Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Comedy
Summer Camp (2024)
ဒီဇာတ်လမ်လေးကတော့ သူငယ်ချင်းတွေကြားထဲကချစ်ခြင်းမေတ္တာတွေရယ် သူငယ်ချင်းတွေကြားဖြစ်လေ့ဖြစ်ထရှိတဲ့ ကတောက်ကဆလေးတွေကို ရိုက်ကူးဖော်ပြထားတာဖြစ်ပါတယ်ဇာတ်လမ်းအစမှာတော့ အဓိကဇာတ်ဆောင်တွေဖြစ်လာမဲ့ သူတွေဖြစ်တဲ့ ဂျင်နီရယ် မယ်ရီရယ်နဲ့ နိုရာဆိုတဲ့မိန်းကလေးတစ်ခုဟာ နွေရာသီကမ့်တစ်ခုရောက်ရှိလာကြပါတယ် ဒီလိုနဲ့ခင်မင်သွားကြပြီး တော်တော်ကိုရင်းနှီးပြီး တစ်ယယောက်နဲ့တစ်ယောက်အရေးပါတဲ့လူတွေလူ မိသားစုတွေလိုကိုရင်းနှီးသွားကြတာပါ တစ်နှစ်ပြီးတစ်နှစ်ကမ့်ကိုတူတူလာကြတယ် ကောလိပ်တက်ရင်ပါတူတူတစ်မြို့တည်းတက်ကြမယ်ဆိုပြီးကတိတွေပေးခဲ့ကြပါတယ်ဒီလိုနဲ့အချိန်တရွေ့ရွေ့ကုန်ဆုံးလာပြီးတဲ့အခါမှာတော့ သူတို့ရဲ့ကတိတွေကတကယ်ဖြစ်မလာခဲ့ပါဘူး။ ဂျင်နီက စာရေးဆရာမတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့သူငယ်ချင်းတွေနဲ့ပြန်တွေ့ရဖို့ကို ဘာမဆိုပြန်လုပ်မဲ့သူပါ။ ဒါပေမဲ့ မယ်ရီနဲ့ နိုရာတို့ကတော့ သူတို့ဘဝနဲ့သူ တော်တော်ကိုမအားပဲဖြစ်နေကြတာပါ။ မယ်ရီက နာစ့်မတစ်ယောက်ဖြစ်လာပြီး သူ့မိသားစုလေးနဲ့နေထိုင်နေပြီးတော့ နိုရာကသူ့ခင်ပွန်းဆုံးပြီးထဲက အလုပ်ကိုပဲဖိလုပ်ပြီး သူ့အချိန်တွေကိုအလုပ်မှာပဲကုန်ခံပါတယ်။တနေ့မှာတော့ ဂျင်နီက သူတို့အရင်လို့ ကမ့်ထွက်ကြမယ်လို့ စည်းရုံးလာပါတယ် ဒါပေမဲ့ သူ့သူငယ်ချင်းတွေက ဘဝပေးဒဏ်တွေနဲ့ မိသားစုပြဿနာတွေကြောင့်ပါ မတွေ့ဘဲနေခဲ့ကြပါတယ် ဒီလိုနဲ့တားမရတော့တဲ့ဂျင်နီဟာ သူ့သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းရဖို့ အစီစဉ်တစ်ခုကိုစဆွဲပါတော့တယ် အဲဒါကတော့ သူတို့ငယ်ငယ်တုန်းကလို ကမ့်လေးတစ်ခုလုပ်ပြီး ပြန်ဆုံကြမလို့ပါ ဒီလိုနဲ့သူငယ်ချင်းသုံးယောင်ပြန်ဆုံမိပြီး သူတို့ဝေးကွာနေကြတုန်းကကိစ္စတွေ အခုဖြစ်ပျက်နေတဲ့ဘဝအခြေနေတွေ အကုန်ကိုဆွေးနွေးကြရင်း ပြဿနာတွေကိုဖြေရှင်းကြပါတော့တယ် သူငယ်ချင်းတွေကြားအခက်မသင့် နားလည်မှုလွဲတာတွေကိုလည်းဘယ်လိုတွေဖြေရှင်းသွားကြမလဲဆိုတာ ဟာသနှောပြီး ကြည့်ရမဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1.7 ...
movie
Summer Camp (2024)
5.0
Inheritance (2024)
အနှစ်၃၀လောက် အဆက်အသွယ်မရှိခဲ့တဲ့ တစ်ကိုယ်တည်းသမားဘီလီယံနာ ဦးလေး ဖြစ်သူက ရုတ်တရတ်ကြီး သေဆုံးသွားပြီး ကျန်ခဲ့တဲ့ ဥစ္စာဓန အားလုံးကို တူ၊ တူမ တွေကို အမွေပေးခဲ့တဲ့ အခါ။လူထူးဆန်း ဖြစ်တဲ့ ဦးလေးက အမွေကို ရိုးရိုး မပေးဘဲ ရသစုံဂိမ်းရှိုးလို စီစဥ်ခဲ့တဲ့အခါ ဒီအမွေတွေကို နောက်ဆုံးမှာ ဘယ်သူရသွားမလဲ။ အေးခဲနေတဲ့ မြို့ထဲက ပဟေဠိတွေပြည့်နေတဲ့ အိမ်ကြီးထဲမှာ သူတို့ကို ဘယ်လိုအရာတွေက စောင့်ကြိုနေမလဲ။မူလပိုလန်စကားပြောရုပ်ရှင်ဖြစ်ပြီး production design ကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ အတွက် အမြင်အရ ဆန်းသစ်နေပါတယ်။ စိတ်ဝင်စားစရာ ဇာတ်ကြောင်းပြောပုံတွေ၊ ဟာသတွေ နဲ့ စကားလုံးတွေကို ကစားထားမှု က ဇာတ်လမ်းကို အဆုံးထိဆွဲခေါ်ပေးသွားမှာပါ။ Netflix ပေါ် ရောက်လာတဲ့ ပိုလန် ရုံတင်ကား တစ်ကားဖြစ်တဲ့ အတွက် အသစ်အဆန်းအနေနဲ့ ကြည့်ရှု ခံစားကြည့်ကြပါဦး ။ File size…(1.3 ...
movie
Inheritance (2024)
5.0
What! The Heist (2023)
ဒီဇာတ်လမ်းကတော့ လူလိမ်တွေစု အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး ထီဆု သန်းတစ်ရာကို လိမ်လည်ဖို့ကြိုးစားကြတဲ့ ဟာသကားပဲ ဖြစ်ပါတယ်။ ရောဂါသည်သမီးလေးအတွက် ခွဲစိတ်ဖို့ပိုက်ဆံလိုနေတဲ့ ဝါရင့်သရုပ်ဆောင် Chao Yan Fatt က သူ့ငယ်သူငယ်ချင်း ထောင်ကထွက်ပြေးလာတဲ့ Choi ဆီကနေ ဆက်သွယ်ခံခဲ့ရပြီး ထီဆုကြီးလိမ်ဖို့ လူလိမ်အဖွဲ့မှာ ပါဖို့အပြောခံခဲ့ရတယ်။ Yan Fatt က အစတော့ငြင်းပေမဲ့ သူ့သမီးလေးရဲ့ရောဂါက အခြေအနေပိုဆိုးလာတာကြောင့် လက်ခံလိုက်ပြီး အဲဒီလူလိမ်တွေအဖွဲ့ထဲပါခဲ့တယ်။ Yan Fatt အပါအဝင် အဖွဲ့ထဲမှာပါတဲ့ အဖွဲ့ဝင်ခြောက်ယောက်က သီးသန့်နယ်ပယ်တွေမှာ တစ်ယောက်စီကျွမ်းကျင်ကြပြီး ထီကုမ္ပဏီရဲ့ ထီပေါက်နံပါတ်ကိုလိမ်လည်ဖို့ ဘယ်လိုတွေအကွက်ဆင်ကြိုးစားကြမလဲဆိုတာကိုတော့ ဒီဟာသဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.7GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:44:00 Genre_Comedy, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ...
movie
What! The Heist (2023)
Good Bye, Lenin! (2003)
IMDb Rating – 7.7/10အဲလက်စ်ကာနာ (Daniel Bruhl) ရဲ့ ဖခင် ရောဘတ်က ၁၉၇၈ ခုနှစ်မှာ အနောက်ဂျာမဏီကို ထွက်ပြေးသွားပြီးနောက် မိခင် ခရစ်စတီယန်းကပဲ သားဖြစ်သူ အဲလက်စ်နဲ့ သမီးလုပ်သူ အာရီယန်းကို အရှေ့ဂျာမဏီဘက်မှာ တစ်ယောက်တည်း ပြုစုပျိုးထောင်လာရသူပါ။ ခရစ်စတီယန်းက လူမှုတိုးတက်ရေးလုပ်ငန်းစဉ်တွေအတွက် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ပေးသူဖြစ်ပြီး နိုင်ငံတော်ကောင်စီက ပေးအပ်တဲ့ ဆုတံဆိပ်တွေကိုတောင် ရရှိလာတဲ့အထိ ပြည်သူအကျိုးကို သယ်ပိုးနိုင်သူတစ်ဦးဖြစ်လာပါတယ်။အရှေ့ဂျာမဏီ နှစ် ၄၀ ပြည့်ပြီးနောက်တစ်နေ့မှာ လူတွေက ဘာလင်တံတိုင်းကြီးကို ဖြိုချဖို့အရေး သတင်းလွတ်လပ်ခွင့်ရရှိရေးတို့အတွက် ဆူပူအုံကြွလာတဲ့အထဲမှာ အဲလက်စ် တစ်ယောက်ကလည်းပါဝင်ခဲ့ပါတယ်။ အဲ့လိုအုံကြွတဲ့အတွက် သူ့ကို ရိုက်နှက်ဖမ်းဆီးသွားတာကို ခရစ်စတီယန်း တစ်ယောက် တွေ့သွားတဲ့အခါ မူးလဲသွားပြီး ဆေးရုံကို အချိန်မီမပို့နိုင်တဲ့အတွက် ကိုမာဝင်သွားပါတော့တယ်။ရှစ်လအကြာ သူမ သတိပြန်လည်လာတဲ့အခါမှာတော့ ဘာလင်တံတိုင်းကြီးလည်း မရှိတော့တဲ့အပြင် တိုးတက်မှုတွေ များစွာဖြစ်နေပြီဖြစ်ပေမယ့် ဆရာဝန်က သူမအနေနဲ့ ...
movie
Good Bye, Lenin! (2003)
First Daughter (2004)
ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Family, Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alex
movie
First Daughter (2004)
6.1
Pattaya Heat (2024)
Pattaya Heat ( 2024 )ဒီ Action, Thrillerအမျိုးအစား 2024ထွက် ထိုင်းရုပ်ရှင်အသစ်က မြင်နေကျ ထိုင်းရုပ်ရှင်တွေနဲ့ ကွဲတော့ကွဲတယ်။ ကားကတော့ ဂန်းကားပဲ။ မြေအောက်လောကနဲ့ မကောင်းတဲ့ရဲတွေနဲ့ ဒုစရိုက်လောကက ပြဿနာတွေအကြောင်းပေါ့။ Color Tone တွေ ဘာတွေတော့ပုံမှန်မြင်နေကျ ထိုင်းဂန်းကား အက်ရှင်ကားတွေလိုပဲပေမဲ့ သူ့တင်ဆက်ပုံရော ကာရိုက်တာတည်ဆောက်ပုံရောက ထိုင်းရုပ်ရှင်ထက်စာရင် ဟောင်ကောင်အငွေ့အသက်ပိုရတယ်။ ဇာတ်ကို ဇာတ်ကြောင်းပြောပြတဲ့ ရဲက ဒုစရိုက်လောကက အကြီးစားပြဿနာကြီးတစ်ခုဖြစ်လာပုံကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း အချိုးအကွေ့တွေနဲ့ ACTတွေခွဲပြီး ဇာတ်ကြောင်းပြောပြနေတဲ့ပုံနဲ့ တင်ဆက်ထားတာ။ မထင်ထားလောက်တာတွေကိုလည်း ဒီရုပ်ရှင်မှာပြပြီး အဲဒါတွေကိုသုံးပြီးပဲ ဇာတ်ကိုအရှိန်တင်သွားတာလည်း ကြောင်သလိုလို ဂေါ်သလိုလိုပဲ။ ဒါပေမဲ့ အဲဒီအချက်ကလွဲ တော်တော်ကြည့်ကောင်းတဲ့ ဂန်းကားပါပဲ။ဇာတ်ကတော့ ပတ္တရားတစ်မြို့လုံးကို သူ့လက်ထဲထည့်ထားတဲ့ လူဆိုးဂိုဏ်းက ဆရာကြီးတစ်ယောက်ရှိတယ်။ သူ့ကို အဲဒီဒေသက ရဲတွေကအစရှောင်ထားကြတယ်။ တစ်နေ့ သူက ဘန်ကောက်ကို သူ့လုပ်ငန်းကရတဲ့ငွေတွေပို့ပြီး ရွှေတွေနဲ့လဲပြီး ယူလာဖို့ ရဲတစ်ယောက်ကို ခိုင်းလိုက်တယ်။ အဲဒီရွှေတွေကို ဖြတ်လုဖို့ အကွက်ချတဲ့မာစတာမိုင်းက မိန်းမတစ်ယောက်။ သူက ဗေဒင်ဆရာလုပ်သလို လူဆိုးဂိုဏ်းမှာလည်းလုပ်တယ်။ သူက ...
movie
Pattaya Heat (2024)
2024
Intolerable Cruelty (2003)
IMDb rating - 6.3/10, RY -76% (Award - ဆန်ခါတင်သုံးဆု) ဒီကားလေးကတော့ ၂၀၀၃ခုနှစ်က ထွက်ရှိထားတဲ့ အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပါတယ်။ သရုပ်ဆောင်ဆိုရင်လည်း အခုထိလန်းဆန်းလတ်ဆတ်နေတုန်းဖြစ်တဲ့ Gorge Clooneyရဲ့ နုပျိုစဉ်ကချောမောခန့်ညားမှုကြီးကိုရှုစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိုင်းစ်မက်ဆီက နာမည်ကြီးကွာရှင်းရှေ့နေတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့အမှုသည် ရက်စ်ရက်စ်ရောသ့်ရဲ့ကွာရှင်းမှုမှာ အနိုင်ရအောင်လုပ်ပေးလိုက်တဲ့အတွက် တစ်ဖက်က သိုက်တူးသမားဇနီးသည်မယ်ရီလင်းက အငြိုးအတေးထားပြီး အကွက်ဆင်ပြီးတော့ မိုင်းစ်ကိုလက်စားချေဖို့ကြံပါတော့တယ်။ မိုင်းစ်တစ်ယောက် မာရီလင်းရဲ့လှည့်ကွက်ထဲကျရှုံးသွားမလား လွတ်မြောက်နိုင်သွားမလားဆိုတာကြည့်ရှုရမှာပါ။ ပေါ့ပါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်လို့ စိတ်လက်အပန်းဖြေချင်သူများအတွက် ရွေးချယ်သင့်တဲ့ကားလေးပါ။File size…(1.9 GB)/(918 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kyawt Hay Thar
movie
Intolerable Cruelty (2003)
Freaky Friday (2003)
ဒီတစ်ခါမှာတော့ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ မိသားစု ဟာသ ဇာတ်မြူးလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်တစ်အိမ်မှာ အလုပ်အရမ်းလုပ်တဲ့ အမေ တစ်ယောက်ရှိပါတယ်။ သူ့သမီး အန်နာက တော့ Rock ဆိုမှ Rock ဖြစ်နေပြီး သူဝါသနာပါတာကိုပဲ လုပ်နေသလို ကျောင်းမှာလဲ သိပ်တော့ အဆင်ပြေမနေပါဘူး။ယောက်ျားဆုံးသွားလို့ တစ်ခုလပ် အမေ ဖြစ်တဲ့ တက်စ် ကိုးလ်မန်းကလည်း သူ့ယောကျ်ားအသစ်လေးနဲ့ လက်ထပ်ဖို့အတွက်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေပါတယ်။ တစ်ရက် သူတို့ နှစ်ယောက် အိပ်ရာက နိုးလာတဲ့ မနက်ခင်းလေးမှာတော့ ထူးဆန်းစွာပဲ အမေနဲ့သမီး ဟာ စိတ်ချင်းလဲသွားပါတော့တယ်။ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာပဲ စိတ်ချင်းလဲသွားကြတဲ့အတွက် နှစ်ယောက်သား အကြပ်ရိုက်ပြီး ဖြေရှင်းကြပုံကို ဟာသနှောပြီး တင်ဆက်ထားတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးက အမေနဲ့ သမီးကြားက အသက်အရွယ်ကွာခြားမှုကြားမှာ ရှိတဲ့ စိန်ခေါ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို ရယူသွားပုံတွေနဲ့ မိဘနဲ့ ...
movie
Freaky Friday (2003)
5.4
A Family Affair (2023)
အသစ်ထွက် ခပ်မြူးမြူး အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်လူငယ်ပရိသတ်အကြိုက် မင်းသမီး Zoey King နဲ့ ဟောလိဝုဒ် milf တစ်ပါးဖြစ်တဲ့ Nicole Kidman တို့ အမေနဲ့သမီးအဖြစ် သရုပ်ဆောင်ထားတဲ့ ကားလေးပါခရစ်က နာမည်ကြီးရုပ်ရှင်မင်းသားဖြစ်ပြီး သူ့ရဲ့ PA ကတော့ ငယ်ရွယ်ဖျတ်လတ်တဲ့ ဇာရာပါ ခရစ်ခိုင်းသမျှကို သူ့အလိုကျ မငြီးမငြူလုပ်ပေးရပြီးစိတ်ကုန်လာတဲ့တစ်နေ့ ရန်ဖြစ်ပြီး အလုပ်ထွက်ဖို့ ဇာရာဆုံးဖြတ်လိုက်တဲ့အခါ …ဇာရာမရှိတုန်း သဘောမနောကောင်း စာရေးဆရာမဖြစ်တဲ့ ဇာရာ့အမေ တစ်ယောက်တည်း အိမ်မှာရှိနေချိန် တောင်းပန်ဖို့ ခရစ် ရောက်လာတဲ့အခါမှာတော့ … ဇာရာ့အမေနဲ့ ခရစ်တို့ ချစ်ဇာတ်လမ်းခင်းလိုက်ကြပြီး ဘယ်လိုအလွဲတွေ ဆက်ဖြစ်ဦးမလဲ ပရိသတ်ကြီး အားပေးကြပါဦး File size…(2.1 GB)/(1.1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:51:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan
movie
A Family Affair (2023)
7.0
Polyester (1981)
Polyester ကို ဒါရိုက်တာ ဂျွန်ဝေတာ ထုတ်လုပ်ခဲ့ပြီး ၁၉၈၁ မှာဖြန့်ချီခဲ့တဲ့ အမေရိကန်ဟာသကား ဖြစ်ပါတယ်လူတန်းစေ့နေနိုင်ပြီး ပိုက်ဆံရှာနိုင်တဲ့ယောက်ျား သားနဲ့ သမီး တယောက်စီ ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရှင်မတယောက် သူ့ယောက်ျားရဲ့ သူမသိသေးတဲ့ တခြား တဖက်ကို မြင်လိုက်ရတဲ့ အချိန်မှာတော့ သူတို့ မိသားစုကြီး ဘယ်လိုတွေ ဖြတ်ကျော်ရမယ် ရင်ဆိုင်ရမယ် နောက်ဆုံးအချိန်အထိ အခက်အခဲတွေ လူတွေရဲ့ လောဘစိတ်နဲ့ ယုတ်မာမှုတွေကို ဒီဇာတ်ကားထဲမှာ သရုပ်ဖော် ပြသသွားပါတယ် အမေရိကန် old movie တွေကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် အဲဒီခေတ်ကာလ အနေအထားကို ပါကြည့်ရူရမှာမို့ လက်မလွတ်သင့်တဲ့ဇာတ်ကားပါ File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:26:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie
Polyester (1981)
6.8
How to Marry a Millionaire (1953)
မယ်ရီလင် မွန်ရိုး ဆိုရင်တော့ မသိတဲ့သူရှိမယ်မထင်ပါဘူး။ 1953 တုန်းကထွက်ခဲ့တဲ့ ဒီအချစ်ဟာသ ကားထဲမှာဆိုရင် မယ်ရီလင်မွန်ရိုးက အဓိက မင်းသမီးသုံးလက်ထဲက တစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ ရှေးခေတ်ဟောလိဝုဒ် ရဲ့ ရိုက်ချက်တွေ ၁၉၅၀ ဝန်းကျင်က ဖက်ရှင် တွေနဲ့ အတူ ဇာတ်မြူးလေးတစ်ခုကိုကြည့်ရှုနိုင်မှာပါ။ပိုလာ၊ ရှော့ဇီ နဲ့ လိုကို ဆိုတဲ့ မိန်းကလေးသုံးယောက်ဟာ နယူးယောက်က သူဋ္ဌေးရပ်ကွက်မှာ တိုက်ခန်းတစ်ခန်းငှားပြီး လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်နိုင်ဖို့ ကြိုးစားကြတာနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဒီလိုနဲ့ပဲ အလွဲ အလွဲတွေဖြစ်ကြတာတွေ အချစ်နဲ့ ပိုက်ဆံကြား ဗျားများရတာတွေကို ကြည့်ရှုရမှာပါ။ ရှေးခေတ် ဟောလိဝုဒ်ကားတွေကို ကြိုက်လို့ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးရယ်ချင်တာပဲ ဖြစ်ဖြစ် ဆိုရင် ဒီကားလေးက ကြည့်လို့အဆင်ပြေမှာပါ။ File size…(1.6 GB)/(820 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie
How to Marry a Millionaire (1953)
5.2
The Price of Nonna’s Inheritance (2024)
ဒီတစ်ခါမှာတော့ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ မိသားစု ဟာသ ဇာတ်မြူးလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အိမ်တစ်အိမ်မှာ အလုပ်အရမ်းလုပ်တဲ့ အမေ တစ်ယောက်ရှိပါတယ်။ သူ့သမီး အန်နာက တော့ Rock ဆိုမှ Rock ဖြစ်နေပြီး သူဝါသနာပါတာကိုပဲ လုပ်နေသလို ကျောင်းမှာလဲ သိပ်တော့ အဆင်ပြေမနေပါဘူး။ ယောက်ျားဆုံးသွားလို့ တစ်ခုလပ် အမေ ဖြစ်တဲ့ တက်စ် ကိုးလ်မန်းကလည်း သူ့ယောကျ်ားအသစ်လေးနဲ့ လက်ထပ်ဖို့အတွက်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေပါတယ်။တစ်ရက် သူတို့ နှစ်ယောက် အိပ်ရာက နိုးလာတဲ့ မနက်ခင်းလေးမှာတော့ ထူးဆန်းစွာပဲ အမေနဲ့သမီး ဟာ စိတ်ချင်းလဲသွားပါတော့တယ်။ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာပဲ စိတ်ချင်းလဲသွားကြတဲ့အတွက် နှစ်ယောက်သား အကြပ်ရိုက်ပြီး ဖြေရှင်းကြပုံကို ဟာသနှောပြီး တင်ဆက်ထားတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ဒီဇာတ်ကားလေးက အမေနဲ့ သမီးကြားက အသက်အရွယ်ကွာခြားမှုကြားမှာ ရှိတဲ့ စိန်ခေါ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို ရယူသွားပုံတွေနဲ့ မိဘနဲ့ သားသမီးကြားက ...
movie
The Price of Nonna’s Inheritance (2024)
8.0
Underground (1995)
IMDb 8/10 ဒုတိယကမ္ဘာစစ် နာဇီတွေ ဥရောပမှာအင်မတန်တန်ခိုးထွားနေချိန်.... နာဇီဆန့်ကျင်ရေးအတိုက်အခံ ယူဂိုစလပ်ကွန်မြူနစ်တွေကို လက်နက်မှောင်ခိုထုတ်ပြီးရောင်းတဲ့ ''မာကို''နဲ့ ''ဘလက်ကီ''(ဆိုးဖော်ဆိုးဖက်သူငယ်ချင်းနှစ်ယောက်) ဘလက်ကီတစ်ယောက် နာဇီနှိပ်စက်ခံရပြီး မာကို့အိမ်အောက်က လက်နက်မှောင်ခိုထုတ်တဲ့ဧရာမမြေအောက်ခန်းကြီးထဲမှာ ဆေးကုရင်း တခြားရဲဘော်တွေနဲ့အတူ နေထိုင်ဖို့ဖြစ်လာရာကနေ မာကိုဟာ ဘလက်ကီတို့တစ်သိုက်ကို သွေးအေးအေးနဲ့အချိုသပ်ပြီး ရက်ရက်စက်စက် ကြိုးကိုင်ဖို့ကြိုးစားခဲ့ပါတော့တယ်.....ဒီရုပ်ရှင်ဟာ dark comedy,drama ဖြစ်ပြီး ဒုတိယကမ္ဘာစစ်၊ စစ်အေးခေတ်နောက်ခံနဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေကိုအခွင့်ကောင်းယူပြီိး ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့တဲ့ လူတန်းစားနဲ့ သူတို့ကြောင့်ဘဝပျက်သွားရတဲ့လူတန်းစားနှစ်ရပ်အကြောင်းကို dark comedy ဝေဝေဆာဆာနဲ့ ဇာတ်ကောင်တစ်ခုချင်းစီ ပီပီပြင်ပြင်ပုံဖော်ထားတာမို့ ကြည့်ရတာတန်မဲ့ ကားကောင်းတစ်ကားပါပဲ File size…(3.8 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:47:00 Genre... Comedy, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C An Dy
movie
Underground (1995)
Yumi’s Cells: The Movie (2024)
Yumi's Cells: The Movie (2024)******************************ဒီ Animation လေးကတော့ webtoon မှာ အောင်မြင်မှုအကြီးကြီးရပြီးအဲဒီကနေတဆင့် Drama, Musical တို့ထွက်ရှိထားပြီးအခု Animated movie version ပါ ထွက်ရှိလို့လာပါပြီ။Drama ထဲမှာတော့ Kim Go Eun၊ Ahn Bo Hyun နဲ့ JinYoungတို့ ပါဝင်ထားပြီးSeason 2ခု ထွက်ရှိခဲ့တဲ့ဇာတ်ကားကောင်းလေးမလို့ မကြည့်ရသေးရင်လည်းကြည့်ရှုဖို့ ညွှန်းချင်ပါတယ်နော်။Movie Version မှာလည်းပဲ ကုမ္ပဏီ ဝန်ထမ်းမလေး ယူမီရဲ့ ဦးနှောက်ထဲမှာရှိနေတဲ့ချစ်စရာကောင်းတဲ့ ဆဲလ်မျိုးစုံနဲ့အတူ ယူမီရဲ့ နေ့စဉ်ဘဝကို ခံစားကြည့်ရှူရဦးမှာဖြစ်ပါတယ်။စိတ်ခံစားချက်တွေကို မဖော်ပြတတ်တဲ့ ယူမီနဲ့ သူ့ဦးနှောက်ထဲက ဆဲလ်လေးတွေရဲ့လမ်းညွှန်လုပ်ဆောင်ချက် အဖုံဖုံကို ရသမျိုးစုံနဲ့ ကြည့်ရှူရဦးမှာပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Treasure Htet မှ ရေးသားထားပေးပါတယ်) File size…1.66GB / 720MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 30m Genre ….. ...
movie
Yumi’s Cells: The Movie (2024)
Ezra (2024)
မင်းသားကြီး Robert dinero , Bobby cannavale တို့ဦးဆောင်ထားတဲ့ ဒရမ်မာ ကားကောင်းလေးပါ .. ငယ်ငယ်က အော်တစ်ဇင်ရောဂါနဲ့ ကြီးပြင်းလာပြီး comedian ဖြစ်လာတဲ့ မက်စ်ဟာ သူ့သားလေး အက်ဇရာကို ရလာတဲ့အခါမှာလည်း မျိုးရိုးလိုက်ပြီး အော်တစ်ဇင်တစ်ယောက်ဖြစ်လာပါတယ် ..ကျောင်းမှာလည်း အက်ဇရာနဲ့တစ်ခြားကလေးတွေနဲ့မတည့်လို့ ကျောင်းပြောင်းရတာ ခဏခဏပါပဲ.. သာမန်လူ့လောကအသိုင်းအဝိုင်းမှာ သားကို၀င်ဆံ့စေချင်တဲ့ ဖခင်ဖြစ်သူ မက်စ်နဲ့ မိခင် ဂျန်နာနဲ့လည်း ကွာရှင်းလိုက်ကြပြီး ကလေးကို အုပ်ထိန်းခွင့်ကို ဂျန်နာကရသွားတာကြောင့် မက်စ် တစ်ယောက် အရူးမီးဝိုင်းဖြစ်နေသလိုပါပဲ ဒါပေမယ့် တစ်ဖက်မှာလည်း မက်စ်ဟာ အောင်မြင်တဲ့ comedian တစ်ယောက်ဖြစ်လာပြီး အမေရိကရဲ့ နာမည်ကြီး late night talkshowလုပ်တဲ့ ဂျင်မီကင်မယ်ကနေ သူ့ပွဲမှာ မက်စ်ကို ဖျော်ဖြေဖို့ကမ်းလှမ်းလာပါတယ်..သားရှိတဲ့ နယူးဂျာစီကနေ လော့အိန်ဂျလိစ်ကို ပြောင်းရွှေ့ရတော့မယ့် မက်စ်ဟာ ... တစ်ညမှာ အက်ဇရာကို ...
movie
Ezra (2024)
6.2
Bu Tejo Sowan Jakarta (2024)
ဒီတစ်ခါကတော့ အင်ဒိုနီးရှားဟာသကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့တယ်ဂျိုတို့မိသားစုမှာ မိခင်ဖြစ်သူကတော့ရွာထဲကအမျိုးသမီးခေါင်းဆောင်လို့ ဆိုရမလားပဲ။အိမ်ထောင်သည် အမျိုးသမီးတွေကို ဦးဆောင်ပြီးတစ်နှစ်တစ်ခါခရီးထွက်မယ့် အကြောင်းတိုင်ပင်နေကြတယ်။ဘယ်မြို့ကဘယ်လိုကောင်းကြာင်း တစ်ယောက်တစ်ပေါက်တိုင်ပင်နေတုန်းမှာ သားဖြစ်သူတက်ဒီကဂျာကာတာမြို့ကနေ ပြန်လာတယ်။အနေဝေးနေတဲ့ သားအိမ်ပြန်ရောက်တော့ တစ်မိသားစုလုံးပျော်ကြတာပေါ့။ ရောက်တဲ့နေ့မှာပဲ တက်ဒီကသူအိမ်ထောင်ပြုတော့မယ့်အကြောင်းပြောပြတယ်။ အဖေဖြစ်သူကသဘောတူပေမယ့် အမေဖြစ်သူကတော့ သူသားနဲ့လက်ထပ်မယ့်သူကလူမျိုးမတူတဲ့ တရုတ်လူမျိုးဖြစ်နေတော့ သူ့အပေါင်းအသင်းဘေးပတ်ဝန်းကျင်က ဝေဖန်မှာကိုမခံနိုင်လို့သဘောမတူဘူးဖြစ်နေတယ်။ မနက်ဈေးထွက်ဝယ်တော့ တက်ဒီကသူအမေနောက်ကိုမသိမသာလိုက်သွားပြီး သူ့အမေအပေါင်းအသင်းတွေကို သူစေ့စပ်တော့မယ်ဖြစ်ကြောင်း သူ့စေ့စပ်ပွဲကဂျာကာတာမြို့မှာလုပ်မယ့်အကြောင်း လိုက်မယ်ဆိုရင်လည်းစီစဉ်ပေးနိုင်ကြောင်း ပြောပြလိုက်တဲ့အခါမှာတော့.... File size…2.40GB / 1.07B Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Bu Tejo Sowan Jakarta (2024)
6
Kidnapping Granny K (2007)
Kidnapping Granny K (2007)ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ၂၀၀၇ တုန်းကထွက်ရှိထားတဲ့ Kidnapping Granny Kဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ် ဘဝကို ခက်ခဲစွာရုန်းကန်ဖြတ်သန်းနေရတဲ့ သူငယ်ချင်း ၃ ယောက်ဟာ ကံအကြောင်းမလှစွာနဲ့ ကြီးမားတဲ့ငွေကြေးပြဿနာနဲ့ရင်ဆိုင်နေကြရပါတယ် ဒါကြောင့် သူတို့ရဲ့ပြဿနာကို ဖြေရှင်းဖို့ သိပ်နာမည်ကြီးတဲ့ ထမင်းစွပ်ပြုတ်ဆိုင်က အဘွားကို ပြန်ပေးဆွဲဖို့လုပ်ကြပါတော့တယ် ပြန်ပေးဆွဲလာတဲ့သူတို့ကို အဘွားက နွေးထွေးကြင်နာပေးသလို သားသမီးတွေကို ခက်ခက်ခဲခဲပျိုးထောင်လာခဲ့တဲ့ အဘွားဟာလည်း သူ ပြန်ပေးဆွဲခံရတဲ့အချိန်မှာ သားသမီးတွေကို ဆက်သွယ်ပေမယ့် တစ်ဦးမှ သူ့အနားကိုရောက်မလာကြတဲ့အတွက် ပြန်ပေးဆွဲသူ သူငယ်ချင်းတစ်သိုက်ပါ လက်မှိုင်ချရတဲ့အထိ ဖြစ်လာပါတော့တယ် နုံအအ သူငယ်ချင်း ၃ ဦးမှာ ငွေလို၍သာ လုပ်ခဲ့ရသော်လည်း လူမိုက်များမဟုတ်သလို ကြင်နာတတ်သည့် ဓာတ်ခံရှိကြသည့်အခါ ပြန်ပေးဆွဲသမား ၃ ယောက် နဲ့ အဘွားတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာက ဆက်လက်စောင့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော် ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့တကယ်ကောင်းတဲ့ကားမို့ ကြည့်လို့ နောင်တရရမှာမဟုတ်ပါဘူးအညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin Shin, CharOu, Su Myat တို့ပဲ ...
movie
Kidnapping Granny K (2007)
Kings of Mulberry Street: Let Love Reign (2023)
King of Mulberry Street ကဒါရိုက်တာ Judy Naidoo ရဲ့လက်ရာဖြစ်ပြီး ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟာသ ဒရမ်မာ ရုပ်ရှင် အမျိုးအစားဖြစ်ပါတယ်အဘွားချက်တီ ကို ကောက်ကျစ်တဲ့ရဲမှုးဟောင်း က ပြန်ပေးဆွဲပြီး သူတို့ကို ဆွဲကြိုးခိုးခိုင်းတဲ့ အခါမှာတော့ သူငယ်ချင်းနှစ်ယောက် က ဘောလိဝုဒ်ရူးသွပ်သူတွေပီပီဘယ်လိုတွေဖြေရှင်းပြီး သူတို့အဘွားကို ကယ်ကြမလဲ အကအလှတွေ နဲ့ မိသားစုမေတ္တာကိုပါ လှလှပပ ဖော်ဆောင်ထားပါတယ် အားလက်ရက်မှာမိသားစုနဲ့ ကြည့်ဖို့ အတွက် ရွေးချယ်သင့်တဲ့ ဇာတ်ကား တကားဆိုလည်း မမှားပါဘူး File size…(2 GB)/(1.1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:49:00 Genre... Adventure, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie
Kings of Mulberry Street: Let Love Reign (2023)
7.2
Ayo Balikan (2024)
Ayo Balikan (2024)ဆဲလ်တန်လိုခေါ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးဟာ အရမ်းရိုတတ်လို့ တက္ကသိုလ်မှာ ကောင်မလေးတွေကြား ရေပန်းစားလျက်ရှိပါတယ်။ သူဟာ ကောင်မလေးတစ်ယောက်ကို သုံးရက်ထက် ပိုပြီးတော့ မတွဲတာတောင်မှ ကောင်မလေးအများစုက သူ့အချစ်ကို ရယူနိုင်ဖို ကြိုးစားနေကြတုန်းပါပဲ။ဒီလိုနဲ့ တစ်ရက်မှာတော့ ဆဲလ်တန်ဟာ သူ့ရဲ့နှလုံးသားကို နားလည်သွားပြီး သူ့ရင်ထဲမှာ တစ်ယောက်သောသူရှိနေတယ်ဆိုတာကို သိသွားပြီးတဲ့နောက်မှာတော့ ရည်းစားမပွေမရှုပ်တော့ဘဲ သူချစ်ရတဲ့ အယ်မာဆိုတဲ့ ကောင်မလေးကို ပြန်ပြီးတော့ လိုက်ဖိုကြိုးစားပါတော့တယ်။ အယ်မာဆိုတာကလည်း သူနဲ့တစ်ချိန်တခါက တွဲခဲ့ပြီးတော့ သူ့သမိုင်းမှာ ထူးထူးခြားခြား သုံးရက်မကတွဲခဲ့တဲ့ကောင်မလေးပေါ့။ဒီလိုနဲ့ ဆဲလ်တန်ဟာ အယ်မာရဲ့အချစ်ကိုပြန်ရဖို ဘယ်လိုတွေ ကြိုးစားသွားမလဲ ..... အယ်မာနဲ့ ဆဲလ်တန်တိုရဲ့ အချစ်ခရီးလမ်းကြားမှာ ဘယ်လိုအနှောင့်အယှက်တွေ ဝင်လာမလဲဆိုတာတွေကို ဟာသလေးတွေနှောပြီးတော့ ကြည့်ရှုရမယ့် အချစ်ဒရာမာဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p File size… 1.3GB | 663MB Format… mp4 Duration…. 1h 26min Subtitle…. ...
movie
Ayo Balikan (2024)
2024
6.7
Babes (2024)
သားသမီးဆိုတာ ရတနာပေမယ့် သားသမီးယူရတာကမိဘတွေအတွက်တော့ အရမ်းပင်ပန်းတဲ့အလုပ်တစ်ခုပါပဲ။အမေရိကန်ဟာသရုပ်ရှပ် Babes မှာတော့ ကလေးယူဖို့ဆုံးဖြတ်တဲ့အချိန်၊ ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်၊ လောကထဲရောက်လာတော့မယ့် ကလေးတစ်ယောက်အတွက် ပြင်ဆင်ရတဲ့အချိန်၊ ကလေးမွေးတဲ့အချိန်၊ ကလေးမွေးလာပြီးတဲ့အချိန်တွေမှာမိဘတွေရုန်းကန်ရတာတွေကို ဟာသနှောပြီးတင်ဆက်ပြသထားပါတယ်။လိင်ပညာပေးတင်မကဘဲ ကလေးမွေးပြီးတဲ့နောက် မိခင်မှာခံစားရတဲ့စိတ်အလိုမကျမှုတွေ၊ ပြောင်းလဲမှုတွေ၊ ဘယ်သူမှနားလည်မပေးနိုင်ဘဲ ငရဲရောက်နေသလိုခံစားရတဲ့ အခက်အခဲတွေကိုပါ မြင်တွေ့ရမှာပါ။ ကိုယ်တိုင်ကလေးမမွေးရပေမယ့်စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကလေးအမေကို နားလည်မှုအပြည့်ပေးထားရတဲ့အပြင် ကလေးတွေကိုလည်း ကြိုးစားကြည့်ရှု့စောက်ရှောက်ပေးရတဲ့ ဖခင်တွေရဲ့အခက်အခဲတွေကိုပါပေါ့ပေါ့ပါးပါးလေးထည့်သွင်းရိုက်ကူးပြသွားတာမြင်တွေ့ရပါတယ်။အခက်အခဲတွေကြားကပဲ မိသားစုရဲ့နွေးထွေးမှု၊ ပျော်ရွှင်မှုဆိုတာတွေကို အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ဒွန်းနဲ့အီဒင်က ဟာသနှောသရုပ်ဖော်ပေးထားပါတယ်။ကလေးယူဖို့ဆုံးဖြတ်ထားတဲ့စုံတွဲတွေအတွက်တော့မဖြစ်မနေကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုလို့ အကြံပေးချင်ပါတယ်။ File size…1.70GB / 735MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Babes (2024)
First
13
14
15
16
17
Last
Previous
Next