Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bollywood
9.6
Tamil Kudimagan (2023)
Tamil Kudimagan (2023) "တမီလ်နာဒူးနိုင်ငံသား"IMDB 9.3 တောင်ရထားတဲ့ တမီးလ် ဒရာမာ ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ တမီးလ်လ်မျက်နှာသိသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Cheran နဲ့ မင်းသမီး Sri Priyanka တို့ အားဖြည့်ထားပြီး critically လည်း အောင်မြင်တဲ့ ရုပ်ရှင်ပါအိန္ဒိယနိုင်ငံရဲ့ ဇာတ်အနိမ့်အမြင့်လူတန်းစား ခွဲခြားမှုကို မေးခွန်းထုတ်ထားတဲ့ ဇာတ်မျိုးပါပဲ မြို့ငယ်လေးတစ်ခုမှာ ချင်နာဆာမီဆိုတဲ့ ကောင်လေးက VAO ဆိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးစာမေးပွဲကိုအသွား ရပ်ကွက်ထဲက လူသေလို့ အသုဘချဖို့ လာခေါ်တာနဲ့ မလိုက်ချင်လိုက်ချင် လိုက်သွားရပါတယ်...။သူကိုယ်တိုင် ရိုးရိုးကျင့် မြင့်မြင့်ကြံပြီး ကြိုးစားနေပေမယ့်လည်း လူ့အသိုင်းအဝိုင်းက ချင်နာဆာမီတို့ မျိုးရိုးအလုပ်ဖြစ်တဲ့ အသုဘချတာကို သူတစ်ယောက်တည်း လုပ်သင့်တယ်လို့ ဇွတ်သတ်မှတ်ထားကြတာပါ...။ပြီးတာနဲ့ ဆိုင်ကယ်နဲ့ စာမေးပွဲဖြေဖို့လိုက်ပို့မယ်ဆိုပြီး ခေါ်တဲ့ လူကလည်း သောက်မြင်ကပ်ပုဒ်မနဲ့ လမ်းမှာ ဆီကုန်တယ်လို့ ညာပြီး စာမေးပွဲချိန်နောက်ကျအောင် တမင်ညစ်ပါတယ်ဒီဇာတ်နိမ့်လူတန်းစားမှာ အဖေက ဒါလုပ်ရင် သားက ဒါလုပ်ဆိုပြီး တသမတ်တည်း သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းကို တော်လှန်ချင်စိတ်ရှိတဲ့ ...
movie
Tamil Kudimagan (2023)
2023
8.2
Paan Singh Tomar (2012)
Paan Singh Tomar (2012) ============== IMDb Rating (8.2/10) / Rotten Tomatoes (89%)ဒီရုပ်ရှင်ကားကြီးကတော့ မင်းသားကြီးအီရ်ဖားန်ခန်း Irrfan Khan အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရခဲ့ပြီး မင်းသားကြီးနဝါ့ဇ်နဲ့အခြားသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားတဲ့ အီရ်ဖားန်ခန်းရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တကယ်ရှိခဲ့တဲ့ ပန်းဆင်းဂ်တိုမရ်ဆိုတဲ့ အိန္ဒိယစစ်သား အားကစားသမား သူပုန်ကြီးတစ်ယောက်ရဲ့အတုပ္ပတ္တိကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ဘတ်ဂျတ်သန်းခုနစ်ဆယ်သာသုံးပြီးရိုက်ကူးခဲ့ပေမယ့် သန်းနှစ်ရာကျော်ပြန်ရခဲ့တဲ့ထိ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ပန်းဆင်းဂ်တိုမရ်ဆိုတာ အိန္ဒိယစစ်သားတယောက်ပါ။ ၁၉၅၀ခုနှစ်နဲ့ ၁၉၆၀ခုနှစ်တွေကြားက အတားအဆီးဖြတ်ကျော် အပြေးပြိုင်ပွဲတွေမှာ ခုနစ်ကြိမ်တိုင်ချန်ပီယံဆုဆွတ်ခူးခဲ့သူပေါ့။ ၁၉၅၈ အာဆီယံဂိမ်းမှာ အိန္ဒိယကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ မိခင်နိုင်ငံက ထောက်ပံ့ပေးမှုအားနည်းတာရယ် လေ့ကျင့်တုန်းကပြိုင်ရတဲ့ဖိနပ်နဲ့ တကယ်တမ်းပြိုင်တော့စီးရတဲ့ဖိနပ်နဲ့မတူညီတာကြောင့်ဆုမရရှိခဲ့ပါဘူး။စစ်သားတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရင်း အသုံးမကျတဲ့အရာရှိက ပေးလာတဲ့အမိန့်ကိုတော့လက်မခံပါဘူးလို့ ဆိုဝံ့သူ။ သူထူးချွန်တဲ့ အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်ရင်း ရွှေတံဆိပ်ဆုတွေဆွတ်ခူးပေးခဲ့သူ။ သူဟာ ရှေ့တန်းထွက်ဖို့ အခွင့်အရေးဆုံးရှုံးတဲ့အခါ ရဲရဲတင်းတင်းပဲ သူထူးချွန်တဲ့ အားကစားကိုစွန့်လွှတ်ခဲ့ပေမယ့် သူ့ရဲ့ ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။ဒီလိုနဲ့ အိန္ဒိယစစ်တပ်ကနေအငြိမ်းစားယူပြီး မိသားစုနဲ့အေးအေးချမ်းချမ်းတောင်ယာလုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ သူတို့ရွာမှာမြေယာအငြင်းပွားမှုကနေ ပိုင်ရာဆိုင်ရာလူတစ်စုက အားနည်းသူတွေကို တရားလက်လွတ် ခြေလွန်လက်လွန်လုပ်ဆောင်လာတဲ့အခါ... နိုင်ငံအတွက်ကျရာတာဝန်တွေကို ထမ်းဆောင်ပေးခဲ့ပေမယ့် ...
movie
Paan Singh Tomar (2012)
7.8
MAD (2023)
MAD 2023 IMDb - 7.9/10ဟိုးအရင်တုန်းကကျောင်းသားဘဝကို ပြန်လည်အမှတ်ရစေမဲ့ နောက်ထပ်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အင်ဂျင်နီယာကောလိပ်ကျောင်းကြီးမှာနေရာပြုထားပြီး ကျောင်းတော်ကြီးရဲ့ထုံးစံအတိုင်း ကျောင်းသားတိုင်းချစ်ကြတဲ့ စည်းကမ်းတင်းကြပ်တဲ့ ကျောင်းအုပ်ကြီးရှိမယ်။ကျောင်းသားတွေထဲမှာဆိုရင် နယ်မြို့ငယ်လေးကနေကျောင်းလာတက်တဲ့ မျက်စိသူငယ်နားသူငယ်တစ်ယောက်ရယ်၊ ဟိုက်ပါတစ်ယောက်ရယ်၊ အားကိုးရတဲ့ဗလနဲ့ဘဲကြီးရယ်၊ ဆော်ကြောင်တဲ့ကောင်ရယ်၊ ဗရုတ်ဒုက္ခလျှောက်လုပ်တဲ့ကောင်ရယ် ရှိပါတယ်။ဒီဇာတ်လမ်းမှာတော့ ကျောင်းသားကျောင်းသူတွေရဲ့ အချစ်အလွမ်း၊ ရိုမန့်တွေဆိုတာထက် အထူးသဖြင့်ယောက်ျားလေးဆောင်က ဆရာသမားတွေရဲ့ ညီအစ်ကိုသံယောဇဉ် သူငယ်ချင်းသံယောဇဉ်နဲ့ ကျောင်းသားဘဝမှာ ကြုံရတတ်တဲ့ ပဋိပက္ခတွေကို ဟာသနှောပြီးရယ်တလှည့် ငိုတလှည့်ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.3GB / 1.5GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
MAD (2023)
2023
7.7
Bad Boy (2023)
Bad Boy (2023) "ဇိုးလေး"IMDb 7.7/10Romance/Comedyဒီတစ်ခေါက်တင်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းမယ့် အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။Jagga Jasoos(2017)မှာ ရန်ဘီးရ်ရဲ့ မွေးစားအဖေနေရာက မင်းသားကြီး Saswata Chatterjeeနဲ့ ဂန္ဓဝင်ဟာသလူရွှင်တော်ကြီး Johnny Leverတို့ပါဝင်တင်ဆက်ထားပါတယ်။စည်းမျဉ်းစည်းကမ်းတွေအတိုင်း ရှင်သန်နေရတာကို တော်တော်များများမွန်းကြပ်တတ်ကြပေမယ့် ရှူဘန်ကာဘန်နာဂျီအတွက်တော့ မဟုတ်ခဲ့ပါဘူး။နေ့စဉ်နေထိုင်မှုဘဝမှာရော အလုပ်မှာရော စည်းမျဉ်းတွေအတိုင်း တသွေမတိမ်းလိုက်နာနေထိုင်တဲ့သူပါ။ အရမ်းဇီဇာကြောင်တဲ့ အဖိုးကြီးဖြစ်ပြီး သူနေသလိုမျိုး မိသားစုကိုလည်း ဒီလိုပဲကျင့်သုံးစေပါတယ်။ သမီးဖြစ်သူ ရီတူးဟာလည်း ဒိတ်ဒိတ်ကြဲထိပ်တန်းကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်ကတော့ " အဆင့်အတန်းမြင့်ရမယ် အရည်အချင်းရှိရမယ်" ဆိုတာပါပဲ။ တစ်ဖက်မှာလည်း ရာဂူးဆိုတဲ့ ငမွဲကောင်ဆိုးလေးကတော့ ဘဝကိုပျော်ပျော်နေပြီး ပေါ့ပေါ့လေးဖြတ်သန်းနေတဲ့သူပေါ့။မိသားစုကလည်း ပစ္စည်းအဟောင်းတွေ ပလုံကောက်တာတွေ ဝယ်ယူပြီး အသက်မွေးကြပါတယ်။စာမေးပွဲကိုလည်း နှစ်စဉ်နှစ်တိုင်း တဖုန်းဖုန်းကျနေတဲ့ ရာဂူးတစ်ယောက် တစ်နေ့မှာတော့ ရီတူးကိုမြင်ပြီး ချစ်မိသွားပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ အရာရာဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် ရာဂူးတစ်ယောက် အခက်တွေ့ပါတော့တယ်။သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ရိုမန့်တစ်ဆန်ဆန် ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM BOLLYWOOD TEAMပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...
movie
Bad Boy (2023)
2023
8.6
Ratham (2023)
Raththam (2023) "ဂျာနယ်ကျော် ဦးကူးမား" IMDb-8.6/10သူတောင်းစားကားတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ ဦးဆောင်ပါဝင်လာတဲ့ ဇာတ်ကားသစ်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။မင်းသားကတော့ သူ့ထုံးစံအတိုင်း အထာကျကျနဲ့ သရုပ်ဆောင်ချက်တွေ ပီပြင်တဲ့အပြင် အနုအကြမ်းအစုံရတာမို့ ရုပ်ရှင်ကြည့်ပရိသတ်တွေ စိတ်မပျက်စေရမှာပါ။ဇာတ်လမ်းအစမှာ သူတို့မင်းသားအကြောင်း မကောင်းရေးလို့ လူမိုက်တစ်ယောက်က သတင်းတိုက်ထဲဝင်ပြီး သတင်းထောက်ကို ဓားနဲ့ထိုးသတ်သွားပါတယ်။ ဒီလိုလိုကိစ္စတွေက သတင်းထောက်လောကမှာ ပါမွှားလေးပါ။သတင်းယူရတာ အန္တရာယ်ကြီးတဲ့အပြင် သတင်းရေးရတာလဲ အတိုက်အခိုက်ပေါင်းစုံ၊ အစိုးရ၊ လူမိုက်ဂိုဏ်း၊ ပြည်သူစတဲ့ ဘက်ပေါင်းစုံက ဖိအားများစွာနဲ့ပါ။အဲ့သတင်းတိုက်မှာ အယ်ဒီတာချုပ်အဖြစ် single father ကူးမားတစ်ဖြစ်လဲ ဗီဂျေးရဲ့သရုပ်ဆောင်ချက်အလန်းတွေနဲ့အတူ စတုတ္ထမဏ္ဍိုင်အကြောင်းကို အချစ်အလွမ်းအကြမ်း ရသစုံစွာတင်ဆက်ပေးထားတာမို့ ပရိသတ်ကြီးကြည့်ရှုခံစားနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.16GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by ...
movie
Ratham (2023)
2023
8.2
Jigarthanda (2014)
Jigarthanda (2014) "ဘိုင်စကုတ်ဂန်းစတား" IMDb-8.2/10မင်းသားချော ဆစ်ဒါးအဓိကသရုပ်ဆောင်ထားပြီး ဆရာကြီးဗီဂျေးစည်သူပတီပါဝင်အားဖြည့်ထားတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။သတင်းရင်းမြစ်တွေအရတော့ တောင်ကိုရီးယားရုပ်ရှင်တစ်ကားကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ကားဟောင်းပေမဲ့ ရုံဝင်ငွေရူပီးကုဋေနဲ့ချီအမြတ်ရထားပြီး ဝေဖန်ရေးသမားတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဒုတိယမြောက်ကား "Jigarthanda double X 2023" မလာခင်လေးမှာ ဒီကားကိုအရင်ကြည့်ရှုခံစားလိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်း ကာသစ်ဟာ တက်သစ်စ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ပြိုင်ပွဲတွေတစ်ခုပြီးတစ်ခုပြိုင်ရင်း ထုတ်လုပ်သူတွေကို လိုက်ရှာနေတဲ့သူပေါ့။ တစ်နေ့မှာ ပြိုင်ပွဲကနေ ကံကောင်းထောက်မစွာနဲ့ သူ့ရုပ်ရှင်တွေကိုထုတ်ပေးမဲ့ ထုတ်လုပ်သူရှာတွေ့သွားတယ်။ဒါပေမဲ့ ထုတ်လုပ်သူဘက်က ဂန်းစတားရုပ်ရှင်တွေရိုက်မှ ထုတ်ပေးမယ်ပြောလာတဲ့အခါမှာ ကာသစ်ဟာ သူ့ပွဲဦးထွက်ရုပ်ရှင်ပီပြင်ဖို့ ဂန်းစတားတွေဘဝကို ထဲထဲဝင်ဝင်သိအောင် လေ့လာရပါတော့တယ်။ဂိုဏ်းတွေအကြောင်းသတင်းထွက်ရင် သတင်းထောက်ပါသတ်ပစ်နေတဲ့ချိန်မှာ ကာသစ်တစ်ယောက်ဂန်းစတားအကြောင်း ရုပ်ရှင်ပါရိုက်မယ်လို့ အရဲစွန့်ရပါတော့တယ်။ ဂန်းစတားအကြောင်းသူစုံစမ်းနေတာကို ဂိုဏ်းတွေမသိအောင် သူဘယ်လိုချဉ်းကပ်မလဲ၊ သူ့ရုပ်ရှင်ပြီးမြောက်ဖို့ ဘယ်လိုအန္တရာယ်တွင်းထဲဆင်းမယ်ဆိုတာ လက်တွေ့ဆန်ဆန် ရုပ်ရှင်ဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~V~Saii~Yunni တို့ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.54GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~V~Saii~Yunni
movie
Jigarthanda (2014)
2014
8.8
Are You Ok Baby? (2023)
Are You Ok Baby? (2023) မေမေ့ကလေးငယ်ယခုတစ်ခေါက်မှာတော့ IMDb Rating 9/10 ရရှိထားတဲ့ မိသားစုဒရမ်မာဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အချစ်တွေအမျိုးမျိုးရှိတဲ့ကြားက မိခင်တစ်ယောက်က သူ့ကလေးအပေါ်မှာထားရှိတဲ့မေတ္တာတရားကတော့ ကြားဝင်နှောင့်ယှက်လို့မရတဲ့အရာတစ်ခုပါ။ ဒီလိုမျိုးပဲ ယနေ့ခေတ်မှာဆိုရင် ဆိုရှယ်မီဒီယာတွေပေါ်ပေါက်လာပြီး လူထုကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖန်တီးစေပြီး ဆက်ဆံရေးတွေကြား ပြဿနာတွေကြား ကြားဝင်နှောင့်ယှက်တတ်တဲ့အရာတစ်ခုကတော့ ဆိုရှယ်မီဒီယာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ အချစ်ကို မှားယွင်းစွာနဲ့ ကိုးကွယ်ခဲ့မိတဲ့ မိန်းကလေးတစ်ယောက်က ယောက်ျားကလည်းရှာမကျွေး၊ ကိုယ့်ကိုမှီခိုနေရတဲ့ အမေနဲ့ညီမလေးကလည်းရှိနေတော့ မမွေးဖွားရသေးတဲ့ဗိုက်ထဲက အချစ်စုဘူးကို မွေးစားခိုင်းဖို့အတွက် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားရတဲ့ကလေးအပေါ်မှာ မစွန့်လွှတ်နိုင်တဲ့ မိခင်ဖြစ်သူရဲ့ မေတ္တာတရားလေးက ယှဉ်တွဲလာတဲ့အခါ ....ကိစ္စတစ်ခုခုကိုဆို မကြီးကြီးအောင် ပုံကြီးချဲ့တတ်တဲ့ ဆိုရှယ်မီဒီယာသမားတွေကတော့ ဒီလိုကိစ္စမျိုးတွေကို ပုံပြပြီး လူထု attention ရှာလို့ရအောင် ဒီကောင်မလေးဆီကို ချန်နယ်ပေါင်းစုံကနေ ဆက်သွယ်လာပါတယ်။ဒီလိုကနေ ဥပဒေကိစ္စတွေနဲ့ ရောထွေးလာပြီး ပြဿနာတွေက ပိုကြီးလာတဲ့အခါ မူလဦးတည်ချက်ဖြစ်တဲ့ ကလေးငယ်စောင့်ရှောက်ခွင့်ကိုရော ပြန်ရနိုင်ပါ့မလား ....မီဒီယာသမားတွေကရော ဘယ်လိုနည်းလမ်းပေါင်းစုံနဲ့ ဝင်မွှေကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုအားပေးကြပါဦးရှင်ဒီဇာတ်လမ်းလေးကိုတော့ Dee~ ...
movie
Are You Ok Baby? (2023)
2023
7.5
Jawan (2023)
Jawan (2023) "စစ်သည်တော်"IMDb-7.5/10ဒီနှစ်ထဲမှာပဲ ဒုတိယမြောက်အောင်မြင်မှုကိုစိုက်ထူခဲ့ပြန်တဲ့ King Khanရဲ့ရုပ်ရှင်ကားကြီး Jawanကို တင်ဆက်ပေးလိုက်ပါပြီ။King Khanရယ်လို့ ဂုဏ်ပုဒ်တစ်ခုရတဲ့အထိ အောင်မြင်ခဲ့တဲ့ အောင်မြင်နေဆဲ မင်းသားကြီးရှာရွတ်ခန်းရဲ့ အသက်၅၈မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂ရက်နေ့မှာပဲ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်ကိုရောက်ရှိလာခဲ့တာပါ။ပထန်မှာတုန်းက အမေရိကန်ဒေါ်လာ သန်း၁၃၀ဝန်းကျင်ထိရခဲ့ပြီး ဒီရုပ်ရှင်မှာတော့ သန်း၁၄၀ဝန်းကျင်ထိ ပြန်လည်ရရှိခဲ့ပါတယ်။ဒီကားမှာ ဘောလိ၀ုဒ်ရဲ့ဘုရင်ကြီး ကင်းခန်းနဲ့ တမီးလ်စတား မင်းသားကြီးဗီဂျေးစည်သူပတီတို့ အပြိုင်ကျဲထားတဲ့အပြင် အချောလေး ဒီပီကား မင်းသားကြီး ဆန်ဂျေးဒတ်နဲ့ ယိုဂီဘာဘူတို့လည်းပါဝင်အားဖြည့်ထားပါသေးတယ်။နောက်ပြီး မင်းသမီးချောအငယ်လေးတွေကိုလည်း တ၀ကြီးရှုစားရမှာပါ။ဥပဒေ...။ဥပဒေဆိုတာ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းအတွင်းမှာ မမှားသင့်တာမမှားရအောင်၊ မှားခဲ့ပြန်ရင်လည်း အမှားကိုသက်သေထူပြီး အပြစ်ဒဏ်ပေးဖို့ပဲလို့ အလွယ်ဆိုကြပါစို့။ဒီလို လူ့ယဉ်ကျေးအသိုင်းအဝိုင်းဆိုတာကြီးထဲမှာပဲ ဥပဒေကိုလက်တလုံးခြားလုပ်ရင်း ကိုယ်ကျိုးရှာတတ်တဲ့ အတ္တသမားကြီးတွေက ဥပဒေအထက်မှာရောက်နေတတ်ကြတာကလည်း ဓမ္မတာလို့ပဲဆိုကြရလေမလား။ဒီလို ဝိသမလောဘသမားတွေကို ပညာပေးမယ့် အဖွဲ့တစ်ဖွဲ့ရှိနေပါတယ်။ အာဇဒ်နဲ့မိန်းမပျိုလေးတသိုက်ပေါ့။သူတို့တွေ ရထားတစ်စင်းကိုပြန်ပေးဆွဲကြပေမယ့် ပြန်ပေးဆွဲရတဲ့ အကြောင်းအရင်းခံကြောင့်ပြန်ပေးဆွဲခံရသူ ရထားပေါ်ကခရီးသည်တွေပါ သူတို့နဲ့တစိတ်တဝမ်းတည်းဖြစ်ကုန်ပါရောလား။ ဥပဒေရဲ့အပြင်ကနေ မလွှဲမရှောင်သာလုပ်ကိုင်နေရသူဖြစ်ပေမယ့်ရေစက်ဆုံချင်တော့လည်း ပြန်ပေးညှိနှိုင်းရေး အရာရှိအမျိုးသမီးလေးနဲ့မှ အာဇဒ်တစ်ယောက် ဖူးစာဆုံပါရော။အာဇဒ်နဲ့အဖွဲ့က နောက်ထပ်မစ်ရှင်တစ်ခုကိုထပ်လုပ်တဲ့အချိန်...၊အာဇဒ်ရဲ့ ဖုံးကွယ်ထားတဲ့ဇာတ်ရုပ်ကိုမသိဘဲ ...
movie
Jawan (2023)
2023
4K HEVC
5.5
Skanda (2023)
Skanda (2023) ===============================တော်တော်များများ တောင်းဆိုနေကြတဲ့ တေလဂူးစကားပြော Tollywood ရုံတင်အက်ရှင်ကား ခပ်မိုက်မိုက် ကားသစ်လေးတစ်ကားကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ရုပ်ရှင်အစမှာတော့ နိုင်ငံတကာထိ လူသိခံရတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ မတရားစွပ်စွဲချက်တွေကို ခေါင်းငုံ့ခံရင်း ကြိုးမိန့်ချခံထားရကာ သမီးဖြစ်သူကလည်း အကြောင်းတစ်ခုကြောင့် ကိုမာဝင် သတိလစ်နေခဲ့ပါတယ်။အဲဒီလိုဖြစ်ရတာတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးကစားကွက်တွေနဲ့အကွက်ရွှေ့နေကြတဲ့ ပြည်နယ်ဝန်ကြီးတွေရှိနေပြီး သူတို့တွေကလည်း သားရေးသမီးရေးကိစ္စတွေကြောင့် အချင်းချင်း လှည့်ပတ်တိုက်ခိုက်နေကြပါသေးတယ်။အဲဒီလို တစ်စစီပြန့်ကြဲနေတဲ့ ဇာတ်ကောင်တွေကြားထဲကို တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်ရှိတဲ့ ယောင်္ကျားဘသား ဇာတ်လိုက်မင်းသား ဝင်လာချိန်ကစပြီး ဇာတ်လမ်းဟာ တဖြည်းဖြည်းပုံပေါ်လာခဲ့ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် ရုံတင်ချိန်တုန်းကလည်း အထိုက်အလျောက်အောင်မြင်ခဲ့ပြီး မင်းသမီးလေးတွေကလည်း တော်တော်လှကြတာမလို့ တောင်ပိုင်းအက်ရှင်ကြိုက်သူတွေအတွက် နှစ်နာရီကျော် အချိန်ပေးရတန်လောက်မယ့် ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။ (ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…4.5GB / 2.09GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard ...
movie
Skanda (2023)
2023
8.7
Angaaragan
Angaaragan 2023 (တောနက်ထဲကပဟေဠိစံအိမ်) IMDb - 8.7/10Halloween ပွဲလည်းနီးကပ်လာပြီဆိုတော့ တမူထူးလို့ ဘောလိဝုဒ်ဟော်ရာလေးနဲ့ငြိမ့်ချင်တဲ့ စီအမ်ပရိသတ်ကြီးအကြိုက် Horror, Thriller ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါပြီ။သရဲကားဆိုပေမဲ့ နည်းနည်းလည်းအခွီဓာတ်လေးနှောထားတာဆိုတော့ မျက်နှာကွယ်ထားစရာရင်ခွင်ကြီးမရှိတဲ့ အက်ဖ်အေတစ်သိုက်အတွက်လည်း အဆင်ပြေပါကြောင်း ထပ်လောင်းပြောရင်းနဲ့....ဇာတ်လမ်းအကျဉ်း ကူရင်ဂျီမာလဲအပန်းဖြေစခန်းဟာ တောထဲမှာရှိတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်ပြီး တစ်ချိန်က သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေအလှကိုနှစ်သက်တဲ့ ခရီးသွားတွေကြားမှာ တော်တော်ကို ရေပန်းစားခဲ့တဲ့နေရာတစ်ခုပေါ့။ တစ်နေ့မှာ ဒီအပန်းဖြေစခန်းရဲ့ပိုင်ရှင် ပျောက်ဆုံးသွားတဲ့အပြင် တောလမ်းကိုဖြတ်ရတာကြောင့် ကားတွေကလည်း လိုက်မပို့ချင်ကြတော့ အပန်းဖြေစခန်းကို လာတဲ့လူလည်းတဖြည်းဖြည်းနည်းပါးလာပါတော့တယ်။ ရှီဗာဟာ အပန်းဖြေစခန်းပိုင်ရှင်ရဲ့ဇနီးဖြစ်သူနဲ့ ဆွေနီးမျိုးစပ်တော်စပ်သူဖြစ်ပြီး အဒေါ်ဖြစ်သူနေမကောင်းတာကြောင့် အပန်းဖြေစခန်းကို ကြီးကြပ်ဖို့ရောက်နေတဲ့သူပါ။အဲဒီမှာ ရှီဗာလည်း အပန်းဖြေစခန်းကိုလိုက်ကြည့်ရင်းနဲ့ ထူးဆန်းတဲ့အိမ်တစ်လုံးကိုမြင်ခဲ့ပေမဲ့ ဒီအိမ်ထဲကိုဝင်ခွင့်မရှိဘူးဆိုလို့ ဝင်ခွင့်မရခဲ့ပါဘူး။ တစ်နေ့.. အပန်းဖြေစခန်းမှာလာတည်းနေတဲ့ ပူဂျီသာဆိုတဲ့မိန်းကလေး ပျောက်ဆုံးရာကနေ ဧည့်သည်ချင်းရန်ဖြစ်တာကြောင့် ကိုမြညွန့်တို့အဖွဲ့ရောက်လာပြီ စစ်လားဆေးလားလုပ်ရာကနေ ဒီတောတွင်းအပန်းဖြေစခန်းမှာ ခြေချုပ်မိဖို့ဖြစ်လာတဲ့ သူတို့တစ်သိုက်... လူသူအဝင်အထွက်တားမြစ်ထားတဲ့ အိမ်ကြီးမှာ ဘာတွေရှိနေတာလဲ။ ကောင်မလေးကရော ဘာလို့ရုတ်တရက်ပျောက်သွားရတာလဲ။ ကိုမြညွန့်တို့အဖွဲ့ကရော အမှုစစ်ရင်းဘယ်လိုဖြစ်ရပ်ဆန်းတွေကြုံရမလဲဆိုတာ အားလုံးအတူကြည့်ရှုလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
movie
Angaaragan
2023
Yaaro (2022)
Yaaro (2022) "မဖိတ်ခေါ်ထားသော ဧည့်သည်"ထိုင်ခုံအစွန်းက မခွာပဲ ရင်တမမ ထိုင်ကြည့်ရမယ့် တမေးလ် psychological-horror/ thriller တစ်ကားတင်ဆက်ပေးလိုက်ပါတယ်"ဂျွန်" က ခန့်မှန်းရခက်တဲ့လူ သူပိုင်တဲ့အိမ်က အကြီးကြီး ဒါပေမယ့် အလုပ်ထဲမှာ သူဌေးမငယ်ငယ်တစ်ယောက် ဆူတာ အမြဲခံရတဲ့ ဝန်ထမ်း တစ်ချိန်က ချမ်းသာတဲ့မိဘတွေလည်း ဦးလေးဖြစ်သူရဲ့ သစ္စာဖောက်မှုကြောင့် ရှိသမျှကုန်ပြီး သားလေးအတွက် အိမ်တစ်လုံးပဲ ကျန်ခဲ့တယ် အမေဖြစ်သူကလည်း စိတ်ရောဂါနဲ့ဆုံး အဖေကလည်း ဇနီးဇောနဲ့ စိတ်ဒဏ်ရာရပြီး အိမ်က ပျောက်သွားလို့ "ဂျွန်" တစ်ယောက် အိမ်ကြီးထဲမှာ တစ်ကိုယ်တည်းနေရတယ်ချန်နိုင်းမြို့ကြီးမှာ တစ်နေ့တခြား ကွင်းဆက်လူသတ်မှုတွေ များလာတယ် သတင်းတွေမှာတော့ "အိမ်ပြင်မထွက်ပါနဲ့ သူစိမ်းအဝင်မခံပါနဲ့" စသဖြင့် တောက်လျှောက် တက်နေတာပဲတစ်နေ့ ညဘက်ကြီး ခြံထဲကို လူစိမ်းတစ်ယောက် ဝင်လာပြီး "ရေတိုက်ပါ" လို့ ဂျွန်ကို ပြောတယ် ဂျွန်လည်း ပထမ တော့ အတင်းငြင်းလွှတ်ပေမယ့် နောက်ဆုံးတော့ သူစိမ်းအတွက် ရေသွားယူနေတုန်း ပြန်လာတော့ အဲဒီလူ မရှိတော့ဘူးအဲဒီအချိန် အမှတ်တမဲ့ ...
movie
Yaaro (2022)
2023
8.0
Peddha Kapu – 1 (2023)
Peddha Kapu 1 (2023) [အလံလုကြသူများ] IMDB --- 8.0/10ဒီတစ်ခါ မိတ်ဆက်ပေးမဲ့ကားလေးကတော့ ကြမ်းကြမ်းရမ်းရမ်းနဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေပါတဲ့ နိုင်ငံရေးတေလဂူးဘာသာ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ ၁၉၆၂ခုနှစ်မှာ ဂိုဒါဗာရီမြစ်တစ်လျှောက်က ရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကနေ အစပြုထားပါတယ်။ ဒီရွာတွေက လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးကြရင်း အဲဒီထဲက သားအမိနှစ်ယောက်ဟာ ကွင်းပြင်ထဲမှာ ကလေးလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။သူတို့ကိုယ်တိုင်လည်း လူချည်းလွတ်အောင် ပြေးလာခဲ့ရသူတွေမလို့ ကလေးကို မစောင့်ရှောက်နိုင်ပေမဲ့ ပစ်မထားရက်ခဲ့တာကြောင့် ကလေးကို သူများကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကလေးကို မွေးစားလိုက်တဲ့သူကတော့ စိတ်နှလုံးသားဖြူစင်တဲ့ အရက်သမားတစ်ယောက်ပေါ့ အဲဒီနောက်မှာတော့ ရွာမှာ ပါတီကြီးနှစ်ခုဖြစ်တဲ့ ဆတ်တရာရန်ဂီရ်နဲ့ ဘာယာနာတို့ ပါတီနှစ်ခု။ဘာယာနာကတော့ ပျော့ပျော့လေးနဲ့ ဆွဲခေါ်တတ်တဲ့သူဖြစ်ပြီးတော့ ဆတ်တရာရန်ဂီရ်ကတော့ သတ်မယ်ဖြတ်မယ်ဆိုတဲ့သူမျိုးပေါ့။ ဘာယာနာက သူတို့ပါတီအတွက် အလံထောင်ဖို့ သူ့နောက်လိုက်တဲ့သူတွေကို ခိုင်းတဲ့အခါမှာ အလံထောင်တာကို မကြိုက်တဲ့ ဆတ်တရာတို့က ဘယ်လိုတွေ ပြဿနာလုပ်ကြမလဲ …….. သူတို့ပါတီဝင်နှစ်ခု နောက်ပိုင်းမှာရော ဘာတွေ ဆက်ဖြစ်သွားကြမလဲ ……အရက်သမားမွေးစားလိုက်တဲ့ ကလေးလေးကရော ကြီးလာတဲ့အခါမှာ ဒီဇာတ်လမ်းရဲ့ ဘယ်အခန်းကဏ္ဍကနေ ပါဝင်သွားမလဲဆိုတာတွေကို ...
movie
Peddha Kapu – 1 (2023)
2023
9.2
Rangoli (2023)
Rangoli (2023) "ချယ်မှုန်းရောင်စုံ" IMDb-9.3/10မျက်နှာသစ် မင်းသားမင်းသမီးတွေနဲ့ ရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်အသစ်တွေဆိုပေမယ့် ကျရာနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ဇာတ်လမ်းအညွှန်းကျွန်တော့်နာမည် ဆပ်သရာ။အစိုးရအထက်တန်းကျောင်းမှာ ပညာသင်နေတဲ့ကောင်။ အဖေက ဒိုဘီလုပ်ငန်းလုပ်တယ်။ကျွန်တော်တို့မှာ မိသားစုဝင်လေးယောက် အဖေရယ် အမေရယ် အစ်မရယ်။အဖေသင်ပေးထားတဲ့ တစ်ခုခုကိုလိုချင်ရင် အဲဒီအရာအတွက်တိုက်ခိုက်ရမယ်ဆိုတဲ့စကားအတိုင်းပဲ ကျွန်တော်ဖြစ်ချင်တာအတွက်ဆိုရင် တိုက်ခိုက်ဖို့ရာ ဝန်မလေးဘူး။ အဖေတို့ မိသားစုစားဝတ်နေရေးအတွက် ဒီလောက်ရုန်းကန်နေရတဲ့ကြားထဲကနေ အပေါင်းအသင်းမှားနေတယ်ဆိုပြီး ကျွန်တော့်ကို ကိုယ်ပိုင်အထက်တန်းကျောင်းဆီပြောင်းပေးခဲ့ကြတယ်။ကျွန်တော့်ကို ကိုယ်ပိုင်ကျောင်းပို့ဖို့ သူတို့တွေ ဘယ်လောက်ခက်ခဲနေလဲဆိုတာရယ် ကျွန်တော်ကိုယ်တိုင်ကကျောင်းဟောင်းကိုတွယ်တာတဲ့စိတ်ရယ်နဲ့ မပြောင်းချင်ဘူးပြောပေမယ့် မိဘတွေစကားမလွန်ဆန်နိုင်တဲ့အတွက်ပြောင်းခဲ့တယ်။လမ်းမှာတစ်ခါတွေ့ခဲ့ဖူးပြီး စွဲလန်းခဲ့ရတဲ့ ကျစ်ဆံမြီးနဲ့ကောင်မလေး။ အဲဒီကောင်မလေးနဲ့ ကျောင်းအသစ်မှာ ပြန်တွေ့ခဲ့တယ်။ အဲဒါနဲ့အတူ အဲဒီကျောင်းကကောင်တွေရဲ့အနိုင်ကျင့်မှုတွေရယ်ရောပေါ့။ ကျွန်တော်ဘယ်လိုတွေ ဖြတ်သန်းရမလဲဆိုတာ ဆက်လက်ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM BOLLYWOOD TEAMမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size… 2.95GB / 1.13GB Quality…1080p WEB DL /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM BOLLYWOOD TEAM
movie
Rangoli (2023)
2023
5.0
Iraivan (2023)
Iraivan 2023 (သို့) အပြုံးလူသတ်သမားIMDb 5.1/10 ဘတ်ဂျက် သန်း ၂၈၀ သုံးထားပြီး သတ်ခန်းဖြတ်ခန်းတွေကို ဆင်ဆာဖြတ်ထားခြင်းမရှိဘဲ သွေးသံရဲရဲနဲ့ ကျောချမ်းစရာမြင်ကွင်းတွေကို ကွင်းကွင်းကွက်ကွက်ပြသထားတဲ့ ရုံကားတစ်ကားပဲဖြစ်ပါတယ် အပြုံးလူသတ်သမား ..ဒီနာမည်ဖြစ်တည်လာပုံကတော့ စိတ္တဇလူသတ်သမားကသူသတ်တဲ့လူကို အပြုံးလှလှလေးတစ်ခုဖန်တီးပေးလိုက်လို့ပါပဲ ဘယ်လိုမျိုးလဲဆိုရင် သေရင်တောင်မှ ပီပြင်တဲ့အပြုံးတစ်ခုပေါ်လွင်လာဖို့ ပါးနှစ်ဖက်စလုံးမှာ ပါးစပ်ကိုဓားနဲ့ထိုးခွဲပြီးဖန်တီးပေးလိုက်တာပါ ဒါတင်မက မျက်လုံးတွေကိုပါဖောက်ထုတ်ပြီး တစ်ကိုယ်လုံးကိုဓားနဲ့မွှန်းပြီး လူမြင်ကွင်းမှာ သွားသွားပစ်ထားတတ်တာက သူ့အကျင့်လေးတစ်ခုပေါ့ဒါပေမဲ့သူ့သင်္ကေတကတော့မိန်းကလေးတွေကိုပဲသတ်တာပါ ကျားဆိုယောင်လို့တောင်လှည့်မကြည့်တတ်တဲ့ ဒီအပြုံးလူသတ်သမားကြောင့်ချန်နိုင်းရဲမင်းကြီးက ဒီအမှုကို မင်းသား၂လက်ဖြစ်တဲ့ အန်ဒရူးနဲ့ အာဂျွန့်ဆီတာဝန်ပေးအပ်လိုက်ပါတယ် သိုပေတည်း ၆လကြာတဲ့အထိ အသတ်ခံရတဲ့မိန်းကလေး ၁၂ယောက်တောင်ဖြစ်လာခဲ့ပြီး လူသတ်သမားအကြောင်း တစ်စွန်းတစ်စတောင်မသိရလေတော့ ပြည်သူတွေအုံကြွပြီး ဆန္ဒတွေပြကြနဲ့ အဘက်ဘက်ကဖိအားတွေနဲ့ သူတို့၂ယောက်.. ဥာဏ်ပြေးလွန်းတဲ့ စိတ္တဇလူသတ်သမားနဲ့ ရဲတွေကြား ပညာပြိုင်ကြပုံကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ BpL ~V ~ Zwe ~ Alex ~ ToMo ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ ...
movie
Iraivan (2023)
2023
Chandramukhi 2 (2023)
Chandramukhi 2 (2023) (သို့) နှစ်ဘဝကလဲ့စားဘောလိဝုဒ်သရုပ်ဆောင်တွေကြား တမူထူးတဲ့ရုပ်ရည်လေးနဲ့ မင်းသမီးချောလေး ကန်ဂနားကို တစ္ဆေမလေးအဖြစ်မြင်တွေ့ရမဲ့ကားဖြစ်ပါတယ် ဂမ္ဘီရဆန်ဆန် လျှို့ဝှက်ဆန်းကြယ်ပုံတွေက ဂျန်ဂျမားတို့ Plot နဲ့ သွားဆင်နေတာဖြစ်လို့ ကြည့်ရင်းနဲ့ ဂျန်ဂျမား vibe မျိုးရစေမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း*********************************အရမ်းကို ချမ်းသာတဲ့မိသားစုတစ်စုက ပြဿနာပေါင်းသောင်းခြောက်ထောင်တတ်ပြီးတော့ မိသားစုပိုင် စက်ရုံလည်း မီးလောင်၊ လုပ်သမျှ အလုပ်တိုင်းကလည်း မဖြစ်၊ စေ့စပ်ခါနီး သမီးဖြစ်သူမှာလည်း ကားအက်စီးဒန့်ကြောင့်နဲ့ အောက်ပိုင်းသေသွားခဲ့ပြီး သမီးကြီးကလည်း ဘာသာမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးလို့ အဆက်အသွယ်ဖြတ်ထားရာကနေ ကလေးနှစ်ယောက်ရပြီးကာမှ လေယာဥ်ပျက်ကျပြီး ဆုံးသွားခဲ့ရပါတယ်။ဒီလို ပြဿနာတွေ တောက်လျှောက်ဖြစ်နေတဲ့အတွက်ကြောင့် ဘာများဖြစ်တာလဲဆိုပြီးတော့ သူတို့ကိုးကွယ်နေတဲ့ ဂုရုကြီးကို ပင့်ပြီး မေးမြန်းတဲ့အခါမှာတော့ သူတို့က ဘုရားရှင်ကို နေ့စဥ်မပြတ် ပူဇော်ကိုးကွယ်နေပေမဲ့ ဘိုးဘေးတွေကိုတော့ ပစ်ထားခဲ့တဲ့အတွက် ဘိုးဘေးတွေကနေ အမျက်ထွက်ပြီးတော့ အခုလိုဒုက္ခတွေ ကြုံတွေနေရတာဖြစ်ကြောင်း၊ ဒီဒုက္ခတွေကနေ လွတ်မြောက်အောင် ဘိုးဘေးတွေကို ပြန်ပြီးတော့ ပူဇော်ပေးရမှာဖြစ်ကြောင်း၊ ဘိုးဘေးတွေကို ပူဇော်တဲ့နေရာမှာလည်း သွေးသားတော်စပ်တဲ့ မိသားစုတိုင်းက ဘိုးဘေးတွေကိုးကွယ်ခဲ့တဲ့ ဘုရားကျောင်းကို သွားပြီးတော့ ၄၈ရက်ကြာအောင် ...
movie
Chandramukhi 2 (2023)
2023
7.3
I Killed Bapu (2023)
I Killed Bapu(2023) IMDb - 7.3/10ကြမ္မာငင်ခဲ့တဲ့ မဟတ္တမဂန္ဓီ..။ တစ်နိုင်ငံလုံးက ချစ်ခင်လေးစားရတဲ့ အိန္ဒိယရဲ့ နိုင်ငံ့ခေါင်းဆောင်ဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ ညနေ ၅ နာရီ၊ အသက် ၇၈ နှစ်အရွယ်မှာ ဟိန္ဒူလူမျိုး နာသူရမ် ဗီနာရက် ဂိုဆေးရဲ့ အနီးကပ်ပစ်ခတ်မှုနဲ့ သေဆုံးခဲ့ရပါတယ်။ဟိန္ဒူလူမျိုးချင်းဖြစ်ပြီး ဘုရားတစ်ဆူလိုကိုးကွယ်ခံရတဲ့ ခေါင်းဆောင်ကြီး ဂန္ဓီလိုလူမျိုးကို လုပ်ကြံရခြင်းအကြောင်းဟာ ထင်ထားတာထက်ကို ရိုးရှင်းပြီး မျိုးချစ်စိတ်ပြင်းထန်လွန်းလှပါတယ်။ ပြည်ထောင်စုအိန္ဒိယနိုင်ငံကြီး တစ်စစီပြိုကွဲလာဝာာကို မကြည့်ရက်နိုင်တော့တဲ့ နိုင်ငံချစ်စိတ်နဲ့ ကိုယ့်လူမျိုးကို နှိမ့်ချတယ်ဆိုတဲ့ လူမျိုးကြီးဝါဒရဲ့ရိုက်ခက်မှုပါ ရောပြွန်းနေတဲ့ မီးစတစ်ဖက် ရေမုတ်တစ်ဖက်သော ကြံစည်မှုလို့ခေါင်းစဉ်တပ်ရမှာပါပဲ။ဒီဇာတ်ကားမှာတော့ မဟတ္တမဂန္ဓီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ သမိုင်းမှာ နာမည်အကြီးဆုံးလုပ်ကြံရေးသမား နာသူရမ့်ရဲ့ အတွေးအမြင်နဲ့ လုပ်ကြံရခြင်းအကြောင်းအရင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂန္ဓီသေဆုံးပြီးနောက် တရားခွင်တင်ခံလိုက်ရတဲ့ နာသူရမ်ဟာ တစ်နိုင်ငံလုံးက မုန်းတီးရွံရှာကြတာမို့ သူ့ဘက်ကနေလိုက်ပေးမယ့် ရှေ့နေတောင်မရှိတာမို့ ကိုယ်တိုင်ပဲ အမှုကိုခုခံလျှောက်လဲခဲ့ရပါတယ်။ဂန္ဓီကို ဘာကြောင့်လုပ်ကြံခဲ့တာဖြစ်မလဲ...။ သူကရော ...
movie
I Killed Bapu (2023)
8.3
Case 30 (2023)
Case 30 (2023) "သုံးဆယ်မြောက်အမှု" IMDb-8.4/10လတ်တလောထွက်ရှိထားတဲ့ တလေဂူးရဲမှုခင်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းနာမည်အတိုင်းပဲ ဒုရဲအုပ်တစ်ယောက်ရဲ့ သုံးဆယ်မြောက်အမှုကို ဇာတ်တည်ထားပါတယ်။မိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရတယ်။အဲဒီမိန်းကလေးအသတ်ခံရတဲ့အမှုက ရဲအရာရှိအာဂျွန်ရဲ့ သုံးဆယ်မြောက်အမှု။ထူးဆန်းတာက မိန်းကလေးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကို စုံစမ်းရတာ ခက်ခဲနေရော။အိမ်နီးချင်းတွေကလည်း သူဘယ်ကလာလဲ ဘာလုပ်လဲမသိပေမဲ့ ယောကျ်ားတစ်ယောက် လာလာပြီးအတူနေတာတစ်ခုပဲသိကြတယ်။အတူနေအမျိုးသားဖြစ်တဲ့ ရည်းစားဖြစ်သူကိုတွေ့တော့လည်း အဲဒီအသတ်ခံရတဲ့ရက်ပိုင်းမှာ တခြားအမျိုးသမီးတစ်ယောက်နဲ့ မိဘတွေသဘောအတိုင်း စေ့စပ်ပွဲလုပ်ခဲ့တဲ့သူဖြစ်နေတယ်။ စုံစမ်းရင်းနဲ့ပဲ အမှုကထင်မှတ်မထားတာတွေ ဖြစ်လာ၊ တွေ့လာပါတော့တယ်။ အရာရှိအာဂျွန်ရဲ့ သုံးဆယ်မြောက်အမှုဖြစ်တဲ့ ဒီအမှုမှာ မိန်းကလေးကိုသတ်တဲ့ တရားခံကိုရှာတွေ့မှာလား။ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Alex~BpL~ToMo~Aditiတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.75GB / 777MB Quality…1080p WEB DL /720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Alex~BpL~ToMo~Aditi
movie
Case 30 (2023)
2023
7.1
Suraapanam (2022)
Surapanam (ရိုးသားကြိုးစား အရက်သမားသူခိုးလေး)ဒီတစ်ခေါက်မှာတော့ Surapanam ဆိုတဲ့ IMDb 7.1/10 တောင်ရထားတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားထဲမှာတော့ အဖေလုပ်သူက အကြွေးတွေပတ်လည်ဝိုင်းပြီးတော့ အမေလုပ်သူကလည်း သူ့ကို ဘော်ဒါဆောင်မှာထားပြီး တစ်လတစ်ခါတောင် သူ့ကို လာမတွေ့လို့ ဘယ်သူကမှ သူ့ကို မချစ်ဘူးလို့ ထင်နေတဲ့ ကောင်လေးရှီဗာ။ ကျောင်းပြီးလို့ အလုပ်လုပ်ရမယ့်အရွယ်ရောက်တော့လည်း ဘောစိကြီးတစ်ယောက်အတွက် ပစ္စည်းတွေကို လိုက်ခိုးပေးနေတဲ့ အလုပ်ကို လုပ်နေပါတော့တယ်။တစ်ရက်မှာ သူ့သူငယ်ချင်းတစ်ယောက်နဲ့ အကြားအမြင်မေးတဲ့ဆီကို လိုက်သွားခဲ့တဲ့နောက်မှာ အဲဒီက ရသေ့ကြီးက သူ့ဘဝက ပြောင်းလဲသွားတော့မယ်လို့ ပြောလိုက်ပေမဲ့ဒီလို ကိစ္စပိုင်းမှာ အယုံအကြည်မရှိတဲ့ ရှီဗားချစ်ရသူလေးနဲ့ အတူတူ အိမ်မက်တွေမက်နေရင်းနဲ့ တစ်နေ့မှာတော့ သူ့ရဲ့ဘောစိလုပ်သူဟာ ရှေးဟောင်းရုပ်ထုတစ်ခုကို ခိုးခိုင်းပါတော့တယ်။ အဲဒီရှေးဟောင်းရုပ်ထုဟာဆိုရင်တော့ ကုဋေပေါင်းဆယ်ချီပြီးတော့ တန်တာဖြစ်ပြီးတော့ သူ့အတွက် တစ်ကုဋေဝေစုရမယ်လည်း ဆိုရော …ရှီဗာနဲ့ အပေါင်းအပါများ ဒီရုပ်ထုကို ဘယ်လိုပုံစံတွေနဲ့ ခိုးကြမလဲ …… အကြားအမြင်ရသေ့ကြီးပြောသလိုရော သူ့ဘဝက ချက်ချင်းကြီး ပြောင်းလဲသွားမှာလား …. ချစ်ရသူနဲ့အတူတူ ...
movie
Suraapanam (2022)
2022
8.0
Krishna Gadu Ante Oka Range (2023)
Krishna Gadu Ante Oka Range (2023) -အိမ်မက်တွေနဲ့အိမ်IMDb-8/10ပြီးပြည့်စုံတဲ့မိသားစုအိမ်လေး လိုချင်ကြတာ မိသားစုတိုင်းရဲ့ အိမ်မက်လေးပါပဲခရစ်ရှနာငယ်ဘဝမိသားစုလေးက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ပြီး ကြင်နာကြတဲ့ ချစ်စရာမိသားစုလေးပေါ့ အလုပ်တွေကြိုးစားကြပြီး ကိုယ်ပိုင်အိမ်လေးရဖို့ ကြိုးစားနေကြသူတွေ တစ်ဆင့်ချင်းဆောက်ရင်း ကြိုးစားရင်း အကောင်ထည်ဖော်ကြရင်း အိမ်လေးကိုမြင်ယောင်ပြီး " စိတ်ကူးတွေနဲ့ပျော်နေကြတဲ့အချိန် ကြမ္မာမုန်တိုင်းဝင်ပါတော့တယ်...မိသားစုရဲ့ အလေးထားရတဲ့ အိမ်ထောင်ဦးစီးကြီးကားတိုက်ခံရလို့ဆုံးသွားတဲ့အချိန် ဆောက်လက်စအိမ်လေးလည်း အပြီးမသတ် မိသားစုဘဝလေးလည်း လစ်ဟာသွားတော့တယ်ဒီအိမ်လေးနဲ့ မိသားစုရဲ့ကျန်တဲ့တာဝန်တွေကို ဆက်ယူရတာကတော့ ကလေးဘဝကနေအရွယ်ရောက်လာတဲ့ ခရစ်ရှနာ... သူ့လက်ထက်မှာရော မပြီးပြည့်နိုင်သေးတဲ့မိသားစုဘဝနဲ့ အိမ်ဂေဟာလေးကိုပြည့်စုံအောင်လုပ်နိုင်မလားရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollowood Team ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.54GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Krishna Gadu Ante Oka Range (2023)
2023
9.2
Paramporul (2023)
Paramporul (2023) - ငွေရဲ့ကျေးကျွန်များ IMDb - 9.3/10ဘဝမှာ အလိုအပ်ဆုံးအရာကဘာလဲလို့ မေးလာခဲ့ရင် အချစ်လို့ဖြေတဲ့လူရှိမယ်။ မိသားစု၊ ပျော်ရွှင်မှု၊ မေတ္တာ အစရှိသဖြင့် အမျိုးမျိုးဖြေကြပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်သူတွေဘာဖြေဖြေ ကျွန်တော်တို့တွေဟာ ငွေဆိုတဲ့အရှင်သခင်ကို နေ့စဉ်ခစားနေရဆဲဆိုတာကိုတော့ ဘယ်သူမှမငြင်းနိုင်ကြပါဘူး။ဇာတ်လမ်းအကျဉ်းအာဒီဟာ သားကြီးတစ်ယောက်ပီပီ ရောဂါသည်းနေတဲ့ ညီမဖြစ်သူကို ဆေးကုပေးချင်စိတ်ပြင်းပြနေပါတယ်။ ဖြစ်ချင်တော့ အာဒီဟာ လွန်ခဲ့တဲ့ ၇ နှစ်ကအထိ ဆာဂူနမ်ဆိုတဲ့ ရှေးဟောင်းရုပ်တုရောင်းဝယ်ရေးက ဆရာတစ်ဆူရဲ့လူယုံဖြစ်ခဲ့တော့ မျိုးမျိုးမြတ်မြတ်စားရပေမဲ့ ဆာဂူနမ်ကလည်းသေ အလုပ်လက်မဲ့လည်းဖြစ် ဆေးကုသစရိတ်ကလည်းထောင်းဖြစ်နေတော့ အာဒီတစ်ယောက် အကြံအိုက်နေပါပြီ။ အာဒီတစ်ယောက် ဘာလုပ်နေမှန်းမသိတဲ့ မိသားစုဝင်တွေကလည်း စိတ်ပူလို့တစ်ဖုံ အားမရလို့တစ်ဖုံ ဆူပူရေရွတ်နေကြတာပေါ့။ဒီလိုနဲ့ အကြံကုန်ဂဠုန်ဆားချက်အာဒီတစ်ယောက် တွေ့ရာအိမ်တစ်အိမ်ဝင်အခိုးမှာ ကျားရှေ့မှောက်လျက်လဲပြီး အင်စပက်တာမိုင်သရီရန်ရဲ့အိမ်ကိုမှ တည့်တည့်ဝင်ခိုးမိတော့ ဖမ်းခံလိုက်ရပါတော့တယ်။ ထောက်လှမ်းရေးဘက်ကရထားတဲ့ သဲလွန်စကနေ ရှေးဟောင်းရုပ်တုရောင်းဝယ်ရေးအကြောင်းစစ်ဆေးမေးမြန်းရာက ကံဆုံဖို့ဖြစ်လာတဲ့ သူတို့နှစ်ယောက် ကုဋေချီတန်တဲ့ ရုပ်တုရောင်းဝယ်ရေးမှာ ပါဝင်ပတ်သက်ဖို့ဖြစ်လာတဲ့အခါ...တာဝန်သိစိတ်နဲ့ မျိုးရိုးစဉ်ဆက်ကောင်းစားနိုင်တဲ့ မက်လောက်စရာ ငွေပမာဏကြား လွန်ဆွဲနေတဲ့ရဲအရာရှိနဲ့ ညီမဖြစ်သူကို သေခင်းတံခါးဝက ငွေထုပ်နဲ့ပေါက်ပြီးပြန်ဆွဲမယ့်အာဒီတို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစား အားပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ KKKZ ~ Aditi ...
movie
Paramporul (2023)
2023
First
31
32
33
34
35
Last
Previous
Next