Channel Myanmar

Biography

The Baader Meinhof Complex (2008) 7.3
The Baader Meinhof Complex (2008)   ၁၉၆၀ ကနေ ၁၉၇၀ကြား ဂျာမနီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျာမနီနိုင်ငံရဲ့ အကျော်မော် အနုပညာရှင် သရုပ်ဆောင်တွေဖြစ်တဲ့ Martina Gedeck၊ Moritz Bleibtreu၊ Johanna Wokalek၊ Nadja Uhlနဲ့ Bruno Ganz တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb 7.3 နဲ့ RT 85% အထိ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဒါ့အပြင် ဂျာမနီနိုင်ငံက သမိုင်းဖြစ်ရပ်တွေကို ပြန်လည်ရိုက်ကူးရာမှာ အင်မတန်လက်စွမ်းထက်တဲ့ နိုင်ငံအဖြစ် နာမည်ကြီးပါတယ်။ ဆိုတော့ကား ဇာတ်လမ်းအကြောင်း မပြောခင်မှာတင် ရုပ်ရှင်ကို ကြည့်ဖို့က အခုကတည်းက စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး ဟစ်တလာရဲ့ Third Reich ( တတိယ အင်ပါယာ ) ကျရှုံးပြီးနောက်မှာ ဂျာမနီနိုင်ငံက အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီဆိုပြီး ၂နိုင်ငံ ကွဲထွက်သွားပါတယ်။အရှေ့ဂျာမနီကတော့ ...
movie

The Baader Meinhof Complex (2008)

Sound of Freedom (2023) 7.8
Sound of Freedom (2023) Sound of Freedom (2023) =================== IMDb Rating - 7.8/10IMDB 7.8 ထိ ရထားတဲ့ ကလေးလူကုန်ကူးမှုတိုက်ဖျက်ရေး မှုခင်းဇာတ်ကား ကောင်းလေး ဖြစ်ပါတယ်။ ကမ္ဘာ့အနှံ့က မကောင်းမှုနဲ့ ကျိကျိတက်တက်ချမ်း သာပြီး ဝါသနာတူတွေစုနေတဲ့ လူချမ်းသာအသိုင်းအဝိုင်းကြီးတစ်ခုက ကလေး သူငယ်တွေကို လူကုန်ကူးပြီး လိင်လုပ်သားအဖြစ် ရောင်းစား အသုံးတော်ခံနေ ကြပါတယ်။ ဒါကို သီးသန့်နှိမ်နင်းတားဆီးနေတဲ့ တင်ဘဲလက်ဆိုတဲ့ အေးဂျင့်က pedophile လို့ခေါ်တဲ့ ကလေးနှာဗူးကောင်တွေကို ဖမ်းဆီးခဲ့ရင်းနဲ့ နောက်ဆုံး ကိုလံဘီယာက မကောင်းမှုတွေ အဓိကထိန်းချုပ်လုပ်ကိုင်နေတဲ့ ဒုစရိုက်အဖွဲ့ကို နှိမ်နင်းတားဆီးပြီး ကလေးတွေကို ဘယ်လိုပြန်လည်ကယ်ဆယ်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းပုံစံက ရိုးရှင်းပေမယ့်.. Action scene တွေက အရမ်းကောင်းလွန်း တာကြောင့် Rating ကောင်းကောင်းတွေ ရထားတာဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.86 GB) / (774 MB) Quality...........WEB-DL 1080p / 720p Duration........2Hr 11Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Crime, Drama Translator......Thiha ...
movie

Sound of Freedom (2023)

2023
Chiara (2022) 5.9
Chiara (2022)   Rotten Tomatoes 80%အထိ ရထားတဲ့ အင်မတန်ကောင်းလှတဲ့ အီတလီ ရုပ်ရှင်တစ်ကားကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ My brilliant friend series မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ အီတလီ ရုပ်ရှင်မင်းသမီးချောလေး Margherita Mazzuccoက The Champion, Everything you want, Lovely boy, Romantic Guide to Lost Places အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာကို သရုပ်ဆောင်ဖူးတဲ့ မင်းသားချော Andrea Carpenzanoနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကြောင်း မပြောခင်မှာ ဇာတ်လမ်းနဲ့ တိုက်ဆိုင်နေတဲ့ ကျွန်တော့်သူငယ်ချင်းအကြောင်းကို နည်းနည်းလေးအရင်ပြောပြချင်ပါတယ်။ တမင် အာလူးဖုတ်တာ မဟုတ်ဘဲ ဇာတ်လမ်းနဲ့သက်ဆိုင်လို့ ပြောရတယ်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ကျွန်တော့်မှာ လူ့လောကကို စိတ်ကုန်ပြီး သာသနာ့ဘောင်ထဲ အပြီးဝင်ဖို့ ရာသက်ပန် သီလရှင် ဝတ်မယ်လို့ ဆုံးဖြတ်ထားတဲ့ သူငယ်ချင်းရှိပါတယ်။ ...
movie

Chiara (2022)

Angela (2023) 5.8
Angela (2023) ကြည်နူးစရာကောင်းတဲ့ ကလေးအဖေနဲ့ ကလေးအမေကြားက ဖြစ်ရပ်မှန် အိမ်ထောင်ရေး ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။အိန်ဂျလာဆိုတဲ့ အမျိုးသမီးဟာ ကလေးသုံးယောက်ရဲ့ မိခင်ဖြစ်ပြီး ယောက်ျားနဲ့ကွဲနေသူပါ သူဟာ ကိုယ်ပိုင်အိမ် မပိုင်ဆိုင်ခြင်းကြောင့် ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ကို ဆုံးရှုံးထားရသူလည်းဖြစ်ပါတယ်။ အိန်ဂျလာဟာ ပါတီပွဲတစ်ခုမှာ ရအူးဆိုတဲ့လူတစ်ယောက်နဲ့ တွေ့ခါ ချစ်ကြိုက်မိသွားပါတော့တယ် တကယ်တော့ ရအူးဟာလည်း အိမ်ထောင်ရှင်တစ်ယောက်ဖြစ်ပြီး ကလေးအဖေတစ်ယောက်ပါ ကလေးတွေကို ထိန်းသိမ်းခွင့်မရလိုက်တဲ့ အိန်ဂျလာတစ်ယောက် မြို့မှာနေရတာ မွန်းကြပ်လာပြီး ရအူးနဲ့အတူ ကမ်းခြေမှာ အိမ်လေးတစ်လုံးဝယ်ကာ အေးအေးဆေးဆေးနေထိုင်ပါတော့တယ် အိန်ဂျလာနဲ့ ရအူးတို့ ကြားကအချစ်ဟာ အချစ်စစ်ဖြစ်လား ဘယ်အခက်အခဲတွေများ ကြုံလာရမှာလဲ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို သေချာရိုက်ကူးတင်ဆက်ထားတာမလို့ စောင့်ကြည့်လိုက်ကြပါဦးဗျာ..... File size…(1.7 GB)/(830 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, Crime, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Angela (2023)

Sisi & I (2023) 6.8
Sisi & I (2023) Sisi & I (2023)~ IMDb - 6.8/10, Rotten Tomatoes - 80% ~ခုတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားဟာဆိုရင်တော့ သာမန်ရိုးရိုး ဂျာမန်ဒရာမာကားတစ်ကားတင်မဟုတ်ဘဲ ဩစတြီးယားဧကရီ အဲလက်ဇဘက်အကြောင်းကို Biography သဘောမျိုး ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပါ။ ဂျာမန်ဝါရင့်မင်းသမီးနှစ်ဦးဖြစ်တဲ့ Sandra Hüller နဲ့ Susanne Wolff ကနေ ဇာတ်ဆောင်မင်းသမီးနှစ်ဦးအဖြစ်ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီး ထွက်ထွက်ပြီးချင်း လပိုင်းအတွင်း ဆန်ကာတင်ဆု ၅ ခု ရရှိခဲ့ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~မြို့စားကတော်အနေနဲ့ မွေးဖွားလာခဲ့ရတဲ့ အိုင်မာဟာ စီစီလို့ လူသိများကြတဲ့ ဩစတြီးယားဧကရီ အဲလစ်ဇဘက်အတွက် အမှုထမ်းရဖို့အကြောင်းဖန်လာပါတယ်။ အိုင်မာကတော့ ငယ်ငယ်ကတည်းက မျိုးရိုးမြင့်တစ်ယောက်အနေနဲ့ ကြီးပြင်းလာခဲ့ရတဲ့အတွက် လောကကြီးကိုစိတ်ကုန်နေတာပေါ့။ ဒါပေမဲ့ မိခင်ရဲ့ တိုက်တွန်းမှုကြောင့် မိသားစုဂုဏ်ကိုထောက်ပြီး ဧကရီဆီမှာ အစေခံဖို့သွားခဲ့ပါတယ်။ အိုင်မာဟာ စီစီ့ဆီကိုရောက်ရောက်ချင်းမှာပဲ ပြင်းထန်တဲ့စမ်းသပ်မှုပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ...
movie

Sisi & I (2023)

2023
The Wolf of Wall Street (2013) 8.2
The Wolf of Wall Street (2013) The Wolf of Wall Street (2013)IMDb Rating (8.2) / Rotten Tomatoes (80%)The Wolf of Wall Street ဆိုတာက ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကိုပြန်ရိုက်ထားတာ...အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ Jordan Belfort ဆိုတဲ့ဆရာသမား စတော့ရှယ်ယာဈေးကွက်မှာ ဘယ်လိုတွေ လူလည်ဖျံကျပုံ...အချိန်တိုအတွင်း ငွေတွေဒလဟောဝင်ပြီး ဘယ်လိုတွေချမ်းသာသွားပုံ...ချမ်းသာလွန်ပြီး ဘာတွေဆက်ဖြစ်သွားပုံစတဲ့ သူ့ဘဝဇာတ်ကြောင်းကိုရိုက်ထားတာ...မင်းသား လီယိုနာဒိုက Jordan Belfort နေရာကနေ သရုပ်ဆောင်ထားပြီး ဇာတ်ကားရဲ့နောက်ဆုံးပိုင်းမှာ Jordan Belford ကိုယ်တိုင်လဲ ဝင်ရိုက်ထားသေးတယ်။မင်းသမီးက Margot Robbie ...သိတဲ့အတိုင်း ဒီဇာတ်ကားမှာရှယ်ဟော့တာ..သူများလင်ယူထားတဲ့ အငယ်အနှောင်းပုံစံနဲ့ ဟော့တယ် ထိတယ်မိတယ်ပေါ့။သူမက အဲ့ကာလက တက်သစ်စမင်းသမီးပဲရှိသေးပေမယ့် ဒီဇာတ်ကားမှာ အဟော့ခန်းတွေ အဖော်အချွတ်ခန်းတွေပါမကျန် ဇာတ်နဲ့ကျရာဇာတ်ရုပ်ကို ပီပြင်စွာရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့် တခါထဲ နာမည်ကြီးမင်းသမီးတန်းဝင်သွားပါတယ်။မင်းသားလီယိုနာဒိုကတော့ ပြောမနေနဲ့တော့...သူ့ကြောင့်ပဲ ဒီရုပ်ရှင်ကား ဒီလောက်ကောင်းသွားတာ..Jordan Belfort တောင် ...
movie

The Wolf of Wall Street (2013)

2013
4K HEVCHDR
Alpha Dog (2006) 6.9
Alpha Dog (2006)   ၂၀၀၀ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ အမှုတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် " Based on true story " ဇာတ်ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ အဆိုတော် Justin Timberlakeရဲ့ သရုပ်ဆောင် စကေးတွေကို ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Trollhunters: Rise of the Titans, The Chinese Widow, The Motel Life, Lone Survivor အစရှိတဲ့ ဇာတ်ကားပေါင်းများစွာကို သရုပ်ဆောင်ထားဖူးတဲ့ Emile Hirschက အထူးမိတ်ဆက်ပေးစရာ မလိုလောက်မယ့် Ben Fosterနဲ့အတူ ယခုဇာတ်ကားထဲမှာ MCအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ဂျော်နီ ထရူးလပ် ဆိုသူက LAမှာ ဆေးရောင်းလိုက် ပါတီတွေနဲ့ ပွဲခံလိုက်လုပ်တတ်တဲ့ drug dealerကြီး ဖြစ်ပါတယ်။ ဂျိတ် မက်ဇာ့စကီးက ဂျော်နီ ...
movie

Alpha Dog (2006)

Dreamin’ Wild (2022) 6.7
Dreamin’ Wild (2022) Dreamin' Wild (2022)~ IMDb - 6.7/10, Rotten Tomatoes - 90% ~ကိုယ်ဘာဖြစ်ချင်တာလဲကိုယ်သိဖို့နဲ့ ကိုယ်ဖြစ်ချင်တဲ့လူမျိုး ဖြစ်လာအောင်လုပ်ဖို့က မလွယ်ဆုံးအရာတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကံကောင်းတဲ့ တချို့ကျတော့လည်း စောစောစီးစီးပဲ သူတို့ ဘာဖြစ်ချင်လဲ သူတို့သိသွားကြတယ်။ သူ့နောက်ဆက်တွဲကံဆိုးခြင်းကတော့ မြင်ဖူးသလောက်ဆို အဲဒီလိုစောစောစီးစီးသိသွားကြတာတွေမှာ မလွယ်ကူတာတွေတော့ တော်တော်များတယ်။ ဒီရုပ်ရှင်ထဲက ကောင်လေးတွေလိုပေါ့။၁၅ ၁၆လောက်မှာတင် သူတို့ဘာဖြစ်ချင်လဲ သူတို့ကောင်းကောင်းသိခဲ့ကြတယ်။ အဆိုတော်ကြီးတွေ ဒရမ်မာကြီးတွေ ဖြစ်ချင်ခဲ့ကြတယ်။ သူတို့ထဲကတစ်ယောက်ဆို ၁၅နှစ်မှာတင် တူရိယာပေါင်းစုံတီးနိုင်တဲ့အထိ ပါရမီပါခဲ့တယ်။ ဒီနေရာမှာ မိသားစုရဲ့သက်ရောက်မှုက ပါလာပြီ။ စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တွေကို အားမပေးကြတဲ့ မိဘတွေကတော့ သဘာဝအတိုင်းပဲ ပိုများလိမ့်မယ်။ ဒီလိုနဲ့ပဲ ရပ်တန့်သွားတဲ့ အိပ်မက်တွေရှိခဲ့လိမ့်မယ်။ သူတို့လည်း မှားတော့ မှားမနေဘူး။ ဘာလို့ဆို ဒီရုပ်ရှင်ထဲက ကောင်လေးတွေရဲ့မိဘတွေဟာ သူတို့ကလေးတွေရဲ့အိပ်မက်အတွက် လယ်ဧက၁၇၀၀လောက်ကနေ ၆၅ဧကလောက်ပဲ ကျန်တော့တဲ့အထိ ...
movie

Dreamin’ Wild (2022)

2022
Gods (2014) 7.6
Gods (2014) ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးကို ဆေးလောကနဲ့ သက်ဆိုင်တဲ့ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Bogowie ပါ။2014 ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 7.6 နဲ့Rotten tomatoes မှာ rating 82% ရထားတဲ့ဇာတ်ကားဖြစ်သလို ပိုလန်နိုင်ငံက ချီးမြှင့်တဲ့ရုပ်ရှင်ဆုတွေအများကြီး ဆွတ်ခူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ‌ပိုလန်နိုင်ငံမှာ ပထမဆုံး နှလုံးအစားထိုးကုသမှုကို ဦးစီးဆောင်ရွက်ခဲ့တဲ့ဒေါက်တာရလီဂါအကြောင်းကို ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းပြောပြရရင် ဒေါက်တာရလီဂါဟာနှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ခွဲစိတ်ဆရာဝန်တစ်ယောက်အနေနဲ့ ခွဲစိတ်မှုများစွာလုပ်ဆောင်ရသလို ခွဲစိတ်မှုမအောင်မြင်ဘဲဆုံးပါးသွားရသူတွေလည်း အများကြီးပါ။ဒေါက်တာရလီဂါဟာ လူတွေ နှလုံးရောဂါကြောင့်မသေကြစေဖို့အတွက် နှလုံးအစားထိုးကုသဖို့စိတ်ကူးကို အကောင်အထည် ဖော်ချင်ခဲ့တယ်။ဒါပေမဲ့ အထက်လူကြီးတွေက လက်အခံခဲ့ပါဘူး။နောက်တော့ ဒေါက်တာရလီဂါက သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့နှလုံးအစားထိုးကုသမှုကို ‌ဆောင်ရွက်ဖို့ လုပ်လက်စ ဆေးရုံက နုတ်ထွက်ခဲ့ပြီးကိုယ်ပိုင်ဆေးရုံတစ်ခု ထောင်ခဲ့ပါတယ်။ဒါပေမဲ့လည်း ဘဝဆိုတာ ထင်သလို မလွယ်ကူတာမလို့ဒေါက်တာရလီဂါတစ်ယောက် ဆေးရုံကို ဦးစီးနိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ၊သူ နှလုံးအစားထိုးကုသမယ့် လူနာတွေကရော ...
movie

Gods (2014)

The Saint of Second Chances (2023) 7.6
The Saint of Second Chances (2023) The Saint of Second Chances (2023) ========================== IMDb Rating - 7.6/10Netflix ကနေ အသစ်ထွက်ထားတဲ့ အပြင်မှာ တကယ်ရှိခဲ့တဲ့လူအကြောင်းနဲ့ ဒုတိယအခွင့်အရေးဆိုတာ ဘာလဲ တင်ဆက်ပေးချင်တဲ့ မှတ်တမ်းပုံစံရုပ်ရှင် ကားလေး ဖြစ်ပါတယ်။ မိုက်ဗက်ဆိုတာ နာမည်ကျော် ဘေ့စ်ဘောအသင်းပိုင် ရှင် ဖခင်ရဲ့ လောင်းရိပ်အောက်ကနေ ရုန်းထွက်ချင်သူတစ်ယောက်ပေါ့။ ဒီလို ရုန်းထွက်ချင်လွန်းလို့လည်း ကြိုးစားပြီး သူများနဲ့မတူတဲ့ အကြံတွေနဲ့ ဘေ့စ် ဘောပွဲကို လူစည်အောင် လုပ်ခဲ့ရာမှာ အမှားတွေ ဖြစ်ခဲ့ပြီး ဖခင်ကိုပါ ဘဝပျက် စေသလို ဖြစ်ခဲ့ရပါတယ်။ဒီလိုနဲ့ နှစ်ပေါင်းများစွာ ပူဆွေးနေပြီးတော့ ဒုတိယအခွင့်အရေးတွေ ရလာပြီး ဘယ်လိုမျိုး ပြန်ကြိုးစားခဲ့တာတွေ၊ တခြားလူတွေကိုလည်း ဒုတိယအခွင့်အ ရေးတွေ ပေးခဲ့လို့ ဘယ်လိုမျိုးတွေ ကြုံဆုံရတာတွေ၊ မိသားစုနဲ့ လုပ်ငန်းကြား က ဘယ်အရာက တန်ဖိုးရှိတာတွေဆိုတာကို မိုက်ဗက်ကိုယ်တိုင်က ပြန်ဇာတ် ကြောင်းပြောဆိုထားပြီး ဘေ့စ်ဘောလောကနောက်ခံ အရှုံးမပေးပဲ ဒုတိယ အခွင့်အရေးဆိုတာကို အမိအရ ဖမ်းဆုပ်တတ်ဖို့ ပညာပေးထားတဲ့ မှတ်တမ်း ရုပ်ရှင်လေး ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura ...
movie

The Saint of Second Chances (2023)

Capote (2005) 7.3
Capote (2005)  Imdb မှာ Rating 7.3 အထိရရှိထားတဲ့ Crime/Drama ဇာတ်လမ်းဟောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Capote ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ၁၉၅၉ ခုနှစ် ကန်းဆက်ပြည်နယ်ရဲ့လယ်ယာအိမ်မှာနေထိုင်တဲ့ ကလပ်တာမိသားစုရဲ့အလောင်းကို တွေ့ခဲ့ရာကနေစတင်ပါတယ်။အဲ့ဒီအချိန်မှာက ပိုတီဆိုတဲ့နာမည်ကြီးတဲ့ စာရေးဆရာက ဒီအကြောင်းကိုလာရောက်စူးစမ်းပါတော့တယ်။သူစူးစမ်းလေ့လာပြီး သိပ်မကြာခင်မှာ တရားခံတွေကိုဖမ်းမိသွားပါတော့တယ်။ကပိုတီတစ်ယောက် သူ့ရဲ့စာအုပ်အသစ်ကို ရေးဖို့အတွက်အဲ့ဒီတရားခံတွေနဲ့ စကားပြောခွင့်ရအောင်ကြိုးစားပါတော့တယ်။ဒီလိုနဲ့ စကားတွေပြောရင်းနဲ့မှ ရင်းနှီးလာပြီး ကပိုတီက တရားခံတွေအတွက် ကောင်းတဲ့ရှေ့နေတွေငှားပေးအသနားခံလွှာတင်ဖို့အတွက် ကူညီပေးတာတွေ လုပ်ခဲ့ပေးပါသေးတယ်။ဒါပေမယ့်အပြစ်ဒဏ်ကိုရှောင်လွှဲလို့ မရဘဲ သေမိန့်ကျလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ဒီအကြောင်းကိုအခြေခံပြီး သူရေးသားမဲ့ စာအုပ်အသစ်ကရော ဘယ်လိုဖြစ်သွားမလဲဆိုတာတွေအပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ လူ့သဘောသဘာဝစရိုက်တွေကိုပါတွေ့မြင်ရဦးမှာဖြစ်လို့ စီးမြောရင်းနဲ့ကြည့်ရှုသင့်တဲ့ကားလေးဖြစ်ပါတယ်။ File size…1.73GB / 541MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ….. Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

Capote (2005)

The Duchess (2008) 6.9
The Duchess (2008)  Historical film တွေရဲ့ ပင်တိုင်စံ မင်းသမီးလို့တင်စားကြတဲ့ မင်းသမီးချောKeira Knightley ပါဝင်သရုပ်ဆောင်ထားတဲ့ The Duchess ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့မြို့စားကတော် Georgiana အဖြစ် Keira Knightley ၊ မြို့စားမင်းအဖြစ်မင်းသားကြီး Ralph Fiennes၊ Lady Elizabeth Foster အဖြစ် အေးဂျင့်Carterလို့လူသိများတဲ့ မင်းသမီး Hayley Atwell နဲ့ Charles Grey အဖြစ် Dominic Cooperတို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထိပ်တန်းသရုပ်ဆောင်တွေပဲပါဝင်ထားတာဖြစ်တဲ့အလျောက် Performance တွေဟာအပြစ်ပြောစရာမရှိလောက်တဲ့အထိကောင်း‌လွန်းနေတဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားဟာ 81 ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ Best Costume Design ဆုကိုထိုက်တန်စွာရရှိခဲ့ပါတယ်။ အော်စကာဆုရဆိုတဲ့အတိုင်းပဲ ပါဝင်တဲ့ ဝတ်စုံဒီဇိုင်းတွေဟာ၁၈ရာစုနှောင်းပိုင်းရဲ့ luxury အသွင်အပြင်ကိုအပြည့်အဝဖော်ဆောင်ပေးထားလို့ဝတ်စုံဒီဇိုင်းတွေကိုကြည့်ရတာနဲ့တင် တန်တယ်ဆိုတဲ့အနေအထားပါပဲ။ဒီဇာတ်လမ်းဟာ ၁၈ ရာစုနှောင်းပိုင်းတုန်းက အပြင်မှာ တကယ်ရှိခဲ့တဲ့ Devonshire ရဲ့မြို့စားကတော် Georgiana Spencer ရဲ့ဖြစ်ရပ်မှန်ဘဝအကြောင်းကိုအခြေတည်ပြီးရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာအနေနဲ့ပြောပြရမယ်ဆိုရင်Georgiana ...
movie

The Duchess (2008)

Cassandro (2023) 6.4
Cassandro (2023) Cassandro (2023) ============= IMDb Rating - 6.4/10 Biography, Drama, Sportတက္ကဆက်ပြည်နယ်က မိန်းမလျာလက်ဝှေ့သမား Cassandro ခေါ် ဆောလ်ရဲ့ ဘဝဇာတ်ကြောင်း မူဗီတစ်ပုဒ်ဖြစ်ပါတယ်။ Cassandro ဟာ NWA World Welterweight, UWA World Lightweight ချန်ပီ‌ယံဟောင်းကြီးတစ်ယောက်ဖြစ်ပြီး သူ့ကြောင့်ပဲ မိန်းမလျာလက် ဝှေ့သမားတွေဟာ လက်ဝှေ့လောကမှာ နေရာတစ်ခု ရလာခဲ့ခြင်းဖြစ် ပါတယ်။ဒီဇာတ်လမ်းမှာတော့ Cassandro ရဲ့ အပျော်တမ်းမှ တက်သစ်စ၊ တက် သစ်စမှ နာမည်ကြီးလက်ဝှေ့ချန်ပီယံကြီး အဆင့်ဆင့်ဖြစ်သွားခဲ့ပုံတွေ၊ ဒီလောကထဲမှာ သူဘာကြောင့် ခြေချခဲ့လဲဆိုတာတွေ၊ သူ့ရဲ့ ပုဂ္ဂိုလ်ရေး တွေကို သိခွင့်ရမှာဖြစ်ပါတယ်။ လက်ဝှေ့လောကမှာတင်မကဘဲ ဂေး လောက အသိုင်းအဝိုင်းအတွက် Cassandro ဟာ သူ့နည်းသူ့ဟန်နဲ့ စိတ် ခွန်အားတစ်ခု ဖြစ်ကြောင်းတွေ မြင်တွေ့ရပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(2 GB) / (792 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Sport Translator......Act ...
movie

Cassandro (2023)

2023
Golda (2023) 6.1
Golda (2023) Golda (2023)~ IMDb - 6.1/10, Rotten Tomatoes - 53% ~အစ္စရေးနိုင်ငံရဲ့သံမဏိလေဒီကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Golda Meir ဘ၀အကြောင်း တစ်စိတ်တစ်ပိုင်းတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဂိုလ်ဒါအဖြစ် ဗြိတိန်ဂန္ထဝင်မင်းသမီးကြီး Helen Mirren က သရုပ်ဆောင်ထားပါတယ်။ Golda Meir ဟာ အစ္စရေးရဲ့လေးယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး၀န်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ဒီကားကို ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေး နဲ့ တစ်ဖက်က အီဂျစ် ဆီးရီးယားဦးဆောင်တဲ့ အာရပ်နိုင်ငံများရဲ့စစ်ပွဲဖြစ်တဲ့ နာမည်ကျော် Yom Kippur စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလကို အခြေတည်ရိုက်ထားပါတယ်။ ၁၉၆၇ တုန်းက အစ္စရေးသိမ်းယူခဲ့တဲ့ ဂိုလန်တောင်ကုန်းနဲ့ ဆီနိုင်းပင်နီဆူလာကို ပြန်ရယူချင်တဲ့အတွက်ကြောင့် အီဂျစ်နဲ့ ဆီးရီးယားက ဂျူးဘာသာရေးနေ့ ယွန်ကီပေါလ်နေ့မှာ အစ္စရေးကိုအလစ်၀င်တိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပြီး အစ္စရေးက အစပိုင်းမှာရှုံးနေရာကနေ ဘယ်လိုနာလန်ပြန်ထူပြီး အောင်ပွဲဆင်နိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကိုပါလေ့လာနိုင်တဲ့အပြင် ...
movie

Golda (2023)

2023
Jeanne du Barry (2023) 6.8
Jeanne du Barry (2023)  ဂျန်ဘူဘာယာနေး ဆိုတဲ့ကလေးတစ်ယောက်ဟာ ဘုန်းတော်ကြီးနဲ့စာဖိုဆောင်ကအမျိုးသမီးတို့က တရားမဝင်မွေးဖွားလာတဲ့အတွက်လောကကြီးမှာလူမသိသူမသိသိုသိုသိပသိပ်နေတာခဲ့ရတယ်။ မစ္စတာဒူမူဆိုဆိုတဲ့လူချမ်းသာတစ်ယောက်က ဂျန်ကိုချစ်မြတ်နိုးလို့ စောင့်ရှောက်ပေးထားတယ်။ဂျန်အရွယ်ရောက်လာတော့ စော်ကားပြုမှုခံရတာတွေလွှတ်ကင်းဖို့အတွက်သားအမိနှစ်ယောက်သာ ပဲရစ်မြို့ကြီးထွက်ခွာလာခဲ့တယ်။ ကာလအတန်ကြာနေထိုင်ပြီးနောက်မှာ ဂျန်ဟာ လွတ်လပ်စွာနေထိုင်ရပြီး နေထိုင်စားသောက်နိုင်မယ့်ဘဝ ဖြစ်တဲ့ ပြည့်တန်ဆာအလုပ်ကိုရွေးချယ်လုပ်ကိုင်ခဲ့တယ်။ ဂျန်ရဲ့အလှတရားတွေကြောင့် မှူးမတ်တွေ အရာရှိလူချမ်းသာတွေကြားမှာနာမည်ကြီးလာတယ်။ အမတ်ကြီး ရီရှယ်လူရူ နဲ့ မြို့စား ဘာရီတို့ဟာ ဂျန်ကိုသူတို့ကိုယ်ကျိုးအတွက် အသုံးချဖို့ကြံစည်နေက့တယ်။ ဂျန်ကို ဘုရင်ကြီးနဲ့ပေးတွေ့ပြီး နန်တော်မှာ နေရာတစ်နေရာရအောင်ဖန်တီးပါတော့တယ်။ဘုရင်ကြီးဟာ ဂျန်ကိုမြင်မြင်ချင်းသဘောကျသွားပါတော့တယ်။လမ်းဘေးဘဝ‌ကနေ ချက်ခြင်းနန်းတော်ကိုရောက်သွားတဲ့အခါ သူ့အတွက်အခက်အခဲပေါင်းစုံကြုံလာပါတော့တယ်။ ဘုရင်ကြီးရဲ့အနှစ်သက်ဆုံးဂျန်ကိုတော်ဝင်မိသားစုက အမြင်မကြည့်တဲ့အခါမှာတော့.......  File size…2.23GB / 869MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Jeanne du Barry (2023)

The Irishman (2019) 8.7
The Irishman (2019) ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။သမ္မတ နစ်ဆွန် ...
movie

The Irishman (2019)

2019
4K HEVC
Super 30 (2019) 7.9
Super 30 (2019) IMDb Rating (7.9)ကားရိုက်နည်းတဲ့ လက်ပွားမင်းသား ခေါ် မင်းသားကြီး Hrithik Roshan ရဲ့ ၂၀၁၉ ခုနှစ်ထွက် ဒရမ်မာရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ရုပ်ရှင်ဖြစ်ပြီး အိန္ဒိယနိုင်ငံက သင်္ချာဆရာ အာနန်းကူးမားနဲ့ သူ့တပည့်တွေရဲ့ ဘဝကို ပုံဖော်တင်ဆက်ထားတာပါ။ဇာတ်လမ်းအညွှန်းမဖတ်ဘဲ ရုပ်ရှင်ကိုကြည့်တာကတော့ ပိုပြီး သင့်တော်ပါမယ်။ တစ်ကွက်ချင်းစီက ဇာတ်လမ်းရဲ့ ဆွဲဆောင်မှု ဖြစ်နေတော့ စာမဖတ်ဘဲ ရှောင်နိုင်တာ အကောင်းဆုံးပါ။ဇာတ်လမ်းကိုညွှန်းရမယ်ဆိုရင်ဖြင့်... နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သင်္ချာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။ ‌ သူကိုယ်တိုင် သင်္ချာကို ဝါသနာပါတာမို့ ‌နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။ ‌ ‌ ဒီလို သူ့ရဲ့ အရည်အချင်းကြောင့် ‌သူ့မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ‌ ကမ့်ဘရစ်ချ် (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford) စတဲ့ တက္ကသိုလ်တွေက ‌သင်္ချာအထူးပြုနဲ့ PhD ရဖို့ပေါ့။ ‌ ‌ ဒါပေမယ့် ဆင်းရဲတဲ့လူတစ်ယောက်အတွက် အိပ်မက်တွေဟာ ...
movie

Super 30 (2019)

2019
Marshall (2017) 7.3
Marshall (2017) Marshall (2017)~ IMDb - 7.3/10, Rotten Tomatoes - 80% ~အမေရိကန်ရဲ့ အထက်တရားရုံးမှာ လျှောက်လဲခွင့်ရတဲ့ ပထမဆုံးသော အမေရိကန် အာဖရိကန် လူမျိုး သားဂွတ်မာရှယ်ရဲ့အကြောင်းကို ပြန်လည်ရိုက်ပြထားတဲ့ အတ္ထုပ္ပတ္တိပုံစံ ဒရာမာကားတစ်ကားပါ။ ကြွေလွင့်သွားခဲ့ပြီဖြစ်တဲ့ Chadwick Boseman ရဲ့ ကားကောင်းတစ်ကားပါပဲ။~ ဇာတ်လမ်းအညွှန်း ~အမေရိကန်မှာ လူဖြူဝါဒကြီးစိုးပြီး လူမည်းတွေဖိနှိပ်ခံရတဲ့အချိန် ဂရင်းဝစ်မြို့မှာ လူဖြူအမျိုးသမီးတစ်ဦး လူမည်းရဲ့ မုဒိန်းကျင့်ခံရတယ်လို့ စွပ်စွဲလိုက်တာကြောင့် တနိုင်ငံလုံးကလူမည်းအများစူတွေ အလုပ်ဖြုတ်ခံရတာကို ဖြေရှင်းဖို့ သားဂွတ်တစ်ယောက် လူမည်းဘက်က ထုပဖို့ သူငယ်ချင်းဆမ်နဲ့အတူ ကြိုးစားခဲ့ပါတယ်။သူကိုယ်တိုင်တာဝန်ယူဖို့ ကြိုးစားထားပေမဲ့ တကယ်တမ်း တရားရုံးက သူငယ်ချင်းဆမ်ကို အမှုစစ်ခိုင်းတဲ့အခါ ဘယ်လို အခက်အခဲတွေရှိခဲ့လဲ... ဘယ်လိုကြိုးစားခဲ့ရလဲ... ဆိုတာတွေကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းတစ်ကားပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.45GB, 680MB Quality ...
movie

Marshall (2017)

2017
Seneca: On the Creation of Earthquakes (2023) 5.5
Seneca: On the Creation of Earthquakes (2023)  ရှေးခေတ်ရောမ ဂရိတွေနဲ့ နောက်ကြောင်းသမိုင်းကိုကြည့်ချင်တဲ့လူတွေအတွက်Senaca လို့ခေါ်တဲ့ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲ ဟိုးအရင်ခေတ်ကဂရိမှာနာမည်ကြီးခဲ့တဲအတွေးအခေါ်ပညာရှင် ဆန်နေကာအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဆန်နေကာဆိုတာက ရောမအင်ပါယာကြီးရဲ့ဘုရင်ဖြစ်တဲ့နီရိုးရဲ့ အတိုင်ပင်ခံအမတ်ကြီးတစ်ယောက်ဖြစ်ပါတယ်။ ဘုရင်ကြီးနီရိုးကအသက်ငယ်ရွယ်ပြီးမစဉ်းစားမတွေးခေါ်ပဲစိတ်ထင်ရာလုပ်တတ်တဲ့ဘုရင်ကြီးတစ်ပါးဖြစ်ပါတယ်။ ဒီလိုနဲ့ ဆန်နေကာကဘုရင်ကြီးကို အကြိမ်ကြိမ်အခါခါအကျိုးအကြောင်းဆီလျော်အောင်ဘုရင်ကြီးရဲ့လုပ်ရပ်တွေကို ရှင်းပြပေမဲ့လဲနီရိုးကတော့ခေါင်းမာမြဲသူလုပ်ချင်တာလုပ်နေတုန်းပါပဲ။ဒါပေမယ့်အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက်ရဲ့နေဝင်ချိန်တွေကမကြာခင်မှာ ရောက်လာတော့မယ်ဆိုတာကိုတော့ သူတို့မသိခဲ့ကြပါဘူး။တစ်နေ့မှာတော့ဆန်နေကာလုပ်ခဲ့တဲ့ကြီးမားတဲ့အပြစ်တစ်ခုကြောင့် သူ့ဘဝရဲ့နေဝင်ချိန်ကိုရောက်ချိန်မှာတော့သူ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့ အရာတွေ အတွေးအခေါ်တွေကို အမွေအနှစ်တစ်ခုအနေနဲ့ထားခဲ့ပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပုံတွေကိုကြည့်ရမဲ့ အတွေးအခေါ်ဆိုင်ရာသမိုင်းကြောင်းဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။  File size…1.87GB / 752MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 52m Genre ….. Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Seneca: On the Creation of Earthquakes (2023)

Frost/Nixon (2008) 7.7
Frost/Nixon (2008) ၁၉၇၂ မှာ​ အမေရိကန်​ပြည်ထောင်​စုနဲ့​ ကမ္ဘာ့သမိုင်းအတွက် အချိုးအကွေ့ဖြစ်ရပ်တစ်ခု​ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ Watergate ဖြစ်ရပ်ပါ။ ဒီကိစ္စ​ကိုနောက်ကွယ်ကနေ ကြိုး​ကိုင်​ခဲ့တဲ့​ အမေရိကန်​သမ္မတ​ Richard Nixon ဟာ​ မကြာခင်​မှာပဲ​ ရာထူးကဆင်းပေးလိုက်ရပါတယ်။ Nixon အိမ်​ဖြူ​တော်​က​ ထွက်​ခွာနေတဲ့အခမ်းအနားကို ဗြိတိသျှ​ရုပ်သံ​တင်ဆက်​သူတစ်ဦးဖြစ်တဲ့ David Frost က​ TV ကနေကြည့်ရင်း နစ်​ဆင်နဲ့ အင်တာဗျူးလုပ်ဖို့ အကြံရခဲ့ပါတယ်။ ၂၀၀၈ မှာထွက်ရှိခဲ့တဲ့ Frost/Nixon ဇာတ်ကားက​ ၁၉၇၇ မှာပြုလုပ်ခဲ့တဲ့ ဒီအင်တာဗျူးကို​ အခြေတည်ထားတာဖြစ်ပြီး Political​ Drama အမျိုး​အစားဖြစ်ပါတယ်။ Frost က​ ဖျော်​ဖြေရေး Talk Show တွေတင်ဆက်ရတာကို ငြီးငွေ့​လာပြီး​ ပိုပြီးလေးနက်တဲ့ နိုင်ငံ​ရေးအင်တာဗျူးတွေ​ကို​ တင်ဆက်​ချင်လို့​ ဒီကိစ္စ​ကိုအကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး Nixon ဘက်ကလည်း​ သူ့ရဲ့ကျဆင်းသွားတဲ့ နိုင်ငံ​ရေး​ဂုဏ်​သိက္ခာ​ကို​ ဒီအင်​တာဗျူးက​နေ​တဆင့်​ လူထုကိုစည်းရုံးရင်း ပြန်တည်ဆောက်ချင်တာဖြစ်ပါတယ်။ Frost လို​ နိုင်ငံ​ရေးအကင်းမပါးတဲ့​ ...
movie

Frost/Nixon (2008)