Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
BL
6.9
No Regret (2006)
No Regret (2006)နာမည်ကြီးမင်းသား Kim Nam Gil နုစဉ်အခါက ရိုက်ခဲ့ဖူးတဲ့ ရှားရှားပါးပါး BL Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။အချစ်ဆိုတာ ပုံစံစုံ၊ အလွှာစုံနဲ့ ဖြစ်ပျက်တည်ရှိလာခဲ့ကြတာပါပဲ။ မိုးနဲ့မြေ ဆိုတဲ့ ရှေးရိုးကျဇာတ်လမ်းတွေအတိုင်းပါပဲ။ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ အီဆူမင်း နဲ့ သူဌေးသားကလေး ဆွန်းဂျယ်မင်း တို့ရဲ့ အချစ်ဇာတ်လမ်းပါ။မိဘမဲ့တစ်ယောက် ဖြစ်တဲ့ အီဆူမင်း ဟာ အခြေအနေအရပ်ရပ်ကြောင့် ယောကျာ်းပြည့်တန်ဆာဘဝနဲ့ အသက်မွေးခဲ့ရပါတယ်။ သူဌေးသားကလေး ဆွန်းဂျယ်မင်းကိုတော့ စတွေ့ကတည်းက ကြည့်မရဖြစ်နေခဲ့တာပါ။ ဒါပေမယ့်လည်း အီဆူမင်းကို ဆွန်းဂျယ်မင်းက တန်းတန်းစွဲ ဖြစ်လို့နေခဲ့ပါတယ်။ ဆွန်းဂျယ်မင်းက အီဆူမင်းကို မရရအောင် လိုက်ခဲ့ပြီး နောက်ဆုံး ချစ်သူဘဝ ရောက်ခဲ့ပါတယ်။ဒါပေမယ့်လည်း သူဌေးသားနဲ့ ပြည့်တန်ဆာတို့ရဲ့ အချစ်ဇာတ်လမ်းက ပန်းခင်းထားသလို သာယာဖြောင့်ဖြူးနေခဲ့တာတော့ မဟုတ်ပါဘူး။ဘာအခက်အခဲတွေနဲ့ ကြုံရမလဲ? သူတို့နှစ်ယောက် ဘယ်လို ရင်ဆိုင်ရမလဲ? ဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦး။ မင်းသားနှစ်လက်ကလည်း ဓာတုဗေဒမိမိနဲ့ သရုပ်ဆောင်ထားတာမို့ အရိုခန်းလေးတွေကလည်း အသက်ဝင်နေတာကို မြင်ကြရဦးမှာပါ။ဘာသာပြန် နဲ့ အညွှန်းကတော့ Go Dong Won ...
movie
No Regret (2006)
2006
6.3
Kissable Lips (2022)
Kissable Lips (2022)ဒီကားလေးက blကိုမှ သွေးစုပ်ဖုတ်ကောင်နဲ့သွေးသန့်လူသားတို့ရဲ့အချစ်ဇာတ်လမ်းလေးwpတွေမှာ အရမ်းစိတ်ကူးယဥ်ပြီးရေးဖူးတာတွေတွေ့မှာပါ ဒီကားလေးကလည်းအဲ့လိုပါပဲ။"ချန်ရစ်ခဲ့သူနဲ့ကျန်ရစ်ခဲ့သူတွေမှာ အခံစားရဆုံးက ကျန်ရစ်ခဲ့သူတွေ" လို့ ပြောကြတယ် အဲ့ထဲမှာမှ ကိုယ့်ကြောင့်ချစ်ရတဲ့သူက ထွက်သွားရတာဆို လုံးဝဖြေမဆည်နိုင်အောင်ပါပဲဇာတ်လမ်းလေးထဲမှာလည်း ဂျန်ဟိုဆိုတဲ့သွေးစုပ်ဖုတ်ကောင်ဟာ သူ့စိတ်မထိန်းနိုင်မှုကြောင့် သူ့ချစ်သူဒိုဟွန်းကိုဆုံးရှုံးခဲ့ရပါတယ်ပိုဆိုးတာက သူတို့သွေးစုပ်ဖုတ်ကောင်တွေမှာလဲ စည်းမျဥ်းတွေရှိနေတာပါပဲ လူသား (သို့မဟုတ်) မျိုးတူအချင်းချင်းကိုသတ်မိရင် အဲ့ဒီသွေးစုပ်ဖုတ်ကောင်ဟာ ၁၀ နှစ်အတွင်းပျောက်ကွယ်သွားမှာပါခုလည်းချစ်သူလူသားကိုသတ်မိတဲ့ ဂျန်ဟိုဟာ ပျောက်ကွယ်ဖို့အချိန်နီးကပ်လာပါတော့တယ် ဒါပေမဲ့ ရှင်သန်ချင်ရင် နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး အဲ့ဒါကတော့ သွေးသန့်လူသားကို ရှာပြီးသူ့သွေးကိုစုပ်ရမှာပါ သွေးသန့်လူသားကလည်း ရာစုနှစ်တစ်ခုကြာမှတစ်ယောက်ပဲမွေးဖွားပါတယ်လူသားဖြစ်ဖို့နည်းလမ်းရှာနေတဲ့ဂျန်ဟိုတစ်ယောက် သွေးသန့်လူသားချွဲမင်ဟျွန်းကိုတွေ့တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုကြိုးစားမလဲ စိတ်ဝင်စားစရာလေးမို့ကြည့်ကြည့်ပါနော်ပြီးတော့ uke လေးရော seme လေးရောအရမ်းချောတာမို့ ကြည့်ရတာတန်ပါတယ်ရှင်ဂျန်ဟိုအဖြစ် Kim Ji Woong ချွဲမင်ဟျွန်းအဖြစ် Yoon Seo Bin ဟေးဆိုးအဖြစ် Moon Ji Hoo တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။Genre.....BL, Drama, Romance Quality….WEB-DL ...
movie
Kissable Lips (2022)
2022
8.3
Blueming (2022)
Blueming (2022)ဒီလထဲမှာ အသစ်ထွက်ထားတဲ့ Korea BL mini series လေးတစ်ခုကို BL fan တွေအတွက် CM ကနေ တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းက "Who Can Define Popularity?" ဆိုတဲ့ Webtoon လေးကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်ကလေးတွေရဲ့ ငယ်ဘဝမှာ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေက ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုလည်း ဒီဇာတ်လမ်းထဲမှာ ထည့်သွင်းပုံဖော်ပြထားပါတယ်ဇာတ်လမ်းအကျဥ်းချာရှီဝန်ဆိုတဲ့ ကောင်လေးဟာမိဘတွေရဲ့ အဆင်မပြေမှုအပြင် သူ့ရဲ့ မလှပတဲ့ပုံပန်းသွင်ပြင်ကြောင့်ပါ စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းခဲ့ရပါတယ်ရှီဝန်ဟာ သူ့ကိုယ်သူပြစ်ချက်မရှိအောင်နေရင်းနဲ့ လူတွေကြားထဲမှာ အမြဲပေါ်ပြူလာဖြစ်ဖို့ ကြိုးစားခဲ့တယ် လူတွေရှေ့မှာ အမြဲဟန်ဆောင်အပြုံးလေးနဲ့နေခဲ့တယ်ဒါပေမယ့် ရှီဝန်တို့မေဂျာမှာ ပေါ်ပြူလာဖြစ်တဲ့ နောက်ထပ်ကောင်လေးတစ်ယောက်လည်းရှိပါတယ် သူကတော့ အရာရာပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် သူ့အကြောင်းကို လျှို့ဝှက်ပြီးနေတတ်တဲ့ ယောင်းဒါအွန်ဆိုတဲ့ကောင်လေးပါရှီဝန်နဲ့ ဒါအွန်တို့ မေဂျာတူကျောင်းသားတွေဖြစ်ပြီး assignment လုပ်ဖို့လည်း အမြဲတမ်း တစ်ဖွဲ့တည်းအတူတူကျခဲ့တယ် အဲဒီနောက် ရှီဝန်ရဲ့ဟန်ဆောင်မှုတစ်ချို့ ဒါအွန့်ရှေ့မှာ မထင်မှတ်ဘဲပေါ်သွားတဲ့အခါ...ဘာဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီရှင်( ဘာသာပြန်ပြီး ...
movie
Blueming (2022)
6.2
Behind Cut (2021)
Behind Cut (2021)BL လောကကို ကိုရီးယားကလည်း အမှီလိုက်လာပါပြီ ဒီဇာတ်လမ်းကတော့ ၂၀၂၁ ခုနှစ်က web series အဖြစ်ထွက်ပြီးမှ ၂၀၂၂ ခုနှစ်မှာ movie အနေနဲ့ထွက်လာတဲ့ ဇာတ်လမ်းလေးပါကောင်လေးနှစ်ယောက်ရဲ့ မတော်တဆတွေ့ဆုံမှုကနေ သူငယ်ချင်းဖြစ်သွားပြီးမှ ခံစားချက်တွေ မွေးဖွားလာပြီး တစ်ဆင့်တက်သွားတဲ့ ဇာတ်ကြောင်းလေးနဲ့အတူ လိုက်ပါခံစားရမှာပါအိပ်မက်တွေ တသီကြီးရှိတဲ့ ဖက်ရှင်ဒီဇိုင်နာ ဂင်ဂီဂျင်းဟာ ဖက်ရှင်ရှိုးလူရွေးပွဲအတွက် ပြင်ဆင်နေပါတယ်အဲအချိန်မှာပဲ ပစ္စည်းပို့တဲ့အလုပ်ကိုသာလုပ်ပြီး လမ်းပျောက်နေတဲ့ အွန်းယောင်အူးနဲ့တွေ့သွားပြီး အွန်းယောင်းအူနဲ့အတူ အိပ်မက်ကိုယ်စီကို ပုံဖော်သွားကြမှာပါလူငယ်တွေရဲ့ အိပ်မက်ကို ကိုယ်တိုင်ဖန်တီးကြပုံနဲ့ ပါးပါးလေးရိုသွားမယ့် ကောင်လေးနှစ်ယောက်ကိုလည်း တစ်ဝကြီးကြည့်ရှုအားပေးလိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre.....BL, Romance Quality….WEB-DL 1080p and 720p File size....1.34GB and 741MB 307MB Format…mp4 Duration…. 2h Subtitle….Myanmar Subtitle (Hardsub) Translator ..... JoyZ Encoder ...
movie
Behind Cut (2021)
2021
6.7
Tinted With You (2021)
Tinted with you (2021)လက်ရှိအချိန်မှာ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် ပန်းချီကားတစ်ချပ်ကြောင့် ဂျိုဆွန်းခေတ်ကို ပြန်ရောက်သွားခဲ့တဲ့ "အွန်းဟို"အစ်ကိုတော်ရဲ့ မုန်းတီးမှုကြောင့် နယ်နှင်ဒဏ်ပေးခံရတဲ့အပြင် တစ်နည်းမဟုတ်တစ်နည်းနဲ့ လုပ်ကြံခံနေရတဲ့ အိမ်ရှေ့စံမင်းသား "အီဟွန်း" ဟာ အနာဂတ်ကလာခဲ့တဲ့ ပန်းချီကျောင်းသား "အွန်းဟို"နဲ့ တွေ့ဆုံခဲ့ရတဲ့အခါ ကံကြမ္မာရဲ့ စေခိုင်းမှုမှာ သူတို့နှစ်ယောက်ရဲ့ ဘဝအခြေအနေတွေ ပြောင်းလဲသွားမလားအရှင့်သား"အီဟွန်"းအတွက် ဘဝတစ်ခုလုံး ပေးဆပ်ပြီး ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ ကိုယ်ရံတော် "ဂွန်းလေး" နဲ့ အရှင့်သားတို့ရဲ့ ဆက်ဆံရေးမှာ "အွန်းဟို" ဝင်ရောက်လာခဲ့ပြီးတဲ့နောက် သူတို့သုံးယောက်ကြားမှာ ဘာတွေဆက်ဖြစ်လာမလဲလက်ရှိအချိန်ရဲ့ သမိုင်းစာအုပ်မှာ အဆိပ်ကြောင့် သေဆုံးခဲ့ရပြီးဖြစ်တဲ့ အိမ်ရှေ့စံမင်းသားကို "အွန်းဟို"နဲ့ "ဂွန်းလေး"တို့ ကယ်တင်နိုင်ကြပါ့မလားကံကြမ္မာကို ပြန်ရေးဆွဲဖို့ဆိုတာ ဖြစ်နိုင်ရဲ့လားHistorical/Romance/Fantasy အမျိုးအစားဖြစ်တဲ့ BL drama ဖြစ်ပြီး လက်ရှိအချိန်ကအထက်တန်းကျောင်းသား ကောင်လေးနဲ့ ဂျိုဆွန်းခေတ်က အိမ်ရှေ့စံမင်းသားလေးတို့ရဲ့ အချစ်ကိုသာမက"အွန်းဟို" ၊ "အီဟွန်း" နဲ့ "ဂွန်းလေး" တို့ သုံးယောက်ကြားထဲက ဖြူစင်တဲ့ မေတ္တာတရားကိုပါ ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ် ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe ...
movie
Tinted With You (2021)
7.2
Color Rush 2 (2022)
Color Rush 2ကဲ Color Rush S2 Movie Versionလေး လာပါပြီ အရင် S1တုန်းက Mono ယွန်းအူတစ်ယောက် သူ့ရဲ့Probe ဂိုယူဟန်နဲ့ တွေ့ဆုံခဲ့ပြီး တစ်နေ့တော့ ဂိုယူဟန်က ယွန်းအူအစား ပြန်ပေးဆွဲခံခဲ့ရပြီး ပျောက်သွားခဲ့ပါတယ်အခု S2ကို အကျဉ်းချုပ်လေး ပြောပြရရင်တော့ အရောင်တွေကို အဖြူအမဲအနေနဲ့သာ မြင်ရတဲ့ Monoတွေဟာ သူတို့ကို အရောင်မြင်နိုင်စွမ်း(Color Rush)အခိုက်အတန့်ကိုပေးတဲ့ Probeတွေကို တွေ့ဆုံတဲ့အခါ...ပျော်ရသလို စွဲလမ်းလွန်းသွားတတ်တာကြောင့် ပြန်ပေးဆွဲမှု လူသတ်မှုတွေပါထိ ဖြစ်ကြတော့ ရာဇဝတ်ကောင်တွေအဖြစ် Monoတွေကို လူအများက ကျဉ်ပယ်ကြပါတယ်ဝမ်းနည်းမှု မတရားမှု စိတ်အားငယ်မှုတွေနဲ့အတူ ပတ်ဝန်းကျင်ဒဏ်ကို ခံစားရတဲ့ Monoတွေရဲ့ ခံစားချက်တွေကို အခွင့်ကောင်းယူ အသုံးချပြီး အရောင်မြင်နိုင်အောင် ဖန်တီးပေးမယ့် ''Probe ခွဲစိတ်မှု ''ဆိုတဲ့ စီးပွားရေးလောကသားအချို့ရဲ့ လျျို့ဝှက်ရာဇဝတ်မှုတစ်ခု ရှိနေတဲ့အခါအဲ့အမှုထဲ ပါဝင်ပြီး သေဆုံးသွားခဲ့တဲ့ Mono ကျောင်းသူယယ်ဝန်အတွက် ...
movie
Color Rush 2 (2022)
7.2
The Tasty Florida (2021)
Tasty Florida (2021)ဇာတ်ကားနာမည်လေးအတိုင်း အရသာကောင်းချက်ကတော့ ပဲခေါက်ဆွဲရော လူတွေရောဖြစ်လို့ BLချစ်သူတို့ ကြည့်ရကျိုး အနပ်လွန်မယ့် ကားကောင်းလေးပါFlower Boysလို့ ခေါ်ရအောင် အရမ်းချောတဲ့ ကိုကို ၄ယောက်က Tasty Floridaဆိုတဲ့ ပဲခေါက်ဆွဲဆိုင်လေးကို အပြင်အဆင် ထူးထူးခြားခြားလေးနဲ့ ဖွင့်ထားတော့ကိုကိုချောချောတွေကို ငမ်းချင်တဲ့ အရွယ်စုံ နှုတ်ခမ်းနီမလေးတွေက တဖွဲဖွဲလာကြရောပေါ့ဒီလိုနဲ့ တစ်နေ့ ဆိုးလ်ကို အလုပ်လုပ်ရင်း အခြေချဖို့ လာခဲ့တဲ့ ကောင်လေး ဆောဟယ်ဝန်နဲ့ ကိုကို၄ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အွန်းဂယူတို့ ရုပ်ရှင်ထဲကလို အမှတ်မထင် ရေစက်ဆုံဖြစ်ကြပြီးဖြစ်ချင်တော့ ၄ယောက်ထဲက နောက်တစ်ယောက်ဖြစ်တဲ့အွန်းဂယူရဲ့ အချစ်ဆုံး သူငယ်ချင်း ဂျီဆူကပါ ဟယ်ဝန့်ကို စိတ်ဝင်စားမိသွားတဲ့အခါ...၃ယောက်ကြားက ကလိကလိ ပိကျိပိကျိ ဖြစ်စေမယ့် ဂျယ်လီချိုချဉ်ရှာလကာရည်ခံစားချက်ပေါင်းစုံကို မြည်းစမ်းရင်း ဖလော်ရီဒါဆိုင်လေးမှာ ဘယ်လိုဇာတ်လမ်းလေး ရှိလာမလဲ ကြည့်ရှုလိုက်ရအောင်ပါ File Size__(1.7GB) / (800MB) Quality__1080p, 720p IMDb Rating__7.2/10 Format__mp4 Duration__01:31:00 Type__BL, Drama, Romance, Friendship Subtitle__Myanmar ...
movie
The Tasty Florida (2021)
6.6
Malila: The Farewell Flower (2017)
Malila: The Farewell Flower(2017)IMDb - 6.6/10ဒါကတော့ BL ဆိုပေမယ့် အတွေးတွေနဲ့ ကြည့်ရမယ့် BL ဇာတ်ကားပါပဲ။ရုပ်ရှင်ဆုအနေနဲ့ ၆ ဆု ရရှိထားပြီးတော့ တစ်ကြိုစာရင်း ၁၀ ကြိမ် ဝင်ထားတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ကို စစဖွင့်လိုက်တယ်ဆိုရင်ပဲ ကဗျာတစ်ပုဒ်ပါတယ်။" ရနံ့ရယ်ဖြာ နံ့သာဆီဖြန်းပါလို့ လှမ်းကြစို့ ပွဲလယ်ခေါင် ဖက်မြကွမ်းတောင် ဘုရားထံ ဆုပန်မယ် နတ်များဝယ် တိုင်တည်လို့ သည်ချိန်ခါ ပွဲရယ် ပြီးပြန်တော့ ညရေးရယ် မှောင်ရီပျိုးရင်ဖြင့် စွန့်ရေးငယ် ကြုံပြန်တော့တယ် ဖက်ဘဝ ပြန်ကာလှမ်းရတယ် ကွမ်းတောင့်ဘဝလမ်း ....."ဇာတ်လမ်းရဲ့ခေါင်းစဉ်ဖြစ်တဲ့ ဖက်စိမ်းကွမ်းတောင် အကြောင်း စပ်ဆိုထားတဲ့ ကဗျာလေးပါ။ဒီကဗျာက ဒီရုပ်ရှင်အတွက် အတော်ရေးပါတဲ့ကဗျာလို့ဆိုရမယ်။နောက်ထပ်မြင်ရမှာက မျက်စိထဲ အတော်လေး ပနံသင့်တဲ့ Cinematography ကို သုံးထာတဲ့ ဇာတ်၀င်ခန်းတစ်ခန်း။လိုက်ဖက်ညီနေတဲ့ ငှက်ပျောဖက်စိမ်းစိမ်းတွေ စံပယ်ပန်းဖြူဖြူတွေနဲ့ ဖက်စိမ်းကွမ်းတောင်လုပ်နေတဲ့ ဇာတ်၀င်ခန်းပေါ့။ဒီ ဖက်စိမ်းကွမ်းတောင်၊ မြစိမ်းကွမ်းတောင်၊ ...
movie
Malila: The Farewell Flower (2017)
2017
8/10
Light (2021)
Light (2021)" အချစ်က နူးညံ့တယ် ပျားရည်လိုချိုတယ် "ကျွန်တော်တို့ ဝတ္တုတွေ ထဲ ရုပ်ရှင်တွေထဲ အခမ်းနားဆုံးအချစ် နဲ့ ပတ်သက်သမျှ အနူးညံ့ဆုံး စကားလုံးတွေ သုံးကြတယ်ကျွန်တော် ပြောပြချင်တဲ့ ကြည့်စေချင်နေတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် ရှိတယ်ဗျရှောင်ကွမ်း(အလင်းလေး) ဆိုတဲ့ ကောင်လေး တစ်ယောက်ရှိတယ်ချစ်စရာမျက်နှာချိုချိုလေး နဲ့ ကလေး ပေါ့နာမည်ကသာ "အလင်း" ဘဝက မှောင်တာမှ မိုက်လို့။ဘဝကို အမှောင်လောကမှာပဲ အသက်မွေးရတယ်။အမေသေပြီးနောက် ပထွေးရဲ့မတရားကျင့်ကြံမှုနဲ့အတူ အမှောင်ကမ္ဘာထဲကိုအရွယ်မတိုင်ခင် အသက်ငယ်ငယ် နဲ့ ရောက်ရှိနေတဲ့ သမင်ဖြူလေး တစ်ကောင်ဖြစ်တဲ့ရှောင်ကွမ်း အသက်ရှင်ဖို့ လမ်းကြားတွေက အန္တရာယ် များလွန်းခဲ့တယ်ခန္ဓာကိုယ် ပေးဆပ်ရတဲ့ အပြင် နှိပ်စက်မှုတွေ ပါ လုပ်သွားတက်ကြတာပေါ့တစ်ရက်မှာတော့ ရှောင်ကွမ်းလေး ကို အားစော ဆိုတဲ့ ကိုကြီး တစ်ယောက်ကဒီလမ်းကြားတွေ ဆီကနေ ကယ်တင်ခဲ့တယ်....ရှောင်ကွမ်းလေး က ကိုကြီး နဲ့ အတူရှိနေတဲ့ ...
movie
Light (2021)
2021
8.1
To My Star (2021)
To my star (2021)"ကြယ်" ဆိုတာ အလှမ်းဝေးကွာတဲ့နေရာမှာရှိကြတယ် မိုးပေါ်ကကြယ်လေးရော ..... နှလုံးသားထဲကကြယ်လေးရောပဲပေါ့ ...အဲ့ကြယ်လေးဆီကို "အချစ်" ဆိုတဲ့ တံတားလေး ခင်းလိုက်တဲ့အခါ ကိုယ့်ရဲ့အနီးဆုံးနားကိုရောက်လာတတ်တယ်တဲ့....ဒီဇာတ်လမ်းလေးထဲမှာတော့ တစ်ချိန်က လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တဲ့ တောင်ကိုရီးယားအနုပညာရှင် ဂန်ဆောဂျွန်း(Son Woo Hyun)ဟာ ကောလဟာလတစ်ခုကြောင့်နေ့ချင်းညချင်းမှာပဲ ပရိတ်သတ်တွေရဲ့ပြစ်တင်ရှုံ့ချမှုတွေခံလိုက်ရပါတယ်။ဒီအခြေအနေမှာ မမျှော်လင့်ဘဲ စားသောက်ဆိုင်က စားဖိုမှူးလေး ဟန်ဂျီအူ(Kim Kang Min) နဲ့တွေ့ဆုံလိုက်ရပါတော့တယ်။လွတ်လပ်ပြီးခေတ်မီတဲ့ ဂန်ဆောဂျွန်း နဲ့ ရှေးရိုးစွဲပြီး ပတ်ဝန်းကျင်ကိုဂရုစိုက်တတ်တဲ့ ဟန်ဂျီအူ တို့ရဲ့အချစ်ရေးကရောဘယ်လိုတွေဆက်ဖြစ်မလဲ။"အချစ်နဲ့ထိတွေ့ရင်အရာရာဟာပြောင်းလဲတတ်ကြတယ်" ဆိုတဲ့အတိုင်း တကယ်ချစ်မိသွားတဲ့အခါမှာ ဂန်ဆောဂျွန်း ဘယ်လိုတွေပြောင်းလဲသွားလေဦးမလဲ ။အလှမ်းဝေးကွာလွန်းတဲ့ ကြယ်လေးကို သူ့အနားကိုရောက်အောင် ဂန်ဆောဂျွန်း လုပ်နိုင်ပါ့မလားဆိုတာကို စောင်ကိုက်ပြီး အသည်းတွေအူတွေတယားယားနဲ့ကြည့်ရမယ့် ၂၀၂၁ရဲ့ အကောင်းဆုံး ကိုရီးယား BL ကားတွေထဲကတစ်ကားဖြစ်ပါတယ်။Translated and Reviewed by: HAWEncoded by: AugustQuality: 720p and 1080pFile Size: 1.1GB and 1.8GBDuration 2h ...
movie
To My Star (2021)
2021
8.0
You Make Me Dance (2021)
You Make me dance 2021လောကကြီးမှာ အချစ်ဇာတ်လမ်းလေးတွေ အမျိုးစုံကြိုးခုန် ရှိရှာတဲ့ထဲက ထူးဆန်းစွာပဲ ကြိုးနီကြားခံပြီး အကြွေးက အောင်သွယ်ပေးတဲ့ဖူးစာလို့ ခေါ်လို့ရလေမလား...အကြွေးလိုက်တောင်းတဲ့ ဦးလေးကြီး ဂျင်ဟုန်ဆုတ်နဲ့ အကြွေးဆပ်ဖို့ deadline ကုန်နေတဲ့ ငွေချေးယူထားသူ တက္ကသိုလ်ကျောင်းသားလေး ဆုန်းရှီအွမ်တို့ နှစ်ယောက်တွေ့ဆုံကြတော့...ဦးလေးကြီးကအကြွေးမရသေးတဲ့အပြင် ကလေးထိန်းပါဖြစ်ရုံမဟုတ် အာမခံသူပါ ဖြစ်သွားပြီး ...ကုမ္ပဏီ အထက်သူကြီးဆီက အထုအထောင်းပါခံရင်း အကဝါသနာပါတဲ့ ရှီအွမ်ကို ကဖို့ယုံကြည်ချက်တွေရှိလာစေပြီး အထီးကျန်မဆန်စေတော့ဘဲ ကာကွယ်စောင့်ရှောက်ပေးတဲ့အခါ...နှလုံးသားကို ကခုန်သွားစေတဲ့ဖူးစာရှင်လေးအကြောင်း ရိုမန့်တစ်ဇာတ်လမ်းလေးကိုကြည့်ရှုရမှာပါအကြွေးတောင်းခံရရင်းလည်း ကိုယ့်ကို အစစအရာရာ ဂရုစိုက်စောင့်ရှောက် မားမားမတ်မတ်ရပ်တည်ပေးမယ့်သူ ပေါ်လာနိုင်ပါသေးတယ်ရော်ဆိုတော့ကား အဖြစ်မရှိတဲ့ ဖူဂျိုရှီမမတို့ ဒီBLကားလေးကိုကြည့်ပြီး အားတက်နိုင်ပါပြီနော်...သင်တို့ မျှော်လင့်ချက်ရှိသေးကြောင်း သိရဖို့ ဖူဂျိုရှီတို့ကြည့်လိုက်ကြပါ။( အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ) Quality__720p IMDb Rating__8.0/10 Format__mp4 Duration__01:26:00 Type__BL , Drama , Romance Subtitle__Myanmar Subtitle (Hardsub) Translated ...
movie
You Make Me Dance (2021)
Bridge of Destiny (2020)
ပထမဆုံး ပြောချင်တာကတော့ တကယ်ကောင်းတဲ့ ဗီယက်နမ် အချစ်ကားလေးပါ။အချစ်ကားပေမယ့် အချစ်လည်းမကြမ်းသလို ဒရာမာလည်းဆန်ပါတယ်။လှည့်ကွက် မြှပ်ကွက်တွေနဲ့ ဇာတ်လမ်းဆင်ရိုက်ကူးထားပြီးတော့ “ဟာကနဲ” ဖြစ်သွားမယ့်ကားကိုကြည့်ချင်ရင်တော့ဒီကားလေးကို ညွှန်းပေးချင်ပါတယ်...အုတ်ဖုတ်လုပ်ငန်းပိုင်ရှင် သူဌေးသားလေးဖြစ်တဲ့ “ချုန်း” က တစ်နေ့မှာ လုပ်ငန်းခွင်ကိုလှည့်လည်စစ်ဆေးတုန်းအားကောင်းမောင်းသန် အလုပ်သမားလေး “ကွန်း” ကိုတွေ့ပြီးချစ်ခင်စုံမက်ခဲ့ပါတယ်။(Boy Love ပေါ့ဗျာ)ဒီအထိ အားလုံးအဆင်ပြေပေမယ့် “ချုန်း” နဲ့ လက်ထပ်မယ့် “ဟ” ဆိုတဲ့ မိန်းကလေးပေါ်လာရာကနေ ဇာတ်လမ်းစပါတော့တယ်။“တခြားသူတွေနဲ့ မတူ မတည်နိုင်တဲ့ကတိတွေ မပေးဘဲကိုယ်တို့နှစ်ယောက်ရှေ့ဆက်ချစ်သွားရအောင်” .... “ကွန်း” အတွက်ရေးပေးခဲ့တဲ့ “ချုန်း” ရဲ့ကဗျာလေး ...“ကျွန်မကို တကယ်ချစ်ရဲ့လား?” “မင်းကိုပဲ လက်ထပ်သွားမှာပါ” လို့ “ဟ” ကို ပြောလာတဲ့ “ချုန်း”...“ချုန်း” နဲ့ “ကွန်း” တို့နောက်ဆုံးနှုတ်ဆက်နေတဲ့နေ့လေးမှာ ချစ်ကြည်နူးပြီးတစ်တီတူးနေတာကို ချုန်းအဖေကတွေ့ပြီးသူ့သား Gay နေတာကို ဒေါသူပုန်ထပါတော့တယ်။“ဟ” ကတော့ Two Way သမား ချုန်းအကြောင်းကိုသိပေမယ့် ...
movie
Bridge of Destiny (2020)
7.5
Goodbye Mother (2019)
Goodbye Mother (2019)ဒီတစ်ခါတော့ ဗီယက်နမ် BL ကားလေးကို ရှုစားကြရမှာပဲဖြစ်ပါတယ်။ဒီကားလေးမှာတော့ အမေရိကားမှာ ကျောင်းတက်ရင်းတွေ့ကြတဲ့ ဗီယက်နမ်လူမျိုး ကောင်လေးနှစ်ယောက်ကြားက သံယောဇဉ်တွေကို Bromance Drama အနေနဲ့ တွေ့မြင်ရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ဒီထဲက မင်းသားတစ်လက်က သူ့အဖေရဲ့အလောင်းကို နေရာရွှေ့ဖို့ ဗီယက်နမ်ကို ပြန်တဲ့အချိန်မှာ နောက်မင်းသားတစ်လက်က လိုက်ပါလာခဲ့ပါတယ်။ အာရှနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ဟာလည်း လိင်တူချစ်ကြိုက်မှုကို လက်ခံနိုင်တဲ့ နိုင်ငံထဲမှာ မပါခဲ့သေးပါဘူး။ ဒီတော့ သူတို့နှစ်ယောက်ရဲ့အချစ်လမ်းခရီးဟာ သာယာဖြောင့်ဖြူးပါ့မလားဆိုတာ မသေချာတဲ့အနေအထားပါပဲ။ ကံကောင်းချင်တာကတော့ မင်းသားရဲ့အဖွားဟာ မှတ်ဉာဏ်သိပ်မကောင်းတော့ဘဲ အမေရိကန်က ပါလာတဲ့ မင်းသားကို သူ့မြေးလေးအမှတ်နဲ့ ချစ်နေရှာတာပါ။ သူကတော့ ဒီမြေးလေးနှစ်ယောက်ကို သဘောတူပါတယ်။ ဒီကားထဲမှာ ဒီဖွားဖွား ဘယ်လောက်ချစ်ဖို့ကောင်းတယ်ဆိုတာကိုလည်း မြင်ရဦးမှာပါ။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ဖွင့်ပြောခါနီးဆဲဆဲ မင်းသားရဲ့အမေမှာ ရောဂါတစ်ခုရှိလာပြီဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့ .....ဆုတစ်ဆု နဲ့ တစ်ကြိုစာရင်း တစ်ကြိမ် ဝင်ထားတဲ့ကားမို့ အတော်မညံ့တဲ့ကားထဲ ပါပါတယ်။ ဗီယက်နမ်ရဲ့ကျေးလက် အရသာတွေ ထုံမွှမ်းနေတဲ့အပြင်မိသားစုတွေကြားက အလွဲလေးတွေ ... ပြသနာတွေနဲ့ အိမ်ကိုဝန်ခံဖို့ ခက်ခဲနေတဲ့အခြေအနေတွေကြားထဲက နှစ်ယောက်ကြားမေတ္တာတွေကို ဘယ်လိုပေါ်လွင်အောင် ပြသွားလဲဆိုတာ ...
movie
Goodbye Mother (2019)
2019
7.6
Night Flight (2014)
[Unicode]ဆယ်ကျော်သက်ကောင်လေးသုံးယောက်ဖြစ်တဲ့ သူ့ရဲ့ပုံစံအမှန်ကိုဖုံးကွယ်ထားတဲ့ကောင်လေး ယောင်းဂျူ ကျောင်းလူမိုက်အဖွဲ့ခေါင်းဆောင် ဂီဝန်း ငကြောက်လေး ဂီထယ်... တစ်ချိန်ကခင်ခဲ့တဲ့ သူငယ်ချင်းသုံးယောက် အကြောင်းကိစ္စလေးတွေကြောင့် စိတ်ဝမ်းကွဲခဲ့ရပါတယ်ဂီဝန်းရဲ့အဖွဲ့အနိုင်ကျင့်မှုကို သည်းမခံနိုင်တော့တဲ့ ဂီထယ်တစ်ယောက် ယောင်းဂျူနဲ့ဂီဝန်းတို့အကြောင်းကို ဖွင့်ချခဲ့ပါတယ်ယောင်းဂျူကတော့ ဂီဝန်းကိုကြိုက်နေတာဖြစ်ပြီး ဂီဝန်းတစ်ယောက်ကတော့ အချစ်ဆိုတာ နားမလည်တဲ့လူမိုက်လေးတစ်ယောက်ပေါ့အဲ့လိုနဲ့သူငယ်ချင်းတွေကြားထဲက ပဋိပက္ခတွေကြီးလာပြီး ဘယ်လိုတွေအဆုံးသတ်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြပါလိင်တူချင်းချစ်ကြိုက်တာကိုကန့်ကွက်တဲ့ ကိုရီးယားနိုင်ငံရဲ့အယူတွေကြောင့် ယောင်းဂျူတစ်ယောက် ဘယ်လိုတွေခံရမလဲဆိုတာ...( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) [Zawgyi]ဆယ်ကျော်သက်ကောင်လေးသုံးယောက်ဖြစ်တဲ့ သူ့ရဲ့ပုံစံအမှန်ကိုဖုံးကွယ်ထားတဲ့ကောင်လေး ယောင်းဂျူ ကျောင်းလူမိုက်အဖွဲ့ခေါင်းဆောင် ဂီဝန်း ငကြောက်လေး ဂီထယ်... တစ်ချိန်ကခင်ခဲ့တဲ့ သူငယ်ချင်းသုံးယောက် အကြောင်းကိစ္စလေးတွေကြောင့် စိတ်ဝမ်းကွဲခဲ့ရပါတယ်ဂီဝန်းရဲ့အဖွဲ့အနိုင်ကျင့်မှုကို သည်းမခံနိုင်တော့တဲ့ ဂီထယ်တစ်ယောက် ယောင်းဂျူနဲ့ဂီဝန်းတို့အကြောင်းကို ဖွင့်ချခဲ့ပါတယ်ယောင်းဂျူကတော့ ဂီဝန်းကိုကြိုက်နေတာဖြစ်ပြီး ဂီဝန်းတစ်ယောက်ကတော့ အချစ်ဆိုတာ နားမလည်တဲ့လူမိုက်လေးတစ်ယောက်ပေါ့အဲ့လိုနဲ့သူငယ်ချင်းတွေကြားထဲက ပဋိပက္ခတွေကြီးလာပြီး ဘယ်လိုတွေအဆုံးသတ်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြပါလိင်တူချင်းချစ်ကြိုက်တာကိုကန့်ကွက်တဲ့ ကိုရီးယားနိုင်ငံရဲ့အယူတွေကြောင့် ယောင်းဂျူတစ်ယောက် ဘယ်လိုတွေခံရမလဲဆိုတာ...( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size__( ...
movie
Night Flight (2014)
7.0
[Unicode]BLကားလေးတွေ ကြိုက်နှစ်သက်သူတွေအတွက် ( Dec 23 ) မနေ့ကမှ ထွက်ထားတဲ့ အရမ်းရိုဆန်တဲ့ ကားလေး လာပါပြီနော် ဒီကားလေးကတော့ ၁၉၈၇ခုနှစ် ထိုင်ဝမ်မှာ စစ်အုပ်ချုပ်ရေး ရုတ်သိမ်းလိုက်ခါစ ခေါတ်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးပုံဖော်ထားတာပါ။ဒီဇာတ်ကား ဇာတ်အိမ်တည်တဲ့ ၁၉၈၇ခုနှစ်မှာဆိုရင် လက်ရှိကာလလို ပွင့်ပွင့်လင်းလင်း ရှိတဲ့အချိန်အခါမဟုတ်တာကြောင့် လိင်တူကြိုက်နှစ်သက်တာကို ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ခဲ့ကြပါတယ် ။အဲဒီတုန်းက လိင်တူကြိုက်တဲ့လူကို အထင်သေးစက်ဆုပ်စရာလို့ မြင်ခဲ့ကြပြီး သူတို့ဟာ အဖိနှိပ်ခံ အနိုင်ကျင့်ခံတွေ ဖြစ်ခဲ့ကြတာပါ ။ဇာတ်ကြောင်းလေးကတော့....စည်းကမ်းကြီးလှတဲ့ ယောကျာ်းလေး ခရစ်ယာန်ကျောင်းမှာ ဘတ်ဒီလို့ အများကခေါ်ကြတဲ့ကောင်လေးဟာ မကြာခဏဆိုသလို ကျောင်းစည်းကမ်း ဖောက်ဖျက်လေ့ရှိပါတယ်အဲ့ဒီလူဆိုးလေး ဘတ်ဒီ ကို ချန်ကျားဟန်ဆိုတဲ့ကောင်လေးက ဂရုစိုက်ပေးရင်း သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သူငယ်ချင်းသံယောဇဉ်ထက်ပိုပြီးချစ်မိသွားကြတယ်အချစ်စစ်ဆိုတာ ဖြောင်းဖြူးရိုးထုံးစံမရှိဆိုသလိုမျိုးပဲလိင်တူချစ်သူတွေကို လက်မခံနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ မိဘအသိုင်းအဝိုင်းရဲ့ ကန့်ကွက်မှုကို ရင်ဆိုင်လာရတဲ့အခါ သူတို့နှစ်ယောက်ရဲ့ အချစ်က ဒီလိုအခက်အခဲတွေကို သတ္တိရှိရှိနဲ့ ...
movie
Your Name Engraved Herein (2020)
2020
1
2
Previous