Channel Myanmar

Animation

Porco Rosso (1992)
Porco Rosso (1992) Porco Rosso 1992 Genre - Animation/Adventure/Comedy IMDb - 7.7/10ပထမကမ္ဘာစစ်အတွင်းမှာ လက်စွမ်းပြခဲ့တဲ့ တိုက်လေယာဉ်မှူး Porco Rosso၊ အီတလီလေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အတော်ဆုံးပိုင်းလော့တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့သူ။ယခုအချိန်မှာတော့ သူဟာ Adriatic ပင်လယ်ပြင်မှာ ပင်လယ်ဓားပြတွေကို လိုက်လံဖမ်းဆီးရတဲ့ ကြေးစားလေယာဉ်ပိုင်းလော့တစ်ယောက်လုပ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ Porco ကို မကျေနပ်တဲ့ ပင်လယ်ဓားပြတွေအားလုံး စုစည်းပြီး Porco Rosso ကို ရှင်းပစ်ဖို့ နာမည်ကြီး အမေရိကန်ပိုင်းလော့တစ်ယောက်ကို ငှားရမ်းလိုက်တဲ့အခါPorco တစ်ယောက် အဆိုပါ ပိုင်းလော့ကို အနိုင်ယူနိုင်မှာလား၊ Adriatic ပင်လယ်ပြင်ရဲ့ ကောင်းကင်ထက်မှာ Porco နဲ့ သူ့ရဲ့လေယာဉ်အနီရောင်လေး လွတ်လပ်စွာနဲ့ ဆက်လက်ပျံသန်းနိုင်မလား ဆိုတာကတော့,.............File size…    1.8 GB /  851 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ..... Animation/Adventure/Comedy Subtitle…. Myanmar Subtitle (Hard ...
movie

Porco Rosso (1992)

Surf’s Up (2007) 6.7
Surf’s Up (2007) Surf’s Up (2007)IMdb – 6.7/10Rt – 79%ငယ်ငယ်က အခွေခေတ်မှာ ကြည့်ခဲ့ရတဲ့ ရေလွှာလျောစီးပင်ဂွင်းကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကိုဒီ မက်ဗရစ်ကတော့ အန္တာတိကတိုက်မှာနေပြီး ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဘစ်ဇီဆိုတဲ့ ဂန္တဝင် ရေလွှာလျောစီးသမားကိုအားကျလေးစားတဲ့ ပင်ဂွင်းလေးပါ။ ပင်ဂွင်းတွေရဲ့လုပ်ရမဲ့ အလုပ်ကို စိတ်မဝင်စားပဲ ရေလွှာလျောစီးတာကို အရူးအမူးဖြစ်နေတာကြောင့် ကိုဒီ ကိုမတည့်အတူနေ သူ့အကို ဂလန်က အမြဲအနိုင်ကျင့်နေကျပါပဲ။တစ်နေ့မှာတော့ ကိုဒီနေတဲ့ အန္တာတိကကို ဘစ်ဇီအမှတ်တရ ရေလွှာလျောစီးပြိုင်ပွဲအတွက် ကမ္ဘာအနှံ့ပတ်ပြီး ပါရမီရှင်တွေကို ရှာဖွေယူတဲ့ ဝေလငါးကြီးရောက်ရှိလာခဲ့ပါတယ်။ ကိုဒီလည်း သူ့အစွမ်းပြချင်ပေမဲ့ လှိုင်းမရှိတာကြောင့် အစွမ်းပြခွင့်မရလိုက်ပဲ ဝေလငါးက ဆက်ထွက်သွားပါတော့တယ်။ကိုဒီလည်း သူ့အိပ်မက်ကို လက်လွှတ်မခံနိုင်တာမလို့ ဝေလငါးနောက်အမှီလိုက်ရင်း ချစ်ကင်း ဂျိုးဆိုတဲ့ ရေလွှာလျောစီးသမားက ကူပေးလို့ ပြိုင်ပွဲမှာ ဝင်ခွင့်ရသွားခဲ့ပါပြီ။ ဒီလိုနဲ့ ကိုဒီတစ်ယောက်က သူ့လေးစားအားကျရတဲ့ ဘစ်ဇီလို ရေလွှာလျောစီးသမားဖြစ်လာမလား ၊ ချစ်ကင်း ဂျိုးနဲ့ ကိုဒီတို့ကြားက မိတ်ဆွေကောင်းဆက်ဆံရေးနဲ့ ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်ကြရမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။Rating တွေကောင်းတဲ့အပြင်ကိုမှ ငယ်ဘဝအမှတ်တရတွေနဲ့ ပြည့်နေတဲ့ ကာတွန်းကားလေးဖြစ်တာမလို့ စိတ်အပန်းဖြေရင်း ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။File size…    1.3 GB ...
movie

Surf’s Up (2007)

My Oni Girl (2024) 6
My Oni Girl (2024) My Oni Girl (2024) "ကျွန်တော့်ရဲ့ဘီလူးမလေး" ================မိုးအေးအေးနဲ့ ခံစားလို့ကောင်းမယ့် old school ဆန်ဆန် အသစ်ထွက် အန်နီမေးရုပ်ရှင်လေးတစ်ပုဒ် ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးက ချစ်ဖို့ကောင်းပြီး တောတောင်ရှုခင်းတွေ၊ မြို့ပြပုံရိပ်တွေကို အန်နီမေးရှင်းပြုထားတာတွေက တော်တော်လေးလှတာကြောင့် ကြည့်ရတာနွေးနွေးထွေးထွေးဖြစ်စေမယ့်ရုပ်ရှင်လေးပါပဲ။ရုပ်ရှင်ရဲ့ နာမည်ထဲက အိုနီဆိုတာကတော့ ဂျပန်ဒဏ္ဍာရီတွေထဲက ဘီလူးအနွယ်ဝင် Yokai တစ်မျိုးပါ။ My Oni Girl ဆိုတော့ ဘာသာပြန်ရရင် ကျွန်တော့်ဘီလူးမလေးပေါ့။ဇာတ်လမ်းကတော့.. တဖက်သားကို အင်မတန်ကူညီတတ်တဲ့ ယာဆူစဲဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ တစ်နေ့မှာတော့ လမ်းမှာဒုက္ခရောက်နေတဲ့ ဆူမူဂီဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆူမူဂီကတော့ သူ့အမေကိုလိုက်ရှာဖို့အတွက် တောင်ပေါ်ကနေဆင်းလာတဲ့ အိုနီဘီလူးမလေးတစ်ကောင်ပါ။ ယာဆူစဲဟာ သူ့အမေကိုလိုက်ရှာဖို့အခက်တွေ့နေတဲ့ ဆူမူဂီကိုကူညီပေးရင်း သူတို့နှစ်ယောက် လူသားချင်းကူညီတတ်သူတွေ၊ စိတ်ထားဖြူစင်တဲ့သူတွေ၊ စွန့်စားခန်းတွေ ကြုံတွေ့ရပုံကို ဒီရုပ်ရှင်လေးထဲမှာမြင်ရမှာပါ။(ဒီရုပ်ရှင်လေးကိုတော့ ToMo နဲ့ Zwe Yan တို့က ဘာသာပြန်၊ ညွှန်းဆိုပေးထားပါတယ်။) File size… 1.44GB / 635MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard ...
movie

My Oni Girl (2024)

2024
Oink (2022) 7.1
Oink (2022)  ခွေးလေး ကြောင်လေးတွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးတာများပေမယ့် ဝက်ကလေးတွေကိုတော့အဲဒီလိုမွေးတာ သိပ်မမြင်ဖူးကြဘူးမလား?ဒီကားထဲက Babs ဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့မွေးနေ့မှာသူ့အဖိုးဆီကနေ ဝက်ပေါက်ကလေးတစ်ကောင်ကိုမွေးနေ့လက်ဆောင်အနေနဲ့ လက်ဆောင်ရရှိခဲ့ပါတယ်...အချိန်ကြာလာတာနဲ့အမျှ ကောင်မလေးနဲ့ဝက်ကလေးတို့ကြားက သံယောဇဉ်ကြိုးဟာပိုပြီးခိုင်မာလာခဲ့ပါတယ်ဒါပေမယ့် ကောင်မလေးကို ဝက်ကလေးမွေးနေ့လက်ဆောင်ပေးတဲ့သူ့အဖိုးရဲ့တကယ့်သရုပ်မှန်က ဘာလဲ...ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကြည့်ရမယ့် Animationကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…1.39GB / 644MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 12m Genre ….. Animation , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie

Oink (2022)

Just Super (2022)
Just Super (2022) ဟက်ဒ်ဝစ်ဟာ ထရိုးမြို့ကလေးမှာ နေထိုင်ပြီး ဂိမ်းဆော့ရတာကို ကြိုက်တဲ့ သာမန်ကောင်မလေးတစ်ယောက်ပါ။ သူတို့မြို့ကလေးမှာ ခေတ်အစဉ်အဆက် မြို့ကလေးကို လုံခြုံအောင် ကာကွယ်ပေးလာတဲ့ စူပါလိုင်းယွန်းဆိုတဲ့ သူရဲကောင်းရှိပါတယ်။ သူဘယ်သူလဲဆိုတာတော့ တစ်မြို့လုံးက မသိရပေမယ့် သူရှိနေရင် မြို့ကလေးက လုံခြုံနေပါတယ်။တကယ်တော့ ဒီသူရဲကောင်းက ဟက်ဒ်ဝစ်ရဲ့ အဖေဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အဖေဟာ ဟက်ဒ်ဝစ်ရဲ့ အမေဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဟက်ဒ်ဝစ်အပေါ် မနွေးထွေးနိုင်တော့သလို သူတို့ကို မျိုးရိုးစဉ်ဆက် စွမ်းအင်ပေးလာတဲ့ စူပါဝတ်စုံကို လက်ဆင့်ကမ်းဖို့လည်း အတွေးထဲမရှိတော့ပါဘူး။အဲဒီတော့ ဟက်ဒ်ဝစ်အစား အရည်အချင်းရှိတဲ့ သူ့တဝမ်းကွဲအစ်ကို အေဒရီယန်ကို ဝတ်စုံကို လွဲပေးဖို့ လုပ်ပါတော့တယ်။ ဒီတော့ ဟက်ဒဝစ်လေးခမျာ သူ့အဖေကို သူလုပ်နိုင်ကြောင်း သူ့မှာလည်း အရည်အချင်းရှိကြောင်း သက်သေပြဖို့အတွက် ကြိုးစားပါတော့တယ်။ ဒီတော့ သူ့အနေနဲ့ သူ့အဖေကို သက်သေပြနိုင်အောင် ကြိုးစားနိုင်ပါ့မလား၊ ဒီဝတ်စုံကိုရော သူရမှာလား၊ သူ့တဝမ်းကွဲအစ်ကိုကရော ဒီဝတ်စုံနဲ့ တကယ်ထိုက်တန်ရဲ့လားဆိုတာကို ...
movie

Just Super (2022)

Mars Express (2023)
Mars Express (2023)  IMDb 7.6 ရထားတဲ့ ပြင်သစ် သိပ္ပံစိတ်ကူးယဥ် animation လေးကို တင်ဆက်ပေးလိုက်ပါတယ်ခေတ်လွန်မားစ်ဂြိုဟ်မှာ ဇာတ်လမ်းတည်ထားပြီး Aline ဆိုတဲ့ အလွတ်စုံထောက်မလေးနဲ့ သူ့ရဲ့ပါတနာ Carlos ဆိုတဲ့ စက်ရုပ်တစ်ရုပ်တို့က ဟက်ကာတစ်ယောက်ကို လိုက်ဖမ်းရင်း ... နက်နဲတဲ့ လျှို့ဝှက်ကြံစည်မှုတစ်ခုကို သိလာတဲ့ ဇာတ်လမ်းပါ သူတို့ခေတ်မှာ စက်ရုပ်တွေနဲ့ လူသားတွေ ယှဥ်တွဲနေထိုင်ကြပြီး Aline ရဲ့ ပါတနာ Carlos ဟာဆိုရင်လည်း တစ်ချိန်က လူသားတစ်ယောက်ပါပဲသေဆုံးသွားပြီးနောက်မှာမှ Back-up လို့ ခေါ်တဲ့ စက်ရုပ်အမျိုးအစားအဖြစ် ပြန်အသက်သွင်းခြင်း ခံလိုက်ရတာပါ လူသားနဲ့စက်ကြားက ဆက်နွယ်မှု ခေတ်လွန်ကာလက နေ့စဥ်ဘဝ အခက်အခဲတွေကို တွေ့မြင်ရမှာဖြစ်ပြီး စိတ်ဝင်စားစရာ ဇာတ်လမ်းလေးမို့ ညွှန်းပေးလိုက်ရပါတယ် File size…(1.1 GB)/(606 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Animation, Science Fiction, Action, Mystery Subtitle….Myanmar Subtitle ...
movie

Mars Express (2023)

The Girl Who Leapt Through Time (2006) 7.7
The Girl Who Leapt Through Time (2006) The Girl Who Leapt Through Time (2006) Genre – Adventure, Animation, Comedy IMDB – 7.7/10ဒီဇာတ်ကားလေးက အချိန်ခုန်ကူးနိုင်တဲ့ အထက်တန်းကျောင်းသူလေး မာကိုတိုရဲ့ အကြောင်းကိုပြောပြထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။စစချင်းတော့ ကျွန်တော်တော့ရဲ့ အဓိကဇာတ်ကောင် မာကိုတိုဟာ သူမရဲ့ အချိန်ခုန်ကူးနိုင်စွမ်းအသစ်ကိုအသုံးချပြီး သူမရဲ့ပြဿနာအသေးလေးတွေကိုပြင်ရင်ပျော်နေပါတယ်။ ဒါပေမဲ့ သူမဒီအစွမ်းကိုဆက်သုံးရင်းနဲ့ သူမရဲ့အပြုအမူတွေဟာ သူမအပြင် သူမရဲ့ပတ်ဝန်းကျင်ကလူတွေကိုပါထိခိုက်စေနိုင်ကြောင်း နားလည်သဘောပေါက်လာပါတယ်။မာကိုတို ရဲ့ဒီအချိန်ခုန်ကူးနိုင်တဲ့ အစွမ်းဟာ သူမကို ခင်မင်မှုကြောင်း၊ အချစ်အကြောင်းနဲ့ တာဝန်ယူမှု စတဲ့ သင်ခန်းစာတွေကို သင်ပေးသွားတာတွေ့ရမှာပါ။ ဇာတ်လမ်းထဲမှာ သူမှာဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကောင်တွေနဲ့တွေ့ဆုံပြီးတော့ ဆုံးဖြတ်ချက်မချခင်ဘယ်လို သေချာတွေးတောသလဲဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ အရောင်အသွေးစုံပြီးတော့ ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားလေးကဘာကောင်းသလဲဆိုတော့ အချိန်ခရီးသွားတဲ့ အကြောင်းတစ်ခုကိုပဲ ပြသထားတာမဟုတ်ပဲနဲ့ သင့်ရဲ့ရွေးချယ်မှုတွေဟာ အနာဂါတ်ကိုဘယ်လို အကျိုးသက်ရောက်မှုရှိတယ်၊ ဘဝမှာ အတက်အကျတွေဆိုတာရှိတယ် စတဲ့အကြောင်းအရာတွေကိုပါ ပြသထားတာဖြစ်ပါတယ်။Anime ဇာတ်ကား တစ်ကားဆိုပေမဲ့ လူတိုင်း အသက်အရွယ် မရွေး ကြည့်ရှူ့ခံစားနိုင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အကုန်လုံး ချုံပြောရရင် ဒီဇာတ်လမ်းလေးက နှလုံးသားကိုနွေးထွေးမှုပေးတဲ့အပြင် အတွေးအခေါ်တွေကိုပါ လှုံ့စော်မှုပေးနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…    1 GB / 537 MB Quality… BluRay 1080p ...
movie

The Girl Who Leapt Through Time (2006)

Thelma the Unicorn (2024) 6.2
Thelma the Unicorn (2024)  Thelma The Unicorn ဇာတ်ကားဟာ Netflix ရဲ့2024 နောက်ဆုံးထွက် musical animationဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်အဓိက character ဖြစ်တဲ့ မြင်းမလေး Thelma ကိုအသံသရုပ်ဆောင်ပေးထားတာကတော့ ဂရမ်မီဆုတွေရထားတဲ့ Brittany Howard ဖြစ်လို့ သီချင်းတွေမကောင်းမှာကို လုံးဝစိတ်ပူစရာ မလိုပါဘူး။ ဇာတ်လမ်းလေးကတော့နာမည်ကျော်အဆိုတော် ဖြစ်ချင်တဲ့ မြင်းပုမလေးThelma ဟု သူ့ရဲ့အပေါ်ယံရုပ်ရည်ကြောင့် အိပ်မက်တွေလက်တွေ့ဖြစ်ဖို့ အလှမ်းဝေးနေပါတယ်။ အဲဒီချိန်မှာမတော်တဆမှုတစ်ခုကြောင့် မြင်းပုလေးကနေunicorn အဖြစ် ပြောင်းသွားချိန်မှာ အောင်မြင်မှုတွေကပိုနီးလာမလား ပိုဝေးသွားမလား သူ့ရဲ့မိတ်ဆွေစစ်မိတ်ဆွေတုတွေကရော သူ့ကို ဘယ်လိုဆက်ဆံကြမှာလဲစတဲ့ ဇာတ်လမ်းလေးကို အကောင်းဆုံး သီချင်းတွေနဲ့ထိုင်ရာမှ မကြွ အစအဆုံးကြည့်နိုင်အောင် ဆွဲဆောင်နိုင်မဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်.... File size… 2.47GB / 1.16GB Quality…NF WEB-DL1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle ...
movie

Thelma the Unicorn (2024)

Justice League: Gods and Monsters (2015) 7.0
Justice League: Gods and Monsters (2015) IMDB 7 နဲ့ Rotten Tomatoes 88% ရထားတဲ့ ဒီဇာတ်ကားကတော့ကျွန်တော်တို့မြင်တွေ့နေကျ Justice League မဟုတ်ဘဲတခြားစကြာဝဠာက Justice League အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီစကြာဝဠာမှာ Superman ကJor-El နဲ့ Lara တို့ရဲ့သားမဟုတ်ဘဲ General Zod က အဖေဖြစ်နေပါတယ်။Batman ဟာလည်း လမ်းကြားထဲမှာအသတ်ခံလိုက်ရတဲ့ မိဘနှစ်ပါးရဲ့သားမဟုတ်ဘဲသွေးစုပ်ဖုတ်ကောင်ဆရာဝန်ဖြစ်နေသလို Wonder Woman ဟာလည်းအမေဇုန်ကျွန်းပေါ်က စစ်သည်တစ်ယောက်မဟုတ်ဘဲမုဆိုးမဘုရင်မတစ်ယောက်ဖြစ်နေပါတယ်။Lex Luthor ကလည်း Justice League ကိုအမြဲဒုက္ခပေးဖို့ကြိုးစားနေတဲ့လူတစ်ယောက်မဟုတ်တာကြောင့်တစ်ယောက်ချင်းစီမှာ မတူညီတဲ့စရိုက်နဲ့ နောက်ခံဇာတ်လမ်းတွေရှိနေပါတယ်။Superman, Batman နဲ့ Wonder Woman ဟာ Luthor နဲ့ပြည်သူတွေဆန္ဒပြနေတဲ့ကြားကJustice League ကိုဖွဲ့လိုက်ကြပြီး စစ်ဆင်ရေးလုပ်တဲ့အခါမှာတရားဥပဒေဘောင်ကိုကျော်ပြီး လူဆိုးတွေကို သတ်ပစ်ကြတတ်တယ်ဆိုပေမဲ့သူတို့တွေက ပြည်သူတွေကို မသတ်ကြတာကြောင့်အမေရိကန်အစိုးရက သတင်းဖုံးပေးခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့လုပ်ထုံးလုပ်နည်းကိုသဘောမကျလို့ ဆန္ဒပြတာတွေများလာသလိုပိုဆိုးချင်တော့ အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ အတော်ဆုံးသိပ္ပံပညာရှင်တွေကိုသတ်တာကို ...
movie

Justice League: Gods and Monsters (2015)

Justice League: Throne of Atlantis (2015) 6.6
Justice League: Throne of Atlantis (2015) IMDB 6.3 နဲ့ Rotten Tomatoes 63% ရရှိထားပါတယ်။ Aquaman ရဲ့နောက်ခံဇာတ်လမ်းကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ Justice League: War အပြီးမှာ အရာအားလုံးငြိမ်းချမ်းသွားပြီလို့ထင်ရပေမဲ့ဒဏ္ဍာရီလာကျွန်းမြို့တစ်မြို့ဖြစ်တဲ့ အတ္တလန်တစ်ရဲ့ပြဿနာတွေကကုန်းမြေပြင်ပေါ်ကို ရောက်ဖို့အကြောင်းဖန်လာပါတယ်။အဲဒီပြဿနာတွေထဲကတစ်ခုကတော့ လူနဲ့အတ္တလန်တစ်သူနဲ့စပ်ပြီးမွေးလာတဲ့ အာသာကာရီကိုမုန်းတဲ့ သူ့ရဲ့ညီဖြစ်သူမင်းမျိုးမင်းနွယ်သွေးအပြည့်ပါတဲ့ မင်းသားအော်မ်ပါပဲ။ အာသာရဲ့အမေဖြစ်တဲ့ ဘုရင်မအတ္တလာနာဟာ ငြိမ်းချမ်းရေးကိုလိုလားပေမဲ့ကုန်းမြေပြင်သားတွေကြောင့် ဘုရင်ဖြစ်သူသေရတယ်လို့ယုံကြည်ထားတဲ့မင်းသားအော်မ်ကတော့ သူ့အမေနဲ့ဆန့်ကျင်ဘက်ပါ။ဒါကိုဘုရင်မအတ္တလာနာကသိတာကြောင့်ကမ္ဘာနှစ်ခုလုံးမှာနေဖူးတဲ့သူကို ခေါင်းဆောင်အဖြစ်ထားချင်ခဲ့တယ်။ဒါကြောင့်ပဲ အာသာကာရီကိုခေါ်ဖို့ စေလွှတ်လိုက်ပေမဲ့မင်းသားအော်မ်ရဲ့ အကြံအစည်တွေကြောင့်အခြေအနေတွေက ပြောင်းပြန်ဖြစ်ကုန်ပါတော့တယ်။ File size…    1.1 GB /  462 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 12m Genre ..... Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Justice League: Throne of Atlantis (2015)

Justice League: The New Frontier (2008) 6.9
Justice League: The New Frontier (2008) IMDB 6.9 (nice) နဲ့ Rotten Tomatoes 71% ရရှိထားပါတယ်။ ဒီတစ်ခါတော့ Justice League အဖွဲ့ဝင်တွေဟာ 2000 ခုနှစ်လောက်မှာရှိခဲ့ကြတာမဟုတ်တော့ဘဲ ဒုတိယကမ္ဘာစစ်မပြီးခင် 1940 ဝန်းကျင်မှာ ရှိခဲ့တာပါ။ အဖွဲ့ဝင်တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူညီမှုတွေကြောင့်Justice League ဆိုတာဖြစ်မလာသေးဘဲ တစ်နေရာဆီ ကွဲနေကြပါတယ်။အမေရိကန်တွေဘက်ကနေ ရပ်တည်တဲ့ Superman, ဒုတိယကမ္ဘာစစ်အတွင်းမှာညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရတဲ့ ဗီယက်နမ်တွေဘက်က ရပ်တည်တဲ့ Wonder Woman,အမေရိကန်အစိုးရရဲ့လုပ်ရပ်ကို လက်မခံလို့ ဝရမ်းပြေးဖြစ်နေတဲ့ Batman,ရာဇဝတ်သားတွေကို တစ်ကိုယ်တော်လိုက်ဖမ်းပေးနေတဲ့ Flash,ဒုတိယကမ္ဘာစစ်မှာဝင်တိုက်ပေးပြီး စိတ်ဒဏ်ရာအကြီးအကျယ်ရသွားတဲ့ Green Lantern နဲ့အခုမှ ကမ္ဘာပေါ်ကိုရောက်လာပြီး လူသားတွေအကြောင်းသိဖို့ကြိုးစားနေတဲ့Martian Manhunter တို့ဟာ ကမ္ဘာပေါ်က လူတွေအားလုံးကိုသတ်မယ့်ရန်သူတစ်ကောင်ကို တိုက်ရဖို့ အကြောင်းဖန်လာပါတယ်။အဲဒါကတော့ ကမ္ဘာကြီးနဲ့အသက်အတူတူလောက်ရှိတဲ့ဗဟို (The Centre) လို့ခေါ်တဲ့ သတ္တဝါကြီးတစ်ကောင်ကြောင့်ပါပဲ။တခြားအပြိုင်စကြာဝဠာဇာတ်လမ်းမျိုးမဟုတ်ဘဲစစ်ပွဲပြီးတဲ့အချိန်မှာ Justice League အဖွဲ့ဝင်တွေ ပေါ်ပေါက်လာခဲ့ရင်ဘယ်လိုကွဲပြားသွားမယ်၊ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကိုဖော်ပြရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။File size…    ...
movie

Justice League: The New Frontier (2008)

Once Upon a Forest (1993) 6.4
Once Upon a Forest (1993) Once Upon a Forest (1993) ==================== IMDb Rating - 6.4/10ဖြူကောင်လေးရက်ဆယ်လ်ရယ်၊ ကြွက်မလေးအဘီဂေးလ်ရယ်၊ ပွေးကောင်လေးအက်ဒ်ဂါရယ်၊ ခွေးတူဝက်တူလေးမစ်ရှယ်လ်ရယ် က ဒက်ပယ်ဝုဒ်မှာနေကြတဲ့တောကောင်လေးတွေပေါ့။ မစ်ရှယ်လ် ရဲ့ဦးလေး ကော်နီးလီးယပ်စ်ဆီမှာ သူတို့အတူတူ ပညာသင်ယူနေ ကြသတဲ့။တစ်နေ့တော့ သူတို့နေတဲ့ဆီမှာ အဆိပ်ဓာတ်ငွေ့တွေရောက်လာပြီး တောကောင်လေးတွေအကုန် ဒုက္ခရောက်ကြတာပေါ့။ မစ်ရှယ်လ် လည်း အဆိပ်ဓာတ်ငွေ့တွေရှူမိပြီး မေ့လဲသွားရှာတယ်။ အဲဒါကြောင့် သူတို့သူငယ်ချင်းကိုကယ်ဖို့ ရက်ဆယ်လ်တို့သုံးယောက် ဆေးပင်ရှာ တဲ့စွန့်စားခန်းကြီးဖွင့်ရတော့တာပေါ့။ လူသားတွေကြောင့် တောကောင် လေးတွေ ဒုက္ခရောက်ရပုံတွေ၊ ရက်ဆယ်လ်တို့သူငယ်ချင်းတစ်စုရဲ့ သတ္တိရှိရှိနဲ့ ဆေးပင်ရှာပုံတော်ဖွင့်ခန်းကို ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.26 GB) / (630 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 11Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Darma Translator.......Ngwe Zin Encoder..........SWM 
movie

Once Upon a Forest (1993)

1993
Justice League: Crisis on Infinite Earths Part Two (2024)
Justice League: Crisis on Infinite Earths Part Two (2024)  DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။ File size…(1.6 GB)/(825 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Animation, Science Fiction, Action  Subtitle….Myanmar Subtitle ...
movie

Justice League: Crisis on Infinite Earths Part Two (2024)

Kurt Turns Evil (2008) 6.3
Kurt Turns Evil (2008) Kurt Turns Evil (2008) IMDb - 6.3/10၂၀၀၈ခုနစ်ကထွက်ရှိခဲ့တဲ့ နော်ဝေသရီးဒီကာတွန်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ သားသမီးသုံးယောက်ရယ် ဇနီးဖြစ်သူရယ်နဲ့အတူ နေထိုင်နေပေမဲ့ ဖော့ကလစ်မောင်းတဲ့ ကာ့တ်ကို မိသားစုဝင်တစ်ယောက်ကမှ အထင်မကြီးကြပါဘူး။ ဒီကြားထဲ ဘေးအိမ်ကို ဆရာဝန်တစ်ယောက်ပြောင်းလာတဲ့အခါမှာတော့ မိသားစုဝင်တွေအကုန်လုံးက စကားပြောတိုင်းမှာ ဆရာဝန်ရဲ့နာမည်မပါမပြီးဖြစ်နေကြရော။ ဒီမှာပဲ ကာ့တ်တစ်ယောက် မိသားစုဝင်တွေ သူ့ကိုအထင်ကြီးဖို့အရေး နည်းအမျိုးမျိုးနဲ့ ကြံဆောင်ရာကနေ အလွဲတွေဖြစ်ပါတော့တယ်။ ကာ့တ်တစ်ယောက် မိသားစုဝင်တွေ သူ့ကိုအထင်ကြီးဖို့ကြိုးစားမှု အောင်မြင်မလားဆိုတာကြည့်ရမဲ့ ကာတွန်းရုပ်ရှင်လေးပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။Genre..... Animation, Comedy, Family Quality…. 1080p | 720p File size… 1.2GB| 631MB Format… mp4 Duration…. 1h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Kurt Turns Evil (2008)

2008
They Shot the Piano Player (2023)
They Shot the Piano Player (2023)  ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ဂီတသမားတစ်ယောက်ရဲ့ documentary ကို animation ပုံဖော်ထားတဲ့ ကာတွန်းဇာတ်လမ်းလေးပါဘယ်လို ခေတ်ပေါ် ဂီတမျိုးဖြစ်နေပါစေ တချိန်က ဂီတဂုရုကြီးတွေရဲ့ ဆန်းသစ်မှုကြောင့် ပေါ်ထွက်လာရတာချည်းပါ သူတို့က အချိန်ခဏလောက် ပေါ်လာပြီး ချက်ချင်းမြုပ်သွားတာလည်း ဖြစ်နိုင်တယ်... ပရိသတ်တွေမသိကြရတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ musician တွေကတော့ သူတို့လက်ရာတွေကို လေ့လာသင်ယူပြီး ခေတ်ပေါ်သီချင်းတွေ ဖန်တီးလာကြတာမို့လို့ အများမသိတဲ့ ဂုရုများလို့ ပြောရမလိုပဲ ဒီမှာဆိုရင်လည်း ၁၉၆၀ ကာလ ဘရာဇီး Samba Jazz ဂီတလှုပ်ရှားမှုမှာ ဂုရုတစ်ပါးဖြစ်တဲ့ စန္ဒရားဆရာ Tenório အကြောင်း နောက်ခံရာဇဝင်ကို အမေရိကန် ဂီတ ဂျာနယ်လစ်တစ်ယောက်က အားတက်သရော လိုက်လံမေးမြန်းတာတွေကို တင်ဆက်ထားတယ်ဒါ့အပြင် Tenório က စောစီးစွာ ကြွေလွင့်ခဲ့ရတယ် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားရတယ် သူ့ရဲ့ ဆွေမျိုးအသိုင်းအဝိုင်းမိတ်ဆွေ ဂီတသမား အစုံအလင်ကို ဂျာနယ်လစ်က လိုက်လံ အင်တာဗျူးရင်း ...
movie

They Shot the Piano Player (2023)

The Batman vs. Dracula (2005) 6.6
The Batman vs. Dracula (2005) The Batman vs. Dracula (2005) ======================= IMDb Rating - 6.6/10Old but Gold, Batman animation ဇာတ်ကားလေး တစ် ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ် က ထွက်ရှိထားခဲ့ပြီး Dc Elseworld Universe ထဲက အကောင်း ဆုံး animation ကားတွေထဲက တစ်ကား အပါအဝင်ပါပဲ။ ကျွန် တော်တို့ ကလေးဘဝက အခွေထဲမှာကြည့်ခဲ့ဖူးတဲ့ animation ကားကို ပြန်ကြည့်ရင်း ကလေးဘဝက အမှတ်တရတွေကို ပြန်ခံ စားလိုက်ကြပါစို့။ဇာတ်လမ်းအကျဉ်းကတော့ အာခမ်စိတ္တဇဆေးရုံမှာ ရောက်နေတဲ့ ထောင်သားတစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ ရတနာတွေ ရှိတဲ့ နေရာကို သိကြောင်း၊ သူ့ကို လွတ်အောင်ကူညီပေးမယ်ဆိုရင် တစ် ဝက်ခွဲပေးမယ်ဆိုပြီး ပင်ကွင်းကို ပြောပါတယ်။ ဒါပေမယ့် အဲအ ကြောင်းကို ဂျိုကာလည်း သိထားပါတယ်။ ဒီလိုနဲ့ ဂျိုကာ ထောင် ဖောက်ထွက်ပြေးသလို၊ ပင်ကွင်းလည်း ထွက်ပြေးပြီး အဲရတနာ တွေကို လိုက်ရှာဖို့ ကြိုးစားပါတယ်။ပင်ကွင်းလည်း သူများအပြောနဲ့ ...
movie

The Batman vs. Dracula (2005)

2005
Nausicaä of the Valley of the Wind (1984) 8.0
Nausicaä of the Valley of the Wind (1984) နောင်လာမယ့် နှစ်ပေါင်းများစွာအကြာမှာ ကမ္ဘာကြီးဟာစစ်ပွဲတွေနဲ့ လေထု/ရေထု ညစ်ညမ်းမှုတွေကြောင့်လူသားမျိုးနွယ်အားလုံးဟာ မျိုးသုဉ်းလုနီးပါးဖြစ်ခဲ့တယ်။ကျန်ရစ်တဲ့လူသားတွေဟာလည်း သယံဇာတအရင်းအမြစ်တွေအတွက်စစ်မက်တွေ ဆက်လက်ဖြစ်ပွားခဲ့တယ်။ အဲ့ဒီအထဲမှာမှ Nausicaa မင်းသမီးလေးအုပ်ချုပ်တဲ့လေညင်းတောင်ကြားမှာရှိတဲ့ တိုင်းပြည်လေးဟာအဆိပ်သင့်တောအုပ်ရဲ့ အနီးဆုံးမှာရှိပေမယ့်အေးချမ်းတဲ့ တိုင်းပြည်တစ်ခုပေါ့။ တစ်နေ့မှာတော့ အင်အားကြီးတိုင်းပြည်နှစ်ခုရဲ့ စစ်ပွဲကြားလေညင်းတောင်ကြားတိုင်းပြည်လေး ကြားညပ်လာတဲ့အခါမင်းသမီး Nausicaa တစ်ယောက် သူ့ရဲ့တိုင်းပြည်ကိုကယ်တင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…    4 GB /  1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 57m Genre ..... Animation/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Tayza
movie

Nausicaä of the Valley of the Wind (1984)

Tales from Earthsea (2006) 6.3
Tales from Earthsea (2006) Earthsea ဆိုတဲ့ ကမ္ဘာကြီးမှာ လောကကြီးရဲ့ ဟန်ချက်ညီမှုတွေပျက်စီးပြီး ကပ်ဆိုးတွေအမျိုးမျိုး ဖြစ်ပေါ်လာခဲ့တယ်။ဒီဖြစ်ရပ်တွေရဲ့ အကြောင်းအရင်းကို စုံစမ်းဖို့အကြီးမြတ်ဆုံးမှော်ဆရာတစ်ဦးဟာသူ့ရဲ့ရှည်လျားလှတဲ့ခရီးစဉ်ကို စတင်ခဲ့ပါတယ်။သူ့ရဲ့ခရီးစဉ်မှာ Arren ဆိုတဲ့ ပြည်ပြေးမင်းသားတစ်ပါးနဲ့မိတ်ဆွေဖြစ်ခဲ့ပြီး အတူတကွခရီးဆက်ခဲ့တယ်။ လမ်းခရီးတစ်လျှောက် လောကကြီးရဲ့ ဟန်ချက်ညီမှုကိုပျက်စီးစေမယ့် ထာဝရရှင်သန်မှုကို ရှာဖွေနေတဲ့မှော်ဆရာတစ်ဦးနဲ့ ရင်ဆိုင်ရတဲ့အခါ အဲ့ဒီမှော်ဆရာကိုသူတို့တွေ ရင်ဆိုင်နိုင်ပါ့မလား၊ လောကကြီးရဲ့ဟန်ချက်ညီမှုကို ပြန်လည်ထိန်းသိမ်းနိုင်ပါ့မလားဆိုတာကိုကြည့်ရှုခံစားရမှာပါ File size…    1.5 GB /  679 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ..... Animation/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Tayza
movie

Tales from Earthsea (2006)

Valiant (2005)
Valiant (2005)  ဒုတိယကမ္ဘာစစ်အတွင်း တိရစ္ဆာန်လေးတွေက လူ့အသက်ပေါင်းများစွာကယ်တင်ပေးနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိရှိမှုအတွက် အမြင့်ဆုံးဆုတံဆိပ်ကတော့ Dickin Medal ဖြစ်ပြီး စစ်ပွဲအတွက် ယင်းဆုတံဆိပ်ပေါင်း ၅၄ ဆုချီးမြှင့်ခံရတဲ့အထဲမှာ ၁၈ ဆုကို တော့ ခွေးလေးတွေကရရှိခဲ့ပြီး၊ မြင်းလေးတွေက ၃ ဆု၊ ကြောင်လေးတစ်ကောင်က ၁ ဆုနှင့် ခိုလေးတွေက ဆုပေါင်း ၃၂ ဆု ရရှိခဲ့တာဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးက ဒုတိယကမ္ဘာစစ်အတွင်း စစ်သားတွေကို ကူညီပေးခဲ့တဲ့ ရာနဲ့ချီတဲ့ ခိုလေးတွေရဲ့အကြောင်းကို Inspire ယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းမှာ ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားစဉ်ကာလကို အခြေတည်ထားပြီး ဇာတ်လမ်းအစပိုင်းတွင် Royal Homing Pigeon Service က ခိုလေး ၃ ကောင်ဟာ အလွန်အရေးပါတဲ့စာတစ်စောင်ကို သယ်ကာ အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပျံရင်း ဗြိတိန်နိုင်ငံထံသို့ အရောက်ပြန်နေကြပါတယ်။ ညဖက်အချိန် ဆိုးဝါးလှသည့်ရာသီဥတုကြားမှ အားတင်းကာ ပျံသန်းကြရင်း ဒိုဗာ အဖြူရောင်ကမ်းပါးကိုမြင်နေရပြီဖြစ်တဲ့အတွက် ...
movie

Valiant (2005)