Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bollywood
7.1
Atharva (2023)
Atharva (2023) "သိလိုဇော" IMDb-7.1/10ဒီတစ်ခေါက်မှာတော့ မှုခင်းဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ကာနာဆိုတဲ့ကောင်လေးက ရဲအရာရှိဖြစ်ချင်လွန်းလို့ ရဲအရာရှိစာမေးပွဲတိုင်းကို ဝင်ဖြေနေပေမဲ့လည်း ကံမကောင်းစွာနဲ့ဘဲ စာမေးပွဲကို ခဏခဏကျလို့နေပါတယ်။ သူစာမေးပွဲ ဘယ်လောက်ကျလဲဆိုရင် တစ်ရွာလုံးကတောင်မှ သူစာမေးပွဲဖြေတိုင်း အောင်သွားပြီလား မမေးဘဲ ကျပြန်ပြီလားပဲ မေးတတ်ကြတဲ့အထိပါပဲ အဲဒီကနေ တစ်နေ့မှာ သူတို့ရွာက ရဲဦးလေးကြီးရဲ့ ပြောပြချက်အရ "သဲလွန်စရှာဖွေရေးအဖွဲ့"အကြောင်းကို သိ ပြီးတော့ သွားလျှောက်ခဲ့ပြီးနောက်မှ အလုပ်ရခဲ့ပါတယ်။"သဲလွန်စရှာဖွေရေးအဖွဲ့"ကတော့ မှုခင်းတစ်ခုဖြစ်ပြီဆိုရင် သူတို့က ရာဇဝတ်ကောင်တွေလုပ်ခဲ့တဲ့ သဲလွန်စတွေကို ရှာဖွေပေးပြီးတော့ စုံစမ်းရေးအဖွဲ့ဆီကို လက်လွှဲပေးရတဲ့အဖွဲ့ပဲ ဖြစ်ပါတယ်။ကာနာတစ်ယောက် "သဲလွန်စရှာဖွေရေးအဖွဲ့"ကို ရောက်လာပြီးနောက်မှာတော့ သူတို့အဖွဲ့ပေါင်းပြီးတော့ အမှုတွေရဲ့ သဲလွန်စတွေကို ဘယ်လိုရှာဖွေသွားမလဲ ...... ဘယ်လို လျှို့ဝှက်ဆန်တဲ့ အမှုတွေကိုရော ကြုံတွေ့ရမလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Alex~V~ToMo~BpL~Yunni တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size..2.5GB / 1.2GB Quality…WEB DL ...
movie
Atharva (2023)
2023
6.3
Ayalaan (2024)
Ayalaan 2024 ချစ်သောဤကမ္ဘာ IMDb - 6.4ဒီနေ့မှာတော့ တောင်းဆိုသူတွေလည်းများပြားနေတဲ့ တမီလ်စကားပြော Sci-fi ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ကိုဗစ်ကြောင့် အချိန်အတော်ကြာနှောင့်နှေးခဲ့ရပေမဲ့ ထွက်ရှိလာချိန်မှာ Box Office 96 ကုဋေအထိရထားတဲ့၂၀၂၄ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံးတမီလ်ကားလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။တာမစ်ရှ်ဟာ ကမ္ဘာကြီးကို အလွန်ချစ်တဲ့သူတစ်ယောက်၊ လောကအလှတွေကို တန်ဖိုးထားတတ်တဲ့ nature loverတစ်ယောက်ပါ။ ပတ်ဝန်းကျင်ကို အလေးထားလွန်းသူပီပီ သူ့မှာ ဆပ်ပြာလည်းမသုံးရက်၊ အပင်တွေကိုလည်းဆေးမဖြန်းရက်၊ သူ့ရဲ့နေကြာခင်းကို ကျိုင်းကောင်အုပ်လိုက် ဝင်သမတာတောင်မှ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေသုံးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြုံးပြုံးကြီး တရားဟောနေသူပေါ့။ သဘာဝအကြောင်း စကားစလေးများရလိုက်ရင် တမေ့တမော ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားတော် ဓာတ်ပြားဟောင်းဖွင့်တတ်သူမလို့ တာမစ်ရှ်စကားစပြီဟေ့ဆို တစ်ရွာလုံးပြေးကြတဲ့အထိပါပဲ။ဒီတော့ UNတွေဘာတွေသွားရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားကို ကမ္ဘာလှည့်ဟောမယ့်သူဖြစ်မှာပေမဲ့ ပွမ်ဘာရိုင်ရွာမှာတော့ အမေကိုယ်တိုင်က နားကြားပြင်းကပ်နေတဲ့ လူထူးဆန်း လူ့ဂွစာဖြစ်နေတာပေါ့။ဒီလိုနဲ့ နေကြာခင်းကြီးလည်း ကျိုင်းကောင်စာမိပြီး စိုက်သမျှမဖြစ်ထွန်းလို့ အကြွေးတွေလည်း လည်ပင်းနစ်လာချိန်မှာတော့ အမေနဲ့ရွာသားတွေရဲ့ ဆွမ်းကြီးလောင်းမှုနဲ့ အလုပ်ရှာဖို့ မန်ဒရာမြို့ပေါ်တက်ရင်း တက်တူးဆိုတဲ့ဂြိုဟ်သားလေးနဲ့ ခင်မိရာကနေ ကမ္ဘာကြီးကို ကယ်တင်ရမယ့်မစ်ရှင်ပါ အတူကပ်ပါလာတဲ့အခါ...သိပ်ချစ်တဲ့ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ကယ်တင်ရဖို့ ဖြစ်လာချိန်မှာတော့ တာမစ်ရှ်တစ်ယောက် တက်တူးနဲ့တူတူ ဘယ်လိုစွန့်စားခန်းတွေဝင်ရင်း အလွဲလေးတွေကြုံရမလဲဆိုတာ ...
movie
Ayalaan (2024)
2024
6.9
Bubblegum (2023)
Bubble Gum 2023 (ပီကေလိုအချစ်)IMDb-6.9/10Best Screenplay writer ဆုရဖူးတဲ့ ဒါရိုက်တာကြီး Ravikanth Perepu ရဲ့ လက်ရာကို အချောအလှလေးတွေရှုစားရင်း နှလုံးအေးစေမဲ့ ရိုမန့်ဒရာမာလေးတင်ဆက်ပေးလိုက်ပါတယ်ငြီးငွေ့ဖို့ကောင်းတဲ့အချိန်တွေမှာ ပီကေပူရှိန်းလေးတစ်ခုကောက်ဝါးလိုက်ရင် လန်းဆန်းပြီးအိုင်ဒီယာအသစ်တွေရလာတတ်ကြတဲ့သူတွေရှိတယ် အဝါးကြာအချိုကုန်လာတဲ့အချိန်ရောက်လာရင်တော့ အာညောင်းလာပြီး ထွေးထုတ်ပစ်ကြတာပေါ့ ဒါပေမဲ့ကြိုက်တဲ့သူကတော့ ဘယ်လိုပဲဖြစ်ဖြစ် အသစ်ထပ်ထပ်ဝယ်ပြီးထပ်ဝါးတတ်ကြတာပါပဲဒီဇာတ်ကားမှာ........ဒီဂျေတစ်ယောက်အရမ်းဖြစ်ချင်တဲ့ အာဒီမပြည့်စုံတဲ့ဘဝမှာ ဒီဂျေအိပ်မက်ကအရမ်းမြင့်မားလွန်းနေတယ်မပြည့်စုံနိုင်တဲ့ အိပ်မက်တွေနောက်လိုက်ရင်း အရမ်းငြီးငွေ့စရာကောင်းတဲ့သူ့ဘဝထဲ သူဌေးသမီးအလှပဂေးလေးရောက်လာခဲ့တယ် ငြီးငွေ့စရာသူ့ဘဝအတွက် ခဏတာလန်းဆန်းစေတဲ့ ပီကေလိုအချစ်ဇာတ်လမ်းလေးပေါ့ သူတို့အချစ်ခရီးလမ်းဟာလည်း အချိန်ကြာအကြောင်းသိလာလေ ခက်ခဲလာလေပါပဲအချိုကုန် အချစ်တွေလျော့လာတဲ့တစ်နေ့ အထင်လွဲမှားမှုတွေနဲ့ သူတို့အချစ်ဇာတ်လမ်းတစ်ခန်းရပ်မလိုဖြစ်ခဲ့ရတယ်တစ်သက်လုံးရူးသွပ်လာတဲ့ ဒီဂျေအိပ်မက် နဲ့ တစ်သက်မှာတစ်ခါ ရူးရူးမူးမူးချစ်မိတဲ့အချစ် ဒီနှစ်ခုတည်းက တစ်ခုကိုပဲရွေးချယ်သွားမလား သူတို့ အချစ်ဇာတ်လမ်းရော ပီကေအသစ်တစ်ခုထပ်ထုတ်ဝါးသလို ပြန်စနိုင်ဦးမလား...အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.68GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Bubblegum (2023)
2023
8.3
Kaatera (2023)
Kaatera (2023) (ကာတီရာ - လျှို့ဝှက်ချက်များနဲ့လူတစ်ယောက်) အခုတစ်ခါမှာတော့ ကန်နန်ဒါဘာသာစကားနဲ့ထွက်ရှိလာတဲ့ Action ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးပါဦးမယ်။ လူအယောက် 2.4K က IMDb 8.3 အထိ ပေးထားတာဆိုတော့ ဇာတ်ကားမကောင်းမှာ စိတ်မပူရတော့ဘူးပေါ့နော်။မင်းသားဒါရှန်အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ဒီကားလေးကို ဇာတ်လမ်းအစအနေနဲ့ လူအရိုးစု107ခုရှာတွေ့ပုံနဲ့ ဇာတ်အိမ်ပျိုးထားပါတယ်။ ဒီလူအရိုးစုတွေဟာလည်း ထူးထူးဆန်းဆန်းပဲ လူမသိ သူမသိ မြှုပ်နှံခံထားရပါတယ်။ ဘာ့ကြောင့်လဲဆိုတာတော့ ဘယ်သူ့မှလဲ မသိကြပါဘူး။ တစ်ဖက်မှာလည်း မြို့သူ မြို့သားများဟာ ထောင်ကျနေတဲ့လူတစ်ယောက်ကို အသည်းအသန်လွှတ်ပေးကြဖို့ တောင်းဆိုကြိုးစားနေကြပါတယ်။1970ခုနှစ်ကိုနောက်ခံထားပြီး လယ်သမားတွေရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ရိုက်ပြထားတဲ့ဒီကားလေးမှာ ဒီအရိုးစုတွေ ဒီထောင်သားဟာ ဆက်စပ်ပတ်သက်နေလား....။ဒီထောင်သားကို မြို့သူ မြို့သားတွေက ဘာလို့ လွတ်စေချင်နေကြတာလဲ...။ စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်ကြောင်းတွေနဲ့ နောက်ကွယ်က ဇာတ်လမ်းတွေကို မြင်တွေ့ရဦးမှာဖြစ်လို့ ကြည့်ရှုအားပေးကြပါဦးနော်။ အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကနေ တင်ဆက်ပေးထားတာဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File ...
movie
Kaatera (2023)
2023
5
Iruttu Araiyil Murattu Kuthu (2018)
Iruttu Araiyil Murattu Kuthu (2018) "လာဆင်သရဲ" ========================================၂၀၁၈ က ထွက်ခဲ့တဲ့ တမီလ်စကားပြော သရဲဟာသ လူကြီးရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဗီရာနဲ့ ဗာဆူဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ရည်းစားကိုယ်စီနဲ့အတူ ဘန်ကောက်မှာ အိမ်ကြီးတစ်လုံးငှားကာ အပန်းဖြေခရီးထွက်လာခဲ့ကြပါတယ်။အခန့်မသင့်ချင်တော့ အဲဒီအိမ်ကြီးမှာ မကောင်းတဲ့ဝိညာဉ်တွေ ကိန်းအောင်းနေပြီး အဲဒီမှာရှိတဲ့ သရဲမတစ်ကောင်က ယောက်ျားလေးနှစ်ယောက်ကို ဘာညာဘာညာဖို့ကြိုးစားလာတဲ့အခါမှာတော့...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.1GB / 1GB Quality…WEB DL 1080p /720p Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Iruttu Araiyil Murattu Kuthu (2018)
2018
6.3
Thalaivaa (2013)
Thalaivaa (2013) "အမွေခံသား" IMDb 6.3ရုပ်ရှင်နောက်တစ်ကားရိုက်ပြီးရင် အနားယူပြီး နိုင်ငံရေးလောကထဲကို ဝင်တော့မယ်လို့ သတင်းထွက်ထားတဲ့ အက်ရှင်မင်းသား Vijay ရဲ့ ၂၀၁၃ က ကားအဟောင်းလေးကို ပြန်တင်ပေးလိုက်ပါတယ် တမီးလ်စကားပြော action/thriller ဂန်းစကားကားတစ်ကား ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ၁၉၈၈ ဘုမ်ဘေမှာ အဓိကရုဏ်းတစ်ခုဖြစ်ပွားပြီး သားအဖနှစ်ယောက်ကို လူတစ်စုရဲ့ အန္တရာယ်ကနေ ရာမာဒူရိုင်ဆိုတဲ့ လူက ဝင်ကယ်ပေးလိုက်ပါတယ်ရာမာဒူရိုင်ဆိုသူက ဘာရာဗီ တမီးလ်ပြည်သူ့ဂိုဏ်းတစ်ဂိုဏ်းရဲ့ အဖွဲ့ဝင်ဖြစ်ပြီး ပြိုင်ဘက်ဂိုဏ်းက တစ်နေ့ သူ့ရဲ့မိန်းမနဲ့ ဂိုဏ်းခေါင်းဆောင်ကို သတ်သွားရာကနေ ဂိုဏ်းခေါင်းဆောင်နေရာကို တာဝန်ဝင်ယူလိုက်ရပါတယ်မိတဆိုးသားလေး ဗစ်ရှ်ဝါ(Vijay)ကို သူကယ်ခဲ့တဲ့ သားအဖလက်ထဲ ထည့်ပေးလိုက်ပြီး အဝေးတစ်နေရာမှာ စောင့်ရှောက်ခိုင်းထားခဲ့ပါတယ်ဒီလိုနဲ့ ပစ္စုပ္ပန်ကာလမှာ ဗစ်ရှ်ဝါ လိုဂူနဲ့ သူ့သူငယ်ချင်းတို့ dance group ထောင်ပြီး သာမန်ဘဝလေးကို ဖြတ်သန်းနေပေမဲ့ ဘာရာဗီမှာ ကျန်ခဲ့တဲ့ အဖေဖြစ်သူ ဂိုဏ်းခေါင်းဆောင် ရာမာဒူရိုင် သေဆုံးပြီးနောက်မှာတော့....ရေသန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ dancer ခပ်ပေါပေါ ဗစ်ရှ်ဝါလည်း ဂေါ့ဖားသားထဲက မိုက်ကယ်ကော်လီယွန်နီလိုမျိုး မိသားစုတာဝန်ကို မဖြစ်မနေ ပခုံးထမ်းရမဲ့ အခြေအနေကို ...
movie
Thalaivaa (2013)
2013
Jai Mummy Di (2020)
Jai Mummy Di (2020) ရန်ငြိုးကြားကအချစ် Comedy/ Romanceဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ့် အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။လူနှစ်ယောက် ပေါင်းဖက်ကြပြီဆိုရင် နှစ်ဖက်မိသားစုအသိုင်းအဝိုင်းကလည်း ပေါင်းစပ်ကြရတာပါ။ဒီကားထဲမှာတော့ ပူနိနဲ့ ဆန်ဂ်ျတို့နှစ်ဦးဟာ ကမ္ဘာ့ရန်ဘက်မိသားစုတွေဖြစ်ကြပေမယ့် လူငယ်သဘာဝ ချစ်မိသွားကြပါတယ်။ အမေတွေရဲ့ရန်ငြိုးကြောင့် နှစ်ဦးသားပေါင်းဖက်ရဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်တဲ့ကိစ္စကြီးတစ်ခုပါပဲ။ဒီလိုတွေကြောင့် ချစ်သူနှစ်ဦး သဘောထားမတိုက်ဆိုင်ကြတာနဲ့ လမ်းခွဲလိုက်ကြပါတယ်။ ချစ်လျက်နဲ့လမ်းခွဲလိုက်ရတဲ့ သူတို့နှစ်ဦး ပြန်ပေါင်းထုတ်ဖို့ကြံတဲ့အခါ... ဒီတစ်ခါမှာတော့ သူတို့ဘဝနှစ်ခုကို ပေါင်းစပ်ဖို့အတွက် အမေတွေရဲ့မပြီးဆုံးနိုင်တဲ့ရန်ပွဲကို အဆုံးသတ်လိုက်ဖို့ ကြံစည်တဲ့အခါ...သူတို့နှစ်ဦးရဲ့ အချစ်ခရီးကဖြောင့်ဖြူးနိုင်မလား...ဘယ်လိုအလွဲတွေကြုံရဦးမလဲဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.9GB / 856MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Jai Mummy Di (2020)
2020
6.9
Axone (2019)
Axone (2019) "အာစွန်း" IMDb - 6.9/10အိန္ဒိယအရှေ့မြောက်ပိုင်းကနေ ပြောင်းလာတဲ့ သူငယ်ချင်းတစ်စု ဒေလီမှာ အခြေချဖို့ တိုက်ခန်းငှားပြီး စုနေကြတာပေါ့။ ဒီလိုနဲ့ သူတို့အဖွဲ့ထဲက မီနမ်က လက်ထပ်တော့မယ်ဆိုတော့ ကျန်တဲ့ သူငယ်ချင်းတစ်စုလည်း အိန္ဒိယမြောက်ပိုင်းရိုးရာဟင်းတစ်ခွက်ကို မင်္ဂလာအထိမ်းအမှတ်အနေနဲ့ ချက်ပြုတ်ဖို့ပြင်ဆင်ကြပါတော့တယ်။ဖြစ်ချင်တော့ ဟင်းလျာမှာ မဖြစ်မနေပါရမယ့်အရာက အာစွန်းလို့ခေါ်တဲ့ ပဲငပိဖြစ်နေတော့ အနံ့ကပြင်းတဲ့အပြင် အပ်ဆနာနဲ့ ရှန်ဘီးတို့ကလည်း ဟင်းချက်ဆို ကြက်ဥတောင်တူးမယ့်သူတွေဖြစ်နေလေတော့ ချက်မယ့်လူကမရှိ၊ အိမ်ရှင်ကလည်း ပဲငပိဟင်းချက်ဖို့ကိုလက်မခံ၊ ချက်တတ်တဲ့သူက ချက်မယ့်နေရာကိုလာလို့မရနဲ့ လွဲပြီးရင်လွဲနေ၊ တစ်ဖက်ကလည်း မီနမ်ကလက်ထပ်မယ့်နေ့ကျမှ အလုပ်အင်တာဗျူးသွားနေရလို့ မရှိနေလေတော့....သူငယ်ချင်းရဲ့ မင်္ဂလာပွဲမှာ မြောက်ပိုင်းအငွေ့အသက်လေးပါစေချင်တဲ့ အပ်ဆနာတို့တစ်သိုက် အာစွန်းနဲ့ဝက်သားဟင်းကို အဆင်ပြေပြေချက်ပြုတ်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ V ~ Yunniတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.74GB / 758MB Quality…WEB DL 1080p / ...
movie
Axone (2019)
2020
Kaali Khuhi (2020)
Kaali Khuhi (2020) အမှောင်ရေတွင်းဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးတွေကြည့်ရတာ ရိုးအီနေတဲ့သူတွေအတွက် အင်စတာဂရမ်ဖော်လိုဝါသန်းချီပိုင်ဆိုင်ထားကြတဲ့ Riva Arora နဲ့ Sanjeeda Sheikh တို့ အလှပဂေးလေးနှစ်ယောက်ရဲ့ သရဲကားလေးတစ်လှည့်ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ရှီဗန်ဂီဆိုတဲ့ ဆယ်နှစ်အရွယ်ကလေးမလေးတစ်ယောက်က နာမကျန်းဖြစ်နေတဲ့အဘွားရွာဆီပြန်ရင်း ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံတွေ့လာတဲ့အချိန်..ရွာခံသူငယ်ချင်းတစ်ယောက်နဲ့အတူကစားရင်း တွေ့ခဲ့မိတဲ့ ကြောက်စရာရုပ်သွင်နဲ့အဘွားတစ်ယောက်နဲ့ သူပြောလိုက်တဲ့စကားတွေ... ရွာထဲက ထူးဆန်းတဲ့အမှောင်ရေတွင်းနဲ့ တစ်ရွာလုံးကြုံတွေ့နေတဲ့ ကပ်ရောဂါ.... သူလိုသမီးမိန်းကလေးမွေးထားမိလို့ အမေ့ကိုအဘွားကကြိမ်းမောင်းတဲ့စကားတွေ...အဘွားဖြစ်သူ အိမ်အပေါ်ထပ်မှာ ရုတ်တရက်လဲကျသေဆုံးသွားပုံနှင့် သူမသေခင်မြင်တွေ့လိုက်ရတဲ့ထိတ်လန့်စရာရုပ်သွင်တစ်ခု ဒါတွေအားလုံးက ဘယ်လိုချိတ်ဆက်သွားမလဲဆိုတာကတော့....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.2GB/ 500MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Kaali Khuhi (2020)
2020
{18+} Devadasi (2020)
Devadasi (2020)အယုံလွယ် လူပုံအလယ်မှာအသက်ဆုံးရှုံးရတယ်ဆိုတာ တယ်မှန်သကိုး။ စိတ်အလိုကိုလိုက် ရမ္မက်နောက်ကိုလိုက်ရင်း အမှန်ကိုသိမြင်ခြင်းမရှိလာတော့ တဏှာစိတ်ကလူကိုသတ်စေတယ်။ ခြေနှစ်ချောင်းမကယ်ကောင်း ဆိုထားဘိပါနဲ့ အိမ်ပေါ်ခေါ်တင်ကျွေးမွေးလေတော့ အသက်ဆုံးရှုံးရပြန်တယ်။ လောကမှာငွေက ဒုတိယဘုရားသခင်လို့ဆိုထားပေမယ့် ဒီဘုရားသခင်ကလူ့အသက်ကိုနှုတ်စေတာ ယုံကြပါသလား။ဟုတ်ပါတယ်။ ဘယ်လိုရည်ရွယ်ချက်မျိုးကြောင့်ပင်ဖြစ်လင့်ကစား ကိုယ်ကယ်တင်လိုက်တဲ့ခြေနှစ်ချောင်းဟာ ဘယ်လိုလူစားမျိုးလဲဆိုတာကို အမြဲစောင့်ကြည့်သတိထားရပါမယ်။ဒီဇာတ်ကားလေးမှာတော့ ကိုယ်ကယ်တင်မိတဲ့ ခြေနှစ်ချောင်းကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ဘဝအကြောင်းတွေကိုရိုက်ပြထားပြီးငွေနောက်လိုက်ရင်း ကိုယ့်သွေးသားတွေကိုအမဲဖြတ်ကြတဲ့ လူတစ်စုအကြောင်းကိုလည်း ရိုက်ပြထားပါတယ်။ဆိုတော့ ၁၈အပေါင်းအခန်းတွေတပြုံကြီးနဲ့ ခံစားကြည့်ရှုအားပေးကြပေတော့နော်....။(Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…2.1GB Quality…720p Format…mp4 Duration….3h Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Devil
movie
{18+} Devadasi (2020)
2020
7.2
Pataakha (2018)
Pataakha (2018) IMDb 7.3တကျက်ကျက်ရန်ဖြစ်တတ်ကြတဲ့ညီအစ်မတွေ မွေးချင်းတွေရှိတဲ့လူတွေအတွက်တော့ အူတက်အောင်ရယ်နေရမဲ့ Comedy/Action ဇာတ်ကားမျိုးပါအရမ်းချစ်ကြတဲ့ညီအစ်မ၂ယောက်.. တွေ့တာနဲ့ ဆံပင်ဆွဲ ပါးချပြီး တစ်ကမ္ဘာလုံးက ရှိသမျှဆဲနည်းစုံအောင်ဆဲပြီးသတ်ကြတဲ့၂ယောက်ပေါ့ ကျောင်းတက်ရင်း တစ်ယောက်ခိုးထားတဲ့ဆေးလိပ်ကိုနောက်တစ်ယောက်က ထပ်ခိုးသောက်ပြီး တစ်ကျောင်းလုံးထွက်ကြည့်ရအောင် နပန်းသတ်နေလို့ ဖခင်ဖြစ်သူကို စစ်ဖြစ်နေပြီဆိုပြီး အိမ်ပြေးခေါ်ခိုင်းရတဲ့ဖြစ်ရပ်တွေလည်းရှိခဲ့တာကိုး ..တစ်ကားလုံးကတော့အိန္ဒိယနဲ့ ပါကစ္စတန်လို တွေ့တာနဲ့ ဦးတဲ့ကောင်ဆော်တဲ့ကားပါ သွေးကရေထက်ပျစ်တယ်ဆိုတဲ့ စကားကိုလည်းတစ်ထောင့်တစ်နေရာက သက်သေပြထားပါသေးတယ် စိတ်ပင်ပန်းတာတွေခဏတာပြေပျောက်ဖို့ အပန်းပြေကြည့်ရှုဖို့ကတော့မဆိုးလှတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ V ~ Cherry ~ Saii တို့ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.7GB/ 1.2GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Alex ~ V ~ ...
movie
Pataakha (2018)
2018
6.2
Saindhav (2023)
Saindhav (2024) IMDb - 6.2/10ဒီတစ်ခေါက်မှာတော့ အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် အခုခေတ်လူငယ်တွေဟာ PUBG လို ဂိမ်းမျိုးကို ကစားပြီးတော့ လက်နက်တော်တော်များများနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိနေကြပါတယ်။ဒီကိစ္စကို အခွင့်ကောင်းယူပြီးတော့ Cartelအုပ်စုက လူငယ်လေးတွေ (အထူးသဖြင့် မိဘမဲ့ကလေးတွေ)ကို စုဆောင်း လေ့ကျင့်ရေးပေးပြီးတော့ အကြမ်းဖက်မှုတွေကို ပြုလုပ်ဖို့ ကြိုးစားနေပါတော့တယ်။ ဒီလို ကလေးတွေကို လေ့ကျင့်ပေးပြီးတော့ သေနတ်တွေကိုင်ခိုင်းပြီး သူတို့ရဲ့ ဖောက်သည်တွေဆီကို ရောင်းချဖို့လုပ်နေပါတယ်။ဒီအုပ်စုရဲ့ခေါင်းဆောင်ဟာ ခြင်သတ်တာကမှ လူသတ်တာကမှ ပိုခက်ခဲနေပါဦးမယ်ဆိုသလိုမျိုး သူ့သားရဲ့၂၅နှစ်မြောက်မွေးနေ့မှာတောင် သူ့ရဲ့အယောက်၅၀မြောက်လူကို သတ်ပြီးတော့ မွေးနေ့လက်ဆောင်ပေးတဲ့ အကောင်ကြီးကြီးလူမျိုးပါ။ စိုင်းဒါ့ဗ်လို့ခေါ်တဲ့ အရင်ကအတိတ်ကိုမေ့ပျောက်ထားပြီးတော့ ချစ်စရာသမီးလေးနဲ့အတူ ဇာတ်မြှုပ်ထားတဲ့သူတစ်ယောက်၊ ဒီလိုလူနဲ့ Cartelအုပ်စုနဲ့ ဘယ်လိုတွေ ဆုံမိသွားကြမလဲ …….Cartelအဖွဲ့အစည်းကရော ဘယ်လိုအကြမ်းဖက်မှုတွေ လုပ်ဆောင်သွားမလဲ ……. ဆိုတာတွေကို ကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Zwe Yan~V~ToMo~BpL~Yunni တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link ...
movie
Saindhav (2023)
2023
4K HEVC
8.0
Saba Nayagan (2023)
Saba Nayagan 2023 (ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်မှာ)CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် တမီလ်စကားပြော အချစ်ဟာသကားလေးကို တင်ဆက်ပေးချင်ပါတယ် ဒါရိုက်ဝာာ စီအက်စ်ကာသီကာရန်ရဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး လူငယ်အချစ်ဟာသဇာတ်လမ်းလေးကို အနောက်တိုင်း rom com စတိုင် ပေါ့ပေါ့ပါးပါး ကျောင်းတွင်းအလွဲလေးတွေ ဟာသလေးတွေနဲ့တင်ဆက်ပေးထားတာမို့ ကိုယ့်ငယ်ဘဝကိုတောင် သတိရမိမှာပါပဲဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားရဲဖမ်းခံရတာက စပါတယ် မှောင်ရိပ်ခိုမှုနဲ့ ဆရာသမားကိုဆွဲစိလာဝာာ ပတ္တရောင်ကားပေါ်မှာ အူကြောင်ကျားနဲ့ပါလာတာပေါ့ အဲဒီမှာ တခြားတစ်ယောက်က သူအသည်းကွဲနေလို့ အရက်သောက်မိတာပါပြောလို့ ရဲတွေကသနားပြီး ပြန်လွှတ်ပေးလိုက်တဲ့အခါမှာ ဇာတ်လိုက်ကျော်က သူ့အသည်းကွဲဇာတ်လမ်းတော့ အသာနေ ကျွန်တော့်ဇာတ်လမ်းလည်း နားသောတဆင်ကြည့်ပါဦးဆိုပြီး သူ့ရဲ့ကျောင်းသားဘဝအချစ်ဇာတ်လမ်းလေးကိုပြန်ပြောပြတဲ့အခါမှာ....ပေါ့ပေါ့ပါးပါးနဲ့ စိတ်နှလုံးကြည်နူးစေဖို့ ပရိသတ်ကြီးအတွက် CM Bollywood Team ကနေ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.94GB/ 1.3GB Quality…WEB DL 1080p ...
movie
Saba Nayagan (2023)
2023
6.6
Salaar: Part 1 – Ceasefire (2023)
Salaar: Part 1 – Ceasefire (2023) ==========================WEB DLအကြည်ဗားရှင်းကိုပဲ တင်ဆက်ထားပါတယ်သွေးသောက်ညီနောင်သစ္စာတရား CM တောင်ပိုင်းချစ်ပရိသတ်ကြီးတို့ မျှော်လင့်နေတဲ့ ဇာတ်ကားလေးကတော့ အကြည်WEB DL ဗားရှင်းထွက်ရှိလာခဲ့ပါပြီ၂၀၂၃ ဒီဇင်ဘာမှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာ ၂၇၀ ကုဋေရင်းခဲ့ပြီး ၇၅၀ ကုဋေထိအမြတ်ရကာ အတော်လေးအောင်မြင်ခဲ့ပါတယ် ဦးဆောင်ပါဝင်ထားတဲ့မင်းသားကတော့ တောင်ပိုင်းရဲ့ကမ္ဘာသိမင်းသား ဘာဟုဗလီမင်းသားလို့ မြန်မာမှာ နာမည်ကြီးတဲ့ Prabhas နဲ့ ကားရိုက်ကျဲပေမယ့် ပါတဲ့ကားတိုင်းပေါက်တဲ့ မင်းသမီးချောလေး ရှရူသီအပြင် အခြားတောင်ပိုင်းနာမည်ကြီး ဇာတ်ပို့များစွာပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကို မညွှန်းခင်မှာ ပထမဆုံးချီးကျူးလိုတာကတော့ တောင်ပိုင်းကားတွေဟာ အက်ရှင်ခန်းရိုက်တဲ့နေရာမှာ တော်တော်ကို ကောင်းမွန်နေပြီဆိုတာပါပဲ စလိုးမိုးရှင်းတွေ အနီးကပ်ရိုက်ချက်တွေကို သူ့နေရာနဲ့သူသုံးထားပြီး အရမ်းကြီးအိုဗာမဖြစ်ပဲ မင်းသားရော ဗီလိန်တွေပါ သွေးသံရဲရဲနဲ့ ဖိုက်နေကြတာ တကယ်အားရစရာပါပဲဇာတ်လမ်းကတော့ ကန်ဆာပြည်နယ်လို့ခေါိတဲ့ စိတ်ကူးယဉ်ပြည်နယ်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ် ပဒေသရာဇ်စနစ်နဲ့ မျိုးရိုးစဉ်ဆက်အုပ်စိုးတဲ့ နေရာမှာ မင်းသားဖြစ်တဲ့ ဗာရာဒါနဲ့ သာမန်လူ ဒေဗာ(ဘာဟုဗလီမင်းသား) က အသက်ပေးချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပါတစ်နေ့မှာ ဒေဗာက အဲ့နေရာကနေ ထွက်ခွာခဲ့ရပေမယ့် သူ့သူငယ်ချင်းလိုအပ်ချိန်တိုင်းမှာ ပြန်လာကူညီမယ်လို့ ...
movie
Salaar: Part 1 – Ceasefire (2023)
2023
4K HEVC
7.4
Joram (2023)
Joram (2023) "ဂျိုရမ်"IMDb 7.4 ရထားတဲ့ ဟင်ဒီ thriller ရုပ်ရှင်ကားသစ်ဖြစ်ပြီး ဝေဖန်ရေးဆရာတွေ ရွေးချယ်တဲ့ အကောင်းဆုံးရုပ်ရှင်ဆုနဲ့ သရုပ်ဆောင်ဆုတွေ ဆန်ခါတင်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်ခေတ်ပျက်တစ်ခုမှာ တည်ထားပြီး အရာရာယိုယွင်းနေတဲ့ အုပ်ချုပ်ရေးနဲ့အတူ ငတ်မွတ်မှုတွေ အာဏာပိုင်တွေရဲ့ လျှို့ဝှက်ချက်တွေ ကြားထဲမှာ ရုန်းကန်ရတဲ့ လူတွေအကြောင်းကို တင်ဆက်ထားတာပဲ ဖြစ်ပါတယ်ဇာတ်လမ်းကို အဓိကဇာတ်ကြောင်းနှစ်ခုနဲ့ တည်ဆောက်ထားပါတယ်... ဖခင်တစ်ယောက် ၃ လသားအရွယ် သမီးလေးကို ပိုက်ပြီး အာဏာပိုင်တွေရဲ့ လက်ကနေ ထွက်ပြေးနေရပုံကို ပြထားပြီး နောက်ထပ် ဇာတ်သွားတစ်ခုမှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုဇာတ်လမ်းကို ပုံဖော်ထားပါတယ်Dasru တစ်ယောက် ဘာဖြစ်လို့ ထွက်ပြေးနေရလဲ သူ့ရဲ့ အတိတ်က ဘာတွေများ အရှုပ်အရှင်းတွေ ရှိခဲ့လဲ... အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်က ဘာလဲ စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ကားလိပ်ချသည့်တိုင် ဇာတ်လမ်းရဲ့ လျှို့ဝှက်ဆန်မှု မပျောက်သွားပဲ သမီးအတွက် အရာရာကို ရင်ဆိုင်မယ့် ဖခင်တစ်ယောက်ရဲ့ သတ္တိကို မြင်တွေ့ရမှာပါအိန္ဒိယရုပ်ရှင်တွေရဲ့ သမာရိုးကျ ဒိုင်ယာလော့ခ်အခြေခံတဲ့ ရုပ်ရှင်တွေနဲ့ အတော်လေးကွဲထွက်ထားပြီး "အပြောထက် အပြ" ...
movie
Joram (2023)
2023
Ulagammai (2023)
Ulagammai 2023(မဟုတ်မခံ အူလာဂမ်မိုင်)ဒီဇာတ်လမ်းက ဝတ္ထုတိုဆုရဖူးတဲ့ စာရေးဆရာ Su. Samuthiram ရဲ့ ဝတ္ထုဇာတ်လမ်းတွေထဲကတစ်ပုဒ်ကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်စိုက်ခင်းတွေနဲ့ စိမ်းစိုနေအေးချမ်းနေတဲ့ရွာလေး တစ်ရွာမှာ အူလာဂမ်ဂိုင်ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ် ဘယ်သူ့ကိုမှမကြောက် ရဲရဲတင်းတင်း သတ္တိရှိတဲ့ကောင်မလေး တစ်နေ့ သူ့အလုပ်ရှင်သမီး သတို့သားလောင်းသွားတွေ့တဲ့အချိန် သတို့သားလောင်းက သူ့ကိုမြင်ပြီး သူမှသူစွဲစွဲလန်းလန်းဖြစ်သွားတော့တယ် ဒီပြဿနာကို သွားဖြေရှင်းဖို့လုပ်ကာမှ အစ်မရဲ့သတို့သားလောင်းကို ခိုးကြောင်ခိုးဝှက်တွေ့ရလားဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပိုပြဿနာကြီးတော့တာပေါ့အပေါ်ယံကြည့်ရင် စိမ်းစိုတဲ့လယ်ကွင်းကြီးတွေနဲ့နေချင်စဖွယ်တောရွာလေးဟာ နေချင်စဖွယ်ကောင်းပေမဲ့ ကျားမခွဲခြားမှုတွေ ဇာတ်နိမ့်မြင့်ခွဲခြားမှုတွေနဲ့ ဆတ်ဆတ်ထိမခံစွာတေးလန်လေးတို့ ဘယ်လိုတွေဆက်စခန်းသွားကြမလဲဆိုတာကတော့....(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ V ~ ToMo ~ Alex တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2GB / 944MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ ToMo ~ Alex
movie
Ulagammai (2023)
2023
8.3
Kaiva (2023)
Kaiva 2023 CM ပရိသတ်ကြီးအတွက် ကန်နာဒါစကားပြောဇာတ်ကားတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် ကန်နာဒါကားတွေရဲ့ ထုံးစံအတိုင်း အက်ရှင်ဘာညာကတော့ စိတ်ပျက်စေရမှာ မဟုတ်တာမို့ ဇာတ်ကြမ်းလေးတွေကြိုက်တဲ့ ပရိသတ်အတွက်တော့ အကိုက်ပါပဲဇာတ်လမ်းအကျဉ်းကတော့ ဘန်ဂလာရူမြို့ဆိုတာ မြေအောက်လောကသားတွေ ဒုစရိုက်သမားတွေနဲ့ပြည့်နေသလို သမိုင်းကြောင်းအရလဲ ကြီးကျယ်ခမ်းနားပြီး ဒဏ္ဍာရီလာဇာတ်လမ်းများစွာနဲ့ မြို့လေးတစ်မြို့ပါအဲ့အချိန်မှာ နယ်မြို့လေးက မင်းသားကိုင်ဗာက အလုပ်လုပ်ဖို့ ဘန်ဂလာရူမြို့ကို ရောက်လာချိန်မှာ ဆယ်လ်မာလို့ခေါ်တဲ့ ကောင်မလေးကို မြင်မြင်ချင်းချစ်မိသွားပါတယ် ဇာတ်လမ်းလေးကရိုးရှင်းပေမယ့် မရိုးရှင်းတာက ဆယ်လ်မာရဲ့အလုပ်ရှင်မှာ ရန်သူတော်ကြီးသုံးယောက်ရှိနေတာပါ…မြေအောက်လောကသားတွေကြားက ရန်ငြိုးတွေကြားမှာ ဆယ်လ်မာက ဘယ်လိုကြားညှပ်သွားမလဲ ဆယ်လ်မာကိုချစ်တဲ့ ကိုင်ဗာကရော ဘယ်လိုပါပတ်သတ်ရမှာလဲဆိုတာ CM ပရိသတ်ကြီးပဲ စောင့်မျှော်ခံစားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်တော့ Saii~ Zwe~KKKZ~Cherry တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.42GB / 1.22GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 18min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Kaiva (2023)
2023
7.6
Mastaney (2023)
Mastaney (2023) "ဒါတို့ပြည်.. ဒါတို့မြေ" IMDb - 7.6/10အိန္ဒိယနန်းတွင်းရုပ်ရှင်နှစ်သက်သူတွေအတွက် ပန်ချာပီစကားပြော နန်းတွင်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဧကရာဇ် နာဒါ တန်ခိုးထွားနေတဲ့အချိန်။ အတိုင်းအတိုင်းအပြည်ပြည်ကို စစ်သည်တစ်စုနဲ့ ချီတက်သိမ်းပိုက်ရင်း အောင်မြင်တောက်ကြွားနေပါတယ်။အဲဒီလို အောင်ပွဲခံနေတဲ့အချိန်မှာမှ အရှင်မင်းကြီးနာဒါတပ်ထဲက သိမ်းယူလာတဲ့ပစ္စည်းတွေအကုန်လုံးကို ခိုးယူခံလိုက်ရပါတယ်။ သူရောက်နေတာက လာဟိုး။ ဘုရင်ကြီး အမျက်ချောင်းချောင်းထွက်ပြီး လာဟိုးဘုရင်ဆီကို ဖြေရှင်းချက်တောင်းတဲ့အချိန်မှာ ဘုရင်ကြီးနာဒါရဲ့ ပစ္စည်းဥစ္စာတွေကို ခိုးယူသွားသူတွေက ဆစ်ခ်လူမျိုးတွေတဲ့။ဆစ်ခ်လူမျိုး သူပုန်တစ်ယောက်ကို ဖမ်းဆီးဖို့ လွှတ်လိုက်တဲ့ စစ်သည်တော် တစ်ရာ့နှစ်ဆယ်တပ်ဖွဲ့ဟာ သွားဖမ်းတဲ့သူကိုမပြောနဲ့ သူတို့ကိုယ်တိုင် မပြန်လမ်းကို မြန်းကြရပါတယ်။ဒီလို ဆစ်ခ်လူမျိုး သူပုန်တစ်ယောက်ကိုပဲ ဖမ်းခေါ်လာဖို့ လာဟိုးဘုရင်ကိုဘုရင်ကြီးနာဒါ မိန့်ကြားပါတော့တယ်။ ဒီလိုနဲ့ လာဟိုးဘုရင်ဖြစ်သူ ဇာကီရာ ဆစ်ခ်လူမျိုးသူပုန်ကို ဖမ်းဖို့ ကြိုးစားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3GB / 1.23GB Quality…WEB DL 1080p / 720p Format…mp4 Duration…. ...
movie
Mastaney (2023)
2023
8.7
Pindam (2023)
Pindam (2023) အိမ်ကြီးတစ္ဆေIMDb - 8.7/10 ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ နောက်ခံသံကောင်းကောင်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သရဲကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။အိန္ဒိယရဲ့တစ်ဦးတည်းသောလို့ဆိုနိုင်တဲ့ သရဲနှိမ်နင်းရေးပညာကို နိုင်ငံခြားအထိတောင်သွားရောက်ပြီးတော့ လိုက်စားထားတဲ့ မစ်အန်နာမာ။ သူ့ရဲ့အဖေကလည်း ဒီအလုပ်ကိုပဲ လုပ်ကိုင်ရင်း သူ့အဖေလိုက်နေတဲ့ ဝိညာဥ်တစ်ကောင်ကြောင့် သူ့ရဲ့ညီမနဲ့အမေဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရပြီးနောက်မှာတော့ သူ့အဖေကိုယ်တိုင်တောင် အဲဒီဝိညာဥ်ကိုတိုက်ခိုက်ရင်း အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ သူ့အဖေမသေဆုံးခင်မှာ ပညာအမွေတွေပေးခဲ့တဲ့အတွက်ကြောင့်နဲ့ မစ်အန်နာမာက သူ့အဖေတိုက်ခိုက်နေတဲ့ ဝိညာဥ်နောက်ကိုလိုက်ရင်း သရဲအပူးခံရသူ အနှောင့်အယှက်ပေးခံရသူတွေကို ကူညီရင်းနေလာခဲ့ပါတယ်။အဲဒီနောက်မှာတော့ သူ့ဆီကို လေ့လာဖို့ရောက်လာတဲ့ လော့ခ်နတ်၊ သူ့ရဲ့အင်တာဗျူးချက်အရ မစ်အန်နာမာမှာလည်း သူမနိုင်တဲ့ဝိညာဥ်မျိုးရှိတယ်ဆိုတာကို ပြောပြရင်းနဲ့ ဒီဇာတ်လမ်းလေး အစပြုခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ၁၉၉၀ခုနှစ်တုန်းက ခရစ်ယာန်မိသားစုတစ်စုဆီမှာ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ဆန်စက်တစ်ခုမှာ စာရင်းကိုင်လုပ်နေတဲ့ အန်တိုနီတစ်ယောက် အလုပ်နဲ့နီးရာကို အိမ်ပြောင်းရင်းနဲ့ ဒီအိမ်ကြီးကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။အဲဒီအိမ်ကြီးမှာ အန်တိုနီရယ် သူ့ဇနီးဖြစ်သူ မယ်ရီ၊ သမီးနှစ်ယောက်နဲ့အတူ သူ့ရဲ့မိခင်ကြီးပါ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ...
movie
Pindam (2023)
2023
Garadi (2023)
Garadi (2023) "ချန်ပီယံ" IMDb - 8.8/10နပန်းနှစ်သက်တဲ့ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်အတွက် ကန်နေဒါနပန်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဆိုရီနဲ့ ရှန်ကာရာဆိုတဲ့ညီကိုနှစ်ယောက်က ချန်ပီယံနပန်းသမားတို့မွေးထုတ်ပေးတဲ့ မြို့ရဲ့ ဂုဏ်သတင်းကြီးတဲ့ အိမ်တော်မှာ နေကြတယ်။ ဘယ်သူမှယှဉ်လို့မရပါဘူးဆိုတဲ့ မြို့တော်ရဲ့ နာမည်ကျော်နပန်းသမားကြီးက ဆိုရီတို့ရဲ့အဖေ နပန်းသမားကြီးကြောင့်နဲ့ မတော်တဆသေဆုံးသွားတဲ့နောက်မှာ ဆိုရီတို့အဖေကို လူသတ်သမားလို့တံဆိပ်ကပ်ခံရပြီးနောက် လက်သည်မပေါ်ဘဲ အသတ်ခံလိုက်ရပါတော့တယ်။မျိုးရိုးအစဉ်အလာအတိုင်း အဖေနပန်းသမားကြီးလိုပဲ သားကြီးဖြစ်တဲ့ ရှန်ကာရာ အရွယ်ရောက်လာချိန်မှာတော့ မြို့ဂုဏ်ကိုဆောင်မဲ့ ချန်ပီယံကြီးဖြစ်ဖို့ ဖိုင်နယ်ပွဲစဉ်မထိုးသတ်ခင်မှာ မတရားမှုကို ငြိမ်မခံနေတဲ့အတွက်ကြောင့်နဲ့ပဲ လူသတ်သမားရဲ့သားက လူသတ်သမားပဲဖြစ်မယ်ဆိုပြီး နပန်းနည်းပြဆရာကြီးက အိမ်တော်ကနေရော မြို့ကနေပါနှင်ထုတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ ညီငယ်ဖြစ်သူ ဆိုရီတစ်ယောက် နပန်းလေ့ကျင့်သင်ကြားရာနေရာမှာ လက်တိုလက်တောင်းလုပ်ရင်း တစ်ယောက်တည်း ကျန်နေခဲ့ပါတော့တယ်။ နပန်းကို ရူးရူးမူးမူးစွဲလန်းပေမဲ့ အဖေနဲ့အစ်ကိုဖြစ်သူလို ရာဇဝတ်သားဖြစ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သင်ပေးခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ ဆိုရီတစ်ယောက် အရူးအမူးစွဲလန်းရတဲ့ နပန်းပညာကို တိတ်တဆိတ်လေ့ကျင့်လာခဲ့တဲ့နောက်မှာ...၊ အဖေဖြစ်သူကို သတ်သွားတဲ့ နောက်ကွယ်ကလူတစ်စုနဲ့ အကြောင်းရင်းကို သိရှိသွားချိန်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…3.8GB ...
movie
Garadi (2023)
2023
First
21
22
23
24
25
Last
Previous
Next