Channel Myanmar

Biography

Jerry And Marge Go Large (2022) 6.9
Jerry And Marge Go Large (2022) Jerry And Marge Go Large (2022) ~ IMDb - 6.9/10, Rotten Tomatoes - 62% ~အငြိမ်းစားဘဝဆိုတာ တော်တော်ကို ပျင်းစရာကောင်းတဲ့ ဘဝပါပဲ။ ဂျယ်ရီလို အလုပ်ကြိုးစားတဲ့ စံပြဝန်ထမ်းတစ်ယောက်အတွက်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။၄၂ နှစ်လုံးလုံး အလုပ်ကလွဲပြီး ဘဝရယ်လို့ မယ်မယ်ရရ မရှိခဲ့တဲ့သူပါ။ ကံကောင်းထောက်မလို့ ပါရမီဖြည့်ဖက် မာ့ဂ်ျနဲ့ သားသမီးနှစ်ယောက်တော့ ထွန်းကားခဲ့ပေမဲ့ အလုပ်ကလွဲပြီး ကျန်တာကို မတွေးတတ်တဲ့ သင်္ချာဉာဏ်ကြီးရှင် ဂျယ်ရီ အလုပ်က အငြိမ်းစားယူရတော့မယ်ဆိုတော့ အကြီးအကျယ်စိတ်ဆင်းရဲသွားရပါတယ်။ဝီရိယအားကိုးတဲ့ ဉာဏ်ကြီးရှင် ဂျယ်ရီက ကံကိုအားကိုးတဲ့ ထီကို လုံးဝစိတ်မဝင်စားပါဘူး။ ထီထိုးရမှာတောင်ရှက်နေမိတတ်တဲ့လူမျိုးပါ။ ဒါပေမဲ့ အငြိမ်းစားယူထားတဲ့လူတွေရဲ့ ထုံးစံအတိုင်း စိတ်ဝင်စားစရာရှာဖို့ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း WinFall ထီမှာ ထိုးတိုင်းပေါက်နိုင်တဲ့ ဟာကွက်တစ်ခုကို ရှာတွေ့သွားပါတယ်။ဇာတ်လမ်းကတော့ အဲဒီမှာပဲ စတာပေါ့ဗျာ။သင်္ချာဉာဏ်ကြီးရှင်တစ်ယောက် ဘဝက ဂဏန်းတွေနဲ့ပဲ ဖွဲ့စည်းထားတာ ...
movie

Jerry And Marge Go Large (2022)

2022
I’m Charlie Walker (2022) 4.2
I’m Charlie Walker (2022) I'm Charlie Walker(2022) ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်တဲ့ ဒီ ဇာတ်လမ်းကတော့ စီးပွားရေး စွန့်ဦးတီထွင်မယ့် လူငယ်‌‌ တွေ ကြည့်သင့်တဲ့ Motivation ရမယ့် drama ဇာတ်ကားကောင်း ဖြစ်ပါတယ်၁၉၇၁ လူမျိုးရေး တင်းမာမှု လူမျိုးရေး ခွဲခြားမှုတွေ ကြားမှာ ချာလီ ဝေါ်ကာ လို့ ခေါ်တဲ့ လူမည်း အမျိုးသား ကုန်တင်ကားသမားလေးက ရလာတယ့် အခွင့်အရေးကို သုံးပြီး ဘယ်လို လျမ်းသာ အောင် တက်လှမ်းသွားမလဲ အသားအရောင် ခွဲခြားမှုကြောင့် ဘယ်လို အခက်အခဲ ပြဿနာ တွေ ကြုံရမလဲ ရှုပ်ထွေးလွန်းတဲ့ ရေနံသူဋ္ဌေး တွေ ရဲ့ စီးပွားရေးလှည့်ကွက် တွေ နောက်ကျော ဓါးထိုးမှုတွေကို ချာလီ ဘယ်လို ရင်ဆိုင် ဖြေရှင်းသွားမလဲစီးပွားရေး လုပ်တဲ့ နေရာ မှာ သူများတကာ ထက် ဘယ်လို ...
movie

I’m Charlie Walker (2022)

The Heist of the Century(2020) 7.1
The Heist of the Century(2020) The Heist of the Century(2020) အညွှန်း***********************************IMDb...7.1မာရီယိုဆိုတာ မီးခံသေတ္တာလေးတွေလိုက်ဖောက်လိုက် ...မမိရင် သုံးလိုက်ဖြုန်းလိုက်..မိပြန်တော့ ထောင်ထဲလေ လေးချွန်ဝင်လိုက်နဲ့ပေါ့...တစ်နေ့တော့ သူတို့ သူခိုးအသိုင်းအဝန်းက လူတစ်ယောက်ကလာကမ်းလှမ်းတယ်...လက်တစ်ကိုင်စာ ပိုက်ဆံလေးအတွက်စွန့်စားမဲ့အစားအချီချဖို့ လာစည်းရုံးတယ်... ဘဏ်ကြီ:တစ်ခုကိုဓားပြတိုက်ဖို့ပါပဲ...အတော်ကို မလွယ်ကူတဲ့အလုပ်ပါ..သို့ပေမဲ့အသက်အရွယ်လည်းရသလို အတွေ့အကြုံတွေလည်းများခဲ့ဖူးတဲ့ ဒီဘိုးတော်တွေဟာဒီဘဏ်ကြီးကိုစနစ်တကျ ဓားပြတိုက်ဖို့  သွေးအေးအေးနဲ့ အစီအစဉ်တွေဆွဲပြီးဗျင်းဖို့ကြိုးစားကြတယ်... တခြားဇာတ်လမ်းတွေနဲ့  မတူတာကတော့ သူကbased on true story ဖြစ်ရပ်မှန်ပါပဲ။ Heist of century ဆိုတာ 2006 ခုနှစ်January 13 ရက်နေ့က အာဂျင်တီးနားမှာ ဖြစ်ခဲ့တဲ့အကြီးမားဆုံးဘဏ်ဖောက်မှုကြီးကို အခြေတည်ပြီးရိုက်ထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။သူခိုးပါရဂူကြီးတို့ ဦးဆောင်ပြီး ရဲတွေ ဘဏ်ဝန်ထမ်းတွေကိုဘယ်လိုလှည့်ဖြားကြမလဲဆိုတာ ကြည့်ရမှာပါ။ကိုင်း ခံစားကြည့်ကြပါဦ:...File Size : (2.1GB)(799 MB) and (239 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:54:00 Genre : Action, Biography, Comedy Subtitle ...
movie

The Heist of the Century(2020)

Father Stu (2022) 6.7
Father Stu (2022) Father Stu(2022)Mark Wahlberg နဲ့ Mel Gibson တို့ရဲ့ Father Stu လာပါပြီဗျာ။Father Stu ဆိုတာကတော့ ထိုးဖို့ ကြိတ်ဖို့ သတ်ဖို့ ပုတ်ဖို့ပဲ စိတ်ဝင်စားတဲ့ လက်ဝှေ့သမား အဖြစ်ကနေ လူတွေကို ပျက်စီးရာပျက်စီးကြောင်းကနေ အဖတ်ဆယ် ကယ်တင်ပေးသူ ခရစ်ယာန်ဘုန်းတော်ကြီး ဖြစ်လာတဲ့ Stuart Long အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါStuart Long ဟာ ဆိုးသွမ်းတဲ့ ဖခင်ဒဏ်ကို ခံရပြီး ကြမ်းကြမ်းတမ်းတမ်း ကြီးပြင်းလာရတဲ့ လက်ဝှေ့သမားတစ်ယောက်ပါလက်ဝှေ့ထိုးနေရင်း ဆိုးဝါးတဲ့ မေးရိုးရောဂါကြောင့် လက်ဝှေ့သမားအဖြစ်ကနေ နှုတ်ထွက်ခဲ့ရပြီး သရုပ်ဆောင် လုပ်မယ်ဆိုပြီး LA ကို ထွက်လာခဲ့ပါတယ်LA က စူပါးမားကတ်မှာ အလုပ်လုပ်ပြီး သရုပ်ဆောင်လုပ်ဖို့ ကြိုးစား ရုန်းကန်ရပုံတွေ စူပါမားကတ်ကို စျေးဝယ်လာတဲ့ ကတ်သလစ်ဘာသာဝင် မိန်းကလေးတစ်ယောက်ကို သဘောကျမိရာက ဘုရားကျောင်းရောက်သွားပြီး ဖာသာဘဝကို ရောက်ခဲ့ရပုံတွေ စတာတွေကို သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားတာပါIMDb rating 6.8 အထိ ...
movie

Father Stu (2022)

2022
The Most Reluctant Convert (2022) 6.7
The Most Reluctant Convert (2022)  ဒီရုပ်ရှင်ကတော့ နာနီရာလိုမျိုး ကမ္ဘာကျော်ဝတ္ထုကြီးတွေကိုရေးခဲ့တဲ့ စာရေးဆရာကြီး CS Lewis ရဲ့ ဘဝအကြောင်းကို သူ့အမြင်တွေကနေ ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။စာရေးဆရာကြီးလူးဝစ်ဟာ နာနီရာဝတ္ထုတွေနဲ့ ကျော်ကြားသလို သူ့ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ The Lord of The Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာ တိုကင်းန်နဲ့ အလောင်းအစားလုပ်ပြီး သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေဖြစ်တဲ့ Out of the Silent Planet, Perelandra, and That Hideous Strength ဆိုတဲ့ စာအုပ်တွေကို ရေးခဲ့လို့လည်း ကမ္ဘာကျော်ခဲ့ပါသေးတယ်။ ဂျေအာအာ တိုကင်းန်ကတော့ သိပ္ပံစိတ်ကူးယဉ်စာအုပ်ပြိုင်ရေးဖို့ အလောင်းအစားလုပ်ခဲ့ပေမဲ့ ရေးဖို့ကြိုးစားရင်းကြိုးစားရင်း The Lord of the Rings စာအုပ်တွေ ထွက်ပေါ်လာပြီး ပိုအောင်မြင်သွားခဲ့ပေမဲ့ အလောင်းအစားမှာတော့ရှုံးခဲ့တယ်လို့ပဲပြောရမှာပါပဲ။ဆရာလူးဝစ်ဟာ အင်္ဂလန်ရဲ့ နာမည်ကျော် စာရေးဆရာကြီးဖြစ်ခဲ့သလို ငယ်စဉ်က အောက်စ်ဖို့မှာ စာပေလေ့လာခဲ့စဉ်မှာ ဘာသာမဲ့အဖြစ်လည်း အခိုင်အမာကျော်ကြားပါတယ်။ ...
movie

The Most Reluctant Convert (2022)

Alive (1993) 7.1
Alive (1993) Alive (1993)~ IMDb - 7.1/10, Rotten Tomatoes - 59% ~ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ...
movie

Alive (1993)

1993
The Informant! (2009) 6.5
The Informant! (2009) The Informant! (2009) အာချာဒယ်နီယယ်မဒ်လန်း (ADM) ဆိုတဲ့ ကုမ္ပဏီကြီးဟာ နာမည်ကြီး လိုင်စင်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ စီးပွားရေးလောကရဲ့ တစ်စိတ်တစ်ပိုင်းကို ချုပ်ကိုင်ထားနိုင်တဲ့ ကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုတွေဟာ အပြင်ပန်းမှာတော့ ဦးမော့နိုင်နေပေမဲ့ အတွင်းမှာတော့ မသမာမှုတွေနဲ့ ရှုပ်ထွေးပွေလီပြီး သပွတ်အူလိုက်နေပေါ့။ဒီလိုမသာမာတဲ့နည်းလမ်းနဲ့ စျေးကွက်ကို လုပ်ချင်သလိုလုပ်နေကြတာကို FBI ကရိပ်စားမိနေတော့ အမှုပတ်မှာစိုးတဲ့ မာ့ခ်ဝှဒ်အေကဟာ ဒီလုပ်ရပ်တွေကိုဖော်ဖို့ FBI နဲ့ပူးပေါင်းလိုက်ပါတော့တယ်။ဒီလိုနဲ့ မာ့ခ်ဝှဒ်အေကဟာ သတင်းပေးအဖြစ် ကုမ္ပဏီရဲ့လုပ်ရပ်တွေကိုဖော်ရင်းက မသာမာမှုတွေဟာ တစ်စပြီးတစ်စပေါ်လာခဲ့ပါတယ်။အစကတည်းက မသမာခဲ့တဲ့ မာ့ခ်ဝှဒ်အေကဟာ သူ့လုပ်ရပ်တွေပါ ပေါ်လာတဲ့အခါ ရှေ့ဆက်တိုးဖို့အလွန်စိုးရိမ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဆုပ်လည်းစူး စားလည်းရူးအခြေအနေဖြစ်လာတဲ့အခါ သူဘယ်လိုရုန်းထွက်မလဲ၊ ဒီမသမာမှုတွေကိုရော အမြစ်လှန်ဖော်ထုတ်သွားနိုင်မှာလား ဆိုတာကိုတော့ စိတ်ဝင်စားစရာကောင်းအောင် ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Thar Htet ပါ။) File Size          :  1.8GB, 660MB, 330MB Quality  ...
movie

The Informant! (2009)

2009
Chun Tae-il: A Flame That Lives On (2021) 8.8
Chun Tae-il: A Flame That Lives On (2021) ဒီတစ်ခါတော့ ၂၀၂၁ ခုနှစ်ကထွက်ထားတဲ့ IMDb 8.8/10 ရထားတဲ့ ကိုရီးယား Animation ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်၊ ကာတွန်းကားကို ဒီလောက် rating ရထားတယ်ဆိုတော့ ထူးပြီးညွှန်းဖို့တော့ လိုမယ်မထင်ပါဘူးဒီဇာတ်လမ်းကတော့ ၁၉၇၀ ခုနှစ်မှာ အလုပ်သမားအခွင့်အရေးရအောင် စည်းရုံးတောင်းဆိုခဲ့တဲ့ ဂျောင်ထယ်အီးလ်ရဲ့ အကြောင်းကို တင်ဆက်ထားခြင်းဖြစ်ပါတယ် ၁၉၉၅ ခုနှစ်မှာ A Single Spark ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ထွက်ခဲ့ပြီးတော့ ၂၀၂၁ မှာ Animation အဖြစ်ဖန်တီးထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မူလတန်းတောင် မအောင်ခဲ့တဲ့ ကောင်လေးတစ်ယောက်... သားအကြီးဆုံးဖြစ်ပြီး အိမ်ရဲ့စားဝတ်နေရေးကြောင့် ကျောင်းထွက်လိုက်ရပြီး အိမ်ပြေးအဖြစ်နဲ့ ဖိနပ်တိုက် သတင်းစာရောင်း စတာတွေကို လက်တိုလက်တောင်းလုပ်ခဲ့ပါတယ်၁၉ နှစ်ပြည့်တဲ့အခါမှာတော့ စက်ရုံတည်ထောင်ချင်တဲ့စိတ်နဲ့ အဝတ်စက်ရုံတစ်ခုမှာ အဝတ်ဖြတ်ဆရာလက်ထောက်အဖြစ်သင်ယူရင်းနဲ့ ဖြောင်းဟွာဈေးက စက်ရုံရဲ့ မတရားခိုင်းစေမှုတွေ၊ လုပ်ခလစာ နည်းပါးမှုနဲ့ ကျန်းမာရေးအာမခံချက်မရှိတာတွေကို သိလိုက်ရပါတော့တယ်အဲလိုနဲ့ အခြေခံဥပဒေအကြောင်းသိလိုက်ရတဲ့အချိန်မှာ မညီမျှတာတွေအတွက် တောင်းဆိုဖို့ကြိုးပမ်းပါတော့တယ် ဘယ်လိုဆန္ဒပြရမလဲဆိုတာတောင် မသိတဲ့ အပ်ချုပ်ဆရာ၊ အဝတ်ဖြတ်ဆရာအဖြစ်ကနေ စိတ်အားထက်သန်စွာနဲ့ပဲ အလုပ်သမားအခွင့်အရေးရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပုံတွေကို ကြည့်ရှုခံစားရမှာပါ ဒီဇာတ်လမ်းရဲ့အသံသရုပ်ဆောင်ကလည်း အားလုံးနဲ့မစိမ်းတဲ့ Jang Dong Yoon, Kwon ...
movie

Chun Tae-il: A Flame That Lives On (2021)

2021
Jhund (2022) 7.2
Jhund (2022) Jhund (2022)အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ မင်းသားကြီး အမီတာဘချမ်းရဲ့ကားသစ်လေး ထွက်ရှိလာခဲ့ပါပြီ။၉၀ ခုနှစ်တွေကတည်းက အိန္ဒိယရုပ်ရှင်ပရိသတ်တွေရဲ့အသည်းနှလုံးကို သိမ်းပိုက်လာတဲ့မင်းသားကြီး အမီတာဘချမ်းကတော့ အသက် ၇၉ နှစ်ရှိပြီဆိုပေမဲ့ ငယ်တုန်းကလို လန်းမြဲလန်းဆဲပါပဲ။လက်ရှိအထိ အိန္ဒိယရုံတင်ကားတွေရဲ့သမိုင်းမှာ လွှမ်းမိုးမှုအရှိဆုံးသူတွေထဲကတစ်ယောက်လို့သတ်မှတ်ခံထားရတာပါ။ ဒီကားထဲမှာတော့ သူ့ရဲ့ရင့်ကျက်တဲ့သရုပ်ဆောင်ချက်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီကားလေးကတော့ NGO slum soccer ကို တည်ထောင်ခဲ့သူဖြစ်တဲ့ Vijay Barse ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ဆင်းရဲနွမ်းပါးတဲ့ဒေသတွေမှာ ငွေကြေးမတတ်နိုင်တဲ့အလျောက် ပညာရေးကလည်း နိမ့်ကျနေတတ်ပါတယ်။အိမ်တစ်အိမ်မှာရှိတဲ့ ကလေးတွေကပါ အလုပ်ထွက်လုပ်ရတော့ ပညာမသင်ရ၊ အားကစားလိုက်စားခွင့်မရတဲ့အပြင်ငွေကြေးကို အလွယ်ရဖို့ ခိုးဆိုးလုနှိုက်ပြီး ပြန်ရောင်းစားတာတွေအထိပါ လုပ်လာကြပါတယ်။အဲဒီကထက် တစ်ဆင့်တက်ပြီး ဈေးပေါတဲ့အရက်ဆေးလိပ်တွေနဲ့ မူးယစ်ဆေးစွဲတဲ့အထိ ဖြစ်လာကြပြန်ပါတယ်။ ဒီလိုနဲ့ အငြိမ်းစား အားကစားဆရာတစ်ယောက်က အဲဒီလို ဆင်းရဲနွမ်းပါးတဲ့အရပ်ထဲမှာရှိတဲ့စာမတတ်တဲ့ လူကြီးတွေကို စာသင်ပေးဖို့ ရောက်လာရင်းနဲ့ လူငယ်တွေ၊ကလေးတွေ ဖြစ်ပျက်နေတဲ့အခြေအနေကို မျက်မြင်ကြုံတွေ့လိုက်ရပါတော့တယ်။ကလေးတွေရဲ့အနာဂတ်ကို မပျက်စီးစေချင်တဲ့စေတနာ၊ မိမိကျွမ်းကျင်ပိုင်နိုင်တဲ့ပညာရပ်နဲ့ဒီဆင်းရဲတွင်းထဲက ဒီကလေးတွေကို ဘယ်လိုဆွဲဆောင်ရမလဲဆို‌တဲ့ဆင်ခြင်ဉာဏ်တို့ ပေါင်းစပ်ပြီး ...
movie

Jhund (2022)

2022
The Survivor (2022) 6.8
The Survivor (2022) စစ်ပြန်ရဲ​ဘော်​တွေ စစ်မှုထမ်း​ဟောင်းတွေ ​နေရပ်ပြန်​ရောက်ရင်စစ်အနိဌာရုံ​တွေ​ကို ပြန်မြင်​ယောင်ပြီး စိတ်ဒဏ်ရာ ရသွားတယ်ဆိုတာမျိုး ကြားဖူးကြမှာ​​​​ပေါ့၊ တကယ်လို့များ ဒုတိယကမ္ဘာစစ်နာဇီစစ်သုံ့ပုန်းစခန်းက​နေ ဂျူးလူမျိုးတစ်​ယောက် အသက်​ရှင်လျက်လွတ်​မြောက်လာခဲ့တယ်ဆိုရင် အဲဒီဂျူးလူမျိုးရဲ့စိတ်မှာဒဏ်ရာအနာတရ​တွေ အတိတ်ရဲ့အရိပ်တ​စ္ဆေ​တွေ ဘယ်​လောက်များ​နေမယ်ထင်ပါသလဲ။ The Survivorဆိုတဲ့ ၂၀၂၁ထွက် ရုံတင် Biographicalရုပ်ရှင်က​တော့အက်ရှ်ဝှစ်ဇ် သုံ့ပန်းစခန်းဆိုတဲ့ ဂျူးလူမျိုး​တို့အတွက်ငရဲတမျှ ရက်စက် ကြမ်းကြုတ်လွန်းတဲ့ နာဇီသုံ့ပန်းစခန်းက​​နေလွတ်​မြောက်လာခဲ့ပြီး စစ်​ကြီးပြီးတဲ့​နောက် အ​မေရိကန်နိုင်ငံမှာလက်​ဝှေ့သမား ဖြစ်လာခဲ့တဲ့ ဟယ်ရီဟာ့ဖ် ​ခေါ် ဟက်ဇ်ကိုဟာ့ဖ်အ​ကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ IMDb မှာ 7.5Rotten Tomatoes 75%နဲ့ Metacritic 72% အထိ ရရှိထားတာပဲဖြစ်ပါတယ်။ အက်ရှ်ဝှစ်ဇ်ငရဲခန်းကြီးမှာ အသက်ရှင်သန်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရလဲ၊ထိုစခန်းမှ ဘယ်လိုလွတ်​မြောက်လာကာ USမှာလက်​ဝှေ့သမားအဖြစ် ဘယ်လိုအသက်​မွေးရပ်တည်မလဲ၊သူ့ရဲ့စိတ်ဒဏ်ရာ​တွေက အတိတ်မှာ​ရော ပစ္စုပ္ပန်မှာပါဘယ်​​လောက် ဒုက္ခ​ပေးမလဲ၊ အဲဒီ​ ခြောက်လှန့်မှု​တွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာကို HBO တို့ထုံးစံအတိုင်းဇာတ်အိမ်​ လေး​လေးပင်ပင်၊Setting​ ကောင်း​ကောင်းနဲ့ရိုက်ကူးထားတာဖြစ်လို့ အညွှန်းကိုတောင်အ​ထွေအထူးကွန့်​​ဖို့မလိုတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်၊ကြည့်ရှုပြီးသွားချိန်မှာ​ ရသတစ်မျိုး ခံစားရစ်ခဲ့မှာ ​သေချာတဲ့Heavy Drama movieပဲဖြစ်ပါတယ်။ File ...
movie

The Survivor (2022)

Gangubai Kathiawadi(2022) 7.0
Gangubai Kathiawadi(2022) Gangubai Kathiawadi (2022) =============== (ရုံတင်ခိုးရိုက်ဝါးတားတားမဟုတ်တဲ့ Netflix ရုပ်သံအကြည်ဗားရှင်းကို တင်ဆက်ပေးလိုက်ပါပြီ)IMDb Rating 7.0 နဲ့ Rotten Tomatoes (91%) ထိ ရရှိထားပြီး မင်းသမီး Alia Bhatt အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသားကြီး Ajay လဲ အားဖြည့်ပါဝင်ထားပါတယ်။Bajirao Mastani,Padmaavat,Devdas တို့လို ရုပ်ရှင်ကားကြီးတွေရဲ့ ဒါရိုက်တာ Sanjay Leela Bhansali ရဲ့လက်ရာဖြစ်တာမို့ ပိုလို့လူကြိုက်များခဲ့ပါတယ်။ဇာတ်လမ်းကလဲ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။ 1960ခုနှစ်များဆီက မွန်ဘိုင်းရဲ့ မာဖီးယားဘုရင်မတစ်ယောက်ဖြစ်တဲ့ Ganga Harjivandas ရဲ့ ဘဝဇာတ်ကြောင်းဖြစ်ပါတယ်။သူမဟာ ငယ်စဉ်ကဘောလီးဝုဒ်ရုပ်ရှင်စတားတစ်ယောက်​ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမဲ့ ချစ်သူရဲ့ လှည့်စားမှုကို ခံရပြီး ပြည့်တန်ဆာအဖြစ် ရောင်းစားခံလိုက်ရပါတော့တယ်။ ထက်မြက်တဲ့မိန်းမတစ်ယောက်ဟာခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆိုင်ပြီး ပြည့်တန်ဆာခေါင်းအဖြစ်ရှင်သန်ရပ်တည်လာတဲ့နောက်မှာ ယဉ်ကျေးမှုအစဉ်အလာအားကြီးတဲ့အိန္ဒိယနိုင်ငံရဲ့ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းက နှစ်တစ်ရာလောက်ရပ်တည်လာတဲ့ သူမတို့ ပြည့်တန်ဆာအိမ်က အမျိုးသမီး ၄၀၀၀ရဲ့ ဘဝတွေကို တိုက်ခိုက်ရန်စလာတဲ့အခါ... အနာဂတ်ကိုဆက်လျှောက်ရမယ့် ကလေးတွေနဲ့ ပြည့်တန်ဆာတစ်ယောက်မှာလည်း ရသင့်တဲ့ ...
movie

Gangubai Kathiawadi(2022)

2022
1080p HEVC
This Boy’s Life (1993) 7.3
This Boy’s Life (1993) This Boy's Life (1993)~ IMDb - 7.3/10, Rotten Tomatoes - 76% ~မျှော်လင့်ခြင်း ရွှေအတောင်ပံတွေ ဒဏ်ရာဗရပွနဲ့ မပျံနိုင်တော့တဲ့အခါ ပုန်ကန်စိတ်တွေ၊ မိုက်ရူးရဲခြင်းတွေနဲ့ ရွှေအတောင်ပံ တဖျတ်ဖျတ်ခတ်ခဲ့ဖူးကြတဲ့ လူငယ်ဘ၀တွေကို ပြန်မက်မောမိခဲ့ကြတာပေါ့။ လူငယ်ဘ၀တွေမှာတော့ ဒဏ်ရာတွေ ဘယ်လောက်ပဲများခဲ့ကြပါစေ အနာဂတ်ဆီ မျှော်လင့်ချက်အပြည့်နဲ့ ရှေ့ဆက်ပြီး ရွှေအတောင်ပံတွေ တဖျတ်ဖျတ်ခတ်နိုင်ခဲ့ကြတာပဲမလား။ ဒီရုပ်ရှင်ဟာ ပျိုမျစ်ခဲ့တဲ့တစ်ချိန်တစ်ခါဆီကို မျှော်ရည်ရင်း အားလုံးရဲ့ ရွှေအတောင်ပံတွေက ဒဏ်ရာတွေကို ပြန်ကောင်းလာဖို့ အထောက်အကူဖြစ်စေမယ့် ရုပ်ရှင်ပါပဲ။ဇာတ်လမ်းကတော့ လူငယ်လေးတစ်ယောက်ရဲ့ ရွှေရောင်နေ့ရက်တွေ၊ မပြေမလည်မိသားစုထဲ ရခဲ့ဖူးတဲ့ ဒဏ်ရာတွေအကြောင်း၊ သူ့အိပ်မက်ကို သူမက်ခဲ့တဲ့အကြောင်းတွေပေါ့။ စာရေးဆရာရဲ့ငယ်ဘ၀မှတ်တမ်းကိုရေးထားတာကနေ ပြန်ရိုက်ထားတဲ့ကားဆိုတော့ လက်တွေ့ကျကျပါပဲ။မင်းသားတွေက ရောဘတ်ဒီနဲရိုးနဲ့ လီယိုနာဒိုပါ။ လီယိုနာဒိုဟာ ကလေးဘ၀ကတည်းက ပြောင်မြောက်ခဲ့တာကို သက်သေပြနေမယ့် ရုပ်ရှင်ဖြစ်သလို သူ့ပထွေးအဖြစ်သရုပ်ဆောင်တဲ့ ဒီနဲရိုးဟာ လူဆိုးဇာတ်ရုပ်မှာလည်း မညံ့တာ မြင်ရမှာပါ။ ...
movie

This Boy’s Life (1993)

1993
Red Dog (2011) 7.4
Red Dog (2011) Red Dog (2011)~ IMDb - 7.4/10, Rotten Tomatoes - 83% ~လူသားတွေမှာ soul (ဝိညာဉ်) ဆိုတာ ရှိပါသတဲ့။ သူက ရုပ်လုံးရယ်လို့မရှိဘဲ အ‌ဖြူရောင်အလင်းလုံးသပ်သပ်ရယ်ပါ။ သူက ခန္ဓာစဲတဲ့အခါမှာ ကိုယ်ခန္ဓာကိုစွန့်ခွာလို့ ကောင်းကင်ဘုံကို ခိုဝင်ရောက်ရှိပါသတဲ့။ ဝမ်းနည်းစရာကောင်းတာကတော့ တိရစ္ဆာန်လေးတွေမှာ ဝိညာဉ်မရှိရှာပါဘူး။ သူတို့ဟာ သေဆုံးချိန်မှာ ဒီအတိုင်းပျောက်ကွယ်သွားကြပါသတဲ့။ဝိညာဉ်ရှိပါတယ်ဆိုတဲ့ လူသားတွေကြားမှာ၊ ခွင့်လွှတ်ခြင်းကိုခံရပြီး သုခဘုံမှာ ခိုဝင်ရမယ်ဆိုတဲ့ လူသားတွေကြားမှာ ခွေးတစ်ကောင်ဟာ မွန်မြတ်ခြင်းကို လမ်းပြသွားလေရဲ့။ သစ္စာတရား၊ မေတ္တာတရား၊ တွယ်တာမှု စတဲ့ ကောင်းခြင်းတရားတွေကို လူသားတွေသိအောင် သင်ကြားပေးခဲ့သူပေါ့။ သူဟာ တောရိုင်းခွေးတစ်ကောင်ရယ်ပါ။ ဩစတေးလျရဲ့ အနီသွေးလွှမ်းတဲ့မြေပေါ်က နီညိုရောင်ခွေးတစ်ကောင်ပါပဲ။ဒီဇာတ်ကားဟာ ခွေးချစ်သူတွေ မျက်ရည်မခိုင်ရင် မကြည့်သင့်ပါဘူး။ ဂျပန်ခွေးလေး ဟာချီကို ရဲ့ ဇာတ်လမ်းက ကမ္ဘာကို ကိုင်လှုပ်ပြီးနောက်ပိုင်း သူ့ဇာတ်လမ်းကိုမှီးလို့ ဇာတ်ကားတွေ ...
movie

Red Dog (2011)

2011
Marie Antoinette(2006) 7.0
Marie Antoinette(2006) Marie Antoinette(2006) အညွှန်း****************************IMDb...7.0၁၇ ရာစုမှာ ပြင်သစ်တော်လှန်ရေးဖြစ်ခဲ့ပြီး တော်လှန်ရေးမဖြစ်ခင် နောက်ဆုံးစိုးစံခဲ့တဲ့ ဘုရင်မက မာရီအန်တွီနက်ပါပဲသူကတော့ တခြားသူမဟုတ်ပါဘူး ‘ပေါင်မုန့်မရှိရင် ကိတ်မုန့်စား’ ဆိုပြီး ရာဇဝင်တွင်မယ့် စကားကိုဆိုခဲ့တဲ့သူပဲဖြစ်ပါတယ်ဒီဇာတ်ကားဟာ သူ့ကိုဗဟိုပြုပြီး ရိုက်ကူးထားတာဖြစ်ပြီးspiderman မင်းသမီးဟောင်း Christen Dunst ပါဝင်ထားပါတယ်မာရီတစ်ယောက် အမျိုးသမီးပင် ဖြစ်လင့်ကစားပြင်သစ်နန်းတွင်းမှာ ဝင်ဆန့်အောင်ကြိုးစားရပုံတွေထီးနန်းဆက်ခံမယ့်သားတော်မွေးစေချင်တဲ့ ဖိအားတွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ...File Size :(2.1GB)(1.1GB) and (239MB) Quality : Blu-Ray 1080p5.1Ch, 720P Format…mp4 Duration…02:03:00 Genre : , Drama ,Biography , History Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Marie Antoinette(2006)

David Beckham: Infamous (2022) 5.0
David Beckham: Infamous (2022) David Beckham: Infamous (2022)========================ဒေးဗစ်ဘက်ခမ်းဆိုတဲ့ နာမည်တစ်လုံးဟာ ​ဘောလုံးအားကစား ကို ချစ်မြတ်နိုးတဲ့သူ​တွေ​ရော၊ဘောလုံးအ​ကြောင်း ဘာဆိုဘာမှ မသိတဲ့လူ​တွေအတွက်ပါ လုံးဝမစိမ်းတဲ့နာမည်တစ်ခုပါ၊ လန်ဒန် ဇာတိဖြစ်တဲ့ ဘက်ခမ်းဟာ ပရိုကစားသမားဘဝကို အင်္ဂလန်ရဲ့ အ​အောင်မြင်ဆုံးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်မှာ အစပြုခဲ့ပြီးရီးရဲလ်မက်ဒရစ်၊အေစီမီလန်တို့လို ကမ္ဘာ့ထိပ်သီး အသင်း​တွေမှာ လည်း ကစားခဲ့ဖူးသူပါ၊ ပရီးမီးယားလိဂ်ဖလား၆လုံ၊ အက်ဖ်​​အေဖလား၂လုံး လာလီဂါဖလား၁လုံး၊ ချန်ပီယံလိဂ်ဖလား ၁လုံးအပြင် ဆုဖလား​​ပေါင်းများစွာရရှိဖူးတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ ကစားသမားဘဝ ​အောင်မြင်မှုဟာ ​မေးခွန်းထုတ်စရာမရှိပါဘူး။ဒါအပြင် ​ဗြိတိန်နာမည်​ကျော် Spice Girlsအဆို​တော်အဖွဲ့ဝင် ဗစ်တိုးရီးယားနဲ့ လက်ထပ်ပြီး​နောက် ​ဘက်ခမ်းဟာ ဘောလုံး သမားတစ်​ယောက်ရဲ့​အောင်မြင်မှုအပြင် celebrityတစ်ဦးရဲ့ ​အောင်မြင်မှု၊ သူ့ရဲ့ပုံရိပ်မြှင့်တင်မှု​တွေပါ လုပ်လာခဲ့ပြီး ကမ္ဘာ ​ပေါ်မှာ မသိသူမရှိတဲ့ Sportman, Merchandising icon တစ်ဦးဖြစ်လာခဲ့သူပါ။ဒီလို​အောင်မြင်မှု​တွေ ရရှိလာခြင်းနဲ့အတူ သူ​ပေးဆပ်လိုက်ရတဲ့ အရာ​တွေကို ဒီ documentaryထဲမှာ အတိအလင်း​ဖော်ပြထား ပါတယ်၊ မန်ယူနိုက်တက်ရဲ့ သမိုင်းဝင်ဖလား၃လုံး​အောင်မြင်မှု မှာ အ​ရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သလို ၂၀၀၂မှာ ကမ္ဘာ့ လုပ်ခလစာအများဆုံး ကစားသမားဖြစ်လာခဲ့တဲ့ ဘက်ခမ်းဟာ သူ့ရဲ့imageကို ​​ဘောလုံးကစားတာထက် ပိုအ​လေး​ပေးတာ​လို့ နောက်ဆက်တွဲ​ဖြစ်လာတဲ့ ဆာအဲလက် ဖာဂူဆန်နဲ့ အကွဲအပြဲ​ ဇာတ်လမ်း​တွေ၊ ထိုမှတဆင့် ရီးရဲလ်အသင်းကို ထွက်သွားရပြီး ထိပ်သီး​ဘောလုံးသမားဘဝမှ ...
movie

David Beckham: Infamous (2022)

2022
The Pilot A Battle for Survival(2022) 6.0
The Pilot A Battle for Survival(2022) The Pilot A Battle for Survival(2022)၂၀၂၂ ရဲ့ ရုရှား စစ်ကားအသစ်လေး ကြည့်လိုက်ရအောင်။ ဒုတိယကမ္ဘာစစ်အတွင်း လေယာဉ်မှူးတစ်ယောက်ရဲ့ စွန့်စားခန်းတွေဖြစ်ပါတယ်။တိုက်ပွဲဝင်ရင်း လေယာဉ်ပျက်ကျပြီး ဂျာမန်တွေလက်က လွတ်အောင် ပြေးလာရတာတွေ၊ ဒဏ်ရာကြောင့် ခြေထောက်တွေ ပြတ်သွားပေမဲ့ လေယာဉ်ပြန်မောင်းပြီးတိုက်ပွဲဝင်ဖို့ ကြိုးစားတာတွေကို ဖြစ်ရပ်မှန်တွေကိုအခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ စစ်ကားကောင်းကောင်းကြိုက်သူတွေအတွက် သင့်တော်တဲ့ရုပ်ရှင်ပါပဲ။ ကြည့်လိုက်ကြပါဦး။File size…(1.82 GB)/(979.57MB)/(669.61MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Drama/ biography/history Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson
movie

The Pilot A Battle for Survival(2022)

King Richard (2021) 7.5
King Richard (2021) 2021 အကောင်းဆုံးကားတွေထဲက တစ်ကားလို့ပြောလို့ရတဲ့ Will Smith ကားလာပါပြီဒီကားဟာ သူနာမည်ကြီးခဲ့တဲ့ Pursuit of Happyness ကိုပုံစံတစ်မျိုးနဲ့ ပြန်ကြည့်ရသလိုပါပဲ တော်တော်လေးကောင်းပါတယ် ဒါပေမယ့် ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိကဇာတ်ကောင်တွေ တင်းနစ်ကစားသမားအကျော်အမော်တွေ ကစားပွဲတွေ ဒိုင်ယာလော့တွေကအစ တကယ့်ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ် တင်းနစ်အားကစားကိုစိတ်ဝင်စားတဲ့လူတွေဆိုရင် ဆီရီနာနဲ့ဗီးနပ်စ်ဝီလီယျံ( Serena & Venus) ကို သိကြမှာပါ Grand Slam အိုးပင်းနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ၂၃ ကြိမ်လောက် ဗိုလ်စွဲထားတဲ့ ညီအစ်မဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ နဲ့ ၂ နေရာကိုရှေ့နောက်ယူခဲ့တဲ့ ပထမဆုံး အာဖရိကန် - အမေရိကန်ညီအစ်မလည်းဖြစ်ပါတယ်ဒါပေမယ့် သူတို့ဒီလောက်ထိအောင်မြင်ခဲ့ဖို့ နောက်ကွယ်က ကြိုးကိုင်ပေးခဲ့တဲ့ သူတို့အဖေ ရစ်ချက် ဝီလီယျံ( Richard William) ကိုမေ့ထားလို့မရပါဘူး ဒီကားမှာ ရစ်ချက်ဝီလီယျံအဖြစ် Will Smith ကပါဝင်ထားပြီး ဆီရိနာနဲ့ဗီးနပ်တို့ရဲ့ ငယ်ဘဝကနေ.. ပရိုတင်းနစ်သမားတွေဖြစ်အောင် ဖခင်ဖြစ်သူနဲ့ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရားခဲ့ရသဲဆိုတာ တွေ့ရမှာပါတင်းနစ်ဆိုတာ လူဖြူတွေပဲ ကြီးစိုးတဲ့ အားကစားဖြစ်ပြီး လူမည်းကစားသမားဆိုတာ မရှိသလောက်ရှားပါတယ် အထူးသဖြင့် လူမည်းအမျိုးသမီး တင်းနစ်မယ်ဆိုတာ မရှိခဲ့ပါဘူး ...
movie

King Richard (2021)

Rescued by Ruby (2022) 7.2
Rescued by Ruby (2022) K9 ဆိုတဲ့ အနံ့ခံခွေးတပ်ဖွဲ့ကို အရမ်းကိုဝင်ချင်နေတဲ့ ဒန်နီရယ် ဘယ်အိမ်ကမှာမမွေးစားနိုင်အောင်ဆိုးလို့ ဂေဟာမှာ သောင်တင်နေတဲ့ ရူဘီဆိုတဲ့ ခွေးမလေးအကြောင်းဖြစ်ရပ်မှန်ရိုက်ထားတဲ့ကားလေးပါပဲ ဟော့ဒေါဆိုရင် မနေနိုင်မထိုင်နိုင် အရမ်းကြိုက်တဲ့ ခွေးမလေးရူဘီဟာ သူ့ရဲ့သခင်အမှန်ကိုမတွေ့ရသေးခင်အထိ မွေးစားတဲ့အိမ်တွေမှာ စကားနားမထောင်ဘဲ လုပ်ချင်တာတွေလုပ်လို့ ဂေဟာမှာသောင်တင်နေတာပါ ဒန်နီရယ်ကလည်း K9ကိုဝင်ချင်လွန်းလို့ စာမေးပွဲ ၈ကြိမ်ဖြေပြီးတဲ့အထိ မအောင်သေးတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ပါ တစ်နေ့တော့ ဘယ်သူမှ မမွေးစားတဲ့ ရူဘီကို ဂေဟာက လက်စသတ်ဖို့လုပ်နေတုန်း အကြောင်းအရာတိုက်ဆိုင်ပြီး ဒန်နီရယ်တဲ့တွေ့သွားကြတဲ့အခါ ဘာတွေဖြစ်လာမလဲ ရူဘီ့ကို ဒန်နီရယ်က သူများတွေနဲ့မတူဘဲ လေ့ကျင့်ပေးနိုင်မလား ရူဘီကရောဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာ ကြည်နူးမှုလေးနဲ့ ကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါ တချို့ကားတွေလို့ ခွေးလိမ္မာလေးက အစစအရာရာလိမ္မာတာမဟုတ်ဘဲ ခက်ခက်ခဲခဲသင်ကြားပေးရတဲ့ကားဆိုတော့ ကြည့်ရတာတန်မှန်လို့ မျှော်လင့်ပါတယ်  File size…(1.88 GB)/(904.61 MB )/(519.19 MB ) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama, Biography, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

Rescued by Ruby (2022)

83 (2021) 7.4
83 (2021) 83 (2021) ဇာတ်လမ်းအညွှန်းအခုတစ်ခေါက်မှာတော့ 1983 ခုနှစ် ဝန်းကျင်ကာလကို ကျောရိုးတည်ပြီး ရိုက်ကူးထားတဲ့ ဘောလီးဝုဒ် ကရစ်ကတ်-အားကစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားဟာဆိုရင် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2021 ခုနှစ်အတွင်း ပရိတ်သတ်တွေ သောင်းသောင်းဖြဖြ အားပေးခဲ့ကြတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်အိန္ဒိယနိုင်ငံဟာ 1983 ခုနှစ်မတိုင်မီ ၃၅ နှစ်အကြာ ကာလတည်းက လွတ်လပ်ရေးရခဲ့ပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ဗြိတိသျှတွေဆီက လေးစားသမှုမဆိုထားနဲ့ မထိတထီ စော်ကားမော်ကားလုပ်တာတွေကိုပင် ခံနေရဆဲဖြစ်ပါတယ်။သူ့ကျွန်ဘဝကလွတ်မြောက်ခါစကာလမှာ အားကစားကဏ္ဍအပါအဝင် အစစအရာရာ နိမ့်ပါးနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲမှအနိုင်မရဖူးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် လူတိုင်းက ဟားတိုက်ခံရတဲ့အခြေအနေမှာ ရောက်ရှိလို့နေပါတယ်တစ်နေ့မှာတော့ ကတ်ပေးလ်ဒက်ဗ် ဆိုတဲ့ ကရစ်ကတ်ကစားသမားတစ်ဦးက အိန္ဒိယအသင်းကို ကပ္ပတိန်အဖြစ်ဦးဆောင်ပြီး အင်္ဂလန်ကို ကမ္ဘာ့ဖလားသွားရောက်ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။နာမည်ကျော်သရုပ်ဆောင်များစွာပါဝင်ထားပြီး ကြည့်တဲ့ပရိတ်သတ်ကိုပါ မျိုးချစ်စိတ်ဓာတ်တွေ တဖွားဖွားပေါ်လာစေတဲ့ ဇာတ်ကားကောင်းတစ်ပုဒ် ...
movie

83 (2021)

2021
Aline (2022) 6.5
Aline (2022) Aline (2020)" My Heart Will Go On " ဆိုတဲ့ တိုက်တန်းနစ်သီချင်းလို့ လူသိများတဲ့ ကမ္ဘာကျော်သီချင်းရဲ့ သီချင်းရှင် Celine Dion ကို မိတ်ဆက်ပေးစရာ မလိုလောက်အောင် လူတိုင်းနီးပါး သိကြပြီးသား ဖြစ်မှာပါ။နှုတ်ခမ်းဖျားလေးနဲ့တင် High Note တွေကို သီဆိုနိုင်တဲ့ ဒီအမျိုးသမီးကို ကျွန်တော်တို့တွေ ချီးကျူးကြတယ်၊ သဘောကျကြတယ်၊ အားကျကြတယ်။ သူ့ရဲ့ သီချင်းတွေကိုလည်း မြတ်နိုးကြတယ်။အခုတော့ ဒီအမျိုးသမီးဟာ သူ့ရဲ့ ဘ၀ဇာတ်ကြောင်းကို ရုပ်ရှင်တစ်ခုနဲ့ မှတ်တမ်းအတင်ခံရလောက်တဲ့အထိ အောင်မြင်တဲ့ အကျော်ဇေယျတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ဇရာအိုပြီဖြစ်တဲ့ မိခင်ကြီးရဲ့ မွေးဖွားဖို့ ချီတုံချတုံ ဖြစ်ခဲ့ရာကနေ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ မွေးချင်း ၁၄ ယောက်မှာ အထွေးဆုံးလေး အယ်လင်းအဖြစ် မွေးဖွားအမည်တွင်လာခဲ့တယ်။ တစ်ခါကြားရုံနဲ့ စွဲမက်စေနိုင်လောက်တဲ့ အသံပါရမီကလည်း ပါလာခဲ့ပြန်တယ်။" ကလေးမလေး သီချင်းမဆိုရင် ငါတို့ မလာဘူး " လို့ ပြောယူရလောက်တဲ့အထိ ငယ်စဉ်ကတိုင် လူအများရဲ့ အသိအမှတ်ပြုမှု ချီးကျူးမှုတွေကို ခံယူခဲ့ရသူဖြစ်တဲ့ အယ်လင်းဟာ " ...
movie

Aline (2022)

2022