Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Animation
7.6
Summer Wars (2009)
Summer wars ဆိုတဲ့ anime ဟာ နိုင်ငံတကာမှာ အထူးထင်ရှားတဲ့ နာမည်ကြီး ဒါရိုက်တာ Hosoda Mamoru ရိုက်ကူးခဲ့တဲ့ Rating မြင့် ကာတွန်းတစ်ကားဖြစ်ပါတယ်.. ဂျပန်ကာတွန်းကားတွေရဲ့ ထုံးစံအတိုင်း ရင့်ကျက်တဲ့ဇာတ်အိမ်နဲ့အတူ မိသားစုသံယောဇဉ်.. ချစ်ခြင်းမေတ္တာ.. စည်းလုံးမှု.. မလျှော့သောဇွဲနဲ့အတူ မထင်မှတ်တဲ့အပြောင်းအလဲတွေနဲ့ တော်တော်လေးနာမည်ကြီးခဲ့တဲ့ ဇာတ်ကားလဲဖြစ်ပါတယ်..ဇာတ်လမ်းကတော့ OZ ဆိုတဲ့ တစ်ကမ္ဘာလုံးက ဖုန်း/ကွန်ပျူတာတွေ အင်တာနက်ကတဆင့် ချိတ်ဆက်ကစားနိုင်တဲ့ Digital World ကနေ အစပြုခဲ့ပါတယ်.. လူတိုင်းမှာ ကိုယ်ပိုင်အချက်အလက်နဲ့ဖန်တီးထားတဲ့ ဇာတ်ကောင်တစ်ကောင်ဆီပိုင်ဆိုင်ပြီး shopping ထွက်တာ စီးပွားရေးလုပ်ငန်းတွေ အုပ်ချုပ်သူအစိုးရပိုင်းတွေ ရေပိုက်လိုင်း လျှပ်စစ်စနစ်ကအစ အပြင်လောကနဲ့ထပ်တူ လှုပ်ရှားကစားနိုင်တဲ့ virtual world game တစ်ခုလဲဖြစ်ပါတယ်..ခဲန်းဂျိလို့ခေါ်တဲ့ အထက်တန်းကျောင်းသားတစ်ယောက်ဟာ သင်္ချာအိုလံပစ်မှာ ဂျပန်နိုင်ငံကိုယ်စားပြုအဖြစ်က လွဲချော်ခဲ့လို့ စိတ်မကောင်းဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ပါ.. တစ်ရက် သူ့စီနီယာမမက အဖွားမွေးနေ့မှာ သူ့ရည်းစားအဖြစ်နဲ့ ...
movie
Summer Wars (2009)
2009
7.1
Kung Fu Panda: Secrets of the Scroll (2016)________IMDb - 7.1/10 ဒီ ၂၃ မိနစ်စာပဲရှိတဲ့ ကွန်ဖူး ပန်ဒါကားလေးက ပန်ဒါဇာတ်ကားအားလုံးရဲ့အနှစ်ချုပ်ပါပဲ IMdb rating 7.1 ရထားပြီး Animation ကြိုက်သူတွေလက်မလွှတ်သင့်ပါဘူး ဒီဇာတ်လမ်းလေးက ညီနောင်ငါးဦး ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ ဖေါ်ညွှန်းထားတာပါ ကွန်ဖူး ပန်ဒါဆိုရင် ကလေးလူကြီးသိနေကြပြီးဖြစ်လို့ အထွေအထူး မညွှန်းတော့ပါဘူး ကွန်ဖူး ပန်ဒါ သုံးကားစလုံးကြည့်ဖူးတယ်ဆိုရင်တော့ဒီကားလေးက မဖြစ်မနေကြည့်ရမဲ့ ကားထဲပါသွားပါပြီ..... (ဘာသာပြန်သူ Aye Min Oo ပါ) File Size - 134 MB Quality - 1080p Duration - 23 min Translator - Aye Min Oo Encoder - Littleneo
movie
Kung Fu Panda: Secrets of the Scroll (2016)
8.0
The Iron Giant (1999)
ဒီနေ့အတွက် IMDb rating 8.0/10 ရရှိထားပြီး CM ပရိသတ်တစ်ချို့လည်းတောင်းဆိုထားတဲ့ Animation ကားလေး တင်ပေးလိုက်ပါတယ်။အချိန်ကာလက စစ်အေးကာလ အမေရိကန်နဲ့ ဆိုဗီယက်တို့ အပြင်းအထန် အားပြိုင်နေချိန်ပေါ့။ အဲ့လိုအချိန်မှာ ဆိုဗီယက်က ကမ္ဘာ့ပထမဆုံး ဂြိုဟ်ထုဖြစ်တဲ့ Sputnik I ကြီးလွှင့်လိုက်တော့ အမေရိကန်မှာ ဆိုဗီယက် ကျူးကျော်စစ်တို့၊ ကောင်းကင်ကကျလာမယ့် ဆိုဗီယက် စစ်လက်နက်တွေတို့ အကြောင်း တွေးရင်း ပြောရင်း အရမ်း Paranoid ဖြစ်နေချိန်ပေါ့။ . အဲ့လိုအချိန်မှာ Hogarth Hughes လိုခေါ်တဲ့ ၁၂ နှစ်အရွယ်လောက်ကောင်လေး ဟာ သူ့အမေ Annie နဲ့ အမေရိကန်က ကမ်းရိုးတန်း နယ်စွန်နယ်ဖျား မြို့လေးရဲ့ အစပ်မှာ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ Annie ဟာ အလုပ်ကနေ အိမ်ပြန်တာနောက်ကျ မှာဖြစ်လို့ (Hogarth မှာ အမေပဲရှိတော့ပါတယ်) Hogarth တစ်ယောက်ထဲ ...
movie
The Iron Giant (1999)
1999
6.5
Resident Evil: Damnation (2012) IMDb - 6.5/10_____Rotten - 100% ကဲဗျာ Holloween နေ့အတွက်ပဲ Resident evil ရဲ့ 2012 ခုနှစ်ထွက် 3D Animation ကားလေးကိုတင်ပေးလိုက်ပါတယ် Sony နဲ့ Campcom ကထုတ်တဲ့ PS2 ဂိမ်းတွေနဲ့ ရင်းနှီးသူဆိုရင်တော့ ဒီဇာတ်လမ်းလေးကို စိမ်းမယ် မထင်ဘူးဗျ
movie
Resident Evil: Damnation (2012)
2012
7.8
The Little Prince (2015)
စည်းကမ်းတိကျတဲ့အမေတစ်ယောက်ရဲ့လက်အောက်မှာ ထိန်းချုပ်ခံကလေးတစ်ယောက်ရဲ့ခံစားချက်၊ပုံစံခွက်ထဲမှာနေသားကျနေတဲ့ သူမဘဝ၊တစ်နေ့တော့ ထူးဆန်းတဲ့ အိမ်နီးနားချင်းအဖိုးကြီး တစ်ယောက်နဲ့တွေ့ပြီး ထူးဆန်းတဲ့ကမ္ဘာတစ်ခုရှိမှန်းသိလာရတော့တယ်။အဲ့ဒီကမ္ဘာလေးထဲက မင်းသားလေးနဲ့ တခြားလူတွေရဲ့စရိုက်၊ ကလေးတစ်ယောက်ရဲ့လွတ်လပ်ခွင့် စိတ်ကူးစိတ်သန်း၊ မျှော်လင့်ချက်မပါတဲ့ အချစ်၊အဖိုးကြီးတစ်ယောက်နဲ့ ကလေးငယ်လေး တစ်ဦးကြားက သံယောဇဉ် မေတ္တာ ...စတာတွေကိုအချိတ်အဆက်မိမိ ပုံဖော်ထားလို့ ငြီးငွေ့စရာ သာမန်ကာတွန်းကားတစ်ခုမဟုတ်ဘူးပဲ ဆိုပါရစေ။Imdb rating ကလဲ 7.8 မို့ကြည့်သင့်တဲ့ကားတစ်ကားလို့ အာမခံပါတယ်။(ဇာတ်လမ်းအညွန်းကိုတော့ Shocking Pink မှရေးပေးထားတာ ဖြစ်ပါတယ်)File size…(840MB)Quality…720p Bluray Format…mp4 Duration….01:48:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike Zaw
movie
The Little Prince (2015)
2015
7.1
The Peanuts Movie (2015)
The peanuts ဆိုရင်ပြေးမြင်ကြတဲ့ စနူပီနဲ့ မအူမလည်ချာလီတို့ရဲ့ကားကို ညီမလေး မြတ်ကဘာသာပြန်ပေးလိုက်ပါပြီ။ ချာလီဘရောင်း၊ စနူပီ၊ လူစီ၊ လိုင်းနပ်စ့် နဲ့ကျန်တဲ့ချစ်လှစွာသော "Peanuts" ဂိုဏ်သားတွေကတော့ သူတို့ကိုမမြင်တွေ့ရဖူးတဲ့ 3D စခရမ်ပေါ်မှာပေါ်လာခဲ့ကြပါပြီ။ ချာလီဘရောင်းနဲ့သူ့ရဲ့ အချစ်ရဆုံးသောခွေးကလေး စနူပီတို့နှစ်ယောက်အကြောင်း။ သူရဲကောင်းဆန်တဲ့စွန့်စားခန်းတွေနဲ့လေယာဉ်မောင်းပြီး လေသူရဲနီ နဲ့စိတ်ကူးယဉ်စာရေးရင်း ကောင်းကင်တိုက်ပွဲဝင်တဲ့၊ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ချစ်စရာအိမ်မွေးခွေးလေးစနူပီနဲ့ ကောင်မလေးကိုကြွေပြီး ပျားတုတ်နေတဲ့ ချာလီတို့ရဲ့ ခေတ်ဟောင်း ကာရိုက်တာကို ဒီနေ့ခေတ်မှာပြန်လည်တူးဆွပြထားပါတယ်။ ရုပ်ရှင်ရဲ့အဓိကကျောရိုးကတော့ ချာလီက သူတို့အိမ်နားကိုအသစ်ပြောင်းလာတဲ့ ဆံပင်အနီရောင်နဲ့ကောင်မလေးကိုခိုက်သွားပါတယ်။ ဒါပေမဲ့ ကောင်မလေး အထင်ကြီးဖို့ သူကြိုးစားသမျှတိုင်းက ထုံးစံအတိုင်း စောကြည်ဖြူဖြစ်သွားပါတယ်။ ဒီအချိန်မှာပဲ ကျုပ်တို့ဇာတ်လိုက်ကျော်ကြီး ချာလီတစ်ယောက် စာမေးပွဲမှာအမှတ်ပြည့်ရပြီး ကျောင်းရဲ့ဂုဏ်ထူးဆောင်ချီးမြှင့်ခံရပါတော့တယ်။ ဒါပေမဲ့ အဲ့ဒီအမှတ်စာရင်းကမှားနေမှန်းသိတာနဲ့တစ်ပြိုင်နက် သူ့ရဲ့အောင်ပွဲခံဇာတ်လမ်းဟာ ဆုပ်လည်းစူးစားလည်းရူးတဲ့ ကြောင်သူတော်ဘ၀ရောက်ရတော့တာပါပဲ။ ဒီလိုအခြေအနေကိုချာလီဘယ်လိုဖြတ်ကျော်ခဲ့သလဲဆိုတာနဲ့ ..အရင်အတိုင်း မူရင်းအရသာမပြောင်းတဲ့ အရင်လိုတလွဲတွေလုပ်နေတဲ့ ချာလီဘရောင်းနဲ့ ဘေးနားကလူစီ လိုင်းနပ်စ် တို့ကိုလည်းတွေ့ရမှာပါ။ အိမ်မှာတီဗွီကလာတိုင်းကြည့်ခဲ့ရတဲ့ ငပိန်းချာလီဘရောင်းနဲ့ ခွေးလေးစနူပီတို့ကိုသိရင် ဒီကားကိုအရမ်းကြိုက်ကြမှာပါ။ ထွက်ပြီးမကြာခင်မှာပဲ Meghan Trainor ...
movie
The Peanuts Movie (2015)
2015
N/A
Scooby-Doo! And WWE: Curse of the Speed Demon (2016) မြန်မာစာတန်းထိုး
စကူဘီ ဒူး ချစ်သူများအတွက် ၂၀၁၆ ထွက် အသစ်ကို တင်ပေးထားပါတယ်။ IMDb 5.8 နဲ့ပါ။ စကူဘီ ဒူး အဖွဲကို WWE ကာရိုက်တာ Undertaker, Triple H တို့ နဲ့ တွဲဖက်ပေးထားပြီး လျို့ဝှက်ဆန်းကြယ် အမှုတစ်ခုကို ဖြေရှင်းကြတဲ့ အကြောင်းပါ။ အားပေးကြပါဦး။File size…(750MB) Quality…BR-Rip 720p Format…mp4 Duration….01:20:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike Zaw Download Here (750MB) Download Small File Size (340 MB)
movie
Scooby-Doo! And WWE: Curse of the Speed Demon (2016) မြန်မာစာတန်းထိုး
2016
Power Rangers Dino Charge-TV Series – မြန်မာစာတန်းထိုး
( April Fool လုပ်မိလို့ အလျော်ပြန်ပေးတဲ့အနေနဲ့တင်ပါသည် . . . ငိငိ ) 2015 မှာ Season 1 , episode 34 ပိုင်းထိ ထွက်ရှိထားတဲ့ ပါဝါရိန်းဂျားကားသစ်လေးကို cm ပရိတ်သက်ကြီးအတွက်တင်ပေးချင်ပါတယ်။ ကလေးတွေအတွက်တော့အကြိုက်ဆုံးဖြစ်သလို တစ်ချို့လူငယ် လူကြီးတွေတောင် အခုထိကြိုက်တုန်းပဲဆိုတာ ငြင်းမရပါဘူး။ ဒီနှစ် 2016 ထဲမှာတော့ Season 2 ကိုဆက်လက်ထွက်ရှိမှာပါ။ ဒီဇာတ်ကားလေးမှာ IMDb rating အနေနဲ့ 7.1/10 ထိတောင်ရရှိထားပါတယ်။ အခုတော့ ပထမဆုံးအပိုင်းကိုတင်ပေးမှာ တင်ပြီးတာနဲ့ ဘာသာပြန်သူတွေအမြန်ဆုံးပြန်ပေးသလောက်ကို အမြန်ဆုံး တင်ပေးဖို့အတွက် ကျွန်တော်တို့ ကြိုးစားပေးပါ့မယ်။ ဒီပိုစ့်မှာ ကျန်တဲ့အပိုင်းများဆက်လက်တင်ပေးသွားပါမယ်။ (ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ CM Team မှ Moe Myint Lwin ပဲဖြစ်ပါတယ်။) @San Win MaungFile Size ...
movie
Power Rangers Dino Charge-TV Series – မြန်မာစာတန်းထိုး
Dr.Strange (2007) မြန်မာစာတန်းထိုး
Dr.Stephen Strange ဟာ ထက်မြက်ပြီးမာနကြီးတဲ့ခွဲစိတ်ဆရာဝန်တစ်ဦးပါ မထင်မှတ်ဘဲ ကားမတော်တဆမှုကနေသူ့လက်တွေကသုံးမရဖြစ်သွားပါတယ် သူ့ရဲ့ကျောင်းနေဖက် Wong ရဲ့အကြံပေးချက်အရ တိဘက်ဒေသမှာကျော်ကြားတဲ့ Ancient One (တိဘက် ဆိုတာ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်တွေနေတဲ့နေရာလို့လဲထင်ရှားပါတယ်)ဆိုသူဆီကို ကုသဖို့သွားရာကနေ Ancient One ဆီက စွမ်းအားတွေရပြီး Dr.Strange ဖြစ်လာပါတယ် ဒီစွမ်းအားတွေနဲ့ ကမ္ဘာကြီးကိုအုပ်စိုးဖို့ကြံစည်နေတဲ့ရန်သူတစ်ဦးလက်ကနေဘယ်လိုကယ်တင်မလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ်။ Dr.Strange 2016 မထွက်ခင်လေးကို ဇာတ်လမ်းကို ရင်းနှီးမှုရှိအောင်ကြည့်ထားကြပေါ့ဗျာ (ဇာတ်ကားအညွှန်းကိုတော့ Chuck ကရေးသားပေးခဲ့တာပါ)File size...(500MB) Quality...BR-Rip 720p Format...mp4 Duration....01:44:24 Subtitle....Myanmar Subtitle (Hardsub) Encoder.... Kaywa Translator .... Myo Myint Maung Download & Watch From Pcloud အစမ်းကြည့်ရန်
movie
Dr.Strange (2007) မြန်မာစာတန်းထိုး
4.8
Bling (2016)
အချစ်ဆိုတာ အရာရာကိုပြောင်းလဲစေနိုင်တယ်တဲ့ ဟုတ်ပါ့မလား ငယ်စဉ်ဘ၀ကတည်းက တိတ်တခိုးဆွဲလမ်းနေခဲ့ရသော ဆမ် ကြီးလာတော့ မိမိချစ်သူ ဆူး ကို အကြိမ်ကြိမ်ဖွင့်ပြောဖို့ကြိုးစားခဲ့ပေမယ့်လည်း အခွင့်မကြုံပဲ အရာရာ တလွဲတွေသာ လုပ်မိတဲ့အခါမှာတော့ ဘယ်လိုတွေကြုံတွေ့ရမလဲ အချစ်ကြောင့် မိုက်ကန်းနေတဲ့ ချစ်လူမိုက်ကြီး ဗစ်တာနဲ့ ကြုံတွေ့နေရတဲ့အခါမှာတော့ ဘယ်လိုတွေများ ရင်ဆိုင်ဖြေရှုင်းကြမလဲဆိုတာ ဆက်လက် ကြည့်ရှူလိုက်ကြပါအုံးဗျာ
movie
Bling (2016)
2016
5.4
The Wild Life (2016)ြ
လူသူမနီးတဲ့ ထူးခြားဆန်းပြားတဲ့ သုခဘုံ ကျွန်းငယ်လေးတစ်ခုပေါ်မှာ အင်္ဂါလို့ခေါ်တဲ့ဖော်ရွေတဲ့ငှက်လေးတစ်ကောင်ဟာ သူ့သူငယ်ချင်းတိရိစ္ဆာန်လေးတွေနဲ့ နေထိုင်ကြပါတယ်။ ဒါပေမဲ့ အင်္ဂါတစ်ကောင်ကတော့ ကမ္ဘာကြီးကိုရှာဖွေဖော်ထုတ်ဖို့ သူ့အိမ်မက်ကိုမစွန့်လွှတ်နိုင်ခဲ့ပါဘူး။ ပြင်းထန်လှတဲ့မုန်တိုင်းအပြီးမှာ အင်္ဂါနဲ့သူ့သူငယ်ချင်းတွေဟာ ကမ်းခြေမှာထူးဆန်းတဲ့ ရော်ဘင်ဆင်ခရူးဆိုးလို့ သတ္တ၀ါတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။ အင်္ဂါကချက်ချင်းပဲ ခရူးဆိုးကိုသူကျွန်းပေါ်ကထွက်ခွာဖို့လမ်းစလို့မြင်ခဲ့ပြီး ခရူးဆိုးကလဲ အင်္ဂါနဲ့သူ့သူငယ်ချင်းတိရိစ္ဆာန်တွေကို ဒီကျွန်းပေါ်မှာအသက်ရှင်ဖို့အဓိကကျတယ်လို့မြင်ခဲ့ပါတယ်။ သို့ပေမဲ့ လူသားဆိုတာကိုမသိတဲ့ တိရိစ္ဆာန်တွေနဲ့နေရတာတော့ လွယ်ကူတာမဟုတ်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ သူတို့အားလုံးအတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြပါတော့တယ်။တစ်နေ့မှာတော့ ကျွန်းကိုသိမ်းပိုက်ချင်တဲ့ ရက်စက်တဲ့ကြောင်နှစ်ကောင်နဲ့တွေ့ပြီး သူတို့ရဲ့ငြိမ်းချမ်းတဲ့ဘ၀လေးက အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ ကြောင်တွေနဲ့ သူငယ်ချင်းတစ်စုအကြားတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး ခရူးဆိုးနဲ့ သူ့ရဲ့တိရိစ္ဆာန်တစ်စုတို့ဟာ မိတ်ဆွေစစ်တို့ရဲ့ စွမ်းအားအစစ်အမှန်ကိုရှာဖွေတွေ့ရှိခဲ့ပြီး အားလုံးကိုတွန်းလှန်လိုက်ပါတော့တယ်...။ ဇာတ်လမ်းအညွန်းနဲ.ဘာသာပြန်သူကတော. Myo Myint Maung ဖြစ် ပြီ ကွာလတီ ကောင်း ကောင်းနဲ့ ကြည့် ရ အောင် Encode ပေးတာက တော့ Than Htike ပဲဖြစ်ပါတယ် Download And ...
movie
The Wild Life (2016)ြ
2016
The Nut Job (2014)
ဒီကားလေးဟာ ကိုယ်စိတ်ထင်ရာလုပ်တတ်ပြီး ကိုယ်ဖို့ပဲကြည့်တတ်တဲ့ ရှဥ့်လေးတစ်ကောင်အကြောင်းကို အခြေခံထားပာတယ်... အဲ့ဒီရှဥ့်လေးရဲ့နာမည်ကတော့ ဆာလီ လို့ခော်ပာတယ်...သူ့ရဲ့ပာတနာကတော့ ဘာဒီလို့ခော်တဲ့ စကားမပြောတဲ့ကြွက်ကလေးပာ... ဆာလီတို့ဟာ အုက္ကတန်မြို့ရဲ့ လေဘာတီပန်းခြံထဲမှာ နေကြပာတယ်.. တခြားတိရစ္ဆာန်လေးတွေလည်း နေထိုင်ကြပြီး ဆာလီတို့ကတော့ သီးသန့်ခွဲနေကြတာပာ... ပန်းခြံထဲက တိရစ္ဆာန်တွေကိုတော့ ရက်ကွန်လို့ခော်တဲ့ တောကြောင်ကြီးတစ်ကောင်က အုပ်ချုပ်ပာတယ်...သူကတော့ ခောင်းပုံဖြတ် အကျင့်မကောင်းတဲ့ ဗီလိန်တစ်ယောက်ပာ... ရက်ကွန်ဟာ ဆာလီကို မျက်မုန်းကျိုးနေသူလည်းဖြစ်ပာတယ်... တစ်နေ့မှာ ဆာလီတို့ဟာ ပန်းခြံရှေ့မှာ လာရောင်းတဲ့ မြေပဲလှည်းက မြေပဲတွေကို ခိုးယူဖို့ကြိုးစားပာတော့တယ်...ဒီနေရာမှာ အန်ဒီ ဆိုတဲ့ ထက်မြက်တဲ့ ရှဥ့်မလေး ပာဝင်လာပာပြီ...အန်ဒီကတော့ အများအကျိုးကို ကြည့်သူဖြစ်ပြီး ဆာလီနဲ့ကတော့ ဆန့်ကျင်ဘက်ပာ... အန်ဒီရဲ့ တွဲဖက်ကတော့ ဂရေဆင်လို့ခော်တဲ့ ခပ်ပောပောရှဥ့်တစ်ကောင်ပာ...သူ့ကို ပန်းခြံရဲ့သူရဲကောင်းဘွဲ့ပေးထားပာတယ်...ဒီလိုနဲ့ ဆာလီတို့ဟာ မြေပဲတွေကို ခိုးယူဖို့ကြိုးစားရင်း အန်ဒီတို့နဲ့တွေ့ပြီး မြေပဲလှည်းဟာ မတော်တဆဖြစ်ပြီး ပန်းခြံထဲက အကြီးဆုံးသစ်ပင်ကြီးကို မီးလောင်စေခဲ့ပာတယ်...အဲ့ဒီ သစ်ပင်ကြီးဟာ ပန်းခြံထဲက တိရစ္ဆာန်လေးတွေရဲ့ ဆောင်းတွင်းကာလအတွက် အစာစုဆောင်းရာအပင်ကြီးဖြစ်နေပာတယ်.. ဒီတော့ အကုန်လုံး စိတ်ဆိုးကြပြီး ဆာလီ ကို ...
movie
The Nut Job (2014)
6.7
Penguins Of Madagascar (2014) IMDb - 6.7/10_____Rotten - 73% ဒီ ဇာတ်လမ်းလေးကတော. Skipper, Kowalski, Rico နဲ. Private join ဆိုတဲ့ပင်ဂွင်းလေးကောင်ရဲ. စွန်စားခန်းလေးတွေအကြောင်းပါ ဇာတ်လမ်းအစမှာတော့ Skipper, Kowalski, Rico တို.ဟာ Private မွေးဖွာမဲ. ဥ ကိုကယ်တင်ခဲ့ပြီး Private ဟာ Skipper, Kowalski, Rico တို.နဲ. မိသားစုဝင်ဖြစ်လာခဲ့ပါတယ်။ ပင်ဂွင်းလေးကောင်ဟာ နယူးယောက်ခ် မြို.ကိုရောက်ရှိခဲ့ပြီး ပင်ဂွင်းတွေကို ရန်ငြိုးကြီးနေတဲ့ရေဘဝဲ ဒေဗ့်က ဖမ်း သွားပါတယ်။. နော.ဝင်း အဖွဲ.သားတွေနဲ.ပင်ဂွင်းလေးကောင် ပူပေါင်းပြီး ရေဘဝဲ ဒေဗ်. ရဲ. ယုတ်မာမူတွေကို အတူတွန်းလှန်ရာကနေ အကုန်လုံး ရေဘဝဲ ဒေဗ်.ရဲ.ဖမ်းဆီးခြ င်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ပင်ဂွင်း အဖွဲ.ရဲ. အငယ်ဆုံးကောင်လေးဖြစ်တဲ့ Private ဟာ ပင်ဂွင်း တွေအကုန်လုံးကို ...
movie
Penguins of Madagascar (2014)
2014
A Letter To Momo (မြန်မာစာတန်းထိုး) (၂၀၁၁)
MDb 7.3 Rotten Tomatoes 80% ရရှိထားတဲ့ ဇာတ်ကားလေးကတော့ မိုမိုဆိုတဲ့ ၁၁ နှစ်အရွယ်ကောင်မလေးဟာ အဖေဆုံးပြီးနောက် တိုကျိုမှာရှိတဲ့အိမ်ကိုရောင်းချပြီး သူ့အမေရဲ့ မွေးရပ်ဇာတိကို ပြောင်းရွှေ့လာခဲ့တယ်... သူ့အဖေမဆုံးခင် ရေးထားခဲ့တဲ့ အစမရှိအဆုံးမရှိစာလေးတစ်စောင်ကတဆင့် ထူးဆန်းတဲ့ ပရလောကသားတွေနဲ့ တွေ့ဆုံမှုအကြောင်း ဇာတ်လမ်းဆင်ထားတယ်ဗျ..အညွှန်းထက်စာရင် ဇာတ်လမ်းကို ကိုယ်တိုင်ကြည့်မှ အရသာရှိမယ့်ဇာတ်ကားမို့ ဘာမှအများကြီး မညွှန်းတော့ပါဘူး..သေချာတာကတော့ " မိုမိုသို့ပေးစာ " လို့ အမည်ရတဲ့ Rating မြင့် ဒီဂျပန်ကာတွန်းကားလေးဟာ ကြာမြင့်ချိန် ၂ နာရီအတွင်းမှာ ကြည့်ရှုသူတွေကို ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်မှာပါဗျ.. File Size ...
movie
A Letter To Momo (မြန်မာစာတန်းထိုး) (၂၀၁၁)
Channel Myanmar က ကာတွန်းကားတွေ မတင်တာကြာပြီမို့ ဒီတစ်ခါ ကာတွန်းကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ... ဒီကားလေးကလည်း ကျွန်တော်ကြည့်ခဲ့ဖူးသမျှ ကာတွန်းကားတွေထဲက စိတ်ထဲမှတ်မှတ်ရရရှိနေခဲ့ ကားလေးတစ်ကားဖြစ်ပါတယ် .. ဇာတ်လမ်းလေးကတော့ ... ဖခင်ဖြစ်သူလို ရှေးဟောင်းသုတေသနပညာရှင် ဖြစ်ချင်နေတဲ့ တက်ဒ်(Tad) ဆိုတဲ့ကောင်လေးဟာ ဖြစ်ချင်တာကို မလုပ်ရပဲ ကြုံရာအလုပ်ကိုသာ လုပ်နေခဲ့ရပါတယ် ... ဒါပေမယ့် သူ့ရဲ့ဝါသနာကြောင့် အလုပ်တွေမှာ အဆင်မပြေဖြစ်ရပါတယ် ... ဒါပေမယ့် တစ်နေ့မှာ သူ့ရဲ့အိပ်မက်တွေဖြစ်လာဖို့အခွင့်အရေးတစ်ခုကို မမျှော်လင့်ပဲကြုံတွေ့ရပါတော့တယ် ... အဲ့ဒါကတော့ ပျောက်ဆုံးနေတဲ့မြို့တော်တစ်ခုကို ရှာဖွေရမယ့် အခွင့်အရေးပါ ဒါပေမယ့် အနှောက်အယှက်တွေ ထူးဆန်းမှုတွေ စွန့်စားမှုတွေ အပြည့်နဲ့ ကြုံလာခဲ့တဲ့အခါမှာတော့ ....ဒီဇာတ်ကားလေးကို ကြည့်လိုက်ရင် နာမည်ကြီးဇာတ်လမ်း အင်ဒီယာနာဂျုန်းစ်ကို ကာတွန်းဗားရှင်းနဲ့ပြန်ကြည့်ရသလိုခံစားရစေမှာပါ(တလွဲလေးတွေတော့ ပါတာပေါ့လေ ငိငိ ) ပရိတ်သတ်ကြီး အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်...ကြည့်ရှုအားပေးကြပါဦး (Like & Share လေးလုပ်သွားဖို့လည်း မမေ့ကြနဲ့ဦးနော် .. လူကြီးမင်းတို့ရဲ့ Like/Share တစ်ချက်က ကျွန်တော့်တို့အတွက် ...
movie
Tad : The Lost Explorer (2012)
Green Lantern (2011)
DC ဟာ comic နဲ့ animated လောက မှာ ဘုရင်တစ်ပါး ဖြစ်ပေမယ့် ရုပ်ရှင်လောက မှာတော့ လက်နှေးပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့ နာမည်ကြီး ဇာတ်ကောင်တစ်ကောင် ဖြစ်တဲ့ Green Lanternကို ရုပ်ရှင်ရိုက်ဖို့ သတိရသေးတာ ပဲ တော်ပါသေးရဲ့။comic လောကမှာတော့ Green Lantern ဟာ ပရိသတ်အခိုင်အမာ ရထားတဲ့ super heroတစ်ယောက်ပါ။ ဒါကို ရုပ်ရှင် အဖြစ် ချပြတော့ comic fanတွေရဲ့ high expectation အရ လိုအပ်ချက် တစ်ချို့ကို ထောက်ပြကြတာ တွေ့ရပါတယ်။ ကျွန်တော်ကတော့ ဒါဟာ ကောင်းတဲ့ အချက် လို့ ယူဆပါတယ်။ Batman Forever တို့လို ဇာတ်ကားတွေ ထွက်ပြီးမှ Nolan's Batman trilogy တွေ ...
movie
Green Lantern (2011)
Tom and Jerry Special Collection
ကဲ ပုံလေးတွေကို မြင်လိုက်တာ နဲ့ ခပ်များများတော့ ပြော ဖို့ လိုဦးမလားဗျ။ လူတစ်ယောက်ကို မင်း ကြောင်နဲ့ကြွက် ကား ကြိုက် လား လို့ မေးကြည့်။ မကြိုက်ဘူး ပြောရင် သေချာတယ် လိမ် တာပဲ။ တခြား ကာတွန်း ကားတွေ နဲ့ မတူ ဘဲ ဘယ်အချိန် ကြည့်ကြည့် ဘာပြီးရင် ဘာဖြစ်မယ် အလွတ် ရနေတာတောင်မှ ထပ်ကာထပ်ကာ ကြည့် မရိုးဘူးဗျ။ လက်ဖက်သုတ်လိုပေါ့။ ခဏခဏစားနေရလည်း မရိုးနိုင်တာမျိုး။ ကြောင်နဲ့ကြွက် ကြည့်ပြီးရင် စိတ်လက် ပေါ့ပါးသွားတတ်တာ ထုံးစံဗျ။ ကာတွန်း ဆွဲ ခဲ့တဲ့ လူတွေ ဂါထာတွေနဲ့ မန်းမှုတ်ပြီး ဆွဲ ထားသလားမှတ်ရတယ်။ ဘယ်တော့မှ မမုန်းဘူးဗျ။ နောက်တစ်ခု ရယ်ရတာက တခြားကားတွေ violence and gore ...
movie
Tom and Jerry Special Collection
7.6
5 Centimeters Per Second (2007)**********************************(1080p Blueray Update) " ငါတို့တွေဟာ အကြိမ်ပေါင်းထောင်ချီအောင် စာတွေအပြန်လှန်ရေးပို့နေကြလဲနှလုံးသားတွေကတော့ တစ် စင်တီမီတာတောင် နီးစပ်မလာခဲ့ကြပါဘူး..." တိုနို-တာကကီ (5 Centimeters Per Second) ချယ်ရီပွင့်ဖတ်လေးတွေ အပင်ပေါ်ကနေမြေပြင်အထိ ကြွေကျတဲ့အရှိန်က တစ်စက္ကန့်မှာ ငါးစင်တီမီတာနှုန်း ရှိတယ်တဲ့...မြေပြင်ကနေလွတ်တင်လိုက်တဲ့ အာကာသယာဥ်တစ်စီးကတော့ တစ်နာရီကို မိုင်ပေါင်း တစ်သောင်းရှစ်ထောင်နှုန်းနဲ့ ကမ္ဘာမြေက တဖြည်းဖြည်း ဝေးကွာသွားတယ်ဦးတည်ချက်ရှိတဲ့ လားရာတွေကဘယ်လောက်အချိန်တွေကြာပါစေ တစ်ချိန်ချိန်မှာ လိုရာခရီးကို ရောက်နိုင်ဦးမှာပဲမဟုတ်လား...ဒါပေမယ့်တစ်ချို့ ဦးတည်ချက်မရေရာပဲ မျှော်လင့်ချက်တစ်ခုတည်းနဲ့ လွတ်တင်မိခဲ့တဲ့ ယာဥ်တွေကတော့ ဘယ်အချိန်မှာ ဘယ်ကိုရောက်နိုင်မလဲ...Massage တွေ ထောင်ချီ အပြန်အလှန်ပို့နေခဲ့ပေမယ့် နှလုံးသားတွေ တစ်စင်တီမီတာလောက်တောင် နီးမလာတဲ့အခါ...အချိန်တွေအကြာကြီးစောင့်ဆိုင်းခဲ့ရပေမယ့် မျှော်လင့်တဲ့သူပြန်မလာတဲ့အခါ...အများကြီးကြိုးစားခဲ့ပေမယ့် ကြိုးစားမှုတွေ အရာမထင်ခဲ့တဲ့အခါတွေမှာရော...ငါတို့... လားရာမရှိတဲ့ မျှော်လင့်ချက်ယာဥ်တွေကိုလွတ်တင်နေမိသလိုပဲမဟုတ်ဘူးလား..တစ်ခါတစ်လေကျရင် လူတွေကကိုယ့်ရဲ့အဝေးကိုမျှော်နေရင်း ဘေးကကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေအရာတွေကို သတိမထားမိတတ်ကြဘူးလေတစ်ဖက်ကပြန်တွေးကြည့်ရင်တော့ ချယ်ရီပွင့်ဖတ်လေးတွေက မြေပြင်ကိုပဲ ဦးတည်ပြီးတော့သွားနေတာလားဒါမှမဟုတ် မိခင်အပင်အကိုင်းအခတ်တွေဆီကပဲ တစ်စက္ကန့်မှာ ငါးစင်တီမီတာနှုန်းဝေးကွာခဲ့ကြတာပဲလားဘယ်သူသိနိုင်မလဲ....#5cm_per_second #Makoto_Shinkai Review : Han Htoo Zaw File Size – 674 MB Quality ...
movie
5 Centimeters Per Second (2007)
2007
6.4
Minions (2015)
အားလုံးစောင့်မျှော်နေတဲ့ Minion 2015 ကိုတင်ဆက်ပေးလိုက်ပါပြီ..အဆင်ပြေနိုင်ကြပါစေ :D Minion တွေဟာ ကမ္ဘာဦးအစ ကတည်းက ဆဲတစ်ခုတည်းနဲ့ တည်ရှိခဲ့တဲ့ အဝါရောင် သတ္တဝါလေးတွေဖြစ်ပြီး အင်အားအကြီးမားဆုံး အဆိုးသွမ်းဆုံး အကောင်ကိုသာ လုပ်ကျွေးပြုစုချင်ကြသူတွေ ဖြစ်ပါတယ်။ အင်အားကြီးမားတဲ့ T.Rex ဒိုင်တိုဆောတွေ၊ ကျောက်ဂူလူသားတွေ နောက်ကို လိုက်ခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ ဉာဏ်ပညာကြီးမားတဲ့ လူသားတွေအပေါ် နှစ်သက်တဲ့ စိတ်ကြောင့် အဆိုးသွမ်းဆုံး လူတွေဆီကိုသာ နောက်လိုက်အဖြစ် ပါဝင်ပြုစုခဲ့ပါတယ်။ အီဂျစ်ဖာရို၊ ဒရက်ဂူလာနဲ့ နပိုလီယံတို့ကို အလုပ်အကျွေး ပြုခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ အန္တာတိကမှာ သီးသန့်သွားရောက်နေထိုင်နေကြပါတယ်။ ဒါပေမယ့် နှစ်တွေ ကြာလာတဲ့အခါ သူတို့ရဲ့ ရည်ရွယ်ချက်တွေ ပျောက်ဆုံးကုန်ပြီး စိတ်ဓာတ်ကျ ငြီးငွေကုန်ကြပါတယ်။ ဒီ Minion အပေါင်းကို ကယ်တင်ဖို့အတွက် သတ္တိကောင်းတဲ့ Kevin ဟာ သူ့ရဲ့ အကြံကို Minion တွေအားလုံး ကြားမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ...
movie
Minions (2015)
7.6
Tangled Ever After (2012)
movie
First
43
44
45
46
Previous
Next