Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bollywood
6.7
Animal (2023)
Animal (2023) ရုပ်သံကြည်လင်ပြတ်သားသော Netflix ဗားရှင်း WEBDLအကြည်ကိုသာ တင်ဆက်ထားပါတယ် ========================================================= IMDb - 6.7/10အားလုံးပဲ စောင့်မျှော်နေကြတဲ့ စော်ကြည်ဘဲတစ်ဖြစ်လဲ ကလေးအဖေကြီး ရန်ဘီးရဲ့ တိရစ္ဆာန်ရုပ်ရှင်ဇာတ်ကားကြီးကို ရုပ်သံကြည်လင်ပြတ်သားစွာနဲ့ တင်ဆက်ပေးလိုက်ပါတယ်ဗျ။ရူပီး ကုဋေတစ်ရာကျော်အသုံးပြုရိုက်ကူးထားပြီး ကုဋေကိုးရာကျော်ပြန်လည်ရရှိခဲ့တဲ့ ဟင်ဒီရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ အာဂျွန်ရတ်ဒီနဲ့ ကဘီးရ်ဆင်းဂ်တို့လို အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ ဆန်ဒိဗ်ရတ်ဒီဗန်ဂါကနေ ရိုက်ကူးတည်းဖြတ်ထားတာပါ။ သတ်မှတ်ချက်အရ A-ratedရုပ်ရှင်ဖြစ်တဲ့အတွက် ၁၈နှစ်ပြည့်ပြီးမှပဲ ကြည့်ရှုသင့်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ သိပ်ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ ချစ်ရတဲ့ ရတ်ရှ်မီးကား၊မင်းသမီးချော တရီပသီ ရုပ်ရှင်အသိုင်းအဝိုင်းမှာ ဒိုးလ်မိသားစုရယ်လို့ ဂုဏ်ရှိန်ကြီးမားလှတဲ့မိသားစုထဲက ဘော်ဘီဒိုးလ်၊ ရန်ဘီးရဲ့ ကပူးရ်မိသားစုထဲက ဘကြီးတော်စပ်သူ မင်းသားကြီး အာနီလ်ကပူးရ်တို့ပါဝင်ထားပါတယ်။ရန်းဗီဂျေးက အဖေကိုသိပ်ချစ်တဲ့ ပါးပါးဘွိုင်းလေးတစ်ယောက်။ ဖခင်ဖြစ်သူက ဘယ်လောက်ပဲအချိန်မပေးနိုင်ပါစေ ငါ့အဖေသာ ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ သတ်မှတ်ချက်နဲ့ ရှင်သန်နေသူတစ်ဦး။ ဒီလောက်ချစ်တဲ့ သားအပေါ်မှာ ဖခင်ပြန်ပေးတာက နွေးထွေးကြင်နာမှုလစ်ဟင်းတာနဲ့ ရိုက်နှက်ဆုံးမမှုတွေ။ ဒါလည်းမိသားစုကိုချစ်တဲ့စိတ်က တစ်စက်ကလေးမှ မလျော့။အစ်မဖြစ်သူ ကောလိပ်မှာ ထိကပါးရိကပါးလုပ်ခံရချိန်မှာတော့ အထက်တန်းကျောင်းသားလေး ရန်းဗီဂျေး AK-47နဲ့သွားကြမ်းပါတော့တယ်။ ဒီလို အချစ်ကြီးပြီး အမျက်ကြီးသူတစ်ယောက် အိမ်ထောင်ကျလို့ ဖခင်ဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရတဲ့အခါမှာတော့...။လူဆိုတာမျိုးက ...
movie
Animal (2023)
2023
4K HEVC
8.8
Marichi (2023)
Marichi 2023 မရဏပန်း IMDb - 8.9/10ဆရာဝန်တွေကိုပဲ ရွေးချယ်ပြီး သတ်နေတဲ့ လူတစ်ယောက်၊ သူဟာ လူသတ်ပြီးသွားရင်လည်း ပန်းလေးတစ်ပွင့်ကို သူသတ်ပါတယ်ဆိုတဲ့အနေနဲ့ အမြဲချန်ထားခဲ့တဲ့ လူသတ်သမား၊ ဆရာဝန်တွေကို သတ်တဲ့အခါမှာလည်း သူ့ရဲ့ပုံစံထဲကနေ သတ်တယ်ဆိုပေမဲ့လို့ မတူညီတဲ့နည်းလမ်းတွေနဲ့သတ်တဲ့သူ။ဒီ ဆိုက်ကိုပါ့သ်လူသတ်ကောင်ကို ဖမ်းဖို့ တာဝန်ပေးခဲ့ရတဲ့ ဘိုင်ရာ့ဗ်ဆိုတဲ့ အရာရှိနဲ့ ဆိုက်ကိုပါ့သ်လူသတ်ကောင်တို့ကြား ဉာဏ်ချင်းယှဉ်ပြိုင်ကြရင်း ကြားထဲကနေ ဆရာဝန်ဘယ်နှစ်ယောက်လောက် အသတ်ခံရပြီးမှ ဒီလူသတ်သမားကို ဖမ်းမိသွားမှာလဲ..........ဒီဆိုက်ကိုပါ့သ်လူသတ်ကောင်ကရော ဘာလို့ ဆရာဝန်တွေကိုမှ ရွေးသတ်နေရတာလဲ ...... ဘိုင်ရာ့ဗ်ကရော ဒီအမှုကို ဘယ်လိုတွေ ဖော်ထုတ်သွားမလဲဆိုတာကို လျှို့ဝှက်ဆန်ဆန်နဲ့ ကြည့်ရှူရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.87GB / 813MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 9m Subtitle….Myanmar ...
movie
Marichi (2023)
2023
8.0
Parking (2023)
Parking (2023) "နေရာ" IMDb - 8.0/10သတင်းရင်းမြစ်တွေအရ ၂၀၂၃တမီးလ်ရုပ်ရှင်တွေထဲမှာ အကောင်းဆုံးစာရင်းဝင်ထားတဲ့ ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။အက်ရှ်ဝါဆိုတာ အိုင်တီပညာရှင်တစ်ဦး။ကိုယ်ဝန်သည်ဇနီးဖြစ်သူနဲ့အတူ ချန်နိုင်းမြို့မှာအိမ်ငှားနေဖို့ ပြောင်းလာပါတယ်။သူတို့ငှားနေတဲ့ အောက်ထပ်မှာတော့ လူရိုးလူဖြောင့် အစိုးရဝန်ထမ်း လူ့ဂွစာအဘိုးကြီးမိသားစုနေပါတယ်။လာဘ်ပေးလာဘ်ယူမုန်း ခေတ်သစ်လူ့အဖွဲ့အစည်းကိုလည်း အမြင်မကြည်တဲ့အဘိုးကြီးနဲ့ ဇနီးဖြစ်သူရဲ့မျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ ချစ်ကြင်နာတတ်တဲ့ အိုင်တီပညာရှင်လူငယ်တို့ တွေ့တွေ့ချင်းမှာတော့ ပလဲနံသင့်ရှိကြပါပေရဲ့။ဒါပေမဲ့လည်း ဇာတ်လမ်းနာမည်အတိုင်း တစ်နေရာတည်းရှိတဲ့ ပါ့ခ်ကင်ကို မောင်ပိုင်စီးဖို့ကြိုးစားကြတဲ့အခါမှာတော့။ ကြောင်နဲ့ကြွက်လို တကျက်ကျက်ဖြစ်လာမဲ့ အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်းလေးကို ပရိသတ်တို့ အပျင်းတော်ပြေစေကြောင်းရယ် တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.59GB / 1.1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Parking (2023)
2023
{18+} Arthaat (2021)
Arthaat (2021)လင်ရယ် မယားရယ်လို့ဖြစ်လာရင် ဆိုးတူကောင်းဖက် အတူဒွန်တွဲနေထိုင်ရမှာဖြစ်သလို တစ်ယောက်နဲ့တစ်ယောက်လည်း ဂုဏ်ပေးလေးစားရမှာ အမှန်ပါပဲ။ လောကကြီးကို ထောက်တည်ထားတဲ့ ထောင့်တွေထဲမှာ လိင်မှုကိစ္စဟာလည်း တစ်ခုအပါအဝင်ဆိုရင် မမှားနိုင်ပါဘူး။ လင်နဲ့မယားကြားက ကွာဟချက်တွေထဲမှာ ဒီကိစ္စရဲ့လိုအပ်ချက်တွေလည်း ပါဝင်ပါတယ်။ဒါကြောင့် လင်နဲ့မယားဆိုတာ တချို့သော ကိစ္စရပ်တွေအသာထားပေဦးတော့။ ဒီကိစ္စအဆင်မပြေတဲ့အခါမှာလည်း အချင်းချင်းမေတ္တာတွေလျော့ပေါ့လာတာများပါတယ်။ဒီဇာတ်ကားလေးမှာလည်း ယောက်ျားဖြစ်သူရဲ့မစွမ်းဆောင်နိုင်ရည်ကို မိန်းမကအလိုမကျဘဲ သူ့စိတ်ထဲမှာ အမြဲယောက်ျားဖြစ်သူကို အပြစ်ရှာချင်နေတယ်။ ဇရက်တောင်ပံကျိုးဖြစ်နေတဲ့ သူမကို ကြောင်ခံတွင်းပျက်တွေက အမြီးရရ ခေါင်းရရ အမြတ်ထုတ်လာတဲ့အခါမှာတော့ ဇာတ်လမ်းက ဘယ်လိုဖြစ်သွားတော့မလဲ။ဆိုတော့ ၁၈အပေါင်းကားလေးကို ၁၈ယောက်စုကြည့်လို့ရပါပြီနော်။Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…937MB / 496MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Taylor
movie
{18+} Arthaat (2021)
5.5
Katamarayudu (2017)
Katamarayudu (2017) "ဒုတိယမြောက် ရင်ခုန်သံ"Pawan Kalyan နဲ့ Salaar ကားထဲက မင်းသမီးချော ရုရူသီတို့ ပါဝင်ထားတဲ့ တေလဂူး Action/Drama ကားဟောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ရွာတစ်ရွာမှာ ကာတာမာရာယူဒူက သူ့ရဲ့ညီ ၄ ယောက်နဲ့ အတူ နေထိုင်ပါတယ် မကောင်းမှုကို လက်မခံဘဲ သူ့ကိုပြဿနာရှာတဲ့သူကို မှတ်လောက်သားလောက်အောင် ဆုံးမတတ်တဲ့ ရွာက နာမည်ကြီးလူမိုက်ဖြစ်ပါတယ်သူတို့မိသားစုရဲ့ ရှေ့နေဖြစ်သူ လင်ဂါက သူတို့ရဲ့ရန်ပွဲက ဖြစ်တဲ့ ကိစ္စအဝဝကို ဖြေရှင်းပေးရပြီး တစ်ရွာလုံးမှာလည်း ကာတာမာကို သွားထိလို့မရတဲ့ လူတစ်ယောက်အဖြစ် သတ်မှတ်ထားကြတာပါဒါ့အပြင် အစ်ကိုကြီး ကာတာမာ သတ်မှတ်ထားတဲ့ စည်းမျဥ်းတစ်ခုကတော့ သူ့ရဲ့အိမ်မှာ ဘယ်မိန်းမရဲ့ မျက်နှာကိုမှ မမြင်စေရဘူးဆိုတာပါပဲဒါပေမဲ့လည်း ရှေ့နေအပါအဝင် ညီ ၄ ယောက်လုံးက ကွယ်ရာမှာတော့ သူတို့အစ်ကိုမသိအောင် ချစ်သူကိုယ်စီ ခိုးထားနေကြပါတယ် သူတို့တွေ မိန်းမလိုချင်တာကြောင့် ကျောက်တုံးလို မာကျောတဲ့ သူတို့အစ်ကိုရဲ့ နှလုံးသားကို မိန်းမတစ်ယောက်အတွက် အရည်ပျော်အောင် ဝိုင်းဝန်းကြံဆကြရပါတော့တယ်ကာတာမာတစ်ယောက် အတိတ်မှာ ချစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့ပေမဲ့ သူနဲ့ ဘယ်လိုတွေ ...
movie
Katamarayudu (2017)
2023
{18+} Zaher (2020)
Zaher (2020)ညတစ်ညမှာ အိမ်တစ်အိမ်ကို ကောင်မလေးတစ်ယောက်က တံခါးခေါက်ပြီး ဝင်ခွင့်တောင်းတယ်။ အိမ်ပိုင်ရှင်ကောင်လေးက ဝင်ခွင့်ပေးလိုက်ပါတယ်။ ဒီဝင်ခွင့်ပေးလိုက်ရာကနေ ဇာတ်လမ်းလေးတပုဒ်ဖြစ်တည်လာတာပါပဲဧည့်သည်နဲ့အိမ်ရှင်တို့ကြားရင်းနှီးမှုအဆင့်တွေ မြင့်လာတဲ့အခါ သံယောဇဉ်တွေတွယ်လာပြီး ဧည့်သည်မလေးက ဒီအိမ်မှာ အိမ်ရှင်မလေးပါဖြစ်ချင်လာတဲ့အခါ...မထင်မှတ်ထားတဲ့ဇာတ်လမ်းအလှည့်ပြောင်းနဲ့ ညိုပြာညက်အသားရည်ပိုင်ရှင် ခန္ဓာကိုယ်ပြေပျစ်လှတဲ့ ဘောလိဝုဒ်မင်းသမီးလေးနဲ့အတူ တင်ဆက်ပေးထားပါတယ်...(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…400MB Quality…720p Format…mp4 Duration….60mins Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Devil
movie
{18+} Zaher (2020)
5.3
Love Birds (2023)
Love Birds (2023)"အချစ်ငှက်ကလေးတွေ" =================================မာယာဆိုတဲ့ ရှေ့နေမလေးဟာ အင်မတန့်အင်မတန်တော်တဲ့ ကွာရှင်းရှေ့နေမလေးပါ။ ကွာရှင်းပေးတဲ့နေရာမှာ တော်တာမဟုတ်ဘူး။ ကွာရှင်းချင်တဲ့လင်မယားတွေကို ကွာရှင်းချင်စိတ်ပျောက်အောင် တရားရုံးမှာ လျှောက်လွဲချက်ပေးပြီး အထောက်အထားမခိုင်လုံလို့ တရားသူကြီးက ကွာရှင်းမိန့်ပေးရင်တောင် မာယာဟာ စကားလုံးလှလှလေးတွေနဲ့ တယောထိုးပြီး ကာယကံရှင်တွေကို ချစ်စိတ်ကြင်နာစိတ်ပြန်ဝင်ပြီး ပြန်ပေါင်းစည်းအောင်လုပ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။အဲဒီလိုနဲ့ တစ်နေ့တော့ သူ့ဆီကို အသိကနေတဆင့်ရောက်လာတဲ့ ဒီပါ့ခ်နဲ့ ပူဂျာဆိုတဲ့ ကွာရှင်းချင်နေတဲ့ လူထူးဆန်းဇနီးမောင်နှံကို ပြန်ပေါင်းစည်းရေး မောင်းတီးပေးရတဲ့အချိန်မှာတော့ အခွီလေးတွေမထူမပါးဖောက်ထားတဲ့ အချစ်ငှက်ကလေးတွေဆိုတဲ့ အနှီရုပ်ရှင် ပေါ်ပေါက်လာပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Love Birds (2023)
2023
8.5
Vidhi (2023)
Vidhi (2023) "ကံတရား"IMDb - 8.6/10Death Noteမဟုတ်တဲ့ Death Penပါ။ ခုလိုပြောလိုက်လို့ ပေါကားလို့ထင်သွားစရာဆိုပေမဲ့ ပေါကားမဟုတ်ဘဲ သေချာလေး စေတနာထားရိုက်ကူးတင်ဆက်ထားတာကို တွေ့မြင်ကြရမှာပါ။ဆူရီယာဆိုတာ ရိုးသားပြီး အပြစ်ကင်းစင်တဲ့ကောင်လေးတစ်ယောက်။ 'ကမ္ဘာကြီးဆိုတာ လှပါတယ် ဒါပေမဲ့ မြေခွေးလိုကောင်တွေနဲ့ ဝိုင်းနေတာ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရိုးသားမှုကိုတော့ လက်မလျော့လိုက်နဲ့နော်...'ဆိုတဲ့ ချစ်ခင်ရသူတစ်ဦးရဲ့ နောက်ဆုံးစကားကြောင့်ပဲ အကောင်းဆုံးကြိုးစားရှင်သန်နေထိုင်ပါတယ်။သားမိနှစ်ယောက်တည်းရှိတဲ့ဘ၀မှာ အကြွေးနွံနစ်နေတာကြောင့် ချစ်သူရှိရာမြို့လေးဆီ အလုပ်လုပ်ဖို့တက်လာခဲ့ပါတယ်။ ကြုံတဲ့ဆန်စက်မှာ ဝင်လုပ်ပေမဲ့ သူ့ကိုနောက်ဆုံးပြောသွားခဲ့တဲ့စကားလို မြေခွေးတွေဝိုင်းနေတဲ့လောကကြီးကို နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရပါတော့တယ်။ တစ်ရက်...လမ်းမှာကောက်တွေ့တဲ့ ရွှေရောင်ဘောပင်လေးကို ပြန်ရောင်းစားမယ်ဆိုတဲ့စိတ်နဲ့ သိမ်းထားရာကအစ။ အမှန်တရားနဲ့ ကလဲ့စားကြားက မျဉ်းပါးပါးလေးကို သူဘယ်လိုအသုံးချရှင်သန်သွားမလဲဆိုတာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Saii ~ BpL ~ Yunniတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.7GB / 787MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard ...
movie
Vidhi (2023)
2023
7.7
Guthlee Ladoo (2023)
Guthlee Ladoo (2023) ဂူသလီးနဲ့လဒူးIMDb-7.8/10 Sanjay Mishra နဲ့ Subrata Datta တို့လို ဝါရင့်အနုပညာရှင်ကြီးနှစ်ယောက်နဲ့ ကလေးတွေရဲ့ညသရုပ်ဆောင်ချက်တွေကို ရင်ထဲထိနေအောင် ရှုစားရမဲ့ကားပါ ဘဝမှာ ရှင်သန်ရတဲ့အနေအထား ပတ်ဝန်းကျင်တူရင်တောင် စိတ်ကူးရည်မှန်းချက်တွေကမတူညီကြပါဘူးကလေးငယ်တွေရဲ့စိတ်ကူးရည်မှန်းချက်ကွဲပြားသွားတာက မိဘတွေရဲ့အတွေးခံယူမှု သင်ကြားပြသမှုတွေနဲ့ အများကြီးသက်ဆိုင်ကြောင်းဒီကားမှာမြင်တွေ့ရမှာပါ ဂူသလီး နဲ့ လဒူးဆိုတာ သန့်ရှင်းသမားကြီးတွေရဲ့ သားတွေပေါ့ ဂူသလီးရဲ့အဖေက ပညာနဲ့ဒီဘဝကနေလွတ်မြောက်အောင်လုပ်နိုင်တယ်လို့ သင်ကြားပေးတဲ့သူ လဒူးရဲ့အဖေကတော့ ကံကြမ္မာဆိုတာပြောင်းလဲလို့မရဘူးဆိုပြီး ဒီဘဝကိုပဲလက်ခံတတ်အောင်သင်ကြားပေးတဲ့သူ ဂူသလီးလေးက ကျောင်းစာသင်ခန်းတွေရဲ့ အပြင်ကနေ စာတွေလိုက်သင်ပညာကို အရမ်းတောင့်တလိုချင်နေပေမဲ့ လဒူးလေးကတော့ လဒူးမုန့်ချိုတွေပဲအမြဲစားချင်နေတဲ့ ဝတုတ်လေး ဂူသလီးလေး စာအရမ်းတတ်ချင်တာကို သိလို့ပံ့ပိုးချင်ကြသူတွေရှိသလို သန့်ရှင်းရေးသမားသားဆိုတာနဲ့ အဆင့်အတန်းခွဲ နှိမ်ထားချင်သူကလည်းအပြည့် ဇွဲမသေးတဲ့ ဂူသလီးနဲ့ အားပေးတန်တဲ့အဖေကြောင့် ဒီကလေးအနာဂတ်က အပြောင်းအလဲတွေဖြစ်လာမလား...|လူ့အဖွဲ့အစည်းရဲ့ဖိနှိပ်မှုတွေကြားမှာ အရှုံးပေးသွားရမလား လဒူးလေးကရော သူငယ်ချင်းဂူသလီးနဲ့အတူပြောင်းလဲလာမလားဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ Yunni ~ ToMo ~ Sai တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
movie
Guthlee Ladoo (2023)
2023
5.3
Universal Soldier: Regeneration (2009)
ဒီရုပ်ရှင်ကတော့ Universal Soldier franchise ရဲ့ ငါးကားမြောက်ရုပ်ရှင်ဖြစ်ပြီး Action/ Sci-fi အမျိုးအစားဖြစ်ပါတယ်။ အရင်ဇာတ်ကားတွေကလို ဗန်ဒိန်းကပဲ Luv အဖြစ် ပါဝင်ထားပြီး သူ့ရဲ့ရန်သူတော် Andrew နေရာမှာ ၁၉၉၂ ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ မင်းသားကြီး Lundgren ကပဲထပ်မံပါဝင်ထားပါတယ်။ ဒီဇာတ်ကားက ၁၉၉၂ ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပြီး ၁၉၉၉ က Universal Soldier : The Return လိုပဲ ၁၉၉၂ ရုပ်ရှင်ရဲ့နောက်ဆက်တွဲ sequel ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၉၉ ရုပ်ရှင်နဲ့ မတူညီတဲ့ Alternative story ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ပါဆာလန်လွတ်မြောက်ရေးတပ်ဦးဆိုတဲ့ အကြမ်းဖက်အဖွဲ့က ယူကရိန်းနိုင်ငံဝန်ကြီးချုပ်ရဲ့ သားနဲ့သမီးကို ပြန်ပေးဆွဲပြီး ချာနိုဘိုင်းမြို့ပျက်ကြီးက နျူကလီးယားစက်ရုံဟောင်းမှာ ထိန်းသိမ်းထားပါတယ်။ယူကရိန်းဝန်ကြီးချုပ်က သူတို့တောင်းဆိုတာမလိုက်လျောရင် အဏုမြူဓာတ်ပေါင်းဖိုကို ဖောက်ခွဲပစ်မယ်လို့ ခြိမ့်းခြောက်ပါတယ်။ သူတို့ဘက်မှာ NGU လို့ခေါ်တဲ့ မျိုးဆက်သစ် ...
movie
Universal Soldier: Regeneration (2009)
7.9
Kannagi (2023)
Kannagi (2023) " အာဂမိန်းမသား "IMDb-8.1/10Yashwanth Kishore လို့ခေါ်တဲ့အမျိုးသားဒါရိုက်တာတစ်ယောက် ရိုက်ကူးတဲ့ အမျိုးသမီးလေးယောက်ရဲ့ ခက်ခဲဖြတ်သန်းရတဲ့ဘဝအဖုံဖုံကိုရိုက်ကူးထားတာဖြစ်ပါတယ်အိမ်ထောင်ပြုဖို့ အားလုံးစီစဉ်ထားပြီးမှ အဆင်မပြေမှုတွေဆက်တိုင်ဖြစ်နေတဲ့ကာလိုင် ယောက်ျားက ကွာရှင်းခွင့်တောင်းဆိုခံထားရတဲ့နယ်သရာ အိမ်ထောင်သည်ဘဝအစတည်းက ပတ်ဝန်းကျင်စံသတ်မှတ်ချက်တွေကြား ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့နဒီ ချစ်သူနဲ့ကိုယ်ဝန်ရပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတဲ့ ဂီတာဒီလေးယောက်ရဲ့ဘဝဟာ ဘေးကနေကြည့်ရင်ရိုးရှင်းသလောက် လက်တွေ့ရင်ဆိုင်ကြတဲ့အချိန်မှာ ရိုးရှင်းမနေပါဘူး မိသားစု ၊ ခင်ပွန်းဘက်ကမိသားစု နဲ့ ပတ်ဝန်းကျင်ပြောစကား နဲ့ ကိုယ်တိုင်ဆင်ခြင်တုံ့တရားတွေကြား အဖြေရှာရင်းလမ်းပျောက်နေကြသူတွေ...မိန်းမတွေခက်ခဲပင်ပန်းရတာကို မိန်းမတွေပဲသိတယ်လို့ပြောခဲ့ကြပေမဲ့ ဒီကားကတော့ ယောက်ျားတစ်ယောက်က ဇာတ်ညွှန်းရေးရိုက်ကူးထားတာမို့ ဘယ်လိုအမြင်တွေကွဲထွက်နေမလဲဆိုတာရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ V ~ Zwe ~ Cherry ~ ToMo ~ BpL တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.39GB / 975MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ...
movie
Kannagi (2023)
2023
7.3
Fight Club (2023)
Fight Club 2023 ( ရန်ငြိုး) =================== IMDB 7.3/10အခုတစ်ခါတင်ဆက်ပေးမယ့် တမီလ်ကားကောင်းလေးကတော့ ဘရက်ပစ်ရဲ့ Fight Club မဟုတ်တဲ့ တမီလ် Fight Club ပါ ဟို Fight Club ကို ခေါင်းမစားပဲ အမှန်အကန်ချမဲ့ကားမို့ အေးဆေးခံစားကြည့်ရှုလို့ရပါတယ်ဇာတ်လမ်းအကျဉ်းကတော့ မူးယစ်ဆေးအရက်ပုန်းရောင်းတဲ့ ကီရူဘာဆိုတဲ့သူက သူ့ပါတနာဂျိုးဆပ်ဆီက ငွေရင်းတောင်းတာကို ဟိုကောင်က အိမ်ကနေဆွဲကြိုးခိုးရောင်းပြီး ပေးပါတယ် အဲဒီချိန်မှာ သူ့အကို ဘန်ဂျီနဲ့ကွိုင်ပြီး သူ့အကိုဘန်ဂျီက ကီရူဘာကိုရော ဂျိုးဆပ်ကိုပါ ဒီမကောင်းတာတွေမလုပ်ဖို့ တားနေတဲ့အချိန် အသတ်ခံလိုက်ရပါတယ်အဲဒီမှာ ကီရူဘာက ဂျိုးဆပ်ကိုသူ့အကိုကို ပြန်သတ်ပါတယ်လို့ အမှုဆင်ပြီး ဂျေးထဲအောင်းခိုင်းလိုက်ပါတယ် ဂျိုးဆပ်ထောင်ကပြန်ထွက်လာတော့ ကီရူဘာက အပြင်မှာဆရာကြီးဖြစ်နေပါပြီ အဲ့လိုနဲ့ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ပိတ်ကားထက်မှာ ဆက်မျှော်ကြည့်ကြဖို့ ပြောလိုပါတယ်ဇာတ်လမ်းလေးကလည်း သဘာဝဆန်ပြီး ရိုက်ချက်တွေကလည်း သဘာဝဆန်တာမို့ ပရိသတ်တို့အကြိုက်တွေ့မယ့်ဇာတ်ကားလေးပါပဲလို့ ညွှန်းဆိုပေးလိုက်ပါရစေ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…3.48GB ...
movie
Fight Club (2023)
2023
8.2
Sam Bahadur (2023)
Sam Bahadur 2023 ဆမ်ဗဟာဒူးလ်IMDb-8.2/10ဒီဇာတ်လမ်းလေးဟာ အိန္ဒိယရဲ့ပထမဆုံး အဆင့်မြင့်ဗိုလ်မှူးချုပ်ကြီး ဆမ်နက်ရှောရဲ့ ဘဝဇာတ်ကြောင်းကို အခြေပြုရိုက်ကူးထားတဲ့ War Drama စစ်ကားလေးပဲဖြစ်ပါတယ်69th Filmfare Awards မှာ ဆန်ကာတင်ရှစ်ဆုအထိပါဝင်ခဲ့ပြီး ဝေဖန်ရေးဆရာများရဲ့ ချီးကျူးမှုပေါင်းများစွာကို ရရှိထားတဲ့ Real life Adaptation ဇာတ်ကားပဲဖြစ်ပါတယ်ကိုလူချောကြီး Vicky Kaushal ယူနီဖောင်းနဲ့ခန့်ခန့်သန့်သန့်မြင်တွေ့ရမှာဖြစ်ပြီး အလှနှစ်ပါး Fatima Sana Shaikh နဲ့ Sanya Malhotra တို့လည်းပါဝင်ထားတဲ့ ရုံတင်ငွေ ၁၂၈ ကုဋေကျော်ရရှိထားတဲ့ကားဖြစ်ပါတယ်ဗိုလ်ချုပ်ကြီး မန်နက်ရှောရဲ့ဘဝဇာတ်ကြောင်းဆိုပေမဲ့ ဗြိတိသျှလက်အောက်ခံဘဝ ဒုတိယကမ္ဘာစစ်ကာလထဲက ဗိုလ်ဖြစ်ခဲ့တဲ့ ဗိုလ်မန်နက်ရှောရဲ့ တိုက်ပွဲပေါင်းများစွာ စစ်ပွဲပေါင်းများစွာကို ကြည့်ရှုရမှာဖြစ်ပြီး အိန္ဒိယရဲ့ ဂန္ဓဝင်ဗိုလ်ချုပ်ကြီးတစ်ယောက် ဘယ်လိုဖြစ်လာခဲ့လဲဆိုတာ တိုက်ပွဲဇာတ်ဝင်ခန်းများစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမှာဖြစ်လို့ စစ်ကားကောင်းကောင်းမျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File ...
movie
Sam Bahadur (2023)
2023
4K HEVC
(18+) Chaahat (2020)
Chaahat (2020)လူ့အလိုနတ်မဖြည့်နိုင်ဆိုသလို လူတွေမှာက ဆန္ဒတွေ လိုချင်တောင်းတမှုတွေကလဲ အတော်ကိုများပါတယ်စားကောင်းတာမြင်ချင်ရင်စားချင်တယ် လှတာတွေ့ရင်ဝတ်ချင်တယ်စသဖြင့် အဆုံးမသတ်နိုင်တဲ့ လိုအင်ဆန္ဒနဲ့ ရမ္မက်တွေကြား လူတွေဟာ အတော်ကိုပူလောင်တိုင်ပတ်လျှက်ပါပဲ...ဒီရုပ်ရှင်မှာလဲ လူတွေရဲ့အကြီးမားဆုံးဆန္ဒထဲကတခုဖြစ်တဲ့ အိမ်ထောင်ရေးအာသီသ ဆန္ဒရမ္မက်ကို ပညာပေးသဖွယ်တင်ဆက်ပေးထားပါတယ်မိန်းမသားသဘာဝ အိမ်ထောင်ရေးဆန္ဒမပြည့်ဝတဲ့အခါ စိတ်ရှုပ်ထွေးတတ်ကြတော့ ဖြေသာရာ ထွက်ပေါက်ရှာတတ်ကြပါတယ်...ထွက်ပေါက်တွေက ကိုယ့်အတွက်ဖြေသာရာတခုဆိုပေမဲ့ တခြားလူအတွက်ရောအဆင်ပြေပါ့မလား ...ထွက်ပေါက်ရှာတိုင်း အဆင်ပြေသွားမှာလားဆိုတာကို အညိုစင်အလှအပတွေနဲ့မွမ်းမံရင်း ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်တကားပဲဖြစ်ပါတယ်... File size…421MB / 215MB Quality…WEB DL 1080p / 720p Format…mp4 Subtitle….Myanmar Subtitle (Hard Sub) Encoder…XCross Translated by Devil
movie
(18+) Chaahat (2020)
2020
8.6
Mathimaran (2023)
Mathimaran (2023) ကိုပုရှင်းတဲ့အမှုမြေနိမ့်ရာလှံစိုက်တတ်တဲ့ လောကကြီးထဲမှာ မပြည့်မစုံနဲ့ မွေးဖွားလာတဲ့သူအဖို့ ကဲ့ရဲ့ရှုတ်ချသံသာ စားသုံးရာလို့ဆိုနိုင်သလို လူတွေဟာလည်း ဒီလိုလူတွေဆို အမြဲလှောင်ပြောင်ချင်ကြတယ်လေ။နယ်မြို့လေးတစ်မြို့က နယ်ဒူမာရန်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာလည်းဒီလိုပဲလူ့အကဲ့ရဲ့ခံ လူပုလေးတစ်ယောက်ဖြစ်ခဲ့တယ်။ လူတွေနဲ့တန်းတူနေရဖို့အရေး အပတ်တကုပ်ကြိုးစားရင်းနဲ့ ဘဝရဲ့ဒဿနတွေကို ပုံဖေါ်နေခဲ့တယ်။တစ်ဖက်မှာလည်း ကွင်းဆက်လူသတ်မှုတွေဖြစ်ပွားနေခဲ့ပါတယ်။ အသတ်ခံရသူတွေဟာ အိမ်ထောင်သည်အမျိုးသမီးတွေဖြစ်ပြီး ရက်ရက်စက်စက် မုဒိန်းကျင့်သတ်ဖြတ်ခံနေရတာပါ။ဒီလူပုလေးနဲ့ ဒီလူသတ်မှု ဆက်စပ်နေပါ့မလား...။ဆိုတော့ လူသတ်မှုကို ဖေါ်ထုတ်မယ့်စုံထောက်များ အဖြေရှာလို့ရပါပြီနော်။အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ Taylor ~ V ~ Cherry ~ KKKZ ~ BpL တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.24GB / 916MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ V ~ Cherry ...
movie
Mathimaran (2023)
2023
7.8
Neru (2023)
Neru (2023) "အမှန်တရား" IMDb - 7.8/10(function(f,b,n,j,x,e){})();လေးတန်းတောင်မအောင်ဘဲ မိသားစုကိုစော်ကားဖို့ကြံတဲ့သူရဲ့အလောင်းကို ဖျောက်ပြခဲ့တဲ့ မူရင်းမလေယာလမ်းရုပ်ရှင်ထဲက မင်းသားကြီး Mohanlal Viswanathanရဲ့ ရုံတင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို အမေရိကန်ဒေါ်လာ တစ်သန်းကျော်အသုံးပြုရိုက်ကူးခဲ့ပြီး ဆယ်ဆကျော် ပြန်လည်ရရှိခဲ့တာပါ။ Jawan (2023)ရုပ်ရှင်ထဲမှာပါခဲ့တဲ့ မင်းသမီးချောလေး ပါရီယာမာနီလည်း ပါဝင်ထားပါသေးတယ်။ပန်းပုပညာရှင် မျက်မမြင်အမျိုးသမီးလေးရဲ့ ပုံဖော်မှုကြောင့် မုဒိမ်းသမားကို ဖမ်းဆီးနိုင်ခဲ့ပေမဲ့ သက်သေမခိုင်လုံတာကြောင့် မုဒိမ်းကောင်က အာမခံနဲ့ လွတ်သွားခဲ့ပါတယ်။မုဒိမ်းကောင်မိသားစုက အင်မတန်ချမ်းသာတဲ့မိသားစု ဖြစ်တာရော သူတို့အမှုကို လိုက်ပေးတဲ့ရှေ့နေရဲ့ ဂုဏ်သတင်းကျော်ဇောမှု ဩဇာညောင်းမှုတွေကြောင့်ရောနဲ့ ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်ဘက်ကနေ လိုက်ပေးမဲ့ ရှေ့နေကို ရှာဖို့ရာမလွယ်ကူခဲ့။ဒီမှာပဲ ကျွန်တော်တို့ရဲ့ လေးတန်းမအောင်တဲ့ဇာတ်လိုက်ကျော်ကြီးက အဓိကနေရာကိုရောက်လာပါတော့တယ်။ တရားကိုစောင့်ပါတယ်ဆိုတဲ့ နတ်က တကယ်ပဲရှိတာလားဆိုတာ ကြည့်ရှုသူအပေါင်းတို့ကပဲ ဝေဖန်သုံးသပ်ကြပါဦးတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…5.23GB / 2.16GB / 918MB Quality…4k ...
movie
Neru (2023)
2023
4K HEVC
8.4
Thinker (Vivesini) (2023)
Vivesini 2023 (စူးစမ်းသံသရာ)IMDb-8.4/10သစ်ပင်တွေက ကိုယ့်ကိုယ်ကိုယ်ကာကွယ်တတ်တယ်ဆိုတာ ယုံပါသလား ခုတ်ဖြတ်ခံရမဲ့သူတို့ဘဝကို ကယ်တင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေသုံးလဲဆိုတာသိရရင် ကြည့်ရှုသူတို့ယုံနိုင်မယ်မထင် ဟိုးလွန်ခဲ့တဲ့ နှစ်၂၀၀လောက်တုန်းက တောအုပ်ထဲနေထိုင်တဲ့ မျိုးနွယ်စုတစ်စုရှိခဲ့တယ် ငြိမ်းချမ်းစွာနေထိုင်ခဲ့ပေမဲ့ ရဲတွေရဲ့ နယ်မြေသိမ်းပိုက်လိုမှုကြောင့် ယောကျာ်းတွေဆိုဖမ်းဆီး မိန်းမနဲ့ကလေးတွေဆိုနှင်ထုတ်ပြီး လက်ဝါးကြီးအုပ်ခဲ့တဲ့နှစ်တွေရှိခဲ့ဖူးပါတယ်ဒီဖြစ်ရပ်ကိုကယ်တင်ခဲ့တဲ့လူတွေကတော့ အသက်၆၀နီးပါးရှိတဲ့ အဘွားကြီး၄ယောက်ပါ မြင်းကိုယ်စီနဲ့ ကောင်းကင်ဘုံက နတ်ဘုရားမတွေလို လှံကိုကိုင်စွဲတွန်းလှန်ခဲ့ပြီး အသက်၁၁၀ထိတိုင် ရှင်သန်သွားခဲ့ကြတယ် ဒီ၄ယောက်အဖြစ် သမုတ်ထားတဲ့ သစ်ပင်ကြီးလေးပင်က ဒီတောအုပ်ကိုဆက်လက်စောင့်ရှောက်တယ်လို့လည်းဆိုစမှတ်ပြုကြပြန်တယ်။။။(လက်ရှိကာလ) ခေတ်နဲ့အညီပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ယုံကြည်မှုတွေ...သရဲခြောက်တယ် မိန်းမတွေဝင်ခွင့်မရှိဘူးလို့ နာမည်ကြီးနေတဲ့တောထဲကို ဝင်ဖို့ပြင်ပြီးခါမှ ဒဏ်ရာရသွားတဲ့ ဖခင်ဖြစ်သူကိုယ်စားတောထဲလိုက်စုံစမ်းရှာဖွေဖို့ တာဝန်ယူလိုက်ရတဲ့ ရှက်ခ်သီ ဒီအရာတွေကိုအယုံအကြည်မရှိပေမဲ့ ဒဏ်ရာနဲ့ဖခင်ကြီးကိုမလွှတ်ရက်လို့ ကိုယ်တိုင်ဝင်လာခဲ့တဲ့ရှက်ခ်သီ တောထဲရောက်ပြီး သူကြုံတွေ့ခဲ့ရတဲ့အရာတွေက သူခံယူထားတဲ့အရာတွေ ၊ ဆန့်ကျင်ထားတဲ့အမြင်တွေနဲ့ အလွဲကြီးလွဲနေတော့တယ်ဟိုးအရင်တည်းကတည်ရှိနေခဲ့တဲ့ ထူးဆန်းအံ့ဩဖွယ်တွေနဲ့ တောနက်ကြီးထဲ လူငယ်တွေရဲ့ ရဲတင်းမှုတွေနဲ့ ဘယ်လိုအမှန်တရားတွေထွက်ပေါ်လာမလဲဆိုတာ သည်းထိတ်ရင်ဖိုရှုစားကြည့်ပါဦး(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ ToMo ~ KKKZ ~ Zwe Yan ~ Yunni တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie
Thinker (Vivesini) (2023)
2023
8.6
Starfish (2023)
Starfish (2023) "ပင်လယ်အောက်က လမ်းပျောက်ကြယ်" ===========================================IMDb 8.7/10 Dhokha: Round D Corner ဆိုတဲ့ ၂၀၂၂ ထွက် ရုပ်ရှင်ထဲမှာ တမီလ်မင်းသားကြီး အာရ်မာဒေဗန်းနဲ့ အပြိုင်သရုပ်ဆောင်ပြီး အနီရောင်ဆာရီတစ်ထည်တည်းနဲ့ ပရိသတ်တွေကို ပြုစားခဲ့တဲ့ မင်းသမီးချော ခူရှားလီကူးမားရ်ရဲ့ Starfish ဆိုတဲ့ ရုပ်ရှင်လေးထွက်ရှိလာပါပြီ။ဒီရုပ်ရှင်ဟာဆိုရင် မင်းသမီးခူရှားလီကူးမားရ်ရဲ့အလှတွေနဲ့အတူ ပင်လယ်ရေအောက်ကမ္ဘာကြီးရဲ့ ပဟေဠိဆန်တဲ့အလှအပတွေကိုပါ သေချာပုံဖော်ပြထားလို့ ပရိသတ်တွေအတွက် မျက်စိပဒါသဖြစ်စေမှာ အမှန်ပါပဲ။ပင်လယ်ဆိုတာ အပေါ်ယံမှာ လှပေမဲ့ ဘယ်သူမှမမြင်နိုင်တဲ့အတွင်းပိုင်းမှာတော့ လျှို့ဝှက်ချက်တွေပြည့်နေပါတယ်။ တာရာ့ဘဝဟာလည်း အဲဒီလိုပါပဲ။ အပြင်ပိုင်းမှာ စင်းလုံးချောလှတဲ့ ရေငုပ်သမလေးဆိုပေမဲ့ လူတွေမသိတဲ့အတွင်းပိုင်းမှာတော့ မှောင်မိုက်ရှုပ်ထွေးမှုတွေ မတည်ငြိမ်မှုတွေ ပြည့်နှက်နေပါတယ်။ ပင်လယ်ကြီးလိုမျိုး နားလည်ရခက်တဲ့တာရာဟာ သူချစ်တဲ့ယောက်ျားတစ်ယောက်နဲ့ သူ့ကိုချစ်တဲ့ ယောက်ျားတစ်ယောက်ကြားမှာ ဘဝရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချရင်း သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းအတူ စိတ်ဒဏ်ရာတွေကို ဖွင့်လှစ်ပြပုံကို တာရာ့ရဲ့ အလှအပတွေနဲ့အတူ ဒီရုပ်ရှင်လေးထဲမှာမြင်ရမှာပါ...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File ...
movie
Starfish (2023)
2023
6.5
Odavum Mudiyadhu Oliyavum Mudiyadhu (2023)
Odavum Mudiyadhu Oliyavum Mudiyadhu (2023) သရဲခြောက်သောရုပ်ရှင်ရုံကြီး(function(f,b,n,j,x,e){})();အတည်ပေါက်ကားတွေ ကြည့်ရတာများပြီး ပေါ့ပေါ့ပါးပါး ရီမောချင်တဲ့ပရိသတ်တွေအတွက် တမီလ်ဟာသသရဲကားလေးကို တင်ဆက်ပေးချင်ပါတယ်ဟာသသရဲကားဆိုပေမဲ့ သရဲဆိုတဲ့အတိုင်း နဲနဲတော့ခြောက်မှာပါနော် အဲ့တော့ ကြောက်လဲကြောက်ခွီလဲခွီနဲ့ ပျော်စရာကြီးဖြစ်နေမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ရုပ်ရှင်ရုံသရဲပါ အဆောင်ကနေခိုးထွက်လာတဲ့ကောင်မလေးတွေရယ် ကျောင်းလစ်ပြီး ရုပ်ရှင်လာကြည့်တဲ့ သောက်ကလေးတွေရယ် ရွာပြန်ဖို့ကားမရှိတော့လို့ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ရင်းအိပ်ကြမဲ့ ရုပ်ရှင်ရူးတောသားတွေရယ် လင်ငယ်နဲ့ရုပ်ရှင်ရုံမှာလာချိန်းတွေ့တဲ့အတွဲရယ် စသည်ဖြင့်လူတအုပ်ကြီးက အမှတ်မထင် ရုပ်ရှင်ဝင်ကြည့်ဖြစ်တဲ့အချိန် အဲ့ရုံက လူများစွာသေထားပြီး မကျွတ်လွတ်သေးတဲ့ သရဲများရှိနေတဲ့အချိန်….. အားလုံးအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဘယာနကရသနဲ့အတူ ဟဒယရွှင်ဆေးလေးကို CM Bollywood Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.67GB / 763MB Quality…WEB DL 1080p / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Odavum Mudiyadhu Oliyavum Mudiyadhu (2023)
2023
7.7
Philip’s (2023)
Philip's (2023) "ဖိလစ်တို့ မိသားစု"(function(f,b,n,j,x,e){})();IMDb 7.9 ရထားတဲ့ မလေယာလမ် စကားပြော မိသားစု family/drama လေးဖြစ်ပြီး မလေယာလမ်လှိုင်းသစ်ရဲ့ ဝါရင့်မင်းသားကြီး Mukesh က ဖိလစ်အဖြစ်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်း ဖိလစ်တို့မိသားစုမှာ ဖိလစ်နဲ့ ဘေစီ ဘလက်စီ ဘစ်တီ ဆိုတဲ့ မိတဆိုးသားသမီးသုံးယောက် ပျော်ရွှင်စွာ နေထိုင်ကြတယ် ဒါပေမဲ့လည်း တစ်နေ့... ပူပင်ကြောင့်ကြမှုကင်းတဲ့ သူတို့မိသားစုလေးကို မမြင်နိုင်တဲ့ ကံကြမ္မာဆိုးတစ်ခုကတော့ စောင့်ကြိုနေပါတယ် သူတို့တွေ အဲဒီအဖြစ်အပျက်ကနေ ဘယ်လိုများ ကြံစည်ပြီး ရုန်းထွက်ကြမလဲ...သူတို့တွေ အရင်လို သာယာတဲ့မိသားစုဘဝလေး ပြန်ပြီး ပိုင်ဆိုင်နိုင်ပါ့မလားဆိုတာကိုတော့ spoil ဖြစ်သွားမှာစိုးလို့ ပရိသတ်ကြီးကပဲ ဒေါင်းကြည့်လိုက်ပါတော့...အိန္ဒိယကားတွေမှာ ဘတ်ဂျက်များ/ အက်ရှင် spectacle များများနဲ့ ဘောလိဝုဒ်ကားကြီးတွေ အီနေတဲ့သူတွေအတွက် အခုလို ဘတ်ဂျက်နည်း မလေယာလမ် ဒရာမာလေးက အအီပြေချဥ်ရည်ဟင်းတစ်ခွက်ဖြစ်မှာပဲ အသေအချာပါပဲအညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Yunni ~ ToMo ~ Zwe Yan ~ KKKZ တို့ ဖြစ်ပါတယ်( ...
movie
Philip’s (2023)
2023
First
22
23
24
25
26
Last
Previous
Next