Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Biography
6.8
The Royal (2022)
The Royal (2022)~ IMDb rating - 6.8/10 ~ဒါကတော့ မိဘမေတ္တာဖွဲ့ မိသားစု ဒရာမာကားကောင်းလေးပါ။ ဝီလီဟာ ကမ္ဘာကျော် ဘေ့စ်ဘောသမားတစ်ယောက်ဖြစ်ခဲ့ပြီး... လောကဓံတရားကို မတွန်းမလှန်နိုင်တဲ့အခါ မူးယစ်ဆေးနွံနစ်ပြီး ထောင်နန်းစံခဲ့ရပါတော့တယ်။ထောင်ဒဏ်ဟာလည်း မသေးလှ၊ ၂၁နှစ်ဆိုပေမယ့် သူ့ရဲ့ကောင်းကောင်းမွန်မွန် နေထိုင်မှုကြောင့် ခံဝန်နဲ့ ၁၄နှစ်သာနေခဲ့ရပြီး လွတ်မြောက်လာခဲ့တယ်။ ဒီအပြစ်တွေကြောင့် သူလက်လွှတ်လိုက်ရတဲ့ မိသားစုတွေနဲ့ သူသိပ်မြတ်နိုးရတဲ့ ဘေ့စ်ဘောနောက်ကို ပြန်လိုက်ဖို့ ကြိုးစားပါတော့တယ်။ မိန်းမဖြစ်သူက နားလည်ခွင့်လွှတ်ပေးလိုက်ပေမယ့် သမီးလေး ကာမီလာကတော့ တစ်ဘဝလုံးပျောက်နေတဲ့အဖေကို တော်ရုံ ခွင့်မလွှတ်သလို လက်လည်းမခံပါဘူး။နောက်ပြီး ဘေ့စ်ဘောလောကကို ပြန်ဝင်ရောက်ချင်ပေမယ့် ငယ်ရွယ်နုပျိုမှုတွေ မရှိတော့တဲ့ ဝီလီတစ်ယောက် ဘယ်လိုဘယ်ပုံဘယ်နည်းနဲ့ ပြန်ဝင်ရောက်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။Kansas City Royal အသင်းမှာ ကစားခဲ့တဲ့ ထိပ်တန်း အမေရိကန် ဘေ့စ်ဘောသမား Willie Mays Aikens ရဲ့အကြောင်းကို တစ်စေ့တစ်စောင်း ...
movie
The Royal (2022)
2022
8.1
Ford v Ferrari (2019)
Ford v Ferrari (2019) IMDb - 8.1/10_______Rotten - 92% won 2 Oscars. Another 21 wins & 73 nominations ပြိုင်ကားထုတ်လုပ်သူတွေအတွက်တော့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် လမန်းစ် ကားပြိုင်ပွဲဟာ အရေးအကြီးဆုံး မှတ်ကျောက်တင်ခံရတဲ့ ပွဲပါပဲ။၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှ ာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ တစ်ပတ်ပြီး တစ်ပတ် ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု ကို အကောင်းဆုံး စမ်းသပ်တဲ့နေရာဖြစ်ပြီး အသက်ဘေးလည်း နီးတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ပြိုင်ပွဲမျိုးမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ပြိုင်ကားလောကမှာတော့ အဲဒီခေတ်မှာ ဖရာရီဟာ ပြိုင်ဘက်ကင်းပါပဲ။ ဒီ ဖရာရီအီတလီကားကုမ္ပဏီကို ဖို့ဒ်က ဝယ်ဖို့ကြိုးစားလာတဲ့အခါ ဖရာရီကားကုမ္ပဏီပိုင်ရှင် အန်ဇိုက ဖို့ဒ်ကို စော်ကားမော်ကား ပြောပြီး ငြင်းဆိုခဲ့တဲ့အတွက် ဒုတိယမြောက်ဟင်နရီဖို့ဒ်ဟာ ငွေတွေပုံအောသုံးပြီး အကောင်းဆုံးလူတွေနဲ့ ပြိုင်ကားတည်ဆောက်၊ လမန်းစ်ပြိုင်ပွဲမှာ ...
movie
Ford v Ferrari (2019)
2019
4K HEVC
8.1
Catch Me If You Can (2002)
IMDb Rating (8.1) / Rotten Tomatoes (96%)ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီး မင်းသားတွေကတော့မင်းသားကြီး Tom Hanks ရယ်…မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်…။ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလိုသူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်းဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲလမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့Carl Hanratty အဖြစ် Tom Hanks က ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီးအမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့ အလေ့အထတွေကိုခံစားမိစေပါတယ်။ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။ File size… ...
movie
Catch Me If You Can (2002)
2002
7.0
The Admiral (2015)
The Admiral (2015)==============IMDb Rating - 7.0/10ဒီဇာတ်ကားကို စရေးမယ့်အချိန် ပိုစတာကိုမြင်တော့ နည်းနည်းလေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အနေအထားက ဒီဘက်ခေတ်ထွက် ပေါပေါပဲပဲစတိုင် ဖြစ်နေတာမဟုတ်လား။ ဒီလိုနဲ့ Google ပြေးခေါက်၊ စာလေးဘာလေးပြေးရှာတော့ တို့များဖန်တွေ အပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိနေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆိုတော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆိုတော့ မြင်တွေ့နေကျ အနောက်တိုင်းရုပ်ရှင်တွေ၊ အတွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှားတဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထားတော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း စရေးတယ်ပေါ့။ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အခြေခံထားပြီး နယ်သာလန်ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသားပေးရိုက်ကူးထားတာပါ။ ပဒေသရာဇ်တွေကြီးစိုးနေသေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အကောင်အထည်ပေါ်နေပြီဖြစ်တဲ့ နယ်သာလန်ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် Prince of Orangeနဲ့ ပါတီနိုင်ငံရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ဟော်လန်ရဲ့ ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုးနေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်တွေက ရေကြောင်းထိုးစစ်တွေနဲ့ ...
movie
The Admiral (2015)
2015
7.0
The Soloist(2009)
The Soloist(2009) အညွှန်း**********************ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးမှာ Jamie Foxx နဲ့ Robert Downey Jr တို့ အပြိုင်ကြဲထားထားပါတယ်။သူ့နာမည်အပြည့်အစုံက နေသန်နီရယ်အန်တိုနီအဲယာစ်ဂျူနီယာ။မိခင်က အလှပြင်ဆိုင်ဖွင့်ထားပြီး အစ်မတစ်ယောက်ရှိတယ်။ဟိုးခပ်ငယ်ငယ် ကလေးဘဝတည်းက ချယ်လိုလို့ခေါ်တဲ့ တယောကြီးတီးရာမှာ တစ်ဖက်ကမ်းခတ် ပါရမီပါသူ။ ဂီတ အနုပညာကို အင်မတန်မြတ်နိုးသလို ဘီသိုဗင်ကိုလည်း အရူးအမူးချစ်ခင်လေးစားသူပေါ့။ကံဆိုးရှာတာက ထိုပါရမီရှင်ဟာ စိတ်ကစဉ့်ကလျား ရောဂါသည်ဖြစ်နေရှာတာပါပဲ။နားထဲ ကြားကြားနေရတဲ့အသံတွေတောင် သူ့မှာ ကျောင်းတစ်ဝက်တစ်ပျက်နဲ့ အယ်လ်အေလမ်းမပေါ်ကို ရောက်ခဲ့ရရှာပေါ့။လှည်းတစ်စီးနဲ့ ဖြစ်သလိုနေ ဖြစ်သလိုစားနေရရှာတဲ့သူဟာ ဂီတကိုတော့ အချစ်မလျော့ခဲ့ရှာဘူး။ ကောက်ရတဲ့ ပျက်လုနီးပါ တယောတစ်လက်ကို တစ်ခါမှမသင်ဖူးပါပဲကျွမ်းကျွမ်းကျင်ကျင် တီးခတ်နေလေ့ရှိပါတယ်။အယ်လ်အေစံတော်ချိန်သတင်းစာတိုက်က နာမည်ကျော်ဆောင်းပါးရှင် စတိဗ်လိုပတ်ဇ်။ သူကတော့ အခန်းဆက်ဆောင်းပါးတွေရေးတဲ့သူဖြစ်ပြီးသူ့စာဖတ်ပရိသတ် အတော်များတာပေါ့။ စာရေးဖို့ ကုန်ကြမ်းရှာရင်း နေသန်နီရယ်ကို သွားတွေ့ရာကဒီတိုင်း ပါရမီရှင်ရဲ့ လမ်းပေါ်က အခြေအနေကို မျက်နှာလွှဲမနေနိုင်တော့တဲ့အခါ။အပြင်မှာ စတိဗ်လိုပတ်ဇ်ဟာ ပူလစ်ဇာဆု စကာတင်စာရင်းမှာလေးကြိမ်တိတိဝင်ခဲ့တဲ့ စာရေးဆရာအကျော်အမော်ဖြစ်သလို နေသန်နီရယ်ဟာလည်းတူရိယာပေါင်းစုံကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်တဲ့ ဖိုးဖိုးကြီးဖြစ်ကြီး လက်ရှိ အယ်လ်အေမှာ ...
movie
The Soloist(2009)
7.1
8 Mile (2002)
ဒီဇာတ်ကားကတော့ 2002 နှစ်မှာ ထွက်ရှိခဲ့ပြီး Rap God ဖြစ်တဲ့ Eminem ရဲ့ဘဝဇာတ်လမ်း အကြောင်းဖြစ်ပြီး ဒါရိုက်တာ Curtis Hanson က ရိုက်ကူးပုံဖော်ထားပါတယ်။Rating တွေ အနေနဲ့က တော့ IMDb မှာ 7/10 ၊Rotten Tomatoes မှာ 76% နဲ့ Metacritic မှာတော့ 77% ရရှိထားပါတယ်။ဆုတံဆိပ်တွေအနေနဲ့ဆိုရင်လည်း Lose Yourself တေးသီချင်းနဲ့ အကောင်းဆုံးဂီတ၊မူရင်းသီချင်း အဖြစ် အော်စကာ ၁ ဆု ရရှိခဲ့သည့်အပြင်အခြားဆုပေါင်း ၁၀ ခုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဆုပေါင်း ၁၉ ခုအတွက်စကာတင်စာရင်းမှာလည်း ပါခဲ့ပါသေးတယ်။Biography တစ်ခုဖြစ်ပြီး ဒီလောက်ထိ rating တွေ၊ဆုတံဆိပ်တွေ ဆုပ်ကိုင်ထားနိုင်တာကအတော်လေးအောင်မြင်တယ် ဆိုရ မှာပါ။ ဇာတ်လမ်းအသွားကတော့သူ့တစ်ဘဝလုံးလိုလို ရုန်းကန်နေရတဲ့ လူငယ် rapper လေးတစ်ယောက်ကသူ့ရဲ့ နောက်ဆုံးအခွင့်အလမ်းတစ်ခုကို စမ်းချင်နေတာပါ။ဒါပေမယ့် ...
movie
8 Mile (2002)
2002
8.1
Malik (2021)
Malik (2022) Action, Drama, Biography IMDb 8.1/10ဒီဇာတ်ကားလေးက အရမ်းကို ကြေကွဲဖို့ကောင်းတဲ့ လူမိုက်ကြီးတစ်ယောက်ရဲ့အကြောင်းပေါ့...လူမိုက်ဆိုတာနဲ့ ကျွန်တော်တို့ ရမ်းကားဆိုးသွမ်းနေတဲ့ လူတစ်ယောက်လို့ ပြေးမြင်မိကြတယ်မလား...မဟုတ်ပါဘူး..အများအကျိုးကိုသယ်ပိုးနေရင်းနဲ့ အခြေအနေနဲ့အချိန်အခါက သူ့ကိုလူမိုက်ကြီးတစ်ယောက်ဖြစ်စေခဲ့တာပါ...သူ့နာမည်က ဆိုလိုင်မန်အလီ ခေါ် အလီဘိုင် မာလစ်(ဂေ့ါဖားသား)လို့ ပြောစမှတ်တွင်ခဲ့တဲ့သူပေါ့...ရာမာဒါပက်လီဆိုတဲ့မွတ်စလင်ရွာလေးနဲ့ ယေဒါဗက်သရားလို့ခေါ်တဲ့ ခရစ်ယာန်ရွာလေးနှစ်ရွာရှိတယ် ပင်လယ်ပြင်နဲ့နီးစပ်တဲ့ ကမ်းနားရွာလေးတွေပေါ့ အဲ့ဒီရွာနှစ်ခုက ညီရင်းအစ်ကိုတွေပမာ သင့်မြတ်စွာနေထိုင်ကြလို့ ဘယ်နိုင်ငံရေးသမားကမှ အမြတ်ထုတ်လို့မရတဲ့ ရွာလေးတွေပေါ့..အဲ့ဒီရွာတွေရဲ့ဆိုးကျိုးကိုလိုလားပြီး အမြတ်ထုတ်ချင်နေကြတဲ့လူတွေကို ကောင်းကောင်းပညာပေးတဲ့သူက အလီဘိုင်...ကိုယ့်ရွာ ကိုယ့်ပြည်သူ ကောင်းကျိုးအတွက်ဆို လူမျိုးရေးမခွဲခြားဘဲ အသက်ပေးရပေးရ လူပဲသတ်ရသတ်ရ အရဲစွန့်မယ့်လူစားမျိုး...အများအမြင်မှာတော့ လူမိုက်ကြီးပေါ့ တစ်မြို့နယ်လုံးကလည်း သူတစ်ခွန်းဆိုတစ်ခွန်း လေးစားချင်ခင်ကြတယ်...ဒီလိုလူမျိုးဆိုတော့လည်း မလိုတမာမုန်းထားတဲ့လူက များပြီပေါ့...လူရင်းတွေကပါ အကောက်ကြံလာတဲ့အခါ ဒီလူမှန်လူခါးကြီးရဲ့ ဘဝခရီးလမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ဖန်သားပြင်ထက်မှာ ရှုစားကြည့်ကြပါ..ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတဲ့အခါ ရင်ထဲတစ်ခုခုကျန်စေရပါမယ်လို့ ညွှန်းပေးလိုက်ပါတယ်နော်... File size…2.75GB / 1.34GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Malik (2021)
2021
6.2
Shabaash Mithu (2022)
Shabaash MithuIMDb-7/10ကဲ ယူတို့အသည်းကျော် Haseen Dilruba ထဲက မင်းသမီးချောလေး တာ့ပ်ဆီးပါနူးရဲ့ ဇာတ်ကားသစ်လေး ထွက်လို့လာပြန်ပါပြီနော်ဒီကားလေးကအိန္ဒိယမှာ အမျိုးသမီးခရစ်ကတ်အသင်းတွေကို အသိအမှတ်ပြုမခံရသေးခင်က ရိုက်ထားတဲ့ကားလေးပါခရစ်ကတ်ဟာ အမျိုးသမီးနဲ့မသက်ဆိုင်တဲ့အရာဆိုပြီးလှောင်ပြောင်ပြောဆိုခံရတဲ့ကြားက ငယ်ငယ်လေးတည်းက ခရစ်ကတ်ကိုပဲအရူးအမူးဖြစ်ပြီး ရတဲ့နည်းနဲ့ရအောင်ဆော့တဲ့ကလေးမလေးတစ်ယောက်အရွယ်ရောက်လာလို့သူ့အိမ်မက်တွေကိုယ်တိုင်အကောင်အထည်မဖော်နိုင်တဲ့အချိန် အချစ်ဆုံး သူငယ်ချင်းကပဲ အိမ်မက်တွေကို ကိုယ်စားအကောင်အထည်ဖော်ဖို့ ကြိုးစားပေးခဲ့တယ်အစွမ်းကုန်ကြိုးစားအားထုတ်ပေးခဲ့လို့ သူကိုယ်တိုင်အသင်းခေါင်းဆောင်ဖြစ်ခဲ့သလို အသင်းကလည်းစွမ်းဆောင်ရည်ပြည့်ဝခဲ့ပါတယ် ကမ္ဘာ့ပွဲစဥ်တွေထိတက်ပြိုင်ဖို့ အိမ်မက်တွေနဲ့ကြိုးစားကြတယ် ရောက်နိုင်တဲ့အနေအထားလည်းရှိတယ်ဒါပေမယ့် လုံလောက်တဲ့ ထောက်ပံ့မှုတွေမရခဲ့ဘူး တစ်နှစ်စာကျင်းပယှဥ်ပြိုင်နိုင်ဖို့ ပြိုင်ပွဲတောင်များများမရခဲ့ပဲ ရှေ့ဆက်ဖို့ လမ်းပျောက်ခဲ့တယ်....ကပ္ပတိန်က လက်လျှော့ပြီးဇာတိပြန် အသင်းသားတွေ တစ်ကွဲတစ်ပြားဖြစ်သွားခဲ့ရတဲ့နောက်ခရစ်ကတ်ကိုလုံးဝလက်လျှော့ပြီး အိမ်ထောင်ပြု သာမန်အမျိုးသမီးဘဝနဲ့ပဲနေသွားမလား.... ခရစ်ကတ်ကမ္ဘာ့အဆင်ပွဲထိတက်ပြိုင်နိုင်မလား.....အမျိုးသမီးအဓိကထားရိုက်ထားပေမယ့် အမျိုးသမီးဝါဒီတွေအလွန်အကျူးမပါတဲ့ ဇာတ်ကားကောင်းလေးပါ File size…2.4GB / 1.2GB Quality…1080p TRUE WEBDL / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Su Mon Aung & Taylor & Yunni
movie
Shabaash Mithu (2022)
2022
6.4
Kid Cannabis (2014)
Kid Cannabis (2014)~ IMDb - 6.4/10, Rotten Tomatoes - 71% ~လောကမှာ ပိုက်ဆံတွေဒလဟောဝင်ဖို့ အကောင်းဆုံး စီးပွားရေးကဘာဖြစ်မလဲ...? သေချာပါတယ်... မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာကလွဲပြီး တခြားမရှိနိုင်ပါဘူး။အမေရိကန်နိုင်ငံက ဆယ်ကျော်သက်ကောင်လေး၂ယောက်ဟာ သူတို့ရဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ဆေးခြောက်တွေရောင်းရင်း ချမ်းသာလာတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို Kid Cannabis ဆိုတဲ့ ရုပ်ရှင်ကားမှာကြည့်ရပါမယ်။ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဒီရုပ်ရှင်ကားလေးမှာ ဆယ်ကျော်သက်ကလေးတွေဟာ သူတို့ဘဝချမ်းသာလာဖို့ ကနေဒါနိုင်ငံက ဆေးခြောက်တွေကို အမေရိကန်နိုင်ငံထဲ ခိုးသွင်းခဲ့ကြတယ်။ ကလေးတွေဆိုတော့ အားလုံး ကိုယ်ထူကိုယ်ထပါပဲ။ Cartel တွေလို အဆင့်မြင့်မြင့် မှောင်ခိုသွင်းကြတာမဟုတ်ဘဲ ကနေဒါ အောက်လမ်းကတဆင့် ခိုးကူးပြီးသွင်းကြရတာပေါ့။ အစပိုင်းမှာအဆင်ပြေသလို၊ အိပ်မက်တွေအကောင်အထည်ပေါ်လာသလိုဖြစ်ပေမယ့် လောကရဲ့ ဒုတိယဘုရားသခင်ဖြစ်တဲ့ ပိုက်ဆံပေါင်းမြောက်များစွာနဲ့ ထိတွေ့လာပြီးနောက်ပိုင်းမှာ သူငယ်ချင်းတွေကြားက အချင်းပွားမှုတွေ အဝေမတည့်တာတွေ မနာလိုသူရဲ့ တိုက်ခိုက်မှုတွေ စတင်ထိတွေ့လာခဲ့ရပါတယ်။အဓိကဇာတ်ဆောင်ကောင်လေး နိတ်တစ်ယောက် ဘယ်လိုနည်းလမ်း ဘယ်လိုလှည့်ကွက်တွေနဲ့ ...
movie
Kid Cannabis (2014)
2014
4.9
(21+)Nude(2010)
ဒီဇာတ်ကားလေးက ထူးခြားတယ်ဗျ AV မော်ဒယ်တွေ ရဲ့ ဇာတ်ကြောင်းကို စိတ်ဝင်စားအောင်ရိုက်ပြထားတယ် ပိုစိတ်ဝင်စားဖို့ကောင်းတာက မင်းသမီးလေးက နင်းကန်ချောတာပဲ သတင်းအတိုအထွာလေးတွေထဲမှာတွေ့မိမှာပါ ဂျပန်မလေးတွေ ဘယ်လိုလုပ်ပြီး AV မင်းသမီးတွေဖြစ်ကုန်တာလဲ AV မင်းသမီးတွေ ဘာလို့ဒီလောက်များနေတာလဲ စသဖြင့်ပေါ့ စိတ်ဝင်စားစရာတော့ အတော်ကောင်းတယ်ဗျ ကျွန်တော်တို့ ကြည့်နေရတာက သူတို့ရဲ့ ကင်မရာရှေ့က သရုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ် အခုဇာတ်လမ်းလေးက သူတို့ရဲ့နောက်ကွယ်က ခံစားချက်တွေ ဆန္ဒတွေကို ပါးပါးလေး လှစ်ဟ ပြထားတာပဲဖြစ်ပါတယ်.... ဇာတ်ကြောင်းလေးကတော့ သိပ်ပြီးချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ် အိပ်မက်ကိုယ်စီနဲ့ တက်ကြွနေတဲ့အရွယ် တစ်ယောက်ကတော့ ရည်မှန်းချက် အတော်ကြီးသလို အကောင်ထည်ဖေါ်ဖို့လည်း ဝန်မလေးပါဘူး... သူမရဲ့ ရည်မှန်းချက်က အနုပညာသမားတစ်ယောက်ဖြစ်ဖို့ပါပဲ...... ရည်ရွယ်ချက် ကြီးစွာနဲ့ တိုကျိုကိုသူတက်ခဲ့တယ် အထဲမှာစောင့်ကြိုနေတဲ့ ဝိသမလောဘသားတွေ... မိန်းကလေးမြင်ရင် AV လောကထဲ ဆွဲသွင်းနေကြတဲ့ စီးပွါးရေးသမားတွေ.... ဖေါ်ချွတ်ဓာတ်ပုံ မော်ဒယ်ပဲလုပ်မယ်ဆိုတဲ့ မိန်းကလေးတွေကို လိမ္မာပါးနပ်စွာ သူတို့အကွက်ထဲဝင်အောင် ဘယ်လို ဖန်တီးကြလဲ မိန်းကလေးကရော ရုန်းထွက်နိုင်မှာလား ဆိုတာ AV လောကကို ပါးပါးလေးထိုးပြထားတာဖြစ်လို့ လက်မလွတ်တမ်း ပညာယူရင်း ဂလုဖို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်ဒါရိုက်တာကြီးပြောသွားတဲ့စကားလုံးလေးလှတယ် ဒါအချစ်ခန်းမဟုတ်ဘူး အလုပ်ခန်း တဲ့ File size…1.4GB / 620MB Quality…1080p BluRay / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard ...
movie
(21+)Nude(2010)
2010
7.7
Elvis (2022)
Elvis (2022)သမိုင်းတလျှောက် အအောင်မြင်ဆုံး အဆိုတော်တွေထဲ တစ်ယောက်ဖြစ်တဲ့ အဲလ်ဗစ်ပရက်စ်လီအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ကို ဘာသာပြန်တင်ဆင်ပေးထားပါတယ်။ မင်းသားကြီး တွမ်ဟန့် နဲ့ မင်းသား အော်စတင်ဘတ်တလာတို့ အဓိက သရုပ်ဆောင်ထားပြီး ဒါရိုက်တာ၊ ဇာတ်ညွှန်းကတော့ The Great Gatsby ရဲ့ ဇတ်ညွှန်းဆရာကြီး Baz Luhrmann ပဲဖြစ်ပါတယ်။ အဲလ်ဗစ်ရဲ့ ငယ်ဘဝကနေသေဆုံးသွားတဲ့အချိန်အထိ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ အောင်မြင်မှုတွေ အခက်အခဲတွေ သမိုင်းတွေ အကြောင်းကို သီချင်းတွေနဲ့အတူ အကောင်းဆုံးရိုက်ကူးထားတာပါပဲ။ Bohemian Rhapsody လို အရသာမျိုးကောင်းကောင်းခံစားရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, Music Quality…. 1080p | 720p | 480p File size…2.6GB | 1.4GB | 554MB Format… mp4 Duration…. 2h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie
Elvis (2022)
7.9
Thirteen Lives (2022)
Thirteen Lives (2022)~ IMDb - 7.9/10, Rotten Tomatoes - 88% ~"Directed by Ron Howard"ထိုင်းမှာ ကလေး ၁၂ယောက်နဲ့ ဘောလုံးနည်းပြတစ်ယောက် ဂူထဲပိတ်မိတဲ့ သတင်းဟာ ဟိုးတုန်းက ဟိုးလေးတကျော်ပေါ့။ အဲဒီထဲ ရှမ်းအမေ မြန်မာနိုင်ငံသူရဲ့ ကလေးတောင်ပါပါတယ်။ ပထမဆယ်ရက်ထိ သူတို့ဆီမှာ ဘာစားစရာ ဘာရေမှ မရှိဘဲ ကယ်ဆယ်ရေးတွေရောက်တဲ့အထိ ရှင်အောင်နေနေခဲ့ကြတဲ့ စိတ်ရောကိုယ်ပါ သန်မာတဲ့ကလေး ၁၂ယောက်နဲ့ နည်းပြတစ်ယောက်ရဲ့အဖြစ်ကို ရှေ့နှစ်မှာ ဒိုကူမန်ထရီတစ်ကားထွက်ခဲ့ပြီး အဲဒီအရင်လည်းတစ်ကားထွက်ဖူးပေမဲ့ ဒီနေ့တစ်ရက်တည်းတင် နောက်၂ကားထွက်လာပါတယ်။ သို့ပေမဲ့ ဒီရုပ်ရှင်ကတော့ မတူပါဘူး။ မတူဆို ဒါရိုက်တာက စပြောရမှာပဲ။ဒါရိုက်တာက ရွန်ဟောင်းဝတ်။ 2001 မှာထွက်ခဲ့တဲ့ A Beautiful Mind ရုပ်ရှင်နဲ့ Best Picture, Best Director အပါအဝင် တခြားဆုတွေ ...
movie
Thirteen Lives (2022)
2022
8.5
The Pianist (2002)
The Pianist ကိုမပြောခင် ဒီဇာတ်ကားရိုက်တဲ့ Director Roman Polanski အကြောင်းနည်းနည်းပြောအုန်းမယ်။ပိုလန်စကီးက Polish-French ဒါရိုက်တာတစ်ဦး။ သူဒီဇာတ်ကားကိုမရိုက်ခင် ရှေ့ဆယ်စုနှစ်တခုလောက်က Schindler's list ဆိုတဲ့ဇာတ်ကားကိုရိုက်ဖို့ အခွင့်အရေးရခဲ့သေးတယ်။ ဒါပေမဲ့ ဇာတ်လမ်းကိုသိသိချင်းမှာဘဲ အဲ့ဇာတ်ကားကိုရိုက်ဖို့ပယ်ချလိုက်တယ်။ဘာလို့လဲဆိုတော့ သူ့ငယ်ဘဝက trauma တွေကြောင့်၊ သူကိုယ်တိုင် ဂျာမန်တွေရဲ့ Ghetto ထဲမှာနေခဲ့ရတဲ့အတွေ့အကြုံ၊ အော့ဇ်ဝင့်ချ် ထဲမှာ သူ့အမေသေခဲ့တဲ့ အတွေ့အကြုံ၊ သူ့အသက်၁၀ နှစ်လောက်မှာဘဲ သူ့အဖေရော အမေရောအဖမ်းခံလိုက်ရတဲ့အပြင် နာဇီ SS စစ်သားတွေဟာ သူနေတဲ့ ကရာကိုးမြို့ကိုသိမ်းပီး ပိုလန်ရဲ့မြို့တော်အဖြစ်ပြောင်းလဲသိမ်းပိုက်လိုက်ရုံတင် မက၊ သူ့ရှေ့တင် ဂျူးတွေကို လမ်းပေါ်မှာ ကြက် ငှက်လို ပစ်သတ်နေတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာဘဲဖြစ်ပါတယ်။အဲ့ဒါကြောင့် ဒုတိယကမ္ဘာစစ်အခြေခံ နာဇီ-ဂျူး ဇာတ်လမ်းဖြစ်တဲ့ Schindler's List ကိုရိုက်ဖို့ လက်မခံခဲ့တာပါတဲ့လေ။ ဒါပေမဲ့ ၁၀ စုနှစ်တခုအကြာ2002 မှာတော့ ဒုတိယကမ္ဘာစစ်ကိုအခြေခံထားတဲ့ The ...
movie
The Pianist (2002)
2002
1080p HEVC
5.4
Prizefighter: The Life of Jem Belcher (2022)
Prizefighter: The Life of Jem Belcher (2022)နာမည်ကျော် လက်ဝှေ့သမား ဂျမ်ဘယ်ချာ အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းသစ် ထွက်လာတာမို့ တင်ဆက်ပေးလိုက်ပါတယ်။ဂျမ်ဘယ်ချာ အနေနဲ့ သရုပ်ဆောင်ထားတာကတော့ မင်းသားကြီး Rusell Crowe ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ .... ၁၉ ရာစု အင်္ဂလန်မှာ လက်ဝှေ့အားကစားဟာ ခေတ်စားလာခဲ့တယ် ဂျမ်ဘယ်ချာဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ မျိုးဆက်လိုက် လက်ဝှေ့မှာ ပါရမီ ပါတဲ့သူတွေပါ သူက ငယ်စဥ်ကတည်းက အဖိုးဖြစ်သူ လက်ဝှေ့ထိုးလာတာကို ကြည့်ပြီး အားကျခဲ့ရတယ် အဖိုးဖြစ်သူဆီက ပညာသင်ယူချင်ပေမယ့် မိခင်ဖြစ်သူက အရက်သမားအဖိုးနား မနေခိုင်းခဲ့ပါဘူး အသက်ကြီးလာတော့ ဂျမ်က ပန်းပဲဖိုတစ်ခုမှာ အလုပ်လုပ်တယ် အလုပ်ကနေအပြန် လမ်းဘေးပွဲလေးတစ်ခုမှာ ပိုက်ဆံလိုလို့ဆိုပြီး ဝင်ထိုးတယ် အဲချိန်မှာ တစ်ချိန်က နာမည်ကြီးလက်ဝှေ့သမား ဘေလ်ဆိုသူက ပွဲကိုကြည့်နေတယ် ဘေလ်ကလည်း ဂျမ်ရဲ့ထိုးပုံတွေကို ကြိုက်တော့ သူ့ကို နည်းပြပေးဖို့ လုပ်လာခဲ့တယ် အဲမှာ ဘေလ်က ဂျမ်ကို အင်္ဂလန်ရဲ့ ချန်ပီယံဖြစ်အောင် ဘယ်လိုလုပ်ပေးမလဲ ဂျမ်ကလည်း ...
movie
Prizefighter: The Life of Jem Belcher (2022)
2022
9.2
Rocketry: The Nambi Effect(2022)
Rocketry: The Nambi Effect(2022) အညွှန်း*************************************IMDb...9.2 Rocketry: The Nambi Effect ဟာအိန္ဒိယရဲ့ဂုဏ်ထူးဆောင် သိပ္ပံပညာရှင်၊ လေကြောင်း၊အာကာသယာဉ်တည်ဆောက်မှုအင်ဂျင်နီယာကြီး Nambi Narayanan ရဲ့ဘ၀ဇာတ်ကြောင်းကို အခြေခံထားတဲ့ biographical dramaဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Narayanan ရဲ့ပရင်စတန်တက္ကသိုလ်ဘွဲ့ရကျောင်းသားဘ၀၊သိပ္ပံပညာရှင်တစ်ဦးမဖြစ်ခင်ဘ၀နဲ့ သူ့အပေါ်သူလျှိုမှုနဲ့လုပ်ကြံစွဲချက်တင်ခံခဲ့ရပုံတွေနဲ့ ဒီလောကဓံတွေကိုရင်ဆိုင်ဖြတ်ကျော်ခဲ့ပုံတွေကိုရှုစားရမှာဖြစ်ပါတယ်။ Nambi Narayanan အဖြစ် 3 Idiots ဇာတ်ကားနဲ့မြန်မာပရိသတ်တွေရင်းနှီးကြတဲ့R. Madhavan ကခေါင်းဆောင်ပါဝင်ထားတဲ့အပြင် ဇာတ်လမ်းဇာတ်ညွှန်းဒါရိုက်တာအဖြစ်ပါတာဝန်ယူခဲ့တာပါ။ဝေဖန်သူတွေရော ပရိသတ်တွေပါ အကြိုက်တွေ့အောင်မြင်ခဲ့ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာပြသဖို့ရွေးချယ်ခံခဲ့ရတဲ့ ရုပ်ရှင် ၆ ကားထဲမှာတစ်ကားအပါအဝင်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာကျော်ဘောလိဝုဒ်မင်းသားကြီး Shah Rukh Khan နဲ့ထိပ်သီးတမီလ်မင်းသားကြီး Suriya တို့ကလဲ Cameo ပါဝင်ပေးထားပါသေးတယ်။ အတ္တုပတ္တိဇာတ်ကားတစ်ကားဆိုပေမယ့် ပျင်းစရာမကောင်းပဲနစ်မျောသွားအောင်သေသပ်တဲ့တင်ဆက်ပုံ၊ပီပြင်တဲ့ ဇာတ်ပို့ဇာတ်ရံတွေရဲ့ အင်အားနဲ့အဆုံးအထိဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File Size : (980 MB) and (380 MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…02:37:00 Genre : Action , Biography , Drama Subtitle : Myanmar ...
movie
Rocketry: The Nambi Effect(2022)
6.9
The Bang Bang Club (2010)
The Bang Bang Club (2010)အာဖရိကတိုက်ဟာ လူမျိုးရေးပြဿနာတွေ၊ ပဋိပက္ခတွေ၊ ငတ်မွတ်ခေါင်းပါးခြင်းနဲ့ သွေးသံရဲရဲသတ်ဖြတ်မှုတွေကြောင့် တကမ္ဘာလုံးက စောင့်ကြည့်ခဲ့ရတဲ့ နေရာတစ်ခုပါ။ နေ့တိုင်း တစ်ခုမဟုတ် တစ်ခုဖြစ်နေတဲ့အရပ်မို့လို့လဲ သတင်းသမားတွေရဲ့ ရတနာသိုက်ကြီးတစ်ခု ဖြစ်လာတော့တာပေါ့။သတင်းသမားဆိုတာနဲ့ လူ့ကျင့်ဝတ်ကို ဘေးဖယ်ထားလိုက်ရတော့တာပါပဲလေ။ ကိုယ့်ရှေ့မှာ လူသတ်နေရင် ဝင်ကူညီဖို့ထက် ရှင်းလင်းပြတ်သားမြင်သာတဲ့ ဓာတ်ပုံတစ်ပုံ ရိုက်နိုင်ဖို့က ပိုအရေးကြီးတာကိုး။ ဒါ့ကြောင့်ပဲ သတင်းထောက်တွေကို နှာခေါင်းရှုံ့ကြတယ်ပဲ ထင်ပါရဲ့။သတင်းသမားတွေအတွက် ဓာတ်ပုံတစ်ပုံဟာ ရွှေထက်ပိုတန်ဖိုးရှိတာပေါ့။ သတင်းဓာတ်ပုံဆု ပူလစ်ဇာ ဆိုတာက သတင်းထောက်တစ်ယောက်ကို စင်ပေါ်တင်ပေးလိုက်ပြီး ငွေပုံပေါ် ထိုင်လို့ရသွားစေတာကိုး။ သတင်းဌာနတွေက အလုအယက်ဝိုင်းခေါ်၊ လစာတွေတပုံကြီးပေးပစ်လိုက်ကြတာမျိုးပဲ။ကဲ ဒီလောက်ဆိုရင် အမြည်းသဘော သိရပြီမလို့ အကြောင်းအရာလေးတစ်ခု ထပ်ပြောပါ့မယ်။ လူကြီးမင်းတို့ထဲမှာ မှတ်မိလိုက်ကြသူတွေလည်း ရှိမှာပေါ့။ အာဖရိက ဆူဒန်တောင်ပိုင်းမှာ ငတ်မွတ်ခေါင်းပါးမှု အကြီးအကျယ်ဖြစ်တော့ လူအမြောက်အများ သေကြေခဲ့ရဖူးတယ်။ ထမင်းငတ်လို့ သေတဲ့မသာတွေပေါ့ဗျာ။ အဲဒီထဲမှာမှ ...
movie
The Bang Bang Club (2010)
2010
8.7
Major(2022)
Major(2022) အညွှန်း******************IMDb...8.7၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာအစွန်းရောက်အကြမ်းဖက်တွေဟာ မွန်ဘိုင်းမြို့ရဲ့ Iconic တစ်ခုလိုဖြစ်တဲ့Taj Mahal Palace Hotel ကို ဝင်ရောက်စီးနင်းခဲ့တယ်...အလွှာပေါင်း ၄၄ လွှာ ၊အခန်းပေါင်း ၅၆၀ရှိတဲ့ ဒီဟော်တယ်ကြီးဟာစစ်အတွင်းမှာတောင်ကုတင် ၆၀၀ဆံ့ ယာယီဆေးရုံအဖြစ် ပြောင်းလဲခဲ့ဖူးတယ်လို့ဆိုတယ်...ဒီဟော်တယ်ကြီး စီးနင်းခံရတဲ့အဖြစ်အပျက်ကတော့ အတော်ထိတ်လန့်စရာကောင်းပါတယ်..အဆိုးဆုံးကတော့ အကြမ်းဖက်အဖွဲ့တွေဟာ ဧည့်သည်တွေကိုအထိန်းအကွပ်မဲ့ပစ်သတ်ခဲ့သလို အဆောက်အဦးကိုလည်း အတော်ဖျက်ဆီးခဲ့ပါတယ်..ဒါ့ကြောင့် ကျန်ရှိနေသေးတဲ့ ဓားစာခံ ပြည်သူတွေကို ကယ်ထုတ်ပြီး အကြမ်းဖက်အဖွဲ့ကိုနှိမ်နှင်းဖို့ ဆန်ဒီဗ်အွန်နီခရစ်ရှနန်းဆိုတဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့မှမေဂျာအဆင့်ရှိသူဦးစီး တပ်စိတ်တစ်စိတ်ဟာ ဝင်ရောက်ခဲ့တယ်..ဒီနေရာမှာအကြမ်းဖက်အဖွဲ့ဟာ ခပ်ညံညံအဖွဲ့မဟုတ်ခဲ့ဘဲသေချာထရိန်းပြီး တိုက်ပွဲအတွေ့အကြုံတွေများစွာရှိနေတဲ့သူတွေဖြစ်တယ်...ဒီတော့ မေဂျာတို့အဖွဲ့ ဘယ်လိုတွေ ဆက်လုပ်ကြမလဲဆိုတာကတော့ ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်..မေဂျာအဆင့်ဖြင့်တာဝန်ထမ်းဆောင်စဉ် ကြောက်မက်ဖွယ် အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကြီးကို ကယ်ဆယ်ခဲ့တဲ့ Major Sandeep Unnikrishnan အကြောင်းကိုရိုက်ပြထားခြင်းဖြစ်လို့ ခံစားကြည့်ကြပါဦး...သမိုင်းဝင်ဖြစ်ရပ်မို့ ဘက်ဂျက်အများကြီ:အကုန်ကျခံထားသလိုအက်ရှင်ခန်းတွေလည်း တော်တော်ကြည့်ကောင်းပါတယ်..File Size :(2.23GB)(2.5GB) (1.1GB) and (364 MB) Quality ...
movie
Major(2022)
HEVC 1080p
7.0
The Bling Ring(2013)
The Bling Ring(2013)အညွှန်း**************************မာ့ခ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ စိတ်ဓာတ်ကျမှုတွေနဲ့ကျောင်းအသစ်ကိုပြောင်းရွှေ့လာခဲ့ရပါတယ်။လူတွေနဲ့ရှောင်ဖယ်နေတတ်လို့ သူငယ်ချင်းမရှိခဲ့ဖူးတဲ့ မာ့ခ်အတွက်ရေဘက်ကာဟာ ပထမဆုံးသူငယ်ချင်းဖြစ်လာခဲ့ရာကနေစလို့ မာ့ခ်ဟာရေဘက်ကာနဲ့ပိုမိုခင်မင်နိုင်ဖို့ ရေဘက်ကာ တောင်းဆိုသမျှကိုလိုက်လျောလာပါတော့တယ်။ အဲဒီလိုက်လျောမှုတွေထဲ မာ့ခ်နဲ့ ရေဘက်ကာအပြင် နစ်ကီ၊ခလိုးဝီ၊ ဆမ် စတဲ့သူငယ်ချင်းအုပ်စုတစ်ခုလုံးရဲ့ ဘဝကိုပြောင်းလဲပစ်ခဲ့တဲ့လိုက်လျောမှုတစ်ခုကတော့ နာမည်ကျော်တွေရဲ့အိမ်ကိုခိုးဝင်ဖို့ မာ့ခ်ကူညီခဲ့တာပဲဖြစ်ပါတယ်။သာမန်ခေတ်လူငယ်လေးတွေဟာ နာမည်ကျော်မင်းသမီးတွေရဲ့အိမ်ထဲကတန်ဖိုးကြီးပစ္စည်းတွေကို လိုက်လံစပ်စုကြရင်း မသိသာအောင်အနည်းငယ်စီခိုးယူလာခဲ့တဲ့နောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့File Size : (2 GB) (800 MB) and (268 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:30:00 Genre : Biography, Drama,Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Reum Encoded by Phyo Pyae
movie
The Bling Ring(2013)
7
Benediction (2022)
နာမည်ကျော်အင်္ဂလိပ်ကဗျာဆရာ Siegfried Sassoon ရဲ့ဘ၀အကြောင်းရိုက်ထားတဲ့ ကားလေးပါ။Siegfried ဟာပထမကမ္ဘာစစ်တုန်းက မျိုးချစ်စိတ်အပြည့်နဲ့ စစ်ထဲ၀င်ပြီးပြောင်မြောက်စွာတာ၀န်ထမ်းဆောင်ခဲ့လို့ ဆုတံဆိပ်တွေရရှိခဲ့ပါတယ်။ဒါပေမယ့် သူဟာစစ်ရဲ့ အနိဋသာရုံတွေကိုမြင်အပြီးမှာ စစ်ကိုကြာရှည်အောင်လုပ်နေတဲ့ နိုင်ငံရေးသမားတွေကို စိတ်ပျက်ပြီး စစ်ဆန့်ကျင်ရေးကဗျာတွေကိုရေးသားပါတယ်။သူ့ရဲ့စစ်ဆန့်ကျင်ရေးဝါဒတွေကြောင့် သူ့ကိုစစ်ခုံရုံးမတင်ဘဲ စိတ်ကျန်းမာရေးမကောင်းဘူးဆိုပြီး ဆေးရုံကိုပို့ပါတယ်။အဲဒီမှာ သူဟာမိတ်ဆွေအသစ်တွေရပြီး သူ့ရဲ့လျှို့ဝှက်ထားတဲ့ လိင်ကိစ္စကိုစတင်တွေ့ရှိပါတယ်။ ဒီရုပ်ရှင်မှာ သူနဲ့တွဲခဲ့တဲ့ချစ်သူတွေနဲ့ ဆက်ဆံရေးအကြောင်းအပြင် သူ့ကဗျာပေါင်းများစွာလည်း ပါ၀င်ပါတယ်။Siegfried ရဲ့ငယ်ဘ၀နဲ့ ကြီးဘ၀ကိုတလှည့်စီပြထားပြီး လူသဘောသဘာ၀ကို ကဗျာတွေနဲ့အတူရိုက်ပြထားပါတယ်။ ဒါရိုက်တာ Terence Davis ရိုက်ကူးထားပြီး Jack Lowden,Calam Lynch,Peter Capaldi,Kate Phillips တို့ပါ၀င်ထားပါတယ်။ ဖြည်းဖြည်းအေးအေးလေးခံစားရမယ့် ကားမျိုးပါ။ Rotten tomatoes-94% Metacritic-75% File size…(1.5 GB)/(827MB)/(391MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:17:00 Genre...Drama, Biography, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
Benediction (2022)
7.2
Rise (2022)
Rise (2022)==========IMDb Rating 7.2/10Disney +ကနေ အသစ်ထွက်ရှိထားတဲ့ Sport Drama ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ IMDb ratingမှာ 7.2 ရရှိထားပါတယ်။နိုင်ဂျီရီးယားနိုင်ငံကနေ "တစ်ရွာမပြောင်း သူကောင်းမဖြစ်"ဆိုတဲ့ စကားနဲ့အညီ ဂရိနိုင်ငံကို ရွေပြောင်းလာကြတဲ့ ချားစ်နဲ့ ဗာရိုနီကာ အဒီတိုကွန်ဘို လင်မယား၂ယောက်ဟာ သား၄ယောက်နဲ့ အတူတူ တရားမဝင်နိုင်ငံသားဖြစ်ရတဲ့ ဒုက္ခတွေကို ခါးစည်းခံနေကြတာပါ။ ဒီထဲကမှ အကြီးဆုံးသား၂ယောက်ဖြစ်တဲ့ သန်နာဆစ်နှင့် ဂီယန်နစ် ၂ယောက်က ဘတ်စကတ်ဘောကို အတော်ဝါသနာကြီးပြီး အဆင့် တစ်ခုရောက်အောင် ကြိုးစားနေသူတွေပါ။ အစ်ကို သန်နာဆစ်က ပါရမီရှိပေမယ့် ဒဏ်ရာကြောင့် တက်လမ်းနှောင့်နှေးသွားပါတယ်။ညီဖြစ်တဲ့ ဂီယန်နစ်ကတော့ ဘတ်စကတ်ဘောမှာ လုံးဝထူးချွန်သူ မဟုတ်ပေမယ့် ကြိုးစားမှုနဲ့အတူ အေးဂျင့်တွေ စိတ်ဝင်စားတာကို ရထားသူပါ။ ဒါပေမဲ့ တရားဝင်နိုင်ငံသားမဟုတ်တဲ့ ပြဿနာတွေ ၊ အဆက်အသွယ်မရှိတဲ့ ပြဿနာအပြင် နိုင်ငံရပ်ခြားမှာ မိသားစုနှင့် ခွဲခွာကစားရမယ့်အဖြစ်ကနေ ကမ္ဘာကျော် NBA ပြိုင်ပွဲလူရွေးပွဲကို ကံကြမ္မာရဲ့ ဖေးမမှုနဲ့အတူ ဝင်ရောက်ခွင့်ရသွားပါတယ်။ ရလာတဲ့ အခွင့်အရေးကို ဂီယန်နစ်အသုံးချနိုင်မှာလား၊ သူခါးစည်းခံထားတဲ့ မိသားစုပြဿနာတွေကို ဘတ်စကတ်ဘောသမားဘဝက ဖြေရှင်း နိုင်မလားဆိုတာကို ကြည့်ရှုခံစားရမှာပါ။ဒီကားထဲက အန်တီတိုကွမ်ပိုညီအစ်ကိုတွေဟာ ...
movie
Rise (2022)
2022
First
14
15
16
17
18
Last
Previous
Next