နဲ့ရုပ်ရှင်ရိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့ပြင်းပြတဲ့စိတ်ကြောင့် အကြိုးစားလွန်ရာကနေ ကမောက်ကမတွေဖြစ်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ နောက်ဆုံးမှာ သူလိုချင်တဲ့ပန်းတိုင်ကိုရောက်နိုင်ပါ့မလား...... ဒီဇာတ်ကားမှာ အင်တာနက်ခေတ်ကို လူကြီးတစ်ယောက်ရဲ့အသားမကျပုံနဲ့ ရုပ်ရှင်လောကရဲ့သဘောတရားတွေအများကြီးကို ချပြထားပါတယ်။ သရုပ်ဆောင်ဘက်ကရှုထောင့်နဲ့ ဝေဖန်သူပရိသတ်တွေရဲ့ရှုထောင့် နှစ်မျိုးလုံးကိုမြင်ရမှာဖြစ်ပါတယ်။ Filesize : 1.28 GB / 743 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK   
movie

The Movie Emperor ( 2024 )

Maximum Overdrive (1986) 5.4
Maximum Overdrive (1986) Maximum Overdrive (1982) Genre – Action, Comedy, HorrorIT တို့ The Shining တို့ Carrie တို့အပြင် တခြားနာမည်ကြီး စိတ်ဝင်စားစရာ ထိတ်လန့်ခြောက်ခြားဖွယ်အကြောင်းအရာတွေကို ရေးသားခဲ့ပြီး King of Horror လို့ ဂုဏ်ဘွဲ့ရထားတဲ့စာရေးဆရာ Stephen King ဆို မသိသူ မရှိလောက်ပါဘူး။ ဒီရုပ်ရှင်ကိုတော့ Stephen King ကိုယ်တိုင်သူ့ဝတ္ထုတို ဖြစ်တဲ့ Truck ဆိုတာကို အခြေခံပြီး ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်(သူ့ဘဝမှာ ဒီကားတစ်ကားပဲ ဒါရိုက်တာ လုပ်ခဲ့တာပါ) ဒါ့အပြင် လာလာချင်းခန်းမှာတောင်Cameo အနေနဲ့ ဝင်ပါထားပါသေးတယ်။ နောက်ထပ် ထူးခြားတဲ့အချက်ကတော့ဇာတ်ကားရဲ့ ဇာတ်ဝင်တေးတစ်ခုလုံးကို နာမည်ကျော် ရော့ခ်အဖွဲ့ဖြစ်တဲ့ AC/DC ကတီးခတ်ပြီး သူတို့သီချင်းတွေချည်းပဲ ရွေး အသုံးပြုထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့ သူ့ခေတ်သူ့ဟာနဲ့သူ ခပ်ဆန်းဆန်း ပြောရပါမယ်။ကမ္ဘာဂြိုလ်ဟာ သင်းကွဲကြယ်တံခွန်တစ်ခုရဲ့ အမြီးနားကို ...
movie

Maximum Overdrive (1986)

Serial Mom (1994) 6.8
Serial Mom (1994)  ဗယ်ဗလီဆပ်ဖင်း ဆိုတဲ့ အိမ်​ထောင်ရှင် အမျိုးသမီး၊ ​ယောက်ျားအတွက်​ရော သားသမီးဘအတွက်​ရော တာဝန်​ကျေပွန်တဲ့ အမျိုးသမီး တ​ယောက် သူ့မိသားစု က​တောင် မသိတဲ့ သူရဲ့စိတ်​နေစိတ်ထား တခြားတဘက်မှာ​တော့ သူက ​ကြောက်စရာ​သွေး​​အေး​အေး စိတ်​တဇ လူတ​ယောက်ဖြစ်​နေ​သောအခါ .... ၁၉၉၄ ခုနှစ်က ထွက်ရှိထားပြီး ယခုအချိန်ထိ ​ပြော​နေကြရတဲ့ classic ဇာတ်ကားဖြစ်ပါတယ်ဇာတ်ကားတခုလုံး တရှိန်ထိုးကြည့်ရှုရမှာမို့လို့ ဒီလိုဇာတ်ကား​တွေ ကြိုက်နှစ်သက်တဲ့သူ ​​တွေ လက်မလွတ်သင့်တဲ့ကားပါ က​လေးငယ်​တွေ၊နှလုံးမ​ကောင်းတဲ့သူ​တွေ အတွက် မသင့်​တော်တဲ့ ​သွေးထွက်သံယို အခန်း​တွေ ပါဝင်တာကို​တော့ သတိ​ပေးချင်ပါတယ် File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre... Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie

Serial Mom (1994)

Cecil B. Demented (2000) 6.3
Cecil B. Demented (2000)  ဒီရုပ်ရှင်လေးကတော့၂၀၀၀ခုနှစ်ကထွက်ရှိခဲ့တဲ့black comedyရုပ်ရှင်အမျိုးအစားကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့Hollywood ကအခုနောက်ပိုင်း mainstream ရုပ်ရှင်တွေကို sequel ထုတ်လိုက် remake ထုတ်လိုက်နဲ့ပိုက်ဆံပဲရှာနေပြီး original ဇာတ်ကားကောင်းတွေမထုတ်တော့တာကိုသတိထားမိကြမှာပါ အဲဒီလိုဖြစ်နေတာကိုသဘောမကျတဲ့ရူးနေတဲ့ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Cecil B. Demented က Honey Whitlock ဆိုတဲ့နာမည်ကြီးရုပ်ရှင်မင်းသမီးကိုဖမ်းခေါ်ပြီးတော့သူ့ရဲ့ရုပ်ရှင်မှာဝင်သရုပ်ဆောင်ခိုင်းတာကနေဖြစ်လာတာတွေကိုဟာသနှောပြီးရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် File size…(1.9 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre... Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin
movie

Cecil B. Demented (2000)

Phulrani (2023) 5.8
Phulrani (2023) Phulrani (2023)"ပန်းဘုရင်မလေး" =============================ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလို့ရမယ့် ၂၀၂၃ ခုနှစ်ထွက် မာရသီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးဟာဆိုရင် နာမည်ကြီး အိုင်းရစ်ရှ်လူမျိုး ပြဇာတ်ရေးဆရာ ဂျော့ဂျ်ဘားနတ်ရှောကို အော်စကာဆုရစေခဲ့တဲ့ Pygmalion ဆိုတဲ့ ဂန္တဝင်ပြဇာတ်ကို အိန္ဒိယမှုပြုပြီး တမူဆန်းသစ်ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့.. Pretty Princess ဆိုတဲ့ အလှမယ်ပြိုင်ပွဲတစ်ခုမှာ အကယ်ဒမီတစ်ခုတည်းက အလှမယ်တွေဟာ ၅ နှစ်ဆက်တိုက် အနိုင်ရနေပါတယ်။အဲဒီအကယ်ဒမီကို ဦးစီးလေ့ကျင့်ပေးနေတာကတော့ ဗစ်ကရမ်ဆိုတဲ့ စိတ်မြန်လက်မြန် သင်တန်းဆရာပါ။ သူဟာ ပြိုင်ပွဲဆုပေးပွဲ့နေ့မှာ အရက်မူးပြီး သူငယ်ချင်းဖြစ်သူနဲ့ ငြင်းခုန်ရင်း သူတို့နားကိုရောက်လာတဲ့ အခြေခံလူတန်းစား ဆတ်ဆတ်ကြဲ ပန်းသည်မလေးကို အလှဘုရင်မဖြစ်အောင် လုပ်ပေးပြမယ်လို့ လူသိရှင်ကြားစိန်ခေါ်မိသွားပါတယ်။သူဟာ အဲဒီအလောင်းစားကို အနိုင်ရမှာလား၊ ရပ်ကွက်ထဲက အော်ကြောလန်ကောင်မလေးကို အလှမယ်ဖြစ်အောင်ဘယ်လိုလုပ်ပေးမှာလဲ၊ သူတို့နှစ်ယောက် ဘယ်လိုဇာတ်လမ်းဆက်ကြမလဲဆိုတာကို လူတန်းစားခွဲခြားမှုတွေကို ဆန့်ကျင်ပြထားတဲ့ ဒီရုပ်ရှင်လေးထဲမှာ ချစ်စဖွယ်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.35GB / 1.13GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Phulrani (2023)

2023
Paint it Gold (2023)
Paint it Gold (2023) Paint It Gold [2023] (IMDb 5.6/10)ရန်ဇို နာဗီဆိုတာ ခေတ်ဟောင်းက ပန်းချီဆရာတစ်ယောက်... ပန်းချီကားရောင်းရငွေလေးနဲ့ပဲ ရှင်သန်နေတယ်... သိပ်ချစ်ရတဲ့ ဇနီးသည်ဆုံးသွားပြီးကတည်းက သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေလည်း လွင့်ပါးသွားခဲ့ရတယ်... ပန်းချီဆရာတို့ ထုံးစံ လူ့လောကနဲ့ ဆန့်ကျင်ဘက်… ဘောင်တို့ရဲ့ ပြင်ပက လူတစ်ယောက်ပေါ့... နာဗီ့မှာ အာသာဆိုတဲ့ ပြတိုက်မှူးမိတ်ဆွေတစ်ယောက် ရှိတယ်... အာသာက နာဗီကို အမြဲတစေ ကူညီတယ် ဒါပေမယ့် နာဗီက အကုန်လုံးကို သဲထဲရေသွန်ဖြစ်အောင်ပဲ လုပ်လေ့ရှိတယ်... ဒီလိနေ့မှာတော့ အာသာ သည်းခံနိုင်တဲ့အတိုင်းအတာကို ကျော်လွန်သွားခဲ့ပါတယ်... အဲ့နောက်တော့ ဆယ်စုနှစ်ပေါင်းများစွာတိုင် တည်တံ့ခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေးလည်း ပျက်စီးသွားလေတော့သတည်းပေါ့... ဒါပေမယ့်လည်း အချိန်တစ်ခုအကြာမှာတော့ သူတို့ ပြန်ခေါ်ပြန်ပြော ဖြစ်သွားပါတယ်... ပြန်တည့်သွားကြတဲ့နောက် နာဗီတစ်ယောက် သူ့အချိန်ပြီးသွားပြီ သူသေဖို့ အသင့်ဖြစ်ပြီလို့ ဆိုကာ သူ့ကိုယ်သူ သတ်သေမယ့်အစီအစဉ်မှာ ကူညီပေးဖို့ အာသာကို အကူအညီတောင်းပါတယ်... အာသာကတော့ မကူညီခဲ့ပါဘူး... အဲ့နောက်တော့ နာဗီလည်း သူလုပ်စရာ ရှိတာကိုသာ လုပ်ဖို့ ကြိုးစားရင်းက ဘာတွေဆက်မဖြစ်လဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ Tun Aung ...
movie

Paint it Gold (2023)

Fasten Your Seatbelt (2013) 5.6
Fasten Your Seatbelt (2013) Fasten Your Seat Belt (2013)Hospital playlistနဲ့ crash course in romanceထဲက မင်းသားချော Jung Kyung Ho ရဲ့ ဘဝအမောပြေစေမယ့် ဟာသဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေအများကြီး ပါဝင်ထားတဲ့အပြင် ကျွန်တော်တို့ရဲ့နာမည်ကျော်ဖိုက်တာကြီး မာဒုန်ဆော့ကိုလည်း မြင်တွေ့ရဦးမှာပါ။ဂျပန်လူမျိုးတွေကိုတောင် ကိုရီးယားအဆဲစကားလုံးတွေ သင်ချင်လာစေတဲ့အထိ ပေါက်သွားတဲ့ Mr Profanityဆိုတဲ့ ဇာတ်ကားထဲက ဇာတ်လိုက်ကျော်အဆဲဘုရင်ကြီး မာဂျွန်ဂူတစ်ယောက် ရာဇဝင်ကားရိုက်ဖို့အတွက် တိုကျိုကနေကိုရီးယားကို လေယာဉ်စီးပြီး ပြန်လာရဖို့ဖြစ်လာတာပေါ့။ ဒီလိုနဲ့ လေယာဉ်ပေါ်ရောက်တော့လည်း ပရိသတ်တွေနဲ့တွေ့ပြီး အလွဲလေးတွေစဖြစ်လာတော့ မာဂျွန်ဂူတစ်ယောက် အဆဲဘုရင်ဇာတ်ကောင်မုဝင်ပြီး ဆဲချင်စိတ်ကတဖွားဖွားပါပဲ။ခရီးစဉ်က လေယာဉ်စမထွက်ခင်ကတည်းက အဆင်မချောရတဲ့ထဲ လေယာဉ်ထွက်ဖို့ကနောက်ကျတဲ့အပြင် လေယာဉ်က မုန်တိုင်းမိပြီး လေဆိပ်ကိုဆင်းမရဖြစ်လာချိန်မှာတော့ အူကြောင်ကြားခရီးသည်တစ်သိုက် အဆင်မြင်ငမ်းချင်တဲ့ လေယာဉ်မယ်တွေကတစ်ဖုံနဲ့ မာဂျွန်ဂူရဲ့ အလွဲပေါင်းသောင်းခြောက်ထောင်ကိုရှုစားရင်း ဘဝအမောတွေ ဖြေဖျောက်လိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou တို့ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File ...
movie

Fasten Your Seatbelt (2013)

2013
Luv Ki Arrange Marriage (2024) 5
Luv Ki Arrange Marriage (2024) Luv Ki Arrange Marriage 2024 နှစ်ဆောင်ပြိုင်ချစ်ခြင်းIMDb-5.0/10တစ်နေ့တာပင်ပန်းတာတွေကို ဟာသနဲ့ဖြေဖျောက်လိုသူတွေအတွက် ဟင်ဒီဟာသကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ အချစ်ရေးရော ဟာသလေးတွေရောပါတဲ့အပြင် heavyမဖြစ်တာမလို့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းကို ရှုစားလိုသူတွေအတွက် အဆင်ပြေမှာပါ။မေတ္တာဆိုတာ တစ်ယောက်တည်းကိုပေးရင် အတ္တလို့သဘောထားတဲ့သူပီပီ မစ်ရှရာဟာ မိန်းမတိုင်းနဲ့ လက်ပွတ်တတီးနေတတ်သူပါ။ ပရမ်ကဘယ်လောက်ပဲ ဖြူစင်တဲ့ ၅၂၈ မေတ္တာ မိတ်ဆွေဆက်ဆံရေးလို့ပြောပြော ဒီမိန်းမတွေရဲ့ ကာမပိုင်ယောက်ျားတွေက မကြည်ဖြူတာကြောင့် လစ်ရင်လစ်သလို သမခံရသူပေါ့။ သားဖြစ်သူလပ်ဗ်က ဖိုက်တာဖြစ်နေလို့သာ မစ်ရှရာတစ်ယောက်ခံသာနေတာဆိုလည်းမမှားပါဘူး။တစ်နေ့ လပ်ဗ်တစ်ယောက် အီရှီကာဆိုတဲ့ ထက်ထက်မြက်မြက်မိန်းကလေးကို သဘောကျသွားချိန်မှာ ကိုမေတ္တာရှင်မစ်ရှရာကလည်း အီရှီကာရဲ့အမေကို သဘောကျမိလေတော့....တစ်ပြိုင်နက်မဖြစ်နိုင်တဲ့ ဒီသားအ‌ဖရဲ့အချစ်ရေးမှာ ဘ ယ်သူကဘယ်သူ့အတွက် စတေးသွားမလဲဆိုတာ ရှုစားကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲ ဖြစ်ပါတယ်) File size… 2.6GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Tea
movie

Luv Ki Arrange Marriage (2024)

2024
The Slick Guy ( 2024 ) 5.7
The Slick Guy ( 2024 ) တစ်ခါတုန်းကဘုရင်ကြီးတစ်ပါးဟာ ရောဂါအပြင်းအထန်ဖြစ်နေတဲ့အတွက် ရောဂါအားလုံးကိုပျောက်စေနိုင်တဲ့နတ်ဆေးလုံးဝူကော်ကို တော်ဝင်သမားတော်၂ယောက်ကိုရှာဖို့စေလွှတ်ခဲ့တယ်။ (၁၅)နှစ်ကြာမှ သမားတော်၂ယောက်ဟာပြန်ရောက်လာပြီ း ဝူကော်ဆေးလုံးဟာ ၂မျိုးရှိနေပါတယ်။ တစ်လုံးကတော့ ရောဂါအားလုံးကိုပျောက်စေနိုင်တဲ့နတ်ဆေးဖြစ်ပြီးတော့ နောက်တစ်လုံးကတော့ကုရာဆေးမရှိတဲ့ အဆိပ်ဆေးလုံးဖြစ်နေပါတယ်။ဒီဆေးနှစ်လုံးကိုဘယ်သူမှမခွဲခြားနိုင်တော့ မင်းကြီးဟာစွန့်စားပြီး ဆေးကိုစမ်းသောက်ကြည့်ရာကနေပြီးတော့ အသက်ရှင်နေရက်လှုပ်မရတဲ့ ရှင်ရက်နဲ့သေတဲ့အဖြစ်ကိုရောက်သွားခဲ့ပါတယ်။ သမားတော်နှစ်ယောက်ဟာလဲ ပြစ်ဒဏ်ပေးခံလိုက်ရပါတယ်။ အဲဒီအချိန်ကစပြီး နတ်ဆေးလို့ယူဆရတဲ့ဝူကော်ဆေးလုံးက ပျောက်သွားခဲ့ပါတယ်။ နောက်(၁၅)နှစ်ကြာသွားတဲ့အချိန်မှာ နတ်ဆေးလုံးကို ပြန်ရှာဖို့ကြိုးစားကြတဲ့အခါ အတိတ်က ရန်ငြိုးတွေဟာ ပြန်အသက်ဝင်လာပါတော့တယ်။ Filesize : 940 MB / 558 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Mystery Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Slick Guy ( 2024 )

The Rising Waves 3 ( 2021 ) 5.7
The Rising Waves 3 ( 2021 ) ပါးစပ်မပိတ်အောင်ကိုရယ်နေစေရမဲ့ မာမိသားစုရဲ့ဂယက်လှိုင်းတွေအကြောင်း တတိယကားဖြစ်ပါတယ်။ အရှေ့ ၂ ကားကိုလဲတင်ဆက်ပေးပြီးသားပါ ၃ ကားလုံးကိုဒီလင့်မှာ ကြည့်ရှုနိုင်ပါတယ်မာလျို့တို့မိသားစုဟာ မချမ်းသာပေမယ့် တည်ငြိမ်အေးချမ်းတဲ့ ဘဝလေးနဲ့ နေလာခဲ့တယ်။ ဒါပေမယ့် ဒီပျော်ရွှင်မှုလေးဟာ မာလျို့ရဲ့အဖေတစ်ယောက် ပတ်ဝန်းကျင်ကမကြားသင့်တဲ့ အတင်းအဖျင်းတွေကြားခဲ့တဲ့အချိန်အထိပဲတည်မြဲခဲ့တယ်။ပြဿနာကတော့ မြေးအဖိုးနှစ်ယောက်ရုပ်မတူရာကနေစတာပါပဲ။ မြေးအဖိုးနှစ်ယောက်ရုပ်မတူတဲ့အတွက် မြေးအရင်းမဖြစ်နိုင်ဘူးလို့ အတင်းအဖျင်းတွေပြောကြတဲ့အတွက် အဖိုးဖြစ်သူကမြေးနဲ့ DNAစစ်ကြည့်လိုက်တော့ သွေးသားမတော်စပ်ပါဘူးဆိုပြီးအဖြေထွက်လာခဲ့တယ်။ အဲဒီလိုနဲ့ချွေးမကိုအပြစ်တင်စွပ်စွဲပြီး နောက်တစ်နေ့မှာ မာလျို့တို့သားအဖက DNA ထပ်သွားစစ်ကြည့်လိုက်ပါတယ်။ အဲဒီမှာတင်ပြဿနာကပိုရှုပ်သွားတော့တာပါပဲ။ကလေးကမာလျို့ရဲ့သားအရင်းဖြစ်ပေမယ့် အဖိုးနဲ့သွေးမတော်ဘူးဆိုတော့ မာလျို့တို့သားအဖက သားအဖအရင်းမဟုတ်တဲ့သဘောဖြစ်သွားခဲ့တယ်။ ကဲ...... ဒီသပွတ်အူဇာတ်လမ်းရဲ့အဆုံးသတ်ဟာဘယ်လိုများဖြစ်နေမလဲ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 16 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Rising Waves 3 ( 2021 )

Making Waves 2 ( 2021 ) 5.7
Making Waves 2 ( 2021 ) ပါးစပ်မပိတ်အောင်ကိုရယ်နေစေရမဲ့ မာမိသားစုရဲ့ဂယက်လှိုင်းတွေအကြောင်းဒုတိယကားဖြစ်ပါတယ်။ စုစုပေါင်းသုံးကားရှိပြီး ၃ ကားလုံးကို ဒီလင့်မှာကြည့်နိုင်ပါတယ်ဒီဇာတ်ကားမှာ တစ်ချိန်က မိုက်ခဲ့တဲ့ လူမိုက်ကြီးတစ်ယောက် ဈာန်လျှောသွားခဲ့ရတဲ့ ဘဝကို ပုံဖော်ပြထားခဲ့တာပါ..ဒီဇာတ်လမ်းလေးကို အကျဉ်းလေးကတော့. အစ်ကိုကြီးနောက်လိုက်ရင်း အသက်ကြီးလာတဲ့ လောကျစ်တစ်ယောက် လုံခြုံရေးတံခါးစောင့်ဘဝကို ရောက်သွားခဲ့တာပါပဲ.. သူက လုံခြုံရေးတံခါးစောင့်ဖြစ်တော့ တုန်းယိကရော တစ်ခုလတ်ကို ယူပြီး သူ့သားကို ထိန်းကျောင်းပြီး အလုပ်နဲ့လက်မပြတ်ခဲ့ဘူးပေါ့... သူတို့ရဲ့အစ်ကိုကြီးကတော့ မိန်းမလုပ်စာစားပြီး မိုက်ကြည့်ဖို့ ကြိုးစားနေခဲ့တာပေါ့...ဒါပေမယ့်လည်း စိတ်ကသာရှိတာ လူက အိုပြီလေ လူမိုက်အသစ်တွေနဲ့ ယှဉ်ထိုးဖို့မပြောနဲ့ ကြည့်တောင် မကြည့်နိုင်ရှာပါဘူး... ဒီလိုနဲ့ တုန်းယိတစ်ယောက် ကိုရီးယားက စက်ရုံကို သွားပြီး အလုပ်လုပ်ဖို့ဖြစ်လာတယ်... သူလည်း သွားရော သူ့မိန်းမတစ်ခုလတ်က အမူအကျင့်တွေပြောင်းနေတာကြောင့် လူမိုက်ကြီး ၂ ယောက်က စုံထောက်ဖြစ်လာခဲ့တာပေါ့.. ဒီလိုနဲ့ တုန်းယိမိန်းမနောက်မီးလင်းတာကို စုံစမ်းရင်း... ဘာတွေဖြစ်မလဲဆိုတာကို မပြောတော့ဘူး..ဘဝအမောတွေကို ရယ်မောရင်းဖြေဖျောက်ဖို့ဇာတ်ကားလေးကို ကြည့်လိုက်ကြရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 07 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Making Waves 2 ( 2021 )

Vinveli Devathai (2023) 6
Vinveli Devathai (2023) Vinveli Devathai 2023 ချစ်ခြင်းငယ်ပြိုင်ကျောင်းသားအချစ်ဇာတ်လမ်းတွေကို သဘောကျသူတွေအတွက် တမီလ်ကျောင်းသားအချစ်ဇာတ်လမ်းလေး တင်ဆက်ပေးချင်ပါတယ်။ ငယ်ချစ်နှစ်တစ်ရာမမေ့သာဆိုတဲ့ ခရစ်ရှ် ၊ နောက်မှဆုံပေမဲ့ နွေးထွေးမှုပေးနိုင်တဲ့ အာကက်ရှ်နဲ့ ဗန်နီလာဆိုတဲ့ကောင်မလေးတို့ကြားက 3 ပွင့်ဆိုင်ချစ်ဇာတ်လမ်းကို ရှုစားရမှာပါ။ဖခင်ကအမြဲနှိပ်စက်ရိုက်နှက်တတ်သလို အမေကလည်း အဖေ့ကိုမနိုင်တဲ့အတွက် အိမ်ဆိုတာငရဲပမာဖြစ်နေတဲ့ ဗန်နီလာတစ်ယောက် ကျောင်းမှာသူ့ကိုကာကွယ်ပေးတဲ့ကိုကြီး ခရစ်ရှ်ဟာ သူ့အတွက်တစ်ကမ္ဘာပါပေါ့။ဒါပေမဲ့ အတ္တတွေကြားမှာ အချစ်ဦးနဲ့လွဲချော်ရဖို့ဖြစ်လာပြီး နွေးထွေးတဲ့ရင်ခွင်ပိုင်ရှင် အာကတ်ရှ်နဲ့ထပ်ဆုံရဖို့ဖြစ်လာတဲ့အခါ....တစ်ဖက်က အာကာသယာဉ်မှူးဖြစ်ချင်တဲ့ အိပ်မက်ကတစ်ဖက်၊ ချစ်သူနဲ့မိသားစုရေးရာတွေကတစ်ဖက်နဲ့ ဗန်နီလာတစ်ယောက် သူ့ရဲ့ရည်မှန်းချက်အတွက် ဘယ်လိုကြိုးစားမလဲ‌ဆိုတာ ရှုစားကြပါဦးစို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size…2.37GB / 969MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vinveli Devathai (2023)

2023
LSD 2: Love, Sex aur Dhokha 2 (2024) 4.2
LSD 2: Love, Sex aur Dhokha 2 (2024) Love Sex Aur Dokha 2 (2024) အချစ် တဏှာနှင့် လှည့်စားခြင်းများဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2010 တုန်းက ထွက်ရှိထားတဲ့ Love Sex Aur Dokha ဇာတ်ကားလေးရဲ့ ဒုတိယကားဖြစ်တဲ့ Love Sex Aur Dokha 2 လေးပဲ ဖြစ်ပါတယ်ဒီဇာတ်ကားကိုတော့ Dibakar Banerjee က ရိုက်ကူးပေးထားပြီးတော့ သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်ပါတယ် အဲဒီထဲကမှ Naagin ဇာတ်ကားထဲမှာ မြွေမင်းသမီးလေး ရှီဗန်ညာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးချောလေး Mouni Roy လည်း ပါဝင်တာမလို့ သူ့ရဲ့ပရိသတ်တွေကတော့ လက်မလွတ်တမ်း ကြည့်ရှု့သင့်တယ်နော်ဒီဇာတ်လမ်းထဲမှာဆိုရင် ခေတ်သစ်ဆက်ဆံရေးအရှုပ်‌အထွေးတွေ ခေတ်မီနည်းပညာတိုးတက်လာမှုတွေပါဝင်ပါတယ်ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ လျှို့ဝှက်ကင်မရာတွေနဲ့ မတူညီတဲ့ဇာတ်လမ်းသုံးခုကို အခြေခံထားသလို ခေတ်မီချစ်ခြင်းမေတ္တာ၊ ခင်မင်ရင်းနှီးမှုနှင့် မိမိကိုယ်ကိုရှာဖွေတွေ့ရှိမှုတို့၏ ရှုပ်ထွေးမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘဝကို သရုပ်ဖော်ရိုက်ကူးထားတာမလို့ ဘာတွေများ စိတ်ဝင်စားစရာကောင်းစွာနဲ့ မြင်တွေ့ရမလဲဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ စောင့်မျှော်ကြည့်ရှု့အားပေးကြပါဦးရှင့်အညွှန်းနဲ့ ဘာသာပြန်ကတော့ Cyrah ဖြစ်ပါတယ်ရှင် File ...
movie

LSD 2: Love, Sex aur Dhokha 2 (2024)

2024
Blackmail (2018) 7.2
Blackmail (2018) IMDb Rating (7.2)မင်းသားကြီး Irrfan Khan ရဲ့  ဒီဇာတ်ကားလေးကတော့  Comedy/Thriller အမျိုးအစားဖြစ်ပြီးတွေ့ရခဲတဲ့ပေါင်းစပ်မှုတချို့နဲ့ စိတ်ဝင်စားစရာရုပ်ရှင်ကားမျိုးဖြစ်ပါတယ်။ဇာတ်လမ်းကတော့...သာမန်ရုံးတစ်ခုမှာ သာမန်အလုပ်တွေလောက်ပဲလုပ်ကိုင်နေရပြီး အကြွေးတွေပတ်ချာလည်နေတဲ့ လင်ယောကျာ်းတစ်ယောက်မိသားစုအတွက် ရုန်းကန်ကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးယောကျာ်းတစ်ယောက်၊စီးပွားရေးမပြေလည်သလို အိမ်ထောင်ရေးလဲမသာယာတဲ့ လင်ယောကျာ်းတစ်ယောက်၊သူများမစားတဲ့အသီးကို ထိုးကျွေးခံလိုက်ရပြီး ကိုယ့်အတွက်လည်းဘာမှအကျိုးမရှိဘဲ ဝဋ်ခံနေရတဲ့လင်ယောကျာ်းတစ်ယောက်အဖြစ် Dav...အိမ်ထောင်ရေးမသာယာတာကြောင့် အိမ်ကိုစောစောမပြန်ဖြစ်ပဲ ရုံးမှာအနေများတဲ့ Dav တစ်ယောက်ကိုယ့်မိန်းမနောက်မီးလင်းနေမှန်းသိရတော့ တော်တော်စိတ်ထိခိုက်သွားပါတယ်။အရာအားလုံးမအောင်မြင်နေရတဲ့ကြားထဲ မိန်းမဖြစ်သူကပါ စည်းမစောင့်တော့တာသိရှိသွားချိန်မှာတော့ Dav တစ်ယောက် ဘယ်လိုတွေလက်စားပြန်ချေဖို့ကြိုးစားမလဲဆိုတာ...။ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အတွက် ရယ်လည်းရယ်ရပါတယ်။Irrfan Khan ရဲ့ ထိမိတဲ့ ထုံပေပေမျက်နှာပေးနဲ့ သက်ဝင်ထားတဲ့Dav တစ်ယောက် ဘယ်လိုတွေအကွက်ချမလဲဆိုတာ ကြည့်လိုက်ကြပါဦး။ File size…(7.8 GB)/(2.2 GB )/(1.5 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….02:18:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thura Zarni Aung
movie

Blackmail (2018)

2018
4K HEVC