Channel Myanmar

Bollywood

Garuda Gamana Vrishabha Vahana (2021) 8.8
Garuda Gamana Vrishabha Vahana (2021) Garuda Gamana Vrishabha Vahana (2021)ဒီတစ်ခါတော့ပရိသတ်ကြီးကို IMDb rating 8.8 အထိရရှိထားတဲ့အိန္ဒိယဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်ဒီဇာတ်ကားမှာတော့ အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ရှီဗာနဲ့ဟာရီတို့ဟာမန်ဂလောမြို့ကိုအုပ်စိုးနေတာဖြစ်ပါတယ်။ ရှီဗာဟာ ငယ်စဥ်ကလေးဘဝတည်းကအမေဖြစ်သူမှလည်ပင်းလှီးပြီးရေတွင်းထဲစွန့်ပစ်ခံရသူဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့အသက်ပြန်ရှင်လာသူပါ။ ဟာရီ့အမေမှမွေးစားထားပြီး နှစ်ယောက်သားအတူတကွကြီးပြင်းလာတဲ့သူငယ်ချင်းများဖြစ်ကြပါတယ်။ ဟာရီနဲ့ပတ်သတ်ရင် ဆတ်ဆတ်ထိမခံတတ်တဲ့ရှီဗာက ဟာရီ့ကိုသေနတ်နဲ့ခြိမ်းခြောက်တဲ့ မာကရီဒါရာနန္ဒာကိုသတ်ပြီးနောက်မှာအချိန်နဲ့အမျှ ဘယ်လိုစိန်ခေါ်မှုတွေတွေ့ကြုံလာမလဲ ရဲအရာရှိတွေနဲ့လည်း ဘယ်လိုဆက်နွယ်လာမလဲရာဇဝတ်မှုအတူကျူးလွန်‌‌နေကျ ငယ်သူငယ်ချင်းနှစ်ယောက်နဲ့ သူတို့ကြား အတ္တ မနာလိုစိတ်တွေကြားဝင်လာတဲ့အခါဘယ်လိုဆက်ဖြစ်မလဲဆိုတာ သည်းထိတ်ရင်ဖိုစောင့်ကြည့်ရမဲ့ Crime Thriller အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်  File size…1.6Gb / 800MB Quality…1080p ZEE5 WebDl / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & HM & Haruko & Yunni
movie

Garuda Gamana Vrishabha Vahana (2021)

2021
Ram Asur (2021) 9.1
Ram Asur (2021) အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ Ram ဆိုတဲ့ လူငယ်လေးလူလုပ် စိန်ကို ကြိုးစားဖန်တီးနေတဲ့ကောင်လေးတစ်ယောက်ဘယ်လောက်ကြိုးစားကြိုးစားရှုံးနိမ့်မှုတွေနဲ့ကြုံနေရတဲ့သူ ရည်မှန်းချက်တွေအောင်မြင်ဖို့Suri ဆိုတဲ့ သူတစ်ယောက်နဲ့ တွေ့ဖို့အကြောင်းဖန်လာတဲ့အခါRam ရဲ့စိတ်ကူးအိပ်မက်တွေအမှန်တကယ်ဖြစ်လာမလား Suri ကရောRam အတွက်ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်လာပါ့မလားခေတ်နှစ်ခေတ်ကိုယှဉ်တွဲရိုက်ပြတင်ဆက်ထားတဲ့ဇာတ်လမ်းဖြစ်တဲ့အပြင် ဇာတ်ကြောင်းတစ်ခုကတော့၁၉၈၉ အဖြစ်အပျက်လေးကိုရိုက်ကူးထားပြီးနောက်ဇာတ်ကြောင်းလေးကတော့လက်ရှိ ၂၀၂၀ အဖြစ်အပျက်လေးတွေကိုရိုက်ကူးပုံဖော်ထားတာပါဒီမတူညီတဲ့ ခေတ်နှစ်ခု ဇာတ်ကြောင်းနှစ်ခု ရည်မှန်းချက်တူပေမယ့်ခံယူချက်ချင်းမတူတဲ့လူနှစ်ယောက် ကြားက ဆက်နွယ်ချက်လေးကဘာဖြစ်မလဲ ဒီဇာတ်လမ်းရဲ့နောက်ကွယ်က အဓိကဇာတ်ကြောင်းလေးကဘာဖြစ်မလဲဆိုတာသိပ္ပံစမ်းသပ်ချက်တွေအက်ရှင်အကြမ်းစားလေး တွေ နဲ့ စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်...  File size…2.3Gb / 1.06Gb Quality…1080p True WEB DL AAC 5.1CH Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Poe & Haruko
movie

Ram Asur (2021)

2021
Raja Vikramarka (2022) 8.8
Raja Vikramarka (2022)  မကြာသေးခင်ကမှထွက်ရှိထားတဲ့ အိန္ဒိယစပိုင်အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အက်ရှင်ခန်းတွေအပြင် ဟာသ၊ ဒရာမာ စုံလင်စွာပါဝင်တဲ့ ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ်လည်းခိုင်မာတဲ့အပြင် သရုပ်ဆောင်တွေကလည်းအပြစ်ပြောစရာမရှိသလောက်ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ NIA အေးဂျင့်အဖွဲ့ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကရန်ငြှိုးရှိခဲ့ဖူးတဲ့ ဂုရုနာရာရနာဆိုတဲ့လူဆိုးဂိုဏ်းနဲ့ ပတ်သတ်နေတဲ့ နိုင်ငံခြားသားလက်နက်ရောင်းဝယ်ဖောက်ကားသူကိုဖမ်းဆီးရမိခဲ့ပါတယ်။ ဒါပေမဲ့ မမျှော်လင့်စွာပဲ ဗစ်ခရမ်မှ အဲဒီနိုင်ငံခြားသားကို မတော်တဆပစ်သတ်မိတဲ့အခါ ရာထူးဆိုင်းငံ့ခံရပြီး ဘာတွေဆက်ဖြစ်လာမလဲ.... မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေပါဝင်တာကြောင့် စပိုင်အက်ရှင်ကားတွေကိုနှစ်သက်တတ်မယ်ဆိုရင် လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်း တစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။  File size…(2.06 GB) /(587 MB) Quality….WEBDL 1080p /720p Format…mp4 Duration….02:18:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. Thit San Khant Translated by Shwe Pwint , Haruko , Yunni , Honeyey
movie

Raja Vikramarka (2022)

2022
Velle (2021) 7.9
Velle (2021) Velle (2021)IMDB 8.3/10ခုတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ တလောက စီအမ်ကနေတင်ဆက်ပေးလိုက်တဲ့ Govinda Govindaဆိုတဲ့ကားလေးနဲ့ ဆင်တဲ့ Velle ဆိုတဲ့ဟာသဒရမ်မာလေးပဲဖြစ်ပါတယ်ရာဟွန် ရာဂျူး ရမ်ဘိုတို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေပဲဖြစ်ကြပါတယ်။ ကျောင်းစာမှာဆိုလည်းညံ့ဖျင်းပေါက်တတ်ကရတွေလုပ် ပြဿနာတွေရှာ ဆိုးဖော်ဆိုးဖက်သူငယ်ချင်းဖြစ်ကြပြီး R3 ဆိုတဲ့ အဖွဲ့လေးပေါ့တစ်နေ့မှာ ကျောင်းအုပ်ရဲ့သမီးဖြစ်တဲ့ ရီယာနဲ့ တွေ့ဆုံလာကြတဲ့အချိန်မှာတော့ အရမ်းခင်မင်ကြပြီး R3ကနေ R4 အဖွဲ့ဆိုပြီးပြောင်းလဲသွားပါတော့တယ်။ရီယာကတော့ အကမှာဝါသနာပါပြီး အကသမားဖြစ်ချင်ပေမယ့် ဖခင်ဖြစ်သူကတော့ ဝါဿနာကို support မပေးပဲကျောင်းစာတွေပဲအာရုံစိုက်ခိုင်းတာခံနေရတဲ့ လွတ်လွတ်လပ်လပ်နေချင်တဲ့ကောင်မလေးပဲဖြစ်ပါတယ်။အဲ့လိုနဲ့ အိမ်ကဆင်းပြီး အကသင်တန်းတက်ဖို့ရာအတွက်ပိုက်ဆံကမရှိပြန်တော့ သူငယ်ချင်း‌သုံးယာက်ကိုသူ့ကိုပြန်ပေးဆွဲခိုင်းပြီးအဖေ့ဆီကဟန်ဆောင်ငွေတောင်းခိုင်းပါတော့တယ်။ကံမကောင်းစွာနဲ့ပဲ ဟန်ဆောင်ပြန်ပေးဆွဲရာကနေ ရီယာတစ်ယောက်တကယ်ပြန်ပေးဆွဲခံရတဲ့အချိန်မှာတော့သူငယ်ချင်း‌သုံးယောက်က ဘယ်လိုပြန်ကယ်တင်ကြမလဲ....ငွေရဖို့ကြံကြရာကနေ ပိုဆိုးလာကုန်မှာလား ပိုကောင်းသွားမလား...ဒီသူငယ်ချင်းအဖွဲ့ ဘယ်လိုကမောက်ကမနိုင်ကြမလဲဆိုတာကိုလည်း တစ်ခွီးခွီးတဟားဟားနဲ့ရီရမယ့်ကားလေးလည်းဖြစ်တာကြောင့် ကြည့်ရှုအားပေးကြပါဦး  File size…2.18GB / 1.06GB Quality…1080p TRUE HD AAC 5.1CH / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Allena & Shwe ...
movie

Velle (2021)

2021
Thalli Pogathey (2021) 7.7
Thalli Pogathey (2021) Thalli Pgathey (2021)ဒီနေ့ Channel Myanmar က တင်ဆက်ပေးချင်တဲ့ အချစ်ဟာသကားလေးတစ်ခုကတော့ IMDb မှာ rating 7.7/10 ထိရထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ကာတစ် ပါလဗီ အာရွန်း ဒီ ၃ ယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပေါ့ဗျာ။ကာတစ်နဲ့ ပါလဗီက အပြန်အလှန် မေတ္တာမျှနေကြတဲ့ ချစ်သူနှစ်ယောက်ပါ။ အိန္ဒိယတို့ရဲ့ ရိုးရာဓလေ့အရ အရွယ်ရောက်နေတဲ့ သမီးပျိုကို အိမ်ထောင်ချပေးဖို့ ပါလဗီရဲ့မိဘတွေက စီစဥ်ကြတဲ့အခါ။ အခုမှ ကောလိပ်ကဘွဲ့ရခါစ ကာတစ်က သူ့ချစ်သူကို မပြည့်စုံတဲ့ ဘဝထဲ ဆွဲမခေါ်ရက်ရှာပါဘူး။ ဒီတော့ တစ်နှစ်ဆိုတဲ့ အချိန်ကို ပါလဗီဆီက တောင်းခဲ့ပါတယ်။ ကိစ္စတိုင်းက ကိုယ်မျှော်လင့်သလိုတော့ ဖြစ်မလာနိုင်တာ သဘာဝပဲမို့လားဗျာ။သူပြည်ပရောက်နေတဲ့ အချိန်မှာ မိဘတွေရဲ့ဆန္ဒကိုမလွန်ဆန်နိုင်တဲ့ ပါလဗီက အာရွန်းနဲ့လက်ထပ်ခဲ့ရပါတယ်။" သူများနဲ့ညား ငါ့ရည်းစား '' ဆိုသလိုပါပဲ ချစ်ရသူကို သူတစ်ပါးရင်ခွင်ထဲ ထည့်လိုက်ရတဲ့ ကာတစ်ခမျာ အရူးတပိုင်း အရက်သမားလုံးလုံးဖြစ်ပါလေရော။ ဒါပေမယ့် ဇာတ်လမ်းက ဒီမှာမပြီးသေးပါဘူး။မထင်မှတ်ထားတဲ့အလှည့်အပြောင်းတစ်ခုမှာ သူတို့ ၃ ယောက် ...
movie

Thalli Pogathey (2021)

Big Brother (2020) 4.4
Big Brother (2020) Big Brother (2020)မင်းသားကြီး Mohanlal ကိုတော့  ပရိတ်သတ်ကြီးတွေ အားလုံးသိကြမှာပါနော်Mohanlal ပါဝင်ထားတဲ့ Drishyam (2013) က IMDB 8.3 ထိရရှိခဲ့ပြီးပြန်လည်ရိုက်ကူးထားတဲ့Drishyam 2 (2021) မှာတောင် IMDB 8.6 ထိတောင်ရထားခဲ့တာဖြစ်ပါတယ်ဒီတစ်ခါတင်ဆက်ပေးမယ့်ကားကလည်း Mohanlal ကိုယ်တိုင်ပါ၀င်ရိုက်ကူးထားတဲ့ကားလေးဖြစ်တဲ့မြှုပ်ကွက်ပေါင်းစုံနဲ့ ကြည့်ရှုသူတွေကိုလှည့်စားမယ့် အက်ရှင်ကားတစ်ကားဖြစ်ပါတယ်လူသတ်မှုနဲ့ထောင်ကျနေတဲ့ Sachidanandan က တိုက်ရည်ခိုက်ရည်‌ရှိပြီးဗျူဟာကောင်းတွေထုတ်နိုင်တဲ့ အရည်အချင်းရှိသူတစ်ဦးဖြစ်ပါတယ်။အဲဒါကြောင့် ထောင်ကျနေစဉ်အတွင်းမှာ ကွန်မန်ဒိုတပ်ဖွဲ့၀င်အဖြစ် လေ့ကျင့်ခံခဲ့ရပြီးအန္တရာယ်များတဲ့မစ်ရှင်တွေကိုလုပ်ခဲ့ရတဲ့သူတစ်ယောက်ပါ။ငယ်ကတည်းကထောင်ကျခဲ့တာကြောင့် ၂၄ နှစ်အကြာ ပြန်လွတ်လာတဲ့အချိန်မှာတော့မိသားစုဝင်တွေနဲ့ အေးအေးချမ်းချမ်းပဲ ဘဝကိုဖြတ်သန်းချင်သူဖြစ်ပါတယ်ဒါပေမယ့်လည်း လွတ်‌မြောက်လာပြီးချက်ချင်းပဲ သူ့မိသားစုကိုအန္တရာယ်ပြုတဲ့ဖြစ်ရပ်ကြီးကြုံလိုက်ရတော့ Sachi တစ်ယောက်အတော်လေး တုန်လှုပ်သွားခဲ့ရပြီးမိသားစုကိုကာကွယ်နိုင်ဖို့ရာအင်အားကြီး မူးယစ်ဆေးဒုစရိုက်သမားကြီးတစ်ဦးကို ဆန့်ကျင်တိုက်ခိုက်နိုင်ဖို့အကြောင်းဖန်လာတော့ Sachi ကဘယ်လိုဗျူဟာတွေထုတ်ပြီး ဘယ်လိုလှည့်ကွက်တွေသုံးမလဲဆိုတာစိတ်ဝင်တစားကြည့်ရမယ့်ကားလေးဖြစ်တာကြောင့် ပရိတ်သတ်တွေ လက်မလွတ်သင့်တဲ့ကားဖြစ်ပါတယ်နော် File size…2.5GB / 1.3GB  / 615MB Quality…1080p TRUE HD AAC 5.1CH / 720p / ...
movie

Big Brother (2020)

2020
Varudu Kaavalenu (2021) 7.1
Varudu Kaavalenu (2021) Varudu Kaavalenu 2021 Romance/ Comedy IMDb 7.1/10ဇီဇာကြောင်ပြီး ချေးများတဲ့ အပျိုကြီးတွေကို ကြုံဖူးပါသလား။ ဇီ‌ဇာကြောင် ချေးများရုံဘယ်ကဦးမလဲ ပစိပစပ်ကများသေးတာမျိုးဗျာ။ သိတယ်မလား ဘယ်ယောက်ျားမှ နွားမထင် မှားလို့ လူမထင်တဲ့အမျိုးတွေပေါ့‌ဗျာ။ ဟိုအပင်ပေါ်က သစ်သီးတွေ အချိန်လွန်ရင် ပုပ်လိမ့်မယ်ဆိုတဲ့သီချင်းအတိုင်း အရွယ်လွန် အပျိုဟိုင်းကြီးဘဝနဲ့ အဆုံးသတ်တော့မယ့် မမကြီးတွေပေါ့ဗျာ။ဒါပေမယ့် ဒီဇာတ်ကားထဲက မင်းသမီးကတော့ ရှိသင့်တဲ့အလှအပ ရင့်ကျက်မှုတွေအကုန် အပြည့်အစုံဆုံးအရွယ်မှာ အတောက်ပဆုံးလင်းလက်နေတဲ့ ကြယ်လေးတစ်စင်းလို လှပလွန်းသူလေးပါ..ဒီအပျိုကြီးကြယ်လေးကို မြင်မြင်ချင်းကြွေသွားရသူကတော့ ပဲရစ်ကလာတဲ့ဒီဇိုင်းဗိသုကာပညာရှင်ကောင်လေးပေါ့....ဒီတော့ ဒီဇိုင်းဗိသုကာပညာရှင်ကောင်‌ဆိုးလေးတစ်ယောက် အပျိုကြီးမမအချောအလှရဲ့ အချစ်ကို ရနိုင်ပါ့မလား၊ ကြားထဲမှာ ဘယ်သူတွေဝင်လာကြမယ်၊ ဘယ်လိုအရှုပ်‌ထုပ်တွေ ဝင်မွှေမယ်၊ ဘယ်လိုဟာသအလွဲတွေနဲ့ ပြုံးနေရမယ်ဆိုတာကိုတော့....။အချစ်ရိုမန့်ဇာတ်ကားကောင်းကောင်းကိုမှ မျှော်လင့်နေရင်တော့ ဒီဇာတ်ကားက အသင့်တော်ဆုံးပါပဲ။ ဇာတ်ကားလေးကဗျာ ဘယ်လိုပြောရမလဲ...ပြုံးပြုံးပြီး သဘောခွေ့ပြီးတော့ကို ကြည့်ရတဲ့ အချစ်ရိုမန့်ဇာတ်ကားလေး။ File size…(1.9 GB) /(1 GB) Quality….WEBDL 1080p /720p Format…mp4 Duration….02:15:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka ...
movie

Varudu Kaavalenu (2021)

Jail (2021) 5.1
Jail (2021) Jail (2021) Drama, Crimeအ​သေးစားသူခိုးတစ်​ယောက်ဖြစ်တဲ့ ကာန ​ထောင်ထွက်တစ်​ယောက်ဖြစ်တဲ့ ကာလီ​ဆေး​​ခြောက်​ရောင်းဝယ်သူတစ်​ယောက်ဖြစ်တဲ့ ရက်ကီချန်နိုင်းမြို့​ပေါ်က သူတို့ရဲ့ဆင်းရဲသားရပ်ကွက်​လေးကို အစိုးရကပြန်လည်​နေရာချထား​ရေးနဲ့ ​ရွှေ့​ပြောင်းလိုက်တယ်ကာဗရီနဂါး​ရွှေ့​ပြောင်းခံရတဲ့သူမှန်သမျှ အဲဒီကို​ရောက်လာကြတာ လူဦး​ရေနှစ်သိန်းခွဲရှိ​​နေပါပြီကာဗရီနဂါးက လူမှန်သမျှ ဘယ်အလုပ်ကမှလည်းမ​ခေါ်ကြသလို ရဲ​တွေကလည်းပြစ်မှုအများဆုံးဇုန်အဖြစ် သတ်မှတ်ထားကြတာပါ၂၄နာရီလုံး cctv အပြည့်နဲ့​စောင့်ကြည့်ခံရပြီးပြစ်မှုကျူးလွန်သူ​တွေကလည်း အ​တော်အများသားပါတာဝန်ကျတဲ့ ရဲအုပ်ကိုယ်တိုင်ကလည်း လာဘ်စားမှုနဲ့ တာဝန်ဆိုင်းငံ့ခံရပြီးလာဘ်ထိုးလိုက်လို့ အလုပ်ပြန်ရလာတဲ့သူ​ဆေး​ခြောက်​ရောင်းဝယ်တဲ့ ဂိုဏ်းနှစ်ဂိုဏ်းရဲ့မပြယ်​​သောရန်စများနဲ့သူငယ်ချင်းသုံး​​​ယောက်အကြားက ခင်မင်မှု​တွေမိသားစုအ​ရေး​တွေနဲ့ ကြည့်ရတာအချိန်ကုန်ရကျိုးနပ်မယ့် ရုပ်ရှင်မို့ညွှန်း​ပေးလိုက်ပါတယ်  File size…2.67GB / 1.3GB / 700MB Quality…1080p WEB DL AAC 5.1CH / 720p / 480p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kyi Kyi & San Thu Aung
movie

Jail (2021)

2021
Chandigarh Kare Aashiqui (2021) 7.1
Chandigarh Kare Aashiqui (2021) Chandigarh Kare Aashiqui (2021)“Love is love” အချစ်မှာ ဘာကန့်သတ်ချက်မှမရှိပါဘူး ဒါပေမယ့် လူ့အသိုင်းအဝိုင်းက ဝေဖန်နှိမ့်ချတတ်ကြတဲ့အချစ်တစ်ခုကို စတင်မိကြတဲ့အခါ …ဒီအချစ်တစ်ခုကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကိုယ်ကိုယ်တိုင်ရောကိုယ့်ပတ်ဝန်းကျင်ရောကိုပါ ဘယ်လိုအားအင်မျိုး ဘယ်လိုနားလည်မှုမျိုးနဲ့ ရင်ဆိုင်ကြရမလဲ ရင်ဆိုင်နိိုင်ပါ့မလား………ဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ Netflix ရဲ့ ရိုမန့်ဒရမ်မာဆန်တဲ့ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်တစ်နေ့တစ်နေ့ ပရိုတင်းဘယ်လောက် ကယ်လိုရီတွေဘယ်လောက်နဲ့ ကြွက်သားတွေကိုသာရူးသွပ်ပြီးကောင်မလေးတွေကိုစိတ်မ၀င်စားတဲ့ bodybuilder တစ်ယောက်ဖြစ်တဲ့ Manu ဟာ gym ကိုရောက်လာတဲ့ ခပ်ဟော့ဟော့ Zumba ဆရာမ Maanvi နဲ့တွေ့ဆုံကာချစ်ကျွမ်းဝင်ခဲ့ကြပါတယ်နှစ်ယောက်သားဆက်ဆံရေး အရမ်းအဆင်ပြေကောင်းမွန်ခဲ့ပြီး Manu ဘက်က လက်ထပ်ဖို့ပြောလိုက်တဲ့အချိန်မှာ …..Maanvi က သူ့ရဲ့ဘဝအမှန်ကိုပြောပြဖို့ ဖန်လာပါတော့တယ်အချစ်စစ်မှာအတားဆီးတွေရှိစမြဲဆိုတော့ Maanvi နဲ့ Manu တို့နှစ်ယောက်ဒီအတားဆီးကို နှစ်ယောက်အတူ ဖြတ်ကျော်နိုင်ကြမလားအတိတ်က ဖြစ်ရပ်ကြောင့် ပြိုကွဲစပြုလာတဲ့သူတို့အချစ်ရေးကရော ပြန်ပြီးချောမွေ့လာမလားဆိုတာChemistry မိမိနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်အချစ်ဇာတ်လမ်းလေးကို လှလှပပရိုက်ကူးပုံဖော်ထားတာကြောင့်ကြည့်ရှုသူအပေါင်း ရင်ထဲထိမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်   File size…1.61GB / ...
movie

Chandigarh Kare Aashiqui (2021)

2021
Seetharam Benoy (2021) 7.6
Seetharam Benoy (2021) Seetharaam Benoy: Case Number 18(2021)ခုတစ်ခေါက် CMကနေ တင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၂၁မှာထွက်ရှိထားတဲ့" Seetharaam Benoy: Case Number 18" လို့ခေါ်တဲ့ မှုခင်းကားလေးပဲဖြစ်ပါတယ်။ရဲအရာရှိတစ်ဦးဖြစ်တဲ့ Seetharaam ဟာ ဝေးလံခေါင်ဖျားတဲ့ဒေသတစ်ခုကိုပြောင်းရွေ့တာဝန်ချခံခဲ့ရပြီး သူစပြောင်းတဲ့နေ့မှာပဲ အိမ်တွင်းလုယက်မှုတစ်ခုကို ကိုယ်တိုင်ကြုံခဲ့ရပါတယ်။မိန်းမဖြစ်သူ‌ရဲရွှေငွေတွေအခိုးခံလိုက်ရတဲ့အပြင် ရဲအရာရှိတစ်ဦးရဲ့ဂုဏ်သိက္ခာကိုစော်ကားလိုက်သလိုဖြစ်နေတာကြောင့် Seetharaam တစ်ယောက် စုံစမ်းခန်းဖွင့်ပါတော့တယ်။သူခိုးဖြစ်နိုင်ချေရှိသူကို သူခန့်မှန်းနိုင်ပေမယ့် သက်သေရှာဖို့ရာအတွက်က စိန်ခေါ်မှုတစ်ရပ်ကြီးဖြစ်နေခဲ့ပါတယ်။ဒါပေမယ့်လည်း ဒီခိုးယက်မှုကနေ လူသတ်မှုဖြစ်တဲ့ အမှုနံပါတ် (၁၈)နဲ့ဆက်စပ်မှုရှိသွားတဲ့အချိန်မှာတော့ဇာတ်လမ်းလေးက အလှည့်ပြောင်းဖြစ်သွားပြီး Seetharaam အနေနဲ့ဘယ်လိုဖြေရှင်းဖော်ထုတ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်  File size…1.05GB  /  2.35GB Quality…720p / 1080p HEVC AAC 5.1CH  Format…mp4 / mkv Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Allena & Go-O
movie

Seetharam Benoy (2021)

2021
HEVC 1080p 5.1
Madhuram (2021) 7.9
Madhuram (2021) Madhuram (2021)Madhuram ဟာ အိန္ဒိယMalayalam ဘာသာစကားနဲ့ ချိုမြိန်မှုလို့ အဓိပ္ပာယ်ရပါတယ်ဟင်းပွဲတစ်ပွဲမှာလည်း ချို၊ ချဉ်၊ ငန်၊ စပ် အရသာစုံတတ်သလို အမြဲတစေ ချိုမြိန်မနေနိုင်တဲ့ဘဝဇာတ်ခုံကို ဒါရိုက်တာက ရိုးရှင်းစွာပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ကိုယ်ချစ်ရတဲ့သူတွေ အကြောင်းကြောင်းကြောင့် ဆေးရုံတက်ရတာကို ဆေးရုံစောင့်ကြရင်း တွေ့ဆုံလာကြရတဲ့ မိတ်ဆွေတွေရဲ့…အိမ်ထောင်သက်နှစ်ပေါင်း၄၀ အကြောင်း ကြွားလုံးထုတ်တတ်သူတစ်ယောက်အကြောင်း၊ရိုးသားကြိုးစားတဲ့ ဆာဘူးတစ်ယောက် ချစ်ရသူကို ပိုးပန်းခဲ့ရတဲ့ ဘဝဇာတ်ကြောင်း ၊ဘယ်သူကမှ အပြစ်မရှိပါဘဲ မပြေလည်ရတဲ့ ဆက်ဆံရေးတွေအကြောင်း စသည်စသည်….ချိုချဉ်ငံစပ်ခါးဘဝအစုံစုံကို ရိုက်ကူးထားတဲ့ အပြင် အိန္ဒိယရိုးရာ အစားအစာတွေကိုပါသွားရည်ကျရမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမို့ ဘဝအတွက် သူတို့တွေဘယ်လိုအဆင်ပြေအောင်နေထိုင်သွားကြမလဲဆိုတာ ကြည့်ရှူခံစားလိုက်ကြပါဦးနော်  File size…461MB / 1.97GB Quality…720p HEVC Small Size  Format…Mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Go-O & Honeyey & Allena
movie

Madhuram (2021)

2021
Bachelor (2021) 7.0
Bachelor (2021) Bachelor 2021အချစ်ကားဆိုရင် ချစ်ကြည်နူး တီတာနေတာတွေအစားတကယ့်ဘဝနဲ့ ဆက်စပ်ပြီး ရွေးချယ်ရမှာတွေ စွန့်လွှတ်ရမှာတွေနောင်တတွေ ဆုံးဖြတ်ချက်တွေနဲ့ လက်တွေ့ကျကျဇာတ်ကားကောင်းလေးတစ်ကားကို Channel Myanmar က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။ဇာတ်ကားလေးကမတူညီတဲ့ နောက်ခံကလာကြတဲ့ Darling ဆိုတဲ့ ကောင်လေးနဲ့ Subbu ဆိုတဲ့ကောင်မလေးတစ်ယောက် တွေ့ကြရာကစပါတယ်။ မြင်မြင်ချင်းချစ်မိတဲ့ကောင်မလေးနောက်ကို လိုက်ရင်း သူငယ်ချင်းရဲ့အကူအညီနဲ့တစ်မိုးအောက်အတူတူနေခွင့်ရသွားပါတယ်။လူငယ်တို့သဘာဝအတိုင်း အနေနီးကြရင်း ရင်ခုန်သံတွေ ဖလှယ်ကြရင်းပဲ ဒီနှစ်ယောက် ချစ်ကြိုးငင်ခဲ့ကြတာပေါ့။ဒါပေမယ့် တစ်မိုးအောက်တူတူ မေတ္တာမျှလာခဲ့ကြရင်း မထင်မှတ်ပဲ Subbu မှာ ကိုယ်ဝန်ရသွားပါတယ်။ဒီတော့ တွေးခေါ်ပုံတွေ၊ မိသားစုနောက်ခံ၊ ဘဝအခြေအနေ ကွာခြားကြတဲ့ ချစ်သူနှစ်ယောက်ဒီကလေးအတွက် ဘယ်လိုဆုံးဖြတ်ချကြပါတော့မလဲ။ အချစ်ဆိုတာဟာ ချစ်နေရုံနဲ့မပြီးပါဘူးအသက်တစ်ချောင်းပါ ပိုလာခဲ့ရင် တာဝန်ယူမှုတွေဟာ ပိုပြီး ကြီးလာပါတယ်။ဒီဇာတ်ကားက အချစ်နဲ့ဘဝ တာဝန်ယူမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ကားမျိုးပါ။ဇာတ်အိမ်ရဲ့အလှည့်အပြောင်းတစ်ခုချင်းစီတိုင်းဟာ လက်တွေ့ကျလွန်းတာမို့ ရင်သပ်ရှုမောစီးမျောရမှာပါ။နှလုံးသားချင်းထပ်တူကျခဲ့ကြတဲ့ ဒီနှစ်ယောက် တရားခွင်ရဲ့ တရားလို / တရားခံ တစ်ဖက်စီမှာ ဘယ်လို မျက်နှာချင်းဆိုင်တွေ့ကြမလဲ?ဘယ်သူက ...
movie

Bachelor (2021)

2021
Vanam (2021)
Vanam (2021) Vanam (2021)ဒီဇာတ်ကားလေးကတော့ Mystery, Thriller အမျိုးအစား ဘောလီးဝုဒ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်အနုပညာကောလိပ်ကျောင်းသားတစ်ယောက်ဟာ သူနေရတဲ့ အမျိုးသားဆောင်အခန်းထဲကလျှို့ဝှက်ဆန်းကြယ်တဲ့ သေဆုံးမှုတွေရဲ့ အကြောင်းရင်းကို ရှာဖွေဖို့ ကြိုးစားရင်း ကြုံတွေ့ရတဲ့အဖြစ်အပျက်လေးတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းက ဒီလိုတော့ မရိုးရှင်းလှပါဘူးထူးဆန်းတဲ့သေဆုံးမှုတွေကို စုံစမ်းရင်းအနုပညာ‌ကောလိပ်ကို တည်ထောင်ခဲ့သူ ဂျာမင်ဒါ ဗာနာသီရာရန်ရဲ့ မှော်ကြေးမုံအကြောင်းတွေပါတစ်စတစ်စ‌ဖော်ထုတ်မိလာပြီး နောက်ပိုင်းမှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်သည်းထိတ်ရင်ဖို စောင့်ကြည့်ရမှာဖြစ်လို့ Bollywood fan တွေ အကြိုက်တွေ့မယ့် ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်  File size…1.6GB / 800MB / 400MB Quality…1080p / 720p / 480p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go-O & Eliza
movie

Vanam (2021)

2021
Singh Is Kinng (2008) 5.7
Singh Is Kinng (2008) Singh is King (2008) *************************** မင်းသားကြီး အက်ရှေးကုမားရ်နဲ့ မင်းသမီး ကတ်ထရီနာကတ်ဖ်တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အချစ်ဟာသအက်ရှင် ဇာတ်မြူးရုပ်ရှင်ကားကြီးကို BluRay Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း..ဟက်ပီးဟာ ဘာလုပ်လုပ် တလွဲချည်းပဲ လုပ်တတ်ပြီး ရွာရဲ့ အော်ကြောလန်တစ်ယောက် ဖြစ်ပါတယ်။ဟက်ပီးရဲ့သူငယ်ချင်း လပ်ကီးကတော့ ဩစတေးလျမှာ ဂိုဏ်းစတားတစ်ယောက်ဖြစ်နေပါတယ်။ တစ်နေ့တော့ ဟက်ပီးရဲ့သူငယ်ချင်းတွေဟာ ဟက်ပီးကို ရွာကနေထွက်သွားစေချင်တာကြောင့် လပ်ကီးအဖေနေမကောင်းကြောင်း လပ်ကီးကို သွားပြန်ခေါ်သင့်ကြောင်းပြောပြီး ဟက်ပီးကို ရွာထဲကထုတ်ဖို့အစီစဉ်ဆွဲကြပါတယ်။ဟက်ပီးတစ်ယောက် လပ်ကီးကို ရွာပြန်ခေါ်လာနိုင်မှာလား ... ဘယ်လိုအလွဲတွေနဲ့ ဆက်လက်ကြုံတွေ့ရမလဲ .... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါ။(ဘာသာပြန်သူကတော့ Intelligenceဖြစ်ပြီး ဘာသာပြန်လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ထားတာကတော့ Thaik Sanပဲ ဖြစ်ပါတယ်။) File size…(2.6 GB)/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:10:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Intelligence & Thaik San
movie

Singh Is Kinng (2008)

Keshu Ee Veedinte Nadhan (2021) 5.4
Keshu Ee Veedinte Nadhan (2021) Keshu Ee Veedinate Nadhanဒီတစ်ခေါက်မှာတော့ comedy-drama အမျိုးအစား Tamil movie လေးနဲ့ မိတ်ဆက်ပေးပါရစေ။ငွေဆိုတာ ဒုတိယဘုရားသခင်ပဲလို့ သတ်မှတ်တဲ့သူရှိသလို ငွေထက် အရေးပါတဲ့အရာတွေများတယ်လို့ သတ်မှတ်တဲ့သူတွေလည်း ဒုနဲ့ဒေးရှိကြပါတယ်။ ဒီကားလေးမှာတော့ အသက် ၆၀ အရွယ်Keshu ဆိုသူဟာ ကားမောင်းသင်တန်းပိုင်ရှင်ဖြစ်ပြီး သားသမီး ၂ ယောက်ရှိတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ဖြစ်ချင်တော့ မိဘတွေရဲ့ အမွေခွဲဝေတာနဲ့ ပတ်သက်ပြီး ညီမတွေရယ် သူတို့ရဲ့ ခင်ပွန်းတွေရယ်နဲ့ ဇာတ်ရှုပ်တွေဖြစ်လာပြီး မိသားစုလိုက် အားလုံး ဘုရားဖူးခရီးထွက်ဖို့ ဖြစ်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲဘုရားဖူးခရီးသွားဖို့လုပ်တုန်း Keshu ဟာ ထီပေါက်တယ်လို့ ကြားသိလိုက်ရပါလေရော။ဒီလိုနဲ့ Keshu တစ်ယောက် ထီပေါက်တယ်လို့ ကြားသိရတဲ့အခါမှာ ထီဆုငွေကအများကြီးရလား ရရဲ့သားနဲ့ မရဘူး ဖြစ်မလား...မောင်နှမတွေနဲ့ အမွေခွဲဝေဖို့ ဇာတ်ရှုပ်ကရော ဘယ်လိုဖြစ်သွားမလဲ....ငွေက လူကို အရောင်ဆိုးမှာလား....ဟာသနှောပြီး ပညာပေးရောတဲ့ ဒီဇာတ်ကားလေးကိုတော့၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ...
movie

Keshu Ee Veedinte Nadhan (2021)

2021
Muddy (2021) 9.3
Muddy (2021) ဒီတစ်ခါမှာတော့ IMDB Rating မှာ 2.2K ရဲ့Rating 9.2 အထိရထားတဲ့ အိန္ဒိယ ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။Muddy ဆိုတဲ့အတိုင်း တောတွေတောင်တွေ ရွံ့ဗွက်တွေ ကြားမှာ သစ်ကားမောင်းသမားတွေရဲ့ဘ၀။ရဲတွေနဲ့ပတ်သက်ပုံတွေ ရန်ညှိုးတွေအကြားရုန်းကန်ရပုံတွေကို off-road (လမ်းကြမ်း)ကားမောင်းပြိုင်ပွဲတွေနဲ့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းရိုက်ပြထားတာမို့ နှစ်သစ်မှာဇာတ်လမ်းကြမ်းကြမ်း ကြည့်ချင်သူတွေအဖို့ ကျေနပ်စေမယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ တောင်ပိုင်းကားမို့လို့ချောချောလှလှလေးတွေတော့ မပါဘူးပေါ့ဗျာ။အညွှန်းကိုတော့ Lwin Htoo Aung မှ ရေးသားထားပြီးဘာသာပြန်ကတော့ Allena နဲ့ Lwin Htoo Aung တို့ပဲဖြစ်ပါတယ်   File size…3GB / 1.4GB Quality…1080p AAC 5.1CH / 720p Format…mp4 Duration….2h 17min Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Lwin Htoo Aung & Allena
movie

Muddy (2021)

2021
420 IPC (2021) 6.6
420 IPC (2021) 420 IPC၂၀၂၁ ခုနှစ်ရဲ့ တောင်ပိုင်းမှုခင်းစုံထောက်ရုပ်ရှင်ဇာတ်ကားကြည့်ချင်တယ်ဆိုရင်တော့ဒီကားလေးကလည်း ကြည့်ရမယ့်စာရင်းထဲမှာ ပါတဲ့ကာကောင်းလေးတစ်ကားပဲဗျာ။ဆိုဒ်ပြည့်ဂိုဒ်ပြည့်မင်းသားချောတွေရဲ့ ချခန်းဖိုက်ခန်းတွေချည်း ကြည့်ရတာငြီးလာတဲ့အခါဦးနှောက်ကိုအလုပ်လုပ်ခိုင်းရမယ့်မှုခင်းဇာတ်ကားကောင်းလေးပေါ့ဗျာ။ ဇာတ်လမ်းလေးကဘယ်လောက်တောင် ရိုးရိုးရှင်းရှင်းလေးနဲ့ ရှုပ်ထွေးလဲဆိုရင် ဘာသီချင်းမှကိုမပါတဲ့အထိပဲဗျာ။သိတယ်မလား အိန္ဒိယကားတွေ သီချင်းတစ်ပုဒ်မှမပါတာ တကယ်မဟာအံ့ဖွယ်ဖြစ်ရပ်ကြီးဗျ။တောင်ပိုင်းကားက မပါတာဆိုတော့ ပို‌တောင်ထူးဆန်းနေတာ‌ပေါ့‌ဗျာ။ပါဝင်တဲ့သရုပ်ဆောင်တွေက နာမည်ကြီးတွေပဲဆိုတော့ ဇာတ်ကားဘယ်လောက်ကောင်းလဲဆိုတာညွှန်းနေဖို့တောင် သိပ်လိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကစ်ဝမ်နီဆိုတဲ့အသက် ၄၀ ကျော်အရွယ် စာရင်းကိုင်ကြီးတစ်ယောက် အကြွေးပေါင်းစုံ လည်မျိုမှာတစ်နေတာကနေစတယ်ပေါ့ဗျာ။ အိမ်ကို အရစ်ကျနဲ့ဝယ်ထားတာ မဆပ်နိုင်တာတွေ၊ကျောင်းစရိတ် စားစရိတ် ဗာဟိရစားရိတ်တွေ ပိုပို ပိပိလာတဲ့အခါ ပိုပြီးမျက်ကလူးဆန်ပြာဖြစ်နေတဲ့အချိန် သူအလုပ်လုပ်တဲ့ကုမ္ပဏီကသူဋ္ဌေးရဲ့ငွေ ၁၅ သန်းဟာ ချက်လတ်မှတ်ကနေ ခိုးခံရခါနီးဖြစ်သွားတဲ့အခါကစ်ဝမ်နီကို တရားရုံးမှာ အမှုရင်ဆိုင်ခိုင်းပါတော့တယ်။ဒီတော့ ကစ်ဝမ်နီဟာ အကြွေးတွေကိုဆပ်နိုင်ဖို့ ၁၅ သိန်းကနေ ခိုးပြီးအမှုကနေလွတ်အောင်ရှောင်သွားနိုင်မှာလား၊ တကယ်မခိုးခဲ့ဘဲစွပ်စွဲခံရတာလား၊ တကယ်ခိုးခဲ့တာကနေ သက်သေခိုင်လုံပြီးထောင်လုံးလုံးကျသွားမှာလား အဓိကဇာတ်ဆောင် ရှေ့နေ့လေးဘာဘဲဘယ်လိုကြမ်းမှာလဲလည်း ကြည့်ရမယ့်ကားကောင်းလေးတစ်ကားဖြစ်တာမို့ စီးမြောခံစားပေးကြပါဦးခင်ဗျာ။  File size…286MB / 956MB / 524MB Quality…720p HEVC ...
movie

420 IPC (2021)

2021
Bunty Aur Babli (2005) 6.2
Bunty Aur Babli (2005) Bunty Aur Babli (2005)IMDb Rating (6.2)မကြာသေးခင်က နောက်ဆက်တွဲဇာတ်ကားထွက်ရှိထားတဲ့ Bunty Aur Babli 2 (2021) ရဲ့ပထမဇာတ်ကားဖြစ်ပါတယ်။ ဒီကားမှာတော့ Bunty ခေါ် Rakesh အဖြစ် အမီတာဘချန်းကြီးရဲ့သား (Abhishek Bachchan) ခေါင်းဆောင်ပါဝင်ထားပြီး အမီတာဘချန်းကိုယ်တိုင်လဲ ရဲအရာရှိ DCP Dashrath Singh အဖြစ်အားဖြည့်ထားပါတယ်။ဇာတ်လမ်းကတော့ ရာကတ်ရှ် (Abhishek Bachchan) ဟာရွာငယ်လေးတစ်ခုမှာနေထိုင်ပြီး ရထားလက်မှတ်သိမ်းဖခင်ဖြစ်သူရဲ့သားဖြစ်ပေမယ့် ဖခင်ဖြစ်စေချင်တဲ့သူ့အလုပ်ကိုဆက်ခံဖို့ဝန်လေးပြီး အောင်မြင်ကျော်ကြားနာမည်ကြီးချင်တဲ့ အိမ်မက်အကြီးကြီးတွေရှိနေပါတယ်။ ဒါတွေကိုစိတ်ကူးယဉ်ဆန်လွန်းတယ်ထင်ပြီး လက်သင့်မခံခဲ့တဲ့ သူ့အဖေဟာ ဒီအလုပ်ကိုအင်တာဗျူးသွားရင်သွား မဟုတ်ရင်တော့ အိမ်ပေါ်ကဆင်းရမယ်ဆိုပြီးတော့အကျပ်ကိုင်ခဲ့ပါတော့တယ်။ ဗင်မီ (Rani Mukerji) ဆိုတဲ့ မိန်းမလှလေးဟာလဲ ရွာငယ်လေးတစ်ခုမှာမွေးဖွားကြီးပြင်းခဲ့ပေမယ့် တစ်နေ့မှာ မစ္စအိန္ဒိယဖြစ်လာရမယ်ဆိုတဲ့ အိမ်မက်ကြီးကို ပိုင်ဆိုင်ထားသူပါပဲ၊ သူ့ကို အိမ်ကအတင်းအကျပ်လက်ထပ်ပေးဖို့စီစဉ်တဲ့အချိန်မှာတော့ အိမ်ကနေထွက်ပြေးခဲ့ပြီး ဘူတာမှာ သူ့လိုပဲ အိမ်ပေါ်ကဆင်းချလာတဲ့ ရာကတ်ရှ်နဲ့တွေ့ဆုံခဲ့ပါတော့တယ်။တောနယ်မြို့ရွာငယ်လေးဆီက အိမ်မက်အကြီးကြီးတွေကိုယ်စီနဲ့လူနှစ်ယောက်၊ ဆက်ရိုးသားနေလို့အလုပ်မဖြစ်တော့ဘူးဆိုတာ အကြိမ်ကြိမ်ရှုံးနိမ့်မှုတွေနောက်မှာသင်ခန်းစာရသွားပြီးတဲ့နောက် လောကကြီးကိုခါးစောင်းတင်ဖို့ကြိုးစားကြပါတော့တယ်။ စေ့စပ်ကျနတဲ့ အစီအမံ၊ ပိရိတဲ့သရုပ်ဆောင်ကွက်တွေနဲ့အတူသူတို့မှာ အောင်ပွဲတွေလဲအလီလီရလာခဲ့ပါတယ်။ အဲ့ဒီအောင်ပွဲတွေနဲ့အတူ မသိသူမရှိ နိုင်ငံကျော်လာခဲ့ချိန်မှာတော့ သူတို့ကိုလက်ရဖမ်းဖို့ခိုင်မာတဲ့ ...
movie

Bunty Aur Babli (2005)

Govinda Govinda (2021) 8.6
Govinda Govinda (2021) Govinda Govinda (2021)ComedyIMDb 8.6/10၂၀၂၁ ခုနှစ်ရဲ့ တောင်ပိုင်းကားကောင်းလေးတွေထဲမှာဇာတ်လမ်းဇာတ်ကွက်တစ်မူကွဲပြားထွက်လာတဲ့ ကားလေးပေါ့ဗျာ။ဇာတ်လမ်းအသေးစိတ် မတူပေမဲ့ ကြောရိုးထပ်နေတဲ့ ကန်နားဒါးပရိတ်သတ်တွေအတွက်ဇာတ်ကွက်အသစ်လေးနဲ့ကြည့်ရတဲ့ကားလေးဆိုရင်လည်း ဒီကားလေးပဲရှိလိမ့်မယ်ဗျ။ဇာတ်လမ်းဇာတ်ကွက် တစ်မူကွဲထွက်ပေမဲ့လို့တောင်းပိုင်းအကြိုက်သရုပ်ဆောင်တွေနဲ့ လစ်ဟာမှုမရှိတဲ့ ဇာတ်လှည့်ဇာတ်ပြောင်း၊ဇာတ်ရှိန် ဇာတ်တက်ကို သရုပ်ဆောင်ကောင်းကောင်းနဲ့ကိုရှယ်သရုပ်ဆောင်ထားမှန်း Rating ကိုကြည့်တာနဲ့ သိမယ်ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင် အိမ်ကအဆင်မပြေလို့ဆင်းလာရတဲ့ကောင်တွေ သူငယ်ချင်းမလေးကို ပြန်ပေးဆွဲပြီးငွေညှစ်ရာကနေ စတယ်ပဲဆိုရမှာပေါ့ဗျာ။ ဒါပေမဲ့ သူတို့ပြန်ပေးဆွဲတာပြီးသွားတာတောင် သူတို့သူငယ်ချင်းမလေး ထပ်ပျောက်သွားတဲ့အခါ၊ဘယ်နေရာကနေဘယ်လို ဘာဖြစ်သွားမှန်းဘယ်ရောက်နေမှန်းမသိရတဲ့သူငယ်ချင်းမလေးကို ပြန်ရှာဖို့ကြိုးစားရင်းအလွဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါးရယ်ရဦးမယ့်ဇာတ်ကားကောင်းလေးကို ခံစားရဦးမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ ၂၀၂၁ ရဲ့လက်လွတ်မခံသင့်တဲ့တောင်ပိုင်းကားလေး Govinda Govindaလေးကိုလည်း အားပေးလှည့်ပါဦးခင်ဗျာ။  File size…554MB / 1.6GB / 2.2GB Quality…720p HEVC Small Size / 720p  / 1080p AAC 2.0 Format…mikv / mp4 Duration….2h 19min Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Lwin Htoo ...
movie

Govinda Govinda (2021)

2021
Madhagaja (2021) 6.7
Madhagaja (2021) Madhagaja 2021 Thriller/ Action IMDb 6.7၂၀၂၁ ခုနှစ်ထွက် အိန္ဒိယတောင်ပိုင်း Kannada ကားကောင်းလေးတစ်ကားကို ညွှန်းပါဆိုရင် Madhagaja ကိုပဲညွှန်းရပါလိမ့်မယ်။ တောင်ပိုင်းကားကြိုက်သူတွေအတွက် လုံးဝလက်မလွှတ်သင့်တဲ့ ကားလေးပါပဲ။ဇာတ်လမ်းအကျဉ်လေးကတော့.. တောင်ပိုင်းက ရွာနှစ်ရွာဟာ ဆည်မြောင်းရေကိစ္စနဲ့ပက်သက်ပြီး အမြဲခိုက်ရန်ဖြစ်ပွားတဲ့အပြင် တစ်ရွာနဲ့တစ်ရွာ သွေးချောင်းစီးတဲ့အထိကို ရန်ငြိုးတွေအပြည့်နဲ့ပါ။ ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ တစ်ဖက်ရွာက ရွာသူကြီးရဲ့သားဦးလေးကို ရွာသူကြီးမရှိခိုက်မှာ အခြားရွာကလူ‌တွေ လာသတ်ချိန်မှာ၊ ကလေးမိခင်ဟာ ကလေးကိုချီလို့ပြေးရပါတော့တယ်။ ဒါပေမဲ့ လွတ်လမ်း‌မမြင်နိုင်တော့တာသိလိုက်တဲ့ ရွာသူကြီးမိန်းမဟာ တစ်ခြားမြို့ကိုသွားမယ့်ရွာသားကို သူ့ကလေးကို ထည့်ပေးလိုက်ပြီး လူကောင်းသူကောင်းလေးအဖြစ် ပြုစုစောင့်ရှောက်ပေးပါလို့ မှာလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲ မင်းသားဘဝက မိဘမဲ့ဘဝရောက်သွားခဲ့ပြီး...အတိတ်ကရန်ငြိုးတွေနဲ့ပြန်လည်ရှင်သန်လာပါတော့တယ်။ ဒီတော့ မိဘမဲ့ဖြစ်သွားတဲ့ သူကြီးသားလေးဟာ ရန်ငြိုးတွေကြား လူကောင်း‌လေးအဖြစ် ရွာကို ပြန်ရောက်လာနိုင်မလား.. ရွာနှစ်ရွာကြားက အာဃာတတွေကရော ဘယ်လောက်ထိဆက်သွားမလဲဆိုတာ...။အချစ်အလွမ်းစွန့်စားခန်းတွေနဲ့ တောင်ပိုင်းစတိုင်ကြည့်ကောင်းတဲ့ဇာတ်ကားလေးပါပဲ။ File size…(1.8 GB)/(1 GB) Quality…HDRip HEVC 1080p / 720p Format…mkv/mp4 Duration….02:10:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie

Madhagaja (2021)