Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bollywood
6.3
Kaduva (2022)
ဒီတစ်ခေါက်မှာတော့ အားလုံးစောင့်မျှော်နေကြပြီး မင်းသားPrithviraj Sukumaranပါဝင်သရုပ်ဆောင်ထားပြီး မင်းသားVivek Oberoiပါဝင်အာားဖြည့်ထားတဲ့ အက်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။“ကျား” လို့အဓိပ္ပါယ်ရတဲ့အမည်နဲ့ ကတ်ဒူဗာ ကူရီရာချန်ဟာ မဟုတ်မခံစိတ်ရှိသူတစ်ယောက်.. အမှန်တရားဘက်ကအမြဲရပ်တည်ပေးတတ်သူ...ပါလာမြို့တစ်မြို့လုံး ကလေးအစ လူကြီးအဆုံး မသိသူမရှိတဲ့ သူရဲကောင်းတစ်ဦးပါ။တစ်နေ့မှာတော့ အကျင့်ပျက်တဲ့ ဖာသာတစ်ဦးကို ပညာပေးဖို့အကြောင်းဖန်လာခဲ့ရင်း မြို့မှာတာ၀န်ကျနေတဲ့ ရဲအရာရှိ ဂျိုးဆက်ချန်ဒီနဲ့တွေ့ဆုံအချင်းများကြတဲ့အခါ သူတို့နှစ်ဦးကြားမှာ အငြိုးအတေး အဖုအထစ်တွေရှိလာပါတော့တယ်...။အငြှိုးထားတတ်တဲ့အရာရှိဂျိုးဆက်တစ်ယောက် ကူရီရာချန်အပေါ် ဘယ်လိုလက်စားချေမှာလဲ...။ ရန်ပွဲတစ်ခုကနေအစပြုခဲ့တဲ့ ဒီပြိုင်ပွဲမှာ ဘယ်သူကများ အနိုင်ရသွားမလဲ... မတရားမှု တွေအတွက်ကော အမှုမှန်ပေါ်ပေါက်လာမှာလား ဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ရင်ခုန်ရမှာပါ။ File size…2.8GB / 1.4GB Quality…1080p TRUE WEB DL AAC5.1CH / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ Oeliuj~ Honeyey ~ Yunni ~ Kevin Ag
movie
Kaduva (2022)
2022
8.2
John Luther (2022)
John Luther(2022)ဒီကားကတော့ IMDb Rating 8.4အထိရရှိထားတဲ့ အိန္ဒိယစုံထောက်ကားလေးပဲ ဖြစ်ပါတယ်။ အိမ်မပြန်နိုင်ရလောက်တဲ့အထိ အလုပ်ကြိုးစားနဲ့ နယ်မြေခံ ရဲတစ်ယောက်ဖြစ်တဲ့ ဂျွန်လူသာ တစ်ယောက်။သူ့ညီမဖြစ်သူရဲ့ မင်္ဂလာဆောင်ကိုတောင် အချိန်မနည်းလုပြီး ပြန်ရတဲ့အထိ အလုပ်ကို ကြိုးစားပမ်းစားလုပ်နေရင်းကနေ တစ်နေ့မှာ သူတာဝန်ကျနေတဲ့ နယ်မြေအဝန်းအဝိုင်းအတွင်းက အက်စီးဒင့်တစ်ခုမှာ ပါဝင်သွားပြီး အဲ့ဒီအမှုက နိုင်ငံရေးနဲ့ ပက်သက်နေတယ့်အခါ.........Thriller Movieအမျိုးအစားဖြစ်တဲ့အတွက် ဒီအမှုကို သူဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ တစ်ကားလုံးမှာလည်း ဒါရိုက်တာဖြစ်သူ Abhijith Josephက ဇာတ်လမ်းကို ဖြည်းဖြည်းချင်းဆွဲခေါ်သွားပြီး နောက်ဆုံးမှာ ဘယ်လိုမှမှန်းဆထားလို့မရတဲ့ Plotကို လှလှပပလေးဖော်ပြသွားခဲ့တာပါ။ စုံထောက်ကားဖြစ်တဲ့အပြင် Thrillerဖြစ်တာမို့လို့ ကြည့်မယ်ဆိုရင် နောင်တမရနိုင်ပါဘူးနော်။ File size…2.1GB / 996MB Quality…1080p True WEB DL AAC5.1CH / 720 p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yate & Lwin Htoo & Thet Ko ...
movie
John Luther (2022)
2022
6.6
Lover (2022)
Lover (2022) IMDb - 7.1ဟီဆိုတဲ့ကောင်မလေးတစ်ယောက်ရှိလေရဲ့။ ပြီးတော့ သူ့ကိုအရူးအမူးချစ်နေတဲ့ ကောင်လေးတစ်ယောက်ရောပေါ့။ ကျောင်းတော်ကြီးရဲ့ အချစ်ဇာတ်လမ်းတွေကို ပြောမယ်ဆို ပြောမကုန်နိုင်ပါဘူး။ လူတိုင်းမှာ သူတို့ရဲ့ ဆိုင်ရာဆိုင်ရာ အချစ်ဇာတ်လမ်းလေးတွေရှိမယ်ထင်ပါတယ်။ဒီလိုအချစ်ဇာတ်လမ်းလေးတွေမျိုးစုံထဲက တစ်ပုဒ်ဖြစ်တဲ့ 2022ခုနှစ်ထွက် IMDb rating 7.1အထိရရှိထားတဲ့ Loverဆိုတဲ့ အိန္ဒိယ Movieလေးကို အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ ဒါကားလေးကတော့ အချစ်ဇာတ်လမ်းထဲမှာမှ လူတစ်ယောက်ကို အရူးအမူး Crushနေရတဲ့ ခံစားချက်ပါပဲ။ရိုမီယိုနဲ့ ဂျူးလီယက်လို ဂန္ဓဝင်တွင်တဲ့အချစ်ဆိုတာမျိုးကို စာအုပ်တွေ၊ ရုပ်ရှင်တွေ၊ ပုံပြင်တွေထဲမှာ လူတွေက မျိုးစုံဖော်ပြကြသလို လူမသိနိုင်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ခမ်းနားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လည်းရှိပါတယ်။ ကျောင်းသွားတဲ့အချိန် သူမ ငှားစီးတဲ့ကားလေးရဲ့ ထိုင်ခုံမှာ ဖုန်သုတ်ပေးမယ်။ သူမမျက်နှာကိုမြင်ရဖို့ မနက်ခင်းကျောင်းတန်းစီချိန်မှာ အပြစ်ပေးခံရတဲ့နေရာမှာ မတ်တပ်ရပ်တယ်။ ရရာနေရာကနေ သူမကို ခိုးကြည့်မယ်။ သူမနောက်က တစ်ကောက်ကောက်လိုက်မယ်။ ဘယ်လောက်တောင်လဲဆို သူမသောက်ပြီးကျန်ခဲ့တဲ့ လက်ဖက်ရည် အကျန်လေးကိုတောင် အမြတ်တနိုးသောက်ရတဲ့သူပါ။ သူ့ဘဝမှာ ဒီလောက်နဲ့တင် အရာရာလုံလောက်ပြည့်စုံနေသလိုပေါ့။ လှပပြီး ကျောင်းမှာ နာမည်ကြီးတဲ့ ဒီမိန်းကလေးအတွက် တခြားလူက လူသတ်နိုင်တယ်ဆိုရင် ...
movie
Lover (2022)
6.4
D Block (2022)
D Block (2022)တက္ကသိုလ်ကျောင်း စတက်ခါက ပထမနှစ်ကျောင်းသားဘဝဟာ ကျွန်တော်တို့ဘဝရဲ့ အကောင်းဆုံးအချိန်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဆယ်ကျောက်သက်အရွယ်ဖြစ်တာမို့ အရာရာကို စူးစမ်းချင်စိတ်ကလည်း တဖွားဖွား...။ တက္ကသိုလ်ရဲ့ အနှစ်သာရကို စတင်ခံစားရတဲ့အချိန်ဖြစ်ပြီး ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ရသပေါင်းစုံ ခံစားရတဲ့အပြင် ဘဝဇာတ်ခုံအဖုံဖုံကိုလည်း ကိုယ်တိုင်ရင်ဆိုင်တွေ့ကြုံကြရတာပေါ့။ဇာတ်လမ်းအကျဉ်းနည်းပညာတက္ကသိုလ်ကျောင်းကို ပထမဆုံးခြေဆန့်ရတဲ့ ကျောင်းသားတွေက တက္ကသိုလ်ရဲ့ အရသာကို ပျော်ရွှင်ခံစားနေကြပါတယ်။ နှစ်ချို့ စီနီယာ ကျောင်းပျော်ကြီးနဲ့အတူ တစ်ခန်းတည်းကျတဲ့ ဘော်ဒါသုံးယောက်ကို မြင်လိုက်ရတော့ Amir Kham ရဲ့ 3 Idiots ကို သတိရစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီကားမှာ 3 Idiots နဲ့ လုံးဝကို ခြားနားပြီး ဇာတ်အိမ်ခိုင်ခိုင်နဲ့အတူ ဇာတ်ကွက် မြှုပ်ကွက်တွေကြား ပရိသတ်တွေကို ရိုလာကိုစတာ စီးသလို ခံစားရစေမှာပါ။ တက္ကသိုလ်ကျောင်းဆိုတဲ့အတိုင်း လျှို့ဝှက်ချက်တွေ ရှိတတ်တာပေါ့။ ဒါပေမဲ့ တစ်နေ့မှာတော့ ကောလိပ်ဂိတ်စောင့်ရဲ့ သမီး ကျားသစ်ကိုက်ခံရာကနေ မသေဘဲ အသက်ဘေးက လွတ်ခဲ့ပါတယ်။ ဒါပေမဲ့ မင်းသားဟာ စူးစမ်းတတ်သူပီပီ ကျားသစ်ကိုက်တာ ...
movie
D Block (2022)
2022
7.9
Black (2022)
ဒီတစ်ခေါက်မှာတော့ Opertaion Gold Fish ထဲက တောင်ပိုင်းမင်းသားချော အာဒီ ရဲ့ အက်ရှင်ကားလေးတစ်ကားဖြစ်ပြီး IMDB မှာ 7.9 ထိရရှိထားတဲ့ Black ဆိုတဲ့ ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းအကျဉ်းငယ်စဉ်ဘ၀ထဲက အစ်ကိုဖြစ်သူကို ချောက်တွန်းတတ်တဲ့ အာဒီသရ သူချောက်တွန်းတာကို အမြဲခံရပြီး အိမ်ကနေထွက်သွားခဲ့တဲ့ အစ်ကိုဖြစ်သူအာဂျွန်အစ်ကိုဖြစ်သူကို အမြဲအိမ်မက်ထဲထည့်မက်ပြီး နောင်တရနေတတ်တဲ့ အာဒီသရ တစ်ယောက် ဖခင်ဖြစ်သူရဲ့ဆန္ဒအရ ရဲတစ်ယောက်အဖြစ် အမှုထမ်းခဲ့ရတဲ့အခါသူအမှုထမ်းတဲ့နှစ်ရက်အတွင်းမှာပဲ ဓါးပြမှုတစ်ခု လူသတ်မှုတစ်ခုတို့ ဖြစ်ပေါ်လာခဲ့ပြီး အဲ့ဒီအမှုတွေထဲကို ပါဝင်ပတ်သတ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ။ သူ့အစ်ကိုနဲ့ကောပြန်ဆုံမှာလား ဆိုတာတော့ ဇာတ်လမ်းမှာပဲ ဆက်လက်လိုက်ပါစီးမျောခံစားလိုက်ပါဦး... File size…2.21GB / 1GB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….2h 18mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honey ~ Lwin Htoo Aung ~ Kevin Aung
movie
Black (2022)
2022
9.1
777 Charlie (2022)
IMDb - 9.1 / 10လူတစ်ယောက်ကို ပြောင်းလဲစေတာက အချစ်လို့ပြောမယ်ဆို ရဲရဲကြီးယုံလိုက်ပါ...ငယ်စဉ်က မိသားစုတွေ ဆုံးပါးသွားပြီး တစ်ယောက်တည်းကျန်ခဲ့တဲ့ "ဒါမာ"ကြီးပြင်းတဲ့အထိ တစ်ယောက်တည်းနေဖို့ကိုပဲ ရွေးချယ်ခဲ့ပြီး လူ့ပတ်ဝန်းကျင်နဲ့ ဝင်ဆံ့ဖို့ မကြိုးစားတဲ့ လူ့ဂွစာတစ်ယောက်အဲဒီ့သူ့ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာတာကတော့ ခွေးလေးတစ်ကောင်အဲဒီခွေးလေးကို သူမမွေးချင်လို့ မွေးစားမယ့်သူကို ရှာနေတုန်းမှာပဲ ခွေးလေးနဲ့ သံယောဇဉ်တွယ်သွားပြီး ခွေးလေးက သူ့ရဲ့ဘဝဖြစ်လာခဲ့တော့တယ်သူ့ရဲ့ မာကြောနေတဲ့ ဘဝကြီးကို နူးညံ့ပျော့ပျောင်းလာစေပြီး ဂျစ်ကန်ကန်နဲ့ လောကကြီးကို အရွဲ့တိုက်နေထိုင်ခဲ့တဲ့ သူ့ကို အမြင်ကျယ်လာစေခဲ့တာက အဲဒီခွေးလေးပေါ့လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရား အဲဒီမေတ္တာဆိုတဲ့အရာဟာ စစ်မှန်ရင် ဘယ်လောက်တောင် စွမ်းအားကြီးတယ်ဆိုတဲ့ အကြောင်း ရိုက်ကူးပြသထားတဲ့ မျက်ရည်မခိုင်သူတွေ မျက်ရည်ကျစေမယ့် ဒရမ်မာကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် File size…2.6Gb / 1.15GB Quality…1080p VOOT WEBDL AAC5.1CH / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Thet Ko
movie
777 Charlie (2022)
2022
6.4
Good Luck Jerry (2022)
Drama / Crime IMDb - 6.4 / 10Disney+Hoster ကထွက်ရှိလာပြီး အမှုအခင်းနဲ့ပတ်သက်တဲ့ ကားကိုမှ ဒရမ်မာဆန်ဆန်လေး ကြည့်ချင်ရင် ဒီကားကို ကြည့်သင့်ပါတယ်ဂျယ်ရီဟာ အဖေမရှိတော့တဲ့ မိသားစုတစ်ခုက အစ်မကြီးတစ်ယောက်ဖြစ်ပြီး ကျောင်းသူ ညီမလေး တစ်ယောက်လည်း ရှိပါတယ်အဆင်သိပ်မပြေတဲ့ မိသားစုထဲ ဂြိုလ်ဆိုးဝင်လာတာကတော့ သူ့အမေမှာ အဆုတ်ကင်ဆာ ရှိနေတာပါပဲအဲဒီလိုနဲ့ သူ့အမေကို ဆေးကုပေးဖို့အတွက် ဘိန်းအရောင်းအဝယ်လုပ်တဲ့ အဖွဲ့အစည်းတစ်ခုထဲ ပစ္စည်းပို့ပေးရတဲ့အလုပ် ဝင်လုပ်ခဲ့ပါတော့တယ်အဲဒီလိုနဲ့ပဲ သူ့ရဲ့ရွေးချယ်မှုဟာ မှန်ကန်ပါ့မလား အဲဒီအဖွဲ့အစည်းကို ခြေရာခံနေတဲ့ ရဲတွေကလည်း ရှိတော့ သူ့အနေနဲ့ ဘာဆက်ဖြစ်မလဲ သူ့အမေကိုရော ဆေးကုပေးနိုင်ပါ့မလားဆိုတာ ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် File size…2GB / 1GB Quality…1080p DNSP WEB DL AAC5.1CH / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Sora & Lai Laii
movie
Good Luck Jerry (2022)
5.1
19(1)(a) (2022)
IMDB Rating မှာ 6.1 ရထားပြီး လူကြိုက်များတဲ့တောင်ပိုင်းမင်းသား ဗီဂျေးဆီသူပသီရဲ့ မာလာရာလမ်း ဘာသာစကားပြောရုပ်ရှင်လေးတစ်ပုဒ် တင်ဆက်ဖို့အချိန်ရောက်လာခဲ့ပြန်ပါပြီခင်ဗျာ။ဇာတ်လမ်းအကျဉ်းမြို့လေးတစ်မြို့မှာ အထီးကျန်စွာနေနေရတဲ့ သားအဖနှစ်ယောက် သမီးဖြစ်သူက မိတ္ထူဆိုင်လေးဖွင့်ထားပြီး ဖခင်ဖြစ်သူက အငြိမ်းစားယူပြီးရိုးရှင်းလှတဲ့ဘဝကို ဖြတ်သန်းနေတဲ့အချိန်၊ သူတို့နိုင်ငံမှာက မီဒီယာနဲ့စာနယ်ဇင်းဖိနှိပ်မှုတွေများလာပြီး စာပေနယ်က စာရေးဆရာတွေ အသတ်ခံနေရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးမှုလှိုင်းလုံးတွေသူတို့အပေါ်ရိုက်ခတ်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ရုပ်ရှင်ထဲမှာဆက်လက်စီးမျောခံစားပေးပါ။ ဇာတ်အိမ်ခိုင်မှု့ကတော့ မာလာရာလမ်းကားမို့အပြစ်ပြောစရာမရှိသလောက်ပါပဲဗျာ။ File size…1.57GB /737MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo & Hoeney & Kevin
movie
19(1)(a) (2022)
2022
4.6
Taarzan: The Wonder Car (2004)
Taarzan: The Wonder Car (2004)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားကြီးအဂျေးပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးပဲဖြစ်ပါတယ်ရိုးသားကြိုးစားတဲ့ ကားဒီဇိုင်နာလေး ဒေဗင်ကို ေမာ်တော်ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုက မကောင်းကြံပြီး သတ်ပစ်လိုက်ကြတယ်အထက်အရာရှိတွေနဲ့ ညှိစားပေါင်းစား ပြီး ဒီအမှုဟာ မတော်တဆမှုအဖြစ် တစ်ခန်းရပ်သွားခဲ့တယ်...12နှစ်ကြာပြီးတဲ့နောက် ဒီလုပ်ငန်းက ပါတနာတွေ တစ်ယောက်ပြီး တစ်ယောက်အသတ်ခံရလာခဲ့ပါတော့တယ်...မျက် မြင်သက်တွေရဲ့ပြောပြချက်အရ သူတို့ကိုကားတစ်စီးက လိုက်သတ်နေပြီး မောင်းနေတဲ့သူကို သဲသဲကွဲကွဲမမြင်ရပါဘူးတဲ့...ဒါဆို ယာဥ်မောင်းမပါတဲ့ ကားတစ်စီးက လူလိုက်သတ်နေတာလား...ဒီအမှုဟာ ထင်သလို မရိုးရှင်းလာတဲ့အခါ ဘယ်လိုအဖြေရှာဖေါ်ထုတ်ကြမလဲ....တကယ့်အဖြစ်မှန်နဲ့ လှည့်ကွက်လေးတွေက ဘယ်လိုဖြစ်နေမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားပေးပါ... File size…2.89GB / 1.37GB Quality…1080p WEB DL AAC2.0CH / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by T.A.Y.L.O.R
movie
Taarzan: The Wonder Car (2004)
2004
Indian Predator: The Butcher Of Delhi (2022)
Indian Predator: The Butcher of Delhi (2022) =========================================ဒီနေ့မှာတော့ Netflix က ထွက်ရှိထားတဲ့ အိန္ဒိယရဲ့ဖြစ်ရပ်မှန် “ကွင်းဆက်လူသတ်မှု မှတ်တမ်းရုပ်ရှင်စီးရီး” ကိုတင်ဆက်ပေးလိုက်ပါတယ်။ အပိုင်းစုစုပေါင်း ၃ပိုင်းပါရှိပြီး တစ်ချိန်ကအိန္ဒိယရဲ့လူတိုင်းထိတ်လန့်ခဲ့ရတဲ့နာမည်ကြီးကွင်းဆက်လူသတ်မှုကြီးဖြစ်ခဲ့တာမို့ ဖြစ်ရပ်မှန်မှတ်တမ်းရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအဖို့ကတော့ အသည်းတအေးအးနဲ့ကြည့်လို့ကောင်းမှာ အသေအချာပါပဲ။“Chandrakant Jha” .. ဆရာမဖြစ်သူမိခင်နဲ့ ဆည်မြောင်းဦးစီးဌာနမှာအလုပ်လုပ်ကိုင်သူဖခင်တို့ရဲ့သား .. မွေးချင်းညီအစ်ကို ၆ယောက်ရှိတဲ့ထဲကမှ တတိယမြောက်သား။ ကလေးကိုမွေးရုံပဲမွေးထုတ်ပေးခဲ့ပြီး မချစ်ပေးတတ်တဲ့မိဘတွေကြားကြီးပြင်းခဲ့ရသူမို့ ငယ်စဉ်ကတည်းကမိဘမေတ္တာငတ်ခဲ့ပြီး မိသားစုနွေးထွေးမှုကိုမခံစားခဲ့ရတဲ့ Chandrakant တစ်ယောက် အရွယ်ရောက်လာတဲ့အခါ ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ နေထိုင်ရာ Ghosai ရွာလေးကနေ Delhi ကိုပြောင်းလာခဲ့တယ်။ Chandrakant အပေါ် Delhi ရဲ့ကြိုဆိုမှုက မလှပခဲ့ပါဘူး။ ခရီးရောက်မဆိုက်ပဲ မြို့ခံလူဆိုးဂိုဏ်းအဖွဲ့ဝင်နဲ့ထိပ်တိုက်ရင်ဆိုင်မိပြီး ဓားထိုးခံခဲ့ရပါတော့တယ်။ ဗိုက်တစ်ခုလုံးပွင့်ထွက်သွားပြီး ကလီစာတွေပါထွက်ကုန်ပေမယ့် အသိမိတ်ဆွေမရှိတဲ့ Chandrakant တစ်ယောက် ပွင့်နေတဲ့ဗိုက်ကိုပဝါနဲ့ပတ် ကိုယ့်အားကိုယ်ကိုးပြီးဆေးရုံကိုသွားခဲ့ရတယ်။ ဒီအဖြစ်ကပဲ Chandrakant ရဲ့အမုန်းတရား အာဃာတတွေနဲ့ ကလဲ့စားဆိုတဲ့အရာကို အစပျိုးပေးခဲ့ပြီး Chandrakant ကိုယ်တွင်းကနတ်ဆိုးကို လှုပ်နှိုးပေးလိုက်ပါတော့တယ်။ “မြေနိမ့်ရာ လှံစိုက်” ဆိုသလိုပဲ နိမ့်ပါးတဲ့သူကိုမှ ...
movie
Indian Predator: The Butcher Of Delhi (2022)
5.8
Shuddh Desi Romance (2013)
Shuddh Desi Romance (2013) =========================မင်းသားဆူရှန်းဆင်းရဲ့ လူငယ်တွေကြားမှာ ဖြစ်တတ်တဲ့ အချစ်နဲ့ ဘဝကြားက ဒွိဟသံသယတွေအကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲလူတစ်ယောက်က သူ့ဘဝမှာ တစ်ကြိမ်တစ်ခါတော့ အချစ်နဲ့ထိတွေ့စမြဲပါပဲ..ပြီးရင်တော့ သူ့အချစ်က တည်မြဲပါ့မလား ချစ်ရသူနဲ့လက်ထပ်ရင် အဆင်ပြေပါ့မလား သူချစ်ရသူက သူ့အပေါ်ကောင်းပါ့မလား စသဖြင့် သံသယဝင်တတ်ကြပါတယ်...ဒီဇာတ်ကားလေးမှာလည်း အဲ့ဒီသံသယပေါင်းများစွာနဲ့ လူငယ်လေးသုံးယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဖေါ်ပြထားပြီး ဘဝကြီးရဲ့လှည့်စားမှုတွေကို ကောင်းကောင်းသရုပ်ပြထားပါတယ်...ဟာသလေးတွေလည်း နှောထားလို့ ပျင်းရိစေမှာမဟုတ်တဲ့အပြင် ရိုတဲ့အခန်းလေးတွေနဲ့ ဇာတ်လမ်းကို သက်ဝင်စိတ်လှုပ်ရှားစေခဲ့ပါတယ်...ဒီတော့ ဒီဇာတ်ကားလေးကို ကြည့်ပြီး ကိုယ့်ဘဝရဲ့လက်တွဲဖေါ်ဟာ ဘယ်လိုဖြစ်သင့်လဲဆိုတာကို ဆုံးဖြတ်နိုင်ကြပါစေနော်... File size…2.5GB / 1.14GB Quality…1080p BluRay AAC5.1CH / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by T.A.Y.L.O.R
movie
Shuddh Desi Romance (2013)
2013
7.4
JugJugg Jeeyo (2022)
Jug Jugg Jeeyo (2022) Comedy, Drama, Family IMDb 7.7/10 (29K)ဒီဇာတ်ကားလေးကတော့ လတ်တလောထွက်ရှိထားတဲ့ အိန္ဒိယကားတွေနဲ့ မတူဘဲ အေးအေးလေးနဲ့ ဇာတ်ကို ဆွဲခေါ်သွားမယ့် မိသားစုကားလေးပဲ ဖြစ်ပါတယ်..အဲ..မိသားစုကားဆိုပြီး ကြည့်ကောင်းမှာမဟုတ်ဘူးလို့ စိတ်မပူနေကြနဲ့နော်..ဟာသလေးနှောထားလို့ မြူးမြူးကြွကြွလေးနဲ့ ထိုင်ရယ်နေရမှာနော်...မင်းသားအနေနဲ့ကလည်း ပရိသတ်အချစ်တော် မင်းသားလေး ဗာရွန်းဆိုတော့ သူ့ရဲ့သရုပ်ဆောင်မှုအပိုင်းကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုတော့ပါဘူးမင်းသမီးလေးက ကီယာရာလေးဆိုတော့ သူမရဲ့လှပတဲ့ ရူပါအဆင်းကိုပါ ဆွဲငြိခံစားရမှာဖြစ်ပါတယ်...မင်းသားကြီးအနီလ်ကပူးလည်း ပါဝင်သရုပ်ဆောင်ထားလို့ ဇာတ်က ပိုလို့ကြည့်ကောင်းခဲ့ပါတယ်...ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အိမ်ထောင်ရေးကို စိတ်ကုန်နေတဲ့ ပြည်ပရောက်ဇနီးမောင်နှံဟာ တစ်ယောက်နဲ့တစ်ယောက် ခံစားချက် မရှိတော့လို့ ကွာရှင်းဖို့ဖြစ်လာပါတယ်...အမိမြေမှာ လင်ယောက်ျားရဲ့ညီမဖြစ်သူ မင်္ဂလာပွဲရှိတော့ မင်္ဂလာပွဲပြီးတဲ့အထိ သူတို့ကွာရှင်းမှာကို လူကြီးတွေကို အသိမပေးဘဲ နေခဲ့ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်...ဖြည်းဖြည်းချင်း ညှိနှိုင်းကြမယ်ပေါ့ လူကြီးတွေလည်း စိတ်မညစ်ရအောင် စီစဉ်ကြမယ်ပေါ့...ဒါပေမဲ့ သူတို့ထင်မထားခဲ့မိတာက လင်ယောက်ျားရဲ့ ဖခင်ဖြစ်သူကပါ တိတ်တိတ်ပုန်းလေး ရည်းစားထားပြီး မင်္ဂလာပွဲပြီးတာနဲ့ မိန်းမဖြစ်သူကိုကွာရှင်းပြီး သူ့ရည်းစားနဲ့ လက်ထပ်ဖို့ ကြံနေလေတဲ့အခါ...ကိုယ့်ကိစ္စ သူမသိ..သူ့ကိစ္စကိုယ်ဖြေရှင်းရင်း အခက်အခဲလေးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ...ဖြစ်လာမယ့်အလွဲလေးတွေကို ပါးစပ်မပိတ်တမ်း ရယ်ရမယ့်အပြင် နောက်ဆုံးပိုင်းလေးတွေမှာလည်း ခံစားချက်တွေ တပြုံကြီးနဲ့ ရသတွေပေးသွားမှာမို့ ရယ်လည်းရယ်ရ ငိုလည်းငိုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...လင်နဲ့မယား လျှာနဲ့သွား ဆိုတဲ့အတိုင်း အိမ်ထောင်တစ်ခုမှာ စကားများရန်ဖြစ်ကြတာရှိမယ် အဆင်မပြေမှုတွေများစွာရှိလိမ့်မယ်.. အဲ့ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှ ...
movie
JugJugg Jeeyo (2022)
2022
7.4
Janhit Mein Jaari (2022)
Janhit Mein Jaari (2022)————————————————————တကယ်လို့ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်နေပြီး ဆွေမျိုးမိဘကရော ပတ်ဝန်းကျင်အသိုင်းဝိုင်းကရော ရှေးရိုးစွဲဖြစ်နေတဲ့ နေရာမျိုးမှာ ကွန်ဒုံးရောင်းရမယ်ဆိုရင် ....ကိုယ်ရည်မှန်းထားတဲ့အလုပ်နဲ့ ကိုယ်လုပ်နေရတဲ့အလုပ် မကိုက်လို့စိတ်ညစ်နေလား ဒါမှမဟုတ် ကိုယ်လုပ်နေရတဲ့ အလုပ်အပေါ် မကျေမနပ်ဖြစ်နေပါသလား ဒီရုပ်ရှင်လေးကိုစီးမျောခံစားရင်း သင်ခန်းစာနဲ့ ခွန်အားရယူဖို့တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ===============မာစတာဘွဲ့ပါရထားပေမယ့် ထူထပ်လွန်းတဲ့ လူဦးရေနဲ့အိန္ဒိယမှာ အလုပ်ရဖို့ခက်နေတဲ့ မိန်းကလေးတစ်ယောက်.. အများလိုအချိန်တန်အရွယ်ရောက်အိမ်ထောင်ပြုပြီး လင်ယောက်ျားပေါ်မှီခိုရမယ့်ဘဝမှာမနေချင်တဲ့အမှီအခိုကင်းသူဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်..ကွန်ဒုံးကုမ္ပဏီမှာ အလုပ်ရဖို့ဖြစ်လာပြီး ကွန်ဒုံးရောင်းရဖို့ မားကတ်တင်းဆင်းရတဲ့အခါ…ရှေးရိုးစွဲအယူဝါဒတွေမပျောက်ပျက်သေးတဲ့နယ်မြေမှာ ကွန်ဒုံးရောင်းဖို့ ဘယ်လိုအခက်အခဲတွေတွေ့ရမလဲအချစ်နဲ့ဆုံတွေ့တဲ့အချိန်မှာလည်း ဘယ်သူမှမလုပ်တဲ့အလုပ်ကို လုပ်နေသူတစ်ယောက်မို့ ဘယ်လိုပြဿနာရင်ဆိုင်လာရမလဲ။ ကိုယ့်ရဲ့ရည်မှန်းချက်အတွက် မိသားစုဖိအား အသိုင်းအဝိုင်းဖိအားတွေကို ဘယ်လိုကျော်ဖြတ်မယ်ဆိုတာကို ဇာတ်လမ်းအစကတည်းက ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ စိတ်ဝင်စားအောင်ဆွဲခေါ်သွားနိုင်မယ့် comedy-drama film လေးဖြစ်လို့ ဘောလိဝုဒ်ပရိသတ်များ လိုက်ပါစီးမျောခံစားကြည့်ဖို့အကြုံပြုပေးလိုက်ပါတယ်။ File size…2.07GB / 1.04GB Quality…1080p WEB DL AAC2.0Ch / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lai Laii ~ Lwin Htoo Aung ~ Go-O ...
movie
Janhit Mein Jaari (2022)
7.2
Jaadugar (2022)
Jaadugar (2022) (အညွှန်း)ဒီနေ့မှာတော့ IMDb 7.2/10 ရ အိန္ဒိယ Comedy, Fantasy ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ “Jaadugar” .. “မျက်လှည့်ဆရာ” လို့အဓိပ္ပာယ်ရပြီး ထူးထူးဆန်းဆန်းပဲ အားကစားနဲ့မျက်လှည့်ပညာ ဘာမှမဆိုင်တဲ့အရာနှစ်ခုကိုပေါင်းစပ်သရုပ်ဖော်ထားပြီးရိုက်ကူးထားတာပါ Neemuch လို့ခေါ်တဲ့ မြို့လေးက အိန္ဒိယနိုင်ငံရဲ့ဘောလုံးအားကစားချစ်မြတ်နိုးသူများ ဆုံစည်းရာမြို့ငယ်လေးပေါ့။ နှစ်စဥ်နှစ်တိုင်းလည်း အိမ်နီးချင်းမြို့တွေနဲ့ပြိုင်ပွဲတွေကျင်းပသလို အဲဒီပြိုင်ပွဲမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအမျိုးမျိုးလုပ်ကိုင်တဲ့ ယောက်ျားသားတွေ ဝင်ရောက်ကစားကြတာပေါ့။ အဲဒီထဲမှာ Meenu တော့မပါခဲ့ပါဘူး။ အဖေဖြစ်သူက မြို့ရဲ့ “ငွေတံဆိပ်ဘုရင်” ဂိုးသမားတစ်ဦးဖြစ်ခဲ့ပေမယ့် သူ့အဖေနဲ့အမေကိုသေရတာ ဒီဘောလုံးကြောင့်လို့စိတ်ထဲစွဲနေပြီး Meenu တစ်ယောက်ဘောလုံးကိုယောင်လို့တောင်မကန်ဘဲနဲ့ ငယ်စဥ်တည်းကအိပ်မက်ဖြစ်တဲ့ မျက်လှည့်ပညာရှင်ဖြစ်ဖို့အရေးကိုပဲ ကြိုးစားနေခဲ့တာပါ။ ဒါပေမယ့် တစ်နေ့မှာတော့ ဘဝရဲ့နောက်ဆုံးအချစ်ကိုရှာတွေ့သွားပြီး အချစ်ရဲ့စေခိုင်းမှုနဲ့ ဘောလုံးပြိုင်ပွဲရဲ့ဖလားဆုကြီးကိုအရယူမှဖြစ်တော့မယ့် အခြေအနေရောက်ရှိလာပါတော့တယ်။ ဒီတော့ ဘောလုံးဆိုခြေဖျားနဲ့တောင်မထိခဲ့တဲ့ Meenu ရယ် .. နှစ်အတော်ကြာ ဘာဆုမှမရဘဲ ဘိတ်ချေးဖြစ်နေတဲ့သူတို့အသင်းရယ် .. ဘယ်လိုအလွဲတွေနဲ့နှစ်ပါးသွားကုန်ကြမလဲဆိုတာတော့ ကိုယ်တိုင်ရှုစားရင်းရယ်မောလိုက်ပါတော့။ File size…2.68GB / 1.27GB Quality…1080p NF WEB DL AAC5.1CH / 720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Guu Guu & ...
movie
Jaadugar (2022)
2022
6.5
Godse (2022)
Godse 2022IMDb 6.5/10တစ်ချိန်က နာမည်ကြီး Crash Landing On You ဒရမ်မာရဲ့ နာမည်ကြီးစုံတွဲ BinJin တို့ရိုက်ကူးထားတဲ့ Negotiation ဇာတ်ကားနဲ့ ဆင်တူသော ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် Negotiation ကို မှီငြမ်းရိုက်ကူးထားတယ်ဆိုပြီး ပြောဆိုနေကြတဲ့ ဒီဇာတ်ကားလေးရဲ့အညွှန်းကိုဖတ်ကြည့်ရအောင်။ အိန္ဒိယနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး ဖြစ်တဲ့ Aiahwarya Lekshmiက ဗိုင်ရှာလီအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Satyadev Kancharanaက ဂိုစီအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် ညှိုနှိုင်းဆွေးနွေးရေးလုပ်တဲ့အခါ သူများနဲ့မတူ ကျွမ်းကျင်လှတဲ့ ဗိုင်ရှာလီက နောက်လိုက်အမှားကြောင့် ဓားစာခံကိုယ်ဝန်သည်တစ်ယောက်ကို ဆုံးရှူံးလိုက်ရပြီးသူမကိုယ်သူမအပြစ်ရှိတယ်ခံစားရကာ အလုပ်ထွက်စာတင်ခဲ့ပါတယ် ဒါပေမယ့် သူ့ရဲ့ဒုရဲအုပ်က ဆယ်ရက်အချိန်ပေးပြီးစဉ်းစားခိုင်းခဲ့ပါတယ် ဒီဆယ်ရက်အတွင်းမှာ ထင်မထားတဲ့ပြောင်းလဲမှုကြီး ထွက်ပေါ်လာခဲ့ပါတယ် အဲဒီပြောင်းလဲမှုကြီးကဘာများဖြစ်မလဲ Trauma ရနေတဲ့ ဗိုင်ရှာလီကရော ဓားစာခံတွေကို ထပ်ကယ်တင်ပေးနိုင်မှာလား မင်းသား မင်းသမီး သရုပ်ဆောင်မှုတွေ အထူးသဖြင့် မင်းသမီးနဲ့တင်ကြည့်ရတာတန်နေမှာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်ရှင် Reviewed By Yunni File size….........2.8GB / 1.3GB Quality…..........1080p WEB DL AAC5.1Ch / 720p Format…..........mp4 Duration…........2h 22mins Subtitle…..........Myanmar Subtitle (Hard Sub) Encoder…..........YK Translated by....Lwin Htoo Aung & Yunni & GuuGuu & ...
movie
Godse (2022)
2022
7.1
Thappad (2020)
IMDb (7.1/10) /Rotten Tomatoes 92%Q - ညီမယောက်ျားနဲ့ ဘာဖြစ်လို့ ကွာရှင်းပြတ်စဲချင်တာလဲ A - သူ ပါးတစ်ချက်ရိုက်လိုက်လို့ပါQ - ပါးရိုက်တာ အကြောင်းပြချက်မဟုတ်ပါဘူး တခြားကိစ္စရှိဦးမှာပေါ့ ဘာလဲ သူ့မိသားစုကြောင့်လား A - ဟင့်အင်းQ - သူ ညီမအပေါ် ဖေါက်ပြန်နေလို့လား A - ဟင့်အင်းQ - ညီမက သူ့အပေါ်မှာ ဖေါက်ပြန်နေလို့လား A - ဟင့်အင်းQ - လိင်မှုကိစ္စကြောင့်လား A - ဟင့်အင်းQ - ဒါဆို ပါးတစ်ချက်ရိုက်လိုက်ရုံပဲပေါ့အမျိုးသမီးတစ်ယောက်က သူ့ယောက်ျား သူ့ကို ပါးတစ်ချက်ရိုက်လိုက်တဲ့အပေါ် ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့ဒီစကားအတွက် အတွေးပေါင်းစုံ မေးခွန်းပေါင်းစုံထွက်ကျလာပေလိမ့်မယ်လင်နဲ့မယား လျှာနဲ့သွားပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဟာကိုရှိပါသေးတယ် အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာတဲ့ဘာတဲ့အတွေးအခေါ်ပေါင်းစုံ ဒီတော့ ဒီကားကို ယောက်ျားလေးမိန်းကလေး လူပျိုအပျို အိမ်ထောင်သည်အားလုံးကို ကြည့်စေချင်ပါတယ်တစ်ယောက်အမြင်တစ်မျိုးစီရလိမ့်မယ်လို့ မျှော်လင့်ပါတယ် ကျွန်တော် ဇာတ်လမ်းကို မညွှန်းပေးတော့ဘူးBollywood ကားကြည့်ချင်ပေမယ့် အယောက် ...
movie
Thappad (2020)
2020
4K HEVC Web-DL
6.5
Vaashi (2022)
ဒီတစ်ခေါက်မှာလည်း 6.5 ရရှိထားတဲ့ ရှေ့နေကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဗိုင်ရာဗရာကားထဲမှာမာလာဗီဇီအဖြစ်သရုပ်ဆောင်ခဲ့တဲ့တောင်ပိုင်းမင်းသမီးကီရာသီဆူရတ်ရှ်ခေါင်းဆောင်ပါဝင်ထားတာပါ။ဇာတ်လမ်းအကျဉ်း ============ရှေနေအဖြစ် ဥပဒေအဖွဲ့တစ်ခုမှာ အလုပ်လုပ်နေတဲ့ဥပဒေရှေ့ဖတ်စာရေးမလေး မတ်ဒ်ဟာဗီ။သူ့ကိုကျိတ်ပြီးသဘောကျနေတဲ့ရှေ့နေလေး အဘီ။အနေနီးစပ်ရင်း ချစ်သူတွေကတဆင့်လင်မယားတွေဖြစ်သွားချိန် အဘီကလည်းအစိုးရရှေ့နေဖြစ်သွားသလို မတ်ဒ်ဟာဗီလည်းထင်ရှားတဲ့ရှေ့နေတစ်ယောက်ဖြစ်လို့အပ်လာတဲ့အမှုတစ်ခုအတွက်လင်မယားနှစ်ယောက်တရားခွင်မှာထိပ်တိုက်ရင်ဆိုင်ရချိန်မှာတော့ဘာတွေဆက်ဖြစ်မယ်ဆိုတာရုပ်ရှင်မှာပဲ စီးမျောခံစားလိုက်ပါဦး............ File size…1.6GB/ 752MB Quality…1080p True WEB DL AAC5.1CH/ 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo & Yunni & Go-O & Lai Laii
movie
Vaashi (2022)
2022
7.3
Maamanithan (2022)
ဒီတစ်ခေါက်တော့ IMDB မှာ 7.7 ရရှိထားပြီးတောင်ပိုင်းနာမည်ကြီးမင်သား ဗီဂျေးစည်သူပသီပါဝင်သရုပ်ဆောင်ထားတဲ့ Maamanithan ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကရစ်ရှနာဆိုတာ ရွာလေးတစ်ရွာမှာ သုံးဘီးလေးမောင်းရင်းအသက်မွေးဝမ်းကြောင်းတဲ့သူဖြစ်ပါတယ်။သူ့ရဲ့ စိတ်ကူးအိမ်မက်လေးကတော့ သာယာတဲ့မိသားစုဘဝလေးကို တည်ထောင်ပြီး သူကိုယ်တိုင်စိတ်ကြိုက်ဆောက်လုပ်ထားတဲ့ စိတ်ကူးယဉ်အိမ်လေးထဲမှာ နေချင်သူဖြစ်ပါတယ်။ဒီလိုနဲ့ သဘောကျတဲ့ အမျိုသမီးနဲ့လက်ထပ်ပြီး မိသားစုဘဝလေးကိုတည်ထောင်တဲ့အခါမှာ သူအနေနဲ့ အလုပ်ကိုပိုကြိုးစားဖို့ဖြစ်လာပါတော့တယ်။သုံးဘီးမောင်းရင် တစ်ဖက်တလမ်းကနေပြီး ပွဲစားအလုပ်ကိုတွဲဖက်လုပ်ကိုင်တဲ့အခါမှာတော့ သူ့ရဲ့ဘဝမှာထင်မှတ်မထားတဲ့ အပြောင်းလဲနဲ့ကြုံရပါတော့တယ်။ယုံကြည်လို့ရမယ်ထင်ထားသူရဲ့ သစ္စာဖောက်မှုကြောင့်သူရဲ့သာယာတဲ့မိသာစုလေးဟာ နေ့ချင်းညချင်းပဲလောကဒဏ်ရဲ့ ရိုက်ချက်တွေကို ခံရပါတော့တယ်။ကရစ်ရှနာတစ်ယောက် လောကဒဏ်ရဲ့ ရိုက်ချက်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ?သူ့ရဲ့မိသားစုကရော ပြသနာတွေကို ဖြေရှင်းရာမှာသူ့ဘက်က ရပ်တည်ပေးမှာလား?သစ္စာဖောက်တဲ့သူကရော ဘယ်သူလဲ?အစရှိတဲ့ မေးခွန်းတွေကို အဖြေရှာရင်းကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.93GB / 800MB Quality…1080p WEB DL AAC5.1H / 720p Format…mp4 Duration….2h 2mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & ThuRa & HM
movie
Maamanithan (2022)
2022
8.1
Jungle Cry (2022)
ဒီတစ်ခေါက်မှာတော့ Super 30 တို့လိုပုံစံ Hindi ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDB မှာ 8.1 ထိရရှိထားပြီး NDTV မှာလဲ 4.6/5 ထိရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း ============ကလေးတွေကို စာနဲ့ အားကစားသင်ပေးတဲ့ အင်စတီကျုတစ်ခုမှာ ရုဒရာဟာ အားကစားဆရာတစ်ယောက်ပါ။ ခရစ်ကတ်သည်သာ နိုင်ငံရဲ့အလေးအထားဆုံးဖြစ်နေတဲ့ အိန္ဒိယမှာ ဘောလုံးအားကစားတိုးတက်ဖို့ အသင်းထောင်ဖို့ ရွာတွေအထိ မိုင်ပေါင်းများစွာ သွားပြီးရွက်ပုံးသီးကစားသမားလေးတွေကိုရှာဖွေခဲ့သူပါ။ ဒါပေမယ့်တစ်နေ့မှာတော့ ပေါလ် ဆိုတဲ့သူရောက်လာပြီး လေးလ အတွင်း လန်ဒန်မှာကျင်းပမယ့် အမေရိကန်ဘောလုံး ရတ်ဘီပြိုင်ပွဲအတွက် သူရှာထားတဲ့အသင်းကို လုသွားတဲ့အခါမှာ ရတ်ဘီအားကစားကိုမကြားဘူးတဲ့ကလေးတွေ လန်ဒန်မှာ ဘယ်လိုပြိုင်ကြမလဲ။ ခရီးဝေးတောင်မသွားဘူးတဲ့ရွာကကလေးတွေလန်ဒန်မှာ ဘယ်လိုကြုံကြမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ လိုက်ပါစီးမျော ခံစားလိုက်ကြပါဦး File size…2.08GB / 1.03GB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Allena & OeliuJ & Lwin Htoo
movie
Jungle Cry (2022)
2022
7.9
Mere Desh Ki Dharti (2022)
Mere Desh Ki Dharti(2022) ဆိုတဲ့ အန္ဒိယဟာသ ဒရာမာလေးဟာ ကြည့်ရှူသူတိုင်းကို စိတ်ကျေနပ်မှုပေးမယ့် ဇာတ်ကားကောင်းလေးပါပဲ။ ကျွန်တော်တို့ လက်တွေ့ဘဝတွေမှာလိုမျိုးပဲ သင့်တော်တဲ့အလုပ်ဆိုတာ လူတိုင်းမရနေတဲ့ အကြောင်းလေးကို ဇာတ်အိမ်တည်ထားပြီး ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် ကြည့်ရှုရင်း အမောပန်းပြေရမယ့် ဇာတ်ကားလေးပါ။ အာဂျေးနဲ့စမီးရ် ဟာ လစာနည်းတဲ့ အင်ဂျင်နီယာတွေဖြစ်ကြပြီး သက်ဆိုင်ရာလုပ်ငန်းခွင်မှာ အဆင်ပြေရုံလေးရုန်းကန်နေကြရပါတယ်။ အာဂျေးက လစာနည်းပါး၍ ချစ်သော ဖခင်ရဲ့ ဆူပူမှုတွေကြောင့် စိတ်ညစ်နေရသူဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းလေးတည်ထောင်ချင်နေသူဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းအတွက် လိုအပ်တဲ့ငွေကြေးကို ရှာဖွေရင်း လုပ်နိုင်သမျှ အားလုံးကိုလုပ်နေရသူပါ။ ဒါပေမယ့်လဲ လိုအပ်တဲ့ ငွေရေးကြေးရေးဟာ ရှာမရဘဲ အရာအားလုံးက တလွဲဖြစ်ဖို့ပဲ ဖန်တီးလာပါတယ်။ တစ်ချိန်ထဲမှာပဲ စမီးရ်ဟာ ဆိုရင် ကုမ္မဏီမှာ ရာထူးကောင်းပေမယ့် ယောက္ခမလောင်း အထင်ကြီးလောက်တဲ့ နေရာမှာရှိမနေတဲ့အတွက် ချမ်းသာတဲ့ သူ့ရဲ့ရည်းစားကောင်မလေးနဲ့ ဆက်ဆံရေးအဆင်မပြေလှပါဘူး။ ရှားပါးလှတဲ့ ရာထူးတိုးအခွင့်ရေးကို စောင့်မျှော်နေရင်း ရာထူးတိုးဟာ သူအတွက်မဟုတ်ဘူးဆိုတာ သိလိုက်ရပါတော့တယ်။ ဒါနဲ့သူငယ်ချင်းနှစ်ယောက် တခြားရွာတစ်ခုမှာ သတ်သေကြမယ်ဆိုပြီး တိုင်ပင်ပြီးထွက်ခွာသွားရာမှ ဘဝမှာ မထင်မှတ်ထားတဲ့အပြောင်းလဲတွေနဲ့ကြုံရပါတော့တယ်။ သတ်သေမှုမအောင်မြင်ဘဲ အဲဒီရွာလေးမှာပဲ ပိတ်မိနေပြီး တလွဲတွေဖြစ်နေတဲ့ ရွာသားတွေရဲ့ ဘဝကို ဝင်ရောက်ပြင်ဆင်ပေးဖို့ဖြစ်လာခဲ့ပါတော့တယ်။ ရွာမှာရှိနေတဲ့ လယ်သမားတွေရဲ့ သေဆုံးမှုနောက်ကွယ်က အကြောင်းအရာကို လိုက်လံရှာဖွေဖြေရှင်းရင်း ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသလေးနှောပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File ...
movie
Mere Desh Ki Dharti (2022)
2022
First
58
59
60
61
62
Last
Previous
Next