Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Comedy
6.3
Paris When It Sizzles (1964)
သမ္ဘာရင့်ဇာတ်ညွှန်းရေးဆရာကြီး ရစ်ချက်ဘန်ဆင်ဟာ ထုတ်လုပ်သူ အက်လဇန္ဒားမေယာအင်းဆီ ရုပ်ရှင်ဇာတ်လမ်းသစ်တစ်ခု ရောင်းချထားပါတယ်။ ပြဿနာက ဇာတ်ညွှန်းအပ်ဖို့ ရက်နီးလာတဲ့အထိ ဘာတစ်ခုမှ မရေးရသေးဘဲ ပဲရစ်မြို့မှာပဲ လတ်လျားလတ်လျားအချိန်ဖြုန်းနေခဲ့ပါတယ်။ကံကောင်းစွာနဲ့ ဘန်ဆင့်ဆီ ဂဘရီအယ်လ်ဆင့်ပ်စင်ဆိုတဲ့ စာရိုက်အကူရောက်လာတဲ့အချိန်မှာတော့ ဘန်ဆင့်ရဲ့အချစ်ဇာတ်လမ်းလေးက တဖြည်းဖြည်းချင်း ရုပ်လုံးကြွလာပါတော့တယ်။ ပဲရစ်မြို့ရဲ့ အလှ၊ ပြင်သစ်အမျိုးသားနေ့ ခမ်းနားပုံကို တစ်စွန်းတစမြင်တွေ့ရမယ့်အပြင် မင်းသားချောလေး William Holden နဲ့ အလှလေး Audrey Hepburn တို့ရဲ့ ထိထိမိမိသရုပ်ဆောင်ပုံတွေကြောင့် ဟာသရိုမန့်တစ်ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းလေးပါ။ File size…(2.5 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:50:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie
Paris When It Sizzles (1964)
6.7
Buffalo Soldiers (2001)
ဒီဇာတ်ကားကတော့ Joker ရုပ်ရှင်ရဲ့ Joker ကြီးအဖြစ်လူသိများကြတဲ့ ကျွန်တော်တို့ရဲ့ အော်စကာဆုရမင်းသားကြီးJoaquin Phoenix က အဓိကဇာတ်ကောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအနောက်ဂျာမဏီက အမေရိကန်စစ်စခန်းတစ်ခုကို ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ စခန်းအတွင်းမှာ အကျင့်ပျက်စစ်သားတွေနဲ့ မှောင်ခိုမှုတွေ၊ မူးယစ်ဆေးအရောင်းအဝယ်တွေနဲ့ပျက်စီးနေကြတယ်။ ဇာတ်လိုက်မင်းသား အက်ဝု က စခန်းတွင်းရှိသမျှပစ္စည်းအကုန် စခန်းမှူးမသိအောင်မှောင်ခိုထုတ်ရောင်းနေပြီးဘိန်းချက်ဆေးရောင်းကအစ အကုန်လုပ်တဲ့သူပါ။ တစ်နေ့မှာတော့စည်းကမ်းတင်းကြပ်တဲ့ အထက်အရာရှိတစ်ယောက် ရောက်လာတဲ့အခါမှာတော့ .....ဒီဇာတ်ကားမှာတော့ အက်ဝုတို့ ဘော်ဒါတစ်သိုက် စခန်းထဲမှာဘယ်လိုတွေမွှေကြမလဲ၊ ဘယ်လိုတွေသောင်းကြမ်းကြမလဲဆိုတာComedy အမျိုးအစားဇာတ်ကားဖြစ်တာနဲ့အညီ ခွက်ခွက်လှန်ရယ်ရင်းကြည့်ရှုကြရမှာပါ။ File size…1.61GB / 717MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie
Buffalo Soldiers (2001)
5.9
The Brothers Grimm (2005)
"The Brothers Grimm" ရုပ်ရှင်ကတော့သည် 2005 ခုနှစ်မှာ ဒါရိုက်တာ Terry Gilliam ရိုက်ကူးထားတဲ့စိတ်ကူးယဉ် စွန့်စားခန်းဇာတ်ကားဖြစ်ပါတယ်။ဒီကားထဲမှာ ဟောလိဝုဒ်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့Matt Damon၊ Heath Ledger နဲ့ Lena Headey တို့ကအဓိငပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဂျိတ်နဲ့ဝီလ် ဂရင်းမ်ညီနောင်ဟာ တနယ်ကနေတနယ်ခရီးသွားလာပြီး မြို့သူမြို့သားတွေကို ထူးခြားဆန်းကြယ်တဲ့မိစ္ဆာသတ္တဝါတွေရဲ့ရန်က ကာကွယ်ပေးတဲ့နည်းနဲ့လိမ်ညာလုပ်ကြံဖန်တီးပြီး ပိုက်ဆံရှာကြတာဖြစ်ပါတယ်။ဒါပေမဲ့ ဂရင်းမ်တို့ညီနောင်ဟာ အမှန်တကယ် သရဲခြောက်တဲ့တောအုပ်ထဲကိုရောက်တဲ့အခါမှာတော့ တကယ့်မှော်ဆန်တဲ့ကျိန်စာနဲ့ ကြုံတွေ့ရတဲ့အခါမှာ သူတို့ရဲ့ဘဝက မထင်မှတ်ထားတဲ့အလှည့်အပြောင်းတခုဘယ်လိုဖြစ်လာမှာလဲဆိုတာရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းတခုဖြစ်ပါတယ်။ File size…2.76GB / 1.53GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie
The Brothers Grimm (2005)
6.9
The Rose Tattoo (1955)
ဒီကားကတော့ 1955 တုန်းက ထွက်ခဲ့တဲ့ အဖြူအမည်းကားလေးပါ။ IMDB rating 6.9 (nice) ရထားပြီးတော့ ဆုတွေအတော်များများရထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။လင့်မျက်နှာ တစ်ကမ္ဘာဆိုတဲ့ ဆယ်ရာဖီနာ ဟာ ယောင်္ကျားဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက်မှာ နှစ်နဲ့ချီ ပူဆွေးပြီး အိမ်တွင်းအောင်းနေခဲ့ပါတယ်။ ဒီလိုနေလာရင်းကနေ အိမ်ကို အဝတ်ချုပ်ဖို့ လာအပ်တဲ့ မိန်းမနှစ်ယောက်နဲ့ စကားများရာက သူ့ ယောင်္ကျားဟာ သူ့အပေါ်ဖောက်ပြန်ခဲ့တယ်ဆိုတာကို သိလိုက်ရပါတယ်။ဒါကိုပဲ ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်ရင်း ချစ်ရသူကို ဆုံးရှုံးရတာရော သစ္စာဖောက်ခံရတာရောကို ဘယ်လိုဘယ်နည်းနဲ့ ကုစားမယ်ဆိုတာ ဒီဇာတ်ကားထဲမှာ ကြည့်ရမှာပါ။ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:57:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie
The Rose Tattoo (1955)
Blame the Game (2024)
Netflix ကနေ အသစ်ထွက်ထားတဲ့ ဟာသကားလေးပါ။ ဇာတ်လမ်းအကြောင်းနည်းနည်းပြောပြရမယ်ဆိုရင်တော့ ယန် နဲ့ ပီယာတို့က ပန်းခြံထဲမှာခွေးကျောင်းရင်း ဆုံမိကြပြီး ချစ်ကြိုက်သွားကြတဲ့စုံတွဲတစ်တွဲပေါ့။ ယန်က စက်ဘီးအရောင်းဆိုင်ဖွင့်ထားပြီး ပီယာကတော့ ဓာတ်ပုံစတူဒီယိုတစ်ခုဖွင့်ထားတဲ့ ဓာတ်ပုံဆရာမတစ်ယောက်ပါ။ ဒီလိုနဲ့ တစ်ရက်မှာ ပီယာက ယန်ကို သူမရဲ့သူငယ်ချင်းတွေနဲ့အတူ နှစ်တိုင်းလုပ်လေ့ရှိတဲ့အစီအစဉ်တစ်ခုဆီကို ခေါ်လာခဲ့ပါတယ်။ဒီအစီအစဉ်ကတော့ မိုနိုပိုလီတို့ ဘလက်ဂျက်တို့လို ကဒ်တွေနဲ့ကစားရတဲ့ကစားနည်းတွေကို သူငယ်ချင်းတစ်စု အတူကစားကြတာပါ။ ထူးခြားတာက ပီယာရဲ့သူငယ်ချင်းတွေက ဆွေကြီးမျိုးကြီး ပိုက်ဆံရှိအသိုင်းအဝိုင်းထဲကလူတွေပါ။ သာမန်အလယ်အလတ်တန်းစားထဲကဖြစ်တဲ့ ယန်တစ်ယောက် ပါတီလုပ်မယ့်နေရာကိုရောက်သွားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့အရာကြီးတစ်ခုထပ်ဖြစ်လာပါတယ်။ ဒါကတော့ ပီယာရဲ့ရည်းစားဟောင်းဖြစ်သူပါ ရောက်ချလာတာပါ။ဒီလိုနဲ့ ယန်တစ်ယောက် ပီယာရဲ့သူငယ်ချင်းတွေအကြားမှာရော ရည်းစားဟောင်းအရှေ့မှာပါ နေရထိုင်ရခက်ပေမဲ့ ဟန်မပျက်ဘဲ ဂိမ်းကစားပွဲညကို ပြီးဆုံးအောင်ကျော်ဖြတ်နိုင်ဖို့ကြိုးစားရင်းကနေပဲ တလွဲတချော်တွေစဖြစ်လာတော့ပါတယ်။ ဇာတ်အိမ်ပိုင်း ၊ သရုပ်ဆောင်ပိုင်းတွေက အဆိုးကြီးမဟုတ်ဘဲ လက်ခံလို့ရပြီး ဟာသလေးနှောပြီးရိုက်ကူးထားတာကြောင့် ပေါ့ပေါ့ပါးပါးအပန်းဖြေကြည့်ရှုမယ်ဆိုရင်တော့ သင့်တော်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(1.49 GB)/(788 MB) Quality….Webrip 1080p / ...
movie
Blame the Game (2024)
5.6
RV (2006)
2006 ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသားကြီး Robin Williams ရဲ့ RV ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းကတော့ မိသားစုအတွက်အလုပ်တွေပဲအားစိုက်လုပ်နေတဲ့ ဘော့ဘ်ဟာ သားသမီးတွေနဲ့ငယ်တုန်းကလို လက်ပွန်းတတီးမနေရတော့ဘဲ တဖြည်းဖြည်းဝေးကွာလာပါတယ်။ မိနိးမနဲ့လည်းအရင်လိုကြည်နူးမှုလေးတွေပြန်ယူရင်း ကျောင်းသွားတက်တော့မယ့် သားသမီးတွေနဲ့မခွဲရခင် ဟာဝိုင်အီကို အလည်အပတ်ခရီးသွားဖို့စီစဉ်ပါတယ်။ စီစဉ်ပြီးနောက်ရက်မှာပဲ အလုပ်ကအရေးကြီးအစည်းအဝေးတစ်ခုတက်ခိုင်းလို့ မိသားစုနဲ့ ခရီးထွက်ရင်း အလုပ်လည်းမပြုတ်အောင် ဘော့ဘ်တစ်ယောက်ကြံဖန်ရပါတော့တယ်။အပန်းဖြေထွက်ဖို့ RV ကားကြီးတစ်စီးငှါးလာပြီး လမ်းခရီးတစ်လျှောက် ဘယ်လိုအလွဲတွေကြုံရမလဲဆိုတာ မင်းသားကြီး Robin Williams ရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ ရယ်မော ပျော်ရွှင်လိုက်ကြပါဦး။ မိသားစုနဲ့ အလုပ်ကြား ဟန်ချက်ညီအောင် ကြိုးစားနေတဲ့ဖခင်တစ်ယောက်နေရာကိုမြင်နိုင်မှာဖြစ်သလို မိသားစုဝင်တွေကြားမေတ္တာကိုလည်းဖော်ကြူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size…(1.6 GB)/(1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:39:00 Genre... Adventure, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie
RV (2006)
6.3
It Boy (2013)
It Boy(2013) IMDb: 6.3/10 Rotten Tomatoes: 45% Genre: Comedy/RomanceIt Boy ဟာ ပြင်သစ်နောက်ခံစကားပြော ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ တော်တော်လေးလည်းသဘောကျဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရိုမန်တစ်အဆန်ဆုံး ဘာသာစကားတစ်ခုဖြစ်တဲ့ ပြင်သစ်နောက်ခံစကားပြောဖြစ်တာကြောင့် တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ပြုံးပြုံးကြီးဘာသာပြန်ရတဲ့ ကားဆိုရင်လည်းမမှားပါဘူး။ဇာတ်ညွှန်း အဲလစ်ဆိုတာက ရီဘဲလ် စာနယ်ဇင်းက အယ်ဒီတာတစ်ယောက်ဖြစ်ပါတယ်။ ဘရာဇီးမှာအလုပ်လုပ်ရင်း ပြင်သစ်ကိုလေယာဉ်နဲ့ပြန်လာခဲ့ပါတယ်။ ဘဲလ်သက်ဇာ ဆိုတာကတော့ ဗိသုကာအတန်းမှာသင်ကြားနေတဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပါတယ်။ ဘဲလ်သက်ဇာကလည်း ဘရာဇီးကနေ ပြင်သစ်ကိုပြန်လာတဲ့ လေယာဉ်ပေါ်မှာပါလာခဲ့ပါတယ်။ ဒါပေမယ့် အဲလစ်က ပထမတန်းမှာဖြစ်ပြီး ဘဲလ်သက်ဇာကတော့ ဒုတိယတန်းမှာဖြစ်ပါတယ်။ ကံချင်းအပ်ချင်တော့ ဘဲလ်သက်ဇာဟာ အဲလစ်ဘေးကိုရောက်လာခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ တစ်ညတာဖြတ်သန်းပြီး ခွဲခွာချိန်ကိုကြုံလာတဲ့အချိန်မှာ အဲလစ်ရဲ့ USB ဟာလေယာဉ်ပေါ်မှာကျန်ခဲ့ပါတယ်။ အဲဒါကို ဘဲလ်သက်ဇာက ကောက်ပြီးပေးဖို့ကြိုးစားခဲ့ပေမယ့် မမှီခဲ့ပါဘူး။ အသက် ၂၀ တောင်မပြည့်သေးတဲ့ ဘဲလ်သက်ဇာနဲ့အသက် ၄၀ ပြည့်ခါနီး အလုပ်ကလွဲဘာကိုမှ စိတ်မဝင်စားတဲ့ အဲလစ်တို့ရဲ့ ...
movie
It Boy (2013)
5.2
3 Days Max (2023)
ရယ်ချင်မောချင်ပျော်ချင်သူတွေကြည့်သင့်တဲ့ဇာတ်ကားလေးလာပါပြီ။ ရတ်ယန်ဆိုတဲ့ရဲဟာ အမြဲတလွဲတချော်လုပ်တတတ်တဲ့တယောက်ပါ တရက်မှာသူရဲ့အဘွားပြန်ပေးဆွဲခံလိုက်ရပါတယ်။အဘွားကိုကယ်ဖို့ရာအတွက် အချိန်၃ရက်အတွင်း 'မြ'ကျောက်တုံး၂တုံးကိုယူပေးရမှာပါ။ တလွဲတချောလုပ်တတ်တဲ့ ရတ်ယန်တယောက် ၃ရက်အတွင်းယူနိုင်ပါ့မလား? ဘယ်လိုတလွဲတချော်တွေလုပ်ပြီး ခွီရမလဲဆိုတာကြည့်ရှူခံစားရမှာပါ....... File size…(1.6 GB)/(850 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre... Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali
movie
3 Days Max (2023)
The Edukators (2004)
ဒီဇာတ်ကားလေးက အရင်းရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ လူငယ်သုံးဦးဖြစ်တဲ့ ဇန်၊ ပီတာ နဲ့ ဂျူလီဆိုတဲ့ လူငယ်သုံးယောက်အပေါ် အခြေခံထားပါတယ်။ သူတို့ကတော့ ခေတ်သစ်လူ့အဖွဲ့အစည်းမှာရှိတဲ့ လူမှုရေးအရမညီမျှမှုတွေနဲ့ အစိုးရရဲ့ အုပ်ချုပ်ပုံကို စိတ်ပျက်နေကြတဲ့သူတွေလည်းဖြစ်ပါတယ်။ ဇန်နဲ့ ပီတာ က "The Edukators" ဆိုတဲ့ အဖွဲ့တစ်ဖွဲ့လုပ်ထားပြီး ညဘက်ကျရင် ချမ်းသာတဲ့အိမ်ကြီးတွေထဲဝင်ပြီး ဘာပစ္စည်းမှမခိုးဘဲ ပစ္စည်းတွေကို နေရာပြန်ချပြီး အိမ်ပိုင်ရှင်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် စာတစ်စောင်ချန်ထားတတ်ပါတယ်။ဂျူလီကတော့ ဟာဒန်ဘက်ချ် လို့ခေါ်တဲ့ ချမ်းသာတဲ့ စီးပွားရေးသမားရဲ့ကားကို တိုက်မိတဲ့မတော်တဆမှုကြောင့် အကြွေးတွေတစ်ပုံတစ်အောကြီးကို အလုပ်လုပ်ရင်းဆပ်နေရတဲ့သူပါ။ တစ်ရက်တော့ ဂျူလီနဲ့ ဇန်တို့နှစ်ယောက်သား အဲဒီ သူဌေးရဲ့ ဗီလာထဲ ခိုးဝင်ရာကနေ ဟာဒန်ဘက်ချ် နဲ့ ပင်ပင်းတိုးတဲ့အခါမှာတော့ သူ့ကိုပြန်ပေးဆွဲဖို့ကြံလိုက်ရပါတော့တယ်။ အဲဒီနောက်မှာတော့...ဟာဒန်ဘက်ချ် ကို သူတို့ ဘာဆက်လုပ်မလဲ၊ သူနဲ့ ပတ်သက်ရင်းနဲ့ သူတို့ရဲ့အယူဝါဒယုံကြည်ချက်တွေနဲ့ ဇန်၊ ပီတာ နဲ့ ဂျူလီ ...
movie
The Edukators (2004)
Space Cadet (2024)
ဖလော်ရီဒါသူ ရက်စ်ကတော့ ဘားမှာ အလုပ်လုပ်ပြီး မိချောင်းတွေနဲ့ နပမ်းလုံးရင်း ဘဝကိုပျော်ပျော်ဖြတ်သန်းနေတဲ့သူပါ။ နည်းပညာကျောင်းတက်ဖို့ စကော်လားရှစ်ရခဲ့ပေမဲ့လည်း အမေဖြစ်သူရဲ့ ကျန်းမာရေးကြောင့် မတက်ဖြစ်ခဲ့ပါဘူး။တစ်နေ့မှာတော့ အထက်တန်းကျောင်းပြန်လည်တွေ့ဆုံပွဲကိုသွားရင်း အတွေးပေါက်လာခဲ့ပြီး သူငယ်ငယ်ကဖြစ်ချင်တဲ့ အာကာသယာဉ်မှူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်ပါတော့တယ်။ ဘွဲ့လည်းမရှိ၊ အထက်တန်းပဲအောင်ပြီး တခြား လိုအပ်ချက်တွေလည်း မပြည့်မှီပေမဲ့ သူ့ငယ်ငယ်ကအိပ်မက်အကြောင်းကို လျောက်လွှာထဲရေးထည့်လိုက်တာပါ။ ဒါပေမဲ့လည်း လျောက်လွှာကို သူငယ်ချင်းဖြစ်သူ နာဒင်းက အင်ထုပြီး ပြန်ပြင်ရေးလိုက်တာကနေ နာဆာရဲ့ အာကာသယာဉ်မှူအစီအစဉ်မှာ ရက်စ်တစ်ယောက်အရွေးခံလိုက်ရပါတော့တယ်။လိုအပ်တဲ့ စွမ်းရည်အပြည့်အဝမရှိပဲ ဖြတ်ထိုးဉာဏ်ကောင်းပြီး အိပ်မက်တစ်ခုနဲ့ ရက်စ်တစ်ယောက် နာဆာရဲ့သင်တန်းကျောင်းကအခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie
Space Cadet (2024)
Just Retired 2 / Joyeuse (2022)
Joyeuse retraite 1 2019 ရဲ့နောက်ထပ်အပိုင်းဆက်တစ်ကားဖြစ်တဲ့ Joyeuse retraite 2 ပါ 1 တုန်းကအတိုင်း Comedy ဇာတ်ကားတစ်ကားဖြစ်ပြီး ပြင်သစ်ဇာတ်ကားကောင်းလေးတစ်ကားပါဇာတ်အိမ်လေးကတော့ ဖိလစ် နဲ့ မာရီလူး တို့လင်မယားနှစ်ယောက်ဟာ ပြင်သစ် ကနေ ပေါ်မတူဂီ ကို အားလပ်ရက်ခရီးကို သူတို့ရဲ့ မြေးတွေနဲ့အတူထွက်လာကြတာပေါ့ သူတို့မြေးတွေရဲ့အမေ/ သူတို့သမီးကို ပေါ်တူဂီမှာ အိမ်အသစ်တစ်လုံးကို စပရိုက်အနေနဲ့ပေးဖို့လည်း စီစဉ်ထားရင်းနဲ့ မြေးတွေနဲ့အတူ အားလပ်ရက်ခရီးထွက်လာကြတာပါဒါပေမယ့် စီစဉ်ထားတဲ့အတိုင်းဖြစ်မလားဘဲနဲ့ တလွဲချည်းပဲဖြစ်လာပြီး အဲဒီတလွဲကို လိုက်ဖာလေ နောက်ထပ်တစ်လွဲတစ်ခု ထပ်ဖြစ်လေနဲ့ တိုင်ပတ်ပြီး ဟာသမြောက်အောင် ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ကျန်တာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ရယ်မောခံစားလိုက်ကြပါဦးနော်ဇာတ်ကားကို အညွှန်းရေးပြီး ဘာသာပြန်ပေးထားတဲ့သူကတော့ Leo ပဲဖြစ်ပါတယ် File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie
Just Retired 2 / Joyeuse (2022)
Dealing with Dad (2022)
IMDb - 7 / RT - 78% နဲ့ ဆု ၁၁ ဆုအထိရထားတဲ့ ကော်မဒီ ဒရာမာရုပ်ရှင်တစ်ကားပါ။ဒီရုပ်ရှင်ထဲမှာ အဖေနဲ့ သားသမီးတွေအကြားကဆက်ဆံရေးကို ရိုက်ပြထားပါတယ်။ တရုတ်မိသားစုတစ်ခုမှာ မာဂရတ်ဆိုတဲ့အငယ်ဆုံးသမီးရယ် လယ်ရီ နဲ့ ရွိုင်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရယ်ရှိပါတယ်။ မာဂရတ်က မိဘအိမ်ကနေပြောင်းနေပြီး အိမ်ထောင်ကျလို့ ကလေးတစ်ယောက်ရနေပါပြီ။ တစ်ရက်မှာတော့ အဖေဖြစ်သူ အိပ်ရာထဲလဲနေတယ်ဆိုတဲ့သတင်းကိုကြားပြီး မာဂရတ်တစ်ယောက် အစ်ကိုဖြစ်သူနှစ်ယောက်ကို ပြာပြာသလဲအကြောင်းကြားပြီး မပြန်ချင်တဲ့အိမ်ဆီပြန်လာခဲ့ပါတယ်။ တကယ်တော့ မာဂရတ်တို့မောင်နှမသုံးယောက်နဲ့ အဖေဖြစ်သူကြီးနဲ့က လုံး၀မတည့်ကြပါဘူး။ အေးရှန်းမိသားစုတွေ အထူးသဖြင့် တရုတ်မိသားစုတွေမှာ မိဘတွေကသားသမီးတွေအပေါ် အရမ်းတင်းကျပ်ကြပါတယ်။ ဒီအဖေကြီးကလည်း သားသမီးသုံးယောက်လုံးကို တချိန်လုံးမျက်စိဒေါက်ထောက်ကြည့်နေပြီး အပြစ်မရှိအပြစ်ရှာ အော်ဟစ်ကြိမ်းမောင်းခဲ့တာကြောင့် သားသမီးသုံးယောက်နဲ့အကြားမှာဆက်ဆံရေးက မကောင်းခဲ့ပါဘူး။ဒါပေမဲ့ ဒီလိုအမြဲတစ်ခုမဟုတ်တစ်ခု ဆူပူနေတတ်တဲ့အဖေကြီးက ရုတ်တရက် အခန်းထဲကအခန်းပြင်မထွက်တော့ဘဲ တနေကုန် အိပ်ရာပေါ်မှာတီဗီကြီးဖွင့်လျက်နဲ့ပဲ လှဲနေတဲ့အဖြစ်ကိုရောက်သွားပါတယ်။ ဒီလိုနဲ့ အငယ်ဆုံးသမီးမာဂရတ်တစ်ယောက် အိမ်ပြန်ရောက်သွားပြီး အစ်ကိုဖြစ်သူတွေဖြစ်ကြတဲ့ ...
movie
Dealing with Dad (2022)
7.3
Ghost World (2001)
Ghost World (2001)~ IMDb - 7.3/10, RT - 93%, Meta - 90% ~Coming-of-Age ကားလည်းဖြစ်တယ်၊ ရုပ်ရှင်ပိုစတာမှာလည်း ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ပုံနဲ့ဆိုတော့ သာမန် Rom-Com ကားလေးလို့ပဲ ထင်ရက်စရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တာပဲ။ဒါပေမဲ့ ဒီရုပ်ရှင်က Coming-of-Age ထက်ပိုတဲ့ ဒါမှမဟုတ် သာမန် Coming-of-Age တွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်က 90s နဲ့ 00s ခုနှစ်တဝိုက်ကထွက်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်တွေလို ကျောင်းကပွဲမှာ ဒိတ်ရဖို့၊ ကျောင်းမှာ ရည်းစားရဖို့၊ သူငယ်ချင်းရဖို့၊ အလှဆုံးဖြစ်ဖို့၊ နာမည်ကြီးဖို့ ဘာဘာညာညာ ဖန်တရာတေ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အဲဒီဇာတ်လမ်းတွေထဲမှာက ပြဿနာတစ်ခုကို အရင်ဆုံးပြထားပြီး နောက်ဆုံး အဖြေပေါ်ရာကနေ ဇာတ်လမ်းပြီးတယ်။ ကပွဲအတွက် အတွဲရသွားတာတို့၊ အလှဆုံးဖြစ်တာတို့၊ ...
movie
Ghost World (2001)
2001
5.0
Play! Katsu Toka Makeru Toka wa Dodemo Yokute (2024)
ဒီကားလေးကတော ့ Esport ကြိုက်တဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ပြထားတာပါShotaကတော့ ကျောင်းမှာ e-sports ပြိုင်ပွဲအတွက် အသင်းဝင်များခေါ်ယူခြင်းအတွက် ပိုစတာတစ်ခုမှ စိတ်ဝင်စားမှုကို ခံရပြီး ကျောင်းမှာ တစ်နှစ်ထက်တစ်နှစ် ပိုတော်တ်ောလာတဲ့ ဂိမ်းကစားသူ Tatsuro နဲ့ ချိတ်ဆက်မိခဲ့တယ်အတန်းဖော် ကစားသမား သုံးယောက် Rocket League အတွက် အရည်အချင်းပြည့်မီအောင် ကြိုးစားပြီး တိုကျိုမှာ ချန်ပီယံဆုအတွက် စိတ်ကူးယဉ်ခဲ့ကြတဲ့နောက်....(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Kiwi ပါ )File size_(1.4GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Comedy, Esports Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Kiwi
movie
Play! Katsu Toka Makeru Toka wa Dodemo Yokute (2024)
7.0
Insomniacs After School (2023)
Insomniacs After Schoolဂျပန်ကျောင်းသားအချစ်ဒရမ်မာဇာတ်ကားကောင်းလေးဖြစ်လို မျက်ရည်ခိုင်တဲ့သူမှဆက်ကြည့်ဖိုအကြံပြုချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့... ဂန်တာ နာကာမီဆိုတဲ့ကောင်လေးဟာ အိပ်ပျော်နေတုန်း အမေအိမ်ကထွက်သွားပြီးကတည်းက ညအိပ်မပျော်တဲ့ရောဂါဖြစ်သွားတယ်။ တစ်ဖက်မှာလည်း နှလုံးရောဂါသည်မလေး မာဂရီကလည်း အိပ်ပျော်နေရင် သူ့နှလုံးခုန်သံကိုမကြားရလို ညညဆိုမအိပ်ဘဲနေရင်းကနေ အိပ်မပျော်ရောဂါဖြစ်သွားတယ်။ ဒီလိုနဲ့တစ်ရက်ကျောင်းသန့်ရှင်းလုပ်ဖို နာကာမီတစ်ယောက် ဂိုဒေါင်ထဲမှာ လှေကားသွားယူရင်း ခိုးအိပ်နေတဲ့ မာဂရီနဲ့ ပထမဆုံး ဆုံတွေ့ခဲ့တယ်။ ရောဂါတူ အကျင့်တူနေတဲ့သူတိုနှစ်ယောက်လည်း သူငယ်ချင်းတွေဖြစ်သွားကြပြီး နတ္ခတ်တာရာအသင်းတစ်ခုကို ဖွဲစည်းဖိုလုပ်ခဲ့ကြတယ်။ ဆရာမရဲ့အကူအညီတွေယူ သူငယ်ချင်းတွေရဲ့အကူအညီတွေနဲ့ ပြပွဲလေးဖြစ်မြောက်ဖိုရှိသေးတယ် နွေခေါင်ခေါင်ကြီးမိုရွာလို ပြပွဲက ပျက်စီးသွားတယ်။ နှလုံးရောဂါသည်မလေးနဲ့ အူကြောင်ကြောင်နာကာမီတိုရဲ့အချစ်ဇာတ်လမ်းက happy ending ဖြစ်သွားမလား... sad ending ပဲဖြစ်သွားမလား.... သိချင်ရင်တော့ ဇာတ်ကားလေးပဲဆက်လက်ကြည့်ရှူပေးကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nga Tay Gyi ပါ )File size_(1.7GB)/(880MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Nga Tay Gyi
movie
Insomniacs After School (2023)
4.9
Still Waiting… (2009)
Still waiting (2009)အနည်းငယ်အမြင်ရိုင်းတဲ့ ဇာတ်ဝင်ခန်းနဲ့ စကားအသုံးအနှုန်းလေးတွေပါတဲ့အတွက် အသက်မပြည့်သေးသူများနဲ့ မကြည့်သင့်သလို မိသားစုနဲ့အတူကြည့်ရှုလို့မသင့်ကြောင်းတော့ သတိပေးပါရစေနော်။ပိတ်ရက်မှာပေါ့ပေါ့ပါးပါးလေးကြည့်ဖို့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးမှာတော့ ဆိုင်မန်နေဂျာလေဖြန်းသွားလို့ သောင်ပြင်မှာလွတ်ကျန်ခဲ့တဲ့ ယဉ်ကျေးလိမ္မာကျောင်းဆင်းဝန်ထမ်းတစ်သိုက်ကို တွေ့ရမှာပဲဖြစ်ပါတယ်။ ငါ့လူထိရင် ငြိမယ်ဆိုပြီး ဖောက်သည်တွေကို Lesson ပေးလွှတ်တတ်တဲ့ပွကြီးတို့တစ်သိုက်ရဲ့ အကွက်ဆန်းတွေနဲ့အတူ စတိုမန်နေဂျာနေရာကနေ ဆိုင်မန်နေဂျာနေရာတတ်ဖို့ ရှယ်ပလန်နဲ့ချောင်းနေတဲ့ FA အကြီးစားတို့စုနေတဲ့ ဂယက်တစ်သိန်းနဲ့ ဆိုင်ပါပဲ။ရှေ့လူပြုတ် နောက်လူတက်မယ်လို့ လွယ်လွယ်မှန်းထားခဲ့ပေမဲ့လည်း လက်တွေ့မှာတော့ လွယ်မနေခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Target ဒေါ်လာ ၉၀၀၀ မှ ပြည့်အောင် မရောင်းနိုင်ခဲ့ရင် ဆိုင်ပိတ်ရတော့မှာမို့လို့ပါပဲ။ ဒါပေမဲ့ ပွကြီးဟာကံကောင်းပါတယ်။ တားဂတ်ပြည့်ဖို့လိုခါမှ သူတို့ရဲ့ဆိုင်ရှေ့တည့်တည့်မှာ ဆိုင်အပြိုင်ပေါ်လာတော့တာပါပဲ။ အဝတ်ပါရုံဝတ်ထားတဲ့ စားပွဲထိုးမအလန်းလေးတွေနဲ့ ညတိုင်းအပန်းဝင်ဖြေချင်စရာ Vibe လေးနဲ့ ပုရိသအကြိုက် Performance လေးတွေနဲ့ပေါ့လေ။ဒီဆိုင်ရောက်လာတဲ့ကျေးဇူးကြောင့် သူတို့ဆိုင်က စကီအလန်းလေးတွေကလည်း ကိုင်းကူးချင်ချင်တွေဖြစ်လို့ပေါ့။ ဆိုင်အတွက် အာရုံစိုက်နေရပါတယ်ဆိုမှ ပွကြီးဟာ ...
movie
Still Waiting… (2009)
6.6
Luv Shuv Tey Chicken Khurana (2012)
Luv Shu Try Chicken Khurana(2012) အိမ်ပြေးတစ်ယောက်ရဲ့အိမ်ပြန်ချိန်IMDb - 6.6/10မင်းသားကြီး Kunal Kapoorရဲ့ တစ်ချိန်က လူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ အချစ်ဟာသကားလေးဖြစ်ပြီး လက်ရှိနဲ့လည်း တိုက်ဆိုင်တဲ့ရုပ်ရှင်လေးဖြစ်တာမလို့ ကြည့်ရှုသူတွေအတွက်လည်း ခံစားချက်တစ်ခုခု ကျန်နေခဲ့စေမှာပါ။သူငယ်ချင်းတွေလည်း ကိုယ်စီ နိုင်ငံခြားထွက်ကြ အဆင်ပြေကြတာကိုမြင်ပြီး အိုမီတစ်ယောက်လည်း နိုင်ငံခြားထွက်မယ်တကဲကဲဖြစ်တာပေါ့။ ဒါကို ဦးလေးရောအဘိုးရောက လက်မခံတာကြောင့် ကလန်ကဆန်လုပ်ပြီး အိမ်ကပိုက်ဆံခိုးပြီးတော့ လန်ဒန်ကိုပြေးသွားပါတော့တယ်။ဒီလိုနဲ့ ဆယ်စုနှစ်တစ်ခုကြာပြီး စတော့ရှယ်ယာကြွေးတင်ချိန်မှာတော့ အိုမီတစ်ယောက် ဆယ်နှစ်ကြာမေ့ထားခဲ့တဲ့ မိသားစုဆီကိုပြန်ပြီး ပိုက်ဆံလာပြန်တောင်းရဖို့ ဖြစ်လာပါတော့တယ်။ဒါပေမဲ့ အိုမီပြန်ရောက်ချိန်မှာ အဘိုးကလည်းသတိမေ့ပြီး မိသားစုလက်ငုပ်လက်ရင်းစားသောက်ဆိုင်ကလည်း လျှို့ဝှက်ကြက်သားဟင်းချက်နည်းမရှိလို့ ဒုက္ခရောက်နေတဲ့အပြင် တစ်ချိန်က အချစ်ဦးကလည်း ညီဝမ်းကွဲနဲ့ လက်ထပ်တော့မှာဆိုတာကို သိလိုက်ရချိန်မှာတော့....နိုင်ငံခြားကိုအထင်ကြီးတဲ့အိုမီတစ်ယောက် မိသားစုကို ချစ်တတ် တန်ဖိုးထားကာကွယ်တတ်ဖို့ ဘယ်လိုသင်ယူသွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Zwe ~ KKKZတို့ပဲဖြစ်ပါတယ်) File size…3.56GB / 976MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie
Luv Shuv Tey Chicken Khurana (2012)
2012
6.7
Blow Up My Life (2024)
"Blow Up My Life" (2022) ရုပ်ရှင်ဟာ ဒါရိုက်တာRyan Dickie နဲ့ Abigail Horton တို့က ရိုက်ကူးထားတဲ့ဟာသသည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ဆိုးရွားတဲ့ opioid vape ပူးပေါင်းကြံစည်မှုကိုမတော်တဆတွေ့ရှိခဲ့တဲ့ အရှက်ကွဲတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်း Jason ရဲ့နောက်ဆက်တွဲအဖြစ်ကို ရိုက်ကူးထားတာပါ။သူနဲ့သူ့ရဲ့ဝမ်းကွဲ Charlie တို့ဟာ အိုင်တီနည်းပညာကိုအသုံးချပြီးရာဇ၀တ်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့ကြရာမှာကမောက်ကမဖြစ်စဉ်တွေကြားထဲက ရယ်စရာအလွဲတွေကိုခံစားကြည့်ရှုရမှာဖြစ်ပြီး ဒီဇာတ်ကားထဲမှာတော့ မျှော်လင့်မထားတဲ့အလှည့်အပြောင်းတွေနဲ့ ထူးခြားတဲ့ဇာတ်ကောင်စရိုက်ကိုစောင့်မျှော်ကြည့်ရှုကြရမှာပါ။ File size…1.14GB / 487MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre …..Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie
Blow Up My Life (2024)
6.6
The Wedding Ringer (2015)
Doug Harris ဆိုတဲ့ လူမှု့ ဆက်ဆံရေး ညံတဲ့ သူဟာ Gal ဆိုတဲ့ ကောင်မလေးနဲ့ လက်ထပ်ဖို့ ၂ပတ်လောက်သာ လိုတော့တဲ့ချိန်ထိ သတို့သားအရံမရှိသေးပါဘူးဒါနဲ့ပဲ သူက အချိန်မရှိတော့ဘူးဆိုပြီး Best Man Inc ဆိုတဲ့ သတို့သားအရံရှာဖွေရေး အေဂျင်ဆီကို အပ်လိုက်တဲ့နောက်...သတို့သားအရံလုပ်မယ့်သူတွေနဲ့ မဂ်လာပွဲကြား အရှုပ်အရှင်းတွေကို ဟာသနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားမို့ လက်မလွှတ်တမ်း ကြည့်ရှု့လိုက်ကြပါတော့ ....။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ )File size_(1.6GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie
The Wedding Ringer (2015)
6.6
Mandakini (2024)
Mandakini 2024 (ငါနဲ့ညားတဲ့ သူများရည်းစား)IMDb-6.8/10 တစ်ရံရောအခါက လူပျိုကြီးအာရိုမာတစ်ယောက်။ တစ်သက်မှာတစ်ယောက်ကိုချစ် သူ့ကိုပဲလက်ထပ်ချင်ပါတယ်ဆိုတဲ့ ကိုလူအေးကြီးပေါ့။အရွယ်ရောက်ရုံမက ကျော်လာတဲ့အချိန်မှာတော့ စိတ်ကူးထဲကချစ်သူလေး အမ်ဘီနီနဲ့တွေ့ပြီး ဘဝကြီးပြည့်စုံသွားပြီလို့ယူဆလိုက်တဲ့သူ။ ဇာတ်လမ်းကတော့ မင်္ဂလာဦးညမှာစတာပဲ သတို့သမီးနဲ့ သတို့သား အရက်ပုလင်းနဲ့ အချိုရည်ခွက် အလွဲလွဲအချော်ချော်တွေဖြစ်ပြီး မှားသောက်မိကြတဲ့အချိန် ထုံးစံအတိုင်းရည်းစားဟောင်းဇာတ်လမ်းတွေ ပြန်ဆွရစ်ကြတော့ သတို့သားကိုလူအေးကြီးက ဘာဇယားမှမရှိခဲ့ပေမဲ့ သတို့သမီးကတော့အရမ်းချစ်ခဲ့တဲ့ရည်းစားဟောင်းဆီကို ခုချက်ချင်းသွားချင်ပါတယ်ဆိုပြီး ထဂျီပါလေရော ။ရိုးရိုးကုပ်ကုပ်မိသားစုကြား အချောအလှလေးကို ဘယ်လိုများရလာတာလဲဆိုပြီး တီးတိုးပြောနေကြရာက အချောအလှအဖိုးတန်သတို့သမီးလေးရဲ့ မင်္ဂလာဦးညစကားတစ်ခွန်းက တစ်မိသားစုလုံး အံ့ဩတုန်လှုပ်သွားကြတော့တာပဲ။ အရိုးခံနဲ့ အချောအလှဘယ်လိုအလွဲတွေနဲ့ ဆက်စခန်းသွားမလဲရှုစားကြည့်ပါဦးအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် File size… 2.06GB / 971MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Mandakini (2024)
2024
First
11
12
13
14
15
Last
Previous
Next