Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Biography
7.8
The Billionaire (2011)
The Billionaire (2011)_____IMDb - 7.8/10 ဒီထိုင်းဇာတ်ကားဟာ တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDb Rating (7.8) ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းပါ။ ရုပ်ရှင်အညွန်းကိုတော့ ဒီဇာတ်ကားကို ကြည့်ဖြစ်စေခဲ့တဲ့ Mel.C Facebook Page က အညွှန်းကိုကူးယူဖော်ပြပြီး မိတ်ဆက်ပေးချင်ပါတယ်။ —————————————————– 33 နှစ်အရွယ် ဘီလျံနာတစ်ယောက်ရဲ့ ဘဝလျှို့ဝှက်ချက် (သို့မဟုတ်) သုည မှ Billionaire အဖြစ်သို့ ( စ – ဆုံး ) သူဌေးလေးရေညှိ -Tao Kae Noi လုပ်ငန်းပိုင်ရှင်ရဲ့ ဘဝဇာတ်ကြောင်း *တစ်စုတစ်စည်းထဲ ဖတ်လို့ရအောင် ပြန်တွဲပေးလိုက်ပါတယ်နော်* ဒီ Tao Kae Noi ရေညှိလေးကို တော်တော်များများ သိကြမယ်ထင်ပါတယ်… လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ထင်တယ်… သူဌေးလေးရေညှိဆိုပြီး နာမည်ကြီးလာတာ… ရေညှိထုပ်လေးက အရသာမျိုးစုံပဲ… ကိုက်လိုက်ရင် ကြွပ်ကြွပ်ရွရွလေး… စားသာစားပြီး တစ်ခါမှ ရေညှိထုပ်အိတ်လေးပေါ်က အကျီ ၤ ...
movie
The Billionaire (2011)
2011
7.1
Megan Leavey (2017)
ဖြစ်ရပ်မှန်ကားကောင်းလေးတွေကိုမှကြိုက်တဲ့သူတွေအတွက်၂၀၁၇ထွက် rating7.1ထိရထားတဲ့ခွေးကားကောင်းလေးတစ်ကားလာပြီ။တကယ့်အပြင်ကဖြစ်ရပ်မှန်ကိုအခြေပြုရိုက်ကူးထားတာပါ။ဒုတပ်ကြပ်မီဂန်လီဗီနဲ့ သူ့ရဲ့ရဲဘော်ရဲဖက်စစ်ခွေးလေးတို့ရဲ့အကြောင်းလေးကိုရိုက်ကူထားတာပါ။မီဂန်ဟာအိမ်တွင်းရေးအဆင်မပြေမှုတွေကြားကအလုပ်ကပြုတ်တဲ့အပြင်သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းသေဆုံးသွားပြီးနောက်မှာတော့အမေရိကန်မရိန်းတပ်ထဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။စစ်တပ်ထဲရောက်တဲ့အချိန်မှာတော့မီဂန်ရဲ့ခြောက်သွေ့နေတဲ့ဘ၀လေးဟာရက်စ်ဆိုတဲ့ခွေးလေးနဲ့တွေ့ပြီးပြန်လည်စိုပြေလာပါတော့တယ်။ရက်စ်ဆိုတာကအမေရိကန်စစ်တပ်ကလေ့ကျင့်ပေးထားတဲ့တိုက်ပွဲဝင်စစ်ခွေးလေးတစ်ကောင်ပါ။ရက်စ်ကိုထိန်းကျောင်းရဖို့ကံကြမ္မာပါလာတဲ့မီဂန်တစ်ယောက်သူတို့နှစ်ဦးကြားဘယ်လိုချည်နှောင်မှုတွေရှိလာမလဲ။ဘယ်လိုတိုက်ပွဲတွေအလီလီအတူတူဖြတ်ကျော်ကြမဘဲဆိုတာဇာတ်ကားလေးကိုဆက်ကြည့်ပြီးခံစားလိုက်ပါ။တကယ့်အပြင်မှာမီဂန်နဲ့ရက်စ်တို့ဟာအတူတူတိုက်ပွဲပေါင်း၁၀၀၀ကျော်ဆင်နွဲခဲ့ပြီးလူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့ကြတဲ့စစ်သည်ကောင်းတွေအဖြစ်အသိအမှတ်ပြုခံခဲ့ရသူများဖြစ်ပါတယ်။ဇာတ်ကားလေးဟာလည်းသူတို့နှစ်ယောက်ရဲ့ကြားကဖြစ်တည်မှုလေးကိုသေသေချာချာရင်ထဲထိအောင်ရိုက်ပြထားတာတွေ့ရမှာပါ။တကယ့်ဖြစ်ရပ်မှန်အခြေခံရိုက်ထားတဲ့ကားကောင်းလေးတွေကိုကြိုက်နှစ်သက်သူများအတွက်ဒီကားလေးဟာကြည့်သင့်တဲ့ကားလေးပါလို့ညွန်းပါရစေဗျာ။Rotten Egg ratingအနေနဲ့လည်း84%အထိရရှိထားတာဆိုတာ့အထူးတလည်ပြောနေစရာမလိုဘူးထင်ပါတယ်ဗျာ။ (ဘာသာပြန်သူကတော့ သားပြည့်စုံဇော်ပါ) File Size : (850 MB) and (378 MB) Quality : 720p Bluray Running Time : 1hr 56min Format : Mp4 Genre :Biography, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Pyae Sone Zaw Encode by Thanhtike Zaw
movie
Megan Leavey (2017)
2017
7.8
Williams(2017)
IMDb.....7.8 ဖော်မြူလာဝမ်းပြိုင်ပွဲကိုတွေကိုအဓွန့်ရည်တည်တံသူတွေထဲမှာအအောင်မြင်ဆုံးမိသားစုကို ပြရမယ်ဆိုရင် ၀ီလျံကိုပြရမှာဖြစ်ပါတယ်....သူဟာငယ်စဉ်ကလေးဘ၀မှာ ဆင်းရဲတဲ့ဒုက္ခတွေကိုရင်ဆိုင်ရပေမဲ့ ဖော်မြူလာ ၀မ်းကားတွေနဲ့ပတ်သက်ပြီးအလုပ်လုပ်ရမှာကိုထူးထူးခြားစိတ်ဝင်စားခဲ့ပါတယ် ဒါကြောင့်အခက်အခဲတွေ တွေကိုကျော်ဖြတ်ပြီး အလုပ်လုပ်ခဲ့တာ အနှစ်လေးဆယ်ကျော် F1 ပြိုင်ပွဲတွေကိုထိန်းသိမ်း အုပ်ချုပ်ခဲ့သူမို့ တံခွန်စိုက်ဆု ၉ခုတောင် ရရှိခဲ့ပါတယ် ဒါပေမယ့် 1986 အောင်မြင်မှုရဲ့အမြင့်ဆုံးအချိန်မှာ သေစေနိုင်လောက်တဲ့ ယာဉ်တိုက်မှုတစ် ခုက ဖရန့်ကို ဒုက္ခအကြီးအကျယ်တွေ့စေခဲ့တယ် ပြီးတော့ အသင်းရဲ့အနာဂတ်ကလဲ ချိန်ခွင်လျှာပေါ်မှာ ဖြစ်နေခဲ့တယ် BFTA အနိုင်ရဒါရိုက်တာ မော်ဂန် မက်သရူးရဲ့ အသစ်စက်စက်မှတ်တမ်းတင်ရုပ်ရှင်ဇာတ်ကားက ဖရန့်ရဲ့ ဂုဏ်သတင်းကြီးလာပုံတွေ သူ့မိသားစုတွေက သူအသက်ရှင်ဖို့ ရင်ဆိုင်ခဲ့ရပုံတွေ ဖရန့်တစ်ယောက်ယာဉ်တိုက်မှုအပြီး ကျန်တဲ့ဘ၀သက်တမ်းကို ၀ှီးလ်ချဲပေါ်မှာဖြတ်သန်းရဖို့ဖြစ်လာတဲ့ပြီးတဲ့နောက် သူ့အသင်းနဲ့ နောက်ဆက်တွဲအခြေအနေတွေကို ရိုက်ပြထားပါတယ် ၀ီလီယံရဲ့လှုပ်ရှားကြိုးစားအားထုတ်ပုံတွေကို အတူယူဖွယ်တွေရမဲ့အပြင် ဖော်မြူလာဝမ်းကားတွေ နှစ်သက်သဘောကျတဲ့လူတွေကို နှလုံးခုန်မြန်စေမယ့် မှတ်တမ်းကားဖြစ်ပါတယ် ဒီကားကဖြစ်ရပ်မှန် sports documentary မို့ ဗဟုသုတရစေရန်အလို့ငှာတင်ပေးခြင်းဖြစ်ပါတယ် File Size…(842MB) and (365MB) Quality…BluRay 720p Format…mp4 Duration…01:49:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Phyo Pyae Translated by EG White
movie
Williams(2017)
2017
7.0
The Zookeeper’s Wife (2017)
ဒီဇာတ်ကားက စစ်ကားကြိုက်တဲ့ ရုပ်ရှင်ကြည့် ပရိတ်သတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။၁၉၃၉ခုနှစ် ပိုလန်ကအကြောင်းကို အခြေပြုရိုက်ထားတာပါ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့အန်တိုနီနာ ဇဘင်စကီရဲ့ ဂရုစိုက်မှု နဲ့ သူမယောကျာ်း ဂျန် ဇဘင်စကီရဲ့ ဦးဆောင်မှုကြောင့် ၀ါစော်တိရစ္ဆာန်ရုံဟာ များစွာကာင်းမွန်လာခဲ့ပါတယ်။ဒါပေမယ့် နာဇီတွေ ပိုလန်နိုင်ငံကို ကျူးကျော်လာတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ဟာ နာဇီတွေရဲ့ တိရစ္ဆာန်ဗေဒပညာရှင် လုဇ်ဟက်နဲ့ အလုပ် တူတူတွဲလုပ်ဖို့ ဖိအားပေးခံရပါတော့တယ်။ဇဘင်စကီလင်မယားက တော်လှန်ရေးအဖွဲ့နဲ့ စတင်ပူးပေါင်းပြီး ၀ါစော်ဂတ်တိုမြို့ကနေ ရာပေါင်းများစွာသော ဂျူးတွေကို ဘယ်လို အစီအစဉ်ချပြီး ကယ်တင်မလဲ။နာဇီတွေရဲ့ မျက်စိရှေ့မှာ ဘယ်လိုလှည့်စားပြီး ၀ှက်ထားမလဲဆိုတာကတော့………….တစ်ကယ်ကို ၀မ်းနည်းစရာ စိတ်လှုပ်ရှားစရာ ဥာဏ်ကွန့်မြူးစရာ ကြည့်ရမယ့် ဇာတ်လမ်းကောင်းလို့ ညွှန်းပါရစေ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်ကတော့ အဉ္ဇလီ သန်းထိုက် ပါ) File Size : (850 MB) and (360 MB) Quality : ...
movie
The Zookeeper’s Wife (2017)
2017
6.9
Legend (2015)
2015 ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.ဒီဇာတ်ကားဟာ IMDb Rate လည်း 7.0 ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်...Brian Helgeland ရိုက်ကူးတင်ဆက်ပြီး ရိုက်ကူးပြီးရုံတင်တဲ့အခါမှာလည်း USD 41.6 Million ပြန်လည်ရရှိခဲ့ပါတယ် ဇာတ်ကားအမျိုးအစားကတော့ Biography , Drama , Crime အမျိုးအစားဖြစ်ပါတယ်1960 ဝန်းကျင်ခေတ်ကိုအခြေခံထားပြီး ဒီဇာတ်ကားဟာ ဗြိတိသျှတို့ရဲ့ရာဇဝတ်မှုသမိုင်းက အဆိုးဝါးဆုံး ညီအကိုနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်...သဘောကျမိတဲ့ ဇာတ်ကားလေးဖြစ်သလို CM ပရိတ်သတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ် လို့ထင်ပါတယ်..ဆက်လက်ကြည့်ရှုပါ ---------------------------------------------------------- 2015 ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.ဒီဇာတ်ကားဟာ IMDb Rate လည်း 7.0 ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်...Brian Helgeland ရိုက်ကူးတင်ဆက်ပြီး ရိုက်ကူးပြီးရုံတင်တဲ့အခါမှာလည်း USD 41.6 Million ပြန်လည်ရရှိခဲ့ပါတယ် ဇာတ်ကားအမျိုးအစားကတော့ Biography , Drama , Crime အမျိုးအစားဖြစ်ပါတယ်1960 ၀န်းကျင်ခေတ်ကိုအခြေခံထားပြီး ဒီဇာတ်ကားဟာ ဗြိတိသျှတို့ရဲ့ရာဇ၀တ်မှုသမိုင်းက အဆိုးဝါးဆုံး ညီအကိုနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်...သဘောကျမိတဲ့ ဇာတ်ကားလေးဖြစ်သလို CM ပရိတ်သတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ် လို့ထင်ပါတယ်..ဆက်လက်ကြည့်ရှုပါFilesize : 720 MB Quality : WEBRip720p Format : mp4 Run Time : ...
movie
Legend (2015)
7.1
Anarchist from Colony (2017)
"Anarchist from Colony" ဇာတ်ကားဟာ Park Yeolလို့ခေါ်တဲ့ ဘုရင်စနစ်ကို မုန်းတီးတဲ့ မင်းမဲ့ဝါဒီတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရန်မှန်ရုပ်ရှင်ဖြစ်ပါတယ်... 2017, Juneလတုန်းက ရုံတင်ထားတာပါ... ဒီဇာတ်ကားဟာ ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်ကိုကျရောက်နေတဲ့ 1923ခုနှစ်ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်... Park Yeol ဟာ ကိုရီးယားလူမျိုး14ယောက်နဲ့ဂျပန်လူမျိုး5ယောက်ပါဝင်တဲ့ "The Revolt"ဆိုတဲ့တော်လှန်ရေးအဖွဲ့ကို ဖွဲ့စည်းထားခဲ့ပြီးတော့ မင်းမဲ့ဝါဒီသမားတစ်ယောက်ဖြစ်တဲ့အတိုင်း ဂျပန်အိမ်ရှေ့မင်းသား Hirohitoကိုလုပ်ကြံဖို့ကြိုးစားခဲ့တယ်... အဲ့ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဂျပန်မှာ Kentoငလျင်ကြီး အပြင်းအထန်လှုပ်ခတ်သွားခဲ့တဲ့အတွက် အခြေအနေတွေပြောင်းလဲကုန်ပါတယ်... အပြစ်မဲ့တဲ့ကိုရီးယားလူမျိုးထောင်နဲ့ချီပြီး ဂျပန်တွေရက်ရက်စက်စက်သတ်တာခံခဲ့ကြရတယ်... ဒီကားမှာ ဂျပန်တွေရဲ့လူမဆန်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့ ကိုရီးယားတွေကို ကရုဏာသက်နေတဲ့ဂျပန်မလေး Kaneko Fumikoနဲ့ Park Yeolတို့ရဲ့အချစ်ဇာတ်လမ်းကိုပါတွေ့ကြရမှာပါ... ကိုရီးယားလူမျိုးတွေကိုအစုလိုက်အပြုံလိုက်သတ်တဲ့ကိစ္စကို နိုင်ငံတကာမသိအောင် အာရုံလွှဲချင်တဲ့ ဂျပန်အစိုးရက ဘာတွေဆက်လုပ်မလဲ...Park Yeolတို့ကရော ဒီကိစ္စကို ကမ္ဘာကသိသွားအောင် ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ ဒီဇာတ်ကားမှာ Park Yeol အဖြစ် Lee Jae Hoonနဲ့ Kaneko ...
movie
Anarchist from Colony (2017)
2017
6.6
The Lost City of Z (2017)
The Lost City of Z (2017) IMDb - 6.6/10____Rotten - 86% လောလောလတ်လတ်ပူပူနွေးနွေးထွက်ထားတဲ့ရုံတင်ကားလေးတကားမိတ်ဆက်ပေးချင်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့Robert Pattinson, Charlie Junnamတို့အပြင် ကျွန်တော်တို့ရဲ့Spider ManလေးTom Hollandလည်းပါဝင်တဲ့Advanture/Dramaကားလေးတကားဖြစ်ပါတယ်။ဒီကားလေးဟာ၂၀ရာစုနှစ်အစောပိုင်း၁၉၀၆ခုနှစ်ဗြိတိသျှစူးစမ်းရှာဖွေသူတဦးဖြစ်တဲ့Percy Fawcettဆိုတဲ့သူရဲ့တကယ့်အဖြစ်အပျက်ကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။Percy Fawcettဆိုတာကဗြိသျှတပ်မတော်ကအရာရှိတဦးဖြစ်တဲ့အပြင်ရှေးဟောင်းသုတေတနပညာရှင်၊ပထဝီပညာရှင်တဦးဖြစ်ပါတယ်။၁၈၆၇ခုနှစ်ဖွားအင်္ဂလန်နိုင်ငံသားတဦးပါ။သူ့ဖခင်ဖြစ်သူဟာလည်းRoyal Geographical Society(RGS)အဖွဲ့ဝင်တဦးဖြစ်ပါတယ်။နောက်ပိုင်းသူဟာလည်းအဲဒီအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတောင်အေမေရိကတိုက် အမေဇုံဒေသကိုနိုင်ငံရေးကိစ္စကြားဝင်စေ့စပ်မှုတခုအတွက်စေလွှတ်ခြင်းခံရသူဖြစ်ပါတယ်။အဲဒီမှာနယ်မြေတိုင်းတာမှုတွေစစ်တမ်းကောက်ရင်းအမှတ်မထင်တောကြီးမျက်မည်းထဲမှာရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။အဲဒီကစပြီးအဲဒီဒေသမှာပျောက်ဆုံးကွယ်ပျောက်နေတဲ့သူကိုယ်တိုင်Zလို့နာမည်ပေးထားတဲ့ရှေးဟောင်းမြို့ကြီးတမြို့ရှိလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။သူဟာ၁၉၀၆ခုနှစ်ကနေ ၁၉၂၄ခုနှစ်အတွင်းစူးစမ်းရှာဖွေမှု၇ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။တျောက်လျောက်သူလိုချက်တဲ့ရည်မှန်းချက်မအောင်မြင်ခဲ့ပေမယ့်သူလုံးဝစိတ်မပျက်ခဲ့ပါဘူး။ဒါပေမယ့်သက်သေအထောက်အထားတွေတော့ပြနိုင်ခဲ့ပါတယ်။နောက်ဆုံးတခေါက်၁၉၂၅ခုနှစ်မှာသူ့သားဖြစ်သူJack Percy Fawcettနဲ့အတူတူသွားခဲ့ပြီးတဲ့နောက်မှာတော့သတင်းအစအနပျောက်သွားပါတယ်။သူတို့ကိုအဲဒီအချိန်ကစပြီးနောက်ထပ်မတွေ့ရတော့ပါဘူး။အဲဒီကိစ္စဟာပဟေဠိတခုလိုဖြစ်နေခဲ့ပါတယ်။သူတို့အဲဒီမြို့ကိုတွေ့ခဲ့ကြသလား။ဘာတွေဖြစ်ခဲ့ကြလဲဆိုတာတော့သူတို့ကိုယ်တိုင်ပဲသိနိုင်မှာပါ။ဒီကားလေးဟာလည်း၁၉၀၅ခုနှစ်ကနေစပြီးသူ့ရဲ့ကြိုးစားခဲ့မှုတွေအမေဇုံလိုတောကြီးမျက်မည်းထဲမှာအန္တာရာယ်အမျိုးမျိုးရဲ့ကြားရုန်းကန်ခဲ့ရမှုတွေကိုရိုက်ပြထားတဲ့ကားကောင်းလေးတကားဖြစ်ပါတယ်။လူတယောက်ရဲ့ဇွဲလုံလ၊အဲဒီခေတ်အခါကရူးသွပ်မှုတွေစွန့်စားမှုတွေကိုမြင်တွေ့ရမှာပါ။တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားအနေနဲ့ဇာတ်ရှိန်အေးအေးလေးနဲ့ဆွဲခေါ်သွားမယ့်ကားလေးဖြစ်ပါတယ်။အေးအေးဆေးဆေးနားနားနေနေကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။Ratingအနေနဲ့လည်း 6.6/10 ထိရထားတဲ့ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်) File Size : (853 MB) Quality : 720p Bluray Running Time : 2hr 21minutes Format : Mp4 Genre : Biography, Drama, History Translated By Thura Zarni Aung Encode By Thanhtike Zaw
movie
The Lost City of Z (2017)
2017
6.6
Brain on Fire (2016)
A look at a young woman's rapid descent into insanity. ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ။ ပရိသတ်တွေကော ဒါမျိုးလေးဖြစ်ဖူးလား “ပိတ်လှောင်ခံခဲ့ရဖူးလား…….ကိုယ့်ခန္ဓာကိုယ်ထဲမှာကိုယ်လမ်းပျောက်နေဖူးလား……………… ကိုယ့်စိတ်ထဲမှာကိုယ် ပျောက်ဆုံးနေဖူးလား……..အချိန်တွေထဲမှာပျောက်ဆုံးဖူးလား………………… ထွက်မြောက်ခွင့်လေးရဖို့ လွတ်မြောက်ဖို့ကို…..အရမ်းကို ရုန်းကန်ကြိုးစားနေရတယ်……………….. လွတ်လမ်းမမြင်တော့အခြေအနေ……ကိုယ်ကိုတိုင် ဘာမှမတတ်နိုင်တော့အခြေအနေမျိုး…….” ဆူဇန်နာကေ့ခ်ျလန်ဆိုတာ မိန်းမချောလေး နယူးယောက်ပို့စ် သတင်းစာတိုက်က ဂျာနယ်နစ်လေးတစ်ယောက် ကိုယ့်ဘ၀ကို စိတ်ကြိုက်တည်ဆောက်နေရင်း တက်သစ်စ အညွန့်တလူလူနဲ့ ပျော်ရွင်နေတဲ့မိန်းမပျိုလေးတစ်ယောက်ပါ။ ဒီလိုနဲ့ မမျှော်လင့်ဘဲ သူ့ဘ၀မှာ ခုနကပြောထားတဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ -အများ ပတ်ဝန်းကျင်ကလည်း စိတ်ဝေဒနာရှင်လို့ မြင်လာတယ် -ဆရာဝန်အများစုကလည်း စိတ်ရောဂါအမျိုးမျိုးကို တစ်ယောက်တစ်မျိုးစီ ရောဂါနာမည်တပ်ပြီးတော့ စိတ္တဇဆေးရုံသာပို့စေချင်ပေမယ့် တကယ်တော့ သူကစိတ်ဝေဒနာရှင်တစ်ယောက် မဟုတ်ခဲ့ဘူး။ ဒီလိုအခြေအနေကို ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာကို ကြည့်ကြည့်လိုက်ကြပါ။ PS..ဒါက တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလေးမှာ။ “ဆှူဇန်နာ့ကေ့ခ်ျလန်” ဆိုတဲ့ ဂျာနယ်လစ်စာရေးဆရာမလေးဟာ နယူးယောက်ပို့စ်မှာ အမှန်တကယ် အလုပ်လုပ်နေရင်း ကြုံတွေ့လာရတဲ့ အဖြစ်အပျက်ပါ။ သူ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကို ကိုယ်ကိုတိုင် Personal information အပြည့်အစုံနဲ့ကို Brain on Fire ...
movie
Brain on Fire (2016)
2016
7.8
Hidden Figures (2016)
The untold story of Katherine G. Johnson, Dorothy Vaughan and Mary Jackson – brilliant African-American women working at NASA and serving as the brains behind one of the greatest operations in history – the launch of astronaut John Glenn into orbit. The visionary trio crossed all gender and race lines to inspire generations to dream big.Unicode(ဒေါ်ရသီဗန်း မယ်ရီဂျက်ဆန် နဲ့ ကတ်သရင်းဂျွန်ဆန်)အော်စကာ သုံးဆု ...
movie
Hidden Figures (2016)
2016
Manjhi: The Mountain Man (2015)
(အချစ်အတွက် တောင်တစ်လုံးအား တစ်ယောက်ထဲဖြိုခဲ့သူ သို့မဟုတ်/ ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အံ့ဖွယ်လူသား)ကမ္ဘာပေါ်မှာ အချစ်ကိုနည်းအမျိူးမျိုးပုံဖော်ကြပါတယ်။ ကိုယ့်ချစ်သူ အတွက် ဘာမဆိုလုပ်ပေးမယ်.. စွန့်လွတ်အနစ်နာခံ ရဲတယ်… တစ်ချို့က ကိုယ့်ချစ်သူအတွက်အိမ်လေးတစ်လုံး ဆောက်ပေးတာ… တစ်ချို့က ကိုယ့်ချစ်သူအတွက် ရွှေငွေရတနာတွေ အပြည့်နဲ့ ကိုယ့်ချစ်ရတဲ့သူ စိတ်ချမ်းသာအောင်ဖန်တီးပေးကြတာ ….. စတဲ့ စတဲ့ လက်တွေ့ဆန်တဲ့ အချစ်မျိုးနဲ့လည်း ပုံဖော်ကြတာပါပဲ။ ဆိုတော့ကာ… အချစ်အတွက်နဲ့ တောင်တစ်လုံးအား တစ်ယောက်ထဲဖြိုခဲ့တဲ့သူရှိတယ်လို့ ကျွန်တော်ကပြောရင်… ခင်ဗျားတို့ ယုံကြည်မှာလား လက်ခံမှာလားး??? လက်ခံလိုက်ပါ မိတ်ဆွေ.. ????အဲ့လူဟာ တကယ်ကိုပဲ တောင်တစ်လုံးလုံးကို တစ်ယောက်ထဲ ဖြိုခဲ့လို့ လူ့အသိုင်းအဝိုင်းမှာရော …ကမ္ဘာ့အသိုင်းအဝိုင်းမှာပါ..သူ့ကိုအံသြစွာနဲ့လက်ခံခဲ့ကြရပါတယ်.. နောက်ဆုံး သူဟာ ကမ္ဘာ့ဂင်းနစ်စံချိန်မှာ အံ့ဖွယ်လူသားအဖြစ် မှတ်တမ်းတင်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ အဲ့လူကတော့ တခြားသူ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံ ဘီယာပြည်နယ်ထဲက ရွာလေးတစ်ရွာမှာ နေထိုင်တဲ့ Dasharth Manjhi ဆိုတဲ့ သူပါပဲ။အခု ကျွန်တော်ညွှန်းချင်တဲ့ ဇာတ်ကားကတော့ Manjhi အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ပါ။ ဒီရုပ်ရှင်ကို ရိုက်ကူးဖို့ ပထမဆုံးအစပျိုးစီစဉ်ခဲ့တဲ့သူကတော့ တခြားသူမဟုတ်ပါဘူး။PK, 3Idiots, ...
movie
Manjhi: The Mountain Man (2015)
6.6
Mummies: Secrets of the Pharaohs (2007)
အီဂျစ် ပြည်လို့ ပြောလိုက်တာ နဲ့ လူတိုင်း အရင်ဆုံး ပြေးမြင်မိမှာက ပိရမစ်တွေနဲ့ မံမီတွေပါပဲ။ရုပ်ရှင်တွေ စာအုပ်တွေ ပန်ချီကားတွေ ကဗျာတွေမှာလဲ ပိရမစ်တွေ မံမီတွေ အကြောင်းကိုအမျိုးမျိုးရေးသားဖော်ပြကျပါတယ်။ခေတ်သစ် ကမ္ဘာကြီးက လျှင်မြန်စွာ နည်းပညာသစ်တွေ တိုးတက် လာနေပြီ ဖြစ်သလိုအဲ့နည်း ပညာ တွေရဲ့ အကူအညီတွေနဲ့ ကျွန်တော်တို့ အဖြေရှာမရခဲ့တဲ့ မံမီတွေ အကြောင်းထူးခြားဆန်းကျယ်မှု့တွေကိုလေ့လာနိုင်လာပါပြီ။ ဒီမှတ်တမ်းရုပ်ရှင်လေးကလည်း ဖာရို တွေရဲ့ မံမီတွေ ဆီကနေရတဲ့ ဒီအန်အေတွေကိုစုစည်းလေ့လာခြင်းဖြင့် သိပ္ပံပညာရှင်တွေဟာ မျိုးရိုးဗီဇဆိုင်ရာ တွေကို လေ့လာနိုင်ကြောင်း အဲ့လေ့လာ မှု့တွေက နေတစ်ဆင့် သေနှုန်းမြင့်တဲ့ရောဂါတွေအတွက်ကုသရာ နည်းလမ်းတွေကို ဘယ်လိုရှာဖွေနိုင်ကြောင်းပြသထားတာပါ။ ရှေးခေတ်အီဂျစ်မှာ ဦးခေါင်းခွံ ခွဲစိတ် ကုသမှု့ တွေတောင် ပြုလုပ်နိုင်ခဲ့တယ်ဆိုတာပညာရှင်တွေက တွေ့ရှိထားဖူးပါတယ်။ ဒီတော့ ဒီဖာရို တွေဆီမှာ ခေတ်သစ်လူသားတွေထက်ကို ရှေ့ရောက်နေတဲ့ နညးပညာတွေများ ပိုင်ဆိုင် ထားကျသလား..... ?တကယ်ပဲ ...
movie
Mummies: Secrets of the Pharaohs (2007)
6.6
Hands of Stone (2016)
Movie Review IMDb 6.6 ရထားတဲ့ "Hand of Stone - သံမဏိလက်သီး" ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးက လက်ဝှေ့ကားတကားဖြစ်ပြီး ပနားမားလူမျိုးလက်ဝှေ့ချန်ပီယံတယောက်ရဲ့ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် ငယ်စဉ်ထဲကလက်ဝှေ့ဝါသနာအထုံပါပြီး ဘ၀ကိုဆင်းရဲစွာဖြတ်သန်းလာရတဲ့ ရော်ဘတ်တိုဒူရမ်ဟာ လက်ဝှေ့နည်းပညာမှာ စနစ်တကျသင်ဖို့ ၇၂နှစ်အရွယ် ရေးအာဆယ်ဆိုတဲ့ လက်ဝှေ့နည်းပြလောကမှ အနားယူထားတဲ့ လူတယောက်ကို အကူအညီတောင်းခဲ့တယ် ရော်ဘတ်တိုဒူရမ်တဖြည်းဖြည်းအောင်မြင်ပြီး နေရာတနေရာရလာပြီးနောက် သူ့ရဲ့ ပြင်မရတဲ့ ရိုင်းစိုင်းတဲ့စိတ်၊ မာနကြီးတဲ့စိတ်ကြောင့် ဘ၀တဆစ်ချိုးပြောင်းလဲပြီးတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲ? ဘယ်လိုအတိုက်အခိုက်တွေနဲ့ ကြုံရမလဲ? အောင်မြင်မှုပြန်ရဖို့ ဘယ်လိုတွေကြိုးစားရမလဲ? စိတ်ဓါတ်ပိုင်းဆိုင်ရာ ဗဟုသုတရစေမဲ့ကားမို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်ကားထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦး (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Sofy ပဲ ဖြစ်ပါတယ်)File Size : 800 MB / 400 MB Quality : Bluray 720P Running Time : 1hr 51minutes Format : Mp4 Genre : Action, Biography, Drama Translator : Sofy Encoder ...
movie
Hands of Stone (2016)
7.6
Hawking (2004)
စကြဝဠာကြီးမှာအစဖြစ်စဉ်ရှိတယ်ဆိုတာ သင်သိပါသလား Big Bang ဆိုတဲ့ပေါက်ကွဲမှုကြီးအပြီးမှာ စကြဝဠာကြီးကဘယ်လိုစတင်ဖြစ်ပေါ်လာခဲ့တာလဲ ကြယ်တွေကြွေကျတဲ့အခါ စကြဝဠာထဲမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်သလဲ အစရှိတဲ့သင်မသိသေးတဲ့ စကြဝဠာကြီးရဲ့စိတ်ဝင်စားဖွယ်အဖြစ်အပျက်တွေကို အသက် 21နှစ်သာရှိသေးတဲ့ သွပ်ချာပါဒအကြောသေရောဂါသည် စတီဖင်ဟော့ကင်းဆိုသူ စကြဝဠာဗေဒပညာရှင်လေးက သီအိုရီပေါင်းများစွာထုတ်ထားခဲ့ပါတယ် နယူတန်တို့ အိုင်းစတိုင်းတို့နောက်ပိုင်းခေတ်မှာ ပေါ်ပေါက်လာတဲ့ စကြဝဠာဗေဒပညာရှင်လေး စတီဖင်ဟော့ကင်းရဲ့ဘဝဖြစ်စဉ်နဲ့ ဘဝကိုသူဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာတွေကို Hawking ဆိုတဲ့ရုပ်ရှင်လေးထဲမှာ ရှုစားနိုင်ပါတယ် ဒီကားလေးကိုကြည့်ပြီးလို့ သီအိုရီတွေတစ်ခုမှနားမလည်ရင်တောင်မှ ဘဝကိုဘယ်လိုအခြေအနေပဲရောက်ရောက် အရှုံးမပေးဘဲကြိုးစားချင်တဲ့စိတ်လေးတော့ပေါ်လာမှာသေချာပါတယ် ဇာတ်လမ်းကအတော်အေးပြီး သီအိုရီတွေအတွေးအခေါ်တွေနဲ့ပဲတစ်ကားလုံး ဆွဲခေါ်သွားမှာဖြစ်လို့ ဖီးလ်သမားတွေအတွက်ပိုအဆင်ပြေမဲ့ကားမျိုးပါ မင်းသားကကျနော်အကြိုက်ဆုံး Sherlock မင်းသား Benedict Cumberbatch ဆိုတော့ ပြောရရင်မင်းသားထိုင်ကြည့်ရတာနဲ့တန်နေတာ ငိငိ 2014 မှာထွက်ခဲ့တဲ့ Eddie Redmayne ရဲ့ The Theory of Everything နဲ့ဇာတ်လမ်းကျောရိုးတူပေမဲ့ Hawking မှာတော့ သီအိုရီပိုင်းကိုပိုဦးစားပေးထားတာတွေ့ရမှာပါ ကျန်တာတော့ကိုယ်တိုင်ကြည့်ပြီးဆက်ဝေဖန်ကြပေါ့ဗျာအညွှန်းနဲ့ဘာသာပြန်သူကတော့ Zon Myat Noe Swe ဖြစ်ပါတယ်File Size : 700 MB/300MB Quality : Bluray 720P Running Time : 1hr 30minutes Format : ...
movie
Hawking (2004)
7.0
Public Enemies (2009)
Public Enemies (2009) ဇာတ်ကားဟာ 1993 ခုနှစ်က နာမည်ကျော် ဘဏ်ဓားပြတစ်ဦးဖြစ်တဲ့John Dillinger အကြောင်းကို ဖြစ်ရပ်မှန်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။မင်းသားကြီး Johnny Depp အဓိကပါဝင်ရိုက်ကူးထားပြီးစိတ်ဝင်စားဖွယ်ကောင်းသော အက်ရှင် Crime ရုပ်ရှင်အမျိုးအစားဖြစ်ပြီး IMDB rating 7.0 ရရှိထားသောရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။File Size : 850 MB/400MB Quality : Bluray 720P Running Time : 2hr 20minutes Format : Mp4 Genre : Biography, Crime, Drama Fixed & Synced : Wai Linn Kyaw Encoder :Thanhtike Zaw
movie
Public Enemies (2009)
8.4
Braveheart (1995)
IMDb 8.4 ရထားတဲ့ သမိုင်းနောက်ခံ အမေရိကန် ရှေးစစ်ကားတစ်ခု တင်ပေးထားပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ကောင်ကတော့ စကော့ စစ်သူရဲကောင်းကြီး ဝီလီယမ် ဝေါလေ့စ် နေရာကနေ သရုပ်ဆောင်ထားခဲ့တာပါ။ အော်စကာ ဆန်ကာတင် ၁၀ နေရာ ပါဝင်ခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်ဆု နဲ့ အကောင်းဆုံး ဒါရိုက်တာ ဆု အပါပအဝင် ၅ ဆု တိတိ ဆွတ်ခူးသွားခဲ့တာပါ။ ပထမ စကော့တလန် လွတ်မြောက်ရေး စစ်ပွဲ ဦးဆောင်ခဲ့ တဲ့ စစ်သူရဲကောင်း ဝီလီယံ အကြောင်းကို ရေးဖွဲ့ခဲ့တဲ့ ကဗျာ ( Blind Harry's epic poem The Actes and Deidis of the Illustre and Vallyeant Campioun Schir William Wallace) ကို အခြေခံပြီး ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ ၁၃ ရာစု အင်္ဂလန်ဘုရင် ပထမအက်ဒ်ဝက် လက်ထက်မှာ ပဲ ဖြစ်ပါတယ်။ အတော်ကြီးကို ...
movie
Braveheart (1995)
1995
7.2
The Founder (2016)
IMDb 7.2 rotten tomatoes 84% တို့ရရှိထားတဲ့ ဒီဇာတ်ကားကတော့ ကမ္ဘာပေါ်မှာနာမည်ကြီးတဲ့ McDonald's ဟမ်ဘာဂါဆိုင်ရဲ့တည်ထောင်သူ Ray Kroc ရဲ့အကြောင်းရိုက်ထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ် အသက်၅၂နှစ်အရွယ်ယောကျာ်းတစ်ယောက် အောင်မြင်မှုရဖို့ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာကို ရိုက်ကူးတင်ဆက်ထားတာပါ.... လူတိုင်းကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားပါ (ဇာတ်လမ်း အညွန်း နဲ့ ဘာသာပြန်သူကတော့ Kaung Myat Thu ပဲဖြစ်ပါတယ်) Tariq L Walker File Size : 1 GB / 330 MB Quality : Bluray 720P Running Time : 1hr 55minutes Format : Mp4 Genre : Biography, Drama, History Encoder : Tariq L Walker Download Here Yoteshin Link Download Here Bluray 720p (1 GB) Openload Link Download Small File Size 360p (330 MB) ...
movie
The Founder (2016)
2016
8.0
Lion (2016)
Lion (2016) IMDb - 8.0/10_____Rotten - 84% Nominated for 6 Oscars. Another 59 wins & 98 nominationsLion (2016)Saroo ဆိုတဲ့ လူငယ်လေးဟာ သူ့အမေ,သူ့အကို တို့နဲ့အတူ အိန္ဒိယနိုင်ငံက ဆင်ခြေဖုံးရပ်ကွက်လေးမှာ နေထိုင်ပါတယ်။ သူတို့ ညီအကိုနှစ်ယောက်ဟာ ကျောက်မီးသွေးရထားပေါ်က ကျောက်မီးသွေးခဲတွေကို ခိုးယူပီး ပြန်ရောင်းစားတဲ့ အလုပ်ကို လုပ်ကြပါတယ်။ မိခင်ကတော့ ကျောက်တောင်တစ်ခုမှာ ကျောက်ခဲ သယ်တဲ့ အလုပ်ကို လုပ်ပါတယ်။ Saroo တို့ညီအကို နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ ညီအကိုတွေပါ။ တစ်ရက်မှာတော့ သူ့အကို ညပိုင်းလုပ်တဲ့ အလုပ်ဆီ Saroo ကလိုက်သွားခဲ့ပါတယ်။ အလုပ်ကိုရောက်ဖို့ ရထားတဆင့်စီးရပါတယ်။ ဘူတာရုံရောက်တော့ Saroo အရမ်းအိပ်ချင်နေတဲ့အတွက် သူ့အကိုက ခုံတန်းလေးပေါ်မှာ သူ့ညီကိုထားခဲ့ပီး အလုပ်သွားလုပ်ခဲ့ပါတယ်။ Saroo ...
movie
Lion (2016)
2016
6.7
Jackie (2016)
Jackie (2016) IMDb - 6.7/10_____Rotten - 87% ကျွန်တော် La La Land ဇာတ်ကားကို ပိုကြိုက်တာ မှန်ပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်းနဲ့ပြောရမယ်ဆိုရင်တော့ ယခု Jackie ဇာတ်ကားထဲက Natalie Portman သရုပ်ဆောင်ခဲ့တာ Emma Stone ထက် အဆများစွာ သာခဲ့တယ်။ ယခုဇာတ်ကားကိုလည်း ရုံမှာကြည့်ဖို့မစောင့်နိုင်တော့တဲ့အတွက် SD version လေးပဲကြည့်ခဲ့ရတယ်။ သမိုင်းမှာ America ရဲ့နာမည်ကျော် သမ္မတတစ်ဦးဖြစ်ခဲ့တဲ့ John F. Kennedy ရဲ့ အမျိုးသမီးဖြစ်သူ Jacqueline Kennedy Onassis ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ Biographical ရုပ်ရှင်ဇာတ်ကားဆိုပေမဲ့ တစ်ခြားဇာတ်ကားတွေနဲ့ကွာခြားတာတစ်ခုက ယခုဇာတ်ကားက ခင်ပွန်းဖြစ်သူလုပ်ကြံခံရပြီးတဲ့နောက်ပိုင်း နေ့ရက်တွေက သူမရဲ့ဘဝကို ပိုမိုအာရုံထားပြီး တင်ပြထားတာပဲ။ ထို့အတွက်ကြောင့်လည်း ယခုဇာတ်ကားဟာ ပိုမိုလေးနက်တယ်လို့ခံစားခဲ့ရတယ်။ Natalie Portman ရဲ့ သရုပ်ဆောင်ကွက်တွေကို ...
movie
Jackie (2016)
2016
7.6
127 Hours (2010)
ကဲဗျာ ဒီတစ်ခါတော့ ဖြစ်ရပ်မှန််ဇာတ်လမ်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဗျဇာတ်လမ်းလေးက တော့ IMDb rating 7.6 ထိရရှိထားပြီးတော့၂၀၁၁ အော်စကာမှာ Best picture နဲ့ အတူတခြား ဆု၆ဆုကိုလညး်အမည်စာရင်းဝင်ထားပါသေးတယ်လမ်းလျှောက်သမား အာရွန် ရဲ့ ခရီးရှည်လမ်းလျှောက်မှုမှာကြုံတွေ့ရတဲ့ မတော်တဆ ဖြစ်ရပ်ကိုအသက်သွင်းရိုက်ကူးထားတာဖြစ်ပြီးတော့မတော်တဆမှုမှာ အာရွန်တယောက် ရှိတဲံ ပစ္စည်းလေးနဲ့ပဲအခက်အခဲတွေကိုကျော်ဖြတ်ခဲ့ပုံတွေကိုတင်ဆက်ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ အစပိုင်းမှာတော့မိသားစုဘဝ ပဋိပက္ခတွေကိုပဲ ရိုက်ပြထားပြီးတော့နောက်ပိုင်းမှာတော့ ဇာတ်လမ်းက တဖြေးဖြေး Tempoမြင့်လာပြီး အာရွန်တယောက် အသက်ရှင်ဖို့အတွက်ရုန်းကန်မှုတွေကို ရင်တသတ်သတ်နဲ့ကြည့်ရှူကြရမှာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ Canyonland ကာကွယ်တောကိုအာရွန်တယောက် ခရီးရှည်လမ်းလျှောက်ရန်ထွက်လာခဲ့ပြီး တောထဲကိုတစတစနဲ့ ဝင်ရောက်လာခဲ့ပါတယ်ဒီလိုနဲ့ လမ်းမှာ လမ်းပျောက်နေတဲ့ ခရီးသွားဖော်မိန်းမချောလေး ၂ယောက်နဲ့ တွေ့မိခဲ့ပြီး လမ်းပြခဲ့ကာအာရွန်တယောက် ခရီးကိုဆက်ခဲ့ပါတယ်ဒီလိုနဲ့ မထင်မှတ်ထားတဲ့ ကံဆိုးမှုတစ်ခုကြောင့် အာရွန်တယောက်လျှိုထဲကို ချော်ကျသွားခဲ့ပြီး လက်က ကျောက်ဆောင်ကြားထဲကို ညှပ်သွားပါတော့တယ် ကဲ အာရွန်တယောက်သူ့လက်ထဲမှာရှိတဲ့ခရီးသွား အသုံးအဆောင်ပစ္စည်းလေးတွေနဲ့လွတ်မြောက်အောင် စွမ်းဆောင်နိုင်ပါ့မလားဘယ်လိုများလွတ်မြောက်သွားမလဲအစာငတ်ရေငတ်နဲ့ ဒီ ၁၂၇ နာရီကိုကောတောထဲမှာတယောက်ထဲဘယ်လိုများဖြတ်သန်းခဲ့သလဲဆိုတာကိုတော့ပရိတ်သတ်ကြီးကပဲဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ :D
movie
127 Hours (2010)
2010
7.9
The Fighter (2010)
movie
The Fighter (2010)
2010
First
29
30
31
32
33
Last
Previous
Next