Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bollywood
8.4
Sanju (2018)
ဂုဏ်သရေရှိ အမျိုးသမီး အမျိုးသားအပေါင်းတို့ ခင်ဗျာ ဒီနေ့ဟာဆိုရင် ကျွန်တော့်အတွက် အင်မတန်မှ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ပါ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကျုပ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိမှာ မို့လို့ပါကျွန်တော့်လောက် ကဏ္ဌစုံတဲ့လူ တစ်ယောက်ကို ဘယ်မှာမှတွေ့နိုင်ဖို့မရှိဘူးဗျ ကျွန်တော်က အရက်သမား၊ ဆေးသမား၊ မိန်းမပွေလွန်းတဲ့လူဗျ ဒါပေမဲ့ အကြမ်းဖက်သမားတော့ မဟုတ်ပါဘူးAK 56 ရိုင်ဖယ်တွေလက်ဝယ်တွေ့ရှိမှု၊ RDX တွေရှိနေလားဆိုတဲ့ မေးခွန်းပေါင်းများစွာကြောင့် အများအမြင်မှာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်နေတဲ့ နာမည်ကျော်မင်းသားကြီး ဆန်ဂျေးဒတ်ဟာ ထောင်နန်းစံရတော့ပါမယ်အဲဒီအတွက်ကြောင့် ပြည်သူတွေကိုအမှန်တိုင်း သိစေဖို့ ရည်ရွယ်ပြီးနာမည်ကျော် စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ဝင်နီဒိုက်(ဇ်)ကို သူ့ဘဝဇာတ်ကြောင်းရေးပေးဖို့ အကူညီတောင်းခဲ့ရပါတော့တယ်ဆန်ဂျေးဒတ်ရဲ့ ဘဝဇာတ်ကြောင်းက ဘာတွေလဲ ... တကယ်ပဲ သူက အကြမ်းဖက်သမား တစ်ယောက် ဟုတ်မဟုတ်ဆိုတာကိုတော့ ...နာမည်ကျော်မင်းသားကြီး ဆန်ဂျေးဒတ်ရဲ့ ဘဝဇာတ်ကြောင်းကို မင်းသား ရန်ဘီးကပူးရ်က အကောင်းဆုံးသရုပ်ဆောင်ထားပြီးပါလေသမျှ သရုပ်ဆောင်တိုင်းက ကဏ္ဌအသီးသီးကနေ အကောင်းဆုံးပုံဖေါ်ထားနိုင်လွန်းလို့ အင်မတန်မှ ကောင်းမွန်တဲ့ Bio, Drama ဇာတ်ကားကောင်း ...
movie
Sanju (2018)
2018
4K HEVC
Nikamma (2022)
Nikamma (2022) (မရီးဇိုးလေး အာဗ်နီ)ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ဖိုက်တင်ခန်းလေးတွေပါမယ့် ဟာသဒရာမာကားလေးတစ်ကားပဲ ဖြစ်ပါတယ် "တစ်ခုခုကို ကြားမိ မြင်မိပြီးတာနဲ့ ဘယ်တော့မှမေ့မသွားမဲ့မှတ်ဉာဏ်မျိုးပိုင်ဆိုင်ထားတဲ့ အာဒီ.. မိဘတွေဆုံးသွားပြီးနောက်ပိုင်း အဖေလိုတစ်မျိုး အမေလိုတစ်မျိုး စောင့်ရှောက်ပေးခဲ့တဲ့အပြင် သူငယ်ချင်းပေါင်းပေါင်းခဲ့တဲ့ အစ်ကိုကြီးရာမာန် အရမ်းချစ်ကြတဲ့ အာဒီတို့ ညီအစ်ကိုကြားထဲကို ဝင်ရောက်လာသူ အာဒီရဲ့မရီး အာဗ်နီ။ အရမ်းလည်း လှသလို ရဲတစ်ယောက်ဖြစ်လို့ စည်းကမ်းလည်း ကြီးတဲ့အတွက် အာဒီကတော့ မရီးဖြစ်သူကို "ကမ္ဘာမှာ အလှဆုံးနတ်ဆိုး" လို့တောင် သတ်မှတ်ထားသူ။သူတို့ ညီအစ်ကို နှစ်ယောက်ဘဝထဲကို မရီးဖြစ်သူ ဝင်လာပြီးနောက်ပိုင်း အာဒီတစ်ယောက် ဦးလေးရဲ့ အိမ်ကို ပြောင်းပြီး နေခဲ့ပါတော့တယ်။ ဒီလိုနဲ့တစ်နေ့ အာဒီရော မရီးရဲမေဖြစ်သူကပါ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဂန်းစတားတစ်ယောက်ကိုမှ ၂ယောက်စလုံးသွားပတ်သက်မိပြီး အစ်ကိုဖြစ်သူပါ အသက်အန္တရာယ်ကြုံလာရတဲ့အခါမှာတော့....သူ့စွမ်းရည်တွေကို ဘယ်လိုအသုံးချသွားမလဲ နောက်ပိုင်းမှာရော ဘယ်လိုတွေ ကြုံတွေ့ကြရဦးမလဲ ........ ဆိုတာတွေကို ကြမ်းကြမ်းတမ်းတမ်းဖိုက်တင်ခန်းတွေနဲ့အတူတူ ရယ်စရာဟာသလေးတွေ ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie
Nikamma (2022)
2022
Naan Kadavul Illai (2023)
Naan Kadavul Illai 2023 (သို့) တစ်ကျော့ပြန်ကလဲ့စားကြမ်းကြမ်းရမ်းရမ်း တမီလ်ကားတွေကြိုက်တဲ့ စီအမ်ပရိသတ်ကြီးအတွက် Leoမင်းသားကြီးဗီဂျေးရဲ့အဖေ ဒါရိုက်တာ SAC ရိုက်ကူးပုံဖော်ပြီး တမီလ်မင်းသားကြီး Samuthirakani ပါဝင်ထားတဲ့ အက်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb 8.6ရထားပြီး critic review ကောင်းတွေလည်းပိုင်ဆိုင်ထားတာဆိုတော့ revenge dramaကြိုက်သူတွေ လက်မလွတ်သင့်တဲ့ရုပ်ရှင်ကားတစ်ကားပါပဲ။ဗီရာပန် ၅ နှစ်တာကာလအတွင်း လူသတ်မှု ၉ မှုကို လက်မရွံ့တမ်းကျူးလွန်ခဲ့တဲ့ နာမည်ကြားရုံနဲ့ လူတကာကြောက်ရတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်၊ နိုင်ငံရေးအဆက်အသွယ်တွေလည်းရှိတော့ တော်ရုံလူမထိရဲတဲ့အပြင် သက်သေတောင်လာမထွက်ရဲကြတဲ့အထိ ဩဇာညောင်းတဲ့ ရာဇဝင်ထဲကလူမိုက်ကြီးပေါ့။ဒါပေမဲ့ တောင်တစ်လုံးထက် နောက်တောင်တစ်လုံးက ပိုမြင့်နေတတ်တယ်ဆိုတဲ့အတိုင်း ရာဇဝင်လူဆိုးကြီး ဗီရာပန်ကို လက်ရဖမ်းဆီး သက်သေအခိုင်အလုံနဲ့ ရုံးတင်ပြီး တစ်သက်တစ်ကျွန်းကျအောင် လုပ်နိုင်တဲ့ အင်စပက်တာကြီးဆန်သိုရန်ဖြစ်ချင်တော့ဗီရာပန်တစ်ယောက် ထောင်ဖောက်ပြေးပြီးတော့ သူ့ကိုထောင်ဒဏ်တစ်သက်တစ်ကျွန်းကျအောင်လုပ်ခဲ့တဲ့ တရားသူကြီးတွေ ရှေ့နေတွေနဲ့အတူ အဓိကရန်သူတော်ကြီးဆန်သိုရန်ကို တစ်ချိန်ကကြုံးဝါးခဲ့တဲ့အတိုင်း ချွန်းဖွင့်ပြီး လက်စားချေဖို့ပြန်လာတဲ့အခါမှာတော့....လယ်ပြင်မှာကျားနဲ့ဆင်တို့တွေ့ကြသလို သူသေကိုယ်သေတိုက်ခိုက်ကြမယ့် ဆန်သိုရန်နဲ့ဗီရာပန်တို့ ဘာဆက်ဖြစ်ကြမလဲ။ အရှင့်ဆီကို ...
movie
Naan Kadavul Illai (2023)
7.7
Apurva (2023)
Apurva 2023 (အမြန်လမ်းမှ ကြမ္မာဆိုး)ဘောလီးဝုဒ်ဇာတ်ကားတွေထဲမှာ အရမ်းကိုမှရှားပါးတဲ့ Thriller ဇာတ်လမ်းကောင်းလေးတစ်ခုကို Disney plus က Streaming လုပ်လုပ်ချင်းမှာပဲ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီထဲက မင်းသမီးက heopanti 2 Student of the tear 2 Marjaavaav ဇာတ်ကားတို့နဲ့လူသိများမှာဖြစ်တဲ့ ညှို့အားပြင်း လုံးကြီးပေါက်လှ မင်းသမီးလေး Tara Sutaria (တာရာ) ပဲ ဖြစ်ပါတယ်မင်းသမီးလေးက လှသလောက် ဇာတ်ကတော့ ပိုးစိုးပက်စက်နာပါတယ် I spit on your grave လိုမျိုးလူဆိုးဓားပြတွေကြား ရောက်သွားလို့ အနှိပ်စက်ခံ အနိုင်ကျင့်ခံရတာကို လက်လွတ်ထွက်ပြေးပြီး လက်စားပြန်ချေရမယ့် ဇာတ်လမ်းလေးပါအဓိကဇာတ်ဆောင် အပရူဗာအဖြစ် မင်းသမီးချောလေးတာရာက အထူးသရုပ်ဆောင်ပေးထားပြီး သူ့ရဲ့စေ့စပ်ထားတဲ့ သတို့သားလောင်း ဆစ်ဒါ့သ်ရှိရာသို့အသွားမှာ အဝေးပြေးလမ်းမှာ သူခိုးဂျပိုးတွေ ဓားပြတိုက်ဖမ်းခေါ်တာခံလိုက်ရကာ ဘယ်လိုလွတ်အောင် ကြိုးစားမလဲဆိုတာ survival အရသာအပြည့်အဝခံစားရမဲ့ thriller ကားကောင်းလေးလို့ ချက်ချင်းပြေးကြည့်ကြပါလို့ လက်တို့ပေးပါရစေ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie
Apurva (2023)
2023
7.6
Ardh (2022)
Ardh (2022)IMDb- 7.6/10 ဟာသမင်းသားကြီး Rajpal Yadav ရဲ့ အတည်တစ်ကွက်အောက်မှာ မျက်ရည်ဝေလိုက်ကြပါဦးချစ်ခြင်းမေတ္တာ ဘဝသရုပ်ဖော်တွေနဲ့ ရင်ထဲထိရတဲ့ ဇာတ်လမ်းရှာနေသူတွေ အကြိုက်တွေ့မဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ် အိမ်မက်ဆိုတဲ့အရာက တချို့အတွက်လှေကားတစ်ထစ်ချင်းလျှောက်လှမ်းသွားရင်း ပိုင်ဆိုင်လာရပေမဲ့ တချို့အတွက်တော့ ဘဝတွေအသက်တွေရင်းခဲ့တာတောင် ရမသွားရှာတဲ့လူတွေအပုံကြီးပဲမလား အလှမ်းကွာတဲ့ အိမ်မက်နဲ့ လက်တွေ့ဘဝကို အမိအရဆွဲညှိပြီး ဘဝကိုဆက်ရှင်သန်နိုင်သူတွေနဲ့ကြုံတွေ့လာခဲ့ရင်တော့ ကောင်းကောင်းကြီးအတုယူသင့်တဲ့သူတွေလို့ပြောရင်လည်း မှားမယ်မထင်ဘူးသရုပ်ဆောင်ရရင်ကိုပျော်နေတဲ့ မင်းသားရူးရှီဗာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်လုပ်နိုင်တဲ့ရှီဗာ သူဘယ်လောက်ထူးချွန် ၊ ကြိုးစားနေပါစေ အခွင့်အရေးက သူ့ဆီရောက်မလာခဲ့ဘူး တစ်ဖက်မှာလည်း မိသားစုစားဝတ်နေရေးဆိုတဲ့အရာကရှိနေသေးတယ် အိမ်မက်နောက်ကိုပဲ ရူးရူးမူးမူးဆက်လိုက်ရမလား မိသားစုတာဝန်ပဲကျေပွန်အောင်လုပ်ရတော့မလား ဗျများနေချိန် ရှီဗာချလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခု...နဂိုတည်းက ခက်ခဲကြမ်းတမ်းပြီးသားသူ့ဘဝမှာ အများအမြင်နဲ့ ဆန်ကျင်ထူးခြားနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အတွက် ရင်ဆိုင်တိုက်ခိုက်ရတဲ့အရာတွေကို တကယ့်လက်တွေ့မှာလည်းသရုပ်ဆောင်ပီပြင်လှတဲ့ မင်းသားကြီးရဲ့ သရုပ်ဆောင်မှုတွေအောက် စီးမျောခံစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link ...
movie
Ardh (2022)
2022
7.4
Raatchasi (2019)
ဂီသာရာနီဆိုတဲ့ ဆရာမဟာ ဘယ်လိုတော်ကြောင်း ဘယ်လိုထက်ကြောင်း ဘယ်လိုရဲရင့်ကြောင်းဆိုတာကြားဖူးကြမှာပါ..ဟုတ်ပါတယ် ဒီရုပ်ရှင်က သူမရဲ့ဇာတ်ကားပါပဲ။ပညာရေးမှာ ပြစ်ချက်တစ်ခုရှိလာရင် အကြောင်းပြချက်က မလုံလောက်တဲ့ ဆရာ/မ အင်အားနဲ့ စနစ်ဆိုး.. ဒါတွေဟာ လက်ညှိုးထိုးပြစရာ။ ဘယ်အစိုးရမှ လောက်ငှတဲ့ ငွေပမာဏမပေးမထားတော့ ဝန်ထမ်းတွေလည်း အပြင်စီးပွားရှာတယ်။ အထက်လူကြီးတွေက အာဏာရပါတီကဆိုပြီး မြို့တိုင်းမှာ ပါတီအလံလွှင့်ထူဖို့လောက် ကျောင်းတွေမှာ လစ်လပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။ မဲဆွယ်တုန်းခဏပဲ ပြည်သူကို ကြည့်ကြတာပါ။ အဲ့ဒီလို မြို့မျိုးမှာဆို လူသတ်မှုလည်း ထွန်းကားတယ်ဗျ။ ဒီကျောင်းက ထူးဆန်းတယ်။ ကျောင်းမှာ ရာထူးအကြီးဆုံးက ဘဲကြီးက နှာဘူးထတယ်။ ဆရာမတွေကို ရိုသေလေးစားမှုမရှိ။ ကျောင်း အထွေထွေလုပ်သားတွေက အစ လက်မှတ်ထိုးပြီး အိမ်ပြန်စီးပွားလုပ်တယ်။ ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အနာဂတ်ထက် ပါးပေါ်က မိတ်ကပ်မပျက်ဖို့ ပိုဂရုစိုက်တယ်။ ကလေးတွေရဲ့ စာဖတ်သံထက် နားထောင်နေတဲ့ နားကြပ်က သီချင်းသံကို ပိုကြားရဖို့ အာရုံစိုက်တယ်။ ဆရာတွေက အရည်အချင်းမရှိဘဲ သင်ပြနေသူတွေ။ ခေတ်နောက်ကျန်ခဲ့ပြီး ခေတ်သစ်ပညာရေးနဲ့အလှမ်းဝေးနေသူတွေ။ ရာထူးတိုးဖို့ လစာတိုးဖို့ပဲ အာရုံစိုက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့ စာတွေကို ကလေးတွေရှေ့ ...
movie
Raatchasi (2019)
2019
8.1
Maanagaram(2017)
Maanagaram (2017) "မြို့ပြရဲ့ သားကောင်များ"IMDb 8.1 ရထားတဲ့ ဒါရိုက်တာ Lokesh Kanagaraj ရဲ့ တမီးလ် action/thriller ကား(UNCUT version) ဖြစ်ပါတယ် ဒါရိုက်တာ Lokesh ကို ဘာလို့ ထည့်ပြောရသလဲဆိုရင် လတ်တလောလေးက ထွက်ထားတဲ့ ဗီဂျေးရဲ့ သောက်ကြမ်းကား Leo(2023) ရဲ့ ပဲ့ကိုင်ရှင်ဖြစ်နေလို့ပါဒါရိုက်တာ Lokesh ဟာ action/thriller ကားတွေနဲ့ တမီးလ်ရုပ်ရှင်လောကမှာ နောက်ပိုင်း ထင်ပေါ်လာသူတစ်ယောက်ဖြစ်ပါတယ် Kaithi, Vikram နဲ့ Leo ဆိုပြီး သုံးကားတွဲ (Lokesh Cinematic Universe - LCU)ဆိုပြီး ကင်ပွန်းတပ်ရတဲ့အထိ အောင်မြင်ခဲ့ပြီး ဒီ Maanagaram ကတော့ သူ့ရဲ့ ပွဲဦးထွက် ကိုယ်တိုင် ဇာတ်ညွှန်းရေး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် တက်သစ်စ ဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ဆိုပေမယ့် ဘတ်ဂျက် သန်း ၄၀ နဲ့ ရိုက်ကူးခဲ့ရာမှာ ...
movie
Maanagaram(2017)
2017
8.7
Rajamartanda (2023)
Rajamartanda (2023) "ရာဂျာ မန်တရာ" IMDb - 8.2/10ရာဂျာဆိုတာ ကလေးဘ၀ကတည်းက ဗေဒင်ဆရာတစ်ယောက် အိမ်ရှေ့မှာလာရပ်ပြီး ဒီကလေးက သာမာန်မဟုတ်ဘူး ကံကောင်းခြင်းတွေယူဆောင်လာပေးမယ့် ဘုရင်လိုလူမျိုးဆိုပြီး နိမိတ်ဖတ်ခြင်းခံခဲ့ရသူ။ အရွယ်ရောက်လာတော့လည်း တရားမျှတမှုအတွက်ဆို လူမိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ မင်္ဂလာပွဲမှာတောင် သတို့သမီးကို မြင်းဖြူကြီးစီးလို့ သွားခိုးပြီး ပြဿနာအတက်ခံရဲတဲ့သူ။ဂီသာကတော့ မဟုတ်မခံသူပေါ့ လူဆိုတာမွေးတည်းကမျိုးရိုးဗီဇနဲ့ပါလာတာမို့ သေတဲ့အထိဖျောက်လို့မရဘူးလို့ ဆရာနဲ့ပြိုင်ငြင်းမိလေတော့ ဆရာဖြစ်သူက တစ်လအတွင်းသက်သေရှာလာပြီးမှ ငါ့အတန်းလာတက်ဆိုပြီးတော့ နှင်ထုတ်လိုက်ပါလေရော။ ဒီလိုနဲ့ ဒီဆတ်ဆတ်ထိမခံ ၂ယောက် ဆုံတွေ့ဖို့ဖြစ်လာတဲ့အခါ...ဒေါသဖြစ်ချိန်မှာ ရာဂျာတစ်ယောက် သူမဟုတ်တဲ့တခြားတစ်ယောက်လို သိသိသာသာကြီး ကွဲထွက်နေတဲ့ပုံစံကြောင့် multiple personality disorderရှိတယ်ထင်ပြီး ရာဂျာကိုလေ့လာပြီး ဆရာကိုသက်သေပြချင်တဲ့ဂီသာတစ်ယောက် ရာဂျာနဲ့ရင်းနှီးဖို့ကြိုးစားရင်းက ရာဂျာဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ မတရားသဖြင့် အသက်ဆုံးရှုံးလိုက်ရတဲ့ မာသန်ဒါတော်ဝင်မျိုးနွယ်ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါဦး။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size…2.7GB / 1.4GB Quality…1080p WEB DL ...
movie
Rajamartanda (2023)
2023
8.7
Tantiram Chapter 1: Tales of Sivakasi (2023)
Tantiram (2023)"တစ္ဆေများရဲ့မာယာ"IMDb 8.7 ရထားတဲ့ စိတ်ဝင်စားစရာ တေလဂူး Mystery Horror ကားကောင်းတစ်ကားပါ မျက်နှာသိ သရုပ်ဆောင်တွေဖြစ်တဲ့ Priyanka Sharma နဲ့ Srikanth Gurram တို့ပါဝင်ထားပြီး ဝေဖန်ရေးဆရာတို့ရဲ့ ရီဗျူးလည်း ကောင်းတာမို့ အချိန်ပေးရတာ တန်မှာပါ"ထိုင်နေတော့ ကောင်းသား ထသွားမှ ကျိုးမှန်းသိ" ဆိုသလို ဘဝမှာ တချို့ကိစ္စတွေမှာ ကိုယ်က သူများရဲ့ အကူအညီယူမိကာမှ ဒုက္ခလှလှ တွေ့ရတဲ့ အဖြစ်တွေ ရှိတတ်ကြပါတယ်ဒီဇာတ်လမ်းမှာ ရိုးရာ ဒဏ္ဏာရီဇာတ်လမ်းတစ်ခုကို နောက်ခံထားပြီး စတင်ထားပါတယ်ဒီကားထဲက "ဂျင်" ဆိုတဲ့ စွမ်းအားမြင့် တစ္ဆေတွေက ဘုရားသခင်ဖန်ဆင်းခဲ့တာဖြစ်ပြီး သူတို့ကို တားမြစ်ထားတဲ့ ပညတ်တွေလည်း ရှိလို့နေပါတယ်ဒါကတော့ လူသားမိန်းမနဲ့ အိပ်လို့ မရတာပါပဲ ဒီစည်းမျဥ်းကို ဖောက်ဖျက်ကြတဲ့ "ဂျင်" တို့ဟာ ကြီးလေးတဲ့ အပြစ်ကို ခံကြရပါတယ် သို့ပေသိ တော်တော်ဖြစ်တဲ့ "ဂျင်" ပုဂ္ဂိုလ်တို့ဟာ လူသားမိန်းမကို တပ်မက်လွန်းတာကြောင့် သူတို့ရဲ့ အထီးကျန်ဆန်ချိန်တွေကို စောင့်ပြီး သွေးဆောင် ...
movie
Tantiram Chapter 1: Tales of Sivakasi (2023)
2023
7.2
NH10 (2015)
NH 10 (2015)IMDb - 7.2 /10ဒီတစ် ခေါက်မှာ တော့PKကားထဲက နာမည်ကြီးမင်းသမီးအနွတ်ရှ်ကားပါဝင်တဲ့ 2015ထွက် Thriller/Drama ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်း ခရီးထွက်လာတဲ့အဝေးပြေးလမ်းမပေါ်က အာဂျွန်နဲ့မီရာဆိုတဲ့လင်မယားဟာ မထင်မှတ်ထားပဲ လူသတ်မှုတစ်ခုကိုမျက်မြင် တွေ့လိုက်ရပြီး နောက်မှာ သူတိုနှစ်ဦးကိုပါ လူသတ်သမားအုပ်စုက ကိစ္စရှင်းဖိုကြံစည်ကာလိုက်သတ်ပါတော့တယ်လူသူနည်းပါးတဲ့အဝေးပြေးလမ်းမကြီးရဲ့ လမ်းကြောင်းပေါ်မှာ သူတိုရအောင်ထွက်ပြေးနိုင်ပါ့မလား လူသတ်မှုရဲ့ နောက်ကွယ်မှာရော ဘာဇာတ်လမ်းတွေရှိနေမလဲဆိုတာ ဇာတ်ကားတလျှောက်လုံး သဲထိတ်ရင်ဖိုစွာကြည့်ရှု့သွားရမှာဖြစ်ပါတယ်ဒီကားရဲ့အညွှန်းနဲ့ဘာသာပြန်သူက Khin Khin ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2GB / 783MB Quality…1080p WEB DL /720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin
movie
NH10 (2015)
2015
8.6
Ghoomer (2023)
Ghoomer 2023 ( ခရစ်ကတ်ဘုရင်မ) IMDb 8.6ခရစ်ကတ်ချစ်သူတွေအတွက် လောလောလတ်လတ်ထွက်ရှိလာတဲ့ အသစ်စက်စက် ရုံကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်ကားရဲ့ ၂နာရီကျော်လုံးမှာ ဇာတ်နိမ့်ဇာတ်မြင့်တွေနဲ့ ရင်တမမကြည့်ရှူရမဲ့ကားဖြစ်တဲ့အပြင် အားလုံးရဲ့အချစ်တော် မင်းသားကြီးအမီတာဘချမ်းကြီးအပြင် သားဖြစ်သူ အဘီရှိတ်ခ်တို့လို ဝါရင့်သရုပ်ဆောင်နှစ်ဦးလဲပါဝင်ထားပြန်ပါတယ်အန်နာ..ခရစ်ကတ်ကစားသမားတစ်ယောက်အနေနဲ့ နိုင်ငံ့ပွဲတွေထိတက်ချင်ခဲ့တာက သူမရဲ့အိပ်မက်ပေါ့ အစမ်းပွဲလေးတွေမှာ ဝင်ပြိုင်ကစားရင်း ဒိုင်တွေရဲ့ မျက်စိကျခြင်းခံရတဲ့သူမ ..ဒီလိုနဲ့ အင်္ဂလန်_အိန္ဒိယ ခရစ်ကတ်ကစားသမား List ထဲ သူမပါဝင်လာခဲ့ပြီး နောက်ဆုံးဆင့် ရွေးချယ်ပွဲအတွက် လူရွေးပွဲနောက်ပိုင်းမှာ သူမဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်ဒါကတော့ ခရစ်ကတ်ကစားသမားဖြစ်သူက လက်တစ်ဖက်ဆုံးရှုံးလိုက်ရလို့ပါပဲ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဖြစ်ချင်တဲ့သူမရဲ့အိပ်မက်ကို ဘယ်လိုအကောင်အထည်ဆက်ဖော်မလဲ တိမ်ကောပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ဆရာတွေကရော သူ့ကိုဘယ်လိုတွေကူညီသွားမလဲဆိုတာကတော့... (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ Tomo ~ BpL ~ Cherry တို့ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.5GB / 1.14GB Quality…1080p ...
movie
Ghoomer (2023)
2023
8.7
The Road (2023)
The Road (2023) အဝေးပြေးလမ်းမ IMDb(8.8/10)ဒီကားလေးကတော့ Crime, Thriller ကို အခြေပြုထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပြီးတော့ လျှို့ဝှက်မှုတွေပြည့်နှက်နေတဲ့ဇာတ်အိမ်ကိုမှ ကြည့်ချင်တဲ့သူတွေအတွက် အလွတ်မခံသင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ... လူသတ်မှု သေဆုံးမှုတွေနဲ့ ခိုးယက်မှုတွေဆက်တိုက်ဖြစ်ပေါ်နေတဲ့ အမြန်လမ်းမတစ်ခု...မိသားစုပေါင်းများစွာရဲ့ အသက်ကို ခိုးယူနေတဲ့ ဒီလမ်းမက ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ မီရာရဲ့ ဘဝတစ်ကွေ့မှာ ဆုံရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အကြောင်းကတော့ မီရာရဲ့ သားဖြစ်သူ ကာဗင်ရဲ့ မွေးနေ့ပွဲအတွက် ခင်ပွန်းဖြစ်သူနဲ့အတူ မိသားစုခရီးထွက်ဖို့ စီစဉ်ခဲ့ပေမဲ့ အဲဒီအချိန်မှာမှန်း ကိုယ်ဝန်နှစ်လလွယ်ထားရမှန်းသိတဲ့အခါမှာတော့ ခရီးမသွားနိုင်တာဖြစ်ခဲ့ရပါတယ်...အဲဒါကြောင့်ပဲ ကာဗင်စိတ်ချမ်းသာအောင် သားဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ကိုပဲ နှစ်ရက်ခရီးစဉ်သွားခိုင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုကနေတစ်ဆင့် သားအဖနှစ်ယောက်က ဒီအဝေးပြေးလမ်းမထက်မှာ ဖြတ်သွားရင်းနဲ့ ကားမတော်တဆမှုဖြစ်ကာ သေဆုံးသွားခဲ့ပါတယ်။ဒီလိုကနေ ဒီလမ်းမထက်ကို စုံစမ်းဖို့ ဖြစ်လာခဲ့တဲ့ မီရာက ဒီလမ်းမရဲ့ နောက်ကွယ်က အကြောင်းတရားကို ထုတ်ဖော်သွားနိုင်သွားမလား နောက်ထပ် ဘယ်သူတွေရဲ့ ဘဝတွေနဲ့ သက်ဆိုင်နေဦးမလဲဆိုတာကိုတော့ ရှုစားရင်းနဲ့ ခံစားကြည့်ကြပါဦး.... ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Teamမှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
movie
The Road (2023)
2023
Pippa (2023)
Pippa (2023) "စစ်သည်တော် ပစ်ပ်ပါ"Amazon Prime Videoကနေ ထုတ်လွှင့်လိုက်တဲ့ အိန္ဒိယစစ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်အကုန်ကျခံ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဒီကားဟာဆိုရင် အရှေးကူးမားသရုပ်ဆောင်တဲ့ Airlift(2016)ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ရာဂျာခရစ်ရှ်နာမီနွန် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Airlift(2016)ကို ကြည့်ဖူးရင် သူ့ရဲ့ရိုက်ကူးတင်ဆက်မှုကို ခန့်မှန်းကြည့်လို့ရမှာပါ။ Fury(2014)တို့ T-34(2019)တို့ကရတဲ့ Vibeကို အိန္ဒိယဗားရှင်းနဲ့ခံစားရတာမျိုးဗျ။"စစ်သည်တော် ပစ်ပ်ပါ"ဆိုလို့ ပစ်ပ်ပါဟာ စစ်သည်တော်တစ်ဦးတော့မဟုတ်။ "ပစ်ပ်ပါ"ဆိုတဲ့ အိန္ဒိယရဲ့ ကုန်းရောရေပါသုံးလို့ရတဲ့ ပထမဆုံးတင့်ကား PT-76ကြီးပေါ့။ အိန္ဒိယစစ်ကားဆိုတာနဲ့ အားလုံးလည်းသိတဲ့အတိုင်း ဘယ်နဲ့ဖြစ်မလဲဆို မြေကြီးလက်ခတ်မလွဲ ဖန်တရာထပ်နေတဲ့ အင်ဒို-ပါကစ္စတန်စစ်ပွဲပဲပေါ့။ဘာလ်ရမ်ဟာ ခပ်နောက်နောက်စစ်သားတစ်ယောက်ဆိုပေမဲ့ မျိုးနဲ့ရိုးနဲ့ စစ်သားလုပ်နေကြတဲ့ နိုင်ငံ့သစ္စာတော်ခံမိသားစုကပါ။ အရည်အချင်းရှိသူဆိုပေမဲ့ စစ်ရေးလေ့ကျင့်တာကိုတောင် အမိန့်ကို မသိမသာလေးဖီဆန်ပြီး စွန့်စားတတ်လွန်းလို့ အထက်အရာရှိတွေကပါ တော်ရုံဆို မျက်ကွယ်ပြုပေးထားရသူပါ။ဒီလိုနဲ့ တစ်နေ့မှာ ပါကစ္စတန်ဘက်က တင့်ကားတပ်ဟာအိန္ဒိယနယ်စပ်ဘက်ကို ဦးတည်လာနေတယ်ဆိုတဲ့သတင်းပေါက်ကြားလာခဲ့တယ်။အရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန် အင်အားပြိုင်ဆိုင်မှုကြားမှာ အိန္ဒိယနယ်စပ်ကို ပြုံပြီးရောက်ရှိလာတဲ့ ဘင်္ဂလီစစ်ဘေးရှောင်ဒုက္ခသည်တွေ၊ စီးပွားရေးဝန်ပိနေတဲ့ကြားက လူသားချင်းစာနာမှုကို ရွေးချယ်လိုက်ခါမှ စစ်မီးကူးစက်လာဖို့ ဖြစ်လာတဲ့အခါ၊ အေးချမ်းသာယာနေတဲ့ ဘာလ်ရမ်တို့ရဲ့မိသားစုဘဝလေးဟာလည်း စစ်သားမိသားစုပီပီ ရှေ့တန်းကနေထွက်ဖို့ဖြစ်လာလေတော့...တင့်ကားမောင်းတဲ့တပ်သားတစ်ယောက်ဖြစ်တဲ့ ဘာလ်ရမ်တစ်ယောက် သူ့ရဲ့စီးတော်ယာဉ်ကြီးပစ်ပ်ပါနဲ့အတူ ရှေ့တန်းကနေ တိုက်စစ်ဆင်တဲ့အကြောင်း ရှေ့တန်းထွက်စစ်သည်တစ်ယောက်ရဲ့ရှုထောင့်နဲ့ ...
movie
Pippa (2023)
2023
7.7
Fukrey 3 (2023)
Fukrey 3 (2023) "ဆန်ကုန်မြေလေးများအဖွဲ့" IMDb - 7.7/10ဒီတစ်ခါမှာတော့ Fukrey ရဲ့ တတိယမြောက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။အရင် ဇာတ်လမ်းတွေအတိုင်းပဲ သူငယ်ချင်းလေးယောက် ဘယ်လိုတွေ ဗရမ်းဗတာလုပ်ကြဦးမလဲဆိုတာကို မြင်တွေ့ရမှာပါ။ဒီဇာတ်ကားမှာတော့ သူငယ်ချင်းလေးယောက်ဟာ စတိုးဆိုင်လေးဖွင့်ထားရင်းနဲ့ပဲ ဘိုလီရဲ့ ရေအရင်းအမြစ်ဝန်ကြီး လုပ်မယ့်ကိစ္စမှာ ပံ့ပိုးဖို့ ဖြစ်လာခဲ့ပါတယ်။ဘိုလာဟာ အာဏာရှိတဲ့အရသာကို မြည်းစမ်းမိရင်းနဲ့ တကယ့်ကို အာဏာရှိတဲ့ ဝန်ကြီးတစ်ယောက်ဖြစ်ဖို့အတွက်နဲ့ ပြည်သူလူထုအပေါ်မှာလည်း မဖြစ်နိုင်တာတွေ ကတိပေး တစ်ဖက်မှာလည်း ရေနံဂိုဏ်းမာဖီးယားတွေနဲ့ အဆက်အသွယ်လုပ်ရင်းနဲ့ပဲ ဘိုလီရဲ့ ဝန်ကြီးဖြစ်အောင် လုပ်မယ့်လမ်းမှာ သူငယ်ချင်းလေးယောက် ဘယ်လိုတလွဲတွေလုပ်ကြဦးမလဲ ဆိုတာကို ဟာသလေးတွေနဲ့ ရယ်ရင်းမောရင်း မှုခင်းပိုင်းလေးတွေနဲ့ တွဲပြီးတော့ ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.67GB / 1.3GB Quality…1080p WEB ...
movie
Fukrey 3 (2023)
2023
7.6
Parundhaaguthu Oor kuruvi (2023)
Parundhaagudhu Oor Kuruvi 2023(ပဲလှော်ကြား ဆားညပ်) IMDb 8.2/10 ThrillerIMDb အမိုက်စားနဲ့ ကြည့်ရကျိုးနပ်စေမယ့် တမီးလ်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အာဒီဆိုတဲ့သူဟာ ခါးပိုက်နှိုက်အဖြစ် မြို့ထဲမှာ နာမည်ကြီးတဲ့သူပေါ့။ ခိုးလွန်းလို့ ရဲတွေနဲ့တောင် အရမ်းရင်းနှီးပြီး ရဲစခန်းဟာ အိမ်ဦးနဲ့ကြမ်းပြင်လိုတောင် ဖြစ်နေတာပါ။ တစ်ရက်မှာတော့ ရဲစခန်းကို လူသတ်မှုကျူးလွန်မိပါတယ်ဆိုပြီး ဖြောင့်ချက်လာပေးတဲ့သူတွေ ရောက်လာပါတယ်။ဒီအမှုကို စုံစမ်းဖို့အတွက် ရဲအရာရှိဘိုဆီကို အာဒီက အခင်းဖြစ်ရာ သစ်တောဆီ လမ်းပြပေးရပါတယ်။ သစ်တောတစ်နေရာမှာ လူသေအလောင်းကိုတွေ့တဲ့အခါ ဘိုဆီက အာဒီနဲ့အဲဒီအလောင်းကို လက်ထိပ်ခတ်ခဲ့ပြီး ဆက်စုံစမ်းဖို့သွားပါတော့တယ်။ ဒါပေမဲ့ လူသေအလောင်းဟာ မသေသေးဘဲ အသက်ရှင်နေသေးတာကို အာဒီသိခဲ့ရပါတယ်။ အဲဒီလူဟာ မာရာဆိုသူဖြစ်ပြီး အခက်ကြုံနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အာဒီတစ်ယောက် မာရာနဲ့ ပတ်သက်ပြီးတဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲ။ မာရာကရော ဘယ်လိုလူလဲ။ သူ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတွေရှိနေဦးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Aditi, KKKZ, Cherryနဲ့ Deeတို့ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File ...
movie
Parundhaaguthu Oor kuruvi (2023)
2023
8.6
Valatty (2023)
Valatty (2023)"အာဝု တို့ရဲ့ ချစ်ပုံပြင်"IMDb 8.6လောလောလတ်လတ် ဒစ်ဂျစ်တယ် ဗားရှင်း Disney+ Hotstar မှာ ထွက်ရှိလာတဲ့ Malayalam စကားပြော ရုပ်ရှင်ဟာ အထူးပြုလုပ်ချက် VFX လုံးဝမပါပဲ ခွေးအစစ်တွေနဲ့ရိုက်ထားတဲ့ ပထမဆုံး အိန္ဒိယ ခွေးရုပ်ရှင်ပါခွေးလေးတွေက နောက်ခံစကားတော့ ပြောတာပေါ့ခင်ဗျာ...ခွေးလေးတွေရဲ့ point-of-view သဘောနဲ့ ရိုက်ထားတဲ့ ဒီ adventure-comedy romance ကားလေးဟာဆိုရင် IMDb rating လည်းမြင့်သလို ဝေဖန်ရေးဆရာတွေကလည်း ရုပ်ရှင်ရဲ့ ဆန်းသစ်ဖန်တီးနိုင်မှုကို ချီးကျူးခြင်း ခံထားရပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ရွိုင်းဆိုတဲ့ ခရစ်ယာန်သခင်ရဲ့ ခွေးထီးလေး "တွန်မီ"က ခြေမွေးလက်မွေးမီးမလောင်ပဲ အချစ်ခံထားရတဲ့ ခွေးလေးဖြစ်ပြီးသားစပ်ဖို့လာကြတဲ့ ခွေးမလေးတွေကိုလည်း သခင်က မျိုးရိုးမကောင်းလို့ဆိုပြီး ဇွတ်တွေ ငြင်းလွှတ်ရတဲ့အထိ ဂရုစိုက်ခံရပါတယ်တစ်ဖက်အိမ်မှာလည်း အထက်ပုဂ္ဂိုလ် ဘရာမင် မိသားစုက မျိုးနဲ့ရိုးနဲ့ "အာမလူ" ဆိုတဲ့ ခွေးမချောလေးတစ်ကောင် ရှိနေပါတယ်ကိုကြက်ဖကြီးရဲ့ အကူအညီနဲ့ သူတို့နှစ်ကောင် ဆုံစည်းခဲ့ရပြီး ခွေးငယ်သဘာဝ ချစ်ကြိုက်မိကြပါတယ် ဒါပေမယ့်လည်း မျိုးရိုးဘာသာမတူကြတဲ့နှစ်ဖက်မိသားစုက ကန့်ကွက်တာကြောင့် ...
movie
Valatty (2023)
2023
8.6
Shot Boot Three (2023)
Shot Boot Three (2023) "ခွေးလေးမက်စ်နဲ့ သူငယ်ချင်းတစ်စု"IMDb-8.7/10မိသားစုတွေအတူတူ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ရမယ့် တမီးလ်မိသားစုဟာသဇာတ်မြူးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အဓိကဇာတ်ကောင်ကတော့ ကလေးလေးယောက်နဲ့ ခွေးလေးတစ်ကောင်ပေါ့။ ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်အားဖြည့်ပေးထားပါတယ်။တစ်ကျောင်းတည်းအတူတက်နေတဲ့ သူငယ်ချင်းသုံးယောက်။မိဘဖြစ်သူတွေက အလုပ်တွေများတော့ ကလေးအပေါ်မှာ အချိန်မပေးနိုင်။ဒီတော့ သူငယ်ချင်းသုံးယောက်ထဲက တစ်ယောက်ဖြစ်သူက ခွေးလေးတစ်ကောင်မွေးလိုက်ပါတယ်။သူငယ်ချင်းသုံးယောက်လုံးဒီခွေးလေးနဲ့ အချိန်ကုန်ပျော်ရွှင်နေကြပါတယ်။ နောက်တော့ ခွေးလေး ပျောက်သွားတဲ့အတွက် သူငယ်ချင်းသုံးယောက်ပေါင်းပြီး ခွေးပျောက်ရှာပုံတော်ဖွင့်ကြပါတော့တယ်။မိဘတွေ ကိုယ့်သားသမီးကိုပစ်ထားခဲ့မိတာတွေကို နောင်မှရတဲ့နောင်တတွေ၊ သူငယ်ချင်းတွေကြားက သံယောဇဉ်တွေနဲ့အတူ ရယ်စရာပြုံးစရာဇာတ်ကွက်လေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.1GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Shot Boot Three (2023)
2023
8.3
Irugapatru (2023)
Irugapatru (2023) (အချစ်ရနံ့တို့မွှေးပျံ့ရာဆီသို့)IMDb Rating 8.2/10 ရရှိထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီးတော့ သရုပ်ဆောင် ရှရက်ဒါစရီနာ့သ်၊ ဗစ်ကရမ်ပရာဘူ၊ ဗစ်ဟာ့တို့ ပါဝင်သရုပ်ဆောင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့အောင်မြင်တဲ့ဆက်ဆံရေးတစ်ခုဆီကို ဦးတည်မယ့် နည်းလမ်းလေးတွေကို ထောက်ပြပေးသွားမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။"အရင်ကလို အချိန်မပေးဖြစ်တော့ဘူး အရင်ကလို အတူရယ်မောပြီး စကားတွေ မပြောဖြစ်ကြတော့ဘူး ကိုယ်က နီးစပ်ဖို့ ကြိုးစားလေလေ မင်းက နောက်ကို ဆုတ်သွားလေလေ" တစ်ဖက်မှာတော့ " မင်းကနီးစပ်ဖို့ကြိုးစားတိုင်း သူကပိုပြီး စိတ်တွေမွန်းကြပ်လာလေ " ဒီလို ပြဿနာတွေကို စုံတွဲတိုင်းလိုလို ကြုံဖူးကြမှာပါ။ဒီလိုတွေကြုံတွေ့လာရပြီး ဘယ်လိုတွေဖြေရှင်းရမလဲဆိုတဲ့နည်းလေးကိုတော့ ဒီဇာတ်လမ်းထဲက စိတ်ပညာကုထုံးဆရာဝန်တစ်ယောက်ဖြစ်သလို အိမ်ထောင်ရေးအကြံပေးတစ်ယောက်ဖြစ်တဲ့ မစ်တရာမာနူဟာရဲ့ အိမ်ထောင်ရေးလမ်းညွှန်ချက်တွေကနေ ထောက်ပြပေးသွားမှာပါ ။ ဒါ့အပြင် စုံတွဲပေါင်းများစွာရဲ့ သူတို့ရဲ့ ဆက်ဆံရေးမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတွေပါ ပြောပြပေးထားတာမလို့ ဇာတ်လမ်းလေးကို ကြည့်ရှုရင်းနဲ့ ကိုယ်ပိုင်အိမ်ထောင်ရေးတို့ သမီးရည်းစားဆက်ဆံရေးတို့မှာ အဆင်ပြေစေမဲ့နည်းလမ်းလေးတွေကို ကြည့်ရှုရမှာမလို့ ...
movie
Irugapatru (2023)
2023
8.4
Hu Ane Tu (2023)
Hu ane Tu (2023) "တစ်လိမ် နှစ်လိမ်" IMDb-8.4/10အချစ်ဆိုတာ လူငယ်တွေပဲကြည်နူးခံစားတတ်တဲ့အရာတဲ့လား....အူမီ့ရှ်ဟာ ဇနီးသည်ဆုံးသွားပြီးနောက် သားဖြစ်သူတေဂျာ့စ်ကို တစ်ယောက်တည်းပျိုးထောင်လာတဲ့သူတေဂျာ့စ်တစ်ယောက်အရွယ်ရောက်လာချိန် ရီဗာဆိုတဲ့ကောင်မလေးနဲ့ချစ်ကြိုးသွယ်မိတယ် တစ်ဖက်မှာလည်း ဖခင်ဖြစ်သူကကီတကီဆိုတဲ့ ငယ်ချစ်ဦးနဲ့ ပြန်တွေ့ပြီး ချစ်ခြင်းတစ်ဖန်ပြန်လည်လန်းဆန်းလာတော့တယ်နားလည်မှုရှိတဲ့သားဖြစ်သူဟာဖခင်ရဲ့ အချစ်သစ်အတွက် ကြည်ဖြူသဘောတူ အဖေကလည်းသားအလိုကျနဲ့ သူတို့ဘဝကြည်နူးသာယာချိန်မှာ မထင်မှတ်တဲ့ အလွဲတွေတစ်ခုပြီးတစ်ခုပေါ်လာချိန်မှာတော့....လန်းဆန်းတက်ကြွနေတဲ့ လူငယ်အချစ်နဲ့ နှစ်ရှည်ထိန်းသိမ်းလာရပြီးမှ ပွင့်လင်းထွက်ပေါ်လာတဲ့ လူကြီးနှစ်ယောက်ရဲ့အချစ်တွေ အလွဲအချော်ဟာသလေးတွေနဲ့ ခံစားကြည့်ပါဦး(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.17GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Hu Ane Tu (2023)
2023
8.4
Month of Madhu(2023)
Month Of Madhu (မာဒူတို့ရဲ့ ဘဝ) IMDb - 8.3/10အခုတစ်ခါမှာတော့ ဒရာမာကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် မတူညီတဲ့ အခြေအနေမှာ ရှိနေတဲ့ မာဒူနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်USမှာကြီးပြင်းတဲ့ အသက်၁၉နှစ်ပဲရှိသေးတဲ့ မာဒူမာသီဆိုတဲ့ အိန္ဒိယသူကောင်မလေးက သူ့ဝမ်းကွဲရဲ့ မင်္ဂလာဆောင်အတွက် အိန္ဒိယမြေပေါ်ကို ပြန်လည်ရောက်ရှိလို့ လာခဲ့ပါတယ်။ သူမကတော့ USသူ ပီပီ ပျော်ပျော်ပါးပါးပေါ့ပေါ့လေးနဲ့ပဲ ဘဝကို ဖြတ်သန်းနေသူ တစ်ဦးပေါ့။နောက်ထပ် မာဒူဆူဒ်ဟန်ရောင်ဝ် ဆိုတဲ့ အဘိုးကြီးတစ်ယောက်။ အသက်တွေကြီးလာခါမှ မိန်းမဖြစ်သူက ကွာရှင်းခွင့်တောင်းလို့ ကြေကွဲအဘိုးကြီးဖြစ်နေရရှာသူတစ်ဦး။ပေါ့ပေါ့ပါးပါးကောင်မလေး မာဒူနဲ့ ကြေကွဲအဘိုးကြီး မာဒူတို့ တွေ့ကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ငိုတစ်လှည့် ကြည်နူးစရာတစ်လှည့်နဲ့ ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားကောင်းလးတစ်ပုဒ်ပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… ...
movie
Month of Madhu(2023)
2023
First
30
31
32
33
34
Last
Previous
Next