Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bollywood
7.0
Padmaavat (2018)
Padmaavat (2018)IMDb - 7.0/10_____Rotten - 56%သမိုင်းရာဇဝင်အခြေခံ ဒရာမာကားအမျိူးအစား Padmaavat ရုပ်ရှင်ဟာ ဒါရိုက်တာ Sanjay,Ranveer နဲ့Depika တို့ ၃ ဦးအတူရိုက်ကူးတဲ့တတိယမြောက် ရုပ်ရှင်ကားဖြစ်ပါတယ်။ဒါရိုက်တာ Sanjay ဆိုတာ ဘောလီးဝုဒ်မှာ Classic ရုပ်ရှင်တွေကို ဦးစားပေးရိုက်ကူးအောင်မြင်သူတစ်ဦးဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက စလ်မားန်ခါးန် နဲ့Aishwaray တို့ရဲ့ Hum Dil De Chup Ke Sanam၊ရှာရွခ်ခါးန် နဲ့Devdas စတဲ့ ရုပ်ရှင်ကားကောင်းတွေကို ရိုက်ကူးပြီး ဘောလီးဝုဒ်ပရိသတ်တွေကို ညို့ယူဖမ်းစားနိုင်စွမ်းရှိတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ဒီဇာတ်ကား စရိုက်ကတည်းက ပြသနာပေါင်း သောင်းခြောက်ထောင်တက်ခဲ့ပြီး ရှုတင်ဖျက်စီးခံခဲ့ရပါတယ်။ဒါရိုက်တာ ပါးရိုက်ခံရပါတယ်။ဆက်တင်တစ်ခုလုံး မီးတင်ရှို့ခံခဲ့ရပါတယ်။မင်းသမီး ဒီပီကားနှာခေါင်းဖြတ်ပေး၊မုဒိမ်းကျင့်ပေး၊ခေါင်းဖြတ်ပေးရင် ရူပီ ကုဋေ ဘယ်လောက်ပေးမယ်၊ဒါရိုက်တာ ခေါင်းဖြတ်ပေးရင် ရူပီး ၅ ကုဋေပေးမယ် စသဖြင့်အကြီးအကျယ် ခြိမ်းခြောက်ခံခဲ့ရပြီး ကျော်လွှားခဲ့ရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဒီဇာတ်ကားဟာ မွတ်စလင်မ်ဘုရင်တစ်ဦး ...
movie
Padmaavat (2018)
2018
4K HEVC
Gunday (2014)
မင်းသမီးချော ပရီရန်ကာချော်ပရာနဲ့ မင်းသားတွေကတော့ ရမ်ဘီဆင်းနဲ့အာဂျွန်းကပူးတို့ပါ...Irrfan Khan လဲပါပါသေးတယ်။ငယ်ငယ်က ဘဝနာခဲ့ရတဲ့ သူငယ်ချင်း ၂ ယောက် လူမိုက်လူကြမ်းကြီးတွေအဖြစ် ကြီးပြင်းလာကြရာကနေသူတို့ဘဝထဲကို အကအလှမယ်လေးတစ်ယောက် ဝင်လာတဲ့အခါမှာတော့...၃ ပွင့်ဆိုင် အချစ်နဲ့ သူငယ်ချင်း ညီကို သံယောဇဉ်တွေကြား ဗျာများရပုံတွေနဲ့...သူတို့ရဲ့ ဒုစရိုက်မှုတွေကြောင့် ရဲတွေကလဲ အချီကြီးလိုက်ကြနေတဲ့အခါမှာဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ...။Fun ဖြစ်အောင် ရောင်စုံအလှ အက ရသစုံတင်ဆက်ထားတဲ့ အက်ရှင်ဒရမ်မာရုပ်ရှင်ကားပါ။Budget ရူပီး 310 Million ကုန်ချခံရိုက်ကူးခဲ့ပြီး Box office ဝင်ငွေ ရူပီး 1200 Million ကျော်မြတ်စွန်းခဲ့ပါတယ်။ File size…(3.8 GB)/(1.4 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie
Gunday (2014)
7.0
Gangubai Kathiawadi(2022)
Gangubai Kathiawadi (2022) =============== (ရုံတင်ခိုးရိုက်ဝါးတားတားမဟုတ်တဲ့ Netflix ရုပ်သံအကြည်ဗားရှင်းကို တင်ဆက်ပေးလိုက်ပါပြီ)IMDb Rating 7.0 နဲ့ Rotten Tomatoes (91%) ထိ ရရှိထားပြီး မင်းသမီး Alia Bhatt အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသားကြီး Ajay လဲ အားဖြည့်ပါဝင်ထားပါတယ်။Bajirao Mastani,Padmaavat,Devdas တို့လို ရုပ်ရှင်ကားကြီးတွေရဲ့ ဒါရိုက်တာ Sanjay Leela Bhansali ရဲ့လက်ရာဖြစ်တာမို့ ပိုလို့လူကြိုက်များခဲ့ပါတယ်။ဇာတ်လမ်းကလဲ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။ 1960ခုနှစ်များဆီက မွန်ဘိုင်းရဲ့ မာဖီးယားဘုရင်မတစ်ယောက်ဖြစ်တဲ့ Ganga Harjivandas ရဲ့ ဘဝဇာတ်ကြောင်းဖြစ်ပါတယ်။သူမဟာ ငယ်စဉ်ကဘောလီးဝုဒ်ရုပ်ရှင်စတားတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမဲ့ ချစ်သူရဲ့ လှည့်စားမှုကို ခံရပြီး ပြည့်တန်ဆာအဖြစ် ရောင်းစားခံလိုက်ရပါတော့တယ်။ ထက်မြက်တဲ့မိန်းမတစ်ယောက်ဟာခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆိုင်ပြီး ပြည့်တန်ဆာခေါင်းအဖြစ်ရှင်သန်ရပ်တည်လာတဲ့နောက်မှာ ယဉ်ကျေးမှုအစဉ်အလာအားကြီးတဲ့အိန္ဒိယနိုင်ငံရဲ့ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းက နှစ်တစ်ရာလောက်ရပ်တည်လာတဲ့ သူမတို့ ပြည့်တန်ဆာအိမ်က အမျိုးသမီး ၄၀၀၀ရဲ့ ဘဝတွေကို တိုက်ခိုက်ရန်စလာတဲ့အခါ... အနာဂတ်ကိုဆက်လျှောက်ရမယ့် ကလေးတွေနဲ့ ပြည့်တန်ဆာတစ်ယောက်မှာလည်း ရသင့်တဲ့ ...
movie
Gangubai Kathiawadi(2022)
2022
1080p HEVC
6.2
Badrinath Ki Dulhania (2017)
မင်းသား Varun Dhawan နဲ့ မင်းသမီး Alia Bhatt တို့ရဲ့ ချစ်စရာဇာတ်ကားလေးပါ။Badrinath Ki Dulhania ဆိုတာ မြန်မာလိုဆိုရင် ဘဒ်ရီနာသ့်ရဲ့ သတို့သမီးပေါ့ ဒါဆို ဘဒ်ရီနာ့သ် ကဘယ်သူလဲ? ဘဒ်ရီနာသ်က ဂျန်ဆလ်မြို့ရဲ့ မြို့မျက်နှာဖုံး ကျိကျိတက်သူဌေးကြီး အမ်ဘာနသ် ဘန်ဆလ်ရဲ့သား တစ်ယောက် ။ဒါဆို သူ့သတို့သမီးအကြောင်း နည်းနည်းပြောမယ် သူ့သတို့သမီးဖြစ်ရဖို့က တော်တော်ကံကောင်းမှပဲ ဖြစ်မှာနော်ဘာကြောင့်လဲဆိုတော့ ဟိန္ဒူအယူဝါဒအရ ထိမ်းမြားလက်ထပ်ရင် သတို့သမီးရှင်ဘက်က သတို့သားကို အခန်းဝင်လက်ဖွဲ့ကြေးနဲ့ တင်တောင်းယူရတာဗျာ။သတို့သမီးက ဘယ်လောက်ပဲ ပညာတတ်တတ် တော်တော် အချိန်တန် အိမ်ထောင်ကျပြီးရင် ဒိုး မီးဖိုချောင် ဒီစနစ် လင်ယောကျ်ားကို ဖြူသည် မဲသည် လာမပွါးနဲ့ဒီလို မိန်းကလေးအခွင့်ရေးနည်းပါးတဲ့ လူ့အသိုင်းဝိုင်းမှာ အမှန်အကန်သူဌေးသားအတွက်ဆို အခန်းဝင်လက်ဖွဲ့ကြေးကလည်း မနည်းလောက်ပေဘူးဒါပေမယ့် ဘဒ်ရီကတော့ အဖေစီစဉ်သမျှကို အသံမထွက်ဘဲ နာခံလာပေမယ့် မိတ်ဆွေ တစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဗီဒဟီဆိုတဲ့ ကောင်မလေးကို တွေ့တွေ့ချင်း စိတ်ဝင်စားခဲ့တယ်။ဗီဒဟီကလည်း အမျိုးသမီးအခွင့်ရေးမပေးတဲ့ လူ့အသိုင်းဝိုင်းကို မုန်းလွန်းလို့ ...
movie
Badrinath Ki Dulhania (2017)
4K HEVC
7.9
Dhruva(2016)
Dhruva (2016)အစားကောင်း အသောက်ကောင်းတွေ စားရရင် ချစ်သူခင်သူကို သတိရတတ်သလိုပဲ ဇာတ်ကားကောင်းတွေရှိလာရင်လည်း မလွတ်တမ်းဘာသာပြန်တင်ဆက်ပေးချင်တာကတော့ CM ရဲ့စေတနာပါ။ဘိုင်ရာဘာမင်းသားပါဝင်ထားတဲ့ ဒီ "Dhruva" crime thriller movie ကတော့ not very old but gold လို့ ဆိုရမှာပါပဲ။ crime ကိုမှmedical crime ကို အရင်းတည်ပြီး ကွင်းဆက်အများအပြား ချိတ်ဆက်ထားတာမျိုးပါ။"သာမန်ပြည်သူတွေရဲ့ ကံကြမ္မာကို နိုင်ငံရေးသမားတွေက ချုပ်ကိုင်တယ်၊ နိုင်ငံရေးသမားတွေရဲ့ ကံကြမ္မာကိုတော့ စီးပွားရေးသမားတွေက ချုပ်ကိုင်တယ်....."ပုံမှန်ဆိုရင် ခိုးမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုတို့ဟာ အများအားဖြင့် ငွေကြေးမပြည့်စုံမှုကြောင့် ကျူးလွန်လေ့ရှိတဲ့အရာမျိုးတွေပါ။ဒါပေမဲ့ သာမန်ပြစ်မှု အသေးလေးတွေကိုဗန်းပြပြီး နောက်ကွယ်မှာ ကြီးမားတဲ့ ပြစ်မှုကြီး ရှိနေတယ်ဆိုရင်ရော......ဆင်းရဲနိမ့်ကျစွာ မွေးဖွားလာပေမဲ့ ပါတီခေါင်းဆောင်တစ်ဦးရဲ့ လူသတ်မှုကို ကိုယ်စားအပြစ်ခံယူရင်း အဆိုးထဲက အမြတ်ထုတ်တတ်တဲ့ထက်မြက်လွန်းတဲ့ Siddarth Abimanyu က သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာပြီး မင်းသားခေါင်းစွပ်ထားတဲ့ဘီလူး ...
movie
Dhruva(2016)
2016
6.1
Ladies vs Ricky Bahl (2011)
မင်းသားချော ရမ်ဘီဆင်းနဲ့ မင်းသမီးချော အနွတ်ရှ်ကားတို့ ပါဝင်ထားတဲ့ Romance Comedy ဇာတ်ကားလေးပါ...တခြားမင်းသမီးတွေလဲ ပါပါသေးတယ်...ရမ်ဘီဆင်းနဲ့မမတစ်သိုက်ပေါ့...လှည့်ကွက်တွေ အရိုကွက်တွေနဲ့ လုံးဝ Fun ဖြစ်ရမယ့်ဇာတ်ကားပါ။ဇာတ်လမ်းလေးလဲ မိုက်သလို သရုပ်ဆောင်တွေကလဲ အလန်းမလို့ဒီလိုပိတ်ရက်မှာ အနားယူဖို့ လုံးဝလက်လွတ်မခံသင့်ပါ။ File size…(4 GB)/(1.3 GB)/(680 MB) Quality….BluRay 1080p/720p/360p Format…mp4 Duration….02:20:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie
Ladies vs Ricky Bahl (2011)
5.7
Ghani(2022)
၁၅နှစ်အရွယ်ကောင်လေး ဂါနီ ဟာ ဖခင်ဖြစ်သူ လက်ဝှေ့ပညာရှင်ဗစ်ခရမ်ကိုလေးစားအားကျခဲ့ပြီး ငယ်စဉ်ကတည်းက လက်ဝှေ့အားကစားကို နှစ်ခြိုက်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ အားကစားလောကရဲ့ အရှုပ်အထွေးတွေကြားမှာ ဖခင်ဖြစ်သူရဲ့ ဂုဏ်သိက္ခာကျဆင်းသွားပြီးတဲ့နောက်ဂါနီတို့မိသားစုဟာ လူတကာရဲ့ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရပါတော့တယ်။အဲ့ဒီနောက် လက်ဝှေ့ကိုစိတ်နာသွားတဲ့ မိခင်ဖြစ်သူဟာ ဘ၀မှာဘယ်တော့မှလက်ဝှေ့မထိုးရဘူးဆိုတဲ့ကတိကို ဂါနီဆီကနေတောင်းခဲ့ပါတော့တယ်။ဒါပေမဲ့ ဖခင်ရဲ့မတရားခံရမှုကို အဖြေရှာချင်တဲ့ ဂါနီ ဟာ နိုင်ငံတော်အဆင့်လက်ဝှေ့ပြိုင်ပွဲမှာ အနိုင်ရရမယ်လို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဂါနီတစ်ယောက် မိခင်မသိအောင် လက်ဝှေ့ဘယ်လိုကစားမှာလဲ...ဖခင်ရဲ့နာမည်ကိုရော ပြန်အဖတ်ဆယ်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် File size…1.1GB /2.39Gb Quality…720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Eliza & Oeliu J
movie
Ghani(2022)
2022
Oh My Dog(2022)
Oh My Dog 2022ခွေးချစ်သူပရိတ်သတ်ကြီးအတွက် IMDb 8.8အထိတောင်ရရှိထားပြီးAmazon Prime က ထုတ်လွှင့်ထားတဲ့ခွေးလိမ္မာကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့နှစ်စဉ်အတော်ဆုံးခွေးတွေမွေးထုတ်ပေးတဲ့ခွေးသင်တန်းကျောင်းတစ်ခုရှိပါတယ်ပြိုင်ပွဲတိုင်းမှာလည်းပထမဆုချည်းဆွတ်ခူးခဲ့တာမို့ ခွေးကောင်းမျိုးသန့်တွေပဲမွေးထားတာပေါ့တစ်နေ့ Husky ခွေးမလေးတစ်ကောင်ကသားပေါက်ခဲ့ရာမှာ မျက်စိမမြင်တဲ့ခွေးလေးတစ်ကောင်ပါလာခဲ့ပါတယ်အတော်ဆုံးသင်တန်းကျောင်းပီပီ အသုံးမဝင်တဲ့ခွေးတွေကိုသတ်ပစ်ဆိုပြီး အထက်ကအမိန့်ပေးလေတော့မတတ်သာတဲ့အဆုံးတောထဲခေါ်သွားပြီးသတ်ဖို့လုပ်ခဲ့ရာမှာ သေကံမရောက်သက်မပျောက်ဘဲ ခွေးလေးကလွတ်မြောက်ခဲ့ပါတယ်ရေစက်သာပါလာခဲ့ရင်နတ်ပြည်ကအပ်တစ်စင်းနဲ့လူ့ပြည်ကအပ်တစ်စင်းထိပ်တိုက်တွေ့သကဲ့သို့ ဒီခွေးလေးဟာလည်းအာဂျွန်ဆိုတဲ့ကလေးလေးနဲ့တွေ့ဆုံဖို့အကြောင်းဖန်လာခဲ့ပါတယ် မျက်စိမမြင်ရပေမယ့်အနံ့ခံအာရုံအားကောင်းတဲ့ခွေးလေးဆင်းမ်ဘာကအာဂျွန်လေးအနံ့ကိုခံ အိမ်ထိလိုက်သွားခဲ့ပြီး အာဂျွန်လေးရဲ့ ပြုစုမှုအောက်မှာကြီးပြင်းလာခဲ့ပါတယ် ဒီမှာတင်ပြီးမသွားပါဘူးဆင်းမ်ဘာလေးကိုလွတ်လာတုန်းက သူ့ကိုအသည်းအသန်လိုက်ရှာသတ်နေတဲ့လူနှစ်ယောက်လည်းရှိပါတယ်သူတို့နှစ်ယောက်ကဆင်းမ်ဘာလေးအကြောင်းသတင်းရရှိခဲ့ပြီးနောက်မှာတော့ဘာတွေဆက်ဖြစ်သွားမလဲနှစ်စဉ်ကျင်းပလ့ရှိတဲ့ခွေးပြိုင်ပွဲမှာလည်း ဆင်းမ်ဘာလေးကိုဝင်ပြိုင်စေချင်တော့ ဘယ်လိုသင်ကြားမှုတွေနဲ့ဝင်ပြိုင်ကြမလဲRating မြင့်ပြီးတကယ်ကောင်းတဲ့ဇာတ်ကားဖြစ်တာမို့ ခွေးချစ်သူပရိတ်သတ်ကြီးအတွက်မကြည့်ဖြစ်လိုက်ရင်နောင်တရစေမယ့်ဇာတ်ကားတစ်ကားပါလို့ပဲညွှန်းလိုက်ပါရစေ(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပါတယ်) File size…2.28GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Yunni & OeliuJ & Haruko
movie
Oh My Dog(2022)
2022
Aadavaallu Meeku Johaarlu (2022)
Aadavallu Meeku Johaarlu IMDb-6.9/10အားလုံးစောင့်မျှော်နေတဲ့ မင်းသမီး ရှက်ရ်မီး ရဲ့ကားလေး ရောက်လာပါပြီယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လုံးဝနားမလည်နိုင်ပါဘူး ဘုရားက လူယောက်ျားကို အဲ့ဒီအစွမ်းပေးဖို့ ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ်မိန်းမတစ်ယောက်ကိုတောင် နားလည်ဖို့ခက်တဲ့ဒီလောက ကြီးမှာ မိန်းမ ၁၅ ယောင်လောက်ဝိုင်းနေတဲ့ ချီရူရဲ့ဘဝကတော့ သနားစရာပါဟိုးငယ်ငယ်လေးတည်းက အမေနဲ့ အဒေါ် ၄ယောက်ရဲ့ ဖူးဖူးမှုတ်ထားတာကိုခံရပြီး အစ်မ ညီမတွေရဲ အချစ်ကိုရထားတဲ့ကံကောင်းတဲ့သူတစ်ယောက်ပါ ဒါပေမဲ့ တစ်ဖက်မှာတော့ ဒါက သူ့အတွက် အချုပ်အနှောင်တွေဖြစ်နေခဲ့ပါတယ်အထူးသဖြင့် လက်ထပ်ပွဲနဲ့ပတ်သတ်ပြီးတော့ပေါ့အကောင်းဆုံးကို ပေးချင်တယ်ဆိုပြီးအိမ်ထောင်ဖက်လာတွေ့တဲ့ မိန်းကလေးမှန်သမျှကိုအကြောင်းမျိုးစုံရှာပြီး ငြင်းခဲ့တဲ့ သူ့မိသားစုကြောင့် ချီရူတစ်ယောက် အသက် ၃၅နှစ်အထိ မိန်းမမရခဲ့ပါဘူးဒီလိုနဲ့ မိုးရွာတဲ့နေ့တစ်နေ့မှာ အာဒီယာနဲ့ အမှတ်တမဲ့ဆုံခဲ့ပါတယ် ပြီးတော့ အိမ်ထောင်ဖက်တွေ့တာကအစ လက်ထပ်ပွဲအထိ သူကိုယ်တိုင် စီစဥ်ဖို့ ဆုံးဖြတ်ခဲ့တယ်ချီရူရဲ့ လက်ထပ်ပွဲဘယ်လိုဆက်ဖြစ်မှာလဲ သူ့မိသားစုနှောင်ကြိုးတွေထဲက ဘယ်လိုရုန်းထွက်နိုင်မှာလဲ အာဒီယာနဲ့ကော ဘယ်လို အချစ်ဇာတ်လမ်းတွေရှိလာမှာလဲ.....လှမြဲလှနေပြီးExpression Queen လို့တင်စားကြတဲ့ နာမည်ကြီး ...
movie
Aadavaallu Meeku Johaarlu (2022)
2022
6/9
Kuthirai Vaal(2021)
Kuthiraivaal (2022)လူတိုင်းက အိပ်မက်တွေမက်ဖူးကြတယ်မလား မက်နေတဲ့အိပ်မက်ထဲကအတိုင်းလက်တွေ့ဘဝမှာဖြစ်ပေါ်လာမယ်ဆိုရင်တော့ကမ္ဘာကြီးကရူးကြောင်ကြောင်နိုင်သွားမှာပါ ဒါပေမယ့်ဒီကားထဲမှာဆိုရင်တော့အိပ်မက်ကနိုးလာတဲ့ ဖရိုက်ဒ်တစ်ယောက် ထူးဆန်းစွာပဲအမြီးပေါက်လာခဲ့တာပါအိပ်မက်လည်းသာမန်မဟုတ်ပါဘူး ကောင်းကင်ဝယ် နေနဲ့လတစ်ပြိုင်တည်းထွက်ပေါ်နေတဲ့နေရာတစ်ခုမှာ လှပတဲ့မြင်းက ခန့်ညားစွာနဲ့ရပ်နေခဲ့ပါတယ် ဒါပေမယ့် အဲ့ဒီမြင်းမှာအမြီးရှိမနေခဲ့ပါဘူးဒီလိုနဲ့မြင်းနားမှာရပ်နေတဲ့ကောင်မလေးကို အမြီးဘယ်ရောက်သွားလဲမေးတော့ကောင်မလေးကခရမ်းချဉ်သီးနဲ့ပြန်ပေါက်ခဲ့ရာက ရုတ်တရက်အိပ်မက်ကလန့်နိုးသွားခဲ့ပါတယ်နိုးလာလာချင်း ကုတင်ပေါ်ကပြုတ်ကျခဲ့ပါတယ် အကြောင်းကတော့သူ့ကိုယ်ပေါ်မှာမြင်းအမြီးတစ်ခုပေါက်လာခဲ့လို့ပါပဲ ဒီလိုနဲ့ ဒီအမြီးဖြစ်ပေါ်လာပုံကိုဟူးရား၊နက္ခတ်ဗေဒင်ဆရာ၊ သင်္ချာဆရာတွေဆီလှည့်ပတ်သွားရင်းအကြံဉာဏ်တောင်းခဲ့ပါတယ် တစ်ယောက်ချင်းစီကမတူညီတဲ့အကြံဉာဏ်တွေပေးရင်းဖရိုက်ဒ်တစ်ယောက်လမ်းပျောက်နေခဲ့ပါတယ်ထူးဆန်းစွာနဲ့ဒီအမြီးကိုသူကလွဲပြီးဘယ်သူမှမမြင်နိုင်ကြောင်းသိရှိသွားခဲ့ပြီးသူ့ရဲ့အိပ်မက်ခရီးရှည်ကြီးကို ခရီးစထွက်ခဲ့ရာကဘယ်လိုထူးဆန်းထွေလာတွေတွေ့မလဲအမြီးပေါ်လာတဲ့အကြောင်းအရင်းကိုရောရှာတွေ့သွားမှာလား အမြီးကရောပျောက်သွားနိုင်မှာလားIMDb 6.8ရရှိထားပြီး Netflix ကထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အပြင်တွေးစရာတွေတစ်လှေကြီးနဲ့ကြည့်ရှုရမှာဖြစ်လို့ ခံစားကြည့်ရှုနိုင်စေရန်တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပါတယ်) File size…2GB / 900MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Yunni
movie
Kuthirai Vaal(2021)
2021
Hello Brother (1999)
မင်းသား ဆလ်မာန်ခန်း...သူ့ညီ အရ်ဗာဇ်ခန်းနဲ့ မင်းသမီးရာနီးမူခရ်ဂျီးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဘောလိဝုဒ် ဟာသမြူးကြွထူးခြားဆန်းကြယ်အချစ်ဇာတ်ကားလေးတစ်ကားတင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့.....ဟီးရိုးဆိုတဲ့ ရိုးသားတဲ့ ကောင်လေးတစ်ယောက်ရှိတယ် သူဟာရည်မှန်းချက်ကြီးသလို အလုပ်လည်းကြိုးစားတယ် တစ်ကောင်ကြွက်ဖြစ်ပေမယ့် သူချစ်ရတဲ့ကောင်မလေးကို လက်ထပ်ရဖို့ အမြဲစိတ်ကူးနေတတ်တယ်...ဟီးရိုးမှာ ရာနီးဆိုတဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိတယ်...ရာနီးက သူ့ကို ဟီးရိုးကကြိတ်ချစ်နေရှာတာကို မသိရှာဘူး...သူတို့နေတဲ့မြို့ကို ဗီရှာလ်ဆိုတဲ့ မူးယစ်နှိမ်နင်းရေးအရာရှိတစ်ယောက်ရောက်လာတယ်....ဟီးရိုးဟာ ရိုးသားသလောက် နုံလည်းနုံတော့ သူ့သူဌေးရဲ့ ဒုစရိုက်လုပ်ငန်းတွေကို မသိရှာဘူး.....ဒီဒုစရိုက်လုပ်ငန်းတွေကို ဖြိုခွင်းဖို့ ရဲအရာရှိဗီရှာလ်ရောက်လာချိန်မှာတော့ မတော်တဆမှုတစ်ခုမှာ ဗီရှာလ်လည်း သေမလိုဒဏ်ရာရ...ဟီးရိုးလည်းသေဆုံးသွားခဲ့ပါတယ်မသေခင်က ဗီရှာလ်နဲ့ကတော်ကဆဖြစ်ခဲ့လို့ သေဆုံးသွားတဲ့ဟီးရိုးရဲ့ဝိညာဉ်ဟာ ဗီရှာလ်အနားမှာ တဝဲလည်လည်ဖြစ်လာတဲ့အခါ ကိစ္စတွေဟာ ဘယ်လိုတွေ ကမောက်ကမဖြစ်လာမလဲဆိုတာကို ဟာသ အလွမ်းအဆွေးရသမျိုးစုံနဲ့ ဒီဇာတ်ကားမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.6 GB)/(1.1 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:08:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie
Hello Brother (1999)
8.5
Taanakkaran (2022)
Taanakkaran (2022)IMDb - 8.5/10Disney+ Hostarကနေ သိပ်မကြာခင်မှထွက်ထားတဲ့ရသပေးစွမ်းနိုင်မယ့် ဇာတ်လမ်းလေးတပုဒ်ပါ"အာရီဗူ...ရဲအရာရှိဆိုတာ အရမ်းတန်ဖိုးကြီးတဲ့အလုပ်ပဲ...ပြဿနာ ကြုံလာရင် သူတို့ဆီသွားလိုက်ရင်စိတ်အေးရပြီ...ဒါပေမဲ့အဖေတို့ပြဿနာကို သေချာစစ်ဆေးပေးပြီး မျှမျှတတဖြေရှင်းပေးတဲ့ရဲ တွေ့ဖူးလား""ဟုတ်တယ်အဖေ...သားတို့ပြဿနာတွေကို သေချာ နားထောင်ပေးပြီး တရားမျှတစွာဖြေရှင်းပေးတဲ့ ရဲမြင်ဖူးလား""အာရီဗူ...သားကြီးလာရင် ရဲဖြစ်ပေးပါ"အာရီဗူဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ဟိုးငယ်ငယ်လေးတည်းကသူ့အဖေကြောင့်ရော သူ့ကိုယ်ပိုင်ဆန္ဒကြောင့်ပါ ရဲဖြစ်ချင်ခဲ့သူပါ။ဒီအိမ်မက်အတွက် သူ့ဘဝကိုရင်းထားခဲ့ပြီး တစ်နေ့သူဟာ ရဲအလုပ်ကိုဝင်လျှောက်ခဲ့ပါတယ်။ အရင်ဦးဆုံးတော့ ရဲဖြစ်သင်တန်း ဆင်းရတာပေါ့။"ငါပြောသလိုလုပ် မေးခွန်းပြန်မထုတ်နဲ့ အတွန့်မတက်နဲ့" ဆိုပြီးအထက်ဖားအောက်ဖိ စနစ်နဲ့ ကျင်လည်နေတဲ့ ဒီလောကထဲမှာ အာရီဗူ တစ်ယောက် သူ့အိမ်မက်ကို ဘယ်လိုဆက်လျှောက်လှမ်းမှာလဲ။မတရားမှုတွေကို ခေါင်းငုံ့ငြိမ်ခံ မနေတတ်တဲ့ အာရီဗူတစ်ယောက် အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်မှာလဲဆိုတာကို တလောင်လောင်နဲ့ ကြည့်ရမှာမလို့ အခုပဲ down ပြီးကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ် File size…2.35GB / 1.2GB Quality…1080p HQ AAC 5.1CH / 720p Format…mp4 Duration….2h 21mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Taanakkaran (2022)
2022
6.7
Paheli (2005)
Paheli (သို့မဟုတ် ) ပဟေဠိဆန်တဲ့ ချစ်ခြင်း °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° တစ်ခါတလေ မိန်းကလေးများ အိပ်မက်ဆန်ဆန် တွေးဖူးကြပါသလား။ နတ်သားလေး နတ်သက်ကြွေပြီး ကိုယ့်ဆီ လှမ်းလာခဲ့တယ် လို့ပေါ့။ ဒါမှမဟုတ် တစ္ဆေတစ်ကောင် က ကိုယ့်ကို ချစ်တယ်လို့ ကော တွေးခဲ့ဖူးပါသလား။ ဒါပေမဲ့ ဒီမေးခွန်းဟာ အူကြောင်ကြောင် နိုင်လွန်းပါတယ်။ဒီကားလေး ကို မညွှန်းခင်မှာတော့ ယုတ္တိ တန်သည် မတန်သည် ဝိ၀ါဒတွေ ချန်ထားခဲ့ဖို့လိုပါတယ်။ တကယ်တော့ ဒီကားလေးမှာ တစ္ဆေတစ်ကောင် ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာမို့ပါ။ဇာတ်လမ်းအစမှာဖြင့် ကုန်သည်လေး ကီရှန်နဲ့ အလွန်လှတဲ့ လက်ရ်ှချီ တို့ လက်ထပ်ပုံနဲ့ စတင်တင်ဆက်ခဲ့ပါတယ်။ ကီရှန်က ဖခင်ရဲ့အမိန့်အောက်ရိုကျိုးရတဲ့သားငယ် တစ်ယောက်။ လက်ရ်ှချီ ကလည်း မိသားစုရဲ့သဘောအတိုင်း အမြဲခေါင်းငြိမ့်ခဲ့တဲ့ သမီးတစ်ယောက်။ ဒီလိုနဲ့ ကီရှန်ဟာ သတို့သမီးလောင်းကို ခေါ်ပြီး အိမ်ကို ပြန်လာခဲ့ပါတယ်။ နေကလည်း ပြင်းသထက်ပြင်းတာမို့ အချို့နေရာတွေမှာ ...
movie
Paheli (2005)
7.3
Naradan (2022)
Naradan 2022 -------------------------------------- ယခုတစ်ခေါက်မှာတော့ IMDb rating 7.4/10 ရရှိထားတဲ့အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။သတင်းမီဒီယာဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်အရေးပါသလိုအဆိပ်အတောက်ဖြစ်စေတဲ့ သတင်းတစ်ပုဒ်က ဘယ်လောက်အတိုင်းအတာထိ သွားလဲဆိုတာ အားလုံးပဲသိကြမှာပါ။ဒီဇာတ်ကားလေးထဲမှာတော့ မီဒီယာလောကမှာ နာမည်ကြီးတဲ့ သတင်းတင်ဆက်သူချန်ဒရာပရာကစ်ရှ်ဟာ ရုပ်သံလိုင်းကြည့်ရှုသူမြင့်လာဖို့အတွက် သတင်းရှာရေးဖို့သူဌေးနဲ့ အယ်ဒီတာဆီက အမျိုးမျိုးဖိအားပေးခံနေရသူတစ်ယောက်ပါ။ဒါပေမယ့် တခြားရုပ်သံလိုင်းမှာ သတင်းတင်ဆက်သူအသစ်ကလေး ပရာဒီဟာသူ့ထက်နှာတစ်ဖျားသာပြီး နာမည်ကြီးသတင်းတစ်ပုဒ်ကိုတင်ဆက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ချန်ဒရာတစ်ယောက် သူလက်ကိုင်ထားတဲ့ သတင်းတင်ဆက်သူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားတွေကို ဖောက်ဖျက်ပြီး လုပ်ကြံဖန်တီးထားတဲ့ အဆိပ်အတောက်သတင်းတွေနဲ့ လူစိတ်ဝင်စားအောင်ရေးသားပါတော့တယ်။အတ္တ လောဘတရားကိုဆုပ်ကိုင်ထားသူကို ဘယ်သူကမှမတားဆီးနိုင်တော့တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ရှူခံစားပေးကြပါဦး။ File size…1GB / 2.3GB Quality…720p WEB DL / 1080p WEB DL Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Yunni & Allena
movie
Naradan (2022)
2022
8.1
Dil Chahta Hai (2001) Dil Chahtha Hain
IMDb Rating (8.1)/ Rotten Tomatoes (95%)ဒီဇာတ်ကားလေးမှာ မင်းသားကြီး အမီရ်ခန်းရယ် ဆေ့ဖ်အလီခန်းရယ် အက်ရှေးခန်နားတို့ ပါဝင်သရုပ်ဆောင်ထားတယ်Rating တွေ ကောင်းတဲ့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကြောရိုးကတော့ ရိုးရှင်းပါတယ်...ပေါ့ပေါ့ပါးပါးလေးနဲ့ ရင်ထဲတစ်ခုခုကျန်စေမယ့် ကားမျိုး...သူငယ်ချင်းသုံးယောက်ရှိတယ်...စမီရ် ဆစ်ဒ် နဲ့ အာကာရှ်မိဘတွေကငွေကြေးပြည့်စုံကြတော့ သူတို့ဘဝက လိုလေသေးမရှိပေါ့...လူငယ်သဘာဝပျော်မယ် ပါးမယ် ကဲမယ် ဘဝရဲ့ဒဿနလည်းမသိ အချစ်ရဲ့အနက်အဓိပ္ပါယ်လည်းမမှုတစ်ခါတလေ ဘဝက သင်ခန်းစာပေးတယ်လို့ ပြောတတ်ကြတယ်မလားအဲ့ဒီလိုပဲ သူတို့သုံးဦးရဲ့ဘဝကိုယ်စီမှာ သင်ခန်းစာတစ်ခုဆီရလာကြတဲ့အခါ ဒီလူငယ်လေးတွေ ရင့်ကျက်လာတဲ့အကြောင်းကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာပါ...အချစ်ဆိုတာမျိုးက လုပ်ယူဖန်တီးလို့မရသလို ဘဝကြီးမှာလည်း ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတတ်ပါဘူး...ဒါပေမဲ့ တချို့အရာတွေက ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုမရှိဘဲ ပိုင်ဆိုင်ရတာမျိုးမရှိတတ်ပါဘူး ကိုယ်တကယ်ချစ်တဲ့သူကို ဒီဇာတ်ကားလေးနဲ့ အဖြေရှာကြည့်ပြီး ကြည်နူးနိုင်ပါတယ်။ File size…(3.8 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….03:05:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie
Dil Chahta Hai (2001) Dil Chahtha Hain
8.2
Etharkkum Thunindhavan (2022)
Etharkum Thuninthavan 2022ဟယ်လို ..ဘာ ကျွန်မသားကလူနှစ်ယောက်ကိုသတ်တယ်ဟုတ်လား မဖြစ်နိုင်တာ..။။ယောကျာ်းရေ ကျွန်မတို့သားကလူနှစ်ယောက်ကိုသတ်လိုက်လို့ ဆိုပြီးဖုန်းဆက်နေတယ်-လိမ်နေတာ သူတကယ်သတ်တာလေးယောက်IMDb 8.3ထိရရှိထားတဲ့ဒီကားဟာ 2019ခုနှစ် အိန္ဒိယနိုင်ငံရဲ့ Pollachi ရွာလေးမှာဖြစ်ပျက်ခဲ့တဲ့လိင်ပိုင်းဆိုင်ရာကိုယ်ထိလက်ရောက်ကျူးလွန်မှုကိုအခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားတစ်ကားပဲဖြစ်ပါတယ်သားဖြစ်သူသဘောကျနေတဲ့ကောင်မလေးကို တင်တောင်းလို့မရရင်ပြန်ပေးဆွဲကွာဆိုပြီး ဝိုင်းမြှောက်ပေးကြတဲ့အဖေနဲ့အမေမျိုးရှိတဲ့မိသားစု ဟာဆိုရင်ဖြင့်အတော်ဗရုတ်ကျစရာနဲ့ ခွီနေရမှာပါ ဟုတ်ပါတယ်ကန်နာဘီရန်လို့ခေါ်တဲ့ရှေ့နေရဲ့မိဘတွေက ဒီလိုမျိုးတွေပါ သားဖြစ်သူကလမ်းမှားမလျှောက်ဘူးဆိုတာအမြဲယုံကြည်ထားကြတဲ့လူတွေပါ ဒါပေမယ့်မိန်းမခိုးပွဲနေ့ကြီးမှာတော့ ထင်မှတ်မထားတာဖြစ်လာခဲ့ပါတယ်ခိုးပြေးမယ့်မိန်းမရဲ့ သူငယ်ချင်းဖြစ်သူက အန္တရာယ်ဖြစ်နေပြီဆိုပြီးသတင်းရတော့ သွားကယ်တင်ရင်း သိလာခဲ့ရတဲ့အမှန်တရားတွေ...တစ်မြို့လုံးကမိန်းကလေးတွေနဲ့အကျပ်ကိုင်ခြိမ်းခြောက်လာတဲ့အခါမှာတော့ ဒီကိစ္စကသာမန်မဟုတ်တော့ပါဘူးနောက်ကွယ်ကအကျပ်ကိုင်သူဟာသူမယှဉ်နိုင်တဲ့လူဖြစ်နေတဲ့အခါ ဘယ်လိုလှည့်ကွက်တွေသုံးမှာလဲ၇၅ကုဋေထိအကုန်အကျခံရိုက်ကူးထားပြီး လူကြိုက်များ Rating များတဲ့ဇာတ်ကား ဖြစ်တာကြောင့် အခုပဲအပြေးကြည့်ရှုနိုင်ကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်) File size…3GB / 1.45GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Jerrica & Yunni
movie
Etharkkum Thunindhavan (2022)
2022
8.2
Old Monk(2022)
Old Monk(2022)ကိုယ့်ရဲ့ရုံးက HRတစ်ယောက်က ရုံးအတွင်းမှာ ချစ်သူရည်းစားမထားရဘူးဆိုတဲ့ စည်းကမ်းကိုထုတ်ထားပြီးချစ်လို့လက်ထပ်ကြမယ့် ချစ်သူတိုင်းရဲ့ မင်္ဂလာပွဲတိုင်းကို လိုက်ဖျက်နေမယ်ဆိုရင်လို့ တွေးကြည့်ကြပါ။ တော်တော်ကို ဒုက္ခရောက်မယ့်အမျိုးပါပဲ။ဒီကားလေးကတော့ Rating 8.3ရရှိထားပြီး 2022ခုနှစ်မှာပဲ ထွက်ရှိထားတဲ့ Old Monkဆိုတဲ့ Comedy, Romance ကားလေးပဲဖြစ်ပါတယ်။နတ်ပြည်မှာနေထိုင်တဲ့ နာရဒါမူနီဆိုတဲ့သူဟာ တစ်ကိုယ်တည်းသမားဖြစ်ပြီး အရှင်ခရစ်ရှနာရဲ့ အမျိုးသမီးဖြစ်သူ ရက်ဒါရဲ့မွေးနေ့မှာ ခရစ်ရှနာသူ့ချစ်သူရဲ့မွေးနေ့ကိုမေ့နေတာကို ဆေးထိုးလိုက်ရာကနေ ခရစ်ရှာနာရဲ့ အမျက်ရှပြီး လူ့ပြည်ကို ကျိန်စာတစ်ခုနဲ့စေလွှတ်ခံလိုက်ရပါတယ်။အဲဒီကျိန်စာကတော့ "မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး အဲဒီမိန်းကလေးနဲ့လက်ထပ်ရဖို့ မိဘတွေကို စည်းရုံးရမယ်"ဆိုတာပါပဲ။ဒီကျိန်စာနဲ့လူ့ပြည်ကိုရောက်လာတဲ့ သူက မွေးဖွားလာကတည်းက ကောင်မလေးတွေတစ်ယောက်ပြီးတစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်မလိုဖြစ်ပေမဲ့တိုင်ပင်တွေလွဲလွဲပြီး အချစ်ရေးမှာ ဆက်တိုက်ဆိုသလို အလွဲလွဲအချော်ချော်တွေဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ မစားရတဲ့အမဲသဲနဲ့ပက်ဆိုသလို တခြားလူတွေလည်းရည်းစားမရပါစေနဲ့ဆိုတဲ့ အတွေးနဲ့ ရုံးမှာ HRရာထူးကို ကြိုးစားယူပြီး ယောကျာ်းနဲ့မိန်းမဆိုတာနဲ့မျက်လုံးချင်းတောင်မဆုံစေဖို့ လိုက်တားမြစ်ပါတော့တယ်။ ဒီလို သူများတကာအတွဲတွေကို ညစ်တီးကျထားတဲ့အာပနာတစ်ယောက် သူတကယ်ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ထပ်တွေ့လိုက်ရတဲ့အချိန်မှာ....ခရစ်ရှာနာရဲ့ ကျိန်စာကိုဖျက်နိုင်ပါ့မလား။ ...
movie
Old Monk(2022)
5.9
Kodathi Samaksham Balan Vakeel(2019)
Kodathi Samasksham Balan Vakeel 2019ဟာသဆန်ဆန်နဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ မှုခင်းဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဘာလာခရစ်ရှ်နန်က ရှေ့နေ့တစ်ယောက်ဖြစ်ပြီးတော့ စကားထစ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်အလုပ်မှာထက်မြတ်သလောက် နေရာမရတဲ့သူပါ တစ်နေ့မှာ အဖေဖြစ်သူ ငွေလိုအပ်တာကြောင့်ယောက်ဖဖြစ်သူအပ်တဲ့ အမှုကို ကူညီဖို့လုပ်ရာကနေ အရှုပ်တွေဖြစ်လာတဲ့အခါ....အာနူရာဒါက အဖေတစ်ခုသမီးတစ်ခုနေတဲ့သူဖြစ်ပြီး အဖေဖြစ်သူက လူတစ်ယောက်နဲ့တွေ့ဖို့ထွက်သွားရာကနေ ပျောက်သွားတာကြောင့် ရဲစခန်းမှာ တိုင်ကြားချက်ဖွင့်ထားသူပါသူကလည်း ဘာလာခရစ်ရှ်နန်ရဲ့ အရှုပ်အထွေးမှာ ပါဝင်မိရာကနေ ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲစကားထစ်ရှေ့နေတစ်ယောက် ဒီအရှုပ်အထွေးကို ဘယ်လိုဖြေရှင်းမှာလဲဆိုတာဆက်လက်စောင့်ကြည့်ပါဦးနော် File size…2.4GB / 1.2GB Quality…1080p Web DL AAC 5.1ch /720p Format...mp4 Duration….2h 35min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Shwe Pyae
movie
Kodathi Samaksham Balan Vakeel(2019)
6.6
Mission Kashmir (2000)
IMDb Rating (6.6)ပထမဦးဆုံးအနေနဲ့ ပြောချင်တာက လောကမှာ ဘယ်လူမျိုး ဘယ်ဘာသာရယ်က အကြမ်းဖက်ဘာသာ အစွန်းရောက်လူမျိုးရယ်လို့မရှိပါဘူး..လူက နှစ်မျိုးပဲရှိပါတယ်..အဲ့ဒါကတော့ လူကောင်းနဲ့လူဆိုးပါ.. ဒီဇာတ်ကားလေးမှာ ဘာသာရေးအစွန်းရောက်အယူဝါဒတချို့ပါနေလို့ ဇာတ်ကားကြည့်ရင်း ဗဟုသုတယူရမယ့်အစား အစွန်းရောက်ဝါဒများ စိတ်ထဲမကိန်းအောင်စေဖို့ တိုက်တွန်းလိုက်ပါတယ်...အစွန်းရောက်ဝါဒီတွေရဲ့ ထုံးစံအတိုင်း ရင်ထဲမှာ အမုန်းတရားတွေစွဲကျန်နေတဲ့ တက်သစ်စလူငယ်လေးတွေကို သိမ်းသွင်း...ကိုယ်ကျိုးအတွက်ပဲ ကြည့်ပြီး ဘာသာရေးအမည်ခံ အမုန်းတရားတွေဖြန့်...လုပ်ဇာတ်တွေဖန်တီးပြီး ဆော်သြနေကြတဲ့ လူတွေလက်ထဲရောက်သွားခဲ့ရတဲ့ လူငယ်လေးတွေအကြောင်းကိုလည်း ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်...အဓိကဦးတည်ချင်တာကတော့ မပြီးဆုံးနိုင်တဲ့ အိန္ဒိယ-ပါကစ္စတန်အမွှေဇာတ်ထုပ်ပေါ့...ဒီကားမှာ ဘောလီးဝုဒ်မင်းသားချောလေး ရီသစ်ရိုရှန်းနဲ့ မင်းသားကြီး ဆန်ဂျေးဒသ်တို့ပါဝင်သရုပ်ဆောင်ထားတယ်...မစ်ရှင်ကက်ရှမီးဆိုတဲ့ ကားနာမည်အတိုင်းပဲ ဟင်ဒူ-မွတ်စလင် အမြဲအဓိကရုဏ်းဖြစ်နေတတ်တဲ့ ကက်ရှမီးဒေသကို ဖျက်ဆီးပြီး အမုန်းတရားတွေဖြန့်ကျက်ဖို့ စစ်သွေးကြွအုပ်စုက လျှို့ဝှက်ကြံစည်နေကြတယ်ဒါကိုမှ ရဲအရာရှိက စုံစမ်းဖေါ်ထုတ်မယ့်ဇာတ်လမ်း....ဒါပေမဲ့ အဲ့ဒီစစ်သွေးကြွအုပ်စုထဲကို မတော်တဆရောက်သွားခဲ့ရတာက ရဲအရာရှိရဲ့မွေးစားသား...နောက်ခံအမုန်းတရားဇာတ်အိမ်နဲ့ သူတို့နှစ်ယောက်ကို ထိပ်တိုက်ပေးတွေ့တဲ့အခါ....ဆက်ဖြစ်လာမယ့်ဇာတ်အရှိန်ကိုတော့ တစိမ့်စိမ့်ကြည့်ရှုပေးကြပါလို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(4.2 GB)/(1.4 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:31:oo Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated ...
movie
Mission Kashmir (2000)
8.5
Bheeshma Parvam (2022)
Bheeshma Parvam 2022ဒီတစ်ခါမှာတော့ IMDb 8.5ထိရရှိထားတဲ့ Action/Drama ဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားဟာ ရုံတင်အပြီးလေးရက်တည်းနဲ့ကုဋေ၅၀လောက်ရရှိခဲ့ပြီး စုစုပေါင်းကုဋေ ၁၂၀ထိရရှိခဲ့တာပါ ဒါဆိုရင်ဇာတ်ကားအညွှန်းကိုတစ်ချက်သွားကြည့်ရအောင်မိုက်ကယ်ဆိုတာက အကုန်လုံးကြောက်ရတဲ့လူတစ်ယောက်ပါ ရှေ့နေဖြစ်ရမှာပေမယ့် ကံမ ကောင်းအကြောင်းမလှစွာနဲ့မိသားစုထဲကလူတစ်ယောက်အသတ်ခံရတာကိုလက်စားပြန်ချေရင်း ရာဇာဝတ်ကောင်လူသတ်သမားဖြစ်ခဲ့တာပါ ထောင်ထွက်လာပြီးတော့မိသားစု တူ/တူမတွေရဲ့ ဦးဆောင်သူယောကျာ်းတစ်ယောက်အနေနဲ့ လုပ်ကိုင်စားသောက်ခဲ့ပါတယ် မိသားစုဝင်တွေရဲ့ချစ်ခင်လေးစားမှုကိုခံရပေမယ့် တစ်ဖက်မှာတော့ သူ့ကိုမုန်းနေတဲ့လူရှိပါတယ် ဒါကတော့တခြားမဟုတ်ပါဘူးမိုက်ကယ်ရဲ့တူတွေဖြစ်တဲ့ ပေါလ်နဲ့ပီတာပဲဖြစ်ပါတယ် မိုက်ကယ်ကသူတို့ရဲ့ဘဝကိုအရမ်းလွှမ်းမိုးချုပ်ကိုင်တယ်ဆိုပြီးမိုက်ကယ်ကိုမုန်းနေကြတာပါ ဒါ့အပြင် မိုက်ကယ်ကသူပိုင်တဲ့ သိုလှောင်ရုံတစ်ခုကို တူဖြစ်သူအမ်မီလက်ထဲလွှဲပေးလိုက်တော့ကျန်တဲ့လူတွေဖြစ်တဲ့ ပေါ်လ်နဲ့ ပီတာတို့က ပိုမုန်းတီးလာကြပါတော့တယ် ဒီလိုနဲ့ အရင်က မိုက်ကယ်ရဲ့ ရန်သူတော်ဟောင်းကြီးနဲ့ပေါ်လ်၊ပီတာတို့သွားရောက်တွေ့ဆုံမိတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ မိုက်ကယ်ကိုလက်စားချေဖို့ကြိုးစားမှာလားဆိုတာရင်တထိတ်ထိတ်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် File size…1.8GB / 966MB Quality....1080p WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honey & Go-O & Yunni
movie
Bheeshma Parvam (2022)
First
62
63
64
65
66
Last
Previous
Next