Channel Myanmar

Animation

The Sea Beast (2022) 7.9
The Sea Beast (2022) နက်ဖလစ်ရဲ့ ကာတွန်းအသစ်လေးလာပါပြီ။ ဒါရိုက်တာ ခရစ်ဝီလီယံ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူက Big Hero 6 ကိုရိုက်ခဲ့တဲ့သူဖြစ်ပြီး၊ မိုအာနာ နဲ့ Bolt ကိုရေးခဲ့တဲ့သူပါပဲ။ ဒီဇာတ်လမ်းကတော့ ပင်လယ်ထဲက ထူးဆန်းတဲ့ သားရဲကြီးတွေနဲ့ ပင်လယ်မုဆိုးတွေရဲ့ တိုက်ပွဲကို အခြေခံထားတာပါ။ အကောင်ဆန်းတွေကိုချစ်စရာတွေလုပ်ထားတော့ ကလေးတွေလည်း ကြည့်လို့အရမ်းသဘောကျမှာပါ။ ဇာတ်လမ်းထဲမှာတော့မေစီဆိုတဲ့ ကောင်မလေးဟာ မုဆိုးမျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး သူ့မိဘတွေက ပင်လယ်တိုက်ပွဲမှာ သေဆုံးသွားခဲ့လို့ မိဘမဲ့ဖြစ်နေသူပါ။ သူကလည်း သူ့မိဘတွေလို မုဆိုးလုပ်ချင်တာကြောင့် မုဆိုးသင်္ဘောတွေထဲက နာမည်အကြီးဆုံးဖြစ်တဲ့ အင်အက်ဗစ်ထဘဲဆိုတဲ့ သင်္ဘောပေါ်ကို ခိုးပြီးတက်လိုက်သွားပါတယ်။ အဲဒီမှာပဲ သင်္ဘောပေါ်က ကပ္ပတိန်ကြီး ခရိုး ရယ် သူ့ရဲ့ မွေးစားသား လက်ထောက် ဂျေကော့ တို့ရယ်နဲ့ပေါင်းပြီး ပင်လယ်ပြင်မှာ စွန့်စားခန်းတွေဖွင့်ကြတဲ့အခါ....   File size…3GB / 1.3GB Quality…1080p NF WEB DL AAC5.1CH / 720p NF WEB DL Format...mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson
movie

The Sea Beast (2022)

2022
Pompo the Cinephile (2021) 7.0
Pompo the Cinephile (2021) Pompo the Cinephile (2021) ==================== IMDb Rating - 7.0/10ပွန်မ်ပို ဆိုတဲ့ကောင်‌မလေးက ညလိဝုဒ် မှာ ဇာတ်ကားအသေးလေး တွေနဲ့ အရမ်းနာမည်ကြီးတဲ့ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ပေါ့။ သူက ရုပ်ရှင်ကြည့်ရတာ အရမ်းကြိုက်တဲ့အတွက် တစ်နေ့မှာ သူ့ရဲ့ လက်ထောက်ဖြစ်သူ ဂျင်းဖီနီ ကို သူရုပ်ရှင်ဘယ်လောက်ကြိုက်ကြောင်း တွေ ပြောပြပြီး သူကိုယ်တိုင်ရေးထားတဲ့ ဇာတ်ညွှန်းတစ်ခုကို ဇာတ်ကား အဖြစ်ရိုက်ဖို့အတွက် ဂျင်းကို ဒါရိုက်တာလုပ်ခိုင်းဖို့ တာဝန်ပေးလိုက်တယ်။ဂျင်း ကလည်း ငယ်ငယ်ကတည်းက ရုပ်ရှင်ဖန်တီးချင်တဲ့အိပ်မက်ရှိပေမယ့် အခုမှ စရိုက်ရမှာဆိုတော့ သူ့ရဲ့အခက်အခဲတွေက ဘာတွေဖြစ်မလဲ ဘယ်လိုတွေကျော်လွှားမလဲဆိုတာ ကြည်ကြည်နူးနူးနဲ့ ကြည့်ရမယ့် anime movie လေးပဲဖြစ်ပါတယ်ဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.13 GB) / (650 MB) Quality............WebRip 1080p / 720p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Comedy, Drama Translator.......Khant Sett Naing Encoder..........SWM
movie

Pompo the Cinephile (2021)

2021
The Rugrats Movie (1998) 5.9
The Rugrats Movie (1998)  ဒီတစ်ခါမှာတော့ သားသားမီးမီးတွေအကြိုက်တွေ့စေမယ့် ကာတွန်းကားကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်၂၄မီလီယံအကုန်ကျခံရိုက်ကူးထားပြီး ၁၄၁မီလီယံထိပြန်ရခဲ့တဲ့ ဒီဇာတ်ကားဟာဘာတွေကောင်းမလဲကြည့်လိုက်ကြရအောင်ကလေးတွေရဲ့သ‌ဘာဝအတိုင်းအချစ်ခံချင်ဆိုးချင်ကြတာချည်းပါပဲ ဒီအတိုင်းပဲ တွန်မီဆိုတဲ့ကလေးဟာလည်းအငယ်ဆုံးပီပီ ဆိုးချင် ရစ်ချင်သူလေးပေါ့ ဒါပေမယ့် တစ်နေ့သူ့ရဲ့ညီလေး ဒေးလ်ဖြစ်သူလောကကြီးထဲရောက်လာတော့အစကပျော်ဖို့ကောင်းမယ်တွေးခဲ့တာတွေက ထင်သလိုဖြစ်မလာဘဲသူပိုင်တဲ့အရုပ်တွေပစ္စည်းတွေကိုလုကြရင်း သူဒီကလေးကို မုန်းမိလာပါတော့တယ်ဒါကိုသိတဲ့တွန်မီ့သူငယ်ချင်းတွေက ကလေးကို ဆေးရုံကဝယ်လာခဲ့တယ်လို့ထင်ပြီးဆေးရုံကိုသွားပြန်ပေးဖို့လုပ်ကြရင်း အလွဲလွဲအမှားမှားတွေနဲ့ တောနက်ထဲရောက်သွားကြတဲ့အခါမှာတော့....ဘာတွေဆက်ဖြစ်သွားမလဲ လမ်းလျှောက်တတ်စအရွယ်ကလေးတစ်သိုက် လူသူမနီးတဲ့တောနက်ကြီးထဲဘယ်လိုရှင်သန်သွားကြမလဲ ၅၂၈မေတ္တာကိုပုံပေါ်လာအောင်ရိုက်ကူးထားတဲ့အတွက် ကလေးတွေကိုပြသဖို့ အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်ရှင်  File size…3.7GB / 1.13Gb Quality…1080p BluRay AAC5.1CH / 720p Format…mp4 Duration….1h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni   
movie

The Rugrats Movie (1998)

1998
King Tweety (2022) 5.6
King Tweety (2022) Bugs Bunnyတို့ Daffy Duckတို့ Road Runnerတို့ Tweetyတို့ရဲ့ Looney Tunesကာတွန်းတွေကို ငယ်ငယ်က အားလုံးကြိုက်ဖူးကြမှာပါ။ လူနဲ့ရောရိုက်တာတွေရော ဂိမ်းတွေရော အများကြီးထွက်ထားတဲ့ နာမည်ကြီး ကာတွန်းစီးရီးပါပဲ။ ဒီနှစ်မှာတော့ ဖန်တွေအတွက် Tweetyရဲ့ အန်နီမေးရှင်း ရုပ်ရှင်အသစ် ထွက်လာပါတယ်။ကနေရီငှက်ကလေးတွေနဲ့ ခွေးတွေ ယှဉ်တွဲနေတဲ့ ကနေရီကျွန်းက ဘုရင်မ ကနေရီငှက်ကလေး ပျောက်ချင်းမလှပျောက်သွားပြီးနောက် Tweetyဟာ ကနေရီကျွန်းရဲ့ ပျောက်ဆုံးနေတဲ့ တော်၀င်မျိုးဆက်လို့ ပြောလို့ရတဲ့ အချက်တွေရှိနေတာကြောင့် ကနေရီကျွန်းရဲ့ ဘုရင်ဖြစ်လာပါတယ် ။ ကျွန်းကို သွားပြီးတဲ့နောက် အရင်ဘုရင်မ ဘာလို့ပျောက်သွားသလဲနဲ့ ဘုရင်ဖြစ်ဖို့ Tweetyတစ်ယောက် ဘာအန္တရာယ်တွေနဲ့ ကြုံရမလဲ အသည်းတအေးအေးနဲ့ ကြည့်ရမှာပါ။90 ခုနှစ်တွေကို ပြန်လွမ်းမောဖို့ကောင်းတဲ့ 90ခုနှစ်က နာမည်ကြီးကာတွန်းဇာတ်ကောင်ရဲ့ ကားအသစ်မို့ ကလေးလေးတွေရော ကလေးကြီးတွေရော ကြည့်လို့ အဆင်ပြေကြမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File Size__(1.5GB) ...
movie

King Tweety (2022)

Chickenhare and the Hamster of Darkness (2022) 6.4
Chickenhare and the Hamster of Darkness (2022) Chickenhare and the Hamster of Darkness(2022)စာရေးဆရာ Chris Grine ရဲ့ ကောမစ်စီးရီးကို အခြေခံပြီး ရိုက်ကူးထားတဲ့ Animation ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်Chickenhare လို့ခေါ်တဲ့ ကြက်တစ်ပိုင်း ယုန်တစ်ပိုင်း သတ္တဝါဆန်းလေးဟာ ထင်ရှားတဲ့ စွန့်စားသူ ဘုရင်ကြီး ပီတာ ရဲ့ မွေးစားသားလေးပါအများနဲ့မတူဘဲ ကွဲထွက်နေတဲ့ သူ့ရဲ့ ကြက်တစ်ပိုင်း ယုန်တစ်ပိုင်း ပုံစံကြောင့် အမြဲအလှောင်ခံနေရတဲ့ Chickenhare လေးရဲ့ အိပ်မက်ကတော့ သူ့မွေးစားအဖေလို နာမည်ကျော် စွန့်စားသူ ဖြစ်ဖို့ပါတစ်နေ့မှာ တိုင်းပြည်ရဲ့ ဒုစရိုက်ကောင် Chickenhare ရဲ့ ဦးလေးဖြစ်သူ ထောင်ထဲကနေ လွတ်မြောက်ပြီး ထီးနန်းလုဖို့ ကြိုးစားတဲ့ အခါမှာတော့Chickenhare နဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ လိပ်ကလေး အေ့ဗ် ကိုယ်ခံပညာရှင် မက်ခ်တို့ သူ့ဦးလေးကို တားဆီးဖို့ စွန့်စားခန်း ထွက်ကြပုံတွေကို တင်ဆက်ပေးထားတာပါကိုယ့်ရဲ့ ဖြစ်တည်မှုကို အရှိအတိုင်း လက်ခံနိုင်ဖို့ကိုပါ မီးမောင်းထိုးပြထားတဲ့ 2022 ခုနှစ်ထွက် ဒီ ဟာသ animation ...
movie

Chickenhare and the Hamster of Darkness (2022)

2022
Poupelle of Chimney Town (2021) 6.4
Poupelle of Chimney Town (2021) Poupelle of Chimney Town (2020) ========================= IMDb Rating - 6.4/10Chimney Town (မီးခိုးခေါင်းတိုင်မြို့) ဆိုတဲ့ မီးခိုးတွေနဲ့အမြဲပိတ်နေပြီး အပြင်လောကကြီးနဲ့ လုံးဝအဆက်အသွယ်ပြတ်နေတဲ့မြို့လေးက လုဘိချိ ဆိုတဲ့‌ကောင်လေး နဲ့ အမှိုက်လူသား ဖြစ်တဲ့ ပိုပဲ့လုတို့ရဲ့ စွန့်စားခန်းကို ငိုလိုက် ရယ်မောလိုက်နဲ့ ရသစုံလင်စွာ ကြည့်ရမှာဖြစ်တယ်။ လုဘိချိရဲ့ အဖေဖြစ်သူ ဘရူနို က ကောင်းကင်မှာကြယ်တွေရှိကြောင်း လူတွေကြားထဲမှာပြောလေ့ရှိတယ်။အဲ့မြို့ကလူတွေက‌တော့ "ဟာ ဒီကောင် င‌ပေါကြီး" ဘာညာနဲ့ သူပြောကိုမယုံကြဘူး မြို့တစ်ခုလုံးက မီးခိုးခေါင်းတိုင်တွေကထွက်တဲ့ မီးခိုးတွေနဲ့ပိတ်နေတာကိုး ဒါပေမယ့် သူ့သားကတော့ ကြယ်တွေကို အရမ်းကြည့်ဖူးချင်နေတာ အဲတာနဲ့ တစ်နှစ်လောက် ကြာသွားပြီး ဟောလိုးဝင်းနေ့မှာ တစ်ကိုယ်လုံးအမှိုက်တွေနဲ့ဖွဲ့စည်းထားတဲ့ အမှိုက် လူသား တစ်ယောက် မြို့ထဲကိုရောက်လာခဲ့တယ်။ အဲ့နေ့ကလည်း ဟောလိုးဝင်းဆိုတော့ အားလုံးက သူ့ကို လူလို့ပဲထင်ပြီး ဝတ်စုံဘယ်လောက်မိုက်ကြောင်း ချီးကျူးကြတာပေါ့ နောက်မှ လူမဟုတ်မှန်းသိသွားကြတော့ သက်ဆိုင်ရာတွေက လိုက်ဖမ်းလို့ ထွက်ပြေးရင်း လုဘိချိ နဲ့တွေ့ပြီး သူတို့ရဲ့စွန့်စားခန်းလေး စတင်လာခဲ့ပါတယ်။ဒီ ဇာတ်ကားလေးက နာမည်ကြီးရုပ်ပြကာတွန်းစာအုပ်ဖြစ်တဲ့ "Poupelle ...
movie

Poupelle of Chimney Town (2021)

2021
Mad God (2021) 7.4
Mad God (2021) Mad God (2022) Jurassic Park, Starship Troopers, RoboCop နဲ့ Stars Wars စတဲ့ နာမည်ကျော် ဇာတ်ကားတွေရဲ့ Visual Effects တွေကို ဖန်တီးပေးခဲ့တဲ့ Phil Tippett ရဲ့ နောက်ထပ် လက်ရာမြောက်တဲ့ ကားလေးတစ်ကားပါ။ CGI ခေတ်လို့ ဘယ်လောက်ပြောပြော stop-motion နည်းပညာကိုလည်း ခေါက်ထားလို့ မရသေးကြောင်း သက်သေပြနိုင်တဲ့ နောက်ထပ် အမိုက်စား Animation ကားလေးပေ့ါဗျာ။ဇာတ်လမ်းအညွှန်းကတော့ ... ကမ္ဘာ့မြေပုံနဲ့ ဗုံးတစ်လုံး ခရီးဆောင်အိတ်တစ်ခုကိုသယ်ဆောင်ပြီး ကမ္ဘာမြေကိုဖျက်ဆီးဖို့ရောက်လာတဲ့ သတ္တဝါတစ်ကောင် ...လမ်းမှာကြုံတွေ့ရတဲ့အခက်အခဲတွေ ထူးဆန်းတဲ့ လျှပ်စစ်နဲ့ညှင်းပန်းခံရတဲ့သားကောင်တွေ ကြောက်မက်ဖွယ်ရာအဖြစ်အပျက်တွေကို ကြုံခဲ့ရပြီး ရန်သူတွေနဲ့အတူ သူ့ကိုယ်သူဖျက်ဆီးခံရမယ့် အခြေအနေတွေကိုရင်ဆိုင်ရချိန်မှာတော့ ... သူ့ရဲ့နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းမလဲ? သူကပဲ နဂိုအကြံအစည်ကိုအောင်မြင်အောင် ဆောင်ရွက်နိုင်မှာလား? ရန်သူတွေကြားမှာပဲ အသက်ဆုံးရမလား? စတာတွေကို မွန်းစတားတွေ ရက်စက်တဲ့ သတ္တဝါတွေရဲ့ ခွန်အားနဲ့ ဉာဏ်အား ပြိုင်ပွဲတွေကြား ...
movie

Mad God (2021)

2021
Apollo 10½:  A Space Age Childhood (2022) 7.3
Apollo 10½: A Space Age Childhood (2022) Apollo 10 ½=============== လူသားမျိုးနွယ်ရဲ့ အာကာသခရီးဟာ ၁၉၆၉ခုနှစ် ဇူလိုင်လ ၁၆ရက်က လွှတ်တင်တဲ့ Apollo 11နဲ့အတူအစပျိုးခဲ့ပါတယ်။ လိုက်ပါသွားခဲ့တဲ့ Neil Armstrong နဲ့အဖွဲ့သားတွေဟာ လပေါ်ကို ပထမဆုံးအခြေချနိုင်သူတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အမှန်တကယ် ပထမဆုံး အခြေချနိုင်သူဟာ NeilArmstrong မဟုတ်ဘဲ မူလတန်းကျောင်းသားတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင်…ထိုအချိန်က Huston နယ်မြေမှာ အရာရာတိုင်းက အာကာသနဲ့ပတ်သက်တာတွေချည်း ဖြစ်ခဲ့တာပေါ့။ မူလတန်းကျောင်းသားလေး Stan အပါအဝင် ကလေးတော်တော်များများရဲ့ အိပ်မက်ဟာအာကာသယာဉ်မှူးကြီးဖြစ်ဖို့ပါပဲ။ တစ်နေ့မှာတော့ NASAက လူတချို့ဟာ Stan ကိုခေါ်ပြီးအာကာသယာဉ်ထိန်းခန်းဆောက်လုပ်ရာမှာ တွက်ချက်မှုအမှားလေးတွေကြောင့်သာမန်ထက်အနည်းငယ် သေးငယ်သွားပြီး အဲဒီယာဉ်ကိုမောင်းနှင်ပြီး လပေါ်ကိုသွားဖို့ကလေးတစ်ယောက်ကိုလိုက်ရှာနေတာဖြစ်ကြောင်း ပြောပြပါတယ်။ အဲဒီအကြံကို Stan ကလဲလက်ခံခဲ့ပြီး လပေါ်ကို ခရီးသွားနိုင်ခဲ့ပါတယ်။ အဲဒီပရောဂျက်ဟာ Apollo 10 ½ လို့ခေါ်ပြီး Apollo 11မတိုင်ခင် ဖြစ်ခဲ့တာပေါ့။ သို့သော် ဒီဖြစ်ရပ်ကို ပါးစပ်ပိတ်ထားရတဲ့ ...
movie

Apollo 10½: A Space Age Childhood (2022)

2022
Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse (2022) 5.4
Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse (2022) Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse (2022) ====================================================Teen Titans Go! ဆိုတာ Teen Titans အန်နီမေးရှင်းစီးရီးကို ဟာသဗားရှင်းနဲ့ ဆက်ထွက်တဲ့စီးရီးလေးဖြစ်ပြီး မူရင်းစီးရီးတင်မကပဲ တခြားစူပါဟီးရိုးကားတွေကိုပါ လှောင်ပြောင်ပေါက်ကရလုပ်ထားတာပါ။အခု Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse ကတော့ မူဗီတစ်ခုဖြစ်ပြီး DC Super Hero Girls ဆိုတဲ့ စီးရီးနောက်တစ်ခုနဲ့ crossover လုပ်ထားတာပါ။crossover ဆိုရာမှာ သမားရိုးကျ crossover မဟုတ်ပဲ စူပါဟီးရိုးကားတွေရဲ့ ထုံးစံတွေကို ပညာသားပါပါဟာသလုပ်ထားတာကိုတွေ့ရမှာပါ။ လက်စ်လူသာရဲ့ မဟာ အကြံအစည်ကြီးကို Super Hero Girls အဖွဲ့က တားဖို့လုပ်တာကိုကြည့်ရရင်း သာမန်ကလေး ကာတွန်းကားလို့ ခံစားရလာပြီဆိုရင် Teen Titans တို့က ...
movie

Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse (2022)

2022
A Turtle’s Tale: Sammy’s Adventures (2010) 6.0
A Turtle’s Tale: Sammy’s Adventures (2010) A turtle's tale: Sammy's adventures (2010) ==================================================== လူတွေရဲ့ ကျူးကျော်မှုတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် တိရစ္ဆာန်လေးတွေရဲ့ ပိုင်နက်မြေက တစ်နေ့ထက်တစ်နေ့ ကျဉ်းမြောင်းလာပါတယ်။ အဲဒီလိုပဲ စက်ရုံတွေတည်ဆောက်တာ၊ အမှိုက်တွေ စွန့်ပစ်တာကြောင့် Global warming ဖြစ်လာပြီး ကုန်းနေ၊ ရေနေတိရစ္ဆာန်လေးတွေရဲ့ဘဝကို ထိခိုက်နေပြန်ပါတယ်။အဲဒီလိုနဲ့ နောက်ပိုင်းမှာ လူသားတွေက ကိုယ့်လုပ်ရပ်ကိုယ် သိရှိလာပြီး ပြုပြင်ထိန်းသိမ်းမှုတွေလုပ်တာလည်း ရှိလာပါတယ်။ "လူသားတွေက ထူးဆန်းတယ်။ တချိုက ရှင်းလင်းသုတ်သင်နေချိန်မှာ တချိုကတော့ အမှိုက်ဖွနေတုန်းပဲ"တဲ့။ ဘယ်လိုပဲဆိုပါစေ လူသားနဲ့တိရစ္ဆာန် အတူယှဉ်တွဲနေထိုင်ရတဲ့လောကကြီးမှာ အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ။ဒီကားလေးမှာတော့ ပင်လယ်လိပ်ကလေးတစ်ကောင် ဥကနေ အကောင်ပေါက်တဲ့အချိန်ကစလို့ လောကဓံတရားတွေကို ရင်ဆိုင်ရတာတွေ၊ သူငယ်ချင်း ချစ်မေတ္တာအပြင် ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်လိုရှာဖွေတွေ့ရှိမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။    ထူးခြားတာကတော့ ဇာတ်ဝင်တေးတွေအဖြစ် Bruno Mars ရဲ့ "Count on me" နဲ့ "Talking to the moon", Michael Jackson cover ...
movie

A Turtle’s Tale: Sammy’s Adventures (2010)

2010
The Bad Guys (2022) 7
The Bad Guys (2022) The Bad Guys (2022)ဒီနှစ်ရဲ့အကောင်းဆုံး အနီမေးရှင်းရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ လူဆိုးကြီးများအဖွဲ့ လာပါပြီ။ ဇာတ်လမ်းကတော့ သူငယ်ချင်းစိတ်ဓာတ်၊ အကောင်းနဲ့အဆိုး စိတ်လွန်ဆွဲပွဲကို ဇာတ်လမ်းကောင်းကောင်းနဲ့ ဟာသတွေ ရောယှက်ပြီး ဖန်တီးထားတာပါပဲ။ လူတွေအများစု ကြောက်လန့်ကြတဲ့ သတ္တဝါမျိုးစိတ်တွေကို လူဆိုးတွေအဖြစ်ပုံဖော်ပြထားပြီး၊ အဲဒီလူဆိုးအဖွဲ့ကို လူကောင်းပြန်ဖြစ်လာအောင်ကူညီနေတဲ့ ပူးကလေးရယ်ပါတာပေါ့။ လှည့်ကွက်တွေများများကြည့်ရအောင် ဇာတ်လမ်းတော့ပြောမပြတော့ပါဘူး။ နောက်ခံသီချင်းတွေကလည်းအတော်ကောင်းပြီး လှုပ်ရှားမှုတွေရော အသံသရုပ်ဆောင်တွေရော ကောင်းတာမို့ ကိုယ်တိုင်ခံစားကြည့်လိုက်ပါဦး။အညွှန်းကိုတော့ Mr.Anderson က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Mr.Anderson, Chcuk နဲ့ Yoon တို့ပဲ ဖြစ်ပါတယ်Genre.....Animation, Adventurd, Comedy Quality….WEB-DL 1080p and 720p and 480p File size…1.5GB and 750MB and 300MB Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson, Chuck, Yoon Encoder ..... August
movie

The Bad Guys (2022)

2022
Chun Tae-il: A Flame That Lives On (2021) 8.8
Chun Tae-il: A Flame That Lives On (2021) ဒီတစ်ခါတော့ ၂၀၂၁ ခုနှစ်ကထွက်ထားတဲ့ IMDb 8.8/10 ရထားတဲ့ ကိုရီးယား Animation ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်၊ ကာတွန်းကားကို ဒီလောက် rating ရထားတယ်ဆိုတော့ ထူးပြီးညွှန်းဖို့တော့ လိုမယ်မထင်ပါဘူးဒီဇာတ်လမ်းကတော့ ၁၉၇၀ ခုနှစ်မှာ အလုပ်သမားအခွင့်အရေးရအောင် စည်းရုံးတောင်းဆိုခဲ့တဲ့ ဂျောင်ထယ်အီးလ်ရဲ့ အကြောင်းကို တင်ဆက်ထားခြင်းဖြစ်ပါတယ် ၁၉၉၅ ခုနှစ်မှာ A Single Spark ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ထွက်ခဲ့ပြီးတော့ ၂၀၂၁ မှာ Animation အဖြစ်ဖန်တီးထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မူလတန်းတောင် မအောင်ခဲ့တဲ့ ကောင်လေးတစ်ယောက်... သားအကြီးဆုံးဖြစ်ပြီး အိမ်ရဲ့စားဝတ်နေရေးကြောင့် ကျောင်းထွက်လိုက်ရပြီး အိမ်ပြေးအဖြစ်နဲ့ ဖိနပ်တိုက် သတင်းစာရောင်း စတာတွေကို လက်တိုလက်တောင်းလုပ်ခဲ့ပါတယ်၁၉ နှစ်ပြည့်တဲ့အခါမှာတော့ စက်ရုံတည်ထောင်ချင်တဲ့စိတ်နဲ့ အဝတ်စက်ရုံတစ်ခုမှာ အဝတ်ဖြတ်ဆရာလက်ထောက်အဖြစ်သင်ယူရင်းနဲ့ ဖြောင်းဟွာဈေးက စက်ရုံရဲ့ မတရားခိုင်းစေမှုတွေ၊ လုပ်ခလစာ နည်းပါးမှုနဲ့ ကျန်းမာရေးအာမခံချက်မရှိတာတွေကို သိလိုက်ရပါတော့တယ်အဲလိုနဲ့ အခြေခံဥပဒေအကြောင်းသိလိုက်ရတဲ့အချိန်မှာ မညီမျှတာတွေအတွက် တောင်းဆိုဖို့ကြိုးပမ်းပါတော့တယ် ဘယ်လိုဆန္ဒပြရမလဲဆိုတာတောင် မသိတဲ့ အပ်ချုပ်ဆရာ၊ အဝတ်ဖြတ်ဆရာအဖြစ်ကနေ စိတ်အားထက်သန်စွာနဲ့ပဲ အလုပ်သမားအခွင့်အရေးရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပုံတွေကို ကြည့်ရှုခံစားရမှာပါ ဒီဇာတ်လမ်းရဲ့အသံသရုပ်ဆောင်ကလည်း အားလုံးနဲ့မစိမ်းတဲ့ Jang Dong Yoon, Kwon ...
movie

Chun Tae-il: A Flame That Lives On (2021)

2021
Where Is Anne Frank (2022)
Where Is Anne Frank (2022)   Anne Frank ရဲ့ဇာတ်လမ်းကိုတော့တော်တော်များများသိကြမယ်ထင်ပါတယ်။မသိသူတွေအတွက်ကတော့ Anne Frank ဆိုတာဒုတိယကမ္ဘာစစ်ဖြစ်တုန်းက ဟော်လန်မှာနေတဲ့ဆယ်ကျော်သက်အရွယ်ဂျုးမိန်းကလေးတစ်ယေက်ပါ။ နာဇီတွေဟော်လန်ကိုသိမ်းပိုက်အပြီးမှာတော့ သူတို့ရဲ့လူမျိူးတုန်းသတ်ဖြတ်မှုဟာ Anneတို့အနားကိုရောက်ရှိလာပါတယ်။ဒါနဲ့Anne တို့မိသားစုဟာ Anne အဖေအလုပ်ရဲ့အပေါ်ထပ်လျှို့ဝှက်တိုက်ခန်းမှာ အခြားဂျုးမိသားစုတစ်ခုနဲ့တူတူသွားပုန်းကြပါတယ်။ပုန်းနေရတဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာ Anne ဟာသူ့ရဲ့ အတွေ့အကြုံအခက်အခဲတွေကို ဒိုင်ယာရီရေးပြီးမှတ်တမ်းတင်ခဲ့ပါတယ်။Anne တို့ဟာနောက်ဆုံးမှာတော့ကံမကောင်းရှာပဲ နာဇီတွေကရှာတွေ့သွားပြီး အားလုံးကိုအရှေ့ဘက်မှာရှိတဲ့ Concentrate Camp တွေကိုပို့လိုက်ပါတယ်။Anne ရဲ့အဖေ Otto Frank ကလွဲရင်ဘယ်သူမှအသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး။Otto ဟာရုံးက၀န်ထမ်းတစ်ယောက်ကပေးလို့ Anne ရဲ့ဒိုင်ယာရီပြန်ရပြီး တခြားလူတွေကိုဝေမျှပေးနိုင်ဖို့ ဒိုင်ယာရီကိုစာအုပ်ထုတ်‌ဝေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အခုချိန်မှာတော့ Diary of Anne Frank ဟာကမ္ဘာမှာနာမည်အကြီးဆုံးစာအုပ်တစ်အုပ်ဖြစ်နေပါပြီ။ဒီကားလေးကတော့ Anne Frank ရဲ့ဇာတ်ကြောင်းကိုကွန့်မြူးထားတာမျိုးပါ။Anne ဟာဒိုင်ယာရီရေးတိုင်း သူ့ရဲ့စိတ်ကူးထဲကသူငယ်ချင်းဖြစ်သူ Kitty ဆီ စာရေးပြီးရင်ဖွင့်တဲ့ပုံနဲ့ရေးတတ်ပါတယ်။ယခုခေတ်မှာ Anne ရဲ့ဒိုင်ယာရီက မှင်စွန်းသွားပြီး စာလုံးတွေကနေတဆင့် တကယ်ကောင်မလေးတစ်ယောက်အဖြစ် Kitty ဟာအသက်၀င်လာပါတယ်။သူက ဒိုင်ယာရီထဲကဖြစ်ရပ်တွေကိုပဲမှတ်မိပြီး အခုခေတ်မှာ သူငယ်ချင်းဖြစ်သူ Anne ကိုရှာနိုင်ဖို့ကြိုးစားပါတယ်။ဒီကားလေးမှာ Anne ရဲ့ဒိုင်ယာရီထဲကအဖြစ်အပျက်တချို့ရော Kitty ...
movie

Where Is Anne Frank (2022)

The Adventures of Peanut and Pig (2022) 5.0
The Adventures of Peanut and Pig (2022) The Adventures of Peanut and Pig (2022)=============================ဒီဇာတ်ကားကတော့ 2022 မှာ အသစ်ထွက်ရှိလာပြီး IMDb 5.7 ရရှိထားတဲ့ animation ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ပင်လယ်ကျွန်းမျောပေါ်မှာ တည်ရှိတဲ့ ဂူလာကျွန်းကြီးဟာ ဆိုရင်တော့ဖြင့် သက်ရှိသတ္တဝါတို့ရဲ့ အားထားမှီခိုရာဗိမ္မာန် လေးတစ်ခုပေါ့။သီးစုံပန်းမန်တွေနဲ့ ပျော်စရာအတိပြည့်နေတဲ့ ဂူလာကျွန်းကြီးက တစ်နေ့မှာ‌တော့ ပင်လယ်ရေအောက်ထဲကို စုံးစုံးနစ်မြုပ်ဖို့ရာ အကြောင်းဖန်လာပါတော့တယ်။ အဲ့ဒီကျွန်းကို ကယ်တင်ဖို့အတွက် အပျော်အပါးနဲ့ မိန်းကလေး ကိစ္စကလွဲရင် ကျန်တာစိတ်မဝင်စားတဲ့ ဖီးနတ် ဆိုတဲ့ မျောက်တစ်ကောင်အား ဂူလာကျွန်းကိုကယ်တင်ဖို့ တာဝန် ပေးအပ်လိုက်တဲ့အခါမှာတော့။ဖီးနတ်က သူ့တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ပါ့မလား၊ ဖီးနတ်ရဲ့ကောင်းမှုကြောင့် ကယ်ဆယ်ရေးအဖွဲ့ထဲ ပါသွားရရှာတဲ့ ဘဝမှာ အစားအသောက်သည်သာ နံပါတ်တစ်ဆိုတဲ့ ဝက်ကလေး ပစ်ဂ် ကရော ဒီခရီးစဉ်မှာ ဘယ်လိုတွေ ကြံစည်ဦးမလဲ။ ဂူလာကျွန်းကြီး နစ်မြုပ်ရတဲ့ အဓိကတရားခံကရော ဘာကြောင့် ဖြစ်နိုင်မလဲ စတဲ့ သို့လောသို့လော မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစားကြည့်ရှု့နိုင်မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ယူတတ်ရင်ပညာ ဆိုသလို စော်ကြည်ဘဲလေး ဖီးနတ်ရဲ့ ကောင်မလေးတွေကို ချုပ်နည်း၊ ကြူနည်းကျမ်းများကိုလည်း တွေ့ရှိ ရဦးမှာမို့  ဇာတ်လမ်းကြည့်ရင်း  လေ့လာသင်ယူနိုင်ပါကြောင်း ထပ်လောင်းပြောလိုက်ပါရစေ‌ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ ...
movie

The Adventures of Peanut and Pig (2022)

2022
Constantine: The House of Mystery (2022)
Constantine: The House of Mystery (2022) Constantine: The House of Mystery (2022)==============================DC Fanတိုင်း ကိုစံသိန်းရယ်လို့ ချစ်စနိုး​ခေါ်ကြတဲ့ John Constantine ရဲ့ Animation ဇာတ်လမ်းတစ်ပုဒ် ထွက်လာပါပြီ၊ ဇာတ်အိမ်က​တော့ Justice Dark : Apokolips Warအပြီးကို တည်ထားတာပါ၊ Runtime က​ မိနစ်၃၀ ​လောက်ပဲရှိလို့ ဇာတ်လမ်းတိုလို့ပြောလို့ရပါတယ်၊ ကမ္ဘာပျက်စစ်ပွဲကြီး အပြီး စစ်လည်းနိုင်သလို Justice League Member​ တွေနဲ့ ကမ္ဘာကြီး ကိုယ်တိုင် ​ဆုံးရှုံးမှု​တွေ အများကြီးကြုံ​လိုက်ရပါတယ်၊ ကမ္ဘာကြီးလည်း ပျက်စီးမှုဒဏ် ​​ကြောင့် အဆုံးသတ်လုဆဲဖြစ်လာပါပြီ။ဒါ​ကြောင့် ဂျွန်ကွန်စတန်တင်းက ဖလက်ရှ်ရဲ့အလျင်နဲ့ ဖလက်ရှ်ပွိုင့်ဖန်တီးပြီး ဒီဖြစ်စဉ်​တွေလုံးဝမဖြစ်ခဲ့သလို အတိတ်ကိုပြင်ဆင်ဖို့ အကြံထုတ်ခဲ့ပါတယ်၊ ဒါ​ပေမဲ့ အဲဒီလို ပြင်ဆင်စဉ်မှာ ရုတ်တရက် ပ​ဟေဠိဆန်ဆန် စံအိမ်ကြီးထဲကို ​ရောက်သွားပါတယ်၊ အိမ်ထဲမှာ​ ဂျွန်ချစ်ရတဲ့ ဇီနဲ့ ​​သေပြီးသားသူ့မိတ်​ဆွေ​တွေ ရှိ​နေတာပါ၊ ဒါ​ပေမဲ့ သူတို့က လူစင်စစ်​မဟုတ်ဘဲ မ​ကောင်းဆိုးဝါး​​ ဖြစ်​နေပြီး ဂျွန်ကို ဝိုင်းသတ်လိုက်ကြပါတယ်။ဒါ​ပေမဲ့ ဂျွန်က ​သေသွားတယ်လို့မရှိဘဲ ဒီအိမ်ထဲမှာပဲ အချိန်စက်ဝန်း​ကျော့​နေ သလို ...
movie

Constantine: The House of Mystery (2022)

2022
Bubble (2022) 6.8
Bubble (2022) Bubble (バブル) [2022]•••••••••••••••••••••••••••••••••ဒီနေ့မှာတော့ Trailer စထွက်ကတည်းက ထိပ်ထိပ်ကြဲတွေနဲ့ ဆရာ့ဆရာကြီးတွေကို တစ်စုတစ်စည်းထဲမြင်ခဲ့ရလို့ ပရိသတ်ရဲ့စိတ်ဝင်စားမှုအများဆုံးခံခဲ့ရပြီး Rating ကောင်းတဲ့ Netflix က အလန်းစား Anime တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။အရင်ဆုံး ဒီကားကိုကြည့်ကိုကြည့်သင့်တဲ့ ပထမဆုံးအချက်က နာမည်ကြီး Anime တွေဖြစ်တဲ့ (Attack on Titan) တို့ (Vinland Saga) တို့ကိုဖန်တီးပေးခဲ့တဲ့ Wit Studio ကထုတ်တာဖြစ်တဲ့အတွက်ပါပဲ။ဒါ့အပြင် ဇာတ်ကောင်ဒီဇိုင်းကို (Death Note) ရဲ့ Illustrator က ရေးဆွဲပေးထားပြီး AOT Director ကြီးရဲ့လက်ရာဆိုတော့ ဒီဇိုင်းကာလာ ဘာညာအနေအထားက ဘယ်လောက်ထိအမိုက်စားဖြစ်နေမလဲဆိုတာ ခန့်မှန်းကြည့်လို့ရနေပါပြီ။BG music အပိုင်းနဲ့ Theme song ကိုတော့ AOT ရဲ့တေးရေးဆရာဖြစ်တဲ့ Hiroyuki Sawano နဲ့ (Jujutsu Kaisen) ရဲ့ OP ...
movie

Bubble (2022)

2022
My Sweet Monster (2022)
My Sweet Monster (2022) My Sweet Monster (2022)ကနဦးပြောချင်တာကတော့ ဒီကားရဲ့ အင်တာနေရှင်နယ် ဒံပေါက် ရိတ်တင်ကို မယုံပါနဲ့။ အတည်ပါ လူ၈၀လောက်ပဲပေးထားတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီဒံပေါက်ရိတ်တင်ကြည့်ပြီး တော်တော်ဆိုးမယ် ထင်ခဲ့ပေမဲ့ မဟုတ်ပါဘူး။ ခရမ်းချဉ်သီးရိတ်တင်လည်း မထွက်သေးပါဘူး။ အသေးစားဆိုက်ကလေးတွေကတော့ ၅ မှာ ၅ပေးထားတာတွေ ၇၃ပေးထားတာတွေရှိပါတယ်။ ဆိုလိုတာက အတည်မဂျင်းပါဘူး။ ပေါ့ပေါ့ကားကား ကာတွန်းကားအနေနဲ့ ကြည့်ကောင်းသလို ရယ်ရတာလေးတွေလည်းပါပါတယ်။ ဇာတ်အိမ်လေးလည်း နည်းနည်းဆန်းပါတယ်။ ပေါ့ပေါ့ပါးပါးကြည့်ရင် စိတ်ပျော်စေမယ့် ချစ်ဖို့ကောင်းတဲ့ ကာတွန်းကားပါပဲ။ သီချင်းလေးလည်း ငါးခါလောက်ဆိုကြပြီး နားဝင်လွယ်တဲ့ ချိုချိုအေးအေးလေးတွေဆိုတော့ ဟိုတုန်းက ဒစ္စနေး ကာတွန်းကားတွေရဲ့ အရသာပိုပေါ်ပါတယ်။ Honestlyပြောရရင် စိတ်ပြေလက်ပျောက်ကြည့်ချင်ရင် ကြည့်ကောင်းတဲ့ကားလေးပါပဲ။ ငယ်ငယ်က ကာတွန်းကားတွေကို ပေါင်းထားတဲ့ အရသာမျိုးလည်းရတယ်။ဇာတ်လမ်းကတော့ စက်ရုပ်တွေထွင်တတ်တဲ့ အင်ဂျင်နီယာဘုရင်ကြီးတစ်ပါးရှိတယ်။ သူ့သမီးလေးကို သူကအရမ်းချစ်တော့ အရမ်းချုပ်ချယ်တယ်။ အချစ်ဝတ္တုတောင် ပေးမဖတ်တဲ့အထိပဲ။ ဒီလိုနဲ့ သူ့သမီးလေးကို ဖူးဖူးမှုတ်ထားတဲ့ ဘုရင်ကြီးဟာ ပြည်သူတွေအတွက် သူ့သမီးလေးကို လူယုတ်မာတစ်ကောင်နဲ့ လက်ထပ်ပေးဖို့ ဖြစ်လာခဲ့တယ်။ အဲဒီမှာ မင်းသမီးလေးက ထွက်ပြေးတာပေါ့။ ဒီလိုနဲ့ မွန်းစတားကောင်လေးရှိတဲ့တောအုပ်ထဲရောက်သွားတယ်။ ယုန်ရယ် မွန်းစတားရယ် မင်းသမီးလေးရယ် ခင်သွားကြတယ်။ ဘုရင်ကြီးဆီက စက်ရုပ်တွေကို လူယုတ်မာကလွှတ်ပြီး မင်းသမီးလေးကိုပြန်ခေါ်ဖို့လုပ်တာပေါ့။ နောက်ပိုင်းကတော့ ကြည့်သာကြည့်ကြည့်တော့၊။ဇာတ်ကြောင်းက ...
movie

My Sweet Monster (2022)

2021
Koati (2021) 7.2
Koati (2021) IMDb Rating (7.2)အသစ်ထွက်ရှိလာတဲ့ Animation ကာတွန်းကားလေး တင်ဆက်လိုက်ပါတယ်...ဇာတ်လမ်းကတော့....Balam ဆိုတဲ့ဂျာဂွားအုပ်ချုပ်နေတဲ့ မိုးသစ်တောလေးထဲမှာ Nachi လေးက တစ်ကောင်တည်းသော coati ကောင်လေးပေါ့။ သူတို့နေတဲ့မိုးသစ်တောလေးမှာမထင်မှတ်ထားတဲ့ဘေးအန္တရာယ်ကျရောက်ခဲ့ပြီးတော့ Balmလည်းအသက်ဆုံးရှုံးခဲ့ရသလို အကုန်လုံးကလည်း ဒီတောထဲကနေရွှေ့ပြောင်းမလား တောထဲကဘေးကင်းတဲ့နေရာမှာပဲနေမလားဆိုတဲ့အခြေအနေမျိုးနဲ့ကြုံလာရပါတယ်။နောက်ဆုံးမှာ Zaina ဆိုတဲ့မြွေမကြောင့် သူ့စကားတွေအောက်မှာကြွေကျပြီး အကုန်လုံးကပြောင်းရွှေ့ဖို့လုပ်ခဲ့ကြပေမယ့် Nachi ကတော့တောထဲမှာပဲနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူဒီလိုဆုံးဖြတ်ခဲ့တာကလည်း နောက်ကွယ်မှာအကြောင်းအရင်းတစ်ခုရှိနေလို့ဖြစ်ပြီးတော့ အဲ့ဒီအကြောင်းအရင်းကိုအဖြေရှာဖို့အတွက်လည်း Nachi တစ်ကောင် Pako ဆိုတဲ့ခရားရေလွှတ်စကားပြောတတ်တဲ့ဖားလေးရယ် အကြောက်အလန့်မရှိတဲ့ Xochi ဆိုတဲ့လိပ်ပြာမလေးရယ်နဲ့ သုံးကောင်သားစွန့်စားခန်းရှာပုံတော်ဖွင့်ခဲ့ပါတယ်။သူတို့တွေရဲ့စွန့်စားခရီးလေးမှာ ဘယ်လိုအန္တရယ်တွေကစောင့်ကြိုနေပြီး ဘယ်လိုတွေဖြတ်ကျော်ကြမှာလဲ။ Nachi တစ်ကောင် တောထဲမှာကျန်နေခဲ့ဖို့ဆုံးဖြတ်ခဲ့ရတဲ့နောက်ကွယ်ကအကြောင်းအရင်းကဘာလဲ... စတာတွေကိုတော့ ကြည့်ရှုခံစားရမှာပါ။ File size…(1 GB)/(640 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:31:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Chit Tee , Htet Kyaw Myo
movie

Koati (2021)

Pinocchio: A True Story (2022) 4.4
Pinocchio: A True Story (2022) Pinocchio A True Story (2021)အီတလီ ပုံပြင်လေးတစ်ပုဒ်ဖြစ်တဲ့ သစ်သားရုပ်ကလေးကနေ အသက်ဝင်လာတဲ့ Pinocchio အကြောင်း ကြားဖူးကြမှာပါဒီဇာတ်ကားလေးမှာတော့ သစ်သားရုပ်ကလေး Pinocchio နဲ့ သူ့အဖော် မြင်းလေး Tibalt တို့ ကမ္ဘာကြီးကို လျှောက်ပတ်ကြည့်ဖို့ ထွက်လာခဲ့ရာကနေ မာဂျီရာဖိုကိုရဲ့ ဆပ်ကပ်အဖွဲ့ကိုရောက်သွားပြီး စွန့်စားခန်းတွေနဲ့ ကြုံတွေ့ရပုံကို တင်ဆက်ထားတာပါလိမ်ပြောရင် နှာခေါင်းကြီးရှည်ထွက်လာမယ် ဆိုတဲ့ အကြောင်းအရာတွေကနေ ကွဲထွက်ပြီးPinocchio နဲ့ သူ့ရဲ့ မိတ်ဆွေ မြင်းလေး Tibalt တို့ရဲ့ စွန့်စားခန်းတွေ လူသားဆန်မှုတွေကို ဖော်ကျူးထားတာဖြစ်တဲ့အတွက် Pinocchio ပရိသတ်တွေအနေနဲ့ တမူထူးခြားတဲ့ အရသာကို ခံစားရမှာပါစိမ်းစိမ်းစိုစို ကာတွန်းရုပ်လေးတွေနဲ့ အရောင်အသွေးစုံစုံလင်လင်တင်ဆက်ထားတာကြောင့် စိတ်အပန်းဖြေတဲ့အနေနဲ့ ကြည့်ရှုသင့်တဲ့ ကာတွန်းကားလေးပဲ ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre.....Animation, Family, Fantasy Quality….WEB-DL 1080p and 720p and 480p File size...1.65GB and 683MB and 267MB Format...mp4 Duration….1h ...
movie

Pinocchio: A True Story (2022)

2022