Channel Myanmar

Comedy

The Lion Roars ( 2002 ) 6
The Lion Roars ( 2002 ) Cecilia Cheung ၊ Louis Koo နဲ့ Fang Bingbing တို့ရဲ့ 2002 ခုနှစ်မှာထွက်ရှိခဲ့တဲ့ဟောင်ကောင် အချစ်ဟာသဇာတ်ကားလေးပြန်တင်ပေးလိုက်ပါတယ်။ စုန့်ခေတ်ကိုအခြေခံထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အစ်ကိုကြီးနဲ့နှစ်ယောက်ထဲကြီးပြင်းလာတဲ့ လျိုယွဲ့အော်က ကြမ်းတမ်းတဲ့အကျင့်စရိုက်ရှိတဲ့အတွက်ကြောင့် ကြင်ဖက်ရှာတဲ့နေရာမှာမအောင်မြင်နိုင်ဖြစ်နေခဲ့တယ်။တစ်နေ့မှာ နူးညံ့တဲ့စာပေသမားကဗျာဆရာတစ်ယောက်နဲ့တွေ့တော့ ချစ်မိသွားခဲ့တယ်။ နန်းတွင်းကဂုဏ်ပြုပွဲတစ်ညမှာ ဘုရင်ကြီးကသူတို့နှစ်ယောက်ကို လက်ဆက်ပေးလိုက်တဲ့အခါ အကျင့်စရိုက်ဆန့်ကျင်ဘက်ရှိတဲ့သူနှစ်ယောက်ဟာ အကြင်လင်မယားတွေဖြစ်သွားကြတယ်။ သူတို့ရဲ့အိမ်ထောင်ရေးဟာအဆင်ပြေပါ့မလား...... အဲဒီအချိန်မှာပဲ ယုန်မိစ္ဆာယောင်ဆောင်တဲ့ မင်းသမီးတစ်ယောက်က ကဗျာဆရာလေးကို အပိုင်ကြံချင်လာတော့ သူတို့ရဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာ ဘယ်လိုဖြစ်လာမလဲ..... Filesize : 1.7 GB / 1.05 GB Quality : WEB-DL 1080p , 720p Format : mkv Genres : Comedy , Romance Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Lion Roars ( 2002 )

Day Dreaming ( 2024 ) 5.9
Day Dreaming ( 2024 ) ဒီနေ့မှာတော့ CM ချစ်ပရိသတ်တို့ကို ကျူးထုံမူလတန်းကျောင်းသားလေးရဲ့ တစ်နေ့တာ စိတ်ကူးယဉ်အိပ်မက် ခရီးစဉ်ကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဖေဖေမေမေတို့အတွက် ကလေးကို ကျောင်းပြောင်းပေးတာ လွယ်ကူပေမယ်... ကျောင်းသစ်တစ်ခုကို ရောက်သွားတဲ့ ကလေးတစ်ယောက် ဘယ်လို ဒုက္ခတွေရင်ဆိုင်ရတယ် ဆိုတာလေးကို ဟာသနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ..ကလေးတစ်ယောက်က ဘာမှနားမလည်သေးပေမယ့်လည်း သူနားလည်တဲ့ပုံစံနဲ့ အရာအားလုံးကို အသစ်အဆန်းတွေကို ပုံဖော်ပုံလေးတွေလည်း စိတ်ဝင်စားဖို့ကောင်းသလို.. ကျောင်းသားချင်း ဆက်ဆံရေး၊ ကျောင်းသား ဆရာ ဆက်ဆံရေး၊ ဆရာချင်း ဆက်ဆံရေး၊ မိဘဆရာ ဆက်ဆံရေး အားလုံးကို နည်းနည်းချင်းစီ ပုံဖော်ပြထားတာလေးလည်း စိတ်ဝင်စားဖို့ကောင်းနေပြန်ရော...Baby's Day Out လိုမျိုးပဲ မူလတန်း တတိယနှစ်ကျောင်းသားလေးတစ်ယောက်ရဲ့ သူ့အမြင် သူ့အတွေး သူ့စိတ်ကူးကို ကလေးရှုထောင့်ကကြည့်ပြီး ရိုက်ကူးပြထားတာ အတော်လေး ပြောင်မြောက်တာမို့... ဖေဖေမေမေတို့ပဲဖြစ်ဖြစ် ဦးဦးဒေါ်ဒေါ်တို့ပဲဖြစ်ဖြစ် ဆရာဆရာမတို့ပဲဖြစ်ဖြစ် ကလေးတွေအကြောင်းနားလည်ချင်ရင် ကြည့်သင့်သလို... စိတ်ကူးစိတ်သန်း ကွန့်မြူးချင်ပါတယ်ဆိုရင်လည်း ဒီကားလေးကြည့်ပြီး သင်ယူနိုင်ပါလိမ့်မယ်...ဒီတစ်ကားလုံးရဲ့ အားနည်းချက်ကို ပြောရရင် ကြည့်လို့ မဝတာပဲ ဖြစ်လိမ့်မယ်... အတွဲ ၂ ဆက် ရှိမယ်ဆို ကြည့်ချင်ပါသေးတယ်လို့ ပြောရလောက်တဲ့ ဇာတ်ကားကောင်းလေးကို အားပေးကြပါဦးနော်... Filesize : 1.08 ...
movie

Day Dreaming ( 2024 )

The Dead and the Deadly ( 1981 ) 6
The Dead and the Deadly ( 1981 ) ဒါကတော့ ၁၉၈၂ခုနှစ်မှာ ထွက်ခဲ့တဲ့ ဟုန်ကျင်းပေါင် Sammo Hung ရဲ့သရဲဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဖိုးလေးနဲ့အတူကြီးပြင်းလာတဲ့ ကျူးဟုန်ယိဟာ အလုပ်လုပ်တဲ့နေရာမှာ ကပျက်ကချော်နိုင်ပေမယ့် သူငယ်ချင်းအပေါ်သစ္စာရှိတဲ့လူတစ်ယောက်ဖြစ်တယ်။အဖိုးလေးနဲ့အတူ ဈာပနာအခမ်းအနားသုံးစက္ကူရုပ်တွေလုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်းခဲ့တယ်။ မမွေးခင်ကတည်းကစေ့စပ်ထားတဲ့ အားယွင်ဆိုတဲ့ကောင်မလေးရှိပေမယ့် ကျူးဟုန်ယိကသူ့ကိုအလေးမထားခဲ့ဘူး။တစ်နေ့မှာတော့ ကျူးဟုန်ယိရဲ့သူငယ်ချင်းတစ်ယောက်ဟာ ထူးထူးဆန်းဆန်းသေသွားခဲ့တယ်။ သူငယ်ချင်းသေတာမသင်္ကာစရာဖြစ်နေတော့ ကျူးဟုန်ယိတစ်ယောက်အယောင်ဆောင်လိုက်လံစုံစမ်းခဲ့တယ်။ သူငယ်ချင်းရဲ့ဇနီးနဲ့ယောက်ဖဆိုတဲ့သူတွေကငွေလိုချင်လို့ကြံစည်နေတာဖြစ်ပြီးတော့ လောဘကြောင့် နောက်ဆုံးမှာသူငယ်ချင်းကိုသတ်လိုက်တာဖြစ်နေတယ်။ ဒီလိုနဲ့သူငယ်ချင်းရဲ့ဝိဉာဉ်ဟာ ကျူးဟုန်ယိက သူ့ကိုကူညီပြီးလက်စားမချေမချင်း လိုက်ကပ်ပြီးနှောက်ယှက်ပါတော့တယ်။ မတတ်သာတဲ့အဆုံးသူငယ်ချင်းကိုအစားလက်စားချေဖို့ လက်ခံလိုက်ပြီး ဘာတွေဆက်ပြီးအလွဲလွဲအချော်ချော်ဆက်ဖြစ်နေမလဲ...... Filesize : 1.64 GB / 813 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy , Fantasy , Horror Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Dead and the Deadly ( 1981 )

Vamps (2012) 5.3
Vamps (2012) Vamps (2012) IMDb: 5.3/10 Genre: Comdey, Horror, Romanceဒီတစ်ခါ CM ကနေ တင်ဆက်ပေးမှာကတော့ 2012 က ထွက်ခဲ့တဲ့ Vamps ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးက အချစ်ဟာသကားလေးဖြစ်ပြီးတော့ အကုန်လုံး ပေါ့ပေါ့ပါးပါး ခံစားနိုင်မှာပါ။၁၈၄၁ ခုနှစ်ထဲက သွေးစုပ်ဖုတ်ကောင် အပြောင်းခံရခဲ့ရတဲ့ ဂွတ်ဒီတစ်ယောက် လူသွေးကို မသောက်ဘဲ အသက်ရှင်လာခဲ့တာကြာပြီး နောက်မှ အပြောင်းခံရတဲ့ စတေစီနဲ့ သူငယ်ချင်းဖြစ်ကြတဲ့အခါ၊ စတေစီနဲ့ အတူ ညတွေကို ဖြတ်သန်းရင် အချိန်အကြာကြီး အသက်ရှင်နေတာကို ငြီးငွေ့လာတဲ့ ဂွတ်ဒီတစ်ယောက်နဲ့ လူသားတစ်ယောက်ကို ချစ်မိသွားတဲ့ စတေစီတို့ရဲ့ အကြောင်းကို ဟာသအဖြစ် ပေါ့ပေါ့ပါးပါး ကြည်ရှုခံစားနိုင်မှာပါ File size…    1.9 GB /  973 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Vamps (2012)

Chhota Bheem and the Curse of Damyaan (2024) 7.3
Chhota Bheem and the Curse of Damyaan (2024) Choota Bheem and the Curse of Damyaan(2024) "ချိုတာဘီးမ်နှင့် ဓမ္မရံကျိန်စာ" =========================================လူတိုင်း မကြည့်ဖူးရင်တောင် လူတိုင်းသိကြမယ့် အိန္ဒိယရဲ့ နာမည်အကြီးဆုံး Anime ချိုတာဘီးမ်ရဲ့ live action ထွက်ရှိလို့လာပါပြီ။Live action ဆိုပေမဲ့ Target audience က ကလေးတွေဖြစ်တာကြောင့် အထူးပြုလုပ်ချက်တွေ အရမ်းမကောင်းလှပေမဲ့ ဆက်တင် ဆင်ရိုက်ထားတဲ့နေရာတွေကတော့ ကာတွန်းကားထဲက ရှုခင်းတွေကို အပြင်မှာမြင်နေရသလိုမျိုးကို ခံစားရပါတယ်။ဇာတ်လမ်းကတော့... နှစ်ထောင်ချီပြီး အကျဉ်းတိုက်ထဲမှာပိတ်မိနေတဲ့ မိစ္ဆာအရှင်ကြီး ဒမ်ယန်ကို စစ်မှန်ပြီး ရိုးသားတဲ့လူစွမ်းကောင်းတစ်ယောက်ကပဲ အကျဉ်းတိုက်ထဲက ထုတ်ပေးနိုင်မယ်လို့ တဘောင်ထွက်လာတဲ့အတွက် ဒမ်ယန်ရဲ့ ငယ်ကျွန်တွေဖြစ်ကြတဲ့ မှော်ဆရာနဲ့ စုန်းမက သူတို့ရဲ့ မိစ္ဆာစစ်သည်တွေအကူအညီနဲ့ ချိုတာဘီးမ်ကို သိမ်းသွင်းဖို့ကြိုးစားပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ။ချိုတာဘီးမ်ဆိုတဲ့အတိုင်း ဘာကောင်ကြီးပဲလာလာ မုန့်ချိုစားပြီး ပြန်ဗျင်းတာတွေအပြင် တခြားဇာတ်ကောင်တွေဖြစ်တဲ့ ရာဂျူး၊ ချူကီ၊ ဂျာဂူး၊ ကာလီယာတို့အပြင် ဒိုလူ၊ ဘိုလူတို့လို ပုစိမွစိတွေကအစ ကာတွန်းနဲ့တူအောင် အနီးစပ်ဆုံးထည့်ထားပြီး ဇာတ်လမ်းကလည်း ကြည့်ပျော်တာမလို့ ၂ နာရီခွဲလောက် အချိန်ပိုနေပြီး နော်စတဲဂျားခံစားချက်လေးရချင်တယ်ဆိုရင် အပျင်းပြေကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Chhota Bheem and the Curse of Damyaan (2024)

2024
The Extraordinary Journey of the Fakir (2018) 7.2
The Extraordinary Journey of the Fakir (2018) The Extraordinary Journey of the Fakir (2018)IMDb Rating (6.8 )ဒီရုပ်ရှင်ကားကတော့ The Boys ထဲက Starlight အဖြစ် လူသိများတဲ့ မင်းသမီး Erin Moriarty နဲ့ အိန္ဒိယတောင်ပိုင်းမင်းသား Dhanush တို့ပါဝင်ထားတာကြောင့်ထူးခြားတဲ့ အတွဲအဖက်နဲ့ Adventure Comedy Drama ရုပ်ရှင်ကားဖြစ်ပါတယ်။အာဂျာအဖြစ် ဒနွတ်ရှ်ဟာ ငယ်စဉ်ကတည်းက ဆင်းရဲလို့ အမေဖြစ်သူရဲ့ လိုအင်နဲ့ ဆန့်ကျင်ဖက်အဖြစ်ခါးပိုက်နှိုက်တလှည့် မျက်လှည့်ဆရာတလှည့်ဘဝနဲ့  မွေးရပ်ဇာတိ အိန္ဒိယနိုင်ငံမှာပဲ အချိန်ကုန်ကြီးပြင်းခဲ့ရပါတယ်။ဒါပေမယ့်သူ့မှာ ပြင်သစ်ကိုသွားဖို့ အိမ်မက်တစ်ခုရှိပါတယ်...ဘာလို့လဲဆိုတော့ အဖေဖြစ်သူကို ရှာဖွေဖို့ပါ....ဒါကြောင့်မလို့ အမေဖြစ်သူဆုံးသွားတဲ့နောက်မှာတော့ သူ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ ပဲရစ်မြို့ကို ချီတက်လာခဲ့ပါတော့တယ်။ပဲရစ်က အီဖယ်တာဝါမှာ ချစ်စရာကောင်းတဲ့ Starlight မလေး မေရီနဲ့ တွေ့ဆုံပြီး မြင်မြင်ချင်းချစ်မိသွားခဲ့ပေမယ့်အိန္ဒိယနိုင်ငံသား တစ်ယောက် ကမ္ဘာတခွင်မှာ ဘယ်လိုတွေအလွဲလွဲအချော်ချော် ဖြစ်မလဲဆိုတာ....။ File size…(1.7 GB )/(1 ...
movie

The Extraordinary Journey of the Fakir (2018)

2018
The EGGsplosive Easter (2024) 7.2
The EGGsplosive Easter (2024)  မင်္ဂလာပါရုပ်ရှင်ချစ်သူတို့ရေ ၊ဒီနေ့မှာတော့Eggsplosive Easterဆိုနဲ့Ukrainရဲ့2024 ရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာကတော့ Ukrainစစ်ပွဲတွင်းမှာ Ivan Zabiyakaဆိုတဲ့ရထားလမ်းအလုပ်သမားအဘိုးအိုကြီးကဖောက်ခွဲမှုလုပ်လို့အဖမ်းခံလိုက်ရပါတယ်။Zabiakမိသားစုဟာတစ်ဦးနဲ့တစ်ဦးမတွေ့ကြတာကြာပါပြီ။ဖခင်ဖြစ်သူ Ivan အဖမ်းခံရပြီးနောက်နေ့မှာပဲသူ့ရဲ့သားသမီးတွေက အီစတာပွဲကျင်းပဖို့သူတို့အဖေဆီလာခဲ့ကြပါတယ်။အဲ့မှာပဲ သူတို့အဖေကိုအဖမ်းခံရတဲ့အဖြစ်ထပ်မဖြစ်စေဖို့Mikhailo Pulianskyiဆိုတဲ့မြေးဖြစ်သူကိုအဘိုးကိုလိုက်လံစောင့်ကြည့်ဖို့ခိုင်းလိုက်ပါတယ်။Ivanကရုရှားကိုကိုယ်တိုင်တိုက်ဖို့ဒုံးပျံဆောက်နေမှန်းသိတဲ့အခါမှာ မြေးအဖိုးပေါင်းဒုံးပျံဆောက်ဖို့ကြံကြပါတယ်။သူတို့လုပ်တဲ့အကြံအစည်အောင်မြင်ရဲ့လားဆိုတာကိုတော့ဇာတ်လမ်းလေးကြည့်ပြီးရှုစားပေးပါဦး။ File size…(1.7 GB)/(950 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Ye Htut
movie

The EGGsplosive Easter (2024)

Norm Of The North (2016) 3.4
Norm Of The North (2016) အခုတခါတော့ ပရိတ်သတ်ကြီးအတွက် Norm Of The North ဆိုတဲ့ ကာတွန်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ကျတော် သဘောကျတာက ကာတွန်းကားလေးက လူတွေကို မိမိတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ အသိပညာပေးကားလေးမို့ပါ နောက်ထပ်သဘောကျမိတာလေး တစ်ခုက ဇာတ်လမ်းထဲကစီးပွားရေးသောင်းကျန်းသူမစ္စတာ ဂရင်းနေရာမှာ သုံးထားတဲ့ ကာတွန်းပုံစံလေးပါ။ သုံးထားတဲ့ ပုံစံလေးကအခုလက်ရှိကမ္ဘာပေါ်မှာ စီးပွားရေး အသောင်းကျန်းဆုံး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဂရုမစိုက်ဆုံးတရုပ်ကို သရော်ထားတာကိုပါပဲ။ကဲ ဇာတ်လမ်း အကျဉ်းလေးကတော့ အာတိတ်ဒေသရဲ့ ဘုရင်လို့ခေါ်ကြတဲ့ ပိုလာဘဲတို့ရဲ့ ဒေသမှာမစ္စတာဂရင်းက ကွန်ဒိုတွေ ဆောက်ပြီးရောင်းချဖို့ကြံစီရာမှ Norm က နယူးယောက်ထိသွားရောက်ပြီးတားဆီးပုံလေးကို ရယ်မောဖွယ်ရာ ကာတွန်းဇာတ်ကော်ငလေးများဖြင့်ပုံဖော်ပြထားပြီးကာတွန်းဇာတ်လမ်းထဲမှာ Norm ရဲ့ ၀၀ဖိုင့်ဖိုင့် ချစ်စရာဖင်လှုပ်အကကိုလည်း ရှူစားကြပါအုံးလို့(ဘာသာပြန်ကတော့ ကိုမျိုးမင်းသူသန်းမြင့်ပါ) File size…    1.6 GB /  976 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Norm Of The North (2016)

Imagine Me & You (2005) 6.7
Imagine Me & You (2005) Imagine Me & You (2005)IMDb – 6.7/10 Genre - Comdey, Drama, RomanceGOT စီးရီးမှာ ဆာဆီ လန်နစ္စတာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lena Headey၊ Watchmen နဲ့ The Imitation Game မင်းသား Matthew Goode နဲ့ မင်းသမီး Piper Perabo တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသရုပ်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရေချယ်က သူနဲ့အချိန်ကြာတွဲနေတဲ့ ကောင်လေးဖြစ်သူ ဟက်တာနဲ့ လက်ထပ်တော့မှာပါ။ ဒါပေမဲ့ လက်ထပ်ပွဲနေ့မှာ ပန်းအလှဆင်ပေးတဲ့ လုစ်နဲ့ တွေ့မိသွားပြီးချစ်မိသွားခဲ့ပါတယ်။လက်ထပ်ပွဲပြီးနောက်မှာလည်း လုစ်ကို ညစာလာစားဖို့ခေါ်ရင်း သူ့ရဲ့ခံစားချက်တွေက စစ်မှန်မှန်း ပိုသိသာလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ယောင်္ကျားဖြစ်သူ ဟက်တာကိုလည်း မထားခဲ့နိုင် ၊ သူ့ရဲ့ခံစားချက်တွေကိုလည်း ဖုံးကွယ်ထားရင်းနဲ့ အိမ်ထောင်ရေးမပြေလည်မှုတွေလည်း ဖြစ်လာပြီးနောက်မှာတော့ ရေချယ်တစ်ယောက် သူ့ရဲ့နှလုံးသားနောက်ကို ...
movie

Imagine Me & You (2005)

Virgin Theory (2014)
Virgin Theory (2014) Virgin Theory (2014) ********************Main Cast များအနေနဲ့ Hwang Woo Seul Hye ၊ Kim Sa Hee နဲ့ The Graceful Family ကားထဲမှ မင်းသား Kim JIn Woo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်း --------------ဂွန်မာဟီး (Hwang Woo Seul Hye) က ရည်းစားတစ်ခါမှ မထားဘူးတဲ့ ၃၃ နှစ်အရွယ် အပျိုကြီးဖြစ်ပါတယ် သူနဲ့ ငယ်ငယ်လေးကတည်းက ခင်လာတဲ့ ဆန်းအူ (Kim JIn Woo) ကို ကြိတ်သဘောကျနေပေမဲ့ ရည်းစားထားဖူးတဲ့ အတွေ့အကြုံ တစ်ခါမှ မရှိတာမို့ အခက်တွေ့နေပါတယ်တစ်နေ့ မာဟီးရဲ့ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက် သူတို့အိမ်ကို ဆယ်‌ယောင်း (Kim Sa Hee ) ဆိုတဲ့ မိန်းကလေး ရောက်လာခဲ့ပါတယ် ဆယ်ယောင်းကတော့ nude ရုပ်ပုံတွေဆွဲတဲ့ ပန်းချီဆရာမပါ ရည်းစားထားတဲ့နေရာမှာ ဆရာမကြီးဖြစ်တဲ့ ဆယ်ယောင်းက ဆန်းအူကိုအပိုင်ရအောင် လုပ်ရမဲ့နည်းလမ်းတွေ ...
movie

Virgin Theory (2014)

Pixels (2015) 5.6
Pixels (2015) Pixels (2015)ဒီဇာတ်ကားလေးကတော့ ငယ်ငယ်က ထွက်ရှိခဲ့တဲ့ Video Game တွေကို ပြန်လည်အမှတ်ရစေမိတဲ့ ဇာတ်ကားလေးတခုဆိုလည်း မမှားပါဘူး ၊၁၉၈၀ ခုနှစ်ဝန်းကျင်က လူသားတွေရဲ့  Pixels Game တွေကို အခြေခံပြီး ဂြိုလ်သားတွေဟာ ကမ္ဘာမြေအပေါ် ကျုးကျော်လာပါတယ် ၊သာမန်လက်နက်တွေသာ ကိုင်ဆောင်ထားတဲ့ အမေရိကန် စစ်တပ်ဟာ ဂြိုလ်သားတွေကို မနိုင်တော့တဲ့အချိန်မှာ၁၉၈၀ ခုနှစ်က ဂိမ်းဆော့ရာမှာ အရမ်းကျွမ်းတဲ့ မင်းသားကြီး Adam Sandler ကို သူငယ်ချင်းဖြစ်သူ အမေရိကန် သမ္မတက ကူညီဖို့ ခေါ်ပါတော့တယ် ၊ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုရမယ့် ဟာသ အက်ရှင် ဇာတ်မြူးလေးဖြစ်ပြီးငယ်ငယ်က ဂိမ်းဇာတ်ကောင်တွေကို တဖန်ပြန်လည်ကြည့်ရှုရတဲ့အတွက် သဘောကျစရာရုပ်ရှင်ကားလေးပါပဲ။Review Crd File size…(2.1 GB )/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:45:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Pixels (2015)

Brother Bear 2 (2006) 6.1
Brother Bear 2 (2006) The Brother Bear 2 (2006)IMDb Rating - 6.1/10 Rotten Tomatoes - 50%နီတာက ရွာမှာ အက်ခ်ကာလို့ခေါ်တဲ့လူတစ်ယောက်နဲ့ မင်္ဂလာပွဲကျင်းပနေချိန်မှာ ရုတ်တရက် ရေခဲပြင်တွေ ကွဲအက်လာပါတယ်။ ဒါဟာ ဝိညာဉ်တော်တွေရဲ့နမိတ်ပဲလို့ ယူဆတဲ့ နီတာက ရွာနတ်ဆရာမဆီ သွားမေးတဲ့အခါ နီတာ့မှာ ချည်နှောင်ပြီးသားကြိုးရှိနေလို့ လက်ဆက်လို့မရကြောင်း သိခဲ့ရပါတယ်။ အဲဒါကတော့ တခြားမဟုတ်ဘဲ ကလေးဘဝတုန်းက ခင်ခဲ့ရတဲ့ သူငယ်ချင်း ခီနိုင်းပါပဲ။ ချည်နှောင်ပြီးသား ကံကြမ္မာကို ဖြတ်တောက်ဖို့အတွက်ဆိုရင် ခီနိုင်းပေးခဲ့ဖူးတဲ့ အဆောင်လေးကို လက်ခံရရှိခဲ့တဲ့နေရာဖြစ်တဲ့ ဟိုကာနီရေတံခွန်မှာ နှစ်ယောက်အတူတူ မီးရှို့ဖျက်စီးမှ ရမှာပါ။တစ်ဖက်မှာလည်း အကြောင်းတစ်ခုကြောင့် ဝက်ဝံအဖြစ် ပြောင်းသွားခဲ့တဲ့ခီနိုင်းက တောထဲမှာ ခိုဒါလို့ခေါ်တဲ့ဝက်ဝံပေါက်လေးနဲ့ ဘယ်ရီသီးတွေစားဖို့ ခရိုးဘယ်ရီတောင်ကြားကို ပျော်ပျော်ကြီးသွားနေပါတယ်။ နီတာတစ်ယောက် ခီနိုင်းကို တောထဲမှာ လိုက်ရှာရင်းတွေ့သွားတဲ့အခါ အကျိုးအကြောင်းပြောပြလိုက်ပါတယ်။ ခီနိုင်းတစ်ယောက် နီတာနဲ့အတူ ဟိုကာနီရေတံခွန်ကို လိုက်သွားတဲ့လမ်းမှာ ဘယ်လိုတွေကြုံတွေ့ရမလဲ... ...
movie

Brother Bear 2 (2006)

Deer Camp ‘86 (2022)
Deer Camp ‘86 (2022)  သရဲကား ကြည့်ရတာလည်း ကြိုက်တယ် ရယ်လည်းရယ်ရချင်တဲ့သူတွေအတွက် Horror , Comedy , Thriller အရသာ 3 မျိုးလုံးပေးနိုင်တဲ့ ဇာတ်ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။အချိန်က 1986ခု ၊ Detroit မြို့က ငယ်သူငယ်ချင်းတွေဖြစ်ကြတဲ့ ငတုံး ၆ ယောက် ၊ အမေရိကန်တွေ ရဲ့ ဆောင်းဦးရာသီရိုးရာတစ်ခုဖြစ်တဲ့ သမင်တွေကို အမဲလိုက်ဖို့ Michigan ကိုထွက်လာခဲ့ကြတယ်။ အမဲလိုက်ထွက်တဲ့ မုဆိုးတွေအနေနဲ့ လိုက်နာရမယ့်စည်းကမ်းတွေရှိတယ် ။အဲဒါတွေကတော့- တောထဲကအစောင့်အရှောက်တွေကို လေးစားရမယ် - သမင်အမဲလိုက်တဲ့ရာသီမှာဆိုရင် သမင်တွေကိုဘဲ သတ်ရမယ် - သမင်အထီးတွေကိုဘဲ သတ်ရမယ် အမတွေကို မပစ်ရဘူး - ကိုယ်လိုအပ်သလောက်သာ သတ်ဖြတ်ရမယ် စသဖြင့် အမဲလိုက်တဲ့ စည်းကမ်းတွေရှိတယ်။အဲဒီနယ်မှာက အရင်ကတည်းက နယ်ခံ အင်ဒီးယန်းလူမျိုး မိန်းကလေးတွေ အသတ်ခံရတာဘဲဖြစ်ဖြစ် ပျောက်ဆုံးသွားတာဘဲဖြစ်ဖြစ် ဖြစ်လာခဲ့ရင် နောက်ရက်အနည်းငယ်ကြာတဲ့အချိန်မှာ တောထဲမှာ အမဲလိုက်တဲ့မုဆိုးတွေ တနည်းမဟုတ် တနည်းဆိုးဆိုးရွားရွား ...
movie

Deer Camp ‘86 (2022)

Lobola Man (2024)
Lobola Man (2024)  မင်္ဂလာဆောင်တွေမှာ မိသားစုနှစ်စုပေါင်းဖက်ဖို့အတွက် တင်တောင်းငွေညှိနှိုင်းမှုအတွက် ထုံးတမ်းကို သူတို့အတွက် လိုဘိုလာညှိနှိုင်းမှုလို့ခေါ်ကြပါတယ်။ မင်္ဂလာမဆောင်ခင်မှာ လိုဘိုလာညှိနှိုင်းမှုက မဖြစ်မနေလုပ်ဆောင်ရတဲ့ ထုံးတမ်းတစ်ခုပေါ့။ ဒီလို ညှိနှိုင်းမှုမျိုးမှာ ညှိနှိုင်းတတ်တဲ့သူမရှိရင် အဆင်မပြေဖြစ်တတ်ပါတယ်။ ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက် လိုဘိုလိုညှိနှိုင်းသူအနေနဲ့ လုပ်ကိုင်နေတဲ့ အေ့စ်ငူဘီနီဆိုသူရှိပါတယ်။အေ့စ်ငူဘီနီဟာ ငယ်ငယ်လေးကတည်းက အချစ်ကို အယုံအကြည်မရှိခဲ့သူတစ်ဦးပါ။လိုဘိုလိုညှိုနှိုင်းသူအနေနဲ့လုပ်ဆောင်နေရင်း ဘားတစ်ခုမှာ ဇန်ဒီဆိုတဲ့ကောင်မလေးကိုမြင်ပြီးတော့ ကြွေသွားပါတော့တယ်။ ဖြစ်ချင်တော့ အဲဒီကောင်မလေးဟာ သူ့ရဲ့ ဖောက်သည်တစ်ဦးဖြစ်တဲ့ဒုခ်နဲ့ လက်ထပ်မဲ့သူဖြစ်နေတဲ့အခါမှာတော့ ......ပရော်ဖက်ရှင်နယ်ကျတဲ့ လိုဘိုလာညှိနှိုင်းသူတစ်ယောက်အနေနဲ့ ဒုခ်နဲ့ ဇန်ဒီကို ဘယ်လိုတွေ ညှိနှိုင်းမှုပြုလုပ်ပေးမလဲ .... သူတို့ကိစ္စတွေကရော အဆင်ပြေပါ့မလား ...... အေ့စ်အနေနဲ့ကရော ဇန်ဒီနဲ့ ဘယ်လိုတွေ ဖြစ်လာဦးမလဲ... ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသအချစ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ်) File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre... Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Lobola Man (2024)

Welcome to the Dollhouse (1995) 7.4

Welcome to the Dollhouse (1995)

Juanpis González: The People’s President (2024) 6.1
Juanpis González: The People’s President (2024)  ''နိုင်ငံရေးဆိုတာ ​ပြဿနာရှာခြင်းအနုပညာဖြစ်တယ်'' ''နေရာတိုင်းမှာ ပြဿနာရှာမယ် ရောဂါအမည်မှားတပ်ပြီး... တလွဲဆေးကုပေးသလိုပဲ ..တလွဲတွေဖြေရှင်းကြမယ်''ပြီးပြည့်စုံချမ်းသာတဲ့အသိုင်းအဝိုင်းမှာမွေး ဒုက္ခဆိုတာဘာလဲ နားတောင်မလည် သုံးဖြုန်းရမ်းကားပျက်စီးလာတဲ့ ဘဝင်ရူးဂျွန်ပစ်ဂွန်ဇားလက်တစ်ယောက်....ဘာနေနေကိုယ့်အတွက်အကျိူးရှိရင်ပြီးရော လက်ဖျားငွေသီးရင်ပြီးရောဆိုပြီး အာဏာရူးစိတ်ဓာတ်နဲ့ ​မဲကိုငွေနဲ့ဝယ်ပြီးတော့ ကိုလံဘီယာနိုင်ငံရဲ့သမ္မတဖြစ်လာ...တကယ်တမ်းကျ နိုင်ငံရေးဆိုတာသူထင်သလောက်မလွယ် ''နိုင်ငံရေးမှာကိုယ်ကျင့်သိက္ခာဆိုတာမရှိဘူး'' ခေါင်းကြီးပိုင်းလူတစ်စုကတင် အကွက်ရွှေ့ပြီးကစားနေတဲ့ပွဲ အတိုက်အခံတွေ လူထုမကျေနပ်ချက်တွေ အတို့အထောင်အထိုးအနှက်တွေနဲ့ တိုက်ဆိုင်မှုဆိုတာမရှိတဲ့နိုင်ငံရေး...အာဏာရဖို့အတွက်ဆို မိသားစုဝင်အချင်းချင်းတောင်ညှာတာမှုမရှိတဲ့နိုင်ငံရေး ဒါတွေနဲ့ရင်ဆိုင်ရတဲ့အခါ ဘဝင်ရူးဂျွန်ပက်ဘလိုတစ်ယောက်ဘယ်လိုတွေရင်ဆိုင်မလဲဆိုတာ.....ဒီဇာတ်ကားကလေ ခြစားနေတဲ့နိုင်ငံမှာ ငွေရှိချမ်းသာတဲ့အုပ်စုကအာဏာလုကြ,ဘယ်အပေါက်ကနေစားရမလဲ သူတို့အတွက် အကျိုးရှိမယ်ဆိုတစ်တိုင်းပြည်လုံးကို အားရပါးရချနင်းတတ်တဲ့စရိုက်တွေ မဲရအောင်ယူတုန်းက ပေးလိုက်တဲ့ရွှေရောင်ကတိတွေ ရွှေရောင်လွှမ်းလိုက်တဲ့နိုင်ငံ လက်တွေ့ကျကိုယ့်ဘက်ပဲကိုယ်ယက် ပြည်သူတွေရဲ့ဒုက္ခတွေဘာတစ်ခုမှမဖြေရှင်းတတ်တဲ့အသုံးမကျတဲ့အစိုးရနဲ့ တကိုယ်ကောင်းအာဏာရူးတွေလုပ်စားနေတဲ့ နိုင်ငံရေးကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြပြီး ကောင်းကောင်းသရော်ထားတဲ့ဇာတ်ကားဖြစ်လို့ ခံစားကြည့်ရှုလိုက်ကြပါအုံးလို့........ File size…(1.4 GB)/(730 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:31:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C ‌an dy
movie

Juanpis González: The People’s President (2024)