Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Biography
7.1
Kajaki 2014
Kajaki 2014 စစ်ကားကောင်းကောင်းလေးကြည့်မလား ? မျက်စိလည်းမနောက် ၊ ဇာတ်လမ်းလေးလည်းကောင်း ၊ တကယ့်အဖြစ်အပျက်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးမယ်နော် ဒုံးဒုံးဒိုင်းဒိုင်း နဲ့ ပစ်တဲ့စစ်ကားတော့မဟုတ်ဘူးနော် ဒါပေမဲ့ ပါးစပ်အဟောင်းသားနဲ့ကြည့်ရမှာတော့ အာမခံပါတယ်။ မိုင်းထိတဲ့ကားလေးပါ ။ ဇာတ်လမ်းလေးကရိုးပါတယ် ။ ဟိုဘက်ကမ်းကိုသွားဖို့ လမ်းဖြတ်ကူးရမယ်ပေါ့။ အဲ့လမ်းက ဖြစ်ချင်တော့ ဗုံးမြေဖြစ်နေတယ် ။ပေါက် လိုက်တာမှ တအုံးအုံး နဲ့ ။ ပြီးတော့ ကယ်ဆယ်ရေးကိုစောင့်ရင်း ဇာတ်လမ်းကိုအဆုံးသတ်ထားပါတယ်။ ဘာကြောင့် ဒီဇာတ်ကားလေးကို ညွှန်းချင်လည်းဆိုတော့ အဲ့လမ်းမှာဗုံးထိရင်း အချင်းချင်း ရိုင်းပင်းကူညီတဲ့စိတ်ဓါတ်၊ စစ်ဆိုတာ ဘယ်လောက်တောင်အကြပ်ရိုက်လဲဆိုတာကို ဒါရိုက်တာက ပညာသားပါပါ ရိုက်ပြထားပါတယ်။ အဲ့ဒါကြောင့် စစ်ပြန်တွေ အချင်းချင်း အရမ်းရင်းနှီးတယ်ဆိုတာ ဒီလိုအခက်အခဲတွေကြောင့်ဆိုတာ အခုမှသိရတော့တယ်။ စစ်သုံးစကားတွေလည်း ဗဟုသုတအဖြစ်ထည့်ပေး ထားသေးတယ်နော်။ အရမ်းကောင်းတဲ့ကားလေးပါ... ကြည့်ဖို့တိုက်တွန်းပါတယ်နော်....။ ။ Translator : Jo Jo Va Encoder : Thit San Khant Quality : 1080p and 720p Size :1.14 GB and 539MB
movie
Kajaki 2014
2014
7.7
Marathon (2005)
[Unicode]မွေးရာပါ ဉာဏ်ရည်ချို့ယွင်းအားနည်းသူ ဖြစ်ပေမယ့် အဲ့လိူများစွာထဲကမှ နာမည်ကျော် အောင်မြင်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်း...ဇာတ်လမ်းလေးကတော့ ယွန်းချိုဝမ်ဆိုတဲ့ ကောင်လေးဟာ အမေမွေးကတည်းက ဉာဏ်ရည်မမှီတဲကံကြမ္မာဆိုးနဲ့ မွေးဖွားလာခဲ့ရပါတယ်အမေဖြစ်သူက သစ်ပင်ကို သစ်ပင်ပါ ၊ ရေကို ဒါက ရေပါဆိုတာကအစ တစ်ခုချင်းပြောသင်ကြားပေးပေမယ့် ချိုဝမ့်ဘက်က ဘာတုံ့ပြန်မှုမှမရှိ မှတ်နိုင်စွမ်းမရှိခဲ့ပါဘူးအဲ့လိုကောင်လေးကို အမေဖြစ်သူက ငယ်ငယ်လေးကနေစ လူပျိုပေါက်ရောက်တဲ့အထိ မျက်စိအောက်က အပျောက်မခံဘဲ ဒုတိယသား အငယ်ကောင်နဲ့ ခင်ပွန်းကိုပါ ဂရုမစိုက်နိုင်သည်အထိ ပြုစုပျိုးထောင်ခဲ့ပါတယ်...တနေ့ ချိုဝမ်ဟာ ၁၀ကီလိုမီတာ အပြေးပြိုင်ပွဲကို ဝင်ပြိုင်တော့ တတိယဆုရခဲ့ပြီး ပျော်ရွှင်နေခဲ့လေရဲ့...ချို့တဲ့နေတဲ့ သားဖြစ်သူက ဆုရခဲ့တဲ့အပြင် ပြေးနေရတိုင်း ပျော်ရွှင်နေတတ်တဲ့ သားရဲ့အမူအယာကို အမေဖြစ်သူက သတိထားမိတဲ့အခါ ချို့ဝမ့်ကို မာရသွန်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ နည်းပြဆရာကိုပါ ငှါးပြီး စနစ်တကျလေ့ကျင့်စေခဲ့ပါတယ်မှတ်ဉာဏ်ချို့ယွင်းအားနည်းတဲ့ ကလေးတစ်ယောက်အတွက် မာရသွန်ကမသင့်တော်ဘူး မဖြစ်သင့်ဘူးစတဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြား နည်းပြဆရာကောင်း တစ်ယောက်ကို ရှာတွေ့ခဲ့ပြီး ချိုဝမ်ဟာ ...
movie
Marathon (2005)
7.3
Messi(2015)
Messi(2015)အညွှန်း****************ကျွန်တော်တို့ ဘောလုံးချစ်တဲ့ပရိတ်သတ်အကုန်လုံး သတ်မှတ်ထားတာရှိတယ်.."ဒီလူတွေက တခြားဂြိုလ်ကကွ.နှိုင်းယဉ်မနေနဲ့"တစ်ခါတစ်လေတွေးမိကြတယ်..ဒီလူတွေဘောလုံးကန်တဲ့ခတ်ကိုမီှတာ ကံထူးလေစွဆိုပြီးတော့ပေါ... သိတဲ့ အတိုင်းမက်ဆီပါပဲ...အရပ်ခပ်ပုပု လူကောင်သေးသေးညှက်ညှက်နဲ့ ၆ပေဝန်းကျင် လူကောင်ကြီးတွေကြားထဲမှာ ဆံပင်လေးတွေနဲ့အတူယိမ်းရင်း ဘယ်ခြောက်ထောက်နဲ့ ဂိုးပိုက်ထဲကို ရင်သပ်ရှုမောဖွယ်ရာ ကန်သွင်းတတ်တဲ့သူပေါ့...ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ( Ballon d’Or) ဆုကို အများဆုံးနဲ့ ခြောက်ကြိမ်အထိ ရရှိထားတဲ့ ဘာစီလိုနာရဲ့ ဂန္တဝင်ကစားသမားကြီး လီယွန်နယ်မက်ဆီရဲ့ ဟိုး ကလေးဘဝကနေ အောင်မြင်ခဲ့တဲ့အချိန်အထိ...ငယ်ဘဝအခက်အခဲပေါင်းများစွာကိုဖြတ်သန်းပုံတွေ ..သူ့ရဲ့ပါရမီတွေ..ဘာစီလိုနာရဲ့ အရေးပါတဲ့ဂိုးတွေကို တဒိုင်းဒိုင်းသွင်းပုံတွေအယိမ်းအနွဲ့ပေါင်းများစွာနဲ့ ပြိုင်ဘက်လုတဲ့ဘောလုံးသမားတွေကိုအရူးလုပ်ခဲ့ပုံတွေက အစ ရိုက်ကူးပြထားတာပါ...ဘောလုံးဝါသနာရှင်တွေတင်မကပဲ အားကစားကိုချစ်မြတ်နိုးတဲ့သူတွေပါ ကြည့်ရှုသင့်တဲ့ တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးမို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ,,,File Size :(900 MB) and (380 MB) Quality : FHDRip 720p Format…mp4 Duration…01:33:00 Genre : Documentary, Biography, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Initiative Encoded ...
movie
Messi(2015)
5.7
A Call to Spy (2020)
A Call to Spy (2020)===============IMDb Rating - 5.7/10#UnicodeA Call to Spyဟာ ရှားရှားပါးပါး ဒုတိယကမ္ဘာစစ်အတွင်းက အမျိူးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အသားပေးဖော်ပြထားတဲ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင် ရုပ်ရှင်ပါပဲ။ဒုတိယကမ္ဘာစစ်ကနဦးမှာ ချာချီဟာ SOEကိုဖွဲ့ပြီး နာဇီတွေကိုထောက်လှမ်းဖို့နဲ့ သတင်းပို့ဖို့ ပြင်သစ်ကို စပိုင်တွေလွှတ်ခဲ့တယ်။ နောက်ပိုင်းမှာ SOEကနေ ထောင်လှမ်းရေးအလုပ်တွေမှာ သိသာထင်ရှားမှုပိုနည်းတဲ့ အမျိူးသမီးတွေကို စပိုင်အဖြစ်စေလွှတ်ဖို့ အကောင်အထည်ဖော်ခဲ့တယ်။ ဗြိတိန်ရဲ့ ပထမဆုံး အမျိုးသမီးစပိုင်ဟာ ဗာဂျင်နီယာ ဟောပါ။ ဗာဂျင်နီယာဟောဟာ ဗြိတိန်စပိုင်ဖြစ်ခဲ့ပေမယ့် အမေရိကန်သူတစ်ယောက်။ သံတမန်ဖြစ်လို့တဲ့အတွက် အကြိမ်ကြိမ်လျှောက်ထားခဲ့ပေမယ့် ခြေထောက်တစ်ဖက်ပြတ်နေတဲ့ ဒုက္ခိတဖြစ်နေတာကြောင့် ပယ်ချခံရတဲ့ သနားစရာ အမျိုးသမီးပါပဲ။ ကံကောင်းချင်တော့ အမျိုးသမီးစပိုင်ခန့်အပ်ရေးအတွက် လူရှာနေတဲ့ SOEရဲ့ စက္ကထရီ ဗီရာအတ်ကင်နဲ့ တွေ့သွားခဲ့တယ်။ ဗီရာအတ်ကင်ကလည်း နေရာတစ်ခုရထားပေမယ့် ဂျူးလူမျိူးဖြစ်နေလို့ ဗြိတန်မှာ နေရသိပ်အဆင်မပြေဖြစ်နေတဲ့ အမျိူးသမီး။ သူရှာခဲ့တဲ့ စပိုင်နှစ်ယောက်မှာ တစ်ယောက်က ဒုက္ခိတ တစ်ယောက်က မွတ်စလင်။ သူ့နည်းသူ့ဟန်နဲ့ အနှိမ်ခံနေရတဲ့ အမျိုးသမီးတွေ။ သူတို့ဟာ သူတို့ရဲ့ အားနည်းချက်တွေကိုပဲ အားသာချက်အဖြစ်အသုံးချပြီး ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းမှာ မှတ်ကျောက်တင်ခဲ့ကြ သူတို့နိုင်ငံအတွက်အားထုတ်ခဲ့ကြတယ်။ဗာဂျင်နီယာဟောနေရာမှာ သရုပ်ဆောင်တဲ့ Lead Actor Sarah Megan Thomas ကိုယ်တိုင် ဇာတ်ညွှန်းရေးထားပြီး ဒါရိုက်တာကလည်းအမျိုးသမီးဒါရိုက်တာပဲဖြစ်တဲ့အတွက် အမျိုးသမီးစွမ်းဆောင်ရည်ပြရုပ်ရှင်ကို အမျိူးသမီးတွေချည်းဦးဆောင်ရိုက်ထားကြတယ်ဆိုရမယ်။A call to spyကို Audienceတွေပေးတဲ့ဘက်က IMdb ...
movie
A Call to Spy (2020)
2020
The Spy 2019
ဒီဇာတ်လေးကတော့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ ဆွန်ဂျာ၀စ်ဂက်ဆိုတဲ့ အမျိုးသမီးဟာ ဒုတိယကမ္ဘာစစ်ကာလတုန်းက နာမည်ကြီးတဲ့ မင်းသမီးတစ်ယောက်ပါ။ တစ်နေ့မှာ တာဘိုဗန်လို့ ခေါ်တဲ့ နာဇီစစ်ဗိုလ် တစ်ယောက်ဟာ သူ့ကို မျက်စိကျသွားပြီး သူနဲ့အတူ ညစာစားဖို့ ဖိတ်ပါတော့တယ်။ ဒါပေမယ့် ဆွန်ဂျာဟာ မသွားခဲ့ပါဘူး။ ရလဒ်အနေနဲ့ ဆွန်ဂျာ့ရဲ့ အဖေဖြစ်သူ ထောင်ထဲရောက်သွားပါတယ်။ အဲ့ဒီအချိန်မှာ ဆွီဒင်အကြီးအကဲတစ်ယောက်ဟာ ဂျာမန် (နာဇီ) ဘက်က သတင်းတွေရဖို့ ဆွန်ဂျာ့ကို သူလျှိုလုပ်ဖို့ ကမ်းလှမ်းလာပါတော့တယ်။ သူလျှိုလုပ်ခြင်းအားဖြင့် သူ့ကို သဘောကျတဲ့ တာဘိုဗန်ကိုပါ ချဉ်းကပ်ပြီး အဖေဖြစ်သူ ထောင်ထဲကလွတ်အောင် ကယ်နိုင်မှာဖြစ်လို့ ဆွန်ဂျာဟာ ကမ်းလှမ်းမှုကို လက်ခံလိုက်ပါတော့တယ် ။ ဒါပေမယ့် ထူးဆန်းမှုတွေက ထပ်ပြီးဖြစ်လာပါတယ်။ နာဇီဗိုလ်မှူးကြီး တာဘိုဗန်ဟာ ဆွန်ဂျာ့ကို ယုံကြည်မှုလွန်ကဲသွားပြီး ဆွီဒင်ဘက်ကို သူ့အတွက် သူလျှိုသူလုပ်ပေးဖို့ ဆွန်ဂျာ့ကို ပြောလာပါတော့တယ်။ ဆွန်ဂျာတစ်ယောက် နှစ်ဖက်သူလျှိုလုပ်ရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ...
movie
The Spy 2019
7.0
Black Mass(2015)
Black Mass(2015)အညွှန်း********************(အလန်းစားကားမို့ 1080p5.1ch ပါပြုလုပ်ပေးထားပါတယ်....)IMDb...7.0,,,,Rottten...73%ဘော်စတွန်မှာနေတဲ့သူတွေဆိုရင် ဂျိမ်းစ်ဘော်လ်ဂျာကို မသိတဲ့လူမရှိဘူးတဲ့... သူဟာဘော်စတွန်မြို့တောင်ပိုင်းမှာ ကြီးပြင်းတယ် သူ့မှာ ဘီလီဆိုတဲ့ညီတစ်ယောက်ရှိတယ် သူ့ကို ဘော်စတွန်မြို့တောင်ပိုင်းက လူတွေတော်တော်များများချစ်ကြတယ် ဒါပေမဲ့ ဒီကောင်ကလူဆိုး လူမိုက် လူပေ လူတေ သူ့ဘဝရဲ့အရေးအကြီးဆုံး တန်ဖိုးအထားဆုံးက သစ္စာတရားပဲ ငယ်ငယ်တုန်းက ခင်ဗျားတို့တွေ ကိုယ့်ကို နာမည်ပြောင်လာခေါ်ရင် စိတ်ဆိုးရန်ဖြစ်တတ်ကြတယ်မလား.. .ပြောင်ကြီးတို့ ခေါလေးတို့... ဒီဘော်လ်ဂျာဆိုတဲ့ဘဲလည်း သူ့ကိုနာမည်ပြောင်လာခေါ်ရင် မကြိုက်ဘူး... ဒါပေမဲ့ သူက ရန်တော့မဖြစ်ဘူး... သတ်တာ... ဇာတ်ကားက အရမ်းကြမ်းပါတယ်..ကလေးသူငယ်နဲ့ သွေးသံရဲရဲကြောက်တတ်တဲ့သူတွေမကြည့်သင့်ပါဘူး..ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်တဲ့အပြင် Johnny Depp နဲ့ Benedict Cumberbatch အဓိကသရုပ်ဆောင်ထားလေတော့ဒီကားကိုနင်းကန်ကြည့်သင့်ပါတယ်..စပွိုင်လာလုပ်လို့မကောင်းတဲ့ကားမျိုးမို့ ဒီလောက်ပဲပြောပါရစေ....ဇာတ်ကားတစ်ကားလုံး အစကနေအဆုံးထိ ဘာတွေဖြစ်မလဲ စိုးတထိတ်ထိတ်နဲ့ ကြည့်ရတဲ့ကားမို့လူမိုက်အကြမ်းစားကားတွေသဘောကျတဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်း... File Size :(2.16GB)(1.04GB) and (451 MB) Quality :Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Biography, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded ...
movie
Black Mass(2015)
7.4
Lust for Life (1956)
[Unicode]Lust for Life (1956) ================ IMDb. = 7.4 out of 10 Rotten Tomatoes = 100%မှောင်ယံကမ်းပါးဆီ ဝင်းလက်စိုမြနေတဲ့ ကြယ်တွေရဲ့ နောက်ကြောင်းမှာ အသိုက်ပျက် အနက်ရောင်ငှက်တွေ ပျံဝဲနေကြပါတယ်။ သေကွင်းသေကွက်တည့်တည့်ကို လောကဓံလာမှန်တဲ့နေ့မှာ ကြယ်တွေဆီ အိပ်တန်းတက်သွားတဲ့ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ဟာ အရောင်တွေစိုလို့မြလို့။ သူ့ရာဇဝင်ကတော့မလှခဲ့ဘူး။အင်ပရက်စ်ရှင်ဝါဒပန်းချီတွေရဲ့ တာထွက်မှာ အင်ပရက်စ်ရှင်သမားတွေ ပို့စ်အင်ပရက်စ်ရှင်သမားတွေ အတော်လေး ရှုံ့ချခံခဲ့ကြရတယ်။ မာနက်ရဲ့ မြက်ခင်းပေါ်ကပျော်ပွဲစားပွဲကားနဲ့ အိုလံပီယာကားဆိုရင် ပြရင် ဓားနဲ့ခွဲ တံတွေးနဲ့မထွေးအောင် ရဲတွေက ကြိုးနဲ့အမြင့်မှာ ချိတ်ထားခဲ့ရတဲ့အထိကိုဆိုးတယ်။ အဲ့ဒီကာလမှာ အင်ပရက်စ်ရှင်သမားတွေဟာ အရူးတွေလို့ သမုတ်ခံရတာပါပဲ။ ဗင်းဆင့်ဟာ ပို့စ်အင်ပရက်ရှင်သမားဖြစ်တဲ့အပြင် အနေအထိုင်မတတ်တော့ ပိုရှုံ့ချခံရပါတယ်။ ဒါပေမယ့် သူလက်မလျှော့ခဲ့ပါဘူး။ဗင်းဆင့်ဟာ သူ့သက်တမ်း တစ်လျှောက်မှာ လုံးဝမအောင်မြင်ခဲ့တဲ့ အနုပညာတွေသက်သက်ကို ပိုင်ဆိုင်ထားတဲ့လူပါ။ ခင်ဗျားတို့ ဖတ်ဖူးမှာပေါ့။ ဘယ်စာရေးဆရာကတော့ဖြင့် မအောင်မြင်ခင်မှာ သူ့ဝတ္တုကို ဘယ်လိုလက်လျော့ခဲ့ပြီးမှ ကံအကြောင်းတိုက်ဆိုင်လို့ ပြန်အောင်မြင်တယ်ဆိုတာမျိုးတွေ။ ဒီလိုတွေ အများကြီးပါ။ ဗန်ဂိုးကတော့ ...
movie
Lust for Life (1956)
6.8
Bloodsport (1988)
[Unicode]Bloodsport (1988)မင်းသားကြီး Van Damme ဟာဆိုရင် ကျွန်တော့်တို့ ငယ်ငယ်တည်းက အရမ်းကြိုက်ခဲ့ရတဲ့ မင်းသားကြီးလို့ ပြောရင် မှားမယ်မထင်ပါဘူး သူ့ရဲ့ကားတွေ တော်တော်များများက အောင်မြင်တဲ့ကားကောင်းတွေချည်းပါပဲ ဒီထဲကမှ ၁၉၈၈ လောက်ကရိုက်ထားတဲ့ ဒီကားလေးနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားထွက်တဲ့အချိန် ကျွန်တော် မမွေးသေးပါဘူး ဒီလောက်ကြာပြီဖြစ်တဲ့ကားဖြစ်တာတောင် ဘယ်အချိန်ပြန်ကြည့်ကြည့် ကောင်းနေဆဲပါပဲ ရုပ်ရှင်ဆိုတာ ဒါမျိုးကိုခေါ်တာပါဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် Van Damme က ဒီဇာတ်လမ်းမှာ တပ်ပြေးတစ်ယောက်ပါ ငယ်ငယ်တည်းကသူ့ကို အဖေအရင်းတစ်ယောက်လို ကိုယ်ခံပညာတွေသင်ပေးခဲ့တဲ့ သူ့ဆရာ ရှီဒိုးရှီ ကို ဂုဏ်ယူစေချင်တဲ့အတွက်ကြောင့် ဟောင်ကောင်မှာ ကျင်းပမယ့် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ ကူမစ်တီ မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်တပ်ပြေးတစ်ယောက်အနေနဲ့ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့မလွယ်ကူလှပါဘူး ဘာကြောင့်ဆို သူ့ကို ပင်ရင်းတပ်ဆီပြန်ခေါ်လာဖို့ အမိန့်ထုတ်ထားတာကြောင့် ဟောင်ကောင်ရဲတွေနဲ့ သူ့အထက်အရာရှိရဲနှစ်ယောက်က တစ်မြို့လုံးကို လိုက်လံရှာဖွေနေတာပါဒီထဲမှာတော့ တော်တော်များများ ဘရုစလီကား Enter the dragon မှာ လူသိများပြီး ကျွဲကြီး လို့ခေါ်ကြတဲ့ ...
movie
Bloodsport (1988)
7.0
Skin (2018)
movie
Skin (2018)
2018
6.0
I Am Woman 2019
1970s ခေတ်မှာနာမည်ကြီးခဲ့တဲ့ ပေါ့အဆိုတော်မကြီး Helen Raddy ရဲ့ဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် single mother တစ်ယောက်အနေနဲ့ Australia ကနေ New York ကို အဆိုတော်ဖြစ်ဖို့လာခဲ့သော်လည်း ငြင်းပယ်ခံရပြီး သူမကိုအားပေးတဲ့ သူငယ်ချင်းနဲ့တွေ့တယ် Jaff Wald နဲ့ အိမ်ထောင်ကျပြီး အလုပ်အတွက်အဆင်ပြေနိုင်မယ့် LA ကိုပြောင်းနေကြတယ် အသံသွင်းရဖို့ အကြိမ်ကြိမ်ကြိုးစားပြီးမှ နောက်ဆုံး ရရှိလာခဲ့တယ် သူမရေးဆိုတဲ့ I Am Woman သီချင်းကလည်း တကယ်ကို ကောင်းတာပါ သူမက albums 25 millions အထိတောင် sold out ဖြစ်ခဲ့တဲ့ နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်ပါတယ် ၊ အမျိုးသမီးတစ်ယောက်ခံစားရတဲ့ ဘ၀အခက်အခဲတွေကို တင်ဆက်ထားပြီးသရုပ်ဆောင်တွေကလည်း တကယ်ကို ပီပီပြင်ပြင်သရုပ်ဆောင်ထားကြတာပါ ကျွန်တော်ဆို ဇာတ်ကားဘာသာပြန်ရင်းတောင် ကြက်သီးတွေခဏခဏထရတဲ့ ဇာတ်ကားမို့ ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်ခင်ဗျာ...... File Size : ...
movie
I Am Woman 2019
7.1
Kill the Irishman (2011)
movie
Kill the Irishman (2011)
2011
7.2
Freedom Writers (2007)
စီအမ် ပရိတ်သတ်ကြီးအတွက်ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားကလည်း တကယ့်ဖြစ်ရပ်မှန် အပေါ်ဇာတ်အိမ်ဖွဲ့ပြီးရိုက်ထားတဲ့ ကားပါ ပြီးရင်ပညာရေးလောကသားတွေ အနေနဲ့ လုံးဝကြည့်ဖူးသင့်တဲ့ဇာတ်ကား ကောင်းတစ်ကားပါပဲ အကျဉ်းပြောရရင်ကယ်လီဖိုးနီးယားပြည်နယ် Long Beach မှာMrs. Gruwellတို့ ဇနီးမောင်နှံကပျော်ပျော်နေကြတဲ့ မောင်နှံ ၂ ဦးပါအဲ့ဒီမှာ Mrs Gruwell ကလူငယ်ထိန်းသိမ်းရေးကျောင်းက ကလေးတွေနဲ့အပြင်ကျောင်းသားတွေနဲ့ ပူးပေါင်းသင်ကြားရေးပရိုဂရမ်ကို အကောင်အထည်ဖော်နေတဲ့ဝီလ်ဆင် ကျောင်းကို ဆရာမ သွားလျှောက်ပါတယ်အဲ့ဒီ့မှာ ဖြစ်နေကျအတိုင်းပေါ့ဗျာစီနီယာ ဆရာ/မတွေက အထင်သေးတာပေါ့ခုမှ ဆရာမ စလုပ်ရမယ့်သူ ပုလဲဆွဲကြိုးတွေက ဆွဲထားသေးတယ် ဒါပေမယ့် ပုံမှန်ပဲ ဆက်ဆံပါတယ်သူတို့က လူငယ်ပြုပြင်ရေးကျောင်းက ကလေးတွေရှိနေတဲ့အတန်းကို အလေးမထားဘဲ လျစ်လျူရှုနေတာကိုအဲ့ဒီ့ကတည်းက စတွေ့ရမှာပါ ဒီကောင်တွေက ပြသနာကောင်တွေ သူတို့ရောက်လာလို့ ငါတို့ကျောင်း အဆင့်ကျသွားတာ သူတို့ ကျောင်းမလာလည်း နားအေးတာပဲဆိုတဲ့ဆရာမျိုးတွေပါ ဒါပေမယ့် Gruwellကတော့ဒီပူးပေါင်းသင်ကြားရေးပရိုဂရမ်ကြောင့်ပဲဝီလ်ဆင်ကျောင်းကို လျှောက်ခဲ့တာလို့ ပြောခဲ့ပါတယ်အဲ့ဒီ့မှာ ပြောတဲ့စကားလေးကို အရမ်းသဘောကျတယ်ဗျ" ကျမ က အရင်တုန်းက ရှေ့နေတစ်ယောက်ဖြစ်ချင်တာဥပဒေပညာကို စိတ်ဝင်စားတယ် ကလေးသူငယ်တွေအတွက် ကျမ တိုးတက်အောင်လုပ်ပေးမယ် ကာကွယ် ...
movie
Freedom Writers (2007)
2007
7.8
Glory 1989
ဇာတ်လမ်းနာမည် ဂလိုရီ ဆိုတာကတော့ ဂုဏ်ကျက်သရေရှိတဲ့ အောင်မြင်မှုလို့ ဆိုလိုပါတယ်။ အမေရိကန် ပြည်တွင်းစစ် ကာလက တိုက်ပွဲတစ်ခုအကြောင်းကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။ လူမည်းတွေ ကျွန်ဘဝက ကင်းလွတ်ခွင့်အမိန့်ကို သမ္မတ လင်ကွန်းက ထုတ်ပြန်ပြီးနောက် ပထမဆုံး လူမည်း တပ်ရင်းတစ်ခု ဖွဲ့စည်းခွင့် ပေးလိုက်ပါတယ်။ မက်ဆာချူးဆက် တပ်ရင်း (၅၄) ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ လူဖြူစစ်သားတွေကလည်း လူမည်းတွေကိုအထင်မကြီးသလို လက်ထဲကို သေနတ်အပ်ဖို့လည်း မယုံကြည်နိုင်သေးပါဘူး။ ပိုဆိုးသွားတာက တောင်ပိုင်းစစ်တပ်က မြောက်ပိုင်းက ဝင်တိုက်တဲ့ လူမည်းမှန်သမျှ သေဒဏ်ပေးမယ်လို့ ကြေညာစာတမ်း ထုတ်လိုက်တာပါပဲ။ အဲဒီအချိန်မှာ တပ်ရင်းမှူး က ထွက်လိုက ထွက်နိုင်ပြီလို့ ကြေညာခဲ့ပေမယ့် တစ်ယောက်မှ လျော့မသွားခဲ့တဲ့ တပ်ရင်းပါ။ ဒါပေမယ့် တပ်ရင်းတစ်ခုလုံးက စစ်မတိုက်ရသလို ဗြူဟာမှူးကိုယ်တိုင်က အလုပ်ကြမ်းတွေပဲ ခိုင်းထားပြီး နှိမ်ထားခဲ့ပါတယ်။ ဒါကို မခံနိုင်တဲ့ တပ်ရင်းမှူးက နောက်ဆုံးမှာ ...
movie
Glory 1989
7.3
Beyond That Mountain (2020)
ဒီဇာတ်ကားကတော့ 1982ခုနှစ်တုန်းက ရိုမန်ကတ်သလစ် ဘုန်းတော်ကြီး စတီဖန် ကင်ဆွန်းဟွမ်း ရဲ့ငယ်ဘဝအကြောင်းကို အခြေတည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ အဆိုပါဘုန်းတော်ကြီးဟာ တောင်ကိုရီးယားနိုင်ငံရဲ့ စစ်တပ်အုပ်ချုပ်မှုလက်အောက်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းတဲ့ အရေးအခင်းကာလမှာပါဝင်ခဲ့တဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဉီးဖြစ်ပြီး လူအများလေးစားအားကြခံရတဲ့ သူလည်းဖြစ်ပါတယ် ။ ဒီဇာတ်ကားထဲမှာတော့ ဘုန်းတော်ကြီးရဲ့ငယ်ဘဝ ကို ဘယ်လိုသရုပ်ဖော်ထား မလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှု့ပေးကြပါအုံးရှင်။ File Size - 1.2 gb Quality - web-dl 1080p Subtitle - burmese Translator - Kim Hana Encoder - Thit San Khant
movie
Beyond That Mountain (2020)
2020
6.9
The Twentieth Century 2019
ဝေါတာဖီဒင်းနဲ့ သူချစ်သူ ဂန္ဓဝင်ဂီတပညာရှင် အန်နာခရိုလေတို့ဟာ အတော်ချစ်ကြတဲ့ စုံတွဲတွေပါ။ တစ်ရက်မှာတော့ ဝေါတာရဲ့အဖေက သူတို့ရဲ့ ဂီတလုပ်ဖော်ကိုင်ဖက်တွေဆီကနေ ငွေသန်းချီဘက်သွားပြီး နိုင်ငံကနေ ထွက်ပြေးသွားတဲ့အကြောင်း ကြားလိုက်ရပါတယ်။ ရှိသမျှအကြွေးတွေက ဝေါတာ့အပေါ် အကုန်ပုံကျသွားတဲ့ သဘောပါပဲ။ ကံကဆိုးချင်တော့ နောက်နေ့မှာပဲ သူတို့နေတဲ့ အိမ်က အိမ်ရှင်ပြန်ရောက်လာပြီဖြစ်တဲ့အတွက် အိမ်ကနေ ဆင်းပေးရမယ် ဖြစ်လာပါတယ်။ အိမ်ရှင်ကလည်း တခြားသူမဟုတ်ပါဘူး။ အန်နာရဲ့ ခင်ပွန်းဟောင်းဖြစ်သူပါပဲ။ ဒီလို အခြေအနေဆိုးတွေ ဖြစ်လာတဲ့အခါ ဝေါတာက အိမ်တစ်လုံး အမြန်ရဖို့ စုံစမ်းတာကနေ ဒေါ်လာသန်းချီတန်တဲ့ အိမ်ကြီးတစ်လုံးကို ဒေါ်လာနှစ်သိန်းတည်းနဲ့ အချောင်ရဖို့ အကွက်တွေ့လာပါတယ်။ ဒီအတွက် သူတို့စုံတွဲနှစ်ယောက် အမျိုးမျိုး အဖုံဖုံ လှည့်ပတ်ချေးကြရင်းကနေ အိမ်ကို ဝယ်ဖြစ်သွားပါတော့တယ်။ အဲဒီလိုဝယ်ပြီးကာမှပဲ ဒီအိမ်ကြီးက ငွေမျိုနေတဲ့ကျွင်းကြီး ဖြစ်မှန်းမသိ ဖြစ်လာတာကို ဟာသဆန်ဆန် ရိုက်ကူးပြထားတဲ့ ဒရာမာဇာတ်လမ်းလေးအဖြစ် ကြည့်ရှူရမှာ ဖြစ်ပါတယ်။ File Size ...
movie
The Twentieth Century 2019
5.2
Tesla (2020)
ဒီရုပ်ရှင်အကြောင်းကိုမပြောခင်မှာ Teslaဆိုတာဘယ်သူလဲဆိုတာကိုပြောချင်ပါတယ်။တောမတ်စ်အယ်ဗာအယ်ဒီဆင်လို့ပြောလိုက်ရင် ကမ္ဘာအနှံ့ကလူတိုင်းကလေးကအစခွေးအဆုံးသိပြီး သမိုင်းမှာရော ကျောင်းသင်ခန်းစာတွေမှာပါတခမ်းတနားနဲ့အလေးပေးဖော်ပြခံရတဲ့ ၁၉ရာစုရဲ့တီထွင်သူကြီးပေါ့။နီကိုလာတက်စ်လာကတော့ အယ်ဒီဆင်နဲ့ခေတ်ပြိုင်ပြောင်မြောက်လှတဲ့လျှပ်စစ်ဆိုင်ရာတီထွင်မှုတွေလုပ်ခဲ့ပြီး အိုင်းစတိုင်းကတောင်သူ့ထက်တော်တယ်လို အသိမှတ်ပြုပြီးလေးစားရတဲ့ ဉာဏ်ကြီးရှင်တီထွင်သူတစ်ယောက်ပါ။ဒါပေမယ့် ဒီနေ့ခေတ်မှာ သူ့ကိုမသိတဲ့သူအများအပြားပါပဲ။AC Vs DCဆိုတာ Tesla Vs Edisonပါပဲ။ကနဦးမှာ တက်စ်လာဟာ အယ်ဒီဆင်ရဲ့အလုပ်မှာ လုပ်ခလေးနည်းနည်းနဲ့အလုပ်လုပ်ခဲ့တယ်။သူကြံဆတဲ့ Alternating currentကို အယ်ဒီဆင်က စိတ်မဝင်စားတဲ့အပြင်ACဟာလက်တွေ့မကျဘူး အန္တရာယ်များတယ်လို့ပြောခဲ့တယ်။DC generation plantsတွေကိုတိုးတက်အောင်လုပ်ပေးနိုင်ရင်ဒေါ်လာငါးသောင်းပေးမယ်ဆိုပြီး လောင်းကြေးထပ်ခဲ့ပေမယ့်တကယ်ဖြစ်လာတဲ့အခါ အယ်ဒီဆင်က'မင်းက ငါတို့အမေရိကန်တွေနောက်ပြောင်တာကိုနားမလည်ဘူးပဲ'ဆိုပြီးလျှော်သွားတဲ့အတွက် တက်စ်လာဟာ အလုပ်ထွက်ပြီး ကိုယ်ပိုင်ACကုမ္ပဏီထောင်ခဲ့ပါတယ်။နောက်ပိုင်းလျှပ်စစ်ဖြန့်ဖြူးရာမှာ ACက DC (Direct Current)ထက်အကျိုးများလာတဲ့အခါအယ်ဒီဆင်ဘက်က AC currentကြိုးကိုဆင်မှာပတ်ပြီးသေစေတဲ့အကွက်တွေထိပါသုံးပြီး ACကိုတိုက်ခိုက်ခဲ့တယ်။ဒါပေမယ့် နိုင်ရာဂါရာရေတံခွန်ကိုအခြေခံပြီး ACရေအားလျှပ်စစ်သုံးစက်ရုံကိုတည်ဆောက်နိုင်ပြီး အောင်မြင်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ...
movie
Tesla (2020)
7.8
#FriendButMarried 2 (2020)
Friend But Married 1 မှာ ဒစ်တိုနဲ့အာယုတို့ Friendzoneထဲကထွက်ပြီးတစ်ခါတည်းလက်ထပ်ပြီး နောက် သူတို့လင်မယားဘဝကိုပုံဖော်ရိုက်ကူးထားတာပါ သူငယ်ချင်းဘဝက ချစ်သူလင်မယားတွေဖြစ်လာတော့ အခက်ခဲလေးတွေရှိပါတယ် သူငယ်ချင်းလိုပေါပြီးနေမိတာ တစ်ယောက်နဲ့တစ်ယောက် အားပြိုင််မိတဲ့အခါလေး တွေပေါ့ ဇာတ်လမ်းအကျဥ်းကတော့ သမားရိုးကျပါပဲ ဒစ်တိုနဲ့အာယုတို့လက်ထပ်လိုက်တယ် အာယုကလေးရ သွားတယ် ဒါလေါက်ပါပဲ Family affair ကိုအသားပေးရိုက်ထားတာမို့ plot က simple ဖြစ်တာပါ ဒါပေမယ့် ဒီ Friend But Married နှစ်ကားလုံးကိုကြည့်ပြီးရင်တော့ ကျိန်းသေပေါက် mesg တစ်ခုခုကျန်ကိုကျန်မှာပါ ရည်းစားမထားဖူးတဲ့သူတွေသိလိမ့်မယ် ရည်းစားထားလိုက်ရင် အမှန်ကန်Ro ရမယ် အပျော်ကြီးပျော်ရမယ် တစ်ယောက်နဲ့တစ်ယောက်ချစ်ကြင်နာပြီးပျော်ပျော်ကြီးနေရမယ် အဲ့လိုထင်ရင်သင်လုံးဝheavy မှားနေပြီလို့ ဒီကားကပုံဖော်ပေးထားပါတယ် ချစ်သူဘဝမှာလဲချစ်သူဘဝအလျောက် ဒီ relationship လေးတစ်ခုတည်မြဲဖို့ ဘယ်လောက်ရုန်းကန်ရတာတွေ ဘယ်လိုခွင့်လွှတ်မှုနားလည်မှုတွေ ထားရတာတွေဘယ်လောက်စိတ်ပင်ပန်းရ တာတွေကို Friend But Married 1 မှာပုံဖော်ထားပြီး နောက်ပိုင်းလင်မယားဖြစ်သွားရင်လဲ ကိုယ်မွေးမယ့် ကလေးအတွက် စိတ်ပူရတာတွေ ကိုယ့်မိန်းမရဲ့ကိုယ်ဝန်ဆောင်ချိန်ဟော်မုန်း အပြောင်းအလဲကြောင့် စိတ်အပြောင်းလဲဖြစ်တာတွေကို ဘယ်လောက်သည်းခံရတာတွေပါပါတယ် ဒါကြောင့်ဒီနှစ်ကားလုံးကိုကြည့်ပြီးရင် မိတ်ဆွေတို့အနေနဲ့ Relationship တစ်ခုတည်ဆောက်တာရဲ့ အတိမ်အနက်ကိုကောင်းကောင်းကြီး သိသွားမယ်လို့ပြောချင်ပါတယ် အင်ဒိုကါးပေမယ့်အထင်မစမောလိုက်ပါနဲ့ IMDb မယ်rating ကောင်းသလို indonesian cast လေးတွေကလဲအလန်းတွေမို့ ကြည့်ရတာရှယ်တန်ပါတယ်ဗျာ File Size - 1.1 gb Quality - web-dl 1080p Subtitle - burmese Translator - Hein ...
movie
#FriendButMarried 2 (2020)
2020
7.3
#FriendButMarried (2018)
Friend But Married ဆိုတဲ့ကားလေးက သူ့နာမည်လေးအတိုင်းပါပဲ သူငယ်ချင်းတော့သူငယ်ချင်း ဒါပေမယ့် လက်ထပ်မိသွားတယ်ပေါ့ သူ့နာမည်မှာတင် အဓိပ္ပါယ်ကပါနေပြီးသားပါ ဇာတ်လမ်းအကျဥ်းလေးကတော့ ဒစ်တိုဆိုတဲ့ကောင်လေးဟာ ကလေးဘဝတည်းက တီဗီကမိသားစု ဇာတ်လမ်းတွဲတွေမှာသရုပ်ဆောင်တဲ့ ကလေးသရုပ်ဆောင်လေး အာယုကိုချစ်ကြိုက်မိပါတယ် အာယု ကသူ့စိတ်ကူးထဲကနတ်သမီးလေးပေါ့ အာယုကိုအပြင်မှာလဲတွေ့ရလိမ့်မယ်သူမထင်ခဲ့ပါဘူး ဖြစ်ချင်တော့ ကံကောင်းတဲ့တစ်ရက်မှာ အာယုဟာ သူတက်တဲ့ကျောင်းကိုမှဆိုက်ဆိုက်မြိုက်မြိုက်လာတက်ပါတော့တယ် ဖြစ်ချင်တော့ အတန်းထဲမှာခုံလွတ်နေတာလဲ ဒစ်တို့ဘေးမှာပဲရှိတော့ သူ့ဘေးမှာဝင်ထိုင်ဖို့ခွင့်တောင်းတယ် ဒီလိုနဲ့ အရမ်းချစ်တဲ့သူငယ်ချင်းတွေဖြစ်သွားကြတယ် ဒီကားမှာထူးခြားချက်က အခြား Friendship ကားတွေလို အချိန်အကြာကြီးသူငယ်ချင်းဖြစ်လာပီးမှအရောင်ပြောင်းသွားကြတာမဟုတ်ပဲ ဒစ်တို့ဖက်ကအစောကြီး ကတည်းကအာယုကိုကြိတ်crush နေတာပါ ဒီလို့နဲ့ BFF ကြီးအဖြစ် ၁၃နှစ်တောင် Friendzone ထဲအထည့်ခံရတဲ့ ဒစ်တို သူဘယ်လိုရုန်းထွက်သွားလဲဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ IMDb မှာလဲ rating မဆိုးဘူး cast တွေကလဲအကုန်ချောချောလှလှလေး နောက်ပြီးအိုဗာမတင်းတဲ့ romantic moment လေးတွေပါလို့ ကြည့်ရတာတစ်မျိုးအရသာရှိပါတယ် အင်ဒို ကားတွေလဲမခေတော့ပါဘူး နောက်ပြီး Crazy Little Thing Called Love ထဲကလိုမင်းသားနဲ့မင်းသမီး ညားသွားကြတာနဲ့တင် အဆုံးမသတ်ပဲ သူ့ရဲ့ sequel Friend But Married 2 ဆိုပြီး 2020 မှာထပ်ထွက်ထားလို့ တစ်ဆက်တည်း သူတို့နှစ်ယောက်ရဲ့နောက်ပိုင်းဇာတ်လမ်းတွေကိုပါကြည့်ရဦးမှာပါ File Size - 1.1 gb Quality - web-dl ...
movie
#FriendButMarried (2018)
2018
6.2
Target Number One
ဒီဇာတ်လမ်းကတော့ ၁၉၈၉ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်ကားပါ။ Most Wanted ဆိုတဲ့ အမည်ခွဲလည်း ပေးထားပါသေးတယ်။ ထိုင်းနိုင်ငံမှာ ဘိန်းမှောင်ခိုမှုနဲ့ အဖမ်းခံခဲ့ရတဲ့ ကနေဒါ နိုင်ငံသားတစ်ယောက်ကို ကယ်တင်ခဲ့တဲ့ ကနေဒါနိုင်ငံက ဂျာနယ်လစ်တစ်ယောက်ရဲ့ကြိုးပမ်းမှုကို တင်ဆက်ထားတာပါ။ အကျင့်ပျက် ခြစားတဲ့ ရဲတချို့ရဲ့ လုပ်ရပ်ကြောင့် သာမန်ပြည်သူတစ်ယောက် ဒုက္ခရောက်ခဲ့ရတဲ့အကြောင်းပါ။ မီဒီယာရဲ့အခန်းကဏ္ဍက ပြည်သူတွေအပေါ်မှာ ဘယ်လောက်အရေးပါတယ်ဆိုတာကို ရိုက်ပြထားတာပါ။ အတ္ထုပ္ပတ္တိကို တင်ပြထားတာဆိုပေမယ့် ဇာတ်လမ်းက လုံးဝကို ပျင်းစရာကောင်းမနေခဲ့ပါဘူး။ ကြည့်ရင်းကြည့်ရင်းနဲ့ ဘာဖြစ်လာမလဲဆိုပြီး စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ် ဇာတ်ကားကောင်းတစ်ကားပါ IMDb - 6.2/10 ရထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ File Size - 1.3 gb Quality - web-dl 1080p Subtitle - burmese Translator - August Encoder - Thit San Khant
movie
Target Number One
2020
7.4
Ip Man 4: The Finale ( 2020 )
Zawgyi******* IP Man ရဲ့ 4 ကားမြောက်ဇာတ်ကားဖြစ်သလို နောက်ဆုံးကားလည်းဖြစ်ပါတယ်တကယ်ကိုကောင်းလွန်းတဲ့ကောင်းပါပဲ.သိုင်းချစ်သူတွေကိုတော့အထွေအထူးအများကြီးညွှန်းနေစရာတောင်မလိုဘူးထင်ပါတယ်။ ဒီဇာတ်ကားမှာတော့IP Man ဟာ သူ့ရဲ့အမျိုးသမီးသေဆုံးပြီးတဲ့နောက်ကျန်ခဲ့တဲ့သားငယ်ကိုတစ်ယောက်တည်းထိန်းကျောင်းခဲ့ရတယ်သားဖြစ်သူကလည်း အဖေဗီဇအတိုင်းပဲ သိုင်းကိုအရူးအမူးဝါသနာပါပေမယ့်IP Man က မသင်ပေးခဲ့ပါဘူး..ဒီတော့ရန်တွေခဏခဏဖြစ်ကျောင်းထွက်ရတော့သားဖြစ်သူအတွက် သင့်တော်မယ့်ကျောင်းကို ရှာဖို့အတွက်IP Man တစ်ယောက် အမေရိနိုင်ငံ ဆန်ဖရန်စစ်စကို မြို့ကိုခရီးဆန့်ရပါတော့တယ်အဲ့မှာ သူ့တပည့်ရင်းတစ်ယောက်ဖြစ်တဲ့ Bruce Lee နဲ့ပြန်လည်ဆုံတွေ့ပါတယ်အဲ့ဒီနောက်ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ကိုယ်တိုင်သာဆက်လက်ခံစားကြပါဒီကားမှာ Bruce Lee ကို ရိုက်ကူးထားတာလည်း ကျွန်တော်သဘောကျမိပါတယ် File Size : (2.1GB)(850 MB) and (307 MB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:47:00 Genre : Action , Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by ...
movie
Ip Man 4: The Finale ( 2020 )
First
19
20
21
22
23
Last
Previous
Next