Channel Myanmar

Bollywood

(18+) Love Shots (2019)
(18+) Love Shots (2019) Love Shots (2019)ဒီဇာတ်ကားလေးကတော့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတွေ လိင်စိတ်ဖြစ်ပေါ်တတ်တဲ့အကြောင်းလေးတွေနဲ့ ဘဝဖြတ်သန်းပုံတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။အန်ဗီသာဆိုတဲ့ ကျောင်းသူလေးဟာ သူ့စိတ်ထဲ အမြဲမူစကူဒူးဖို့ပဲ စဥ်းစားနေပြီး လိင်စိတ်များနေခဲ့ပါတယ်။ ဒီလိုနဲ့ ညတစ်ညမှာ မူစကူဒူးမိလိုက်ပါတယ်။ အဲ့ဒါက သူ့ဘဝရဲ့အကြီးမားဆုံးအမှားကြီးတစ်ခုဖြစ်သွားလိမ့်မယ်မှန်းသူမသိခဲ့ပါဘူး။ဘဝရဲ့အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေနဲ့ ဒီဆယ်ကျော်သက်ကောင်မလေး သူ့ဘဝကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကိုတော့....။ပညာပေးရိုက်ကူးထားတဲ့ ဒီကားလေးမှာ မိန်းမသားဘဝ မိန်းမသားဆန္ဒနဲ့ လိုအပ်ချက်တွေကို မြင်ရဦးမှာပဲ​ဖြစ်ပါတယ်နော်။Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…2GB/ 881MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Devil
movie

(18+) Love Shots (2019)

2019
Safed (2023) 5
Safed (2023) Safed (2023) အမှောင်နှစ်ဘက်ခြမ်းIMDb-6/10လိင်ပြောင်းတွေနဲ့ မိန်းမလျာတို့ရဲ့ ဘဝအသက်မွေးဖို့အတွက် ခက်ခဲပင်ပန်းရတဲ့အမှောင်တစ်ဘက် နဲ့ ကြီးကြီးငယ်ငယ် ခင်ပွန်းသည်ဆုံးပါသွားသူတွေရဲ့ အဖြူဝတ်ပြီး များစွာသောစောင့်ထိန်းမှုတွေနဲ့ ခက်ခဲရတဲ့ အမှောင်တစ်ဘက်....ဒါရိုက်တာ Sandeep Singh ရဲ့ ပွဲဦးထွက်ဇာတ်ကားတစ်ကားဖြစ်ပြီး သူ့ရဲ့ဘဝအမြင်တွေကို ကာရိုင်တာတွေကတစ်ဆင့်ဖော်ပြထားတဲ့ကားပါလိင်ပြောင်းနဲ့ မုဆိုးမတွေရဲ့ဘဝက အစကမှခက်ခဲနေရတဲ့အထဲ ဒီနှစ်ယောက်ရဲ့ပေါင်းစည်းမှုတွေက လူ့လောကအလယ်မှာတော့ အတော့်ကိုအံ့ဩထိတ်လန့်စရာကိစ္စတစ်ခုပေါ့ဒီအသိုက်အဝန်းနှစ်ခု လူ့လောကအလယ်ဘယ်လိုရှင်သန်ရပ်တည်မလဲ ဒါရိုက်ဝာာရဲ့ ဘဝဒဿနတွေကရော ကြည့်ရှုသူတွေကပါဘဝအကြောင်း ခဏတဖြုတ်အတွေးဝင်စေမလား....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 1.95GB / 874MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Safed (2023)

2023
Once Upon Two Times (2023) 7.2
Once Upon Two Times (2023) Once Upon Two Time (2023) တစ်ချိန်ကနှစ်ကိုယ်တူချစ်ခြင်းဒီတစ်ခါမှာတော့ အိန္ဒိယဒရာမာကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ အာဟန်ဆိုတဲ့ကောင်လေးတစ်ယောက် သူ့အမေရဲ့ဖြစ်ချင်စိတ်နဲ့ သီချင်းတွေနောက်ကို လိုက်ရင်း စီးပွားရေးနဲ့ ပတ်သတ်တဲ့ ဘွဲ့တစ်ခုကို နိုင်ငံခြားမှာ ယူဖို့ ကျောင်းသွားတက်ချင်သူတစ်ဦး။သူ့မှာ ရူဟီဆိုတဲ့ အရမ်းကိုချစ်ရတဲ့ ချစ်ရသူလေးတစ်ယောက်ရှိပြီးတော့ ကျောင်းသွားဖို့ ဝေးရမယ်ဖြစ်လာတော့ ချစ်သူတို့ရဲ့ ထုံးစံအတိုင်း မခွဲနိုင်ဖြစ်ကြပြီး လက်ထပ်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။တစ်ဖက်မှာလည်း ရူဟီရဲ့အဖေက သူ့အလုပ်ကနေ ထွက်ခဲ့ပြီး အလုပ်ထွက်လို့ဆိုပြီး သူဌေးက လက်ဆောင်အနေနဲ့ ပေးတဲ့ လေးရက်တာ မိသားစုနဲ့အတူခရီးသွားခွင့်ရပြီးတော့ ခရီးထွက်ခဲ့ကြရင်းနဲ့ အာဟန်ရဲ့အဖေနဲ့ ရူဟီရဲ့အမေကလည်း တစ်ချိန်က အခုအာဟန်နဲ့ရူဟီလိုပဲ ခွဲရဖို့ဖြစ်လာတဲ့အတွက် ခိုးပြေးဖို့အထိ ဇာတ်လမ်းတွေရှိခဲ့ပြီးမှ ချစ်တိုင်းလည်းမညားဖြစ်ခဲ့ရတဲ့အကြောင်းကို သိလိုက်ရပြီးတော့ နှစ်ဖက်မိဘလုံးက သူတို့လက်ထပ်ဖို့ကို ခါးခါးသီးသီးငြင်းဆန်လာချိန်မှာတော့... အာဟန်နဲ့ ရူဟီတို့ရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လိုရှေ့ဆက်မလဲ.... သူတို့ မိဘတွေကရော ဘယ်လို ဇာတ်လမ်းတွေရှိခဲ့ကြလဲ …….သူတို့ဖြစ်နေတဲ့ ပြဿနာတွေကရော ပြေလည်သွားပါ့မလား။ တစ်ချိန်က သူတို့မိဘတွေလိုမျိုး ခါးသီးတဲ့ဇာတ်သိမ်းဖြစ်လာမလား၊ ချိုမြိန်တဲ့ချစ်ခြင်းနဲ့အဆုံးသတ်သွားမလားဆိုတာတွေကို ဒရာမာကားပီသစွာနဲ့ ကြည့်ရှူရမယ့် ဒရာမာကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL~Alex~V~Yunni~ToMo ...
movie

Once Upon Two Times (2023)

2023
Dono (2023) 5.5
Dono (2023) Dono (2023) "အဖြည့်ခံတို့ရဲ့ ချစ်လင်္ကာ" =======================မင်းသားကြီး ဆန်နီဒီရောရဲ့သားဖြစ်သူ ရာ့ဂျ်ဗီးရ်ဒီရောရဲ့ ပွဲဦးထွက် rom-com ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒေ့ဗ်ဟာ start-up လုပ်ငန်းတစ်ခုကို ဦးစီးတည်ထောင်ထားပြီး လုပ်ငန်းလည်ပတ်ဖို့ ကြိုးစားရုန်းကန်သူဖြစ်ပါတယ်။ ဒေ့ဗ်တစ်ယောက် အလုပ်အတွက် ရုန်းကန်နေရတုန်း တစ်နေ့မှာတော့ ဒေ့ဗ်ရဲ့ ဖွင့်မပြောရသေးတဲ့ ငယ်သူငယ်ချင်းခရက်ရှ်လေး အိမ်ထောင်ပြုတော့မယ်လို့ သိလိုက်ပါတယ်။တစ်ယောက်ကြိတ်ကြိုက် တစ်ယောက်တည်း ကြိတ်ဆွေးနေတဲ့ ဒေ့ဗ်ဟာ တစ်ယောက်တည်း Move on ဖို့အတွက် ငယ်ခရက်ရှ်လေးရဲ့ မင်္ဂလာဆောင်ကို သွားရင်း သတို့သားရဲ့ သူငယ်ချင်းမလေး မက်ဂ်နာနဲ့တွေ့ပြီး Keanu Reeves ရဲ့ Destination Wedding ထဲကလို ဇာတ်လမ်းတွေ ဖြစ်ကာ တစ်ယောက်နဲ့တစ်ယောက် ရှာတွေ့သွားကြပုံကို ပေါ့ပေါ့ပါးပါး တင်ဆက်ထားတဲ့၊ စိတ်အပန်းပြေစေတဲ့ အချစ်ဒရာမာရုပ်ရှင်လေးပဲဖြစ်ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie

Dono (2023)

2023
Nanban (2012) 7.8
Nanban (2012) Nanban (2012) ****************** ဒီဇာတ်ကားကတော့ တောင်ပိုင်းရုပ်ရှင်ချစ်ပရိသတ်အသည်းစွဲ မင်းသားကြီး ဗီဂျေးနဲ့ မင်းသမီး အီလ်ယာနာ ဒီခရုဇ်တို့ ပါဝင်ထားတဲ့ Comedy/Dramaအမျိုးအစားပဲဖြစ်ပါတယ်။ IMDb rating 7.8အထိ ရရှိထားတဲ့ တမီလ်ရုပ်ရှင်တစ်ကားပါ။ဒီကားက အမာရ်ခန်းရဲ့ ဟင်ဒီရုပ်ရှင် 3idiots(2009)ကို Remakeပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘောလိ၀ုဒ်ပရိသတ်တွေ အလွတ်ရတဲ့အထိ မှတ်မိနေပြီးဖြစ်တဲ့အတိုင်း သူငယ်ချင်းသုံးယောက်နဲ့ပဲ ဇာတ်အိမ်တည်ထားတာပါ။ဟင်ဒီရုပ်ရှင်ကို အမာရ်ခန်းတို့လို ဟင်ဒီသရုပ်ဆောင်တွေနဲ့ ကြည့်ဖူး စိတ်ထဲစွဲဖူးနေသူတို့အတွက် ခံစားမှု တမျိုးတမည်နဲ့ ကြည့်ရှုရမဲ့ တောင်ပိုင်းရုပ်ရှင်းကားလေးမို့ ကြည့်ရှုခံစားကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3.5GB / 1.63GB Quality…WEB DL 1080p /720p Format…mp4 Duration….3h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San
movie

Nanban (2012)

2012
Shastry Virudh Shastry (2023) 8.8
Shastry Virudh Shastry (2023) Shastry Virudh Shastry (2023) မေတ္တာချင်းပြိုင်ဘယ်သူနိုင်IMDb 9/10 ယခုတစ်ခါမှာတော့ အမိုက်စား IMDb နဲ့ ချစ်ခြင်းမေတ္တာပြိုင်ကြမဲ့ မိသားစုတစ်ခုအကြောင်းဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ်အမေကချေးငွေအေးဂျင့် အဖေကဂိမ်းတီထွင်သူတစ်ယောက် သူတို့၂ယောက်စလုံးက မွန်ဘိုင်းမှာအလုပ်လုပ်တော့ ကလေးဖြစ်သူကိုမွေးရပ်မြေမှာအဘိုးအဘွားတွေနဲ့ထားခဲ့ရတယ်ပေါ့ မိုမိုဂျီဆိုတဲ့ဒီကလေးကအဘိုးအဘွားတွေရဲ့အချစ်တော်လေး ချစ်မွှေးလေးတစ်ယောက်ပါကလေးကသင်္ချာမတော်လို့ဆိုပြီး လူငယ်တွေသုံးတဲ့အက်ပ်တွေလိုက်သုံးပြီး သင်္ချာသင်ပေးတဲ့အထိ အဘိုးဘွားတွေကဖူးဖူးမှုတ်ထားတာ ဒါပေမဲ့အဖေဖြစ်သူကအလုပ်ပြုတ်ပြီးတော့မွေးရပ်မြေကိုပြန်ဖို့ဖြစ်လာတယ် မြေးကိုသည်းသည်းလှုပ်ချစ်တဲ့ဘိုးဘွားတွေက အဖေအမေလက်ထဲကလေးကိုသိပ်ပြီးမအပ်ချင်ကြဘူးတဲ့လေဒီလိုတစ်အိမ်တည်းမှာအခြေနေတွေတင်းမာလာချိန်မှာ အမေရိကန်ကသူငယ်ချင်းကဂိမ်းကုမ္ပဏီထောင်ဖို့ ဖခင်ဖြစ်သူမယ်လ်ဟာ့ကိုကမ်းလှမ်းလာတော့မဖြစ်မနေထွက်ရမဲ့အခြေအနေတွေကြား ကလေးကိုပါခေါ်သွားချင်တဲ့ဆန္ဒကို အဘိုးအဘွားတွေကသဘောမတူလေတော့ သားတရားစီရင်ခန်းလို တရားရုံးအမှုတက်ရင်ဆိုင်ကြရင်း... ကလေးကိုဘယ်သူကရသွားမလဲ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာကတော့ ...(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 1.94GB / 874MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Shastry Virudh Shastry (2023)

2023
Jannat (2008) 6.9
Jannat (2008) Jannat(2008)အရ်ဂျွန်က စိတ်မြန်ပြီး တဇွတ်ထိုးလုပ်တတ်တဲ့ သွေးဆူဆူ လူငယ်တစ်ယောက်။သူကဖဲချပ်တွေကစားရတာအလွန်ဝါသနာပါပါတယ်။ ဖဲချပ်တွေကိုပွတ်တဲ့နေရာမှာတော့ ပါရမီပါတယ် ပြောရမလားပဲ...သူ့အတွက်လက်ဖျားငွေသီးလာသလိုပဲ....အဲ့ဒီငွေကနေ အဆင့်တက်ပြီး ခရက်ကစ်ပွဲတွေမှာအ‌လောင်းအစားဝင်လုပ်ပါတယ်။ ဒီလိုနဲ့ ဒုစရိုက်လောကထဲကို တဖြည်းဖြည်းသူရောက်သွားတယ်... နောက်ပိုင်းငွေအလွယ်ရလာတဲ့အပြင် ငွေရှိသူတွေရဲ့ အာဏာနဲ့ အမှန်တရားဆိုတာဟာ ငွေနဲ့အင်အားကြီးသူတို့အတွက် သာရှိတယ်လို့ သူမြင်လာတဲ့နောက်မှာတော့ သူဟာ ဒီလောကရဲ့အရှင်သခင်ဖြစ်ဖို့ကြိုးစားပါတော့တယ်.... ကိုင်းဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ဦးဗျို့... ဂန်းစတားကား ခပ်မိုက်မိုက်ကြည့်ချင်သူတွေအတွက်လက်မလွှတ်သင့်ပါကြောင်း...။ဒီကားရဲ့အဆက် Jannat 2 (2012) ကိုလဲ ဆက်လက်ရှုစားကြပါကုန်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thaik San မှတင်ဆက်ထားပါတယ်။) File size…(3 GB)/(1.3 GB) Quality….WEb-DL 1080p /720p Format…mp4 Duration….02:20:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thaik San
movie

Jannat (2008)

Velayudham (2011) 6.1
Velayudham (2011) Velayudham 2011 ( IMDb 6.1/10)ပရိတ်သတ်များအချစ်တော် စွယ်စုံရမင်းသားဗီဂျေးရဲ့ ရုံတင်ငွေအရလဲအောင်မြင်ခဲ့ပြီး ဇာတ်လမ်းအရလဲ ရသစုံလင်တဲ့ ဇာတ်ကားကောင်းတွေကို CM Bollywood ပရိသတ်ကြီးအတွက် တင်ဆက်ပေးပါရစေဇာတ်လမ်းအစမှာတော့ အိန္ဒိယတောင်ပိုင်းမှာ လူကုန်ကူးမှုတွေ ဗုံးခွဲမှုတွေကို စီစဉ်နေတဲ့အဖွဲ့ကို ဝင်ရောက်သတင်းထောက်တဲ့ မင်းသမီးတို့ သူငယ်ချင်းသုံးယောက်နဲ့စပါတယ်…လူဆိုးတွေက သူတို့ကို သတင်းခိုးယူနေတာသိလို့ လိုက်သတ်တဲ့အခါမှာ မင်းသမီးက ဓားဒဏ်ရာနဲ့လွတ်သွားပြီး ကျန်တဲ့နှစ်ယောက်ကသေဆုံးသွားပါတယ်.. လူဆိုးတွေလဲ ကံဆိုးချင်တော့ အပြန်မှာ အက်ဆီးဒင့်ဖြစ်ပြီး သေသွားပါတယ်… အဲ့ဒါကို မင်းသမီးက အမှန်တရားဘက်တော်သား ဗယ်လာယူဒမ်က လုပ်ကြံခဲ့တာလို့ စာရေးခဲ့ပြီး ဘတ်မန်းလိုမျိုး နာမည်ကြားတာနဲ့ လူဆိုးတွေကြောက်ရွံ့မဲ့ အမှတ်အသားတစ်ခုကို စတင်ဖန်တီးခဲ့ပါတော့တယ်နာမည်အရင်းက တကယ့် ဗယ်လာယူဒမ်ဖြစ်တဲ့ ရွာသားတွေ ဗယ်လူလို့ခေါ်ကြတဲ့ ဗီဂျေးကတော့ ဒါတွေကိုဘာမှမသိပဲ သိပ်ချစ်ရတဲ့ ညီမလေးကိုခေါ်ပြီး မြို့တက်လာခဲ့တဲ့ တောသားလေးပါ ဒါပေမဲ့ တိုက်ဆိုင်မှုတွေဖြစ်လာပြီး ဗယ်လူဟာ ဗယ်လာယူဒမ်ဖြစ်လာတဲ့အခါ….ဇာတ်လမ်းလေးလန်းသလို ဗီဂျေးရဲ့ အချစ်အကြမ်းအကခန်းတွေနဲ့ မြိုင်ဆိုင်တဲ့အပြင် ဂိမ်မာတွေအတွက် Assassin Creed စတိုင် ဗီဂျေးရဲ့ သောက်ကြမ်းကြီး ဗယ်လာယူဒမ်ကို ခံစားကြည့်ရှုနိုင်ဖို့ ...
movie

Velayudham (2011)

2011
Thuppakki (2012) 8.1
Thuppakki (2012) Thuppakki (2012) "ပစ်မှတ်" IMDb - 8.1/10ပြောထားတဲ့အတိုင်း ဗီဂျေးအသည်းစွဲ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ဗီဂျေးစုစည်းမှုအနေနဲ့ ဗီဂျေးရဲ့ ဝေဖန်သံတွေနဲ့အတူ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ရုံတင်ကား အဟောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပြန်ပါပြီဗျ။ မင်းသမီးလေးကလည်း တောင်ပိုင်းကားတွေရော မြောက်ပိုင်းကားတွေမှာပါပါဝင်တဲ့ ခင်ဗျားတို့ရော ကျွန်တော်ရောချစ်ရတဲ့ ဘိုင်ရာဘာမင်းသမီးလို့ နာမည်ကြီးတဲ့ မင်းသမီးချောလေး ကာဂျဲအက်ဂါဝဲပဲဖြစ်ပါတယ်၊ ကွန်မန်ဒိုမင်းသား ဗီဒရွတ်လည်းပါဝင်အားဖြည့်ထားတာမို့ အဟောင်းထဲက အကောင်းတောင့်တနေတဲ့ ပရိသတ်ကြီးအကြိုက်တွေ့မဲ့ကားပါဗီဂျေးက ကတ်ရှ်မီးကနေ မွမ်ဘိုင်းကို ခွင့်နဲ့ပြန်လာခဲ့တဲ့စစ်သားတစ်ယောက်၊ ရထားဘူတာမှာပဲ မိသားစုက လာကြိုပြီး စေ့စပ်ကြောင်းလမ်းဖို့ရာအရေး အလျင်စလိုတန်းခေါ်ချင်းခံရရော။ အဲဒီမှာ မင်းသမီးကို တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလို မကြိုက်နိုင်ဘူး ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်နဲ့ ကြေးများ။မင်းသမီးရဲ့ တကယ့်စရိုက်အမှန်ကိုမြင်သွားတော့ လွတ်တဲ့ငါး ကြီးရုံမက မိုနာ့ချ်ထဲမှာ ဖြတ်လျောက်ပါတဲ့ ဂေါ်ဇီလာကြီးလောက် ဖြစ်နေပါရောလား။ ဒီမှာတင်ပဲ တစ်ယောက်နဲ့တစ်ယောက် ရန်စကလေးတွေနဲ့ ဇာတ်လမ်းစတော့တာပေါ့။ ဒါက ဒရာမာတဖြတ်။ တစ်နေ့ ဗီဂျေးလမ်းမှာသွားနေတုန်း ဘတ်စ်ကား ဗုံးဖောက်ခွဲခံရတာနဲ့ကြုံ။ လက်သည်ကို ဖမ်းမိလိုက်ပေမဲ့ အကြောင်းကြောင်းတွေကြောင့် လွတ်သွားရာကနေ မီးခိုးကြွက်လျောက်လိုက်တဲ့အခါမှာ မထင်မှတ်ထားတာတွေဖြစ်။ဒါက အက်ရှင်တဖြတ်။ ဒီလို အချစ် ဒရာမာ အက်ရှင်ဇာတ်ကြမ်းကားကြီးကို ကြည့်ရှုကြပါဦး ချစ်သောရုပ်ရှင်ချစ်ပရိသတ်အပေါင်းတို့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V~ ...
movie

Thuppakki (2012)

2012
Kho Gaye Hum Kahan (2023) 8.8
Kho Gaye Hum Kahan (2023) Kho Gaye Hum Kahan (2023)"ဘယ်မှာလမ်းတွေပျောက်ခဲ့" ============================================= မင်းသမီးချောလေး အာနန်ယာပန်ဒေး၊ The White Tiger ထဲက မင်းသား ဂေါ်ရပ်ဗ်နဲ့ Gully Boy ထဲက MC Shaah နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ချာတူရ်ဗေဒီတို့ရဲ့ ရုပ်ရှင်သစ်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အဟာနာ၊ အီမာ့ဒ်နဲ့ နီးလ်ဆိုတဲ့ စရိုက်မတူ၊ အလုပ်အကိုင်မတူကြတဲ့ ငယ်သူငယ်ချင်းသုံးယောက်ဟာ မွမ်ဘိုင်းမြို့ကြီးမှာ တိုက်ခန်းတစ်ခုငှားကာ အတူနေကြပါတယ်။ဒီလို နေကြရင်း အသက် ၂၀ ကျော်ဝန်းကျင် လူငယ်တွေဘာသာဘာဝ ရည်ရွယ်ချက်တွေဝိုးတဝါးဖြစ်ကာ အနိမ့်အမြင့်အတက်ကျပေါင်းစုံကို အတူတူဖြတ်ကျော်ကြပုံတွေကို ပေါ့ပေါ့ပါးပါးဖြစ်အောင်တင်ဆက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကားလေးပါပဲ။ဇာတ်လမ်းက ရိုးရှင်းတယ်လို့ထင်ရပေမဲ့ တင်ဆက်ထားပုံလေးက ထူးခြားတဲ့အပြင် cast တွေကလည်း ရှယ်တွေဖြစ်တာကြောင့် အချိန်ပေးရကျိုးနပ်တဲ့ ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ရေးသားသူတွေကတော့ Yunni ~ V ~ ToMo ~ Alex ~ KKKZ နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။)( ...
movie

Kho Gaye Hum Kahan (2023)

2023
Kalluri Rascals (2023)
Kalluri Rascals (2023) Kalluri Rascals 2023 ပြိုင်လမ်းပေါ်ကကောင်ဆိုးလေးများဘာကိုမှသိပ်ဂရုမစိုက် အလေးမထားတတ်တဲ့ ယောက်ျားတစ်ယောက်ဟာ နှလုံးသားတံခါးကိုလာခေါက်မယ့်မိန်းကလေးကိုတွေ့ပြီဆိုရင်တော့ ဒီမိန်းကလေးကိုပိုင်ဆိုင်ရဖို့ ဘာမဆိုလုပ်တတ်ပါသတဲ့။ဟော့ဟော့ရမ်းရမ်းနေတတ်ပြီး အဖေ့ပြိုင်ကားကြီးကိုမောင်းလို့ ပတ်ဝန်းကျင်ကလူတွေနဲ့ ကားပြိုင်ပွဲတွေလုပ်လေ့ရှိတဲ့ ကလေကချေဗာရွန်တစ်ယောက် ပြိုင်ကားမောင်းရင်း သူများဆိုင်ဝင်တိုက်မိပြီးချိန်မှာတော့ အမေက ဖတဆိုးသားလေးကိုစိုးရိမ်ပြီး ကားကိုရောင်းခိုင်းပါတော့တယ်။ ဗာရွန်ကိုလည်း ကောလိပ်တစ်ခုမှာတက်ခိုင်းဖို့ အစ်ကိုဖြစ်သူရဲအရာရှိကို ကိုယ်တိုင်ကျောင်းအပ်ခိုင်းတာပေါ့။ အမေနဲ့အစ်ကိုကို မလွန်ဆန်နိုင်လို့သာ ကောလိပ်ရောက်လာပေမဲ့ ဗာရွန်တစ်ယောက် ကြိတ်မနိုင်ခဲမရပေါ့။ဒီလိုနဲ့ကောလိပ်မှာ Kalluri Rascals ဆိုတဲ့ ပြိုင်ကားအဖွဲ့နဲ့တွေ့ပြီးတော့ ပြိုင်ကားပိုးကပြန်ထလာပြီး နှုတ်ခမ်းနီမလေးတွေအသဲစွဲ ပြိုင်ကားသမား အထာကျတဲ့ဘဲကြီးလုပ်နေရင်းနဲ့ သူ့ရဲ့နှလုံးသားကိုခိုးယူမယ့် နီဗီသာဆိုတဲ့ကောင်မလေးကို ကောလိပ်မှာဆုံဖို့ ဖြစ်လာချိန်မှာတော့....သိပ်လှတဲ့နှင်းဆီတစ်ပွင့်ကို ခူးဆွတ်လိုသူတွေကများလွန်းတော့ ဗာရွန်တစ်ယောက်ရဲ့ နီဗီသာကိုရဖို့အရေး ကောလိပ်ကလူဆိုးဗိုလ်ပရမ်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ နဂိုထဲကဇနဲ့ဗလနဲ့ ခေါင်းငုံ့မခံတတ်တဲ့ဗာရွန်တစ်ယောက် နီဗီသာအတွက်နဲ့ ပရမ်နဲ့ငြိရင်း အဲဒီနယ်မြေတစ်ဝိုက်က မူးယစ်ဂိုဏ်းနဲ့ပါ ငြိစွန်း‌မိလေတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Mg Shin ~ ...
movie

Kalluri Rascals (2023)

2023
Hunterrr (2015) 7.0
Hunterrr (2015) Hunterrr (2015)"အသက်၄၀ လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ ဟန်ဆောင်ရပြီ လူတွေမသိအောင် အပြုံးလေးနဲ့ ရယ်ပြသည်။"ဒီဇာတ်ကားလေးကတော့ အိမ်ထောင်ပြုရတာကို အယုံံအကြည်မရှိတဲ့ စားဘဲကြီးတစ်ယောက်ရဲ့အကြောင်းပေါ့ဗျာ။ကောလိပ်စတက်ကတည်းက မိန်းမလှလှလေးမြင်ရင် မနေနိုင်တဲ့ သူကြီးပေါ့။ အချစ်ကို အယုံအကြည်မရှိတဲ့သူဟာ မိန်းမတွေကို မူစကူဒူးဖို့လောက်သာ သိတဲ့သူပါ။တစ်နေ့တော့ ပါတီမှာ ကောင်မလေးတစ်ယောက်ကို မူစကူဒူးဖို့ကြိုးစားရင်းကနေ ဝိုင်းရိုက်ခံရပါတော့တယ်။ နောင်တတွေရပြီး နောက်နောင်မူစကူဒူးဖို့ မစဥ်စားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပေမယ့် ဆန္ဒကို သိက္ခာနဲ့ မထိန်းနိုင်ခဲ့ပါဘူး။ကဲ ဆက်လက်ပြီး ဒီလူကြီးရဲ့ဘဝမှာ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရဦးမှာပဲဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…3.4GB / 1.1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Hunterrr (2015)

2015
Kuiko (2023) 6.8
Kuiko (2023) Kuiko 2023 (ကိုလူကြမ်းတို့ဘဝအဖုံဖုံ)IMDb-7.7/10ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့ တမီးလ်မင်းသားကြီး Vidharth တို့ပါဝင်ထားတဲ့ Netflix ကနေထုတ်လွှင့်လာတဲ့ ဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဒဿနပေါင်းများစွာနဲ့ ဘဝကြီးကိုပုံဖော်နေတဲ့ ကျောင်းဆရာတစ်ယောက်က ဆေးလိပ်ခိုးသောက်နေတဲ့ ကျောင်းသားတွေဆီက အကြံနဲ့ဆေးလိပ်လုသောက်ပြီး ဆေးလိပ်ဒဿနဖွင့်နေတဲ့အချိန် ကျောင်းအုပ်ကြီးနဲ့တွေ့ပြီး အလုပ်ထုတ်ခံလိုက်ရပါတယ် အလုပ်မရှိဝင်ငွေမရှိနဲ့ ချန်နိုင်းမှာလုပ်မဲ့ IPL ပွဲကြည့်ချင်စိတ်ပြင်းပြလာတော့ ရှေ့အကြွေးတွေမဆပ်ရသေးတဲ့ ဦးလေးဆီကိုပဲ မျက်နှာပြောင်တိုက် ထပ်ချေးငှားရတာပေါ့ဦးလေးဖြစ်သူဟာလည်း ငွေတိုးပေးစားနေပေမဲ့ အရမ်းသနားတတ်တော့ ငိုပြလိုက်ချေးလိုက် ပြန်မရလိုက်နဲ့ သဘောမနောကောင်းငွေတိုးရှင်ကြီးပါတဲ့။ ဇာတ်‌လိုက်ကျော်ယိုဂီဘာဘူကြီးကတော့ ဆော်ဒီရောက် အသဲကွဲသမားလေး။ မိခင်ဖြစ်သူနာရေးကြောင့် ဇာတိကိုပြန်လာမဲ့သူ။ဒီနာရေးမှာ အခေါင်းအတွက် ချေးငှားပေးရသူက သဘောမနောကောင်းငွေတိုးရှင်ကြီး။ IPL ပွဲသွားကြည့်ချင်တဲ့ အလုပ်လက်မဲ့ ဒဿနကျောင်းဆရာလေးက ဒီအခေါင်းကို လိုက်တာဝန်ယူစောင့်ရှောက်ပေးရမဲ့သူ။ ဒီသုံးယောက်ရဲ့ အလွဲအချော်လေးတွေက တဟားဟားရယ်မောရတာမဟုတ်ဘဲ ကြည့်ရင်းတွေးရင်းသဘောပေါက်ရင်းပြုံးမိရင်း ရှုစားရမဲ့ဇာတ်လမ်းတစ်ပုဒ်ပါအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.68GB  / 1.2GB Quality…WEB DL 1080p /720p Format…mp4 Duration…1h 54m Subtitle….Myanmar ...
movie

Kuiko (2023)

2023
Alaa Ninnu Cheri (2023) 8.7
Alaa Ninnu Cheri (2023) Al Ninnu Cheri (2023) "အိပ်မက်တွေနဲ့ ချစ်သူ"IMDb 8.7 ရထားပြီး ကြည့်ပျော်တဲ့ rom-com ကားလေးတစ်ကား ဖြစ်ပါတယ်... အချစ်နဲ့ ဘဝတိုးတက်ရေး တစ်ခုကို မဖြစ်မနေရွေးချယ်ဖို့ ရှိလာတဲ့အခါ ဘယ်ဟာကို စွန့်လွှတ်မလဲ ဖုန်းတွေ မပေါ်သေးတဲ့ ခေတ်ကာလက နယ်မြို့လေးကို ပုံဖော်ထားတာဖြစ်ပြီး အရာရာရိုးစင်းခဲ့တဲ့ ကာလကို ပြန်လည် တမ်းတလွမ်းဆွတ်မိစေမှာပါဇာတ်လမ်းအကျဥ်းကို ပြောရရင် ဂါနစ်ရှ်ဆိုတဲ့ ကောလိပ်ကျောင်းသားလေးဟာ သူ့ဘော်ဒါ ဖက်တီးတို့နဲ့အတူ ဘဝကို ကြောင့်ကြမှုကင်းကင်း ဖြတ်သန်းပြီး ပျော်ပျော်နေတတ်ပေမယ့် ရုပ်ရှင်ရိုက်ကူးမှု အတတ်ပညာကိုတော့ ဝါသနာပါသူတစ်ယောက်ပါဒီဗရာကတော့ ရွာက သူဌေးသမီးဖြစ်ပြီး တစ်နေ့ အသိုင်းအဝိုင်းကြီးထဲက သူဌေးသမီးလေး ဒီဗရာနဲ့ ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်သူ ဂါနစ်ရှ်တို့ ထုံးစံအတိုင်း ငြိကြပါတော့တယ်ဒါပေမဲ့လည်း တကယ်တမ်းလက်ထပ်မယ့်အရေးမှာတော့ ဂါနက်ရှ်တစ်ယောက် အချစ်နဲ့ အလုပ်မှာ အချစ်ကိုပဲ စွန့်ပယ်ခဲ့ပါတယ်.. အသည်းကွဲကျန်ခဲ့တဲ့ သူဌေးသမီးလေး မိဘပေးစားသူနဲ့ ယူတော့မှာလားဂါနစ်ရှ်ကရော သူဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေ ဆက်ပြီး အကောင်အထည်ဖော်နိုင်ဦးမှာလား ဘဝတွေ မတူညီကြတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ခွဲခွာမှုနဲ့ အဆုံးသတ်ရမှာလား ပေါင်းစပ်နိုင်မယ့် ...
movie

Alaa Ninnu Cheri (2023)

2023
Phoenix (2023) 7.3
Phoenix (2023) Phoenix (2023) သင်္ချိုင်းမြေဟောင်းပေါ်က အိမ်ကြီး IMDb - 7.4/10ဒီတစ်ခေါက်မှာတော့ Thriller ကြိုက်နှစ်သက်တဲ့ ပရိသတ်တို့အတွက် Thriller ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ပုံမှန်သရဲကားတွေလို ဝုန်းဒိုင်းဆိုပြီး ဟိုးနားက ပေါ်လာ ဒီနားက ပေါ်လာတာမျိုးမဟုတ်ဘဲ Sound Effect ကောင်းကောင်းနဲ့ ရင်တထိတ်ထိတ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ရှေ့နေ့ဂျွန်တစ်ယောက်ဟာ လူမှုရေးပြဿနာတွေကြောင့်နဲ့ အိမ်ပြောင်းရွေ့ဖို့ဖြစ်လာခဲ့ပါတယ်။ ဂျွန်ဟာ အိမ်နီးချင်းတွေနဲ့ ရောရောနှောနှောမနေချင်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နေချင်တဲ့အတွက် အိမ်ကိုသေချာရှာရင်းနဲ့ သူ့အကြိုက်အိမ်တစ်လုံးကို ရှာတွေ့သွားပြီးတော့ အိမ်ကို ပြောင်းလာကြပါတော့တယ်။သူတို့ပြောင်းခဲ့တဲ့ အိမ်ကြီးကတော့ သင်္ချိုင်းဟောင်းတစ်ခုပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်ကြီးဖြစ်နေပါတယ်။ အိမ်ကို ပြောင်းရွေ့ပြီးတဲ့နောက်မှာတော့ ဘယ်ကနေ ပို့လာမှန်းမသိတဲ့စာတွေက ဂျွန်တို့ရဲ့အိမ်ရှေ့ပေါက်ဝကို ရောက်ရောက်နေတတ်ပါတယ်။ ရောက်လာတဲ့စာတွေဟာလည်း အမျိုးသမီးတစ်ယောက်က ရင်ဖွင့်ရေးသားထားတဲ့ စာတွေနဲ့တူနေပါတယ်။ ဒီနောက်မှာတော့ အိမ်မှာ ငှက်ကလေးတွေ ငိုသံကြားရတာမျိုး ထူးထူးဆန်းဆန်းဖြစ်ရပ်မျိုးတွေ ဖြစ်လာပြီးတော့ အဲဒီနောက်ကွယ်က အကြောင်းတွေကို စုံစမ်းရင်းနဲ့ပဲ ဒီစာထဲက အမျိုးသမီးကရော ဘယ်သူလဲ ဘာအတွက်ကြောင့် စာတွေပို့နေရတာလဲ ………. အိမ်မှာဖြစ်နေတဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကရော ဘယ်လိုတွေကြောင့်ဖြစ်ရတာလဲ....... ဂျွန်တို့ မိသားစုရော ...
movie

Phoenix (2023)

2023
80’s Buildup (2023) 4.4
80’s Buildup (2023) 80s Buildup 2023ဇာတ်လမ်းအကျဉ်းဇမီးမိသားစုအိမ်တော်ဟာ မျိုးရိုးစဉ်ဆက်ချမ်းသာလာကြပြီး ရှေးဟောင်းရတနာတွေအိမ်မှာမြှုပ်ထားတယ်လို့ ဓားပြတွေတချောင်းချောင်းဖြစ်နေတဲ့အိမ်။ထိုအိမ်မှာ ကာသီရ်နဲ့ မန်ဂျာကီလီတို့မောင်နှမနှစ်ယောက်ရှိပါတယ်။ စကားတစ်ခွန်းအပြန်အလှန်ပြောကြတာနဲ့တင် အချင်းချင်းထသတ်ကြတဲ့ မတည့်အတူနေတွေပါ။သို့ပေမယ့်သူတို့နှစ်ယောက်မှာ ဝါသနာတူအကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ အလောင်းအစားလုပ်ပြီးစိန်ခေါ်မှုလုပ်တာပါပဲ။ နှစ်ယောက်သား စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ့်သူတွေပါ။ တစ်နေ့မှာ လူလိမ်အဖွဲ့တစ်ဖွဲ့ရတနာပစ္စည်းရှာဖို့အိမ်ကိုရောက်လာပြီး မတော်တဆမှုတစ်ခုကြောင့် အဖိုးဖြစ်သူရုတ်တရက်ဆုံးသွားရှာပါတယ်။ဒီလိုနဲ့အသုဘမှာ ရတနာရှာမယ့်သူခိုးကတစ်ဖွဲ့ အလောင်းအစားလုပ်ပြီး စိန်ခေါ်နေတဲ့မောင်နှမကတစ်ဖွဲ့ အမွေခွဲပေးဖို့ကိုသာ မျက်စိကျနေတဲ့တစ်ဖွဲ့ အဲလိုနဲ့ပဲ အဖိုးဖြစ်သူအသုဘဟာ ပြဿနာအရှုပ်ထုပ်တွေကြား ‌အေးအေးချမ်းချမ်းနဲ့ ပြီးသွားနိုင်မလားဆိုတာကို အသုဘထဲရယ်ရမလိုလို ငိုရခက်စေမယ့် တမီးလ်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.96GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

80’s Buildup (2023)

2023
Sajini Shinde Ka Viral Video (2023) 7.0
Sajini Shinde Ka Viral Video (2023) Sajini Shinde Ka Viral Video (2023) "ဒဏ်ရာများနဲ့ မီးအိမ်ရှင်" IMDb - 7.2/10ယောက္ခမ၊ချွေးမများနှင့် ကြိုးကြာနီဇာတ်လမ်းတွဲထဲမှာ ခပ်မိုက်မိုက်ကာရိုက်တာနဲ့ ပါဝင်ခဲ့တဲ့ မင်းသမီးချော ရာဒီကာမာဒန်ရဲ့ ရုပ်ရှင်အသစ်ကို Netflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။ရုပ်ရှင်မင်းသမီးတစ်ယောက်ကကျ သောက်စားပျော်ပါးခွင့်ရှိပေမဲ့ ဆရာမတစ်ယောက်က အဲဒါမျိုးလုပ်ရင် ရာဇဝတ်မှုဖြစ်သွားရောလား....။ဒါက ဆာဂျီနီရှင်ဒီရဲ့မေးခွန်းတစ်ခု။ ဆာဂျီနီရှင်ဒီဆိုတာ အထက်တန်းကျောင်းက ရူပဗေဒဆရာမတစ်ယောက်။ ဆရာမဆာဂျီနီရှင်ဒီ သေကြောင်းကြံမယ့်စာတစ်စောင်ရေးထားခဲ့ပြီး ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်။ဒီစာထဲမှာလဲ သူ ဘာကြောင့် ဘယ်သူတွေကြောင့်လုပ်ရလဲဆိုတဲ့အကြောင်းပြချက်တွေသေချာရေးထားခဲ့တဲ့အခါမှာတော့။ ဒီကိစ္စက လူထုအကြားမှာ ဆူဆူပူပူဖြစ်လာတဲ့အတွက် ရဲတွေအနေနဲ့ အပြင်းအထန်စုံစမ်းရပါရော။ သမီးလိမ္မာတစ်ယောက်၊ ခေတ်မီတဲ့ဇနီးကောင်းတစ်ယောက်၊ ဆရာမကောင်းတစ်ယောက်အဖြစ်နဲ့ နေထိုင်ဖို့ကြိုးစားခဲ့တဲ့ ဆာဂျီနီရှင်ဒီ။သူဘာလို့ သတ်သေဖို့ကြံစည်ခဲ့တာလဲ၊ ရုပ်ရှင်ရဲ့နာမည်အတိုင်းပဲ သူ့ရဲ့ပျံနှံ့သွားခဲ့တဲ့ဗီဒီယိုကဘာလဲ၊ သူ့ကို အကောင်းပကတိအတိုင်းပြန်ရှာတွေ့မှာလားဆိုတာ ကြည့်ရှုအဖြေရှာကြပါဦးစို့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.39GB / 586MB Quality…WEB DL 1080p /720p Format…mp4 Duration….1h ...
movie

Sajini Shinde Ka Viral Video (2023)

2023
Theri (2016) 7.3
Theri (2016) Theri (2016) "အတိတ်က မီးခိုးငွေ့အမျှင်တန်း" IMDb 7.3မင်းသား ဗီဂျေးရဲ့ ၂၀၁၆ က ထွက်ရှိခဲ့တဲ့ ကြမ်းကြမ်းရမ်းရမ်း ကားဟောင်းလေးကို တက်ဆက်ပေးလိုက်ပါတယ်... ဗီဂျေးရဲ့ ရုပ်ရှင်ဆိုတဲ့အတိုင်း ကြမ်းပေ့ဆိုတဲ့ တမီလ်း action/thriller ဖြစ်ပြီး ရုံတင်ငွေ ၂ ဆ ပြန်လည် ရရှိရုံသာမက အခုဆိုရင် တီဗီချန်နယ်တွေက ပြန်လည်ပြသမှုကြောင့် ဗီဂျေးရဲ့ အကောင်းဆုံးထုတ်ကုန်ထဲက တစ်ခုအဖြစ် နာမည်ရနေပြီပဲ ဖြစ်ပါတယ်...လတ်တလော ထွက်ရှိထားတဲ့ ဗီဂျေးရဲ့ Leo ကို ကြိုက်တယ်ဆိုရင် ဒီကားကိုလည်း ကြည့်လိုက်ကြပါဇာတ်လမ်းအကျဥ်းကတော့ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ပေါင်မုန့်ဖုတ်ပြီး ဖြတ်သန်းနေတဲ့ ရိုးသားကြိုးစားဖိုးသခွား ဂျိုးဆပ်ကူရူဗီလာဆိုသူတစ်ယောက် သမီးငယ်လေး နီဗီနဲ့ နေ့တိုင်း အတူသွား အတူလာ ကျောင်းပို့ကျောင်းကြိုနဲ့ ပျော်ရွှင်နေလျက်ရှိပါတယ်... နီဗီ့ရဲ့ ဆရာမချောချော အန်နီကလည်း ဂျိုးဆပ်ကို အထာတွေ ပေးလို့ သာယာနေတဲ့ သူတို့ရဲ့ ဘဝလေးမှာ တစ်နေ့မှာတော့ လူမိုက်တစ်စုရဲ့ နှောင့်ယှက်မှုကို ကြုံရပါတယ်...ရဲစခန်းမှာ ဆရာမက ...
movie

Theri (2016)

2016
Aadikeshava (2023) 5.1
Aadikeshava (2023) Aadikeshava (2023) "အစောင့်အရှောက်" IMDb - 5.1/10Netflixကနေ ပူပူနွေးနွေးထုတ်လွှင့်ခဲ့တဲ့ အိန္ဒိယတောင်ပိုင်းဇာတ်လမ်းလေးကိုတင်ဆက်ပေးပါရစေ။ မင်းသားကတော့ ပထမဆုံးရုံတင်ကားမှာတင် အကောင်းဆုံးမျက်နှာသစ်ဇာတ်ဆောင်ဆုကိုရရှိခဲ့တဲ့ တောင်ပိုင်းလူငယ်မင်းသားချော ဗတ်ရှနေ့ဗ်တက်ဂျ်ပါ။ကုမ္ပဏီရဲ့ စီအီးအိုမလေးနေရာကသရုပ်ဆောင်တာကတော့ မင်းသမီးချောလေး ဆရီလီလာပဲဖြစ်ပါတယ်။ဘာလူဆိုတဲ့ကောင်လေးက ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့ လူငယ်လေးတစ်ယောက်ပေါ့။ ဘယ်လောက်ထိပေါ့ပါးလည်းဆို ဘာအလုပ်မှမလုပ်လို့ အဖေဖြစ်သူက အလုပ်မလုပ်ရင် အိမ်ပေါ်ကဆင်းဆိုတဲ့ထိအောင်ကို ပေါ့ပေါ့ပါးပါးနေတဲ့ကောင်လေး။အမေချစ်သားလေးဆိုတော့ အမေဖြစ်သူ တစ်ချက်စိတ်ငြိုငြင်တာကို မြင်လိုက်ရင်ပဲ အလုပ်သွားလျောက်ပါတော့တယ်။တော်ကီကြွယ်တဲ့ လူငယ်လေးဖြစ်တာကြောင့် အင်တာဗျူးတဲ့နေ့မှာပဲ စီအီးအိုမမက ပြောပုံဆိုပုံကို သဘောကျသွားပြီး မာကတ်တင်းဌာနမှူးခန့်လိုက်ပါတော့တယ်။ဘ၀ကိုဒီလို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းနေချိန်မှာပဲ သိလိုက်ရတဲ့အမှန်တရားက သူကမွေးစားသားဆိုတာပါပဲ။အဖေအရင်းဖြစ်သူက နိုင်ငံရေးသမားတစ်ယောက်ရဲ့ ရက်ရက်စက်စက်အသတ်ခံလိုက်ရတယ်ဆိုတာနဲ့ သူ့မိသားစုဝင်တွေရှိသေးတယ်ဆိုတဲ့အကြောင်းကို သိလိုက်ရတဲ့အချိန်မှာတော့။ အချစ်၊အလွမ်း၊အက်ရှင်အကြမ်းပတမ်းတွေကို တ၀ကြီးကြည့်ရမယ့် ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3GB / 1.28GB  Quality…WEB DL 1080p   / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Aadikeshava (2023)

2023