Channel Myanmar

Bollywood

Shohorer Ushnotomo Din E (2023) 6.6
Shohorer Ushnotomo Din E (2023) Shohorer Ushnotomo Din E (2023)IMDb-6.6/10မဆုံစည်းလိုက်ကြတဲ့ ချစ်ခြင်းတွေမှာ ဒုတိယအကြိမ်အခွင့်အရေးရခဲ့ကြရင်.....လန်ဒန်ကို ကျောင်းသွားတက်ဖို့ထောက်ပံ့နိုင်စွမ်းအပြည့်ရှိတဲ့ မိသားစုကမွေးဖွားလာသူနဲ့ ထူးချွန်ပြီး သာမန်ကျောင်းဆရာမမိသားစုကမွေးလာသူတို့ အချစ်တွေနဲ့နှစ်ယောက်တစ်အိမ်မက်အတွက် ပညာတော်သင်သွားကြဖို့ ဆုံးဖြတ်ကြပြီးမှ ကိုယ်ရေးကိုယ်တာ မိသားစုပြဿနာတွေနဲ့ ဝေးကွာသွားခဲ့ရတယ်နှစ်အနည်းငယ်ကြာပြီး အလုပ်ရတဲ့သူ ကျောင်းတက်နေသူနဲ့ အားလုံးအသားကျနေချိန်မှ ချစ်ရသူတွေ ကောလိပ်က သူငယ်ချင်းတွေပြန်ဆုံစည်းလာကြပြီး နီးစပ်ဖို့အခွင့်အရေးထပ်ရလာချိန်မှာ...နီးမလိုနဲ့ ဝေးခဲ့ကြသူတွေ ၊ အချစ်နဲ့ဘဝကို တစ်ထပ်တည်းထပ်တူကျအောင် ပုံသွင်းနိုင်ကြမလားဆိုတာ ရှုထောင့်မျိုးစုံကနေခံစားကြည့်ပါဦး(အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ V ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…1.14GB / 615MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Zwe ~ Yunni 
movie

Shohorer Ushnotomo Din E (2023)

2023
Kurukkan (2023) 5.9
Kurukkan (2023) Kurukkan (2023) IMDb-6.1/10ဘတ်ဂျတ်ရူပီး၂ကုဋေကျော်အသုံးပြုရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာမှုခင်းရုပ်ရှင် မလေယာလမ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဆိုရှယ်မီဒီယာပေါ်က နာမည်ကျော် ဆယ်လီတယောက် အသတ်ခံရတဲ့အမှုကိုလိုက်ရင်း မီဒီယာရှေ့မှာ အရှက်တကွဲဖြစ်ခဲ့တဲ့ ရဲအရာရှိက သူ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့အရေး အဲဒီလူသတ်မှုတရားခံကိုကြိုးစားပြီးရှာခဲ့တယ်။သူ့စိတ်အထင်နဲ့ပဲ ဟာရီဆိုတဲ့လူကို လူသတ်တရားခံအဖြစ် စွပ်စွဲပြီးတဲ့နောက် ရုံးတော်မှာ ယုတ္တိရှိရှိနဲ့ မမှန်သက်သေထွက်ဆိုတတ်တဲ့ လူယုတ်မာတယောက်နဲ့ပေါင်းပြီး ဟာရီကို လူသတ်တရားခံအဖြစ်ဖမ်းခဲ့တယ်။သက်သေအထောက်အထားတချို့ကလည်း ဟာရီဆီ့ကိုညွှန်ပြနေလေတော့ တရားခံအဖြစ်နဲ့ အမှုရင်ဆိုင်ရပါတော့တယ်။မဟုတ်မှန်းသိလာရက်နဲ့ သူ့ဂုဏ်သိက္ခာကိုအဖတ်ဆယ်ဖို့အရေး လုပ်ကြံဖန်တီးသူ ရဲအရာရှိနဲ့ တရားခံရိုးစွပ်ခံရသူဟာရီရဲ့ အပြစ်ကင်းကြောင်း သက်သေပြပုံတို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~Zwe Yan~BpL~Moonတို့ပဲဖြစ်ပါတယ်) File size…1.8GB / 860MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni~V~Zwe Yan~BpL~Moon
movie

Kurukkan (2023)

2023
Slum Dog Husband (2023) 8.2
Slum Dog Husband (2023) Slum Dog Husband (2023) IMDb-8.2/10အက်ရှင်ကားတွေ ကြည့်ရတာ ပျင်းနေမှာစိုးလို့ အခုတစ်ခေါက်တော့ CMပရိသတ်ကြီးအတွက် အပြောင်းအလဲအနေနဲ့ ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်"777 Charlie "ဆိုတဲ့ဇာတ်ကားလေးပြီးကတည်းက ခွေးလေးတွေပါတဲ့ ဇာတ်ကားလေးတွေ ကြည့်ချင် နေတဲ့ ပရိသတ်ကြီးအတွက် ဒီကားလေးက Charlie ကို ပြန်ပြီး သတိတရဖြစ်စေဦးမှာပါဇာတ်ကားက ဟာသကားဖြစ်သလိုပဲ ဇာတ်ကွက်တွေကလည်း ဟာသဆန်ဆန်ပါပဲ ဒီကားထဲမှာ လာချီဆိုတဲ့ ဇာတ်လိုက်ကျော်မင်းသားက သူ့ကောင်မလေးဖြစ်သူ မွန်နီကာနဲ့ သမီးရည်းစားဘဝနဲ့နေရတာ အိမ်မှာလည်း အမေဖြစ်သူက လွတ်လွတ်လပ်လပ် ဖုန်းပြောချင်တာတောင် ခွင့်မပြု၊ အပြင်ကိုသွားပြန်‌တော့လူမြင်ကွင်းမှာ မဖွယ်မရာလုပ်တယ်ဆိုပြီး "ရဲတွေက အမှုဆင်ပြီးဖမ်း အဲဒီလိုကိစ္စတွေကြောင့် လာချီနဲ့မွန်နီကာတို့ သူတို့ရဲ့အိမ်တွေကို သူတို့နှစ်ယောက်ကို လက်ထပ်ပေးကြဖို့တောင်းဆိုကြပါတော့တယ်နှစ်ဖက်စလုံးက မိဘတွေက ငယ်သေးလို့ လက်မထပ်ပေးချင်ကြပေမဲ့လက်မထပ်ပေးရင် နှစ်ယောက်စလုံးက ခိုးပြေးကြမယ် ဆိုလို့ ဘုန်းကြီးနဲ့တိုင်ပင်ပြီး မင်္ဂလာဆောင်ပေးဖို့ ရက်ရွေးကြတဲ့အခါ မိဘတွေက မင်္ဂလာဆောင်ကြမဲ့ ဇာတ်လိုက် ကျော် လာချီနဲ့မွန်နီကာတို့ရဲ့ မွေးနေ့တွေကို မမှတ်မိတာကြောင့် လက်ထပ်မဲ့ရက်ရွေးဖို့ အဆင်မပြေဖြစ်ကြပြန်တယ် ၊ ဒါနဲ့ တခြားဘယ်လိုနည်းလမ်းရှိသေးလဲလို့ မေးတော့ ဘုန်းကြီးက မွေးနေ့၊မွေးရက်တွေမသိဘဲ လက်ထပ်ချင်တယ်ဆိုရင်တော့ ...
movie

Slum Dog Husband (2023)

2023
Pizza 3: The Mummy (2023) 6.3
Pizza 3: The Mummy (2023) Pizza 3: The Mummy (2023) IMDb-7.0/10နာမည်ကျော် အိန္ဒိယသဲထိတ်ရင်ဖိုကားတွေဖြစ်တဲ့ ပီဇာရဲ့သုံးကားမြောက်ထွက်ရှိလာပါပြီ။ ပထမနှစ်ကားနဲ့ချိတ်ဆက်မှုမရှိပဲ သူ့ချည်းသက်သက်ကြည့်လို့ရပါတယ်။ အခုတင်ဆက်ပေးမယ့်ကားကတော့ မံမီပေါ့။မံမီရုပ်တခုကနေ စတဲ့ဇာတ်လမ်း။သရဲတစ္ဆေတွေဆိုတာ တကယ်ရှိတာလား မရှိတာလားဆိုတာအငြင်းပွားစရာပြဿနာတစ်ခုလိုပဲ။ မြင်ဖူးတွေ့ဖူး ကြားဖူးတယ်ဆိုပြီး သရဲတစ္ဆေတကယ်ရှိတယ်လို့ လက်ခံကြသူနဲ့ မဟုတ်တာတွေ ပေါက်တတ်ကရဆိုပြီး လက်မခံကြသူတွေကြားမှာ အဖြေမယ်မယ်ရရ ရှာမတွေ့နိုင်သေးတဲ့မေးခွန်းတခုပေါ့။မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖိတ်ခေါ်နိုင်တဲ့ ရှေးဟောင်းအီဂျစ်မံမီရုပ်အသေးလေးတခုရှိခဲ့တယ်။ အဲဒီမံမီရုပ်က ရှေးခေတ်အီဂျစ်ဘုရင်မက သူ့အင်ပါယာပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းဆိုးဝါးစွမ်းအင်တွေအကုန်ထည့်ပြီး သွင်းလုပ်ခဲ့တယ်။ အဲဒီမံမီရုပ်ကို မမျှော်လင့်ပဲ နာလန်ရဲ့စားသောက်ဆိုင်မှာတွေ့ခဲ့ရတဲ့အခါမှာတော့။ ပိတ်ရက်မှာ အပန်းဖြေရင်း ကြောက်လန့်မှုအရသာကိုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~YH~Yunniတို့ပဲဖြစ်ပါတယ်) File size…1.9GB/ 752MB Quality…1080p WEB DL /720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Moon~YH~Yunni
movie

Pizza 3: The Mummy (2023)

2023
BRO (2023) 7.8
BRO (2023) IMDb-7.8/10ရုံတင်ငွေ ၁ ဘီလီယံကျော်ရခဲ့တဲ့ ဘဝအတွက်ခဏလောက် အတွေးဝင်သွားစေမဲ့ဇာတ်ကားကောင်းလေးတစ်ခုတင်ဆက်ပေးလိုက်ပါတယ်ဒီကားရဲ့ ဒါရိုက်တာ Samuthirakani ရိုက်သမျှကားတိုင်းဟာလည်း ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ ဘ၀ဒဿနဇာတ်ကားကောင်း‌တွေချည်းပါပဲအစ်ကိုကြီးအဖရာဆိုတဲ့အတိုင်း တစ်မိသားစုလုံးရဲ့တာဝန်တွေအတွက် အလုပ်တွေစီးပွားရေးတွေနဲ့ပဲ အချိန်ကုန်နေတဲ့ မာ့ခ် မုန့်တစ်ခုကိုကုန်အောင်မစားနိုင်ချစ်သူနဲ့တောင် နှစ်ဦးအတူထိုင်စကား‌မပြောနိုင် ညီအစ်ကိုမောင်နှမတွေနဲ့တောင် စကားလက်ဆုံမကျနိုင်သည်ထိ အဆုံးစွန်ကြိုးစားနေခဲ့တာပေါ့သူအစွမ်းကုန်ကြိုးစားလို့ ရလဒ်ကောင်းတွေရလာတဲ့အသက်သုံးဆယ်အရွယ် GM ဖြစ်တော့မဲ့အချိန် ချစ်သူမိသားစုညီအစ်ကိုမောင်နှမတွေကို အချိန်ပေးတော့မဲ့အချိန်မှာ သေသွားခဲ့ရတယ်တမလွန်နဲ့ ပစ္စုပ္ပန်ကြားကာလလေးမှာ အချိန်နတ်ဘုရားနဲ့တွေ့ပြီး လူ့ပြည်ကိုပြန်ဖို့တောင်းဆိုခဲ့တယ် သူပြန်လာနိုင်တဲ့အချိန်က ရက်ပေါင်းကိုးဆယ်... လူပြည့်ပြန်ရောက်တဲ့အချိန်မှာလည်း အချိန်နတ်ဘုရားက ထပ်ကြပ်မကွာလိုက်နေခဲ့တယ်.. သူရရှိတဲ့ ရက်ပေါင်းကိုးဆယ်မှာ အဓိပ္ပာယ်ရှိတဲ့ဘဝပိုင်ဆိုင်အောင်ကြိုးစားနိုင်မလား... တစ်ချက်ချက်အသံပေးပြီး ရွေ့လျားနေတဲ့အချိန်မှာ ချစ်ရသူတွေနဲ့အတူ ဘဝကိုဖြတ်သန်းဖို့ မမေ့ကြနဲ့နော် (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ V ~ Moon ~ Yunni တို့ပဲဖြစ်ပါတယ်) File size…2.54GB / 1.5GB Quality…1080p WEB DL /720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Moon ~ ...
movie

BRO (2023)

2023
Baby (2023) 7.9
Baby (2023) Baby (2023) IMDb-7.9/10 အခုတင်ဆက်ပေးမယ့် ရုံတင်ငွေကုဋေခုနစ်တယ်ထိ ရရှိအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းလေးက တလေဂူးစကားပြော အိန္ဒိယအချစ်ဇာတ်လမ်းတစ်ပုဒ်။"တကယ်တော့ အချစ်ဆိုတာ သိစိတ်ရဲ့ခဏတာရူးသွပ်မှုနဲ့ မသိစိတ်ရဲ့စိတ်လိုလက်ရနိုင်တဲ့ထင်မြင်ချက်နှစ်ခု အေးစက်စွာခပ်မြူးမြူးတွေ့ဆုံတဲ့ တဒင်္ဂလေးပါပဲ။ချစ်သူနဲ့အတူ ချစ်ခဲ့တယ်ဆိုတဲ့ သက်တမ်းကလည်း အသေအချာစစ်ကြည့်ရင် အဲဒီတဒင်္ဂရဲ့ပြတ်တောက်မှုကို သတိမပြုမိဘဲ ဆက်ပြီးထင်ခဲ့မိတဲ့ မသိစိတ်ရဲ့လှည့်စားမှုတရပ်ပါ။ဒီတဒင်္ဂတွေက တခုနဲ့တခုပတ်သက်နေပေမဲ့လည်း တခုနဲ့တခု တာဝန်တော့မယူ။ခင်ဗျားတို့လက်ထဲမှာ ရှိနေတဲ့အဲဒီတဒင်္ဂလေး ပျက်စီးသွားတာနဲ့ ရှေ့မှာရှိခဲ့တဲ့ တဒင်္ဂများစွာတို့ကလည်း ပြိုလဲပျက်စီးသွားနိုင်တယ်။ဒါမှမဟုတ် ရပ်တန့်ငြိမ်သက်သွားတတ်ကြတယ်။ အချစ်ဆိုတာ တဒင်္ဂသာပိုင်ဆိုင်ရတတ်တဲ့ ခံစားမှုအစုအဝေးတခုပဲဖြစ်ပြီး တဒင်္ဂတည်းနဲ့ ဆုံးရှုံးသွားနိုင်တဲ့အရာလည်း ဖြစ်တယ်။"(ဒီစကားစုက ဆရာနီကိုရဲရဲ့ မကြည်ပြာနှင့်ချစ်ခြင်း၏နဂ္ဂတစ်များ၀တ္ထုထဲက စကားပြေကို စကားပြောနဲ့ပြန်ရေးပြထားတာပါ)ဒီဇာတ်လမ်းက သစ္စာမဲ့တာလား သစ္စာရှိနိုင်လွန်းတာပဲလား ကျွန်တော်လည်းမဝေခွဲတတ်။ ငယ်ငယ်ကတည်းက အိမ်နားနီးချင်းကောင်လေးနဲ့ကောင်မလေးတို့ ဆယ်တန်းကျောင်းသားဘ၀မှာ ချစ်သူတွေဖြစ်ခဲ့ပြီး ကောင်မလေးက ကောလိပ်ကိုသွားတက်တဲ့အချိန် တတိယတယောက်ပေါ်လာတဲ့အခါမှာတော့။ ချစ်ခြင်းတရားဆိုတာ ဝေးကွာနေတာပဲဖြစ်စေ အနီးဆုံးမှာပဲရှိနေပါစေ စိတ်ချင်းနီးပြီးချစ်တတ်သူတို့အဖို့ပါပဲ။ ဒီသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကိုကြည့်ပြီး ကြည့်ရှုသူအပေါင်းဘ၀အမောတွေတိုးလာကြပါစေလို့ဆန္ဒပြုရင်း တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~Zwe~BpL~Vတို့ပဲဖြစ်ပါတယ်) File size…2.7GB /  1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Zwe~BpL~V
movie

Baby (2023)

2023
Bengaluru Boys (2023) 9.3
Bengaluru Boys (2023) Bengaluru Boys 2023ပရိသတ်တွေအတွက် ယခုပဲထွက်ရှိလာတဲ့ rating IMDb 9.1/10 ရရှိထားတဲ့ ကန်နာဒါ ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဘဝမှာ နောက်ဆုံးထွက်သက်ကိုရှူရှိုက်နေရတဲ့ ကုတင်အမှတ် ၄၉ ပေါ်က အချိန်မှာ ကိုယ်နဲ့အတူပါလာတာ ဘာတွေလဲ?? စည်းစိမ်ဥစ္စာ အိမ်ရာတိုက်တာတွေလား ငွေကြေးချမ်းသာစည်းစိမ်တွေလား ကိုယ့်ရဲ့ ထွက်သက်ငင်ရတော့မဲ့အချိန်တွေမှာ ကိုယ့်ကိုအဖော်ပြုပေးမှာ ကိုယ့်ဘဝရဲ့ ပျော်ရွှင်စရာအခိုက်အတန့်တွေပါ ကိုယ့်ရဲ့ ဘဝမှာ တူတူဖြတ်သန်းခဲ့ရတဲ့ မိတ်ဆွေကောင်းတွေရဲ့ အဖိုးမဖြတ်နိုင်တဲ့ အချိန်တွေပေါ့ခုလိုလေးနက်တဲ့ ဒသနတွေနဲ့အစပြုထားပေမယ့် အဲ့ဒဿနတွေအစပြုရာဒီကားလေးက ကျောင်းသားဘဝ ပျော်စရာလေးတွေနဲ့ ငယ်ဘဝကနေ ပေါ့ပေါ့ပါးပါးပဲ ပျော်ရွှင်ဖွယ်ရာ အစပြုတင်ဆက်ထားပြီးမှ လေးနက်တဲ့ ဒဿနတွေကို ပြထားတာမို့ လက်မလွှတ်သင့်ကြောင်း ပြောကြားရင်းတင်ဆက်ပေးလိုက်ပါတယ်(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Saii ~ V ~ BpL ~Zwe ~ Moon ~ Yunni တို့ပဲဖြစ်ပါတယ်) File size…1.84GB / 971MB Quality…1080p WEB DL /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Saii ...
movie

Bengaluru Boys (2023)

2023
Padachone Ingalu Kaatholee (2022) 5.6
Padachone Ingalu Kaatholee (2022) Padachone Ingalu Katholi(2023)IMDb-6/10လူပျိုသိုးကြီးတို့ အစွံထုတ်တဲ့ရွေးကောက်ပွဲ ရွေးကောက်ပွဲကတော့ တကယ့်ရွေးကောက်ပွဲအစစ်ပါ အဲ ဒီရွေးကောက်ပွဲမှာပါနေတဲ့ အရွယ်လွန်လူပျိုကြီးတွေက ‌ ရွေးကောက်ပွဲ‌အရေးနဲ့အတူ သူတို့လူပျိုဘဝကျွတ်ရေးကိုပါတွဲအကျိုးဆောင်နေကြတဲ့ ရွေးကောက်ပွဲကြယ်တွေခူးမပေးနိုင်ပေမဲ့ ရေတွင်းတဲ့ကျနေတဲ့ကြက်ကိုတော့ မင်းအတွက်ဆင်းကယ်ရဲပါတယ်ဆိုတဲ့ အချစ်သူရဲကောင်းကြီး တစ်သက်လုံးဂေါ်မစွံအဆင်မပြေရင်းက အိမ်ကိုလာတည်းတဲ့ ကောလိပ်ကျောင်းသူလေးကို မျက်စိကျသွားသူ အရွယ်လွန်လူပျိုကြီးတွေနဲ့ ရောင်စုံသစ်လွင်ပျိုမြစ်တဲ့ အချစ်ဆုံတဲ့အချိန် ဘယ်လိုရယ်ပွဲဖွဲ့ရမလဲရှုစားကြည့်ပါဦး(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ V ~ Yunni တို့ပဲဖြစ်ပါတယ်) File size… 2.3GB / 1.11GB Quality…1080p WEB DL /720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Yunni
movie

Padachone Ingalu Kaatholee (2022)

2023
Aachar & Co (2023) 8.0
Aachar & Co (2023) Aachar & Co (2023) IMDb-8.1/10သားသမီးတွေကို ကိုယ့်စိတ်တိုင်းကျအိမ်ထောင်ဖက်နဲ့ပဲပေးစားချင်ကြတာက မိဘအုပ်ထိန်းသူတော်တော်များများရဲ့ အတ္တလို့ဆိုရမလား။သူတို့ဘက်ကကျလည်း ကိုယ့်သားသမီးကို ဆင်စီးမြင်းရံတာပဲ မြင်ချင်တာမျိုး ကောင်းစားစေချင်တာမျိုးပေါ့။ ဒီကားလေးက ၁၉၆၀ပြည့်နှစ်အလွန်က အိန္ဒိယတောင်ပိုင်းပြည်နယ် ဘန်ဂါလူရူပြည်နယ်ကိုနောက်ခံထားပြီး အမျိုးသမီးဒါရိုက်တာ ဆင်ဒူးဆရီနီဗာဆာမူသီ ရိုက်ကူးထားတဲ့ မိသားစုဟာသဇာတ်မြူးရုပ်ရှင်လေးပဲဖြစ်ပါတယ်။သားသုံးယောက် သမီးခုနစ်ယောက်မွေးထားတဲ့ အစိုးရဝန်ထမ်း ဆောက်လုပ်ရေးအင်ဂျင်နီယာကြီး ဦးအာချာပေါ့။သူ့သားသမီးတွေကို သူ့စိတ်တိုင်းကျဖြစ်စေချင်တဲ့ ဖခင်တယောက်။သားသမီးတွေကို သူ့စိတ်တိုင်းကျ အိမ်ထောင်ဖက်ရှာပေး အိမ်ထောင်ချပေးနေရာက ရုတ်တရက်ကွယ်လွန်သွားတဲ့အခါမှာတော့ အိမ်ထောင်မကျသေးတဲ့ သမီးရဲ့ဘ၀က အခြေအနေတွေပြောင်းလဲသွားပါတော့တယ်။ အဲဒီခေတ်အခြေအနေမှာ ဘာလဲဆိုတော့ အမျိုးသမီးတွေက အိမ်ထောင်ရေးအတွက် အသုံးချခံအနေနဲ့ သက်မဲ့အရာလိုသတ်မှတ်ခံထားရမှုတွေကို မီးမောင်းထိုးပြရင်း ခပ်မြူးမြူးလေးကြည့်ရမယ့် ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~BpL~Zwe~Moon~Vတို့ပဲဖြစ်ပါတယ်) File size…1.6GB/ 685MB Quality…1080p WEB DL /720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Zwe~Moon~V
movie

Aachar & Co (2023)

2023
Lakiro (2023) 5.2
Lakiro (2023) Lakiro (2023) IMDb 5.2/10 Drama/Musicalတယောက်နဲ့တယောက်ချစ်လို့ပဲဖြစ်ဖြစ် မိဘဆွေမျိုးအသိုင်းအဝိုင်းက ပေးစားလိုက်လို့ပဲဖြစ်ဖြစ် အိမ်ထောင်တခုတည်ဆောက်ပြီးတဲ့အခါ အဲဒီအိမ်ထောင်ရေးကို သာယာစွာနဲ့ဆက်လက်တည်မြဲစေဖို့ ဘာတွေလိုအပ်လဲ။ အချစ်လား ငွေကြေးချမ်းသာမှု ဒါမှမဟုတ် အလုပ်အကိုင်တွေလား သားသားမီးမီးတွေလား။ပုံမှန်အချစ်ဇာတ်လမ်းတွေမှာတော့ လူနှစ်ယောက် ချစ်မိကြပြီးရင် ပျော်ပျော်ရွှင်ရွှင်လက်ထပ်လိုက်ကြပါတယ်ဆိုပြီး ဇာတ်သိမ်းသွားတတ်ကြပေမယ့် ဒီဇာတ်လမ်းမှာတော့ အဲဒီလိုမဟုတ်ခဲ့ပါဘူး။ ဟရီရှီနဲ့ ရီချာဟာ တက္ကသိုလ်ကျောင်းတော်ကြီးမှာ ဆုံတွေ့ခဲ့ပြီး ချစ်ခဲ့ကြတယ်။ သမီးရည်းစားဘဝကို ဖြတ်သန်းပြီးကြတဲ့အခါမှာ အလုပ်ကိုယ်စီနဲ့အိမ်ထောင်တစ်ခုကို ထူထောင်ဖို့ လက်ထပ်ခဲ့ကြပါတယ်။ဒါပေမဲ့ ဒါဟာ သူတို့အတွက်တတော့ ပျော်ရွှင်စရာအဆုံးသတ်မဟုတ်ပဲ ပြဿနာတွေရဲ့အစဖြစ်လာပါတယ်။ အလုပ်ကိုယ်စီလုပ်နေကြတာကိုက ကွာရှင်းဖို့လမ်းစတစ်ခုဖြစ်လာပါတော့တယ်။ အရမ်းချစ်ခဲ့ကြတဲ့ သူတို့တွေ ဒီအိမ်ထောင်ရေးကို တည်မြဲဖို့ကြိုးစားကြမှာလား။ဒီတိုင်းပဲ လက်လွှတ်ဆုံးရှုံးခံလိုက်ကြမလားဆိုတာတော့ ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Cherry~V~BpL~Yunni~Zweတို့ပဲဖြစ်ပါတယ်။) File size…2.06GB / 898MB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry~V~BpL~Yunni~Zwe
movie

Lakiro (2023)

2023
Shubh Yatra (2023) 7.6
Shubh Yatra (2023) Shubh Yatra (2023) IMDb 7.6/10ဒီတစ်ခါမှာတော့ နိုင်ငံရပ်ခြားသွားဖို့စီစဉ်ပြီး တိုင်ပတ်နေတဲ့အဖွဲ့ကိုကြည့်ရှုရမှာပဲဖြစ်ပါတယ် မိုဟန်နဲ့ ဟာရ်ဒစ်ခ်ဆိုတဲ့သူငယ်ချင်း၂ယောက်.. နို့ထွက်ပစ္စည်းအရောင်းဆိုင်ဖွင့်ပြီး စီးပွားရေးလေးစကာမှ အရှုံးပေါ်ပြီးအကြွေးတွေလည်ပင်းရောက်ရုံတင်မက မိုးလင်းတာနဲ့အိမ်ရှေ့မှာ အကြွေးရှင်တွေက လာထိုင်စောင့်နေတာပုံမှန်နေ့ရက်တွေလိုပါပဲ...ဒီလိုနဲ့တစ်နေ့ သူတို့မြို့ထဲက နိုင်ငံခြားထွက်သွားတဲ့ ပြည်တော်ပြန်တစ်ယောက်ပြန်ရောက်လာခဲ့တယ် ပြန်ရောက်လာပုံကလည်းဒေါ်လာတွေလမ်းမှာကြဲချတဲ့ ဘောစိအနေနဲ့ပေါ့ ..ဆိုတော့သူတို့လည်းအားကျပြီး အမေရိကန်ကို အကြွေးရှင်တွေဆီက ပိုက်ဆံထပ်ချေးပြီး သွားဖို့ပြင်ပါတယ် ဒီကြားထဲ ပက်စ်ပို့တွေ ဗီဇာကိစ္စတွေနဲ့ မနူးမနပ်၂ယောက်သား ဘယ်လိုစခန်းသွားကြမလဲ သူတို့ရောက်ချင်တဲ့အမေရိကန်ကိုရော ရောက်နိုင်ကြပါ့မလားဆိုတာကတော့...(အညွန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Moon~V ~Zwe Yan တို့ပဲ ဖြစ်ပါတယ်) File size….1.62GB / 748MB Quality…1080p  WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Moon~V ~Zwe Yan
movie

Shubh Yatra (2023)

2023
Neeyat (2023) 6.5
Neeyat (2023) Neeyat ( 2023 ) ===============IMDb 6.6/10 မင်းသမီးကြီး Vidya Balan ရဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်သစ် Neeyat ထွက်ရှိလို့လာပါပြီ။ လူသတ်မှုကို အဖြေရှာရတာတွေကြိုက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့- အာရှစ်ကပူးရ်ဆိုတဲ့ အိန္ဒိယရဲ့ ဒိတ်ဒိတ်ကြဲ ဘီလျံနာကြီးတစ်ယောက်ဟာ စကော့တလန်မှာရှိတဲ့ ရဲတိုက်ကြီးတစ်ခုမှာ သူ့ရဲ့ရင်းနီးဆုံး မိတ်ဆွေ၊ ဆွေမျိုးတွေနဲ့ မွေးနေ့ပွဲကြီးတစ်ခု ကျင်းပရင်း ဧည့်သည် လူစုံတက်စုံရှိနေတဲ့အချိန်မှာပဲ ဘီလျံနာကြီးဟာ ထူးဆန်းစွာ အသတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင် သူ့ရဲ့ရဲတိုက်ကို တခြားအမှုတစ်ခု စစ်ဆေးဖို့ရောက်လာတဲ့ မီရာရောင်ဆိုတဲ့ စုံထောက်မလေးက ဘီလျံနာကြီးကို ဘယ်သူသဝာ်လိုက်တာလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် နာမည်ကြီး စုံထောက်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Knives Out ရုပ်ရှင်နဲ့ theme တွေ ဇာတ်လမ်းပုံစံတွေ ဆင်သယောင်ရှိပေမဲ့ ဒါရိုက်တာဖြစ်သူကတော့ သူ့ရဲ့ မူရင်းဇာတ်ညွှန်းပါလို့ အတိအလင်းကြေညာထားပါတယ်ဗျ။Knives Out နဲ့ ပုံစံဆင်ပေမဲ့ ဇာတ်လမ်းကွဲပြားတဲ့အပြင် Knives out ကြည့်နေရသလိုစိတ်လှုပ်ရှားမှုမျိုးပေးတာကြောင့် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအပြင် သည်းထိတ်ရင်ဖိုရုပ်ရှင်ပရိသတ်တွေပါ အကြိုက်တွေ့မယ့် ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ ...
movie

Neeyat (2023)

2023
4K HEVC
Kolai (2023) 7.0
Kolai (2023) Kolai (2023)တစ်နေ့ရုံးတွင် စုံထောက်မလေး ဆန်ဒယာထံသို့ လူသတ်မှုတစ်ခုအကြောင်း သတင်းပေးပို့သဖြင့် သွားရောက်စုံစမ်းစစ်ဆေးရန်ထွက်လာခဲ့သည်သေဆုံးသူကောင်မလေးမှာ အောင်မြင်ကျော်ကြားလှပချောမောလှသော မော်ဒယ်မလေး လိုင်လာဖြစ်သည် သူကလေးမှာ သေဆုံးနေသည့်တိုင် ပစ်ရက်စရာမရှိ လှပကျော့ရှင်းနေသည့်အပြင် ပြုံးပြုံးလေးနှင့်ပင် သေဆုံးနေသည်ကိုတွေ့ရှိရလေသည်စုံထောက်မလေး ဆန်ဒယာအတွက် ပိုခေါင်းစားရသည်မှာ လိုင်လာသေဆုံးသောတိုက်ခန်းလေးမှာ အချိန်ပြည့် အစောင့်များရှိသည့်အပြင် စီစီတီဗီများတပ်ဆင်ထားသည့် အိမ်ရာတစ်ခုဖြစ်သည့်အပြင် သေဆုံးချိန် အလောင်းကိုတွေ့ချိန်၌ အခန်းတွင်းမှ သော့ခတ်ထားခြင်းပင်ဖြစ်သည်ဆန်ဒယာတစ်ယောက် ဉာဏ်မမှီတော့သဖြင့် သူ့ရဲ့အနားယူသွားသောဆရာ ဗီနာရိခ်ကို လှမ်းပင့်ရပါတော့သည် ဆရာဗီနာရိခ်က ခေသူမဟုတ် မပေါ်သည့်အမှုမရှိ မြေလျှိုးနေတဲ့ တရားခံရှိရင်တောင် သူ့လက်ကလွတ်ရိုးမရှိ ရ အောင်ဖော်ထုတ်ဖမ်းဆီးခဲ့သည် ဆားပုလင်းဗီနာရိခ်ပင်ဖြစ်လေသည်သပွတ်အူထက်ပင်ရှုပ်ထွေးလှသော အမှုကြီးကို ဆရာသမားက တစ်ရစ်ချင်းစီရှင်း ဘယ်လိုဖော်ထုတ်ပြမလဲ မော်ဒယ်မလေးကိုသတ်ခဲ့တာ အချစ်ကြောင့်လား ငွေကြေးကြောင့်လား ရန်ငြိုးတွေလား စသည်ဖြင့် အကွက်စေ့စေ့ကြည့်ရှုရမဲ့အပြင် ဆရာမင်းသိင်္ခရဲ့ စုံထောက်ဝတ္ထုတွေလို အစကအဆုံး မထတမ်းကြည့်ချင်လောက်အောင် စိတ်ဝင်စားဖို့ ကောင်းတာမို့ CM ပရိတ်သတ်ကြီးရှေ့မှောက် အရောက်ပို့ပေးလိုက်ပါတယ်ဒီဇာတ်ကားကို စုံထောက်ဗီနာရိခ်အဖြစ် ဦးဆောင်ပါဝင်ထားတာက သူတောင်းစားကားထဲက မင်းသားပဲဖြစ်ပြီး မင်းသမီးလေးကလည်း တက်သစ်စချစ်စဖွယ်ကောင်မလေးမို့ cast ပိုင်းမှာလည်း စိတ်မျက်စေရပါဘူးဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie

Kolai (2023)

2023
4K HEVC
Thalainagaram (2023)
Thalainagaram (2023) Thalainagaram  (2023)ကြမ်းမှရမ်းမှကြိုက်တဲ့ဘော်ဒါတို့အတွက် လူမိုက်ကြီးသုံးယောက်ဗိုလ်လုပွဲချန်နိုင်းမြို့တစ်ခွင် ဩဇာညောင်းဆိပ်ကမ်းကုန်အဝင်အထွက်ကနေ တရားမဝင် ဒုစရိုက် ငွေဝင်လုပ်ငန်းအကုန် လက်ဝါးကြီးအုပ်ထားသူတွေ ရာဇဝတ်မှုတွေဆက်တိုက်ကျူးလွန်ကြပြီး ဘယ်သူနစ်နာသွားလဲဆိုတာတောင် ရဲတွေမလိုက်နိုင်တဲ့ထိ စွမ်းကြတဲ့ဇိုးကြီးသုံးယောက်ဟာ ချန်နိုင်းတစ်ခွင် ဩဇာညောင်းရုံတင်အားမရကြတော့သုံးယောက်စင်ပြိုင်လိုဖြစ်နေကြတာလည်းမကြိုက်တစ်ယောက်နဲ့တစ်ယောက်ဒေါက်ဖြုတ်ဖို့ အကွက်ချောင်းနေကြသူတွေတစ်ချိန်ကဂန်းစတားဖြစ်ခဲ့ဖူးတဲ့သူ ခုချိန်အားလုံးနဲ့ဝေးရာကို နေချင်သူကိုမှ သူတို့သုံးယောက်စစ်ပွဲထဲဆွဲထည့်မိချိန်မှာတော့..... (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ V ~ Cherry ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…2.43GB / 1.01GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Cherry ~ Zwe ~ Yunni
movie

Thalainagaram (2023)

2023
Love You Ram (2022) 8.4
Love You Ram (2022) Love You Ram ( 2023 ) =====================IMDb 8.4/10‌ဒေဗီယာဆိုတဲ့ ကောင်မလေးဟာ မိသားစုအဆင်မပြေမှုတွေကြောင့် လူတောမတိုးရဲသူပါ။ဒါပေမဲ့ တစ်နေ့မှာ သူဟာ ရမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့စကားကြောင့် သတ္တိတွေရှိသွားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြန်ရလာတဲ့အပြင် ရမ့်ကိုလည်း တိတ်တခိုးချစ်မိသွားခဲ့ပါတယ်။ဒီလိုနဲ့ အရွယ်တွေရောက်လာပြီး ပြန်ဆုံတွေ့ကြတဲ့အခါ ဒေဗီယာဟာ ရမ်ရဲ့စကားအတိုင်း တစ်သက်လုံးနေခဲ့ပေမဲ့ ရမ်ကတော့ အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်တတ်တဲ့ ကြောင်သူတော် စီးပွားရေးသမား တစ်ယောက်ဖြစ်နေတဲ့အခါမှာတော့...။ပရိသတ်တွေ အချိန်ပေးရတာ တန်စေမဲ့ ၂ ရာရီစာ တေလေဂူးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Cherry, Moon, V နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) File size…1.9GB/ 924MB Quality…1080p WEB DL /720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ Cherry~  Moon~ V ~ Zwe Yan
movie

Love You Ram (2022)

2023
Thousand and One Lies (1001 Nunakal) (2022) 7.8
Thousand and One Lies (1001 Nunakal) (2022) 1001 Nunakal (2022) IMDb-8.0/10ဇာတ်လမ်းတင်ဆက်ပုံခပ်ဆန်းဆန်းလေးနဲ့ အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အသိလေးတခုပေးနိုင်တဲ့ အိန္ဒိယကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းနာမည်က မုသားစကား ၁၀၀၁တဲ့။ ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်တွေကို မျက်နှာသစ်သရုပ်ဆောင်တွေ သုံးထားပေမယ့် ကျရာဇာတ်ရုပ်နဲ့လိုက်ဖက်အောင် ပါဝင်နိုင်ကြတာကို စိတ်ဝင်တစားနဲ့ကြည့်ကြရမှာပါ။နေရာတခုတည်းမှာပဲ အဓိကတည်ပြီး ရိုက်ထားတဲ့ဇာတ်လမ်းတွေကိုကြည့်လိုက်ရင် စိတ်ဝင်စားစရာကောင်းရင်ကောင်း မဟုတ်ရင် ပျင်းစရာကောင်းလာရော။ကျွန်တော့်အမြင်အရကတော့ ဒီဇာတ်လမ်းကစိတ်ဝင်စားစရာပဲ။ဘာလဲဆိုတော့ ကြုံဖူးသိဖူးနေကြအကြောင်းရာတွေပါသလို ဘာတွေဖြစ်လာဦးမလဲ ဘာတွေပေါ်လာဦးမလဲဆိုတာမျိုးကို သိချင်စိတ်ဖြစ်အောင် ရိုက်ထားနိုင်လို့။ဇာတ်လမ်းအကျဉ်းကိုပြောရရင် အဆောက်အဦးကြီးတခုမီးလောင်တယ်။အဲဒီမှာနေတဲ့ တိုက်ခန်းတွေက မိသားစုနှစ်ခုက သူတို့သူငယ်ချင်းအရင်းကြီးတယောက်အိမ်မှာ ခဏလာတည်းတယ်။ညစာစားကြရင်း နောက်ရက်မှာ အိမ်ရှင်လင်မယားရဲ့ ဆယ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ရောက်မယ်ဆိုတာသိတော့ ပြန်မယ့်ဟာ မပြန်ကြသေးဘဲ ပွဲလေးကျင်းပကြတာပေါ့။တကယ်ခင်မင်ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပဲစုပြီးပွဲလေးလုပ်ရော။ အဲဒီမှာ သူငယ်ချင်းတွေဝိုင်းထိုင်ကြရင်း သူတို့တွေပြောကြတဲ့အကြောင်းအရာတွေ အဖြစ်အပျက်တွေက ဇာတ်လမ်းကိုဆွဲခေါ်သွားတာပဲ။ကွဲပြားတဲ့အမြင်တွေ အယူအဆမတူညီကြတာတွေကနေ သူတို့ရဲ့ဘ၀တွေကို စကားတွေကနေတဆင့် တင်ဆက်ပြသသွားတာကို ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Yunniတို့ဖြစ်ပါတယ်) File size…1.37GB  /  613MB  Quality…1080p WEB DL  / 720p Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~BpL~Zwe~Yunni
movie

Thousand and One Lies (1001 Nunakal) (2022)

2022
1920: Horrors of the Heart (2023)
1920: Horrors of the Heart (2023) 1920: Horrors of the Heart (2023)ကြောက်စရာကောင်းတဲ့ မေတ္တာဖွဲ့ဇာတ်လမ်းလေးတစ်ပုဒ်။ ဟုတ်ပါတယ် အခုတစ်ဖန်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ 1920ဆိုတဲ့ခုနှစ်နဲ့စတဲ့ သရဲကားတွေထဲကမှ လက်ရှိထွက်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။အမုန်းတရားနဲ့ ချစ်ခြင်းတရား ပြိုင်ဆိုင်လာတဲ့အခါမှာ ပူလောင်တတ်တဲ့သဘောတရားခြင်းတူပေမဲ့ ချစ်ခြင်းနောက်မှာ မေတ္တာတရားကပ်ပါလာတဲ့အခါမှာ အေးချမ်းမှုကိုဆောင်ပါတယ်။ အဲဒီမေတ္တာကို ငတ်မွတ်နေရက်နဲ့ ချစ်ခြင်းနဲ့မရှာဘဲ အမုန်းတရားနဲ့ရှာနေရင်တော့ မဆုံးနိုင်တဲ့ပူလောင်မှုတွေကိုပဲ ခံစားရမှာပါ။ကောင်မလေးတစ်ယောက် အသက်၂၁နှစ်ပြည့်မယ့်နေ့မှာပဲ အဖေဖြစ်သူက ကြိုးဆွဲချသေသွားခဲ့တယ်။ သူ့အဖေသေဆုံးရတဲ့အကြောင်းအရင်းက သူ့ကိုငယ်ငယ်လေးကတည်းက ပစ်ထားခဲ့တဲ့ အမေဖြစ်သူကြောင့်ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့...အမုန်းတရားတွေ ပေါက်ဖွားလာပြီး ဖခင်ဖြစ်သူရဲ့ ဆိုးဝါးတဲ့လက်စားချေလိုစိတ်ရှိတဲ့ ဝိညာဉ်နဲ့အတူ နောက်အိမ်ထောင်နဲ့ပျော်ရွှင်နေတဲ့ အမေဖြစ်သူတို့မိသားစုကိုဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီဆုံးဖြတ်ချက်နဲ့အတူ ပျော်ရွှင်နေတဲ့မိသားစုလေးရှိရာအိမ်လေးဆီကို ဖခင်ရဲ့ ဝိညာဉ်ဆိုးနဲ့အတူရောက်လာတဲ့အခါမှာတော့....။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ YH~V~Cherry~Moon~Yunniတို့ပဲဖြစ်ပါတယ်) File size…1.54GB / 640MB Quality…1080p HD / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by YH~V~Cherry~Moon~Yunni
movie

1920: Horrors of the Heart (2023)

2023
Sarrainodu (2016) 6.6
Sarrainodu (2016) Sarrainodu (2016) IMDb-6.6/10ဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် ကားဟောင်းထဲက ကားကောင်းလေးတကားဖြစ်တဲ့ အာလူးအာဂျွန်နဲ့ မင်းသမီးချော မဟာလက်ရှ်မီးတို့ရဲ့ အမှန်တရားဘက်တော်သား အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ ဘတ်ဂျတ် ရူပီးသန်းငါးရာ အသုံးပြုထားပြီး ရူပီးသန်းထောင့်နှစ်ရာခုနစ်ဆယ်ပြန်ရခဲ့တဲ့ကားတကားလဲဖြစ်ပါတယ်။အိမ်ရဲ့သဲသဲလှုပ်အချစ်ခံရတဲ့ တဦးတည်းသောသားလေးဖြစ်ပြီး အိန္ဒိယစစ်ပြန်ကြီးလည်းဖြစ်တဲ့ ဂါနာက မတရားတာတွေ့ရင် လက်ပါခြေပါနဲ့ဖြေရှင်းတတ်သူတစ်ယောက်။သိပ်ချစ်မိသွားတဲ့ ချစ်သူလေးက ရန်ဖြစ်တာမျိုးမလုပ်ရင် လက်ထပ်ပါမယ်လို့ကတိပေးပြီးတဲ့နောက်မှာတော့။အိန္ဒိယနိုင်ငံတောင်ပိုင်းဝန်ကြီးဖြစ်သူရဲ့သားဟာ သူ့အကျိုးစီးပွားအတွက် အဖေ့အရှိန်အဝါကို အလွဲသုံးစားလူပ်ပြီး မြေတွေယာတွေကိုသိမ်း မကျေနပ်တဲ့လူကို လက်စဖျောက် ပြန်လှန်ဝံ့သူမရှိလောက်တဲ့ထိ ထင်ရာစိုင်းမိုက်မဲနေခဲ့ပါတယ် အနိုင်ကျင့်ခံရတဲ့ လယ်သမားတွေဘက်ကနေပြီး ရပ်တည်ပေးနေတဲ့ သားဖနှစ်ယောက်နဲ့ချစ်သူကိုရန်မဖြစ်တော့ပါဘူးဆိုပြီး ကတိပေးထားတဲ့ဂါယာတယောက် ဝန်ကြီးသားရဲ့မတရားမှုမှာ ပါဝင်လာတဲ့အခါမှာတော့။ အရင်က ဘောလိ၀ုဒ်ကားတွေရဲ့ အရသာကိုတဖန်ပြန်လည်ခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ V~Zwe~Moon~Cherry~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…4.4GB / 2.1GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Moon~Cherry~BpL~Yunn
movie

Sarrainodu (2016)

2016
O Saathiya (2023) 7.9
O Saathiya (2023) O Saathiya (2023) IMDb 7.1/10ကိုယ့်ဘက်က မေတ္တာအစစ်ပေးတိုင်း မေတ္တာအစစ်ပြန်ရမယ်လို့ထင်နေရင်တော့ လူကြီးမင်းတို့ ဒီကားကြည့်သင့်ပါတယ် စလာလာချင်းမှာကို ကိုယ့်ရဲ့အချစ်ဆုံးလေးက မင်္ဂလာဆောင်ဖိတ်စာမှာ ကိုယ်မဟုတ်တဲ့တခြားယောကျာ်းတစ်ယောက်နာမည်နဲ့ လာဖိတ်ပြီး သူများနဲ့ညားတဲ့ငါ့ရည်းစားဇာတ်ကို အခင်းခံလိုက်ရတဲ့ အာဂျွန်... ဘဝမှာတစ်ချို့အမှားတွေက ပြန်ပြင်လို့မရသလို ရှေ့ဆက်တိုးဖို့လေးလံလာတဲ့အခါ လူတွေကြုံတွေ့ရမဲ့ ခံစားချက် ဆုံးဖြတ်ချက်တွေ နာကြည်းမှု နားလည်မှုတွေကို.. ဒီကားကြည့်ရင်း အ‌တွေးတစ်ခုခုကျန်ခဲ့နိုင်တဲ့အထိ ဆွဲခေါ်သွားနိုင်ပါကြောင်း..အာဂျွန်- ငါ နင့်ကိုစတွေ့ခဲ့တာ ကျောင်းအုပ်ကြီးရုံးခန်းမှာ ငါတို့အတန်းသားအချင်းချင်း စကားများကြလို့ ခေါ်ငေါက်နေတဲ့အချိန်လေ။ မြင်မြင်ချင်းအချစ်ရဲ့နောက်မှာ သံယောဇဉ်တွေ တစ်ရစ်ချင်း တိုးလို့ချည်နှောင်ရင်း နင့်ကိုချစ်ရေးဆိုဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ ကံတရားရဲ့ မျက်နှာသာမပေးမှုတွေနဲ့ ငါအကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရတယ်..ဒါပေမဲ့ ငါလက်မလျော့ဘဲ မင်းဆီကအချစ်ကပြန်ရဖို့ ကြိုးစားနေတုန်းမှာ ငါမဟုတ်တဲ့ သတို့သားနာမည်နဲ့ နင့်ရဲ့မင်္ဂလာဆောင်ဖိတ်စာကို မြင်လိုက်ရတဲ့အခိုက်မှာ ငါ့ကမ္ဘာတစ်ခုလုံးပြိုလဲခဲ့ပါတယ် ချစ်ရသူရယ်.. နင်က ငါ့ရဲ့ပထမဆုံးနဲ့ ထာ၀ရတည်ရှိနေမဲ့ တစ်ဦးတည်းသောချစ်သူလေးပါပဲ။သိပ်ချစ်ကြတဲ့ သူတို့တွေ ဘယ်ဘူတာမှာလွဲခဲ့တာလဲ ပြန်လည်ဆုံစည်းနိုင်ကြမလားဆိုတာကတော့.. ရုပ်ရှင်အစမှာတင် ဆွေးရတာကို ပြထားပေမဲ့ ကြည်နူးရတဲ့အချိန်မှာ ဆွေးရမှာကိုပါ မေ့သွားစေမယ့် တေလေဂူး အချစ်အလွမ်းရုပ်ရှင်လေးကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ် ကြည်နူး လွမ်းဆွေးပေးကြပါဦး (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ V~Zwe Yan~Yunni~BpL~Cherry တို့မှ ခံစားသက်ဝင်ရေးသားထားပါတယ်) File size…2.4GB / ...
movie

O Saathiya (2023)

2023
Padmini (2023) 6.8
Padmini (2023) Padmini(2023) ‌ဘောလိဝုဒ်ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ IMDb 6.8/10 ,The TIMES Of india 3/5, Gadgets 360 မှာ 4.3/5 ရထားတဲ့ ဟာသကားသစ်လေးပဲဖြစ်ပါတယ်။ဒီကားမှာကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကတော့ မိသားစုလုပ်ငန်းစီမံတာလည်းတော်၊ အလုပ်အကိုင်ကလည်း ကောလိပ်ကဆရာ ဒါ့အပြင် အချိန်ပိုင်းကဗျာဆရာပါလုပ်သေးတဲ့ ပညာရော ဝမ်းစာပါပြည့်စုံတဲ့အပြင် နှလုံးသားလည်း နူးညံ့လှတဲ့သူပါပဲ။ဒီလိုလူဆီကို အိန္ဒိယရဲ့ရိုးရာအတိုင်း အိမ်ထောင်ရေးဆိုတာကြီးက အိမ်အ‌ရောက်လာရှာပါတော့တယ်။ ဒီမှာကံကောင်းချင်တော့ ကောင်မလေးက အချောလေးပါ။လိမ္မာရေးခြားလည်းရှိတယ် ယဉ်လည်းယဉ်ကျေးတယ်ဆိုတဲ့ အပျံစားရီဗျူးတွေနဲ့အတူ ကျောင်းဆရာတဖြစ်လဲ အချိန်ပိုင်းကဗျာဆရာဇာတ်လိုက်ကျော်ရဲ့နှလုံးသားထဲ အမှတ်တရလို့အဓိပ္ပါယ်ရတဲ့ကောင်မလေး ဝင်လာပါတယ်ပေါ့လေ။ ဘဝကိုရိုးရိုးအေးအေးပဲဖြတ်သန်းလာရတဲ့ဆရာသမား အိမ်ထောင်လည်းကျရော ကြံသကာမြိုထားသလို တပြုံးပြုံးတဖြဲဖြဲပေါ့လေ။ဒီလိုနဲ့ မင်္ဂလာဦးညမှာ မီးကပျက်ရိုကရိုမရ ကောင်မလေးက ‘လ’ကြည့်ရင်း လမ်းလျှောက်ထွက်ချင်တယ်ဆိုလို့ လယ်ကွင်းထဲဆင်းလမ်းလျှောက်ပေးရင်း ဟိုက သူ့ချစ်သူနောက်ခိုးရာလိုက်သွားပါလေရော။ ဇာတ်လိုက်ကျော်ခဗျာ ဟတ်ကော့ကြီးပေါ့ဗျာ။ ဒီလိုနဲ့ဂုဏ်သတင်းကျော်စောတဲ့ အမောင်ဇာတ်လိုက်ကျော်တစ်ယောက် သွားလေရာအလှောင်ခံ အရယ်ခံအဖြစ် တော်ပါပြီ အချစ်ဆိုစိတ်ကနာဆိုတဲ့အတိုင်း ညတိုင်းမင်္ဂလာကုတင်ပေါ်မှာ မင်္ဂလာမရှိစွာလူးလွန့်နေရင်း သူ့ဘဝမှာ ဘာတွေဆက်ဖြစ်လာမလဲ။ ရှက်စရာပုံရိပ်ကနေရော ရုန်းထွက်နိုင်သွားမလားဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။အညွှန်းကိုတော့ Aditi ရေးသားပြီး Aditi, YH, V, Cherry, BpL, ...
movie

Padmini (2023)

2023