Channel Myanmar

Bollywood

Pokhar Ke Dunu Paar {On Either Sides of the Pond} ( 2022) 7.7
Pokhar Ke Dunu Paar {On Either Sides of the Pond} ( 2022) Pokhar Ke Dunu Paar (2022)"ရေအိုင်၏အခြားတဖက်" ============================================ IMDb 7.6/10(function(f,b,n,j,x,e){})();ချန်နယ်မြန်မာ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ၂၀၂၂ ကထွက်ခဲ့တဲ့ ဟင်ဒီစကားပြောရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ကိုဗစ်ကာလကြီးထဲမှာ ခိုးပြေးခဲ့ကြပြီး နေထိုင်ရ ကျပ်တည်းလာမှ မွေးရပ်မြေ နယ်မြို့လေးဆီ ပြန်လာခဲ့ကြတဲ့ ဆူမစ်နဲ့ ပရီယန်ကာဆိုတဲ့ လူငယ် ဇနီးမောင်နှံနှစ်ယောက်..။ပရီယန်ကာက အနေအထိုင်ဆင်းရဲမှုနဲ့ ဖခင်ဖြစ်သူရဲ့ မကြည်ဖြူမှုကြားမှာ ပင်ပန်းနေရပေမဲ့ ဆူမစ်ကတော့ အလုပ်ရအောင်မကြိုးစားဘဲ သူငယ်ချင်းတွေတရုန်းရုန်းနဲ့ လမ်းများနေတဲ့အခါ အရာရာကိုရင်ဆိုင်ဖို့ သတ္တိရှိစေခဲ့တဲ့ချစ်ခြင်းတွေ ထွက်ပြေးမသွားအောင် နားလည်မှုတွေ၊ ကိုယ်ချင်းစာမှုတွေ လိုအပ်လာတဲ့အချိန်မှာတော့...။ ဒီရုပ်ရှင်ရဲ့ တင်ပြပုံမျိုးဟာ အိန္ဒိယရုပ်ရှင်တွေထဲမှာ မြင်ရခဲပြီး ကိုဗစ်ကာလရဲ့ ကျပ်တည်းမှုတွေကြားမှာ ရုန်းကန်နေရတဲ့ဘဝတချို့ကို Art house ဆန်ဆန်၊ မှတ်တမ်းရုပ်ရှင်ဆန်ဆန်ပုံဖော်ပြထားတာဖြစ်လို့ တငြိမ့်ငြိမ့်နဲ့ ပရိသတ်ကို ပါအောင်ဆွဲခေါ်သွားမယ့်၊ အချိန်ပေးရကျိုးနပ်စေမဲ့ ရုပ်ရှင်လေးပါပဲ...။(ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်တွေကတော့ Alex, ToMo, V နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie

Pokhar Ke Dunu Paar {On Either Sides of the Pond} ( 2022)

Hi Nanna (2023) 8.4
Hi Nanna (2023) Hi Nanna 2023 ( မင်္ဂလာပါ ဖေဖေ)IMDb 8.4/10 , RT 100%Netflix ကနေ လတ်တလောကပဲ ထုတ်လွှင့်ပေးလိုက်တဲ့ ဒရာမာ ရိုမန့်စ်ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေMain cast တွေကလည်း အားလုံးနဲ့မစိမ်းတဲ့ Jersey မင်းသားနာနီနဲ့ သရုပ်ဆောင်လဲကောင်း ရုပ်ကလေးကလဲချောတဲ့ Sita Ramamက မင်းသမီးလေး မရူနာထာကူးရ်တို့က ဦးဆောင်ပါဝင်ထားတဲ့အပြင် အချောလေး ရှရူသီ ဟာစန်ကလဲ အလှတရားတွေနဲ့ ပါဝင်အားဖြည့်ထားပါတယ်“တစ်ခါတုန်းက တိုင်းပြည်မှာ ဘုင်ကြီးရယ် အမတ်ကြီးရယ် စစ်သူကြီးရယ် အရမ်းလှတဲ့သမီးတော်လေးရယ်ရှိတယ်တဲ့… အဲ့ဒါဆို အဲ့ဇာတ်လမ်းမှာ အမေမပါဘူးလား ဖေဖေ”ဟုတ်ပါတယ် ၆ နှစ်သမီးလေး မာဟီကို အရမ်းချစ်တဲ့ ဗီရာ့ဂျ်ဟာ သမီးလေးအတွက် ဖခင်နေရာရော မိခင်တာဝန်ပါ မလစ်ဟင်းအောင် အချစ်ကြီးချစ်ပေးတဲ့ single father တစ်ယောက်ပေါ့…ဒါပေမဲ့ သမီးလေးမာဟီကတော့ သူ့အမေဘယ်သူလဲ ဘယ်ရောက်သွားလဲဆိုတာ အရမ်းသိချင်နေပါတယ်… ပြီးတော့ မာဟီလေးမှာ ကုသရခက်တဲ့ မွေးရာပါပန်းနာရောဂါကလည်းဖြစ်နေပါသေးတယ်… တစ်နေ့မှာ အမေ့အကြောင်းမပြောပြလို့ အဖေနဲ့ရန်ဖြစ်ပြီး အိမ်ကထွက်လာတဲ့ မာဟီနဲ့ မာဟီကို ကူညီစောင့်ရှောက်ပေးထားတဲ့ မိနိးမချောလေး ...
movie

Hi Nanna (2023)

2023
4K HEVC
Extra Ordinary Man (2023) 7.3
Extra Ordinary Man (2023) Extra Ordinary Man (2023) "တမူထူးတဲ့ ဘူလူ" =====================================အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် IMDb 7.3 ရရှိထားတဲ့ တေလဂူးစကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေး တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ Vikram Vedha ထဲက ရီသိက်လိုလို ပွတ်ရှ်ပါထဲက အာလူးအာဂျွန်လိုလိုဒီဇိုင်းကာလာနဲ့မင်းသားက ဇာတ်လိုက်ဇာတ်ကောင် အာဘီနေးအဖြစ် သရုပ်ဆောင်ထားတာပါ။အာဘီနေးဆိုတဲ့ တက်သစ်စအနုပညာသမားလေးဟာ ငယ်ငယ်ကတည်းက ဇာတ်လိုက်မင်းသားဖြစ်ချင်ခဲ့ပေမဲ့ တချို့ရုပ်ရှင်ကားကြီးတွေရဲ့ ဘက်ဂရောင်းတွေမှာသာ မထင်မရှားပါဝင်ရင်း မင်းသားဖြစ်ဖို့ အခွင့်အရေးကို စောင့်စားနေသူပါ။သူဟာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကြိုးစားနေရင်း တစ်နေ့မှာ သူဌေးမတစ်ယောက်က သူ့ကိုသဘောကျသွားပြီး ဇာတ်လိုက်ဖြစ်ဖို့ အခွင့်အရေးရခါမှ မမျှော်လင့်တာတွေဖြစ်ပျက်ရင်း ဘဝတဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…4.03GB / 1.8GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Extra Ordinary Man (2023)

2023
#MayaLo (2023) 7.5
#MayaLo (2023) #Mayalo (2023) အမုန်းမှသည်အချစ်ရှိရာသို့ IMDb -6.5/10"ဘဝဆိုတာ ကံကြမ္မာဇာတ်ဆရာရဲ့လိုအင်အရ ကပြနေရတဲ့ဇာတ်ခုံတစ်ခုဆိုတဲ့အတိုင်းပဲ မထင်မှတ်ထားတဲ့ ထင်ယောင်ထင်မှား အယောင်ပြသက်သက်တွေနဲ့ ပြည့်နှက်နေတတ်ပါသတဲ့"Slap kissကြိုက်တဲ့ပရိသတ်ကြီးအတွက် slap-kissလောက်မကြမ်းပေမဲ့ တကျက်ကျက်ရန်ဖြစ်နေရင်းကနေ အချစ်တွေပေါက်ဖွားလာမယ့် argue-kissအချစ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ မြူးကြွတဲ့သီချင်းလေးတွေနဲ့ ဟာသတွေနဲ့ ခပ်မြူးမြူးဇာတ်လမ်းလေးဆိုတော့ မပျင်းရမှာတော့ အသေအချာပါပဲ။မာယာ ဆင်ဒူနဲ့ ခရစ်ရှ်နာဆိုတာ တက္ကသိုလ်မှာ အတန်းတူတူတက်ခဲ့ကြတဲ့ အတန်းဖော် ၃ ယောက်ပေါ့။ ခရစ်ရှ်နာကတော့ တက္ကသိုလ်တစ်လျှောက်လုံးမှာ မာယာကိုသဘောကျနေပြီး ကျောင်းပြီးရင်စဉ်းစားပေးမယ်ဆိုတဲ့စကားတစ်ခွန်းကို အတည်ယူလို့ မာယာအတွက် အရာရာဖြည့်ဆည်းပေးခဲ့ပေမဲ့ ခြံထဲကကြက်လို့ပဲ ခရစ်ရှ်နာကို သဘောထားခဲ့တဲ့မာယာကတော့ ခရစ်ရှ်နာကို‌စိတ်မဝင်စားခဲ့ပါဘူး။မာယာနဲ့ဆက်နွယ်ပြီး တစ်ယောက်နဲ့တစ်ယောက် အမြင်စောင်းနေကြတဲ့ ဆင်ဒူနဲ့ခရစ်ရှ်နာဟာလည်း ကျောင်းတော်က ရန်စလေးတွေကြောင့် တွေ့လိုက်တိုင်း ၃ နဲ့ ၄ လို မျက်နှာချင်းမဆိုင်ကြဘဲ ကြောင်နဲ့ကြွက်လို တကျက်ကျက်ပေါ့။တွေ့တာနဲ့ရန်ဖြစ် အငြင်းပွားပြီး တူးခါးနေအောင်မုန်းပါတယ်ဆိုတဲ့ ဒီနှစ်ယောက် မာယာရဲ့မင်္ဂလာပွဲအတွက် မင်္ဂလာကားကိုပို့ပေးရမယ်ဆိုတဲ့ အကြောင်းရင်းကြောင့် တစ်ကားတည်းအတူစီးလို့ တစ်ခရီးတည်းသွားဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...မျက်နှာမြင်တာနဲ့ကို ရန်ဖြစ်ချင်နေတဲ့ဒီနှစ်ယောက် လမ်းခရီးတစ်လျှောက် ဘယ်လိုတွေခရီးဆက်ကြမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ...
movie

#MayaLo (2023)

2023
Jalapata (2023) 9
Jalapata (2023) Jalapata (2023) "သဘာဝရဲ့ ရင်သွေးငယ်များ"IMDb 9.0Jalapata ဆိုတဲ့ ကန်နားဒါး ရုပ်ရှင်လေးက သာမန်မြင်နေကျဇာတ်ကားတွေနဲ့ ကွဲထွက်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသားပေး ရုပ်ရှင်ဖြစ်ပါတယ်သို့ပေမယ့် ပတ်ဝန်းကျင်ဆိုလို့ မှတ်တမ်းရုပ်ရှင်ဆန်ဆန်မဟုတ်ပဲ ဇာတ်လမ်းဇာတ်ကောင် ကိုယ်စီနဲ့ ကြည့်လို့ကောင်းအောင် တင်ဆက်ထားတာမို့ မပျင်းဘဲ ကြည့်ရမှာပါ"ဂျာလာဒူရ်ဂါ" ဆိုတဲ့ စိမ်းစိုစို သစ်တောတွေနားက ရွာငယ်လေးတစ်ရွာမှာ အမျိုးမျိုးသော လူတန်းစား အစုံအလင်ရဲ့ ဇာတ်ကောင်တွေကို နောက်ခံစကားပြောနဲ့ မိတ်ဆက်ပေးပြီး ခရီးသွားဝတ္ထုအရသာကို အမှန်အကန် ခံစားရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်ဇာတ်လမ်းရဲ့ မူလကျောရိုးကတော့ ပူရ်ဗီနဲ့ကီရန်တို့ သူငယ်ချင်းနှစ်ယောက် Vlog တွေ ရိုက်နေရာကနေ အိမ်အိုလေးမှာ နေထိုင်တဲ့ အဘွားကြီးတစ်ယောက် အကြောင်းကို ဗီဒီယိုရိုက်တင်ဖို့ စိတ်ကူးရလာပါတယ်အဘွား ဗာနာမာလာမာရဲ့ သားဖြစ်သူနဲ့ ဇနီးသည်က အမေရိကကို စွန့်ခွာသွားခဲ့ပြီးတော့ စာမလာ သတင်းမကြားတော့ပဲ... အဘွားအိုတစ်ယောက် အထီးကျန်စွာ နေထိုင်နေရပါတယ် ဒါကို ဗီဒီယိုတစ်ပုဒ် viewer အယောက် ၂၀ ကနေ မတက်တဲ့ ပူရ်ဗီနဲ့ ကီရန်တို့ ဒရာမာအပြည့်နဲ့ အင်တာဗျူးလိုက်ရာမှာတော့ သူတို့ ...
movie

Jalapata (2023)

2023
Joe (2023) 8
Joe (2023) Joe (2023) "ဝေးများဝေးရင်..." IMDb - 8.0/10ရင်မှာနွမ်းလို့ အလွမ်းရယ်ဝေရမဲ့ ဆွတ်ပျံ့ကြည်နူးဖွယ် တမီလ်အချစ်ဇာတ်လမ်းလေး တပုဒ်ကိုတင်ဆက်ပေးပါရစေချစ်သူတွေ၊ အိမ်ထောင်သည်တွေကြားမှာ ပြဿနာတွေများလာရင် အရင်နဲ့မတူတော့ဘူးဆိုတဲ့စကားကို လက်ကိုင် ထားကြလေ့ရှိပါတယ်။တကယ်တော့လည်း ချစ်ခြင်းမေတ္တာက ပြောင်းလဲသွားတာမျိုး မဟုတ်တောင် သည်းခံမှု၊ အလိုလိုက်မှုတွေပြောင်းလဲသွားကြတာပါ။ ချစ်သူတွေ မဖြစ်ခင်နဲ့ ဖြစ်ခင်စအချိန်တုန်းက သူဆေးလိပ်တဲ့ ပုံစံလေးကိုက သဘောကျချင်စရာလို့ မြင်ချင်မြင်ပေမဲ့ အချိန်တစ်ခု ကြာလာတဲ့အခါမှာတော့ ကျန်းမာရေးကို စိတ်ပူတာပဲဖြစ်ဖြစ်၊ အနံ့မခံနိုင်တော့တာပဲ ဖြစ်ဖြစ် တားကြတဲ့အခါ နှစ်ဦးနှစ်ဖက်လုံး အမြင်မှာ အရင်နဲ့မတူတော့ဘူးဆိုတာမျိုးတွေ ဖြစ်လာကြတယ်။ ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်လို့ ပြောလို့ရတဲ့ကိစ္စတွေထဲက အကြောင်းအရာတစ်ခုပါပဲ။ဒီလိုပဲ ဂျိုးနဲ့ ဆူချီတို့နှစ်ယောက် သိပ်ချစ်ကြပေမဲ့ ကြားလေသွေးလို့ ဝေးရတာတွေ၊ အရင်နဲ့မတူတော့ဘူးဆိုတဲ့စိတ်တွေ ဝင်လာတဲ့အခါမှာ နှစ်ယောက်သား ရင်ဆိုင်ရတာတွေက မလွယ်ကူလှ။ ဒီလိုပဲ သူတို့အချစ်ခရီးလမ်း ဘယ်လိုဆက်မလဲ၊ ဂျိုးဘ၀မှာ ရှရူသီဆိုတဲ့ အမျိုးသမီးလေးထပ်ရှိလာတဲ့အခါ..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie

Joe (2023)

2023
Devil (2023) 8.4
Devil (2023) Devil The British Secret Agent (2023) ချစ်မိသွားသော ကိုနှင်းမောင်CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် ခေါင်းစဉ်ကြည့်လိုက်တာနဲ့ ကြည့်ချင်စိတ်ပေါက်သွားမယ်လို့ ယူဆပါတယ် တကယ့်ကို ဆားပုလင်းနှင်းမောင် အိန္ဒိယဗားရှင်းပါပဲ ဒါပေမဲ့ ကိုနှင်းမောင်လိုတော့ စုံထောက်ပဲသက်သက်လုပ်ပြီး လူသတ်မှုပဲစုံစမ်းနေတာတော့ မဟုတ်ပါဘူးစုံထောက် အက်ရှင် အချစ်ဇာတ်ကြမ်းလေးပေါ့ဗျာ အဲ့လိုရေးထားလို့ ကြည့်မကောင်းဘူး ပေါမယ်မထင်လိုက်ပါနဲ့ တကယ့်ကို အိန္ဒိယကားပီပီ အချိတ်အဆက်မိမိနဲ့ အက်ရှင်ဒရာမာအချိုးအစားစားကျကျ တင်ဆက်ပေးထားတာပါဇာတ်လမ်းအစမှာ လူသတ်မှုတစ်ခုဖြစ်ပါတယ် အဲ့ဒါကို ဗြိတိသျှအစိုးရက အထူးအေးဂျင့်ဒေဗယ်(နတ်ဆိုး)ကို ဖြေရှင်းဖို့တာဝန်ပေးလိုက်ပါတယ် လူသတ်မှုကသပွတ်အူလိုရှုပ်ထွေးနေတာကို ဒေဗယ်တစ်ယောက်အသေးစိတ်စုံစမ်းရင်း လူသတ်မှုသံသယတရားခံရဲ့တူမလေး ဒေဗီကို ချစ်မိသွားပါတော့တယ်လူသတ်မှုကလည်း နောက်ကွယ်က လျှို့ဝှက်ချက်မြှပ်ကွက်ပေါင်းများစွာနဲ့ ထင်ထားတာထက်ပိုနက်နဲပြီး ဒါကိုစုံစမ်းခိုင်းတဲ့ ဗြိတိသျှအစိုးရကိုယ်တိုင်က အခြားရည်ရွယ်ချက်တွေ ရှိနေတဲ့အခါမှာတော့...အေးဂျင့်ဒေဗယ်တစ်ယောက် ဘာတွေကြုံတွေ့ရပြီး ဘာဆက်ဖြစ်ကြမလဲဆိုတာ စုံစမ်းရေးနောက်ခံဇာတ်ကားပေမဲ့ လူသတ်မှုစုံထောက်တာလေးနဲ့ အချစ်ဇာတ်လေးကို ကျောရိုးယူထားတော့ ကြည့်ရတာမပျင်းစေမဲ့ ဗြိတိသျှခေတ်စတိုင် အက်ရှင်ကားအလန်းလေးကို ပရိသတ်တို့ ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File ...
movie

Devil (2023)

2023
4K HEVC
Sila Nodigalil (2023) 8.2
Sila Nodigalil (2023) Sila Nodigalil (2023)IMDb - 8.2/10 ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် သည်းထိတ်ရင်ဖိုဒရာမာဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပလတ်စတစ်ဆာဂျရီဆရာဝန်ရာ့ဂျ်တစ်ယောက်ကတော့ မိန်းမရှိရက်သားနဲ့ ကောင်မလေးတွေနဲ့ရှုပ်တဲ့နေရာမှာတော့ ဆရာတစ်ဆူပါပဲ။ တစ်နေ့မှာတော့ မာယာဆိုတဲ့ ကောင်မလေးနဲ့ စားသောက်ဆိုင်တစ်ခုမှာ ဒိတ်ရင်းကနေ စတန့်ထွင် ဆေးတွေပါသုံးရင်းနဲ့ အရှိန်တွေလွန်ပြီး ရာ့ဂျ်အိမ်အထိပါ ရောက်လာကြပါတော့တယ်။ဒီလိုနဲ့ အချစ်နယ်ကျွံနေကြတဲ့အချိန်မှာပဲ ရာ့ဂျ်မိန်းမ မယ်ဒါက ပြန်လာမယ်ဖုန်းဆက်တဲ့အခါမှာ ခိုးစားကြတဲ့သူတွေရဲ့ ထုံးစံအတိုင်း မာယာ့ကို ပြန်ခိုင်းရင်း ရာ့ဂျ်တစ်ယောက် သူတို့ရှုပ်ထားတာတွေ ရှင်းပါတော့တယ်။ဒီလိုနဲ့ ရှင်းပြီးသွားတဲ့နောက်မှာ မာယာဟာ မပြန်သေးဘဲ မီးဖိုချောင်ထောင့်လေးမှာ ငုတ်တုတ်လေးအိပ်နေတာကို တွေ့သွားတဲ့ ရာ့ဂျ်ဟာ ဇွတ်ပြန်ခိုင်းဖို့ လုပ်ရင်းနဲ့ပဲ မာယာဟာ အိပ်နေတာမဟုတ်ဘဲ ဆေးလွန်ပြီး သေဆုံးသွားကြောင်းကို ရာ့ဂျ်တစ်ယောက်သိလိုက်ရပါတော့တယ်။ အဲဒီမှာပဲ အိမ်ကို အချိန်မရွေး ပြန်လာတော့မဲ့ မိန်းမမသိအောင် မာယာရဲ့အလောင်းကို ဘယ်လိုဖုံးဖိထားမလဲ …… မယ်ဒါကရော ဒီကိစ္စကို ရှာတွေ့သွားမှာလား …… ရာ့ဂျ်တစ်ယောက် အလောင်းတစ်ခုနဲ့ ဘာတွေဆက်ဖြစ်သွားဦးမလဲ ……ဆိုတာတွေကို သည်းထိတ်ရင်ဖိုဆန်ဆန် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ...
movie

Sila Nodigalil (2023)

2023
Lingoccha (2023) 8.8
Lingoccha (2023) Lingocha (2023) လင်ဂိုချာအချစ်ဇာတ်လမ်းတစ်ပုဒ်IMDb-8.8/10လင်ဂိုချာကစားရင်း ဖြစ်တည်လာတဲ့အချစ်တစ်ခု အဲဒီအချစ်ဇာတ်လမ်းလေးတစ်ပုဒ်။လင်ဂိုချာကစားရင်းစတွေ့မိတဲ့ ကောင်မလေးကို မြင်မြင်ချင်းသဘောကျသွားတဲ့ရှီဗာ ။ အဲဒီကောင်မလေးက ဟိုးအဝေးကြီးက ဒူဘိုင်းကိုသွားရတော့မယ်ဆိုတော့ သူတို့အချစ်ဇာတ်လမ်းက မစခင်အဆုံးသတ်တော့မလို....ဒါပေမဲ့ နှစ်အတော်ကြာလာတဲ့အချိန်မှာကောင်မလေးက ပြန်ရောက်လာခဲ့တယ် ဒူဘိုင်းပြန်အလှသွေးကြွယ်နေတဲ့ နိုရီဂျာလေး.. ရှီဗာကတော့ အလုပ်မယ်မယ်ရရမရှိသူငယ်ချင်းတွေနဲ့ ပျော်ပါးကခုန်နေနေတဲ့သူ.. ငယ်ချစ်ဦးလေး နိုရီဂျာပြန်လာမှန်းသိရတော့ မရေရာတဲ့ဘဝကို ခိုင်မာအောင် ရှီဗာကစကြိုးစားတော့တာပေါ့ သူ့ကို လုံးဝမမှတ်မိတော့တဲ့ နိုရီဂျာအတွက် ရှီဗာ့ရဲ့ နည်းလမ်းစုံကြိုးစားမှုတွေနဲ့ အချစ်ဟာသဇာတ်လမ်းလေးကိုရှုစားကြည့်ပါဦးအဖွင့်မှာတင် ပရိသတ်ကြီးကိုကြိုဆိုတဲ့သီချင်းလေးနဲ့စထားတာမို့ သီချင်းမြူးမြူးလေးတွေနဲ့ ခံစားကြည့်ရှုရမှာပါအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.9GB / 1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Lingoccha (2023)

2023
Sevappi (2024) 6.7
Sevappi (2024) Sevappi (2024) ငါ့ကြက်မဥ ငါ့ဥ IMDb _6.7/10ဆွံ့ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ မိသားစုသံယောဇဉ်တွေနဲ့ ကလေးတယောက်ရဲ့မေတ္တာကို ပုံဖော်ထားတဲ့ တမီလ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ "ငါ့ခြံထဲမှာ ဥတဲ့ဥ ငါ့ကြက်မရဲ့ ဥ"ဆိုတဲ့ အရိုးရဲ့သီချင်းလေးလိုပဲ။ ဒီဇာတ်လမ်းလေးထဲမှာတော့ ငါ့ကြက်မရဲ့ဥကို ငါ့သမီးလေးအထင်နဲ့ ပြုစုစောင့်ရှောက်နေတဲ့ ကလေးငယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်း။ ကိုယ့်ကိုယ်ကိုယ်ထက် တူတူမတွေကို ပိုပိုပြီးချစ်ကြတဲ့ ဦးလေးဖြစ်သူတွေရဲ့ဇာတ်လမ်း။ကလေးတစ်ယောက် ဘယ်လိုမွေး။ အနမ်းတစ်ပွင့်ကနေ မွေးပါသတဲ့။ ဒါက သွားတူလာတူနေနေကြတဲ့ ကလေးနှစ်ယောက် ထိုင်ပြောနေတဲ့စကားတွေ။ ဒီကနေပဲ ဦးလေးဖြစ်သူပေးတဲ့ ကြက်မလေးကို ချစ်လွန်းလို့ နမ်းလိုက်မိရာကစ ဘော်ဒါဘော်ကျွတ်ပြောထားတဲ့ အနမ်းကြောင့် ရင်သွေးလေးရတယ်ဆိုတဲ့စကားကိုသတိရပြီး ကြက်မလေးကနေ သူ့ကလေးမွေးမယ်လို့ထင်ပါလေရော။အဲဒါအပြင် ရွာပြင်မှာရှိတဲ့ ကျောက်တုံးအကြီးကြီးအောက်မှာက ရတနာသိုက်ရှိပါတယ်ဆိုတဲ့ ကောလဟာလလိုလို ဘာလိုလိုကလည်း ရှိပြန်ရော။ ဒီလိုအရှုပ်ထုတ်တွေကြားထဲမှာမှ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာ ပြုံးရွှင်စွာနဲ့ခံစားကြည့်ရှုကြပါဦးလို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.62GB / 733MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 53mins Subtitle….Myanmar ...
movie

Sevappi (2024)

Ajay Gadu (2024)
Ajay Gadu (2024) Ajay Gadu (2024) "ချစ်တတ်သော ခရီးသည်"နှစ်သစ်မှာ အသစ်ထွက်ရှိလာတဲ့ Romance ဇာတ်ကားအသစ်လေး တင်ပေးလိုက်ပါတယ်ရုပ်ရှင်က အခုမှ ထွက်တာမို့ rating တွေတောင် မထွက်လာသေးတဲ့အချိန် ရရချင်း အမြန်တင်ပေးလိုက်တာပါဇာတ်လမ်းကတော့ အာဂျေးဆိုတဲ့ ဒါရိုက်တာ/စာရေးဆရာဖြစ်ချင်သူ ရိုးသားကြိုးစားဖိုးသခွားလေးတစ်ယောက် မြို့တက်ပြီး အဖေ့အသိတစ်ယောက်အဆက်နဲ့ ရုံးတစ်ရုံးမှာ content writer ဝင်လုပ်နေပါတယ်အိပ်မက်တွေနောက် ကြိုးစားလိုက်နေပေမယ့်လည်း အခက်အခဲတွေနဲ့တွေ့တိုင်း လဲကျလိုက် ပြန်ထလိုက်နဲ့ တစ်နေ့တော့ ရုံးကနေ အလုပ်ထုတ်ခံလိုက်ရပါတော့တယ်ညဘက် လမ်းမှာလည်း လူဆိုးတွေ ဝိုင်းထိုးတာခံရလို့ မေ့မျောနေတဲ့အချိန် ကယ်တင်ရှင်တစ်ယောက် ပေါ်လာပါတော့တယ်သူကတော့ ချောမောလှပတဲ့ မီးအိမ်ရှင်မလေး ဒေါက်တာ ဆွယ်သာပဲဖြစ်ပါတယ်ဆရာဝန်မလေးက သူ့ကို အိမ်ခေါ်သွားပြီး ဆေးထည့်ပေးရင်းနဲ့ စတင်ခင်မင်ရင်းနှီးခဲ့ရာကနေ သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲရုပ်ရှင်ဒါရိုက်တာ ဖြစ်ချင်တဲ့ အာဂျေးတစ်ယောက် သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးရော ရှိပါ့မလားအချစ် အလွမ်းနဲ့ လောကဓံတို့ကြားမှာ အာဂျေးတစ်ယောက် ဟန်ချက်ညီညီ မတ်မတ်ရပ်နိုင်ပါ့မလားဆိုတာဒီ ရိုမန့်ကားလေးမှာပဲ ပရိသတ်ကြီး ဆက်လက်ခံစားပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie

Ajay Gadu (2024)

2024
Tejas (2023) 6.2
Tejas (2023) Tejas (2023) ထူးချွန်သူ IMDb - 6.2/10ဘယ်မင်းသမီးတွေ ဘယ်လောက်ကောင်းပါတယ် နာမည်ကြီးပါတယ်ပဲပြောပြော ဘောလိ၀ုဒ်ရဲ့ဘုရင်မလို့ ဂူးဂဲလ်မှာရှာလိုက်ရင် ကန်ဂနားရာနော့တ်က ထိပ်ဆုံးကပေါ်လာတာပါပဲ။ အခုတင်ဆက်ပေးမှာကတော့ ဖိုက်တာဂျက်တစ်စီးနဲ့ ကြမ်းပြရမ်းပြမဲ့ မင်းသမီးကြီး ကန်ဂနားပါ။တေဂျက်ဆ်ရဲ့အဖေဟာ ဖိုက်တာဂျက် လေယာဉ်တွေကို ထုတ်လုပ်တဲ့ သူတစ်ယောက်။ အဲဒီဖိုက်တာဂျက်တွေကို နာမည်ပေးလိုက်တာက တေဂျက်ဆ်တဲ့။ သမီးဖြစ်သူ တေဂျက်ဆ် သိတဲ့အချိန်မှာတော့ သူကိုယ်တိုင် ပိုင်းလေ့တစ်ယောက်ဖြစ်ဖို့ ကြိုးစားပါတော့တယ်။ တေဂျက်ဆ်က ခေသူမဟုတ်။ပထမဆုံး သင်တန်းနေ့မှာတင် ဖိုက်တာဂျက်ကို အစမ်းမောင်းခွင့်ရတဲ့သူ။ ဒါပေမဲ့ သူဖြတ်သန်းခဲ့ရတဲ့ အတိတ်မှာက နာကျင်မှုတွေနဲ့။သူထမ်းဆောင်ဖို့ကျလာတဲ့ တာဝန်က ရန်သူ့နယ်မြေထဲရောက်နေတဲ့ အရာရှိတစ်ယောက်ကို သွားကယ်ဖို့။ ကန်ဂနားရာနော့တ်ရဲ့ အပိုအလိုမရှိ သရုပ်ဆောင်မှုတွေကို တွေ့ရမှာဖြစ်ပြီး ဘောလိဝုဒ်ပရိသတ်များ ကြည့်ရှုခံစားဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ (ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size… 1.4GB / 656MB  Quality…WEB DL 1080p / ...
movie

Tejas (2023)

2023
Antony (2023) 8.0
Antony (2023) Antony 2023 (အသည်းနုတဲ့လူကြမ်းကြီး) Action/ Drama/ Family IMDb 8/10ဇာတ်လမ်းအစမှာ အန်တိုနီဆိုတဲ့လူတစ်ယောက်ဟာ ဇေဗီယာရဲ့ခြေထောက်ကို ဓားနဲ့ အညှာအတာမရှိ ခုတ်နေခဲ့ပါတယ်။ ဇေဗီယာသေသွားပြီးတဲ့နောက်မှာ ဇနီးဖြစ်သူဂျက်စီနဲ့ သမီးဖြစ်သူ အန်းမာရီယာကျန်ရစ်ခဲ့ပါတယ်။အန်တိုနီလည်း ဒီအမှုနဲ့ ထိန်းသိမ်းခံလိုက်ရပါတယ်။ တကယ်တော့ အန်တိုနီဟာ ဇေဗီယာရဲ့အပြစ်အတွက် ပညာပေးလိုက်ရုံသာဖြစ်ပြီး သေစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ အန်တိုနီက လူမိုက်ဖြစ်ပေမယ့် အမှန်တရားရဲ့ဘက်တော်သားတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူပါ။အန်တိုနီလွတ်မြောက်လာတဲ့အခါမှာ ဇေဗီယာရဲ့ကျန်ရစ်ခဲ့တဲ့မိသားစုကို တာဝန်ယူပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့အမှုကမပြီးသေးတဲ့အတွက် အန်တိုနီဘာတွေထပ်ပြီး ရင်ဆိုင်ရဦးမလဲ။ အန်တိုနီရဲ့လုပ်ရပ်တွေကိုရော အားလုံးက နားလည်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.44GB / 1.14GB  Quality…WEB DL 1080p /720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Antony (2023)

2023
Mission Raniganj (2023) 7.7
Mission Raniganj (2023) Mission Raniganj (2023) IMDb-7.7/10မင်းသားကြီး အရှေးကူးမားရဲ့ OMG 2(2023)ထွက်ရှိခဲ့ပြီးတဲ့နောက်မှာ နောက်ထပ်ရုံတင်ကားကြီး တစ်ကား ထပ်မံထွက်ရှိလာခဲ့ပါပြီ။ဒီရုပ်ရှင်ကတော့ ၁၉၈၉ခုနှစ်နို၏ဝင်ဘာ ၁၃ ရက်နေ့မှာ အနောက်ဘင်္ဂလားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးမိုင်းတွင်းပြိုကျရာမှာ ပိတ်မိခဲ့သူ မိုင်းလုပ်သား ၆၅ယောက်ကို ကယ်တင်ခဲ့တဲ့ ဂျာစ်ဝန့်ဆင်းဂ်ဂေးလ်လို့ ခေါ်တဲ့ အင်ဂျင်နီယာတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးတင်ဆက်ထားတာပါ။ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်အခြေပြုထုံးစံ လူတွေရဲ့အတ္တတွေကို ခြယ်မှုန်းပြထားပြီး အဖွဲ့အစည်းတစ်ခုမှာ ကိုယ့်တာဝန်ကိုယ်မကျေကြပဲ ဟိုကအချောင်ခိုလိုက် ဒီကမျက်ကွယ်ပြုလိုက်နဲ့ နောက်ဆုံး သောက်ပြသနာတက်မှ အဖေကယ်ပါ အမေကယ်ပါဖြစ်ပြီး ခံစားရတဲ့သူတွေကတော့ အပြစ်မဲ့တဲ့ အသက်ပိုင်ရှင်တွေပါပဲ။ချာနိုဘိုင်း,The Dam, စသည်ဖြင့် သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် သောက်တလွဲတွေထလုပ်မိလို့ အသက်နဲ့ရင်းအလုပ်လုပ်ရတဲ့ လုပ်သားတွေရဲ့ အန္တရာယ်နဲ့ရင်ဆိုင်ရပုံတွေကို ရိုက်ကူးပြသခဲ့တဲ့ဇာတ်ကားတွေလိုပဲ အခုဇာတ်ကားမှာတော့ မင်းသားကြီး အာရှေးကူးမားက အစွမ်းပြထားပါတယ်။ အားရှေးကူးမားဟာ ခုလို သူရဲကောင်းဆန်ဆန် ဇာတ်လမ်းတွေ အတ္တပတ္တိဇာတ်လမ်းတွေက ဇာတ်ကောင်တွေနဲ့ လိုက်ဖက်မှုရှိတာကိုတော့ ဝန်ခံပါရစေ။ အဲ့မူရင်းလူတွေကို မသိဖူးမမြင်ဖူးပေမဲ့ သူတို့ဒါမျိုးလုပ်ခဲ့ပါလားဆိုတဲ့ Vibe ကိုတော့ အာရှေးကူးမားက ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်အဲ့ဒီတော့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကား ဇာတ်လမ်းကြီးလဲကြိုသိတယ်ဆိုပေမဲ့ ကြားထဲမှာ တလွဲပေါင်းသောင်းခြောက်ထောင်နဲ့ ...
movie

Mission Raniganj (2023)

2023
4K HEVC
Kotabommali PS (2024) 7.5
Kotabommali PS (2024) Kota Bommali PS (2023)"သိက္ခာလုပွဲ" ==============================Cm ပရိသတ်တွေအတွက် IMDb 7.7/10 ရထားတဲ့ Kota Bommali PS ဆိုတဲ့ တေလဂူးစကားပြော မှုခင်းရုပ်ရှင်သစ်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ရဲအရာရှိဟောင်းတစ်ယောက်ရဲ့သားဖြစ်သူ ရာဗီဟာ သူ့အဖေတာဝန်ကျခဲ့တဲ့ ရဲစခန်းမှာ ရဲအဖြစ်ပြန်ဝင်လုပ်ရင်း သူ့အဖေရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်သူ ရဲအရာရှိ ရာမာခရစ်ရှနာနဲ့ ရင်းနီးသွားခဲ့ပါတယ်။ရွေးကောက်ပွဲကာလအတွင်းမှာ သူတို့နှစ်ယောက်ဟာ တာဝန်အတူကျရင်း လုပ်ဖော်ကိုင်ဖက် ရဲဝန်ထမ်းမလေးကို စော်ကားမော်ကားလုပ်ဖို့ကြိုးစားတဲ့ မူနာဆိုတဲ့ အာဏာရှိပါတီထဲကလူတစ်ယောက်နဲ့ ပြဿနာတက်ရာကနေ မူနာအကွက်ဆင်ချောက်ချတာကိုခံရပြီး မကြုံသင့်တာတွေ ကြုံလာရပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် ၂၀၂၁ က ထွက်ရှိခဲ့တဲ့ Nayattu ဆိုတဲ့ မလျာလမ်စကားပြောရုပ်ရှင်ကို remake ပြန်ရိုက်ထားတာဖြစ်ပြီး မူရင်းရုပ်ရှင်ကိုမကြည့်ဖူးသေးရင်တော့ ကြည့်ရတာ တော်တော်အရသာရှိမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.6GB ...
movie

Kotabommali PS (2024)

2024
Saachi (2023) 8.8
Saachi (2023) Saachi (2023) "ဆာချီ" ====================ဇာတ်နာတာကြိုက်တဲ့ ပရိသတ်တွေအတွက် ရေလည်ဇာတ်နာတဲ့ IMDb 9/10 ရထားတဲ့ တေလဂူးစကားပြော ရုံတင်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဆာချီတို့ရဲ့ ရွာလေးမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်နေပါတယ်။ ဆာချီရဲ့ အဖေဟာ ဆံပင်ညှပ်ဆိုင်သေးသေးလေးဖွင့်ပြီး မိသားစုကို ရှာကျွေးနေသူပါ။ သူတစ်ယောက်တည်းရဲ့လုပ်စာနဲ့ မိသားစု ထမင်းနပ်မှန်ဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့အတွက် ဆာချီ့အဖေက ခေါင်းကိုက်ရောဂါ တဖြည်းဖြည်းစွဲလာတာတောင် ဆေးခန်းမပြနိုင်ခဲ့ပါဘူး။ နောက်ဆုံး အိပ်ရာထဲ ဗုန်းဗုန်းလဲသွားချိန်မှာတော့ သူတို့မိသားစုရဲ့ တာဝန်အလုံးစုံဟာ ဆာချီ့ပခုံးပေါ်ကို လုံးလုံးလျားလျား ကျရောက်လာတဲ့အတွက် ဆာချီတစ်ယောက် သူ့အဖေရဲ့ ဆံပင်ညှပ်ဆိုင်လေးကို လက်လွှဲယူလိုက်ရပါတော့တယ်။မိသားစုရဲ့ အခက်အခဲတွေကို ဆာချီဖြေရှင်းနိုင်မှာလား၊ ရွာမှာ လူတွေပျောက်နေတာ ဘာကြောင့်လဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ ပဟေဠိတွေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.03GB /  1GB Quality…WEB DL ...
movie

Saachi (2023)

2023
Jenni (2023)
Jenni (2023) Jenni (2023) အရုပ်သရဲမလေးဂျန်နီဒီတစ်ခါမှာလည်း သရဲကားကြိုက်ပရိသတ်တွေအတွက် ရုံတင်သရဲကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ မာဂေ့ရှ်က တစ်ရက်မှာ လုပ်ငန်းခွင်ထဲကို သားဖြစ်သူချန်ဒရူကို ခေါ်သွားရာကနေ ချန်ဒရူလေးဟာ လုပ်ငန်းခွင်ထဲကနေ သစ်သားပန်းပုရုပ်လေးတစ်ယောက်ကို ကောက်ရလာပါတော့တယ်။တိုက်တိုက်ဆိုင်ဆိုင်အဲဒီနေ့မှာပဲ မြေတူးနေရင်း စက်အကောင်းကြီးကနေ ထိုးရပ်သွား၊ တရားရုံးကနေလည်း လုပ်ငန်းခွင်ကို ခေတ္တနားထားဖို့ စာရောက်လာတာတွေနဲ့ မာဂေ့ရှ်တစ်ယောက် အလုပ်က အဆင်မပြေဖြစ်နေခဲ့ပါတယ်။ချန်ဒရူလေးဟာ ကောက်ရတဲ့အရုပ်လေးကို အရမ်းကို ကြိုက်နှစ်သက်ပြီးတော့ အဖေတွေ အမေတွေက ဘယ်လိုပဲ လွှင့်ပစ်ဖို့ပြောပြော လွှင့်မပစ်ဘဲ တစ်ချိန်လုံး အရုပ်လေးကို ကိုယ်နဲ့မကွာအနားမှာပဲ ထားလို့နေပါတော့တယ်။ ဒီအရုပ်လေး ရောက်လာတဲ့နောက်ပိုင်းမှာ ချန်ဒရူလေးဟာ အရင်နဲ့မတူတော့ဘဲ ကလန်ကဆန်တွေ လုပ်လာပြီး သူ့ရဲ့ အမူအယာတွေ ထူးဆန်းလို့လာပါတော့တယ်။နောက်ပိုင်းမှာ ချန်ဒရူလေးဟာ ဘယ်လိုထူးဆန်းတာတွေ လုပ်ဦးမလဲ .......... ချန်ဒရူကောက်ရလာတဲ့ အရုပ်လေးမှာရော ဘယ်လိုနောက်ကြောင်းတွေ ရှိနေလဲ ........ အရုပ်လေးထဲမှာရော ဘယ်လိုအရာမျိုးက ပူးကပ်နေတာလဲ ........ ဆိုတာတွေကို ထိတ်ထိတ်လန့်လန့်နဲ့ ကြည့်ရှူရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Cherry~Alex~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie

Jenni (2023)

2023
The Trial (2023) 8.4
The Trial (2023) The Trial 2023 ဒိုင်ယာရီနောက်ကွယ်ကအမှန်တရားဉာဏ်ကစားရတာကြိုက်တဲ့ မှုခင်းပရိသတ်တို့အတွက် India အလှမယ်တစ်ယောက်ဖြစ်တဲ့ Spandana Palli ရဲ့ the trialဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ရူပါရော ဘော်ဒီပါလန်းတဲ့ Spandanaတစ်ယောက် ဘယ်လိုဇာတ်လမ်းလှည့်ကွက်နေတဲ့ ကြည့်ရှုသူကို အတွေးများစေမလဲဆိုတာ ရှုစားကြပါဦး။ရူပါနဲ့အာဂျေးဟာ မိဘချင်း‌ပေးစားလို့ အကြောင်းပါခဲ့တာဆိုပေမဲ့ အများအမြင်မှာတော့ သိပ်ချစ်ကြတဲ့ဇနီးမောင်နှံပေါ့။ ဒီလိုနဲ့ မင်္ဂလာနှစ်ပတ်လည်တစ်နှစ်ပြည့်မှာ ရူပါအတွက် အာဂျေးက အံ့အားသင့်စရာလေးစီစဉ်ပြီးတော့ ရမ်နာဂါက The Nestဆိုတဲ့တိုက်ခန်းကိုလာခဲ့ဖို့ခေါ်တာပေါ့။ ဒါပေမဲ့ နောက်တစ်နေ့မနက်မှာပါလာတဲ့သတင်းကတော့ သူတို့ရဲ့အသိမိတ်ဆွေအားလုံးအတွက် အံ့အားသင့်စရာဖြစ်သွားတာပါ။ ဒီသတင်းကတော့ အာဂျေးတစ်ယောက် နှစ်ပတ်လည်နေ့စပရိုက်စ်တိုက်နေတုန်း တိုက်ပေါ်ကခြေချော်ကျပြီး ဆုံးသွားပါပြီတဲ့။မတော်တဆမှုတစ်ခုနဲ့ ဒီအမှုကိုပိတ်လိုက်ပေမဲ့ အာဂျေးရဲ့အသိုင်းအဝိုင်းကတော့ မကျေနပ်ကြပါဘူး။ ဒီကြားထဲကမှ အရက်ဘားတစ်ခုမှာ ရည်းစားဟောင်းနဲ့ပျော်ပါးနေတဲ့ပုံကိုမြင်လိုက်တော့ ညီမဝမ်းကွဲဖြစ်တဲ့ ဗိုင်ရှနာဗီက အာဂျေးရဲ့အခန်းမှာရှာဖွေရင်းနဲ့ အာဂျေးရဲ့ဒိုင်ယာရီစာအုပ်ကိုတွေ့သွားပါတော့တယ်။ အထဲမှာလည်း အိမ်ထောင်သက်တမ်းတစ်လျှောက် ကိုယ်ရောစိတ်ပါ ညှင်းပန်းခံနေရသယောင်အရေးအသားတွေကြောင့် ဒိုင်ယာရီကို သက်‌သေအနေနဲ့ တရားရုံးကို တင်သွင်းလိုက်အပြီးမှာ အာဂျေးရဲ့သေဆုံးမှုကို ပြန်စစ်ဆေးဖို့တာဝန်က အင်စပက်တာရာဂျိဗ့်ရဲ့ပခုံးပေါ်ရောက်လာပါတော့တယ်။အာဂျေးနဲ့ရူပါကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ။ အာဂျေးရဲ့သေဆုံးမှုဟာ တကယ်ပဲ သွေးရိုးသားရိုးမဟုတ်ဘူးလား။ ကိုယ်တိုင်လည်း လက်ထောက်အင်စပက်တာဖြစ်တာမလို့ နယ်နယ်ရရမဟုတ်တဲ့ရူပါကို ရာဂျိဗ့်တစ်ယောက် စစ်မေးရင်း အမှုမှန်ကိုဖော်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။( အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

The Trial (2023)

2023
Agnyaathavaasi (2018) 4.3
Agnyaathavaasi (2018) Agnyaathavaasi (2018) "နန်းပြင်က အိမ်ရှေ့မင်းသား"2018 က ထွက်ရှိခဲ့တဲ့ နာမည်ကြီး တေလဂူး Action/Thriller ကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အိန္ဒိယရဲ့ အချမ်းသာဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသား Pawan Kalyan နဲ့ မင်းသမီးချောလေး Keerthy Suresh တို့ ပါဝင်ထားကြပါတယ်"Revenge is the best dish best-served cold" "လက်စားချေခြင်းဆိုတာ အေးမှ စားလို့ကောင်းတဲ့ ဟင်းလျာတစ်ခွက်ပါပဲ"တစ်ခုမတူတာကတော့ ဒီကားထဲက မင်းသားက လက်စားချေခြင်းကို အေးမှ စားသုံးမယ့်လူမျိုးမဟုတ်ပဲ... မြန်နိုင်သမျှအမြန်ဆုံး သူ့ရဲ့အဖေနဲ့ ညီလေးကို သတ်သွားတဲ့သူတွေကို လက်စားချေလိုစိတ်ဖြစ်နေသူပါ သူ့ရဲ့ ဝသီအရ "သစ်ပင်တွေကို အထပ်ထပ်ညှင်းပန်းပြီးမှ သက်တောင့်သက်သာ ထိုင်လို့ရတဲ့ ကုလားထိုင်တစ်လုံးဖြစ်သလိုမျိုးပဲ ... သူ့ရဲ့ ရင်ထဲက အာဃာတရန်ငြှိုးတွေ ချုပ်ငြိမ်းပြီး သက်တောင့်သက်သာ နေနိုင်ဖို့ လက်စားချေခြင်းကို အမြန်ဆုံးလုပ်နိုင်မှ အေးမယ်လို့ တွေးထားသူပါဇာတ်လမ်းအစမှာ ဗင်ဒါဆိုတဲ့ AB ...
movie

Agnyaathavaasi (2018)

2018
Guilty (2020) 5.4
Guilty (2020) Guilty 2023 - မပျော်ရတဲ့ဗယ်လင်တိုင်းညIMDb-5.4/10မင်းသမီးချောလေးကီယာရာနဲ့ အကိတ်လေး Akansha Ranjan Kapoor တို့နှစ်ယောက်အပြိုင်ကျဲထားတဲ့ ကျောင်းသားတွေကြားက thriller/ drama ဇာတ်လမ်းတစ်ပုဒ်ကျောင်းသားအရွယ်တွေမှာ ဗယ်လင်တိုင်းဆိုတာ ပျော်ရတဲ့နေ့တွေထဲကတစ်ရက်ပဲလေ ဒီကားထဲမှာတော့ ကျောင်းသားဘဝအပျော်တွေခဏရပ်ပြီး လိင်အကြမ်းဖက်မှုတစ်ခုကြောင့် အားလုံးအစစ်ဆေးခံသံသယတွေဝင်နဲ့နေကြရတာတွေရဲ့အစက ဗယ်လင်တိုင်းညမှာဖြစ်ခဲ့တာမို့ပါပဲဗီဂျေးဆိုတာလူချစ်လူခင်များ ပျိုတိုင်းကြိုက်နှင်းဆီလေးတစ်ယောက် ၊ နန်ကီကတော့သူမတူအောင်တော်တဲ့တေးရေးဆရာမလေး ဗီဂျေးရဲ့ချစ်သူ၊ တာနူဆိုတဲ့ မိန်းမလှလေးက ခု‌မှကျောင်းပြောင်းလာတဲ့အသစ်လေး ဗီဂျေးကိုကြိတ်သဘောကျနေတဲ့သူ၊ ကျောင်းသားတွေ ပြဇာတ်အတူက concert တွေအတူတက်ကြရင်း 2018 ဗယ်လင်တိုင်းညမှာ Twitter မှာ #MeToo နဲ့ တာနူတစ်ယောက် rape ခံရတယ်ဆိုတဲ့သတင်းတက်လာတယ်လိင်အကြမ်းဖက်သူလို့ စွပ်စွဲခံရသူကဗီဂျေး... အားလုံးမူးရူးကွဲပြဲနေတဲ့ ဗယ်လင်တိုင်းညအဖြစ်အပျက်တွေကိုလည်း ဘယ်သူမှမမှတ်မိနေတော့ ကျောင်းစရောက်တည်းက အသွက်လွန်အလန်းလေးကို လူတိုင်းအချစ်တော် သဘောမနောကောင်းဗီဂျေးက ကျူးလွန်တယ်ဆိုတာ ဘယ်သူကမှမယုံကြည်နေလေတော့...ရဲစုံထောက်တွေ သတင်းမီဒီယာတွေ ဆိုရှယ်မီဒီယာတွေမှာပါ ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ဒီအမှုကို တစ်ယောက်ချင်းမေးမြန်းအဖြေရှာရင်း တရားခံကဘယ်သူဖြစ်မလဲဆိုတာတော့....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie

Guilty (2020)