Channel Myanmar

Bollywood

Savi (2024) 7.6
Savi (2024) Savi (2024) (အသွားမတော်တစ်လှမ်း)နာကူးရ်ဆာဒပ်ဗ်ဟာ မိန်းမနဲ့ ကလေးနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသူတစ်ယောက်ပါ။ တစ်နေ့တော့ အသွားမတော် တစ်လှမ်းဆိုတဲ့အတိုင်းပဲ နာကူးရ်သွားခဲ့တဲ့နေရာမှာ လူသတ်မှုတစ်ခုဖြစ်ခဲ့ပြီး လူသတ်မှုဖြစ်ရာအချိန်အတွင်းမှာ လူသွားလူလာဆိုလို့ နာကူးရ်တစ်ယောက်ပဲရှိတာကို စုံစမ်းရမိတဲ့အခါမှာတော့ ရဲတွေဟာ ဖမ်းဝရမ်းနဲ့ နာကူးရ်တို့အိမ်ကို ရောက်လို့လာပါတော့တယ်။နာကူးရ်ကတော့ အဲဒီအချိန်မှာ သူတစ်ယောက်တည်းမဟုတ်ဘဲ သူနဲ့အတူ လူတစ်ယောက်ရှိကြောင်း၊ အဲဒီလူနဲ့ ဝင်တိုက်ခဲ့မိကြောင်း၊ ဝင်တိုက်ရင်း အဲဒီလူရဲ့ ကြယ်သီးဟာ ကွဲပြီး ပြုတ်ထွက်သွားကြောင်း အခိုင်အမာပြောဆိုနေပါတယ်။နာကူးရ်တစ်ယောက်တည်းမဟုတ်ကြောင်း သက်သေပြဖို့အတွက် ကြယ်သီးတစ်ခြမ်းပဲ့လေးကို ရှာတွေ့ရင် အထောက်အကူဖြစ်နိုင်ကြောင်း မိန်းမဖြစ်သူ ထောင်ဝင်စာလာတွေ့တော့ ပြောပြခဲ့ပါတယ်။ဒီလိုနဲ့ မိန်းမဖြစ်သူဟာ ရှေ့နေအာနူနဲ့အတူ နာကူးရ်ရဲ့ အမှုကို ဘယ်လိုတွေ ဖြေရှင်းပေးသွားမလဲ ...... နာကူးရ်ဟာရော ဒီလူသတ်မှုနဲ့ တကယ်ရော အဆက်အစပ်မရှိတာ သေချာရဲ့လား .... ဆိုတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)File size…1.9GB / 900MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle ...
movie

Savi (2024)

2024
The Extraordinary Journey of the Fakir (2018) 7.2
The Extraordinary Journey of the Fakir (2018) The Extraordinary Journey of the Fakir (2018)IMDb Rating (6.8 )ဒီရုပ်ရှင်ကားကတော့ The Boys ထဲက Starlight အဖြစ် လူသိများတဲ့ မင်းသမီး Erin Moriarty နဲ့ အိန္ဒိယတောင်ပိုင်းမင်းသား Dhanush တို့ပါဝင်ထားတာကြောင့်ထူးခြားတဲ့ အတွဲအဖက်နဲ့ Adventure Comedy Drama ရုပ်ရှင်ကားဖြစ်ပါတယ်။အာဂျာအဖြစ် ဒနွတ်ရှ်ဟာ ငယ်စဉ်ကတည်းက ဆင်းရဲလို့ အမေဖြစ်သူရဲ့ လိုအင်နဲ့ ဆန့်ကျင်ဖက်အဖြစ်ခါးပိုက်နှိုက်တလှည့် မျက်လှည့်ဆရာတလှည့်ဘဝနဲ့  မွေးရပ်ဇာတိ အိန္ဒိယနိုင်ငံမှာပဲ အချိန်ကုန်ကြီးပြင်းခဲ့ရပါတယ်။ဒါပေမယ့်သူ့မှာ ပြင်သစ်ကိုသွားဖို့ အိမ်မက်တစ်ခုရှိပါတယ်...ဘာလို့လဲဆိုတော့ အဖေဖြစ်သူကို ရှာဖွေဖို့ပါ....ဒါကြောင့်မလို့ အမေဖြစ်သူဆုံးသွားတဲ့နောက်မှာတော့ သူ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ ပဲရစ်မြို့ကို ချီတက်လာခဲ့ပါတော့တယ်။ပဲရစ်က အီဖယ်တာဝါမှာ ချစ်စရာကောင်းတဲ့ Starlight မလေး မေရီနဲ့ တွေ့ဆုံပြီး မြင်မြင်ချင်းချစ်မိသွားခဲ့ပေမယ့်အိန္ဒိယနိုင်ငံသား တစ်ယောက် ကမ္ဘာတခွင်မှာ ဘယ်လိုတွေအလွဲလွဲအချော်ချော် ဖြစ်မလဲဆိုတာ....။ File size…(1.7 GB )/(1 ...
movie

The Extraordinary Journey of the Fakir (2018)

2018
Yevam (2024) 7.2
Yevam (2024) Yevam (2024)ဆယ်လီမုဆိုးIMDb-8.5/10ဆယ်လီတစ်ယောက်နာမည်ကြားရုံနဲ့ အရူးအမူးသည်းသည်းလှုပ်ပြီး ဘာမဆိုလုပ်ပေးဖို့အဆင်သင့်ဖြစ်နေပြီး ဆယ်လီတွေကိုမှ‌ အရူးအမူးချစ်တတ်တဲ့ကောင်မလေးတွေကိုပဲ ရွေးပြီးထောင်ချောင်ဆင်တတ်တဲ့ ဆယ်လီမုဆိုးယူဂန်ဒါ။ဆယ်လီမုဆိုးမှာလည်း အတိတ်ကထရော်မာတစ်ခုရှိနေခဲ့တယ် ။ သိပ်လှတဲ့ဇနီးဖြစ်သူက သူ့အလှအပတွေက သူ့ထက်သာတဲ့ ဆယ်လီမင်းသားနာမည်ကြီးတွေနဲ့မှ ထိုက်တန်တယ်ဆိုပြီး တက်သစ်စမင်းသားတစ်လက်နဲ့ဖောက်ပြန်သွားခဲ့တယ် ။အတိတ်က မကောင်းတဲ့မိန်းမတစ်ယောက်ကြောင့် လက်ရှိမှာ မိန်းမပေါင်းများစွာ ထောင်ချောက်ဆင်ဒုက္ခပေးနေတဲ့ ယူဂန်ဒါကို ပညာပေးဆုံးမသွား‌မဲ့သူကလည်း စောမြဆိုတဲ့ရဲမေလေးတစ်ယောက်။စောမြဆိုတာက ရဲမေအလုပ်ကိုဝါသနာကြီးလွန်းလို့သာလုပ်နေပေမဲ့ မိသားစုပတ်ဝန်းကျင်ကလည်း ဝေဖန်ပြစ်တင်ကြသလို စခန်းတွင်းမှာလည်း မကြိုဆိုကြဘဲ ရဲဋ္ဌာနကိုစဝင်တဲ့နေ့မှာပဲ ဖိုင်အပုံလိုက်ကြားမှာ စာရွက်စာတမ်းတွေ ခွဲစီရတဲ့နေရာကိုတန်းရောက်သွားတယ်။တခြားမိန်းကလေးတွေရဲ့ ပြဿနာထက် သူ့ကိုယ်ပိုင်ပြဿနာတွေက ပထမဆုံးအတားအဆီးဖြစ်နေတဲ့ စောမြတစ်ယောက် အချိန်တိုအတွင်း ဘယ်လိုဖြေရှင်းသွားမလဲ ယူဂန်ဒါဆိုတဲ့ ဆယ်လီမုဆိုးကရော အဲဒီလောက်ရိုးရှင်းပြီး ဖမ်းရလွယ်ကူနေပါ့မလားထရော်မာတစ်ခုကြောင့် တရားခံဖြစ်လာသူနဲ့ ကိုယ့်ဘဝကို ကိုယ်တိုင်ထုဆစ်လာတဲ့ရဲမေတို့ ဘယ်လိုဆုံတွေ့ အားပြိုင်ကြမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် File size… 1.9GB / 939MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Yevam (2024)

2024
Mr. & Mrs. Mahi (2024) 6.5
Mr. & Mrs. Mahi (2024) IMDb 6.5/10 Rotten tomato 64%မာဟန်ဒရာဆိုတဲ့​ကောင်လေးခရစ်ကတ်ကစားသမားနဲ့ ဆရာဝန်မလေး မာဟီမာတို့ကို သူတို့ရဲ့မိဘ​တွေလက်ထက်ဖို့စီစဥ်ကြရာက​နေ ဇာတ်လမ်း​​လေးကိုအစပျိုးပဲဖြစ်ပါတယ်။ခရစ်ကတ်အရှုံးသမား​လေးနဲ့ဆရာဝန်မ​လေးတို့မှာ မာဟီဆိုတဲ့နာမည်​ပြောင်တူ​နေကြတာက​နေ အချင်းချင်းနီးစပ်လာကြပါ​တော့တယ်။ ဒီလိုနဲ့ပဲတစ်​နေ့မှာ​တော့ မာဟီမာတစ်​ယောက် ​ ခရစ်ကတ်နဲ့​ဘောလုံးကိုရိုက်လိုက်တာကို မာဟန်ဒရာမြင်သွားပြီး​နောက်မှာ ပါရမီပါလာတာကိုသတိထားမိပြီး သူ့မိန်းမကို ခရစ်ကတ်ကစားသမားတစ်​ယောက်ဖြစ်လာ​အောင် သင်​ပေးဖို့ကြိုးစားလာပါ​တော့တယ်။မာဟီမာကလဲဆရာဝန်ဘဝကိုစွန့်လွှတ်ပြီး သူဝါသနာပါတဲ့ ခရစ်ကတ်ကစားတာကို စိတ်နှစ်ဖို့လုပ်လာတဲ့အခါမှာ လင်မယားနှစ်​ယောက်အတူတူလက်တွဲပြီး ပြိုင်ပွဲ​တွေကိုရင်ဆိုင်​ကျော်ဖြတ်ကြပါ​တော့တယ်။အညွှန်းနဲ့ဘာသာပြန်က​တော့ CM Bollywood team ပဲဖြစ်ပါတယ်။ File size… 2.06GB / 1GB  Quality…WEB DL 1080p / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood team 
movie

Mr. & Mrs. Mahi (2024)

2024
Chalti Rahe Zindagi (2024)
Chalti Rahe Zindagi (2024) Chalti Rahe Zindagi (2024) "ဘ၀အဖုံဖုံ"လောင်ရုံတင်မက ပြာပါကျသွားမဲ့အရှုပ်တော်ပုံကြီးကို ဖန်တီးရိုက်ကူးတင်ဆက်ထားတဲ့ ဟင်ဒီရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်။၀ူဟန်ကတဆင့် ပျံ့ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစိုးရက အိမ်ပြင်မထွက်ကြဖို့ တောင်းဆိုထားချိန်။ဒီလော့ခ်ဒေါင်းကြောင့်ပဲ အိမ်နီးချင်းအိမ်ထောင်သည်တွေထဲက လင်ဖြစ်သူနဲ့ မယားဖြစ်သူတို့ ဖောက်ပြန်နေကြတာ ပေါ်လာခဲ့တယ်။မတူညီတဲ့မိသားစုသုံးခုရဲ့ သပွတ်အူလိုရှုပ်ထွေးလှတအကြောင်းအရာတွေ။မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေကို သူတို့တွေရင်ဆိုင်ခံစားရင်း ကျော်ဖြတ်နိုင်ကြမလားဆိုတာတွေကို ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…1.8GB / 906MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Chalti Rahe Zindagi (2024)

2024
Bhaiyya Ji (2024) 6.6
Bhaiyya Ji (2024) Bhaiyya Ji (2024)"အစ်ကိုကြီး အဖအရာ" ================================The Family Man ထဲက သဘာဝမင်းသားကြီး မာနို့ဂျ်ရဲ့ IMDb 6.6/10 ရ ကလဲ့စား အက်ရှင်သည်းထိတ်ရင်ဖိုရုပ်ရှင်အသစ် ott ထွက်ရှိလို့လာပြီ။ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ်ပြည်နယ်ထဲက ဖြစ်ရပ်မှန်တွေပေါ်မှာ အခြေခံထားတယ်လို့လည်း ဒါရိုက်တာဖြစ်သူက ပြောပြထားပါတယ်။ဇာတ်လမ်းကတော့ မာနို့ဂျ်သရုပ်ဆောင်ထားတဲ့ ဇာတ်လိုက်ဖြစ်သူ ရမ်ချာရန်ရဲ့ မင်္ဂလာပွဲအတွက် သူ့ရဲ့ညီဖြစ်သူဟာ သူတို့ရဲ့ မွေးရပ်မြို့ဆီကို ပြန်လာနေတုန်းမှာ အကြောင်းပြချက်မရှိ ပျောက်ဆုံးသွားတဲ့အတွက် ရမ်ချာရန်တစ်ယောက် လိုက်ရှာဖို့ကြိုးစားရင်း တစ်နွယ်ငင်တစင်ပါဆိုသလို အမှိုက်ကစ ပြဿာဒ်မီးလောင်ကာ နိုင်ငံရေးသမား အကောင်ကြီးကြီးတွေနဲ့ငြိပြီး မီးခိုးကြွက်လျှောက်ဖြစ်ပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။သဘာဝမင်းသားကြီး မာနို့ဂျ်ရဲ့ အက်ရှင်အကြမ်းပတမ်းတွေကို မြင်တွေ့ရမှာဖြစ်လို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ချန်နယ်မြန်မာ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bhaiyya Ji (2024)

2024
Chandu Champion (2024) 8.3
Chandu Champion (2024) Chandu Champion (2024) "ချန်ပီယံ"ဒီတစ်ခါမှာဆိုရင် ရီဗျူးကောင်းတွေရထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိ အားကစားရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်Freddy ရုပ်ရှင်မှာ သွားဆရာဝန်ဆိုပြီး နာမည်ကြီးခဲ့တဲ့ မင်းသား ကာacတစ်ခ် ပါဝင်ထားတာ ဖြစ်ပါတယ်၁၉၅၂ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ အိန္ဒိယကိုယ်စားပြု နပမ်းသမား ကာရှာဘာ ကြေးတံဆိပ်ဆုရပြီး ပြန်လာချိန်....နယ်ဘူတာရုံလေးက အားပေးကြိုဆိုကြတဲ့ လူထောင်သောင်းချီကြားမှာ မူရ်လီ ဆိုတဲ့ကောင်လေးလည်း အပါအဝင်ပေါ့အဲဒီကစလို့ အိုလံပစ် ချန်ပီယံဖြစ်ရမယ်လို့ ဆုံးဖြတ်လိုက်တဲ့ ကောင်လေး အိမ်က အားမပေးခွင့်မပြုတဲ့ကြားက ရွာက နပမ်းဆရာဆီမှာ ပညာသင် အစွမ်းကုန်ကြိုးစားတယ်တစ်နေ့မှာတော့ အိုလံပစ်ပြိုင်ခွင့်ရဖို့ စစ်တပ်ထဲ ဝင်ဖို့လိုတယ်လို့ လူတစ်ယောက်က သူ့ကိုပြောလာတော့ စစ်တပ်ထဲ ဝင်သွားပါလေရော ဒီကနေ ကံကြမ္မာအလှည့်အပြောင်း အလီလီကျော်ဖြတ်လို့ မလျှော့တဲ့ ဇွဲလုံ့လကြောင့် အိန္ဒိယပထမဆုံး အိုလံပစ် ရွှေတံဆိပ်ရှင်ဖြစ်လာပုံကို ခေတ်အခြေအနေတို့နဲ့ တွဲလျက် တင်ဆက်ထားတဲ့ ရုပ်ရှင်လေးလို့ ညွှန်းလိုက်ပါတယ်ဗျအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 3.4GB / ...
movie

Chandu Champion (2024)

2024
Raju Yadav (2024) 5.4
Raju Yadav (2024) Raju Yadav 2024 (အပြုံးမင်းသားလေးရာဂျူး)ယခုတစ်ခါမှာတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ တေလဂူဟာသကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ရာဂျူးဆိုတဲ့ကောင်လေးဟာ ခရစ်ကတ်ကစားရင်း ဘောလုံးမှန်သွားရာက မိဘတွေက ဆေးခန်းလိုက်ပြပေးရာမှာ ဆရာဝန်က ဆေးရုံကိုလွှတ်ပေမယ့် အကုန်အကျများမှာ စိုးရိမ်ပြီး ဆေးခန်းကဆရာဝန်ကိုပဲ ကုသပေးဖို့ တောင်းဆိုကြပါတယ်။သွားနှစ်ချောင်းကျိုးသွားပြီး သွေးထွက်မတိတ်တဲ့အတွက် သွေးကြောကို ချုပ်ရတဲ့အခါမှာ ဆရာဝန်ရဲ့လက်စွမ်းပြမှုကြောင့် ရာဂျူးဟာ ပြုံးပြုံးကြီးဖြစ်သွားပါတော့တယ်။ သူဟာ စားလည်းပြုံးပြုံးကြီး၊ အိပ်လည်း ပြုံးပြုံးကြီး၊ ဝမ်းနည်းလည်းပြုံးပြုံးကြီး ၊ ပျော်လည်းပြုံးပြုံးကြီးဖြစ်နေတဲ့အတွက် တခြားဒေါက်တာနဲ့ သွားရောက်ပြသတဲ့အခါမှာ ခွဲစိတ်မှပဲ သက်သာမှာဖြစ်ပြီး ၃-၄သိန်းလောက်ကုန်ကျမယ်ဆိုတဲ့အခါမှာ ငွေကြေးခက်ခဲတဲ့ သူတို့မိသားစုအတွက် အခက်ကြုံရပါတော့တယ်။ဒီလိုနဲ့ အမြဲပြုံးပြုံးကြီးနေရတဲ့ ရာဂျူးဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာတော့ ....... အမြဲတမ်း ပြုံးပြုံးကြီးဖြစ်နေတဲ့ သူ့ဘဝမှာ သူချစ်တဲ့ကောင်မလေးဝင်ရောက်လာနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားသွားမလဲ ..... သူ့မျက်နှာအနေအထားကို ပြင်ဆင်နိုင်ဖို့အတွက်ရော လိုအပ်တဲ့ပိုက်ဆံကို ရှာဖွေနိုင်မှာလား ...... အမြဲပြုံးပြုံးကြီးဖြစ်နေတဲ့ မျက်နှာကြီးနဲ့ သူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းသွားမလဲ...... ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…2.24GB / ...
movie

Raju Yadav (2024)

2024
A Journey to Kasi (2023) 7
A Journey to Kasi (2023) A Journey to Kasi (2023) "ကာစီသို့ မျဉ်းပြိုင်၂ကြောင်း"ဒီတစ်ခေါက်မှာတော့ စိတ်ဝင်စားစရာ အပြိုင်ဆန့်ကျင်ဘက်နိယာမသဘောကို ဆောင်တဲ့ ဇာတ်လမ်းလေး၂ခုကို ယှဥ်ပြီးရိုက်ကူးထားတဲ့ ဘောလိဝုဒ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဥ်းပါရဂူဘွဲ့လွန်ကျောင်းသား တစ်ယောက်ဖြစ်တဲ့ ဂျက်ဝက်ဘာတစ်ယောက် တစ်ညမှာ အမျိုးသမီးပြည့်တန်ဆာတစ်ယောက် လမ်းမပေါ်မှာ အမျိုးသားတချို့ဝိုင်းဝန်း အနိုင်ကျင့်နေတာကို တွေ့ပြီးကူညီကယ်ဆယ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း သူတို့နှစ်ယောက်ဆက်တွေ့ဖြစ်ခဲ့ကြပြီး ဂျက်ရဲ့ ဆရာကိုရှာဖို့ ကာစီမြို့ကို အတူရှာဖွေရေးတစ်ခုထွက်ခဲ့ကြပါတယ်။နောက်ထပ်ဇာတ်လမ်းတစ်ခုမှာလည်း ဆမ်ဘိုင်ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာလည်း သူ့ရဲ့သား ဆီဗာနာဒါကို ကာစီမြို့ကို ဘုရားဖူးထွက်ချင်လို့ လိုက်ပို့ခိုင်းပါတယ်။ ဒါပေမဲ့ အဲ့ဒါကရော သဘောရိုးနဲ့ဟုတ်ရဲ့လား ဆီဗာနာဒါမိသားစုထဲမှာရော ဘာတွေဖြစ်ပြီး ဆွယ်သာကရော ကာစီမြို့နဲ့ဘယ်လိုဆက်စပ်နေမလဲဆိုတဲ့ အပြိုင်ဆန့်ကျင်ဘက်သဘောတရား နိယာမ ဇာတ်လမ်းလေးကို ကြည့်ရှူအဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျ။ဇာတ်လမ်းနဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ်ခင်ဗျာ။ File size…2.38GB / 1.12GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

A Journey to Kasi (2023)

2024
Kapil Return (2023) 6.2
Kapil Return (2023) Kapil returns 2024 အိပ်မက်ပန်းတိုင်မနက်ခင်းနိုးထလာရင် ပျော်စရာတွေနဲ့အစပြုတတ်တဲ့မိသားစုတစ်စု ယောကျာ်းကအလုပ်သွားဖို့ပြင်ဆင် မိန်းမကအိမ်မှုကိစ္စလုပ် သားဖြစ်သူဘာရတ်ကစာတွေလုပ်ရင်းပေါ့ သားဖြစ်သူကိုမျှော်မှန်းထားကြတာက ဒေါက်တာတစ်ယောက်ဖြစ်ဖို့ အကောက်ခွန်ဦးစီးဖြစ်ဖို့ စသဖြင့်ပါဒါပေမဲ့ဒီကလေးက ခရစ်ကတ်မှာ ပါရမီပါလာပါတယ် ခရစ်ကတ်မှာနာမည်ကြီးတစ်ယောက်ဖြစ်ချင်ပေမဲ့ ဖခင်ဖြစ်သူကတော့ ခရစ်ကတ်ဆိုအရမ်းမုန်းတီးတာပါ ဘော်လီဘော ဘောလုံးကြိုက်တာကစားလို့ရပေမဲ့ ခရစ်ကတ်ကိုတော့ အသုံးမဝင်တဲ့ကစားနည်းလို့မှတ်ယူထားတာပေါ့ သူဒီလိုမုန်းတီးရတာလည်းအကြောင်းရှိပါတယ်ခရစ်ကတ်ကို အရမ်းသဘောကျခဲ့ပေမဲ့ အကြောင်းတချို့ကြောင့်ခရစ်ကတ်လောကထဲကထွက်ခဲ့ရလို့ပါ ဒါကဘာများဖြစ်မလဲဖခင်မုန်းတီးနေတဲ့ခရစ်ကတ်ကိုမှ ဝါသနာပါမိသူဘာရတ်နဲ့ အထိမခံမုန်းတီးနေတဲ့အာရှို့ခ်ကြား ဘယ်လို၂ပါးသွားမယ်ဆိုတာ ထင်မှတ်မထားတဲ့ plot twist တွေနဲ့ ခံစားကြည့်ရှုလိုက်ပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…1.9GB / 940MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 51mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by CM Bollywood Team
movie

Kapil Return (2023)

2023
Kill (2023) 8
Kill (2023) Kill (2023) "ရထား"IMDb 7.0အချစ်ဇာတ်လမ်းနဲ့ ခပ်ကြမ်းကြမ်းအက်ရှင်အမိုက်စားတို့ကို ပေါင်းစပ်ထားတဲ့ အက်ရှင်ရုပ်ရှင်လေးကို streaming ထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ကွန်မန်ဒို ကပ္ပတိန်အာမစ်ရာထောသ် စစ်ဆင်ရေးက ပြန်အရောက် ချစ်သူလေးက ရေးကြီးသုတ်ပျာ ဖုန်းဆက်ခေါ်ပါသတဲ့သူ့ကိုအဖေဖြစ်သူက အတင်းစေ့စပ်ပေးတော့မယ်ဆိုတာ သိသိရချင်း လိုက်သွားပြီး ခိုးပြေးဖို့ စီစဥ်ပေမယ့် ကောင်မလေးက အန္တရာယ်များတာကြောင့် ခဏစောင့်ခိုင်းထားပြီး ဒေလီညရထားနဲ့ လိုက်သွားပါတယ်အာမစ်လည်း ဒေလီညရထားအမီ လိုက်လာခဲ့ပြီး ရထားပေါ်မှာ ချစ်သူနှစ်ယောက်အတွေ့ လက်ထပ်ခွင့်တောင်း ခေါင်းတွေညိတ်လို့ ရှေ့ဆက်မယ်ကြံကာမှ ဓားပြတစ်သိုက် ရထားပေါ်ရောက်နေတာ သိလိုက်ရတယ်ကွန်မန်ဒိုရယ် သူ့ဘော်ဒါတစ်ယောက်နဲ့ ဓားပြတွေကို ရထားပေါ်မှာ ဘယ်လိုဖိုက်ကြမလဲ အသက်ရှူမနားရအောင် အက်ရှင်ပြကွက်ခပ်သွက်သွက်နဲ့ အပိုတွေသိပ်မလုပ်ဘဲ ဒဲ့ဗျင်းတာကို ပရိတ်ကြီး ရှုစားရမှာပါအညွှန်းနဲ့ ဘာသာပြန်ကတော့CM Bollywood Team က ဖြစ်ပါတယ် File Size....1.7GB / 751MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kill (2023)

2024
Kaazh (2024)
Kaazh (2024) Kaazh (2024) ရွှေပြည်တော် မျှော်တိုင်းဝေး Genre – Dramaတစ်ရွာမပြောင်း သူကောင်းမဖြစ်လား၊ သေချင်တဲ့ကျား တောပြောင်းလား ဘာပဲနေနေ ကျွန်တော်တို့ တချို့အာရှနိုင်ငံက လူတွေဟာ နိုင်ငံခြားကို သွားအလုပ်လုပ်ကြ ကျောင်းတက်ကြနဲ့ အရင်ခေတ်ကတည်းက စလို့ ခုထက်ထိ အင်မတန်ခေတ်စားတဲ့ အလုပ်တစ်ခုပါပဲ။ဒီရုပ်ရှင်လေးထဲမှာလည်း ဒီလိုပါပဲ သြစတြေးလျနိုင်ငံမှာ သွားရောက်နေထိုင် အလုပ်လုပ် စာသင် ကြိုးစားရုန်းကန်နေရတဲ့ တမီးလ်လူမျိုးများရဲ့ ဘဝအကြောင်းလေးတွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ခေါင်းပုံဖြတ် အမြတ်ကြီးစား လူမျိုးချင်းတောင် ငွေမပေးချင်ပဲ ညစ်ပတ်တဲ့ အလုပ်ရှင်နဲ့ လင်မယားနှစ်ယောက်ခမျာ ကြိုးစားရုန်းကန်ရပုံတွေ။ ပညာရေးအရည်အချင်း တော်ပေမဲ့လည်း ကိုက်ညီတဲ့အလုပ်အကိုင် ရှာမရတဲ့အတွက် ဖြစ်သလို နေထိုင်ရုန်းကန်ဖို့ ကြုံရာအလုပ်လေးတွေလုပ်ပြီး အလုပ်အမဲလိုက်နေရတဲ့ ကျောင်းသားလေးတွေ။သူများနိုင်ငံ သွားနေထိုင်နေပေမဲ့လည်း သူတို့ ဥပဒေတွေကို လက်တစ်လုံးခြားလုပ်စားပြီး အောင်မြင်ကြီးပွားနေတဲ့လူတွေလည်း ရှိကြတာတွေ စသဖြင့် အကြောင်းအရာပေါင်းစုံလေးတွေကို ပေါင်းစပ်တင်ပြထားတဲ့ အိန္ဒိယရုပ်ရှင်ကားလေး ဖြစ်ပါတယ်။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်ခင်ဗျာ) File size…1.53GB / 670MB Quality…WEB DL 1080p ...
movie

Kaazh (2024)

2024
Laila Majnu (2018) 7.7
Laila Majnu (2018) Laila Majnu (2018) ကိန္ဒရီ ကိန္ဒရာ ဒဏ္ဍာရီ Genre – Drama, Romance IMDB – 7.7/10၇ ရာစုလောက်မှာ Layla and Majnun ဆိုတဲ့ အာရေဗျ အချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့တယ်။ ခုထက်ထိ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြီး ပါရှားဒေသ၊ အာရေဗျဒေသနဲ့ အာရှတစ်လွှား လူတိုင်းက ပြောဆိုခဲ့ကြတဲ့ ရှေးဟောင်းရိုးရာ ပုံပြင်လေးတစ်ပုဒ်ပေါ့။ အချစ်ပုံပြင်လေးသာဆိုတာပါ ပျော်ရွှင်စရာအတိချည်းပဲတော့ ဖြစ်မနေပါဘူး ဆရာကြီး ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက်ဆန်ဆန်ပဲ ပြောရမှာပေါ့လေ။ဒါပေမဲ့ ဒီပုံပြင်လေးဟာ ကြီးမားလှတဲ့ အချစ်စွမ်းအားတွေ၊ ကွဲကွာခြင်းရဲ့ သေလုမတတ် နာကျင်ရခြင်းတွေ၊ အသိုင်းအဝိုင်းတွေရဲ့ ကန့်သတ်မှု ပညတ်ချက်တွေကို မီးမောင်းထိုးပြထားတာပါ။ ဒီ ရိုးရာပုံပြင်လေးကိုပဲ အိန္ဒိယနိုင်ငံရဲ့ အေးချမ်းသာယာလှပတဲ့ ကက်ရှမီးယားပြည်နယ်မှာ အခြေပြုပြီး ယနေ့ခေတ်ကာလအတိုင်း ပြန်လည် ဆန်းသစ်ထားတဲ့ အချစ်ရုပ်ရှင်လေး ဖြစ်ပါတယ်။ လိုင်လာဆိုတာက စိတ်ကူးယဉ်ဆန်ဆန် အချစ်ရဲ့အကြောင်းတွေကို တွေးတောမှိန်းမောပြီး ရင်ခုန်နေတဲ့ လှပချောမောတဲ့ မိန်းမပျိုလေးတစ်ယောက်။ထူးဆန်းတဲ့ အိပ်မက်တစ်ခုကိုလည်း ထပ်ခါတလဲလဲ ...
movie

Laila Majnu (2018)

2018
Kurangu Bommai (2017) 7.9
Kurangu Bommai (2017) Kurangu Bommai (2017) "မျောက်ရုပ်" IMDb - 7.9/10လတ်တလော ဟစ်ဖြစ်နေတဲ့ Maharaja(2024)ရဲ့ ဖန်တီးရှင်ဒါရိုက်တာကြီး Nithilan Swaminathan ရိုက်ကူးထားတဲ့ ၂၀၁၇ခုနှစ်က ဇာတ်လမ်းဟောင်းလေးကို တောင်းဆိုမှုတွေကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။အဂမ်ဘာရမ်ဆိုတာ ရှေးဟောင်းရုပ်တုတွေကို မှောင်ခိုကူးနေတဲ့ လူမိုက်ခေါင်းဆောင်ကြီးတစ်ယောက်။ ဆွန်ဒါရမ်က အဂမ်ဘာရမ်ရဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် ခင်မင်ရင်းနှီးတဲ့မိတ်ဆွေဆိုလည်းဟုတ်။ ဆွမ်ဒါရမ်မှာ ကာဒီရ်ဆိုတဲ့ ချန်နိုင်းမှာ အငှားယာဉ်မောင်းသားတစ်ယောက်ရှိပါတယ်။ ကာဒီရ်က ဗီဂျီဆိုတဲ့ကောင်မလေးနဲ့ ချစ်ခင်စုံမက်တာကြောင့် လက်ထပ်ပေးဖို့သွားကြောင်းလမ်းခဲ့ပေမဲ့ ကောင်မလေးအဖေဖြစ်သူ သဘောမတူတာကြောင့် အဆင်မပြေခဲ့။မိန်းမတောင်းရာက ယောက္ခထီးနဲ့ပြဿနာတက်လာပြီး ဘူနေတဲ့ ကာဒီရ်တစ်ယောက် ချန်နိုင်းကိုပြန်လာတဲ့အချိန် ဘတ်စ်ကားမှတ်တိုင်မှာ အိတ်တလုံးကို ရူပီးဆယ်သန်း အိပ်ရာအောက်မှာထားအိပ်ဖို့ရည်မှန်းချက်ကြီးနဲ့ ခါးပိုက်နှိုက်က ခိုးပြေးပါရော။ ဒီမှာပဲ ကာဒီရ် ခါးပိုက်နှိုက်ကိုလိုက်ဖမ်းပြီး အိတ်ပြန်ယူလာခဲ့ပေမဲ့ ပိုင်ရှင်ကမရှိတော့။ အဲဒါနဲ့ ဖေ့စဘွတ်မှာ အိတ်ပိုင်ရှင်ပြန်လာယူဖို့ ပို့စ်တင်ချိန်မှာတော့ မထင်မှတ်ထားတဲ့ပြဿနာတွေ သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.1GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard ...
movie

Kurangu Bommai (2017)

2017
Vayassethrayayi Muppathi (2024) 6.7
Vayassethrayayi Muppathi (2024) Vayasethrayaayi Muppathiee ( 2024 ) သတို့သမီးရှာပုံတော်Imdb 8/10မင်းသား ပရာဆန့် မူရာလီ အဓီကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဟာသကားလေးကို အခုတစ်ခေါက်မှာ တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းအသက် ၃၀ အရွယ် ဘရီဂက်ရှ်ဟာ အခုချိန်ထိ လူပျိုကြီးဘဝနဲ့ တစ်ကိုယ်တည်းအားထုတ်နေရတဲ့သူ ဖြစ်တဲ့အလျောက် ပတ်ဝန်းကျင်ကြားမှာလည်း မျက်နှာငယ် ရွယ်တူအပေါင်းအသင်းတွေကြားမှာလည်း မျက်နှာငယ်ရရင်း နေထိုင်နေပါတယ်။ တကယ်တော့ သူဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အကျိုးဆောင်တစ်ယောက်ကို အကူအညီတောင်းပြီး လက်ထပ်ပွဲ ဖြစ်မြောက်နိုင်ဖို့ အားစိုက်ခဲ့ပေမဲ့ ကံဆိုးစွာနဲ့ အကြောင်းအမျိုးမျိုးကြောင့် တစ်ပွဲမှ မအောင်မြင်ခဲ့ပါဘူး ။ ဒါကြောင့် သူကိုယ်တိုင်လည်း ဒီလိုအခြေအနေနဲ့ ပတ်သက်လို့ အရမ်းကိုမှ စိတ်ဖိစီးနေခဲ့ရပြီး သူ့ရဲ့သတို့သမီးလောင်းလေးနဲ့ ဘယ်အချိန်မှများ တွေ့ရမလဲလို့ သောကရောက်နေရရှာပါတယ်ဒီကားထဲမှာဆိုရင်တော့ တကယ့်အပြင်လောကက အိန္ဒိယမှာလို အခြေခံလူတန်းစားတွေ အိမ်ထောင်တစ်ခုတည်ထောင်ရာမှာ ဘယ်လိုအခက်အခဲတွေရှိတတ်ပြီး သာမန်ပတ်ဝန်းကျင်နဲ့ မိသားစုအတွင်းမှာရော ဘယ်လိုအလွဲလေးတွေ အတင်းအဖျင်းတွေ ရှိတတ်ကြောင်းတို့ကို ပေါ့ပေါ့ပါးပါး ဟာသလေးလည်းနှောပြီး ဒရာမာဆန်ဆန် ရိုက်ကူးထားတာဖြစ်လို့ ပိတ်ရက်မှာ အပန်းဖြေတဲ့အနေနဲ့ ကြည့်လို့ရအောင် CM ကနေ တင်ဆက်ပေးလိုက်ပါတယ်ရှင်အညွှန်းနှင့်ဘာသာပြန်ကတော့ CM ...
movie

Vayassethrayayi Muppathi (2024)

2024
Laandhar (2024) 5.6
Laandhar (2024) Laandhar 2024 ( လူထူးဆန်း) Imdb -7.8လူနေထူထပ်လှတဲ့ Coimbatore မြို့တော်ကြီးမှာထူးဆန်းတဲ့အမှုကိစ္စတစ်ခုထွက်ပေါ်လာပါတယ် ဂေါ်ပြားကိုကိုင် မိုးကာကြီးဝတ်ထားတဲ့လူတစ်ယောက်က သူ့လမ်းမှာရှိသမျှလူတိုင်းကို မညှာမတာရိုက်ပစ်တာပါ သူ့ကြောင့်ဆေးရုံတင်ရပြီး အသက်လုနေရတဲ့နစ်နာသူတွေလည်းဒုနဲ့ဒေးဖြစ်လာခဲ့တယ် ဒါကြောင့်ရဲတွေဝင်ပါလာရပြီး ဒီလူကိုအင်တိုက်အားတိုက်ရှာရပါတော့တယ် ဒါပေမဲ့သာမန်လူမဟုတ်တဲ့ ဒီလူထူးဆန်းကြောင့် ရဲတွေပါဆေးရုံတင်ရတဲ့အထိဖြစ်လာတော့ ဒီအမှုထဲ ACP အာရာဗင်ဝင်ပါလာရပါတော့တယ်ACP အာရာဗင်အကြောင်းပြောရရင် ဒီလူကလာဘ်မစား တရားမျှတမှုဘက်တော်သားပေါ့ဗျာ သူ့အထက်ကလူတွေတောင် သူ့ကိုပြန်ကြောက်ရတဲ့အထိ‌ လုပ်ရည်ကိုင်ရည်လည်းရှိတယ် သူ့အမျိုးသမီးကတော့ လူတအားကြောက်ပါတယ် ပြောရရင်တစ်ယောက်တည်းနေရမှာလည်းကြောက်တတ်ပြီး ‌အကြောက်လွန်ရင် မေ့လဲတတ်တဲ့ရောဂါရှိသူတစ်ဦးပါ ကံဆိုးချင်တော့ ဒီလူထူးဆန်းကိစ္စကိုလိုက်မိရာကနေ မိန်းမဖြစ်သူပျောက်သွားလေတော့ သူဘယ်လိုတွေကြိုးစားအားထုတ်ပြီး ပြန်ရှာဖို့ကြိုးစားမယ်ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Thura ~ ToMo တို့ပဲဖြစ်ပါတယ် ) File size… 1.6GB / 713MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ Thura ~ ...
movie

Laandhar (2024)

2024
Babumoshai Bandookbaaz (2017) 7.1
Babumoshai Bandookbaaz (2017) Babumoshai Bandookbaaz (2017)IMDb Rating -7/10 Google User - 86% Genre - Crime/Thrillerဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက ချန်နယ်မြန်မာမှာ တောင်းဆိုမှုအများဆုံးဇာတ်ကား တစ်ကားဆိုရင် မမှားပါဘူး။ အချစ်အတွက်နဲ့ တောင်ဖြိုပြခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့ အကြိုက်မင်းသားကြီး Nawazuddin Siddiqui ရဲ့  2017 က ထွက်တဲ့ ဂန်းစတား ဘဝ သရုပ်ဖော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။သဘာဝကျတဲ့ ဇာတ်ရုပ်တွေကိုအပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့မင်းသားကြီးနဝဇ်ရဲ့ ကားဆိုတော့မကောင်းမှာ မပူရသလို၊ လူ့သဘာဝနဲ့ လူ့စိတ်ကို အကောင်းဆုံး ပြသပေးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အပစ်အခတ် အသတ်အပုတ်တွေ ကြမ်းသလို၊ အချစ်ခန်းတွေကလည်း ကြမ်းပါတယ်။ ဒါ့အပြင် ဒီကားက မင်းသမီး Bidita Bag လက်စွမ်းပြလိုက်တဲ့ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကို လက်ဖျားခါရပါတယ်။ဇာတ်ကားအကြောင်းအရာကို မညွှန်းတော့ပါဘူး။ တစ်ခါတစ်လေဇာတ်လမ်းအကြောင်းအရာကို ဖတ်ကြည့်တာထက်ကိုယ်တိုင်ကြည့်လိုက်တာက ပိုကောင်းလို့ပါ။ ပြောလိုတာကတော့မြင်နေကျ ဂန်းစတားတွေလိုစကားတွေအများကြီး မပြောပါဘူး။မျက်နှာတွေ ရှုံ့မပြပါဘူး။ မျက်နှာ အမူအရာတွေ ၊မျက်လုံးအကြည့်တွေ၊သီချင်းတွေနဲ့တင် မြိုင်ဆိုင်ပြည့်စုံနေတဲ့ကြေးစားလူသတ်သမား၂ယောက်ရဲ့ ကစားပွဲပါ။ ဒီကစားပွဲကို ...
movie

Babumoshai Bandookbaaz (2017)

2017
Anjaamai (2024) 7.5
Anjaamai (2024) Anjaamai (2024) "အကြောက်တရားမဲ့" IMDb - 7.6/10၂၀၁၇ခုနှစ်က ဖြစ်ရပ်မှန်တွေကို အခြေခံထားတဲ့ တမီးလ်ရုပ်ရှင်။ ခေတ်စနစ်ဆိုးတစ်ခုရဲ့သားကောင်ဖြစ်ရတဲ့ အောက်ခြေလူတန်းစားတွေရဲ့ ပညာရေးအတွက်ရုန်းကန်ရပုံတွေနဲ့ စနစ်ထဲက မကောင်းတဲ့အရာရှိတွေရဲ့အကျင့်ပျက်ခြစားပုံတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်။မိုးတွေသည်းကြီးမည်းကြီးရွာနေတဲ့တစ်နေ့ ကောင်လေးတစ်ယောက် ရဲစခန်းထဲကိုဝင်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ တိုင်ချက်ဖွင့်ချင်လို့တဲ့။ ဘယ်သူ့ကိုလဲဆိုတော့ အစိုးရကိုတဲ့။အဲဒီကောင်လေးက ပုံမှန်တမီးလ်အစိုးရကျောင်းငယ်လေးမှာတက်ရင်းနဲ့ ခရိုင်အဆင့်မှာ ထိပ်ဆုံးအဆင့်ကိုရောက်ခဲ့တဲ့သူ။ သူ ပညာရေးမှာကြိုးစားဖို့ အဖေဖြစ်သူ ဆာကာက ပန်းစိုက်ရင်းခက်ခဲပင်ပန်းစွာနဲ့ ပုခုံးထမ်းတင်ပေးခဲ့။အဖေဖြစ်သူ ဆာကာက ရပ်ရွာအကျိုးကို ကိုယ်ကျိုးစွန့်တဲ့ထိလုပ်ကိုင်ဆောင်ရွက်တတ်တဲ့သူ။ သားဖြစ်သူ ထိပ်ဆုံးအဆင့်နဲ့ စာမေးပွဲအောင်ချိန် ဆရာဝန်ဖြစ်ဖို့ကြိုးစားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကြောင့် တစ်မိသားစုလုံးပျော်ရွှင်နေကြတာပါ။ ဒီလိုကောင်လေးက ရဲစခန်းထဲကိုဝင်လာပြီး ဘာကြောင့် အစိုးရကိုတိုင်ချက်ဖွင့်ချင်ရတာလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.14GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Anjaamai (2024)

2024
The Akaali (2024) 7.8
The Akaali (2024) Akaali (2024)မသေမျိုးမေလ ၃၁ ရက်နေ့မှာ စတင်ရုံတင်ပြသခဲ့တဲ့ အိန္ဒိယ Thriller ရုံတင်ကားကြီး Akaali နဲ့ မိတ်ဆက်ပေးပါရစေ အိန္ဒိယကားတွေထဲမှာမှ ထူးထူးခြားခြား အောက်လမ်းပညာပါတဲ့မှုခင်းတစ်ခုအကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာတော့... လွန်ခဲ့တဲ့ ၇ နှစ်က ဖြစ်ပျက်ခဲ့တဲ့မှုခင်းတစ်ခု...အစကတော့ မူးယစ်ဆေးဝါးမှုအနေနဲ့ပဲ စတင်စုံစမ်းခဲ့တာ စုံစမ်းရင်းနဲ့ နက်နဲလာတဲ့အခါ ကောင်မလေး တစ်ယောက်ပြန်ပေးဆွဲခံရတာတွေ မြို့တစ်မြို့ထဲမှာတင် လူ ၁ သောင်းကျော် ပျောက်ဆုံးသွားတာတွေ သင်္ချိုင်းဖောက် အလောင်းတွေ တူးထုတ်ခံရတာတွေနဲ့ ဆက်စပ်နေတာ တွေ့ရတယ်ဒါပေမဲ့ အဲဒီအမှုက အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းခဲ့ပြီး ၇ နှစ်အကြာမှာမှ ပြန်စစ်ဆေးဖို့ ဖြစ်လာခဲ့တယ် အဲဒီအမှုကို ခေါ်တာက "ဂျာနစ်လူသတ်မှု"ဂျာနစ်ဆိုတာက လူလား အဖွဲ့အစည်းလားတော့ ဘယ်သူမှမသိခဲ့ကြဘူး နည်းပညာ တိုးတက်ပြီးသားနိုင်ငံမှာ အောက်လမ်းတွေ အယူသည်းတာတွေ ယဇ်ပူဇော်တာတွေက ရှိနေသေးတယ်ဆိုရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်ခဲ့တာလဲမှုခင်းတွေရဲ့ နောက်ကွယ်မှာရော ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေတာလဲ အဖြေထုတ်ရခက်တဲ့ ပွေလီရှုပ်ထွေးမှုတွေနဲ့ အောက်လမ်းနည်းပညာတွေ၊ နောက် စုံစမ်းစစ်ဆေးမှုတွေကြားထဲက ကွက်လပ်တွေ မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ သဲထိတ်ရင်ဖို ဖြစ်ရပ်တွေကို cinematic ရိုက်ကူးချက်အလန်းစားတွေနဲ့ ကြည့်ချင်တော့ ဒီကားလေးကို ဆက်ဆက်ကြည့်ရှုဖို့ ...
movie

The Akaali (2024)

2024
Chef Chidambara (2024) 7.8
Chef Chidambara (2024) Chef Chidambara (2024) ====================ဒီနေ့မှာတော့ ကျွန်တော်တို့ ဘောလိဝုဒ်ပရိသတ်တွေအတွက် ရင်တထိတ်ထိတ်နဲ့ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb rating လည်း တော်တော်လေးကောင်းတဲ့ကားမို့ အားလပ်ချိန်မှာကြည့်ရှူဖို့အတွက် သင့်လျော်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျား။ဇာတ်လမ်းအကျဉ်းချီဒူးဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ဘိုးဘွားပိုင် ကမ်းခြေဘေးက ဟိုတယ်တစ်ခုကို ပေါင်ထားရပြီး ပြန်ရွေးနိုင်ဖို့အတွက် အတော်လေးရုန်းကန်ကြိုးစားနေရပါတယ်။သတ်မှတ်ထားတဲ့အချိန် ငွေမပေးနိုင်လို့ တစ်လလောက်အချိန်ထပ်ပေးဖို့ သွားပြောရင်း သူဌေးဖြစ်သူရဲ့ အမျိုးသမီးနဲ့ခေတ္တတွေ့ခဲ့ပြီး သူဌေးကိုပေးနိုင်ဖို့ ပိုက်ဆံရှာဖို့ ခေါင်းစားနေတုန်းမှာပဲ ခုနက သူဌေးကတော်ဖြစ်သူက လူအများသိလို့မရတဲ့ အရာတစ်ခုကို ကူညီပေးဖို့ပြောလာပါတယ်။ဖြစ်ပုံက သူဌေးကတော်ရဲ့ လက်ရှိအိမ်ထောင်မတိုင်ခင်မှာ တွဲခဲ့တဲ့ ဗစ်ကီဆိုတဲ့ ဘဲတစ်ဗွေက သူတို့အတူနေထားတဲ့ပုံတွေ ဗီဒီယိုတွေကို ရိုက်ထားပြီး သူ့ကိုလာပြီး ငွေညှစ်နေတာကို ချီဒူးကိုအဲ့ဒီဖိုင်တွေ သွားယူပြီး သူတောင်းတဲ့ပိုက်ဆံ ၁၀သိန်းကိုပေးခိုင်းဖို့လုပ်ပါတယ်။ ဒါပေမဲ့ အဲ့လိုလုပ်ဖို့ ချီဒူးတိုက်ခန်းဆီ ဗစ်ကီရောက်သွားတဲ့အချိန်မှာ မတော်တဆ အဲ့ဒီလူကသေသွားပါတယ်။ ဒါပေမဲ့ဇာတ်လမ်းက အဲ့ဒီမှစတာပါ။ ပုံတွေ ဗီဒီယိုတွေ ပါတဲ့ဖုန်းက ဗစ်ကီဝရံတာမှာ ဖုန်းထွက်ပြောတုန်း ကားတစ်စီးပေါ်ပြုတ်ကျပြီး ပါသွားတာပါ။ အဲ့ဒါကိုသူလည်းမသိလိုက်ပါဘူး။ဆိုတော့ ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်မလဲ ဖုန်းကို ...
movie

Chef Chidambara (2024)

2024