Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bollywood
7.6
Vaathi(2023)
Vaathi (2023)IMDb-7.6/10သရုပ်ဆောင် ဒါရိုက်တာ ပရိုဂျူဆာ တေးရေး ဇာတ်ဝင်တေးသီချင်းအဆိုတော် စွယ်စုံရမင်းသား Dhanush နဲ့ မင်းသမီးချောလေး Samyuktha Menon တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Rating လည်းကောင်း ကြည်နူးမှုကြောင့်လည်းမျက်ရည်စို့ရမဲ့ အိန္ဒိယဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်ကားအစမှာကျောင်းသားသုံးယောက်ဟာသူတို့အဘိုးပိုင်ခဲ့တဲ့ ဗီဒီယိုခွေဆိုင်အဟောင်းလေးကို ရှင်းလင်းရင်းနဲ့ ဗီဒီယိုတိတ်ခွေဟောင်းတွေကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ သူတို့မနက်တုန်းမှာ ကျောင်းမှာသင်ခဲ့တဲ့ သင်္ချာပုစ္ဆာကို ဆရာငယ်ငယ်တစ်ယောက်က သင်ပေးနေတဲ့ ဗီဒီယိုမှတ်တမ်းကိုတွေ့လိုက်ပါတယ် အဲဒါနဲ့ သူတို့ကစာမလိုက်နိုင်တော့ အဲဒီဆရာဆီမှာကျူရှင်သင်မယ်ဆိုပြီး အဲ့တိတ်ခွေအဖုံးပေါ်မှာပါတဲ့ နာမည်နဲ့လိပ်စာအတိုင်းလိုက်ရှာကြည့်တော့ သူတို့တွေ့လိုက်ရတာ အဲဒီဆရာရဲ့တပည့်ဖြစ်တဲ့သူကိုပါ အဲဒီကနေတစ်ဆင့် ဆရာ့ရဲ့နာမည်က ဘာလာဖြစ်ပြီး ဆရာဘာလာရဲ့အကြောင်းတွေကို နောက်ကြောင်းပြန်ပြောပြလိုက်တဲ့အခါမှာတော့..... ဇာတ်ကားကကြည့်လို့ကောင်းတယ်ဆိုတာ ဒီနေရာမှာတင်ရပါပြီ ဇာတ်လမ်းဇာတ်ကွက်ကောင်း ပေးချင်တဲ့ message ကောင်းတဲ့အပြင် cast ကလဲကောင်း အချစ်ဒရာမာအက်ရှင် အစုံပါဝင်တာမို့ ပေးတဲ့ rating နဲ့လဲထိုက်တန်ပါတယ် အောက်ကစာကတော့ ကျွန်တော် အာချောင်ထားတာပါဒီဇာတ်လမ်းလေးကို မချီးကျူးခင်မှာ နယ်ဆင်မင်ဒဲလားပြောခဲ့တဲ့ စကားလေးတစ်ခုရှိပါတယ် Education is the only weapon that can change the world တဲ့ ကမ္ဘာကြီးကိုပြောင်းလဲနိုင်တဲ့တစ်ခုတည်းသောလက်နက်ဟာ ပညာရေးပါတဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ အိန္ဒိယမှာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ ...
movie
Vaathi(2023)
2023
6.4
Kuttey (2022)
Kuttey (2023)IMDb-6.4/10ဇိုးတွေကြားကပဋိပက္ခတွေ လှည့်ကွက်ပရိယာယ်တွေ ကြိုက်တဲ့ညိုကီတို့အတွက်ရုံတင်ဇာတ်ကားကောင်းသရုပ်ဆောင်စွမ်းရည်ကောင်းတယ်လို့ နာမည်ကြီးတဲ့ အာဂျွန်ကပူးလ်နဲ့ Drishyam ထဲကရဲမေမင်းသမီးကြီးက ဒီထဲမှာလည်းရဲမေအဖြစ်သရုပ်ဆောင်ထားပါတယ် ဒီကားဟာ Aasmaan Bhardwaj ဆိုတဲ့ တက်သစ်စဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ကားပါကိုယ့်လိုအပ်ချက်နဲ့ကိုယ် ငွေပမာဏကြီးကြီးလိုချင်နေကြသူတွေ ငွေရပေါက်ကြီးကိုမထင်မှတ်ပဲအားလုံးပြိုင်တူလိုက်မိချိန်မှာ.....ဇလည်းရှိ ဉာဏ်လည်းများတဲ့သူတို့တွေ ဒီငွေတွင်းကို ဘယ်လိုအနိုင်တိုက်ယူကြမလဲ မြွေမြွေချင်းခြေမြင်နေကြတဲ့သူတွေအချင်းချင်း ဘယ်လိုတွေအကွက်ကျော်ရိုက်ချကြမလဲခံစားကြည့်ပါဦး File size…1.54GB / 700MB Quality…1080p TRUE WEB DL /720p Format…mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~ Khin Khin
movie
Kuttey (2022)
2023
6.4
Middle Class Love (2022)
Middle Class Love (2023) IMDb 6.4/10မင်းသားချောလေး Prit Kamani က Kavya Thapar , Eisha Singh တို့လို အလန်းလေးတွေနဲ့ မချောနှစ်ယောက်ကိုယ်တစ်ယောက်မယ့် Comedy/Drama/Romantic ဇာတ်ကားမျိုးပါလူလတ်တန်းစားကနေမွေးဖွားလာတဲ့လူတွေအတွက်ကတော့ မလိုအပ်တဲ့နေရာမသုံးဖို့ ပိုက်ဆံစုဖို့ဆိုတာ ထပ်ကာတလဲလဲ ကြားရမဲ့ ဓာတ်ပြားဟောင်းတွေပဲပေါ့ ဒါကိုယူဒီ( Prit Kamani) က ငြီးငွေ့နေပါတယ် သူ့အိပ်မက်ကတော့ ချမ်းသာတဲ့ဘောစိမမနဲ့တွဲပြီး ဒီလူလတ်တန်းစားဘဝထဲကရုန်းထွက်ဖို့ပါ ဖြစ်ချင်တော့သူဝင်ခွင့်ရတဲ့ကျောင်းမှာကလည်း သူ့စံပြ ဘောစိကောင်မလေးရှိနေတယ်ပေါ့ ဒီတော့ ယူဒီကဆုံးဖြတ်ချက်ချပြီး အပိုင်လိုက်ဖို့ကြံပါပြီဒါပေမဲ့ သူလိုက်မဲ့ကောင်မလေးဆာရှာမှာ သူနဲ့မတည့်တဲ့အက်ရှ်ဆိုတဲ့ တစ်ယောက်ရှိနေပါတယ် ဘုံလုံတစ်လှည့်ငါးဖျံတစ်လှည့် သူဦးသူဆော် ကိုယ်ဦးကိုယ်ဆော်နှစ်ယောက်ပါ ဒီနှစ်ယောက်ကြားထဲမှဝင်မိတဲ့ ယူဒီ့တစ်ယောက်ဘာဆက်ဖြစ်မလဲ ဆာရှာက အက်ရှ်ကိုအသည်းကွဲအောင်လုပ်နိုင်ရင် ရည်းစားအဖြစ်ရွေးချယ်မယ်ဆိုတော့ ယူဒီတစ်ယောက်ဘယ်လို အလွဲတွေနဲ့ရှေ့ဆက်သွားမလဲ သူ့အိပ်မက်ကရောအောင်မြင်မလားဆိုတာ လူငယ်တွေကြားပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ် File size…2.5GB / 1.1GB Quality…1080p Zee5 WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Sai Thu Rein~Thaik San
movie
Middle Class Love (2022)
2022
6.4
Run Baby Run (2023)
Run Baby Run (2023) IMDb 6.4ခြေနှစ်ချောင်းမကယ်ကောင်းတဲ့ သနားစိတ်ဝင်ပြီး ကယ်မိရာက အေးဆေးနေတဲ့ကိုယ့်ဘဝကို ငရဲကျအောင်လုပ်မိတဲ့ ဆပ်သရာ ..ဇာတ်လမ်းစစချင်းမှာကို ကျောင်းဆောင်ပေါ်က ကောင်မလေးတစ်ယောက်ခုန်ချသွားခဲ့တယ် နာမည်ကဆိုဖီယာတဲ့ သတ်သေတာလား လုပ်ကြံခံရတာလား...ဆပ်သရာကတော့ ဘာမှမသိဘဲခံရမဲ့ကောင်ပါ တစ်နေ့ .. သူ့ကားထဲမှာဘယ်ကမှန်းမသိတဲ့ကောင်မလေးရောက်နေပါတယ် သူ့နောက်ကိုလူတွေလိုက်လို့ပါဆိုပြီးတက်ပုန်းနေရင်းသူနဲ့တွေ့တယ်ပေါ့ ဖုန်းအားလေးသွင်းချင်လို့ လာကြိုတဲ့လူကိုစောင့်ချင်လို့ဆိုပြီး သူ့တိုက်ခန်းထဲရောက်လာပါတယ် ဆပ်သရာကသနားပြီး တစ်ညတည်းခိုခွင့်ပေးလိုက်မိရာက မနက်ရောက်တော့ အဲဒီကောင်မလေးကထူးဆန်းစွာသူတိုက်ခန်းထဲမှာသေဆုံးနေပါတယ် ဒီလိုနဲ့ရဲသူငယ်ချင်းရဲ့အကြံပေးမှုနဲ့ အလောင်းဖျောက်ဖို့လုပ်ရာကနေ ကြုံတွေရမဲ့ ဒုက္ခတွေ ကြားထဲမှာလည်း Plot Twist တွေ ပါတာကြောင့် မိသွားမလားဆိုတဲ့ခံစားချက်နဲ့ ကြည့်ရမဲ့ဇာတ်ကားကောင်းဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ် File size…2.6GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Nyein Aye
movie
Run Baby Run (2023)
2023
6.2
(18+) Hawas Ki Inteha (2016)
Hawas Ki Inteha (2016)လင်ရယ် မယားရယ်လို့ ဖြစ်လာကြပြီဆိုရင် ဆိုးတူကောင်းဖက်အတူလက်တွဲသွားကြပြီး ဘဝသက်ဆုံးတိုင် နားလည်မှုတွေနဲ့ ဘဝကို တည်ဆောက်ကြရမှာပါ။ဒီလိုမှ မဟုတ်ရင်တော့ ထိုအိမ်ထောင်..ထိုလင်မယားဟာ ရှားစောင်းနဲ့မျက်ချေးလို တစ်မိုးအောက်ထဲက ရန်သူတွေလိုပါပဲ။အိမ်ထောင်တစ်ခုမှာ အချစ်က အခရာကျသလို လိင်မှုကိစ္စဟာလည်း အဓိကကျပါတယ်။ မှားတဲ့လူရှိရင် ခွင့်လွှတ်ပေးနိုင်တဲ့သူ ရှိရမှာဖြစ်သလို မှားတဲ့သူဟာလည်း အဲ့ဒီအမှားမျိုးကို နောက်ထပ်မကျူးလွန်သင့်ပါဘူး။အမှားတွေကို မလွန်ဆန်နိုင်တော့တဲ့အထိဖြစ်လာတဲ့အခါမှာတော့ အိမ်ထောင်တစ်ခုဟာ ပျက်တော့မှာပဲမဟုတ်လား။ဒီဇာတ်ကားမှာလည်း ရာဂစိတ်ကြောင့် အမှားနွံထဲနစ်ပြီး ဘဝပျက်ခဲ့ရတဲ့ လင်မယားအကြောင်းကို ပညာပေးရိုက်ကူးတင်ဆက်ပေးထားပါတယ်။၁၈အပေါင်းအခန်းလေးတွေလည်း ပါတာမို့ ၁၈ယောက်စုကြည့်ကြပါနော်။ File size…1.8GB / 925MB Quality…1080p AMZ WEB DL /720p Format…mp4 Duration…1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Devil
movie
(18+) Hawas Ki Inteha (2016)
2016
7.8
Iratta(2023)
Iratta (2023) IMDb 7.8/10Rating ကောင်းကောင်းနဲ့ မှုခင်းစုံထောက်ကားတွေ ကြိုက်တဲ့ပရိတ်သတ်တွေအတွက် အိန္ဒိယတောင်ပိုင်း ဇာတ်ကားတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ကီရာလာပြည်နယ် ဗာဂါမွန်ရဲစခန်းမှာ အခမ်းအနားပွဲကျင်းပနေတုန်း သေနတ်သံသုံးချက်ကြားလိုက်ပါတယ်။ အခမ်းအနားထဲမှာ လူစုလူဝေးတွေအကုန်ရုတ်ရုတ်သဲသဲဖြစ်ကြကုန်တယ်။ အဲ့ဒါကတော့ စခန်းထဲမှာရဲသားတစ်ယောက်အသတ်ခံလိုက်ရပါတယ်။အခင်းဖြစ်တဲ့ချိန်မှာ ရဲသားသုံးယောက်ရှိနေပြီး ထိုသုံးယောက်ကို လူသတ်မှုနဲ့သံသယစာရင်းထဲသွင်းခံရလိုက်ရတယ်။ ရဲသားသုံးယောက်ကလည်း အ လီဘိုင်ပြည့်ပြည့်စုံစုံရှိနေတဲ့ချိန်မှာ ရဲတစ်ယောက်သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာလား ဒါမှမဟုတ် တကယ်အသတ်ခံရလားဆိုတာကို လှည့်ကွက်ပေါင်းစုံနဲ့ တရားခံကိုအတူတူအဖြေရှာကြည့်ကြရအောင်ပါ။.. File size…1.54GB / 724MB Quality…1080p True WEB DL /720p Format…mp4 Duration….1h 52mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~Nyein Aye
movie
Iratta(2023)
2023
8.5
Dada(2023)
Dada (2023)IMDb-8.5/10ရုံတင်ငွေငါးဆမကမြတ်ခဲ့တဲ့ 2023 နောက်ဆုံးထွက် ဆယ်ကျော်သက်အချစ်ရူးလေး မာနီနန်ကန်နဲ့ စင်ဒူတို့ရဲ့ ဘဝဇာတ်လမ်းလေးဇာတ်လမ်းအညွှန်း မာနီနဲ့ စင်ဒူတို့နှစ်ယောက်ဆယ်ကျော်သက်အရွယ်မှာပဲ အချစ်နယ်ကျွံပြီး ကိုယ်၀န်ရသွားချိန်မှာ နှစ်ဖက်မိဘကလည်းမထောက်ပံ့ ကိုယ်ထူကိုယ်ထရပ်တည်ကြရပါတော့တယ် ကျောင်းစာတစ်ဖက်အလုပ်တစ်ဖက်နဲ့၀င်ငွေဟာ အိမ်စရိတ် မီးဖွားစရိတ် ဘာမှမလုံလောက်ခဲ့ပေမယ့် အချစ်လတ်လတ်ဆတ်ဆတ်တွေနဲ့ ဒုက္ခပင်လယ်ကြား ပြုံးပျော်နေကြတုန်းပါပဲဒါပေမယ့် တူနှစ်ကိုယ်တဲအိုပျက်မှာ ထမင်းကြမ်းခဲ ဘာညာသာရကာဆိုတာ ပိုးစိုးပက်စက်ဂျင်းဆိုတဲ့အကြောင်းကို ဇာတ်ကားလေးမှာ အောင့်သီးအောင့်သက်နဲ့ကြည့်ရှုရမှာပါ အခက်အခဲတွေကြားက မိတ်ဆွေတွေ အိမ်ထောင်ရေးမှာ ချစ်ကြည်နူးတစ်တီတူးပြီးရင် ကြုံတွေ့ရမဲ့လက်တွေ့ဘဝတွေ သားသမီးဆိုတာ ဘယ်လိုပျိုးထောင်ရလဲဆိုတဲ့ ဘဝမှန်ကူကွက်တွေကို ပေါ့ပေါ့ပါးပါးပါးနဲ့ အတွေးများစေရမဲ့ ဇာတ်ကားလေးပါ ကဗျာဆရာတစ်ယောက်ရဲ့ စာသားလေးနဲ့ပဲ အညွှန်းကို အဆုံးသတ်ပေးပါရစေကျွန်တော်တို့အချစ်ကိုကိုးကွယ်ခဲ့ဖူးတယ်..... လောကဓံနဲ့ ရင်ဆိုင်တွေ့ချိန်မှာတော့ အချစ်ဟာ အငွေ့ပျံပြီး ရှောင်ပြေးသွားခဲ့တယ်...... File size…2.85GB / 993MB Quality…1080p True WEB DL /720p Format…mp4 Duration…2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~ Sai ThuRein
movie
Dada(2023)
2023
7.9
My Name Is Khan (2010)
IMDb Rating (7.9) / Rotten Tomatoes (83%)မင်းသားရှရွတ်ခန်းနဲ့ မင်းသမီးကာဂျိုးတို့တွဲရိုက်လိုက်တိုင်း နာမည်ကြီးနေကျဆိုသလို ဒီဇာတ်ကားကလဲ ကမ္ဘာ့အလည်မှာ နာမည်ရခဲ့တဲ့ Bollywood ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ရှရွတ်ခန်းဟာ ဒီဇာတ်ကားမှာ Asperger's syndrome ရောဂါဝေဒနာရနေတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး သူ့ရဲ့သရုပ်ဆောင်မှုတွေက ပြောစရာမရှိအောင် ပြည့်စုံခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့....Khan ဟာ Asperger's syndrome လူမှုဆက်ဆံရေးချွတ်ချော်တဲ့ရောဂါလို ဂေါက်တောက်တောက်ပုံစံဖြစ်နေတာမလို့ သူ့ညီဖြစ်သူက သူ့ကိုဆို မကြည်ဖြူပေမယ့် မိဘတွေကတော့ သူ့ကိုအချစ်ပိုကြပါတယ်။ဒီလိုနဲ့သူ့မိဘတွေဆုံးတော့ Khan တစ်ယောက် အိန္ဒိယကနေ သူ့ညီရှိရာ အမေရိကကိုပဲ လိုက်ပါသွားဖို့ ဖြစ်လာပါတော့တယ်။Spoiler Alert....(ဇာတ်ကားကြည့်မည့်သူများ အောက်ကစာကိုမဖတ်ဘဲ ကြည့်သင့်ပါတယ်။)သူဟာ သူ့ညီကုမ္ပဏီက အလှပြင်ပစ္စည်းတွေ ရောင်းချပေးနေရင်း Mandira နဲ့ တွေ့ဆုံမိပြီး မြင်မြင်ချင်းသဘောကျသွားပါတော့တယ်။ Mandira ဟာ အလှပြင်ဆိုင်မှာလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့မှာ သားတစ်ယောက်ရှိပါတယ်။ သူ့ယောကျာ်းနဲ့တော့ ကွဲနေပါတယ်။ သူမဟာ မကြာခင် အိမ်ပြောင်းဖို့ရှိနေပြီး ကိုယ်ပိုင်အလှပြင်ဆိုင်လေးတစ်ခုဖွင့်ဖို့ ...
movie
My Name Is Khan (2010)
4K HEVC
5.3
Christy(2023)
Christy 2023IMDb-5.7/10 တောင်ပိုင်းမာလာရရမ်မင်းသမီးချော မလာကာမိုဟမ်နမ်ကနေ မမအဖြစ်ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာ ဒါရိုက်တာအယ်ဗင်ဟင်နရီရဲ့ ဖြစ်ရပ်မှန်ခံစား ပွဲဦးထွက်ဇာတ်ကားလေးဖြစ်ပါတယ်ပင်လယ်ကမ်းခြေနယ်မြို့လေးက ကျောင်းသားလေးရွိုင်.... လူငယ်သဘာဝပျော်လိုက်ပါးလိုက်နဲ့ စာမေးပွဲတွေတဖုန်းဖုန်းကျ.... မိဘတွေက မြို့ပေါ်ခေါ်တော့မယ်လုပ်မှ ကြောက်လန့်တကြားနဲ့ စာမေးပွဲဖြေဖို့ ကျူရှင်ပြေးတက်တဲ့ ရွိုင်.... လှပတဲ့ ကျူရှင်ဆရာမ ခရစ်စတီ.... မမကလှပေမဲ့ အိမ်ထောင်ရေးကံမကောင်း အိမ်ထောင်စောစောကျပြီး ကွာရှင်းထားတော့ ရွိုင်ကိုကလေးလိုပဲဆက်ဆံတဲ့ မမ.... တစ်သက်လုံးဘယ်သူချွတ်ချွတ်မကျွတ်ပေမဲ့ မမချွတ်မှပဲ ပြောစကားနားထောင်မယ်ဆိုတဲ့ သားလိမ္မာလေးရွိုင်...ဇာတ်လမ်းလေးက ပုံမှန်ရိုးရိုးလေးဆိုပေမယ့် ဆန်းနေတာက သိပ်လှတဲ့မမနဲ့ သူငယ်နှပ်စားရွိုင်တို့ရဲ့ အချစ်ဇာတ်လမ်းပါ အိန္ဒိယမမဆိုတော့ အိန္ဒိယဆန်ဆန်ဆွဲဆောင်မှုလေးတော့ရှိပါတယ် ဒါ့အပြင်တခြားမိသားစုရေးရာလေးတွေ ဟာသလေးတွေလဲပါဝင်တာမို့ မပျင်းမရိနဲ့ အဝကြည့်ရမှာပါဆရာဝန်ညွှန်ကြားချက်မှာ လက်ဖက်ရည်တစ်ခွက်ပေးပါ ဒူးယားတစ်လိပ်ပေးပါ မမကျွန်တော့်ကိုပြန်ချစ်ပါ ဒီကောင် လက်နက်ချရမယ်တဲ့ File size…1.76GB / 883MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein~BpL~ Yunni~ Cherry
movie
Christy(2023)
2023
6.8
Christopher(2023)
Christopher 2023 (IMDb 6.8/10)အိန္ဒိယရဲကားကောင်းကောင်းလေးကိုမျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် မင်းသားကြီးမမ်မွတ်တီးရဲ့ နောက်ဆုံးထွက် ရဲကားအလန်းလေးနဲ့ မိတ်ဆက်ပေးပါရစေအိန္ဒိယနိုင်ငံမှာ သိတဲ့အတိုင်း ဘာအမှုပဲဖြစ်ဖြစ် မုဒိမ်းကျင့်လူသတ်ရင်တောင် ငွေနဲ့မီးငြိမ်းသလို အမှုတွေပျောက်သွားအောင် လူအားငွေအားနဲ့ လုပ်နိုင်တာကို သိကြမှာပါ ဒီကိစ္စကို ရဲမှူးခရစ္စတိုဖာဖြေရှင်းတဲ့နည်းလမ်းကတော့ ရိုးရှင်းပါတယ် ဘယ်တရားရုံးမှပို့မနေပဲနဲ့ တရားခံတွေကို သူ့သေနတ်နဲ့ပဲ ကိစ္စတုံးပေးတာပါ ဆိုရှယ်မီဒီယာ ပြည်သူလူထုအားလုံးအတွက် ခရစ္စတိုဖာက ဟီးရိုးပါ ဒါပေမဲ့ မျှတတဲ့ဒီမိုကရေစီစစနစ်တစ်ခုမှာ တရားစီရင်ရေးမဏ္ဍိုင်ဆိုတာ မရှိလို့မရပါဘူး အဲ့ဒါကြောင့် အထက်ဌာနကနေ ခရစ္စတိုဖာကို စုံစမ်းစစ်ဆေးဖို့အတွက် အမျိုးသမီးအရာရှိတစ်ဦးကို တာဝန်ပေးအပ်လိုက်ပါတော့တယ် ခရစ္စတိုဖာရဲ့ မီးစတစ်ဖက်ရေမှုတ်တစ်ဖက် မှန်ကန်မျှတပေမဲ့ မညှာတာတတ်တဲ့ စရိုက်ကို အတိတ်ကစတူးဖော်ကြည့်မိတဲ့အခါ........ဒီဇာတ်ကားလေးဟာ ဇာတ်လမ်းလေးက မြင်နေကျဆိုပေမဲ့ ဆက်ပြီးကြည့်ချင်လောက်အောင် လှည့်ကွက်လေးတွေကို သူ့နေရာနဲ့သူပါထားပြီး မင်းသားကြီးမမ်မွတ်တီးရဲ့ အိုဗာတွေသိပ်မပါ ရင့်ကျက်တဲ့ပုံစံနဲ့မို့ ကြည့်ရရှုရတာ စိတ်ဝင်စားဖို့ကောင်းပြီး မှုခင်းဒရာမာ ရဲအက်ရှင်ကြည့်ချင်တဲ့သူတွေအတွက် ဇာတ်အိမ်ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်း ဒီကားလေးကို လက်မလွှတ်ကြဖို့ လက်တို့ပေးပါရစေ File size…2.25GB / 1.1GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ...
movie
Christopher(2023)
2023
8.1
181(2022)
181 (2022) IMDb 8.3ဇာတ်ညွှန်းရေးဖို့ကုန်ကြမ်းရှာနေတဲ့ဇာတ်ညွှန်းရေးဆရာတစ်ယောက် သရဲခြောက်တဲ့အိမ်ကြီးကိုမှ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားတဲ့အခါ...ရှီဗာဆိုတဲ့ ဇာတ်ညွှန်းရေးဆရာကို ထုတ်လုပ်သူက ဇာတ်ညွှန်းအပြီးရေးဖို့ အချိန် ၃ရက်ပဲပေးထားပါတယ် မြို့မှာနေပြီးရေးရင် အာရုံမစိုက်နိုင်ဖြစ်မှာကြောင့် မိန်းမဖြစ်သူပရီယာက ဆိတ်ငြိမ်ရပ်ကွက်က သူမတို့အပိုင် အိမ်လေးဆီခေါ်လာခဲ့ပါတယ်သူတို့စရောက်တည်းက ဒီအိမ်ကြီးမှာကပ်နေတဲ့အရာက အသေးအဖွဲလေးတွေတွေခြောက်ပြပေမဲ့ သတိမထားမိခဲ့ကြတဲ့သူတို့..သူတို့ကိုသာမက ဘေးကအပေါင်းအဖော်တွေကိုပါ အသက်အန္တရာယ်ပေးလာတဲ့အခါ ဒီဝိညာဉ်အကြောင်း လိုက်လံစုံစမ်းရင်းသိခဲ့ရတဲ့ ကြေကွဲဖွယ်ရာကိစ္စတွေကြောင့် သူတို့ဘာတွေဆက်လုပ်သွားမလဲ ဒီအငြိုးကြီးတဲ့ဝိညာဉ်ကိုသူတို့ကူညီပေးနိုင်မှာလား သူ့ဇာတ်ညွှန်းရောအဆင်ပြေသွားမလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.58GB / 756MB Quality…1080p True WEB DL / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Sai ThuRein
movie
181(2022)
2022
6.8
Butta Bomma (2023)
Butta Bomma 2023 Drama/ Romance IMDb 7.8/10အာရ်ပူက ရွာလေးတစ်ရွာမှာ ဆသ်ရာခေါ်တဲ့မိန်းမလှလေးတစ်ယောက်ဟာ အိမ်အလုပ်တွေကူပေးရင်း ငြိမ်းချမ်းစွာနေထိုင်နေပါတယ်။ ၂၁ရာစုရောက်နေပြီး စမတ်ဖုန်းတွေနဲ့ တိုးတက်နေတဲ့ခေတ်မှာတောင် အားလုံးနဲ့အဆက်အသွယ်လုပ်ဖို့ ဆသ်ရာမှာ ကီးပတ်ဖုန်းလေးတစ်လုံးသာရှိပါတယ်။တစ်ဖက်မှာလည်း မူရ်လီဆိုတဲ့ကောင်လေးဟာ သုံးဘီးမောင်းရင်း ဘဝကိုရိုးသားစွာနဲ့ ကြိုးစားရုန်းကန်နေပါတယ်။ တစ်ရက်မှာ ဆသ်ရာတစ်ယောက် ဖုန်းနံပါတ်မှားခေါ်မိရာကနေ မူရ်လီဆီကို ရောက်သွားပါတော့တယ်။ အသံချိုချိုသာသာလေးတွေကို သဘောကျတဲ့မူရ်လီဟာလည်း လူချင်းမမြင်ရပဲ ဖုန်းထဲကနေတစ်ဆင့် ဆသ်ရာကို ကြွေမိသွားပါတော့တယ်။ဒီလိုနဲ့ ဖုန်းထဲကနေပဲ အချစ်ဇာတ်လမ်းလေးစတင်ခဲ့ပြီး အပြင်မှာတွေ့ကြဖို့ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာလည်း ချင်နီဆိုတဲ့သူဌေးသားတစ်ယောက်က ဆသ်ရာကိုကြိုက်နေကာ လိုက်ပိုးပန်းပေမယ့် သူ့အမေသူဌေးမကြီးကတော့ မောက်မာပြီး ဆသ်ရာတို့မိသားစုကို အထင်သေးစွာဆက်ဆံပါတယ်။ မူရ်လီနဲ့ဆသ်ရာ တွေ့ဆုံကြတော့မယ့်အချိန်မှာ အာကေဆိုတဲ့သူတစ်ယောက်ရုတ်တရတ်ပေါ်လာပါတော့တယ်။ ဒီလိုဆို ဆသ်ရာ မူရ်လီ အာကေ နဲ့ ချင်နီတို့ရဲ့ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာ ဘယ်သူကအနိုင်ရသွားမလဲ သူတို့တွေ ဘာဆက်ဖြစ်ကြမလဲ။ အာကေကရောဘာကြောင့်ပေါ်လာရတာလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2.5GB / 1.05GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~ ...
movie
Butta Bomma (2023)
2023
6.7
Yes Boss (1997)
Yes Boss (1997) *************** ဒီဇာတ်ကားလေးကတော့ ဘောဝုဒ်ရဲ့ Kingလို့တင်စားကြတဲ့ မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီးကြီး ဂျူဟီးချောင်လာတို့ရဲ့ Romance/Dramaအမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb ratingကလည်း 6.7အထိ ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း ရာဟူးလ်ရဲ့သူဋ္ဌေးဆစ်ဒါးသ်ဟာ တရားဝင်မိန်းမရှိသူဖြစ်သော်လည်း ဆီမာဆိုတဲ့ မိန်းကလေးကိုသဘောကျကာ ချဥ်းကပ်နိုင်ဖို့အတွက် ရာဟူလ်းကို အခကြေးပေးကာ အကူအညီတောင်းပါတယ်။ ဒါပေမဲ့ ရာဟူးလ်ဟာ ဆီမာကို နှစ်သက်စွဲလမ်းကာ ချစ်မိသွားပြီး သူ့ရဲ့အလုပ်နဲ့ နှလုံးသားနှစ်ခုထဲက တစ်ခုကို ရွေးချယ်မှရတော့မယ့် အခြေအနေ ဆိုက်ရောက်လာတဲ့အခါ ...ရာဟူးလ်တစ်ယောက် သူ့ရဲ့အချစ်ကို ရွေးချယ်နိုင်မှာလား ... ဘယ်လို အခက်ခဲအတားအဆီးတွေက စောင့်ကြိုနေမလဲ ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ... ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ Darama/Romanceအပြင် ဟာသတွေပါ ရောနှောထည့်သွင်းထားပြီး ပျင်းစရာလုံးဝမကောင်းတဲ့ ကားကောင်းလေး တစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ်ပရိတ်သတ်များ လုံးဝ လက်မလွှတ်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။ File size…2.34GB / 1.23GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Yes Boss (1997)
1997
8.0
Gulmohar(2023)
Gulmohar 2023IMDb-8.1/10မင်းသားကြီး Manoj Bajpayee နဲ့ မင်းသမီးကြီး Sharmila Tagore တို့လို သရုပ်ဆောင်ကြီးတွေနဲ့ လူငယ်သရုပ်ဆောင်ပေါင်းများစွာပါ၀င်ထားတဲ့ မိသားစုသံယောဇဉ်မေတ္တာဖွဲ့ကားလေး ညွှန်းပေးချင်ပါတယ်မိသားစု၀င် ၁၄ ယောက်လုံး အတူတူမွေးဖွားကြီးပြင်းလာတဲ့ အိမ်ကြီးကနေ အတောင်အလက်စုံစုံနဲ့ ပျံထွက်မယ့်သူတွေများစွာရှိနေပါတယ် တစ်နေ့မှာမိသားစု၀င်တွေအားလုံးစုစည်းပြီးပါတီပွဲ ကျင်းပသီချင်းဆိုကြပျော်ရွှင်နေချိန်မှာ အိမ်ရဲ့မိခင်ကြီးကူဆွမ်ဟာ ဒီအိမ်ကြီးကိုရောင်းချပြီး သူတစ်ယောက်တည်း သွားနေတော့မယ်ဆိုတဲ့ အကြောင်းအရာဟာ အားလုံးကိုအံ့အားသင့်သွားစေပါတော့တယ်သူ့တစ်သက်လုံး ခင်ပွန်းသည်သားသမီးတွေနဲ့အတူ နေထိုင်ကြီးပြင်းခဲ့တဲ့အိမ်ကြီးကို ဘာကြောင့်ရောင်းပစ်ချင်ရတာလဲ ဒီလိုနဲ့ပဲ ချစ်ခင်ပျော်စရာကောင်းတဲ့မိသားစုသိုက်သိုက်၀န်း၀န်းဘ၀တစ်ခန်းရပ်တော့မလား မိသားစု၀င်တစ်ယောက်ချင်းစီရဲ့စရိုက်တွေအခက်အခဲတွေကို ရှုထောင့်စုံရိုက်ကူးပြသတဲ့ မိသားစုကားလေးဟာ အေးအေးငြိမ့်ငြိမ့်ခံစားကြည့်ရှုနိုင်မှာပါ File size…2.27GB / 883MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Thaik San
movie
Gulmohar(2023)
2023
8.2
Nayika Devi: The Warrior Queen (2022)
Nayika Devi 2022 (IMDb 8.5/10)ဘာဟူဗလီတို့ ဘိုင်ရာဗားတို့လို ရာဇဝင်နောက်ခံ ရှေးနန်းတွင်း အိန္ဒိယအက်ရှင်ကားကောင်းကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားကို ထပ်မံတင်ဆက်ပေးပါရစေဘီစီ ၁၂ ရာစုလောက်က အိန္ဒိယနိုင်ငံဂူဂျာရက်ဂ်ကို အုပ်စိုးခဲ့တဲ့ ပထမဆုံးစစ်သည်တော်ဘုရင်မ နာရိကာဒေဗီအကြောင်းကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားပြီးတော့ ဘုရင်မနာရိကာဒေဗီရဲ့ ရဲစွမ်းသတ္တိတွေ စစ်သည်တော်လိုမျိုး စစ်မြေပြင်မှာတိုက်ခိုက်ပုံတွေကို အထူးပြုလုပ်ချက် ကောင်းကောင်းနဲ့ရိုက်ကူးထားပြီး သမိုင်းကိုဇာတ်အိမ်တည်ထားတာဆိုတော့ ဇာတ်အိမ်မခိုင်မာမှာကို ပူစရာမလိုပါဘူးစစ်ဘုရင်မိုဟာမတ်ဂိုရီကို ပြန်လည်တိုက်ခိုက်မဲ့ ဧကရီနာရိကာဇာတ်ကားလေးကို ရာဇဝင်စစ်ကားကောင်းလေးတွေကို လွမ်းဆွတ်နေတဲ့ CM ပရိသတ်ကြီးအတွက်တင်ဆင်ပေးလိုက်ပါတယ် File size…3.1GB / 1.4GB Quality…1080p AMZ WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Sai Thu Rein
movie
Nayika Devi: The Warrior Queen (2022)
2022
5.0
The Legend(2022)
The Legend (2022) Action, Drama, Romance IMDb 5.1/10 (7.6K)အခုတစ်ခါမှာတော့ တမီလ်ဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးပါတော့မယ်။ဆာရာဗနန်ဆိုတဲ့ သိပ္ပံပညာရှင်လေးဟာ ကမ္ဘာသိ လူသိရှင်ကြား ဂုဏ်သတင်းကျော်ဇောတဲ့ သိပ္ပံပညာရှင်လေးတစ်ယောက်ဖြစ်ပြီး နိုင်ငံတကာက လိုချင်နေတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သို့သော်ငြားလည်း သူဟာ အဲ့ဒါတွေကို ပဓါနမထားဘဲ သူ့ရပ်ရွာလေးကောင်းစားဖို့နဲ့ ဇာတိမြေကလူတွေ ပညာတတ်ကြီးတွေဖြစ်စေဖို့ ဆန္ဒပြုနေခဲ့ပါတယ်။တစ်ဖက်မှာလည်း လူတွေကို ဘေးဥပါဒ်ဖြစ်စေတဲ့ ဆေးဝါးတွေတီထွင်ပြီး ကမ္ဘာမီးလောင် သားကောင်ချနင်းမယ့် ငွေတဘို့တည်းသာကြည့်ကြတဲ့ အရင်းရှင်လူတန်းစားတွေက ရှိနေပါတယ်။ဒီလိုနဲ့ ပြည်သူ့ဘက်တော်သားလေးက အဖျက်သမားတွေကို တွန်းလှန်ဖို့ဖြစ်လာတဲ့အခါမှာတော့...။ File size…3.75GB / 1.9GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sai Thu Rein & Nyein Aye
movie
The Legend(2022)
2022
4.4
Alone(2023)
Alone 2023ဒီဇာတ်ကားလေးမှာ Drishyam(Tamil Version)ရဲ့မင်းသားကြီး Mohanlal ကဦးဆောင်ပါဝင်ထားပါတယ် ဇာတ်လမ်းလေးက မင်းနဲ့စပြီး မင်းနဲ့ဆုံးတယ်လို့ ပြောရလောက်အောင် ကိုဗစ်ကာလမှာ မင်းသားတစ်ယောက်တည်း ဖုန်းတွေပတ်ပြောနေတဲ့ပုံစံနဲ့ ရိုက်ကူးထားတာပါကျွန်တော်တို့အနေနဲ့ ရှယ်ခြောက်ပါတယ်ဆိုတဲ့ Annabelle တို့ Conjuring တို့လိုမျိုး jumpscare တွေနဲ့ ရှယ်ဖြဲခြောက်ခံရတဲ့အရသာမျိုးကိုသဘောကျမှာပါဒီကားလေးမှာတော့ jumpscare တွေသိပ်မထည့်ဘဲနဲ့ ကာလာတွေကလဲလင်းချင်းနေပြီး တစ်ယောက်တည်းပါလားဆိုတဲ့ ခံစားချက်ကြောင့် တွေးရင်းနဲ့ ကျောထဲထိစိမ့်စိမ့်လာမှာပါဟုတ်ပါတယ် ကိုဗစ်ကာလတိုက်ခန်းအသစ်ကိုပြောင်းလာတဲ့ မင်းသားဟာ သူတစ်ယောက်တည်း စကားပြောသံတွေကို ကြားနေရတဲ့အခါမှာ ဒါကစိတ်ထင်မှားတာလား ဘာဖြစ်တာလဲဆိုတာ သူကိုယ်တိုင်အဖြေရှာရင်းနဲ့ အဲ့အသံတွေနောက်ကဇာတ်လမ်းကို အဖြေရှာဖို့ကြိုးစားမဲ့ ရုပ်ရှင်ကားလေးပါ တစ်စိမ့်စိမ့်တွေးကြောက်ရင်း ဘာကြောင့်လဲဆိုတာသိချင်တဲ့သူတွေအတွက် ဒီ horror/thriller ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ် File size…1.9GB /837MB Quality….1080p TRUE WEB DL / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Sai Thu Rein
movie
Alone(2023)
2023
8.3
Vasantha Mullai (2023)
Vasantha Mullai (2023)IMDb 8.3/10ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ထူးဆန်းတဲ့ဟိုတယ်ထဲမှာပိတ်မိနေပြီး လွတ်လမ်းရှာရမဲ့ Psychologicial Thriller Actionဇာတ်ကားဖြစ်တဲ့ Vasantha Mullaiပဲဖြစ်ပါတယ်ရူဒရာ ဆိုတဲ့အိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတစ်ယောက်က နေ့တိုင်းမအိပ်ဘဲအလုပ်ချည်းဖိလုပ်နေလွန်းလို့ မကြာခဏသတိလစ်တတ်တဲ့ အလုပ်ရူးတစ်ယောက်ဖြစ်ပါတယ်သူဒီလိုကြိုးစားနေရတဲ့အကြောင်းကလည်း သူချစ်ရတဲ့နီလာဆိုတဲ့ မိန်းကလေးကိုမကြောင့်မကြရွှေပေါ်မြတင်ထားနိုင်ဖို့ပါပဲ ဒါပေမဲ့ ဒီလိုအလုပ်ကြိုးစားပြီးအိပ်ရေးပျက်ရတဲ့ရလဒ်အနေနဲ့ ကျန်းမာရေးမကောင်းဖြစ်လာတော့ အားလပ်ရက်ယူတဲ့အနေနဲ့ နီလာနဲ့အတူခရီးထွက်ခဲ့ကြတယ် လမ်းမှာထူးဆန်းတာတွေကြုံခဲ့ပေမဲ့ သတိမထားမိခဲ့ကြတဲ့သူတို့ ထူးဆန်းတဲ့ဟိုတယ်တစ်ခုဆီရောက်သွားပြီး တစ်ညလုံးကို အသက်ဘေးကနေလွတ်အောင်ပြေးရမဲ့ကိန်းဆီဆိုက်ရောက်လာတဲ့အခါမှာတော့.... File size…1.68GB / 705MB Quality…1080p TRUE WEB DL / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Yunni~ Khin Khin
movie
Vasantha Mullai (2023)
2023
9.3
Made In Bengaluru(2022)
Made In Bengaluru 2023IMDb 9.3/10 အထိရရှိထားပြီး ပရိတ်သတ်တွေနဲ့မစိမ်းလှတဲ့ နာမည်ကြီးမင်းသား မင်းသမီးတွေပါ၀င်ထားတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင်တစ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဘန်ဂလူရူမြို့ဟာ အိန္ဒိယတောင်ပိုင်းရဲ့မြို့တော်၊ လူသန်းပေါင်းများစွာရဲ့ အိပ်မက်တွေအကောင်အထည်ဖော်တဲ့ အချက်အချာကျတဲ့နေရာလေးပေါ့။ ဒါ့အပြင်လူငယ်တွေ လုပ်ငန်းသစ်စဖို့ အားထားရတဲ့မြို့လေးတစ်မြို့ဆိုပါတော့။ အဲ့ဒီမှာ ရည်မှန်းချက်ကြီးမားတဲ့ အင်ဂျင်နီယာကျောင်းဆင်းတစ်ယောက် ဆူဟာ့စ်ဆိုတဲ့ လူငယ်လေးအပါအ၀င်ပါ။ ဆူဟာ့စ်ဟာ သူတီထွင်ထားတဲ့ အပ်ဒ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံပေးဖို့ ရင်းနှီးမြှုပ်နှံသူတွေ တစ်ယောက်ပြီးတစ်ယောက်ရှာရာကနေ ဇာတ်လမ်းစထားပါတယ်။သို့ပေမယ့်မြို့လေးဟာထင်သလောက်မရိုးသားနေပါဘူး တစ်ချို့လည်းတကယ်ကူညီပေးချင်သလို သူတစ်ပါးဦးနှောက်ကိုဖောက်စားချင်ကြတဲ့တွေလည်း မနည်းမနောပါပဲ။ ဒီတော့ ဆူဟာ့စ်တစ်ယောက် လုပ်ငန်းစဖို့စီးပွားရေးလောကထဲ၀င်လာတဲ့အချိန်မှာ အဲ့လောကဟာလည်းမာယာများနေတဲ့အခါ ရည်မှန်းချက်ကိုအောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အချစ်၊ အလွမ်း ဟာသလေးနှောပြီး လူစုံစရိုက်စုံလှတဲ့ ဘန်ဂလူရူမြို့ကြီးထဲမှာ သူတို့တွေဘယ်လို အမျိုးစုံ ကြိုးခုန်ကြမယ်ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…2.7GB /1.3GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 47mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Cherry~ Yunni~Nyein Aye
movie
Made In Bengaluru(2022)
2022
6.8
Waltair Veerayya (2023)
Waltair Veerayya (2023) Action, Drama IMDb 6.8/10 (5.6K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘိုင်ရာဗာမင်းသားရဲ့အဖေ မင်းသားကြီး ချီရန်ဂျီဗီးနဲ့ မင်းသားကြီး ရဗီတေဂျားတို့ရဲ့အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ မင်းသမီးချောလေး ရှရူတီးဟာစန်းကလည်း ကမ်းကုန်အောင် လှပပေးထားပါတယ်နော်။ဒီဇာတ်ကားမှာ ဘတ်ဂျက် ရူပီကုဋေ၁၄၀သုံးခဲ့ပြီး ၂၃၃.၀၅ကုဋေပြန်ရခဲ့ပါတယ်။ဇာတ်လမ်းကိုပြောရမယ်ဆိုရင်... RAW အဖွဲ့ဟာ နိုင်ငံတကာရာဇဝတ်သားကို အိန္ဒိယဖမ်းခေါ်လာနေတုန်း လမ်းမှာ လေယာဥ်ပျက်ကျခဲ့ပြီး အဲ့ဒီရာဇဝတ်သားကို ရဲစခန်းမှာ တစ်ညသိပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီရဲစခန်းဟာ ညတွင်းချင်းဝင်ဆီးခံခဲ့ရပြီး စခန်းအတွင်းက ရဲတွေအားလုံးအသတ်ခံလိုက်ရပါတယ်။ ရာဇဝတ်သားလည်း လွတ်မြောက်သွားပါတော့တယ်။ဒီအဖြစ်အပျက်ကြောင့် ရာထူးဆိုင်းငံ့ခံလိုက်ရတဲ့ ရဲအရာရှိဟာ ဒီရာဇဝတ်သားကို ဖမ်းဆီးဖို့ ခဲထားပါတော့တယ်။ ဒီလိုနဲ့ မီးကိုမီးနဲ့ငြှိမ်းဖို့ ကြိုးစားလာတဲ့အခါမှာတော့....။ ဆက်လက်ပြီး ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော်။ File size…4.21GB / 1.95GB Quality…1080p True WEB DL /720p Format…mp4 Duration…2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Taylor~ Yunni ~ Khin Khin
movie
Waltair Veerayya (2023)
2023
First
46
47
48
49
50
Last
Previous
Next