Channel Myanmar

Animation

Woody Woodpecker (2017) 4.2
Woody Woodpecker (2017) တစ်နေ့ သူနေထိုင်တဲ့သစ်တောကို အဲ့ဒီတောအုပ်ကိုပိုင်တဲ့ လူတစ်ယောက်ရောက်လာပါတော့တယ်…အဲ့ဒီလူက တခြားမြို့ကနာမည်ကြီးရှေ့နေတစ်ဦးဖြစ်ပြီး..သူဟာရှေ့နေအကျိုးဆောင်ကုမ္ပဏီကနေ အလုပ်ထုတ်ခံရပြီးတဲ့နောက် သူအမွေရထားတဲ့ ကနေဒါနယ်စပ်နားက တောအုပ်မှာ အိမ်ဆောက်ဖို့ရောက်လာတာပါ…သူ့ရည်ရွယ်ချက်က အဲ့ဒီတောအုပ်မှာအိမ်ကောင်းကောင်းတစ်လုံးဆောက်ကာ ပြန်ရောင်းပြီး ရတဲ့ငွေနဲ့ ကိုယ်ပိုင်ရှေ့နေလုပ်ငန်းပြန်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ပါ….အဲ့ဒီသစ်တောကိုရောက်တဲ့အခါမှာ သစ်တောက်ငှက်လေးဝူဒီဟာ အိမ်ဆောက်တဲ့လုပ်ငန်းကိုလိုက်လံနှောင့်ယှက်နေတဲ့အတွက် ရှေ့နေကြီးနဲ့သူ့ရည်းစားရဲ့ မျက်မုန်းကျိုးခြင်းကိုခံရသလောက် သူ့သားတွမ်မီနဲ့တော့ အတော်ကိုရင်းနှီးတဲ့ဆက်ဆံရေး ရရှိလာခဲ့ပါတယ်…ဝူဒီဟာ ရှေ့နေရဲ့အိမ်ဆောက်လုပ်ငန်းကိုနှောင့်ယှက်နေတဲ့အတွက် ရှေ့နေကြီးဟာ မှောင်ခိုမုဆိုးတွေကို အခကြေးငွေပေးပြီး ဝူဒီကိုဖမ်းခိုင်းပါတော့တယ်…ပေါ့ပေ့ါပါးပါး ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ရယ်မောပျော်ရွှင်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါ….(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)File Size : (700 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 31min Format : Mp4 Genre : Animation, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-CADAVER Translated by ...
movie

Woody Woodpecker (2017)

2017
Flavors of Youth(2018) N/A
Flavors of Youth(2018) flavors of youthဒီတစ်ခါတော့မနေ့တစ်နေ့ကမှထွက်ထားတဲ့ဂျပန်အန်နီမေးရှင်းကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဂျပန်ကားလို့ပြောပေမဲ့ဗားရှင်းကတရုတ်လိုလည်းပါတာဆိုတော့ဖက်စပ်ရိုက်ခဲ့တာလို့ပြောလို့လည်းရပါတယ်yor name ဆိုတဲ့ဂျပန်အန်နီမေးရှင်းကားလေးkimi no na wa ကိုမှတ်မိလိမ့်မယ်ထင်ပါတယ်အဲဒီproduction ကပဲဒီကားကိုထပ်ထုတ်လုပ်ခဲ့တာပါထူးခြားတာကတော့ဒီကားလေးဟာတစ်ကားတည်းမဟုတ်ပဲအပိုင်းလေးတွေခွဲထားတာကိုမြင်တွေ့ရမှပါအပိုင်းတစ်ပိုင်းချင်းဆီမှာအလွန်ကောင်းမွန်တဲ့ဖန်တီးချက်တွေဇတ်လမ်းဇတ်ကွက်တွေပါမြင်တွေ့ရမှာပါအဲအပိုင်းလေးတွေထဲကကျွန်တော်အကြိုက်ဆုံးအပိုင်းလေးကိုအညွန်းအဖြစ်ပြန်လည်ဖော်ပြပါ့မယ်မြို့လေးတစ်မြို့မှာသူငယ်ချင်း၃ယောက်ရှိပါတယ်ရှောင်ယုရယ်လီမိုရယ်ပန်ရယ်ဆိုတဲ့အချစ်ဆုံးသူငယ်ချင်း၃ယောက်ပေါ့ကလေးဘဝငယ်ငယ်လေးကတည်းကသူငယ်ချင်းတွေပေါ့သူတို့၃ယောက်ထဲမှာရှောင်ယုနဲ့လီမိုကတော့ပိုပြီးသံယောဇင်ကြီးကြပါတယ်ရှောင်ယုဆိုတဲ့ကောင်မလေးအဖေကသားသမီးအတွက်ဆိုရင်အလွန်လောဘကြီးတဲ့သူပေါ့သမီးဖြစ်သူကိုအကောင်းဆုံးကျောင်းကနေအလယ်တန်းထိသင်ယူပြီးအကောင်းဆုံးတက္ကသိုလ်ကိုတက်စေချင်တယ်ရှောင်ယုလေးကလည်းပညာရေးမှာထူးချွန်တယ်လေလီမိုကတော့ကလေးဆန်တယ်လုပ်ချင်တဲ့အရာဆိုရင်ဘာမှမစဉ်းစားပဲလုပ်တတ်တယ်ဒါပေမဲ့ရှောင်ယုအပေါ်မှာလီမိုရဲ့သံယောဇင်တွေကတော့အနှိုင်းမဲ့ပါသူတို့သူငယ်ချင်း၂ယောက်မှာထူးခြားချက်တစ်ခုရှိပါတယ်စာသင်ခန်းထဲကရယ်စရာတွေဆရာစာသင်တာတွေစသဖြင့်အားလုံးကိုတိတ်ခွေလေးနဲ့ဖမ်းပြီးနားထောင်တတ်ကြတာပါပဲရှောင်ယုကျောင်းမလာတဲ့နေ့တွေဆိုလီမိုကအသံဖမ်းရှောင်ယုကလည်းအားကျမခံအသံထပ်ဖမ်းတစ်ဦးပေးတဲ့တိတ်ခွေလေးတွေကိုတစ်ဦးကနားထောင်ရင်းသံယောဇင်လေးတွေပိုတွယ်လာပြီးအချစ်အဖြစ်အရောင်းပြောင်းလာကြပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကြားမမြင်ရတဲ့ကံကြမ္မာတွေဝင်လာတဲ့အချိန်ဘယ်လိုတွေဆက်ဖြစ်မှာလဲသူတို့ရဲ့အချစ်တွေကိုဖွင့်ဟခွင့်ရမှာလားစိတ်ဝင်တစားစောင့်ကြည့်ရမှာပါစကားပုံတစ်ခုရှိပါတယ်အချစ်နဲ့ချောင်းဆိုးခြင်းကိုအောင့်ထားလို့မရပါဘူးတဲ့အားလုံးဒီကားလေးကိုကြည့်နေစဉ်မှာအားမလိုအားမရတွေစိတ်ထဲမရိုးမရွတွေဖြစ်နေမှာကျွန်တော်မြင်ယောင်မိပါတယ်ဒီကားကိုကြည့်ပြီးရင်ကိုယ်ချစ်နေတဲ့သူကိုအချိန်မဆွဲပဲအမြန်ဖွင့်ပြောနိုင်အောင်လုပ်ရင်းFAဘဝကနေကျွပ်လွတ်ပါစေလို့ဆုတောင်းပေးရင်းဒီကားကိုကျွန်တော်ရယ်ညီလေးkiraရယ်အတူတူဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ကျွန်တော်လည်းထပ်ကြည့်မှာမို့အတူတူကြည့်လိုက်ရအောင်နော်သင်စိတ်ကျေနပ်သွားမယ်လို့ယုံကြည်ပါတယ်Qty - 720p Web DLDuration -2hSubtitle - MyanmarTranslator - Soe Htwe & KiraEncoder - Kyaw Ye Aung
movie

Flavors of Youth(2018)

2018
Godzilla: City on the Edge of Battle (2018) 5.8
Godzilla: City on the Edge of Battle (2018) 20ရာစုရဲ့ ​နေ့တစ်​​နေ့မှာ ဒီဇာတ်​လမ်းစခဲ့တယ်​အရာရာဟာ ဘုရားသခင်​ အလို​တော်​အတိုင်းပါပဲ..​ကောင်းကင်​​မှာ မီးမိုး​တွေ...ကမ္ဘာ​မြေကြီးဟာလည်း ပပ်​ကြား​တွေအက်​လို့...လူ​တွေအားလုံးရဲ့ ​ဆောက်​တည်​ရာမဲ့ ကူကယ်​ရာမရှိ ​ပြေးလွှားသံ​တွေ...ဒီအချိန်​မှာ အပြာ​ရောင်​အလင်းတန်းကြီး တစ်​ချက်​​ပေါ်လာ...အဲဒီအလင်းတန်းရဲ့ အစမှာ ​ဂေါ်ဇီလာဟာ အရာအားလုံးကို မိုးကြည့်​လို့...Godzilla : City on the Edge of Battle (2018)ကမ္ဘာကြီးကို သူ့လက်ထဲက ပြန်ယူချင်ခဲ့တယ်ဒါပေမယ့် ရှေ့ပြေးတပ်သားကိုပဲ ကြုံခဲ့ရပြီး ဘုရင်က နောက်ကွယ်ကျမှ ပေါ်လာခဲ့တယ်...ကမ္ဘာကြီးဟာ လူသားတွေအတွက်မဟုတ်ခဲ့တော့ဘူးသူ့အတွက်ပဲ ဂေါ်ဇီလာအတွက်ပဲလူသားတွေအနေနဲ့ ပြန်တိုက်ဖို့ အခွင့်အရေးတစ်ခုပြန်ရခဲ့တယ်ထိန်းချုပ်လို့ရနိုင်စွမ်းတဲ့ ဒြပ်စင်အသစ်တစ်ခုသုံးပြီး သူ့ကို အတတ်နိုင်ဆုံးပြန်တိုက်ခဲ့တယ်တခြားသော လူမျိုးစုတွေရဲ့ အကူအညီကိုပါ သုံးခဲ့တယ်ဒါပေမယ့်လည်းပေါ့ "အရာအားလုံးဟာ ဘုရားသခင်အလိုတော်အတိုင်းပါပဲလေ..."IMDB 5.8/10, IGN 4.5/10Studio TOHO အနေနဲ့ New Godzilla Trilogy ဆိုပြီး သုံးကားထွက်မှာလို့ပြောခဲ့တဲ့အတွက် သိပ်ကို သိသာနေပါတယ်။ဂေါ်ဇီလာဟာ ပထမနှစ်ကားနဲ့ မသေနိုင်ဘူးဆိုတာပေါ့။ဒါပေမယ့် နှစ်နှစ်သောင်း အကြာ ပိုပြီးလည်း ...
movie


2018
LEGO DC Comics Super Heroes: Aquaman – Rage of Atlantis (2018) 6.7
LEGO DC Comics Super Heroes: Aquaman – Rage of Atlantis (2018) Aquaman solo ရုံမတင်ခင် Lego Aquaman ကိုတင်ဆက်ပေးလိုက်ပါတယ်။Aquaman တစ်ယောက် Justic League ကို ကူညီဖို့ Atlantis မှထွက်ခွာလာခဲ့တယ်။အဲ့ဒီအချိန်မှာ Atlantis ကို သူ့ရဲ့ မအေတူဖအေကွဲညီ Ocean Master လက်ထဲ အပ်ခဲ့လိုက်တယ်။Justic League အဖွဲ့ကို Atlantis ကို အလည်အပတ်ခေါ်လာခဲ့တဲ့အချိန်မှာ Ocean Master ရဲ့ ထီးနန်းလုပွဲစပါတော့တယ်။Ocean Master နဲ့ Red Lantern Corps ခေါင်းဆောင် Atrocitus တို့ပူးပေါင်းကြံစည်ပြီး Atlantis ပြည်သူတွေကို ဒေါသစွမ်းအင်တွေနဲ့ညှို့လိုက်တဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ယခုဇာတ်ကားမှာ Green Lantern Jessica Cruz ကိုပါတွေ့ရမှာဖြစ်ပါတယ်။Lego ဇာတ်ကားတွေနဲ့ superhero ဇာတ်ကားတွေကိုသဘောကျတဲ့သူတွေအကြိုက်တွေ့စေမှာအမှန်ပါပဲ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ရဲမာန်အောင် ပါ)  File Size : (650 MB) and (300 MB) Quality : ...
movie

LEGO DC Comics Super Heroes: Aquaman – Rage of Atlantis (2018)

2018
Duck Duck Goose (2018) 5.4
Duck Duck Goose (2018) ဒီဇာတ်ကားလေးကတော့ ပန် ဆိုတဲ့ ငန်းလေးရယ် ချီ နဲ့ချောင် ဆိုတဲ့ ဘဲပေါက်လေး နှစ်ကောင်ရယ် အကြောင်းဖြစ်ပါတယ်ကြည့်လို့ကောင်းတဲ့ အန်နီမေးရှင်းလေးပါမိသားစု ဆိုတာဘာလဲ မိသားစုက ဘယ်လို ခွန်အားတွေပေးနိုင်လဲဆိုတာကို ပြသွားတာပါပန်က ပေါ့ပျက်ပျက် နဲ့ ပျော်ပျော် နေတက်တဲ့ ငန်းတစ်ကောင်ပါဒီလို နေတက်လို့လဲ ငန်းအုပ်က သူ့ကို ချဉ်နေကြတာပေါ့ဒါပေမဲ့ ခေါင်ထိ အကုန် စားလို့ မှတ်ထားလားတော့ မသိပါဘူးစည်းကမ်းကြီးပြီး အတည်တံ့နေတက်တဲ့ ငန်းအုပ်ခေါင်းဆောင်ကြီးရဲ့ သမီးဂျင်ဂျင်း ကိုမှကြိုက်နေတာပါဒါပေမဲ့ ဒီလို ပေါ့ပျက်ပျက်ကောင်ကို ဂျင်ဂျင်းရဲ့ အဖေက ဘယ်သဘောကြမလဲဒီလိုနဲ့ တစ်ရက် ပန် တစ်ယောက် အဲ့လေ ပန် တစ်ကောင် ပေါ့ပျကိပျက် ပေါက်ကရလုပ်ရင်းက သာသာယာယာ တောင်ကုန်းကို သွားနေတဲ့ ဘဲပေါက်အုပ်ထဲ ကျပြီး ဘဲမောင်နှမ နှစ်ယောက်က ဘဲအုပ်ထဲကနေကွဲထွက်သွားပါတော့တယ်ဘဲပေါကလေးနှစ်ကောင်ထဲမျက်စိလည်တာပေါ့တစ်ဖက်မှာလည်း ပန်တို့ ငန်းအုပ်က ဆောင်းခိုပြောင်းရွှေ့ ဖို့လုပ်နေပါတယ်အဲ့အချိန်မှာ ပဲ ...
movie

Duck Duck Goose (2018)

2018
Shrek (2001) 7.9
Shrek (2001) ဇာတ်လမ်းအကျဉ်း~~~~~~~~~~~Dulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင် သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲ့ဒီမှာလည်း.... Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။ သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော... သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက်....တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။ အဲ့ဒီအချိန်မှာ... သူတပည့်တွေက သူရှာခိုင်းထားတဲ့ Magic Mirror (Snow Whiteထဲက Evil Queenရဲ့ ...
movie

Shrek (2001)

2001
Bilal: A New Breed of Hero (2015) 8.5
Bilal: A New Breed of Hero (2015) လွန်ခဲ့သောနှစ်ပေါင်းများစွာကြာက ဘာသာရေးယုံကြည်မှုများမထွန်းကားချိန်အခါတုန်းက ဘီလာနဲ့ဂူဖိုးယားတို့မောင်နှမနှစ်ယောက်ဟာရွာလေးတစ်ရွာမှာ သူတို့အမေနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေနေခဲ့ကြတယ်ဘီလာဟာငယ်ငယ်လေးထဲကမြင့်မြတ်တဲ့စစ်သည်တော်ကြီးတစ်ယောက်ဖြစ်ချင်ခဲ့သူတစ်ယောက်ပါခေတ်အခါကလဲ မှောင်ခေတ်ကလဲ မှောင်ခေတ်လို့ပြောရလောက်အောင်သက်ဦးဆံပိုင်ကျွန်ခေတ်ဖြစ်နေတော့ တစ်ရက်မှာ သူတို့ရွာလေးကိုအင်အားကြီးနယ်မြေက သိမ်းသွားပြီး သူတို့အမေလဲသေသူတို့ကိုလဲ ကျွန်အဖြစ်နဲ့ဖမ်းသွားခဲ့ပါတယ်အဲ့ဒီလိုနဲ့ဘီလာတို့မောင်နှနှစ်ယောက် ကျွန်အဖြစ်နဲ့နေလာရင်းဘာသာရေးကိုခုတုံးလုပ်ပြီး စီးပွားရှာနေတဲ့သူဌေးကြီးရဲ့ အစေခံမဖြစ်နေခဲ့ရပါတယ်ဒီလိုနဲ့ပါ နှစ်တွေကြာလာတဲ့အချိန်မှာ ဘာသာရေးရဲ့အနှစ်သာရကိုတကယ်သိရှိတဲ့လူနဲ့တွေ့ပြီး ဘီလာတစ်ယောက် မှန်ကန်တဲ့လမ်းကိုရွေးပြီးလွတ်လပ်ပြီးတန်းတူအခွင့်အရေးရရှိဖို့အတွက် ကြိုးစားလာပါတော့တယ်ဒီအချိန်မှာ ဘာသာရေးကိုခုတုံးလုပ်အမြတ်ထုတ်နေသူတွေနဲ့ယုံကြည်သူတွေကြားထဲ ဘယ်လိုအားပြိုင်မှုတွေဖြစ်လာမလဲဆိုတာကိုတော့ဒီဇာတ်ကားကိုသာဆက်ကြည့်လိုက်ကြပါပြီးတော့ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ခုလည်းဖြစ်ပါတယ်...Rating 8.5 ရရှိထားတဲ့ ဒီကားလေးဟာ ကြည့်တဲ့လူတွေအဖို့အတိုင်းတာတစ်ခုထိကျေနပ်စေမှာပါ....File Size : (941 MB) and (364 MB) Quality : Web Rip 1080p Running Time : 1hr 45min Format : Mp4 Genre : Action, Adventure, Animation Subtitle : Myanmar Subtitle (Hard Sub) Source : Web Rip 1080p Translated by Crisis A ...
movie

Bilal: A New Breed of Hero (2015)

2015
Over the Hedge 2006 6.7
Over the Hedge 2006 ကဲပါ ဒီတစ်ခေါက် အူတက်နေအောင် ရယ်ရပြီး ချစ်ဖို့ကောင်းလွန်းတဲ့ ဆောင်းခို သတ္တ၀ါ လေးတွေ ရဲ့ အစားအစာ ရှာဖွေတော်မူခန်း ကို တင်ဆက်ပေးချင်ပါတယ် DreamWorks Animation ရဲ့ ထုတ်ကုန် ဆိုရင် ပြောနေစရာမလိုအောင် ကောင်းပြီးသားမှန်း သိမှာပါ ဇတ်လမ်းပုံစံကတော့ လိပ်ကလေး တစ်ကောင် ဦးဆောင်တဲ့ ဆောင်းခို အဖွဲ့ဟာ တစ်ခုသော နွေရာသီမှာ သူတို့ အသိုက်ကနေ ထွက်လာကြပြီး ကျန်တဲ့ ဆောင်းရာသီ အတွက် အစာရှာဖွေခြင်း လက်ရှိရာသီ အတွက် အသက်ရှင် နေထိုင်ရေး အတွက် ကြိုးပမ်းမှု များကို စတင်လုပ်ဆောင်ပါတော့တယ် ဒါပေမယ့် သူတို့ မသိလိုက်တာက သူတို့ ဆောင်းခိုနေစဉ် ကာလ အတိုလေးမှာပဲ သူတို့ တောအုပ်လေးကို ကွပ်လပ်လေး တစ်ခုအဖြစ် အလယ်ဗဟိုထားပြီး မြို့သေးသေးလေး တစ်ခု ဆောက်လုပ်လိုက်တာပါပဲ ဒီတော့ သူတို့ အတွက် အစာရေစာ ရှားပါးသည့် အပြင် လူသားတွေ ရဲ့ သက်ဖြတ် နှိမ်နှင်းမှု ကိုလဲ ခံရနိုင်ပါတယ် ဒီတော့ ဘယ်လိုလုပ်ကြမလဲ ? အဲ့ဒီအချိန်မှာပဲ လူတွေ ကို လှည့်စားပြီး အစာရှာနည်းသင်ပေးမယ့် ကြောင်လည်ပတ်ကား တောကြောင် တစ်ကောင် သူတို့ မိသားစုလေးထဲ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိလို့ ...
movie

Over the Hedge 2006

2006
Happy Feet (2006) 6.4
Happy Feet (2006) Happy Feet (2006) Won 1 Oscar. Another 19 wins & 26 nominations IMDb - 6.4/10_____Rotten - 76%  Happy Feet ကို 90Kids တွေ မှတ်မိအုံးမှာပါ သီချင်းမဆိုတက်ပေမယ့် အက ကျွမ်းကျင်တဲ့ ပင်ဂွင်း ငှက်ကလေး ရဲ့ စွန့်စားခန်း ခရီးစဉ်တစ်ခုကိုပေါ့ ဒီ Animation ရုပ်ရှင်ဟာ လူတော်တော်များများကို သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ပတ်သက်ပြီး အသိပညာတွေ ပေးပါတယ် ကျနော် ကိုယ်တိုင် ဒီဇတ်ကားရဲ့ နောက်ဆုံးတစ်နေရာမှာ ရင်ထဲ ဆို့နင့်ပြီး မျက်ရည်ကျလောက်အောင် ဝမ်းသာမိဖူးတယ် (ငယ်ငယ်တုန်းကပါ) :D ဇတ်လမ်းလေး အစ မှာတော့ ပင်ဂွင်းတွေ ဟာ ဖူးစာဖက် ရရှိဖို့ သီချင်းအဆိုကောင်းရပါတယ် ပင်ဂွင်းမ ကို ပိုးပန်းဖို့ ပင်ဂွင်းအထီးတွေက သီချင်းဆိုပြရတယ် မကြိုက်ရင် ပင်ဂွင်းမ ချေတာ ခံရမှာ ဖြစ်ပြီး အသံ ပါဝါ ကောင်းကောင်း နဲ့ ခံစားချက် ကောင်းကောင်းနဲ့ ညို့ငင်စွာ သီချင်းဆိုတက်တဲ့ ဘဲကြီး (ပင်ဂွင်းအထီး) တွေကတော့ စော်ကြည်ဘဲ တွေပါပဲ.... ဒီလိုနဲ့ နာမည်ကျော် အဆိုကောင်း အသံကောင်းတဲ့ ပင်ဂွင်း အထီး နဲ့ ...
movie

Happy Feet (2006)

2006
Isle of Dogs (2018) 7.9
Isle of Dogs (2018) Isle of Dogs (2018) IMDb - 7.9/10_____Rotten - 90%  ဒီဇာတ်လမ်းလေးအကြောင်းကို စမပြောခင် Animation ရဲ့ Graphic ပုံစံဟာ မြင်တွေ့နေကြပုံစံမျိုးမဟုတ်ပါဘူးလို့ စကားဦးခံထားပါရစေဘာလို့လဲဆိုတော့ ဘာသာပြန်ဖို့စကြည့်တဲ့အချိန်မှာ မိမိကိုယ်တိုင်လည်း ဘယ်လိုကြီးလဲဆိုပြီး အတွေးဝင်မိလို့ဖြစ်ပါတယ်ဒါပေမယ့် ဒီကားဟာ IMDb 7.9 တောင်ရရှိထားပြီး အသံသရုပ်ဆောင်တွေကလည်း ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Scarlett Johnson တို့ Breaking Bad ကမင်းသားကြီး Bryan Cranston တို့ Bill Murray တို့ပါဝင်သရုပ်ဆောင်ထားကြဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူးကဲ ဇာတ်လမ်းအကြောင်း ဆက်လိုက်ကြရအောင်လွန်ခဲ့တဲ့ ရာစုနှစ်ဆယ်စုစာတုန်းက ခွေးတွေဟာ လူတွေရဲ့ အမိန့်ကို နာခံတတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်တွေမဟုတ်ကြပါဘူးအဲ့အချိန်မှာ ခွေးမုန်းတီးရေးဝါဒီကိုဘာယားရှီမျိုးနွယ်တွေဟာ ခွေးတို့ိကို စစ်အင်အားအလုံးအရင်းနဲ့ဝင်တိုက်ပါတော့တယ်အဲ့အချိန်မှာ ခွေးတွေဘက်က ရပ်တည်ပေးတဲ့ သူရဲကောင်းကလေးတစ်ဦး ပေါ်ပေါက်လာတာတော့တယ်ခွေးတွေကတော့ လူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်လာပါတယ်နောက်နှစ် နှစ်ဆယ်ကြာလာတဲ့အခါ ခွေးတုပ်ကွေးရောဂါပြန့်ပွားမှုဟာ ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိနေပါတယ်အဲ့အချိန်မှာ ခွေးမုန်းတီးတဲ့ ...
movie

Isle of Dogs (2018)

2018
The Death of Superman (2018) N/A
The Death of Superman (2018) ဒီတစ်ခါမှာတော့ အားလုံးစောင့်မျှော်နေတဲ့ The Death of Superman ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားကို July 24 မှာထုတ်လွှင့်မယ်လို့ ကြေငြာထားပေမယ့် Online ပေါ်မှာ Leaked ဖြစ်ပြီး တစ်လလောက်စောပြီးထွက်လာခဲ့တာကို DC Fan တွေမှန်ရင်သိကြမှာပါ။ ဒါပေမယ့် စာဖိုင်ကတော်တော်နောက်ကျမှထွက်လာတဲ့အတွက် အခုချိန်မှတင်ဆက်ပေးနိုင်တာပါ။ ဒီဇာတ်ကားဟာ New 52 ကိုအခြေခံပြီးပြန်လည်ရိုက်ကူးထားတဲ့ DCAU ရဲ့၁၁ကားမြောက်ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားရဲ့ Title ကိုမြင်တာနဲ့ ဇာတ်လမ်းဘယ်လိုဆိုတာ သိနိုင်တဲ့အတွက် အများကြီးညွှန်းဆိုစရာမလိုဘူးလို့ ထင်ပါတယ်။ဇာတ်လမ်းအကျဉ်း ==========Justice League ရဲ့ကာကွယ်စောင့်ရှောက်မှုနဲ့အတူ ငြိမ်ချမ်းစပြုနေတဲ့ကမ္ဘာကြီးကို ထူးဆန်းတဲ့ဥက္ကာပျံတစ်စင်း ကျရောက်လာပါတယ်။ အဲဒီဥက္ကာပျံထဲမှာ ပါလာတဲ့သူကတော့ Superman ရဲ့ရန်သူတော်ကြီး Doomsday ပါဝင်လာပါတယ်။ Doomsday ဟာဖျက်ဆီးဖို့ရည်ရွယ်ချက်တစ်ခုတည်းနဲ့သာ အဖန်တီးခံခဲ့ရတဲ့ အဖျက်လက်နက်ကြီးတစ်ခုပါ။ ကမ္ဘာကြီးပေါ်ကျရောက်လာတဲ့ အဲဒီအဖျက်လက်နက်ရန်စွယ်တွေကနေ Justice League ကရောကယ်တင်နိုင်ပါ့မလား။ ဘယ်သူတွေရဲ့အသက်တွေကို ဘယ်လိုပေးဆပ်ရဦးမှာလဲ ဆိုတာတော့....။တစ်ခုသတိပေးထားချင်တာကတော့ ...
movie


2018
Monster Family (2017) 4.6
Monster Family (2017) မိသားစုတစ်စုဆိုတာ အမြဲတမ်းပျော်ရွှင်နေရတယ်မဟုတ်တောင် စိတ်ညစ်စရာလေးတွေ နည်းနိုင်သမျှနည်းရင်ပိုကောင်းတယ်ဗျ..ဟုတ်တယ်မို့လား?ဒီဇာတ်ကားလေးထဲက အမ်မာတို့ မိသားစုဟာလည်း ခုလက်ရှိ အပြင်မှာကြုံတွေ့နေကြတဲ့အတိုင်း...အိမ်ထောင်ဦးစီးဖြစ်သူ အမ်မာရဲ့ အမျိုးသားကလည်း တစ်နေတစ်နေ့ အလုပ်နဲ့ အိမ်ပဲကူး၊အမ်မာကိုယ်တိုင်ကလည်းသူ့အလုပ်နဲ့သူ တိုင်ပတ်၊သားသမီးတွေအတွက် အချိန်ကောင်းကောင်းမပေးနိုင်ကြ၊ဒီလိုနဲ့ ကလေးတွေကလည်းကျောင်းမှာ တစ်မျိုးတစ်ဖုံ ပြဿနာလေးတွေ ကိုယ်စီနဲ့...မိသားစုအတူရှိတဲ့အချိန်က အတော်နည်းတယ်ပေါ့ဗျာ၊ရှိတဲ့အချိန်ကျလည်း ဘုနဲ့ဘောက်ပေါ့ဒီလိုတွေဖြစ်နေတဲ့ မိသားစုလေးဟာ သူတို့ကို အပြောင်းလဲကြီး ပြောင်းလဲပေးမယ့် နေ့တစ်နေ့ကို ကြုံလိုက်ရပါတယ်။အဲ့ဒီနေ့ပြီးတဲ့ နောက်ရက်တွေမှာ သူတို့မိသားစုလေး ဦးတိုးကြီးရဲ့ "အေးအတူပူအမျှ" လိုပဲဖြစ်မလား..ဒါမှမဟုတ် ဘစိုင်းရဲ့ "ကြိုးပျက်ခဲ့တဲ့ အိမ်ထောင်မျိုး" လိုပဲ ဖြစ်သွားမလားဆိုတာကတော့.....စိတ်အပန်းဖြေတဲ့သဘောနဲ့ ထိတွေ့ကြည့်လိုက်ပါဦးနော...(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဝေယံမောင်ပါ)File Size : (750 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 33min Format : Mp4 Genre : Animation, Comedy, Family Subtitle : ...
movie

Monster Family (2017)

2017
Chicken Little 5.7
Chicken Little Chicken Little (2005)_____IMDb - 5.7/10ကဲ ဒီတစ်ခေါက်တော့ ၂၀၀၅ လောက်က Animation Cartoon ကားကောင်း တစ်ခုဖြစ်တဲ့ Chicken Little ကို တင်ပေးလိုက်ပါတယ်.... CK Little လေးဟာ အမြဲတမ်း အကောင်သေးသေးလေးဖြစ်နေပြီး ဘယ်နေရာမှ လူဝင်မဆန့်ပါဘူး လူတိုင်းကလဲ သူနဲ့ မပေါင်းချင်သလို အကောင်ကြီးတွေကလဲ အမြဲပဲ သူ့ကို လိုက်စနေပါတယ် အဲ့ဒီလိုဖြစ်သွားရတဲ့ အကြောင်းအရင်းကလဲ တစ်ခါက မြိုကထဲက အရေးပေါ်ခေါင်းလောင်းကိုတီးပြီး ဂြိုလ်သားယဉ်ပျံရှိတယ်လို့ ပြောခဲ့ဖူးတဲ့ အတွက်ပါ အဲ့ဒီတုန်းက မြို့နေ လူအားလုံးဟာ အထိတ်တလန့်ဖြစ်ခဲ့ရပြီး CK Little ကိုလဲ ကျပ်မပြည့်တဲ့ ကြက်လေး လို့ မှတ်ယူလိုက်ကြပါတော့တယ် ဒါပေမယ့် တစ်နေ့မှာတော့ CK Little တို့ သူငယ်ချင်းအုပ်စုဟာ တကယ့် ဂြိုလ်သားယဉ် လာတာကို ရှာတွေ့သွားတဲ့ အခါမှာတော့.....   ဒီကာတွန်းကားကို သီချင်းတွေက အစ ဘာသာပြန်ပေးထားသူကတော့ May Thazin Soe ဖြစ်ပြီး Thit San Khant မှ Encode ပေးထားပါတယ်
movie

Chicken Little

2005
Sherlock Gnomes (2018) 5.2
Sherlock Gnomes (2018) Sherlock Gnomes (2018)_____IMDb - 5.2/10  Sherlock Gnomes(2018)အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ ကာတွန်းကားလေးဖြစ်မယ်ထင်ပါတယ် ...2011 တုန်းက ထွက်ရှိခဲ့တဲ့ Gnomeo & Juliet ဇာတ်လမ်းရဲ့အဆက်ပါ ...ယခုဇာတ်လမ်းလေးထဲမှာတော့ ကျွန်တော်တို့ရဲ့အချစ်တော်တွေဖြစ်ကြတဲ့ ဥယျာဉ်စောင့်နုမ်းလေးတွေဟာလန်ဒန်ကိုပြောင်းရွေ့ခဲ့ကြပါတယ် ..ဒီအချိန်မှာပဲ လန်ဒန်မှာထူးဆန်းတဲ့အမှုတစ်ခုဖြစ်ပွားခဲ့တယ်...အဲ့ဒါကတော့ ဥယျာဉ်စောင့်နုမ်းတွေ ထူးဆန်းစွာပျောက်ဆုံးသွားခြင်းပါ ...လန်ဒန်ရဲ့အကျော်ကြားဆုံးစုံထောက်ကြီးရှားလော့ခ်နုမ်းစ်နဲ့ သူ့မိတ်ဆွေဒေါက်တာဝက်ဆန်ဟာနုမ်းတွေပျောက်ဆုံးမှုကို စုံစမ်းရင်း နိုမီယို ဂျူးလိယက်တို့နဲ့ဆုံတွေ့ခဲ့ကြပါတယ်...လျို့ဝှက်မှုတွေနဲ့ပြည့်နှက်နေတဲ့ နုမ်းတွေရဲ့ပျောက်ဆုံးမှုကို သူတို့လေးယောက်ဘယ်လိုဖြေရှင်းကြမလဲ ...ဘယ်လိုထူးဆန်းမှုတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဆက်လက်ရှူ့စားရမှာပဲဖြစ်ပါတယ် ...ဒါ့အပြင်ရှားလော့ခ်နုမ်းစ်ဇာတ်ကောင်ရဲ့ အသံသရုပ်ဆောင်ကလည်း မင်းသားကြီးJohnny Depp ဆိုတော့ အထူးပြောနေစရာမလိုတော့ပါဘူး အချိန်ပေးရကျိုးနပ်မဲ့ကာတွန်းကားကောင်းတစ်ကားပါပဲလို့ ပြောချင်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကို Lyric Lynn Khant ဖြစ်ပါတယ်...   File Size : (703 MB) Quality : Blu-Ray 720p Format…mp4 Duration…01:26:00 Genre :  Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Lyric Lynn ...
movie

Sherlock Gnomes (2018)

2018