Channel Myanmar

Biography

The Invisible Woman(2013) 6.2
The Invisible Woman(2013) The Invisible Woman (2013)=======================Charles Dickens (ချားလ်စ် ဒစ်ကန်စ်)ဆိုတာနဲ့ အင်္ဂလန်ဗစ်တိုးရီးယားခေတ်ရဲ့ဂန္တ၀င်စာရေးဆရာကြီးကိုမြင်မိကြမှာပါပဲ။သူ့ရဲ့၀တ္ထု ပြဇာတ်တွေ ဇာတ်ကောင်တွေဟာအသက်၀င်လွန်းလှပလွန်းလို့ကိုပဲအင်္ဂလိပ်စာ‌ပေလောကမှာယခုချိန်ထိ ချီးကျုးခံနေရဆဲပါ။ဒါကတော့ ချားလ်စ်ရဲ့ဘ၀ထဲကိုဝင်ရောက်လာခဲ့တဲ့ အယ်လန် တာနန်ဆိုတဲ့တက်သစ်စပြဇာတ်မင်းသမီးလေးတယောက်နဲ့သူ့ရဲ့အကြောင်းပေါ့လှလည်းလှ သူ့ရဲ့ကမ္ဘာကြီးပေါ်အမြင်ကိုလည်းမြင်တာသာမကသူ့အပေါ်ကိုလည်းသူမတူ‌အောင်မြင်နိုင်သလို သူ့ရဲ့စာအုပ်တွေကိုလည်းချစ်တဲ့ဒီကောင်မလေးကိုမှသူကချစ်မိသွားပြီ။ မပျော်ရွှင်ရတဲ့အိမ်ထောင်ရှိပြီးသားချားလ်စ်အတွက်ကတော့ ဒီကောင်မလေးနဲ့ပေါင်းစပ်ရဖို့ဆိုတာသူ့ရဲ့၀တ္ထုတွေထဲကလိုမျိုးပဲ အတားအဆီးတွေ အစဉ်အလာတွေပတ်၀န်းကျင်ကအနှောင့်အယှက်တွေပေါများလွန်းလှပါတယ်။ချားလ်စ်က်ုလည်းတစစနဲ့ချစ်မိသွားတဲ့အယ်လန် တဖြစ်လဲ နယ်လီကလည်းဒီလိုလူမျိုးကိုမှချစ်မိသွားပြီ။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းတပုဒ်ဟာဘာတွေဆက်ဖြစ်လာမှာလဲ။ ၀တ္ထုတွေထဲကလိုပဲ အပြင်မှာရောအချစ်ဆိုတာကသိမ်မွေ့နူးညံ့နေမှာလား ခက်ခဲကြမ်းတမ်းနေရမှာလား။သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းဟာအဆုံးမှာဘယ်လိုနိဂုံးချုပ်မလဲဆိုတာကိုဒီ classical အချစ်ဒရာမာကား‌လေးမှာခံစားကြည့်ရှုပေးကြပါဦးခင်ဗျာ။ File size…1.11GB / 413MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 51m Genre ..... Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

The Invisible Woman(2013)

The Railway Man(2013) 7.1
The Railway Man(2013) The Railway Man(2013)====================၁၉၄၂ မှာ ဗြိတိသျှတွေရဲ့ စင်ကာပူခံတပ်ကြီးကျသွားတော့မဟာမိတ်စစ်သားတွေဟာ ဂျပန်တွေ လက်ထဲကို စစ်သုံ့ပန်းအနေနဲ့ရောက်သွားတယ်။အဖမ်းခံလိုက်ရတဲ့ စစ်သုံ့ပန်းတွေဟာအခုကျွန်တော်တို့ သေမင်းတမံရထားလမ်းလို့ သိကြတဲ့ယိုးဒယား-မြန်မာမီးရထားလမ်းကြီး ဖောက်တဲ့ လုပ်ငန်းမှာကျွန်အဖြစ် အတင်းအကြပ်စေခိုင်းခြင်းခံခဲ့ရတယ်။အဲ့ထဲမှာ အခုဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Eric Lumox ဆိုတဲ့ဘဲလည်း ပါတယ်။သူက ဗြိတိသျှတပ်မှာ ဆက်သွယ်ရေး အရာရှိ၊မီးရထားလမ်းတွေနဲ့ ပက်သက်ရင် ဝါသနာကြီးတဲ့သူ။တစ်နေ့ကျ အဖမ်းခံထားရတဲ့ ဗြိတိသျှတပ်တွေဟာ ရထားလမ်းဖောက်တဲ့နေရာကနေ ထွက်ပြေးဖို့ ကြံစည်ကြတယ်။အဲ့ဒီအကြံအစည်မှာဆက်သွယ်ရေးအရာရှိလည်းဖြစ်၊မီးရထားလမ်းတွေအကြောင်းလည်းသေချာနားလည်တဲ့ Lumox က ဦးဆောင်သူ ဖြစ်လာတယ်။လူအသေအပျောက်များလွန်းလို့ သေမင်းတမံရထားလမ်းလို့ကို ခေါ်ရတဲ့အဲ့ဒီငရဲခန်းကနေ သူတို့အုပ်စု လွတ်မြောက်နိုင်ပါ့မလား ၊ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်လိုအဖြစ်ဆိုးမျိုးတွေ ကြုံရဦးမလဲဆိုတာကိုဒီဇာတ်ကားမှာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ စစ်ရဲ့အနိဌာရုံတွေ၊ စစ်ပြန်တွေကို ခြောက်လှန့်နေတဲ့အရိပ်ဆိုးတွေ၊ အောက်ခြေစစ်သားတွေရဲ့ ဘဝတွေကိုတွေ့ရမှာဖြစ်ပြီးအချိန်ပေးရတာနဲ့ တန်အောင် တွေးစရာတွေ ငေးစရာတွေ ကျန်ခဲ့မှာမို့ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။(ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.31GB / ...
movie

The Railway Man(2013)

The Insider(1999) 7.9
The Insider(1999) The Insider(1999)IMDb.....7.9,,,Rotten....96IMDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်.. နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် …အဲ့ဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်..စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်းအထက်လူကြီးဆီကို အဲ့ဒီဒေါက်တာက တင်ပြခဲ့တယ်....အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကိုသိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်…ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်….. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်...အဲ့ဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်...….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်းလက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်….ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်....နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်…File Size : (3.7GB) (1.75GB) and (459MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:37:00 Genre : ...
movie

The Insider(1999)

1999
Mary Kom (2014) 6.8
Mary Kom (2014) Mary Kom (2014)IMDb Rating (6.8) / Rotten Tomatoes (88%)အိန္ဒိယ မြန်မာနယ်စပ်ဘက်က ကမ္ဘာကျော် အမျိုးသမီးလက်ဝှေ့သမား တစ်ယောက်ရဲ့ တကယ့် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းလေးဖြစ်ပြီးတော့ Bollywood ရဲ့နာမည်ကျော်မင်းသမီး ပရီရန်ကာချော်ပရာက သရုပ်ဆောင်ထားပါတယ်။ ချင်းပြည်နယ် နယ်စပ်တစ်ဖက်ခြမ်း အင်ဖာမြို့က Mary Kom လို့အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းက အိန္ဒိယ ရုပ်ရှင်လောကမှာတော့ တကယ် အောင်မြင်ခဲ့တဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။India ရဲ့ အိုလံပစ် လက်ဝှေ့ကျော်ဖြစ်လာခဲ့တဲ့ မေရီကွန်းရဲ့ စိတ်ဓာတ်သန်မာမှု တွေ ဖြတ်သန်းရာဘဝတွေနဲ့ ကိုယ်ဖြစ်ချင်ရာ ပန်းတိုင်ကို ရောက်အောင် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရပုံတွေ တင်ဆက်ထားပါတယ်။ဇာတ်လမ်းရဲ့အစမှာ အင်ဖာမြို့က မထင်မရှား ကျေးရွာလေးတစ်ရွာက မေရီဆိုတဲ့ ဆတ်ဆတ်ထိမခံ ကျောင်းသူ ကောင်မလေးနဲ့ စထားပါတယ်။ ကျောင်းက ယောက်ျားလေးတွေနဲ့ သူတင်ကိုတင် ထိုးကြိတ်ရန်ဖြစ်တတ်တဲ့ မေရီဟာ တစ်ရက်တော့ အဲဒီမြို့က ...
movie

Mary Kom (2014)

2014
1080p HEVC
Dog Gone (2023) 6.0
Dog Gone (2023) Dog Gone (2023) ============= IMDb Rating - 6.0/10"ဘာ မင်းက ခွေးမွေးမယ် မင်းလို ကိုယ့်တာဝန်ကိုယ်တောင် မယူနိုင်တဲ့လူကလေ ခွေးတစ်ကောင်မွေးရတာ လွယ်မှတ်နေလား" ဒီစကားတွေကတော့ ခွေးမွေးမယ်လို့ ပြောလိုက်တိုင်း အိမ်မှာ ကြားနေကျ စကားတွေပေါ့။ဖီးလ်ဒင်း ဆိုတဲ့ ကောင်လေးလည်း အတူတူပါပဲ။ ကံကောင်း ထောက်မပြီး ဘွဲ့ရသွားပေမဲ့ ဘာဆက်လုပ်ရမလဲ မသိသေးတဲ့ စော်ပစ်ကောင်လေးတစ်ယောက်ပေါ့။ အဲဒီလို ဘာလုပ်ရမလဲ မသိတာနဲ့ ခွေးလေးကောက်မွေးလိုက်ရာကနေ တစ်အိမ်လုံး အငြိမ်မနေနိုင်၊ အိမ်ဦးခန်းက အမေ့ဓာတ်ပုံ အာဝုပုံနဲ့ ပြောင်း ချိတ်မယ် ဆိုတဲ့ ဇာတ်လမ်းတွေ ဖြစ်လာပါတော့တယ်။ဟူးမန်းတွေနဲ့ အာဝု‌တို့ကြားက ချစ်ခြင်းမေတ္တာသံယောဇဉ်တွေကို အလှပဆုံး ဖော်ကျူးပေးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး မိသားစု ကြားက ပြဿနာအဖုအထစ်လေးတွေကိုပါ ဖြေရှင်းပြသွားတာမို့ မိသားစုဝင်တွေနဲ့အတူတူ ကြည့်လို့ရတဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ပြောကြားရင်းတင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီ၊ ဘာသာပြန်ရေးသားပေးသူများကတော့ Ngwe Zin, May Thet Khine Soe တို့ဖြစ်ပါတယ်)File Size..........(1.49 GB) / (654 MB) / ...
movie

Dog Gone (2023)

2023
Waltz with Bashir(2008) 7.0
Waltz with Bashir(2008) Waltz with Bashir(2008)***********************၁၉၈၂ ခုနှစ် ဇွန်လမှာ အစ္စရေးဟာ လက်ဘနွန်နိုင်ငံကိုကျူးကျော်စစ်စတင်ခဲ့စဉ်ကအကြောင်းတွေပြန်လည်ဖော်ထုတ်ထားတဲ့ဖြစ်ရပ်မှန်နောက်ခံဇာတ်ကားဖြစ်ပါတယ်။ Ari Flomanဟာထိုစစ်ပွဲမှာ အစ္စရေးဘက်ကတိုက်ခိုက်ခဲ့သူဖြစ်ပြီးလက်ရှိမှာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ကာ စစ်ပွဲနဲ့ပတ်သက်တာတွေကို သူမမှတ်မိနိုင်ဖြစ်နေပါတယ်။ တစ်နေ့မှာသူငယ်ချင်းဖြစ်သူ ဘော့ဇ်က သူ့အိပ်မက်အကြောင်းပြောပြတော့လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က စစ်ပွဲမှာဖြစ်ပျက်ခဲ့တာတွေကိုရေးရေးမြင်လာပါတယ်။ စစ်ပွဲမှာ သူဘာတွေလုပ်ခဲ့လဲ၊ဘယ်တွေရောက်ခဲ့လဲဆိုတာကို ပြန်လည်ရှာဖွေဖို့မိတ်ဆွေတွေဆီလိုက်မေးတဲ့ ပုံစံမျိုးနဲ့ဇာတ်အိမ်တည်ထားပါတယ်။ ဘာလို့လိုက်မေးရသလဲ ဒီဇာတ်ကားကိုသူဘာကြောင့်ထုတ်လုပ်ရသလဲဆိုတော့အဲ့အချိန် အဲ့စစ်ပွဲမှာဖြစ်ပျက်ခဲ့ပြီး ဘာစီရင်ချက်မှမရှိခဲ့တဲ့ လက်ဘနွန်ဒုက္ခသည်စခန်းတွေက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို မီးမှောင်းထိုးပြချင်လို့ပါပဲ။ ဇာတ်လမ်းအဆုံးမှာထိုအချိန်ကရိုက်ကူးခဲ့တဲ့ video footageလေးနဲ့အဆုံးသတ်ထားပါတယ်။File Size : (1.5GB) and (575MB) Quality : Blu-Ray  1080P, 720p Format…mp4 Duration…01:30:00 Genre : Biography, Animation Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Waltz with Bashir(2008)

Whiskey Tango Foxtrot(2016) 7.0
Whiskey Tango Foxtrot(2016) Whiskey Tango Foxtrot(2016)**************************ကင်မ်ဘေကာဟာ သတင်းဌာနတစ်ခုမှာ သူများတွေရေးတဲ့သတင်းတွေ၊ ဆောင်းပါးတွေကိုစာချော အောင် ပြင်ပေးရတဲ့အလုပ်ကိုလုပ်ကိုင်သူပါ။ တစ်ရက် အမေရိကန်တို့ အီရတ်ကိုဝင်တိုက်တော့အီရတ်ကို သတင်းဌာနက လူတွေအများကြီးလွှတ်လိုက်ရတဲ့အတွက်ဘယ်သူမှ သိပ်မသွားချင်တဲ့ အာဖဂန်နစ္စတန်ကို စစ်သတင်းထောက် အနေနဲ့ ဌာနက လွှတ်လိုက်ပါတော့တယ်။ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို အာဖဂန်နစ္စတန်ရဲ့ ချီးနံ့ ယင်နံ့တလှောင်လှောင် လေထု၊လိမ်တောင်းတဲ့သူတောင်းစား၊ မိန်းမတွေကိုခွဲခြားမှုတွေ စကြုံပါတော့တယ်။ဒါပေမယ့် မူလက ၃လပဲနေဖို့ စိတ်ကူးခဲ့တဲ့ ကင်မ်ဘေကာဟာ တကယ်တမ်းမှာ (၃)နှစ်ကျော်အာဖဂန်မှာ စစ်သတင်းထောက်လုပ်ဖြစ်ခဲ့ပြီး နာမည်လည်းကြီးသွားခဲ့ပါတယ်။ဒီလိုဖြစ်သွားအောင် ဘယ်လို စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ၊ ဘယ်လိုစိတ်ဒုက္ခတွေ၊ဘယ်လိုမွန်းကြပ်မှုတွေက သူ့ကို တွန်းအားပေး စေ့ဆော်ခဲ့လဲဆိုတာ ဇာတ်ကားထဲမှာ ရှုစား ရမှာပါ။ ဒီဇာတ်ကားဟာ အပြင်မှာတကယ်ရှိတဲ့ စစ်သတင်းထောက် ကင်မ် ဘေကာ (Kim Baker)ရဲ့စာအုပ်ကို မှီးပြီးရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်ဖြစ်တဲ့ Whisky.Tango.Foxtrot ဆိုတာကအမေရိကန် မရိန်းတပ်ဖွဲ့တွေ စကားပြောစက်ထဲမှာသုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။အဓိပ္ပါယ်ကတော့ ...
movie

Whiskey Tango Foxtrot(2016)

Head Bush: Vol 1 (2022) 6.8
Head Bush: Vol 1 (2022) Head Bush (2022) Action, Biography, Crime IMDB 6.8/10 (1.1K)အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ KGF မင်းသားတို့ရပ်ဝန်းက ကန်နန်ဒါးဘာသာစကားနဲ့ထွက်ရှိလာပြီး မင်းသားဒန်နန်ဂျေယားနဲ့ မင်းသမီး ပါယလ်ရာဂျ်ပွသ်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်ကားလေးဟာ Agni Sridhar ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ 'My Days in the Underworld' ဆိုတဲ့ စာအုပ်အပေါ်အခြေခံထားပြီး ဘန်ဂလောမြို့ ​မြေအောက်လောကအကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။နိုင်ငံရေးမှာ ထာဝရ ရန်သူ ထာဝရမိတ်ဆွေဆိုတာ မရှိပါဘူး ထာဝရအကျိုးစီးပွားဆိုတာပဲ ရှိပါတယ် နိုင်ငံရေးသမားတွေဟာ သူတို့အာဏာတည်မြဲရေးအတွက် မြေပေါ်မြေအောက်နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုကြပါတယ် The Guys of Rangoon ထဲက လမ်းမတော်ဖိုးတုတ်ဇာတ်လမ်းထဲမှာလဲ ဆန္ဒပြပွဲဖြစ်ပြီး အစိုးရတွေပြုတ်ကျဖို့ လူမိုက်တွေကို ငှားလုပ်ခိုင်းတာကို တွေ့ရမှာပါ ခုဇာတ်ကားက လမ်းမတော်ဖိုးတုတ် live action လိုပါပဲ မိုက်ပေမဲ့ နှလုံးသားလှတဲ့ လူမိုက်ကြီး ဂျယ်ရက်ဂ်ျရဲ့ ဒီမြို့ကို ငါတို့ပိုင်တယ်ဆိုတဲ့ အထာအလန်းကြီးတွေနဲ့ ဂိုဏ်းစတားတွေကို တစ်ဝကြီးရှုစားရမှာပါ File size…2.39GB / 1.13GB Quality…1080p WEB DL  / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle ...
movie

Head Bush: Vol 1 (2022)

2022
Hilma (2022) 6.1
Hilma (2022) Hilma (2022)~ IMDb - 6.1/10, Rotten Tomatoes - 63% ~ဟာမားအက်ဖ်ကလစ် ဆိုတဲ့ ပထမဆုံး စိတ်ကူးယဥ်အနုပညာကိုဆွဲပြခဲ့တဲ့ ပန်းချီဆရာမ​လေးအ​ကြောင်း ရိုက်ပြထားတဲ့ အတ္ထုပ္ပတ္တိ (Biography) ဇာတ်ကားပဲဖြစ်ပါတယ်ဆွီဒင်ပန်းချီဆရာမ ဟာမားအက်ဖ်ကလင့်ဟာ စိတ်ကူးယဥ်ပန်းချီဆွဲသူအ​နေနဲ့ ကမ္ဘာမှာလူသိများပါတယ်။ ထူးဆန်းတာက သူ့ရဲ့အ​တွေး​အ​ခေါ်​တွေက ဝိညာဥ်​​တွေဆီကပဲ ရတယ်​ပြော​တော့ အဲဒီခေတ်ကလူ​တွေကယုံရခက်ခဲ့ကြပါတယ်။ ခေတ်ကလည်း ပန်းချီလို့​ပြောလိုက်ရင် လက်​တွေ့ဆန်တဲ့ ရှူခင်းပုံ​တွေကိုပဲ သိကြ​သေးတဲ့​ခေတ်ဆို​တော့ ဒီဇာတ်ကားထဲမှာ...- ဝိညာဥ်​လောကက တစ်ကယ်ရှိတာလား - ဟာမား ဘယ်လို ပန်းချီဆွဲချင်သွားတာလဲ - ဟာမားရဲ့ အချစ်​ရေး - လူ​​တွေက ဟာမား အလုပ်ကို အသိအမှတ်ပြုခဲ့လား - ဟာမား ဘယ်လိုအခက်အခဲ​​တွေကြုံ​တွေ့ခဲ့ရလဲ - ဟာမား အိပ်မက်​တွေကို လက်​လျော့ခဲ့လား - ဟာမားရဲ့အိပ်မက် အ​​ကောင်အထည်​ပေါ်သွားခဲ့လား စတာ​တွေကို စိတ်ဝင်တစား​ဖြစ်အောင် ရိုက်ပြထားတာ​တွေ့ရမှာဖြစ်ပါတယ်။ အဲဒါအပြင် ဟာမားရဲ့ လှပတဲ့ အနုပညာပန်းချီကား​တွေကိုလည်း ​ထည့်သွင်း ရိုက်ပြထားပါ​သေးတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB ...
movie

Hilma (2022)

2022
Cinderella Man(2005) 8.0
Cinderella Man(2005) Cinderella Man(2005)********************James.J Braddock ဒီနာမည်ကြားလိုက်တာနဲ့ တစ်ခေတ်တခါက ဘာဂန်းမြို့လေးရဲ့ခွေးဘီလူးလူကြမ်းကြီး နယူးဂျာဆီပြည်ရဲ့ဂုဏ်ဆောင် ဂျင်မီဆိုပြီး မသိသူမရှိကြပါဘူး...ဘရက်ဒေါ့တို့မိသားစုလေးဟာ သူငယ်ငယ်တည်းကသိပ်အဆင်ပြေပြေရှိလှတယ်မဟုတ်ပါဘူး...အိုင်းရစ်ကနေပြောင်းလာတဲ့ immigrant မိသားစုလေးအနေနဲ့ challenge တွေကတော့အများကြီးရှိမှာပြောစရာတောင်လိုမယ်မထင်ပါ...မွေးချင်းကလဲစုစုပေါင်း ၇ယောက်ဆိုတော့ စားဝတ်နေရေးခက်ခဲမယ်ဆိုတာ အားလုံးအသိပါဒါပေမယ့် ဘရက်ဒေါ့ဟာ လောကကြီးကိုအံတုတယ် ပျစ်ခနဲတံတွေးနဲ့ထွေးပြီးရန်စတယ်သူလောကကြီးကိုအံတုပုံက သူများတွေလို ကြီးပွါးချမ်းသာအောင်လုပ်တာ မဟုတ်ဘဲသူ့ရဲ့ကြောက်စရာလက်သီးချက်တွေနဲ့ပါဒီလိုနဲ့ဘရက်ဒေါ့ဟာတဖြည်းဖြည်းနာမည်ရလာတယ် သူ့ရဲ့မထင်ရင်မထင်သလိုရှောင်တခင်ပြန်ထိုးတတ်တဲ့ တန်ပြန်လက်သီးချက်တွေ သာမန်ပင့်လက်သီးလောက်ကတော့ပဲကြီးလှော်ဝါးသလောက်ပဲရှိတဲ့ သူ့ရဲ့ စတီးလိုမေးရိုးကြီးတွေကြောင့်သူ့ရဲ့ဂုဏ်သတင်းဟာတဖြည်းဖြည်းပျံ့နှံလာပါတယ်.. ဒါပေမယ့် ကံကြမ္မာကဘရက်ဒေါ့ဆိုတဲ့လူကြမ်းကြီးကိုမျက်နှာသာမပေးပါဘူး,,, သူ့ဘဝရဲ့အဆိုးတကာ့အဆိုးဆုံးဆိုတဲ့အခြေနေကို ဖြစ်တဲ့ Champion tier ကနေ Underdog Tier ထဲကိုရောက်နေပါပြီ..အဲ့ဒီနောက်မှာတော့..rating တွေ critic တွေအကြောင်းပြောမနေတော့ဘူး တကယ်ကိုအနှစ်ကျတဲ့ကားပါလူကြမ်းကြီး Cinderella Man ကိုအားပေးလိုက်ကြပါဦး....File Size :(2.3GB) (881 MB) and (277MB) Quality : Blu-Ray 720p Format…mp4 Duration…02:24:00 Genre : Biography ,Drama, Romance Subtitle : Myanmar Subtitle ...
movie

Cinderella Man(2005)

(18+)Rang Rasiya (2008) 7.0
(18+)Rang Rasiya (2008) Rang Rasiya (2008) Biography, Drama, Romance IMDb 7.0/10 (2K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ၁၉ရာစုနှစ်လောက်က အောင်မြင်ကျော်ကြားလူသိများခဲ့တဲ့အပြင် အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြစ်ပေါ်စေခဲ့တဲ့ အိန္ဒိယပန်းချီဆရာ ရာဂျာရဗီဗာမာရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။သူဟာ ဘုရားသခင်တွေရဲ့သရုပ်ပုံစံကိုတောင် စတင်ရေးဆွဲခဲ့တဲ့ အာဂသတ္တိခဲတစ်ယောက်ပဲ ဖြစ်သလို သူ့အနုပညာအရည်အသွေးကိုပြသဖို့ ဝတ်လစ်စလစ်ပန်းချီတွေကိုလည်း ရေးဆွဲဖို့ လက်မတွန့်ခဲ့သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက ပန်းချီဝါသနာကိုပါခဲ့သလို သူရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်တိုင်းဟာလည်း အားလုံးကို အံ့ဩမှင်သက်စေခဲ့ပါတယ်။မွေးဖွားရာဇာတိမြေဖြစ်တဲ့ ထရာဗန်ကိုးတိုင်းပြည်မှာ ငယ်စဉ်ကတည်းက ရှင်ဘုရင်ရဲ့ ချီးမြှောက်ခြင်းကိုခံခဲ့ရပြီး အရွယ်ရောက်လာတော့ မင်းသမီးတစ်ပါးနဲ့ လက်ဆက်ခွင့်ရခဲ့တယ်။ ပြီးနောက် မဒရာဆ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာပန်းချီပြိုင်ပွဲမှာလည်း ဘုရင်ခံက ချီးမြှင့်တဲ့ အိန္ဒိယဂုဏ်ဆောင်ရွှေတံဆိပ်ဆုရခဲ့တဲ့အပြင် ထရန်ဗန်ကိုးဘုရင်ဟာလည်း ရာဂျာ(ရာဇာ)ဆိုတဲ့ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီခေတ်အခါက ရှင်ဘုရင်တွေကိုမှ တပ်ခေါ်ခွင့်ရှိတဲ့ ဘွဲ့နာမည်တစ်ခုပါ။သူ့ရဲ့အသွေးအသားထဲမှာ အနုပညာသွေးတွေ စီးဆင်းနေတော့ သူ့အတွေးအခေါ်တွေကို တော်ရုံလူတွေ လိုက်မမှီခဲ့သလို အပုပ်ချချင်တဲ့လူတွေဟာလည်း ရန်ငြှိုးတွေထားခဲ့ကြပါတယ်။ဒီလိုနဲ့ ဘုရားကျောင်းပေါင်း ၁၈၀၀၀ နီးပါးကို အပိုင်စားရထားတဲ့ ဓမ္မသတ်မှူးနဲ့ အငြင်းပွားခဲ့ပြီးနောက်မှာတော့ သူ့ဘဝဟာ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို Murder 3 ထဲက မင်းသား ရန်ဒီပ်ဟူဒါက ...
movie

(18+)Rang Rasiya (2008)

2022
Hidalgo(2004) 6.7
Hidalgo(2004) Hidalgo(2004)==============ဒီတစ်ခါမှာတော့ Adventure အမျိုးအစားကို ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့ကို ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါဦးမယ်။ ဇာတ်ကားနာမည်ကတော့ Hidalgo လို့ခေါ်ပြီး၂၀၀၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ထူးခြားချက်ကတော့ အမေရိကန် မြင်းစီးသမား Frank Hopkins နဲ့သူ့မြင်း Hodalgo ရဲ့ ဖြစ်ရပ်မှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာပါ။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Frank Hopkins နဲ့သူ့မြင်းက Buffalo Bill ဆိုသူရဲ့ Wild West show မှာ အကြမ်းခံနိုင်ဆုံးမြင်းစီးသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနာမည်ကို အာရပ်လူမျိုး‌တွေ ဖြစ်ကြတဲ့ ရှိတ်မိသားစုက သဘောမကျကြပါဘူး။ဘာလို့လဲဆိုတော့ အတော်ဆုံးမြင်းစီးသမားနဲ့ အကောင်းဆုံးမြင်းကသူတို့ဆီမှာပဲ ရှိတယ်လို့ ယူဆကြလို့ပါ။ ဒါကြောင့်မလို့ ရှိတ်မိသားစုကFrank Hopkins ကို "မီးပင်လယ်"လို့ခေါ်တဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အနိုင်ရရှိသူက ဆုကြေးငွေအနေနဲ့အမေရိကန်ဒေါ်လာ ၁ သိန်း အနိုင်ရမှာပါ။ပိုကောင်းတဲ့အနာဂတ်ကို ရရှိဖို့အတွက် ...
movie

Hidalgo(2004)

Argentina, 1985 (2022) 7.7
Argentina, 1985 (2022) Argentina, 1985 (2022)~ IMDb - 7.7/10, Rotten Tomatoes - 98% ~တလောက ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲသွားခဲ့တဲ့ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးဖြတ်သန်းမှု မိုင်တိုင်တစ်ခုကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။စစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီရပြီးကာစ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းပေါ်က တရားဥပဒေဘက်တော်သားတွေရဲ့ အားထုတ်ခဲ့မှုတစ်ခုဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေကို ရုံးတင်စစ်ဆေးခဲ့တဲ့ ကာလတစ်လျှောက်လုံးကို မြင်တွေ့ရမှာပါ။ ဒိတ်ဒိတ်ကြဲ စစ်ခေါင်းဆောင်ဟောင်းတွေကို တရားစွဲဆိုဖို့ ဆွဲချရှေ့နေအဖြစ်တာဝန်ပေးခံလိုက်ရတဲ့ အစိုးရရှေ့နေ စထရက်စဲရာရဲ့ ရင်ပူစရာတွေကို အတူတူလိုက်ပူပေးလို့ရမယ့်၊ အားတက်စရာတွေကို အတူတူလိုက်ပျော်ပေးလို့ရမယ့်၊ မိသားစုအရေးနဲ့ တရားရေးကြားက ချိန်ခွင်လျှာကို ဘက်စောင်းမသွားအောင် ထိန်းဖို့ကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးတဖြစ်လဲ အစိုးရရှေ့နေတစ်ယောက်ရဲ့ အပူမီးတွေကိုလည်း မျှဝေခံစားနိုင်ဦးမယ့် ပစ်ရက်စရာတစ်ကွက်မရှိတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။အာဂျင်တီးနား နိုင်ငံရေးကားလေးဖြစ်တဲ့အလျောက် လက်ရှိ အရမ်း Hot ဖြစ်နေတဲ့ "အာဂျင်တီးနား" နဲ့ "နိုင်ငံရေး" ၂မျိုးလုံးကို တစ်ကားထဲမှာ ကြည့်ရမှာမို့ ...
movie

Argentina, 1985 (2022)

2022
[19+]A Woman Called Sada Abe(1975) 6.1
[19+]A Woman Called Sada Abe(1975) [19+]A Woman Called Sada Abe(1975)***********************************အေဘီ ဆာဒါ ဆိုတာ သူမ ချစ်သူကို ချစ်လွန်းလို့ အဆုံးရှုံးခံရမှာစိုးလို့၊တခြားသူလက်ထဲ မထည့်ပေးနိုင်လို့ ချစ်သူကို ကိုယ်တိုင်သတ်ပစ်ပြီး၊ လိင်အင်္ဂါကိုဖြတ်ယူကာသူမ ကီမိုနိုထဲထည့်ကာ ကိုယ်နဲ့မကွာဆောင်ထားတဲ့ အမျိုးသမီးပဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ 1936 ခုနှစ်မှာ ဂျပန်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့ပြီးလူထုအကြားတုန်လှုပ်ခြောက်ခြားစေခဲ့ပြီး တွေးခေါ်ပညာရှင်တွေ၊စာရေးဆရာတွေနဲ့ရုပ်ရှင်ထုတ်လုပ်သူတွေအကြားပိုပျံ့နှံခဲ့ပါတယ်။ 1975 မှာတော့ သူမအကြောင်း ပြန်လည်ရိုက်ကူးထားတဲ့ဒီရုပ်ရှင်ထွက်ရှိခဲ့ပါတော့တယ်။တကယ်လည်းအချစ်ကြီးခြင်းရဲ့ ကြောက်စရာကောင်းတဲ့အိပ်ရာခန်းတွေနဲ့နောက်ဆက်တွဲအကျိုးဆက်တွေကို ကွင်းကွင်းကွက်ကွက်မြင်ရမှာမို့မိသားစုနဲ့လုံးဝမကြည့်သင့်ပါဘူးခင်ဗျ File Size : (1.3GB) and (445 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:25:00 Genre : Adult, Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS
movie

[19+]A Woman Called Sada Abe(1975)

Hwang Jin Yi (2007) 6.4
Hwang Jin Yi (2007) ဇာတ်လမ်းအကျဉ်းမျိုးရိုးမြင့်တဲ့ အမတ်ကြီးတစ်ယောက်ရဲ သမီးအဖြစ် မွေးဖွားလာတဲ့ ဟွမ်ဂျင်းရီက အပြင်လောကကို မထွက်ရပဲ သူမရဲ့ အိမ်တော်မှာပဲ အမြဲနေရပါတယ်အဲ့လိုနေပြီး ဟန်ယန်းက ချမ်းသာတဲ့ မိသားစုရဲ့သားနဲ့ လက်ထက်နိုင်ဖို့အတွက် စောင့်စားနေရတာပါ...မြင်တဲ့သူတိုင်း စွဲလမ်းလောက်အောင် လှပချောမောတယ်လို့ နာမည်ကြီးပေမယ့်... သူမကို ငယ်ငယ်တည်းက ကာကွယ်ပေးတဲ့ ကိုယ်ရံတော် နွန်ရီ ကြောင့်လည်း အိမ်တော်ရဲ့ မမလေးကို ဘယ်သူမှ မထိရဲကြပါဘူးတစ်နေ့မှာ သူမက အစေခံမိန်းမကနေ မွေးဖွားလာတဲ့ သွေးနှောတစ်ယောက်ဖြစ်ကြောင်း ပျံ့နှံ့သွားတဲ့ အခါ သူမရဲ့ လက်ထပ်ပွဲလည်းပျက်သွားခဲ့ပါတယ်...အစေခံဖြစ်တဲ့ မိခင်ဟာ မသေခင်အထိ ကချေသည်အဖြစ် အသက်မွေးခဲ့ကြောင်းကို သူမ သိသွားခဲ့ပါတယ် ၊ အဲ့နောက် သူမလည်း ကချေသည်လုပ်ဖို့အတွက် ရွေးချယ်လိုက်ပါတော့တယ်တစ်သက်လုံး မင်းသမီးလိုနေလာခဲ့တဲ့ အိမ်တော်ရဲ့ မမလေးက ကချေသည် ဘဝကိုရောက်သွားတဲ့အခါမှာကော သူမ မကြုံဖူးတဲ့ လောကဒဏ်တွေကို ဘယ်လိုရင်ဆိုင်မလဲ... သူမရဲ့ အချစ်ကိုရော ဘယ်လိုတွေ့နိုင်မှာလဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည်ရှုလိုက်ပါနော်...။( အညွှန်းရေးသားထားသူကတော့ Han Thu Aye ...
movie

Hwang Jin Yi (2007)

42 segundos (2022) 6.7
42 segundos (2022) 42 segundos (The Final Game) (2022)~ IMDb rating - 6.7/10 ~သင့်အနေနဲ့ အားကစားရုပ်ရှင်ကားကောင်းလေးတွေ၊ ဘောလုံးပွဲ Documentary ကောင်းလေးတွေ၊ ရုပ်ရှင်လေးတွေကြည့်ရတာကို နှစ်သက်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုလည်း လက်လွတ်မခံသင့်ပါဘူး။သင်ဟာ ပီလီရဲ့ရုပ်ရှင်နဲ့ Documentary ကို ကြည့်ထားဖူးသူ၊ ရော်နယ်ဒို၊ မက်ဆီ၊ ဖာဂူဆန်၊ ရွန်းနီ၊ အာဆင်ဝင်းဂါးစတဲ့ ဘောလုံးအကျော်အမော်တွေရဲ့ ရုပ်ရှင်တွေကို မလွတ်တမ်းကြည့်ရှုတတ်သူဆိုရင်တော့ ဒီရုပ်ရှင်ကားကောင်းလေးဟာလည်း သင့်အတွက် ထပ်မံထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကားကောင်းလေးကတော့ ဘောလုံးလောကအကြောင်း၊ ဘောလုံးပြိုင်ပွဲတွေအကြောင်းမဟုတ်ဘဲ အိုလံပစ်ပြိုင်ပွဲတွေထဲက ဝါတာပိုလိုအသင်းတွေအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားကောင်းလေးပါပဲ။ IMDb အနေနဲ့လည်း 6.7/10 တောင်ရရှိထားတဲ့ စပိန်ကားကောင်းလေးဖြစ်ပြီး ရထားတဲ့ Rating တွေနဲ့ ထိုက်ထိုက်တန်တန် သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်ပိုင်နိုင်မှု၊ ဇာတ်လမ်းဇာတ်ကွက်နိုင်နင်းမှုရှိတဲ့ ကားကောင်းလေးလည်းဖြစ်ပါတယ်။ အားကစားရုပ်ရှင်ကြည့်တတ်သူတိုင်းအတွက် နောက်ထပ် ဆွေမျိုးမေ့စေမယ့်ဟင်းတစ်ခွက်ဖြစ်ပြီး မမြည်းစမ်းလိုက်ရရင်တော့ နောင်တရနိုင်တဲ့ဟင်းလျာလေးတစ်ခွက်လို့ပြောရမှာပါပဲ။ဒီရုပ်ရှင်လေးထဲမှာတော့ ၁၉၉၂ ခုနှစ်တုန်းက ဝါတာပိုလိုအိုလံပစ်ဖိုင်နယ်ပွဲအတွက် ကြိုးစားနေကြတဲ့ ...
movie

42 segundos (2022)

2022
Heaven and Earth (1993) 6.8
Heaven and Earth (1993) Heaven and Earth (1993)အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War ...
movie

Heaven and Earth (1993)

1993
The Iceman(2012) 7.0
The Iceman(2012) The Iceman(2012)****************လူပေါင်း (၁၀၀) လောက်ကို သတ်ခဲ့တဲ့သူဆိုတာ လူဆိုးကြီးတစ်ယောက်ဖြစ်မယ်ဆိုတာလူတိုင်း အလွယ် တကူ သိနိုင်ပါတယ်။ ဒီလို လူအကြောင်းကို ဇာတ်လမ်းရိုက်ပြတော့ သတ်တာဖြတ်တာ၊မကောင်းတာတွေပဲ ဆို ရင်တော့ မှားသွားနိုင်ပါတယ်။ ဘာကိုမှ မကြောက်မရွံ့ သွေးအေးအေးနဲ့လူသတ်တတ်လို့ ရေခဲလူသား (Iceman) လို့ အမည်ပေးခံထားရ တဲ့ကူကလင်စကီးဟာ ပြင်ပလောကမှာ တကယ်ရှိခဲ့တဲ့ ကြေးစားလူသတ်သမား ဖြစ်ပါ တယ်။မာဖီးယားဂိုဏ်းတွေအတွက် အခကြေးငွေနဲ့ ရက်ရက်စက်စက်သတ်တဲ့လူဆိုးကြီးဟာတစ်ဖက်မှာတော့ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်၊ မိသားစုကို တန်ဖိုးထားအလေးပေးသူ၊ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ကလေး တွေနဲ့ မိန်းကလေးတွေကို လုံးဝမသတ်သူစတဲ့ဂုဏ်ပုဒ်တွေနဲ့ ပိုင်ဆိုင်ထားပါသေးတယ်။ လောကဓံနဲ့ အကြင်နာမဲ့ တဲ့လူကြီးတချို့ကြောင့် ဒီလိုကြေးစားလူသတ်သမားဘဝကို ကူကလင်စကီး ရောက်သွားရပုံ၊သူ့ဘဝ အနိမ့်အမြင့် ဖြစ်ပျက်ပုံတွေ၊ ဇာတ်သိမ်းပုံတွေကို ကြမ်းကြမ်းရမ်းရမ်းရော၊နုနုရွရွရော ပေါင်းစပ်ထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့Michael Shannon နဲ့ Chris Evans တို့ ဦးဆောင်ပါဝင်တဲ့ဇာတ်ကား ဖြစ်လို့ မကောင်းမှာတော့ ...
movie

The Iceman(2012)

The Swimmers (2022) 7.5
The Swimmers (2022) The Swimmers (2022) ================= IMDb Rating - 7.5/10ဒီတစ်ခေါက်တော့ကိုယ်တွေ့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ Netflix ကအသစ်ထွက်ရှိလိုက်တဲ့ The Swimmers ဇာတ်ကားက Rio De Jeneiro မှာ ကျင်းပတဲ့ 2016 Olympics Champion တစ်ဦး ဖြစ်ခဲ့တဲ့ ဆီးရီးယားလူမျိုး ရေကူးချန်ပီယံ Yusra Mardini ရဲ့ ဂရိ ပင်လယ်ထဲကနေ ကုန်းမြေအထိလက်ပစ်ကူးပြီး လူတွေကိုကယ်တင် ပေးခဲ့တဲ့ခက်ခဲကြမ်းတမ်းလှတဲ့ဘဝဇာတ်ကြောင်းကိုပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ရူစရာတို့ညီအစ်မတွေတစ်ဘက်မှာပျော်ရွှင်နေကြပေမဲ့ နိုင်ငံတွင်းမှာဗုံးကြဲခံနေရတာကိုမြင်တွေ့ရမှာပါ။ သူတို့သူငယ်ချင်းတွေ ဗုံးဒဏ်ကြောင့်သေဆုံးခဲ့ရပြီး သူတို့ ရေကူးလေ့ကျင့်တဲ့ကန်အထိပါ ဗုံးကြဲ ခံရပီးနောက် သူ့ကို အိုလံပစ်ချန်ပီယံအမြဲဖြစ်စေချင်ခဲ့တဲ့ နည်းပြဖြစ်သူ အဖေကိုယ်တိုင်က သမီး၂ယောက်ကို ဂျာမနီကိုပို့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။စိတ်ကူးအတိုင်းမဟုတ်ပဲခက်ခဲလှတဲ့လက်တွေ့ဘဝရဲ့ဒုက္ခအခက်အခဲပေါင်းစုံကို လမ်းခရီးမှာ စတင်တွေ့ကြုံရပါတော့တယ်။ ပိုက်ဆံအမြောက်အမြားတောင်းပြီး တာဝန်ယူမှုမရှိတဲ့ လူကုန်ကူးသူတွေက လှေအစုတ်တစ်စီးနဲ့လူအများကြီးကို ပင်လယ်ထဲဖြတ်သန်းခိုင်းရာကနေ စလိုက်တဲ့ ဒုက္ခဆင်းရဲပေါင်းများစွာကို ကြံ့ကြံ့ခံဖြတ်ကျော်ရင်း ဖခင်အရမ်းဖြစ်စေချင်တဲ့ အိုလံပစ်ချန်ပီယံဆုကို ဘယ်လို ဆွတ်ခူးနိုင်သွားလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့အပြင် နိုင်ငံရေးမငြိမ် သက်မှုတွေကြောင့် ဒုက္ခရောက်ရတဲ့ ပြည်သူတွေရဲ့ဘဝကိုကိုယ်ချင်းစာကရုဏာ သက်စေနိုင်မဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို  Nyein Lai မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ Nyein Lai, Khant Sett ...
movie

The Swimmers (2022)

2022
Center Stage (1991) 7.5
Center Stage (1991) Center Stage( 1991 ) ------------------------တရုတ်အကယ်ဒီမီကစာရင်းလုပ်ခဲ့တဲ့ တရုတ်ပြည်သုံးခြမ်းလုံးမှာ ထွက်ခဲ့တဲ့သမျှ အကောင်းဆုံးကားတစ်ရာထဲ နံပါတ်၄၄နေရာယူထားတဲ့ ရုပ်ရှင်ပါ။ ဒါရိုက်တာကတော့ Rouge (1987)ကားကို ရိုက်ခဲ့တဲ့ Stanley Kwanပါပဲ။ Center Stage ဟာ ၁၉၃၀ပြည့်နှစ်တွေတုန်းက နာမည်ကျော်ခဲ့တဲ့ မင်းသမီးရွမ်လင်းယုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး။ ဒိုကူမန်ထရီလိုလိုတစ်ခြမ်း ဇာတ်အိမ်ဆင်ရိုက်ပြတာတစ်ခြမ်း နှစ်ခြမ်းကို တစ်လှည့်စီပြနေတဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ ပါဝင်နေသမျှ ဒါရိုက်တာအဆုံး မင်းသားမင်းသမီးတွေအကုန်လုံးဟာ ၁၉၆၀နဲ့ အနီးတစ်ဝိုက်မှာ မွေးခဲ့တဲ့သူတွေဖြစ်ပြီး သူတို့မမွေးခင် နှစ်၃၀လောက်က နာမည်ကျော်ခဲ့တဲ့ မင်းသမီးအကြောင်းကို ၁၉၉၀လောက်မှာ ခြေရာပြန်ကောက်ကြ ဆွေးနွေးကြတာကိုလည်း တစ်လှည့်ရိုက်ပြထားပါတယ်။ဒီရုပ်ရှင်ထဲ သူတို့ရိုက်ပြထားတဲ့ မင်းသမီးက ၁၉၃၀ဝန်းကျင် အသံတိတ်ခေတ်လောက်က မင်းသမီး ရွမ်လင်းယုပါ။ သူဟာ အသက်၂၄နှစ်မှာတင် အောင်မြင်နေတုန်းမှာတင် သက်သေခဲ့ပေမဲ့ တရုတ်ရုပ်ရှင်လောကရဲ့ အမှတ်သညာတစ်ခု ဖြစ်လာခဲ့တဲ့သူပါ။ သူဟာ ၁၉၂၇မှာ မင်းသမီးစလုပ်ခဲ့ပြီး ၁၉၃၅မှာ ...
movie

Center Stage (1991)