Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bollywood
6.3
Shree (2013)
Shree (2013) စာရေးလေးရှရီးနှင့် သူပတ်သက်မိသောပဟေဠိယခုအခါမှာတော့ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်ကာလ ၂၀၁၃ ခုနှစ်က ထွက်ရှိထားပြီး IMDB 6.3/10 ရရှိထားတဲ့ “Shree”ဆိုတဲ့ Sci-Fi/Thriller ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ချစ်ရသူဆိုနူးလေးကို သိပ်သိပ်ချစ်ရ ပေမယ့် ပိုက်ဆံမရှိလို့ လက်မထပ်ရသေးတဲ့ စာရေးလေး ရှရီး… Air Calling ဆိုတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ပြီး ချစ်ရသူနဲ့လက်ထပ်ရဖို့အရေး ကြိုးစားရှာဖွေနေရင်း ကုမ္ပဏီပိုင်ရှင်သူဌေးကြီး ရမ်ဒါဝမ်ရဲ့ ကမ်းလှမ်းချက်တွေအောက်မှာ စီးမျောပါသွားမိရာကနေ ပဟေဠိဆန်လှတဲ့သိပ္ပံစမ်းသပ်ချက်တစ်ခုမှာ ပါဝင်ပတ်သက်ခဲ့မိပြီး အဆုံးသတ်မှာ ဘာတွေ ကြုံတွေ့လာရမှာလဲဆိုတာကို ပဟေဠိရှာရသလို ကြည့်ရှုခံစားသွားရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Bollywood Team က ခံစားပြန်ဆိုရေးသားပေးထားတာပဲဖြစ်ပါတယ်) File size…1.8GB / 895MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Shree (2013)
6.7
Bheema (2024)
Bheema 2024 ( ဘီးမာ )ဒီတစ်ခါ CM Bollywood ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တာကတော့ IMDb 6.8/10 ရ Bheema ဆိုတဲ့ 2024 ထွက်ရုပ်ရှင်ပဲဖြစ်ပါတယ်.. ဘီးမာလို့အမည်ရတဲ့ မိဘမဲ့နဲ့ ဆေးခြောက်ရောင်းတဲ့ မန်ဂျူတို့ရဲ့ကြားက အငြိုးအတေးတွေအကြောင်းကို အကအလှတွေနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတဲ့ Thriller/Action အမျိုးအစားပါဇာတ်လမ်းအကျဉ်းကတော့..ကားအပိုပစ္စည်းတွေရောင်းတဲ့ဂျေစီလမ်းမှာ နာမည်ကြီးကားပြင်ဆရာ ရန်မနဆိုသူရှိပါတယ်။ သူတို့မှာ သားလေးတစ်ယောက်အပြင် မန်ဂျူဆိုတဲ့ အကူကောင်လေးတစ်ယောက်ကိုလည်း သားတစ်ယောက်လိုပြုစုပြီး ခေါ်ထားပါသေးတယ်။ ဒါပေမဲ့ ၀မ်းမနာသားလေးကတော့ လူမိုက်တွေနဲ့ပေါင်းပြီး ကားပြင်ရုံမှာ ဆေးခြောက်ခိုးရောင်းပြီး ကျွေးကျေးဇူးတွေကိုဆပ်နေရှာပါတယ်။သားအရင်းကသိတော့ ဆေးခြောက်တောင်းသုံးရင်း အက်စီးဒန့်ဖြစ်ကာ မာလကဈာန်ကြွသွားပါတော့တယ်။ အဲဒီမှာပဲ မွေးစားသားကို နှင်ထုတ်လိုက်ကာ ရန်မနလည်း အရက်ဂျိုးကပ်ပြီး မူးရူးနေရင်း နေ့ရက်တွေကိုဖြတ်သန်းနေတော့ မကြည့်ရက်တဲ့မိတ်ဆွေက ဘီးမာနဲ့အလူလို့ခေါ်တဲ့ မိဘမဲ့ကောင်လေးနှစ်ယောက်ကို ခေါ်လာပြီး ပညာသင်ရင်းမွေးစားခိုင်းလိုက်ပါတယ်။ဒီလိုနဲ့ သားလေးသေတဲ့ တစ်နှစ်ပြည့်မှာ လူမိုက်စစ်စစ်ကြီးဖြစ်နေပြီဖြစ်တဲ့ မန်ဂျူကို ငါ့သားသေတာမင်းကြောင့်ဘာညာ သွားဖြဲရာက ဟိုကထိုးကြိတ်လွှတ်လိုက်လို့ အိပ်ရာပေါ်လဲသွားပါတယ်။ အဲဒီနောက်တော့ နာလန်မထူဘဲ တအိအိနဲ့နေမကောင်းဖြစ်ပြီး ဆုံးပါးသွားတဲ့အတွက် မွေးစားသားအသစ်လေး ဘီးမာနဲ့ မွေးစားသားဟောင်း မန်ဂျူတို့ကြားမှာ ဖျောက်ဖျက်မရနိုင်တဲ့ အငြိုးတရားတွေ ကြီးထွားလာတယ်။အဲဒီလိုနဲ့ ဘီးမာဆိုတဲ့ ခါချဉ်ကောင်လေးက ...
movie
Bheema (2024)
5.7
Pavi Caretaker (2024)
Pavi Caretaker (2024)တံခါးစောင့်ပါဗီသရန်နဲ့ ခွေးလေးဘရိုIMDb-5.9/10Kerala State Film Awards , Filmfare Awards South တို့အပါအဝင် ဆုပေးပွဲများစွာမှာ Best Actor နဲ့ တခြားဆုတွေအများကြီးဆွတ်ခူးခဲ့ဖူးတဲ့ ပရိုဂျူဆာ ၊ မင်းသားကြီး Dileep အဓိကပါဝင်ထားတဲ့ ရိုမန့်ဟာသကားလေးပဲဖြစ်ပါတယ်ပါဗီသရန်က ဇိမ်ခံတိုက်ခန်းတွေရှိတဲ့အဆောက်အဦးကြီးရဲ့ တံခါးစောင့်လူပျိုကြီး ၊ သူ့ရဲ့ အမောပြေရန်တွေ့စရာ အဖော်ကတော့ သူ့ခွေးလေး ဘရိုပါပဲ ။ပါဗီသရန်က ပင်စင်စားအဒေါ်ကြီးတစ်ယောက်ရဲ့တိုက်ခန်းမှာ နှစ်ရှည်လများငှားခမပေးဘဲ ကပ်နေတယ် ၊ ဒီလိုနဲ့ အိမ်ရှင်အဒေါ်ကြီးက သူ့တိုက်ခန်းမှာငှားခရမဲ့သူတစ်ယောက်ကို သူနဲ့တွဲထားတော့မယ်ဆိုပြီး တစ်ချက်လွှတ်ပြောလာတဲ့အချိန်...။သူနဲ့ ခွေးလေးဘရိုပဲ လွတ်လွတ်လပ်လပ်နေလာတဲ့နေရာမှာ လူသစ်ရောက်လာမယ်ဆိုတော့ လူပျိုကြီးအကြံအိုက်တော့တာပါပဲ....။ဒါပေမဲ့ရောက်လာတဲ့အိမ်ငှားအသစ်က အမျိုးသမီးဆိုတာ သိလိုက်ရတော့ လူပျိုကြီးဘယ်လိုတွေပြောင်းလဲလာမလဲ...။သတ်လတ်ပိုင်းလူပျိုကြီးတစ်ယောက်ရဲ့ အလွဲအချော်တွေနဲ့ ချစ်စရာခွေးလေးရဲ့ အပြုအမူတွေက တစ်ခဏတော့ပြုံးမိစေမှာမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…2.24GB / 1.2GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ ...
movie
Pavi Caretaker (2024)
6.1
Adios Amigo (2024)
Adios Amigo(2024) နှုတ်ဆက်ပါတယ် သူငယ်ချင်းသြဂုတ်လအတွင်း လောလောလတ်လတ်ထွက်ထားတဲ့ ဘောလီးဝုဒ်ဟာသ ဒရမ်မာကားလေးကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူ ဆေးရုံတင်ထားရလို့ သောကဗျာများနေရပြီး ဆေးရုံစရိတ်အတွက်ပူပန်နေရတဲ့သူနဲ့ ဥစ္စာကြွယ်ဝလှပြီး ဘဝကိုပေါ့ပေါ့ဖြတ်သန်းနေတဲ့သူ..ဘဝအခြေအနေမတူလှတဲ့လူနှစ်ယောက် ဥဒဟိုသွားလာနေကြတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး ခရီးတစ်ခုတည်းသွားဖြစ်ခဲ့ရာမှာတော့ ဘာတွေဖြစ်လာမှာလဲ...IMDB 6.1/10 ရရှိထားပြီး အခြေအနေမတူတဲ့ လူနှစ်ယောက်ရဲ့ဘဝကို ခံစားကြည့်ရှူရမယ့် ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ပါဦးနော်။(ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Bollywood Team က ခံစားရေးသားထားပါတယ်) File size… 2.69GB / 1.25GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Adios Amigo (2024)
7.8
Vasco Da Gama (2024)
Vascodagama The Evolution 2024 (ဗာဆူရဲ့ဘဝခရီးလမ်း)မဟာဒေဗန်နဲ့ ဗာဆူဒေဗန်ဆိုတဲ့ အရမ်းကို ချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။မဟာဒေဗန်ဟာ ညီငယ်ဖြစ်သူ ဗာဆူဆိုးသမျှကို အစ်ကိုကြီးပီပီလိုက်ထိန်းပေးခဲ့ပြီး ဗာဆူပြဿနာရှာလို့ အချုပ်ကျတိုင်းလည်း အမြဲ မငြိုမငြင် အာမခံလိုက်ထုတ်ပေးလေ့ရှိပါတယ်။ဗာဆူဟာ အရမ်းကို ဗရုတ်ကျတဲ့အတွက် အိမ်နီးချင်းတွေဟာ သူခြေငြိမ်သွားအောင် မိန်းမပေးစားခိုင်းတဲ့အထိကို ဖြစ်လာပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ အစ်ကိုကြီးမဟာတစ်ယောက် လက်ကို ရှမိသွားတဲ့ဒဏ်ရာကို ကုသဖို့အတွက် ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့သွားတဲ့ဆေးရုံဟာ ရိုက်စားဆေးရုံဖြစ်နေပြီးတော့ မလိုအပ်တဲ့ဆေးကုသမှုတွေကြောင့် အစ်ကိုကြီးမဟာတစ်ယောက် အသက်ကိုပါ ပေးလိုက်ရပါတော့တယ်။အစ်ကိုကြီးကိုပဲ အမြဲဆိုးပြီးနေခဲ့တဲ့ ဗာဆူတစ်ယောက် အစ်ကိုကြီးဆုံးပါးသွားတဲ့နောက်မှာ ဘဝကို ဘယ်လိုတွေ ဖြတ်သန်းသွားမလဲ ........ သူ့ရဲ့ မဟုတ်မခံတတ်တဲ့စိတ်နဲ့ ဘဝကို တစ်ယောက်တည်း ဘယ်လိုတွေ ရင်ဆိုင်ဖြတ်ကျော်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် Comedy Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.3GB / 1.04GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 5m Subtitle….Myanmar ...
movie
Vasco Da Gama (2024)
6.5
Bhagavan Dasante Ramrajyam (2024)
Bhagavan Dasante Ramrajyam (2024) “လောကပြဇာတ်”ဗာနာသီကာဗူရွာက ဗာနာသီကာပူဘုရားကျောင်းဟာ အရှင်ရာမ သီတာ ဟာနုမာန်တို့အတွက် တည်ထားတဲ့ ရှေးဟောင်းကျောင်းအဖြစ် သတ်မှတ်ခံရပြီး သူတို့ဘုရားပွဲလေးဟာလည်း အစီအစဉ်ပေါင်းစုံနဲ့ ထူးခြားတဲ့ပွဲလေးအဖြစ် တည်ရှိတာပေါ့။အဲဒီနေရာမှာ ကွန်ဂျူရမ်မက်တန်ဆိုတာ ဗာနာသီကာဗူရွာလေးကို ရိုးရာယဉ်ကျေးမှု ပေါကြွယ်ဝတဲ့နယ်မြေအဖြစ် ပြောင်းလဲပေးခဲ့တဲ့ အခြေခံအုတ်မြစ်လို့ ပြောလို့ရပါတယ်။ သူ့လက်အောက်မှာလည်း တပည့်တပန်းပေါင်းများစွာနဲ့ သူတို့ပြဇာတ် ရာမရာနဆိုတာတာ ခေတ်တစ်ခုမှာ အင်မတန်ပေါက်ခဲ့တာမျိုးပေါ့။ အဲဒီမှာ ဒီလို တည်ထောင်သူဖခင်ကြီးတစ်ယောက် ဆုံးပါးသွားခဲ့တဲ့အချိန်မှာတော့ နှစ်ဂိုဏ်း ကွဲခဲ့ရပါတော့တယ်။ချစ်ရတဲ့ တပည့်တွေကတော့ ဆရာကို အရိုအသေပေးတဲ့အနေနဲ့ နှစ်စဉ်ဘုရားပွဲမှာ ပြဇာတ်ကဖို့ စီစဉ်ထားကြပြီးတော့ သားဖြစ်သူ ဆူမက်ရှ်ကတော့ ဆန့်ကျင်ချင်တဲ့လူ ဖြစ်နေပါတယ်။အဲဒီမှာတင် တစ်ဖွဲ့က ဒီပွဲလေးကို ဖြစ်မြောက်အောင် စီစဉ်ကြပြီး တစ်ဖက်ကလည်း ဘယ်လိုမျိုး ပွဲဖျက်မလဲဆိုတာမျိုးလေးတွေ ကြည့်ရှုရမယ့် မလေယာလမ် အိန္ဒိယကားသစ်လေး ဖြစ်ပါတယ်။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size…2.1GB / 1GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 4m Subtitle….Myanmar Subtitle ...
movie
Bhagavan Dasante Ramrajyam (2024)
Forget Me Not (2024)
Forget me not 2024 မေ့မရတဲ့ချစ်ဒုက္ခအချစ်ဟာလိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဆိုတာတော့မသိပေမဲ့ နှလုံးသားနဲ့ဦးနှောက်ရဲ့ အားပြိုင်မှုအောက်မှာ မကြာခဏဆိုသလို လမ်းပျောက်ရတတ်တာကတော့ ဒီအချစ်ဆိုတဲ့အရာပါပဲ။အော်သီရဲ့နှလုံးသားကို အချစ်ဆိုတဲ့အရာနဲ့ မိတ်ဆက်ပေးခဲ့တဲ့ဖာဟင်းတစ်ယောက် သူ့ရဲ့နှလုံးသားမှာ ဒီအချစ်မျိုးစေ့လေး အမြစ်တွယ်ခါမှ ရုတ်တရက်ကြီး ခြေရာဖျောက်သွားပါတော့တယ်။ အော်သီလည်း ဒွိဟသံသယတွေနဲ့ ဒေါသတွေ ရောပြွန်းကျန်ရစ်ဖြစ်ပြီး မိုတူဇာဆီကနေ လက်ထပ်ခွင့်တောင်းခံရပြီးမှ ပျောက်နေတဲ့ဖာဟင်းက ဘယ်ကမှန်းမသိ ပြန်ပေါ်လာပါတော့တယ်။အချစ်ဦးဆိုတာ အနှစ် ၁၀၀ မမေ့နိုင်သူဆိုတော့ အော်သီတစ်ယောက် လက်ထပ်ခွင့်တောင်းတာကို လက်ခံပြီးမှ စိတ်ခံစားချက်တို့ လွန်ဆွဲနေချိန် ဖာဟင်းက ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားချိန်မှာတော့ ....ဖာဟင်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာဘာကြောင့်လဲ။ ချစ်ခဲ့ပြီးမှ ဘာလို့ရုတ်တရက် ခြေရာဖျောက်ဂို့စ်သွားတာလဲ။ အော်သီကရော ဒါတွေကိုစုံစမ်းရင်းနဲ့ သူ့နှလုံးသားထဲကမေးခွန်းရဲ့အဖြေကို ရှာတွေ့နိုင်မလားဆိုတာကတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Yunni တို့ပဲဖြစ်ပါတယ်) File size… 1.32GB / 535MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Forget Me Not (2024)
7.7
Simbaa (2024)
Simbaa 2024 အမှန်တရားအောက်ပိုင်းသေနေတဲ့ယောကျာ်းဖြစ်သူ၊သမီးလေးတစ်ယောက်နဲ့ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေတဲ့အက်ရှာလေး ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး မဆိုးလှတဲ့လစာနဲ့ ဒီမိသားစုကိုတော့သူကောင်းကောင်းကြီးလုပ်ကျွေးနိုင်ခဲ့တယ်စိတ်ထားလှသူတစ်ယောက်မို့ ရပ်ကွက်ထဲကလူတိုင်းချစ်ခင်မှုကိုရရှိထားသူဆိုလည်းမမှားဘူးပေါ့ ဒါပေမဲ့လူအများမသိတဲ့အက်ရှာရဲ့အမှောင်ခြမ်းရှိပါတယ် အဲဒါကတော့ တစ်နေ့ မီးပွိုင့်မိနေတုန်း လူတစ်ယောက်ကသူ့ကိုကားနဲ့ဝင်တိုးမိတယ် အဲဒီအချိန်ကစ အက်ရှာကအက်ရှာမဟုတ်တော့ဘဲ စိတ်ရိုင်းတွေဝင်ပြီး ကားနဲ့တိုက်တဲ့လူနောက်တကောက်ကောက်လိုက်ရင်း ရက်ရက်စက်စက်သတ်ပစ်ခဲ့တယ်ဒီအမှုကိုလိုက်ဖို့ အထူးစုံစမ်းရေးပါခေါ်ထားရတဲ့အနေအထားထိဖြစ်လာခဲ့တဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်သွားမလဲ အက်ရှာကရော ဘာလို့ခုလိုအကြောင်းအရင်းမရှိ စိတ်ရိုင်းဝင်ရလဲဆိုတဲ့အကြောင်းရင်းခံကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.64GB / 1.23GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Simbaa (2024)
Double iSmart (2024)
Double iSmart 2024 (ဒဘယ်လ်အိုင်စမတ်)ယခုတစ်ခါမှာတော့ မင်းသားကြီး Sanjay Dutt ရဲ့ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ချက်တွေနဲ့အတူ ခပ်မိုက်မိုက်ကြည့်ရှုရမယ့် တေလ်ဂူအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယရဲ့ အန္တရာယ်အရှိဆုံးနဲ့ အလိုချင်ဆုံးအဖြစ် ထုတ်ပြန်ခံထားရတဲ့ လူမိုက်ကျွဲကြီး၊ ကျွဲကြီးဟာ မူးယစ်ဆေးနဲ့ပတ်သတ်ရင် ဘုရင်တစ်ဆူလိုဖြစ်နေရုံသာမကဘဲ အာရှရဲ့ အကြီးမားဆုံး လက်နက်ရောင်းဝယ်ရေးအထိပါ တိုးချဲ့လုပ်ကိုင်လာခဲ့ပေမယ့် ဥပဒေဘက်တော်သားတွေအနေနဲ့ ကျွဲကြီးဟာ ဘယ်လိုပုံစံလဲဆိုတာကိုတောင် မသိကြပါဘူး။ဒီလိုမျိုးအင်အားကြီးလှတဲ့ကျွဲကြီးရဲ့ဘဝဟာ တစ်ရက်မှာတော့ ဂြိုဟ်ဆိုးဝင်ပါတော့တယ်။ သူ့မှာ ကုသလို့မရတဲ့ ဦးနှောက်အကျိတ်ဖြစ်နေပြီး ဒေါက်တာတွေက ၃လပဲ အသက်ရှင်တော့မယ်လို့ ပြောတဲ့အခါမှာတော့ သူဟာ အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ဒီလိုနဲ့ နည်းလမ်းရှာရင်း မှတ်ဉာဏ်ရွှေ့ပြောင်းတဲ့နည်းလမ်းတစ်ခုပဲ ရွေးချယ်စရာဖြစ်လာတဲ့အခါမှာတော့ သူ့ရဲ့မှတ်ဉာဏ်တွေကို ကူးပြောင်းဖို့ ခန္ဓာကိုယ်ရှာတဲ့အခါမှာ မှုခင်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် သေဆုံးသွားတဲ့ရဲတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ကူးပြောင်းထည့်ပေးထားတဲ့ လူဆိုးလေးအိုင်စမတ်ဆိုတဲ့သူက သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာတဲ့နောက်မှာတော့ ....... ကျွဲကြီးနဲ့ အိုင်စမတ်တို့ ဘယ်လိုတွေ တွေ့ကြုံရမလဲ .......သူတို့နှစ်ယောက်ရဲ့နောက်ကြောင်းတွေမှာရော ပတ်သတ်မှုတွေရှိနေလား ....... ဆိုတာတွေကို ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.8GB / 2GB Quality…WEB DL ...
movie
Double iSmart (2024)
Visfot (2024)
Visfot (2024) “တစ်ရက်တာ ကံကြမ္မာ” Genre – Crime, Thrillerမင်းသား Fardeen Khan နဲ့ Riteish Deshmukh တို့ ပါဝင်ထားတဲ့ အသစ်စက်စက် ဟင်ဒီစကားပြော လျှို့ဝှက် သည်းထိတ်ရင်ဖို မှုခင်းကားကောင်းလေးကို တင်ဆက်ပေးသွားမှာပါ။ရှိုအစ်ဆိုတာ မကောင်းတဲ့လောကထဲကနေ ရုန်းထွက်လာပြီး ကားမောင်းစားကာ အမေအိုကြီးကို လုပ်ကျွေးနေသူတစ်ယောက်ပါ။ ဘာသာမတူပေမဲ့ ငယ်စဉ်ကတည်းက ချစ်ရတဲ့ လပ်ကီးဆိုတဲ့ ချစ်သူလေးလည်း ရှိပြီး လက်ထပ်ဖို့ ကြိုးစားနေသူပေါ့။တစ်ညမှာတော့ သူ့ဆီကို မြေအောက်လောကထဲက ဘော်ဒါတစ်ယောက်က ကားထဲကို ဂျတ်ကတ်တစ်ထည် ထားသွားခဲ့ပါတယ်။ အိမ်မှာ အမှုမဲ့ အမှတ်မဲ့ သိမ်းထားပြီးနောက် မိခင်ဖြစ်သူကြောင့် ဝါယာရှော့ခ်ရပြီး အိမ်မီးလောင်သွားတဲ့အခါ ဂျက်ကတ်က ပျောက်သွားပါတယ်။အဲဒီမှာတင် လူဆိုးဘော်ဒါကို ရှိုအစ်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ အကျပ်ရိုက်ပြီး ကောင်မလေးဆီ အကူအညီ သွားတိုင်ပင်ရာကနေ ကောင်မလေးဖက်ကလည်း ပြဿနာတစ်ခု ပါလာတဲ့အခါ ပြဿနာနှစ်ခုနဲ့ စုံတွဲတစ်တွဲ တစ်ရက်တည်းမှာတင် ဘယ်လိုတွေ တိုင်ပတ်ကြမလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie
Visfot (2024)
8.4
3 Idiots (2009)
IMDb (8.4/10) /Rotten Tomatoes (100%)December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့ 3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်...မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်...ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး....သိလဲ မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ ဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။ဒီအကြောင်းတွေကို ...
movie
3 Idiots (2009)
2009
4K HEVC
8.6
Sarangadhariya (2024)
Sarangadhariya(2024)"တုနှိုင်းမမှီ" ============================IMDb ratings 8.6 ရထားတဲ့ တေလဂူးစကားပြော မိသားစုရာမာရုပ်ရှင်ကောင်းလေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ခရစ်ရှ်နာဟာ သားနှစ်ယောက်၊ သမိးတစ်ယောက်ရှိတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။ သမီးဖြစ်သူဟာ လိမ္မာတဲ့ထဲပါပေမဲ့ သူ့ရဲ့ သားနှစ်ယောက်ကတော့ အလုပ်မရှိအကိုင်မရှိ အလေလိုက်နေကြသူတွေဖြစ်ပြီး ရံဖန်ရံခါဆိုသလို ပြဿနာလည်းရှာတတ်ပါသေးတယ်။ဒါပေမဲ့ အဲဒါကလွဲရင် သူတို့မိသားစုဟာ နွေးထွေးတဲ့မိသားစုတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ပေါ်ပေါက်လာတဲ့အခါမှာတော့ မိသားစုဝင်အချင်းချင်း သံသယတွေပွားကြပြီး ပြဿနာတွေဖြစ်လာပုံကို ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားတာပဲဖြစ်ပါတယ်။မိသားစုတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အကြောင်းအရာတွေကို ပုံစံခွက်ထဲကနေ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ရုပ်ရှင်လေးဖြစ်တဲ့အတွက် ချန်နယ်မြန်မာ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ပရိသတ်တွေအတွက် ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 2.46GB / 1.2GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Sarangadhariya (2024)
8.5
Shivam Bhaje(2024)
Shivam Bhaje(2024)ကံကြမ္မာအလှည့်အပြောင်းIMDb-8.8/10အိန္ဒိယရဲ့ ရန်သူတော်ကြီးတွေဖြစ်တဲ့ တရုတ်နဲ့ ပါကစ္စတန်တို့က အိန္ဒိယနိုင်ငံအလုံးစုံပျက်သုဉ်းရေး ၊ ကမ္ဘာ့မြေပေါ်ကပါ ပျောက်သွားရေးထိလုပ်ကြဖို့ စစ်ဆင်ရေးကြီးတစ်ခုကို လျှို့ဝှက်ကြံစည်နေကြတတဲ့အချိန်.......။ချန်ဒူဆိုတာကတော့ ချေးငွေကုမ္ပဏီတစ်ခုက ဝန်ထမ်းတစ်ယောက် ။ ယူတော့ပြုံးပြုံးတောင်းတော့မုန်းဆိုတဲ့ ကာစတန်မာအမျိုးမျိုးကြား အနု ၊ အကြမ်းမျိုးစုံနဲ့ ဖြေရှင်းရတဲ့အခါတွေလည်းရှိနေတတ်တယ် ။သူ့အားနည်းချက်တွေက ခွေးအရမ်းကြောက်တာ နဲ့ အရှင်သီဝကို ရိုသေကိုင်းရှိုင်းလွန်းတဲ့ အဖေ ဘုရားကျောင်းထဲမှာပဲ သူခိုးဖမ်းရင်းသေခဲ့ရလို့ ဘုရားကိုမယုံတာပဲ ။ တစ်နေ့မှာတော့ ချေးငွေလိုက်တောင်းရင်းကောင်မလေးတစ်ယောက်ကိုတွေ့ပြီး သူဆုံးဖြတ်လိုက်တာက သူ့အတွက်သာဆို ဘာမဆိုလုပ်ပေးမယ်တဲ့....။ဒီလို ရိုးရိုးရှင်းရှင်းဘဝလေးမှာ ရှင်သန်နေတဲ့သူတစ်ယောက်နဲ့ နိုင်ငံနဲ့ချီတဲ့ကိစ္စကြီး ဘယ်လိုပတ်သက်ဆက်နွှယ်လာမလဲ သူကရော တကယ်သာမန်လူတစ်ယောက်ပဲလား အခက်အခဲတွေကြားက သူ့ရဲ့ ဘယ်လိုလုပ်နိုင်စွမ်းတွေပေါ်လာမလဲဆိုတာကတော့.....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ် File size… 1.8GB / 930MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 1min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Shivam Bhaje(2024)
7.1
Cheena Trophy (2023)
Cheena Trophy (2023)"ချစ်လက်ဆောင်"ဖခင်လက်ထက်က စတင်လုပ်ကိုင်ခဲ့တဲ့ မုန့်တိုက်လေးကို ဆက်လက်အမွေခံရင်း ရုန်းကန်နေရတဲ့ ရာဂျက်ရှ်ဆိုတဲ့ အမျိုးသားတစ်ယောက်ရှိပါတယ်။စားသုံးသူတချို့ သူ့မုန့်စားမိလို့ ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ဖြေရှင်းရတာတင်မက လုပ်ငန်းလိုင်စင်ယာယီပိတ်သိမ်းခံရပြီး မုန့်ကို စစ်ဆေးကြည့်လို့ မုန့်မှာ ဘာပြဿနာမှမရှိတဲ့တိုင်အောင် နစ်နာသူက စွဲချက်တင်လို့ လုပ်ငန်းလိုင်စင်ပြန်ရအောင် ကြိုးစားလို့မှမဆုံးသေးခင် ဘဏ်ကနေလည်း ချေးငွေပြန်မဆပ်နိုင်ရင် ပိုင်ဆိုင်သမျှ သိမ်းတော့မယ့်အဖြစ်ကို ကြုံနေရပါတယ်။ဒါပေမဲ့ တစ်နေ့မှာ ချန်ချောင်ဆိုတဲ့ တရုတ်မလေးတစ်ယောက် ရောက်လာပြီး ရွာလေးကို တမျိုးတဖုံပြောင်းလဲစေခဲ့ပါတော့တယ်။ ဒုက္ခပင်လယ်ဝေနေတဲ့ ရာဂျက်ရှ် တစ်ယောက်အတွက်ရော ဘယ်လိုပြောင်းလဲလာမလဲ ဒီတရုတ်မလေးရဲ့ နောက်ခံဇာတ်ကြောင်းကရော ဘယ်လိုလာဦးမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ။) File size… 2.17GB / 1.1GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Cheena Trophy (2023)
8.4
Visaranai (2015)
Visaranai (2016) "ထောင်ချောက်"CM ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်အား ပြန်လည်အသက်သွင်းထားတဲ့ တကားအဟောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရီဗျူးကောင်းတွေရထားသလို ဒီရုပ်ရှင်ထဲက အကြောင်းအရာတစ်ချို့ကြောင့် အတော်လေးလူပြောစရာဖြစ်ခဲ့ပြီး သရုပ်ဆောင်တွေကိုအမှန်တကယ် ရိုက်နှက်ခဲ့တယ်ဆိုကာ ဝေဖန်ခံခဲ့ရပါသေးတယ်တေလဂူးစကားပြောတဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ တမီးလ်ရွှေ့ပြောင်းလုပ်သားတွေက ဘာသာစကားတောင် မတတ်ဘဲ ပင်ပင်ပန်းပန်းရပ်တည်ကြရပါတယ်အိမ်ခြေရာမဲ့ တမီးလ်အလုပ်သမားလေးယောက်ဟာ ပန်းခြံထဲမှာအိပ် ကြုံရာကျပန်းလုပ်ကိုင်ကြရင်း ဘုမသိဘမသိ ရဲဖမ်းတာခံလိုက်ရပြီး စခန်းရောက်တော့ ဘာမပြောညာမပြော ရိုက်နှက်စစ်ဆေးခံရပါတယ်ဘာအကြောင်းရင်းမှ မသိဘဲ ဒုစရိုက်ကျော့ကွင်းထဲ သွတ်သွင်းခံလိုက်ရတဲ့ သူတို့တွေ ဘာဆက်ဖြစ်မှာလဲ ဘယ်လိုမြှုပ်ကွက်တွေရှိနေမှာလဲ ...တမီးလ်မဆလာရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ ဒီရုပ်ရှင်လေးမှာ ပရိသတ်ကြီး ခံစားအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…1.79GB / 851MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Visaranai (2015)
7.7
Sir (2018)
Sir (2018)"အချစ်တဲ့လား ဆရာ" IMDb - 7.7/10ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုတွေအများကြီးရခဲ့တဲ့ အမျိုးသမီးဒါရိုက်တာ ရိုဟီနာဂီရာရဲ့လက်ရာ ရိုမန့်စ်ရုပ်ရှင်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ရတ်နာဆိုတဲ့ အမျိုးသမီးလေးက ရွာကလူတွေရဲ့အပြော၊ အမြင်တွေကိုဂရုမစိုက်ဘဲ မွမ်ဘိုင်းမြို့ကြီးဆီ အလုပ်လုပ်ဖို့တက်လာခဲ့ပါတယ်။ရည်မှန်းချက်ကြီးပေမဲ့ မိဘတွေကိုမလွန်ဆန်နိုင်တာကြောင့် အိမ်ထောင်ပြုလိုက်ရာက ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်ခဲ့ရသူ။မိတ်ဆွေအကူအညီနဲ့ အိမ်တစ်အိမ်မှာ အိမ်အကူအလုပ်ရခဲ့ပြီး ရွာမှာကျန်ခဲ့တဲ့မိသားစုကိုပြန်ထောက်ပံ့ပေးနိုင်ခဲ့တယ်။ဒီရုပ်ရှင်မှာတော့ ရတ်နာအလုပ်လုပ်တဲ့အိမ်က အိမ်ရှင်အက်ရှ်ဝင်နဲ့ ရတ်နာတို့ကြား လောကဓံရဲ့ရိုက်ချက်တွေနဲ့ ဘ၀ပေါ်ရှုမြင်ပုံတွေကို ဖန်တီးပုံဖော်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ TOMO ~ ALEX ~ Vတို့ပဲဖြစ်ပါတယ်) File size… 1.67GB / 796MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 39min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by TOMO ~ ALEX ~ V
movie
Sir (2018)
6.9
Ribbon (2017)
Ribbon 2017 (နှောင်ကြိုးလေး)ကာရန်နဲ့ ဆာဟာနာတို့ဟာ မိသားစုတာဝန်တွေကို ထမ်းဆောင်ရင်း အလုပ်ကိုယ်စီနဲ့ ကြိုးစားရုန်းကန်နေရတဲ့ ဇနီးမောင်နှံနှစ်ယောက်ပေါ့၊ ဒီလိုနဲ့ တစ်ရက်မှာ မမျှော်လင့်ဘဲ ဆာဟာနာ့မှာ ကိုယ်ဝန်ရှိလာပါတော့တယ်။သာမာန်မိသားစုတွေဖြစ်တဲ့အပြင် အလုပ်မှာ အရမ်းကြိုးစားပြီးတော့ နေရာတစ်နေရာရနေတဲ့ ဆာဟာနာဟာ ဒီကလေးကို မလိုချင်ခဲ့ပါဘူး။ ကိုယ်ဝန်ရတာကို သိသွားပြီးတဲ့နောက်မှာတော့ ကလေးအရမ်းလိုချင်တဲ့ ကာရန်တစ်ယောက်ကတော့ အပျော်ကြီးပျော်ခဲ့ပေမယ့် ကလေးမလိုချင်လို့ ဖျက်ချမယ်ဆိုတဲ့ ဆာဟာနာပြောတဲ့စကားသံကို ကြားပြီးနောက်မှာတော့ ကာရန်နဲ့ ဆာဟာနာတို့ဟာ ပြဿနာတွေ တက်ပါတော့တယ်။ဒီလိုနဲ့ လင်မယားနှစ်ယောက်လုံး ရုန်းကန်နေရတဲ့ကြား အိမ်ချေးငွေတွေ, ဆာဟာနာရဲ့ဖခင်ဖြစ်သူ ဆိုင်အသစ်ဖွင့်တဲ့အတွက် ကူညီလုပ်ကိုင်ပေးနေရတာတွေအပြင် ကလေးတစ်ယောက်ကို ပျိုးထောင်ရဖို့ မလွယ်လှတဲ့ ခေတ်ကြီးမှာ ကာရန်နဲ့ ဆာဟာနာတို့ ဒီကိုယ်ဝန်ကို ဘယ်လို ဆုံးဖြတ်ချက်ချမလဲ .......သူတို့ရဲ့ ဘဝကို ဘယ်လိုတွေ နပန်းလုံးရင်း နှစ်ပါးသွားကြမလဲဆိုတာတွေကို ကြည့်ရှုရမယ့် မိသားစုဒရာမာဇာတ်လမ်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) File size… 1.26GB / 662MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h ...
movie
Ribbon (2017)
6.3
Iru Mugan (2016)
Iru Mugan (2016) မလေးရှားမစ်ရှင်IMDb 6.3/10မလေးရှားနိုင်ငံရှိ အိန္ဒိယသံရုံးကိုအမည်မသိလူတစ်ဦး တိုက်ခိုက်တာခံရပြီးနောက် အိန္ဒိယကတာဝန်ရှိသူတွေက အေးဂျင့်ဟောင်းတစ်ဦးကိုပြန်ခေါ်ပြီး တာဝန်ပေးရန်စီစဉ်ကြပါတော့တယ် အာကီလန်ဟာ လွန်ခဲ့တဲ့လေးနှစ်ကနောက်ဆုံးမစ်ရှင်မှာ သူ့မိန်းမကိုဆုံးရှုံးခဲ့ပြီးနောက်ဒီလောကကထွက်ခဲ့သူတစ်ဦးပါမငြင်းဆန်နိုင်တဲ့အဆုံးလက်ရှိမစ်ရှင်ကို မလေးရှားမှာတာဝန်ထမ်းဆောင်ဖို့ ဖြစ်လာပါတော့တယ် ရန်သူဟာအန္တရာယ်ရှိတဲ့ရှူဆေးတစ်မျိုးကို ထုတ်လုပ်နေသူဖြစ်ပြီး ထိုရန်သူကိုစုံစမ်းနေရာမှသူလိုက်နေတဲ့လူဟာ တစ်ချိန်ကသူ့ရဲ့မိန်းမကိုသတ်သွားတဲ့ ရန်သူတော်ကြီးဖြစ်နေတဲ့အခါ.....ခါးကုန်းမင်းသားကြီးဗစ်ရမ်နဲ့ မင်းသမီးချော နေရမ်သရာပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှပဲဖြစ်ပါတယ် File size… 3.05GB / 1.5GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Iru Mugan (2016)
7.6
Hide and Seek (Lapachhapi) (2017)
Lapachhapi 2017 (တူတူပုန်းတမ်း)တူရှာနဲ့နီဟာတို့ဟာ အရမ်းကိုချစ်ကြတဲ့လင်မယားတွေပေါ့။ လင်မယားတွေ ချစ်ချစ်ခင်ခင်နေလာကြရင်း နီဟာရဲ့ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာတော့ တူရှာဟာ အကြွေးကိစ္စတွေနဲ့ ပုန်းဖို့ဖြစ်လာခဲ့ပါတယ်။ဒီအချိန်မှာတော့ တူရှာရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဘာဟူရောဝ်က သူ့ရွာက ခေါင်တဲ့နေရာမှာရှိတာဖြစ်လို့ လာရောက်နေထိုင်ဖို့ ကမ်းလှမ်းတဲ့အခါမှာ တူရှာတို့လင်မယားနှစ်ယောက် ဘာဟူရောဝ်တို့ရွာကို လိုက်ပါနေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ ဘာဟူရောဝ်တို့ရွာကိုရောက်လာတဲ့အခါ ရွာက ကြံခင်းတွေနဲ့ပဲပြည့်နေပြီး လူနေအိမ်ရယ်လို့ မမြင်ရပါဘူး။ ဒီလိုနဲ့ နေလာရင်း နီဟာတစ်ယောက် အိမ်နားမှာ ကလေးတွေလာရောက်ဆော့ကစားတာကို ရုတ်တရက်မြင်လိုက်မိတာမျိုးရှိပေမယ့် သေချာကြည့်ရင် ပျောက်ပျောက်သွားတာမျိုးကြုံတွေ့လာရပါတော့တယ်။အဲဒီလိုနဲ့ ရွာမှာလူဆိုလို့ ဘာဟူရောဝ်နဲ့ သူ့မိန်းမကလွဲရင် မမြင်ရတဲ့နေရာကြီးမှာ တူရှာတို့လင်မယား ဘယ်လိုတွေ တွေ့ကြုံရမလဲ ........ ရုတ်တရက်တွေ့တွေ့နေရတဲ့ ကလေးတွေကရော ဘယ်သူတွေဖြစ်မလဲ ....... ဒီရွာကြီးရဲ့ နောက်ကွယ်က ကိစ္စတွေကရော ဘာတွေလဲ.... ဆိုတာတွေကို ကြည့်ရှုရမယ့် ဒရာမာဟော်ရာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~ToMo~Alex~KKKZ~Linn Lunnတို့ပဲဖြစ်ပါတယ်) File size… 1.8GB / 902MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ToMo~Alex~KKKZ~Linn Lun
movie
Hide and Seek (Lapachhapi) (2017)
7.3
Love and Shukla (2017)
Love and Shukla (2017) "ကြင်စဦးမောင်နှံ"ဒီတစ်ခါမှာ ရီဗျူးကောင်းလေးတွေရရှိထားတဲ့ အချစ်/ဒရာမာ ရုပ်ရှင်အဟောင်းလေးကို CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ရှူကလာဟာ သုံးဘီးမောင်းသမား ဖြစ်ပြီး မိန်းမအတွေ့အကြုံလုံးဝမရှိတဲ့သူပါ မိန်းကလေးတစ်ယောက်ကို စိုက်ကြည့်လို့တောင် မသင့်ဘူးလို့ ငယ်ငယ်ကတည်းက မှတ်ထားတာကြောင့် ဘော်ဒါတွေကြားမှာ သူ့အတွေ့အကြုံက ဝိုင်းနောက်စရာဖြစ်နေပါတယ်ဖြစ်ချင်တော့ လူကြီးတွေ ပေးစားလို့ ရလာတဲ့ ဇနီးသည် လက်ရှ်မီးကလည်း သိပ်ကိုရှက်တတ်တဲ့ မိန်းကလေးဖြစ်နေပြန် ...သူ့အဖေနဲ့အမေကပါ ပုဏ္ဏားဟောထားတဲ့ အတိုင်း အချိန်မသင့်သေးဘူးလို့ ယုံကြည်ထားတာကြောင့် ကြင်စဦးလင်မယားအိမ်မှာ ညလုံးပေါက် တီဗွီကြည့်ကြ၊ အိပ်တဲ့အခါမှာလည်း လေးယောက်သား အတူတူအိပ်ကြရတဲ့အခါ ...ကိုယ်ရေးကိုယ်တာ လွတ်လပ်ဖို့ရန်နှင့် နှလုံးသားချင်းနီးစပ်နိုင်ဖို့ရော ဘယ်လိုကြိုးစားသွားကြမလဲဆိုတာကတော့ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ ToMo ~ Thura ~ Yunni ~ Linn တို့ ဖြစ်ပါတယ် File size… 1.67GB / 830MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 47m Subtitle….Myanmar Subtitle ...
movie
Love and Shukla (2017)
1
2
3
Last
Next