Channel Myanmar
Bollywood
Traffic (2016) မြန်မာစာတန်းထိုး 6.8
Traffic (2016) မြန်မာစာတန်းထိုး ဒီနှစ်မှထွက်တဲ့ ဘောလိဝုဒ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဒီကားထဲမှာတော့ ပရိတ်သတ်တွေသိလောက်တဲ့ တော်တော်ကြီးကို ရင်နှီးနေမယ့် မင်းသား မင်းသမီးတွေပါဝင်ထားပါတယ် ဒီကားက တကယ်တော့ ချင်းနိုင်မှာဖြစ်ပျက်ခဲ့တဲ့ အိန္ဒိယတစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ချားသွားစေခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါ ဇာတ်လမ်းအကျဉ်းကတော့ ရှင်းပါတယ် နာမည်ကြီးစူပါစတားတစ်ယောက်ရဲ့ သမီးလေး နှလုံးရောဂါဖြစ်လို့ ခွဲစိတ်ကုသရတော့မယ့် အချိန် နှလုံးအစားထိုးဖို့ရှာနေတဲ့အချိန် သူနဲ့ကိုက်တဲ့နှလုံးရလာတော့ အချိန်ကလည်းကပ်နေပြ ဘယ်လိုမှပို့ပေးလို့မရတဲ့အချိန်မှာ တစ်နာရီကို ၁၂၀ကီလိုနှုန်းနဲ့ ကမ္ဘာပေါ်မှာ အရှုပ်ဆုံးလမ်းတွေထဲတစ်ခုဖြစ်တဲ့ မွန်ဘိုင်းလမ်းတွေပေါ်မှာ မောင်းရဖို့ ကြုံလာတော့အခါ... ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဒီကားကပေးသွားတဲ့ အတွေးလှိုင်းဂယက်တွေကိုတော့ ချုပ်ထိန်းလို့မရစေရဘူးလို့ အာမခံနိုင်ပါတယ် တွေးစရာတွေ plot တွေ အများကြီးချန်သွားခဲ့တဲ့ ကားကောင်းတစ်ကားပါလို့... (ဇာတ်လမ်းအညွန်းကိုတော့ ရဲခန်.မင်းမှ ရေးပေးထားတာဖြစ်ပါတယ်)File size…(800MB) Quality…BR-Rip 720p Format…mp4 Duration….01:44:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike Zaw  
movie
Traffic (2016) မြန်မာစာတန်းထိုး
2016
Sultan (2016) မြန်မာစာတန်းထိုး ( Blu-ray Update) 7.4
Sultan (2016) မြန်မာစာတန်းထိုး ( Blu-ray Update)   နပန်းဆိုတာ အားကစားမဟုတ်ပါဘူး ရဲရင့်တဲ့ လူ၂ယောက်ကြားက တိုက်ပွဲ အဲ့တာ ကျွန်တော်ပြောတာ မဟုတ်ဘူးနော် စူလ်တန်က ပြောခဲ့တာ ကဲဗျာ ပရိတ်သတ်ကြီးအတွက် ၂၀၁၆ ထွက် မင်းသားကြီး ဆလမန်ခန်းရဲ့ ကားသစ်တကားကို ထပ်ပြီးတင်ပေးလိုက်ပါတယ် အလယ်အလတ်ပိုင်းအရွယ်ရှိတဲ့ နပန်းချန်ပီယံတစ်ယောက် Olympic မှာ India ကိုယ်စားပြုဝင်ပြိုင်ပြီး လက်ဝှေ့လောကကို ပြန်လာဖို့ ကြိုးပမ်းတဲ့အကြောင်းဖြစ်ပါတယ်။ တစ်ချိန်က ပြိုင်စံရှား အောင်မြင်ကျော်ကြားလှတဲ့ နပန်းသမားကြီး Sultan ခုတော့ အကြောင်းအမျိုးမျိုးကြောင့် အရှုံးသမားဖြစ်နေရာက ဆုံးရှုံးသွားသမျှကို ပြန်ယူဖို့အတွက် ကြိုးဝိုင်းအတွင်းကို ပြန်ဝင်ဖို့ဖြစ်လာပါတော့တယ်။ ဒီကားကို စသိမိတာကတော့ ထုံးစံအတိုင်း ရုပ်ရှင်ရုံမှာပြတဲ့ trailer ကြောင့်ပေါ့။ ပုံစံကမဆိုးဘူး၊ ရိုက်ချက်လေးတွေ မိုက်တယ်၊ တအားကြီးမကောင်းတောင် ထူးထူးခြားခြားနဲ့ အပန်းပြေနိုင်တယ် ကြည့်ဦးမှဆိုပြီးတော့ ဖြစ်ခဲ့တယ်ပေါ့ဗျ။ ဘယ်လိုကောင်းမယ် ဘာဖြစ်တယ်ညာဖြစ်တယ်မျိုး မှန်းထားတာမျိုးမရှိခဲ့ဘူး။ ဇာတ်လမ်းပိုင်းမှာ Sultan ဟာ Southpaw နဲ့ နည်းနည်းလေးသွားဆင်တယ်။ ဇာတ်ဝင်ခန်းတချို့ ပြောသွားတဲ့ ပေးသွားတဲ့ message တချို့အရ နောက်လာမဲ့ Amir Khan ရဲ့ ...
movie
Sultan (2016) မြန်မာစာတန်းထိုး ( Blu-ray Update)
2016
Baaghi (2016) မြန်မာစာတန်းထိုး 5.4
Baaghi (2016) မြန်မာစာတန်းထိုး ရထားတစ်စင်းပေါ်မှာကောင်မလေးတစ်ယောက်ဟာ တွဲကူးနေရာကနေမတ်တပ်ရပ်ရင်း ရွာနေတဲ့မိုးစက်လေးတွေကိုကြည့်ရင်း စကားတွေပြောနေခဲ့တယ် ဒီမြင်ကွင်းကိုသဘောကျလို့ လက်ပိုက်ကြည့်နေတဲ့ကောင်လေးတစ်ယောက်ရှိတယ် သူကတော့ ခပ်ဆိုးဆိုး ခပ်ပေပေ ဘဝကိုဦးတည်ချက်မရှိဖြတ်သန်းနေတဲ့လူငယ်တစ်ယောက် ဆိုးသွမ်းလွန်းတော့ သူ့အဖေက သူငယ်ချင်းသိုင်းဆရာတစ်ယောက်ဆီကိုလွှတ်ရင်း စာလေးတစ်ရေးပြီးအကူအညီတောင်းခဲ့တယ် သူ့သားဘဝကိုတည့်မတ်ပေးပါပေါ့ သိုင်းသင်တန်းကျောင်းမှာအောက်ခြေသိမ်းလုပ်ရင်း မိုးစက်တွေကိုချစ်တတ်တဲ့ကောင်မလေးကိုထပ်တွေ့ခဲ့တယ် တိုက်တိုက်ဆိုင်ဆိုင် သိုင်းဆရာကြီးမှာ သားတစ်ယောက်ရှိတယ် ဗီဇဆိုးတွေကိန်းအောင်နေတဲ့သိုင်းဆရာကြီးရဲ့သားဟာ အဲ့ဒီကောင်မလေးကို ချစ်ခဲ့တယ် ငွေ အာဏာ အရည်အချင်းတွေမယှဉ်နိုင်လွန်းပေမဲ့ ကောင်မလေးက ရထားတွဲပေါ်က အညတရ ကောင်လေးကိုပဲပြန်ချစ်ခဲ့တယ် သိုင်းဆရာကြီးခိုင်းတဲ့ အောက်ခြေသိမ်းအလုပ်တွေဟာ တကယ်တော့ သိုင်းကျင့်စဉ်တစ်မျိုးဖြစ်တာကိုကောင်လေးသိသွားခဲ့ရတယ် ဒီလိုနဲ့ဆရာကိုလေးစားရင်း သိုင်းပညာတွေလည်း ဆက်သင်ရင်း ကောင်မလေးနဲ့ ဘဝတစ်ခုဖြတ်သမ်းမယ်လို့ ဦးတည်ချက်တွေ ရည်ရွယ်ချက်တွေရှိလာခဲ့တယ် သိုင်းဆရာကြီးရဲ့သားဟာ အချစ်ကို နှလုံးသားနဲ့အနိုင်ယူလို့မရမှန်းသိတော့ အာဏာ ငွေကြေးနဲ့သိမ်းပိုက်ဖို့ ကြိုးစားရင် နောက်ဆုံးပြန်ပေးဆွဲ မလုပ်သင့်တာတွေကိုလုပ်တဲ့အထိဖြစ်လာတယ် ဒီကားအကြောင်းကိုဆက်ပြောရရင် အိန္ဒိယအက်ရှင်ကားတွေထဲကတမူကွဲထွက်လာတဲ့ကားလို့ဆိုချင်ပါတယ် လက်နဲ့ရွယ်လိုက်ရုံနဲ့ ၆ပေလောက်လွင့်သွားတဲ့ ကားမျိုးမဟုတ်ပါဘူး အိန္ဒိယသိုင်းကား ဒါရိုက်တာ ဆတ်ဘာခမ်က သိုင်းကွက်တွေ ခြေအနှုတ်အသိမ်း အကန်ခံရတာတွေ အားလုံးကိုအနုစိတ်ရိုက်ကူးထားတယ် သိုင်းသမားဟန် လှုပ်ရှားကွက်တွေ defenceအကွက်တွေအတော်လေးကို လှပါတယ် မင်းသား Tiger Shroffက ပင်ပန်းကြမ်းတမ်းစွာ သရုပ်ဆောင်ခဲ့တယ် ...
movie
Baaghi (2016) မြန်မာစာတန်းထိုး
2016
Sarbjit (2016) 7.5
Sarbjit (2016) မိန်းမဖြစ်သူနဲ့ စိတ်ကောက်ရာမှ သူငယ်ချင်းဖြစ်သူ အဆွယ်ကောင်းမှုကြောင့် အိန္ဒိယ- ပါကစ္စတန် နယ်စပ်မျဥ်းအနီး ညအချိန် အရက်မူးပြီး ပါကစ္စတန် နယ်စပ်မျဉ်းကိုဖြတ်ကျော် မိတဲ့လူငယ်လေးတယောက် အကျဥ်းထောင်အတွင်းမှာ မတရားစွပ်စွဲခံရမှုတွေနဲ့ ငယ်ရွယ်မှုတွေကို တိုက်စားခံလိုက်ရသောအခါမှာ ညီမဖြစ်သူရဲ့ ကြိုးစားမှုကြောင့် လွတ်မြောက်ခွင့်ရလာမလား မိသားစုနဲ့ကော ပြန်လည် စုံတွေ့နိုင်ပါအုံးမလား ဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှူလိုက်ပါအုံးဗျာ မိုးလေးက အေးအေးနဲ့ ကုလားကားလေးဖွင့်ပြီး Jasmin Tea လေးနဲ့ နပ်လိုက်ရရင်ကတော့ ဘာမှမလိုအပ်တော့ဘူးလို့ထင်ပါတယ်ဗျာ ဖြစ်ရပ်မှန်ပေါ် အခြေခံပြီးရိုက်ထားတာကြောင့် ပရိတ်သတ်ကြီးအနေနဲ့ကတော့ လက်လွှတ်မခံသင့်တဲ့ ကားတကားပါပဲ
movie
Sarbjit (2016)
2016
1920: London (2016) မြန်မာစာတန်းထိုး
1920: London (2016) မြန်မာစာတန်းထိုး
Neerja (2016) 7.7
Neerja (2016) ၁၉၈၆ခုနှစ် စက်တင်ဘာလမှာတော့အိန္ဒိယရဲ့ သတင်းခေါင်းကြီးပိုင်းအဖြစ်ပါလာခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့တယ် ပန်အန်လေကြောင်းလိုင်း ၇၃ကိုအကြမ်းဖက်သမားတစ်စုကပြန်ပေးဆွဲခဲ့တဲ့အမှုဖြစ်ပါတယ် ကြိုတင်စီမံမှုတွေနဲ့အတူအစွန်းရောက်အဖွဲ့ရဲ့ ပြန်ပေးဆွဲမှုဟာ တကယ့်ကို ထိတ်လန့်စရာပါသေနတ်တရမ်းရမ်း လက်ပစ်ဗုံး တကားကား နဲ့အကြမ်းဖက်သမားတွေကြားမှာ တန်ဆာခံခရီးသည် ၃၇၉ရဲ့အသက်ဟာ လက်ဖြောက်တစ်ချက်အတွင်း အသက်ပျောက်သွားနိုင်ပါတယ် ဒီလိုအခြေအနေမျိုးမှာ နီဂျာလို့ခေါ်တဲ့လေယာဉ်မယ်လေးကြောင့် တန်ဆာခံအသေအပျောက်နည်းပါးစွာ လွတ်မြောက်ခဲ့ပါတယ် သူရဲကောင်းဆိုတဲ့ ဝေါဟာရနဲ့ထိုက်တန်တဲ့သူကို ကျနော်တို့တွေ့ရခဲပါတယ် မထင်မရှား အားနွဲ့တဲ့ လေယာဉ်မယ်လေးကတော့ သူရဲကောင်းဆိုတဲ့ဘွဲ့နဲ့ထိုက်တန်ခဲ့ပါတယ် ခရီးသည်တွေရဲ့အသက်ကိုဦးစားပေးပြီး အစွန်းရောက်အကြမ်းဖက်သမားတွေကြားမှာ မျက်ရည်တွေကို ထိန်းချုပ်ရင်း ကိုင်တွယ်သွားတဲ့ပုံကတော့အရမ်းကို အံသြစရာပါတကယ်တော့နီဂျာကခရီးသည်တွေရဲ့အသက် ကိုတင် ကယ်တင်ခဲ့တာမဟုတ်ပါဘူး နိုင်ငံရဲ့အုပ်ချုပ်မှုယန္တရားကိုပါကယ်တင်နိုင်ခဲ့တာပါ ဒီကားထဲမှာချီးကျူးရမှာ မင်းသမီးချော Sonam Kapoor အပြင်သူမရဲ့အမေအဖြစ်သရုပ်ဆောင်တဲ့ Shabana Aamiကိုပါ သမီးးအတွက် ဗျာများနေတဲ့အမေတစ်ယောက်အဖြစ်ရုပ်လုံးပေါ်တဲ့အပြင် တုန်ယင်နေတဲ့အသံတွေနဲ့ပြောစကားတွေကလွမ်းမောဖွယ် ဂန္တ၀င်တေး သွားတစ်ခုလိုရင်ထဲရိုက်ခတ်နိုင်စွမ်းရှိလို့ပါဒီဇာတ်ကားကြည့်နေရင်း အသက်ရှင်ဖို့အဓိကအစိတ်အပိုင်းဖြစ်တဲ့ လေထဲကအောက်ဆီဂျင်ကိုရှုနေရပါ့လားဆိုတဲ့အသိပါပျောက်သွားပါလိမ့်မယ်ငုတ်တုတ်မေ့သွားတယ်ဆိုတာ ကြီးကိုလည်း ခင်ဗျားကိုယ်တိုင်ကြုံဖူးသွားလိမ့်မယ် ပရိတ်သတ်ကြီးကို ပြောချင်တာက ရင်ထဲဘာမှမခံစားခဲ့ရဘူးလို့ဆိုခဲ့ရင် သေချာတယ် ခင်ဗျားနှလုံးသားက ကျောက်တုံးတွေနဲ့ဖွဲ့ဆည်းထားတာပါလို့ ကဲ IMDB 8.0 ရပြီဆိုကထဲက ထပ်မညွှန်းတော့ပါဘူး ခံစားကြည့်လိုက်ပါဦးဗျာ............File Size         : 870 MB Quality           : Blu ray 720P Running Time : 2hr ...
movie
Neerja (2016)
Oh My God 2: Dharam Sankhat Mein (2015) 6.3
Oh My God 2: Dharam Sankhat Mein (2015) Oh My God 2: Dharam Sankhat Mein (2015) IMDb - 6.3/10_____Rotten - 29%   ဒီဇာတ်ကားလေးကတော့ IMDB-6.3 ရှိထားပြီး မိသားစုကြား ချစ်ခြင်းမေတ္တာနဲ့ ဘာသာတရားတို့၏ စစ်မှန်သည့်ငြိမ်းချမ်းရေးအကြောင်း ညွန်းဆိုထားသည့်ဇာတ်ကားကောင်းလေးပါ။ Oh My God 2 အဖြစ်လည်း ခေါ်ဝေါ်ကြပါသေးသည်။ဇာတ်လမ်းအကျဉ်း မစ္စတာဒရမ်ပါးလ် ဟာ ဘာသာမဲ့တစ်ဦးဖြစ်ပြီး အစ္စလာမ် ဘာသာကို မျက်မုန်းကျိုးနေခဲ့သူတစ်ဦး ဖြစ်နေခဲ့ပါတယ်။သို့သော် သူရဲ့မိသားစုဝင်တွေကတော့ နီးလ်ဘာသာကို လေးနက်သက်ဝင်ခဲ့သူတွေ ဖြစ်နေကြပါတယ်။ တစ်နေ့မှာတော့ ဒရမ်ပါးလ် ရဲ့သား အာမစ်ကတော့ ရှရပ်ဆိုသည့် မိန်းကလေးနှင့် စေ့စပ်ပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ရှရပ်တို့ဘက်မှ ဒရမ်ပါးလ်ကို ဘာသာရေးကိုင်းရှိုင်းသော ဖခင်ကောင်းအဖြစ် တွေ့မြင်လာစေရန်ပါ တောင်းဆိုခဲ့ပြန်ပါသည်။ မမျှော်လင့်တဲ့တစ်ရက်မှာတော့ ဒရမ်ပါးလ်ဟာ မွေးစားအမေရဲ့ စာချုပ်လေးကို တွေ့ရှိခဲ့ပြီး သူကိုယ်တိုင်ပင် အစ္စလာမ်မျိုးရိုးဖြစ်နေကြောင်း သိရှိခဲ့ရသည်။ သူ၏ ...
movie
Oh My God 2: Dharam Sankhat Mein (2015)
2015
Pyaar Ka Punchnama 2 (2015) 7.2
movie
2015
Aashiqui 2 (2013) 7.0
movie
Aashiqui 2 (2013)
2013
Brothers(2015)(မြန်မာစာတန်းထိုး)
Brothers(2015)(မြန်မာစာတန်းထိုး)                ၂၀၁၅ ရဲ့ကားကောင်းတွေထဲက တစ်ကားပါ. IMDb 6.8 ရထားပါတယ်။ အမေကိုသတ်မှုနဲ့ထောင်ထဲဝင်သွားတဲ့ အဖေကို မုန်းတီးနေတဲ့ အလတ်တန်းစားတိုက်ခိုက်ရေးသမားဟောင်း ကျောင်းဆရာအစ်ကိုကြီးဟာ သူ့မိသားစုအတွက်မဖြစ်မနေငွေရှာရတော့မယ့်အခြေအနေမှာ ဘယ်လိုမှ နိုင်ဖို့ မျှော်လင့်ချက်မရှိတဲ့ ကြီးကျယ်တဲ့ တိုက်ခိုက်ရေးပြိုင်ပွဲကြီးကို ၀င်ပြိုင်ပါတော့တယ်။ တချိန်တည်းမှာပဲ ထောင်ကလွတ်လာတဲ့အဖေရဲ့ အကူအညီနဲ့ အဖေတူအမေကွဲ ညီငယ်လေးကပါ ပြိုင်ပွဲထဲမှာ ပါဝင်လာတဲ့အခါ....... တကယ်ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေကြားထဲမှာ မေတ္တာတရားကို ပီပြင်အောင်ရိုက်ပြထားတာကိုတော့ တကယ်ချီးကျူးးမိပါတယ်ဗျာ။Quality           : Blu ray 720P Running Time : 2hr 36 minutes Format           : Mp4 Genre             : Drama,Thriller Encoder         : Littleneo
movie
Brothers(2015)(မြန်မာစာတန်းထိုး)
Haunted (2011) 6.2
Haunted (2011) Haunted (2011) IMDb - 6.2/10_____Rotten - 74%   ကျွန်တော်ရဲ့ ပထမဆုံး 3D effect Movies စကြည့်ဖူးတာက တော့ ဒီရုပ်ရှင်ကားလေးပဲပေါ့ဗျာ2011 မှာထွက်ရှိခဲ့တဲ့ Bollywood Horror Movie တစ်ကားပါ။ဒီဇာတ်လမ်းကတော့ အရမ်းကို ထိပ်လန့် ကြောက်မက်ဖွယ်ကောင်းတဲ့ အိမ်ကြီးတစ်အိမ်မှာ ကြောက်လန့်စွာအော်နေတဲ့ အော်သံတွေနဲ့ အစပြိုးထားပေမယ့် တကယ့်ကို ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လို့ ဆိုရမှာပေါ့။ ဇာတ်အိမ်မှာ တော့ ဇာတ်ဆောင်တွေ များများစားစား မပါဝင်ပဲ ပျင်းစရာမေကာင်းအောင် ရသမျိုးစုံ နဲ့ စိတ်လှုပ်ရှားဖွယ်တင်ဆက်ထားပါတယ်။ မင်းသမီး ကို မင်းသားရဲ့ စိတ်လှုပ်ရှားဖွယ် ကယ်ဆယ်မှုတွေကို မရိုးအီအောင် မြင်ရပြီး အချစ်အတွက် စွန့်လွှတ်အနစ်အနာခံမှုတွေကိုလဲ ရသမြောက်စွာခံစားရပါလိမ့်မယ်။ ကျွန်တော့် ရဲ့ ပထမဦးဆုံး 3D Feeling ခံစားခဲ့ရတဲ့ ဇာတ်ကားကို ကျွန်တော့် အမေ သွားပြမိလို့ 3D TV ဝယ်ခိုင်းထားတဲ့ ...
movie
Haunted (2011)
2011