Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bollywood
6.2
Collar Bomb (2021)
IMDb Rating (6.2)Disney+Hotstar က ထုတ်လွှင့်ထားတဲ့ Action , Thriller Bollywood ဇာတ်ကားကောင်းလေးကို တင်ဆက်လိုက်ပါတယ်....ဇာတ်လမ်းကတော့ ကြမ်းပါတယ်...အသေခံဗုံးခွဲသမားတစ်ယောက်က ဗုံးတွေအပြည့်ဝတ်ဆင်ပြီး ကျောင်းဆောင်ထဲဝင်လာပါတယ်...ကျောင်းထဲက ကလေးတွေရဲ့ အသက်ကို သူက အလဲအလှယ်လုပ်မှာပါ....ကလေးတွေ အသက်ရှင်ချင်ရင် ကလေးမိဘတွေက ကိုယ့်ဖာသာ အသေခံရမှာပါ...အပေးအယူကြမ်းတဲ့ ဇာတ်ကြောင်းနောက်ကွယ်မှာလဲ လျှို့ဝှက်ချက်တွေက ရှိနေပါသေးတယ်...အသက်ရှင်ဖို့ အလျော်အစားကြမ်းနေတဲ့ ၂၀၂၁ ကာလကြီးနဲ့ ကိုက်ညီမယ့် ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုပါတယ်..။ File size…(1.7 GB) and (1.1 GB) Quality…WEB-DL 1080p and 720p 5.1CH Format…mp4 Duration….01:27:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Thuya
movie
Collar Bomb (2021)
7.6
Manorama Six Feet Under (2007)
IMDb Rating (7.6/10) / Rotten Tomatoes (75%)ဒီဇာတ်ကားက ဇာတ်ကားနဲ့မတူပါဘူး....ရုပ်ရှင်ဆိုတဲ့ ရသကို မရစေဘဲ တကယ့်ဖြစ်ပျက်နေသလို ကြည့်နေရင်း ခံစားနေရတာပါ...ဘာအလှအပ ဘာအကမှလဲ မပါပါဘူး...ရိုက်ချက်တွေကလဲစားပါတယ်...ကိုယ်က ဇာတ်ဆောင်တွေနောက်ကို လိုက်ချောင်းနေရသလိုမျိုး နစ်ဝင်စေပါတယ်...ဇာတ်လမ်းကလဲအရှုပ်..ကြည့်နေရင်း ဖြေရှင်းနေရင်း ပိုပိုရှုပ်လာပါတယ်...နောက်ဆုံး ဒါရိုက်တာက ပုံတွေ နောက်ခံစကားပြောတွေနဲ့ ရှင်းပြလိုက်မှပဲဪ..ဒီလိုပါလားဆိုပြီး သက်ပြင်းချနိုင်ပါတယ်...ဇာတ်ကောင် တစ်ယောက်စီတိုင်းရဲ့ ကာရိုက်တာတွေက တကယ့်အပြင်ကလိုပါပဲ...အပိုတွေမပါဘူး...အရှိအတိုင်း တုံးတိတိကြီးပါပဲ...ဇာတ်လမ်းကတော့ မအောင်မြင်တဲ့စာရေးဆရာတစ်ယောက် နိုင်ငံနဲ့ချီတဲ့အမှုတစ်ခုထဲ မထင်မှတ်ဘဲရောက်သွားတာကို ရိုက်ထားတာပါပဲ..ရုပ်ရှင်နဲ့မတူတဲ့ရုပ်ရှင်ဆိုတော့ ရုပ်ရှင်ကြိုက်တဲ့လူတွေနဲ့ ကီးမကိုက်လောက်ပါဘူး။အေးအေးဆေးဆေး တစ်ယောက်ထဲ လွင့်မျောမယ်..ဇာတ်ဆောင်တွေနောက် လိုက်ပါခံစားမယ်ဆိုရင်တော့ဒီကားက သင့်ကိုသေချာပေါက်ခေါ်ဆောင်သွားမှာပါ။စုံထောက်ကားတွေထဲတော့ ဒီဇာတ်ကားက အရှိအတိုင်းခံစားရတဲ့ ရှားရှားပါးပါး ဘောလိဝုဒ်ဇာတ်ကားပါပဲ။Shemaroo Entertainment ကထုတ်လုပ်ဖြန့်ချိထားတာပါ။ File size…(2.4 GB) and (1.5 GB) Quality…BluRay 1080p and 720p 5.1CH Format…mp4 Duration….02:18:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by May Zin ...
movie
Manorama Six Feet Under (2007)
6.7
Ramarjuna (2021)
Ramarjuna (2021) ================= IMDb 6.7/10အိန္ဒိယအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်လိုက်ပါတယ်.. အက်ရှင်တွေရှယ်ကြမ်းသလို မင်းသမီးလေးလဲ အသေချောပါတယ်။ဇာတ်လမ်းကတော့.. ရမ် ဆိုတဲ့ ကောင်လေးဟာ အာမခံကုမ္ပဏီက Agent တစ်ယောက်ဖြစ်ပြီး ရိုးသားကြိုးစားတဲ့အပြင် သူတစ်ပါးကိုကူညီဖို့လည်း လက်မနှေးသူဖြစ်ပါတယ်။ သူနေထိုင်တဲ့ရပ်ကွက်က လက်လုပ်လက်စား ဆင်းရဲသားရပ်ကွက်ထဲဖြစ်ပြီး ရပ်ကွက်ထဲမှာ လူတော်လူကောင်းလေးတစ်ဦးအဖြစ် လူသိများပါတယ်။တစ်နေ့မှာတော့ ပါဝါကြီးတဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုက သူတို့ရဲ့ဆင်းရဲသားရပ်ကွက် မြေနေရာကို မတရားသိမ်းယူဖို့ကြံစည်လာပါတယ်... မတရားမှုဆို သည်းမခံနိုင်တဲ့ ရမ် တစ်ယောက် ဒီကိစ္စမှာ ကိုယ်တိုင်ဝင်ရောက် ဖြေရှင်းတဲ့အခါ...။မင်းသားချော Aneesh Tejeshwar နဲ့ မင်းသမီးချော Nishvika Naidu တို့ပါဝင်သရုပ်ဆောင်ထားပြီး အိန္ဒိယအက်ရှင်ဒရမ်မာ ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားဖြစ်ပါတယ်။ File size…(2.5 GB) and (1.6 GB) Quality…WEB-DL 1080p and 720p 5.1CH Format…mp4 Duration….02:15:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by May Zin Oo
movie
Ramarjuna (2021)
4.5
Tuesdays And Fridays (2021)
Netflix ကတင်ဆက်ထားတဲ့ Bollywood ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ချောမောလှပပြီး စည်းကမ်းကြီးတဲ့ ဆီရာဟာ မွန်ဘိုင်းကရုပ်ရှင်လုပ်ငန်းမှာ ဥပဒေကိစ္စတွေ စီမံဆောင်ရွက်ပေးနေတဲ့ ရှေ့နေမလေးပါ ဗာရွန်ကတော့ လန်ဒန်မှာနေထိုင်တဲ့ နာမည်ကြီးလူငယ်စာရေးဆရာတစ်ဦးပါ။ တစ်နေ့ ဗာရွန်ဟာ သူ့ဝတ္တုကို ရုပ်ရှင်ရိုက်မယ့်ကိစ္စအတွက် အိန္ဒိယကိုလာရင်း မူပိုင်ခွင့်ကိစ္စတွေညှိနှိုင်းဖို့ ဆီရာနဲ့ စတင်ဆုံစည်းမိပါတယ်။ ဗာရွန်ရဲ့ ဝတ္တုအကြောင်း အပြန်အလှန်ဆွေးနွေးကြရင်း သူတို့နှစ်ဦးဟာ ရင်းနှီးသွားပါတယ်။ ထို့နောက် ဗာရွန်လည်း လန်ဒန်ကိုပြန်သွားပြီး ဆီရာက သူ့အလုပ်သူဆက်လုပ်နေခဲ့ပါတယ်။ အလုပ်မှာထူးချွန်တဲ့အတွက် ကုမ္ပဏီက လစာပြည့်ခွင့် ၂ လပေးတဲ့အတွက် ဆီရာဟာ သူ့မိခင် နေထိုင်ရာ လန်ဒန်မြို့ကို အလည်လာခဲ့ပါတယ်။ လန်ဒန်မှာ မမျှော်လင့်ဘဲ ဗာရွန်နဲ့ ဆီရာတို့ ပြန်လည်ဆုံစည်းမိပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ဦးရဲ့ ရင်ထဲမှာ တစ်ယောက်ကိုယ်တစ်ယောက် စိတ်ဝင်စားမှုလေးတွေရှိလာပါတယ်။ ဒါပေမဲ့ ဗာရွန်မှာ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဗာရွန်ဟာ ကောင်မလေးတစ်ယောက်ကို ခုနစ်ပတ်ထက်ပိုပြီးတွဲလေ့မရှိပါဘူး။ ဗာရွန်ရဲ့ခံယူချက်က တွဲလာတာကြာလာတာနဲ့အမျှ စကားများရန်ဖြစ်ပြီး လမ်းခွဲတာထက်စာရင် စောစောစီးစီး နှစ်ဦးသဘောတူ ကြိုတင်လမ်းခွဲတာပိုကောင်းတယ်လို့ ခံယူထားသူပါ။ ဆီရာကတော့ တစ်ယောက်ဆိုတစ်ယောက် အချိန်အကြာကြီး အတည်တကျ လက်တွဲချင်သူပါ။ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားနေကြပေမဲ့ ဗာရွန်ရဲ့ ခုနစ်ပတ်ပဲတွဲမယ်ဆိုတဲ့ ခံယူချက်ကြောင့် ရှေ့ဆက်မတိုးဖြစ်ကြပဲ ...
movie
Tuesdays And Fridays (2021)
4.1
Thugs of Hindostan (2018)
၂၀၁၈ က ရုံတင်ခဲ့တဲ့ အာမာခန်း နှင့် အမီတာဘာချမ်း တို့ခေါင်းဆောင်ပါဝင် သရုပ်ဆောင်ထားတဲ့ Thugs Of Hindostan ကိုCM Fan တွေ အတွက် အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းပုံစံကတော့ အန္ဒိယ နိုင်ငံကို အင်္ဂလိပ်လူဖြူတွေကကျွန်အရောင်းအဝယ် ကုန်သွယ်မှုတွေ အပြင် တစ်ဖြေးဖြေး စီးနင်းလာတဲ့အခါမျိုးချစ်စိတ် ရှိတဲ့ ဘုရင့်အမျိုးအနွယ်တွေက ပုန်ကန်ဖို့ လုပ်ကြပါတယ်ဒါပေမဲ့ အရမ်းလည်လွန်းတဲ့ လူဖြူ အရာရှိ ကလိုက်ဖ် က အတော်များများကိုသတ်ပစ်ခဲ့ပါတယ်...အဲ့ဒီထဲကမှ ဘုရင်ကြီး တစ်ပါးရဲ့ သမီးဖြစ်သူ ဇာဖီရာ ဟာလူယုံတော်ကြီး အာဇတ် နဲ့ အတူ လွတ်မြောက်သွားခဲ့ပါတယ်..နှစ်ပေါင်းအတော်ကြာတဲ့ အခါ ပင်လယ်ဓါးမြကြီး ပုန်ကန်သူ အာဇတ် နဲ့အဖွဲ့ဖြစ်ပေါ်လာပြီး အင်္ဂလိပ်အစိုးရကို သွေးလန့်စေခဲ့ပါတော့တယ်...အင်္ဂလိပ်အစိုးရကလဲ သူတို့ အချုပ်အခြာ အာဏာ တည်မြဲရေးအတွက်အာဇတ် ကို ဖမ်းမိရဖို့အတွက် အတော်ဆုံးလူ လိုက်ရှာတဲ့အခါမှာတော့ပိုက်ဆံကလွဲပြီး ဘာမှ မသိ ...
movie
Thugs of Hindostan (2018)
2018
8.2
Play Back (2021)
Play Back (2021) ============ IMDb rating (8.2) ဒီ Telugu ဇာတ်ကားရဲ့ ဇာတ်အိမ်က နည်းနည်းထူးဆန်းပါတယ်... Crime, Fantasy, Romance အမျိုးအစားဖြစ်တာကြောင့် စိတ်ကူးယဉ်ဇာတ်လမ်းဇာတ်အိမ်ကိုမှ မှုခင်းလူသတ်မှုတွေနဲ့ ဆက်နွယ်ထားတာပါ။ Karthik က လက်ရှိကမ္ဘာက လူသား... Sujatha ကျတော့ ၁၉၉၃ ခုနှစ် ကမ္ဘာက လူသားကောင်မလေး.. သူတို့နှစ်ယောက်က ကမ္ဘာမတူပေမယ့် တယ်လီဖုန်းပေါ်ကနေ ဆက်သွယ်လို့ရနေတာမျိုး... အတိတ်နဲ့ ပစ္စုပ္ပန်ကြားမှာ လူသတ်မှုတွေကလဲ ပါဝင်ပတ်သတ်နေတာမျိုး... ဇာတ်လမ်းဇာတ်ကွက်ကောင်းသလို မင်းသား မင်းသမီးသရုပ်ဆောင်တွေလဲ ကောင်းတာကြောင့် Rating မြင့် ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုပါရစေ။ File size…(2.6 GB) and (1.6 GB) Quality…WEB-DL 1080p and 720p Format…mp4 Duration….02:18:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by May Zin Oo
movie
Play Back (2021)
7.9
The Green Force (2021) Mission 14th March
IMDb Rating (7.9) ဆိုပေမယ့် Rating ပေးသူ ဆယ်ဂဏန်းပဲရှိသေးတာကို သတိပြုရမှာပါ။ဇာတ်လမ်းကတော့...Green Force ဆိုတာ အိန္ဒိယနိုင်ငံကို အကြမ်းဖက်သမားရန်တွေကနေ ကာကွယ်ဖို့ အထူးဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး ပြည်သူ့မျိုးချစ်လက်ရွေးစင်တွေစုပြီး သီးခြားရပ်တည်နေတဲ့ အဖွဲ့ဖြစ်တယ်...အစိုးရနဲ့သက်ဆိုင်ခြင်းမရှိပါဘူးအိန္ဒိယ-ပါကစ္စတန် ပြသနာတွေကြားထဲမှာ လူဆိုးတစ်ယောက်ရဲ့ လက်က 14th March ဆိုတဲ့ တက်တူးအရ အကြမ်းဖက်တိုက်ခိုက်မယ့်အစီအစဉ်ကို သိရှိသွားတဲ့အခါမှာတော့ Green Force အဖွဲ့ရဲ့ မစ်ရှင်အသစ်စတင်ပါတော့တယ်....ဒါပေမယ့် Mission 14th March ရဲ့နောက်ကွယ်မှာ နိုင်ငံရေးပါတီတွေနဲ့ ပါကစ္စတန်နိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းတွေအပြင် အတွင်းစည်းက သစ္စာဖောက်တွေပါ ပါဝင်ပတ်သတ်နေတာကြောင့် နိုင်ငံရေး ပဋိပက္ခတွေကြား သူတို့မစ်ရှင်ကို ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ...။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကတော့ Sein Lae ဖြစ်ပါတယ်။) File size…(2 GB) and (1.2 GB) Quality…WEB-DL 1080p and 720p 5.1 CH Format…mp4 Duration….01:46:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGBTranslated by Sein Lae
movie
The Green Force (2021) Mission 14th March
4.6
Ardha Shathabdham (2021)
Ardha Shathabdham (2021)"ချစ်ခြင်းမေတ္တာက အမျိုးဇာတ်နဲ့ အယူဝါဒတွေကို ကျော်လွန်နိုင်တဲ့နေ့လေး ရောက်လာခဲ့ရင်""ကျွန်တော် ပန်းလေးတစ်ပွင့်လို ပွင့်လန်းနေပါ့မယ် အမြဲတမ်းထင်ကျန်ရစ်နေဖို့ပေါ့…."ဒီဇာတ်လမ်းလေးက အိန္ဒိယနိုင်ငံတွင်း မတည့်အတူနေ အမျိုးဇာတ်တွေအကြောင်းကို ပညာပေးရိုက်ကူးထားတဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်...ခရစ်ရှနားဆိုတဲ့ကောင်လေးက ဟိုးကလေးဘဝကတည်းက ပွရှ်ပါးဆိုတဲ့ကောင်မလေးကို ချစ်ခင်နှစ်သက်လာခဲ့တယ်.. အရွယ်ရောက်လာတော့လည်း မပြယ်သော ချစ်ခြင်းတရား တွေနဲ့ တိတ်တခိုး ချစ်မြတ်နိုးနေဆဲပဲ...သူတို့ရွာမှာက ဇာတ်နိမ့်ဇာတ်နိမ့်တအားခွဲခြားလွန်းလို့ ဇာတ်နိမ့်ဇာတ်မြင့်လူနှစ်ဦးလက်ထပ်ကြရင် သေကွဲကွဲ ရတတ်တယ်..တစ်ရက် ခရစ်ရှနားဟာ သူချစ်ရတဲ့ ပွရှ်ပါးပန်ဖို့ အမြတ်တနိုးပျိုးလာခဲ့တဲ့ ပန်းလေးတစ်ပွင့် ဟာ သူကိုယ်တိုင်မပေးရသေးဘဲ သူ့ချစ်ရတဲ့သူခေါင်းထက် ကို ရောက်နေပါတော့တယ်..ရက်အတော်များများစောင့်မျှော်နေခဲ့ရတဲ့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရတဲ့အတွက် ဒေါသစိတ်လွန်ကဲပြီး ရမ်းလိုက် မိတဲ့သူက ရွာအုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်နေပါတော့တယ်ရွာအုပ်ချုပ်ရေးမှူးကလည်း ဒါကိုအမျိုးဇာတ်ပြဿနာဖန်တီး ပြီး သူနဲ့ရန်ငြှိုးရှိတဲ့သူကို လက်စားချေဖို့ ကြိုးစားလာတဲ့အခါ မှာတော့ တစ်ရွာလုံး အုတ်အော်သောင်းနင်း ဆူပူသတ်ဖြတ်မှု တွေဖြစ်လာပါတော့တယ်...ဒီလိုနဲ့ ခရစ်ရှနားရယ် ပွရှ်ပါးရယ် သူတို့ရဲ့အမျိုးဇာတ်ပြဿနာကြီးနေတဲ့ သူတို့ရွာလေးမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်...(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကတော့ Thuya ဖြစ်ပါတယ်။) File size…(2.1 GB) and (1.3 GB) Quality….WEB-DL 1080p and 720p 5.1CH Format…mkv Duration….01:57:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thuya
movie
Ardha Shathabdham (2021)
Dil Ka Rishta (2003)
ကျွန်တော်တို့ငယ်ငယ်တုန်းက မဂ္ဂဇင်းတွေမှာ မျက်ဝန်းလဲ့ပြာပြာ မျက်ခုံးကောင်းကောင်း နှုတ်ခမ်းဖူးဖူးနဲ့အိန္ဒိယမင်းသမီးတစ်ပါးကို မကြာခဏမြင်ဖူးခဲ့ကြပါတယ်...သူကတော့ ၁၉၉၄ ခုနှစ်ရဲ့ Miss World ဆုရှင် Aishwarya Rai ပါပဲ...အခုတင်ဆက်မှာကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ Drama,Romance ဇာတ်ကားလေး Dil Ka Rishta (2003) ပဲဖြစ်ပါတယ်..Dil Ka Rishta ဆိုတာ မြန်မာလိုဆို နှလုံးသားနှောင်ကြိုးလို့ အဓိပ္ပာယ်ရပါတယ်...ဆွေးမြေ့ဖွယ်ဇာတ်ကားနာမည်က Rai ရဲ့ရီဝေဝေအလှတွေနဲ့ အပ်စပ်လွန်းလှပါတယ်...ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်ဇာတ်လမ်းပါ...တစ်ယောက်က မီလျံနာသူဌေးသား...မင်းသမီးက ချစ်ရသူရှိပြီးသား ဆရာမလေး...သူဌေးသားက ပိုင်ရှင်ရှိပြီးသား ဆရာမလေးကိုမှ ချစ်မိသွားတဲ့အခါမှာတော့....၃ ပွင့်ဆိုင် ဇာတ်လမ်းမှာ ၂ ယောက်ထဲ ရှေ့ဆက်ဖို့ဆိုတာ ရင်ကိုခွဲထုတ်သလို နှလုံးသားနှောင်ကြိုးတွေကိုဖြတ်ချရတာမျိုးပါပဲ...နာကျင်ရတယ်....ဒါပေမယ့်အချစ်ဆိုတာ နာကျင်ခံခက် ကြည်နူးဆွတ်ပျံ့တဲ့ ဘုရားသခင်ရဲ့ပြစ်ဒဏ်မျိုးပဲမလား....။ File size…(2.7 GB) and (1.7 GB) Quality….WEB-DL 1080p and 720p 5.1CH Format…mp4 Duration….02:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Dil Ka Rishta (2003)
9.2
Bala Mitra (2021)
Balamitra (2021)IMDb 9.2/10IMDb Rating မှာ လူ ၅၀၀ ကျော်လောက်က ဒီဇာတ်ကားကို 9.2 ထိပေးထားကြပါတယ်...အိန္ဒိယ Telugu ဇာတ်ကားအများစုဟာ ဇာတ်ညွှန်းကောင်းပြီး စိတ်လှုပ်ရှားမှုအပြည့်အဝပေးနိုင်ကြပါတယ်...ဒီဇာတ်ကားကလဲ Telugu Mood အပြည့်ပါတဲ့ စိတ်ဝင်စားစရာ Thriller ဇာတ်ကားကောင်းပါပဲ...Arjun က ဆေးကျောင်းသားတစ်ယောက်ပါ..သူ့ချစ်သူနာမည်က Deeksha ပါ...တစ်နေ့မှာတော့ Deeksha ပြန်ပေးဆွဲခံရပါတယ်...ပြန်ပေးဆွဲသူက Arjun ဆီက ငွေမတောင်းဘဲ လူ ၃ ယောက်ကို သတ်ခိုင်းတဲ့အခါမှာတော့....။ File size…(1.9 GB) and (1 GB) Quality….WEB-DL 1080p and 720p 5.1CH Format…mp4 Duration….01:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thuya
movie
Bala Mitra (2021)
7.6
Madaari (2016)
IMDb Rating (7.6) / Rotten Tomatoes (78%)အသက် ၁၀ နှစ်အရွယ် ရိုဟန်ဆိုတဲ့ကျောင်းသားလေးတစ်ယောက် ပြန်ပေးဆွဲခံရတယ်။ ရိုဟန်က ပြည်ထဲရေးဝန်ကြီးရဲ့ တစ်ဦးတည်းသော သား။ဆိုတော့ကာ စစ်တပ်ရော ဗဟိုထောက်လှမ်းရေးအဖွဲ့ပါ ပိုက်စိပ်တိုက် လိုက်ရှာကြရရော။ ဝန်ကြီးရဲ့သား ပျောက်နေတယ်ဆိုပြီး မီဒီယာတွေကို အသိပေးလိုက်ရင် ပြန်ပေးဆွဲတဲ့လူက ကြောက်လန့်ပြီး ကလေးကို သတ်ကာ တိမ်းရှောင်သွားနိုင်တာကြောင့် အတတ်နိုင်ဆုံး တိတ်တဆိတ်ပဲ စုံစမ်းထောက်လှမ်းကြတယ်။ရိုဟန်နဲ့ သူ့သူငယ်ချင်းတစ်ယောက်က တခြားကျောင်းသားတွေ အိပ်ပြီဆိုရင် အဆောင်ကနေ ခိုးထွက်ပြီး ညလယ်စာတွေ ဝယ်စားတတ်တယ်။ ရိုဟန် ပြန်ပေးဆွဲခံရတာဟာလည်း အဲဒီလိုမုန့်ထွက်စားတဲ့ညတစ်ညမှာ ဖြစ်ပျက်သွားခဲ့တာ။ ရိုဟန့်သူငယ်ချင်းက လမ်းပေါ်မှာ လဲကျပြီး အိပ်ပျော်ကျန်နေခဲ့တော့ စစချင်းမှာ ကလေးချင်း မှားပြီး ပြန်ပေးဆွဲခံရတာလို့ ကောက်ချက်ဆွဲကြသေးတယ်။ဝန်ကြီးတို့တစ်တွေ အခက်တွေ့ကြတဲ့ကိစ္စတစ်ခုကတော့ ရိုဟန့်ကို ပြန်ပေးဆွဲသွားတဲ့လူဆီကနေ ဘာတစ်ခုမှ ဆက်သွယ်မလာတာပဲ။ ပိုက်ဆံလိုချင်ရင်လည်း ပြန်ပေးသမားအနေနဲ့ ဆက်သွယ်သင့်ပြီ။ အခုကျ ...
movie
Madaari (2016)
Koi Jaane Na (2021)
Koi Jaane Na (2021)ကဗီရ် ဆိုတဲ့စာရေးဆရာလေးဟာ တက်ကျမ်းစာအုပ်တွေ မစားရဝခမန်း ရေးနေပေမယ့်သူတကယ်သိတဲ့အကြောင်းအရာလဲမဟုတ်သလို ရေးချင်စိတ်လဲမရှိပါဘူး..ဒါပေမယ့် စာချုပ်ချုပ်ထားရတော့လဲ တက်ကျမ်းတွေကို မတတ်သာဘဲရေးနေရရော...သူတကယ်ရေးချင်တာက လျှို့ဝှက်သည်းဖိုအကြောင်းအရာတွေဖြစ်တာမို့ လျှို့ဝှက်သည်းဖိုစာအုပ်တွေကိုပါ နာမည်ဝှက်နဲ့ ရေးသားဖြန့်ချိခဲ့ပါတယ်...တစ်နေ့မှာ သူနဲ့ ဆူဟာနာလို့ခေါ်တဲ့မိန်းကလေးနဲ့ချစ်ကျွမ်းဝင်ခဲ့ပြီးနောက်ပိုင်းလူသတ်မှုတွေ မြို့ထဲဆက်တိုက်ဖြစ်လာတဲ့အခါ...သူကိုယ်တိုင် လျှို့ဝှက်သည်းဖိုစာအုပ်ထဲကဇာတ်ကောင်တွေလိုပြုမူလာတဲ့အခါ....ရုပ်ပြောင်း ရုပ်လွှဲအတတ်ပညာနဲ့ သူ့ဝတ္ထုထဲကဇာတ်ကောင်တွေလို ခန့်မှန်းရခက်လာတဲ့အခါ...စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် လျှို့ဝှက်သည်းဖို ရသစုံ Bollywood ဇာတ်ကားတစ်ကားဖြစ်ပါတယ်..Kunal Kapoor မှ အဓိကမင်းသားအဖြစ်ပါဝင်ထားပြီး မင်းသားကြီးအာမန်ခန်းကိုလဲ ခဏတဖြုတ်တွေ့ရမှာပါ။Mr.X တို့ Kung Fu Yoga ဇာတ်ကားတွေရဲ့ မင်းသမီးချော Amyra Dastur က ဆူဟာနာအဖြစ်ပါဝင်ထားပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကိုတော့ Sein Lae မှ တင်ဆက်ထားတာပါ။) File size…(2.6 GB) and (1.6 GB) Quality….WEB-DL 1080p and 720p 5.1CH Format…mkv Duration….02:19:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Sein Lae
movie
Koi Jaane Na (2021)
Tees Maar Khan (2010)
Rating သိပ်မကောင်းပေမဲ့ ကြည့်လို့ကောင်းတဲ့အပြောင်ကားလေးပါ။ မင်းသားကြီး အက်ရှေးကူးမားနဲ့ မင်းသမီး ကတ်ထရီးနာကဖ်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အိန္ဒိယရုပ်ရှင်လောကကို ခပ်ပါးပါးလေး ကလိထားတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းကစလာကတည်းက ယဉ်သကိုဆိုတဲ့အတိုင်းပဲ သူခိုးနက္ခတ်နဲ့မွေးလာတဲ့ တိစ်မာခန်းဆိုတဲ့ ဆရာသမားလေးဟာ အမိဝမ်းထဲကထွက်ထွက်ချင်းမှာတင် ဆရာဝန်နဲ့သူနာပြုရဲ့ နာရီနဲ့ ဆွဲကြိုးကို ခိုးသတဲ့ဗျာ။ ကြီးလာတော့ နိုင်ငံတကာဒုစရိုက်သမား တိစ်မာခန်းဆိုတဲ့ အလိုရှိစာရင်းဝင်ကိုဖြစ်ရောပဲ။ ထိုအချိန်အိန္ဒိယက ရှေးဟောင်းပစ္စည်းမှောင်ခိုသမားအဖွဲ့က နိုင်ငံတော်ရတနာတွေကို မှောင်ခိုထုတ်ဖို့ ကြိုးစားရင်း ရတနာတွေက ရဲလက်ထဲရောက်သွားပါတယ်။ ရဲတွေက ထိုရတနာတွေကို ဒေလီကို လုံခြုံရေးအပြည့်ချထားတဲ့ရထားနဲ့ ပို့ဖို့လုပ်ပါတယ်။ ရထားဟာ လမ်းမှာလုံးဝမရပ်ပဲ သွားမယ့်ရထားပါ။ ထိုရထားပေါ်က ရတနာတွေကို ခိုးယူဖို့ နာမည်ကြီး တိစ်မာခန်းကို အကူအညီတောင်းပါတော့တယ်။ တိစ်မာခန်းကနေ ရဲတွေအပြည့်ပါတဲ့ သွားနေတဲ့ရထားပေါ်ကနေ ရတနာတွေကို ဘယ်လိုခိုးမလဲဆိုတာ ဒီဇာတ်ကားမှာကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ တစ်ချက်ထိုး ဆယ်ပေလောက် လွင့်ထွက်သွားတဲ့အိုဗာတွေမပါပေမဲ့ စကားလုံးတွေကတော့ ဆူနာမီထက်ကိုကြမ်းပါတယ်။ တော်ကီတစ်ပေါက်ရှမ်းရှမ်းတောက်ပါပဲ။ '' ပြည့်တန်ဆာမကို သိက္ခာဆည်တာနဲ့ တိစ်မာခန်းကို ထောင်ချဖို့ဆိုတာ နှစ်ခုစလုံးအချည်းနှီးပဲ '' အဲဒီလိုမျိုးတွေ။ ဒါနဲ့ ဒီဇာတ်ကားမှာ မင်းသားကြီး ဆယ်လ်မန်ခန်းက ဧည့်သရုပ်ဆောင်အနေနဲ့ သီချင်းတစ်ပုဒ်မှာ ဝင်သရုပ်ဆောင်ပေးထားသေးတယ်။ ကြည့်ကြည့်ပါ အပျင်းပြေပျော်ရွှင်ရမှာပါ။ File size…(2.2 GB) Quality….WEB-DL 720p 5.1CH Format…mkv Duration….02:15:00 Subtitle….Myanmar ...
movie
Tees Maar Khan (2010)
8.2
PK (2014)
IMDb (8.2/10)Rotten Tomatoes (93%)ဒီဇာတ်ကားကတော့ ၂၀၁၄ ခုနှစ်ရဲ့ အကောင်းဆုံး ဘောလိဝုဒ်ဇာတ်ကားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ကမ္ဘာနှင့်အဝှမ်း ဝင်ငွေများစွာရရှိခဲ့ပြီး စံချိန်တွေလဲချိုးခဲ့တဲ့ နာမည်ကြီးဇာတ်ကားပါ။ဘာသာတရား အယူဝါဒတွေနဲ့ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ပွက်လောရိုက်အောင်ကိုငြင်းခုန်ခဲ့ကြပါတယ်။မင်းသား Aamir Khan ရဲ့မှတ်တိုင်ဖြစ်ခဲ့ပြီး မင်းသမီးကတော့ Anushka Sharma ဖြစ်ပါတယ်။(ဘာသာပြန်ထားသူကတော့ မိုးစက်ဖြစ်ပါတယ်။)File size…(1.21GB) Quality... 720p Format…mp4 Duration….02:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
PK (2014)
2014
7.4
Kala (2021)
IMDb (7.4/10)ကျွန်တော်တို့ လူသားတွေက အစွဲအလမ်းသိပ်ကြီးတတ်ကြတယ်ဗျ... တချို့က အမှတ်တရများစွာရှိနေတဲ့ အရာဝတ္ထုပစ္စည်းတွေအပေါ်မှာ စွဲလမ်းတတ်ကြသလို..တချို့ကျ ကိုယ်ချစ်ခင်မြတ်နိုးတဲ့ သူတွေအပေါ်..တချို့ကျပြန်တော့လည်း ကိုယ်အမြတ်တနိုးမွေးမြူထားတဲ့ တိရိစ္ဆာန်လေးတွေအပေါ်...အစွဲအလမ်းတွေကြီးတတ်ကြတယ်။ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အရာတွေက တချို့လူတွေအတွက်ကျတော့ အလကားဖြစ်နေတတ်တယ်..."အချစ်ဆိုတာ သက်ဆိုင်သူနှစ်ဦးကလွဲလို့ တခြားလူတွေအတွက် ဟာသဖြစ်နေတတ်တယ်" ဆိုသလိုပေါ့..အဲ့လို ကိုယ်မြတ်နိုးတဲ့အရာလေးတစ်ခုကို တခြားသူက ဘာမှမတွေးဘဲ လုယူလိုက်တဲ့အခါအငြိုးတွေက အလျှံငြီးငြီးတောက်လောင်လာစေတယ်...ဒီဇာတ်လမ်းလေးမှာတော့ သူ သိပ်ချစ်ပြီး အမြတ်တနိုးမွေးမြူထားတဲ့ ခွေးလေးတစ်ကောင်ကို သတ်ပစ်လိုက်တဲ့အခါ အငြှိးကြီးတဲ့ သခင်တစ်ယောက်ရဲ့ တန်ပြန်လက်စားချေမှုတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်..သွေးသံရဲရဲဖိုက်တင်ခန်းတွေနဲ့ တမီးလ်ဂျွန်ဝစ်ဆိုရင်လဲ မမှားတဲ့ဇာတ်ကားပါ။(အညွှန်းနဲ့ဘာသာပြန်ကို Thuya မှ တင်ဆက်ထားတာပါ။) File size…(2.3 GB) and (1.5 GB) Quality….WEB-DL 1080p and 720p 5.1CH Format…mp4 Duration….02:10:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thuya
movie
Kala (2021)
8.5
Karnan (2021)
IMDb Rating (8.6)၁၉၉၇ ခုနှစ်မတိုင်ခင်က ပိုဒီရန်ကုလမ် ဆိုတဲ့ ရွာလေးမှာ ကာနန်ဆိုတဲ့ ဂျစ်ကန်ကန်လူငယ်လေးတစ်ယောက်ရှိတယ်...သူက မတရားမှုဆို ငြိမ်ခံမနေဘဲ ဒေါသကိုရှေ့တန်းတင်တက်တာကြောင့် ပြဿနာကောင်ဆိုပြီး နာမည်ကြီးနေရော..ပိုဒီရန်ကုလမ်ရွာလေးက ဝေးလံတဲ့အရပ်မှာရှိပြီး ဘတ်စ်ကားမှတ်တိုင်တောင်မရှိလို့ရွာသားတွေက အနီးနားက မေလာရွာလေးမှာ ကားသွားစီးကြရတယ်...ဒါတွေကြောင့်လဲ ပိုဒီရန်ကုလမ်ရွာသားတွေက နေရာတကာမှာ အဖိနှိပ်ခံ အောက်ကျို့ခံပြီးနေနေကြရတယ်..တစ်နေ့ ရွာလမ်းဆုံမှာ ဘတ်စ်ကားမရပ်ပေးလို့ ခဲနဲ့ထုရာကနေ ပြသနာစပြီးကာနန်က ကားတစ်စီးလုံး ရိုက်ခွဲလိုက်တာကြောင့် ရွာသားတွေအားလုံး ရဲနဲ့အမှုရင်ဆိုင်ရပါတော့တယ်...ရဲတွေကထုံးစံအတိုင်း အမှုနဲ့မဆိုင်တဲ့ ရွာသားတွေကိုပါ တမင်အနိုင်ကျင့်ရိုက်နှက်တာကြောင့်ဖိနှိပ်ခံလူတန်းစားတော်လှန်ရေးပေါ်ပေါက်လာပါတယ်...မျိုးချစ်ကောင်လေး ကာနန် ဦးဆောင်ပြီးရွာသားတွေနဲ့အတူ အဖိနှိပ်ခံဘဝကနေလွတ်အောင်ဘယ်လိုကြိုးစားကြမလဲ ဆိုတာကိုစိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sein Lae မှ တင်ဆက်ထားတာပါ။) File size…(3 GB) and (1.9 GB) Quality….WEB-DL 1080p ...
movie
Karnan (2021)
8.6
Mandela (2021)
IMDb Rating (8.6)တောင်ဘက်နဲ့မြောက်ဘက် မတည့်တဲ့အပြင် အမျိုးဇာတ်ခွဲခြားမှုတွေနဲ့ ပြည့်နေတဲ့ ရွာလေးတစ်ရွာမှာ....ဇာတ်နိမ့်လို အိမ်ရှေ့က မ၀င်ရ....ခိုင်းတာလုပ် ကျွေးတာစား တစ်ရွာလုံးက အဖတ်မလုပ်တဲ့ ဘ၀နဲ့ရှင်သန်နေရတဲ့ စမိုင်းဆိုတဲ့ ဇာတ်နိမ့် ဆံပင်ညှပ်ဆရာတစ်ယောက်...ဒီလိုနဲ့...တောင်ပိုင်းနဲ့ မြောက်ပိုင်း ဥက္ကဌ ရာထူးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲမှာ သူရဲ့မဲတစ်မဲဟာ အနိုင်အရှုး ဆုံးဖြတ်ပေးမယ့် မဲဖြစ်လာတဲ့ အခါမှာတော့ဒီမဲတစ်မဲကြောင့် သူရဲ့ဘ၀ ဘယ်လို ပြောင်းလဲသွားမလဲ....မဲတစ်မဲရဲ့တန်ဖိုးကြီးမားပုံနဲ့အတူ....ရွာနှစ်ခြမ်းရဲ့ပြိုင်ဆိုင်တင်းမာမှုတွေက ဘယ်လိုအခြေအနေဖြစ်သွားမလဲ...ဇာတ်နိမ့်တွေရဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ရသမြောက်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်.. File size…(2.6 GB) and (1.7 GB) Quality….WEB-DL 1080p and 720p 5.1CH Format…mp4 Duration….02:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ida
movie
Mandela (2021)
7.2
Vakeel Saab (2021)
IMDb 7.3/10အသစ်ထွက်ရှိထားတဲ့ မှူခင်းဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေဇဲရီးနား ပါလဗီးနဲ့ ဒေ့ဗီယာဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာ ရိုးသား ကြိုးစားတတ်တဲ့လူငယ်မိန်းကလေးတွေဖြစ်ပါတယ်တစ်နေ့မှာတော့သူတိုသုံးယောက်ဟာမထင်မှတ်ထားဘဲ အမှူတစ်ခုကို ကျူးလွန်မိကြပါတယ်ဗမ်ရှီဆိုတဲ့ကောင်လေးကိုရိုက်မိတဲ့အမှူပေါ့ သူဟာအရာရှိတစ်ယောက်ရဲ့သားဖြစ်နေတဲ့အခါ သူတိုသုံးယောက်ဘယ်လိုမတရားမှူတွေကြုံတွေ့ရမလဲကူရာမဲ့ဖြစ်နေတဲ့အချိန် သူတိုအတွက် ဆက်သ်ရားဆိုတဲ့လူတစ်ယောက်ပေါ်လာခဲ့ပါတယ်သူကရောဘယ်သူလဲ မိန်းကလေးတွေကျူးလွန်မိလိုက်တဲ့ အမှူကရောဘာကြောင့်လဲမတရားမှူခံရတဲ့သူက ဗမ်ရှီလား စတာတွေကိုစိတ်ဝင်စားသဖွယ်ကြည့်ရမဲ့ မှူခင်းဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကို May Zin Oo မှ တင်ဆက်ထားတာပါ။) File size…(3.2 GB) and (1.9 GB) Quality….WEB-DL Untouched 1080p and 720p 5.1CH Format…mp4 Duration….02:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by May Zin Oo
movie
Vakeel Saab (2021)
6.0
Sulthan (2021)
Sulthan (2021)အိန္ဒိယတောင်ပိုင်းရုပ်ရှင်ချစ်သူတွေအတွက် တစ်နေ့ကထွက်လာတဲ့ မင်းသား Karthi(ကာရ်သီ) နဲ့ မင်းသမီးချော Rashmika Mandanna(ရာ့ရှ်မီကာမန်ဒနား)တိုရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဗစ်ကရမ် (ခေါ်) ဆူလ်သန်ဟာ ချန်နိုင်းမြိုက ဒိတ်ဒိတ်ကြဲလူမိုက်ကြီး စည်သူပသီရဲ့သားပါ။ လူမိုက်ပေမယ့် မှန်ကန်တဲ့လူမိုက်ကြီး စည်သူပသီဟာ ချန်နိုင်းဝန်းကျင်တစ်ဝိုက်မှာ နာမည်ကောင်းနဲ့ ကျော်ကြားပြီး ဘေးပတ်ဝန်းကျင်နယ်တွေမှာ ပြဿနာပေါ်လာတိုင်း ဖြေရှင်းပေးနေကျပေါ့။ အုပ်ထိန်းသူမိခင် မရှိတော့တဲ့နောက်ပိုင်း လူယုံ လက်ရုံးတပည့်တွေလက်ပေါ်မှာ ကြီးပြင်းလာခဲ့ရတဲ့ ဆူလ်သန့်ကို စည်သူပသီကရော ၊ တပည့်တွေအားလုံးကပါ သိပ်ချစ်ကြတယ်။အရွယ်ရောက်သည်အထိ ပညာတွေသင်ရင်း မွန်ဘိုင်းမြိုမှာနေရတဲ့ ဆူလ်သန့်အတွက် လူဆိုးလူမိုက်အလုပ်တွေကို မလုပ်ရသလို သူကိုယ်တိုင်လည်း လူမိုက်အလုပ်ကို မနှစ်မြိုသူပါ။ဒီလိုနဲ့ ဖခင်ကြီး ဆုံးပါးသွားပြီးတဲ့နောက်ပိုင်းမတော့ ဖခင်ကြီးမသေခင်က ပေးခဲ့တဲ့ကတိအတိုင်း ရွာတစ်ရွာကိုနှောက်ယှက်ပြီး အဲ့ဒီရွာကို ဒုက္ခပေးနေတဲ့ လူမိုက်ကြီးတစ်ယောက်နဲ့ ဆူလ်သန်တစ်ယောက် ရင်ဆိုင်ရဖို ဖြစ်လာပါတယ်။တောင်းပိုင်းရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း အကအလှတွေ ဝေဝေဆာဆာ ၊ အက်ရှင်ခန်းတွေ ဖောဖောသီသီနဲ့ ၂နာရီကျော်ကြာတဲ့ ပြသချိန်အတွင်း ပျင်းရိမသွားရလေအောင် ဟာသလေးတွေ အူမြူးစရာလေးတွေပါ ထည့်ထားတော့ အိန္ဒိယရုပ်ရှင်ချစ်သူတွေအတွက် ကြည့်ပျော်မှာပါ။ File size…(3 GB) and (1.9 GB) Quality….Web-DL Rip 1080p 5.1CH and 720p Format…mp4 Duration….02:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Sulthan (2021)
7.8
Judas and the Black Messiah(2021)
Judas and the Black Messiah(2021)အညွှန်း*************************************IMDb...7.8"ကျုပ်တို့က မီးကိုမီးနဲ့မတိုက်ဘူး...မီးကိုရေနဲ့ငြိမ်းမှာ...ကျူပ်တို့က လူမျိုးရေးခွဲခြားခြင်းကိုလူမျိုးရေးခွဲခြားခြင်းနဲ့တိုက်နေတာမဟုတ်ဘူး....ကျုပ်တို့က စည်းလုံးခြင်းနဲ့တိုက်နေတာ...အရင်းရှင်ဝါဒကိုဆိုရှယ်လစ်ဝါဒနဲ့တိုက်မှာ"ဒါကတော့ လူမည်းတွေရဲအဆင့်အတန်းအားလုံးကိုမြင့်စေဖို့ ကြိုးစားနေတဲ့ ကျားသစ်နက်ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ ဖရဒ်ဟမ်တွန်ရဲ့ မူဝါဒဖြစ်တယ်...သူ့ရဲ့တက်ကြွမှုတွေနဲ့ လူထုရဲ့ပါဝင်မှုတွေဟာ အစိုးရပိုင်းအတွက်တော့မျက်စိစပါးမွှေးစူးစရာပဲ...ခေါင်းဆောင်ြဖစ်တဲ့ ဖရဒ်ဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလို သူ့လှုပ်ရှားမှုတွေဟာလည်း အကြမ်းမဖက်တဲ့ဝါဒဖြစ်လေတော့ဒီအဖွဲ့အစည်းကြီးကို နှိမ်နှင်းဖို့ ခက်ခဲနေပါတယ်..တဖြည်းဖြည်းအင်အင်းကြီးလာသလိုသူတို့စွဲကိုင်တဲ့တော်လှန်ရေးဝါဒကလည်း အင်အားဖြစ်စရာမို့ FBI က စနစ်တကျဖြိုခွင်းဖို့ကြိုးစားပါတယ်...ဒါ့ကြောင့် FBI ဟာ ကျားသစ်နက်ပါတီကိုဖြိုခွင်းဖို့ FBI အေးဂျင့် ရွိုင်မစ်ချယ် လူမည်းတစ်ယောက်ကိုသူလျှိုအဖြစ်ထည့်သွင်းလှုပ်ရှားစေခဲ့တယ်...ဒီလူမဲကတော့ သူ့ကိုယ်ကျိုးအတွက်ဘာမဆိုလုပ်မဲ့သူဖြစ်တယ်..အဲ့ဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...ဒီကားက Biography ဖြစ်တဲ့အပြင် လူမဲအရေးလှုပ်ရှားမှုဇာတ်ကားဆိုပေမဲ့ အစမှ အဆုံးထိ စိတ်လှုပ်ရှားစရာကောင်းပါတယ်...ဆုကြီးပေါင်း (၈)ဆုရထားသလို IMDB ရော Rotten ရော အလန်းဆုံးအဆင့်မှာရှိလို့ လက်မလွှတ်စေလိုကြောင်း ပြောကြားပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်...File Size : (2.5 GB) and (1 GB) Quality : HEVC ...
movie
Judas and the Black Messiah(2021)
HEVC 1080p 5.1
First
71
72
73
74
75
Last
Previous
Next