Channel Myanmar

Bollywood

Kis Kisko Pyaar Karoon (2024) 5.6
Kis Kisko Pyaar Karoon (2024) Kis Kisko Pyaar Karoon (2015)"ဘယ်သူ ကိုယ့်လောက်ချစ်မလဲ" IMDb - 5.6/10Netflixကတင်ဆက်ပေးခဲ့တဲ့ရှိုးမှာ အရမ်းပေါက်ခဲ့တဲ့ The Great Indian Kapil Showက ကာပီလ်ရဲ့ ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။မတော်တဆ အသဲကွဲတမ်းကစားမိတာမဟုတ်ဘဲ ကံကောင်းလားဆိုးလားဝေခွဲမရဘဲ မိန်းမသုံးယောက်ရသွားရှာသူ။ဘယ်လိုမှ ငြင်းဆန်မရဘဲ ယူလိုက်ရတဲ့ မိန်းမသုံးယောက်ကို တစ်နေရာဆီမှာထားရင်း အဆင်ပြေအောင်နေဖို့ကြိုးစားရှင်သန်ဖို့ကြိုးစားခဲ့။ခက်တာက တစ်နယ်ဆီမှာထားတော့ တစ်ယောက်ကို တစ်ညနှုန်းနဲ့ ကျန်တဲ့နှစ်ညက အလုပ်သွားရမှာဆိုပြီး ဆင်ခြေပေးထားတာဆိုတော့ ကျန်တဲ့နှစ်ယောက်က မနက်ခင်းအာဘွားလေးပေးစေချင်တဲ့အတွက် ဆရာသမားတိုင်ပတ်ပါလေရော။ဒီမှာ သူငယ်ချင်းဖြစ်သူရှေ့နေရဲ့ အကြံဉာဏ်အတိုင်း သုံးယောက်လုံးကို အဆောက်အဦးတစ်ခုတည်းက မတူညီတဲ့အလွှာတွေမှာ တစ်ခန်းစီထားဖို့ စီစဉ်ပါတော့တယ်။ဒီမှာပဲ ဆရာသမားကြုံတွေရတဲ့ ဒုက္ခသုခတွေကို မပြုံးဘဲ ဝါးလုံးကွဲရယ်ရင်းခံစားကြည့်ရှုရမှာပါ။ (စာကြွင်း - မိန်းမမပြောနဲ့ စော်တောင်မရှိတဲ့ ကလေကချေအက်ဖ်အေတွေကြည့်ရှုရန်မသင့်ကြောင်း)(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.06GB /1.43GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kis Kisko Pyaar Karoon (2024)

2015
Kailasa Kasidre (2024) 7.6
Kailasa Kasidre (2024) Kailasa Kasidre 2024 ပျားရည်ဆမ်းခရီးလမ်းဒီတစ်ခါမှာတော့ စော်မလိုက်တတ်တဲ့ဘဲကြီးတွေနဲ့ တော်ကီအလန်းနဲ့မချုပ်တတ်တဲ့လူတွေဖို့ ဟာသလည်းရ ပညာလည်းရမဲ့ကားလေး တင်ဆက်ပေးထားပါတယ်ဒီပါ့ခ်နဲ့ အန်ဂျလီတဲ့ သူတို့တွေ့ဆုံပုံက မီးပွိုင့်မိရင်းစခဲ့တယ် ဘေးချင်းယှဉ်ရပ်မိရင်း ဇာတ်လမ်းဖြစ်တည်ခဲ့ပုံက ရုပ်ရှင်ဆန်ဆန်ပေါ့ မြင်မြင်ချင်း သဘောကျမိသွားလို့ အန်ဂျလီ့နောက်တစ်ကောက်ကောက်လိုက်ရင်း သူ့ဖြစ်တည်မှုတွေကို အသေးစိတ်စုံစမ်းခဲ့တယ်အရမ်းလိုချင်နေရင် ရကိုရတယ်ဆိုတဲ့ သူ့ခံယူချက်နဲ့ ဒီပါ့ခ်တစ်ယောက် အန်ဂျလီ့ကိုရဖို့ကြိုးစားရာကနေ မထင်မှတ်ထားတဲ့ ကိစ္စကြီးတစ်ခုထဲပါသွားခဲ့ရတယ် အန်ဂျလီကလည်း ခေသူမဟုတ် ရုပ်လေးရော ဘော်ဒီလေးပါမိုက်တဲ့အပြင် အလုပ်အကိုင်လေးကလည်းကောင်းဆိုတော့ တော်ရုံလူစိတ်ထဲမထည့်တတ်သူလေး ဒီလိုကောင်မလေးအချစ်ကိုရဖို့ ဒီပါ့ခ်တစ်ယောက် ဘယ်လိုတွေကြိုးပမ်းပြီး ဘာတွေဆက်ဖြစ်သွားမယ် သူ့ဘဝဘာတွေပြောင်းလဲကုန်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ကြပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် ) File size… 2.6GB/ 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 53min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni ~ Alex ~ ToMo
movie

Kailasa Kasidre (2024)

2024
Theppa Samudram (2024) 8.1
Theppa Samudram (2024) Theppa Samudram 2024 လူပျောက်ရှာပုံတော်IMDb -8.2/10Plot twistများများနဲ့ တေလဂူ crime drama ကိုနှစ်သက်တဲ့ CM Bollywood ပရိသတ်တွေအတွက် တေလဂူမင်းသားကြီး Arjun Ambatiရဲ့ Crime dramaလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးထဲမှာတော့ ဖောင်ဒေးရှင်းတည်ထောင်သူအင်ဒူ ၊ အင်ဒူကို တိတ်တခိုးချစ်ရပေမဲ့ ငြင်းခံရမှာကြောက်လို့ပြောမထွက်တဲ့ဗီဂျေးနဲ့ အမှုကိုစုံစမ်းမယ့်SI ဂနေ့ရှ်တို့ပေါင်းပြီး အမှုဖော်ထုတ်ကြပုံကို ကြည့်ရှုခံစားရမှာပါ။သပ်ပါဆာမူဒရမ်ဆိုတဲ့ရွာလေးမှာ 2006 ခုနှစ်ကစလို့ 6 နှစ်တစ်ကြိမ် ကျောင်းသူလေးတွေ ပျောက်ဆုံးမှုဖြစ်နေပါတယ်။ ရဲဘက်ကလည်း ဟိုလူထင် ဒီလူထင်နဲ့ အမှုမပေါ်တာ အခု 2024 မှာ အန်ဂျလီဆိုတဲ့ကောင်မလေးပါ ထပ်ပြီး ပျောက်ဆုံးသွားတဲ့အထိပါပဲ။ဘယ်သူမှ မဖော်ထုတ်နိုင်သေးတဲ့ ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ဖြစ်လာတာကတော့ SIအသစ်ဂနေ့ရှ် တစ်ဖက်က နယ်သရာဖောင်ဒေးရှင်းအင်ဒူကလည်း ဒီအမှုကိုအစရှာဖို့ကြိုးစားရင်း သူ့ကိုချစ်နေတဲ့ ဗီဂျေးဆိုတဲ့ အော်တိုကားသမားလေးလည်း အမှုထဲပါဝင်လာတဲ့အခါ...တွင်းနက်ကြီးလိုပဲ တစ်စတစ်စ အမှုလိုက်လေ သံသယဖြစ်စရာလူတွေက ပိုများလာလေနဲ့ ဒီလူ 3 ယောက် ပျောက်သွားတဲ့မိန်းကလေးတွေကို ရှာဖွေပြီး တရားခံကိုဖော်ထုတ်နိုင်မလား ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ...
movie

Theppa Samudram (2024)

2024
Saamaniyan (2024) 6
Saamaniyan (2024) Saamaniyan (2024)"လူသားပိုးဖလံများ" ===============================တမီလ် ခေတ်ဟောင်းမင်းသားကြီးတွေရဲ့ အသစ်ထွက် ဘဏ်ဓားပြရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် နိုင်ငံရေးလောကထဲရောက်သွားကြတဲ့ တစ်ခေတ်တစ်ခါက ထိတ်ထိတ်ကြဲအောင်မြင်ခဲ့တဲ့ တမီလ်အနုပညာသမားကြီးတွေရဲ့ come back ရုပ်ရှင်ဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းကတော့... အငြိမ်းစားစစ်ထွက်တစ်ယောက်ဖြစ်တဲ့ ဆန်ကာရာဟာ မြေးဖြစ်သူရဲ့မွေးနေ့အတွက် ရွာကနေ မြိုကိုတက်လာခဲ့ပြီး မြိုကို ရောက်တဲ့အခါ မြေးဖြစ်သူရဲ့ မွေးနေ့ပွဲကို မသွားခင် ဘဏ်ကို ပိုက်ဆံဝင်ထုတ်ရင်း အကွက်ကျကျစီစဉ်ထားတဲ့ ဘဏ်ဓားပြမှုတစ်ခုထဲမှာ ကြားညှပ်သွားပုံကို စိတ်ဝင်စားဖွယ် ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။တမီလ် ဂန္တဝင်ကြီးတွေရဲ့ တစ်ကျော့ပြန်ရုပ်ရှင်ဖြစ်တဲ့အပြင် ဇာတ်လမ်းကလည်း လှည့်ကွက်တွေနဲ့ တော်တော်လေးမိုက်တာမလို ချန်နယ်မြန်မာပရိသတ်တွေအတွက် Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်...။ File size… 2.55GB / 1.23GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Saamaniyan (2024)

2024
Rooban (2024) 7.5
Rooban (2024) Rooban 2024 (အပစ်ပယ်ခံ လူသားတစ်ယောက်) IMDb - 8.6/10တောအုပ်ကြီးတစ်ခုရဲ့ ဘေးကရွာလေးတစ်ရွာ ရှန်မူဂမ်ဆိုတဲ့လူတစ်ယောက် သူ့ရဲ့အမျိုးသမီးဖြစ်သူ နဲ့အတူ နေထိုင်ပါတယ်။သူတို့အိမ်ထောင်သက်က အနည်းငယ်ကြာပြီဆိုပေမဲ့ သားသမီးမထွန်းကားတာကြောင့် သူတို့ကို လာဘ်မကောင်းဘူး နမိတ်မကောင်းဘူးဆိုပြီး တစ်ရွာလုံးက သာရေးနာရေးကိစ္စ အဝဝမှာ လူလုပ်ပြီးမဖိတ်ဘဲ ပစ်ပယ်ထားကြပါတယ်။ဒါတင်မကသေးဘဲ အတင်းအဖျင်းတွေပါပြောသေးတော့ ရှန်မူဂမ်တစ်ယောက် စိတ်ထဲသိမ်းထားရတာတွေများလာတဲ့နောက် မဖြေသိမ့်နိုင်တော့ဘဲ အရက်တွေသောက်ပြီး တစ်ရွာလုံးကို ငိုပြီးသူ့ခံစားချက်တွေကို ပြောပါတော့တယ်။အဲ့လိုပြောရင်းပဲ သူ့ကိုဒီလိုပစ်ပယ်ထားတဲ့ ရွာသားတွေ တစ်နေ့သူ့ခြေရင်းမှာခပြီး ဝပ်တွားတောင်းပန်လာစေရမယ်လို့ ကျိန်ဆိုသွားခဲ့ပါတယ်။ ဆိုတော့ အပစ်ပယ်ခံဆင်းရဲသား ရှန်မူဂမ်တစ်ယောက် သူပြောသလိုဖြစ်သွားမှာလား ဘာတွေလုပ်ပြီးဖြစ်အောင်လုပ်မှာလဲဆိုတာ စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျာ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ။) File size…3GB / 1.5GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Rooban (2024)

2024
Rakshana (2024) 7.8
Rakshana (2024) Rakshana 2024 (ချိုချဉ်ကောင်လေးရဲ့ ကလဲ့စား) IMDb - 8.1/10ကီရန်ဆိုတဲ့ကောင်မလေးနဲ့ ပရီယာဆိုတဲ့ကောင်မလေးဟာ အချစ်ရဆုံးသူငယ်ချင်းတွေပေါ့။ ကီရန်ဟာ ရဲအရာရှိစာမေးပွဲအောင်ပြီးတော့ တာဝန်ကျမှာကို စောင့်နေတဲ့အချိန်မှာ ပရီယာဟာ တိုက်ပေါ်ကနေ ပြုတ်ကျ သေဆုံးသွားခဲ့ရပါတယ်။ကီရန်ဟာ သူ့သူငယ်ချင်းသေဆုံးမှုကို သွေးရိုးသားရိုးမဟုတ်ဘဲ လူသတ်မှုလို့ ကောက်ချက်ချခဲ့ပါတယ်။ အကြောင်းကတော့ သူ့သူငယ်ချင်းရဲ့ အလောင်းနားကို ပြုံးပြုံးကြီးကြည့်နေတဲ့ ချိုချဉ်စုပ်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရလို့ပါပဲ။ ဒီလိုနဲ့ သူ့အချစ်ဆုံးသူငယ်ချင်းရဲ့ အမှုနောက်ကိုလိုက်ရင်း သူတာဝန်ကျတဲ့အချိန်မှာ ဒီလို အလားတူအမှုတွေနဲ့ ကြုံလာရတဲ့အချိန်မှာတော့ ........ ပရီယာရဲ့ သေဆုံးမှုနောက်ကွယ်ကအကြောင်းကို ကီရန်တစ်ယောက်ဖြေရှင်းနိုင်သွားမှာလား ..... ချိုချဉ်စုပ်နေတဲ့ ကောင်လေးကရော ဒီလူသတ်မှုနဲ့ ဘယ်လိုတွေ ဆက်စပ်နေလဲ ......ကီရန်တစ်ယောက် အမှုတွေကို ဘယ်လိုဖော်ထုတ် အဖြေရှာသွားမလဲဆိုတာတွေကို ကြည့်ရှုရမယ့် မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.25GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 18min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Rakshana (2024)

2024
Super Nani (2014) 4.8
Super Nani (2014) Super Nani (2014)"တုနှိုင်းမဲ့မေတ္တာ" =============================3 idiots ထဲက ရာဂျူးနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ရှာရ်မန်ဂျိုရှီရဲ့ ၂၀၁၄ တုန်းက ထွက်ရှိခဲ့တဲ့ မိဘမေတ္တာဖွဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ကမ္ဘာပေါ်မှာ ၂၄ နာရီ ၇ ရက် တစ်နှစ်ပတ်လုံး နားရက်မယူ နားချိန်မထားဘဲ အလုပ်တွေလုပ်နေရပြီး လစာမရဘဲ အလုပ်လုပ်နေရတဲ့သူပေါင်း သန်းနဲ့ချီပြီးရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ သူတို့ကတော့ မိခင်တွေဖြစ်ပါတယ်။မိခင်တွေဟာ သူတို့ရဲ့ဘဝသက်တမ်းတွေကို မိသားစုအတွက်ပဲ အချိန်ပြည့်ပေးဆပ်ထားပေမဲ့ များသောအားဖြင့်တော့ သူတို့ထိုက်တန်သလောက် အသိအမှတ်ပြုမခံကြရပါဘူး။ဒီရုပ်ရှင်ထဲမှာလည်း မာနိုရာရဲ့ အဘွားဖြစ်သူ ဘာတီဟာ ငယ်ရွယ်ချိန်ကတည်းက မိသားစုအတွက်ပဲတွေး၊ မိသားစုအတွက်ပဲ အကောင်းဆုံး လုပ်ကိုင်ပေးခဲ့ပေမဲ့ လင်ယောက်ျားကနေစပြီး သား၊ သမီး၊ ချွေးမတွေအထိ သူ့ကို အနှောင့်အယှက်လို့ပဲမြင်ပြီး အသိအမှတ်မပြုခဲ့ကြပါဘူး။အဲဒီလို သူ့အဘွားကို မလေးမစားလုပ်နေတာတွေကို မျက်လုံးထဲ ကန့်လန့်ဖြစ်နေတဲ့ မာနိုရာဟာ သူ့အဘွားရဲ့တန်ဖိုးကို သူတို့မိသားစုဝင်တွေသိဖို့အတွက် သူ့အဘွားကို ပုံစံပြောင်းပေးပြီး အခွင့်အလမ်းအသစ်တွေလည်း ရှာပေးခဲ့ပါတယ်။သူတို့တွေ ဘာတီရဲ့တန်ဖိုးကို နားလည်လာကြမှာလား၊ အပြင်မှာရော အဲဒီလို ထိုက်သင့်သလောက် အသိအမှတ်အပြုမခံရတဲ့မိခင်တွေ ဘယ်လောက်တောင်ရှိနေလဲ၊ မိခင်တွေရဲ့ ပေးဆပ်မှုတွေက ဘယ်လောက်ကြီးမြတ်လဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ ...
movie

Super Nani (2014)

2014
Adi (2023) 5.5
Adi (2023) Adi (2023) "ရန်ငြှိုး"CM ပရိသတ်အတွက် ဒီတစ်ခါမှာဆိုရင် မလေယာလမ် မိသားစု/ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နန်ဒူဟာ ဂီတီဆိုတဲ့ သွက်လက်ချက်ချာ ကောင်မလေးနဲ့ စေ့စပ်ထားသူဖြစ်ပြီး လက်ထပ်ရဖို့အရေး စိတ်လှုပ်ရှားလို့မဆုံး ဖြစ်နေသူပါရုံးမှာ လက်မှတ်ထိုးတဲ့နေ့ အမျိုးတွေ တရုန်းရုန်းနဲ့ တက်ကြွလှုပ်ရှားဖွယ် နေ့လေးမှာမှ အပြန်လမ်းမှာ ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရှေ့မကြည့်နောက်မကြည့် မောင်းလာတာကို ဆဲလိုက်မိရာကနေ အချင်းများရန်သတ်ကြပြီး ရခါစဇနီးနုနုထွတ်ထွတ်လေးရှေ့မှာ အရိုက်ခံလိုက်ရတဲ့အတွက် ဇနီးအသစ်စက်စက်ရှေ့မှာ သိက္ခာကျသလိုခံစားသွားရတဲ့ မင်းသားဖြစ်သူက သူ့သိက္ခာအဖတ်ဆည်ဖို့အရေး ပြန်လက်စားချေဖို့ကြိုးစားရာ ဘယ်လိုတွေဆက်ဖြစ်မှာလဲ ယောကျာ်းမာနအကြောင်းကို ဟာသနှောပြီး ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးကို အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 1.9GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Adi (2023)

2023
Maharaja (2024) 8.6
Maharaja (2024) Maharaja (2024) လက်ရှ်မီး ပဟေဠိ Genre – Action, Drama, Thriller IMDB – 8.6/10အားလုံး စောင့်မျှော်နေကြမယ့် မင်းသားကြီး ဗီဂျေးစည်သူပတိရဲ့ အသစ်စက်စက် လျှို့ဝှက်သည်းဖို အက်ရှင်ကားလေး ထွက်ရှိလာခဲ့ပါပြီ ရုံတင်ငွေကနေလဲ အမြတ်စွန်း ကောင်းကောင်းပြန်လည်ရရှိထားတဲ့ အက်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်ဒါရိုက်တာကလည်း ၂၀၁၇ ခုနှစ်ထွက် မှုခင်းကားကောင်း Kurangu Bommai ကို ရိုက်ကူးပေးထားတဲ့ Nithilan Swaminathan ပါ။မင်းသားကြီးကိုတော့ ဒီထဲမှာ မထုံတတ်တေးပုံစံနဲ့ အသာလေး ကြမ်းပြတာကို မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက် ဇာတ်လမ်းလေးကတော့ ဆန်းပါတယ်… ဆန်းဆို “မဟာရာဇာ” ဆိုတာက ဆံပင်ညှပ်ဆိုင်လေးဖွင့်ထားတဲ့ ဆံသဆရာတစ်ယောက်၊ သမီးဖြစ်သူ ငယ်စဉ်ကတည်းက ဇနီး ဆုံးပါးသွားခဲ့တာကြောင့် အဖေတစ်ခု သမီးတစ်ခုနဲ့ ဘဝကို ရိုးရှင်းစွာ နိစ္စဓူဝ ဖြတ်သန်းနေရသူပေါ့။သမီးဖြစ်သူ “ဂျိုသီ” က ကျောင်းစာထက် အားကစားဖက်ကို စိတ်အားထက်သန်ပြီး ထူးချွန်သူပါ။ ဒါပေမဲ့ သူတို့အိမ်မှာ သားအဖနှစ်ယောက်တည်းတင် မဟုတ်ပါဘူး “လက်ရှ်မီး” ဆိုတာ ရှိပါတယ်၊ သူတို့အမေလည်းမဟုတ် ...
movie

Maharaja (2024)

2024
4K HEVC
Ek Kori Prem Katha (2024) 6.8
Ek Kori Prem Katha (2024) Ek Kori Prem Katha 2024 ရှေးရိုးစွဲရွာကခေတ်သစ်သမီးပျိုIMDb - 6.1/10ခုခေတ်မှာ virginityက ဘဝကြီးမဟုတ်ဘူးဆိုပြီး ပြောနေကြပေမဲ့ ကမ္ဘာကြီးရဲ့ တစ်ထောင့်တစ်နေရာထက်ပိုတဲ့နေရာမှာတော့ virgin serious တွေရှိနေဆဲပါပဲ။အခုဒီရုပ်ရှင်လေးကတော့ အပျိုရည်ကို ရွှေလိုသဘောထားပြီး မိန်းမတွေကို နှိပ်ကွပ်တတ်တဲ့ရွာကလေးကို ဇာတ်အိမ်တည်ရိုက်ထားတာပါ။ဒီရွာလေးမှာ Koriဆိုတဲ့ အစဉ်အလာတစ်ခုကို မင်္ဂလာဦးညမှာ လုပ်လေ့ရှိပါတယ်။ ရိုးရှင်းအောင်ပြောရရင် အပျိုစစ်ရင် မင်္ဂလာဦးညမှာ အတူနေပြီးရင် သွေးစွန်းရမယ် ဘာညာလေးတွေပေါ့။ အကယ်၍ သွေးမထွက်ခဲ့ရင်တော့ သတို့သမီးဘက်က ရာမာယနထဲကသီတာလို ‌မီးပေါ်ဖြတ်လျှောက်လို့ သန့်စင်မှုကို သက်သေပြခိုင်းပါသတဲ့။ဒါပေမဲ့ လက်တွေ့ဘဝကြီးဟာ ရာမာယနဇာတ်မဟုတ်သလို သတို့သမီးလေးတွေလည်း သီတာမဟုတ်တဲ့ သာမန်သွေးနဲ့သားနဲ့လူသားဆိုတော့ မင်္ဂလာဦးညမှာ သွေးမထွက်တာနဲ့ ဒီမိန်းက‌လေးဘဝပျက်ပြီဆိုတာ အစဉ်အလာကြီးဖြစ်နေတော့တာပေါ့။ဒီလို ရှေးရိုးစွဲရွာမှာ ဆိုင်ကယ်ကို ခပ်မိုက်မိုက်မောင်းတတ်တဲ့ ဆဘ်ဟရာတာဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိပါသတဲ့။ ခပ်မိုက်မိုက်နေတတ်သူပီပီ ရှေးရိုးတွေဘာတွေ သိပ်ဂရုမစိုက်တတ်တဲ့သူတစ်ယောက် ရွာအကြီးအကဲရဲ့သား လဒ်ဒူနဲ့မှ မေတ္တာမျှမိလေတော့......(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunni ~ KKKZတို့ပဲဖြစ်ပါတယ်) File size…2.4GB / 1.1GB Quality…WEB DL 1080p / ...
movie

Ek Kori Prem Katha (2024)

2024
Ithuvare (2024)
Ithuvare (2024) Ithuvare 2024 အနိုင်အရှုံးImdb 8.4 သဘာဝပတ်ဝန်းကျင်ကောင်းမှ စားဝတ်နေရေးတွေ အဆင်ပြေပြီး ကျန်းမာရေးကောင်းကောင်းနဲ့ ကျရာတာဝန်ကိုထမ်းဆောင်နိုင်မှာမဟုတ်ပါလားသတိမထားမိတတ်ပေမဲ့ သ‌ဘာဝပတ်ဝန်းကျင်ကြီးကျန်းမာဖို့ကအရေးအကြီးဆုံးပါပဲ လေထုညစ်ညမ်းတာ ကမ္ဘာကြီးပူနွေးလာတာတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ကြရတာပဲမဟုတ်လား စွန့်ပစ်အမှိုက်မီးရှို့စက်ရုံကနေထွက်လာတဲ့အနံ့ဆိုးတွေကြောင့် ပြည်သူတွေမှာအလူးအလဲခံစားနေကြရတယ် မိုင်အတော်ကွာဝေးတဲ့အိမ်တွေ ရုံးတွေမှာတောင် မက်စ်ချွတ်ရင်မနေနိုင်လောက်တဲ့အထိ ပြတင်းပေါက်တွေအကုန် တံခါးမကြီးတွေပိတ်ထားရင်တောင် ဒီအနံ့ဆိုးကပျံ့နှံ့နေဆဲပါပဲ ညစ်ညမ်းလေရှုရှိုက်မိရင်း ချောင်းဆိုးနာတာရှည်လို့ ဆေးခန်းပြေးကြရသူတွေလည်း များလာခဲ့တယ် အဝေးကလူတွေတောင် ဒီလိုအခြေအနေဆိုတော့ စက်ရုံနားနေတဲ့လူတွေဘဝက ဆိုးဝါးနေတာပေါ့ဒီတော့ပြောင်းတဲ့လူကပြောင်း ရွှေ့တဲ့လူကရွှေ့နဲ့ စွန့်ခွာသူအရေအတွက်ကပိုများလာခဲ့တယ် ဒီလိုဖြစ်ရပ်မျိုး လွန်ခဲ့တဲ့၃နှစ်ကကြုံဖူးလို့ဆန္ဒပြခဲ့ကြပေမဲ့ မအောင်မြင်ခဲ့တာလည်းရှိခဲ့ဖူးတာကိုး ပြောင်းတဲ့လူများလာတော့ ရွာသူကြီးကမနေနိုင်တော့လို့ အကုန်အစည်းအဝေးခေါ်ပြီး ဒီတစ်ခါတော့အင်တိုက်အားတိုက် ဆန္ဒပြဖို့ဆုံးဖြတ်ကြပါတော့တယ်ဒီတစ်ခါရော တရားရုံးထိတက်ပြီးအောင်မြင်နိုင်မလား ကိုယ့်ဌာနေကိုမစွန့်ခွာဘဲအဆင်ပြေနိုင်ကြမလားဆိုတာကိုတော့...( အညွှန်းကို Yunni ကရေးသား‌ထားပြီးဘာသာပြန်တွေကတော့ Yunni ~ BpL ~ ToMo ~ Alex ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size…2.4GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 9min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Yunni ~ BpL ~ ToMo ~ ...
movie

Ithuvare (2024)

2024
Paradise (2024) 7.8
Paradise (2024) Paradise (2024)ကောင်းကင်ဘုံခရီးIMDb-8.1/10ငါးနှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ် သီရိလင်္ကာကို ခရီးထွက်လာကြတဲ့ အိန္ဒိယကချစ်သူစုံတွဲရာမ ၊ ရာဝဏဇာတ်တော်လာ စာပေတွေသမိုင်းတွေနဲ့ အေးချမ်းတဲ့ရာသီဥတု စိမ်းစိုတဲ့ပတ်ဝန်းကျင်တွေကြား ချစ်သူနှစ်ယောက်ရဲ့အချစ်တွေနဲ့ အရာရာဟာလှပနေခဲ့တယ်အချိုပေါ်သကာလောင်းသလို သူတို့အနှစ်နှစ်အလလက ကြိုးစားလာတဲ့အရာတစ်ခုကလည်း ‌အကောင်အထည်ပေါ်အောင်မြင်လာတယ် သူတို့ရဲ့ရိုက်ကူးထုတ်လုပ်ရေးအတွက် Netflix ကနေ တရားဝင်ထောက်ပံ့ကြေးရလိုက်တာပဲဆန္ဒပြပွဲတွေ မတည်မငြိမ်တွေဖြစ်နေတဲ့အရပ်မှာ ခရီးစဉ်အဆုံးထိအေးချမ်းပျော်ရွှင်နိုင်မလားလက်တွေ့ခရီးရော ဘဝခရီးရောမှာ ကောင်းကင်ဘုံလို အိပ်မက်တွေပြည့်ဝပျော်ရွှင်ဖို့ ထင်သလောက်လွယ်ကူနေမလား ဘယ်လိုအနှောင့်အယှက်တွေကြား ရင်ဆိုင်ရုန်းကန်ရဦးမလဲအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် File size… 1.8GB / 794MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Alex ~ ToMo
movie

Paradise (2024)

2023
Bharathanatyam (2024) 7.5
Bharathanatyam (2024) Bharathanatyam (2024) "ဒါရိုက်တာ"တေလဂူး မဆလာ ဟာသရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ရာဂျာဆိုတာ လက်ထောက်ဒါရိုက်တာအဖြစ် လေးနှစ်လုပ်ကိုင်ခဲ့ပြီး ကိုယ်တိုင်ရုပ်ရှင်ရိုက်ဖို့ ပရိုဂျူဆာတွေ လိုက်ကမ်းလှမ်းနေရတဲ့လူ ။သူ့ကောင်မလေးကိုတောင် မုန့်ဝယ်မကျွေးနိုင်၊ သူ့ဇာတ်ညွှန်းကလည်း ထုတ်လုပ်သူတိုင်းက ဟိုဟာဖြစ်တယ် ဒီဟာမပါဘူးဆိုပြီး ပယ်ချခံရတယ်အစစအရာရာ ကံဆိုးနေတဲ့ ရာဂျာတစ်ယောက် တစ်နေ့မှာ ဘဝအလှည့်အပြောင်းတစ်ခုကြုံရပြီး မြေအောက်ဒုစရိုက်လောကနဲ့ ပတ်သက်ဆက်နွယ်မိသွားတဲ့အခါ အန္တရာယ်များတဲ့ အခြေအနေတွေကနေ ဒုစရိုက်သားတွေကို ဘယ်လိုကွက်ကျော်ရိုက်ပြီး ရှောင်တိမ်းမှာလဲရုပ်ရှင်ဆိုတာ ကမ္ဘာပေါ်မှာ အလှပဆုံးလိမ်လည်မှုပဲ ဆိုတဲ့စကားအတိုင်း အရှုပ်အထွေးများကြားမှာ လွတ်မြောက်အောင်ကြိုးစားပုံကို ပရိသတ်အကြိုက် မြူမြူးကြွကြွလေး တင်ဆက်ထားတာပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bharathanatyam (2024)

2024
Weapon (2024) 8.4
Weapon (2024) Weapon (2024) "စူပါလူသား" IMDb - 8.6/10၁၉၆၄ခုနှစ် အိန္ဒိယတစ်နိုင်ငံလုံး လွပ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြချိန်။တော်လှန်ရေးခေါင်းဆောင်နှစ်ယောက်က လွပ်လပ်ရေးတိုက်ပွဲဝင်နေသူတွေအတွက် အကူအညီရဖို့ ဂျာမန်ခေါင်းဆောင်ကြီး ဟစ်တလာဆီကို သွားခဲ့ကြတယ်။ ဟစ်တလာက လက်ခံတွေ့ဆုံပြီး အကူအညီပေးဖို့ကတိပေးခဲ့တယ်။ဟစ်တလာ လက်တွေ့စမ်းသပ်နေတာက စူပါစစ်သားတွေဖန်တီးပြီး ရန်သူတွေကိုတိုက်ခိုက်နိုင်တဲ့ စူပါလူသားဖြစ်ပေါ်စေတဲ့ သွေးရည်ကြည်။ဒီသွေးရည်ကြည်အောင်မြင်တဲ့အတွက် အကူအညီသွားတောင်းတဲ့ရဲဘော်ကို ကူညီပေးဖို့ကမ်းလှမ်းပေမဲ့ အိန္ဒိယရဲ့အနာဂတ် ပျက်ဆီးမှာကိုမြင်ပြီး သွေးရည်ကြည်ကို ငြင်းပယ်ခဲ့ပါတယ်။ဒီမှာဘဲ အတူပါသွားတဲ့ရဲဘော်က ဟစ်တလာရဲ့လျှို့ဝှက်စမ်းသပ်ခန်းထဲက စူပါလူသားဖြစ်စေမဲ့သွေးရည်ကြည်ကိုခိုးပြီး အိန္ဒိယကို တစ်ယောက်တည်းပြန်လာခဲ့ပါတယ်။အဲဒီအချိန် အိန္ဒိယမှာလွပ်လပ်ရေးရနေပြီဖြစ်တဲ့အတွက် သွေးရည်ကြည်ကိုဘယ်သူ့မှအသိမပေးဘဲ လုံခြုံတဲ့နေရာမှာဝှက်ထားခဲ့တယ်။ တစ်ရက် ဟစ်တလာလွှတ်လိုက်တဲ့ လျှို့ဝှက်တပ်ဖွဲ့တိုက်ခိုက်မှုကြောင့် သားဖြစ်သူ အသက်ဆုံးရှုံးခံနီးမှာ ဝှက်ထားတဲ့သွေးရည်ကြည်ကိုယူပြီး သားဖြစ်သူကိုထိုးပေးခဲ့ပါတော့တယ်။ ဒီမှာပဲ မမျှော်လင့်တဲ့ဖြစ်ရပ်တွေနဲ့ကြုံလာရပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 1.64GB / 806MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Weapon (2024)

2024
Chhota Bheem and the Curse of Damyaan (2024) 7.3
Chhota Bheem and the Curse of Damyaan (2024) Choota Bheem and the Curse of Damyaan(2024) "ချိုတာဘီးမ်နှင့် ဓမ္မရံကျိန်စာ" =========================================လူတိုင်း မကြည့်ဖူးရင်တောင် လူတိုင်းသိကြမယ့် အိန္ဒိယရဲ့ နာမည်အကြီးဆုံး Anime ချိုတာဘီးမ်ရဲ့ live action ထွက်ရှိလို့လာပါပြီ။Live action ဆိုပေမဲ့ Target audience က ကလေးတွေဖြစ်တာကြောင့် အထူးပြုလုပ်ချက်တွေ အရမ်းမကောင်းလှပေမဲ့ ဆက်တင် ဆင်ရိုက်ထားတဲ့နေရာတွေကတော့ ကာတွန်းကားထဲက ရှုခင်းတွေကို အပြင်မှာမြင်နေရသလိုမျိုးကို ခံစားရပါတယ်။ဇာတ်လမ်းကတော့... နှစ်ထောင်ချီပြီး အကျဉ်းတိုက်ထဲမှာပိတ်မိနေတဲ့ မိစ္ဆာအရှင်ကြီး ဒမ်ယန်ကို စစ်မှန်ပြီး ရိုးသားတဲ့လူစွမ်းကောင်းတစ်ယောက်ကပဲ အကျဉ်းတိုက်ထဲက ထုတ်ပေးနိုင်မယ်လို့ တဘောင်ထွက်လာတဲ့အတွက် ဒမ်ယန်ရဲ့ ငယ်ကျွန်တွေဖြစ်ကြတဲ့ မှော်ဆရာနဲ့ စုန်းမက သူတို့ရဲ့ မိစ္ဆာစစ်သည်တွေအကူအညီနဲ့ ချိုတာဘီးမ်ကို သိမ်းသွင်းဖို့ကြိုးစားပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ။ချိုတာဘီးမ်ဆိုတဲ့အတိုင်း ဘာကောင်ကြီးပဲလာလာ မုန့်ချိုစားပြီး ပြန်ဗျင်းတာတွေအပြင် တခြားဇာတ်ကောင်တွေဖြစ်တဲ့ ရာဂျူး၊ ချူကီ၊ ဂျာဂူး၊ ကာလီယာတို့အပြင် ဒိုလူ၊ ဘိုလူတို့လို ပုစိမွစိတွေကအစ ကာတွန်းနဲ့တူအောင် အနီးစပ်ဆုံးထည့်ထားပြီး ဇာတ်လမ်းကလည်း ကြည့်ပျော်တာမလို့ ၂ နာရီခွဲလောက် အချိန်ပိုနေပြီး နော်စတဲဂျားခံစားချက်လေးရချင်တယ်ဆိုရင် အပျင်းပြေကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Chhota Bheem and the Curse of Damyaan (2024)

2024
Bloody Ishq (2024) 4
Bloody Ishq (2024) Bloody Ishq (2024)ဒီနေ့မှာတော့ horror ဆန်ဆန်ဘောလိဝုဒ်ကားလေးအလှည့်ကျလာပြီပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ နေဟာဆိုတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ဟာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ရပါတယ်။မှတ်ဉာဏ်တွေမရသေးပေမဲ့ ဆေးရုံကသက်သာလို့ ဆင်းလာပြီးတဲ့နောက် သူမရဲ့အမျိုးသားနဲ့အတူ သူတို့နေထိုင်ခဲ့တဲ့ စကော့တလန် ကျွန်းပေါ်က သူတို့အိမ်တစ်အိမ်ပဲရှိတဲ့ အိမ်ကြီးကို ပြန်လာနေခဲ့ပါတယ်။ အမျိုးသားဖြစ်သူကလည်း သူ့ဇနီးကို သိပ်ဂရုစိုက်တာပေါ့။နေဟာကတော့ သူမ အတိတ်က သူတို့ရဲ့အကြောင်းတွေကို ဘာဆိုဘာမှ ပြန်မခံစားရလို့ အတော်လေးထိတ်လန့်လို့နေတာပေါ့။ ဆိုတော့ တကယ်ဖြစ်တာရော ဟုတ်ရဲ့လား။ သူမ မတော်တဆဖြစ်တဲ့ကိစ္စကရော သွေးရိုးသားရိုးဟုတ်ရဲ့လား သူမ ယောက်ျားကရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲဆိုတာ စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဗျ။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်။ File size… 1.99GB /820MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 18mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bloody Ishq (2024)

2024
Ullozhukku (2024) 7.9
Ullozhukku (2024) Ullozhukku 2024 (သိုဝှက်နက်ရှိုင်းသောခံစားချက်များ)IMDb - 7.9/10ဇာတ်အေးအေးလေးကိုမှ တစိမ့်စိမ့်အတွေးထဲစီးမျောခံစားချင်သူတွေ အကြိုက်တွေ့မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ယောက္ခမဖြစ်သူလီလာမာနဲ့ ချွေးမဖြစ်သူအန်ဂျူးကြားက ခံစားချက်တွေကို ပုံဖော်ထားတဲ့family dramaလေးဆိုပေမဲ့ မထင်မှတ်ထားတဲ့plot twistလေးတွေလည်း ပါဦးမှာပါ။ချစ်သူရှိပေမဲ့ မရေရာတဲ့အနာဂတ်ကို ပုံမအပ်ချင်တာကြောင့် အိမ်ကပေးစားတဲ့သူကို မျက်စိမှိတ်ပြီးယူလိုက်ရတဲ့အန်ဂျူးရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာ ဆိတ်သုဉ်းနေတာပေါ့။ ခင်ပွန်းဖြစ်သူသောမတ်စ်ကူတီကလည်း အန်ဂျူးကိုချစ်ရှာပေမဲ့ ကံဆိုးချင်တော့ မင်္ဂလာဆောင်ပြီးမကြာခင်မှာပဲ သောမတ်စ်တစ်ယောက် အကြီးအကျယ်နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲတော့ ရောဂါသည်ခင်ပွန်းနဲ့ ယောက္ခမလီလာမာကို ပြုစုရတဲ့တာဝန်က အန်ဂျူးပခုံးပေါ်ရောက်လာတော့တာပေါ့။နဂိုကတည်းကမှ အချစ်နဲ့စခဲ့တဲ့အိမ်ထောင်ရေးမဟုတ်ရတဲ့ထဲ ဝန်ပိုတွေတိုးလာချိန်မှာ မွန်းကြပ်နေတဲ့ အန်ဂျူးတစ်ယောက် ခင်ပွန်းကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရတဲ့အပြင် သင်္ဂြိုဟ်ခါနီးမှာမှ ရေဘေးကထပ်သင့်ပြန်ပါတယ်။အလောင်းကြီး အိမ်ထဲထားပြီး တစ်နေ့တာကိုမွန်းကြပ်စွာနဲ့ သမီးယောက္ခမနှစ်ယောက် ဖြတ်သန်းနေတုန်း အန်ဂျူးတစ်ယောက် ချစ်သူဟောင်းနဲ့ အဆက်အသွယ်ပြန်ရပြီး မထင်မှတ်ထားတာတွေ ဖြစ်လာချိန်မှာတော့.....(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ BpL တို့ပဲဖြစ်ပါတယ်။) File size… 1.5GB / 660MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Ullozhukku (2024)

2024
Crush (2024)
Crush (2024) Crush (2024) ကြင်သူအလိုကျ Genre – Romance, Dramaကာနာဆိုတာ တွေ့သမျှကောင်မလေးတိုင်း လိုက်ဖွံကြောင် ရည်းစားစကားလိုက်ပြောပေမဲ့ အမြဲတမ်း အငြင်းခံရပြီး ပလစ်ခံနေရတဲ့ ကောလိပ်ကျောင်းသားလေး ဖြစ်ပါတယ်။ဒီလိုနဲ့ နေလာရင်း ကျောင်းမှာ ရှကီရာတို့လို့ ဆံပင်ကောက်ကောက်လေးနဲ့ အလန်းလေးတစ်ယောက်တွေ့လို့ နောက်ထပ်တစ်ခါ ဇွဲလုံ့လ ဝီရိယကြီးစွာနဲ့ လိုက်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ဒီ အမ်မီဆိုတဲ့ ဆံကောက်မလေးမှာက ကလေးဘဝကတည်းက အဖြစ်ချင်ဆုံး ဆန္ဒလေးတစ်ခု ရှိနေတယ်၊ အဲဒါကလည်း လွယ်တော့ လွယ်မနေပါဘူး။ဒီလိုနဲ့ ကာနာတစ်ယောက် သူချစ်ရတဲ့သူလေးကို ဖြစ်ချင်တဲ့ဆန္ဒတွေ ဖြည့်စည်းနိုင်အောင် ကူညီပေးနိုင်မလား၊ ကူညီပေးရင်းကနေ လိုချင်တဲ့အချစ်မေတ္တာကို ရရှိသွားမလားဆိုတာ စောင့်ကြည့်ရမယ့် ကန်နားဒါ အိန္ဒိယအချစ်ကားသစ်လေးပဲ ဖြစ်ပါတယ်ဗျာ။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… 1.84GB / 998MB Quality…WEB DL 1080p / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Crush (2024)

2024
Bharat Ane Nenu (2018) 7.5
Bharat Ane Nenu (2018) Bharat Ane Nenu (2018)IMDb Rating (7.5) / Rotten Tomatoes (88%)ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ်ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇာပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . .သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ်ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ်မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . .ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူးပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ်သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ်လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . .အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . .လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာနိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ်သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။သူပြောတဲ့စကားက"စစ်မှန်တဲ့ ...
movie

Bharat Ane Nenu (2018)

2018
Hello! (2017) 7.3
Hello! (2017) Hello (2017) IMDb: 7.3/10 Genre: Action/Romanceဒီရုပ်ရှင်ကို "ငယ်ကချစ်နှစ်တစ်ရာ" လို့ပဲဆိုမလား၊ "နဖူးစာရွာလည်တယ်" လို့ပဲဆိုမလားမသိတော့ပါဘူး။တော်တော်လေးကို ရင်ထဲကလိကလိဖြစ်စေတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုဆိုရင်လည်းမမှားပါဘူး။Serendipity ကိုကြည့်ဖူးတဲ့လူတွေဆိုရင်တော့ ဒီဇာတ်လမ်းလေးက ဆင်သယောင်ယောင်ဖြစ်နိုင်ပေမယ့်ပြန်တွေးကြည့်တော့လည်း သိပ်မဆင်ပြန်ပါဘူး။ ပြောချင်တာကတော့ ရင်ထဲမှာနွေးကနဲဖြစ်သွားစေမယ့်ဇာတ်လမ်းလေးပါ။ အတော်လေးလည်း ကြည်နူးဖို့ကောင်းပါတယ်။ဇာတ်ညွှန်း ဂျန်နူးဆိုတာကတော့ အနေအထားကြီးတဲ့ မိသားစုက တစ်ဦးတည်းသောသမီးလေးဖြစ်ပါတယ်။ဆီနူးဆိုတာကတော့ မိဘမဲ့လမ်းဘေးက ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။နောက်တစ်နေ့မှာဘာဆက်ဖြစ်မလဲတောင်မသိတဲ့ ဆီနူးဆိုတဲ့ကောင်လေးနဲ့ ဂျန်နူးလိုကောင်မလေးမျိုးကဖူးစာပါတယ်လို့ပြောရင် ယုံချင်စရာတောင်မရှိပါဘူး။ သူတို့နှစ်ယောက်ဟာ ငယ်ဘဝမှာ အတော်လေးကိုခင်တဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်ခဲ့ပြီး ကံအကောင်းအကြောကင်းမလှတော့ နှစ်ယောက်ဝေးကွာခဲ့ရပါတယ်။အချစ်တွေများစစ်လာရင် လမ်းက မဖြောင့်ဖြူးတတ်ပါဘူး။ဝေးကွာလိုက်တာမှမဖြစ်နိုင်လောက်တဲ့အထိပါပဲ။လမ်းမရှိတဲ့အမှောင်ထုထဲမှာ အပ်ပျောက်ရှာပုံတော်ဖွင့်နေရသလိုပါပဲ။ကိုဗဒင် ရဲ့ နေရာ(၂)သီချင်းထဲကလိုပဲပေါ့"ရောက်လာချိန်မှာတော့ အဆင်သင့်ဖြစ်အောင်အမြဲတမ်းပဲရှင်းလင်းထားပါတယ်" တဲ့။ဒီစာသားလေးထဲကလိုပဲ အချိန်တွေဘယ်လောက်ကြာကြာ တစ်ဦးတည်းသောသူအတွက် ပြန်လာလို့ရအောင် နှလုံးသားတစ်ခါးကိုဖွင့်ထားတတ်ကြပါတယ်။ ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပေမယ့်တကယ့်တကယ် ချစ်သောသူနှစ်ယောက်ဝေးကွာတဲ့အခါမှာတော့ ကမ္ဘာကြီးကထင်သဘောလည်းကျဉ်းမနေပါဘူး။ဂျန်နူးနဲ့ဆီနူးတို့နှစ်ယောက်ရဲ့ ကံတရားကဘယ်လိုများအကြောင်းဖန်လာမှာလဲ။ကျွန်တော်ကတော့ တော်တော်လေးကိုသဘောကျဖို့ကောင်းတယ်လို့ပဲပြောပါရစေခင်ဗျာ။ File size…    2.7 GB /  1.3 GB Quality… WEBRip 1080p / 720p Format… mp4 Duration…. 2h ...
movie

Hello! (2017)

2017