Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bollywood
5
World Famous Lover (2020)
လူ့ဘ၀ဆိုတာဟာ အခန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ဘယ်နေရာမှာ ဘယ်သူနဲ့တွေ့ခဲ့တယ် ၊ ဘယ်မှာနေခဲ့တယ် ၊ ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ ခေါက်ရိုးကျိုးအခန်းတွေမဟုတ်ပဲ ဘယ်သူနဲ့ချစ်ခဲ့တယ် ဘယ်သူ့ကို ချစ်ခဲ့တယ် ၊ ဘယ်လိုအသည်းကွဲခဲ့တယ်ဆိုတဲ့ သူမတူတဲ့ အချစ်ဇာတ်လမ်းလေးတွေတော့ ကိုယ်စီရှိကြမယ် ထင်ပါရဲ့။ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသား(ဂေါ်သမ်)ဟာ စာရေးဆရာဖြစ်လိုသူ၊ သူ့ချစ်သူ(ယမနီ - ယမင်းရုပ်လို့ပဲ ဆိုပါစို့)ရဲ့အထောက်အပံ့ကို ယူ ၊ ချစ်သူနဲ့ အတူနေပြီး စာရေးဖို့ကြိုးစားနေသူပေါ့။ဒါပေမယ့်လည်း စာရေးဆရာတို့ ၊ ပန်းချီဆရာတို့လို အနုပညာမှော်ဝင်စားတတ်သူတွေဟာ ချစ်သူအပေါ်ထားရှိရမယ့် တာဝန် ၊ ချစ်သူအပေါ် ဂရုစိုက်ရမယ့်၀တ္တရားတွေကို မဆိုထားနဲ့ဦး ။စားဖို့ အိပ်ဖို့တောင် မေ့လျော့နေတတ်ကြသူတွေလေ...။ ယမနီအတွက်တော့ နေ့စဉ်အလုပ်သွား၊ ပြန်လာတိုင်း ဆေးလိပ်တစ်ဖက်၊စာအုပ်တစ်ဖက်နဲ့ ယောကျ်ား ယမနီလုပ်ပေးခဲ့တဲ့ စားသောက်ဖွယ်ရာတွေကို ကာတွန်းကြည့်ပြီးထိုင်စားနေတဲ့ လင်ယောကျ်ားကို မြင်ရလိုက် ညဘက်အိပ်ယာဝင်တိုင်း သန္ဓေတားဆေးသောက်ရလိုက်နဲ့ ဘာတိုးတက်မှုမှ ရှိမလာတဲ့ လင်ယောကျ်ားအပေါ် စိတ်ကုန်လာခဲ့ပါတယ်။ဒီတော့ အချိန်တွေကြာလာတာနဲ့အမျှ ချစ်သူနှစ်ဦးကြား ပဋိပက္ခတွေဖြစ်လာပြီး ဘယ်လိုမှ ညှိနှိုင်းလို့မရတဲ့အဆုံး.... ပြတ်စဲကြရတော့တယ်....။ချစ်သူနဲ့အတူနေချိန်မှာ ခေါင်းထဲက ဘာအကြောင်းအရာမှမထွက်သလို၊ နှလုံးသားထဲကနေလည်း ဘာမှဆွဲထုတ်လို့မရခဲ့တဲ့ ဂေါ်သမ်ဟာ စာတွေရေးဖြစ်လာခဲ့တယ်။သူရေးလိုက်တဲ့ ဇာတ်လမ်းတိုင်းမှာ သူကိုယ်တိုင် ...
movie
World Famous Lover (2020)
7.7
Eega(2012)
Eega(2012)*********IMDB rating 7.7နဲ့ ရရှိထားထတဲ့ ဇာတ်ကားဖြစ်ပါတယ်။ Tamil-Telugu ဇာတ်ကားအမျိုးအစားဖြစ်ပြီးမင်းသမီး Samantha Akkineniပါဝင်သရုပ်ဆောင်ထားပါတယ်။ ဘင်ဒူဆိုတဲ့ကောင်မလေးဟာ ပရဟိတ လုပ်ငန်းတစ်ခုမှာ ပါဝင်တဲ့သူတစ်ယောက်ပေါ့...ရိုးရှင်းစွာဖြတ်သန်းပြီး ခပ်ပြုံးပြုံးလေးနေတတ်တဲ့ သူမကို သိပ်ချစ်တဲ့ကောင်လေး နာနီဆိုတာရှိတယ်...ဒီကောင်လေးကလည်း သူ့ကိုလိုက်နေတာ ၃နှစ်၃မိုးဆိုပါတော့လေ...အဖြေပြန်မပေးပေမယ့် ကောင်မလေးကလည်း ကြာတော့သူ့ကို သံယော်ဇဉ်တွယ်လာပုံပါပဲ...တစ်နေ့တော့ ဘင်ဒူဆိုတဲ့ကောင်မလေးကို သူဌေးကြီးတစ်ဉီးက မျက်စိကျသွားတယ်...ဒီသူဌေးကြီးဟာ ကောင်မလေးကိုရဖို့ဆို အနားမှာရှိတဲ့ နာနီကိုရှင်းထုတ်မှဖြစ်မယ်ဆိုပြီးအသေသတ်ပစ်လိုက်တယ်....ထူးဆန်းစွာပဲနာနီဟာ သေပြီးနောက် ယင်ကောင်အဖြစ်ပြန်လည်မွေးဖွားခဲ့တယ်...ယင်ကောင်ဖြစ်ပေမယ့် အတိတ်ဘဝက သူ့ကို ဖျက်စီးခဲ့တဲ့သူကိုအမှတ်ရပြီးနောက်မှာတော့.....ယင်ကောင်ပင်ဖြစ်လင့်ကစား ဒီအမျိုးယုတ်သူဌေးကို ရတဲ့နည်းနဲ့လက်စားချေဖို့ကြိုးစားပါတော့တယ်...ယင်ကောင်ရဲ့အကြံအစည်တွေအထမြောက်လာမလားဆိုတာကိုတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်... File size… 3.22GB / 1.4GB Quality…BluRay 1080p / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San
movie
Eega(2012)
7.9
Jama (2024)
Jama (2024) ဇာတ်သဘင်တန်ဒါဗန်ဦးဆောင်တဲ့ဇာတ်အဖွဲ့တစ်ခုမှာ ကာလီယာနမ်ဟာ မိန်းမဇာတ်ရုပ်ကိုသရုပ်ဆောင်သူရတစ်ဦးပါ ထိုဇာတ်အဖွဲ့ကိုမူလပထမတည်ထောင်ထောင်ခဲ့သူကသေဆုံးသွားပြီဖြစ်တဲ့ ကာလီယာနမ်ရဲ့ဖခင်ဖြစ်ပေမဲ့ အဖေ့ရဲ့မိတ်ဆွေဖြစ်တဲ့ လက်ရှိဇာတ်အဖွဲ့ကိုဦးစီးနေတဲ့ တန်ဒါဗန်အနားယူမှပဲ သူကဇာတ်အဖွဲ့ကိုရမှာပါဇာတ်အဖွဲ့မှာအဖွဲ့ဝင်ဆယ့်ခြောက်ယောက်ရှိပြီး အမျိုးသားဇာတ်ရုပ်ကို သရုပ်မဆောင်ရတဲ့တစ်ဦးတည်းသောသူကတော့ကာလီယာနမ်ပါ အဖွဲ့ထဲကသူ့သူငယ်ချင်းချန်ဒရာထွက်သွားပြီးနောက် မိန်းမဇာတ်ရုပ်မှန်သမျှကိုသူချည်းဒိုင်ခံကရပေးရပါတော့တယ် ယောက်ျားလေးဇာတ်ရုပ်ကိုလိုချင်ပေမဲ့ နွဲ့နှောင်းနေတဲ့သူရဲ့ပုံစံနဲ့ ယောက်ျားလေးဇာတ်ကောင်မလိုက်ဘူးလို့အနှိမ်ခံရပြီးအခွင့်အရေးမပေးခဲ့ပါဘူးတစ်ဖက်မှာလည်းရွာသားတွေကသူ့ကိုမိန်းမလိုမိန်းမရဖြစ်တယ်ဆိုပြီးလိုက်လံစနောက်နေကြပြီး သူ့အမေ့ကလည်းကာလီယာနမ်အမျိုးသမီးအနေနဲ့ဇာတ်ကတာကိုသဘောမကျ မိန်းမပေးစားဖို့ကိုအမျိုးအမျိုးစီစဉ်ပါတယ်ဒါေပမဲ့ကာလီယာနမ်ကတော့လက်ထပ်ဖို့ကသူ့အတွက်အရေးမပါဘဲ သူဘဝရည်မှန်းချက်အနေနဲ့ သူ့အဖေရဲ့ဇာတ်အဖွဲ့ကိုသာဦးစီးဖို့ကြိုးစားချင်နေသူပါငယ်ရွယ်တဲ့ဇာတ်သရုပ်ဆောင်တစ်ဦးအနေနဲ့ကွဲကွာနေတဲ့သူ့ရဲ့ချစ်ခြင်းမေတ္တာ သူ့အမေရဲ့ဆန္ဒ သူ့ရဲ့ဘဝရည်မှန်းချက်တွေကြားမှာသူ့အဖေရဲ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကိုထိန်းသိမ်းဖို့ကြိုးပမ်းမလဲ...…အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team မှပဲဖြစ်ပါတယ် File size…2.04GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Jama (2024)
7.1
Munjya (2024)
Munjya 2024 ( လူပျိုသရဲ )ဒီတစ်ခါတော့ CM ပရိသတ်ကြီးတို့အတွက် 2024 ခုနှစ်မှာထွက်ခဲ့တဲ့ Munjya ဆိုတဲ့ ဟာသအနည်းငယ်ရောနှောရိုက်ကူးထားတဲ့ သရဲကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb 7.1/10 ရရှိထားပြီး အိန္ဒိယရိုးရာယုံကြည်မှုထဲက မိစ္ဆာတစ်မျိုးကို အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ _ ၁၉၅၂ခုနှစ်လောက်မှာ ဂေါယာလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ဟာ သူ့ထက် ၇ နှစ်ကြီးတဲ့ အမျိုးသမီးလေးတစ်ယောက်ကို စွဲလန်းနေတာကြောင့် သူ့ရဲ့သတို့သားကို ကြွက်သတ်ဆေးနဲ့လုပ်ကြံခဲ့ပါတယ်။ဒါပေမဲ့ သူ့အမေက သိသွားပြီး ဟိန္ဒူဘာသာအရ အရွယ်ရောက်အခမ်းအနားကို လုပ်စေခဲ့ပါတယ်။ ဒီအခမ်းအနားဟာ ၁၀ ရက်ကြာမြင့်ပြီး အဲဒီအချိန်အတွင်းမှာ ဂေါယာရဲ့အမျိုးသမီးလေးဟာ လက်ထပ်တော့မှာဖြစ်ပါတယ်။အချစ်ကြီးလို့ အမျက်ကြီးသလို အငြိုးလည်းကြီး ဇက်ရဲလက်ရဲလည်းနိုင်တဲ့ ဂေါယာတစ်ယောက်ဟာ ကောင်မလေးကိုပြန်ရဖို့အတွက် အောက်လမ်းပညာစီရင်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ အောက်လမ်းစီရင်နေတုန်း မထင်မှတ်ဘဲ ဂေါယာသေဆုံးသွားခဲ့ပြီး သူ့ရဲ့ အရွယ်ရောက်အခမ်းအနားလည်းမပြီးဆုံးသေးတာကြောင့် အစီအရင်သစ်ပင်ကြီးမှာ တွယ်ကပ်နေတဲ့ ဘရဟ္မရာရှာသဆိုတဲ့ မိစ္ဆာဘ၀ကို ရောက်သွားရာကစတင် ဇာတ်အိမ်တည်ထားပါတယ်။နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာ သရဲကပ်နေတဲ့သစ်ပင်ကြီးနဲ့ သူ့ဆီလာဖို့ခေါ်နေတဲ့အသံကို အမြဲတစေကြားယောင်နေတဲ့ ဘီတူလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ပေါ်လာပါတယ်။သူနဲ့ အဲဒီသစ်ပင်၊ အဲဒီမိစ္ဆာတို့ကရော ဘာတွေဘယ်လိုဆက်စပ်နေကြသလဲ၊ သူကပဲ နှိမ်နင်းမှာလား၊ သူ့ကိုပဲ နေရာဆက်ခံဖို့၀ါးမျိုလိုက်မလား၊ ဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းနဲ့အတူ လိုက်ပါကြည့်ရှုခံစားပေးပါဦးဗျာ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File ...
movie
Munjya (2024)
7.4
Swakaryam Sambhavabahulam (2024)
Swakaryam Sambhavabahulam (2024) "တွေ့ဆုံကြုံကွဲ"IMDb 9.3/10မလေယာလမ်းဒါရိုက်တာကြီး Naseer Badarudeenရဲ့လက်ရာ ဇာတ်လမ်းတစ်ပုဒ်ကိုခံစားကြည့်ရအောင်ဗျာ။ရာဗီဆိုတာ သမီးနှစ်ယောက်ဖခင်။ သားသမီးတွေရယ် ဇနီးဖြစ်သူရယ်နဲ့ ပျော်ရွှင်တဲ့မိသားစုလေးကိုဦးဆောင်နေတဲ့သမီးဖြစ်သူတွေကို မကောင်းတဲ့ပတ်ဝန်းကျင်ကနေ ကင်းနေအောင်ထားချင်တဲ့ အဖေတစ်ယောက်။ သူ့အလုပ်က စိတ်ကျန်းမာရေးဆေးရုံမှာ အကူလုပ်သားအဖြစ်။ သမီးကြီး သမီးငယ်ရဲ့ အရေးကိစ္စတွေကို အလေးပေးပြီးဂရုစိုက်တတ်တဲ့ဖခင်တစ်ယောက်ဆီ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ လောကဓံရိုက်ချက်တွေ ကြုံလာရတဲ့အခါမှာတော့...။မတူညီတဲ့ဇာတ်ကောင်တွေကို တစ်ကွက်ချင်းရိုက်ပြပြီး ပေါင်းစပ်ပြတတ်တဲ့ မလေယာလမ်းဇာတ်လမ်းကောင်းတွေထဲက တစ်ပုဒ်မို့ ခံစားကြည့်ရှုကြပါဦးစို့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.6GB / 763MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 56min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Swakaryam Sambhavabahulam (2024)
Zorawar Di Jacqueline (2024)
Zorawar Di Jacqueline (2024)တစ်ရက်တည်း တူတူသေရမယ့် ဇိုရာဝါနဲ့ ဂျက်ကလင်း ဇာတ်ကြမ်း ဖိုက်တင်ဘောလိဝုဒ်ကားတွေကိုပဲ ကြည့်နေရတာရိုးနေတဲ့လူတွေအတွက် ဘောလိဝုဒ် ဒရာမာဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းဇိုရာဝါနဲ့ ဂျက်ကလင်းတို့ဟာ အတော်လေးချစ်ကြတဲ့ချစ်သူစုံတွဲဖြစ်ပြီး မိဘတွေရော လူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကိုရော စွန့်ခွာပြီး ချစ်ခရီးနှင်ခဲ့ကြတဲ့ စုံတွဲလေးပါ။ဇိုရာဝါကတော့ အိမ်မှာ ဘားပါထားပြီး တကီလာ ဂျက်ကာ ရေမီးအစုံနဲ့လေထီးခုန်တဲ့ ရှက်ကီသမားကြီးပါ။ သူ့ရဲ့ချစ်သူလေး ဇိုရာဝါကတော့ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက် ဝတ်ပြုတတ်တဲ့လူပေါ့။ဒီလိုနဲ့ သာယာနေတဲ့သူတို့ဘဝကြီးမှာ ကိစ္စတစ်ခုဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ ဒါကလည်း ထူးထူးဆန်းဆန်း သူတို့ ၂ယောက်လုံး တစ်နေ့တည်းမှာပဲ အတူသေရမယ်ဆိုတဲ့ကိစ္စပါပဲ။၂ယောက်လုံးလည်း သူတို့ကံကြမ္မာကို လက်ခံပြီး ကျန်တဲ့ နာရီ ၂၀အတွင်းမှာ သူတို့ရဲ့လက်ကျန်အချိန်လေးကို ဘယ်လိုကုန်ဆုံး စွန့်စားခန်းဖွင့်ကြမလဲ သူတို့တကယ်ရော တစ်နေ့တည်းမှာ တူတူသေဆုံးသွားကြမှာလား ဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ) File size…2.2GB/ 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Zorawar Di Jacqueline (2024)
5.5
Pradhan (2023)
Pradhan 2023 ပရာဒန်IMDb- 5.6/102023 ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံး Bengali ရုပ်ရှင်ဖြစ်ခဲ့တဲ့အပြင် Cinematic ၊ castတွေရဲ့သရုပ်ဆောင်ကောင်းမှုနဲ့ Chemistryမိတယ်ဆိုပြီး အပြုသဘောဆောင် ဝေဖန်မှုတွေ ရရှိထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ Bollywood ရိုးရာမပျက် ဒီကားလေးကလည်း နိုင်ငံရေးကစားကွက်တွေကြားက အမှန်တရားဘက်တော်သားလေးရဲ့တိုက်ပွဲကို မြင်ရမှာပါ။ရိုးသားကြိုးစားပြီး မိသားစုရဲ့အားကိုးရတဲ့ ရဲအရာရှိဒီပါ့ခ်ပရာဒန်တစ်ယောက် လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ ဒါမာပူရ်ဆိုတဲ့ရွာလေးကို ပြောင်းရွှေ့ရဖို့ ဖြစ်လာပါတယ်။မိသားစုရဲ့ အားကိုးရတဲ့သားဆိုတော့ မိဘတွေလည်း မခွဲနိုင်မခွာရက်တဲ့ကြားက နိုင်ငံ့တာဝန်နဲ့ယှဉ်တော့လည်း ဒါမာပူရ်ကိုလွှတ်လိုက်ရတာပေါ့။ ဒီလိုနဲ့ အသစ်စက်စက် ကြင်စဦးမောင်နှံနှစ်ယောက် ဒါမာပူရ်ကို ရောက်လာတော့တာပေါ့။ဒါပေမဲ့ ဒါမာပူရ်ရွာမှာလည်း အရင်ကတည်းက မင်းမူပြီးတော့ ကြီးနိုင်ငယ်ညှင်း ရွာသားတွေကို အနိုင်ကျင့်နေတဲ့ သူကြီးပရာဒန်ဆိုတာက ရှိနေတော့ အသစ်ရောက်လာတဲ့ ဦးစီးအရာရှိ ဒီပါ့ခ်ပရာဒန်က မျက်စိဆံပင်မွှေးဆူးစရာဖြစ် တစ်ဖက်ကလည်း တရားမျှတမှုကိုလိုလားတဲ့ အရာရှိပရာဒန်ကလည်း ဒီလို မတရားမှုတွေကို လက်ပိုက်ကြည့်နေမယ့်သူ မဟုတ်တဲ့အခါမှာတော့....ဂူတစ်လုံးမှာ ခြင်္သေ့နှစ်ကောင်အောင်းရိုးထုံးစံမရှိတော့ ပရာဒန်အဟောင်းနဲ့ ပရာဒန်သစ်တို့ကြား ဘယ်လိုအားပြိုင်မှုတွေ ဖြစ်လာမလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size…2.97GB / 1.5GB Quality…WEB DL 1080p ...
movie
Pradhan (2023)
7.9
Viraaji (2024)
Viraaji 2024 ချောက်ချားဖွယ်ရာဆေးရုံကြီးဓာတ်ပုံဆရာ သားဖွားမီးယပ် ဗေဒင်ဆရာ ပရိုဂျူဆာ ရဲ ကြင်စဦးဇနီးမောင်နှံ ဒီလူတွေက ပွဲဖိတ်စာတစ်ခုစီရခဲ့တယ် ဆုပေးပွဲဆိုပြီးတော့ ကားနဲ့တောင်လာခေါ်ပေးပြီး ကြိုဆိုပေးခဲ့ကြတယ်သူတို့ကိုခေါ်သွားတဲ့နေရာကတော့ ဟိုတယ်ဟောင်းကြီးတစ်ခုပါ နေရာကိုတောင်မသိဘဲလိုက်သွားကြတဲ့သူတို့ ရောက်သွားတဲ့နေရာကလည်း လူသူမနီး ညကြီး၈နာရီလောက်ဆိုတော့ မှောင်မဲနေတဲ့ပတ်ဝန်းကျင်နဲ့ လူတစ်ယောက်မှမရှိတဲ့ဟိုတယ်ကြီးတစ်ခု ဟိုတယ်ထဲပတ်ကြည့်ကြရင်းနဲ့ဒါကဟိုတယ်မဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက စိတ်ကျန်းမာရေးလူနာတွေအတွက်ဆောက်ထားခဲ့တဲ့ စိတ္တဇဆေးရုံကြီးဖြစ်နေခဲ့ပါတယ်ဒါ့အပြင် ဒီဆေးရုံကလူနာတွေကိုသရဲပူးနေတယ်ဆိုတဲ့ ကောလာဟလနဲ့ ပြင်းထန်တဲ့နှိပ်စက်မှုတွေလုပ်လို့ ဆေးရုံတစ်ခုလုံးကလူနာတိုင်း အစိမ်းသေသေခဲ့ရတဲ့ဖြစ်ရပ်ဆိုးကိုပါ ထပ်သိခဲ့လိုက်ရတယ် ဖိတ်ကြားခံရတဲ့တစ်ယောက်ချင်းစီကလည်း အတိတ်မှာကိုယ့်ကြောင့်လူသေမှုတွေဖြစ်ဖူးကြတဲ့လူတွေချည်းပဲဆိုတော့ ဒီချောက်ချားဖွယ်ညတစ်ညကို ဆေးရုံထဲလွတ်လမ်းမရှိပိတ်မိနေတဲ့သူတို့ ဘယ်လိုအသက်ရှင်ရာလမ်းကိုရွေးမလဲဆိုတာကိုတော့..( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ BpL တို့ပဲဖြစ်ပါတယ် ) File size…1.1GB /501MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ BpL
movie
Viraaji (2024)
6.9
Pariah Vol. 1 (2024)
Pariah (2024) ( ခွေးချစ်ကြသူများ ) IMDb 6.4/10ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဘင်္ဂါလီအက်ရှင်ကားဖြစ်ပြီး လမ်းဘေးခွေးများကို မတရားဆက်ဆံမှုများကို ဆန့်ကျင်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူတွေနဲ့ထိတွေ့ဆက်ဆံမှုမရှိ စကားပြောဆိုမှုမရှိတဲ့ ကြေးစားလူမိုက်ဆန်ဆန်လူတစ်ယော်ဟာ လမ်းဘေးခွေးများကို နေ့စဉ် ကြင်နာစွာစောင့်ရှောက်ပေးတတ်တဲ့ အဘွားကြီးတစ်ယောက်ရဲ့ဆိုင်မှာ နေ့စဉ်ထမင်းစားလေ့ရှိပါတယ်။အဲဒီလိုပဲ ခွေးလေးတွေကို ဆေးတိုက်ပြီး ဆေးကုသပေးနေတဲ့ အဖွဲ့တစ်ခုလည်းရှိပါသေးတယ်။ တစ်ရက်မှာတော့ ခွေးလေခွေးလွင့်တွေရှိနေတာကို မကျေနပ်တဲ့ ရပ်ကွက်ထဲကလူတွေနဲ့ ခွေးချစ်သူတွေထိပ်တိုက်တွေ့ကာ စကားများကြပါတော့တယ်။တစ်ဖက်မှာလည်း လမ်းဘေးခွေးများကို ခွေးကုန်ကူးနေသော မာဖီးယားအဖွဲ့တစ်ခုကိုလည်း ရိုက်ပြထားပါသေးတယ်။ ဒီလိုနဲ့ လူနဲ့မတည့်တဲ့မင်းသား ၊ ခွေးလေခွေးလွင့်များနဲ့ ခွေးကုန်ကူးသူတွေဟာ ဘယ်ကဘယ်လိုဆက်စပ်ပြီး အတိုက်အခိုက်ဦးစားပေး အက်ရှင်ဇာတ်ကားအဖြစ် ဘယ်လိုပုံဖော်ထားသလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဗျာ..ဒီဇာတ်ကားက အက်ရှင်ကားဆိုပေမဲ့ အတိုက်အခိုက်တွေကိုတင်ခံစားကြည့်ရှုရမှာမဟုတ်ဘဲ လူနဲ့တိရစ္ဆာန်တို့ရဲ့ကြားက သံယောဇဉ်တွေနဲ့ လူသားတွေဟာသက်ရှိတိုင်းအပေါ်မှာ ဂရုဏာတရားထားတတ်ဖို့လိုအပ်ကြောင်းနဲ့ လမ်းဘေးခွေးလေးတွေဟာလည်း သက်ရှိဖြစ်တာကြောင့် သက်ညှာသနားပေးသင့်ကြောင်း ပညာပေးရိုက်ကူးထားတာကြောင့် တော်တော်လေးကြည့်ပျော်တဲ့ ဇာတ်ကားတစ်ခုအနေနဲ့ CMဘောလိ၀ုဒ်ပရိသတ်ကြီးတို့ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ..( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ် ) File size… 1.8GB / 840MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Pariah Vol. 1 (2024)
6.9
Raayan (2024)
Raayan (2024) "ရာယန်"IMDb 6.9CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ တမီးလ် action ဇာတ်ကြမ်း ရုံကားအသစ်လေးကို မိုးလင်းလင်းချင်း မနှေး/အမြန် တင်ဆက်ပေးလိုက်ပါတယ်နာမည်ကျော် မင်းသား Dhanush ရဲ့ ကားငါးဆယ်ပြည့်ရုပ်ရှင်ဖြစ်ပြီး သူကိုယ်တိုင် ဇာတ်ညွှန်းရေးကာ ဒါရိုက်တာလုပ် အစွမ်းပြထားတဲ့ ဒီရုပ်ရှင်ဟာ ရုံတင်ငွေ ၁၅၈ ကုဋေ ရရှိထားပါတယ်ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရာယန်ဟာ ညီငယ်နှစ်ယောက်ဖြစ်သူ မူတူးနဲ့ မာနီကမ်၊ အချစ်ဆုံး ညီမလေး ဒူရ်ဂါတို့ရဲ့ အစ်ကိုကြီးဖြစ်ပြီးအဖေအမေတို့စွန့်ပစ်သွားကတည်းက ရွာကနေမြို့ကို ညီလေးညီမလေးတွေ လက်ဆွဲခေါ်လာကာ ကြုံရာစား ရရာလုပ်ရင်း လူစည်ကားတဲ့ မုန့်ဆိုင်တစ်ဆိုင်ဖွင့်နိုင်တဲ့ ဘဝရောက်လာပါတယ်ညီလတ်ဖြစ်သူ မူတူးက အရက်မူး သွေးဆိုးကာ ပြဿနာရှာတတ်သူဖြစ်ပြီး ညီငယ် မာနီကမ်ကတော့ လိမ္မာတဲ့ ကောလိပ်ကျောင်းသားလေးပါတုန်နေအောင်ချစ်ရတဲ့ ညီမအငယ်ဆုံးလေးကို လက်ထပ်ပေးနိုင်ဖို့နဲ့ မူတူးစရိုက်ကို ပြုပြင်ပေးနိုင်ဖို့ပဲ ပဓာနထားတဲ့ ရာယန်...တစ်နေ့မှာတော့ ဒူရိုင်နဲ့ ဆီသူ ဆိုတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်နှစ်ယောက်နဲ့ ပတ်သက်မိရာမှ ဖြူစင်ရိုးသားတဲ့ သူတို့ဘဝတွေ အကျင့်ပျက် ဒုစရိုက်ပတ်ဝန်းကျင်ကြောင့် အရောင်နွမ်းမယ့်အရေး... အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဘယ်လိုကယ်ထုတ်သွားနိုင်မလဲ ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie
Raayan (2024)
7.6
Kalki 2898-AD (2024)
Kalki 2898 AD (2024) IMDb - 7.6/10စောင့်မျှော်နေကြတဲ့ ပရာဘာ့စ်ရဲ့ရုပ်ရှင်ကားသစ်ကြီးကို Netflixကနေထုတ်လွှင့်ခဲ့ပြီဖြစ်လို့ CMပရိသတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဘာဟုဘာလီရုပ်ရှင်တွေနဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ တလေဂူးမင်းသားကြီး ပရာဘာ့စ်၊ နာမည်ကျော် တမီးလ်မင်းသားကြီး ကာမယ်ဟာဆန်၊ ဟိန္ဒူရုပ်ရှင်လောကက မင်းသားကြီး အမီတာဘချမ်း၊ မင်းသမီးချောတွေဖြစ်တဲ့ ဒီပီးကားနဲ့ ဒီရှားတို့လို သရုပ်ဆောင်အကျော်အမော်တွေများစွာ ပါဝင်ထားကြပါတယ်။Kalki Cinematic Universeရဲ့ ပထမဆုံးရုပ်ရှင်ပေါ့။၃၀၁၂ဘီစီ ကူရုခ်ရှက်တရာစစ်ပွဲကြီးမှာ မမွေးသေးတဲ့ကလေးကိုသတ်ခဲ့တဲ့အတွက် အာရှဝါသာမာကို အရှင်ဗိဿနိုးရဲ့ ရှစ်ကြိမ်မြောက်လူဝင်စားက ကျိန်စာတိုက်ခဲ့ပါတယ်။ ဆုတ်ကပ်ခေတ်ကြီးမှာ နေမင်းကြီးပျောက်ကွယ်သွားတဲ့အခါ... လေထုထဲမှာ အဆိပ်အတောက်တွေနဲ့ ပြည့်နေတဲ့အခါ... ဂင်္ဂါမြစ်ကြီးထဲမှာရေတစ်စက်မှ မရှိတော့တဲ့အခါ သူ နောက်တစ်ကြိမ်လူပြန်ဝင်စားတဲ့အချိန် ကာလီရဲ့ရန်ပြုတာကနေ ကယ်တင်ဖို့ သေခြင်းရှင်ခြင်းမရှိဘဲ အပြစ်တွေကိုတစိမ့်စိမ့်ခံစားရင်း စောင့်မျှော်နေရမဲ့ကျိန်စာ။၂၈၉၈အေဒီမှာ ကမ္ဘာကြီးပေါ်မှာ မြို့ကြီးတစ်မြို့ပဲကျန်ရှိတော့တဲ့အချိန်။ ကယ်တင်ရှင်စစ်သည်တော်ပေါ်ထွန်းလာမယ်ဆိုတဲ့ နမိတ်စကားတစ်ခွန်းကို ယုံကြည်ချက်ထားရင်း အဘိုးကြီးဗီရန်တစ်ယောက် မမွေးသေးတဲ့ကလေးရဲ့မိခင်ဖြစ်သူကို ရှာဖွေနေရာကစ ထူးခြားတဲ့ဇာတ်လမ်းနဲ့ ရုံတင်ကားကြီးကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… (10 GB) / (3.67 GB) / (2GB) Quality…WEB DL 4K EHVC ...
movie
Kalki 2898-AD (2024)
4K HEVC
Dirty Politics (2015)
Dirty Politics 2015 Genre - Dramaဘောလိဝုဒ် နိုင်ငံရေးအကျင့်ပျက်ခြစားမှုကို ထုတ်ဖော်ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ကားဟောင်းလေးကို CM Bollywood ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းအာနိုခီဒေဝီဆိုတဲ့ အမျိုးသမီးတစ်ယောက် ရက်အတော်ကြာပျောက်ဆုံးနေတဲ့ အမှုနဲ့ပတ်သက်ပြီး နာမည်ကြီးနိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ မစ္စတာ မူခီတယာဆင်းဂ် ကို အရာရှိနီဘေးနဲ့ အရာရှိနစ်ချေးတို့က ဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့ အကျင့်ပျက်နိုင်ငံရေး အဖွဲ့အစည်းဖြစ်နေလေတော့ သူ့ထက်အကောင်ကြီးတွေအချင်းချင်း ရဲမင်းကြီးအထိ ဖုန်းနဲ့လှုပ်ရှားလိုက်ရာက မစ္စတာ မူခီတယာဆင်းဂ်တစ်ယောက် စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ပြန်လွှတ်သွားပါတယ်။ ဒါကို မကျေနပ်တော့ ဝန်ကြီးချုပ်ထိတင်ပြပြီး အိန္ဒိယအထူးစုံစမ်းရေးဌာနကို ကိုင်တွယ်ပေးဖို့တောင်းဆိုရင်း အထူးစုံစမ်းရေးသမားတစ်ဦးပါလာပြီး အမှုကိုစတင်ကိုင်တွယ်တာနဲ့ပဲ အကျင့်ပျက်အရာရှိတွေကို စကိုင်ပါတော့တယ်။ ဆိုတော့ အာနိုခီဒေဝီတစ်ယောက် ဘာဖြစ်သွားတာလဲ တကယ်ပဲ နိုင်ငံရေးသမားတွေနဲ့ပတ်သက်နေလားဆိုတာ စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုနိုင်မှာပါခင်ဗျာ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ။) File size…2.4GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Dirty Politics (2015)
2015
6.7
Waqt (2005)
Waqt The Race Against Time(2005)ဆန့်ကျင်ဘက်မျဉ်းပြိုင်နှစ်ကြောင်းရဲ့ အားပြိုင်မှုIMDb-6.7/10ဘောလိဝုဒ်ပရိသတ်ကြီးအတွက် Legend တွေရဲ့ တစ်ခေတ်တခါက ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် အမီတာဘဂျမ်း ၊ ပရီရန်ကား ၊ အရှေးကူးမား တို့လို ထိပ်သီးအနုပညာရှင်တွေချည်းပါဝင်ထားတဲ့ကားဖြစ်ပါတယ်ဘဝနေဝင်ချိန်နဲ့ နီးနေပြီဖြစ်တဲ့ဖခင်ဖြစ်သူက သူကိုယ်တိုင်လည်း ဘဝကို ကြိုးစားရှင်သန်ခဲ့သလိုသူကြိုးစားတည်ထောင်ခဲ့တဲ့ ဘဝကို သားဖြစ်သူလက်ထဲအကြွင်းမဲ့ယုံကြည်အပ်နှံထားခဲ့ချင်တယ် သူထွက်မသွားခင် သားဖြစ်တဲ့သူကို ဘဝကြီးအကြောင်း သေချာနားလည်ပြီး အဖိုးတန်တဲ့ လူတော်လူကောင်းတစ်ယောက်အဖြစ်နဲ့ မြင်ခဲ့ချင်တယ် သားဖြစ်သူရဲ့သွေး မျိုးဆက်လေးရလာခဲ့ရင်ဆိုပြီးတော့လည်း တွေးတွေးပြီးပျော်နေတတ်တဲ့သူသားဖြစ်တဲ့သူကတော့ အဲဒီအချက်တွေနဲ့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့သူပါပဲ တော်တတ်ပြီးသားအဖေနဲ့ မပူပန်ရတဲ့စည်းစိမ်တွေကြား ဘာလိုနေသေးလဲဆိုပြီး ဘဝကိုပျော်ပျော်ပဲဖြတ်သန်းနေခဲ့တယ် ။သားဖြစ်သူကအားမကိုးရ သုံးစားမရတဲ့အပြင် ရန်သူတော်ရဲ့ သမီးကိုမှအရယူလာတော့ ဘဝဆိုတာရင်ဆိုင်ကြည့်စမ်းဆိုပြီး အကြမ်းနည်းသုံးအိမ်ပေါ်ကနှင်ချတော့တာပဲသိက္ခာ ဥစ္စာ အစစပြည့်စုံနေတဲ့မိသားစုကနေ ရုတ်တရက်ကြီး ဘာမှမရှိတဲ့ဘဝကို ရောက်သွားတဲ့သူက သူ့အဖေဗီဇတွေပါပြီး တိုးတက်အောင်လုပ်နိုင်မလား ဖခင်မေတ္တာကိုရော နားလည်သဘောပေါက်သွားမလား20 ရာစုဝန်းကျင်က ထွက်ရှိခဲ့တဲ့ ဂန္တဝင်တင်တဲ့ဘောလိဝုဒ်ကောင်းများစွာလို ဒီကားကရော အဲဒီစံနှုန်းကိုမီရဲ့လား ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် File size…5.62GB / 2.35GB Quality…AMZ WEB DL 1080p / 720p Format…mp4 Duration….2h 33m Subtitle….Myanmar ...
movie
Waqt (2005)
2005
7.2
Inside the Mind of a Dog (2024)
ကိုယ့်အိမ်မှာမွေးထားတဲ့ခွေးလေးတွေကိုကြည့်ရင်း သူတို့စိတ်ထဲမှာ ဘာတွေများတွေးနေပါလိမ့်လို့ စဉ်းစားဖူးတဲ့သူတွေရှိလားဗျ။ ဒီတစ်ခါတော့ ဒီမေးခွန်းကိုဖြေပေးမယ့် Netflixရဲ့ Documentaryလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ခွေးလေးတွေဟာ ကျွန်တော်တို့လူတွေအတွက် အရမ်းသစ္စာရှိတဲ့ မိတ်ဆွေကောင်းတွေဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ အိမ်မွေးခွေးလေးတွေအဖြစ်ကစပြီး မသန်စွမ်းသူတွေကို ကူညီပေးတဲ့ လက်ထောက်ကူခွေးလေးတွေအဖြစ်အထိ ခွေးတွေဟာ လူတွေကို အထောက်အကူပြုပါတယ်။ဒီ documentaryထဲမှာတော့ ကျွမ်းကျင်သူတွေဟာ ခွေးလေးတွေရဲ့ အမူအကျင့်နဲ့ တွေးခေါ်ပုံတွေကို သိပ္ပံနည်းကျ လေ့လာထားပါတယ်။ ဒီလိုလေ့လာမှုတွေအပြင် ထူးခြားတဲ့ ခွေးလေ့ကျင့်ရေးကျောင်းတွေရဲ့ အကြောင်းကိုပါ ကြည့်ရဦးမှာပါ။ ခွေးလေးတွေကို လူတွေနဲ့ပိုမိုရင်းနှီးအောင် ကျွမ်းကျင်သူတွေက ဘယ်လိုသင်ကြားပေးလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်ဗျ။ဒီ documentaryလေးထဲမှာ ခွေးလေးတွေ ဘယ်ကနေဆင်းသက်လာတယ်ဆိုတာကနေစလို့၊ ဘာကြောင့်ခွေးလေးတွေဟာ အောင်မြင်တဲ့ သတ္တဝါမျိုးစိတ်ဖြစ်ရတယ် ဆိုတဲ့မေးခွန်းမျိုးတွေအထိ သိပ္ပံနည်းကျ အဖြေရှာတာတွေကို တွေ့ရှိရမှာပါ။ ဒါ့အပြင် အရေးအကြီးဆုံးဖြစ်တဲ့ လူတွေနဲ့ ဘယ်လိုရင်းနှီးလာရသလဲ ဆိုတာကိုလည်း ကောင်းကောင်းရှင်းပြထားပါသေးတယ်။ဒါကြောင့် ခွေးလေးတွေကို ချစ်တတ်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲံခွေးလေးတွေအကြောင်းကို ပိုပြီးနားလည်ချင်လို့ပဲဖြစ်ဖြစ် ကြည့်သင့်တဲ့ documentaryတစ်ခုပါပဲ။ ခွေးလေးတွေရဲ့အကြောင်းကို လေ့လာချင်တဲ့သူတွေအတွက်ရော ဗဟုသုတတွေ အများကြီးရစေမှာပါ။ File size… 1.9GB / 909MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 15m Subtitle….Myanmar Subtitle (Hard ...
movie
Inside the Mind of a Dog (2024)
6
Dead Line (2023)
Dead Line 2023 (မရဏစည်း)IMDb-8.2/10အချိန်အတော်ကြာမှ ဘောစိမမဂျူလီနဲ့ သူ့ရဲ့ချစ်သူရောဘတ်တို့ နှစ်ယောက်တည်းအတူချစ်ခရီးထွက်လာကြတာပေါ့။ သူတို့ အဝေးပြေးလမ်းမမှာ ကားမောင်းလာရင်းနဲ့ ထူးထူးဆန်းဆန်း ကောင်မလေးငယ်ငယ်ချောချောတစ်ယောက် အဝေးပြေးလမ်းမှာ လမ်းလျှောက်နေတာတွေ့ပါသတဲ့။ဒီအချိန်မှာတော့ ဟီးရိုးဝင်လုပ်ချင်တဲ့ ရောဘတ်က ကောင်မလေးကို တင်ခေါ်သွားဖို့ပြောပေမဲ့ သံသယများတဲ့ဂျူလီရဲ့ငြင်းဆန်မှုကြောင့် မတင်ခေါ်ဖြစ်လိုက်ပါဘူး။ဒီလိုနဲ့ အပန်းဖြေအိမ်မှာနေဖို့ စားသောက်စရာတွေဝယ်ခြမ်းပြီးပြန်အထွက်မှာ လမ်းလျှောက်နေတဲ့ကောင်မလေးကို ထူးထူးဆန်းဆန်း ထပ်တွေ့ပြန်တော့ ဒီတစ်ကြိမ်မှာ ရောဘတ်ရဲ့တိုက်တွန်းမှုနဲ့ ဂျူလီတစ်ယောက် သံသယမေးခွန်းတွေနဲ့အတူ မိုနီကို ကားပေါ်တင်ခေါ်လာတာက သူတို့နှစ်ယောက်ရဲ့ ကံဆိုးမိုးမှောင်ကျဖို့ လမ်းစဖြစ်လာချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်) File size…1.9GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Dead Line (2023)
6.9
Kacher Manush Dure Thuiya (2024)
Kacher Manush Dure Thuiya 2024 (LDRSတို့ရဲ့ချစ်ဒုက္ခ)ဖာဟန်ဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်၊ ဘဝကို ကြိုးစားရုန်းကန်ရင်းနဲ့ ကွန်ပျူတာသိပ္ပံဘွဲ့ကို ကြိုးစားအရယူနေတဲ့ စာတော်တဲ့ကောင်လေး။ရှာမင်ဆိုတဲ့ကောင်မလေးကတော့ အတိတ်ကအမှားတစ်ခုအတွက် ထပ်ပြီးတော့ မိသားစုမျက်နှာမငယ်ရအောင် လုပ်ငန်းအသစ်တည်ထောင်ရင်း ကြိုးစားလုပ်ကိုင်နေတဲ့ကောင်မလေးတစ်ယောက်။ရှာမင်က အလုပ်ကိုကြိုးစားလုပ်ကိုင်နေပေမယ့် အစ်ကိုဖြစ်သူကတော့ အိမ်ထောင်ပဲ ပြုပေးချင်နေပြီး အမြဲ ဒီကိစ္စကြောင့် မောင်နှမနှစ်ယောက်ရန်ဖြစ်ရပါတယ်။ ဒီလိုနဲ့ ဖာဟန်နဲ့ ရှာမင် ဆုံတွေ့ကြပြီး ချစ်ကြိုက်မိသွားရာကနေ အကြောင်းကြောင်းကြောင့် နှစ်ယောက်သား အဝေးရောက်သွားတဲ့အခါမှာတော့ .....အဝေးကနေပဲ ချစ်ကြရတဲ့သူတို့နှစ်ယောက်ကြားက အလွမ်း, နာကျင်မှု, သံသယတွေ, ဒေါသတွေ, မယုံကြည်မှုတွေနဲ့အတူ ဆက်ဆံရေးတစ်ခုကို ဘယ်လိုအဆင်ပြေအောင် နေသွားကြမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဒရာမာဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… 2.38GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Kacher Manush Dure Thuiya (2024)
4.4
Grrr.. (2024)
Grrr.. (2024) "ဂါး!!"CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ မလေယာလမ် ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်အမျိုးဇာတ်မတူညီလို့ အကြောင်းပြပြီး သတ်ဖြတ်မှုတွေ ပေါများတဲ့ ကီရယ်လာပြည်မှာ ရီဂျီမွန်ဆိုတဲ့ အမျိုးသားတစ်ယောက် ပျောက်ဆုံးသွားတယ်သူကတော့ သူတို့နယ်က အကောင်ကြီးကြီးနိုင်ငံရေးသမားရဲ့ သမီးဖြစ်သူနဲ့ ကြိုက်နေတာဖြစ်ပြီး မီဒီယာနဲ့ လူထုကတော့ သူ့အဖေက သဘောမတူလို့ သတ်လိုက်ပြီလို့ပဲ ထင်ကြေးပေးကြပါတယ်အဲဒီနေ့က သူနဲ့ သူ့ကောင်မလေး ရာချနာ နှစ်ဦးသဘောတူ လက်မှတ်ထိုးကြဖို့ ရာချနာ ချိန်းထားတဲ့နေရာကို သူသွားတဲ့နေ့ ဟိုရောက်တော့ ရာချနာက ဖုန်းလည်းမကိုင် ပေါ်လည်းမလာတာကြောင့် သူ့ချစ်သူက ပစ်သွားပြီအထင်နဲ့ အမူးသောက်ပြီး ဘယ်သို့ဘယ်ပုံ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံရမလဲဆိုတာကို ပရိသတ်ကြီး ကြည့်ရှုအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.14GB / 1.37GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Grrr.. (2024)
6.1
Raaj Kahani (2023)
Raaj Kahani (2023)( ရာ့ဂျ်ရဲ့ဇာတ်လမ်း )တယ်လဂူရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာ Raj Karthiken က ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်မှာ Raj Karthiken, Chandrika Awasthi, Saha Sonia, Priya Paul တို့လို သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်ကားအညွှန်းကတော့ရာ့ဂျ်ဟာ ရုပ်ရှင်ဇာတ်ညွှန်းရေးသူဖြစ်ပြီး သူ့ရဲ့ဇာတ်လမ်းကို ရိုက်ခွင့်ရဖို့အတွက် ဒါရိုက်တာဆီမှာ ဇာတ်လမ်းကိုပုံဖော်ပြောပြတာကနေစပါတယ်။ဇာတ်လမ်းရဲ့နာမည်က သူ့အမေနာမည်ဖြစ်ပြီး သူကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်လို့လည်း ပြောပါတယ်။ ဇာတ်ညွှန်းထဲမှာ ကောလိပ်ကျောင်းတစ်ခုကို အခြေတည်ထားပြီး ကျောင်းသားတွေရဲ့ဘ၀နဲ့ အပျော်အပါးလိုက်စားတာ ၊ ရည်းစားကိစ္စဘာညာတွေကို ပုံဖော်ထားပါတယ်။အစပိုင်းမှာတော့ နည်းနည်း ပေါတောတောနိုင်ပေမဲ့ နောက်ပိုင်းမှာ ဇာတ်လမ်းဇာတ်အိမ်ဘယ်လိုပြောင်းလဲသွားမလဲဆိုတာနဲ့ ဘာကြောင့် သူ့အမေရဲ့နာမည်ပေးရတယ်ဆိုတာကိုတော့ ကျွန်တော်တို့ရဲ့တင်ဆက်မှုနဲ့အတူ လိုက်ပါကြည့်ရှုပေးပါဦးဗျာ( ဘာသာပြန်နဲ့အညွှန်းက CM Bollywood Team မှဖြစ်ပါတယ် ) File size… 2GB / 996MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 48mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie
Raaj Kahani (2023)
Mayavanam (2024)
Mayavanam (2024)ဆေးကျောင်းသားလေးယောက်စွန့်စားခန်းဆေးကောလိပ်တစ်ခုက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ရှန်ကူ ၊ မာလူ ၊ တိုင်ဆက် ၊ လာချူးတို့ လူငယ်လေးယောက်က ကျောင်းသားအရေး ကျောင်းအရေးတွေမှာ တက်တက်ကြွကြွလှုပ်ရှားကြတဲ့ လူငယ်လေးယောက် ။တစ်နေ့ဆေးနဲ့ပတ်သတ်တဲ့ ကမ်ပိန်းသွားလုပ်ရင်း လူမိုက်တစ်ဖွဲ့နဲ့ပြဿနာဖြစ်လာတယ် ၊ အဲဒီလူမိုက်အဖွဲ့ထဲမှာ အကောင်ကြီးကြီးအနွှယ်တွေပါနေတာကြောင့် ကျောင်းအုပ်ကြီးက ပြဿနာတွေရှုပ်မလာအောင် သူတို့လေးယောက်ကို သူ့သူငယ်ချင်းရဲ့ အပန်းဖြေအိမ်ကို ခဏပို့လိုက်တယ်အဲဒီသွားတဲ့လမ်းမှာလည်း မဟုတ်မခံဇာတ်ဇာတ်ကြဲလေးလာချူးက သူ့လာကြောင်တဲ့အကောင်တစ်ကောင်နဲ့ ပြဿနာထပ်ဖြစ်ရော ။ရှောင်တယ်လို့မတွေးဘဲ ကျေးလက်မှာခဏပျော်ကြမယ်လို့တွေးပြီးရောက်လာတဲ့ သူတို့လေးယောက်ဆီ မထင်မှတ်ထားတဲ့အန္တရာယ်တွေရောက်လာချိန်မှာတော့.......အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ် File size… 2.2GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni
movie
Mayavanam (2024)
2024
7.5
Bachubhai (2023)
Bachubhai ( 2023 ) ဘာချူဘိုင်CM Bollywood ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဘာချူဘိုင်ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ .. ဘာချူဘိုင်ဆိုတဲ့အဘိုးကြီးဟာ အင်မတန်တိကျပြီးအလုပ်မှာတော်တဲ့သူဖြစ်ပါတယ်။ လုပ်သက်ကလဲ နှစ်ပေါင်း ၃၀ တောင်ရှိခဲ့ပြီမလို့ သူ့ကုမ္ပဏီမှာ သူဌေးတောင် သူ့ကိုမကျော်နိုင်ပါဘူး။ သူက အလုပ်မှာဆရာကျပေမဲ့ သူ့အားနည်းချက်က ဘွဲ့လက်မှတ်မရှိတာပဲဖြစ်ပါတယ်။တစ်ရက် ကုမ္ပဏီကို ကိုရီးယားတွေလက်လွှဲယူလိုက်တဲ့အခါမှာတော့ ဘွဲ့လက်မှတ်က ပြဿနာအကြီးကြီးဖြစ်လာပါပြီ။ အလုပ်မှာ ဘယ်လောက်ပဲကျွမ်းကျင်ပြီး ဘယ်လောက်ပဲတော်နေပါစေ ဘွဲ့လက်မှတ်မရှိတာကြောင့် ကုမ္ပဏီကနေ ကန်ထုတ်ခံလိုက်ရပါတယ်။ဒီအခါမှာ ခံပြင်းစိတ်နဲ့ ဘာတွေဆက်လုပ်မလဲ.. ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းဆင်ရိုက်ကူးထားပါတယ်။ မင်းသားက အသက်ကြီးကြီးဘိုးတော်ကြီးဖြစ်နေပေမဲ့ ဘယ်လောက်တောင်ကောင်းလဲဆို 21st Transmedia Gujarati Awards ဆုပေးပွဲမှာ nominations 6 ခုရတဲ့အထိပါပဲဗျာ။ဒါကြောင့် ဒီလိုချစ်ကြိုက်ကွဲညား မဲပြာမုဆိုးထဲက ကွဲထွက်နေတဲ့ ဇာတ်ကားကောင်းလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။( ဘာသာပြန်နဲ့အညွှန်းကတော့ KKKZ , Yunni , Tomo , Alexia , LL တို့ဖြစ်ပါတယ်) File size… 1.7GB / 839MB Quality…WEB ...
movie
Bachubhai (2023)
2023
1
2
3
4
5
Last
Previous
Next