Channel Myanmar

Animation

The Little Alien (2022)
The Little Alien (2022) ကွာရှင်းတော့မယ့် မိဘတွေကြောင့်နဲ့ စိတ်ဆင်းရဲရပေမယ့် သူ့ရဲ့စိတ်ခံစားချက်ကို ထုတ်မပြောဘဲ အဆင်ပြေချင်ယောင်ပဲဆောင်နေခဲ့တဲ့ အာလန်ဆိုတဲ့ ကောင်လေးတစ်ယောက်။ မိဘတွေကွာရှင်းပြီးတော့ အာလန်လေးဟာ အဖေဖြစ်သူနဲ့အတူတူ နေရာအသစ်ကိုပြောင်းရွှေ့ခဲ့ကြပါတော့တယ်။ အာလန်လေးတို့ပြောင်းတဲ့နေရာအသစ်မှာနေတဲ့ ယူအက်ဖ်အိုကလပ်ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူဟာ အမြဲတမ်း ဂြိုဟ်သားတွေကို‌ ထောက်လှမ်းနေရာကနေ အာလန်လေးရောက်လာတဲ့အချိန်မှာပဲ ထူးထူးဆန်းဆန်း ဂြိုဟ်သားတွေဆီကနေ တုံ့ပြန်ချက်တွေရခဲ့ပါတော့တယ်။အဲဒီမှာ ဒုဥက္ကဋ္ဌဟာ အာလန်လေးကို ဂြိုဟ်သားလို့ထင်သွားရာကနေ သူတို့နှစ်ယောက်တွေ့ဆုံကြရင်း တကယ်ပဲ ဂြိုဟ်သားမလေးနဲ့ တွေ့ဆုံကြတဲ့အချိန်မှာတော့ ...... အာလန်လေးနဲ့ ဂြိုလ်သားမလေးတို့ တွေ့ဆုံကြရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုရမယ့် ကာတွန်းကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်)File size…(1.4 GB)/(704 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...  Animation, Adventure,, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura 
movie

The Little Alien (2022)

No Time to Spy: A Loud House Movie (2024)
No Time to Spy: A Loud House Movie (2024) IMDb 6.5 / RT 85% ရထားတဲ့ ကာတွန်းကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဒီကားလေးက စပိုင်ကာတွန်းကားလေးပါ။ လင်ကွန်းဆိုတဲ့ကောင်ကလေးက စပိုင်ကာတွန်းတွေကိုကြိုက်တဲ့သူဖြစ်ပြီး စပိုင်တစ်ယောက်ဖြစ်ချင်နေတဲ့ကောင်လေးပါ။ လင်ကွန်းရဲ့အဖိုးက စပိုင်အေးဂျင့်တစ်ဦးဖြစ်တဲ့ မာတယ်လ်ဆိုတဲ့အမျိုးသမီးကြီးနဲ့ ကျွန်းလေးတစ်ခုပေါ်မှာ မင်္ဂလာပွဲသွားလုပ်ဖို့ရှိနေပါတယ်။ ဒီလိုနဲ့ လင်ကွန်းနဲ့ အမျိုးအဆွေ ကလေးတစ်သိုက်လည်း အဖိုးအဖွားနှစ်ယောက်နဲ့အတူ မင်္ဂလာပွဲခရီးစဉ်ကိုလိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ခရီးစဉ်မှာ မထင်မှတ်ထားခဲ့တဲ့အရာတစ်ခုဖြစ်လာပါတယ်။ဒါကတော့ လင်ကွန်းရဲ့ အဖွားတော်စပ်လာတော့မယ့် မာတယ်လ်ရဲ့ ဟိုးအရင်ကရန်သူဟောင်းကြီးတစ်ယောက်ဟာ လက်စားချေဖို့ရာပြန်ရောက်လာခဲ့တာပါ။ ဒီလိုနဲ့ စပိုင်ဖြစ်ချင်တဲ့လင်ကွန်းနဲ့ အဖွားဖြစ်သူမာတယ်လ်တို့ဟာ ဗီလိန်ကြီးကို အားလုံးရဲ့အကူအညီနဲ့ အတူလက်တွဲနှိမ်နင်းဖို့ရာအကြောင်းဖန်လာပါတော့တယ်။ ကာတွန်းကားပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက စပိုင်ရုပ်ရှင်တွေထဲကလိုဖြစ်ပြီး စိတ်၀င်စားစရာလည်းကောင်း ရယ်စရာ‌လည်းကောင်းတာကြောင့် ကာတွန်းကားကြည့်ပြီးအပန်းဖြေချင်နေတဲ့သူတွေအတွက်ကတော့ ကွက်တိပါပဲ။ File size…(1.5 GB)/(846 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, Animation, Adventure, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

No Time to Spy: A Loud House Movie (2024)

Garfield: A Tail of Two Kitties (2006) 5.0
Garfield: A Tail of Two Kitties (2006) ဒီကားလေးကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Gerfield 1 ရဲ့အဆက်ဖြစ်တဲ့ Gerfield 2 ပဲဖြစ်ပါတယ်... Gerfield ဆိုတဲ့နာမည်ကိုကြားလိုက်ရင် အရမ်းကိုလည်ပြီးကြောင်ပါးဝတတ်တဲ့ လိမ္မော်ရောင်ကြောင်ဖက်တီးကို ပြေးမြင်ကြမှာပဲဖြစ်ပါတယ်...သူ့ရဲ့စကားပြောဟန်တွေနဲ့ ဝနေတဲ့ သူ့ကိုယ်လုံးကြီးက ပရိတ်သတ်တွေကြားမှာ လွန်စွာကိုချစ်စရာကောင်းနေခဲ့ပါတယ်... Gerfield 1 မှာတုန်းက သူဟာသူ့ရဲ့သူငယ်ချင်းအသစ်ဖြစ်တဲ့ ခွေးလေးအိုဒီနဲ့ တွေ့ဆုံခဲ့ပြီးတော့ သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်...အဲ့နောက်မှာခွေးလေးအိုဒီကို မကောင်းတဲ့လူတွေလက်ကနေပြန်လည်ကယ်တင်ရင်းကနေ သူ့ရဲ့စွန့်စားခန်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်... အခုတင်ဆက်ပေးမယ့် အပိုင်းသစ် Gerfield 2 မှာတော့ ခွေးလေးအိုဒီအပြင် သူ့နဲ့ရုပ်ချင်းလုံးဝတူနေတဲ့ ကြောင်ဘုရင် Gerfield Prince နဲ့ထပ်မံတွေ့ဆုံရမှာပဲဖြစ်ပါတယ်... သူတို့နှစ်ယောက်ဘယ်လိုတွေ့ဆုံပြီးတော့ ဘယ်လိုတွေစွန့်စားမှု့တွေလုပ်ကြမလဲ... ဘယ်လိုဟာသတွေထည့်သွင်းရိုက်ကူးထားလဲဆိုတာကတော့ အားလုံးစိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်...အားလုံးကြည့်ပြီးကြတဲ့ကားဟောင်းလေးပေမယ့် ''Old but Gold''ဆိုတဲ့စကားအတိုင်း ပြန်လည်သိမ်းဆည်းထားချင်သူများနဲ့ မကြည့်ရသေးတဲ့ပရိတ်သတ်များ ကြည့်ရှု့နိုင်ရန်အတွက်သာဖြစ်ပါတယ်... Gerfield ကတော့ ကျွန်တော့အကြိုက်ဆုံးဇာတ်ကောင်ဖြစ်လို့ Gerfield 1 ကို ကိုယ်တိုင်ဘာသာပြန်ခဲ့ပြီး အခု ညီငယ် Pyae Phyo Hein ရဲ့ ဘာသာပြန်မှု့နဲ့ Gerfield 2 ကိုအားလုံးကြည့်ရှု့နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်.... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Animation, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Garfield: A Tail of Two Kitties (2006)

2006
Despicable Me 4 (2024) 6.3
Despicable Me 4 (2024) Despicable Me 4 (2024)IMDb Rating (6.3) / Rotten Tomatoes (56%)နာမည်ကျော် ကာတွန်းရုပ်ရှင်တွဲတွေ ဖြစ်တဲ့ Despicable Me လေးကားမြောက်လာပါပြီ။ ရှေ့ကထွက်ခဲ့တဲ့ ၃ ကားနဲ့ Minions ၂ ကား ကိုလည်း Channel Myanmar Web နဲ့ App မှာ ကြည့်ရှုနိုင်ပါတယ်။Despicable Me 1 Despicable Me 2 Despicable Me 3 Minions : The rise of Gru 2022 Minions 2015 တို့ပြီးရင် အခုရုပ်ရှင်လာပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...ဗီလိန်တိုက်ဖျက်ရေးအဖွဲ့ရဲ့အေးဂျင့် ဖြစ်လာတဲ့ ဂရု ဟာ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ သူ့ရဲ့ပြိုင်ဘက်ဟောင်း ဗီလိန် မက်ဆင်းကို ဖမ်းပေးလိုက်ပါတယ်။ ဒါပေမဲ့ မက်ဆင်းက ထောင်ကနေ ဖောက်သွားပြီး ဂရုကိုလက်စားချေဖို့ ကြိုးစားလာတဲ့အတွက် ဗီလိန်တိုက်ဖျက်ရေးအဖွဲ့က ဂရုတို့ မိသားစုကို နာမည်ဝှက်နဲ့ မြို့လေးတစ်မြို့မှာ ...
movie

Despicable Me 4 (2024)

4K HEVC
SPY x FAMILY CODE: White (2024) 7.4
SPY x FAMILY CODE: White (2024) Spy X Family Code: White (2023) Genre - Anime, Action, Comedy IMDB – 7.4/10 MyAnimeList – 8.1/10ချစ်စရာကောင်းတဲ့ Anya လေးတို့ မိသားစု ဒီတစ်ခါမှာတော့ စီးရီးအနေနဲ့မဟုတ်ပဲ ရုပ်ရှင်ကားအဖြစ် ရုံတင်ခဲ့တာ အခုတော့ အကြည်ထွက်လာပြီဖြစ်လို့CM ပရိသတ်တွေအတွက် ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ရပါတယ်။ဒီကားလေးက အရှေ့ပိုင်းမှာ သူတို့မိသားစုလေးအကြောင်းကို အကြမ်းဖျဉ်းလေး ရှင်းပြထားတာပါပြီး သီးသန့် Missionလုပ်ကြတဲ့ဇာတ်အိမ်လေး ဖြစ်နေတော့ စီးရီးမကြည့်ဖူးတဲ့လူတွေလည်း အဆင်ပြေလောက်မယ်ထင်ပါတယ်။ဒါပေမဲ့လည်း ထွက်ခဲ့သမျှ S2 ထိ ကြည့်ထားရင်တော့ ပိုကောင်းတာပေါ့လေ CM မှာလည်း အကုန်တင်ဆက်ပေးထားပါတယ်ဗျ။ ထုံးစံအတိုင်း သူလျှိုဖေဖေကြီး Loid ရယ် လုပ်ကြံသတ်ဖြတ်ရေးသမား မေမေကြီး Yor ရယ် သူများစိတ်ကို ဖတ်နိုင်တဲ့ Anya တို့ မိသားစု ဒီတစ်ခေါက်တော့ နှင်းတွေကျပြီး အေးချမ်းတဲ့ Frigis မြို့လေးကို မိသားစုလိုက် ခရီးထွက်ပြီး ပြဿနာရှာကြမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ Strix ...
movie

SPY x FAMILY CODE: White (2024)

2023
Sword Art Online the Movie – Progressive – Scherzo of Deep Night (2022)
Sword Art Online the Movie – Progressive – Scherzo of Deep Night (2022)  IMDb-6.7/10Sword Art Online: Progressive ဇာတ်လမ်းတွဲတွေထဲက ပထမတွဲမှာပါတဲ့အခန်းတစ်ခုကို ပုံဖော်ထားတဲ့ အန်နီမဲရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။၂၀၂၂ နှစ်ကုန်ခါနီးအချိန် ALSနဲ့ DKBဆိုပြီး ဂိမ်းကစားသမားတချို့ပါဝင်ပေါင်းစည်းထားတဲ့ ဂိုဏ်းနှစ်ခု ဦးဆောင်နေတဲ့အချိန် ဂိုဏ်းနှစ်ခုကြား အာဏာလုမှုကလည်း ပြင်းထန်နေပါတယ်။ ဂိုဏ်းခေါင်းဆောင်နှစ်ယောက်က ရန်သူတော်ကြီးကိုရှင်းလင်းပြီး အနိုင်ယူဖို့ အပြင်းအထန်ပြိုင်ဆိုင်နေကြပါတယ်။အာဆူနာဆိုတဲ့ကောင်မလေးကတော့ သူငယ်ချင်းဖြစ်သူကြောင့် ဂိမ်းထဲမှာပိတ်မိနေတဲ့ကောင်မလေး။ ဒီဂိမ်းမှာ သေဆုံးသွားခဲ့ရင် အပြင်လောကမှာလည်းသေဆုံးသွားမှာဖြစ်လို့ အသက်ရှင်သန်ဖို့အရေး ရုန်းကန်နေရပါတယ်။ နှစ်သစ်ကူးအကြိုညအတွက် ပါတီလုပ်ဖို့ ဂိုဏ်းကြီးနှစ်ဂိုဏ်းပူးပေါင်းထားကြပေမဲ့ ပါတီညမှာ ရန်သူတော်ကြီးကို အဖွဲ့တစ်ခုက သွားရှင်းဖို့ကြံထားတာကို အာဆူနာ မတော်တဆကြားသွားခဲ့ရာကစ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ စစ်မက်မဖြစ်ပွဲရေးအတွက် သူငယ်ချင်းတွေအကူအညီရယူပြီး တားဆီးဖို့ကြိုးစားပါတော့တယ်၊(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Animation, Action, Fantasy, Science Fiction  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae ...
movie

Sword Art Online the Movie – Progressive – Scherzo of Deep Night (2022)

Big City Greens the Movie: Spacecation (2024) 6.4
Big City Greens the Movie: Spacecation (2024) Big Ciy Greens The Movie (2024)နာမည်အတော်အတန်ရှိရဲ့ စီးရီးအတွက် သီးသန့်ထုတ်ထားတဲ့ မူဗီပါ။ ပုံစံကတော့ The Simpsonsလိုပုံစံမျိုးကို လိုက်တုထားတယ်ပြောရမလားပဲ။ ဒါပေမဲ့ ဒီမှာကတော့ မိသားစုထဲက ပြဿနာလေးတွေနဲ့ အာကာသခရီးနဲ့ကိုပဲ အဓိကပုံဖော်ထားတာပါ။ ဘစ်စီးတီးဆိုတဲ့ မြို့ကြီးတစ်မြို့ရှိတယ်။ ကမ္ဘာ့လူဦးရေးအများဆုံးမြို့ကြီးတဲ့။ အဲဒီမြို့ကြီးရဲ့ အစွန်မှာ ဂရင်းမိသားစုဆိုတဲ့ မိသားစုတစ်ခုရှိတယ်။ သူတို့က ခြံလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ တောင်သူတွေပေါ့။ နှစ်တိုင်း သူတို့က မြို့ပေါ်ကို ကုန်စိမ်းတွေပို့ရင်း အပန်းဖြေခရီးထွက်ကြတယ်။ အာကာသစခန်းတစ်ခုရဲ့စီအီးအိုဆီ ကုန်သွားပို့ရင်း အာကာသထဲ သွားရဖို့အကြောင်းဖန်လာတဲ့အကြောင်းပေါ့။ အကြောင်းဖန်လာပုံကတော့ အာကာသစခန်းက အာကာသထဲ လူတွေအတွက်ဟိုတယ်ဖွင့်ထားသလို စားဖို့သောက်ဖို့အတွက်လည်း အာကာသထဲ လယ်တွေယာတွေစိုက်ထားတယ်။ စက်ရုပ်တွေနဲ့ပဲ လုပ်ဖို့စီစဉ်ထားပေမဲ့ စက်ရုပ်တွေက ချို့ယွင်းချက်ဖြစ်ပြီး မရိတ်နိုင်နေလို့ လူတွေလွှတ်ဖို့ အကြောင်းဖန်လာတာပါပဲ။ အာကာသယာဉ်မှူးကို လယ်စိုက်တတ်အောင်သင်ပေးရတာထက် လယ်သမားကို အာကာသယာဉ်မှူးလုပ်ပေးရတာ ပိုလွယ်တယ်ဆိုတဲ့ အယူအဆကိုလက်ကိုင်ထားတဲ့ စီးအိုစီကြီးက သူတို့မိသားစုကို အာကာသထဲလွှတ်လိုက်ရာကနေ ဘာတွေဆက်ဖြစ်မလဲ ရယ်တစ်ဝက်ရင်ဖိုတစ်ဝက်နဲ့ ကြည့်ရမယ့် ကြည့်ကောင်းတဲ့ကာတွန်းကားလေးပါပဲ။အညွှန်းနဲ့ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်Genre..... Animatino, Comedy, Family Quality…. 1080p | 720p File size… ...
movie

Big City Greens the Movie: Spacecation (2024)

2024
The Canterville Ghost (2023) 6.1
The Canterville Ghost (2023)  ကန်တာဗေးလ်ချေ့စ်ဆိုတဲ့ အင်္ဂလန်က အိမ်တော်ဟောင်းကြီးမှာနှစ်ပေါင်း ၃၀၀ ကျော်ကြာတဲ့အထိ မကျွတ်မလွတ်နိုင်ဘဲလာနေသမျှလူတိုင်းကို ခြောက်လှန့်နေတဲ့ ယခင်အိမ်ပိုင်ရှင်ရဲ့ဝိညာဉ် ဆရာဆိုင်မွန် ဆိုတဲ့ သရဲတစ်ကောင်ရှိပါတယ်...နှစ်တွေတော်တော်ကြာသည့်တိုင်အောင် သူ့အစွမ်းအစနဲ့ခြောက်လှန့်လို့ရနေပြီး ခေတ်အဆက်ဆက်က အိမ်ပိုင်ရှင်တွေအကုန် အိမ်ပြောင်းပြေးရင်ပြေး မပြေးရင် ရူးသွားကြတဲ့အထိရာဇဝင်ရှိခဲ့ပါတယ်...ဒါပေမဲ့ တစ်နေ့ အိမ်ကြီးကိုဝယ်ယူပြီး ပြောင်းရွှေ့လာတဲ့အမေရိကန်မိသားစုတစ်စုကို ခြောက်လှန့်ဖို့ကြိုးစားတဲ့အခါမှာတော့ ဘယ်လိုမှအလုပ်မဖြစ်ဘဲ သရဲကိုမကြောက်ကြတဲ့အပြင် သရဲကပါ ပြန်ကြောက်နေရလို့ ဘယ်လိုခြောက်ရင်ကြောက်မလဲဆိုတာ သရဲခေါင်းခြောက်ရတဲ့ အထိပါပဲ...အမေရိကန်မိသားစုက ဘာကြောင့်ဒီသရဲကို မကြောက်ကြတာလဲ...ဒီသရဲကရော ဘာလို့ နှစ်ပေါင်း ၃၀၀ ကျော်ကြာတဲ့အထိဒီအိမ်ကြီးမှာ စွဲကပ်ပြီး လာနေသမျှသူတိုင်းကို ခြောက်လှန့်မောင်းထုတ်နေရတာလဲ...နောက်ဆုံးမှာ အမေရိကန်မိသားစုကပဲ အိမ်ပြောင်းပြေးရမလား...သရဲကပဲ လက်မှိုင်ချသွားရမလားဆိုတာကို ဇာတ်ကားလေးဆုံးတဲ့အထိ ကြည့်ပြီး အဖြေရှာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်.... File size…1.95GB / 895MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Animation  , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

The Canterville Ghost (2023)

Mulan II : The Final War (2004) 5.6
Mulan II : The Final War (2004) Mulan II (2004) Genre – Animation, Comedy, Adventureဒီ ဒုတိယကားလေးမှာတော့ ချစ်သူ နှစ်ဦး ဖြစ်ကြတဲ့ Mulan နဲ့ ဗိုလ်ချုပ် Shang တို့ ပျော်ပျော်ပါးပါး လက်ထပ်မင်္ဂလာပွဲလေး ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ဒါပေမဲ့ နှစ်ယောက်သား ပျော်ပွဲလေး မဆင်နွဲရသေးခင်မှာတင် အင်ပါယာကြီးက သူတို့ကို မင်းသမီး ၃ ပါးကို ကိုယ်ရံတော်လုပ်ရမယ့် လျှို့ဝှက်တာဝန်တစ်ခု ဆောင်ရွက်ခိုင်းလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ Mushu တစ်ကောင်လည်း အကယ်၍သာ Mulan က Li မျိုးနွယ်နဲ့ လက်ထပ်လိုက်မယ်ဆို သူ့ရဲ့အစောင့်အရှောက် မိသားစုတာဝန်လေး ပျောက်ပျက်သွားမှာစိုးတဲ့အတွက် အတွဲကြားကို ခလောက်ဆန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။အဲဒီမှာ မင်းသမီးလေးတွေက မချစ်မနှစ်သက်တဲ့လူတွေနဲ့ လက်ဆက်ရမှာကို Mulan အနေနဲ့လည်း ကိုယ်တွေ့ကြုံဖူးတဲ့အတွက် သဘောမတူရာကနေ အင်ပါယာအမိန့် ဖီဆန်ရမလားဆိုပြီး Shang နဲ့လည်း မေးခွန်းထုတ်စရာတွေ ဖြစ် ပြဿနာတက်တဲ့အချိန်မှာပဲ ...
movie

Mulan II : The Final War (2004)

2004
Mulan (1998) 7.7
Mulan (1998) Mulan 1998 IMDb: 7.7/10ဒီကာတွန်းရုပ်ရှင်လေးဟာ တရုတ်ပြည်ကြီးမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန် ကို ပြန်လည်ပြီးဇာတ်လမ်းဖွဲ့ ရေးဆွဲခဲ့တယ်လို့ သိရပါတယ်…တိုင်းပြည် စစ်ဖြစ်နေချိန်မှာ ယခင် တာဝန်ထမ်းဆောင်ခဲ့သောသက်ကြီးစစ်သားဟောင်းများကိုပြန်လည် ဆင့်ခေါ်ခဲ့ပါတယ် အကယ်၍ သက်ကြီးစစ်သားနှင့်အရာရှိများကစစ်ထဲ မလိုက်နိုင်အောင်ကျန်းမာရေး ဆိုးဝါးနေခဲ့ရင် အိမ်တွင်ရှိသော သား တူ မြေး ယောင်္ကျားသားတစ်ဦးစီကိုစစ်ထဲသို့ ပို့ပေးပါရန် ဘုရင်မင်းမြတ်က အမိန့်ထုတ်ပြန်ထားပါတယ်… အဲ့ဒီအချိန်မှာပဲ မုလန် ရဲ့ အဖေဆီသို့ ထိုစာချွန်လွှာ ရောက်လာတဲ့အချိန်ကျန်းမာရေး မကောင်းတော့တဲ့အဖေကို ကြည့်ရင်း တစ်ဦးထဲသော သမီးဖြစ်သူမုလန် ဟာ ကွယ်လွန်ပြီးသော ဘိုးဘွားတွေ ရဲ့ မှတ်တိုင်များရှေ့တွင် ဆုတောင်းပြီးဖခင် မသိအောင် ဖခင်စစ်ဝန်တန်ဆာတွေ ခိုးဝတ်ကာ ထွက်ခွာသွားပါတော့တယ်…ယောင်္ကျားလေးကဲ့သို့ ပြင်ဆင်ပြီး စစ်မြေပြင်ကို ထွက်ခွာသွားသော ဖခင်ချစ်တဲ့မုလန် လေးကိုမြင်တဲ့ ကွယ်လွန်ပြီးတဲ့ ဘိုးဘွားများဟာ အရေးပေါ် အစည်းဝေးခေါ်ပြီးမုလန် အား စောင့်ရှောက်ရန်အိမ်စောင့်ထားသော နဂါးလေး မူရှုး ကို မုလန် အနားတွင်နေစေရန် ...
movie

Mulan (1998)

1998
Saving Bikini Bottom: The Sandy Cheeks Movie (2024)
Saving Bikini Bottom: The Sandy Cheeks Movie (2024)  သားသားမီးမီးတို့အားလုံးကြိုက်ကြတဲ့ ရေမြုပ်ကောင်လေးကာတွန်းကားအသစ်ထွက်လာပါပြီဒီတစ်ခါမှာတော့ စပွန့်ချ်ဘော့ဘ်နဲ့သူ့သူငယ်ချင်း ရှဥ့်မလေးတို့ရဲ့ စွန့်စားခန်းတွေကိုကြည့်ရှုရမှာပါ ဘီကီနီဘော်တွန်လို့ခေါ်တဲ့သူတို့နေထိုင်ရာရေအောက်မြို့လေးကို သိပ္ပံပညာရှင်လူဆိုးတစ်သိုက်သိမ်းပိုက်သွားရာကနေ စပွန့်ချ်တို့နှစ်ယောက်ပြန်ကယ်ထုတ်ဖို့ကြိုးစားကြမှာပါ''''မင်းမျက်နှာကို သေခြင်းတရားကစိုက်ကြည့်လာတဲ့အခါ မင်းဘာလုပ်မလဲကွ'''' ''''ကျွန်တော်လား ဒီလိုကြည့်တာရိုင်းတယ် အခြားနေရာကိုကြည့်လို့ပြောလိုက်မှာပေါ့ဗျ''ဆိုတဲ့ စပွန့်ချ်ဘော့ဘ်ပါနော်ကလေးတွေရဲ့အကြိုက်ဟာသကာတွန်းကားလေးပါရှင်... File size…(1.5 GB)/(870 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:22:00 Genre... Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shwe Eain Si
movie

Saving Bikini Bottom: The Sandy Cheeks Movie (2024)

Iti mapukpukaw (2023) 7.2
Iti mapukpukaw (2023) The Missing ( 2023 )ရှားရှားပါးပါး Rotten tomatoes ၁၀၀ရာခိုင်နှုန်းရထားတဲ့ ဖိလစ်ပိုင် အန်နီမေးရှင်းကားပါ။  ဖိလစ်ပိုင်အနေနဲ့ အော်စကာ ရွေးချယ်ဖို့တင်သွင်းခဲ့တဲ့ ပထမဆုံးအန်နီမေးရှင်းကားလည်း ဟုတ်ပါတယ်။ အကြောင်းကြောင်းနဲ့ ဆန်ခါတင်တောင် မဝင်သွားခဲ့ပေမဲ့ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို ရရှိထားတဲ့ရုပ်ရှင်ဆိုရင်လည်း မမှားပါဘူး။The Missing ( 2023 )ဟာ  ထရော်မာတွေ အရိပ်မဲတွေကို စိတ်ကူးယဉ်ဆန်ဆန် သရုပ်ဖော်ထားတဲ့ ရုပ်ရှင်လို့ပြောလို့ရတယ်။ အဓိကဇာတ်ကောင်ကတော့ animatorအနေနဲ့ အသက်မွေးနေတဲ့ကောင်လေးတစ်ယောက်ပေါ့။ တိုက်ခန်းရှိတယ်။ အလုပ်ကောင်းကောင်းရှိတယ်။ သူကြိုက်နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူ့မှာမရှိတာကတော့ ပါးစပ်ပါပဲ။ သူဘာလို့ ပါးစပ်မရှိဖြစ်သွားလဲ သူ့ထရော်မာတွေကရော ဘာတွေလဲ ဒီထရော်မာတွေကို သူကျော်လွှားနိုင်မလားဆိုတာကိုရော စိတ်ကူးယဉ်ဆန်ဆန် ပြထားတဲ့ အန်နီမေးရှင်း ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ သမားရိုးကျလို ရိုးရိုးရှင်းရှင်းမပြဘဲ တော်တော်အသိရခက်တဲ့ပုံစံနဲ့ တင်ပြထားတာမို့ ဒီလိုအသိရခက်တဲ့အမျိုးအစားကို ကြိုက်တဲ့လူတွေနဲ့ပဲ ပိုသင့်တော်ပါလိမ့်မယ် ( ဘာသာပြန်ပြီး ...
movie

Iti mapukpukaw (2023)

Norm Of The North (2016) 3.4
Norm Of The North (2016) အခုတခါတော့ ပရိတ်သတ်ကြီးအတွက် Norm Of The North ဆိုတဲ့ ကာတွန်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ကျတော် သဘောကျတာက ကာတွန်းကားလေးက လူတွေကို မိမိတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ အသိပညာပေးကားလေးမို့ပါ နောက်ထပ်သဘောကျမိတာလေး တစ်ခုက ဇာတ်လမ်းထဲကစီးပွားရေးသောင်းကျန်းသူမစ္စတာ ဂရင်းနေရာမှာ သုံးထားတဲ့ ကာတွန်းပုံစံလေးပါ။ သုံးထားတဲ့ ပုံစံလေးကအခုလက်ရှိကမ္ဘာပေါ်မှာ စီးပွားရေး အသောင်းကျန်းဆုံး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဂရုမစိုက်ဆုံးတရုပ်ကို သရော်ထားတာကိုပါပဲ။ကဲ ဇာတ်လမ်း အကျဉ်းလေးကတော့ အာတိတ်ဒေသရဲ့ ဘုရင်လို့ခေါ်ကြတဲ့ ပိုလာဘဲတို့ရဲ့ ဒေသမှာမစ္စတာဂရင်းက ကွန်ဒိုတွေ ဆောက်ပြီးရောင်းချဖို့ကြံစီရာမှ Norm က နယူးယောက်ထိသွားရောက်ပြီးတားဆီးပုံလေးကို ရယ်မောဖွယ်ရာ ကာတွန်းဇာတ်ကော်ငလေးများဖြင့်ပုံဖော်ပြထားပြီးကာတွန်းဇာတ်လမ်းထဲမှာ Norm ရဲ့ ၀၀ဖိုင့်ဖိုင့် ချစ်စရာဖင်လှုပ်အကကိုလည်း ရှူစားကြပါအုံးလို့(ဘာသာပြန်ကတော့ ကိုမျိုးမင်းသူသန်းမြင့်ပါ) File size…    1.6 GB /  976 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Norm Of The North (2016)

Brother Bear (2003)
Brother Bear (2003) ရွာတစ်ရွာမှာ ညီအကို ၃ ယောက်ရှိပါတယ်စီကာ နှင့် သူ၏ ညီ နှစ်ယောက် ဖြစ်တဲ့ ဒီနိုင်း နဲ့ ကီနိုင်း တို့ဖြစ်ကြပါတယ်...သိပ်မကြာခင် အချိန်တွင်းမှာ ကီနိုင်း ဟာ အရွယ်ရောက်လာသော ယောင်္ကျားတစ်ယောက်အဖြစ်မိုးကောင်းကင်က ချပေးသော နိမိတ်ပုံ ကို ရယူရမယ့် ပွဲကို တက်ရတော့မှာပါ...ဒီနိုင်း ကတော့ အရာရာကို ဆင်ခြင်တက်သူ ဖြစ်သော်လဲကီနိုင်း ဟာ ငယ်ရွယ်သွတ်လတ်ပြီးလုပ်ချင်ရာကို တဇွတ်ထိုး လုပ်တက်သူ တစ်ဦး ဖြစ်၍ အကိုကြီးဖြစ်သူစီကာ မှာ ညီဖြစ်သူကို ဘယ်သော အခါမှ စိတ်မချတက်ပါ...တစ်ရက်မှာတော့ သူတို့ ညီအကို သုံးဦး ကြားထဲသို့ ကံကြမ္မာဆိုးကြီး တစ်ခုမဖိတ်ခေါ်ရပဲ နဲ့ဝင်ရောက်လာခဲ့လေသော အခါ.....(ဒီဇတ်ကားကို ကိုမျိုးမင်းသူသန်းမြင့် မှ ဘာသာပြန်ပေးထားတာဖြစ်ပြီး ဇတ်ဝင်ခန်း သီချင်းတွေက အစ အားလုံးကို သေချာ ဘာသာပြန်ပေးထားတာ ဖြစ်လို့ ကြည့်ရှုရတာ ခံစားမှု ...
movie

Brother Bear (2003)

Brother Bear 2 (2006) 6.1
Brother Bear 2 (2006) The Brother Bear 2 (2006)IMDb Rating - 6.1/10 Rotten Tomatoes - 50%နီတာက ရွာမှာ အက်ခ်ကာလို့ခေါ်တဲ့လူတစ်ယောက်နဲ့ မင်္ဂလာပွဲကျင်းပနေချိန်မှာ ရုတ်တရက် ရေခဲပြင်တွေ ကွဲအက်လာပါတယ်။ ဒါဟာ ဝိညာဉ်တော်တွေရဲ့နမိတ်ပဲလို့ ယူဆတဲ့ နီတာက ရွာနတ်ဆရာမဆီ သွားမေးတဲ့အခါ နီတာ့မှာ ချည်နှောင်ပြီးသားကြိုးရှိနေလို့ လက်ဆက်လို့မရကြောင်း သိခဲ့ရပါတယ်။ အဲဒါကတော့ တခြားမဟုတ်ဘဲ ကလေးဘဝတုန်းက ခင်ခဲ့ရတဲ့ သူငယ်ချင်း ခီနိုင်းပါပဲ။ ချည်နှောင်ပြီးသား ကံကြမ္မာကို ဖြတ်တောက်ဖို့အတွက်ဆိုရင် ခီနိုင်းပေးခဲ့ဖူးတဲ့ အဆောင်လေးကို လက်ခံရရှိခဲ့တဲ့နေရာဖြစ်တဲ့ ဟိုကာနီရေတံခွန်မှာ နှစ်ယောက်အတူတူ မီးရှို့ဖျက်စီးမှ ရမှာပါ။တစ်ဖက်မှာလည်း အကြောင်းတစ်ခုကြောင့် ဝက်ဝံအဖြစ် ပြောင်းသွားခဲ့တဲ့ခီနိုင်းက တောထဲမှာ ခိုဒါလို့ခေါ်တဲ့ဝက်ဝံပေါက်လေးနဲ့ ဘယ်ရီသီးတွေစားဖို့ ခရိုးဘယ်ရီတောင်ကြားကို ပျော်ပျော်ကြီးသွားနေပါတယ်။ နီတာတစ်ယောက် ခီနိုင်းကို တောထဲမှာ လိုက်ရှာရင်းတွေ့သွားတဲ့အခါ အကျိုးအကြောင်းပြောပြလိုက်ပါတယ်။ ခီနိုင်းတစ်ယောက် နီတာနဲ့အတူ ဟိုကာနီရေတံခွန်ကို လိုက်သွားတဲ့လမ်းမှာ ဘယ်လိုတွေကြုံတွေ့ရမလဲ... ...
movie

Brother Bear 2 (2006)

Appleseed (2004)
Appleseed (2004)  အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ နာမည်ကြီး japanese manga ကို movieအဖြစ်အသက်သွင်းထားတဲ့ Appleseed ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးက 2131ခုနှစ်ကိုဇာတ်အိမ်တည်ထားပါတယ် လူသားတွေရဲ့ အမုန်းတရားတွေ အမျက်ဒေါသတွေ မတော်လောဘတွေကြောင့် တစ်ကမ္ဘာလုံးစစ်မြေပြင်ဖြစ်သွားပြီး အားလုံးနီးပါးပျက်စီးပြီးသွားတဲ့အချိန်မှာ တိုးတက်လှတဲ့နည်းပညာတွေနဲ့ဖန်တီးတည်ဆောက်ထားတဲ့ အိုလံပတ်စ်ဆိုတဲ့ စိတ်ကူးယဥ်နိုင်ငံလေးက တစ်ကမ္ဘာလုံးကိုအုပ်ချုပ်လျက်ရှိပါတယ်ဒူနန်နွန့် ဆိုတဲ့အမျိုးသမီးစစ်သည်တော်လေးဟာ တိုက်ရည်ခိုက်ရည်မှာထူးချွန်တာကြောင့်ရော ချောမောလှပသောရုပ်ရည်ရှိတာကြောင့်ရော ထင်ရှားကျော်ကြားတဲ့သူပါ သူမကို သူမရဲ့ချစ်သူဟောင်းဖြစ်တဲ့ ဘရီယာရီယိုစ်က စစ်မြေပြင်ကနေ ကယ်ဆယ်ပြီး အိုလံပတ်စ်ကိုခေါ်လာပေးခဲ့ပါတယ် ဘရီယာရီယိုစ်ကယခုအချိန်မှာစက်ရုပ်ခန္ဓာကိုယ်တပ်ဆင်ထားရတဲ့စက်ရုပ်တစ်ပိုင်းဖြစ်နေပါပြီ အဲ့ဒီအိုလံပတ်စ်ဆိုတဲ့စိတ်ကူးယဥ်နိုင်ငံလေးမှာ လူသားတွေနဲ့ထပ်တူကျအောင်ဖန်တီးထားတဲ့ ဘိုင်အိုရွိုက်ဆိုတဲ့ လူသားကလုန်းတွေက လူဦးရေတစ်ဝက်လောက်ရှိပါတယ် "ဘိုင်အိုရွိုက်"တွေဟာ တိကျတဲ့ စိတ်ခံစားမှုတွေမရှိဘဲ သူတို့ရဲ့အဓိကတာဝန်က လူသားတွေအတွက် ငြိမ်းချမ်းမျှတအောင်ထိန်းညှိပေးဖို့ပဲဒါပေမဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာနေရာရထားတဲ့ ဘိုင်အိုရွိုက်တွေကို မကျေမနပ်ဖြစ်ပြီး အတိုက်အခံလုပ်နေတဲ့ လူသားတစ်စုလည်းရှိပါတယ် အဲ့ဒါကြောင့် လူသားနဲ့ဘိုင်အိုရွိုက်တွေ့ရဲ့ကြားမှာ တင်းမာမှုတွေ ပဋိပက္ခတွေရှိနေပါတယ် ဒူနန်တစ်ယောက် အိုလံပတ်စ်ကိုရောက်သွားပြီးနောက်မှာ အိုလံပတ်စ်ကိုထိပါးလာတဲ့ လူတစ်စုရဲ့တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ရင်း သူမ,မမှတ်မိတဲ့ သူမရဲ့အတိတ်ကအကြောင်းတွေကိုပါ သိရှိလိုက်ရပါတယ်..... File size…(2.2 GB)/(1.2 ...
movie

Appleseed (2004)

Tall Tales from the Magical Garden of Antoon Krings (2017)
Tall Tales from the Magical Garden of Antoon Krings (2017) Tall Tales from the Magical Garden of Antoon Krings (2017)အသွင်သစ်နဲ့ အမြင်ဆန်းမယ့် ပိုးကောင်ကမ္ဘာကို တစ်ခါလောက်အလည်သွားကြရအောင်...ပိုးကောင်လေးတွေမှာလည်း နေ့ထွက်ပိုးကောင်ရှိသလို ညဘက်မှာမှထွက်ကြတဲ့ပိုးကောင်လေးတွေလည်း ရှိကြတယ်မလား? အဲ့ဒီလို နေ့နဲ့ညကွဲနေလို့လည်း ပိုးကောင်လေးတွေကခွဲခြားဆက်ဆံခံရတာတွေရှိပါသတဲ့။ဇာတ်လိုက်ကျော်ကတော့ ပန်းဉယျာဉ်လေးကို အသက်ဝင်အောင် ကာကွယ်ပေးနေတဲ့ ပျားအုံဘုရင်မ မက်ဂွါရီလေးပါ။ ပျားဘုရင်မတို့တာဝန်အတိုင်း လုပ်သားပျားတွေကို စောင့်ရှောက်ရတယ်။ ပျားရည်ထုတ်လုပ်တဲ့နေရာမှာ စီစဉ်ရတယ်။ ပျားအကောင်ပေါက်လေးတွေကိုလည်း ပြုစုရတယ်။ တာဝန်တွေအရမ်းများလွန်းပြီး လွတ်လပ်မှုတွေဆုံးရှုံးရတာကြောင့် သာမာန်ပိုးကောင်လေးပဲ ဖြစ်ချင်ပါတယ်ဆိုပြီး အမြဲတမ်းဆုတောင်းနေခဲ့သူပါ။တစ်နေ့မှာ နယ်လှည့်အနုပညာရှင် နှံကောင်လေးတစ်ကောင် မက်ဂွါရီတို့ ဥယျာဉ်ထဲကို ရောက်လာပါတယ်။ သူစိမ်းပိုးကောင်ရောက်လာလို့ အားလုံးက သတိနဲ့နေကြပေမယ့် ဝင်ဒီလို့ခေါ်တဲ့ နကျယ်ကောင်ကတော့ နှံကောင်လေးနဲ့ အပေးအယူလုပ်ဖို့ ချည်းကပ်ခဲ့ပါတယ်။ပျားပိတုန်းတွေနေထိုင်တဲ့ ဥယျာဉ်ထဲမှာ နကျယ်ကောင်နဲ့နှံကောင်တို့ ဘယ်လိုအပေးအယူလုပ်ခဲ့ကြလဲ ? ပိုးကောင်တို့ကမ္ဘာကရော ကိုယ်တွေထင်သလို ရိုးရှင်းကြရဲ့လားဆိုတာကို ဘဝအမောတွေဖြေရင်း အားလပ်ရက်မှာ အေးအေးဆေးဆေးလေး ကြည့်လိုက်ကြရအောင်နော်... File size…    1 GB /  491 MB Quality… WEB-DL 1080p ...
movie

Tall Tales from the Magical Garden of Antoon Krings (2017)

Justice League: Crisis on Infinite Earths Part Three (2024)
Justice League: Crisis on Infinite Earths Part Three (2024)  DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Animation, Science Fiction, Action  Subtitle….Myanmar ...
movie

Justice League: Crisis on Infinite Earths Part Three (2024)

The Imaginary (2023)
The Imaginary (2023)  Netflix က အသစ်ထွက်ရှိလာတဲ့ ရင်ကိုနွေးစေမယ့် anime လေးကို တင်ဆက်ပေးလိုက်ပါတယ်ရာဂျာဆိုတဲ့ ကောင်လေးက အာမန်ဒါဆိုတဲ့ ကောင်မလေးရဲ့ စိတ်ကူးယဥ်သူငယ်ချင်းဖြစ်ပြီး အာမန်ဒါစိတ်ကြိုက်ဖန်တီးတဲ့ စိတ်ကူးယဥ်ကမ္ဘာအလီလီမှာ အတူကစားခုန်စားပျော်ပါးရင်း အာမန်ဒါရဲ့ အထီးကျန်မှုကို ဖြေဖျောက်ပေးရတယ်အာမန်ဒါကလွဲ ဘယ်သူမှ မမြင်ရတဲ့ ရာဂျာ၊ သူ့ဘဝအတွက် တစ်ဦးတည်းသော အဖော် အာမန်ဒါ အက်ဆီးဒင့်ဖြစ်တဲ့အခါ တခြား အမေ့လျော့ခံ စိတ်ကူးယဥ်ဇာတ်ကောင်တွေလို တဖြည်းဖြည်း ဗလာနတ္ထိအဖြစ် ပျောက်ဆုံးသွားတော့မှာလား စိတ်ကူးယဥ်ဇာတ်ကောင်တွေရဲ့ ဝမ်းနည်းမျက်ရည် သင်းရနံ့ကို စားသုံးချင်တဲ့ လူထူးဆန်းကြီးနဲ့ ဘယ်လိုရင်ဆိုင်ဦးမှာလဲ ဆိုတာကတော့ ဇာတ်ကားထဲမှာပဲ အဖြေရှာကြပါလို့ ... File size…(1.4 GB)/(864 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre... Animation, Drama, Family, Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

The Imaginary (2023)