Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bollywood
6.4
Dhoom 2 (2006)
မကြည့်ဖူးတဲ့သူမရှိလောက်အောင်နာမည်ကြီးခဲ့တဲ့ဘောလိဝုဒ်ဇာတ်ကားတစ်ကားပါ။လက်ပွားမင်းသားရဲ့အကောင်းဆုံးဇာတ်ကားတစ်ကားလို့လည်းပြောလို့ရပါတယ်။ဒီဇာတ်ကားထဲမှာတော့ လက်ပွားမင်းသားဟာ Professional သူခိုးတစ်ယောက်ရဲ့ကာရိုက်တာကိုပီပြင်စွာသရုပ်ဆောင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Dhoomကားရဲ့အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ACP Jay Dixit နဲ့ Ali တို့ရဲ့နေရာကို Abishek Bachan နဲ့ Uday chopraတို့ကသရုပ်ဆောင်ထားပါတယ်။မယ်ကမ္ဘာဆုရထားတဲ့မင်းသမီးချော Aishwarya Rai ကလည်း နှစ်ဖက်ချွန်တစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးကို ထိန်းသွားတာကတော့ လက်ပွားမင်းသား Hrithik Roshanပါပဲ။ Aryanရဲ့ဇာတ်ကောင်နေရာကနေ ရုပ်ပြောင်းရုပ်လွှဲတွေကိုတစ်ဝကြီးကြည့်ရှုခံစားရမှာပါ။အယောက်၁၀၀မှာ၉၀လောက်ကြည့်ပြီးသားဖြစ်တဲ့ဇာတ်ကားလေးမို့ review ကိုအတိုချုံ့ပဲရေးပေးလိုက်ပါတယ် File size…(1.4GB) Quality…BR-Ray 720p Format…mp4 Duration….02:32:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike Zaw
movie
Dhoom 2 (2006)
2006
7.3
D Day (2013)
ကဲ ဒီတစ်ခါတော့ ခရစ္စမတ်ပိတ်ရက်အတွက် ခပ်ကြမ်းကြမ်းဘောလိဝုဒ် ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကဘောလိဝုဒ်ကားကြိုက် ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့နာမည်ကြီးမင်းသားမင်းသမီးတွေဆိုတော့ဇာတ်လမ်းကိုကောင်းမကောင်းတော့ မညွန်းတော့ပါဘူးဇာတ်လမ်း အကျဉ်းလေးကတော့Wali Khan ဟာ ပါကစ္စတန်ကို အိန္ဒိယ အလိုအရှိဆုံးလူဆိုးကြီးကိုဖမ်းဆီးဖို့ အတွက် အဖွဲ့နှင့်ဆက်သွယ်ဖို့စေလွတ်ခြင်းခံခဲ့ရပါတယ်ပါကစ္စတန်မှာက စောင့်နေတဲ့ အဖွဲ့မှာက တော့ ဒိတ်ဒိတ်ကြဲ လူဆိုးတွေပဲဖြစ်ပြီးဒီ ဒိတ်ဒိတ်ကြဲ လူဆိုးအဖွဲ့နဲ့ Wali Khan တယောက် ဘယ်လိုတွေများ ၂ပါးသွားကြမလဲဂန္ဒဝင်လူဆိုးကြီးကိုကောဖမ်းဆီးနိုင်ပါ့မလားဆိုတာတွေကိုတော့ကဲ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ဗျာ
movie
D Day (2013)
2013
5.8
JazBaa (2015)
IMDb Rating 5.8 ရရှိထား ပြီး အက်ရှင်ဇာတ်ကြမ်းကြိုက် ဘောလိဝုဒ် ပရိတ်သတ်တွေအတွက် အကြိုက်တွေ့မယ် ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် အလုပ်ကိုမက်တဲ့ မိဘ သားသမီးကို ဂရုမစိုက်နိုင်တဲ့ မိဘနဲ့ သား သမီးကြားက ပဋိပက္ခနဲ့ သူငယ်ချင်းအပေါ် သစ္စာမရှိတဲ့ အပေါင်းအသင်း အကြောင်းကို ရိုက်ကူးပြထားတာပါ ဇာတ်လမ်း အကျင်းလေးကတော့ Anuradha Verma ဟာ နာမည်ကြီး ရှေ့နေတယောက်ဖြစ်ပြီး သူနဲ့ သူ့မိန်းမဟာ သမီးဖြစ်သူ Sanaya ကို ဂရုစိုက်နိုင်ခြင်းမရှိပါဘူး ဒီလိုနဲ့ တစ်နေ့ ကျောင်းက မိဘကျောင်းသား တွေ့ဆုံပွဲမှာ Sanaya တယောက်ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်လက်ဖြစ်ပျက်ကြမလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက် ရှူစားလိုက်ပါတော့ဗျာ
movie
JazBaa (2015)
2015
5.4
Krrish 3 (2013)
IMDb (5.4/10)….Rotten Tomatoes(83%)အိန္ဒိယ သိပ္ပံနဲ့ စွန့်စား မှု တွေပါ ၀င်တဲ့ super hero ဇာတ်ကား တစ်ကား ဖြစ်တဲ့ Krrish 3 ဟာ အောက်တိုဘာ ၃၁ ရက်နေ့က ထွက်ရှိခဲ့ပါ ပြီ။ အနောက်တိုင်း animated ရုပ်ရှင်ကား တွေကို ယှဉ်နိုင်တဲ့ Bollywood ရုပ်ရှင် တွေရဲ့ အဆင့်အတန်းကို ဖော်ပြ နိုင်တဲ့ super hero ဇာတ်ကား တစ်ကား ဖြစ်ပါ တယ်။ အရင် ဇာတ်ကားတွေ ဖြစ်တဲ့ Koi....Mil Gaya (2003) အဓိပ္ပါယ် ကတော့ I...found someone နဲ့ သူ့ရဲ့ နောက်ဆက် တွဲ Krrish (2006) တို့ဟာလည်း အောင်မြင်ခဲ့ တဲ့ဇာတ်ကားတွေဖြစ်ပါတယ်။ ပထမ ဇာတ်ကား မှာ တော့ အိန္ဒိယ နိုင်ငံ Kasauli ...
movie
Krrish 3 (2013)
2013
6.3
Krrish (2006)
IMDb (6.3/10)….Rotten Tomatoes(100%)မင်းသား Hrithik Roshan ရဲ့နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကား Koi….Mil Gaya (2003) ရဲ့အဆက်ဇာတ်ကားဖြစ်ပါတယ်။Rohit နောက်သူ့ သား Krrishna (ကရစ်ရှ်နာ) ရဲ့ အကြောင်း ကတော့ လုံးဝ လူစွမ်းကောင်း ဇာတ်ရုပ် အဖြစ်ကူး ပြောင်းသွားပါတယ်။ Krrish ဇာတ်ကား ထဲမှာတော့ Krrishna တစ်ယောက် ဟာ အဖေ ရော အမေရော မရှိ တော့ဘဲ အဖွားဖြစ်သူ Sonia (ဆိုနီယား) နဲ့ အိန္ဒိယ မြောက်ပိုင်းက တောင်ပေါ်ရွာ လေးတစ်ရွာမှာ ဇာတ်မြှုပ်နေနေရာကစပါတယ်။ Sonia က သား ဖြစ်သူ ရဲ့ သဘာဝလွန် စွမ်းအား တွေကြောင့် သားရော ချွေးမပါ ဆုံးရှုံးခဲ့ရတဲ့အတွက် အဖေ့အမွေ ရထားတဲ့ မြေးလေး Krrishna ကို အစွမ်းတွေ ထုတ်မသုံးဖို့ တားခဲ့ရာက Krrishna က ...
movie
Krrish (2006)
2006
7.1
Koi… Mil Gaya (2003)
IMDb (7.1/10)....Rotten Tomatoes(75%)မင်းသား Hrithik Roshan ရဲ့နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။Koi....Mil Gaya (2003)အဓိပ္ပါယ် ကတော့ I...found someone ဖြစ်ပါတယ်။ဒီဇာတ်ကား မှာ တော့ အိန္ဒိယ နိုင်ငံ Kasauli မြို့လေးမှာ Rohit (ရိုဟစ်) ဆိုတဲ့ ဥာဏ်ရည် မမီတဲ့ ကလေးစိတ်မပျောက်သေးတဲ့ ကောင်လေးတစ်ယောက် နဲ့ သူ့ဖခင် Dr.Sanjay Mehra တီထွင်ထားတဲ့ computer က အာကသ ထဲကိုလွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေ ကြောင့် ရောက်လာတဲ့ ဂြိုလ်သား လေး jadoo (ဂျာဒူး) တို့ ရဲ့အကြောင်းပါ ။ နောက်ပိုင်းတွေ မှာ jadoo ရဲ့ အကူအညီနဲ့ သူချစ်နေတဲ့ ကောင်မလေး Nisha (နီရှာ) ကို ကြိုးစားပုံ တွေ jadoo ရဲ့ စွမ်းအားတွေ လက်ခံ အပြီး ...
movie
Koi… Mil Gaya (2003)
2003
8.6
Angrej (2015)
IMDb rating 8.6 ရရှိထားပြီး ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ အချစ် နဲ့ ဘ၀ အခြေအနေ ဇာတ်ကြောင်းလွန်ဆွဲကြပုံကို ရိုက်ပြထားပြီး လူငယ်လေးတယောက်က မိမိဘ၀အခြေအနေနဲ့ အချစ်ရေး ၂ခုကြားထဲမှာ ဘယ်ဟာကို ရွေးချယ်ရမလဲဆိုတာကို ဒွိဟဖြစ်ပုံကို ပညာသားပါပါ ရိုက်ကူးပြသပေးထားပြီး ယခုခေတ်လူငယ်တွေ အတုယူကြည့်ရှူသင့်တဲ့ ဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးခြင်ပါတယ် ဇာတ်လမ်း လေးကတော့ ယခုခေတ် ပါကစ္စတန်ကောင်လေးတစ်ယောက်နဲ့ အစပြုထားပြီး သူ့ကောင်မလေးဟာ နိုင်ငံခြား လူနေမှုဘ၀ကို အထင်ကြီးသူတယောက်ပါ တနေ့မှာ ကောင်မလေးက ကောင်လေးကို လက်ဆောင်ပစ္စည်းတစ်ခုဝယ်ပေးဖို့ ပူဆာရာမှ ကောင်လေးက သူ့အဖေရဲ့ စကူတာလေးကို ရောင်းလိုက်ပြီး ၀ယ်ပေးခဲ့ပါတယ် ဒီလိုနဲ့ အဲ့ကောင်လေးဟာ အိန္ဒိယ ကောင်လေးတစ်ဖြစ်လဲ Angrej နဲ့ မိတ်ဆွေဖြစ်မိပြီး ပါတီပွဲတစ်ခုမှာခင်မင်ခဲ့ပါတယ် ဒီလိုနဲ့ Angrej နဲ့ ကောင်လေး စကားပြောကြရင်း Angrej ကိုကောင်လေးက သူ့စကူတာပျောက်သွားတဲ့ အကြောင်း ပြောပါတော့တယ် အဲ့မှာ Angrej က ကောင်လေးကို မင်းစကူတာက ပျောက်သွားတာ မဟုတ်တဲ့ အကြောင်း ကောင်မလေးကို လက်ဆောင်ဝယ်ပေးလိုက်တာဖြစ်ကြောင်းပြောရင်း Angrej က သူ့ရဲ့ အချစ်ဇာတ်လမ်းလေးကို ပြောပြပါတော့တယ် ကဲ ပရိတ်သတ်ကြီးေ၇ Angrej ရဲ့ အချစ်ဇာတ်လမ်းလေးက လွမ်းမောစရာကောင်းမလား ပျော်ရွင်စရာတွေနဲ့ ပြည့်နက်နေမလားဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက် ရှူစားကြည့်လိုက်ပါတော့ ဗျာDownload On Mega Download On Google Drive Download On ...
movie
Angrej (2015)
2015
Naam Hai Akira (2016)
ကဲဒီတစ်ခါတော့ ခပ်ကြမ်းကြမ်း အက်ရှင် ဘောလိဝု သဲထိပ် ရင်ဖိုဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါအုံးမယ် ဇာတ်ကားလေးကတော့ IMDb Rating 6 ထိရရှိထားပြီးတော့ ဇာတ်ကားလေးထဲမှာ ACTION/CRIME/DRAMA/THRILL စတဲ့ ရသပေါင်းစုံကို တကားထဲနဲ့ ခံစား ရမှာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ အကီရာ ဟာ အိန္ဒိယ နိုင်ငံမြို့ငယ်လေးတစ်မြို့မှာ နေထိုင်ပြီး ငယ်စဉ်ကတည်းက ဖခင်ရဲ့ သင်ကြားမှုကြောင့် မဟုတ်မခံစိတ်ရှိသူတစ်ယောက်ပါ အသက်၁၄ နှစ်အရွယ်မှာ မတော်တဆ အမှုအခင်းတစ်ခုဖြစ်ပွားမှုကို မြင်တွေ့မိခဲ့ပြီး မိခင်ဖြစ်သူမှာ သမီးဖြစ်သူ ရဲ့ ပညာရေးအတွက် မွမ်ဘိုင်းမြို့ပေါ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ပြီး ကောလိပ်တက်နေရာမှ တစ်နေ့မှာ ကောလိပ်က အမည်မသိ ကျောင်းသားရဲ့ ခြိမ်းခြောက် မှုကိုခံရရာမှ မဟုတ်မခံစိတ်ရှိသူ အကီရာတယောက် မှုခင်းတစ်ခုအတွင်းမှာ ပါဝင်နေခဲ့မိရာမှ ဘယ်လိုတွေများဆက်ဖြစ်ကြမလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ
movie
Naam Hai Akira (2016)
Saawariya(2007)
IMDb 5.5 ရထားပြီး ၂၀၀၇ ခုနှစ်ကထွက်ရှိထားတဲ့ အချစ်အလွမ်းကားလေးနဲ့ မိတ်ဆက်ပေးခြင်ပါတယ် Saawaria ဆိုတာ ဟင်ဒီကနေလို My Love (or) soul mate ကိုဆိုလိုတာဖြစ်ပါတယ် ဒီဇာတ်ကားလေးရဲ့ ထူးခြားချက်တစ်ခုက ဘောလိဝုဇာတ်ကားတစ်ကားကို ပထမဆုံး မြောက်အမေရိက ရုပ်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sony Picture Production ကထုပ်လုပ်ပေးခဲ့တာဖြစ်ပြီး ပထမဆုံး blu-ray ခွေအဖြစ်ထွက်ရှိခဲ့တဲ့ ဘောလိဝုဒ်ဇာတ်ကားတစ်ကားလည်းဖြစ်ခဲ့ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ လူကုံထံသူဌေးသမီး ဂူလတ်ဂျီဟာ မြို့ရဲ့ကြေးရတက်ကလပ်ကို မကြာမကြာ လာတတ်ပြီး အဲ့ ကလပ်က တီးဝိုင်းခေါင်းဆောင် Raj ဟာ ပေါ့ပော့ပါးပါးနဲ့နွေးထွေးငြင်နာတတ်တဲ့နှလုံးသားရှိသူတစ်ယောက်ဖြစ်ပြီး ဂူလတ်ဂျီက Raj ကိုကြိတ်ခိုက်နေသူတစ်ယောက်လဲ ဖြစ်ပါတယ် ဒီလိုနဲ့တစ်နေ့မှာ Lilian ဆိုတဲ့ အမျိုးသမီးလေး တစ်ယောက်မထင်မှတ်ပဲရောက်ရှိလာရာမှ ဘယ်လို အပွင့်ဆိုင် ဇာတ်လမ်းတွေဖြစ်ကြမလဲ Gulabji တစ်ယောက်ရော ရတာမလိုလိုတာမရ ဖြစ်ပြီး ဘယ်လိုတွေခံစားရမလဲဆိုတာကို ပရိတ်သတ်ကြီး ကပဲဆက်လက်ခံစားလိုက်ပါတော့ Download On Pcloud Large File(900MB)Download On Pcloud ...
Saawariya(2007)
5.3
Main Tera Hero (2014)
မင်းသား Varun Dhawan နဲ့ မင်းသမီး Ileana D'Cruz , Nargis Fakhri တို့အဓိကပါဝင်ထားပြီး မင်းသားကြီး Salman Khan တို့နဲ့လဲ အားဖြည့်ထားတဲ့ Action, Comedy, Romance အမျိုးအစား Bollywood ဇာတ်ကားပါ။ဇာတ်လမ်းကတော့.......Sreenath Prasad (ခေါ်) Seenu ဟာ Ooty တစ်ဝိုက်မှာတော့ လူဆိုးလေးအဖြစ်နာမည်အကြီးဆုံးလူပေါ့။ သူဟာ ဘန်ဂလော ကောလိပ်မှာ ပညာဆက်သင်ဖို့အတွက် Ooty ကောလိပ်ကနေ ထွက်လာခဲ့တယ်။ ဒီရောက်တော့ Sunaina နဲ့ ချစ်သူဖြစ်သွားရော။ ဒါပေမယ့် Sunaina ဟာ ဒေသခံရဲအရာရှိဖြစ်သူ Angad (တကယ်တော့ သူက ကြောက်စရာပိုကောင်းတဲ့ ဂိုဏ်းစတားကြီး)နဲ့ လက်ထပ်ရဖို့ စီစဉ်ထားပြီးသား။ Seenu မှာ Ayesha ဆိုတဲ့ အသွင်နဲ့ ချစ်သူနောက်တစ်ယောက်ရှိသေးပေမယ့် သူကိုယ်တိုင်တောင် သတိမထား မိခဲ့ပါဘူး။ တစ်ခါက သူ့သူငယ်ချင်းတွေကို ကယ်လိုက်ကတည်းက Ayesha ဟာ သူ့အတွက်ပြီးပြည့်စုံတဲ့ေယောကျ်ားတစ်ယောက်တွေ့ပြီ ဆိုတာ ချက်ချင်းသိလိုက်တယ်။ Ayesha ရဲ့အဖေဟာ ...
movie
Main Tera Hero (2014)
2014
7.9
Kapoor and Sons (2016)
ဒီနေ့အကြိုခံစားဖို့ကိုတော့ စိတ် ပေါ့ပါးပြီး ပျော်ပျော်ရွှင်ရွှင်လေး ခံစားရမယ့် အိန္ဒိယအချစ်ဟာသ ဒရာမာ ဇာတ်ကားလေး ဖော်ပြ ပေးလိုက်ပါတယ်။ခပ်တန်းတန်းဖြစ်နေတဲ့ ရာဟူးကာပူးရ်နဲ့ အာဂျွန်ကာပူးရ်တို့ ညီအစ်ကိုဟာ အသက် (၉၀)အရွယ်ရှိ သူတို့အဘိုးက တွေ့ချင်တဲ့အတွက် မွေးရပ်မြေဖြစ်တဲ့ အိန္ဒိယ ကအိမ်ကို ပြန်လာခဲ့ရပါတယ်။ ရာဟူးက အောင်မြင်တဲ့ စာရေး ဆရာ တစ်ယောက်ဖြစ်ပြီး လန်ဒန်မှာ နေနေကာ စာလည်းရေးရင်း ဗိသုကာပညာရှင်အလုပ်ကို လည်း လုပ်နေသူပါ။အာဂျွန်ကလည်း စာရေး ရတာ ဝါသနာပါသူတစ်ယောက် ဖြစ်ပြီး နယူးဂျာစီမှာ နေနေတာ ပါ။ သူတို့နှစ်ယောက် အိမ်ပြန် ရောက်လာပြီး တစ်မိုးအောက်ထဲ မှာ မိသားစုတွေနေကြရင်း လျှို့ ဝှက်ချက်တွေ၊ မပြေလည်မှုတွေ ကို ဖြေရှင်းရင်းနဲ့ အိမ်တွင်းပဋိ ပက္ခတွေ ကြီးလာပါတော့တယ်။ရာဟူးဟာ မိသားစုထဲမှာ ရင့်ကျက်တဲ့သူ၊ အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်ပြီး အာဂျွန်က တော့ သူ့အစ်ကိုလိုမျိုး ...
movie
Kapoor and Sons (2016)
2016
Kyaa Kool Hain Hum 3 18+ (2016)
ဖခင်ဖြစ်သူကအိမ်ပေါ်ကနှင်ချလိုက်တဲ့ Kanhaiya နဲ့ရော့ကီတို့သူငယ်ချင်း၂ယောက် ထိုင်းကိုရောက်လာကြပြီးထိုင်းမှာအခက်အခဲတွေ့နေတဲ့အချိန်haiPorn ကားရိုက်ဖို့ကမ်းလှမ်းတဲ့အခါသူတို့၂ယောက်လက်ခံလိုက်ကြပါတယ်။ဘောလီးဝုဒ် နာမည်ကြီးကားတွေကို 18+version ပြန်ရိုက်ပြီးအောင်မြင်စပြုလာပါတယ်။အဲ့အချိန်မှာKanhai တစ်ယောက် သူ့အလုပ်အကိုင်ကိုမသိတဲ့ကောင်မလေးတစ်ယောက်နဲ့ ချစ်မိလေသောအခါဘယ်လိုတွေများဆက်ဖြကြမလဲ Porn Actor တယောက်ကိုကောသဘောထာကြီကြီးနဲ့ ချစ်နိုင်ပါ့ မလားဆိုတာ ကို ပရိတ်သကြီးက ဆက်လက်ခံစာကြည့်ရှူ ရမှာပါDownload On Pcloud Large File Download On Pcloud Small File
movie
Kyaa Kool Hain Hum 3 18+ (2016)
6.1
Kites (2010)
လက်ပွားမင်းသား Hrithik Roshan နဲ့ မက်ဆီကန် ဥရုဂွေးမင်းသမီး Barbara Mori တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့Action, Drama, Romance အမျိုးအစား Bollywood ဇာတ်ကားပါ။IMDb Rating (6.1) နဲ့ Rotten Tomatoes (80%) ထိရရှိထားပါတယ်။ဒီဇာတ်ကားကို စကားတစ်ခွန်းနဲ့ပဲ ညွှန်းခဲ့ပါရစေ။"ချစ်ခြင်းဟာ ရူးသွပ်ဖို့ လုံလောက်လွန်းပါတယ်" File size…(999MB) Quality…Blu-ray Rip 720p Format…mp4 Duration….02:03:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Kites (2010)
2010
The Last Princess(2016)
မင်းသမီးဒုခ် ဟေး ဂိုဂျောင်းမင်းကြီး၏ အငယ်ဆုံးသမီးဖြစ်ပါတယ်။သူမ၏ မိခင်သည် သာမာန် ကိုယ်လုပ်တော်မှ မွေးခဲ့သည့်အတွက် အချို့သော တော်ဝင်မိသားစုများက မင်းသမီးဒုခ်ဟေးကို သဘောမကျကြပေ။ ဒါပေမယ့် သူဟာ ဂိုဂျောင်းမင်းကြီး၏ အချစ်ဆုံးသမီးတော်တစ်ပါးဖြစ်ခဲ့နေတယ်။ 1925 ခုနှစ်တွင် မင်းသမီး ဒုခ်ဟေးကို ဂျပန်ပြည်သို့ ပညာတော်သင်ခေါ်ယူသည်ဟုအကြောင်းပြကာ ဓားစာခံအဖြစ် ဂျပန်တို့ကခေါ်ယူထိမ်းသိမ်းထားခဲ့ပါတယ်။ ဂျပန်တို့က ကိုရီးယားနိုင်ငံကို သိမ်းပိုက်ခဲ့ကြသောကြောင့် တော်ဝင်မိသားစုများအားလုံး ဂျပန်တို့ခြယ်လှယ်သမျှခံခဲ့ကြရပြန်လေတယ်။ မင်းသမီးဒုခ်ဟေးလည်း ဂျပန်သို့ရောက်ရှိကတည်းက သူမကို ကိုရီးယားပြည်မှ သတင်းအားလုံးအဆက်အသွယ်အဖြတ်ခံခဲ့ရပြီး 1930 ခုနှစ်တွင် သူမ၏ အမေဇာပနအတွက် တိုင်းပြည်သို့ ခေတ္တပြန်ခွင့်ရခဲ့လေသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ပြန်ခွင့်ကိုပိတ်ခဲ့ပြန်သည်။ 1930 တွင် သူမကို ဂျပန်အင်ပါယာမှ နယ်စား ဆိုတဲယုကီနှင့် လက်ထပ်ရန် ဖိအားပေးခံခဲ့ရသည်။ 1962ခုနှစ် ဇန်နဝါရီလ ၂၆ရက်နေ့တွင် မှ မင်းသမီး ဒုခ်ဟေးသည် ကိုရီးယားပြည်သို့ပြန်ခွင့်ရခဲ့သည်။ ဂျပန်ပြည်တွင် သူမနေထိုင်ခဲ့သည်မှာ ...
movie
The Last Princess(2016)
3.7
Great Grand Masti (2016)
movie
Great Grand Masti (2016)
6.4
Mohenjo Daro (2016)
- ဒီနေ့ မှာတော့ အိန္ဒိယစွန့်စားခန်း အချစ်ဇာတ်လမ်းလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဇာတ်လမ်းကို ဘီစီ ၂၀၁၆ ကာလမြင်ကွင်းနဲ့ အစပြုထားပြီး ဆာမန်းနဲ့ ဟိုဂျိုတို့သူငယ်ချင်းနှစ်ယောက်ဟာ အမ်ရီဆိုတဲ့ ရှေးဟောင်းရွာလေးမှာ နေထိုင်သူတွေပါ။ တစ်ရက်မှာတော့ လှေနဲ့ မြစ်ကျောင်းတစ်လျှောက်သွား လာကြရင်း မိကျောင်းသုံးကောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ကာ ဆာမန်းက အကြီးဆုံးမိကျောင်းကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။ ငယ်ငယ်လေးကတည်းက မိဘနှစ်ပါးဆုံးရှုံးခဲ့ရတဲ့ အကြောင်းအရာဟာ ဆာမန်းကို ယနေ့အထိ ခြောက်လှန့်နေပြီး မိုဟန်ဂျိုဒါရိုမြို့က ဦးချိုတစ်ခုတည်းပါတဲ့ ထူးဆန်းတဲ့ သတ္တဝါကြီးအကြောင်းကိုလည်း မကြာခဏအိပ်မက်မက်ခဲ့ပါတယ်။တစ်ရက်မှာတော့ ဆာမန်းဟာ ဦးလေးဖြစ်သူ တားနေတဲ့ကြားကနေပဲ မိုဟန်ဂျိုဒါရိုကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမြို့ဟာ ကြမ်းတမ်းရက်စက်တဲ့အပြင် ဘယ်သူ့ကိုမှ မယုံကြည်ရတဲ့အကြောင်း သူ့ဦးလေးက သတိပေးခဲ့ပြီး သေရေးရှင်ရေးကြုံတဲ့အခါမှာ သုံးဖို့အတွက် အဆောင် ပစ္စည်းတစ်ခုပေးခဲ့ပါတယ်။မိုဟန်ဂျိုဒါရိုမြို့ကို အာဏာရှင်မာဟမ်နဲ့ သူ့သားဖြစ်တဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မွန်းဂျာတို့က အုပ်ချုပ်နေတာပါ။ ဆာမန်းဟာ မိုဟန်ဂျိုဒါရိုက ဩဇာရှိဘုန်း တော်ကြီးရဲ့ ...
movie
Mohenjo Daro (2016)
2016
3.7
Blue (2009)
ဒီဇာတ်ကားက ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ Paul Walker နဲ့ Jessica Alba တို့ပါဝင်သရုပ်ဆောင်ပြီး နာမည်ကြီးခဲ့တဲ့Into The Blue ဇာတ်ကားကို အခြေခံလို့ ပြန်လည်ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။ဟောလိဝုဒ်ဇာတ်ကားလိုပဲ ဘောလိဝုဒ်ဇာတ်ကားကိုလဲ ဒိတ်ဒိတ်ကြဲမင်းသား မင်းသမီးတွေနဲ့ ရိုက်ကူးခဲ့တာပါ။မင်းသား Akshay Kumar ...Sanjay Dutt ...မင်းသမီး Katrina Kaif....Lara Dutta တို့ပါဝင်ထားပါတယ်။အက အလှ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ ဘောလိဝုဒ်ပရိတ်သတ်တွေအကြိုက်တွေ့လောက်မှာပါ။ File size…(999MB) Quality…DVD-Rip 720p Format…mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Download 720p HD (999MB) Download 360p Small File (430MB) (or) Download and Watch 720p and 360p (VIP Link)
movie
Blue (2009)
2009
7.3
Rustom: 3 shoots (2016)
ကဲဗျာ ဒီတခေါက်တော့ အလန်းစား Bollywood တကားကိုတင်ပေးလိုက်ပါတယ်ဗျာ ဇာတ်ကားလေးက တော့ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးပါ ရပ်စတန်ဆိုတဲ့ ရေတပ်ဗိုလ်အရာရှိဟာ တာဝန်ပြီးလို့ အိမ်ကိုပြန်လာရာမှာ မထင်မှတ်ပဲ သူ့မိန်းမ နဲ့ သူငယ်ချင်းဖြစ်သူ ရဲ့ စာပေးစာယူ တွေကို လက်ပူးလက်ကြပ်မိရာမှ သူ့မိန်းမရဲ့ အပြင် လူကို မထင်မှတ်ပဲ လက်လွန်ပြီးသက်မိသွားခဲ့ရာမှ ကိုယ်တိုင် ရဲစခန်းမှာ သွားရောက်ဝင်ခံ အဖမ်းခံခဲ့ပါတယ် သူ ကိုယ်တိုင်သတ်ခဲ့မိတာလား ဒါမှ မဟုတ်တခြားတယောက်က သတ်ခဲ့တာကိုများ ကြားထဲက ၀င်ရောက် အဖမ်းခံရတာလား ဒါတွေရဲ့ နောက်ကွယ်မှာ မထင်မှတ်ထားတဲ့ လှည့်ကွက်ကြီးရှိနေသောအခါမှာတော့ ..................... (ဘာသာပြန်သူကတော့ သာရစ် အယ်လ် ၀ါကာဖြစ်ပါတယ်)
movie
Rustom: 3 shoots (2016)
2016
4.3
Tere Binladin 2 Dead or Alive (2016)
ကဲ ဒီတစ်ခါတော့ ခပ်မြူးမြူး ဟာသ ကားလေးနဲ့ မိတ်ဆက်ပေးခြင်ပါတယ် ဇာတ်ကားလေးကတော့ ဘင်လာဒင်သေလား မသေလားကို ပြောင်ပျက်ရိုက်ထားတာဖြစ်ပြီး တကားလုံး မရိုးရပဲ ခပ်မြူးမြူးကားလေးဖြစ်တာမို့ ပါးစပ်မပိတ်ရပဲကြည့်ရမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘောလိဝုဒ်ဒါရိုက်တာကို အမေရိကန်အေးဂျင့်က ငှားရမ်းပြီး ဘင်လာဒင်သေလား မသေလားကို သက်သေပြဖို့အတွင် လိမ်လည် ခေါ်ယူရာမှ အလွဲလွဲအချော်ချော်တွေဖြစ်ပြီး နောက်ဆုံးမှာ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူ့ကြရမှာပါDownlaod On Vip Link Download On Pcloud Large File Size Download On Pcloud Small File Size is still uploading
movie
Tere Binladin 2 Dead or Alive (2016)
2016
6.8
Ghayal Once Again (2016) မြန်မာစာတန်းထိုး
IMDB-6.8 Rotten Tomatoes-78% Ajay တစ်ယောက် သူငယ်ငယ်တုန်းက ဖြစ်ခဲ့တဲ့ ပြဿနာတွေကနေ ရှင်းပြီးနောက်မှာ... သတင်းစာတိုက်မှာ သတင်းထောက်အဖြစ်ဝင်ရောက်လုပ်ကိုင်နေပါတော့တယ် အဲဒီမှာ သူ့ရဲ့ အကြောက်အရွံ့မဲ့မှုတွေ အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်တွေကြောင့် သူ့ကိုကြိတ်လေးစားနေတဲ့ အမာခံဖန်လူငယ်လေးယောက်ရှိပါတယ် တစ်နေ့ အဲဒီလူငယ်လေးယောက်က သတင်းလိုက်ရင်းသူတို့ရဲ့ကင်မရာမှာ လူသတ်မှုတစ်ခုပါလာတော့တဲ့အခါ... ဗီဒီယိုထဲမှာပါတဲ့လူတွေကလည်း မြို့ရဲ့ အာဏာအကြီးဆုံးလူနှစ်ယောက်ဖြစ်နေတဲ့အခါ... ကိုယ့်ဘက်မှာ အမှန်တရားပဲရှိတယ် သူ့ဘက်မှာက ငွေအားလူအားနဲ့ ဥပဒေကို ပြောင်းပြန်လှန်နိုင်တယ် အဲ့အချိန်မှာ အမှန်တရားကို မြတ်နိုး.အကြောက်အလန့်မရှိဘူးဆိုတဲ့ Ajay အနေနဲ့ ဘယ်လိုများရင်ဆိုင်မလဲ နိုင်ရောနိုင်ပါ့မလား... ဒီမေးခွန်းတွေရဲ့ အဖြေကိုသိချင်ရင်တော့... ဒီ RottenTomatoes က Best Movie လို့ပြောပြီး 78% ရထားတဲ့ကားမှာ ဆက်လက်ရှုစားကြရအောင်ဗျာ... (ဇာတ်လမ်းအညွန်းကို ရဲခန်.မင်းမှရေးပေးထားတာဖြစ်ပါတယ်) File size…(840MB) Quality…720p Bluray Format…mp4 Duration….02:07:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike ZawDownload Here (850 MB) Small File Size (450 MB)
movie
Ghayal Once Again (2016) မြန်မာစာတန်းထိုး
2016
First
83
84
85
86
Previous
Next