Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bollywood
5.9
Kaathuvaakula Rendu Kaadhal (2022)
Kaathuvaakula Rendu Kaadhal (အညွှန်း)ဒီကားလေးကတော့ Sgတွေ Faတွေကြည့်ပြီးအားကျ၊ ကျိတ်ငိုရမယ့်ကားလေးပါ:3ယူတို့မယ် ရည်းစားလေးတစ်ယောက်တောင်အဖြစ်ရှိအောင်မထားနိုင်ပေမယ့်Rambo တစ်ယောက်ကတော့ သူ့ကိုတုန်နေအောင်ချစ်ကြတဲ့ ရည်းစားလန်းလန်းလေးနှစ်ယောက်ကြား ရှယ်ဗျာများပဲ။ဇာတ်လမ်းလေးကတော့ ရွာလေးတစ်ရွာရဲ့ ထူးဆန်းတဲ့မိသားစုအကြောင်းကစရပါမယ်။ Rambo ကိုမမွေးခင်Rambo တို့မိသားစုက ကျိန်စာသင့်နေတဲ့မိသားစုဆိုပြီးနာမည်ကြီးပါတယ်။ သူတို့မိသားစုဝင်ထဲကဘယ်သူကမှလက်ထပ်လို့မရဘူး။ လက်ထပ်တာနဲ့ အိမ်ထောင်ဖက်အသက်ဆုံးရှုံးရတယ်ဆိုလို့ရွာထဲကဘယ်သူကမှ သူတို့မိသားစုဝင်တွေနဲ့လက်မထပ်ချင်ကြပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ Rambo အဖေကသူ့ချစ်သူ အင်္ဂလိပ်စာဆရာမ Minah Kaif နဲ့လက်ထပ်လိုက်ပြီး သူမွေးလာမယ့်ကလေးက သူ့မိသားစုဆီကံကောင်းခြင်းတွေယူဆောင်လာမယ့်ကလေးလို့ ကြွေးကြော်နေတာပေါ့။ Rambo ကိုမွေးတဲ့နေ့မှာပဲအဖေဖြစ်သူကမတော်တဆမှုတစ်ခုနဲ့ဆုံးပါးသွားရတယ်။ ခိုကိုးရာမဲ့မိခင်ကြီးလည်း လေဖြတ်ပြီးသူ့သား Ramboကလွဲပြီး အရာအားလုံးမေ့သွားတော့တယ်။ ဒီလိုနဲ့ အများက “ဂြိုဟ်ဆိုးကောင်” လို့ဝိုင်းသမုတ်ထားကြတဲ့ Ramboရဲ့ ကလေးဘဝက သိမ်ငယ်မှု၊ နာကျင်မှုတွေအပြည့်နဲ့ပေါ့။အမေ့ဆီကိုပါ ကံဆိုးမှုတွေမကူးအောင် အမေနဲ့ရွာကိုစွန့်ပြီး မြို့မှာ နေ့နေ့ညညမလုပ်ကြိုးစားလုပ်တဲ့Ramboတစ်ယောက် Khatija နဲ့ Kanmani ဆိုတဲ့ မချောလေးနှစ်ယောက်နဲ့တွေ့ပြီး“မချောနှစ်ယောက် ကိုယ်တစ်ယောက်” ဇာတ်လမ်းစပါတော့တယ်။ ကောင်မလေးနှစ်ယောက်ကလည်းသူမှသူဖြစ် .. တစ်သက်လုံးကအပယ်ခံလာရပြီး ...
movie
Kaathuvaakula Rendu Kaadhal (2022)
2022
4K HEVC Web-DL
4.6
Heropanti 2 (2022)
(ရုံတင်ခိုးရိုက်ဗားရှင်းမဟုတ်ပဲ ရုပ်ထွက်ကြည်လင်ပြတ်သားပြီးအသံထွက်အကောင်းဆုံး 1080p WEB DL 5.1CH ဗားရှင်းကို တင်ဆက်ပေးထားပါတယ်)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ တိုက်ဂါးရှရော့ဖ်ရဲ့ Heropanti 2 ဆိုတဲ့ကားလေးပါနံပါတ် ၁ ကတော့ ၂၀၁၄ ကထွက်ထားပြီး အချိတ်အဆက်မရှိလို့ ပြန်မကြည့်လည်းရပါတယ်Heropanti ကို မြန်မာလိုပြန်လိုက်ရင် ဟီးရိုးဝင်လုပ်တယ်ဆိုပါတော့....ကားနာမည်အတိုင်းပဲ ဒီကားက တိုက်ဂါးရဲ့အက်ရှင်သက်သက်ကား...ဇာတ်လမ်းကိုပြောရမယ်ဆိုရင်အိနိဒယနိုင်ငံသားတွေဆီကနေ လုယက်ချင်နေတဲ့ လူတစ်ယောက်ရှိတယ်ဟက်ကာတစ်ယောက်ဆိုပါတော့ လွန်စွာရက်စက်တဲ့ ဆိုက်ကိုမျက်လှည့်ဆရာတစ်ယောက်လည်းဖြစ်သေးတယ်သူကနိုင်ငံသားတွေအခွန်ဆောင်ရမယ့်နေ့မှာ အားလုံးရဲ့အကောင့်ထဲကငွေတွေကို လှမ်းဟက်ပြီး အပိုင်စီးချင်နေတာပေါ့မင်းသားက သူ့ထက်နှာတဖျားသာတဲ့ ဟက်ကာ...ဆိုတော့ ဒီအဖြစ်ကိုတားဆီးဖို့ ထောက်လှမ်းရေးကမင်းသားကို သူ့အဖွဲ့ထဲဝင်ပြီး ဒေတာတွေ ပြန်ဟက်ခိုင်းတဲ့အခါ....ဖြစ်လာမယ့်စွန့်စားခန်းတွေနဲ့ တိုက်ဂါးရဲ့အက်ရှင်တွေကို တဝကြီးကြည့်ရှုခံစားရမှာပါအော် မင်းသမီးကလည်း Student of the Year 2 ထဲက မင်းသမီးချောလေး တာရားဆိုတော့သူမရဲ့ဝတ်စားဆင်ယင်ပုံအလန်းတွေကို အပိုထပ်ဆောင်းအနေနဲ့ မျက်စိပါအစာကြွေးနိုင်မှာပါ.... File size…8GB / 4GB / 1.8GB Quality…1080p True WEB DL AAC5.1CH ...
movie
Heropanti 2 (2022)
2022
4K HEVC Web-DL
5.6
Heropanti (2014)
အချစ်ဆိုတာလက်ထပ်ပြီးမှဖြစ်တာလို့ ဘေးဘိုးစဉ်ဆက် အရိုးစွဲကျင့်သုံးခဲ့ကြတဲ့ ဟက်ကရီရွာကိုအုပ်ချုပ်တဲ့ဝန်ကြီး ချောင်ဒရီဆူရက်ဂ်ျဆင်ဂ်မှာ သမီးနှစ်ယောက်ရှိပါတယ် သမီးကြီးဖြစ်တဲ့ ရန်နူဟာ သူမကိုလက်ထပ်ပေးမဲ့နေ့မှာပဲ ဘာဘလူလားဆိုတဲ့ သူငယ်ချင်းရဲ့ အကူအညီနဲ့ ချစ်သူရာကက်ရ်နောက်ကို ခိုးရာလိုက်ပြေးသွားပါတော့တယ်။ရန်နူရဲ့ဦးလေးတွေ ဒီကိစ္စကို သိသွားတော့ ကြံရာပါဖြစ်တဲ့ ဘာဘလူနဲ့ သူငယ်ချင်းတွေကို ဖမ်းဆီးနှိပ်စက်ပြီး ရန်နူးတို့ရှိရာကိုလိုက်ပို့ခိုင်းပါတယ် ဘာဘလူးဟာလည်းဝန်ကြီးရဲ့သမီးအငယ်ဖြစ်တဲ့ဒင်မ်ပီကိုချစ်ကြိုက်မိသွားပါသေးတယ်... အဖေ ဦးလေးတွေ ကြားက ဒင်မ်ပီရဲ့ အချစ်ကိုရောပိုင်ဆိုင်နိုင်ပ့ါမလား ချောင်ဒရီဆူရက်ဂ်ျဆင်ဂ် က ရော သမီးငယ်နှင့်သဘောတူပါ့မလား ဆိုတာကိုတော့. .ဆက်လက်ကြည့်ရူပေးကြပါ Review Credit:
movie
Heropanti (2014)
2014
7.2
12th Man (2022)
12th Man(2022)IMDb 7.2ရရှိထားပြီး မာလာယာလမ်း သဘာဝမင်းသားကြီးမိုဟမ်လယ်တော့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့တောင်ပိုင်းရုပ်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ် အမြဲစည်းလုံးနေခဲ့တဲ့သူငယ်ချင်း၁၁ယောက် ဂိမ်းကစားကြရင်းတစ်ယောက်ရဲ့လျှို့ဝှက်ချက်တစ်ယောက်သိကုန်ကြပြီး အဖွဲ့ထဲကတစ်ယောက်ကထူးဆန်းစွာသေဆုံးသွားတဲ့အခါ....ကောလိပ်ကျောင်းသားဘဝတွေတည်းကလက်တွဲမဖြုတ်ဘဲတစ်တွဲတွဲဖြစ်လာခဲ့တဲ့သူငယ်ချင်း၁၁ယောက်ဟာ ဘဝကိုယ်စီနဲ့ဖြတ်သန်းနေကြပါတယ် တစ်နေ့တော့ သူငယ်ချင်းထဲကတစ်ယောက်ရဲ့လူပျိုပါတီမှာတွေ့ဆုံကြဖို့အပန်းဖြေခြံတစ်ခုဆီခရီးထွက်ခဲ့ကြပါတယ် ဒီခြံထဲမှာဆော့ကစားရင်းအရက်သမားချန်ဒရာဆီလ်ဆိုတဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံခဲ့ပြီးကတောက်ကဆလေးတွေရှိခဲ့ကြပါတယ် ဒီလိုနဲ့ညဘက်ရောက်တော့ပါတီပွဲလုပ်နေရင်းဂိမ်းဆော့ကြမယ်ဆိုပြီး လျှို့ဝှက်ချက်ဖော်တဲ့ဂိမ်းကစားရာက အချင်းချင်းခိုက်ရန်ဖြစ်ပြီးကိုယ်စီအခန်းတွေကိုပြန်လာခဲ့ကြပါတယ် ဇာတ်လမ်းကဒီမှာတင်ပြီးမသွားပါဘူး၁၁ယောက်ထဲက မိန်းကလေးတစ်ယောက်ညဘက်ကြီးအသတ်ခံလိုက်ရပါတယ်ဒီကောင်မလေးကိုသတ်တာဟာအရက်သမားလို့ယုံကြည်နေကြပေမယ့်မြှုပ်ကွက်တွေရှိနေတဲ့အတွက်အရမ်းစိတ်ဝင်စားစရာကောင်းနေမှာပါ ဒီအရက်သမားရဲ့ဘဝဇာတ်ကြောင်းအမှန်ကရောဘယ်သူဖြစ်မလဲလူသတ်သမားက ၁၁ယောက်ထဲကပဲလားဆိုတာ သိချင်ဇောတွေတစ်ဟုန်ဟုန်နဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အခုပဲအပြေးဒေါင်းလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…1.8GB / 871MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Poe & Yunni
movie
12th Man (2022)
5.7
Ramaiya Vastavaiya (2013)
Ramaiya Vastavaiya (2013) ========================အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို Ramaiya Vastavaiya လို့ အမည်ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကတော့ Romantic Drama ဆိုတဲ့ အမျိုးအစားဖြစ်တဲ့အလျောက် လူငယ်လေးနှစ်ယောက် ဖူးစာစုံမက်ကာ ချစ်ကြိုက်ခဲ့ပြီး တူနှစ်ကိုယ်ပေါင်းဖက်ခွင့်ရဖို့ အခက်အခဲတွေ ကျော်လွှားရပုံကို ဟာသနှောရင်း ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်ရမ်လို့အမည်ရတဲ့ ကောင်လေးဟာ ဘီလီနာမိဘနှစ်ပါးကနေ ပေါက်ဖွားလာပြီး ဩစတြေးလျမှာ ကြီးပျင်းလာခဲ့တဲ့ မြို့ကြီးသားသူဌေးသားလေးပါ ဆိုနာဆိုတဲ့ ကောင်မလေးကတော့ အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီကို ဖခင်လိုမိခင်လို ဆည်းကပ်ရင်း အစ်ကိုတစ်ယောက်ညီမတစ်ယောက်ဘဝနဲ့ ဘဝကိုဖြတ်သန်းနေတဲ့ ရိုးရိုးသားသား ကျေးတောသူလေးပေါ့တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူက မင်္ဂလာပွဲကို လာဖို့ အိမ်ကိုဖိတ်ရင်း ရမ်နဲ့ဆိုနာတို့ ကံကြမ္မာစုံမက် ဖူးစာဖက်ကာ နှစ်ယောက်သားအတူ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် ဒါပေမဲ့လည်း ရမ်ရဲ့မိခင်ဟာ ဒီအကြောင်းကို သိသွားပြီးတဲ့နောက် ရမ်ကို သူမမောင်ရဲ့စီးပွားရေးမိတ်ဖက်ရဲ့သမီးဖြစ်သူနဲ့ နေရာချထားပေးဖို့ စီစဥ်ပါတော့တယ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတယ်လို့ပဲ ပြောရမလား ရမ်ရဲ့အမေ ဆိုနာ့ကို ငွေကြေးချို့တဲ့တဲ့အတွက်ကြောင့် ပုတ်ခတ်ပြောဆိုနေစဥ် ဆိုနာ့အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီ ရောက်လာပါတော့တယ် ရမ်တစ်ယောက် အကြပ်တွေ့ပြီး အမေဖြစ်သူနဲ့နေခဲ့ရင် မချစ်နှစ်သက်တဲ့သူနဲ့ လက်ထပ်ပြီး ...
movie
Ramaiya Vastavaiya (2013)
2013
6.1
Thar (2022)
Thar (2022) ===================== Imdb 6.2 / 1.2k၁၉၈၀ ပြည့်နှစ် အနောက်တိုင်း thriller အမျိုးအစား ရုပ်ရှင်ကို ပြန်လည် ခံစားသက်ဝင်ရိုက်ကူးထားပြီး ၂၀၂၂ Netflix မှ အသစ်စက်စက်ထွက်ရှိထားတဲ့ Thar ဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါရစေ...ဇာတ်ကားလေးကိုတော့ ရာဂျက်စ်သန် နယ်စပ်နား မူနာဘာအို ရွာလေးကို အခြေပြုပြီး ရိုက်ကူးထားတာဖြစ်ပါတယ် ဆူရေခါဆင်းကတော့ မူနာဘာအိုရွာလေးမှာ အကြာကြီး တာဝန်ထမ်းဆောင်လာခဲ့ပြီး လပိုင်းအတွင်းမှာ အငြိမ်းစားယူတော့မယ့် အင်စပတ်တာ တစ်ယောက်ပါ။သူ တာဝန်ထမ်းဆောင်လာခဲ့တဲ့ နယ်မြေလေးဟာ အေးချမ်းလွန်းပြီး အမှုအခင်းဆိုလို့ ရန်ပွဲလောက်ကလွဲရင် ကျန်တာ မရှိတဲ့နေရာလေးပါ တစ်နေ့မှာတော့ အဲဒီနယ်မြေမှာ အိမ်တစ်အိမ်ကို ဂိုဏ်းတစ်ခုက ဝင်ရောက်လုယက်ပြီး အိမ်သားတွေကို သတ်ဖြတ်ကာ ပစ္စည်းဥစ္စာတွေကိုပါ ယူသွားပါတော့တယ်။အဲဒီအမှုဖြစ်ပြီး နောက်တစ်နေ့မှာပဲ ဆူဗာလို့ခေါ်တဲ့ ရွာသားတစ်ယောက် ရက်ရက်စက်စက်နှိပ်စက်ပြီး သတ်ခံရပြန်ပါတယ်။ အင်စပတ်တာ ဆူရေခါဆင်းတစ်ယောက် ဒီအဖြစ်အပျက်တွေ စုံစမ်း ဖော်ထုတ်ဖို့ ကြိုးစားနေချိန် ဆစ်ဒါလို့ခေါ်တဲ့ ရှေးဟောင်းပစ္စည်း ရောင်းဝယ်ရေးသမားတစ်ယောက်ဟာ မူနာဘာအိုရွာလေးကို အလုပ်သမားရှာဖို့ ရောက်လာခဲ့ပါတယ်လူသတ်မှုတွေကို ဖြေရှင်းဖို့ ...
movie
Thar (2022)
6.9
Jersey (2022)
ဒီကားလေးက ယင်ကောင်မင်းသား နာနီရဲ့ Jersey 2019 ကို ပြန် Hindi Remake ထားတယ်ဆိုပေမယ့် ဇာတ်လိုက် မင်းသားက Kabir Singh ဇာတ်ကားနဲ့ မြန်မာပြည်ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ မင်းသားချောလေး ရှာဟစ်ဒ်ကပူရ်ဆိုတော့ ကြည့်ရကျိုးနပ်ပါတယ်.... ဇာတ်လမ်းကြောရိုးကတော့ နိုင်ငံတော်ခရစ်ကတ်အသင်းထဲဝင်ခွင့်မရခဲ့တဲ့ အရည်အချင်းရှိ ခရစ်ကတ်ကစားသမားတစ်ဦးဟာ သူဘယ်လောက်ပဲ ကြိုးစားစား အခွင့်အရေးမရခဲ့တဲ့အတွက် ခရစ်ကတ်အားကစားကို လက်လျှော့ပြီး သာမန်ဘဝတစ်ခုမှာပဲ စိတ်နာနာနဲ့ နေထိုင်သွားခဲ့တယ်.... ခရစ်ကတ်ဝါသနာအိုးဖြစ်တဲ့ သားဖြစ်သူရဲ့မွေးနေ့လက်ဆောင်အတွက် သူပူဆာတဲ့ Jersey (အိန္ဒိယခရစ်ကတ်အသင်းဝတ်စုံ) လေး ကို ဝယ်ပေးချင်တဲ့စိတ်နဲ့ မထင်မှတ်ဘဲ ခရစ်ကတ်လောကထဲကို သူပြန်ရောက်သွားတဲ့အခါမှာတော့.... ပတ္တမြားမှန်ရင် နွံမှာမနစ်ဘူးဆိုတဲ့အတိုင်း သူ့ရဲ့တိမ်ဝှက်နေတဲ့ အရည်အချင်းတွေကို ထုတ်ဖော်ခွင့်ရပါ့မလား.... သူ့သားလေးတကယ်လိုချင်နေတဲ့ မွေးနေ့လက်ဆောင်ကို ပေးနိုင်ပါ့လား.... သူဖြစ်ချင်နေတဲ့ အိပ်မက်ကော အကောင်အထည်ပေါ်လာပါ့မလား... ဒီဇာတ်ကားလေးက အားကစားသမားတစ်ဦးရဲ့စိတ်ဓါတ်နဲ့ ခွန်အားကို ရုပ်လုံးဖေါ်ပြပြီး အပိုထပ်ဆောင်းအနေနဲ့ သားသမီးအပေါ်ထားတဲ့ မိဘရဲ့မေတ္တာကိုလည်း အရိပ်အမြွက်လေးဖေါ်ပြထားလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ရှင့်....File size…2.76GB / 1.16GB Quality…1080p WEB RIP AAC5.1CH / 720p WEB RIP Format…mp4 Duration….2h 5omins Subtitle….Myanmar Subtitle ...
movie
Jersey (2022)
2022
7.6
Saani Kaayidham(2022)
Saani Kaayidham 2022ဒဏ်ရာတွေကပျောက်ကွယ်သွားနိုင်တယ် မှတ်ဉာဏ်တွေကလည်းအရောင်မှိန်သွားနိုင်ပေမယ့် ဒီနာကျင်မှုကတော့ ဘယ်တော့မှပျောက်မသွားဘူး..ဒီတစ်ခါမှာတော့ IMDb 7.7ရရှိထားပြီး ဖြစ်ရပ်မှန်လူကြိုက်များခဲ့တဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ်အထက်လူကြီးနဲ့ အခက်မသင့်ဘဲအလုပ်ထွက်လာခဲ့တဲ့ ယောကျာ်းဖြစ်သူမာရီအား ပွန်နီကအထက်လူကြီးကိုပြန်တောင်းပန်ဖို့ကြိုးစားခိုင်းပေမယ့် ကိစ္စတွေကစီစဉ်ထားသလိုဖြစ်မလာဘဲ လူကြီးရဲ့မျက်နှာကိုတံတွေးနဲ့ထွေးလိုက်မိပါတယ်ဒါကိုအထက်ကရန်ငြိုးထားပြီးသူတို့မိသားစုကိုပြန်ကလဲ့စားချေပါတော့တယ် ပွန်နီကိုမုဒိမ်းကျင့် ယောကျာ်းနဲ့သမီးဖြစ်သူကိုအရှင်လတ်လတ်မီးရှို့ပြီး ရက်ရက်စက်စက်သတ်ပစ်ခဲ့ပါတယ် ပွန်နီကတခြားသူမဟုတ်ဘဲ ရဲမေပါဒါပေမယ့် ရဲဌာနကလည်းပွန်နီ့ဘက်မှာရှိမနေခဲ့ပါဘူး ဒီကိစ္စအမှန်အတိုင်းပေါ်သွားခဲ့ရင် ရဲဌာနသိက္ခာကျတယ်ဆိုပြီး ဖုံးဖိထားခိုင်းခဲ့ပါတယ်။ ရာထူး ပိုက်ဆံ အင်အားတစ်ခုမရှိတဲ့ ပွန်နီတို့ကိုအဖက်ဖက်ကဖိအားပေးလာခဲ့ပါတယ် ဒါ့အပြင်ရာထူးမြင့်လူတစ်ယောက်ရဲ့အကူအညီနဲ့ မုဒိမ်းကောင်တွေလွတ်သွားတဲ့အခါမှာတော့.....ပွန်နီတစ်ယောက် ဘယ်လိုလက်စားချေမလဲ အမှန်တရားကအနိုင်ရမှာလားဆိုတာ အားရပါးရကြည့်ရှုရမှာဖြစ်ပါတယ် ဒီကားကသွေးသံရဲရဲနဲ့သတ်ခန်းဖြတ်ခန်းတွေပါတာကြောင့် လူသတ်ကားကြိုက်တဲ့ပရိတ်သတ်ကြီးတို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ရှင် File size…2.67GB / 1.14GB / Quality…1080p TRUE WEB DL AAC5.1CH / 720p / Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Lai Lai & Honey
movie
Saani Kaayidham(2022)
2022
8.3
The Kashmir Files (2022)
ဒီတစ်ခါမှာတော့ ၁၉၉၀ ကာလကို အခြေတည်ပြီး ဟိမဝန္တာတောင်တန်းတွေကြားက ကတ်ရှ်မီးယား ဒေသရဲ့ လွတ်လပ်ရေးရုန်းကန်ပုံ,လူမျိုးရေးရာပြဿနာတွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ထားတဲ့ Historical/Drama အမျိုးအစား ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB 8.3 လောက်ရထားပြီး နိုင်ငံအချို့မှာရုံတင်ခွင့်ပိတ်တဲ့ကားမို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး ဇာတ်လမ်းအကျဉ်း ===================ကတ်ရှ်မီးယားဒေသဟာ အိန္ဒိယအနောက်မြောက်ပိုင်းမှာရှိပြီး ဟိမဝန္တာတောင်တန်းတွေ ဝန်းရံထားပါတယ်။ အဲ့ဒီနယ်မြေဟာ ပါကစ္စတန်နဲ့ထိစပ်နေပြီး ကတ်ရှ်မီးယားပန်ဒစ် လို့ခေါ်တဲ့ ဟိန္ဒူလူမျိုးတွေအခြေချနေထိုင်လာတယ်၊ ခေတ်မှီလာတာနဲ့အမျှ ကတ်ရှ်မီးယား ပန်ဒစ်တွေဟာ သူတို့ကို လစ်လျူရှုတဲ့ အိန္ဒိယကနေ လွတ်လပ်ဖို့ တောင်းဆိုလာသလို အိမ်နီးချင်း ပါကစ္စတန်ရဲ့ အစ္စလာမ်မစ်တွေကပါကျူးကျော်လာတဲ့အခါမှာတော့..... ဒီကားက မင်းသားမင်းသမီးထက်စာရင် ဇာတ်လမ်းဇာတ်ကွက် နိုင်ငံရေး ဘာသာရေး စတဲ့ အကြောင်းတွေကို ပွင့်လင်းပြင်းထန်စွာ ရိုက်ပြထားတာမို့ သမိုင်းနောက်ခံနိုင်ငံရေး ကြိုက်သူတွေအတွက်ဖျော်ဖြေမှုရနိုင်မယ့် ရုပ်ရှင်တကားပဲဖြစ်ပါတယ်။အညွှန်း Lwin Htoo Aung File size…2.1GB / 1GB Quality…1080p WEBDL AAC5.1CH / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Oeliu J
movie
The Kashmir Files (2022)
8.4
RRR (2022) R.R.R
RRR (2022) IMDb Rating -8.4/10 (ခုဗားရှင်းကတော့ အကြည်ဆုံး WEB DL ဗားရှင်းကိုAudio 5.1CHနဲ့ 4k Qualityထိ တင်ဆက်ပေးထားပါတယ်)ဘိုင်ယာဘာမင်းသား Konidela Ram Charan Teja နဲ့ဂမ်ဂုဘိုင် မင်းသမီး Alia Bhatt တို့ရဲ့ ပါဝင်ထားပြီး မင်းသားကြီးအာဂျေးလိုဝါရင့်သမ္ဘာရင့် သရုပ်ဆောင်ကြီးကပါ ပါဝင်အားဖြည့်ပေးထားပါတယ်) 1920 ခုနှစ် အိန္ဒိယနိုင်ငံကို ဗြိတိသျှအစိုးရ အုပ်ချုပ်နေစဥ်အခါက မြို့စားမင်း စကော့နဲ့အမျိုးသမီးဖြစ်သူ ကတ်သရင်းတို့ဟာ အာသီလာဘတ်တောအုပ်ထဲကိုသွားရင်း မာလီဆိုတဲ့ကလေးလေးတစ်ယောက်ကို အဆိုကောင်းတာကြောင့် မတရား ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ် မာလီရဲ့ အစ်ကိုဖြစ်တဲ့ ဘင်းတစ်ယောက်ကတော့ သူ့ညီမလေးကို ကယ်ဖို့ အစွမ်းကုန်ကြိုးစားနေရင်းတစ်နေ့ ရာမာ(ရမ်) နဲ့ ဆုံခဲ့ပါတယ် သူတို့နှစ်ယောက် အလုပ်အတူတူလုပ်ရင်းနဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတာပေါ့ သို့သော် ဘင်းမသိခဲ့တဲ့ ရမ်ရဲ့အကြောင်းကတော့ရမ်ဟာ အင်္ဂလိပ်တွေအတွက် အလုပ်လုပ်ပေးနေတဲ့ ရဲအရာရှိတစ်ယောက် ဖြစ်နေခဲ့တာပါရမ်က ရဲသားတစ်ယောက်ဖြစ်တဲ့အပြင် ကိုယ့်လူမျိုးတွေကိုပါ ညှာတာခြင်းမရှိနှိပ်စက်သတ်ဖြတ်နိုင်တဲ့သူတစ်ယောက်ပါ ဒါပေမဲ့ သူ့မှာလည်း လျှို့ဝှက်ချက်တွေအများကြီးရှိနေခဲ့ပါတယ် ဘင်းနဲ့ ...
movie
RRR (2022) R.R.R
2022
4K HEVC Web-DL
6.7
Thatrom Thookrom (2020)
ဒီတစ်ခါမှာတော့ ၂၀၂၀ ခုနှစ်က ထွက်ရှိထားပြီး IMDB ၆.၈ ရရှိထားတဲ့ တမီလ် အက်ရှင်/ဒရမ်မာ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်း ============ "လောကမှာ ပိုကောင်းတဲ့ဘ၀ကိုရဖို့ အိမ်မက်မက်ခွင့်တောင် ငါတို့အတွက်မရှိဘူးလား" တဲ့ ဟုတ်ပါတယ် တစ်နေ့လုပ် တစ်နေ့စားတောင်မဟုတ်ဘူး ပုလင်းခွံကောက်ပြီး ဝမ်းကြောင်းနေရတဲ့ သူငယ်ချင်းသုံးယောက်နဲ့ လူတကာက သူတို့ကို နှာခေါင်းရှုံ့နေတဲ့ကြားက သူတို့ကိုချစ်ခင်တဲ့ သူငယ်ချင်းတစ်ယောက်။ သူတို့ရဲ့ အိမ်မက်ကတော့ ပိုက်ဆံကိုရိုးသားစွာရှာဖွေပြီး နိုင်ငံခြားမှာ အလုပ်လုပ်နိုင်ဖို့ပါ... နိုင်ငံခြားသွားဖို့ ရူပီး သုံးသိန်းလိုအပ်တာကြောင့် သူငယ်ချင်းအကူအညီနဲ့ အရက်သယ်တဲ့ကားကို မောင်းဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့.... အပေါ်ကအညွှန်းကြောင့်ရိုးရှင်းတဲ့ဇာတ်လမ်းလို့မထင်စေချင်ဘူး... အိန္ဒိယကားတို့ရဲ့ထုံးစံအတိုင်း နိုင်ငံရေးအရှုပ်အထွေးတွေ... ငွေဖြူငွေမည်း...ငွေတု...အရက်တု ကိစ္စတွေပါ သိုင်းဝိုင်းထားပြီး တစ်ချို့အချက်အလက်တွေဟာ မြန်မာနိုင်ငံနဲ့ အတော်တူတာမို့လို့ ဇာတ်ကားကောင်းတစ်ကားအဖြစ် လိုက်ပါစီးမျောခံစားလိုက်ပါဦး.. over action တွေလည်းမပါသလို သုံးနှုန်းထားတဲ့စကားလုံးတွေကလည်း ထုံးစံအတိုင်းခိုက်စရာတွေချည်းပါပဲ... File size…1.96GB / 1GB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung
movie
Thatrom Thookrom (2020)
6.9
Love Story (2021)
Love Story (2021) IMDb - 6.92021တုန်းက Hitဖြစ်ခဲ့တဲ့ Romance Dramaလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကတော့ မြို့ကို အလုပ်လုပ်ဖို့ တက်လာတဲ့ အင်ဂျင်နီယာမလေးကို ချစ်မိသွားတဲ့ ဇွန်းဘားကတဲ့သူတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။လူတိုင်းမှာ ကိုယ့်ရဲ့ဆိုင်ရာဆိုင်ရာ အချစ်ဇာတ်လမ်းလေးတွေရှိခဲ့ကြမှာပေါ့နော်။ ပျော်စရာ၊ ကြည်နူးစရာ၊ လွမ်းစရာ၊ ကြေကွဲစရာ မျိုးစုံထဲမှာမှ တွေ့တာနဲ့ သတ်နေကြတဲ့ ကြောင်နဲ့ကြွက်လို ဇာတ်လမ်းလေးတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ဒီဇာတ်လမ်းလေးကလည်း ဒီလိုပါပဲ။ အမေတစ်ခု၊ သားတစ်ခုဘဝမှာ ကြီးပြင်းလာရတဲ့ ရေးဗန်ဟာ သူ့ရဲ့အမေဖြစ်သူဆုံးမတဲ့ လူတွေဆီက အနှိမ်မခံစေရချင်ရင် ပိုက်ဆံရှာဆိုတဲ့ ဆုံးမစကားကြောင့် အိမ်ငှားခမပေးနိုင်တဲ့အချိန်မှာတောင် သူကိုယ်တိုင်ထောင်ထားတဲ့ ဇွန်းဘားစင်တာကို ကြိုးစားပမ်းစားအသက်ဆက်လို့နေပါတယ်။ သူဌေးသမီးလေး မောနီကတော့ စည်းကမ်းတင်းကြပ်တဲ့အဖွား၊ သူတို့မိသားစုအပေါ် ဂုတ်သွေးစုပ်နေတဲ့ ဉီးလေးဖြစ်သူကို ဆန့်ကျင်ပြီး အိမ်ပေါ်ကနေ လက်ဗလာနဲ့ဆင်းလာခဲ့တဲ့သူပါ။ မာနကြီးပြီး အထည်ကြီးပျက်ပုံစံဖြစ်နေတာကြောင့် အလုပ်လည်းမရနိုင်၊ တွေ့ရာအလုပ်ကိုလည်း ဝင်မလုပ်နိုင်တဲ့ အင်ဂျင်နီယာမလေး မောနီနဲ့ ငွေလေးတစ်ပြားဝင်ဖို့ ရုန်းကန်နေရတဲ့ ရေးဗန်တို့နှစ်ယောက်ဟာ တွေ့တာနဲ့ ကြောင်နဲ့ကြွက်လို တကျက်ကျက် ရန်ဖြစ်ကြရင်းကနေ မောနီ ကတာကို တွေ့ပြီး ရင်သပ်ရှူမောဖြစ်သွားတဲ့ ရေးဗန်က မောနီကို သူတို့ဇွန်းဘားစင်တာမှာ စပ်တူအလုပ်လုပ်ဖို့ ခေါ်ရင်းကနေ ...
movie
Love Story (2021)
2021
4.2
Acharya (2022)
Acharya (2022)၂၀၂၂ မှာ အသစ်စက်စက် ထွက်ရှိထားပြီး နာမည်ကြီး မင်းသားချော ဘိုင်ရာဘာ ပါဝင် သရုပ်ဆောင်ထားတဲ့ Acharya ဆိုတဲ့ တလဲဂူး action drama ရုပ်ရှင်ဇာတ်ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါရစေ။ဒီဇာတ်ကားလေးဟာ ၂၀၁၉ ထဲက ထွက်ရှိဖို့ ကြေငြာထားခဲ့ပေမယ့် ကိုဗစ်ရောဂါကြောင့်မလို့ ၂၀၂၂ ဧပရယ်လမှ ထွက်ရှိလာတဲ့ ဇာတ်ကားလေးတစ်ကားလဲဖြစ်ပါတယ် ။လွန်ခဲ့သော နှစ်ပေါင်း၈၀၀ ဝန်းကျင်ထဲက ဓမ္မစသာလီနဲ့ ပမ်မာဂတ်တမ် တို့ဟာ ဂျီဟာဗာရာရဲ့ မြစ်တစ်ဖက်တစ်ချက်ဆီမှာ တည်ရှိနေပြီး ဆစ်ဟာဗာနမ် တောအုပ်ကြီး ဝိုင်းရံထားတဲ့ ဘာသာရေးကိုင်းရှိုင်းပြီး ဓမ္မကို လက်ကိုင်ထားထားတဲ့ မြို့တွေ ဖြစ်ခဲ့ကြတယ်။သူတို့ဟာ မယ်တော် ဂတ်တာမာကို အရမ်း ယုံကြည်သက်ဝင် ကိုးကွယ်ကြတဲ့ သူတွေပါ ။ ဒီလိုမျိုး ဓမ္မတရားကိုသာ စွဲကိုင်ပြီး အေးချမ်းစွာ တည်ရှိနေကြတဲ့မြို့လေးကို စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ဘာဆာဗာ ရောက်လာပြီး ဓမ္မစသာလီ နဲ့ ပမ်ဒါဂတ်တမ်ကို မိုင်းတွင်းတွေ တူးဖော်ချင်နေတဲ့ ရာသော့လက်ထဲကို ထည့်ဖို့ ယုတ်မာတဲ့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ဘာဆာဗာ ...
movie
Acharya (2022)
2022
6.6
Taal (1999)
မင်းသမီး Aishwarya Rai အဓိကပါဝင်ထားပြီး Anil Kapoor နဲ့ Akshaye Khanna တို့လို မင်းသားကြီးတွေနဲ့ဒီရုပ်ရှင်ကားက အချစ်ရိုမန့် အလွမ်းအဆွေးရသစုံတဲ့ ရုပ်ရှင်ကားကြီးပါ။"Taal" ဆိုတာ သိပ်ကိုနူးညံ့တဲ့စကားလုံးလေး "ဂီတသံစဉ်" တစ်နည်းအားဖြင့် "နှောင်ကြိုး"လူသားရဲ့စိတ်ဖြေရာ အချစ်တို့မွေးဖွားရာ ခံစားချက်တွေ ပေါင်းဆုံရာကို ဂီတလို့ခေါ်နိုင်မလား...ဂီတငြိစွန်းလာတဲ့အခါ လူ့ရဲ့စိတ်ကနူးညံ့လာပြီး နှလုံးသားချင်း စကားပြောလာတတ်ပါတယ် အဲ့ဒီစကားလုံးတွေကပဲ နှလုံးသားကို အချစ်လမ်းသွယ်လေးဆီ ခေါ်ဆောင်လာတတ်တယ်...ဟုတ်ပါတယ် ဒီနှောင်ကြိုးလေးက မာနဗ် မာန်ဆီ ဗစ်ကရန်းဆိုတဲ့ ဘဝသုံးခုနဲ့ ချိတ်တွယ်ထားပါတယ်ဘဝရဲ့လမ်းသွယ်လေးတွေမှာ ကျွန်မတို့ လူတော်တော်များများနဲ့ ဆုံဖြစ်ကြပါလိမ့်မယ်ကိုယ့်စိတ်နဲ့ ထပ်တူမကျတာရှိနိုင်သလို ကိုယ့်နှလုံးသားနဲ့ အဲ့ဒီလူကို ငြိတွယ်သွားတာလည်း ဖြစ်နိုင်ပါတယ်နိုင်ငံခြားပြန် မြေပြန့်သားလေး မာနဗ်ဟာ ဖခင်ဖြစ်သူရဲ့ အလုပ်ကိစ္စနဲ့ တောင်ပေါ်ဒေသကို အလည်လာရင်း ရိုးသားတဲ့တောင်ပေါ်သူလေး မာန်ဆီနဲ့ သံယောဇဉ်ငြိတွယ်ခဲ့ပါတယ်...အခြေအနေအချင်းက အရမ်းကွာဟတာကြောင့် ဒီနှောင်ကြိုးကို မြဲအောင်မထားနိုင်ခဲ့ပါဘူး...ဘဝရဲ့အခန်းကဏ္ဍတစ်ခုပြီးဆုံးသွားတဲ့အခါ တခြားကဏ္ဍတစ်ခုက ပေါ်လာတတ်စမြဲပဲဆိုတာ ကြားဖူးကြတယ်မလား...အဲ့ဒီအခန်းကဏ္ဍနဲ့အတူ မာန်ဆီရဲ့ဘဝထဲကို ထပ်မံဝင်ရောက်လာသူကတော့ အောင်မြင်ကျော်ကြားတဲ့ သီချင်းဒါရိုက်တာကြီး..ထုတ်လုပ်သူကြီး ဗစ်ကရန်းကပူရ်ပါပဲ"လက်ထပ်တယ်ဆိုတာ ဘဝနှစ်ခု ပေါင်းဆုံဆည်းတာ" "လက်ထပ်တယ်ဆိုတာ နှလုံးသားနှစ်ခု ထပ်တူကြတာ" "အတူတူသေမယ် အတူတူရှင်သန်မယ်" တဲ့...။ကဲ..သူတို့သုံးဦးရဲ့ဘဝနှောင်ကြိုးတွေက ဘယ်ကိုဦးတည်သွားမလဲဒီနှောင်ကြိုးလွန်ဆွဲပွဲမှာ ဘယ်သူ့အချစ်က အနိုင်ရပြီး ဘယ်သူနဲ့ဆုံဆည်းရမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပြီး လူသားတိုင်း ...
movie
Taal (1999)
1080p HEVC
6.5
War (2019)
War (2019) IMDb - 6.5/10_____Rotten - 69%ကားသစ်တွေ ကားကောင်းတွေ ဆက်တိုက်ထွက်နေတဲ့ကြားက ယနေ့ထွက် ဘောလိဝုဒ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။နာမည်ကြီး မင်းသားနှစ်ယောက် အားပြိုင်ထားတဲ့ ဒီဇာတ်ကားကြီးဟာဆိုရင်.... ဘတ်ဂျက်ငွေရဲ့ ၃ဆကျော်ကျော် အောင်ပွဲခံခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ချရင်လည်း မဖတ်ဘဲ ဒေါင်းကြမှာမို့ သိပ်ပြီး မရေးတော့ပါဘူး။တိုက်ဂါးနဲ့ ရီသိတ်ဟာ အိန္ဒိယတပ်မတော်သားတွေဖြစ်ပြီး တိုက်ဂါးကတော့ ရီသိတ်ရဲ့ တပည့်အဖြစ် မြင်ရပါမယ်။ရီသိတ်ဟာ လတ်တလောမှာ မစ်ရှင်တစ်ခုကို လုပ်ရင်း တရားခံကို မပစ်ဘဲ ကိုယ့်ဖက်က အရာရှိကို ပစ်သတ်သွားခဲ့တယ်။သူ ဘာကြောင့် ပစ်ခဲ့တာလဲ....ဘာကြောင့် သစ္စာဖောက်သွားခဲ့တာလဲ...သူ့လို တည်ကြည်ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ လူတစ်ယောက် သစ္စာဖောက်သွားတာကို စုံစမ်းဖို့နဲ့ ရှင်းပစ်ဖို့ တာဝန်ပေးခံရသူကတော့... တိုက်ဂါးပါ။ကဲ.... ဆရာနဲ့ တပည့်....ဘယ်လို ဆက်ဖြစ်ကြမလဲ.....အမှန်တရားကို ဘယ်လို ဖော်ထုတ်ကြမလဲ.... ဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါဦးဗျာ။File size…(7.6 GB)/(2.3 GB)/(1.3 GB) Quality….BluRay 4K ...
movie
War (2019)
4K HEVC
3.1
Sanam Re (2016)
Sanam Re (2016)နောက်ထပ် ဆက်တိုက်ညွှန်းချင်တာကတော့ ဒီကားလေးပေါ့နော် :P နာမည်ကြီး မင်းသား မင်းသမီးတွေလဲ မဟုတ်။ ဒါရိုက်တာ ထုတ်တဲ့ ကုမ္ပဏီကအစ တစ်ခုမှ မသိပဲ ဘာကြောင့်ကြည့်ဖြစ်သွားလဲဆိုတော့ Sanam Teri Kasam ကို အရမ်းစွဲလန်းနေချိန်မှာ နာမည် ဆင်တာလေးတစ်ခုကြောင့် ထရေလာကိုကြည့်ဖြစ်တယ် သီချင်းတွေရှာကြည့်ဖြစ်တယ်။ကြည့်ဖြစ်သမျှလဲ အကုန်ကြိုက် ဘယ်တော့ထွက်မလဲ လက်ချိုးစောင့်နေဖူးခဲ့တာရယ်။ထရေလာလေးနဲ့ ကြည့်ဖြစ်သမျှ သီချင်းလေးတွေနဲ့ ဇာတ်လမ်းကို ဘယ်လိုဖြစ်လာ မလဲ ပုံဖော်ကြည့်ရတာက အရသာ တစ်မျိုး မဟုတ်လား။ သရုပ်ဆောင်တွေကလဲ တစ်ခါမှမမြင်ဖူးပေမယ့် အကုန်လုံး လက်ခံလို့ရတယ်။အဓိက ဇာတ်ဆောင်မင်းသားက Ranbir Kapoor ပေါ်ကာစက ရုပ်မျိုး သူ့ထက် နည်းနည်းပိုချောတယ်။ မင်းသမီးဆိုရင် ပြောမနေနဲ့တော့ ငယ်ငယ်တုန်းက ရေလည်ကြွေခဲ့ရတဲ့ အကအလှ ဘုရင်မ လို့ လူတကာပြောကြတဲ့ Madhuri Dixit - Nene နုစဉ်အခါက ...
movie
Sanam Re (2016)
7.2
Jhund (2022)
Jhund (2022)အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ မင်းသားကြီး အမီတာဘချမ်းရဲ့ကားသစ်လေး ထွက်ရှိလာခဲ့ပါပြီ။၉၀ ခုနှစ်တွေကတည်းက အိန္ဒိယရုပ်ရှင်ပရိသတ်တွေရဲ့အသည်းနှလုံးကို သိမ်းပိုက်လာတဲ့မင်းသားကြီး အမီတာဘချမ်းကတော့ အသက် ၇၉ နှစ်ရှိပြီဆိုပေမဲ့ ငယ်တုန်းကလို လန်းမြဲလန်းဆဲပါပဲ။လက်ရှိအထိ အိန္ဒိယရုံတင်ကားတွေရဲ့သမိုင်းမှာ လွှမ်းမိုးမှုအရှိဆုံးသူတွေထဲကတစ်ယောက်လို့သတ်မှတ်ခံထားရတာပါ။ ဒီကားထဲမှာတော့ သူ့ရဲ့ရင့်ကျက်တဲ့သရုပ်ဆောင်ချက်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီကားလေးကတော့ NGO slum soccer ကို တည်ထောင်ခဲ့သူဖြစ်တဲ့ Vijay Barse ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ဆင်းရဲနွမ်းပါးတဲ့ဒေသတွေမှာ ငွေကြေးမတတ်နိုင်တဲ့အလျောက် ပညာရေးကလည်း နိမ့်ကျနေတတ်ပါတယ်။အိမ်တစ်အိမ်မှာရှိတဲ့ ကလေးတွေကပါ အလုပ်ထွက်လုပ်ရတော့ ပညာမသင်ရ၊ အားကစားလိုက်စားခွင့်မရတဲ့အပြင်ငွေကြေးကို အလွယ်ရဖို့ ခိုးဆိုးလုနှိုက်ပြီး ပြန်ရောင်းစားတာတွေအထိပါ လုပ်လာကြပါတယ်။အဲဒီကထက် တစ်ဆင့်တက်ပြီး ဈေးပေါတဲ့အရက်ဆေးလိပ်တွေနဲ့ မူးယစ်ဆေးစွဲတဲ့အထိ ဖြစ်လာကြပြန်ပါတယ်။ ဒီလိုနဲ့ အငြိမ်းစား အားကစားဆရာတစ်ယောက်က အဲဒီလို ဆင်းရဲနွမ်းပါးတဲ့အရပ်ထဲမှာရှိတဲ့စာမတတ်တဲ့ လူကြီးတွေကို စာသင်ပေးဖို့ ရောက်လာရင်းနဲ့ လူငယ်တွေ၊ကလေးတွေ ဖြစ်ပျက်နေတဲ့အခြေအနေကို မျက်မြင်ကြုံတွေ့လိုက်ရပါတော့တယ်။ကလေးတွေရဲ့အနာဂတ်ကို မပျက်စီးစေချင်တဲ့စေတနာ၊ မိမိကျွမ်းကျင်ပိုင်နိုင်တဲ့ပညာရပ်နဲ့ဒီဆင်းရဲတွင်းထဲက ဒီကလေးတွေကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတဲ့ဆင်ခြင်ဉာဏ်တို့ ပေါင်းစပ်ပြီး ...
movie
Jhund (2022)
2022
4.3
Talaash: The Hunt Begins (2003)
အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့အက်ရှေးကူမားရဲ့အက်ရှင်ကားလေးပဲဖြစ်ပါတယ်...မင်းသမီးအနေနဲ့ ကရီနားကပူးက ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းကတော့...အရ်ဂျွန်ရဲ့ဖခင်ဟာ မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းနဲ့ပတ်သတ်မိရာကနေ အသတ်အဖြတ်ခံရပြီးသမီးဖြစ်သူကပါ ရောင်းစားခံရဖို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတယ်...ခင်ပွန်းအသတ်ခံရတဲ့အပြင် သမီးပါဖမ်းခေါ်သွားခံခဲ့ရတဲ့အဖြစ်ကို မျက်စိရှေ့မှာတင်မြင်လိုက်ရတော့ ယူကြုံးမရဖြစ်ပြီး အရ်ဂျွန်ရဲ့အမေဟာ အရူးတစ်ပိုင်းဖြစ်လို့သွားပါတော့တယ်.... အဖေသေ အမေကအရူးဖြစ် ညီမကိုပါ ဖမ်းခေါ်သွားကြတော့ ငယ်ငယ်ပဲ ရှိသေးတဲ့အရ်ဂျွန်ခမျာ အခြေအနေတွေကို မထိန်းနိုင်ခဲ့ဘူး....သို့ပေမယ့်လည်း မလျှော့သော ဇွဲနဲ့ ရဲထဲဝင်ပြီး ဒုစရိုက်ဂိုဏ်းမှန်သမျှကိုဖြိုခွင်းရင်း ညီမဖြစ်သူကို လိုက်ရှာပါတော့တယ်....ဒီလိုနဲ့....အရ်ဂျွန်ရဲ့ ရှာပုံတော်ဇာတ်လမ်းမှာ ဘယ်လိုစိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေမလဲဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးကြပါဦးရှင့်.... File size…2.8GB / 1.4GB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Talaash: The Hunt Begins (2003)
5.8
Ae Dil Hai Mushkil (2016)
Ae Dil Hai Mushkil (2016) " ဒီနှလုံးသားက ရှုပ်ထွေးလွန်းလှပါတယ်"မထွက်ခင်က သတင်း...၁၇ နှစ်လောက် တွဲအလုပ်မလုပ်ဖြစ်တော့တဲ့ ဒါရိုက်တာ ကာရန်ဂျိုဟာ နဲ့ မင်းသမီး အက်ရှ်ဝါရိုင်းတို့ ပြန်လည်ပေါင်းစည်းရိုက်ကူးထားတဲ့ ကားလေးပါ... မင်းသားကတော့ Ranbir Kapoor နဲ့ မင်းသမီး Anushka Sharma(PK) တို့ ပါဝင်ပါသေးတယ်... ကာရန်ဟာ Kuch Kuch Hota Hai ကအစပြု ပြီး Dostana(Shut Up & Bounce) ဒီမှာတော့ အေသင်ရဲ့တင်းတယ် ဖြစ်သွားတဲ့ သီချင်းပါတဲ့ ရုပ်ရှင်နဲ့ တအားအောင်မြင်ခဲ့တဲ့သူပါလို့ အက်ရှ်က ပြောပါသေးတယ်...ပါဝင်သူတို့အကြောင်း...ကာရန်ဂျိုဟာ - ရုပ်ရှင်ကားကို မညွှန်းခင် ဒါရိုက်တာကို အရင် ပြောပါရစေ... သူ့ရိုက်လိုက်တဲ့ ဒရမ်မာကားတွေဆိုရင် ဒရမ်မာကားမကြိုက်တဲ့သူတွေတောင် ကြိုက်ကြတယ်... လူငယ်ဆန်တယ် ပေါ့ပါးတယ်... စကားလုံး ဒိုင်ယာလော့တွေ အမိုက်စားတွေချည်းပဲ... ...
movie
Ae Dil Hai Mushkil (2016)
4K HEVC
5.1
Ok Jaanu (2017)
ဒီတစ်ခါတော့ Channel Myanmar ပရိသတ်ကြီးအတွက် အရိုမှာနာမည်ကြီးတဲ့ Bollywood အချစ် ဒရမ်မာ ကားလေးတင်ဆက်လိုက်ပါတယ်လက်နောင်မှာနေတဲ့ ဂိမ်းဒီဇိုင်နာလေး အေဒီဟာ အမေရိကန်ကိုပြောင်းပြီး နေထိုင်ဖို့ ဆန္ဒရှိနေသူပါ။သူ့သူငယ်ချင်းမင်္ဂလာဆောင်တစ်ခုမှာ တာရာဆိုတဲ့မိန်းမချောလေးနဲ့ ဆုံတွေ့ပြီး ကြိုက်မိသွားပါတော့တယ်။တာရာကကျတော့ ဗိသုကာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဗိသုကာဘွဲ့ရပညာရှင်ပါ။သူမရဲ့အိမ်မက်ကတော့ ပဲရစ်ကိုသွားပြီ အဆင့်မြင့်ဗိသုကာပညာတွေကိုဆည်းပူးဖို့ပါတဲ့။အိပ်မက်တွေကိုယ်စီနဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သဘောကျသွားကြပါတယ်...ဒါပေမယ့် သူတို့ရဲ့အိပ်မက်တွေကတော့ ထပ်တူမကျခဲ့ပါဘူး...အိပ်မက်တွေမတူတဲ့ သူတို့နှစ်ယောက် လမ်းမခွဲခင်ထိ အတူတူနေဖို့ ဆုံးဖြတ်ပြီး ပျော်ရွှင်နေကြပေမယ့်ကိုယ့်လမ်းကိုယ်လျှောက်ဖို့ လမ်းခွဲရမယ့်အချိန်တွေ နီးကပ်လာတဲ့အခါမှာတော့...အချစ်က အရာရာကို ကျော်ဖြတ်ပြသွားမလားဆိုတာ...။ File size…(6.5 GB)/(2.7 GB)/(1.2 GB) Quality….BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:16:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie
Ok Jaanu (2017)
2017
4K HEVC
First
61
62
63
64
65
Last
Previous
Next