Channel Myanmar

Bollywood

Satyaprem Ki Katha (2023) 7.0
Satyaprem Ki Katha (2023) Satyaprem Ki Katha (2023) IMDb-7/10Freddy(2022)ထဲမှာ သွားဆရာဝန်အဖြစ်နာမည်ကြီးခဲ့တဲ့မင်းသား ကာတစ်အာရန်းရယ် ဖြူဖွေးဝင်းဥနုဖတ်နေတဲ့အလှတရားတို့ရဲ့ပိုင်ရှင် မင်းသမီးချောလေးကီရာရာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းဂူဂျာရတ်ကမြို့ငယ်လေးတမြို့မှာ မိဘတွေနဲ့အတူနေပြီး ဘာအလုပ်အကိုင်မှမရှိတဲ့ ဆပ်တူ။ အလုပ်အကိုင်မရှိပေမဲ့ မိန်းမလိုချင်နေလို့ မိဘတွေကို နားဂျီပူဆာလုပ်နေတဲ့ သဘောကောင်းမနောကောင်း မေမေ့သားလေး ဆပ်တူ။သူတမ်းတမ်းစွဲချစ်မိနေတာက ချမ်းသာတဲ့အသိုင်းအဝိုင်းက အကမယ်လေး ကာသာ။ကာသာမှာ ရည်းစားရှိမှန်းသိသွားပေမယ့် ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာဆိုတဲ့အတိုင်း မလွန်ဆန်နိုင်တဲ့နှလုံးသားနဲ့ ရစ်နှောင်တွယ်နှင့်ခဲ့ပြီလေ။တစ်ရက် အက်စီးဒန့်တခုမှာ ကာသာရဲ့အသက်ကို ကယ်တယ်ခဲ့ရပြီးတဲ့နောက်မှာတော့ အရာရာပြောင်းလဲသွားခဲ့ပေမယ့် အလုပ်အကိုင်မရှိတာကို မနှစ်မြို့တဲ့ယောက္ခမလောင်းကြီး သဘောကျဖြစ်ဖို့ အလုပ်တွေကြိုးစားနေပြီဗျို့ဆိုပြီး ကြိုးစားလိုက်တာ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ကနေ မန်နေဂျာဘ၀ရောက်သွားပါလေရော။သို့ပေမယ့်လည်း ကံတရားရဲ့စီမံမှုတွေက ဘယ်လိုတွေလွဲချော်ပြီး ဘယ်အချိန်မှာသူတို့တွေကို ဆုံစည်းစေမလဲဆိုတာတော့ မိတ်ဆွေတို့စိတ်ကြိုက်ဖန်သားပြင်ပေါ်မှာ ကြည့်ရှုလိုက်ကြပါဦး။ ကြည်နူးဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားရှာနေတယ်ဆို Satyaprem Ki Kathaက မိတ်ဆွေအတွက်ဆိုတာ သေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Saii~Yunniတို့ဖြစ်ပါတယ်) File size…7GB /2.29GB / 1.15GB Quality…4k AMZ WEB DL/ 1080p WEB DL / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~BpL~Zwe~Saii~Yunni
movie

Satyaprem Ki Katha (2023)

2023
4K HEVC
Por Thozhil (2023) 8.4
Por Thozhil (2023) Por Thozhil ( 2023 ) ==================IMDb 8.4/10တောင်ပိုင်းမှုခင်းကားတွေ ကြိုက်တဲ့ပရိသတ်တွေအတွက် Por Thozhil ဆိုတဲ့ အမိုက်စား မှုခင်းရုံကားလေးတစ်ခု ထွက်ရှိလာပါပြီ။Por Thozhil ဆိုတာကတော့ တမီလ်လို စစ်အနုပညာလို့ အဓိပ္ပါယ်ရပါတယ်။ ကြောက်တတ်ပေမဲ့ မှုခင်းစာအုပ်တွေဖတ်ပြီး ရဲဖြစ်ချင်ခဲ့တဲ့ ပရာကတ်ရှ်ဆိုတဲ့ အလုပ်သင် ဒုရဲအုပ်လေးဟာ အရမ်းလက်ပေါက်ကပ်တဲ့ လူ့ကန့်လန့် ဝါရင့်ရဲအုပ်ကြီးတစ်ယောက်ဆီမှာ အကူအနေနဲ့ တာဝန်ထမ်းဆောင်ရင်း ပထမဆုံးအမှုအနေနဲ့ နှစ်လောင်းပြိုင် ကွင်းဆဂာ်လူသဝာ်မှုနဲ့ တည့်တည့်တိုးပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် တောင်ပိုင်းမှုခင်းကားတွေထဲမှာ အင်မတန်နာမည်ကြီးခဲ့တဲ့ Ratsasan တို့ HIT တို့လိုပဲ ပရိသတ်တွေကို ထိုင်ရာကနေ မထစတမ်း ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ပရိသတ်တွေအတွက် တကယ်ကို must watch ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Moon, V, Cherry နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်ဗျ။ ) File size…4GB /1.53GB  / 789MB Quality…4k SONY WEB DL ...
movie

Por Thozhil (2023)

2023
4K HEVC
Vaan Moondru (2023) 5.7
Vaan Moondru (2023) Vaan Moondru (2023) IMDb-5.7/10တစ်ခါတလေမှာဘဝကို အကောင်းမြင်စိတ်ခွန်အားပေးအရာတွေထက် ခါးသီးတဲ့လက်တွေ့ဖြစ်ရပ်တွေက ပိုအားဖြစ်စေတဲ့အချိန်တွေရှိပါတယ်ချစ်ရတဲ့သူတွေကို ပစ်ခွာသွားကြလို့ သေကြောင်းကြံရင်း ဆေးရုံပေါ်ရောက်ပြီး ရင်းနှီးသွားသူတဲ့သူတွေ အဖေသဘောမတူတဲ့ကြားက ဆက်တွဲရင်းကိုယ်ဝန်ရပြီထင်ရာက ဦးနှောက်အကြိတ်ဖြစ်မှန်းသိလိုက်ရတဲ့သူ ဇနီးခွဲစိတ်ကုသဖို့ သားဆီဆေးရုံစရိတ်တောင်းခံဖို့သွားရာက ပစ်ပစ်ခါခါငြင်းဆိုခံလိုက်ရတဲ့သူဒီလိုကာရိုက်တာမျိုးစုံနဲ့ ခက်ခဲကြတဲ့ဘဝတွေကို ရှုစားရင်းလက်တွေ့ဘဝကို ပိုတန်ဖိုးထားရှင်သန်နိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ် (အညွှန်းနှင့်ဘာသာပြန်ကတော့ BpL ~ Zwe ~ V ~ Cherry တို့ပဲဖြစ်ပါတယ်) File size…1.25GB  / 568MB Quality…1080p WEB DL /720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Cherry
movie

Vaan Moondru (2023)

2023
Rakshak – India’s Braves (2023) 8.8
Rakshak – India’s Braves (2023) Rakshak-India's Braves 2023အိန္ဒိယရဲ့သူရဲကောင်းများတဲ့ယူနီဖောင်းနဲ့ခန့်နေတဲ့ Jalebi မင်းသား Varun Mitra နဲ့ အပြုံးချိုချိုမင်းသမီးလေး Kanika Mann တို့အဓိကပါဝင်ထားပါတယ်ဇာတ်လမ်းအစမှာ သမီးဖြစ်သူကိုဘူတာလိုက်ပို့ရင်း ဖုန်းအားပြည့်ရဲ့လား မုန့်နဲ့ရေကပါရဲ့လားနဲ့ သဲသဲလှုပ်ဂရုစိုက်အချစ်ပိုနေကြတဲ့ မိသားစုလေးကိုကြည်နူးဖွယ်မြင်တွေ့ရမှာပါ အဲဒီချိန်မှာပဲ မထင်မှတ်တဲ့ပေါက်ကွဲမှုတစ်ခု .....ဆိုနူးကတော့ခါးပတ်ညိုရထားတဲ့ ဗိုလ်ကြီးတစ်ဦးပါ ခွင့်ရက်ပြန်လာချိန် အပြုံးချိုချိုမာလာလေးနဲ့ စေ့စပ်ပေးဖို့ အိမ်ကစီစဉ်ထားတာနဲ့တန်းတိုးတာပေါ့ အပြုံးချိုလေးဘယ်လောက်စွမ်းလဲဆို တစ်သက်လုံးမကြိုက်တဲ့ ခရမ်းသီးချက်တောင်စားမယ် ဖြစ်သွားသည်ထိပါပဲ ခွင့်ရက်မစေ့ခင်မှာပဲ တာဝန်ကျလို့ပြန်သွားရချိန်မှာတော့....သာမန်အရပ်သားဘဝမှာ မေတ္တာအပြည့်ကြည်နူးနေတဲ့သူတစ်ယောက် တာဝန်ဝတ္တရားနဲ့ နိုင်ငံ့အကျိုးသယ်ပိုးရချိန်မှာလည်း နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်နေရသူ မေတ္တာဖွဲ့ ၊ စိတ်ခွန်အား ၊ အက်ရှင်တို့ကို တစ်စုတစ်စည်းတည်းမြင်တွေ့ရမဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Cherry ~ V ~ Yunni တို့ပဲဖြစ်ပါတယ်) File size…1.59GB / 680MB  Quality…1080p WEB DL /720p Format…mp4 Duration…1h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ V ~ Yunni
movie

Rakshak – India’s Braves (2023)

2023
Maayon(2022) 6.5
Maayon(2022) Maayon (2022) IMDb-6.5/10ရှေးဟောင်းဘုရားကျောင်းကြီးတစ်ခုထဲမှာ လူတွေဘုရားဝတ်ပြုနေကြပြီးဘုရား‌ကျောင်းရဲ့ ကြောက်မက်ဖွယ်ရာထူးခြားမှုကြောင့် နေဝင်ရင် အဲဒီ‌ဘုရားကျောင်းကြီးထဲ ဘယ်သူမှ မနေရဲကြတာမို့ လူတွေအားလုံးက အိမ်ပြန်ဖို့လုပ်နေကြတယ်။ ဘုန်းကြီးငယ်တစ်ပါးကတော့ ညမိုးချုပ်ရင် ဒီဘုရားကျောင်းကြီးထဲ ဘာတွေဖြစ်မလဲသိချင်တာကြောင့် အားလုံးပြန်သွားကြပေမဲ့ မပြန်ဘဲ ဘုရားကျောင်းကြီးထဲမှာ နေခဲ့ပြီး အဲဒီဘုန်းကြီး ထူးထူးဆန်းဆန်း သေသွားတဲ့ မြင်ကွင်းနဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။တစ်ဖက်မှာတော့ အဓိကဇာတ်ဆောင်အာဂျွန်ဟာ ရှေးဟောင်းပစ္စည်းတွေကို ရှာဖွေထိန်းသိမ်းတဲ့အစိုးရအဖွဲ့အစည်းက ရှေးဟောင်းသုတေသနအဖွဲ့ဝင် တစ်ယောက်ဖြစ်သလို အဲဒီပစ္စည်းတွေကို တရားမဝင်ရောင်းတဲ့ မှောင်ခိုအဖွဲ့ကကြံရာပါလူလည်း ဖြစ်နေပြန်ပါတယ်။ရှေးဟောင်းပစ္စည်းမှောင်ခိုဂိုဏ်းခေါင်းဆောင်က တန်ဖိုးကြီးရှေးဟောင်းဆင်းတုတစ်ဆူကို လိုချင်တာကြောင့် ‌အာဂျွန်နဲ့ သူ့ရဲ့ကြံရာပါဖြစ်တဲ့ အထက်လူကြီး ဒေဝရာ့ဂ်ျတို့ဟာ ခုနက ကြောက်စရာဘုရားကျောင်းကြီးထဲက အဖိုးတန်ဆင်းတုကို ရှာဖို့ကြံစည်ကြပါတော့တယ်။နေဝင်ရင်တောင် လူတွေမသွားရဲတဲ့ ‌ဘုရားကျောင်းထဲကရှေးဟောင်းဆင်းတုကို ယူဖို့ကြိုးစားရင်း အာဂျွန်တို့တွေ ဘယ်လိုထူးခြားဆန်းကြယ်တဲ့ အန္တရာယ်တွေနဲ့တွေ့မလဲ ၊ နောက်ပြီး အဓိကဇာတ်လိုက်ကျော်အာဂျွန်ကရော တကယ့်ရှေးဟောင်းသုတေသနပညာရှင်အဖြစ်နဲ့ပဲ‌ ပြန်နေသွားမလား ၊မှောင်ခိုလုပ်ပြီး စီးပွားရှာတဲ့ နိုင်ငံရဲ့ သစ္စာဖောက်အဖြစ်နေသွားမှာလားဆိုတဲ့မေးခွန်းတွေရဲ့ အဖြေတွေကိုသိဖို့ ကြည့်လိုက်ကြရအောင်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH~Aditi~Moon~Vတို့ပဲ ဖြစ်ပါတယ်) File size… 2.22GB / 972MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Maayon(2022)

2022
Haider (2014) 8.2
Haider (2014) IMDb Rating (8.0) / Rotten Tomatoes (88%)မင်းသား Shahid Kapoor , မင်းသားကြီး Irrfan Khan ,မင်းသမီး Shraddha Kapoor,မင်းသမီးကြီး Tabu တို့နဲ့ ဘောလိဝုဒ်ရဲ့ Rating မြင့် Action,Crime,Drama ရုပ်ရှင်ကားဖြစ်ပါတယ်။ဒီရုပ်ရှင်ကားက စာရေးဆရာကြီးဝီလီယံရှိတ်စပီးယားရဲ့ "Helmet"ဆိုတဲ့ဇာတ်လေးကိုကျောရိုးကိုယူပြီးပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့ ၁၉၉၅ခုနှစ် ကတ်ရှမီးယားဒေသကိုအခြေပြုထားပါတယ်။ ကတ်ရှမီးယားဒေသကိုအခြေတည်ထားတာကလည်းစိတ်ဝင်စားစရာအချက်တချက်ပါပဲ။ လူငယ်လေးတစ်ယောက် သူ့ဖခင်ရုတ်တရက်ပျောက်ဆုံးသွားတဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာပဲ အဲဒီကတ်ရှ်မီးယားဒေသကိုသွားရောက်ခဲ့တာကစတင်ထားပါတယ်။အဲ့ဒီကိုရောက်တဲ့အခါမှာတော့ ဖြစ်စဉ်တွေဟာ သူထင်ထားသလို ရိုးစင်းမနေဘဲ လိုက်လံစုံစမ်းရင်းနဲ့ ဘယ်လိုမြုပ်ကွက်တွေကို ဖော်ထုတ်လိုက်နိုင်မလဲ။ ပျောက်ဆုံးသွားတယ်ဆိုတဲ့ သူ့ဖခင်ကိုရောပြန်တွေ့နိုင်မလား။ နောက်ကွယ်က ဘယ်လိုအကြောင်းတရားတွေရှိနေလည်းဆိုတာကို ခံစားမှုပြင်းရှရှနဲ့ခံစားကြည့်ရှုရမှာပါ။ဇာတ်လမ်းက အချိုးအကွေ့လေးတွေ စိတ်ဝင်စားဖို့ကောင်းတာမို့ဇာတ်ကြောင်းကို မသိထားဘဲ ကိုယ်တိုင်အပြည့်အဝခံစားကြည့်ရှုမှ ပိုကောင်းပါမယ်။ နိုင်ငံတကာမှာ ဘာကြောင့် Rating မြင့်ပြီး နာမည်ကြီးနေလဲဆိုတာ ခံစားဆုံးဖြတ်ပေးကြပါဦး။(ရုပ်ရှင်အညွှန်းကို ကျော်ဇေလတ်မှ ရေးသားပြီး V & Thaik San မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) File size…(2.6 GB)/ (1.3 GB) Quality….BluRay 1080p HEVC /720p ...
movie

Haider (2014)

2014
1080p HEVC
Maaveeran (2023) 7.5
Maaveeran (2023) Maaveeran (2023) IMDb-7.5/10ခဏခဏတောင်းဆိုနေကြတဲ့ Maaveeranဆိုတဲ့ ကြီးမြတ်သောသူရဲကောင်းဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ အက်ရှင်မင်းသားချော ရှီဗက်ကာသီကီရန် အဓိကနေရာကပါဝင်ထားပြီး တွဲဖက်သရုပ်ဆောင် ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့အတူ တောင်ပိုင်းစတား မင်းသားကြီးဗီဂျေးစည်သူပတီကနေ နောက်ခံစကားပြောတဲ့သူအနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လိုက်က ဆပ်တရာ။ဆပ်တရာက မထင်မရှားကာတွန်းဆရာ။ဘယ်လောက်ထိမထင်ရှားလဲဆို သတင်းစာတစောင်မှာ ရှဲဒိုးရေးပေးရတာ။(ရှဲဒိုးဆိုတာ သူကသာရေးရတာ နာမည်ခံထားတာကတယောက်။) နောက်ပြီး ငကြောက်။"ရန်လိုလာရင် အရှုံးပေးနှလုံးအေးစေ၏"ဆိုတဲ့စကားကို လက်ကိုင်ထားပြီး ဘာနေနေ "နေပါစေ ထားလိုက်ပါ ပြီးသွားမှာပဲ"ဆိုပြီးနေတဲ့သူ။နိုင်ငံရေးသမားတွေရဲ့ အမြတ်ထုတ်နိုင်ငံရေးကစားတဲ့လှည့်ကွက်တွေကြောင့်နဲ့ ဘိုးစဉ်ဘောင်ဆက်နေလာတဲ့ အိမ်လေးတွေကိုစွန့်ထားခဲ့ရပြီး သူတို့ချပေးတဲ့တိုက်ခန်းမှာသွားနေကြရတယ်။ လက်နဲ့ထိရင်ကြွေဆိုတဲ့အတိုင်း သံတချောင်းရိုက်ရုံနဲ့ နံရံပြိုကျပြီး ဘေးအခန်းနဲ့တသားတည်းဖြစ်မဲ့တိုက်ခန်းမှာနေကြရင်း တနေ့မှာတော့....။ ဇာတ်လိုက်ကျော်ငကြောက်ကြီး ခေါင်းမှာဒဏ်ရာရပြီး သူတို့ရဲ့ကံကြမ္မာတွေဘယ်လိုအလှည့်အပြောင်းဖြစ်သွားမလည်းဆိုတာ ဇာတ်ကွက်ဇာတ်လမ်းခပ်ဆန်းဆန်းနဲ့ရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~YH~Zwe~Cherry~Moon~BpLတို့ပဲဖြစ်ပါတယ်) File size…2.8GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~YH~Zwe~Cherry~Moon~BpL
movie

Maaveeran (2023)

2023
Hidimbha (2023) 9.2
Hidimbha (2023) Hidimbha 2023 IMDb 9.2/10 Action/Dramaသည်းထိတ်ရင်ဖိုနဲ့စိတ်ဝင်တစားကြည့်ရှုရမယ့် တေလဂူးရဲကားလေးကို တင်ဆက်လိုက်ပေးလိုက်ပါတယ်။ဟိုက်ဒရာဘတ်မြို့က ရဲအရာရှိ အက်ဘ်ဟေးဟာ မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးနေတဲ့အမှုကို စုံစမ်းနေကြရပါတယ်။ ဘာသဲလွန်စမှလည်းမရှိပဲ သေသလား ရှင်သလား မသိရပါဘူး။ ဒါကြောင့်ပဲ ဒီကိစ္စဟာ မီဒီယာတွေ စာနယ်ဇင်းတွေကြားမှာ ဝေဖန်စရာဖြစ်ခဲ့ပြီး အဘက်ဘက်ကနေ ဖိအားတွေများလာတဲ့အမှုဖြစ်လာပါတယ်။ဒီကိစ္စကို ကူညီပြီးစုံစမ်းဖို့အတွက် ရဲအရှိအဒယာရောက်ရှိလာပါတယ်။ နှစ်ယောက်ပူးပေါင်းပြီး ဆက်စုံစမ်းရင်းနဲ့ပဲ ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့သူတွေ များလာပါတယ်။ နောက်တော့ ဒီကိစ္စဟာDark Webနဲ့ဆက်စပ်နေတာကို သိခဲ့ကြရပါတယ်။ ဒီလိုဆန်းကြယ်တဲ့အမှုကို သူတို့ဘယ်လိုဆက်ပြီးဖြေရှင်းကြမလဲ။ ဒီကိစ္စရဲ့အရင်းအမြစ်ကရော ဘာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni~V~Cherry~BpLတို့ပဲဖြစ်ပါတယ်။) File size…2.19GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Cherry~BpL
movie

Hidimbha (2023)

2023
Adipurush (2023)
Adipurush (2023) Adipurush (2023) ============ ဝေဖန်သံတွေညံခဲ့ပြီး 2023ရဲ့ ဒုတိယ၀င်ငွေအများဆုံးရုပ်ရှင်အဖြစ် ရပ်တည်နေတဲ့ ရာမာယဏရုပ်ရှင်ဇာတ်ကားကြည်တောက်ရှင်းထွက်လာပါပြီ။အရင်ဦးဆုံးတောင်းပန်လိုတာက နာမည်နဲ့အသုံးအနှုန်းတွေပါပဲ။ကျွန်တော်တို့မြန်မာတွေနားနဲ့မစိမ်းတဲ့ ရာမ၊လက္ခဏ၊သီတာ၊ရာ၀ဏ ဒီလိုနာမည်တွေပဲခေါ်ဝေါ်သုံးစွဲထားလို့ပါ။ ကျွန်တော်တို့ဘာသာပြန်အဖွဲ့သုံးနှုန်းခဲ့တဲ့ နာမည်တွေ နာမ်စားတွေကြောင့် ဘာသာဝင်တဦးတယောက်ချင်းစီကို စော်ကားမိသလိုဖြစ်သွားရင် ကျွန်တော်တို့အဖွဲ့ကနေ အနူးအညွတ်တောင်းပန်ပါကြောင်း ဦးစွာပြောကြားပါရစေ။ဒဿဂီရိဟာ အချစ်ရှုံးတာမဟုတ်ပါဘူး။အငြိုး အာဃာတတွေနဲ့ အချစ်ရူးခဲ့လို့ ကိုယ့်ပြည်ကိုယ်ပြန်ဖျက်မိတဲ့မင်းတစ်ပါးဖြစ်ခဲ့တာပါ။ အရင်အတိတ်ကံကြောင့် ကျိန်စာမိထားပြီး အမျိုးသမီးတစ်ဦးကို အလိုမတူပဲထိကပါးရိကပါးမလုပ်ရဲတာကြောင့် သီတာအပေါ်မှာ ဘာမှကိုယ်ထိလက်ရောက်မကျူးလွန်ရဲခဲ့တဲ့သူတစ်ဦးသပ်သပ်ပါပဲ။ဇာတ်လမ်းကတော့ အားလုံးသိပြီးသား ရာမမင်းက သီတာဒေဝီကို လင်္ကာပြည်ကနေ ကယ်တင်တဲ့အကြောင်းဖြစ်ပေမဲ့ ဇာတ်လမ်းကို ချဉ်းကပ်တဲ့ပုံစံက အရင်ကရှိခဲ့ဖူးပြီးသား adaptation တွေနဲ့ ပုံစံကွဲထွက်နေပါတယ်။ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်သရုပ်ဆောင် ပရာဘာ့စ်ဟာ ရာမဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ ဝေဖန်ခံခဲ့ရပေမယ့် သီတာဒေဝီနေရာမှာသရုပ်ဆောင်တဲ့ ကရီသီးဆန်နွန်ကတော့ မင်းသမီးနေရာကနေ ကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံစွာ ကျက်သရေရှိလှပနေပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ထင်သလောက်မအောင်မြင်ခဲ့ပေမဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ဂန္တဝင်လင်္ကာရှည်ကြီးကို တမူဆန်းသစ်ရိုက်ကူးထားတာမလို့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ဝေဖန်ဖို့ပဲဖြစ်ဖြစ် တစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ (အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollowood Team မှဖြစ်ပါတယ်) File size…2.73GB / 1.33GB Quality…1080p NF WEB DL  / 720p ...
movie

Adipurush (2023)

2023
Neymar(2023) 6.6
Neymar(2023) Neymar 2023ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါး လူငယ်ဟာသကားလေးပဲ ဖြစ်ပါတယ် လူငယ်ဟာသကားလေးဆိုပေမဲ့ အဓိကဟာသလုပ်မှာကတော့ ခွေးတစ်ကောင်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့...... ကွန်ဂျာဗာနဲ့အာကမ်ရှ်တို့က ဆယ်ကျော်သက်ကျောင်းသားအရွယ်လေးတွေပါ ကွန်ဂျာဗာက ဒိုနာဆိုတဲ့မြီးကောင်ပေါက်မလေးကိုကြိုက်လို့ ဘေးကနေဆရာကြီး အာကမ်ရှ်က အခါတော်ပေးရွှေဖူးစာရေးပေးပါတော့တယ် အဲ့မှာပဲ မိန်းမပိုးနည်း ဆယ့်ကိုးနည်းထဲက စော်ခွေးမွေးရင် ကိုယ်လိုက်မွေးဆိုတဲ့အကွက်အတွက် ခွေးမျိုး‌ခွေးသန်းလေးလိုက်ရှာရပါတော့တယ်သူတို့သွားရှာတဲ့နေရာက ခွေးတွေကလည်း ပိုင်ရှင်က ဘောပွဲဖန်မို့ ခွေးအားလုံးက လူကာကူ ရာမိုစ့် ပီပီ ဒရော့ဘာ စသည်ဖြင့် ဆရ ကောင်နာမည်တွေပါပဲ အဲ့မှာပဲ ကွန်ဂျာ‌ဗာတို့ ငတိနှစ်ကောင်အတွက် ရလာတဲ့ခွေးက နေမာပါတဲ့ နေမာတစ်ကောင် ဘယ်လိုတွေအကွက်တွေပြပြီး ကွန်ဂျာဗာတို့ အာကမ်ရှ်တို့နဲ့အတူ ပတ်မွှေမလဲဆိုတာ ပရိသတ်ကြီးပဲ တခွီးခွီးနဲ့ ကြည့်တော်မူကြပါကုန်အညွှန်းနဲ့ ဘာသာပြန် CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…3.5GB /1.52GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Zwe~V~Yunni~Saii
movie

Neymar(2023)

2023
Bheemadevarapally Branchi (2023) 7.9
Bheemadevarapally Branchi (2023) Bheemadevarapally Branchi (2023) IMDb-7.9/10လတ်တလောထွက်ရှိထားတဲ့ တောင်ပိုင်းဘောလိဝုဒ်ဟာသအရောလေးနဲ့ မိသားစုဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ပညာတတ်နည်းပါးလှတဲ့ ရွာလေးဆီကိုကောလဟလတခုရောက်လာတယ်။ အစိုးရကနေပြီး ဆင်းရဲတဲ့လူတွေကို ဘဏ်ကနေတဆင့်ပိုက်ဆံထောက်ပံ့မယ်ဆိုတဲ့ ကောလဟလ။ ဘာလုပ်ရမလဲဆိုတော့ ဘဏ်ကိုသွားပြီး ဘဏ်စာအုပ်ဖွင့်ရမယ်ဆိုတော့ ပညာလည်းမတတ် ဆင်းလည်းဆင်းရဲကြတဲ့ရွာသူရွာသားတွေ အကုန်လုံး ဘဏ်မှာသွားတန်းဆီပြီး ဘဏ်အကောင့်ဖွင့်ကြတော့တာပေါ့။ကံကောင်းတာလား ဆိုးတာလားမသိ ဂျမ်ပန်နားအမေရဲ့အကောင့်ထဲကို ရူပီးဆယ့်ငါးသိန်းဝင်လာပါရော။ အစိုးရက ပြောထားတဲ့အတိုင်းပေးတယ်ဆိုပြီး ဂျမ်ပန်နားတယောက် ရသမျှပိုက်ဆံ ထင်ရာလျောက်သုံး လျောက်ဖြုန်းပါတော့တယ်။လူတွေဟာ လောဘသားကောင်တွေ ဖြစ်ကြတယ်ဆိုတဲ့အတိုင်း လောဘကြောင့်ဘာမှမမြင်တော့တဲ့အခါ အခွင့်ကောင်းစောင့်နေတဲ့ လူယုတ်မာတွေဆိုတာပေါ်လာကြတာပဲလေ။အသိဉာဏ်နည်းပါးတဲ့ ရွာသားတစ်စုကပါ သူတို့အကောင့်တွေဆီကိုလည်း ဂျမ်ပန်နားတို့လို ရောက်လာမလားဆိုပြီး ပွဲစားကိုပိုက်ဆံတွေပေးကြတဲ့အခါ။ဂျမ်ပန်နားတယောက် သူ့ဆီရောက်လာတဲ့ပိုက်ဆံတွေကနေ ကြုံလာရတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မှာလား။ လောဘနဲ့ ပွဲစားကိုယုံအပ်မိကြတဲ့ရွာသားတစ်စုရော ဘယ်လိုပြဿနာတွေ ရင်ဆိုင်ရမလဲဆိုတာ။ ရယ်ရင်း မောရင်းနဲ့ပဲ ဒီလောဘသားကောင်တွေ ဘယ်လိုရင်ဆိုင်ကြမလဲကြည့်ကြတာပေါ့။ (အညွှန်းနဲ့ဘာသာပြန်သူတွေက V ~ Cherry ~ Zwe ~ BpL ~ Yunniတို့ပါပဲ) File size…2.66GB / 1.27GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ Cherry ~ ...
movie

Bheemadevarapally Branchi (2023)

2023
Kutch Express (2023) 6.7
Kutch Express (2023) IMDb-6.7/10ငယ်ငယ်ကသွားကြီးလေး ကြီးမှခန့်ချောလေးဖြစ်လာတဲ့ Darsheel Safary ၊ အပြင်မှာခပ်လန်းလန်းနေတတ်ပြီး ရိုးအတဲ့ဇာတ်ကောင်နေရာနဲ့ Manasi Parekh ၊ ဆံဖြူသည်ထိ မပင်မပန်း ကျရာဇာတ်ကောင်မျိုးစုံလုပ်နိုင်နေသေးတဲ့ မင်းသမီးကြီးRatna Pathak Shah အရွယ်သုံးပါးစုံစုံလင်လင် ကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း‌ကိုယ့်မွေးနေ့မှာတောင် ကျန်တစ်အိမ်သားလုံးရဲ့အကြိုက်တွေကိုရွေးပြီး စုံနေအောင်ချက်ပေးတတ်တဲ့ မွန်ဂီဟာ သူ့ကိုယ်သူအိမ်ထောင်ရေးကံ မိသားစုကံကောင်းလွန်းသူပါဆိုပြီး ပျော်နေသူပေါ့ သူက မိသားစုအရေးနဲ့ မီးဖိုချောင်ထဲမှာပဲဘဝကိုမြှုပ်ထားပေမဲ့ ဘာမှမသိမတတ် နုံနုံအအတော့မဟုတ်ပါဘူးသူ့ခင်ပွန်း ဒါမက်ရှ်ကတော့ ခပ်ရိုးရိုးပုံတုံးတုံးနေတဲ့အိမ်ရှင်မကို အထင်မကြီးလူရာမသွင်းပါဘူး မွေးနေ့ကိုတောင် ဘေးလူပြောမှသိ ဟတ်ပီးဘတ်ဒေးပြောပေးဖို့တောင် နှုတ်ဆွံ့နေသတဲ့ ဒီလိုအိမ်ထောင်ရေးမှာဖြစ်လာမဲ့အဖုအထစ်ကတော့ ဖောက်ပြန်မှုကလွဲတခြားမရှိ....ဒါမက်ရှ် ရုံးကလုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ဖောက်ပြန်နေမှန်းသိလိုက်ရချိန် ဒီလူကိုပဲတစ်မျက်နှာတစ်ကမ္ဘာလုပ်ထားတဲ့ မွန်ဂီတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ...အိမ်ထောင်ဆိုတာ မကုန်မခမ်းနိုင်အမျိုးစုံသုခဒုက္ခပေါင်းစုံရာကမ္ဘာပဲလေ ဒီတော့ဒီကားမှာရော ဒီလိုပဲဖန်တရာထေဇာတ်လမ်းပုံစံဖြစ်နေပါ့မလားဘယ်လိုမတူညီတဲ့ရှုထောင့်တွေပါမလဲ...(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ Aditi ~ YH ~ V တို့ပဲဖြစ်ပါတယ်) File size…2.1GB / 844MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ...
movie

Kutch Express (2023)

2023
Fatafati (2023) 7.5
Fatafati (2023) Fatafati IMDb-8/10အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် လူ့ပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ body shaming ဆိုတဲ့ အယူအဆအမှားကို ‌ထောက်ပြထားတဲ့ drama ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ ပူ‌လော်ရာဘာဒူရီဆိုတဲ့ သာမန်စက်ချုပ်သမတစ်ယောက်က ပါဝင်သရုပ်ဆောင်ထားပါတယ် သူ(မ)ဟာ overweight ဖြစ်နေတာကြောင့် ‌က‌လေးမရနိုင်တာလို့ ယူဆပြီး အိမ်မှာရှိတဲ့ယောက္ခမရဲ့ အပြစ်တင် ဝေဖန်မှုကို ခံနေရတဲ့အပြင်၊ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာပါ body shaming လုပ်တာကို မကြာခဏခံနေရသူတစ်ဦးပါအဲဒီလို body shaming ကြောင့် စိတ်ဒဏ်ရာတွေ ရနေပေမဲ့လည်း တဖက်မှာတော့ သူ(မ)ဟာ အောင်မြင်တဲ့ designer influencerတစ်ဦး ဖြစ်လာအောင် လက်မလျှော့ဘဲ ကြိုးစားနေတဲ့သူလည်းဖြစ်ပါတယ် body shaming ကြောင့် ရလာမဲ့ စိတ်ဒဏ်ရာတွေကို အံတုပြီး သူ(မ)ရဲ့အိပ်မက်ဖြစ်တဲ့ အောင်မြင်တဲ့ဒီဇိုင်နာဖြစ်အောင် လုပ်နိုင်ပါ့မလား ၊ မလုပ်နိုင်ဘူးလား ဆိုတာကိုတော့ CMရဲ့ ရုပ်ရှင်ချစ်သူ ပရိသတ်ကြီးကပဲ ဆက်လက် ကြည့်ရှူပေးကြရမှာပဲ ဖြစ်ပါတယ်ထပ်ဆောင်းအနေနဲ့ ဒီ" Fatafati "ဇာတ်ကား‌ဟာ လူ့အဖွဲ့အစည်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ body shamingနဲ့ ပတ်သက်တဲ့ ယူဆချက်အမှားလေးတွေကို ထောက်ပြပြီး သင်ခန်းစာပေးနိုင်မဲ့ ဇာတ်ကားကောင်း‌လေးတစ်ခုမို့ လက်မလွှတ်တမ်း ကြည့်ရှုခံစား‌ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရ‌စေလားရှင်(အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH~Cherry~Moon~Saii~Yunniတို့ပဲ ဖြစ်ပါတယ်) File size…2.04GB ...
movie

Fatafati (2023)

2023
Pareshan (2023) 6.5
Pareshan (2023) Pareshan 2023IMDb rating - 6.7/10ခုတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ တေလဂူးရုပ်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေ အများကြီးနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမှာဖြစ်ပြီး ဇာတ်‌အိမ်ကောင်းကောင်းနဲ့ တင်ဆက်ထားပါတယ်။ဇာတ်လမ်းအနေနဲ့ကတော့ လူ့ဘောင်လူ့လောကမှာ ဖြစ်တတ်တဲ့ကိစ္စအဝဝကို ဟာသနှောပြီးကြည့်ရှုရမှာပါ။ မိန်းမရှိလျှက်နဲ့ ‌အငယ်လေးတစ်ယောက်ကိုကြူးရင်း လူမိလို့ရဲစခန်းရောက်သွားတဲ့သူနဲ့၊ ဦးလေးဆီပြန်ပေးရမဲ့ငွေကို ဒုက္ခရောက်နေတဲ့ သူငယ်ချင်းကိုကူရင်း ငွေတွေပလုံသွားတဲ့သူနဲ့၊ ရည်းစားချိန်းတွေ့ရာမှ ဂွင်ဆင်ခံရပြီး တကယ်လက်ထပ်လိုက်ရတဲ့သူနဲ့၊ သားဖြစ်သူကိုထောင်ထဲကနေထုတ်ဖို့ အာမခံငွေမရှိသူနဲ့... စစသဖြင့် ဇာတ်ကားမှာ ပျင်းစရာတစ်ကွက်မှမပါဘဲကြည့်ရှုရမှာဖြစ်ပါတယ်။ဒီတော့ ဇာတ်ကားနာမည် Pareshan (ဒုက္ခ)ဆိုတဲ့အတိုင်း လောကဓံဒုက္ခတွေကို သူတို့ဘယ်လို အမျိုးစုံကြိုးခုန်ကြမယ်ဆိုတာ အပန်းဖြေရင်းကြည့်ရှုလိုက်ရအောင်ဗျာ....(အညွှန်းနဲ့ဘာသာပြန်ကတော့ Moon ~V~Cherry~BpL~Yunni~Aditi တို့ပဲဖြစ်ပါတယ်။) File size…2.05GB / 1GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon ~V~Cherry~BpL~Yunni~Aditi
movie

Pareshan (2023)

2023
Rangabali (2023) 5.4
Rangabali (2023) Rangabali(2023) IMDb-5.5/10သူ့နာမည်က ရှိုး။တစ်ရွာလုံးရဲ့ အော်ကြောလန် အကုန်လုံးလက်မြှောက်ထားရတဲ့ ရှိုး။'ရှိုး'ဆိုတဲ့ဖဲကစားနည်းသိတယ်မလား။ဖိန့်ရတာလေ။ဒီထဲက မင်းသားချောရှိုးတယောက်ကလည်း ဖိန့်တဲ့နေရာ တော်ကီထုတဲ့နေရာမှာတော့ ယှဉ်နိုင်သူမရှိ သူ့ကိုသတိမထားမိရင်လည်း မကြိုက်။ရွာထဲကရန်ပွဲတိုင်း သူမပါရင်မပြီး။သူ့အဖေက ဆေးဆိုင်ပိုင်ရှင်၊ သားဖြစ်သူကို ဆိုင်ဦးစီးခိုင်းစေချင်ပေမယ့် ဝမ်းချူဆေးနဲ့ ရာသီအကိုက်အခဲပျောက်ဆေးမှားပေးပြီးကတည်းက အယုံအကြည်မရှိတော့လို့ မြို့တက်ပြီး စာသင်ခိုင်းတော့တာ၊ အဲဒီမှာစတွေ့တာပဲ၊ဘယ်သူနဲ့လဲဆို သိမ်သိမ်မွေ့မွေ့ဆရာဝန်မလေးတယောက်နဲ့ပေါ့။ရွှေခြေကျင်းဝတ်ထားတောင် ဘာသံမှမမြည်အောင် ဘယ်သူမှသတိမထားမိအောင်ဝတ်ထားမယ့် ဆရာဝန်မလေးနဲ့ လည်ပင်းကဆွဲကြိုးကို လူတကာမြင်စေချင်လို့ ကြယ်သီးဟထားတဲ့ ဆရာကြီးရှိုးတို့တွေ့တဲ့အခါမှတော့။တော်ကီကြွယ်တဲ့ ဆရာရှိုးတယောက် ဆရာဝန်မလေးကိုလည်း ရွာပင့်ပြီး သေတပန်သက်ဆုံး ဆေးပေးမီးယူလုပ်နိုင်မလားဆိုတာ တော်ကီလည်းသင် ပျော်လည်းရွှင်စွာနဲ့ ကြည့်လိုက်ရအောင်လေ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~Saii~BpLတို့ပဲဖြစ်ပါတယ်) File size…2.95GB / 1.37GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Saii~BpL
movie

Rangabali (2023)

2023
Bhaag Saale (2023) 7.0
Bhaag Saale (2023) Bhaag Saale 2023 (IMDb 7/10)CM ဘောလိဝုဒ် ပရိသတ်ကြီးကို ယခုပဲထွက်ရှိလာတဲ့ comedy-crime ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်အာဂျွန်နဲ့မာယာက ချစ်သူတွေပါ မာယာထင်နေတာ‌ကတော့ အာဂျွန်ကို ချမ်းသာတဲ့မိသားစုရဲ့သားလေး အောင်မြင်တဲ့စီးပွားရေးသမားလေးပေါ့ အဲ့လိုထင်အောင်လည်း ဟိုငတိက ရှစ်စပ်ကဂျင်ခြေလည်သလိုကို မွှတ်ထွက်နေတဲ့အပြင် မှင်မောင်းလဲကောင်းပြီး အရမ်းကို ချမ်းသာချင်နေတဲ့ လူလည်တစ်ယောက်ပါအဲ့ဇာတ်လမ်းထဲမှာ အဓိကပါဝင်အသုံးတော်ခံမှာကတော့ လက်စွပ်တစ်ကွင်းပါ one ring to rule them all ဘာညာဆိုတဲ့ LOTR ထဲက လက်စွပ်တော့မဟုတ်ပါဘူး ဒါပေမဲ့ ဒီလက်စွပ်ကလဲမခေပါဘူး ကိုလိုနီခေတ်ဗြိတိသျှလက်ထက်တည်းက လူအဆင့်ဆင့် တိုင်းပြည်အနှံ့ရောက်နေတဲ့ စိန်ကြီးကိုကွပ်ထားတဲ့ စိန်လက်စွပ်ပါ ဒီလက်စွပ်ကိုပိုင်ဆိုင်သူဟာ ကံကောင်းခြင်းများစွာရရှိမှာဖြစ်သလို ကံဆိုးမှုတွေလည်း ဒွန်တွဲပါလာပါတယ်တဲ့....ကဲ အဲ့တော့ ဒီလက်စွပ်က အာဂျွန်ရဲ့ဘဝနဲ့ အချစ်ရေးနဲ့ ဘယ်လိုသက်ဆိုင်လာမလဲ တခြားဘယ်လိုလူတွေကရော ပါဝင်ပတ်သတ်နေလဲ စသည်ဖြင့် ဇာတ်လမ်းအမိုက်‌စားလေးကို ကြည့်ရှုရမှာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေလည်း ပါတာမို့ ပရိသတ်ကြီး အကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.13GB / 1022MB Quality…1080p  WEB ...
movie

Bhaag Saale (2023)

2023
Madhi (2023) 9.3
Madhi (2023) Madhi(2022) IMDb-9.3/10မာဒူးနဲ့အာဘီတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်။ ငယ်ငယ်တည်းက အိမ်ချင်းကပ်လျက်နေလာတဲ့ မာဒူးဆိုတဲ့ကောင်မလေးကို တလျောက်လုံးစိတ်မဝင်စားခဲ့ပေမယ့် တစ်နေ့လမ်းမှာ စကူတာအဝါလေးစီးပြီးဖြတ်သွားတာကို မြင်လိုက်တဲ့အခိုက်မှာတော့ အာဘီတစ်ယောက် တဖြုတ်ဖြုတ်ကြွေခဲ့မိတယ်။လျောက်ပြန်သံပေးအဆင့်ကနေ တဖြည်းဖြည်းအဆင့်တွေတိုးလာတော့ ချစ်သူတွေဘ၀ကိုရောက်သွားခဲ့ပေါ့။ အချစ်စစ်တို့မည်သည် ဖြောင့်တန်းရိုးမရှိဆိုတဲ့စကားလို သိပ်ချစ်ကြတဲ့သူတို့နှစ်ဦးအတွက် မျိုးရိုးဇာတ်မတူတာကြောင့် အခက်အခဲတွေနဲ့ကြုံလာပါရော။ချစ်ရတဲ့အာဘီရဲ့အသက်အန္တရာယ်အတွက် ချစ်သူကိုစွန့်လွှတ်ဖို့ မိဘပေးစားတဲ့သူနဲ့ယူဖို့ မာဒူးတစ်ယောက် ဆုံးဖြတ်လိုက်ပေမယ့် နှစ်ဦးသား အရင်အတိုင်း ဆက်ချစ်နေဖို့ဆုံးဖြတ်လိုက်တဲ့အခါ။နောက်ဆုံးမှာ သူတို့နှစ်ဦး ပျော်ရွှင်စွာပေါင်းဖက်သွားနိုင်မလားဆိုတာကတော့။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ BpL~Cherry~Yunni~Zwe~Vတို့ပဲဖြစ်ပါတယ်) File size…2.37 GB / 1.04GB Quality…1080p WEB DL /  720p Format…mp4 Duration….2h 16mins Subtitle….Myanmar Subtitle (Hard Sub) Encoder…. YK Translated by BpL~Cherry~Yunni~Zwe~V
movie

Madhi (2023)

2023
Rudrangi (2023) 7.4
Rudrangi (2023) Rudrangi (2023) IMDb-7.4/10လူတစ်ယောက်ရဲ့ အတ္တမာန အလိုလောဘတွေကြောင့် အပြစ်မရှိတဲ့ ချစ်သူတွေ နစ်နာကြတာ ရှေးရှေးတုန်းတည်းက ဆိုပါတော့။ ရူဒရန်ဂီနဲ့ မာလက်ရှ်ဆိုတာ ကလေးဘ၀ကတည်းက အဘိုးကိုယ်တိုင် လက်ထပ်ပေးခဲ့တာ။အသိအမှတ်ပြုတဲ့ သဘောလောက်ပေါ့။ဘီးမ်ရောဝ်ဆိုတာ နယ်တွေသိမ်း မိန်းမတွေနဲ့ပတ်ပြီးပျော်ပါးနေတဲ့သခင်တစ်ယောက်။ ဘူဂျန်ဂါရောဝ်နဲ့က အာဏာလုဘက် အပြိုင်တွေ။နှစ်ယောက်စလုံးက ဆိုးသွမ်းတဲ့သခင်တွေ။ တယောက်နဲ့ တယောက်သူသေကိုယ်သေ အပြိုင်သတ်ဖို့ကြိုးစားနေကြတာ။အဲဒီလိုဆိုးဝါးလှတဲ့သခင်တွေနဲ့ သွားပတ်သက်မိတဲ့ မာလက်ရှ်တစ်ယောက် သခင်နှစ်ယောက်ကြားက အရှုပ်တော်ပုံကြီးမှာ ဘယ်လောက်ထိပါဝင်ပတ်သက်မိသွားမလဲ သူ့သခင်လို့သတ်မှတ်ခဲ့တဲ့ ဘီးမ်ရောဝ်က ရူဒရန်ဂီကိုတက်မက်စိတ်နဲ့ ရေရှားပါးလိုအပ်နေတဲ့ရွာလေးကိုအသုံးချပြီး ရူဒရန်ဂီကိုတစ်ညတာပိုင်ဆိုင်ခွင့် တောင်းဆိုလာတဲ့အခါမှာတော့ မာလက်ရှ်တစ်ယောက် ချစ်ရတဲ့ရူဒရန်ဂီကိုရော ကာကွယ်နိုင်ပါ့မလား။ အချစ်နဲ့သက်သေတည်ကြတဲ့ အပြစ်မဲ့သူအများစုနဲ့ဘက်ကပဲ အနိုင်ယူမလား။ အာဏာပါဝါရှိတဲ့လူတွေကပဲ ကြီးစိုးခြယ်လှယ်သွားနိုင်မလား။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunni~Cherry~Moonတို့ပဲဖြစ်ပါတယ်) File size…3GB / 1.57GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Aditi~BpL~Yunni~Cherry~Moon
movie

Rudrangi (2023)

2023
Purusha Pretham (2023) 7.2
Purusha Pretham (2023) Purusha Pretham(2023)IMDb 7.2/10The times of India. 3.5/5စုံထောက်မှုခင်းကားလည်းကြိုက် ဟာသကားလည်းကြိုက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်ကြီးအတွက် ၂၀၂၃ ထွက် အသစ်စက်စက်ကားသစ်လေးတစ်ကားလာပါပြီ။ရာဇဝတ်သားတွေကို ဖမ်းဆီးဆုံးမရာမှာ လက်သံပြောင်ပြီး အမှုတွေလိုက်တာတော်တဲ့ SI ဆီဘတ်စတေရှန်ဟာ ရဲလောကမှာ နာမည်တစ်လုံးနဲ့ကျော်ကြားသူတစ်ယောက်ပါ။တစ်နေ့မှာတော့ ဒီလိုအမှုလိုက်ကျွမ်းတဲ့စုံထောက်ကြီးရဲ့အပိုင်ဘက်ခြမ်းကမြစ်ထဲမှ အလောင်းတစ်ခုပေါ်လာခဲ့ပါတယ်။ ထုံးစံအတိုင်း အမှုလိုက်ရင်းမှာပဲ အလောင်းဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားတဲ့အခါ စခန်းတစ်ခုလုံ းပြဿနာတွေအမျိုးမျိုးတက်ပြီး အမျိုးစုံကြိုးခုန် ပြဿနာတွေတက်လာပါတော့တယ်။ဘာပြဿနာတွေရှုပ်လာမလဲ၊ ဘာတွေဆက်ဖြစ်မလဲ၊ အလောင်းကရော ဘယ်ရောက်သွားတာလဲ စတာတွေကိုတွေကိုတော့ ပရိသတ်ကြီးပဲ ဆက်အဖြေရှာကြည့်ဖို့ CM Bollywood Team ရဲ့ Aditi, V, ZWE, YH, Cherry, BpL နဲ့ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။ File size…1.97GB  / 973MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ V~ ZWE~ YH~ Cherry~  BpL ~ Yunni
movie

Purusha Pretham (2023)

2023
Racer (2023) 8.8
Racer (2023) Racer (2023) IMDb-9.3/10ဆိုင်ကယ်ချစ်တတ်တဲ့သူတွေနဲ့ ရင်ဘတ်ချင်းနီးမယ့်ဇာတ်လမ်းလေးတပုဒ်။ ကျွန်တော်တို့ငယ်ငယ်က ဆယ်တန်းပြီးရင် ကြိုက်တာလုပ်လို့ရပြီဆိုတဲ့ဂျင်းတွေ ဒီထဲမှာလည်းပါတယ်။ ငယ်ငယ်ကတည်းက မျှော်လင့်ချက်တွေရိုက်ချိုးခံခဲ့ရတဲ့နာကျင်မှုတွေနဲ့ ကလေးတယောက်။ အထက်တန်းကျောင်းသားဘ၀မှာ ဆရာမကဘာဖြစ်ချင်လဲမေးတော့ ဆိုင်ကယ်စီးပြိုင်ချင်တာလို့ ပြောတဲ့ကလေးတယောက်။MotoGPမှာ ဝင်ပြိုင်ချင်တဲ့အိပ်မက်တွေနဲ့ ကောင်လေးတယောက်။ သူ့စိတ်ကူးနဲ့ အိပ်မက်တွေအကုန်လုံးက ဆိုင်ကယ်ပဲ။ထမင်းမစား ဟင်းမစားနဲ့ ဆိုင်ကယ်အပေါ်ပဲတန်းတန်းစွဲတဲ့ကောင်လေး။အဖေဖြစ်သူကို တဂျီဂျီပူဆာပေမယ့် အိပ်မက်တွေပေးပြီး ရိုက်ချိုးခံနေရတဲ့ကလေးတယောက်။ အဲဒီကလေး အရွယ်ရောက်လာတဲ့အခါမှာ သူ့စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်နိုင်မလားဆိုတာ။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V~Moon~Aditi~BpL~Cherry~Yunniတို့ပဲဖြစ်ပါတယ်) File size…2.05GB / 900MB Quality…1080p HDRIP / 720p Format…mp4 Duration….1 h 54 min Subtitle….Myanmar Subtitle (Hard  Sub) Encoder….YK Translated by V~Moon~Aditi~BpL~Cherry~Yunni
movie

Racer (2023)

2023