Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Comedy
7.1
My Little Bride (2004)
My Little Bride (2004)IMDb Rating (7)/Rotten Tomotoes (70%)ဒီဇာတ်ကားလေးကတော့ ကိုရီးယားကားတွေကို ကမ္ဘာကသတိထားမိစေခဲ့တဲ့ ၂၀၀၀ ခုနှစ်နှောင်းပိုင်း အချစ်ဟာသရုပ်ရှင်ကားလေးဖြစ်ပြီး ကိုရီးယားလှိုင်း စတင်လှုပ်ခတ်မှုမှာ နေရာတစ်နေရာကပါဝင်ခဲ့ပါတယ်။ချစ်စရာအမူအယာတွေနဲ့ ကိုရီးယားတို့ရဲ့ ရှေးရိုးစွဲရိုးရာယဉ်ကျေးမှု လူမှုဘဝနေထိုင်မှုပုံစံတချို့ကို ပေါ့ပေါ့ပါးပါးမိတ်ဆက်နိုင်ခဲ့ပြီး ကြည့်မိသူတိုင်းမှတ်မိလွယ်စေခဲ့ပါတယ်။အဓိက သရုပ်ဆာင်တွေအဖြစ် Love story in Harvard, Doctors စတဲ့ ဇာတ်လမ်းတွဲများနဲ့ နာမည်ကြီးတဲ့ မင်းသား Kim Rae Won နဲ့ အတူ အွန်စောအငယ်လေးလို့ မြန်မာတွေ အသိများတဲ့ မင်းသမီးလေး Moon Geun Young တို့ တွဲဖက် သရုပ်ဆောင် ထားပါတယ်။ဒီဇာတ်ကားမှာ Kim Rae Won ရဲ့ အစ်ကိုကြီးတစ်ယောက်လို ရုပ်တည်ကြီးနဲ့ ပေါက်ကရတွေရော နစ်နာခံမှုတွေရောမြင်တွေ့ရမှာဖြစ်ပြီးMoon Geun Young ရဲ့ ချစ်စဖွယ် ဟန်ပန်နဲ့ ...
movie
My Little Bride (2004)
6.7
Beverly Hills Cop: Axel F (2024)
Beverly Hills Cop: Axel F" (2024) ဟာ ဒါရိုက်တာMark Molloy ရိုက်ကူးထားတဲ့ အမေရိကန် အက်ရှင်ဟာသဇာတ်ကားဖြစ်ပါတယ်။ဒီကားမှာတော့ မင်းသားကြီး Eddie Murphy ရဲ့ နာမည်ကျော်ဇာတ်ကောင်ဖြစ်တဲ့ Axel Foley ကို တကျော့ပြန်မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒက်ထရွိုက်လမ်းမတွေပေါ်မှာထက်မြက်ပြီးဦးဆောင်နိုင်စွမ်းရှိတဲ့ ရဲအရာရှိကြီး Axel Foley ဟာ ရှေ့နေဖြစ်သူသူ့သမီးရဲ့အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အခါမှာBeverly Hills ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ရဲတယောက်အသတ်ခံရတဲ့အမှုမှာ တရားခံဘက်နေရှေ့နေလိုက်နေတဲ့ သူ့သမီးကိုကာကွယ်ဖို့ ပြန်လာခဲ့တယ်ဆိုပေမဲ့Axel ဟာ သူ့ရဲ့မိတ်ဆွေဟောင်းကြီးတွေဖြစ်တဲ့ ရဲမှူးကြီးJohn Taggart၊ စုံထောက် Billy Rosewood တို့နှင့်အတူလက်တွဲပြီး အစိုးရအတွင်းစည်းထဲကပူးပေါင်းကြံစည်မှုတခုကိုဖော်ထုတ်သွားမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ Beverly Hills လမ်းမထက်က အက်ရှင်၊ ဟာသနဲ့မိသားစုသံယောဇဉ်ကို ပေါင်းစပ်တင်ပြထားတာမို့ လုံးဝမပျင်းရမယ့်ဇာတ်ကားကောင်းဖြစ်ပါတယ်။ File size…2.25GB / 911MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Action , ...
movie
Beverly Hills Cop: Axel F (2024)
6.8
Single8 (2023)
Single 8 (2023)ဒီရုပ်ရှင်က ခမ်းခမ်းနားနားရုပ်ရှင်တော့မဟုတ်ဘူး။ ဒါပေမဲ့ ခမ်းခမ်းနားနားရုပ်ရှင်တစ်ခုကြောင့် ရုပ်ရှင်ရိုက်ဖြစ်သွားတဲ့အကြောင်း ရုပ်ရှင်။ အဲဒီခမ်းခမ်းနားနားရုပ်ရှင်ဆိုတာက ကမ္ဘာ့ရုပ်ရှင်လောကကို ကိုင်လှုပ်တဲ့ Star Wars ။ အမေရိကန်မှာပြပြီးတစ်နှစ်အကြာ ၁၉၇၈ဇွန်လမှာ Star Warsက ဂျပန်ကိုရောက်လာခဲ့တယ်။ အဲဒီရုပ်ရှင်ဟာ သမားရိုးကျ သိပ္ပံရုပ်ရှင်တွေရဲ့ သမားရိုးကျပုံစံတွေအားလုံးကနေခွဲထွက်ပြီး ဝေဖန်ရေးသမားတွေချီးကျူးတာခံခဲ့ရတယ်၊။ ဒီဇာတ်လမ်းက Star Warsကနေ အနုပညာဓာတ်ခံနိုးကြားပြီး သူတိုကိုယ်ပိုင် ရုပ်ရှင်ကိုရိုက်ဖိုဆုံးဖြတ်လိုက်တဲ့ ဆယ်ကျော်သက်လေးတွေအကြောင်းပဲ။ဒီရုပ်ရှင်က ပြောရရင် ရုပ်ရှင်ရိုက်ချင်တဲ့ လူငယ်လေးတွေ ကျောင်းနှုတ်ဆက်ပွဲမှာ ပြဖို ရုပ်ရှင်ရိုက်ကြတဲ့အကြောင်း ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ဇာတ်အိမ်က ၁၉၈၀မတိုင်ခင်ကာလတွေမှာ တည်ထားတယ်။ ဒီကောင်လေးတွေက စစချင်း စပီးဘာ့ချ်ရဲ့ Jawsကို ဝက်ဝံလိုက်တဲ့ ပုံစံနဲ့ ပြောင်းရိုက်ခဲ့တယ်။ တော်တော်တော့ မအောင်မြင်ခဲ့ပါဘူး။ ဒီနောက် စတာဝါးစ်ထွက်လာတော့လည်း စတားဝါးစ်ကို တော်တော်လေးရူးသွပ်ခဲ့ကြတယ်။ စတားဝါးစ်ထဲကလို အာကာသယာဉ်အရုပ်တွေလိုက်လုပ်ပြီး စတားဝါးစ်လို ရုပ်ရှင်ကိုပါ ရိုက်ချင်ခဲ့ကြတယ်။ ဒီလိုနဲ့ ...
movie
Single8 (2023)
8.7
Market Mahalakshmi (2024)
Market Mahalakshmi (2024) "ပျံကျဈေးသည်မလေး"IMDb 8.7 ရထားတဲ့ တေလဂူး အချစ်ဟာသကားလေးဖြစ်ပါတယ် တေလဂူးရိုမန့်ဆိုတဲ့အတိုင်း အထည်ကြီး အထက်တန်းလွှာအချစ်ထက် လမ်းဘေးအချစ်ကိုသာ ဦးစားပေးထားတဲ့ ရုပ်ရှင်လေးပါဒီကားထဲက ဇာတ်လိုက်ကျော်ဟာဆိုရင် အဖေရဲ့ဇွတ်တိုက်တွန်းမှုကြောင့် အင်ဂျင်နီယာကျောင်းကိုတက်ခဲ့ရပြီး လစာဝင်ငွေကောင်းရလာတဲ့အချိန်မှာလည်း အဖေဖြစ်သူက မိန်းမအတင်းပေးစားချင်ပြန်ပါတယ်အိန္ဒိယသားရှင်တို့ထုံးစံအတိုင်း တင်တောင်းငွေ အပုံလိုက်လိုချင်တဲ့ အဖေအမေတို့ တိုက်တွန်းတဲ့ ကြင်ယာလောင်းတွေ တစ်ယောက်ပြီးတစ်ယောက် တွေ့ခဲ့ပေမယ့်လည်း သူလိုချင်တဲ့ အရည်အသွေးမျိုး ရှိမနေလို့ ကြံရခက်နေချိန်မှာစွာတေးလန်ဈေးသည်မလေး မဟာလက်ရှ်မီးနဲ့ ဆုံခဲ့ရတယ် မတူခြားနားလှတဲ့ ဘဝနှစ်ခုပေါင်းဆုံဖို့ စိန်ခေါ်မှုမျိုးစုံ တွေ့ကြုံရပုံကို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size… 2.63GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Market Mahalakshmi (2024)
2024
Ali Topan (2023)
အချစ်ဒရာမာ ဇာတ်ကားကောင်းကောင်းလေးတွေကြိုက်နှစ်သက်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Ali Topan ဖြစ်ပြီးIMDb Rating 5.5 ရရှိထားပါတယ်။လူငယ်အချစ်ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေးတစ်ကားဖြစ်ပြီးတော့ ယနေ့ခေတ်မှာအဖြစ်များတဲ့ မိဘကသားသမီးအပေါ်တင်းကြပ်မှုတွေပျော်ရွှင်မှုနဲ့ အချစ်ကိုလိုအပ်တဲ့လူငယ်တွေရဲ့ကြားကအကြောင်းအရာတွေတွေကို စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ပုံဖော်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။အာလီဆိုတဲ့ ကောင်လေးရဲ့ မိသားစုကစီးပွားရေးအဆင်ပြေတယ်ဆိုပေမဲ့ မိဘတွေအချင်းချင်းအဆင်မပြေမိဘတွေနဲ့ သူနဲ့လည်းအဆင်မပြေကြတဲ့အတွက် အာလီကသူ့သူငယ်ချင်းတွေရဲ့ တီးဝိုင်းနဲ့ပဲအချိန်ပြည့်ရှိနေသူ တစ်ယောက်ရှိပါတယ်။တစ်နေ့မှာတော့ သူတို့တီးဝိုင်းရှိရာကို ကောင်မလေးတစ်ယောက်ရောက်လာပြီး အာလီကလည်းမြင်မြင်ချင်းကြွေသွားပါတော့တယ်။လူငယ်ချင်းဆိုတော့ စကားတွေပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးက ဝန်ကြီးသမီးအန်နာဖြစ်ကြောင်းကို သိခဲ့ရပါတော့တယ်။အန်နာရဲ့ မိသားစုကသူ့အပေါ်အရမ်းတင်းကြပ်ပြီး လူကုံထံအသိုင်းအဝိုင်းမှာပဲမွန်းကြပ်စွာနဲ့ ရှင်သန်နေရတဲ့အတွက် အာလီနဲ့တွေ့ခဲ့ရတဲ့အချိန်တွေက သူအတွက် အရမ်းပျော်စရာကောင်းနေပါတော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်အာလီတို့လုပ်မဲ့ရှိုးပွဲမှာထပ်တွေ့ဖို့ အကြောင်းဖန်လာခဲ့ကြပြီး အဲ့ဒီညမှာပဲကြိုက်သွားကြပါတော့တယ်။အဲ့ဒီတစ်ညတာက သူတို့အတွက်ပျော်စရာကောင်းခဲ့ပေမဲ့ ပွဲလုပ်တဲ့ အာလီတို့နေရာမှာ ပြဿနာတွေအကြီးအကျယ်ထဖြစ်ပြီး လူတွေလည်းအများကြီးထိခိုက်ခဲ့ပါတယ်။အာလီလည်း အဲ့ဒီကိစ္စနဲ့စိတ်တွေညစ် အန်နာလည်းအိမ်ကြောင့်နဲ့ စိတ်တွေညစ်နေကြပြီး စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ငယ်ငယ်ကတည်းက အိမ်ကထွက်သွားခဲ့တဲ့အန်နာ့အစ်မဆီကို နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ အတူခရီးထွက်ခဲ့ကြပြီးနောက်မှာတော့ ကျန်နေခဲ့တဲ့အန်နာ့မိဘတွေကပြဿနာအကြီးအကျယ်ထရှာပြီး ဘယ်လိုအခက်အခဲတွေရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရမဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.60GB / 749MB Quality…WEB-DL 1080p 5.1CH ...
movie
Ali Topan (2023)
6
Walk The Line ( 2024 )
CM ချစ်ပရိသတ်တို့အတွက် ရင်းနှီးသလိုဖြစ်ပြီး မျက်နှာစိမ်းနေတဲ့ သရုပ်ဆောင်တွေနဲ့ပြည့်နေတဲ့ ဟာသနှော အက်ရှင်ကားလေး Walk in Line ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်..."မိုးနတ်မင်းကြီး ဘာလို့လူရိုးတွေပဲ အနိုင်ကျင့်ခံနေရတာလဲ" "ရိုးဖြောင့်တဲ့သူတွေအတွက် တရားမျှတမှု ဘယ်မှာလဲ" ဟုတ်ပါတယ်... ဒီဇာတ်လမ်းလေးရဲ့ အဓိက ဇာတ်လမ်းကျောရိုးက အဲ့စကားလေး ၂ ခွန်းပါပဲ...အမေအိုကြီးကိုလုပ်ကျွေးနိုင်ဖို့ မိတဆိုး သမီးလေးကို အချစ်တွေနဲ့ ဖြည့်ဆည်းနိုင်ဖို့ သူများတွေမလုပ်ချင်တဲ့ အန္တရာယ်များတဲ့ မိုင်းတွင်းမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ဝင်ခဲ့တဲ့ ရှောင်မန်ဆိုတဲ့ လူရိုးကြီးဟာ... တစ်ရက်မှာတော့ ပေါက်ကွဲမှုဖြစ်လို့ဆိုပြီး ထောင်ဒဏ် ၁၀ နှစ်ကျော် ကျပြီး ထောင်ကျခဲ့တယ်...သူထောင်ကထွက်လာတော့ ခေါက်ဆွဲဆိုင်လေးဖွင့်ပြီး သားအပြန်ကို စောင့်နေတဲ့ အမယ်အိုရယ်... အကြောင်းမဲ့ဘဝထဲက ပျောက်သွားလို့ အဖေဟာသေသူလို့ သတ်မှတ်ပြီး ဆိုးချင်တိုင်း ဆိုးနေတဲ့ သမီးလေးရယ်ပဲ သူ့ဘဝထဲ ကျန်ခဲ့တော့တယ်...နောက်တော့လည်း ရုတ်တရက်ကြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်တဲ့... ဒါပေမယ့်ကွယ် ဒီပေါက်ကွဲမှုကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက အကြီးအကဲလည်း လူတွေလေးစားယုံကြည်ခံခဲ့ရပြန်တယ်... ဒေသခံစခန်းမှူးကလည်း ဂုဏ်ထူးဆောင်အနေနဲ့ ရာထူးတွေတိုးကုန်ပြန်တယ်... နောက်ပြီး ဒေဝါလီခံပြီး မွဲမယ်ထင်တဲ့ မိုင်းပိုင်ရှင်သူဌေးကလည်း တစ်မြို့လုံးမှာ မြေဧကအများဆုံးပိုင်တဲ့ မြေပိုင်ရှင်သူဌေးလေး ဖြစ်သွားခဲ့တယ်...ဒီအထိက ရိုးရှင်းတယ် ထင်နေသေးရင်တော့ မိတ်ဆွေ ...
movie
Walk The Line ( 2024 )
7.2
Just Pass (2024)
Just Pass 2024 နောက်ဆုံးတန်းသားတို့ပျော်စံရာကျွန်တော်တို့ တက္ကသိုလ်ဝင်တန်းမှာဆို အိမ်ကလည်း အမှတ်ကောင်းအောင်ဖိအားပေးသလို ကိုယ်တိုင်လည်း ရည်မှန်းချက်အလိုက် အနည်းနဲ့အများ အားထုတ်ရတာချည်းပါပဲ။ အဓိကကတော့ ကိုယ်တက်ချင်တဲ့ကျောင်းရဲ့ အမှတ်တောင်းဆိုမှုတွေကြောင့်ပေါ့။ဒီတစ်ခါရုပ်ရှင်လေးကတော့ ကျောင်းမှာဆို နောက်ဆုံးတန်းက အမှတ်ထွက်ရင်လည်း အောင်ရုံလေးဆိုတဲ့ Just Pass ကပ်အောင်ကျောင်းသားလေးတွေရဲ့ဘဝကို ရိုက်ကူးပြထားတာပါ။အမျိုးသားဆုရှင်ကြီးဖြစ်ပြီး လေးစားခံရသူတစ်ယောက်ဖြစ်တဲ့ ဒါလာဗာယီတစ်ယောက် သူပင်စင်ယူပြီးချိန်မှာ ကောလိပ်တစ်ခုဖွင့်ဖို့လုပ်ပါတယ် ။ ဒါကတော့ ကျန်တဲ့တက္ကသိုလ်တွေမှာဆို အနှိမ်ခံရ နေရာမရရှာတဲ့ ကပ်အောင်သီးသန့် ကောလိပ်ကြီး တစ်နည်းပြောရရင်တော့ နောက်ဆုံးတန်းကကောင်လေးတို့ရဲ့နိဗ္ဗာန်ကြီးပေါ့။အတန်းထဲမှာ ဗရုတ်အကျဆုံး ပေါက်ကရအလုပ်နိုင်ဆုံး အကဲဆုံး ဇော်ကျောင်းသားတွေချည်းဆုထားတဲ့ ဒီကောလိပ်ကြီးမှာ ဘယ်လိုဗရုတ်သုတ်ခတွေဖြစ်လာမလဲ။ ကပ်အောင်တွေဆိုတာ ဘာမှမဖြစ်ထွန်းဘူးဆိုတဲ့ လူတွေရဲ့အမြင်ကို ပြောင်းလဲပေးချင်တဲ့ ကျောင်းအုပ်ကြီးရဲ့ဆန္ဒကရော ဖြစ်မြောက်ပါ့မလား ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunni ~ Thura ~ KKKZ တို့ပဲဖြစ်ပါတယ်။) File size… 2.58GB / 1.21GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle ...
movie
Just Pass (2024)
2024
7.3
The Man from U.N.C.L.E. (2015)
The Man From U.N.C.L.E (2015)IMDb Rating (7.3) / Rotten Tomatoes (68%)Superman ကိုယ်တော်ကြီး Henry Cavill ရဲ့ ဒီရုပ်ရှင်ကားက အက်ရှင်စပိုင်ရုပ်ရှင်ကားထဲမှာ Rating မြင့်ပြီး ကြည့်ကောင်းတဲ့အထဲပါပါတယ်။ဒါရိုက်တာ Guy Ritchie ရဲ့လက်ရာဖြစ်ပြီး သူ့စတိုင်အတိုင်း ဉရောပရဲ့ Gentleman အထာဝင့်ကြွားမှုအပြည့်နဲ့ ခမ်းခမ်းနားနားလှလှပပရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့....စစ်အေးခေတ် Cold War ကာလကိုအခြေခံထားတာမလို့ အမေရိကန်ရဲ့ CIA အေးဂျင့်ရယ်...ရုရှားရဲ့ KGB အေးဂျင့်ရယ် နာဇီဂျာမဏီအကြောင်းတို့ကို မြင်တွေ့ရမှာဖြစ်ပြီးတစ်နိုင်ငံနဲ့တစ်နိုင်ငံအပြိုင်အဆိုင် နျူကလီးယားလက်နက်တပ်ဆင်ကြတဲ့ကာလမလို့ နာဇီဂျာမဏီတို့လက်ထဲမှာ ဒီကမ္ဘာဖျက်လက်နက်ကြီး မကျရောက်ဖို့ ကြိုးစားကြပုံတွေကိုအသည်းတယားယားစွန့်စားခန်းတွေကြားမှာ လှလှပပ စမတ်ကျကျမင်းသားမင်းသမီးတွေနဲ့ ဟာသလေးတွေနဲ့ ချစ်ကြည်နူးစရာလေးတွေနဲ့ပါ ရှုစားကြရမှာပါ။ File size…(6.1 GB)/(1.8 GB )/(1 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka ...
movie
The Man from U.N.C.L.E. (2015)
4K HEVC
8.1
Mary and Max (2009)
ဒီကားလေးကတော့ 2009 တုန်းကထွက်ခဲ့တဲ့Stop motion ကားကောင်းလေးတစ်ခုပါ။တခြား Stop motion ကားတွေလို ဒိတ်ဒိတ်ကြဲနာမည်မကြီးပေမယ့် တော်တော်လေးကောင်းတဲ့ကားတစ်ကားပါပဲ။ Animation တွေကိုကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ လက်လွတ်မခံသင့်တဲ့ ကားလေးပါပဲ။ဒီကားကတော့ နာမည်အတိုင်းပဲ မယ်ရီ နဲ့ မက်စ် ဆိုတဲ့ ဇာတ်ကောင်နှစ်ဦးကိုအခြေခံထားတာပါ။ မယ်ရီဆိုတာကတော့ ဩစတြေးလျက ရှစ်နှစ်သမီးကောင်မလေးဖြစ်ပြီး မက်စ်ကတော့ အမေရိကက အသက်လေးဆယ့်လေးနှစ်ရှိပြီဖြစ်တဲ့ အဝလွန်နေသူပါ။တစ်နေ့မှာ မယ်ရီဟာ အမေရိက က ကလေးတွေ ဘယ်ကနေလာကြလဲဆိုတာသိချင်တာနဲ့အမေရိကကလူတစ်ယောက်ကိုမေးမယ်ဆိုပြီးမက်စ်ကိုရွေးချယ်လိုက်ပါတယ်။ အဲဒီလိုကနေမယ်ရီနဲ့ မက်စ်တို့ဟာ စာတွေအပြန်အလှန်ရေးပို့ဖြစ်ကြပါတော့တယ်။အိမ်မှာလည်းအချစ်မခံရ ကျောင်းမှာလည်း အနိုင်ကျင့်ခံရတဲ့ မယ်ရီနဲ့ စိတ်ဓာတ်ကျနေတဲ့မက်စ်တို့ တစ်ယောက်ကိုတစ်ယောက်အချင်းချင်း ဘယ်လိုကူညီပေးသွားကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ။ File size…(1.4 GB)/(720 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:32:00 Genre... Animation, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie
Mary and Max (2009)
7.6
After Hours (1985)
ဘဝကိုသာမန်ဖြတ်သန်းနေတဲ့ ပေါလ်ဟတ်ကတ်ဟာ ကော်ဖီဆိုင်မှာဆုံခဲ့တဲ့ မာစီဆိုတဲ့အမျိုးသမီးကြောင့် စိတ်လှုပ်ရှားစရာအကောင်းဆုံး၊ အဆိုးရွားဆုံးညတစ်ညကို ဖြတ်သန်းလာရဖို့ ဖြစ်လာပါတယ်။ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ကံဆိုးမှုတွေ ထပ်ခါထပ်ခါကြုံနေရတဲ့ ပေါလ်ဟတ်ကတ် ဘယ်လိုလွတ်မြောက်မလဲဆိုတာကို အသည်းတယားယားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.7 GB)/(800 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie
After Hours (1985)
5.2
Acne (2008)
Acne 2008ဒီဇာတ်လမ်းလေးကတော့ Rafael Bregman လို့ခေါ်တဲ့ လူပျိုဖော်ဝင်စ ကောင်လေးအပေါ်အခြေခံထားတာ ဖြစ်ပါတယ်။ Rafael ဟာ သူ့ရဲ့ လူငယ်ဘဝမှာစိတ်မလုံခြုံစရာတွေပြောင်းလဲမှုတွေ နဲ့အခက်အခဲတွေ ကြုံရပါတော့တယ်။ ဇာတ်လမ်းနာမည်အတိုင်း ဝက်ခြံကတော့အဆိုးဆုံးပေါ့။လူပျိုဖော်ဝင်ကာစ ကောင်လေးဆိုတဲ့အတိုင်း Rafael ဟာ ပထမဆုံးအနမ်းရဖို့မဆုတ်မနစ်ကြိုးစားပါတော့တယ်။Rafael ရဲ့ လူတောတိုးနိုင်အောင်ကြိုးစားတာတွေမိဘတွေရဲ့ အဆင်မပြေမှုတွေကြား နေရတာတွေ ဆန့်ကျင်ဖက်လိင်ကို မတရားစိတ်ဝင်စားတာတွေစတဲ့ လူပျိုဖော်ဝင်ချိန်ဖြစ်နေကျ အကြောင်းတွေကို ဟာသလေးနှောပြီးတော့တင်ဆက်ထားတာ ဖြစ်လို့ တော်တော်လေး ကြည့်လို့ကောင်းမယ့်ဇာတ်လမ်းလေး ဖြစ်ပါတယ်ခင်ဗျာ။ရှုစားကြပါ။ File size… 1.4 GB / 670 MB Quality… WEBRip 1080p / 720p Format… mp4 Duration…. 1h 27m Genre ..... Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Moe Zac
movie
Acne (2008)
6.8
The Nightingale of Bursa (2023)
ဒီရုပ်ရှင်လေးက ၁၉၈၆ ခုနှစ် မူဒန်ညာ ကမ်းခြေမြို့လေးတစ်မြို့မှာ ဇာတ်အိမ်တည်ထားတဲ့ တူရကီ စကားပြော Musical Drama ရုပ်ရှင်ကားလေးပါ။ အချစ်၊ အလွမ်း၊ ဟာသ၊ ဂီတ ရသအမျိုးမျိုးပေးနိုင်တဲ့ ရုပ်ရှင်ကားမျိုး ဖြစ်ပြီး ကဗျာဆန်တဲ့ အချစ်ဇာတ်လမ်းကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့ ဒီရုပ်ရှင်က အချိန်ပေးရတာတန်တဲ့ ရုပ်ရှင်လေးပါကန်ဂျစ်ဆယ်ဇန်ဟာ တစ်နေ့မှာ သီချင်းအခွေထုတ်မယ်ဆိုတဲ့ အိပ်မက်တွေ ထွေးပိုက်ထားတဲ့ ဂီတပညာရှင် တစ်ယောက်ပါ။ တစ်ရက်မှာတော့ ကံအကြောင်းတိုက်ဆိုင်စွာနဲ့ ကနွန်းတူရိယာ တီးတဲ့ သူငယ်ချင်း တက်စ်ကင်နဲ့ သူ့ ညီမ အာဇူ တို့နဲ့ ဆုံတွေ့ခဲ့ပြီး သုံးယောက်အတူ တီးတိုင်းတစ်ဖွဲ့ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဂီတကို ဝါသနာ အသီးသီးရှိကြတဲ့ ဒီလူသုံးယောက်ဟာ အခက်အခဲတွေကျော်ဖြတ်ပြီး ခွေထုတ်ဖို့ကြိုးစားကြပုံတွေ အလွဲတွေကနေ ရယ်စရာမောစရာ အဖြစ် ပြောင်းလဲရပုံတွေ ကန်ဂျစ်နဲ့ အာဇူတို့ရဲ့ ဆက်ဆံရေးအခြေအနေ စတာတွေကို ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးခင်ဗျာT ...
movie
The Nightingale of Bursa (2023)
6.1
Katak: The Brave Beluga (2023)
ခတဒ်ဆိုတဲ့ဝေလငါးလေးဟာ အဘွားပြောပြတဲ့ဘယ်သူမှမယုံကြည်တဲ့အဘိုးရဲ့ပုံပြင်တွေကို ယုံကြည်သဘောကျတဲ့သူပေါ့။ အဘွားရဲ့နောက်ဆုံးအချိန်လေးမှာ သူ့အဘိုးနဲ့ပြန်ဆုံစည်းစေချင်တဲ့ဆန္ဒရှိလို့ မြစ်ထဲနေရာကနေ အဘိုးရှိရာသမုဒ္ဒရာဘက်ကိုခရီးဆက်ခဲ့တယ်။အခြားဝေလငါးတွေနဲ့မတူပဲ ဖွံဖြိုးဖို့နောက်ကျနေတဲ့ခတဒ် မြစ်ထဲမှာပဲ နေဖူးတဲ့ ခတဒ် သမုဒ္ဒရာထဲမှာဘယ်လိုခရီးဆက်မလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲ အဘိုးကိုရောတွေ့ခွင့်ရသွားလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှူနိုင်ပါတယ်။ဒီကားလေးကြည့်ပြီး စိတ်ခွန်အားတွေရရှိမယ်လို့မျှော်လင့်ပါတယ်။ File size…(1.2 GB)/(620 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:22:00 Genre... Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali
movie
Katak: The Brave Beluga (2023)
8.3
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964)
ဒီကားလေးကတော့ ၁၉၆၄တုန်းကထွက်ခဲ့တဲ့ War/Comedy အဖြူအမည်းအမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ Ratingတွေကိုကြည့်လိုက်ရင် old but goldထဲကတစ်ကားဖြစ်မှန်းသိမှာပါ။ Oscarဆုလေးဆုအတွက်လည်း ဆန်ခါတင်၀င်ခဲ့ပါသေးတယ်။ စစ်အေးခေတ် အမေရိကန်လေတပ်က ရုရှားပိုင်နက်အနီးမှာ နျုဗုံးသယ်လေယာဉ်တွေကို အချိန်ပြည့်ဖြန့်ကျက်ထားခဲ့တဲ့အချိန်ကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လေတပ်ဗိုလ်မှူးတစ်ယောက်အရူးထပြီး လေယာဉ်တွေကို ရုရှားပိုင်နက်ထဲပစ်မှတ်တွေကို နျူဗုံးကျဲခိုင်းတာကနေစပြီး အဲဒီကနေမီးခိုးကြွက်လျှောက်သလိုပြဿနာတက်ပြီး အမေရိကန်သမ္မတ ရုရှား၀န်ကြီးချုပ်ပါမနေရဘဲ ပြဿနာဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။(ဇာတ်လမ်းအရသာပျက်မှာစိုးလို့ reviewအရှည်ကြီးမရေးတော့ပါဘူး အားလုံးပဲကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ။) File size…(1.8 GB)/(950 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre... Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964)
6.7
Waiting… (2005)
Waiting (2005)နေ့စဉ်ဘဝရဲ့ ပုံမှန်ဆန်တဲ့တစ်နေ့တာကို ငြီးငွေ့နေတဲ့သူတွေရှိရင် ဒီကားလေးကအံကိုက်ဖြစ်မှာပါ။၂၀၀၅ ခုနှစ်က ထွက်ရှိထားပြီး Deadpool မင်းသား Ryan Reynolds ရဲ့ masterpiece တွေထဲကတစ်ခုလို့လည်း ပြောလို့ရတဲ့ကားလေးပဲ ဖြစ်ပါတယ်။IMDb 6.7/10 ရရှိထားတဲ့ ဟာသကားလေးလည်း ဖြစ်ပါတယ်။Diner တစ်ခုက စားပွဲထိုးကောင်လေးနှစ်ယောက်ကို အသားပေးရိုက်ကူးထားတာဖြစ်ပြီး။သူတို့ရဲ့ ငြီးငွေ့စရာတစ်နေ့တာကို ပျော်စရာကောင်းအောင် ထွက်ပေါက်ရှာကြတာကိုရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမှာပါ။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM မှ Aditi ပဲဖြစ်ပါတယ်။ File size… 1.8 GB / 900 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ..... Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Aditi
movie
Waiting… (2005)
5.0
The Infallibles (2024)
Fast and Furious ထဲကလို လမ်းမပေါ်မှာ ကျည်ကာကားတွေကိုဖြတ်တိုက်ပြီး လုယက်တာတွေကိုသဘောကျတယ် မှုခင်းစုံထောက်ဇာတ်ကားတွေကိုလည်း သဘောကျတယ် ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့ကောင်းတာမျိုးတွေကိုမှ သဘောကျတယ်ဆိုရင်အခုတင်ဆက်ပေးမဲ့ Les Infaillible ဆိုတဲ့ပြင်သစ်ရုပ်ရှင်ကားလေးကိုရွေးချယ်ကြည့်ရှုသင့်ပါတယ်။ရုပ်ရှင်အမျိုးအစားမှာဟာသလို့ရေးထားပေမဲ့အက်ရှင်တွေ မှုခင်းတွေကိုပါအချိုးကျကျတင်ဆက်ရိုက်ကူးထားတာကိုတွေ့ရမှာပါ။ပဲရစ်မှာ ဓားပြတစ်သိုက်ကအထက်မှာပြောခဲ့သလို တန်ဖိုးကြီးပစ္စည်းတွေ သယ်ပို့တဲ့ကျည်ကာထရပ်ကားတွေကိုမကြာခဏဆိုသလိုလိုက်လုယက်နေပြီး ထင်တိုင်းကြဲသောင်းကျန်းနေကြပါတော့တယ်။ပဲရစ်မြို့ကကရဲတွေစုံထောက်တွေကလည်းသူတို့ကိုဖမ်းမိနိုင်လောက်တဲ့အထိ မစွမ်းဆောင်နိုင်တဲ့အတွက်သူတို့အတွက်ကတော့ ထမင်းစားရေသောက်သလိုကိုလွယ်ကူနေပါတော့တယ်။အဲ့လိုပြဿနာတွေကို ဖြေရှင်းဖို့အတွက်ပဲရစ်မြို့ရဲ့ အုပ်ချုပ်ရေးမှူးကမာဆေးလ်မြို့မှာ နာမည်ကြီးရဲမေတစ်ယောက်ဖြစ်တဲ့ အလီယာနဲ့ပဲရစ်ရဲတပ်ဖွဲ့ကbတူတော်မောင်ဟျူဂိုတို့ကို တာဝန်ပေးဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။အလီယာကတစ်ခုခုဆိုရင် စိတ်မြန်လက်မြန် ဘောင်တွေစည်းတွေစဉ်းစားမနေပဲ လက်ရဲဇက်ရဲ လုပ်တတ်သူတစ်ယောက်ဖြစ်ပြီး ဟျူဂိုကအမှုတွေကို ဖြေရှင်းရာမှာ တော်ပေမဲ့ ခပ်ရိုးရိုးအေးအေးကြီးဖြစ်ပါတယ်။ဒီလိုဆန့်ကျင်ဖက် ဖြစ်နေတဲ့လူနှစ်ယောက်သွားတွေ့တဲ့အခါမှာတော့ စစချင်းမှာကြောင်နဲ့ကြွက်လို ခဏခဏကိုက်နေကြပေမဲ့အဲ့ဒီဓားပြမှုကို အတူတူဖြေရှင်းရင်းနဲ့မှ ပိုပိုရင်းနှီးလာကြပြီးနှစ်ယောက်သား တက်ညီလက်ညီနဲ့ သောင်းကျန်းနေကြတဲ့ဓားပြတွေကိုဖမ်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.82GB / 878MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie
The Infallibles (2024)
6.5
Sharmajee Ki Beti (2024)
Sharmajee Ki Beti (2024) "ရှာမာဟူသော အမျိုးသမီးများ"IMDb 6.5 ရထားတဲ့ ဟင်ဒီ ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ တင်ဆက်လို့မကုန်နိုင်တဲ့ အမျိုးသမီးတို့ ဗဟိုပြု female empowerment ရုပ်ရှင်လေးပါဒီရုပ်ရှင်လေးမှာ မတူတဲ့အရွယ်သုံးပါးက ရှာမာ အမည်ရှိအမျိုးသမီး ၅ ယောက်ရဲ့ ဘဝ၊ အိပ်မက်နဲ့ အခက်အခဲတို့ကို ဟာသလေးနှောပြီး တင်ဆက်ထားပါတယ် ယောကျာ်းက ချမ်းသာပေမယ့် ဂရုစိုက်မခံရတဲ့ အိမ်ရှင်မ အမျိုးသမီး ကီရန်ရှာမာ၊ တစ်ဖက်မှာကျ ဆရာမအလုပ်နဲ့ လုံးပမ်းနေရလို့ သမီးလေးကို အချိန်မပေးနိုင်တဲ့ ဂျိုတီရှာမာ စီနီယာအမကြီးတွေရဲ့ ရင်သားဖွံ့ထွားမှု၊ ကောင်လေးတွေ အာရုံစိုက်ခံရတာတွေကို အားကျလို့ မိမိကိုယ်ကို အားမလိုအားမရဖြစ်နေကြတဲ့ ၁၄ နှစ်အရွယ်ကျောင်းသူလေးနှစ်ယောက် ငယ်ရွယ်နုပျိုပြီး ထက်မြက်တဲ့အပြင် သည်းသည်းလှုပ်ဂရုစိုက်တတ်တဲ့ ချစ်သူကောင်လေးကို ပိုင်ဆိုင်ထားတဲ့ ခရစ်ကတ်မယ်လေး တန်ဗီတို့ရဲ့ …အလှနဲ့ ဘဝ၊ အခက်အခဲ အကျပ်အတည်းတို့ကို ပေါ့ပါးပါးပါးကြည့်ရမယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်ခင်ဗျာအညွှန်းနဲ့ ဘာသာပြန်ကတော့ Cyrah ~ ToMo ~ Alex ~ KKKZ တို့ ...
movie
Sharmajee Ki Beti (2024)
2024
7.0
If Only (2004)
If Only (2004) IMDb: 7.0/10 Genre: Comedy / Drama / Fantasyတစ်ခါတစ်လေမှာ လူတွေက ဘဝအတွက် ကြိုးစားရုန်းကန်ရင်းနဲ့ အနားမှာရှိတဲ့ကိုယ်ချစ်ရတဲ့သူတွေကို နားလည်ပေးဖို့ အချိန်ပေးဖို့ တန်ဖိုးထားဖို့တွေကို မေ့လျော့နေတတ်ကြပါတယ်။ ဒီကားလေးကတော့ ကိုယ်ချစ်ရတဲ့သူတွေကို တန်ဖိုးထားသင့်ကြောင်းကို သင်ခန်းစာပေးထားတဲ့ဇာတ်ကားလေးတစ်ခုလို့ပြောရရင် မမှားပါဘူး။Ian Wyndham က လန်ဒန်က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ချစ်သူ Samantha Andrewsက ဂီတပညာရှင်တစ်ဦးဖြစ်ပါတယ်။ Ian က Samantha နဲ့ ကတောက်ကဆဖြစ်ပြီး နှစ်ဦးသားပြတ်စဲတော့မလိုဖြစ်ပြီးတဲ့ နောက်မှာ Ian က သူ့ရဲ့ချစ်သူကို လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။ဒါပေမဲ့ ထူးဆန်းစွာနဲ့ နောက်နေ့မနက်ရောက်တဲ့အခါမှာ Samantha ကအသက်ပြန်ရှင်နေတာကိုတွေ့ရပြီး အဖြစ်အပျက်အားလုံးကလဲ မနေ့ကအတိုင်းနီးပါးဖြစ်နေတဲ့အခါမှာ....Ian တစ်ယောက် ချစ်သူရဲ့ ကံကြမ္မာကို ဘယ်လိုဘယ်ပုံတားဆီးဖို့ကြိုးစားမလဲဆိုတာကိုဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size… 3.3 GB / 1.1 GB Quality… BluRay 1080p ...
movie
If Only (2004)
7.0
They Call Me Jeeg (2015)
အီတာလီ စူပါဟီးရိုး ရုပ်ရှင်ပုံစံမျိုးဖြစ်ပြီး အန်ဇိုဆိုတဲ့သူက ရေဒီယိုသတ္တိကြွ ပစ္စည်းတွေနဲ့ထိမိပြီး စွမ်းအားရှင်ဖြစ်သွားပါတယ်.....အဲဒီအစွမ်းနဲ့ ခိုးဆိုးလုနှိုက်နေရာကနေ ကောင်မလေးတစ်ယောက်နဲ့ အမှတ်မထင်ကြုံမိပြီး သူရဲ့ စူပါဟီးရိုးဇာတ်လမ်းကိုစဖို့အကြောင်းဖန်လာတာကို ပေါ့ပေါ့ပါးပါးပဲ ရိုက်ပြထားပါတယ် File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:52:00 Genre... Action, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie
They Call Me Jeeg (2015)
5.6
Lucky Hearts (2023)
ဒီနေ့တော့ Lucky hearts ဆိုတဲ့ ပေါ့ပေါ့ပါးပါး Romance Comedy ကားလေးနဲ့မိတ်တက်ပေးပါရစေ စိတ်ပြေလက်ပျောက် ရယ်မောရစေမယ့်အချစ်ဟာသဇာတ်မြူးလေးပါပဲဇာတ်လမ်းအညွှန်းကတော့သဘာဝအလှကုန်တွေဖန်တီးတဲ့နေရာမှာ ပါရမီပါတဲ့ ရိုစီအန်း။ သူ့ကြောင့် အနီးနားကလူတွေကံကောင်းတတ်ကြလို့ lucky charmလေးလို့ခေါ်ကြပေမယ့် သူ့မှာတော့ အချစ်ရေးကျိန်စာသင့်နေသလို အလွဲလွဲအချော်ချော်ဖြစ်နေကျပါ။ Lucky clover ဆိုတဲ့သူ့ကိုယ်ပိုင် မိတ်ကပ်ကုမ္ပဏီလေး ဆက်လည်ပတ်ဖို့ ရင်းနှီးမြှုပ်နှံသူရှာရင်းနဲ့ ဆိုင်မွန် ဆိုတဲ့ လူချောလေးနဲ့ဆုံမိရာမှ ရိုစီအန်းရဲ့ အမြဲတမ်းဆိုးနေတတ်တဲ့ အချစ်ရေးကံတစ်ပတ်ပြန်လည်လာမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie
Lucky Hearts (2023)
First
14
15
16
17
18
Last
Previous
Next