Channel Myanmar

Bollywood

Rowdy Boys (2022) 6.1
Rowdy Boys (2022) Rowdy Boys 2022 ==================ဒီတစ်ခါတော့ အင်ဂျင်နီယာကျောင်းသားလေးနဲ့ဆရာဝန်မလေးကြားအချစ် ဇာတ်လမ်းလေးလာပါပြီလက်က်ဇ်ဂေစီအင်ဂျင်နီယာကျောင်းရယ် ဘရာမာဆေးကျောင်းရယ်က မျက်နှာချင်းဆိုင်ရှိ​​ပြီးတော့လုံးဝမတည့်တဲ့ကမ္ဘာရန်ဘက်ကျောင်း၂ ကျောင်းပေါ့ အင်ဂျင်နီယာဘက်ကခေါင်းဆောင်ကဗစ်ရှ်ဟွာ ဆေးကျောင်းဘက်က ကျောင်းသားက ဗစ်ခရမ်အဲ့ဒီမှာပဲ ဘာဖြစ်ချင်လို့ဖြစ်ချင်မှန်းရေရာရာမသိတဲ့ ပထမနှစ်ကျောင်းသားလေး အက်ရှ်ရှေ ကအင်ဂျင်နီယာကျောင်းနဲ့ဆေးကျောင်းမှားဝင်ပြီးတော့ ရန်သူတော် ဗစ်ခရမ်ရဲ့အသည်းကျော်ကာဗီရာကိုသဘောကျသွားပြီးရည်းစားစာသွားပေးပါတော့တယ် ကာဗီရာနဲ့ဗစ်ခရမ်တို့က ဆေးကျောင်းရဲ့စာအတော်ဆုံးကျောင်းသားတွေ ကျောင်းရဲ့ဂုဏ်ဆောင်တွေပေါ့ ဗစ်ခရမ်ကလည်း ကျောင်းကလူတွေကာဗီရာကို ကြည့်တာလေးတောင် လုံးဝသဘောမကျ သည်းမခံတတ်တဲ့သူမျိုးအဲ့ဒါကို ရန်သူတော်အင်ဂျင်နီယာကောင်လေးက ကာဗီရာ သဘောကျသွားတဲ့အချိန်မှာတော့ဘယ်လိုတွေဆက်ဖြစ်မှာလဲ အက်ဇ်ရှေကရော ကာဗီရာအချစ်ကိုရဖို့ ဘယ်လိုကြိုးစားမှာလဲဘယ်လိုအခက်အခဲတွေ ကြုံရဦးမှာလဲ...ကဲ အင်ဂျင်နီယာကောင်လေးနဲ့ဆရာဝန်မလေးရဲ့ အချစ်ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုပေးကြပါဦး  File size…2.6GB / 1.3GB Quality…1080p WEB DL AAC2.0 Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Shwe Pyae & Poe & Yunni & Haruko
movie

Rowdy Boys (2022)

2022
Khiladi (2022) 7.6
Khiladi (2022) လောကမှာ ငွေသာလျှင် ဘုရားသခင် ငွေသာလျှင်သူ့ရဲ့ အောက်စီဂျင် ဆိုတဲ့ မိုဟန် ဂန်ဒီမိန်းမဖြစ်သူ ချီထရာ နဲ့ ယောက္ခမတွေ အသတ်ခံလိုက်ရတာကြောင့် အဖမ်းခံထားရတဲ့ မိုဟန်ဂန်ဒီတစ်ယောက်ပြစ်မှုလေ့လာရေး ကျောင်းသူလေး ပူဂျာနဲ့ တွေ့ဆုံလိုက်တဲ့အခါဂန်ဒီ့ရဲ့ ဇာတ်လမ်းလေးက ပူဂျာနှလုံးသားကို အရည်ပျော်သွားစေပြီး သူ့အဖေ အရာရှိကြီးရဲ့ အကူအညီကိုယူဂန်ဒီ့ကို ထောင်ထဲကနေ တရားမဝင်နည်းလမ်း သုံးပြီး အာမခံထုတ်ပေးလိုက်ပါတော့တယ်ဂန်ဒီ ထောင်ကနေလွတ်သွားပြီးမှ CBI အရာရှိ အာဂျွန် ရဲ့ ပြောပြချက်အရမိုဟန် ဂန်ဒီက အိန္ဒိယရဲတွေ အလိုရှိဆုံး ရာဇဝင်လူဆိုးဖြစ်နေတာကို ပူဂျာတစ်ယောက် သဘောပေါက်သွားခဲ့တယ်လူဆိုးဖြစ်ရုံတင်မကဘူး ဉာဏ်အရမ်းကောင်းတဲ့ ဂန်ဒီတစ်ယောက် ဘယ်သူ့ဇာတ်လမ်းကို အသုံးချပြီးပြောသွားတာလဲ အဲဒီဇာတ်လမ်း နောက်ကွယ်က အဖြေက ဘာဖြစ်မလဲ ဆိုတာကိုသူအရမ်းချစ်တဲ့ ငွေတွေကို ဂန်ဒီနဲ့ သူ့ရဲ့ ဘော်ဒါအဖွဲ့ ဘယ်လိုရအောင်ယူမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်   File size…1.3GB / 2.8GB Quality…720p WEB DL / ...
movie

Khiladi (2022)

2022
Maaran (2022) 8.9
Maaran (2022) Maaran 2022အခုလောလောလတ်လတ်ကမှထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းအက်ရှင်ကားတစ်ကားကို CM ကနေအမြန်ဆုံးကြိုးစားပြီးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်း - ဆက်သီမိုသီဟာရိုးသားတဲ့မှုခင်းဂျာနယ်သမားတစ်ယောက်ဖြစ်ပြီး အမှန်တရားကိုဖော်ထုတ်မိတဲ့အတွက်လုပ်ကြံခံခဲ့ရပါတယ်။ သူလုပ်ကြံခံရတဲ့အချိန်မှာပဲ သူ့မိန်းမကလည်းဆေးရုံမှာသူ့သမီးလေးကိုမီးဖွားရင်းကွယ်လွန်သွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ဆက်သီမိုသီရဲ့သားအကြီးလေးဖြစ်တဲ့မတ်သီမာရန်ကပဲ သူ့ညီမလေးကိုအုပ်ထိန်းပျိုးထောင်ဖို့ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့ သူကိုယ်တိုင်လည်းဂျာနယ်သမားတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့အဖေလိုပဲ အန္တရာယ်တွေကြားကအမှန်တရားတွေကိုဖော်ထုတ်ဖို့ကြိုးစားတဲ့အခါမှာတော့...။နှစ်နာရီကျော်လောက်နစ်မြောသွားစေမယ့် Action/drama ကားမျိုးဖြစ်တဲ့အပြင် IMDb 8.2/10 အထိရရှိထားတာကြောင့် သာမန်ကာလျှံကာမဟုတ်တာတော့ကျိန်းသေပါပဲ။ ယနေ့ခေတ် သတင်းမီဒီယာလောကကို သရော်ထားတဲ့အပြင် ဇာတ်ညွှန်းကောင်းကောင်းနဲ့ သေသပ်တဲ့ရိုက်ချက်တွေကြောင့် သိပ်မကြာခင်မှာလူပြောများလာမယ့်ဇာတ်ကားမျိုးဖြစ်လာနိုင်ပါတယ်။  File size…1.9GB / 800MB Quality…1080pHEVC / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….Nyein Saeya Aung Translated byPoe & Go-O & Honeyey & Haruko    
movie

Maaran (2022)

2022
Badhaai Do (2022) 7.9
Badhaai Do (2022) Badhaai Do (2022) ================== ဒီတစ်ခါမှာတော့ IMDb 7.9 ထိရရှိထားပြီးတော့ ရုံဝင်ငွေ 28.03 ကုဋေထိရရှိထားတဲ့ဘောလိ၀ုဒ်ဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှာဒူလ်ကလည်း ရဲအရာရှိတစ်ယောက်ဖြစ်သလို ဆူမန်ကလည်း ကာယဆရာမပါသူတိုနှစ်ယောက်လုံးရဲ့ တူညီတဲ့အချက်ကတော့ နှစ်ယောက်လုံးက အရွယ်ဟိုင်းနေပြီဖြစ်တဲ့လူပျိုသိုး အပျိုကြီးပဲဖြစ်ပါတယ် မိဘတွေက လက်ထပ်ပေးဖိုလုပ်နေတဲ့သူတွေကိုလည်းသဘောမကျ အကြောင်းအမျိုးမျိုးပြ ငြင်းဆန်ရတဲ့အကြောင်းအရင်းရှိပါတယ် ဒါကတော့ရှာဒူလ်က ယောကျာ်းလေးချင်းသဘောကျသူဖြစ်ပြီးတော့ ဆူမန်က မိန်းကလေးချင်းသဘောကျတဲ့သူမိုလိုပါ ဒီလိုနဲ့ အကြောင်းတစ်ခုကြောင့် သူတိုနှစ်ယောက်တွေ့ဆုံမိသွားတဲ့ချိန်မှာပဲမိဘတွေဆန္ဒလည်းပြည့်၀အောင် သူတိုလည်း အေးဆေးနေရအောင်ဆိုပြီး နှစ်ယောက်ဦးသဘောတူလက်ထပ်လိုက်ပါတော့တယ် အဲ့လိုနဲ့ပဲ မတူညီတဲ့စုံတွဲ ဆူမန်ရဲ့ကောင်မလေးက ဆူမန်ဘ၀ထဲပြန်ဝင်လာတဲ့ချိန်မှာပြဿနာတွေဖြစ်လာပါတော့တယ် သူတိုနှစ်ယောက်ရဲ့ဇာတ်လမ်းလေးကရော ဘယ်လိုတွေဆက်ဖြစ်မှာလဲပုံမှန်ဇာတ်ကားတွေနဲ့မတူဘဲ မတူကွဲပြားတဲ့ဇာတ်အိမ်နဲ့ comedy/drama ဇာတ်ကားလေးကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်........  File size…1.6GB / 2.1GB Quality…720p WEB DL Format…mp4 Duration….2h 27mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Eliza & Poe & Shwe Pyae & Yunni  
movie

Badhaai Do (2022)

2022
Karan Arjun (1995) 7.0
Karan Arjun (1995) Karan Arjun (1995) ********** အက်ရှင်လဲ အလန်းဇယား အကြမ်းကြီး ၊ ဒရမ်မာလဲ ပါရမယ်.....သဲထိတ်ရင်ဖိုလဲ ဖြစ်ရမယ်ဆိုတဲ့ ပရိသတ်တွေအတွက် ၁၉၉၅ ၊ ဇန်နဝါရီလ (၁၃)ရက်နေ့က ရုံတင်ခဲ့တဲ့ သဲထိတ်ရင်ဖို အက်ရှင်ဒရမ်မာရုပ်ရှင် "Karan Arjun " အကြောင်းလေးတင်ပေးလိုက်ပါတယ် ။ ဒီဇာတ်ကားမှာတော့ ဘောလီးဝုဒ် ရဲ့ ထိတ်ထိတ်ကြဲတွေဖြစ်တဲ့ ရှာရွတ်ခန် ၊ ဆယ်လ်မားန်ခန်း ၊ ကာဂျိုး ၊ ဟောလီးဝုဒ်ရော ဘောလီးဝုဒ် ရောရဲ့အကျော်အမော် ဗီလိန်သရုပ်ဆောင်ကြီး အမ်းမရစ်ရှ်ပူရီး ၊ ဂန္တဝင်မင်းသမီးကြီး ရာခီး ၊ Mamta Kulkarni တို့က သရုပ်ဆောင်ထားကြလို့ ကြည့်ရတန်တဲ့ ဇာတ်ကားကောင်းလေးပါ ။ဒီဇာတ်ကားကို လက်ပွားမင်းသားလို့ သိကြတဲ့ Hritik Roshan ရဲ့ဖေဖေ ဒါရိုက်တာကြီး ရာကေ့ရှ်ရိုရှန်ကိုယ်တိုင် ရိုက်ကူးခဲ့ပါတယ် ။ ရာကေ့ရှ်ရိုရှန် ရဲ့ ဇာတ်ကားတွေကို ...
movie

Karan Arjun (1995)

DJ Tillu (2022) 7.6
DJ Tillu (2022) DJ Tillu (2022)IMDb 7.8 ထိရရှိထားတဲ့ Comedyဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်အဖေဖြစ်သူက သူ့အကြိုက်ဆုံးဖိုက်တာနာမည်အရ တီလူးလို့နာမည်ပေးခဲ့ပေမယ့်လည်းသူကိုယ်သူ ဒီဂျေတီလူးလို့နာမည်ပေးထားတဲ့တီလူးကတော့အလုပ်အကိုင်ရယ်လို့ ရေရေရာရာမရှိ စိတ်ထဲပေါ်တာလိုက်လုပ်နေတဲ့ယောင်ခြောက်ဆယ်ကောင်ပါဖိုက်တာလုပ်မယ်ဆိုပြီးလုပ်လိုက် တစ်လကြာတော့မျက်ခွက်ထိုးခံရပြီး မလုပ်တော့ပြန်....စီးပွားရေးလုပ်မယ်ဆိုပြီး လုပ်တော့လည်း အရှုံးပေါ်...နောက်ဆုံးမှာ ဆာရိပထမဆုံးဝတ်ဆင်ပွဲဘိုနာလုပွဲစတဲ့ပွဲတွေမှာ ဒီဂျေလိုက်လုပ်နေပါတော့တယ်ဒီလိုနဲ့ကလပ်မှာသူသဘောကျတဲ့ကောင်မလေး ရာဒိယာနဲ့တွေ့ဆုံခဲ့ရပါတယ်ငပျင်းကောင် တီလူးတစ်ယောက်မထင်မှတ်ထားပဲ သူ့ဘဝကြီးကို အပြောင်းအလဲဖြစ်စေနိုင်တာကိစ္စကြီးနဲ့ တွေ့ကြုံလိုက်ရတဲ့ချိန်မှာ...အဲ့ဒီကိစ္စကရော ဘာဖြစ်မှာလဲ...ငပျင်းတီလူးတစ်ယောက် ဘယ်လိုကိစ္စတွေကြုံရမလဲဆိုတာဟာသနှောရင်း ရိုက်ကူးထားတာမလို့ ဆက်လက်ကြည့်ရှုပေးပါဦး  File size…1.79GB /  874MB Quality…1080p WEB  DL / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Shwe Pyae
movie

DJ Tillu (2022)

2022
Raees (2017) 7.4
Raees (2017)  IMDb Rating (7.0)မင်းသားကြီးရှရွတ်ခန်းကို  မှောင်ခိုဂိုဏ်းခေါင်းဆောင်အဖြစ် တမူထူးခြားစွာ မြင်ရမှာပါ။အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ဆိုတာ အရက်ကင်းစင်တဲ့နယ်မြေအဖြစ်သတ်မှတ်ထားပြီး အရက်ရောင်းဝယ်ရင် ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ်ချမှတ်ထားပါတယ်....ဒီလိုအခြေအနေတွေကြောင့် အရက်မှောင်ခိုရောင်းဝယ်ရေးလုပ်ငန်းတွေ ကြီးထွားလာပါတော့တယ်....ဒီလိုဖြစ်လာရတာကလဲ ဂူဂျာရတ်ပြည်နယ်က ရာအီးစ်ဆိုတဲ့ ဒုစရိုက်သမားတစ်ယောက်ကြောင့်ဖြစ်လာတာ။အချိန်က ၁၉၈၀ နဲ့ ၁၉၉၀ ကြားကာလ ...ငယ်ငယ်ကတည်းက မှောင်ခိုလောကနဲ့ ရင်းနှီးပြီး ရာအီးစ်ဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း မှောင်ခိုလောကမှာ လုပ် ငန်းအကြီးအကျယ်လုပ်ကိုင်သူ တစ်ယောက်ဖြစ်လာပါတယ်...သူများနဲ့မတူ ထူးခြားတာက သူဘယ်လောက်ပဲဆိုးသွမ်းပါစေ ဒေသခံတွေကတော့ သူ့ကို သဘောကျကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူက သူ့မွေးရပ်မြေကို ထောက်ပံ့ကူညီမှုတွေပေးထားလို့ပဲ ဖြစ်ပါ တယ်။ရာအီးစ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့်သူကတော့ ရဲအရာရှိ ဂျိုင်ဒီးပ်အမ်ဘာလာမက်မူဒါ ဖြစ်ပြီး သူကတော့ အမှုမှန်ပေါ်ပေါက်ရေးအတွက် လူဆိုးဂိုဏ်းသားတွေကို အမှန်အကန်ဖော်ထုတ်ဖမ်းဆီးသူ ဖြစ်ပါတယ်။ မှောင်ခိုရာဇာ ရာအီးစ်က ပြည်နယ်အုပ်ချုပ်မှုပိုင်းမှာပါ ဝင်ဖို့ကြိုး ပမ်းလာတဲ့အခါမှာ ရဲအရာရှိဂျိုင်ဒီးပ်နဲ့ ရာအီးစ်တို့ ထိပ်တိုက်တွေ့ ...
movie

Raees (2017)

2017
Veerame Vaagai Soodum (2022) 7.7
Veerame Vaagai Soodum (2022) Veerame Vaagai Soodum (2022)"သူတို့က လူချမ်းသာတွေပဲလေ ငါတို့ကဘာလုပ်နိုင်မှာလဲ" လူချမ်းသာဖြစ်တိုင်းပြစ်မှုကျုးလွန်ရင်တောင် လွတ်ကင်းခွင့်ရမှာလား အဲ့လိုပြစ်မှုကျူးလွန်သူတွေပေါ်ထွက်လာရတာက သူတို့ကို ကာကွယ်ပေးနေတဲ့သူရှိတယ်ဆိုတဲ့အချိန်ကစတင်တာပဲ"အလန်းစားဇာတ်ညွှန်း​တွေ နာမည်​ကြီးမင်းသားVishalအပြင် ရုံဝင်ငွေ ၁၇.၄ကုဋေထိရထားတဲ့\Rating 7.7 ထိရထားတဲ့ တမီးလ်ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကိုဆက်ရမယ်ဆိုရင် ပိုရပ်စ်ဟာ လက်ထောက်စုံထောက်ဖြစ်ချင်နေတဲ့သူပေါ့ကိုယ်တိုင်ကလည်းမတရားမှုကြုံလာရင် ငြိမ်မခံတတ်တဲ့သလို ဖခင်ဖြစ်သူရဲဌာနမှာတင်မှာသာမကလူချမ်းသာတွေ အာဏာအလွဲသုံးစားလုပ်မှုတွေကို မြင်တွေ့နေရတဲ့ချိန်အလယ်လတ်တန်းစားမိသားစုကလူတစ်ယောက်က အာဏာ အလွဲသုံးစားနေတဲ့ကိစ္စတွေကို မေးခွန်းထုတ်လာတဲ့အချိန်မှာ.....ဘယ်လိုတွေ စိတ်ဝင်စားဖို့​ ကောင်းတဲ့အကြောင်းအရာတွေဆက်ဖြစ်မလဲဆိုတာကြည့်ပေးကြပါဦး  File size…2.6GB/1.9GB Quality…1080p WEB DL/720p WEB DL Format…mp4 Duration….2h 46min Subtitle….Myamar Subtitle (hard sub) Encoder….YK Translated by CM Team
movie

Veerame Vaagai Soodum (2022)

2022
Gangs of 18(2022) 9
Gangs of 18(2022) Gangs of 18(2022)ယခုနှစ်မှထွက်ရှိလာတဲ့ အိန္ဒိယ အက်ရှင်/ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb 9.0/10 ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့် သာမန်ဇာတ်ကားတစ်ကားဆိုတာထက်ပိုတာကိုတော့ ပြောဖို့လိုမယ်မထင်ပါဘူး။ဇာတ်လမ်းအကျဥ်းကတော့ ကာကီနာဒါဆိုတဲ့မြို့မှာ အခြေခံလူတန်းစား၊တစ်နည်းပြောရရင် ဆင်းရဲချို့တဲ့တဲ့ကျောင်းသားတွေတက်တဲ့ကျောင်းနဲ့ လူကုံထံအသိုင်းအဝိုင်းကကျောင်းသားတွေတက်တဲ့ကျောင်းဆိုပြီးနှစ်ကျောင်းရှိပါတယ်။ဆင်းရဲသားကျောင်းကကျောင်းသားတွေကတော့ စားဝတ်နေရေးတောင်အနိုင်နိုင်ရုန်းကန်နေရတဲ့အချိန်မှာလူကုံထံကျောင်းကကျောင်းသားတွေကတော့ မူးယစ်ဆေးတွေအပျော်အပါးတွေနဲ့နစ်မွန်းနေခဲ့ပါတယ်။ဒါ့အပြင်သူတို့နှစ်ကျောင်းကလည်းဘယ်တော့မှ သင့်သင့်မြတ်မြတ်မရှိပဲ ဦးသူဆော်စနစ်နဲ့အချင်းချင်းကြုံသလိုပြသနာရှာဖို့ချောင်းပြီး အမြဲရန်ပွဲတွေဖြစ်နေကြတာပါ။ဒီဘဝပေးအခြေနေချင်းမတူကြတဲ့လူငယ်တွေရဲ့အနာဂတ်ကရောဘယ်လိုဖြစ်လာမှာလဲ။မပြည့်စုံတဲ့ဘဝကလူငယ်တွေကရော သူတို့ပန်းတိုင်ကိုရှာဖွေနိုင်မှာလား။ ချမ်းသာပြီးပျက်စီးနေတဲ့လူငယ်တွေကရော လမ်းမှန်ကိုပြန်ရောက်နိုင်ပါ့မလား။ သူတို့ချင်းကြားကရန်ပွဲတွေကရောဘယ်လိုအဆုံးသတ်သွားမှာလဲဆိုတာကိုတော့ ပရိသတ်ကိုယ်တိုင်ပဲရှုစားပေးကြပါဦး။လူငယ်ကျောင်းသားဘဝအငွေ့အသက်တွေနဲ့ အက်ရှင်ဒရာမာဇာတ်ကားကောင်းတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက်တော့ တကယ်ကိုလက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။  File size…2.4GB / 1.2GB / 500mb Quality…1080p WEBDL AAC 2.0CH / 720P / 480p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Haruko & Yate
movie

Gangs of 18(2022)

2022
Gangs of Wasseypur – Part 2 (2012) 8.6
Gangs of Wasseypur – Part 2 (2012) လမ်းမတော်ဖိုးတုတ်တို့လို လူမိုက်ဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ဒီဇာတ်ကားက အနှစ်ပါပဲ။ဘောလိဝုဒ်ရဲ့အကောင်းဆုံးဇာတ်ကားများစာရင်းကိုပြုစုမယ်ဆိုရင် Gangs of Wasseypur က မပါမဖြစ်ပါ။မှတ်မှတ်ရရဆိုရရင် Oscar ရထိုက်သော Bollywoodကားများ စာရင်းထဲမှာလည်း GOW ဟာ ထိပ်ဆုံးက ပါဝင်နေတာပါ။IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိ ရရှိထားပါတယ်။2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။အဲ့တုန်းက မျက်နှာသစ်သရုပ်ဆောင်တွေဟာ GOW ရဲ့ အောင်မြင်မှုအရှိန်နဲ့အစလိုက်ပြုလိုက်တာ ခုချိန်မှတော့ အောင်မြင်တဲ့သရုပ်ဆောင်တွေအဖြစ် ရပ်တည်နိုင်ခဲ့ကြပါပြီ။ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊ အထူးသဖြင့် Casting ပိုင်းပေါ့======================================================1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ ကျောက်မီးသွေးလုပ်ငန်းတွေ ...
movie

Gangs of Wasseypur – Part 2 (2012)

2012
Gangs of Wasseypur – Part 1 (2012) 8.6
Gangs of Wasseypur – Part 1 (2012) လမ်းမတော်ဖိုးတုတ်တို့လို လူမိုက်ဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ဒီဇာတ်ကားက အနှစ်ပါပဲ။ဘောလိဝုဒ်ရဲ့အကောင်းဆုံးဇာတ်ကားများစာရင်းကိုပြုစုမယ်ဆိုရင် Gangs of Wasseypur က မပါမဖြစ်ပါ။မှတ်မှတ်ရရဆိုရရင် Oscar ရထိုက်သော Bollywoodကားများ စာရင်းထဲမှာလည်း GOW ဟာ ထိပ်ဆုံးက ပါဝင်နေတာပါ။IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိ ရရှိထားပါတယ်။2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။အဲ့တုန်းက မျက်နှာသစ်သရုပ်ဆောင်တွေဟာ GOW ရဲ့ အောင်မြင်မှုအရှိန်နဲ့အစလိုက်ပြုလိုက်တာ ခုချိန်မှတော့ အောင်မြင်တဲ့သရုပ်ဆောင်တွေအဖြစ် ရပ်တည်နိုင်ခဲ့ကြပါပြီ။ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊ အထူးသဖြင့် Casting ပိုင်းပေါ့======================================================1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ ကျောက်မီးသွေးလုပ်ငန်းတွေ ...
movie

Gangs of Wasseypur – Part 1 (2012)

2012
Valiyor Silar (2021) 9.1
Valiyor Silar (2021) Valiyor Silar (2021)ဒီနေ့မှာတော့ Channel Myanmar ရဲ့ အိန္ဒိယရုပ်ရှင်ချစ် ပရိတ်သတ်တွေအတွက်သွေးထွက်သံယိုတွေ မပါတဲ့ ရုပ်ရှင်ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။မှုခင်းစုံထောက်ဇာတ်ကားအများစုရဲ့ အနှစ်က သဲလွန်စတွေနဲ့ ခေါင်းခဲစရာ မြုပ်ကွက်တွေပဲလေ ဟုတ်တယ်မလား။ဒီရုပ်ရှင်ကလည်း ပုံမှန်ရိုးရိုးရှင်းရှင်း ဇာတ်အိမ်ထဲမှာပဲ လူငယ်တစ်ယောက်နဲ့ ရဲတစ်ယောက်ကြားက ပဋိပက္ခကို သရုပ်ဖော်ထားတာပါ။မိသားစု စီးပွားရေးမပြေလည်တဲ့ အာဂျွန်တို့မိသားစုက ညီမငယ်လေး ရမ်ယာလက်ထပ်ပွဲအတွက် အိမ်ကိုပေါင်ပြီးပိုက်ဆံချေးလာတာပေါ့။ ဒါပေမယ့် အပြန်လမ်းမှာ စာရွက်စာတမ်းနဲ့ ကိုယ်ရေးအချက်အလက်တွေ မပါလို့ဆိုပြီးရဲတွေက သံသယဝင်ပြီး ပါလာတဲ့ ပစ္စည်းတွေကို တစ်ညထိန်းသိမ်းထားလိုက်ပါတယ်။နောက်နေ့မှ စာရွက်စာတမ်းပြပြီး ပစ္စည်းလာထုတ်ပေါ့။ ဒီတော့ နောက်နေ့ရဲစခန်းမှာ အာဂျွန်သွားယူတော့သူပေးလိုက်တဲ့ ငွေ သိန်း ၂၀ အစား ၅ သိန်းပဲ ပြန်ရပါတော့တယ်။ ဒီတော့ ဒီငွေသာမရှိတော့ရင် ညီမလေးရဲ့ မင်္ဂလာပွဲပျက်မယ့်အရေးမို့အာဂျွန်ခမျာ အရူးမီးဝိုင်းဖြစ်တော့တာပေါ့။ ဒီတော့ ငွေတွေကရော ဘယ်ကိုရောက်သွားတာလဲ။ အာဂျွန်ထင်သလိုပဲ ရဲတွေက ကြားကနေတစ်ပတ်ရိုက်ပြီး အစဖျောက်ယူသွားတာလား။အခြေအနေက ...
movie

Valiyor Silar (2021)

2021
Irudhi Pakkam (2021) 9.1
Irudhi Pakkam (2021) Irudhi Pakkam (2021) Crime/ThrillerIyal ဆိုတဲ့ ကလောင်နာမည်နဲ့ အမျိုးသမီး စာရေးသူတစ်​​ယောက်။ Iyal ဆိုတဲ့အဓိပ္ပါယ်က သဘာဝတဲ့။ ဒီလိုပဲ Iyal ဟာလည်း သဘာဝနဲ့ တစ်သားတည်းဖြစ်နေခဲ့။သူဟာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတာမျိုး လိုက်လျောညီထွေဖြစ်အောင်လည်းမကြိုးစားခဲ့။ မွေးကတည်းက တောင်ပံနှစ်ဖက်ကျိုးလာခဲ့တဲ့ မိဘမဲ့ Iyal ဟာသူဆယ်ကျော်သက်အရွယ်ကနေ စာရေးရင်းနဲ့ပဲ အချိန်တွေ တရွေ့ရွေ့ကုန်လာခဲ့တာပေါ့။သက်လတ်ပိုင်းအရွယ် အောင်မြင်ခါစ မျိုးဆက်သစ်တစ်ယောက်။ တစ်နေ့မှာတော့ သူ့ရဲ့တိုက်ခန်းမှာပဲအသတ်ခံလိုက်ရပါတယ်။ ဘယ်သူနဲ့မှ အဆက်အဆံမရှိ အပေါင်းအသင်း သူငယ်ချင်းရောရန်သူဆိုတာမျိုးရော မရှိတာမို့ အသတ်ခံရတဲ့ အကြောင်းအရင်းဟာ ရှာဖို့မလွယ်။ ဒီတော့ Iyalဘာလို့အသတ်ခံလိုက်ရသလဲ။ ဘယ်သူက သူ့ကိုသတ်ဖို့ကြိုးစားတာလဲ။ လူတစ်ယောက်ကိုသတ်ပစ်ရလောက်တဲ့ထိ ဘယ်လို အကြောင်းပြချက်တွေ ဒီနောက်မှာရှိနေမလဲ။Iyal ကရော လူအများရဲ့အမြင်ကလိုပဲ အေးဆေးပြီး တစ်ကိုယ်တည်း သီးသန့်နေတတ်တဲ့မိန်းကလေးဆိုတာ ဟုတ်ရဲ့လား။ သူ့ရဲ့သရုပ်မှန်ကရော ဘာလဲ။ သူဖုံးကွယ်ထားတဲ့မျက်နှာဖုံးနောက်မှာ ဘာတွေရှိနေမလဲ။ သူ့စာအုပ်တွေရဲ့နောက်ကွယ်က မြုပ်ကွက်တွေ။ဒါတွေရဲ့အဖြေကို တစ်ခုချင်း လိုက်စုံစမ်းရင်း ...
movie

Irudhi Pakkam (2021)

2021
Gamanam (2021) 8.0
Gamanam (2021) Gamanam (2021)ပွဲဦးထွက်ရုပ်ရှင်မှာပဲ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရခဲ့တဲ့ဒါရိုက်တာ Sujana Rao ရဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ ဟိုက်ဒရာဘတ်မှာကြုံခဲ့ရတဲ့ မိုးကြီးရေလွှမ်းမှုကိုအခြေခံပြီး ဆုံးပါးသွားခဲ့ရတဲ့ အသက်တွေကိုဂုဏ်ပြုမှတ်တမ်းတင်ချင်တာကြောင့် ဒီရုပ်ရှင်ကိုရိုက်ကူးဖြစ်တဲ့အကြောင်း ပြောပြထားပါတယ်။ဇာတ်အိမ်က ဖြစ်ရပ်မှန်ကိုအခြေခံထားတာမျိုးမဟုတ်ပေမယ့် တကယ့်လက်တွေ့ဘဝကလူတွေရဲ့အခက်အခဲတွေ၊ ဘဝရဲ့ ဒုက္ခသုခ မျိုးစုံကို သရုပ်ဖော်ထားတာမျိုးပါ။ ကာမာလာဆိုတဲ့နားမကြားတဲ့ ကလေးတစ်ယောက်အမေက ဒူဘိုင်းကိုထွက်သွားပြီး ဘာအဆက်အသွယ်မှမရတော့တဲ့ခင်ပွန်းကိုစောင့်ရင်း အခက်အခဲတွေကိုခါးစည်းခံပြီး အကြားအာရုံလေးများ ပြန်ရမလား မျှော်လင့်နေတာပေါ့။ခရစ်ကတ်ကစားသမားတစ်ယောက်အဖြစ် အောင်မြင်ချင်တဲ့ အိပ်မက်နဲ့ လူငယ်တစ်ယောက် အာလီ၊ပြီးတော့ သူ့ချစ်သူ ဇာရာ။ နောက်ပြီး ခြေသလုံးအိမ်တိုင် မိဘမဲ့ကလေးလေး ၂ ယောက်။ မတူညီတဲ့ဘဝအခြေအနေတွေက သူတို့ရဲ့ နေ့စဥ်ဘဝ ဖြတ်သန်းမှုတွေ။ လောကဓံကြားထဲက မျှော်လင့်ချက်။ဒီလို လက်လျှော့ချင်စရာ အခြေအနေမှာတောင် တင်းခံရင်းရှေ့ဆက်နေကြတဲ့ သူတို့ရဲ့ ဇွဲတွေ။ပြီးတော့ ဒီလူအဖွဲ့အစည်းရဲ့ အခွင့်ထူးခံတွေနဲ့ကွာခြားမှုတွေ ဒါတွေကို မီးမောင်းထိုးပြထားတာပါ။ရုပ်ရှင်ကောင်းတစ်ခုလို့ညွှန်းရင်းပဲ IMDb မှာလည်း 8 ထိရထားတာမို့ ခုပဲChannel Myanmar ...
movie

Gamanam (2021)

2021
Bhoothakaalam (2022) 7.9
Bhoothakaalam (2022) Bhoothakaalam (2022)မကြာသေးခင်ကမှထွက်ရှိထားတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကိုပြောရရင်Psychoနဲ့ Horror ပေါင်းစပ်ထားတဲ့ စိတ္တဇသရဲကားမျိုးပါပဲ။ အသည်းငယ်တတ်ရင်တော့နေ့ခင်းဘက်လင်းလင်းရှင်းရှင်းရှိတုန်းမှာကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စိတ်ကျရောဂါခံစားနေရတဲ့သားအမိနှစ်ယောက်ဟာမိသားစုဝင်တစ်ယောက်သေဆုံးသွားပြီးနောက် ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေကိုကြုံလာရပါတယ်။ရုပ်ရှင်အစအဆုံးမှာလည်း သာမန်အိန္ဒိယသရဲကားတွေလိုပုံစံခွက်ထဲကအတိုင်းမဟုတ်ပဲစိတ္တဇထိတ်လန့်သည်းဖိုပုံစံမျိုးရော သရဲခြောက်တာရောပေါင်းပြီး ကြက်သီးထစရာဖြစ်အောင်ဖန်တီးထားပါတယ်။ဇာတ်လမ်းအစမှာ သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးကိုအရင်ဆုံးအသားပေးဖော်ပြထားပြီးတော့သူတို့ရဲ့ မိသားစုဝင်တစ် ယောက်ဆုံးရှုံးသွားရတဲ့အခါ စိတ်ကျဝေဒနာကိုစတင်ခံစားလာရတာကနေဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာလည်းလူတွေမခန့်မှန်းနိုင်တဲ့အလှည့်အပြောင်းတွေကိုမြင်ရမှာမို့ Spoiler မဖြစ်အောင် အများကြီးပြောမပြတော့ပါဘူး။ဇာတ်ကားရဲ့အစပိုင်းမှာ သရဲခြောက်တဲ့အခန်းတွေကိုအများကြီးမြင်ရမှာမဟုတ်ပေမယ့် ဒီ Psychoသားအမိနှစ်ယောက်နဲ့တင်ကိုကျောချမ်းနေရမှာတော့ အာမခံပါတယ်။ အမှန်တကယ်ကတော့ဒီဇာတ်ကားတစ်လျှောက်လုံးမှာ ပဟေဠိတွေ၊မြှုပ်ကွက်တွေ၊မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေမထင်ရင်မထင်သလိုပြနေတာကြောင့် သရဲကားလို့ကြိုမသိထားရင်တောင်ကြည့်ရတာပိုအရသာရှိမယ့်ကားမျိုးပါ။ ဒီတော့သရဲကားပရိသတ်မှမဟုတ်ပဲဇာတ်အိမ်ခိုင်ခိုင်၊ ဒိုင်ယာလော့ကောင်းကောင်းနဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုကြိုက်တတ်ရင်တော့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။  File size…1.05Gb  / 500MB Quality…1080p True WEB DL AAC 2.0CH Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Haruko & Yate
movie

Bhoothakaalam (2022)

2022
Sila Nerangalil Sila Manidhargal (2022) 8.4
Sila Nerangalil Sila Manidhargal (2022) Sila Nerangalil Sila Manidhargal (2022)ယခုနှစ်မှထွက်ရှိထားတဲ့အိန္ဒိယတောင်ပိုင်းကားတစ်ကားဖြစ်ပါတယ်။ဇာတ်အိမ်တည်ထားပုံကတော့အထူးတလည် နက်နဲတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ကိုယ့်ဘဝကိုယ်စီလျှောက်လှမ်းနေကြတဲ့လူငယ်လေးယောက်ဟာတစ်နေ့မှာတော့ဆိုးဝါးလှတဲ့မတော်တဆမှုတစ်ခုမှာ ပါဝင်ပတ်သက်မိကြပါတယ်။သာမန်ဇာတ်ကားတွေနဲ့မတူတာကတော့ ဒီဇာတ်ကားဟာ အဓိက‌ဇာတ်ကောင်ရယ်လို့တိတိကျကျမပါဘဲ ဇာတ်ကောင် လေးယောက်လုံးကို ကြည့်နေရင်းမှာတင်ဒီဇာတ်ကောင်တွေရဲ့ဘဝထဲကို ကိုယ်တိုင်စီးမျောသွားစေနိုင်လောက်အောင်ဇာတ်ကောင်တစ်ခုချင်းကိုအသားပေးပုံဖော်ပြထားလို့ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းကိုကြည့်လိုက်မယ်ဆိုရင် လူတိုင်းဟာ အမှားတွေလုပ်တတ်ပြီးတော့ဘဝကြီးကလည်းအမြဲတမ်းအဲဒီအမှားတွေကိုပြန်ပြင်ဖို့အခွင့်အရေးပေးလေ့ရှိတယ်ဆိုတာကိုယုံကြည်ပြီးတော့ ကိုယ့်ဘက်ကပြင်ဆင်ချင်တဲ့စိတ်ပဲရှိဖို့လိုတယ်ဆိုတာကိုနားလည်လာစေမှာပါ။ဒီဇာတ်ကောင်လေးယောက်ကရော သူတို့အမှားတွေကို ပြန်မြင်နိုင်ပါ့မလား။ပြင်ဆင်ဖို့ရောသူတို့မှာအခြေအနေတွေပေးလာပါ့မလား။ အသိတရားဝင်တဲ့အချိန်မှာ ပြင်ဆင်ဖို့မှီပါဦးမလား။လမ်းပေါ်ကအက်ဆီးဒန့်တစ်ခုကနေစတဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ နှစ်နာရီကျော်ကုန်သွားမှန်းမသိအောင်ကိုပရိသတ်တွေအတွက်ဖျော်ဖြေမှုရသကောင်းတွေပေးသွားမှာဖြစ်လို့တောင်ပိုင်းဒရာမာကားကောင်းတွေ ကို ကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တယ်လို့ပဲ ညွှန်းလိုက်ပါရစေ။  File size…1.8GB /900MB / 400MB Quality…720p WEB DL / 480p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Haruko
movie

Sila Nerangalil Sila Manidhargal (2022)

2022
Zombie Reddy (2021) 6.9
Zombie Reddy (2021) Zoombie Reddy (2021)အိန္ဒိယ ဇွန်ဘီကားတဲ့ဗျ။ သည်းထိတ်ရင်ဖို Thriller တွေလူကြိုက်များလာတဲ့နောက်ပိုင်းမှာ အိန္ဒိယကလည်း လူကြိုက်များတဲ့genre တစ်ခုကို ထိုးဖောက်ဖို့ ကြိုးစားလာတဲ့ပုံပဲဗျ။ ဒါပေမယ့် ဒီရုပ်ရှင်ကတော့ဟာသဘက်ကို နှောပြီး ရီရီမောမောကြည့်ရမယ့် ပုံစံမျိုးပါ။မာရီယိုဆိုတဲ့ ဂိမ်းတွေရေးတဲ့ programmer တစ်ယောက်က သူထွင်ထားတဲ့ဂိမ်းပေါက်ခါနီးမှ error တက်တယ်ပေါ့ဗျာ။ ဒီတော့ ကုဒ်ရေးတဲ့ ဘော်ဒါကြီးကလည်းနှစ်ချို့ တစ်ကိုယ်တည်းသမားကြီး။ ကံကောင်းချင်တော့ ရည်းစားရပြီးချက်ချင်းမင်္ဂလာဆောင်ဖို့ ရာရ်လာဆီမာဆိုတဲ့မြို့ကို ရောက်နေတာပေါ့။ရာရ်လာဆီမာဆိုတဲ့မြို့က ဂိုဏ်းကြီးတွေ ကြီးစိုးပြီးမင်းမူနေတဲ့မြို့ဗျ။ဒီတော့ မာရီယိုတို့အုပ်စု မင်္ဂလာဆောင်သွားရင်း ဂိုဏ်းနှစ်ဂိုဏ်းရန်ပွဲကြားကမြေစာပင်ဖြစ်တော့တာပေါ့။ အဲဒီအပြင် အိန္ဒိယမှာ ကိုရိုနာကပ်ဘေးလည်းဖြစ်နေတဲ့ကာလ။ စိတ်ရူးပေါက်နေတဲ့ ဆရာဝန်အဖိုးတစ်ယောက်ကကိုဗစ်ကာကွယ်ဆေး ဖော်ရင်း ကျရှုံးပြီး ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ဇွန်ဘီတွေကို မွေးထုတ်မိကုန်တော့ပေါ့။အဲဒီနောက်မှာတော့ ရာရ်လာဆီမာဆိုတဲ့မြို့မှာ ဖရိုဖရဲတွေဖြစ်၊ ဇွန်ဘီတွေကတစ်မျိုး၊လူမိုက်တွေတစ်မျိုး ယောက်ယက်ကိုခတ်ပြီး အကုန်အလွဲလွဲအချော်ချော်တွေပေါ့။ပေါ့ပေါ့ပါးပါးနဲ့ ရီရတဲ့ပုံစံမျိုးမို့ ခဏတာအပန်းဖြေဖို့ မဆိုးလှတဲ့ဇာတ်ကားလို့ညွှန်းရင်းChannel Myanmar မှာ လာရောက်ကြည့်ရှူဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။  File size…4GB / 1.4Gb ...
movie

Zombie Reddy (2021)

2021
Merise Merise (2021) 7.5
Merise Merise (2021) Merise Merise (2021)IMDb- 7.4/10၈လအတွင်းမှာ လက်ထပ်ရတော့မယ့် ဗနီလာဆိုတဲ့ နယ်မြို့ကမိန်းကလေးတစ်ယောက်-သူ့ရဲ့အိမ်မက်ကတော့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာဖို့ပါသူမရဲ့သတို့သားလောင်း ဟာရစ်ရှ် ရဲ့မျက်လုံးထဲမှာတော့ဗနီလာရဲ့အိမ်မက်ဟာ သုံးစားမရတဲ့ အပိုအလုပ်တစ်ခုပါဒါ့အပြင် ဗနီလာရဲ့ယောက္ခမလောင်းကြီးကလည်းအရမ်းပညာပြပြီး ချုပ်ချယ်တတ်တဲ့သူပါစီတူဆိုတဲ့ ကောင်လေးကတော့ လွတ်လပ်ပြီးပွင့်လင်းတဲ့မိသားစုက သူဌေးသားလေးတစ်ယောက်ပေါ့ သူ့အိမ်မက်ကတော့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ပါ ဒါပေမဲ့ သူ့ရဲ့ပထမဆုံးအလုပ်ကဖြုတ်ချခံလိုက်ရတာကြောင့် စိတ်လွတ်ကိုယ်လွတ်ပျော်မယ်ဆိုပြီးဟိုင်ဒရာဘတ်မြို့ကိုအလည်ထွက်လာရင်း ဗနီလာနဲ့ဆုံခဲ့တာပေါ့လက်မထပ်ခင်မှာ ဗနီလာဟာ စီတူအကူအညီနဲ့ ဟာရစ်ရှ်မသိအောင်ဒီဇိုင်နာအိမ်မက်ကို အကောင်ထည်ဖော်ခဲ့ပါတယ် သူ့အနေနဲ့လည်းစီတူရဲအိမ်မက်အတွက် အများကြီးကူညီပေးနိုင်ခဲ့တယ်ဒီလိုနဲ့ခံစားချက်တွေပိုလာကြတာပေါ့ကဲ ဟာရစ်ရှ်တစ်ယောက် ဘယ်လိုဆက်ဖြစ်မှာလဲအဖေတစ်ခုသမီးတစ်ခုနဲ့ ဗနီလာကရော သူ့အဖေကိုဝမ်းသာစေတဲ့ဒီမင်္ဂလာပွဲကို ဘယ်လိုဆက်လုပ်မှာလဲ စီတူဖက်ကရောဗနီလာကို လက်လွတ်ရမှာလား.....ရင်ခုန်စရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့အပြင်အိမ်မက်နောက်ကို ရအောင်လိုက်တဲ့ မိန်းကလေးတစ်ယောက်အကြောင်းကိုပုံဖော်ထားတာဖြစ်တဲ့အတွက်လက်မလွတ်တမ်းကြည့်ရှုအားပေးလိုက်ကြပါဦးနော်   File size…1.4GB / 700MB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Yate & Eliza
movie

Merise Merise (2021)

2021
Love Hostel (2022) 5.1
Love Hostel (2022) Love Hostel (2022)Haseen Dillrubaရုပ်ရှင်မှာ တာ့ပ်ဆီးရဲ့ ခင်ပွန်းနေရာကနေသရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ပိုင်းမှာ အတော်လေးကောင်းတဲ့မင်းသားVikrant Masseyရဲ့ ဘောလိဝုဒ်ကားသစ်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့မိဘအသိုင်းအဝိုင်းက ပေးစားမယ့်သူနဲ့ စေ့စပ်ပွဲမတိုင်ခင်လေးမှာအိမ်ကနေ ထွက်ပြေးသွားတဲ့ ဂျရိုသီတစ်ယောက်ဟာ သူ့ရဲ့ချစ်သူအာမက်နဲ့ ခိုးရာလိုက်ပြေး လက်ထပ်ခဲ့ကြပါတယ် ဒီလိုခိုးပြေးတဲ့စုံတွဲတွေကိုမိဘများက အတင်းခွဲလို့မရအောင် တရားရုံးက ပို့ပေးတဲ့ Safe House လေးမှာ သူတို့ ဘယ်လိုတွေ နေထိုင်ကြမလဲတစ်ဖက်မှာလည်း ဂျရိုသီရဲ့ အာဏာရှိတဲ့ မိသားစုက မိသားစုဂုဏ်သိက္ခာအတွက်သူတို့ချစ်သူနှစ်ဦးကို ရှင်းပစ်ဖို့ လက်မရွံ့ကြေးစားလူသတ်သမားတစ်ယောက်ငှါးလိုက်ရာက ဒီဇာတ်လမ်းလေး ဖြစ်ပေါ်လာပါတော့တယ်သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကရောI ဘယ်လိုဖြစ်သွားမလဲ မိသားစုတွေရောကြေးစားလူသတ်သမားကိုရော သူတို့နှစ်ယောက် ဘယ်လိုတွေရင်ဆိုင်ကြမလဲဒီဘာသာခြားအချစ်ကိုရော ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ…ဒီဇာတ်ကားလေးကိုရော ကြည့်ရှုခံစားပေးကြပါဦးနော် File size…1.3GB / 700MB /  Quality…1080p WEB DL / 720p /  Format…mp4 / mkv Duration….1h 40min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo ...
movie

Love Hostel (2022)

2022
Ajagajantharam (2021) 7.8
Ajagajantharam (2021) Ajagajantharam (2021)Action/Mysteryကြမ်းကြမ်းရမ်းရမ်း အိန္ဒိယရုပ်ရှင်တွေ ကြည့်ချင်တယ်။ ဒါပေမယ့် အိုဗာတင်းမဖျော်ပဲလက်တွေ့ဆန်တဲ့ရိုက်ချက်တွေလည်း လိုချင်တယ်ဆိုပါစို့။ ဒါဆိုရင်တော့လွမ်းခန်း၊ ဆွေးခန်း၊ ချစ်ခန်း၊ ကြိုက်ခန်းတွေမပါပဲ ရင်တထိထိတ်နဲ့ကြည့်ရမယ့်အက်ရှင်ကားကောင်းကို Channel Myanmar ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ည ။ ညဟာ ပုံမှန်ထက် မှောင်မိုက်လာခဲ့။ သာမန်ညတွေမှာ အိပ်စက်အနားယူကြ၊အလုပ်သွားကြနဲ့ လည်ပတ်နေခဲ့တဲ့ တစ်နှစ်တာ ရာသီစက်ဝန်းမှာ ဒီညဟာတော့ပိုပျော်စရာကောင်းခဲ့။ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ Aranjali ရဲ့ဘုရားပွဲနေ့ဖြစ်တာကြောင့်ပေါ့ဗျာ။လူတွေဟာ ဝတ်ကောင်း၊ စားလှတွေဝတ် မီးရောင်စုံတွေ၊ စျေးဆိုင်တန်းလေးတွေ၊ဂီတသံတွေညံစီနေတဲ့ ပွဲစျေးထဲ လည်ပတ်ရင်း ပျော်ရွှင်နေခဲ့ကြတာပေါ့။ဒါပေမယ့် ဒီနှစ် Aranjali ဘုရားပွဲရဲ့အခြေအနေကတော့ရီမောသံတွေအစား ဆဲဆိုသံတွေ ညံပြီး သွေးသံတရဲရဲပေါ့။ ဆင်တစ်ကောင်ရယ်၊နံမည်ဆိုးနဲ့ကျော်ကြားတဲ့ ရာဇဝတ်သားလူမိုက်တွေရယ်၊ လက်ရဲဇက်ရဲလို့ဆိုရမယ့်လူငယ်တချို့ရယ်၊ ပြီးတော့ ပြဇာတ်အကတစ်ဖွဲ့ရယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတဲ့ညပေါ့။ရဲကားသံတွေလည်း တဝီဝီ၊ ပြေးတဲ့လူကပြေးနဲ့ ဖရိုဖရဲအခြေအနေကို စိတ်လှုပ်ရှားဖို့ကောင်းအောင် ကြည့်ရမှာပါ။ဒီကဘုရားပွဲတို့၊ ပျော်ပွဲရွှင်ပွဲတို့မှာဖြစ်လေ့ရှိတဲ့ ရန်ပွဲတွေလိုမျိုးပါပဲ။ ဒါပေမယ့် ထူးခြားတာက ဆင်တစ်ကောင်ကိုထည့်ရိုက်ထားတဲ့နေရာမှာ အိန္ဒိယတို့ရဲ့ အစဥ်အလာအတိုင်း ...
movie

Ajagajantharam (2021)

2021