Channel Myanmar

Comedy

Pee Nak 4 (2024) 4.9
Pee Nak 4 (2024) Pee Nak 4(2024)သိပ်လည်း မကြောက်ရဘဲ ပေါ့ပေါ့ပါးပါး ကြည့်နိုင်ဖို့အတွက် Pee Nak ရောက်လာပြန်ပါပြီ။ Pee Nak 4 မှာတော့ အရင်ဇာတ်လမ်းလိုပဲ ဘယ်သူက Pee Nak ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းတုန်းပါပဲ။ဇတ်လမ်းကိုေတာ့ နာမည်ကျော်မင်းသား မင်ဂျွန်ရဲ့ အာလပ်ရက်ခရီးနဲ့ အစပြုထားပါတယ်။ မင်ဂျွန်တစ်ယောက် မနမန်နေဂျာတွေနဲ့အတူ ကျေးလက်ဘက်က အိမ်ဟောင်းဆီမှာ အပန်းဖြေလာရင်း အမေပေးလိုက်တဲ့ "ဝတ်ပြုဆောင်ကို ပြန်ပြင်ရန်" ဆိုတဲ့ တာဝန်ကိုပါ ယူလာပါသေးတယ်။ ဒီလိုနဲ့ ဝတ်ပြုဆောင်ကို ပြင်ဖို့လုပ်ရင်းက ထူးဆန်းမှူတွေနဲ့ ပုံရိပ်ယောင်တွေ မြင်လာရချိန်မှာတော့... အိမ်ဟောင်းမှာ မက်နေတဲ့ အိပ်မက်တွေရဲ့ အဖြေ... ဝတ်ပြုဆောင်ရဲ့ နောက်ကြောင်းနဲ့... Pee Nak က ဘယ်သူဖြစ်မလဲဆိုတာ ကြည့်ရမှာပါပဲ။Pee Nak ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း လျှိ့ဝှက်တဲ့ဇာတ်ကြောင်းတွေနဲ့ ကြောက်စရာပြကွက်တွေကြားက အခွီအသော ဇာတ်ကြောင်းလေးတွေကိုပါ မြင်တွေ့ရဦးမှာပါ။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou, ...
movie

Pee Nak 4 (2024)

2024
Nobel Son (2007) 6.1
Nobel Son (2007) ဒိဇာတ်လမ်းကတော့ Harry Potter ဇာတ်လမ်းမှာ Severerus Snape ဖြစ်တဲ့ မင်းသားကြီး Alan Rickman ပါဝင်တဲ့ အသေခွီနေရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဘဝင်လေဟပ်ပြီး ကျောင်းသူတွေနဲ့အိပ်၊ မိန်းမပွေ၊ ​အကျင့်စာရိတ္တမကောင်းတဲ့ Eli လို့ခေါ်တဲ့ သိပ္ပံပညာရှင်ကြီးက ရုတ်တရက် နိုဘယ်လ်ဆုကြီးရလာတော့ သူ့မြင့်ပြီးသားမာနက မိုးပေါ်ထောင်တက်သွားတော့တယ်။ နိုဘယ်လ်ဆုကို ဆွီဒင်နိုင်ငံမှာသွားယူဖို့ သူ့မိန်းမနဲ့သားကို ခေါ်သွားပေမဲ့ တစ်ဦးတည်းသော သားတော် Barkley က အပြာကဗျာရေးတဲ့ စော်လေးနဲ့အိပ်နေလို့ လေယာဥ်မမီဘဲ နောက်ကျသွားတယ်။ သူ့အမေနဲ့အဖေဆီ လေယာဥ်ကိုအမြန်လိုက်ဖို့ အိမ်ပြန်ရောက်တော့ ပြန်ပေးဆွဲပါခံလိုက်ရတယ်။ အနန္တဂိုဏ်းဝင်ဖခင်ကြီး Eli ကလည်း သူ့သားပြန်ပေးဆွဲရတဲ့အကြောင်း ပြန်ပေးဆွဲသမားကဖုန်းဆက်ခြိမ်းခြောက်တော့ လိလိ့လားလားတွေလာပြောနေတယ်ဆိုပြီး ​မယုံဘဲ သူ့သားကို ဆွီဒင်အမြန်လိုက်လာခဲ့ဖို့ပြောတယ်။ အဲဒီမှာ ပြန်ပေးဆွဲသမားလည်း Berkeley လက်မကို ဖြတ်ပြီး သူ့မိဘတွေဆီကို ပို့မယ်ကြံ​၊ သူ့သား Berkeley လည်း စိတ်ခြောက်ခြားပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ...
movie

Nobel Son (2007)

Tall Tales from the Magical Garden of Antoon Krings (2017)
Tall Tales from the Magical Garden of Antoon Krings (2017) Tall Tales from the Magical Garden of Antoon Krings (2017)အသွင်သစ်နဲ့ အမြင်ဆန်းမယ့် ပိုးကောင်ကမ္ဘာကို တစ်ခါလောက်အလည်သွားကြရအောင်...ပိုးကောင်လေးတွေမှာလည်း နေ့ထွက်ပိုးကောင်ရှိသလို ညဘက်မှာမှထွက်ကြတဲ့ပိုးကောင်လေးတွေလည်း ရှိကြတယ်မလား? အဲ့ဒီလို နေ့နဲ့ညကွဲနေလို့လည်း ပိုးကောင်လေးတွေကခွဲခြားဆက်ဆံခံရတာတွေရှိပါသတဲ့။ဇာတ်လိုက်ကျော်ကတော့ ပန်းဉယျာဉ်လေးကို အသက်ဝင်အောင် ကာကွယ်ပေးနေတဲ့ ပျားအုံဘုရင်မ မက်ဂွါရီလေးပါ။ ပျားဘုရင်မတို့တာဝန်အတိုင်း လုပ်သားပျားတွေကို စောင့်ရှောက်ရတယ်။ ပျားရည်ထုတ်လုပ်တဲ့နေရာမှာ စီစဉ်ရတယ်။ ပျားအကောင်ပေါက်လေးတွေကိုလည်း ပြုစုရတယ်။ တာဝန်တွေအရမ်းများလွန်းပြီး လွတ်လပ်မှုတွေဆုံးရှုံးရတာကြောင့် သာမာန်ပိုးကောင်လေးပဲ ဖြစ်ချင်ပါတယ်ဆိုပြီး အမြဲတမ်းဆုတောင်းနေခဲ့သူပါ။တစ်နေ့မှာ နယ်လှည့်အနုပညာရှင် နှံကောင်လေးတစ်ကောင် မက်ဂွါရီတို့ ဥယျာဉ်ထဲကို ရောက်လာပါတယ်။ သူစိမ်းပိုးကောင်ရောက်လာလို့ အားလုံးက သတိနဲ့နေကြပေမယ့် ဝင်ဒီလို့ခေါ်တဲ့ နကျယ်ကောင်ကတော့ နှံကောင်လေးနဲ့ အပေးအယူလုပ်ဖို့ ချည်းကပ်ခဲ့ပါတယ်။ပျားပိတုန်းတွေနေထိုင်တဲ့ ဥယျာဉ်ထဲမှာ နကျယ်ကောင်နဲ့နှံကောင်တို့ ဘယ်လိုအပေးအယူလုပ်ခဲ့ကြလဲ ? ပိုးကောင်တို့ကမ္ဘာကရော ကိုယ်တွေထင်သလို ရိုးရှင်းကြရဲ့လားဆိုတာကို ဘဝအမောတွေဖြေရင်း အားလပ်ရက်မှာ အေးအေးဆေးဆေးလေး ကြည့်လိုက်ကြရအောင်နော်... File size…    1 GB /  491 MB Quality… WEB-DL 1080p ...
movie

Tall Tales from the Magical Garden of Antoon Krings (2017)

Raju Yadav (2024) 5.4
Raju Yadav (2024) Raju Yadav 2024 (အပြုံးမင်းသားလေးရာဂျူး)ယခုတစ်ခါမှာတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ တေလဂူဟာသကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ရာဂျူးဆိုတဲ့ကောင်လေးဟာ ခရစ်ကတ်ကစားရင်း ဘောလုံးမှန်သွားရာက မိဘတွေက ဆေးခန်းလိုက်ပြပေးရာမှာ ဆရာဝန်က ဆေးရုံကိုလွှတ်ပေမယ့် အကုန်အကျများမှာ စိုးရိမ်ပြီး ဆေးခန်းကဆရာဝန်ကိုပဲ ကုသပေးဖို့ တောင်းဆိုကြပါတယ်။သွားနှစ်ချောင်းကျိုးသွားပြီး သွေးထွက်မတိတ်တဲ့အတွက် သွေးကြောကို ချုပ်ရတဲ့အခါမှာ ဆရာဝန်ရဲ့လက်စွမ်းပြမှုကြောင့် ရာဂျူးဟာ ပြုံးပြုံးကြီးဖြစ်သွားပါတော့တယ်။ သူဟာ စားလည်းပြုံးပြုံးကြီး၊ အိပ်လည်း ပြုံးပြုံးကြီး၊ ဝမ်းနည်းလည်းပြုံးပြုံးကြီး ၊ ပျော်လည်းပြုံးပြုံးကြီးဖြစ်နေတဲ့အတွက် တခြားဒေါက်တာနဲ့ သွားရောက်ပြသတဲ့အခါမှာ ခွဲစိတ်မှပဲ သက်သာမှာဖြစ်ပြီး ၃-၄သိန်းလောက်ကုန်ကျမယ်ဆိုတဲ့အခါမှာ ငွေကြေးခက်ခဲတဲ့ သူတို့မိသားစုအတွက် အခက်ကြုံရပါတော့တယ်။ဒီလိုနဲ့ အမြဲပြုံးပြုံးကြီးနေရတဲ့ ရာဂျူးဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာတော့ ....... အမြဲတမ်း ပြုံးပြုံးကြီးဖြစ်နေတဲ့ သူ့ဘဝမှာ သူချစ်တဲ့ကောင်မလေးဝင်ရောက်လာနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားသွားမလဲ ..... သူ့မျက်နှာအနေအထားကို ပြင်ဆင်နိုင်ဖို့အတွက်ရော လိုအပ်တဲ့ပိုက်ဆံကို ရှာဖွေနိုင်မှာလား ...... အမြဲပြုံးပြုံးကြီးဖြစ်နေတဲ့ မျက်နှာကြီးနဲ့ သူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းသွားမလဲ...... ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…2.24GB / ...
movie

Raju Yadav (2024)

2024
Homme Fatale (2019) 6.7
Homme Fatale (2019) Homme Fatale 2019 IMDb: 6.2/10 Genre: Comedy, History, Romanceဒီဇာတ်လမ်းမှာတော့ 2PM က Lee Joon-Ho ကို playboy အဖြစ်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ် ပျောက်ချက်သားကောင်းနေတဲ့ Mischievous Kiss က မမ Jung So-Min ကလည်း အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းဟောဆဲ့က ကချေသည်မိခင်က မွေးဖွားလာတဲ့ မျိုးရိုးနိမ့်တစ်ယောက်ပါ မိခင်ဆုံးပါးပြီးနောက် ကချေသည်အိမ်မှာပဲ ကချေသည်တွေကြားမှာ ကြီးပြင်းလာခဲ့တယ် ကချေသည်တွေကသာ သူ့ရဲ့ မိသားစုဖြစ်လာခဲ့တယ်တစ်ရက်မှာ ကချေသည်အိမ် အကြွေးနဲ့ သိမ်းခံရမယ့် အခြေအနေကိုရောက်လာတယ် ဟောဆဲ့လည်း မနေသာတော့ပဲ တစ်ဖက်တစ်လမ်းကနေ ဝင်ငွေကူရှာတဲ့အခါမှာတော့ ယောက်ျား ကချေသည်အဖြစ်နဲ့ မိန်းမတွေကို ဖျော်ဖြေရသူဖြစ်လာတယ် တကယ်က သူ့မှာ အရမ်းချစ်တဲ့ မိန်းကလေးရှိတယ် သူ့ရဲ့ ဒီလိုအခြေအနေမှာ သူချစ်တဲ့ကောင်မလေးနဲ့ နီးစပ်နိုင်ပါ့မလားသူတို့ရဲ့ အချစ်ကို ဘယ်လို ပုံဖော်ပြမလဲဆိုတာ  ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော် File size…    1.5 GB /  816 MB Quality… ...
movie

Homme Fatale (2019)

2019
Perrier’s Bounty (2009) 6.3
Perrier’s Bounty (2009)  ဒီဇာတ်ကားက နာမည်ကြီး မင်းသား Cillian Murphy ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာ Cillian Murphy ကို ဘဝရည်မှန်းချက်ပျောက်နေတဲ့ ငပျင်းတစ်ယောက်အဖြစ် မြင်ရမှာ ဖြစ်ပြီးသူ့ရဲ့ အဖေဖြစ်သူရယ် ..အိမ်နီးချင်း ကောင်မလေးတစ်ယောက်ရယ်နဲ့ အိုင်းရစ်လူဆိုးတွေရဲ့ အမဲလိုက်ခံရခြင်းကနေ ဘယ်လို ထွက်ပြေးကြမလဲဆိုတာကို ဟာသဆန်ဆန်နဲ့ တစ်ချိန်တည်းမှာပဲတစ်ကားလုံး စိတ်လှုပ်ရှားရင်ခုန်စွာ ကြည့်ရမှာ ဖြစ်ပါတယ်။ဘဝမှာ နောင်တရစရာ ကိစ္စတွေ ဖြစ်မလာဖိုအတွက်ရင်ဆိုင်စရာ ရှိတာကို ထိပ်တိုက်ချက်ချင်း ရင်ဆိုင်ရမယ်ဆိုတဲ့အချက်ကိုလည်း ဒီဇာတ်ကားကြည့်ရင်း ရရှိသွားမှာဖြစ်လိုမသေခင် ကြည့်သွားသင့်တဲ့ ကားတစ်ကားဖြစ်တယ်လိုပဲသေချာပေါက် ပြောလိုက်ပါရစေ။  File size…1.50GB / 651MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW
movie

Perrier’s Bounty (2009)

Lock-On Love (2018)
Lock-On Love (2018) Lock-On Love (2018) IMDb: 6.1/10 Genre: Comedy, Romance ပေါ့ပေါ့ပါးပါးပေမဲ့ နွေးနွေးထွေးထွေးနဲ့ ချစ်ဖို့ကောင်းတဲ့ ဂျပန်လူငယ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လိုက်ကတော့ ပင်ကိုယ်ရူပကာ သနားကမားနဲ့ ကောင်မလေးတွေ ဝိုင်းသဘောကျကြတဲ့ အထက်တန်းကျောင်းသားလေးတစ်ဦးပဲဖြစ်ပါတယ်။ မွေးကတည်းကနေ အခုထက်ထိ ဘာမှထွေထွေထူးထူးမလုပ်ရပါဘဲ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ အော်တိုပြည့်နေသူမျိုးပေါ့။မိန်းကလေးတွေကြားရည်ပန်းစားနေတော့ သူ့ကိုယ်သူလည်း အချစ်ခံရတယ်ဆိုပြီး ဘဝင်လေဟပ်နေပေမဲ့ တစ်ရက်မှာ သူတို့အဖွဲ့ထဲက သာမန်ရုပ်ရည်နဲ့ သူငယ်ချင်းတစ်ယောက် ရည်းစားရသွားတော့မှ သူ့မှာ တကယ်တမ်း ချစ်သူရည်းစားကောင်မလေး တစ်ခါဆိုတစ်ခါမှ မရှိဖူးသေးဘူးဆိုတဲ့ အမှန်တရားကို သွားသတိထားမိလိုက်ပါတယ်။ ဟုတ်ပါတယ်၊ သူဟာ မိန်းကလေးတွေအဖို့ ချစ်စရာလေးဆိုပြီး ဝိုင်းဝိုင်းလည်နေပေမဲ့ အဲ့ဒီထက်မပိုတဲ့၊ ရည်းစားတော်ဖို့ကျ ဘယ်သူမှ မတွေးထားတဲ့ အလှကြည့်ယောကျ်ားသပ်သပ်သာဖြစ်နေခဲ့တာပါ။အဲ့ဒီလိုနဲ့ သူဟာ ရည်းစားတစ်ယောက်တော့မဖြစ်မနေရှာမယ်လို့ အပိုင်ခဲပြီး ဘော်ဒါတွေအကူအညီနဲ့ သူကြိုက်တဲ့မိန်းကလေးကို လိုက်ရှာရင်းကနေ လှလည်းလှ တော်လည်းတော် သွေးလည်းကြီးတယ်လို့ နာမည်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကို မျက်စိကျပြီး ဖွင့်ပြောလိုက်ရာက ချက်ချင်းအငြင်းခံလိုက်ရပြီး သူ့ရဲ့ ...
movie

Lock-On Love (2018)

Luxembourg, Luxembourg (2023)
Luxembourg, Luxembourg (2023) Luxembourg, Luxembourg (2023)ဥရောပရုပ်ရှင်တွေထဲကနေ ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းမွန်တဲ့ ယူကရိန်းနိုင်ငံက ရိုက်ကူးထုတ်လုပ်ထားတဲ့ Drama ရုပ်ရှင်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ IMDb rating 7.9, Rotten Tomatoes 83% ရရှိထားပါတယ်။ Drama ရုပ်ရှင် ကြိုက်နှစ်သက်သူဆိုရင်တော့ မိုးရွာတဲ့နေ့မှာ အိပ်ရာထဲကနေ အေးဆေး ကြည့်လို့ကောင်းမယ့် ရုပ်ရှင်မျိုးလို့ ပြောချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကိုလာနဲ့ ဗက်စ်ယာတို့ဟာ ယူကရိန်းက အမြွှာညီအစ်ကိုတွေပါ။ ဘာမှမရှိတဲ့မြို့လေးမှာ ရှင်သန်ကြီးပြင်းကြရင်း ဗက်စ်ယာကတော့ ရဲဝန်ထမ်းဖြစ်သွားပြီး ကိုလာကတော့ ဘတ်စ်ကားလည်း မောင်းသလို ကြုံရာအလုပ်တွေလုပ်သလို လူဆိုးလေးတစ်ယောက်ဖြစ်နေပါတယ် ။ တစ်နေ့မှာ ကိုလာ့ဆီကို သူ့အဖေ လူဇင်ဘတ်နိုင်ငံမှာ မတော်တမှုအကြီးကြီးဖြစ်ကြောင်း သေလုမျောပါးဖြစ်နေကြောင်း ယူကရိန်းကောင်စစ်ဝန်ရုံးမှ ဆက်သွယ်လာပါတယ်။ အဲဒါနဲ့ ကိုလာလည်း လူဇင်ဘတ်ကို သွားဖို့လုပ်ပါတယ် ဒါပေမယ့် အမေဖြစ်သူနဲ့ ဗက်စ်ယာတို့ကတော့ မသွားဖို့တားပါတယ်။ ကိုလာကတော့ သွားဖို့ အတင်းလုပ်ပါတော့တယ်......အညွှန်းန့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.6GB ...
movie

Luxembourg, Luxembourg (2023)

2023
My Spy the Eternal City (2024)
My Spy the Eternal City (2024)  IMDb 5.7/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Action ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Spy ကားရဲ့ sequel ဖြစ်ပြီး ပထမကားထဲမှာလိုပဲ Dave Bautista၊ Ken Jeong နဲ့ Chloe Coleman တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဂျေဂျေက စီအိုင်အေအေးဂျင့်တစ်ယောက်ဖြစ်ပြီး မယားပါသမီးဖြစ်သူ ဆိုဖီ့အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ၁၄ နှစ်အရွယ် သမီးနားမှာ အနီးကပ်စောင့်ရှောက်ပေးနိုင်ဖို့ အသက်အန္တရာယ်များတဲ့ ကွင်းဆင်းအလုပ်တွေကို ရှောင်ပြီး သတင်းပေးအဖြစ်နဲ့ပဲ ရုံးထိုင်အလုပ်လုပ်ကာ သမီးဖြစ်သူကို ထိန်းကျောင်းဖို့ တာဝန်ယူထားတာပါ။ဒီလိုနဲ့ သမီးဖြစ်သူက ကျောင်းက ဓမ္မတေးအဖွဲ့နဲ့အတူ အီတလီကို ခရီးထွက်ဖို့ အကြောင်းဖန်လာရာမှာတော့ စိတ်မချနိုင်စွာနဲ့ အထိန်းတော်အဖြစ် ကျောင်းအဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့ပါတော့တယ်။ ဂျေဂျေရဲ့ အကြံကတော့ ဒီခရီးစဉ်မှာ ဆိုဖီနဲ့ ရင်းနှီးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ တကယ်တမ်း ခရီးထွက်ရတဲ့အခါမှာမှ ...
movie

My Spy the Eternal City (2024)

Bad Boys for Life (2020) 6.9
Bad Boys for Life (2020) Bad Boys for Life (2020)===================IMDb Rating - 7.1/10Bad Boys ရုပ်ရှင်တွေကို ရုပ်ရှင်ချစ်သူအတော်များများ သိကြမှာပါ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ အက်ရှင်ခပ်မြူးမြူး တွေပါပဲ။ အခုလည်း ဆရာကြီးနှစ်ယောက် အသက်ကြီးမှ တကြော့ ပြန်လာပါပြီး။ အခုချိန်မှာဆို မားကတ်စ်ကလည်း အဘိုးဖြစ်လာပြီး အငြိမ်းစားယူဖို့ဆုံးဖြတ်လိုက်ပါပြီ။ မိုက်ခ် (ဝယ်လ်စမစ်) တော့ လူ ပျိုကြီးအဖြစ် သေတဲ့အထိ လူဆိုးဖမ်းချင်နေတုန်းပါပဲ။ ဒါပေမယ့် သူ တို့ရဲ့အတိတ်က ရန်ငြိုးက သူတို့ကို အေးအေးဆေးဆေးအနားယူခွင့် မပေးလာပါဘူး။ မိုက်ခ် နဲ့အတူ တရားသူကြီး၊ရှေ့နေ၊သတင်းပေး၊ ရဲ အရာရှိ စတဲ့သူတွေအကုန် လုပ်ကြံခံလာရပါတယ်။ ဒီတော့ နောက်ဆုံး မှာ Bad Boys ကြီးနှစ်ယောက် နောက်ဆုံးအကြိမ်အဖြစ် ဆိုးကြ ကြမ်း ကြပါတော့တယ်။ ဇာတ်လမ်းရယ် အက်ရှင်တွေရယ် အကုန်အဆင်ပြေ တာမို့ ကြည့်ရတာ ကျေနပ်ကြမှာပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys  ကြည့်ပါ။ File size…(6.7 GB)/(2 GB ...
movie

Bad Boys for Life (2020)

2020
4K HEVC
Bad Boys II (2003) Bad Boys 2 6.6
Bad Boys II (2003) Bad Boys 2 Bad Boys 2 (2003)==============IMDb Rating - 6.6/10Bad Boys ဇာတ်ကားရဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားရဲ့ထုံစံအတိုင်း မင်းသားတွေဖြစ်တဲ့Will Smith နဲ့ Martin Lawrence တို့ပဲဆက်လက်သရုပ်ဆောင်ထားပါတယ်။ ရှေ့ဇာတ်ကားနဲ့မတူကွဲပြားတဲ့ပုံစံမျိုးနဲ့ရိုက်ပြထားတာလည်းတွေ့ရပါတယ်။ ဒီဇာတ်ကားမှာတော့ ကျူးဘားက မူးယစ်မှောင်ခိုလုပ်တဲ့ တမီယာဆိုတဲ့သူက သူ့ဆေးတွေကိုအမေရိကမှာရောင်းပြီး ကျူးဘားဆီကို ငွေပြန်ပို့တာပါ မူးယစ်ငွေမဲတွေဖြစ်တဲ့အတွက်ဘဏ်တွေကနေတစ်ဆင့်ပို့လို့မရတဲ့အတွက် ရေကြောင်းသင်္ဘောတွေကို သုံးပြီးပို့ပါတယ်။ အဲ့ဒါကိုသိတဲ့အမေရိကန်တွေက ရေကြောင်းမှာ လုံခြုံရေးတင်းကျပ်ပြီး လိုက်ပေမယ့် ဖမ်းလို့မမိပါဘူး။ မိရင်လည်းနည်းနည်းသာဖြစ်ပြီးတပီယာကိုတရားစွဲလို့မရပါဘူး။ အဲ့အတွက် ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးတွေက ဝင်ပြီးဖမ်းဆီးပေးတာကိုခပ်မိုက်မိုက်ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys  ကြည့်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)  File size…(13 GB)/(1.5 GB ) / (1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:26:45 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM,Ka Naung Translated ...
movie

Bad Boys II (2003) Bad Boys 2

2003
4K HEVC
Bad Boys (1995) 6.9
Bad Boys (1995) Bad Boys (1995) ================ IMDb Rating - 6.9/10လူတိုင်းရင်းနှီးပြီးသား မင်းသားတွေဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Action , Comedy , Crime ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားနှစ်ယောက် ဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့က မိုက်ခ်နဲ့ မားကပ်စ်ဆို တဲ့ မိုင်ယာမီမူးယစ်တိုက်ဖျက်ရေးမှုခင်းရဲတွေပါ။တစ်နေ့ သူတို့ ဌာနမှ ထိန်းသိမ်းထားတဲ့ ကိုကင်းတွေကို အဖောက်ခံလိုက် ရပါတယ်။ အဲ့လိုအဖောက်ခံလိုက်ရတော့ သူတို့ရဲ့ခေါင်းဆောင် ဟောင်း ဝဒ်က သူတို့ကို ကို ပြန်ရှာခိုင်းပါတယ်။ ဒီလိုနဲ့ မိုက်ခ်နဲ့ မားကပ်စ်က သူတို့ နဲ့အရင်က ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ ဆေးသမား ပြည့်တန်ဆာတွေနဲ့ပူးပေါင်း ပြီးတော့ သတင်းယူပြီး ဒီအမှုကိုလိုက်တာကနေ တစ်ကားလုံး သဘောကျ စရာကောင်းလောက်အောင်ကို သရုပ်ဆောင်ပြသွားတာပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys  ကြည့်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)  File ...
movie

Bad Boys (1995)

1995
4K HEVC
Bad Boys: Ride or Die (2024) 7.0
Bad Boys: Ride or Die (2024) ကောင်ဆိုးလေးများ ၂၀၂၄ ထွက်အသစ် လာပါပြီ။Bad Boys ထွက်ခဲ့တဲ့ ရုပ်ရှင်အားလုံးကိုလည်းchannel myanmar Web နဲ့ App မှာ ကြည့်နိုင်ပါပြီ။အစဉ်လိုက်ဆိုရင်1. Bad Boys 1995 2. Bad Boys II 2003 3. Bad Boys for life 2020 4. Bad Boys ride or die 2024Will Smith နဲ့ Martin Lawrence တို့ပဲ ပြန်ပါဝင်ထားပြီး၄ ကားမြောက်ဆိုပေမဲ့ ပေါမသွားဘဲ ပိုကောင်းလာအောင်ဖန်တီးထားတာ တွေ့ရမှာပါ။ ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ရဲ့ ကွယ်လွန်သွားတဲ့ ကပ္ပတိန်ဟောင်းဝဒ်နဲ့ပတ်သတ်တာပါပဲ။ကပ္ပတိန်ဟောင်းဝဒ်ကို မိုင်ယာမီရဲစခန်းကနေ မက္ကဆီကိုဒုစရိုက်ဂိုဏ်းတွေဆီက လာဘ်စားပြီး ပူးပေါင်းလုပ်နေတယ်လို့သက်သေအပြည့်အစုံနဲ့ ချောက်တွန်းလာပါတယ်။ဟောင်းဝဒ်ရဲ့ သိက္ခာကို ကာကွယ်ဖို့အတွက် လိုက်စုံစမ်းရင်းအကျင့်ပျက်ရဲတွေနဲ့ ဂိုဏ်းက မိုက်နဲ့မားကပ်တို့ကိုပါ နှုတ်ပိတ်ဖို့ချောက်တွန်းဖို့ ကြိုးစားလာပါတယ်။ရဲအချင်းချင်းပါ ယုံလို့မရတော့တာကြောင့် မိသားစုလူနည်းစုလေးနဲ့ မက္ကဆီကိုဂိုဏ်းနဲ့ ...
movie

Bad Boys: Ride or Die (2024)

4K HEVC
Find Me Falling (2024) 6.7
Find Me Falling (2024)  "Find Me Falling" ဟာ 2024 ခုနှစ်မှာ အသစ်ထွက်ရှိထားတဲ့အချစ်ဟာသဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Stelana Kliris ကရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ဟောလိဝုဒ်မင်းသားချောကြီး Harry Connick Jr. ကအမေရိကန်ရော့ခ်စတား John Allman အနေနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အမေရိကန်ရော့ခ်စတား John Allman ဟာ ဂီတလောကကနေခဏအနားယူပြီး ဆိုက်ပရပ်စ်နိုင်ငံရဲ့ အေးချမ်းတဲ့မြေထဲပင်လယ်ကျွန်းက ချောက်ကမ်းပါးအိမ်တလုံးမှာ တကိုယ်တည်းသွားနေခဲ့ပါတယ်။ဒါပေမဲ့ သူမသိခဲ့တာကတော့ သူ့အိမ်ရှိတဲ့ ချောက်ကမ်းပါးထိပ်ကနေလူတွေ တယောက်ပြီးတယောက် ခုန်ချပြီး အဆုံးစီရင်တဲ့နေရာဖြစ်နေတာပါ။ဒီကျွန်းပေါ်မှာ မထင်မှတ်ထားတဲ့ အဖြစ်မှန်ကိုကြုံတွေ့ရပြီးသူ့ရဲ့ရည်းစားဟောင်းဖြစ်တဲ့ ကျွန်းပေါ်က ဆရာဝန်မ Sia နဲ့ပြန်လည်ဆုံစည်းခဲ့ပါတယ်။သူတို့ကြားက ပြန်လည်နိုးထလာတဲ့ဆက်ဆံရေးဟာ ချစ်ခြင်းမေတ္တာ၊ကွဲကွာဆုံးရှုံးမှု၊ နောင်တတွေနဲ့ ရောယှက်ပြီး John ရဲ့ဘဝထဲကိုရိုက်ခတ်လာပါတော့တယ်။ဒီကားထဲမှာ တေးသီချင်းအေးအေးချိုချိုလေးတွေနဲ့အတူဟာသဇာတ်ကွက်တွေလည်း ပါဝင်နေသလို ပရိသတ်တွေကိုအံ့အားသင့်စေနိုင်တဲ့ အတွေးအခေါ်တွေကိုလည်း စောင့်မျှော်ကြည့်ရှုခံစားကြရမှာပါ။  File size… 1.44GB / 614MB Quality… NF WEB-DL 1080p 5.1CH / ...
movie

Find Me Falling (2024)

Gold Or Shit / G For Gap ( 2024 ) 6
Gold Or Shit / G For Gap ( 2024 ) "လောကကြီးက ငါ့အပေါ်မကောင်းဘူး" "ငါဟာလူရာမဝင်တဲ့သူ" "ငါ့ကို အားလုံးက အပြစ်မြင်နေကြတယ်" "ငါဘာကြောင့် အသက်ရှင်နေရတာလဲ" ဒီလိုမေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်ဆိုရင် Gold or Shit (2024) ကိုကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်..တရုတ်အနုပညာလောကရဲ့ နတ်ဘုရားလို့ဆိုနိုင်တဲ့ မင်းသား ဟူကယ်.. မင်းသမီး ထန်ယွမ်ယွမ်တို့ အဓိကပါဝင်ရိုက်ကူးထားတာကြောင့် သရုပ်ဆောင်ပိုင်းရော ရုပ်ရည်ပိုင်းလည်း စိတ်ပူစရာမလိုပါဘူးဇာတ်လမ်းအကျဉ်းလေးကိုပြောပြရမယ်ဆိုရင်.. ငယ်ငယ်တည်းက သူများနဲ့မတူ တစ်မူထူးခြားပြီး ထက်မြက်တဲ့ ဝူဒီဆိုတဲ့ အမျိုးသားတစ်ယောက်... မူလတန်း အလယ်တန်း အထက်တန်း တစ်လျှောက် ဆုတွေရပြီး ထူးချွန်ခဲ့တာကြောင့် အိပ်မက်တွေအကောင်အထည်ဖော်ဖို့ မြို့ကြီးကို တစ်ယောက်တည်း ထွက်ပြီး ကြိုးစားခဲ့ပေမယ့်...အသက် ၃၅ နှစ်ကျော်သွားချိန်မှာတော့ သူ့မွေးရပ်ဇာတိကို အရှုံးတွေပိုက်ပြီး ပြန်လာခဲ့တယ်... ဘယ်အလုပ်အတွေ့အကြုံမှ မရှိခဲ့တဲ့ သူ့အနေနဲ့ အတော်လေး အခက်တွေ့ခဲ့ရသလို... ဒီအချိန်မှာ လုပ်ငန်းအသီးသီးမှာ အဆင်ပြေနေတဲ့ ကျောင်းနေဖက်တွေကိုပါတွေ့တော့ ဝူဒီတစ်ယောက်ဘယ်လိုတွေဆက်ဖြစ်မလဲ...အရှုံးသမားကံကြမ္မာက လွတ်မြောက်နိုင်မလား... ကျောင်းနေဖက်တွေရဲ့ အကူအညီနဲ့ သူဘဝတစ်ကွေ့ချိုး ပြောင်းလဲသွားမှာလား... တစ်သျှူးလေးဆောင်ပြီး ဇာတ်ကားလေးကို ကြည့်လိုက်ကြပါတော့ Filesize : 753 MB / 458 MB Quality : WEB-DL 1080p , 720p Format : ...
movie

Gold Or Shit / G For Gap ( 2024 )

Vayassethrayayi Muppathi (2024) 6.7
Vayassethrayayi Muppathi (2024) Vayasethrayaayi Muppathiee ( 2024 ) သတို့သမီးရှာပုံတော်Imdb 8/10မင်းသား ပရာဆန့် မူရာလီ အဓီကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဟာသကားလေးကို အခုတစ်ခေါက်မှာ တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းအသက် ၃၀ အရွယ် ဘရီဂက်ရှ်ဟာ အခုချိန်ထိ လူပျိုကြီးဘဝနဲ့ တစ်ကိုယ်တည်းအားထုတ်နေရတဲ့သူ ဖြစ်တဲ့အလျောက် ပတ်ဝန်းကျင်ကြားမှာလည်း မျက်နှာငယ် ရွယ်တူအပေါင်းအသင်းတွေကြားမှာလည်း မျက်နှာငယ်ရရင်း နေထိုင်နေပါတယ်။ တကယ်တော့ သူဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အကျိုးဆောင်တစ်ယောက်ကို အကူအညီတောင်းပြီး လက်ထပ်ပွဲ ဖြစ်မြောက်နိုင်ဖို့ အားစိုက်ခဲ့ပေမဲ့ ကံဆိုးစွာနဲ့ အကြောင်းအမျိုးမျိုးကြောင့် တစ်ပွဲမှ မအောင်မြင်ခဲ့ပါဘူး ။ ဒါကြောင့် သူကိုယ်တိုင်လည်း ဒီလိုအခြေအနေနဲ့ ပတ်သက်လို့ အရမ်းကိုမှ စိတ်ဖိစီးနေခဲ့ရပြီး သူ့ရဲ့သတို့သမီးလောင်းလေးနဲ့ ဘယ်အချိန်မှများ တွေ့ရမလဲလို့ သောကရောက်နေရရှာပါတယ်ဒီကားထဲမှာဆိုရင်တော့ တကယ့်အပြင်လောကက အိန္ဒိယမှာလို အခြေခံလူတန်းစားတွေ အိမ်ထောင်တစ်ခုတည်ထောင်ရာမှာ ဘယ်လိုအခက်အခဲတွေရှိတတ်ပြီး သာမန်ပတ်ဝန်းကျင်နဲ့ မိသားစုအတွင်းမှာရော ဘယ်လိုအလွဲလေးတွေ အတင်းအဖျင်းတွေ ရှိတတ်ကြောင်းတို့ကို ပေါ့ပေါ့ပါးပါး ဟာသလေးလည်းနှောပြီး ဒရာမာဆန်ဆန် ရိုက်ကူးထားတာဖြစ်လို့ ပိတ်ရက်မှာ အပန်းဖြေတဲ့အနေနဲ့ ကြည့်လို့ရအောင် CM ကနေ တင်ဆက်ပေးလိုက်ပါတယ်ရှင်အညွှန်းနှင့်ဘာသာပြန်ကတော့ CM ...
movie

Vayassethrayayi Muppathi (2024)

2024
B4S – Before Sex (2024) 6.7
B4S – Before Sex (2024)  "Before Sex" ရုပ်ရှင်ကတော့ ဗီယက်နမ်လူငယ်အချစ်ဟာသဇာတ်လမ်းကောင်းတခုဖြစ်ပြီး ငယ်ရွယ်တဲ့စုံတွဲသုံးတွဲကြားက အချစ်၊ လိင်တပ်မက်မှုနဲ့ ဆက်ဆံရေးတည်ဆောက်မှုတွေရဲ့ ရှုပ်ထွေးနက်နဲမှုအကြောင်းကိုစူးစမ်းလေ့လာပြီး ထည့်သွင်းတင်ပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။အချစ်ကံခေတဲ့ လူငယ်လေးတွေရဲ့ ဘဝလမ်းကြောင်းတွေဟာမျှော်လင့်မထားတဲ့နည်းလမ်းတွေနဲ့ ဆုံစည်းဖို့ဖြစ်လာတဲ့အခါလူငယ်တွေကြားက ဆက်ဆံရေးမှာ ယုံကြည်မှုတည်ဆောက်မှုတွေဘဝရဲ့အားနည်းချက်တွေ၊ ရူးသွပ်မှုတွေနဲ့ မိမိကိုယ်ကိုရှာဖွေတွေ့ရှိမှုတွေအကြောင်း၊ အချစ်နဲ့ လိင်စိတ်ဆန္ဒတွေစတဲ့ လေးနက်မှုတွေအကြောင်းကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါးတင်ဆက်ထားတာကြောင့်မိုးအေးအေးနဲ့ကွေးပြီး အရသာခံကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ။  File size…1.52GB / 731MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

B4S – Before Sex (2024)

Hummus Full Trailer (2022)
Hummus Full Trailer (2022) အားလုံးပဲ မင်္ဂလာပါ ဒီတစ်ခါမှာတော့ အရင်ကကားတွေနဲ့မတူတဲ့ရသပေးနိုင်တဲ့ကားသစ်လေးတစ်ကားတင်ဆက်သွားမှာပါဒီကားလေးကို ဒါရိုက်တာ Adam Kobrovskyနဲ့ Nimrod Reshef ဒါရိုက်တာနှစ်ယောက်က ရိုက်ကူးထားတာပဲ ဖြစ်ပြီး IMDb 7ရရှိထားတဲ့ ကားကောင်းလေးတစ်ကားပါဒီကားက ဇာတ်လမ်းအကျဉ်းလေးကတော့ အစ္စရေးကိုခိုးဝင်တဲ့ နောက်တွဲယာဉ်သုံးတွဲမှားသွားတဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ ကိစ္စတွေကို ဟာသနှောတင်ပြထားတာပဲဖြစ်ပါတယ် မင်္ဂလာဆောင်တော့မဲ့ မာဖီးယားဂျူးလူမျိုးရယ် ဂေးစုံတွဲရယ် ဒုစရိုက်လောကဆရာမကြီးရှင်းရစ်ရယ် သုံးဖွဲ့သား အလွှဲတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲ ဒီယာဉ်သုံးတွဲမှာ ဘာပစ္စည်းတွေပါလာမှာလဲ ဘယ်လိုလူတွေနဲ့ တွေ့ကြံုရမလဲဆိုတာကို ဇာတ်အလှည့်အပြောင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရှုနိုင်မဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ဟာသအက်ရှင်ကားကြိုက်တဲ့ ပရိသတ်​ကြီးအတွက် ညွှန်းပေးလိုက်ပါတယ်နော်ဇာတ်လမ်းအကျဉ်းရေးသားသူ April Snow File size…(1 GB) Quality….Webrip  720p Format…mp4 Duration….01:32:00 Genre... Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by April Snow 
movie

Hummus Full Trailer (2022)

Love in the Afternoon (1972) 7.6
Love in the Afternoon (1972)  လူဆိုတစ်မျိုးတည်းကိုပဲ ထပ်ခါတလဲလဲမြင်နေရရင် ရိုးလာကြတာပါပဲ။ ဒီဇာတ်ကားမှာလဲ ဖရက်ဒရစ်ဆိုတဲ့ ပဲရစ်က အောင်မြင်နေတဲ့ ရှေ့နေ့တစ်ယောက်က ဟယ်လင်နာဆိုတဲ့ မိန်းမနဲ့ပျော်ပျော်ရွှင်ရွှင် ကလေးတွေယူပြီး လက်ထပ်ထားတာပါပဲ။ ဒါပေမဲ့ သူ့မှာတခြား အိမ်ကမိန်းမကိုရိုးပြီးတော့ တခြားမိန်းမတွေနဲ့ ဖောက်ပြန်ချင်တဲ့စိတ်ကူးယဉ် ဇာတ်လမ်းတွေရှိနေပါတယ်။တနေ့မှာ ကလိုဝီဆိုတဲ့ သူငယ်ချင်းဟောင်း တစ်ယောက်နဲ့ပြန်တွေ့ပြီးတော့ သူလိုချင်တဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်နေပါတယ်။ ကလိုဝီနဲ့ သူ့မိန်းမကြားမှာ ခံစားချက်လွန်ဆွဲရင်း ဖရက်ဒရစ် အနေနဲ့ ဘယ်ဘက်ကိုပါသွားမလဲ ဆိုတာကတော့ ဇာတ်လမ်းထဲမှာကြည့်လိုက်ပါခင်ဗျ File size…(1.8 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie

Love in the Afternoon (1972)