Channel Myanmar

Bollywood

Aa Okkati Adakku (2024) 6
Aa Okkati Adakku (2024) Aa Okkati Adakku (2024) "မမေးသင့်သောအရာ" IMDb - 7.4/10တလေဂူးမင်းသား နာရက်ရှ်နဲ့ တလေဂူးမင်းသမီးချော ဖာရီယာအက်ဘ်ဒူလာတို့ရဲ့ rom-comဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ရှေ့တွဲကိုကျော်တက်ပြီး အိမ်ထောင်ကျသွားတဲ့ညီငယ်ဖြစ်သူက ကလေးတစ်ယောက်ရတဲ့ထိ ဂါနာတစ်ယောက် စင်ဂယ်ဘ၀နဲ့ လမ်းပျောက်နေခဲ့ပါတယ်။မိခင်နဲ့ ညီဖြစ်သူလင်မယားတို့ တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ထောင်ဖက်လိုက်ရှာပေမဲ့ အယောက်ငါးဆယ်မြောက်တဲ့ထိ အဆင်မပြေတဲ့အတွက် အိမ်ထောင်သည်ဖြစ်ချင်တဲ့ လူပျိုကြီးဂါနာတစ်ယောက် အိမ်ထောင်သည်တွေမြင်ရင်ကို စိတ်နာလို့နေပါတော့တယ်။ဆစ်ဒီဆိုတဲ့ မိန်းမပျိုလေးကတော့ ဘယ်ယောကျ်ားကိုမှအထင်မကြီးဘဲ ယောကျ်ားတွေမှန်သမျှ ဒီပုတ်ထဲက ဒီပဲပါဆိုတဲ့ ခံယူချက်ရှိသူလေး။အလွဲလွဲအချော်ချော်တွေနဲ့ သူတို့နှစ်ယောက်ဆုံတွေ့မှုကနေ အချစ်တွေပေါက်ဖွားလာမလားဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.65GB / 1.24GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Aa Okkati Adakku (2024)

2024
Udeekan Teriyan (2023) 6
Udeekan Teriyan (2023) Udeekan Teriyan (2023)"ကံကြမ္မာ" =============================၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပန်ချာပီ အချစ်ဒရာမာရုပ်ရှင်လေးတစ်ပုဒ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆူခီဆင်းဆိုတဲ့ အဘိုးကြီးတစ်ယောက်ရဲ့ဇနီးဟာ လေယာဉ်ခရီးစဉ်တစ်ခုမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။သူဟာ သူ့ဇနီးကို ရှာပေးဖို့အတွက် ဆိုင်ရာပိုင်ရာကို နေ့တိုင်းတောင်းဆိုပေမဲ့ ဆိုင်ရာပိုင်ရာက အဖက်မလုပ်ခဲ့ပါဘူး။သူဟာ ဇနီးဖြစ်သူကို ရှာမတွေ့လို့ ပူဆွေးသောကရောက်ပြီး အထီးကျန်နေတုန်းမှာပဲ သူ့လိုပဲ တစ်ပုံစံတည်းကြုံတွေ့ခဲ့ရတဲ့ အာမရီတာဆိုတဲ့ အမျိုးသမီးနဲ့ တဖြည်းဖြည်း ရင်းနှီးသွားခဲ့ကြပါတယ်။သူတို့နှစ်ယောက်ဟာ ရိုးရိုးသားသားခင်မင်တာဖြစ်ပေမဲ့ ကိုယ့်ထမင်းကိုယ်စားပြီးသူများအကြောင်းပြောချင်တဲ့ ပတ်ဝန်းကျင်က မဟုတ်တာတွေ သမုတ်လာတဲ့အခါ သူတို့နှစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ။ သူတို့လဲ လက်တွဲဖော်တွေကိုရော ပြန်ရှာတွေ့မှာလားဆိုတဲ့ အဖြေတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.43GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration…. 2h 17mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Udeekan Teriyan (2023)

2023
O2 (2024) 7.5
O2 (2024) O2 (2024) "အသက်ကယ်ဆေး"အခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ အိန္ဒိယကန်နာဒါ နောက်ခံစကားပြော ဆေးဘက်ဆိုင်ရာ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Raghav Nayak နဲ့ Prashanth Raj တို့က ရိုက်ကူးပေးထားပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဒရာမာဇာတ်လမ်းလေးဖြစ်တဲ့အပြင် Ashika Ranganath, Praveen Tej နဲ့ Raghav Nayak တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ဒုတိယအငယ်ဆုံး ဆရာဝန်ဖြစ်တဲ့ ဒေါက်တာရှာရဒါလေးဟာ ငယ်ဘဝတုန်းက ဖခင်သေဆုံးမှုကနေ ရခဲ့တဲ့ စိတ်ဒဏ်ရာကို ရင်ဆိုင်ကုသနိုင်ဖို့အတွက် သေဆုံးသွားတဲ့လူကို O2 ဆေးရည်ထိုးသွင်းပြီး ပြန်လည်အသက်ရှင်အောင် သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဒေါက်တာဒေ့ဗ်၊ ဒေါက်တာဗန်ကီ၊ဒေါက်တာရှရီရတီတို့နဲ့အတူတူ ကြိုးစားကြပုံတွေကို မြင်တွေ့ရမှာပါ။ဒီလိုမျိုး အလုပ်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာပြဿနာတွေကို ရင်ဆိုင်ရင်း နောက်ဆုံးမှာ အောင်မြင်သွားမလား ရှုံးနိမ့်သွားမလားဆိုတာကိုတော့ O2 ဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ် File size…1.26GB / 605MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 45m Subtitle….Myanmar ...
movie

O2 (2024)

2024
House of Lies (2024)
House of Lies (2024) House of Lies (2024) "မုသားအိမ်တော်"အသစ်စက်စက်ထွက်ရှိထားတဲ့ အိန္ဒိယမှုခင်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်အခုလက်ရှိ ခေတ်စားနေတဲ့ Cryptocoin နဲ့ ဆက်စပ်နေတဲ့ ဇာတ်လမ်းဖြစ်ပြီး Murder Mubarak (2024) မှ မင်းသား Sanjay Kapoor အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ"ကိုယ်တတ်နိုင်တာထက် ပိုပြီးသုံးဖို့ မကြိုးစားနဲ့" ဆိုတဲ့စကားနဲ့ ဆန့်ကျင်လို့ အာလ်ဘတ်ပင်တို ဆိုတဲ့ အဘိုးကြီးကတော့ "ကြွယ်ဝစွာနေထိုင်ဖို့ မတွေးရင် ဘယ်တော့မှ ကြွယ်ဝလာမှာမဟုတ်ဘူး" လို့ မှတ်ယူထားပုံပါပဲခရစ်ပတိုကွိုင်ကြောင့် ၃၅ ကုဋေထိ ဘယ်သို့ဘယ်ပုံရယ်မသိ နေ့ချင်းညချင်း ကြွယ်ဝသွားတယ် ဒီလိုကနေ သူ့ရဲ့မွေးနေ့ပါတီမှာပဲ ထူးဆန်းစွာသေဆုံးသွားခဲ့တယ် မွန်ဘိုင်းက ထူးချွန်တဲ့ စုံစမ်းရေးအရာရှိ မစ္စတာရာ့ဂျ်ဗီးရ်တစ်ယောက် အရာရာအပြစ်အနာအဆာကင်းမဲ့ပုံ ထင်ရတဲ့ "ပင်တို မိသားစု" ကို စစ်မေးရင်း ...သံသယတရားခံတွေကို ဆွဲထုတ်လို့ မြှုပ်နှံထားတဲ့ အလိမ်အညာတွေကို ရှာလို့တွေ့မှာလား နက်နဲတဲ့ ပဟေဠိတွေကို တစ်နာရီ မိနစ်နှစ်ဆယ်ခန့်သာရှည်တဲ့ ဒီရုပ်ရှင်လေးမှာ အပိုစာသားတွေသိပ်မပါပဲ ကြည့်ရမှာပါအညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ Yunni ~ ...
movie

House of Lies (2024)

Take Me to Banaue (2023)
Take Me to Banaue (2023) Take me to banaue (2023)"ဘနာဝီ.. သို့" ================================ဖိလစ်ပိုင် အမေရိကန် ဖက်စပ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ ဒီရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဘနာဝီဆိုတာကတော့ ဖိလစ်ပိုင်နိုင်ငံထဲက မြို့ငယ်လေးတစ်မြို့ပါ။ဇာတ်လမ်းလေးကတော့ ဂရေ့စ်ဆိုတဲ့ ဖိလစ်ပိုင်မလေးနဲ့ ဟန့်ခ်ဆိုတဲ့ အမေရိကန် အင်ဂျင်နီယာလေးဟာ ဒိတ်တင်းဆိုက်တစ်ခုကနေ တွေ့ပြီး ခဏတာ တွဲဖြစ်ခဲ့ကြပါတယ်။သူတို့ဆက်ဆံရေးဟာ အစပိုင်းမှာ ကြည်နူးစရာကောင်းပေမဲ့ ဂရေ့စ်ဟာ ရုတ်တရက်ခြေရာဖျောက်သွားတဲ့အတွက် အလွမ်းဒဏ်ကိုမခံနိုင်တော့တဲ့ ဟန့်ခ်ဟာ သူ့သူငယ်ချင်းရဲ့အကူအညီနဲ့ ဂရေ့စ်ရဲ့ မွေးရပ်မြို့ဖြစ်တဲ့ ဘနာဝီမြို့ကို ရှာပုံတော်ထွက်လာခဲ့ပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.45GB / 708MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Take Me to Banaue (2023)

2023
Sriranga Neethulu (2024) 7
Sriranga Neethulu (2024) Sriranga Neethulu (2024) "ပြစ်ချက်မကင်းတဲ့ ပန်းများ"IMDb 9.0 အိန္ဒိယခေတ်သစ်လူ့အဖွဲ့အစည်းက လူငယ်တွေရဲ့ ဘဝနေထိုင်မှုကို တင်ဆက်ထားတဲ့ ဒရာမာဇာတ်လမ်းလေးဖြစ်ပါတယ်ခေတ်နဲ့အမျှ လူ့အဖွဲ့အစည်း ဘယ်လောက်ပဲ တိုးတက်ပြောင်းလဲလာပါစေ လူတန်းစား/ကျားမ ခွဲခြားမှုတို့က ဆက်လက်ရှင်သန်နေဆဲဖြစ်ပြီး ဆင်းရဲမွဲတေမှု၊ လူငယ်တွေ အလုပ်လက်မဲ့ဖြစ်မှုတို့ကလည်း မကွယ်ပျောက်ဘဲ ရှိနေဦးမှာပါအက်ရှ်ဝါရီယာ ဆိုတဲ့ ကောင်မလေးဟာလည်း ဒီလိုပြဿနာတွေကို စင်ပေါ်တက်ဟောပြောဖို့ သတ္တိရှိပေမယ့် သူကိုယ်တိုင်ကျ လူတန်းစားမတူတဲ့ ရည်းစားကောင်လေးအကြောင်း မိဘကို ဖွင့်ပြောဖို့ကျ မဝံ့ရဲဘူးလေ ရှီဗာကတော့ အလုပ်လက်မဲ့ တေလေဂျပိုး ဖခင်ကို အရွဲ့တိုက်ပြီး မူးရူးနေရုံသာမက ဆေးခြောက်ပါ ကိုယ်တိုင်စိုက်လို့ ကွိုင်တက်ရတဲ့ လမ်းပျောက်လူငယ်တစ်ယောက် ...အောင်မြင်ကျော်ကြားဖို့ လူအာရုံစိုက်ခံရဖို့ကို ကိုယ့်အလုပ်ထက် အလေးပေးတဲ့ ခေတ်လူငယ်တွေရဲ့ လက်ရှိအခြေအနေတွေ အပါအဝင် မတူညီတဲ့ နောက်ခံအမျိုးမျိုးက ခေတ်လူငယ်တွေရဲ့ ဘဝပြဿနာအဖုံဖုံကို လက်တွေ့ကျကျ တင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 1.76GB / 778MB Quality…WEB DL 1080p / ...
movie

Sriranga Neethulu (2024)

2024
Gaddi Jaandi Ae Chalaangaan Maardi (2024) 6
Gaddi Jaandi Ae Chalaangaan Maardi (2024) Gaddi Jaandi Ae Chalaangaan Maardi 2023 လက်ဖွဲ့ကားစိတ်ညစ်ညူးစရာ အလုပ်တက်ရက်ကြီးမှာ CM Bollywood Teamက ပရိသတ်ကြီးကို ဟာဒယရွှင်ဆေးတိုက်ကျွေးဖို့ ပန်ချာပီဟာသကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးထဲမှာတော့ ပစ္စည်းတွေ စားစရာတွေလိုပဲ သားတွေကို ဈေးတင်ရောင်းမယ့် ကပ်စေးနည်းဖေဖေကြီးနဲ့ ‌ခမည်းခမက်တွေကြားက အလွဲလေးတွေကို ရှုစားရမှာပါ။ချွေးမကိုမကြည့်ဘူး ခန်းဝင်ပစ္စည်းပဲကြည့်မယ် ချွေးမမှာလက်မပါလာတာအရေးမကြီးဘူး ခန်းဝင်ပစ္စည်းလျော့လို့တော့မရဘူးဆိုတဲ့ လာ့ဘ်ဆင်းဂ်တစ်ယောက် သားတွေကို အိမ်ထောင်ချပေးရမယ့်အချိန်ရောက်ရင် သတို့သမီးတွေကို ခန်းဝင်ကြိုက်ဈေးပေးရင် ရော့ခန်းဝင်ပစ္စည်း ရော့ငါ့သားလုပ်တတ်တဲ့သူပါ။ ဖြစ်ချင်တော့ သားကြီးဘိုလာကို မင်္ဂလာဆောင်ပေးချိန်မှာ သတို့သမီးဘက်က ဘိုလာ 8 တန်းကျ ပညာမတတ်ဆိုတာသိသွားပြီး ခန်းဝင်ပစ္စည်းထဲထည့်ပေးရမယ့် ဆိုင်ကယ်နဲ့ကုတင်က ပါမလာတော့ပါဘူး။ဒီတော့ တစ်ပြားကနေ နှစ်ပြားရအောင်ပွတ်နေတတ်တဲ့ လာ့ဘ်ဆင်းဂ်တစ်ယောက် ဒီဆိုင်ကယ်ကို ကြိတ်မနိုင်ခဲမရဖြစ်နေတာ ဘိုလာတို့သားလေး ကျောင်းနေအရွယ်ရောက်တဲ့အထိပါပဲ။ သားကြီးမှာ ဆုံးရှုံးခဲ့ရတာကို သားငယ်ဟက်ပီးအလှည့်ကျ ဆတိုးပြန်ယူဖို့ လုပ်ထားတာပေါ့လေ။ဒီလိုနဲ့ ခန်းဝင်ပစ္စည်းတောင်းလို့ကောင်းအောင် ၃၀၀၀၀ တန် MBA အောင်လက်မှတ်နဲ့ သူဌေးသမီးကိုထောင်ဖမ်းမယ့် လာ့ဘ်ဆင်းတို့နဲ့ ခန်းဝင်ပစ္စည်းတွေထဲ ကားကြီးတစ်စီးပါ ထည့်ပေးမှာဆိုတဲ့ ဟက်ပီးသဘောကျနေတဲ့ ပူဂျာတို့မိသားစုနဲ့တွေ့တဲ့အခါမှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ...
movie

Gaddi Jaandi Ae Chalaangaan Maardi (2024)

2023
Archir Gallery (2023) 6
Archir Gallery (2023) Archier Gallery 2023 (အာချီရဲ့ပြခန်း)ဒီတစ်ခေါက်မှာတော့ အရိုအချိုဒရာမာလေးတွေနဲ့ ရုံးတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ငယ်ငယ်လေးကတည်းက အမေဆုံးသွားလို့ အဖေနဲ့ပဲအတူတူကြီးပြင်းလာခဲ့ရတဲ့ မိတဆိုးလေးအာချီဟာ သူ့အဖေကို အရမ်းချစ်ပြီးတော့ အရမ်းလည်း ဂရုစိုက်ပါတယ်။ အင်ဂျင်နီယာကျောင်းဆင်းဖြစ်တဲ့သူဟာ ဘန်ဂလိုမှာ အလုပ်ရခဲ့ပေမယ့် အဖေနဲ့ဝေးရာမှာဖြစ်နေတဲ့အတွက် အဖေ့ကိုစိတ်မချဘဲ အလုပ်ကနေ ၂ပတ်နဲ့ထွက်ခဲ့ပါတော့တယ်။အဖေဖြစ်သူဟာလည်း သူ့မိန်းမရဲ့ အမှတ်တရတွေပြည့်နေတဲ့အိမ်ကနေ ဘယ်ကိုမှ မသွားဘူးဆိုတာကိုသိနေတဲ့ အာချီတစ်ယောက်ဟာ သူ့အဖေရှိရာမြို့မှာပဲ ပြန်လာနေထိုင်ရင်း အလုပ်ရှာခဲ့ပါတော့တယ်။ဒီလိုနဲ့ အလုပ်ရပြီးနောက်မှာ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပြီး အဲဒီကောင်မလေးကို မြင်မြင်ချင်းပဲ ချစ်မိသွားပါတော့တယ်။ ဒီလိုနဲ့ သူချစ်မိသွားတဲ့ကောင်မလေးဟာ သူနဲ့တစ်ရုံးတည်းဖြစ်နေတာကို သိလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ ကောင်မလေးကို နည်းအမျိုးမျိုးသုံးပြီးတော့ လိုက်ပါတော့တယ်။အာချီနဲ့ အဲဒီကောင်မလေးတို့ရဲ့ ရုံးတွင်းအချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ရိုရမလဲ ....... အဖေတစ်ခု သားတစ်ခုဘဝလေးထဲကိုရော အဲဒီကောင်မလေးက ဘယ်လိုတွေ ဝင်ရောက်လာမလဲ .... အာချီနဲ့ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဇာတ်သိမ်းလေးလှမလား ..... ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ Alex ~ ToMo ~ Suri ~ Cyrah တို့ပဲဖြစ်ပါတယ်) File ...
movie

Archir Gallery (2023)

2023
Majbooriyan (2023)
Majbooriyan (2023) Majbooriyan (2023) "အတိတ်ရဲ့ အရိပ်" IMDb - 5.7/10အိန္ဒိယဆန်တဲ့အလှလို့ခေါ်ရမလားပဲ... ဆာရီလေးနဲ့ ခန္ဓာကိုယ်သွယ်လျကျစ်လစ်နေမှုက အရမ်းကိုလိုက်ဖက်နေတဲ့ အိန္ဒိယမင်းသမီးချောလေး Mahima Guptaရဲ့ အလှတွေကိုခံစားကြရဖို့တင်ဆက်ပေးလိုက်ပါတယ်။ကမ္ဘာကြီးက ရွာကြီးဖြစ်လာတယ်ဆိုတာနဲ့အတူ ရွာထဲဖြစ်သမျှ တစ်ရွာလုံးသိသလို အိပ်ယာပေါ်ကကိစ္စတွေကလည်း လုံလုံခြုံခြုံသိမ်းမထားနိုင်တာနဲ့အမျှ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သိကုန်ကြတာမျိုးပေါ့။ဆိုနာလီတစ်ယောက်လည်း ဒီလိုအဖြစ်အပျက်မျိုးနဲ့ကြုံရပါတယ်။ ဆိုနာလီဆိုတာ ချစ်စရာသမီးလေးတစ်ယောက်နဲ့ သူ့ကိုသိပ်ချစ်ပေးတဲ့ခင်ပွန်းသည်ရယ်နဲ့ ပျော်ရွှင်စရာမိသားစုလေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးလေးတစ်ဦး။ ဒုတိယရင်သွေးရဖို့ လင်မယားနှစ်ယောက် အသည်းအသန်ကြိုးစားနေတုန်းမှာပဲ သူ့ဆီကိုရောက်လာတာက အတိတ်ကအရိပ်မည်းကြီးတစ်ခု။အိမ်ထောင်မကျခင်က အချစ်ဦးနဲ့အတူ ချစ်ကြည်နူးတစ်တီတူးခဲ့တဲ့ဗီဒီယိုက သူ့ဆီကို ဖုန်းမတ်ဆေ့ချ်ကနေ ဆက်တိုက်ပို့နေခဲ့ပါတော့တယ်။ဒီမှာပဲဆိုနာလီတစ်ယောက် ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ရင်ဆိုင်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.14GB /600MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Majbooriyan (2023)

2023
P Se Pyaar F Se Faraar (2019) 7
P Se Pyaar F Se Faraar (2019) P Se Pyaar F Se Faraar (2019) "ချစ်သူခေါ်ရာ..."IMDb 7.0 ရထားတဲ့ ဟင်ဒီ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်ဂျန်ဗီဆင်းဂ်က အထက်တန်းလွှာက သူဌေးသမီးလေးတစ်ယောက် ... သူ့အဖေက နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး စိတ်ပါရင်ပါသလို ဥပဒေဘောင်ပြင်ပကနေ လုပ်နိုင်တဲ့အထိ အာဏာရှိသူပါအမျိုးဇာတ်/ဘာသာရေး ခွဲခြားတာတွေ ပေါ်ပေါ်ထင်ထင်လုပ်ပြီး ကိုယ်နဲ့မတူရင် လူသတ်ရဲတဲ့အထိ အစွဲကြီးလွန်းတဲ့ မိသားစုကနေ ပေါက်ဖွားလာသူမိန်းကလေးနဲ့ ...သာမန်လူတန်းစား ကျောင်းသားလေး ဆူရာ့ဂျ်တို့ လူမှုအသိုင်းအဝိုင်းကို မျက်ကွယ်ပြုပြီး အချစ်ကို မျက်စိစုံမှိတ်ယုံလို့ နှစ်ယောက်သား စွန့်စားထွက်လာကြပေမယ့်လည်း ...ငယ်ရွယ်သူ အချစ်ငှက်လေးတို့ မလွန်ဆန်နိုင်မယ့် မုန်တိုင်းရဲ့ အန္တရာယ်က စောင့်ကာနေလေတော့ ...အမျိုးဇာတ်/ ဘာသာရေး/ လူတန်းစားခွဲခြားမှုတို့ကို ကွက်ကွက်ကွင်းကွင်း တင်ပြထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.6GB / 1.6GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 11m Subtitle….Myanmar ...
movie

P Se Pyaar F Se Faraar (2019)

2019
Oru Yamandan Premakadha (2019) 5.1
Oru Yamandan Premakadha (2019) Oru Mandan Premakadha (2019)"မီးတောက်ငယ်လေးတစ်ခု"ဒီတစ်ခေါက်‌တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 5.1 ရရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးဟာဆိုရင်တော့ဖြင့် B.C Noufal ရိုက်ကူးထားပြီး 2019 မှာ ထွက်ရှိခဲ့တဲ့ မလေယာလမ်စကားပြော အချစ်ဟာသဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ မင်းသား Dulquer Salmaan ဟာ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ လူငယ်လေး လာလူအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လာလူဟာ ဆေးသုတ်သမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်စရာတွေ မကောင်းမှုတွေ တူတူလုပ်လိုက်နဲ့ တစ်ရက်တစ်ရက် အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။လာလူဟာ လူငယ်သဘာဝ ပျော်တတ်ပါးတတ်ပေမဲ့ မိသားစုနဲ့ ပတ်သက်ရင်တော့ အလေးထားတတ်သလို ဖခင်ဖြစ်သူရဲ့ ဆန္ဒတွေကိုလည်း အလေးထားပါတယ်တဲ့။ တစ်နေ့မှာတော့ သတင်းစာတစ်ခုကနေ ပျောက်ဆုံးနေတဲ့ အမျိုးသမီးလေး တစ်ယောက်ကို မြင်ပြီး ချစ်မိသွားပါ‌ေတာ့တယ်။ ဘယ်ကမှန်းမသိ ဘယ်လိုလူမှန်းမသိတဲ့ မိန်းကလေးဖြစ်သူ ဒီယာကို ချစ်မိသွားတဲ့အခါ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရင်း ...
movie

Oru Yamandan Premakadha (2019)

2019
Swatantra Veer Savarkar (2024) 7
Swatantra Veer Savarkar (2024) Swatantra Veera Savarkar 2024 IMDb 7.7ဘတ်ဂျက်သန်း၂၀၀သုံးထားပြီး အိန္ဒိယနိုင်ငံသားတွေ လွတ်လပ်ရေးကြိုးပမ်းခဲ့ပုံကိုရိုက်ကူးတင်ဆက်ထားပါတယ်အဓိကရုဏ်းတွေနဲ့ အင်္ဂလိပ်ဗြိတိသျှတွေက အိန္ဒိယကိုသိမ်းပိုက်တဲ့ခုနှစ်အစမှာပေါ့ တစ်နိုင်ငံလုံး မီးခိုးငွေ့တလူလူနဲ့ အိန္ဒိယသား‌တွေရဲ့အလောင်းထားဖို့တောင် တွင်းကြီးကြီးတူးထားကြတဲ့အထိပါပဲတွင်းပြည့်သွားရင် မီးရှို့ရင်းထပ်သတ်နေတဲ့ဒီသံသရာထဲကရုန်းထွက်ချင်နေကြတဲ့ အိန္ဒိယပြည်သူတွေအတွက် လူအင်အား လက်နက်အင်အားနဲ့ ကံကြမ္မာအင်အားက သူတို့ဘက်မှာမရှိနေခဲ့ ဒီလိုဆင်းရဲဒုက္ခထဲကလွတ်မြောက်ဖို့ သူတို့ရဲ့မျှော်လင့်ချက်ရောင်ခြည်က ဗီဒီဆာဗာကာပါ ဉာဏ်ပညာထက်မြက်ပြီး မှတ်နိုင်စွမ်းမြင့်မားသူပီပီ အင်္ဂလိပ်နိုင်ငံသွား အဲ့ဒီကအမြင့်ဆုံးကျောင်းမှာ ကျောင်းတက်ပြီး ထိပ်တန်းကျောင်းသားဖြစ်အောင်လုပ်ခဲ့တယ် ကျောင်းကနှင်ထုတ်ချင်ရင်တောင် နောက်လှည့်ကြည့်ရင် ဘာအပြစ်မှမရှိအောင်နေခဲ့ပြီး နိုင်ငံခြားကလူတွေတောင်ရှိန်ရတဲ့ ထိပ်တန်းကျောင်းသားကြီးတစ်ယောက် ဒီကျောင်းကဘွဲ့ရရင် လန်ဒန်ထိတက်ပြီး ဥပဒေပညာကိုသင်ယူ သူတို့ရဲ့လွတ်လပ်ရေးအတွက် ပညာတွေကိုလေ့လာပြီး အိန္ဒိယကိုပြန်ကယ်တင်မဲ့သူ့အိပ်မက်က ခက်ခဲကြမ်းတမ်းတဲ့လောကဓံကြား အဆင်ပြေသွားမလားဆိုတာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.29GB / 1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Swatantra Veer Savarkar (2024)

2024
Mix Up (2024) 4
Mix Up (2024) Mix Up (2024) "သာယာမှုအသစ်အဆန်း"ဒီတစ်ခါမှာတော့ ထူးထူးခြားခြား အိမ်ထောင်ရေးဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်အိမ်ထောင်ရေးမှာ ဟန်ချက်မျှဖို့က အရေးကြီးဆုံးပါဘဲ။ အိပ်ရာပေါ်က ကိစ္စဖြစ်စေ၊ နေ့ဒဓူဝကိစ္စဖြစ်စေ တစ်ဖက်က ဘွင်းဘွင်းရှင်းရှင်းပွင့်လင်းပြီး တစ်ဖက်မှာကျ အုံ့တုံ့တုံ့ဖြစ်နေရင်တော့ ပဋိပက္ခတွေပဲ ဖြစ်တော့မှာပေါ့မတူတဲ့ စုံတွဲနှစ်တွဲ.... တစ်တွဲမှာ ယောကျာ်းက အရမ်းပွင့်လင်း၊ မိန်းမက ရှေးရိုးဆန်ပြီး နောက်ထပ်မောင်နှံကျတော့ ယောကျာ်းက မခုတ်တတ်တဲ့ ကြောင်လေးလို၊ မိန်းမက ရဲရဲတင်းတင်းနဲ့ ဘယ်လိုမှ လမိုင်းမကပ်ကြဘူးအိပ်ရာပေါ်မှာလည်း လိုချင်တာ မလိုချင်တာ ညှိမရသလို နေ့စဥ်ဘဝမှာလဲ တကျက်ကျက်ပေါ့ ။ သူတို့ရဲ့ စိတ်ကုဆရာဝန်က အပန်းဖြေခရီးထွက်ဖို့ အကြံပေးတဲ့အခါမှာ ...ပွင့်လင်းသူနှစ်ယောက်ဆုံမိပြီး ... အုံ့တုံ့တုံ့နှစ်ယောက်လည်း ညားကြပါလေရော ဖောက်ပြန်တာဆိုပေမယ့် သူတို့လိုချင်သလို type တူနေတော့ အဆင်ပြေသွားမှာလား နောက်ထပ်ပြဿနာတွေ ရှုပ်လာဦးမှာလား ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ KKKZ တို့ ဖြစ်ပါတယ် File size…1.54GB  / 673MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Mix Up (2024)

2024
Sarfarosh (1999) 8.1
Sarfarosh (1999) Sarfarosh (1999) "တာဝန်" IMDb - 8.1/10ဒီတစ်ခါမှာဆိုရင် ၁၉၉၉ က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရိုမန့်/အက်ရှင်ကားလေးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ဝါရင့်သရုပ်ဆောင် Naseeruddin Shah, အားလုံးသိကြတဲ့ မင်းသား Aamir Khan နဲ့ တစ်ချိန်က မင်းသမီးချော Sonali တို့ ပါဝင်ထားပြီး အမြတ်ငွေ လေးဆပြန်ရခဲ့တဲ့ ခေတ်ဟောင်းကားလေးပါအိန္ဒိယနိုင်ငံမှာ လက်နက်မှောင်ခိုမှုတွေ ဖြစ်ပွားစဥ် အကြမ်းဖက်မှုတွေများလာတာကြောင့် အစိုးရက မွန်ဘိုင်းအထူးစုံစမ်းရေးကို တာဝန်ပေးနေရတဲ့ အချိန် ကောလိပ်ကျောင်းသား အဂျေး (အမီခန်း)ရဲ့အဖေက အကြမ်းဖက်တစ်ယောက်ကို ဆန့်ကျင်ထွက်ဆိုဖို့အသွား ပြန်ပေးဆွဲခံလိုက်ရပြီးအကြမ်းဖက်တွေလက်ချက်နဲ့ သူ့အစ်ကိုကြီးကိုဆုံးရှုံးလိုက်ရတဲ့အပြင် အဖေကပါ စကားမပြောနိုင်တော့ဘူး ဖြစ်သွားတဲ့အခါ အဂျေးတစ်ယောက် ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လူတိုင်းလေးစားရသူလဲဖြစ်၊ အဂျေးနဲ့ ချစ်သူကောင်မလေး ဆီမာတို့ အရမ်းသဘောကျတဲ့ ဂီတစာဆို ဂူဖမ်ဟာဆန်ဆိုသူမှာ ဘယ်သူမှမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့အခါမှာဆိုရင်တော့ .....အက်ရှင်ခန်းတွေသာမက ချစ်ခန်းကြိုက်ခန်းတစ်လှည့်စီ အရောင်အသွေးစုံလင်တဲ့ ဒီခေတ်ဟောင်းလက်ရာလေးကို ပရိသတ်ကြီးက ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.4GB ...
movie

Sarfarosh (1999)

1999
Kaliyugam Pattanamlo (2024) 6.5
Kaliyugam Pattanamlo (2024) Kaliyugan Pattanambo 2024 (စိတ္တဇအမွှာညီအစ်ကို)အမွှာတွေဆိုရင် စိတ်ချင်းဆက်ပြီး စိတ်တူကိုယ်တူရှိကြတာများပါတယ်။ ဒီလို စိတ်တူကိုယ်တူအမွှာတွေအများကြီးရှိတဲ့ကြားထဲကနေ တစ်ယောက်ကဖြူစင်ပြီး နောက်တစ်ယောက်က အရိုင်းဆန်ပြီးသွေးဆာနေတဲ့ အမွှာလေးနှစ်ယောက်အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ မိုဟန်ဆိုတဲ့လူမှာ အမွှာလေးနှစ်ယောက်ရှိပါတယ်။ဗီဂျေးနဲ့ ဆာဂါတဲ့။ ဒီအမွှာလေးတွေ မမွေးခင်မှာ မိခင်ဖြစ်သူဟာ စိတ္တဇစာအုပ်တွေကိုပဲ ဖတ်ချင်စိတ်ပြင်းပြနေပါတယ်။ ဒီလိုနဲ့ ဗီဂျေးနဲ့ ဆာဂါဆို့ အရွယ်နည်းနည်းရလာတော့ သူတို့ရပ်ကွက်ထဲမှာ အိမ်မွေးအကောင်လေးတွေ နေ့တိုင်းနီးပါး သေဆုံးနေခဲ့ပြီးတော့ ဒီကိစ္စကို ကာကွယ်နိုင်ဖို့အတွက် အစောင့်တစ်ယောက်ငှားပြီး ရပ်ကွက်ကို ကင်းစောင့်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ သိလာရတာကတော့ ဒီကိစ္စတွေက မိုဟန်ရဲ့သားနှစ်ယောက်တည်းက တစ်ယောက်ရဲ့လက်ချက်ဖြစ်နေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့ ရပ်ကွက်ကလူကြီးတွေအကြံပေးချက်အရ သားနှစ်ယောက်ကို စိတ်ကျန်းမာရေးစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ဗီဂျေးဟာ သွေးကြောက်တတ်ပြီးတော့ ဆာဂါဟာ သွေးကို ချစ်မြတ်နိုးနေတာကိုသိလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဆရာဝန်ညွှန်ပေးတဲ့ဆေးကို တိုက်နေပေမယ့်လည်း ဆာဂါရဲ့ စိတ်ကျန်းမာရေးဟာ သက်သာမလာတဲ့အဆုံး စိတ်ကျန်းမာရေးဆေးရုံမှာပဲ ထားလိုက်ပြီးနောက် သူတို့မိသားစုဟာလည်း လက်ရှိနေတဲ့အိမ်ကိုရောင်းပြီး တခြားနေရာမှာသွားနေထိုင်ပြီး မိုဟန်ဟာ သားတစ်ယောက်ပဲရှိတဲ့ဖခင်အဖြစ်ပဲ ဆက်လက်နေထိုင်နေပါတယ်။ဒီလိုနဲ့ ဗီဂျေးတို့ အသက်တွေကြီးလာပြီး ကောလိပ်တက်ရတဲ့အရွယ်ရောက်လာတဲ့နောက်မှာတော့ ကောင်မလေးတစ်ယောက်နဲ့ဆုံတွေ့ရင်း ....... အဲဒီကောင်မလေးနဲ့ ဗီဂျေးတို့ ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေ မြင်တွေ့ရမလဲ .... ဗီဂျေးရဲ့အမွှာ ဆာဂါကရော ...
movie

Kaliyugam Pattanamlo (2024)

2024
Vallavan Vaguthathad (2024)
Vallavan Vaguthathad (2024) Vallavan Vaguthadhada (2024) "လောဘသားတို့သွားရာလမ်း"Crime dramaကိုမှ ဆန်းသစ်တဲ့ဇာတ်ကွက် ဇာတ်ကောင်နာမည်ကအစ အသေးစိတ်ပုံဖော်ထားတဲ့ ဇာတ်လမ်းမျိုးကိုကြိုက်သူတွေအတွက် တမီလ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ ဥစ္စာရမ္မက် ငမ်းငမ်းတက်နေတဲ့ လူသဘာဝတစ်စိတ်တစ်ပိုင်းနဲ့ တောင်တစ်လုံးထက် နောက်တောင်တစ်လုံးကမြင့်တဲ့ဒုစရိုက်လောကမှာ ဘယ်လိုတွေကြုံရမလဲဆိုတာ ရှုစားရမှာပါ။ဒီဇာတ်လမ်းလေးထဲမှာတော့ အဓိက ဇာတ်လိုက်တဖြစ်လည်း ဗီလိန်ဒုစရိုက်သား ၅ ယောက်ကိုမြင်ရမှာပါ။ နာမည်ကသာ နီသီ(တရားမျှတမှု) တရားမျှတမှုကလွဲရင် မကောင်းတာမှန်သမျှတစ်ခုမှမချန်တဲ့ အင်စပက်တာကြီးရယ်၊ လူကသာချမ်းသာပေမဲ့ စိတ်ဓာတ်ဆင်းရဲတဲ့ အကြွေးမဆပ်နိုင်သူတွေကို ကိုယ်တွင်းအင်္ဂါတွေယူတဲ့ ငွေတိုးချေးစားတဲ့ကူဘာရန်၊ ရုပ်လှလှကိုဗန်းပြပြီး လူတကာကိုလိမ်စားနေတဲ့ မိန်းမမာယာသဲကိုးဖြာနဲ့ အာဂလ်ယာ၊ နောက်ဆုံးအနေနဲ့ သူခိုးနှစ်ယောက်ဖြစ်တဲ့ ချာကရာဗာသီနဲ့ ချီရန်ဂျီ‌ဗီဒီလူ ၅ ယောက်ကို ဇာတ်ကွက်တစ်ခုတည်းမှာ ဆုံဆည်းစေမယ့် ဇာတ်ဆရာရဲ့လှည့်ကွက်က ဘာဖြစ်မလဲ။ သူတစ်ပါးဥစ္စာကိုမှ ငမ်းငမ်းတက်တဲ့ ဒီလူ ၅ ယောက်အတွက် ကံကြမ္မာဇာတ်ဆရာက ဘယ်လိုပြစ်ဒဏ်ချမှတ်သွားမလဲဆိုတာ...(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ ToMo ~ V ~ Alexတို့ပဲဖြစ်ပါတယ်) File size… 1.47GB / 672MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 44m Subtitle….Myanmar ...
movie

Vallavan Vaguthathad (2024)

2024
Prasanna Vadanam (2024) 6.5
Prasanna Vadanam (2024) Prasanna Vadanam(2024)"မျက်နှာများ" ================================ဒါရိုက်တာ အာဂျွန်ဝိုင်ကေရဲ့ IMDb 8.2 ရတေလဂူးစကားပြော အက်ရှင်မှုခင်းရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။ဆူရီယာဟာ အက်ဆီးဒန့်တစ်ခုကြောင့် prosopagnosia လို့ခေါ်တဲ့ ခံစားနေရသူပါ။ Prosopagnosia ဆိုတာကတော့ ပြောရရင် မျက်နှာတွေကို မမှတ်မိနိုင်တဲ့ရောဂါပါ။ အဖေအမေရဲ့ မျက်နှာကိုတောင် မမှတ်မိတာကြောင့် နေ့တဒူဝ တွေ့နေကျလူတွေကို သူတို့ရဲ့ ထူးခြားတဲ့ဝိသေသတွေနဲ့ ကိုယ့်နည်းကိုယ့်ဟန်မှတ်ထားရတဲ့ ဆူရီယာဟာ တစ်နေ့မှာ ရာဇဝတ်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။သာမန်အချိန်တွေမှာ သူ့ရဲ့ရောဂါက သူ့အတွက် အားနည်းချက်ဖြစ်ပေမဲ့ အဲဒီရာဇဝတ်မှုမှာတော့ မျက်နှာတွေကို မမှတ်မိခြင်းက အားသာချက်ဖြစ်နေတဲ့အခါမှာတော့...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.36GB / 1.16GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Prasanna Vadanam (2024)

2024
Paune 9 (2023) 6
Paune 9 (2023) Paune 9 (2023)ဒီတစ်ခါမှာတော့ မိုးအေးအေးလေးမှာ စိမ့်နေအောင် အသတ်အဖြတ်တွေ ကြည့်ရမယ့် TV-movie လေး တင်ဆက်ပေးလိုက်ပါတယ်ဂျက်ဖာက အရမ်းကြမ်းတဲ့ ဘဲတစ်ဗွေဖြစ်ပြီး သူတို့မြို့က ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို လုပ်ကြံကာ လူတိုင်းကြောက်ရတဲ့ ဒုစရိုက်ရာဇာတစ်ယောက် ဖြစ်လာတယ်ညဥ့်နက်သန်းခေါင် ဘာမှစားစရာမကျန်တော့တဲ့ ဆိုင်တစ်ဆိုင်မှာ အသားမှာတာကြောင့် ဆိုင်ရှင်က သူ့သားလေးအသက်ကို ရန်ရှာမှာစိုးရိမ်ပြီး ကိုယ့်အသားကိုယ်လှီးကာ ချက်ကျွေးရတဲ့အဆင့်ဒီကနေ လူသားကိုခုံမင်သွားတဲ့ ဂျက်ဖာက "လူ့အသား" လုပ်ငန်းကို စတင်လုပ်ကိုင်တဲ့ နောက်မှာ ...ဘယ်လိုတွေ ရက်ရက်စက်စက် ပြကွက်တွေနဲ့အတူ horror တစ်ကားလို ပရိသတ်ကြီးကို ဖျော်ဖြေသွားမလဲဆိုတာ ကိုယ်တိုင်ဒေါင်းကြည့်လိုက်ပါနော်အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ Alex ~ ToMo ~ KKKZ တို့ ဖြစ်ပါတယ် File size…1.43GB  / 697MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 40mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by ...
movie

Paune 9 (2023)

2023
White Rose (2024) 6
White Rose (2024) White Rose (2024) "နှင်းဆီဖြူ" IMDb - 7.2/10နာမည်ကြီးမင်းသမီးချော Anandhi ပါဝင်ထားပြီးတော့ မှုခင်းဘက်ဆိုင်ရာထောက်လှမ်းစုံစမ်းရေးတွေကို သဘောကျနှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်စေမှာပါ ဇာတ်လမ်းအစမှာတော့ တံတားနားမှာ မိန်းကလေးတစ်ယောက်ရဲ့အလောင်းတွေ့ရှိခဲ့တယ် အပိုင်းပိုင်းခုတ်ဖြတ်ပြီးတော့ အိတ်ထဲထည့်ပြီးစွန့်ပစ်ထားတာပါ လက်ချောင်းလေးကအစ ခုတ်ထားပါသေးတယ် အရင်ကလည်း ဒီလိုလူသတ်ပုံတွေရှိခဲ့တာ‌ကြောင့် ကွင်းဆက်လူသတ်မှုလို့‌ရဲတွေက ကောက်ချက်ချထားပါတယ်တစ်ဖက်မှာတော့ပျော်ရွှင်စရာအတိနဲ့မိသားစုလေးတစ်စု ဒီဗယာရယ် ချစ်လွန်းလို့သမီးလေးဖြစ်သူကို ဒီယာလို့တောင် နာမည်ပေးထားပြီးတော့ ဖခင်ဖြစ်သူအာရှရဖ်ရယ်က သားအမိသားအဖ ၃ယောက်သားရဲ့ ကမ္ဘာကြီးတစ်ခုပေါ့ မိန်းမဖြစ်သူမွေးနေ့မှာ ဆိုင်ကြီး ဆိုင်ကောင်းခေါ်သွားပြီး စပရိုက်စ်တွေလုပ်ပေးရင်းအပြန် လမ်းမှာ ရဲနဲ့အကြမ်းဖက်သမားတွေရဲ့ အပြတ်ရှင်းပွဲထဲလမ်းမှားဝင်သွားမိရင်း ရှေ့ဆုံးကဒီဗယာ့ အမျိုးသားအာရှရဖ်က သေနတ်ထိမှန်ခဲ့လို့ပွဲချင်းပြီးဆုံးသွားခဲ့တယ် ဒီလိုထရော်မာကနေ အချိန်အတော်ကြာပြန်ကုစားနေရတဲ့ ဒီဗယာ့အပေါ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သမီးလေးဒီယာပါ ပြန်ပေးဆွဲခံလိုက်ရချိန်မှာတော့...သမီးဖြစ်သူကို ပြန်ရအောင်ဘယ်လိုတွေကြိုးပမ်းသွားမလဲ အတိတ်ဖြစ်ရပ်ဆိုးတွေက ရုန်းထွက်နိုင်မှာလားဆိုတာကိုတော့...(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်) File size… 1.8GB / 753MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

White Rose (2024)

2024
Crew (2024) 6.4
Crew (2024) Crew (2024) "မဒီသုံးဖော်"IMDb - 6.4/10တဘူး၊ ကရီးနား၊ ကရီတီးဆိုတဲ့ အသီးသီးတောက်ပခဲ့ကြပြီး တောက်ပနေတုန်းဖြစ်တဲ့ အိန္ဒိယရဲ့စတားမင်းသမီး သုံးယောက်တွဲထားတဲ့ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ The Great Indian Kapil Showရဲ့ အစီအစဉ်မှူး ကာပီလ်နဲ့ နာမည်ကျော်ပန်ချာပီအဆိုတော်သရုပ်ဆောင် ဒေလ်ဂျိဒိုဆန်တို့လည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ရုံတင်ငွေ ၁၅၆ ကုဋေရထားပြီး ပေါ့ပေါးပါးပါး ကြည့်ရမယ့် ရွှေခိုးသယ်တဲ့ ဟာသရုပ်ရှင်လေးပါ။အိပ်မက်ကိုယ်စီနဲ့ လေယာဥ်မယ်သုံးယောက်၊ ဝါသနာအလုပ်ကို လုပ်နေရပေမယ့် လေကြောင်းလိုင်းက လစာမပေးတော့တာ ခြောက်လကြာသွားတယ်။လေကြောင်းလိုင်း ဒေဝါလီခံလိုက်ရတာ သိလိုက်ရတော့ စည်းမျဥ်းတွေကို စွန့်ပယ်ပြီး ဖြတ်လမ်းလိုက်ဖို့ လေဒီသုံးယောက်သား ရွေးချယ်လိုက်ရတဲ့အခါမှာ ရွှေခိုးသယ်နေကျ သူတို့ HR ဆရာကြီးရဲ့ လျှို့ဝှက်ချက်ကို အသုံးချပြီး သူတို့သုံးယောက်ကို တာဝန်ပေးဖို့ အပေးအယူလုပ်ကာ ဘယ်သို့ဘယ်ပုံ ဆက်ပြီး စွန့်စားခန်းထွက်ကြပုံကို ... ဒီရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားကြရမှာပါ။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 1.9GB / 900MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h ...
movie

Crew (2024)

2024