Channel Myanmar

Animation

Marcel the Shell with Shoes On (2021) 8.1
Marcel the Shell with Shoes On (2021) Marcel the Shell with Shoes On (2021)~ IMDb - 8.1/10, RT- 99%, Meta - 81% ~A24 ရဲ့ Mockumentary ကားလေးပါ။ မနှစ်ကရုံတင်တာဆိုပေမဲ့ ဒီနှစ်မှပဲ ဒစ်ဂျစ်တယ်ကော်ပီထွက်လာပါတယ်။ A24 vibe အပြည့်နဲ့ကားပါပဲ။ ပိုစတာပဲကြည့်လေ... ခရုခွံက အပေါက်နေရာမှာ မျက်လုံးတစ်လုံးတပ် ဖိနပ်ကြီးစီးထားတာပါ။ ဒီကောင့်နာမည်က မာဆယ်ပါ။ ဒီပုံစံလောက်နဲ့တော့ ရုတ်တရက်ဆို ချစ်ဖို့ကောင်းချင်မှ ကောင်းမှာပေမဲ့ ကားထဲက သူ့အပြုအမူတွေ စကားတွေနဲ့ ပေါင်းလိုက်ရင်‌တော့ တော်တော်ချစ်ဖို့ကောင်းပါတယ်။ Mockumentary ကား ပီပီသသ ရယ်လည်းရယ်ရသလို သရော်တာတွေက ဂွလည်းကျပါတယ်။ IMDb - 8.1/10, Rotten Tomatoes - 99% ရထားတဲ့ကားဆိုတော့ မကောင်းမှာ ပူစရာမရှိသလို ချစ်စရာကောင်းတဲ့ ခရုခွံလေးရဲ့တီတီတာတာ စကားတွေကြောင့် ...
movie

Marcel the Shell with Shoes On (2021)

2021
How to Train Your Dragon (2010) 8.1
How to Train Your Dragon (2010) CM Fan တွေ အတွက် ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ How to Train Your Dragon ကို တင်ဆက်ပေးလိုက်ပါတယ်ဇတ်လမ်း ရဲ့ အစကတော့ ဗိုက်ကင်းတွေ နေတဲ့ ကျွန်းလေးတစ်ခုကနေ အစပြုတာပါပဲ ဗိုက်ကင်း သူရဲကောင်းတွေ ရဲ့ ရွာဟာ ပြသနာ တစ်ခုကို အမြဲ လိုလို ရင်ဆိုင်နေရပါတယ် အဲ့ဒါကတော့ နဂါးတွေပါပဲ တစ်ချို့ ညတွေမှာ နဂါးတွေဟာ ခိုးဝင်လာပြီး အစားအသောက်တွေကို ခိုးယူသွားတက်ကြသလို အိမ်တွေကိုလဲ မီးရှို့သွားတက်ကြပါသေးတယ် ဗိုက်ကင်း တွေရဲ့ အိမ်တွေဟာ အမြဲလိုလို အသစ်တွေ ဖြစ်နေတာ နဂါးတွေ ရဲ့ လက်ချက်ပါပဲ...ဒီဗိုက်ကင်း ရွာလေး မှာ ဟစ်ကပ် ဆိုတဲ့ ကောင်လေးရှိပြီး သူက ဗိုက်ကင်းတွေ ထဲမှာ အားအနည်းဆုံး မို့ ရွယ်တူတွေလို နဂါးတွေ ဖမ်းရမယ့် အစား လက်နက်တိုက်မှာ အကူလုပ်နေရတာပါ ဗိုက်ကင်းတွေ ရဲ့ သတ္တိရှိမှု ရဲစွမ်းရှိမှုကို ပြဖို့ဆိုရင် နဂါးတစ်ကောင်တော့ အနည်းဆုံး ...
movie

How to Train Your Dragon (2010)

2010
4K HEVC
How to Train Your Dragon 2 (2014) 7.8
How to Train Your Dragon 2 (2014) How to Train Your Dragon 2 (2014) IMDb - 7.8/10_____Rotten - 91%နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။ ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ပြုနေပါပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးတဲ့ Hiccup အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။အပြောကျယ်တဲ့ မြေကမ္ဘာမှာ လျှောက်သွားရင်း Hiccup နဲ့ Astrid တို့ဟာ အလွန်ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီး တစ်ခုကို တွေ့ပါတယ်။ အဲဒီရေခဲတုံးကို လေ့လာနေဆဲမှာ Eret လို့ခေါ်တဲ့ ...
movie

How to Train Your Dragon 2 (2014)

2014
4K HEVC
LEGO Star Wars Summer Vacation (2022) 5.6
LEGO Star Wars Summer Vacation (2022)    နှစ်စဉ်ထွက်နေကျအတိုင်း လီဂိုကာတွန်း Star Wars ထွက်လာပါပြီ။ မိသားစုကြည့်ဖို့ဇာတ်လမ်းဖြစ်တာမို့ အင်ပါယာ၊ ဒါ့ဗိတ်ဒါ၊ အိုဘီဝမ်၊ ဟန်ဆိုလို၊ ချူဝီ၊ လေယာ၊ ရေး၊ ဖင်း၊ ပိုး တို့အားလုံးပါဝင်တဲ့ ဟာသနဲ့စွန့်စားခန်းတွေပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ မျိုးဆက်သစ်တွေဖြစ်တဲ့ ရေး၊ ဖင်း၊ ပိုး တို့ဟာ အားလပ်ရက်ခရီးထွက်လာရင်း အဆင်မပြေမှုတွေနဲ့ရင်ဆိုင်လာရတဲ့အခါ၊ အိုဘီဝမ်၊ ဒါ့သ်ဗိတ်ဒါ နဲ့လေယာတို့က သူတို့ငယ်စဉ်က အတွေ့အကြုံတွေကို ပြန်ပြောပြတာကို ဇာတ်လမ်းဆင်ထားတာဖြစ်ပြီး ဂျဒိုင်းကြီးတွေရဲ့ ဟာသဆန်ဆန် စွန့်စားခန်းတွေကို ကြည့်ရမှာပဲဖြစ်ပါတယ် File size…(1.33GB)/(510MB)/(346MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….00:45:00 Genre...Animation / Action / Aventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie

LEGO Star Wars Summer Vacation (2022)

Doraemon: Nobita’s Great Adventure in the Antarctic Kachi Kochi (2017) 6.6
Doraemon: Nobita’s Great Adventure in the Antarctic Kachi Kochi (2017) Doraemon the Movie 2017 : Great Adventure in the Antarctic kochi kochiငယ်စဉ်ကလေးဘဝတည်းက အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဒိုရေမွန်ဇာတ်ကားပေါင်းများစွာထဲက စွန့်စားခန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ဒိုရေမွန်နဲ့ နိုဘီတဟာ ဂျပန်နိုင်ငံနွေရာသီရဲ့ ပူပြင်းလွန်းတဲ့ရာသီဥတုကိုမခံနိုင်တော့တာကြောင့် တောင်ပစိဖိတ်သမုဒ္ဒရာရဲ့ ဧရာမရေခဲတောင်ဆီကို လာခဲ့ကြပါတယ်။ဒီကနေ ရွှေကွင်းကလေးတစ်ကွင်းကိုရှာတွေ့ သွားပြီး သူ့ပိုင်ရှင်ကို လိုက်ရှာရာကနေ ပျောက်ဆုံးနေတဲ့ အတ္တလန်တစ်မြို့တော်နဲ့ဆက်စပ်မိသွားခဲ့ပါတယ်။ ဒီလိုနဲ့ မှော်အိတ်လေးထဲကနေ လိုတာမှန်သမျှထုတ်လို့ရတဲ့ ဒိုရေမွန်နဲ့ သူ့ရဲ့သူငယ်ချင်းတစ်စု၊ ပျောက်ဆုံးနေတဲ့မြို့တော်ကိုရှာဖွေရင်း ဘယ်လိုအန္တရာယ်မျိုးစုံကိုဖြတ်ကျော်ရမလဲဆိုတာကို စိတ်၀င်တစားကြည့်ရှုရမယ့် ကာတွန်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ ထွက်သမျှဇာတ်ကားတိုင်းမှာ ပရိတ်သတ်တွေကိုစိတ်မပျက်စေခဲ့တဲ့ ဒိုရေမွန်၊ ဒီတစ်ခေါက်မှာလည်း ချစ်စရာAnimation များနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားပေးကြပါဦး File size…1.6GB / 902MB Quality…1080p BluRay / 720p Format…mp4 Duration….1h 41min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Doraemon: Nobita’s Great Adventure in the Antarctic Kachi Kochi (2017)

2017
DC League of Super-Pets (2022) 7.8
DC League of Super-Pets (2022)  ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ ဒီစီစူပါဟီးရိုးတွေရဲ့ အိမ်မွေးအကောင်လေးတွေအကြောင်းပါပဲ။ အဓိက ဇာတ်ကောင်ကတော့ စူပါမန်းရဲ့ ခွေး ခရစ်ပတိုဖြစ်ပြီး အသံသရုပ်ဆောင်အဖြစ် The Rock က ပါဝင်ထားပါတယ်။ သူ့သူငယ်ချင်း ခွေးအဖြစ် အေ့စ်နေရာမှာ ကယ်ဗင်ဟာ့ကပဲ သရုပ်ဆောင်ထားတာမို ထုံးစံအတိုင်း အတွဲညီညီရယ်ရမှာပါပဲ။ ကျွန်တော်တိုရဲ့မင်းသားကြီး ကီရာနူးရိဗ်ကလည်း ဘတ်မန်းနေရာက အသံသရုပ်ဆောင်ပြီး၊ ဂျွန်ကရာဆင်းစကီးက စူပါမန်းအဖြစ် သရုပ်ဆောင်ထားပါတယ်။လက်စ်လူသာရဲ့ စမ်းသပ်ခန်းကလွတ်လာတဲ့ လူလူဆိုတဲ့ ပူးလေးဟာ စူပါပါဝါတွေရသွားပြီး ဂျက်စတိလိတစ်ခုလုံးကိုဖမ်းထား၊ လက်စ်လူသာကိုကယ်တင်ပြီး ကမ္ဘာကြီးကိုအုပ်စိုးဖို လုပ်ပါတော့တယ်။ ဒါကို စူပါကောင်လေးတွေက ဘယ်လို စုပေါင်းကယ်တင်ကြမလဲဆိုတာ ကြည့်ရမှာပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ )File Size__(1.7GB) / (910MB) Quality__WEB-DL_1080p, CAM- 720p IMDb Rating__7.8/10 Format__mp4 Duration__01:33:00 Type__Action, Adventure, Animation Subtitle__Myanmar Subtitle (Hardsub) Translated by Mr.Anderson Encoded by Naing ...
movie

DC League of Super-Pets (2022)

Pil’s Adventures (2021) 6.2
Pil’s Adventures (2021) Pil's Adventures (2021)တိုင်းပြည်တစ်ပြည်ရဲ့မင်းကြီးနတ်ရွာလားသွားပြီးတဲ့နောက် အဲဒီတိုင်းပြည်က မင်းသားလေးအရွယ်မရောက်ခင်အထိ မှော်ဆရာတစ်ယောက်က ရင်ခွင်ပိုက်အုပ်ချုပ်ခဲ့ပါတယ်။ မင်းသားလေးအရွယ်ရောက်လို့ ထီးနန်းလွှဲပေးရမယ့်အချိန်ဟာာ မှော်ဆရာဟာ အရင်မင်းကြီးကို အဆိပ်ခတ်လုပ်ကြံခဲ့သလို မင်းသားလေးကို သတ်ဖို့ကြံပါတယ်။ အဲဒီအချိန်မှာ Pil ဟာ အဆိပ်ဖော်တဲ့နေရာကို ခိုးဝင်လာပြီး ဆေးတွေကို ဗြောင်းဆန်အောင်လုပ်ပစ်တာမို့ မင်းသားလေးဟာ ဆေးသောက်မိတဲ့နောက် မသေသွားဘဲ ကြက်ကြောင်ဖြစ်သွားပါတယ်။ ကြက်ခေါင်း ကြောင်ကိုယ်နဲ့ ကြက်ကြောင်ပါ။ကြက်ကြောင်ဖြစ်သွားတဲ့မင်းသားလေးကို Pil က မှော်ဆရာရဲ့  Maleficient ဆန်ဆန် မွေးစားအမေ‌နေတဲ့ ကျိန်စာသင့်တောအုပ်ကြီးထဲ ခေါ်သွားပြီး ဖြေဆေးရအောင်ကူညီပေးပါတယ်။ အပြန်အလှန်အနေနဲ့ပေးရမှာကတော့ အရင်မင်းကြီးချန်ထားခဲ့တဲ့ ရတနာသိုက်ကြီးပါ။ဒီလိုနဲ့ ကူကယ်ရာမဲ့ ကချော်ကချွတ်ဖြစ်နေတဲ့ ကြက်ကြောင်ကြီးဟာ ကြောင်တိကြောင်တောင်အစောင့်ရယ် ကိုယ့်အားကိုယ်ကိုး နေနေရတဲ့ ကလေးမလေးရယ် ၊ ကက်ကက်လန်အောင် ကန့်လန့်ဖီလာတိုက် ကန်းမစကားဆိုနေတဲ့ ရုပ်သေးရုပ်ရယ်။ ကိုရိုးကားရား ကိုးလိုးကန့်လန့် အကောင်လေး၃ကောင်နဲ့အတူ ကျိန်စာကျိန်ချက်မိနေတဲ့ ကြီးကြီးမားမား တောအုပ်ကြီးထဲ ကောင်းကောင်းကန်းကန်း ပြန်ဖြစ်အောင်လုပ်ပေးမယ့် ...
movie

Pil’s Adventures (2021)

2021
A Scanner Darkly(2006) 7.0
A Scanner Darkly(2006) A Scanner Darkly(2006) အညွှန်း*****************************IMDb  7,,,,, Rotten Tomatoes 68%ဒီရုပ်ရှင်ထဲမှာတော့ အားလုံးသိပြီးသားနာမည်ကြီး သရုပ်ဆောင်များဖြစ်တဲ့ Keanu Reeves, Robert Downey Jr. Woody Harrelson နဲ့ မင်းသမီး Winona Ryder တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Richard Linklater ကပုံဖော်ရိုက်ကူးထားတဲ့ Animated Sci-fi/thriller ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအကြောင်းကိုမပြောခင်မှာ ဒီဇာတ်ကားရဲ့ ထူးခြားတဲ့ တင်ဆက်ပုံကို အရင်ဆုံးပြောပြချင်ပါတယ်။ ဒီဇာတ်ကားထဲက Scene တွေကို တစ်ကားလုံးရိုက်ပြီးတော့မှ Interpolated Rotoscope လို့ခေါ်တဲ့နည်းပညာကိုသုံးပြီးမူလရုပ်ရှင်ကို ဖရိန်တစ်ခုချင်းဆီ ခြေရာကောက်ပြီး Animation အဖြစ်ပြောင်းထားတာပဲဖြစ်ပါတယ်။ Animation ဖြစ်တာတော့မှန်ပါတယ်.. ဒါပေမယ့် လူအစစ်တွေသရုပ်ဆောင်ထားတာပါ...ဇာတ်လမ်းအညွှန်းကတော့ ဘောပ့်အာတာ(Keanu Reeves)ဟာ မူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့ အဖွဲ့တစ်ခုကို စုံစမ်းဖို့အတွက် အသွင်ယူထားတဲ့ ရဲအရာရှိတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် သဏ္ဌာန်လုပ်သရုပ်တူရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိနေတဲ့ ဘောပ့်အာတာဟာ သူကိုယ်တိုင် ဆေးစွဲတဲ့သူတစ်ဦးဖြစ်လာပါတော့တယ်။ ဘောပ့်အာတာအနေနဲ့ သူ့ရဲ့လျှို့ဝှက်သရုပ်ကို မပေါ်အောင်ကြိုးစားရင်းနဲ့ မူးယစ်ဆေးတိုက်ဖျက်မှုကို ဘယ်လိုတွေလုပ်ဆောင်မလဲ သူ့ရဲ့အနားမှာရှိတဲ့ ဂျင်ဘယ်ရစ်(Robert Downey Jr.)နဲ့အာနီလက်မန်း (Woody Harrelson)တို့ရဲ့ အရှုပ်တော်ပုံတွေကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ရုပ်ရှင်ထဲမှာ ...
movie

A Scanner Darkly(2006)

Luck (2022) 6.3
Luck (2022) Luck (2022)~ IMDb rating - 6.3/10 ~Apple TV ကနေ လွှင့်တဲ့ကာတွန်းကားအသစ်ကောင်းကောင်းလေးတစ်ကား ထပ်ထွက်ပါတယ်။ ဆမ်ဆိုတဲ့မိဘမဲ့ဂေဟာက ကောင်မလေးတစ်ယောက်ပေါ့။ ငယ်ငယ်ကတည်းက ကံအမြဲဆိုးပြီး အကုန်တလွဲဖြစ်တယ်၊ မွေးစားမိဘလည်းရှာမရဘဲ အသက် ၁၈ နှစ်ပြည့်သွားလို့ ကိုယ်ပိုင်အခန်းကိုပြောင်းပြီး အလုပ်လုပ်နေရတဲ့ ကောင်မလေးပါပဲ။ တစ်နေ့မှာတော့ သူဘာလို့ ကံတွေဆိုးနေလဲဆိုတဲ့အဖြေကို မတော်တဆတွေ့သွားပါတော့တယ်။တကယ်တော့ လူသားတွေဆီကို ကံဆိုးခြင်းတွေကံကောင်းခြင်းတွေကို ပို့နေတဲ့နေရာတွေရှိပါတယ်။ အဲဒီမှာ ဌာနပေါင်းစုံရှိပြီး ကံဆိုးနည်းကံကောင်းနည်းမျိုးစုံကို သတ္တဝါပေါင်းစုံက စီမံထုတ်လုပ်နေပြီး လူတွေဆီကို ကြုံသလိုပို့နေတာကို သိလိုက်ရတာပါ။ အဲဒီ ကမ္ဘာတွေဆီကို ဆမ် တစ်ယောက် မတော်တဆရောက်သွားပြီး သူအလိုချင်ဆုံးဆန္ဒတစ်ခုအတွက် ကံကောင်းဖို့ ကြိုးစားလာတဲ့အခါ...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 933MB, 585MB Quality - 1080p, 720p, 480p IMDb Rating ...
movie

Luck (2022)

2022
Rise of the Teenage Mutant Ninja Turtles: The Movie(2022) 5.2
Rise of the Teenage Mutant Ninja Turtles: The Movie(2022) Rise of the Teenage Mutant Ninja Turtles:The MovieRotten tomatoes 78%Metacritic 6.2/10 ဒါကတော့ အားလုံးသိကြတဲ့ TMNT ရဲ့နောက်ဆုံးထွက်လာတဲ့Animation ရုပ်ရှင်ပါ။2018 ကထွက်ရှိလာတဲ့ ပြန်ဆန်းသစ်ထားတဲ့ Nickelodeon tv series ရဲ့အဆက်ပါ။ လိပ်နင်ဂျာညီအစ်ကိုလေးဦးတို့ Shredder ကိုနှိမ်နင်းပြီး နှစ်နှစ်အကြာမှာ အနာဂတ်ကပြန်ရောက်လာတဲ့ Casay Jonesနဲ့ပူပေါင်းပြီး အစွမ်းထက်လှတဲ့ ဂြိုလ်သားKrangတွေကို တားဆီးဖို့ကြိုးစားကြပါတယ်။ ဒီ Rise of the Teenage Mutant Ninja Turtles ကတော့ Family dynamicတွေနဲ့တချို့ Character တွေကို ပုံစံတစ်မျိုးနဲ့ပြန်ဖန်တီးထားပါတယ်။ဥပမာ ဒီVersion မှာLeo ကအကြီးဆုံးမဟုတ်တော့ဘဲ Ralph ကအကြီးဆုံးဖြစ်နေပါတယ်။ ဒါပေမယ့် Animation style ကပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းပြီး Action sequence တွေကလည်း တော်တော်မိုက်ပါတယ်။လိပ်နင်ဂျာ ညီအစ်ကိုတွေကြားက ဆက်ဆံရေးကလည်း စိတ်၀င်စားစရာပါပဲ။ File size…1.6GB / 855MB Quality…1080p WEB DL AAC5.1CH ...
movie

Rise of the Teenage Mutant Ninja Turtles: The Movie(2022)

2022
Charlotte (2021) 6.4
Charlotte (2021) Charlotte (2021)~ IMDb - 6.4/10, Rotten Tomatoes - 71% ~Loving Vincent ဆိုတဲ့ အန်နီမေးရှင်းကားကိုမှ ဗန်ဂိုးရဲ့ ပန်းချီဟန်တွေနဲ့ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကို သိကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ဟာလည်း ထိုနည်းလည်းကောင်း ရုပ်ရှင်ပါ။ Charlotte လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျာမန်ဂျူးအစပ် ပန်းချီဆရာမလေးရဲ့ ဂျာမန်တွေဒဏ်ကိုခံနေရတဲ့ကြားက မာစတာပိစ်လက်ရာတစ်ခုကို ဖန်တီးတဲ့အကြောင်းကို ရိုက်ပြထားတာပါ။ ကျွန်တော့်လို Loving Vincent ကို အသည်းစွဲကြိုက်တဲ့လူတွေတော့ ဒီရုပ်ရှင်ကိုလည်း သဘောကျကြမှာပါ။Charlotte ဟာ သူ့မိသားစုရဲ့ ရင်နာစရာဇာတ်ကြောင်းကို ပန်းချီကားတစ်ထောင်ကျော်နဲ့ ပုံဖော်ရေးဆွဲခဲ့ပြီး "ဘဝလေလား ပြဇာတ်လေလား" လို့ ပန်းချီတစ်ထောင်ကျော်လုံးကို တစ်စုတည်းအဖြစ် သတ်မှတ် နာမည်ပေးလိုက်ပါတယ်။ အဲဒီပန်းချီကားစုကို ပထမဆုံး ဂရပ်ဖစ်နိုဗယ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူဟာ ပျော်စရာတွေထက် ဝေဒနာတွေက အနုပညာပိုစစ်တယ်လို့ ယူဆခဲ့ပြီး သူ့မိသားစုရဲ့ ဝေဒနာတွေကို ...
movie

Charlotte (2021)

2021
Minions: The Rise of Gru (2022) 6.8
Minions: The Rise of Gru (2022) Minions : The Rise of Gru (2022)မီနီယံဆိုတာနဲ့ ကလေးတုန်းကအမှတ်တရတွေနဲ့အတူ အူတက်နေအောင် ရယ်ရမယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ မီနီယံတွေဟာ ကမ္ဘာဦးကတည်းက အကြမ်းဆုံးဗီလိန်ကို လိုက်ရှာရင်း တွေ့ခဲ့သမျှ ဘော့စ်တွေကို ဒုက္ခပေးရင်းနဲ့ နောက်ဆုံးမှာ ဂရူ ပေါက်စလေးနဲ့ တွေ့ခဲ့ပါပြီ။ ဂရူကလည်း ကမ္ဘာအကောင်းဆုံးဗီလိန်အဖွဲ့ဖြစ်တဲ့ လူမိုက်ကြီး၆ယောက် အဖွဲ့ထဲကိုဝင်ဖို့ကြိုးပမ်းနေချိန်ဖြစ်ပြီး ဂရူ နဲ့ မီနီယံတွေ ဘယ်လို တလွဲတွေလုပ်ကြမလဲဆိုတာ ဆက်ကြည့်ရှုလိုက်ပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Animation, Adventur, Comedy Quality….4k HEVC WEB DL | 1080p | 720p | 480p File size… 7.08GB | 1.8GB | 1GB | 396MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Minions: The Rise of Gru (2022)

2022
4K HEVC Web-DL
Santaman (2022)
Santaman (2022)  Santaman (2022) ပူလောင်ခြင်းတွေမပါဘဲ ငယ်ဘဝကာတွန်းကား အနှစ်သာရကို ခံစားချင်ပါသလား မိတ်ဆွေ... အဲ့ဒါဆိုရင် ဒီကားလေးက သင့်အတွက်ပါပဲနော်... ဇာတ်လမ်းအကျဥ်း ခရစ္စမတ်တိုင်းရဲ့ ဇာတ်လိုက်ကျော် ဆန်တာကလော့စ်ဟာ ခရစ္စမတ်နေ့မှာ လက်ဆောင်ထုတ်တွေပို့ရင်း သူ့ရဲ့ လက်ဆောင်အိတ်ကို သူခိုးတွေ လုတာခံလိုက်ရပါတယ်။ထာဝရအသက်ရှင်နေသမျှ ကာလပတ်လုံး လူကောင်းတွေအတွက် လက်ဆောင်တွေကို နှစ်စဥ်ပို့နေပေမယ့် လူဆိုး အမည်ပျက်စာရင်းဝင်တဲ့သူတွေအတွက် ဘာမှမလုပ်ပေးနိုင်တာမို့ အားမလိုအားမရဖြစ်နေတာပေါ့။ အဲ့လိုနဲ့ ဆန်တာတစ်ယောက် လူဆိုးတွေကို ဖမ်းဆီးဖို့ ဆန်တာမန်းအဖြစ် အလုပ်တွေကြိုးစားပါတော့တယ်။ဒါပေမဲ့ တခြားတစ်ဖက်မှာ ဆန်တာရဲ့ထာဝရအသက်ရှင်နိုင်စွမ်းကိုလိုချင်နေတဲ့လူဆိုးတစ်ယောက်ရှိနေပြန်တယ်။ လူဆိုးရဲ့ ရည်ရွယ်ချက်အထမြောက်သွားနိုင်မလား...? ဆန်တာကို ဘယ်သူတွေကူညီကြမလဲ...? လူဆိုးကရော ဘယ်သူလဲ...? ကဲ... ဆျာဘတ်ဗားရှင်း ဆန်တာမန်းကို ခံစားကြည့်ရှုကြပါဦး... File size…(1.92GB)/(990MB)/(506MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Animation / Adventure /  Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Santaman (2022)

Rugrats Go Wild (2003) 5.5
Rugrats Go Wild (2003) Rugrats Go Wild (2003)IMDb 5.5 အပျော်စီးသင်္ဘောကြီးငှားပြီး အားလပ်ရက်ထွက်ကြတဲ့မိသားစုတွေ လက်မှတ်ပျောက်ပြီး သင်္ဘောကြီးနဲ့မဟုတ်တော့ဘဲ သင်္ဘောလေးနဲ့ပဲပင်လယ်ထဲရွက်လွှင့်ရာက မုန်တိုင်းနဲ့တိုးပြီ းသင်္ဘောကတစ်စစီဖြစ်သွားပါတယ် အသက်ကယ်လှေလေးနဲ့လွတ်ရာလွတ်ကြောင်းပြေးရင်း ကျွန်းတစ်ကျွန်းပေါ်ရောက်သွားခဲ့ပါတယ် ဒီတစ်ခါမှာတော့ အရင်တစ်ခေါက်ကလို တောနက်ထဲရောက်မသွားဘဲ လူသူမရှိတဲ့ကျွန်းပေါ်ရောက်သွားခဲ့တာပါ သားရဲတိရစ္ဆာန်တွေလည်းပေါတဲ့ ဒီကျွန်းမှာ ကလေးအုပ်စုနဲ့လူကြီးအုပ်စုကွဲသွားပြီးနောက် ဘာဆက်ဖြစ်ကြမလဲ ချောချောမွေ့မွေ့နဲ့အိမ်ပြန်နိုင်မှာလား ကျွန်းပေါ်မှာပဲ ရာသက်ပန်နေဖြစ်မလား ဆက်ကြည့်ရှုလိုက်ကြပါဦး File size…1.84GB / 930MB Quality…1080p BluRay AAC5.1CH / 720p Format…Myanmar Subtitle(Hard Sub) Duration….1h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Rugrats Go Wild (2003)

2003
Rugrats in Paris: The Movie (2000) 6.1
Rugrats in Paris: The Movie (2000) Rugrats In Pairs 2000 IMDb 6.1 ဒီတစ်ခါတော့ ဒီကလေးတစ်သိုက်က တောထဲရော လူသူကင်းမဲ့တဲ့ကျွန်းပေါ်ပါရောက်သွားတာမျိုးမဟုတ်ဘဲ ပဲရစ်မြို့ကြီးကိုရောက်သွားတာပါ အလုပ်မှာအမှားဖြစ်သွားတာကြောင့် ReptarLandရဲ့ တာဝန်ရှိသူက ချက်ကီရဲ့အဖေကိုလှမ်းခေါ်ပြီး အမှားပြင်ဆင်ခိုင်းပါတယ်ချက်ကီမှာအားလုံးသိကြတဲ့အတိုင်း အမေမရှိပါဘူး တခြားကလေးတွေလိုမိခင်ရဲ့နွေးထွေးကြင်နာမှုကိုမခံရဘဲ ဖခင်နဲ့ပဲကြီးပြင်းလာတဲ့ချက်ကီလေးတစ်ယောက်ပဲရစ်မြို့ကြီးမှာတစ်ယောက်တည်းအထီးကျန်နေရာက သူငယ်ချင်းတွေကကြည့်မနေနိုင်တော့ဘဲ မေမေသစ်ရှာပေးမယ်ဆိုပြီး အကောင်အထည်ဖော်ပါတော့တယ်ဖြစ်ချင်တော့ ReptarLandရဲ့ တာဝန်ရှိသူ ကိုကိုးကလည်းကလေးချစ်တဲ့အထက်အရာရှိကို သူလည်း ကလေးအဖေတစ်ယောက်နဲ့ယူတော့မှာဖြစ်ကြောင်းလိမ်လည်လိုက်ရာက အထက်လူကြီးကမင်္ဂလာပွဲအထိလာကြည့်ပြီးမှ လုပ်ငန်း‌တွေဆက်လက်တွဲသွားမယ်ဆိုပြီး ပြောလာတာကြောင့် အကြပ်ရိုက်နေချိန် ...တစ်ဖက်မှာလည်းမေမေသစ်လိုချင်နေတဲ့ချက်ကီနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ ကလေးမချစ်တတ်တဲ့ကိုကိုးနဲ့ ချက်ကီတို့ကလေးတစ်သိုက်ရဲ့ ဗရုတ်ကျတဲ့အလွဲတွေနဲ့ ရယ်မောစရာကာတွန်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင် Reviewed by Yunni File size…1.7GB /  900MB Quality…1080p Bluray AAC 5.1Ch / 720p Format…mp4 Duration….1h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Rugrats in Paris: The Movie (2000)

2000
The Bob’s Burgers Movie(2022) 7.1
The Bob’s Burgers Movie(2022)  ဟာသရုပ်ရှင် ကြိုက်တဲ့သူတွေအတွက် ဒီနှစ်ထွက် animated movie အသစ်စက်စက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2011 လောက်ကတည်းကစပြီး ထုတ်လွှင့်နေဆဲဖြစ်တဲ့ နာမည်ကြီး Bob's Burgers animated series ရဲ့ တစ်ကားပြီး ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။Series အကြောင်းကို မိတ်ဆက်ပေးရမယ်ဆိုရင် ဘော့ဘ်နဲ့ လင်ဒါတို့ လင်မယားနှစ်ယောက်က ဘာဂါဆိုင်ဖွင့်ထားတာ။ သူတို့မှာ တီနာ ဂျင်း လူးဝစ်ဆိုတဲ့ ကလေးသုံးယောက်ရှိတယ်။ သူတို့မိသားစုက နည်းနည်းဂေါက်စီတော့နိုင်တယ်။ ပြီးတော့ ပြဿနာတစ်ခုခုဖြစ်လိုက်တိုင်း သူတို့မိသားစုပါတယ်။ မိသားစုလိုက်ကို စွန့်စားခန်းဖွင့်ကြတာ။ ဒါက series အကြောင်းပေါ့။အခု ရုပ်ရှင်က သူတို့စွန့်စားခန်းတွေထဲကတစ်ခုအကြောင်းရိုက်ထားတာပါ။ series မကြည့်ဖူးလည်း ခွီလို့ရအောင် ရိုက်ထားတာမို့ ရှုစားလို့ရပါတယ်ခင်ဗျာ။ (ရုပ်ရှင်မှာ ခေတ်စကားတွေ အရမ်းသုံးထားတော့ အတတ်နိုင်ဆုံး ကြိုးစားဘာသာပြန်ပေးထားပါတယ်။ အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပေးပါလို့File size…(1.18GB)/(711MB)/(361MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:42:00 Genre...Comedy ...
movie

The Bob’s Burgers Movie(2022)

Paws of Fury: The Legend of Hank (2022) 6.5
Paws of Fury: The Legend of Hank (2022) Paws of Fury: The Legend of Hank (2022) ဆမ်မြူရယ် ဂျက်ဆန်ကြီး ဆာမူရိုင်းအဖြစ် အသံသရုပ်ဆောင်ထားတဲ့ ကာတွန်းရုပ်ရှင်အသစ်ထွက်လာပါပြီ။ အတော်ရယ်ရပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ကြောင်အမတ်ကြီး အစ်ကချူဟာ ကြောင်ရှိုးဂန်းကြီးကို ဖားဖို့အတွက် နန်းတော်ကြီးတစ်ခု တည်ဆောက်နေပါတယ်။ ဒါပေမဲ့ အဲဒီနန်းတော်ကြီးရဲ့ ရှုခင်းမှာ ရှေးဟောင်းကြောင်မြို့လေးတစ်ရွာပိတ်နေလို့ အဲဒီရွာကို ရှင်းပစ်ဖို့ ဘယ်သူမှမသိအောင် ကြောင်နင်ဂျာတွေ လွှတ်ပြီး ဖျက်ဆီးခိုင်းလိုက်ပါတယ်။အဲဒီအတွက် အဲဒီကာကာမူချိုမြို့သားတွေက မြို့ကိုကာကွယ်ပေးဖို့ ရှိုးဂန်းကြောင်ကြီးဆီက ဆာမူရိုင်းတစ်ယောက် တောင်းခံလိုက်ပါတော့တယ်။ ရှိုးဂန်ကြီးက အဲဒီတာဝန်ကို အစ်ကချူကိုပဲ ပြန်ပေးလိုက်တာမို့ အစ်ကချူ ကိုယ့်ရှုးကိုယ်ပတ်ပါတော့တယ်။ဒါပေမဲ့ ကြောင်ယုတ်မာ အစ်ကချူက ဆာမူရိုင်းအရမ်းဖြစ်ချင်လို့ ကြောင်တိုင်းပြည်ကို ခိုးဝင်လာတဲ့ ခွေး ဟန့်ခ်ကို ဖမ်းထားရာကနေလွှတ်၊ ဆာမူရိုင်းဘွဲ့ ချက်ချင်းပေးပြီး ကာကာမူချိုမြို့လေးကို ကာကွယ်ဖို့ တာဝန်ပေးလိုက်ပါတော့တယ်။ရည်ရွယ်ချက်ကတော့ အဲဒီမြို့က ကြောင်တွေက ခွေးကိုမုန်းလို့ ခြောက်ချက်ကုတ်ပြီး သတ်လိုက်ရင် သူက အရေးယူဖို့ပါပဲ။ ...
movie

Paws of Fury: The Legend of Hank (2022)

2022
Lightyear (2022) 5.3
Lightyear (2022) Lightyear (2022) =============ဒီ ကာတွန်းရုပ်ရှင်လေးကတော့ Toy Story ရဲ့ အဓိကဇာတ်ကောင် တစ်ကောင်ဖြစ်တဲ့  ဘက်ဇ် လိုက်ရီးယားကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဒါပေမဲ့ အရုပ်လေးတွေရဲ့ ဇာတ်လမ်းမဟုတ်တော့ပါဘူး။ ၁၉၉၅ ခုနှစ်မှာ အန်ဒီဆိုတဲ့ကောင်လေးက ဘက်ဇ်လိုက်ရီးယားဆိုတဲ့ အရုပ်ကို မွေးနေ့လက်ဆောင်ရရှိခဲ့ပါတယ်။အဲဒီအရုပ်လေးက ရုပ်ရှင်တစ်ခုထဲက ဇာတ်ကောင်ဖြစ်ပြီး အန်ဒီက အဲဒီရုပ်ရှင်ကို အရမ်းကြိုက်တဲ့သူပါ။ အခုကြည့်ရမယ့် ရုပ်ရှင်ကတော့အန်ဒီအရမ်းကြိုက်ခဲ့တဲ့ လိုက်ရီးယားရုပ်ရှင်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း =============== ဘက်ဇ်လိုက်ရီးယားဟာ ကြယ်တာယာစခန်းကြီးရဲ့ လေ့လာရေးအဖွဲ့မှာပါဝင်တဲ့ ကပ္ပတိန်အဆင့် အာကာသရိန်းဂျားတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ ဂြိုလ်တစ်ခုကို သွားလေ့လာရင်း ဂြိုလ်ပေါ်က ဂြိုလ်သားတွေနဲ့တိုက်ပွဲတွေဖြစ်ပြီး သူ့တို့ကြောင့်ပဲ ယာဉ်ပျက်ကျသွားခဲ့ပြီး အလင်းအလျှင်ကိုပေးတဲ့စနစ်ပါ ပျက်စီးသွားပါတယ်။ဒီတော့ အိမ်ပြန်လို့မရတဲ့ယာဉ်ပေါ်ကအဖွဲ့သားတွေဟာ အဲဒီဂြိုလ်ပေါ်မှာ အသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်။ တချိန်တည်းမှာပဲ ဘက်ဇ်ကတော့ ယာဉ်ကို အလင်းမြန်နှုန်းနဲ့ ပြန်မောင်းနိုင်အောင်ပြုပြင်ပြီး အားလုံးကို အိမ်ကိုပြန်ပို့နိုင်ဖို့ စွန့်စားခန်းတွေဖွင့်ရပါတော့ တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(5.8GB) / (1.81 GB) / (900 MB) / (514 MB) Quality............WEB-DL 4k HEVC / 1080p ...
movie

Lightyear (2022)

2022
4K HEVC Web-DL
Green Lantern: Beware My Power (2022)
Green Lantern: Beware My Power (2022) Green Lantern:Beware My Power(2022) ========== Superman:Man Of Tomorrow ကနေ ပြန်စခဲ့တဲ့DC animated universe ထဲက Green Lantern origin movie ဖြစ်ပါတယ်။ဂျွန်စတူးဝပ် Green Lantern ဖြစ်လာပုံကို တွေ့ရမှာ ဖြစ်ပြီးGreen Arrow တို့ Hawkgirl တို့လည်းပါဝင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်စတူးဝပ်တစ်ယောက်........အာဖဂန်နစ္စတန်ကနေ စိတ်ဒဏ်ရာအပြည့်နဲ့ပြန်ရောက်လာချိန်မှာဘာမှန်းမသိတဲ့ ဂြိုလ်သားတစ်ကောင်နဲ့တွေ့ခဲ့ရပါတယ်။အဲ့ဒီဂြိုလ်သားဟာ စကြာဝဠာတစ်ခုလုံးရဲ့ ပညာဉာဏ်အကြီးဆုံးဂါးဒီးယန်းဖြစ်နေခဲ့ပါတယ်။ဘာလို့ သူ့ဆီကို ရောက်လာခဲ့တာလဲ။ စကြာဝဠာတစ်ခုလုံးကိုစောင့်ရှောက်ရတဲ့ Green Lantern တပ်ဖွဲ့ဆိုကရောဘာတွေလဲ ဆိုတာ ဒီရုပ်ရှင်ထဲမှာတွေ့ရမှာပါ။DC fan တွေရော superhero ရုပ်ရှင် fan တွေပါနှစ်သက်ကြမှာသေချာပါတယ်။ File size…1.5GB / 700MB Quality…1080p BluRay AAC5.1CH/720p Format…mp4 Duration….1h28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by SPK
movie

Green Lantern: Beware My Power (2022)

2022