Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Animation
7.0
Bad Cat (2016)
ဒီဇာတ်ကားက ကလေးကြည့်လို့မရတဲ့ ကာတွန်းဇာတ်ကားပါ။၂၀၁၆ခုနှစ်က တူရကီနိုင်ငံက ဖြန့်ချိခဲ့တဲ့ Animationဖြစ်ပြီးIMDb 7နဲ့ RTမှာ 44% ရထားပါတယ်။ ဇာတ်လမ်းက PG 15ratingဖြစ်ပြီး အဆဲအဆိုတွေ အတော်သုံးထားပြီး သတ်ဖြတ်တာတွေလည်း ပါပါတယ်။ဇာတ်ကြောင်းကတော့ အရက်သောက် ဆေးချ ခိုးဆိုးလုနှိုက်အလုပ်တွေပဲ အမြဲလုပ်နေတဲ့ ရှဲရိုဆိုတဲ့ ကြောင်ဆိုးတစ်ကောင်တစ်နေ့မှာ ကြောင်မလေးတစ်ကောင်ကို နှာဘူးထဖို့အသွားမှာကြောင်မလေးခမျာ သူ့ရုပ်ရည်မြင်ပြီး လန့်ဖျပ်ထွက်ပြေးရာမှဓါတ်လိုက်သေဆုံးသွားပါတော့တယ်။အဲဒီမှာ ကြောင်မလေးရဲ့သခင်နဲ့ ထိပ်တိုက်တိုးပြီး ဘိုင်ဝမ်းဆွဲရာကနေ သခင်ဖြစ်သူပါတိုက်ပေါ်ကပြုတ်ကျပြီး ဦးနှောက်ပွင့်သေဆုံးသွားပါတယ်။ဒါပေမဲ့ အတော်လေးအစွဲကြီးလှတဲ့ ကြောင်မလေးရဲ့သခင်ကခေါင်းပွင့်တာတောင် ဇွန်ဘီအနေနဲ့ပြန်အသက်ဝင်လာပြီး ရှဲရိုတစ်ကောင်ကို လိုက်သတ်ပါတော့တယ်။ ဇာတ်လမ်းကတော့ခပ်စားစားပါပဲ။ အပြောအဆိုတွေနဲ့ အောက်လုံးစကားတွေကိုရေလည်သုံးထားလို့ ကလေးတွေကို ပြလို့ရတဲ့ ကာတွန်းကားမဟုတ်တာကို ထပ်လောင်းညွှန်းလိုက်ရပါတယ်။ File size…1.45GB / 827MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 26m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Bad Cat (2016)
7.1
Leo (2023)
Leo (2023) ========= IMDb Rating - 7.1/10နောက်ဆုံးအသစ်ထွက်ရှိလာပြီး တောင်းဆိုမှုများနေတဲ့ Animation ကား ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားမှာတော့ လီယိုဆိုတဲ့ ကျောင်းမွေးတိကလေးက အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင် ထားပါတယ်။လီယိုဆိုတဲ့ ဖွတ်ကြီးနဲ့ စကွစ်တယ်ဆိုတဲ့ လိပ်ကြီးတို့က အလယ်တန်းကျောင်း တစ်ခုမှာ ကလေးတွေအတွက် သင်ထောက်ကူအနေနဲ့ မွေးထားတဲ့ တိကလေး တွေပါ။ ငါးတန်းအခန်းကို ကြီးစိုးထားကြပြီး ခေတ်အဆက်ဆက်က ကလေး တွေမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတဲ့သူတွေပေါ့။ တစ်ရက်မှာတော့ လီယိုတစ်ယောက် သူ့ရဲ့သက်တမ်းက တစ်နှစ်ပဲ ကျန်တော့တဲ့အကြောင်းကို မမျှော်လင့်ဘဲ သိခဲ့ လိုက်ရတယ်။မွေးကတည်းက ဖန်ကန်ထဲမှာပဲ နေလာခဲ့ရတဲ့သူ့အဖို့ ပြင်ပကမ္ဘာကြီးနဲ့ ထိတွေ့ ဆက်ဆံသွားချင်တာ သူ့ရဲ့ နောက်ဆုံးဆန္ဒပါပဲ။ ဒီလိုနဲ့ အခန်းထဲက စရိုက်မျိုးစုံနဲ့ ကလေးတွေဆီကနေ ကပ်ပြီး ပြင်ပကမ္ဘာကို ရောက်ဖို့ ကြိုးစားပါတော့တယ်။ မနိုင်စိန်ငါးတန်းကလေးတွေနဲ့ အဘိုးကြီးလီယိုတို့ ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ သူ့ရဲ့နောက်ဆုံးဆန္ဒလေး ပြည့်ဝသွားနိုင်မလား ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစား ကြည့်လိုက်ရအောင်ပါ။ Child psychology အကြောင်းကိုလည်း သီချင်းလေး တွေနဲ့ တင်ဆက်ပေးသွားတာမို့ ခံစားမှုရသအစုံအလင်ပေးနိုင်မဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ်လို့ပဲ ဆိုချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို ...
movie
Leo (2023)
2023
Trolls Band Together (2023)
Trolls Band Together (2023)နာမည်ကျော် ဂီတကာတွန်းရုပ်ရှင်တစ်ခုဖြစ်တဲ့ Trolls မှင်စာလေးများ ကာတွန်း သုံးကားမြောက်လာပါပြီ။ပထမနှစ်ကားကတော့ Trolls 2016, Trolls World Tour 2020 တို့ပါပဲ။ အသံသရုပ်ဆောင်အနေနဲ့လည်း ဂျက်စတင်တင်ဘာလိတ် နဲ့ အန်နာ ကန်းဒရစ်တို့ပဲ ပါဝင်ပေးထားပါတယ်။ ဒီတစ်ခေါက်မှာတော့ Trolls မှာ မိသားစုတွေပိုမြိုင်ဆိုင်သွားအောင် ဘရန့်ရဲ့ ငယ်ငယ်ကကွဲသွားတဲ့ အစ်ကိုတွေ ပြန်ပါဝင်လာပါတယ်။ ဘရန့်ဟာ ဘရိုဇုံဆိုတဲ့ ညီအစ်ကိုတွေနဲ့ဖွဲ့ထားတဲ့ ယောကျာ်းလေး အဆိုတော်အဖွဲ့တစ်ခုက အငယ်ဆုံးညီလေးဖြစ်ခဲ့ပါတယ်။တစ်နေ့မှာတော့ သဘောထားမတိုက်ဆိုင်မှုတစ်ခုကြောင့် ညီအစ်ကိုတွေအကုန် တစ်လမ်းစီထွက်သွားခဲ့ပြီး ဘရန့်ကိုတော့ အဘွားနဲ့ ထားခဲ့ကြပါတယ်။ နှစ် ၂၀ နီးပါး အဆက်အသွယ်မလုပ်တော့တဲ့ အစ်ကိုတွေကို စိတ်နာနေပေမဲ့ တစ်နေ့မှာတော့ အကြီးဆုံးအစ်ကိုဂျွန်ကလာပြီး အစ်ကိုလတ်ဖြစ်သူ ဖလွိုက်ကို မသမာသူနှစ်ယောက်က ဖမ်းထားတဲ့အကြောင်းနဲ့ သူ့ကိုကယ်နိုင်ဖို့ ညီအစ်ကိုတွေအားလုံး ပြန်စုဖို့လိုကြောင်း ပြောလာတဲ့အခါ....File size…(5GB) ...
movie
Trolls Band Together (2023)
6.6
Flushed Away (2006)
Flashed Away ဟာ Chicken Run, Shaun The Sheep Movie စတဲ့Stop-Motion ဇာတ်ကားကောင်းတွေကို ဖန်တီးခဲ့တဲ့Aardman Features နဲ့ DreamWork Animation တို့ပူးပေါင်းဖန်တီးခဲ့တဲ့ ဇာတ်ကားလေး တစ်ကားလည်း ဖြစ်ပါတယ်။Aardman Features အနေနဲ့ CGIanimation ဘက်ကို ခြေလှမ်းစတင်ခဲ့တဲ့ဇာတ်ကားလေးဆိုလည်း မမှားပါဘူး။ပါဝင်တဲ့ Cast တွေ အနေနဲ့ Hugh Jackman (Wolverine), Kate Winslet တို့အဓိကပါဝင်ထားပြီး Ian Mckellen, Bill Nighy, Andy Serkis နဲ့ Jean Reno တို့လိုအကျော်အမော်တွေ ခြံရံထားပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ရော့ဒီဆိုတဲ အိမ်မွေးကြွက်လေးတစ်ကောင်ရဲ့ဘဝနဲ့ စတင်ထားပြီး သခင်တွေခရီးထွက်သွားတုန်းမှာပဲအိမ်ကြီးတစ်ခုလုံးကို သူ့စိတ်ကြိုက်နေထိုင်ဖို့ စိတ်ကူးနေတဲ့ ရော့ဒီဆီကိုရေဆိုးမြောင်းထဲက ကြွက်တစ်ဖြစ်လည်းဆစ်ဒ် ရောက်လာချိန်မှာတော့ ရော့ဒီဘဝဟာဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ပါတယ်.ဆစ်ဒ် လှည့်စားတာခံရပြီး ရေမြောင်းထဲကိုအိမ်သာထဲကနေ ဆွဲအချခံခဲ့ရကာ ...
movie
Flushed Away (2006)
2006
LEGO Marvel Avengers: Code Red (2023)
Lego အဗန်ဂျာကာတွန်းကားအသစ်ပါ။ Lego ကာတွန်းတွေရဲ့ ထုံးစံအတိုင်း နာမည်ကျော်ဇာတ်ကောင်တွေ အစုံထည့်သွားထားပြီး ဟာသလုပ်ထားတာတွေကို တွေ့ရမှာပါ။ မူရင်းအဗန်ဂျာတွေအပြင် အခြား ဟီးရိုးတွေ ဗီလိန်တွေအစုံနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားတာမို့ လူကြီးရော ကလေးရော ကြည့်လို့ရတဲ့အမျိုးအစားပါပဲ။ဇာတ်လမ်းအကျဉ်းဘလက်ဝစ်ဒိုးရဲ့အဖေ ရက်ဂါဒီယံဟာ ထူးဆန်းတဲ့လူတစ်ယောက်ရဲ့အဖမ်းခံလိုက်ရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီအမှုကိုစုံစမ်းရင်းနဲ့ ခေါင်းခွံနီတို့ဘာတို့ နာမည်မှာ အနီပါတဲ့သူတွေအကုန် အဖမ်းခံနေရတာကို အဗန်ဂျာတွေသိသွားပါတော့တယ်။ ဒါကြောင့် အဖမ်းမခံရဘဲနောက်ဆုံးကျန်တဲ့ အနီရောင်ဟော့ခ်ဆီကနေ တဆင့် စုံစမ်းဖို့ သွားကြရင်းနဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ File size…(1 GB)/(553 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:46:00 Genre...Animation, Action, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie
LEGO Marvel Avengers: Code Red (2023)
7.3
Under the Boardwalk (2023)
Under the Boardwalk (2023)~ IMDb - 7.3/10, Rotten Tomatoes - 90% ~ဒီကာတွန်းရုပ်ရှင်ကို Captain Underpants နဲ့ Turbo တို့ရဲ့ ဒါရိုက်တာ David Soren က ရိုက်ထားတာပါ။ အဲဒီနှစ်ကားကို တော်တော်များများလည်း သိကြမှာပါ။ ဒီအန်နီမေးရှင်းက ဒေးဗစ်ဆိုရန်ရဲ့ နောက်ဆုံးထွက် အန်နီမေးရှင်းပါပဲ။ အပေါ်ကကားတွေကိုကြည့်ဖူးတဲ့သူဆိုရင် သူ့ကားတွေ ကောင်းမကောင်းသိကြမှာပါပဲ။ အခုအန်နီမေးရှင်းကတော့ ရှေ့က သူ့ကားတွေအားလုံးထက် ဝေဖန်ရေးသမားတွေ အမြင်မှာ သာလွန်နေပါတယ်။ ထုတ်ထားတာကလည်း ပါရာမောင့်အန်နီမေးရှင်းက ထုတ်ထားတာပါ။ဇာတ်ကတော့ ရိုမီရို ဂျူးလိယက်ကို ဂဏန်းတွေနဲ့ ခင်းထားသလိုလိုပါပဲ။ ဒါကိုမှ သီချင်းတွေနဲ့ဆိုတော့ West Side Story ကာတွန်း ဂဏန်းဗားရှင်းလိုလိုပေါ့။ အဲဒီနောက် ကာတွန်းဆိုတာ ကလေးတွေကြည့်တာလို့ အကြမ်းဖျဉ်းသတ်မှတ်ထားကြတဲ့အတိုင်း ကလေးတွေအတွက် အခွံထဲကထွက်ပြီး လောကကြီးကို ရင်ဆိုင်ရဲဖို့ ...
movie
Under the Boardwalk (2023)
2023
6.6
Dick Figures: The Movie (2013)
Dick Figures: The Movie (2013) =======================ဒီကာတွန်းရုပ်ရှင်က Visual artist တွေအပျင်းကြီးလို့ တုတ်ချောင်း တွေပဲ လုပ်ထားတာလားမသိပေမယ့်၊ သူ့ရဲ့ theme နဲ့သူရပ်တည်ပြီး Dick figure ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတွဲတွေ အများကြီးထွက်ပြီး အောင်မြင်ထားတာပါ။ Rick and Morty, Family Man Dark Joke ဆန်ဆန် Humor တွေကို ကြိုက်နှစ်သက်တဲ့ animation fan ဆိုရင် သေချာပေါက်မြည်းစမ်းကြည့်ဖို့ ပြောချင်ပါတယ်။ဇာတ်လမ်းအညွှန်းက ရက်ဒ်နဲ့ ဘလူးဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကောင်မလေးကို မွေးနေ့လက်ဆောင်ပေးဖို့အတွက် အပေါင်ဆိုင်သွား ရင်း အပေါင်ဆိုင်က ရက်ကွန်းဘိုးတော်က ဂျပန်ပြည်က နှစ်တစ်ထောင် ကံကြမ္မာဓားကြီးကို သူဆီယူလာပေးရင် မင်းကောင်မလေး လုံးဝကြွေ သွားစေမယ့် လက်ဆောင်ကြီးကို ပေးမယ်လို့ပြောလိုက်တာကနေစပါ တယ်။ တစ်ခုရှိတာက ဒီဓားကို နတ်ဆိုးနင်ဂျာစစ်တပ်ကြီးက စောင့်ရှောက် ကာကွယ်နေတဲ့အတွက်လွယ်လွယ်နဲ့ရမှာ မဟုတ်ပါဘူး။ ရက်ဒ်နဲ့ဘလူး နှစ်ယောက် အလွဲအလွဲအချော်အချော်တွေလုပ်ရင်း ဓားတစ်ချောင်းအ တွက်စွန့်စားခန်းတွေ ထွက်ခဲ့ကြပုံကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.2 ...
movie
Dick Figures: The Movie (2013)
2013
6.9
Cats Don’t Dance (1997)
Cats Don't Dance (1997) ================== IMDb Rating - 6.9/10တစ်ခါတုန်းက ဒန်နီဆိုတဲ့လယ်လုပ်သားကြောင်လေးတစ်ကောင် သီဆိုကပြဖျော်ဖြေချင်လို့ သူ့ရဲ့တောရွာလေးကနေ ဟောလိဝုဒ်မြို့ကို တက်လာခဲ့တယ်။ အဲဒီမြို့မှာ ဒါလာဒင်ပယ်လ်ဆိုတဲ့ ကလေးမလေးက နာမည်ကြီး ဟောလိဝုဒ်ကြယ်ပွင့်ပေါ့။ဒါပေမဲ့ ဒန်နီမသိခဲ့တာက အဲဒီဟောလိဝုဒ်မှာ လူတွေကသာနေရာရပြီး တိရိစ္ဆာန်တွေက သီဆိုကပြဖို့အရွေးမခံရတာပါပဲ။ သူထင်ထားတဲ့ အိပ် မက်အတိုင်း လက်တွေ့ဖြစ်မလာတဲ့ ကြောင်လေးက သူ့အိပ်မက်ကို လက်မလျှော့ဘဲ ဘယ်လိုရအောင် ဆက်ကြိုးစားမလဲဆိုတာကိုတော့ ဒီကာတွန်းဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.35 GB) / (549 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 15Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Comedy, Family Translator.......Thwal Htoo Zin Encoder..........SWM
movie
Cats Don’t Dance (1997)
1997
5.6
Barnyard (2008)
Barnyard (2006) IMDb 5.6/10ကလေးတွေသဘောကျမဲ့barnyard (တိရိစ္ဆာန်တို့ရဲ့ ကျီ) ဆိုတဲ့ဇာတ်ကားကတော့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနေတတ်တဲ့ အိုတစ်စ်ဆိုတဲ့ နွားတစ်ကောင်ဟာ ကျီမှာနေရတဲ့သာမာန်ဘဝကို ပျင်းစရာလို့ ထင်မြင်နေခဲ့ပါတယ်။ လူတွေအနားမှာမရှိတဲ့အခါ တိရစ္ဆာန်တွေဟာ လူတွေလို ပြုမူနေထိုင်ကြပါတယ်။ အိုတစ်စ်ရဲ့ မွေးစားဖခင်ဖြစ်တဲ့ ကျီ အကြီးအကဲနွားကြီး ဘန်ဟာ တာဝန်မယူစိတ်မရှိတတ်ပဲ သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေတဲ့ သူ့ရဲ့ မွေးစားသားဖြစ်သူကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အဲ့ဒီလိုနဲ့ တစ်ညမှာတော့ ခေါင်းဆောင် ဘန်ဟာ ကျီမှာရှိတဲ့တိရစ္ဆာန်တွေကို ညကင်းစောင့် ကာကွယ်ပေးရင်း ဝံပုလွေအုပ်ရဲ့လက်ထဲ အသက်ပေးလိုက်ရပါတော့တယ်။ မွေးစားအဖေ ဘန်မရှိတော့တဲ့နောက်မှာ ရုတ်တရက်ပြောင်းလဲသွားတဲ့ အခြေအနေတွေက ခေါင်းဆောင်တစ်ယောက်ရဲ့ဆက်ခံသူဖြစ်တဲ့ မွေးစားသား အိုတစ်စ်အတွက် တာဝန်ယူစရာအဖြစ် ရောက်လာတဲ့အချိန်မှာတော့ အပျော်ကြိုက်တဲ့ နွားလေး အိုတစ်စ်တစ်ကောင် ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ၊စစ်မှန်တဲ့ ခေါင်းဆောင်မှုကနေ ရရှိလာတဲ့ပျော်ရွှင်မှုကို သူဘယ်လို နားလည်အောင်လုပ်မလဲ ဆိုတာ "Barnyard" ဆိုတဲ့ ဇာတ်ကားမှာ သူ့ရဲ့စွန့်စားခန်းတွေ ပျော်တတ်ပုံတွေနဲ့ ပေါင်းသင်းဆက်ဆံတွေအကြောင်း အဖြေရှာရင်း ပေါ့ပေါ့ပါးပါးလိုက်ပါကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… 1.71 GB / 815 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ...
movie
Barnyard (2008)
2006
7.8
Big Hero 6 (2014)
Big Hero 6 (2014) IMDb - 7.8/10______Rotten - 89% Won 1 Oscar. Another 16 wins & 58 nominations Walt Disney Animation ရဲ့ နောက်ထပ် လူကြိုက်များလှတဲ့ animation ဇာတ်ကားလေးပါပဲ။ ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ပေးထားတဲ့ Message တွေကောင်းမွန်လှပပါတယ်။ Baymax ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမှုလေးတွေနဲ့ ပုံစံတွေကို သဘောကျမိမှာ အမှန်ဖြစ်ပြီး Baymax ရဲ့ လှုပ်ရှားပြုမှုပုံတွေကို ပင်ဂွင်းပေါက်စလေးတွေရဲ့ အပြုအမှုကို ပုံစံတူယူပြီး ဖန်တီးထားတာပါ။ Walt Disney နဲ့အတူ Marvel Entertainment ကပါ ပူးပေါင်းရိုက်ကူးထားတဲ့အတွက် အစောပိုင်းထွက်ခဲ့တဲ့ Walt Disney ဇာတ်ကောင်တွေနဲ့ မတူကွာခြားလို့နေပါတယ်။ IMDB Ratings: 7.8/10 ရရှိထားပြီး ကြည့်ဖို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးတစ်ခုပါပဲ။ File size… 3.85 GB / 1.58 GB / 803 MB Quality…BluRay 4k / 1080p / ...
movie
Big Hero 6 (2014)
2014
4K HEVC
6.8
Bolt (2008)
Walt Disney Animation Studio ရဲ့၂၀၀၈ ခုနှစ်ထွက် Animationဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင် ပါတယ်ဘို့တ် ဆိုတဲ့ ခွေးလေးနဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီတို့ဟာထူးခြားတဲ့ဆက်နွယ်မှုနဲ့ တစ်ယောက်ကိုတစ်ယောက်ရှာတွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူ့ရဲ့ ပိုင်ရှင်ဖြစ်သူ ပန်နီရဲ့အဖေပြန်ပေးဆွဲခံရပြီးနောက်ဘို့တ်ဟာလည်း သူ့ရဲ့စွမ်းအားတွေနဲ့ သခင်ဖြစ်သူ ပန်နီကိုကာကွယ်ပေးရတဲ့သူလေး ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် သူကိုယ်တိုင်ထင်မှတ်ထားသလိုမဟုတ်ခဲ့ဘဲ သူ့ဘဝတစ်ခုလုံးကို တီဗီရှိုးတစ်ခုထဲမှာအချိန်ကုန်ခဲ့ရပြီး သူ့ရဲ့ စူပါပါဝါတွေကလည်းအတုအယောင်တွေသာ ဖြစ်နေခဲ့ပါတယ်။ သူ့ရဲပိုင်ရှင် ပန်နီဖြစ်သူ ပြန်ပေးဆွဲခံရပြီး နောက်မှာတော့ဘို့တ်ဟာ ရိုက်ကွင်းကနေ ထွက်ပြေးပြီး သခင်ဖြစ်သူကိုကယ်တင်ဖို့ လိုက်လံရှာဖွေနေခဲ့ပါတယ်။ဆက်တင်ကနေ တစ်ဖဝါးမှ မခွာဖူးသူ ဘို့တ်ဟာ သူ့စူပါပါဝါတွေဟာအစစ်အမှန်တွေလို့ ယုံကြည်နေပြီးအပြင်လောကကြီးထဲမှာ လိုက်လျောညီထွေနေနိုင်ဖို့ ခက်ခဲလာပါပြီ။နောက်ဆုံးမှာတော့ လမ်းကြားကကြောင်လည်လေး မစ်တမ်းစ် နဲ့ သူ့ရဲ့ပရိသတ်အကြီးစားဖြစ်သူကြွက်ကလေး ရိုင်နို တို့နဲ့အတူပြည်နယ်ကျော်ပြီး အိမ်အပြန်စွန့်စားခန်းထွက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ခွေးအစစ်ပီပီသသ မဖြစ်ဖူးသူ ခွေးလေးဘို့တ်ဟာသူသိထားတဲ့ကမ္ဘာကြီး ပြိုလဲသွားချိန်မှာတော့အပြင်လောကရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကိုနဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပုံ နဲ့ ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှု နဲ့ရဲစွမ်းသတ္တိတို့ရဲ့ စွမ်းအားအစစ်တွေကို ထင်ဟပ်ပြသနိုင်တဲ့ Animation ...
movie
Bolt (2008)
2008
6.7
PAW Patrol: The Mighty Movie(2023)
PAW Patrol: The Mighty Movie(2023)********************************** ရုံတင်ပြသသွားတယ် ခွေးပေါက်လေးတွေ ကာတွန်းအသစ်လာပါပြီ။နာမည်ကျော် PAW Patrol ကာတွန်းစီးရီးကနေ ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။မိသားစုလိုက်ကြည့်ဖို့နဲ့ ကလေးငယ်လေးတွေကိုပြဖို့ အသင့်တော်ဆုံး ကာတွန်းရုပ်ရှင်ပါပဲ။ရိုင်ဒါဆိုတဲ့ ကောင်လေးမှာ PAW Patrol ဆိုတဲ့အဖွဲ့လိုက်ခွေးပေါက်လေးလေးတွေရှိပြီး သူတို့တွေဟာ စွန့်စားခန်းမြို့တော်ကြီးကို ကာကွယ်ရတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ ဗန့်စ်ဆိုတဲ့ အရူးသိပ္ပံပညာရှင်တစ်ယောက်က ဥက္ကာခဲတစ်ခုကို ကမ္ဘာပေါ်ကို ဆွဲယူခေါ်လိုက်တဲ့အခါ PAW Patrol တွေကဥက္ကာခဲကို တားဆီးရင်းနဲ့ စူပါပါဝါတွေ ကိုယ်စီရကုန်ပါတယ်။ အဲဒီ စူပါပါဝါတွေကို သိပ္ပံပညာရှင်ဗန့်စ်ကလည်းလုယူပြီး ကမ္ဘာကြီးကို ဖျက်ဆီးဖို့ ကြံစည်လာတဲ့အခါခွေးပေါက်လေးတွေအဖွဲ့နဲ့ တိုက်ပွဲဖြစ်လာပါတော့တယ်..File size… 1.7GB / 817MB Quality…WEB-D 1080P 5.1CH / 720p Format…mp4 Duration….1hr 28min Genre ….. Animation , Adventure , Action Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Mr. Anderson
movie
PAW Patrol: The Mighty Movie(2023)
7.3
Justice League x RWBY: Super Heroes & Huntsmen, Part Two (2023)
Justice League x RWBY: Super Heroes & Huntsmen, Part Two (2023) ================================================= IMDb Rating - 7.3/10DC animation နဲ့ အမေရိကန် anime ဇာတ်လမ်းတွဲ RWBY တို့ တွဲဖက် crossover လုပ်ထားတဲ့ Huntsmen အပိုင်း ၂ ထပ်ထွက် လာပါပြီ။ဂျက်စတစ်လိဂ်အဖွဲ့ ရူဘီတို့ကမ္ဘာထဲက ဗီလိန်ကြီးကို နှိမ်နင်းပြီး သူတို့ကမ္ဘာကို ပြန်လာခဲ့ပေမယ့်၊ ကေးဂေါ့ဆိုတဲ့ ဗီလိန်က မသေ ဆုံးသွားဘဲ လူသားကမ္ဘာထဲကို လွတ်မြောက်သွားပါတယ်။ ရူဘီတို့ ကမ္ဘာထဲက ဝတ်စ်ဆိုတဲ့ မသေမျိုးတစ်ယောက်နဲ့ပူးပေါင်းကာ ဂျက် စတစ်လိဂ်တို့ကမ္ဘာကို အပိုင်သိမ်းပြီး လူသားမျိုးနွယ်ကို ခြိမ်းခြောက် လာတဲ့အခါမှာ...စူပါမန်း ဘတ်မန်း ဝန်းဒါးဝူးမန်းတို့ပါဝင်တဲ့ ဂျက်စ တစ်လိဂ်နဲ့ RWBY တို့အဖွဲ့ ပူးပေါင်းကာ လူသားကမ္ဘာကို ကာကွယ် ရပါတော့တယ်။ Part 1 မကြည့်ရသေးသူများက ဒီလင့်က ဒေါင်းလို့ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.62 ...
movie
Justice League x RWBY: Super Heroes & Huntsmen, Part Two (2023)
2023
5.2
Justice League x RWBY: Super Heroes & Huntsmen, Part One (2023)
Justice League x RWBY: Super Heroes & Huntsmen, Part One (2023) ================================================= IMDb Rating - 5.2/10DC ရဲ့ justice league animation ကားသစ်လေးပါ။ Justice leagueတစ်ဖွဲ့လုံး Darkside နဲ့တိုက်ခိုက်ရင်း တစ်ခြား ကမ္ဘာကို အပို့ခံလိုက်ရပါတယ် ။ အဲ့ဒီကမ္ဘာမှာ justice league တစ်ဖွဲ့လုံး ဆယ်ကျော်သက်တွေဖြစ်ကုန်ပြီး အစွမ်းတွေလည်း ပျောက်ကုန်ပါတယ်။ အဲ့ဒီအစား သူတို့ရောက်သွားတဲ့ကမ္ဘာက အစွမ်းရှိတဲ့ လူတစ်စုနဲ့ထိပ်တိုက်တွေ့ပြီး နေသားတစ်ကျဖြစ်ဖို့ ကြိုးစားရပါတယ် ။ကမ္ဘာအသစ်မှာ အစွမ်းအသစ်တွေရလာပြီး Batman ဆိုရင် အတောင်ပံတွေပေါက်လာပါတယ်။ နောက်ဆုံးတော့ သူတို့ကမ္ဘာ ကို ပြန်သွားဖို့ကြိုးစားရင်း မူလအစွမ်းတွေရဖို့ ကမ္ဘာသစ်ဆီက villainကြီးတစ်ကောင်နဲ့ရင်ဆိုင်ရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.8 GB) / (710 MB) / (449 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr ...
movie
Justice League x RWBY: Super Heroes & Huntsmen, Part One (2023)
2023
7.3
Pom Poko (1994)
Studio Ghibli ရဲ့ Masterpiece တွေထဲကတစ်ခုဖြစ်တဲ့Pom Poko ဆိုတဲ့ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းအနေနဲ့ပြောပြရမယ်ဆိုရင် ဘာမှမပြောချင်တော့ပါဘူး။ အရမ်းကောင်းတယ် ကြည့်ဖြစ်အောင်ကြည့်ကြ မကြည့်မိရင် နောင်တရသွားလိမ့်မယ်လို့ပဲပြောချင်ပါတော့တယ် ¯\_(ツ)_/¯ စတာပါ တကယ်ပါ။ လုံးဝမပြောလို့ကလည်းမဖြစ်ပြန်သေးဘူးဆိုတော့လည်းနည်းနည်းလောက်တော့ပြောပြလိုက်ပါဦးမယ်။ဇာတ်လမ်းလေးကဒီလိုစပါတယ်....... ပုံစံမျိုးစုံကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ ရက်ကွန်းဆိုတဲ့သတ္တဝါလေးတွေဟာတာမာတောင်ကုန်းကြီးပေါ်မှာပျော်ရွှင်စွာနေထိုင်ကြပါလေသတဲ့ .... ပျော်ရွှင်အေးချမ်းနေတဲ့သူတို့ရဲ့ကမ္ဘာလေးထဲကို လူဆိုတဲ့လောကမှာညဏ်အများဆုံး တစ်ကိုယ်ကောင်းအဆန်ဆုံးသတ္တဝါတွေကမြို့လည်ကောင်မှာလူနေထိုင်ဖို့နေရာမလုံလောက်တော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့တာမာတောင်ကုန်းမှာရှိတဲ့သစ်တောတွေကိုအပြောင်ရှင်းပြီးမြို့သစ်တစ်ခုတည်ဆောက်ဖို့ကြိုးစားကြပါတော့တယ် ...... အဲ့ဒီအခါ ရက်ကွန်းလေးတွေဟာ သူတို့ကိုယ်စွမ်းညဏ်စွမ်းရှိသလောက်သူတို့သစ်တောလေးကိုကာကွယ်ဖို့အစွမ်းကုန်ကိုနှစ်ရှည်စီမံကိန်းကြီးဆွဲပြီးကြိုးစားကြပါတယ်။ ဒါပေမဲ့လည်း လူသားတွေကသူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာကိုအသက်ပေါင်းများစွာကိုစတေးပြီးတဲ့အချိန်မှသိခဲ့ကြရတဲ့အခါမှာ ....... ဒီရုပ်ရှင်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုမီးမောင်းထိုးပြနေတဲ့အဖိုးတန်ရုပ်ရှင်ကားတွေထဲကတစ်ခုဖြစ်ပါတယ်။လူသားတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့အရာတွေအတွက် သဘာဝပတ်ဝန်းကျင်ဟာအခုအချိန်အထိ စတေးခံနေရတုန်းပဲဖြစ်ပါတယ်။နေရင်းဒေသတွေပျက်စီးမှုကြောင့် မရေမတွက်နိုင်တဲ့မျိုးစိတ်တွေမျိုးသုဥ်းပျောက်ကွယ်မှုနဲ့ရင်ဆိုင်နေရတဲ့ လက်ရှိကမ္ဘာကြီးရဲ့ရုန်းကန်နေရမှုတွေကဒီရုပ်ရှင်မှာပဲ့တင်ထပ်စေမှာဖြစ်ပါတယ်။ တိုးတက်မှုလို့နာမည်တပ်ထားတဲ့ နောက်ကွယ်မှာ ရင်ဆိုင်ရမယ့်အစားထိုးမရတဲ့ဆုံးရှုံးမှုတွေအတွက် သတိပေးချက်တစ်ခုလည်းဖြစ်တဲ့ဒီ Pom Poko ဆိုတဲ့ဇာတ်ကားလေးကို အတူတူလိုက်ပါစီးမြောခံစား၊ ဝမ်းနည်းစာနာနိုင်စေဖို့CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.10 GB / 972 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 59m Genre ..... Animation , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie
Pom Poko (1994)
1994
6.4
Joseph: King of Dreams (2000)
ဒီဇာတ်လမ်းလေးကတော့ ခရစ်ယာန်ဓမ္မကျမ်းစာဟောင်းထဲမှာပါတဲ့ဂျိုးဆက်ပုံပြင်ကိုဆီလျော်အောင်ပြင်ဆင်ပြီးပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကန်နန်လူမျိုးစုခေါင်းဆောင်ကြီးရဲ့ဒုတိယဇနီးဟာ အမြုံလို့ထင်ထားရာကနေ မမျှော်လင့်ဘဲကိုယ်ဝန်ရလာခဲ့ပြီးတော့၃၇ပတ်တည်းနဲ့သားလေးတစ်ယောက်ဖွားမြင်ခဲ့ပါတယ်။ ဖအေကြီးက ဘုရားသခင်ဆီလာတဲ့အံ့ဖွယ်ကလေးလို့မှတ်ယူပြီး တစ်ခြားသားတွေလို ပင်ပင်ပန်းပန်းအလုပ်တွေမလုပ်စေရဘဲ အနားမှာထားပြီးစာပေပညာတွေပဲလေ့လာသင်ကြားစေပါတယ်။ ဖခင်ရဲ့ပစားပေးမှုတွေက ညီအကိုတွေကြားထဲမှာ မနာလိုမှုတွေကို တစ်ဖြည်းဖြည်းကြီးထွားလာစေပြီးတော့ ဂျိုးဆက်လေးကိုအန္တာရယ်တောထဲဆွဲပို့လိုက်ပါတော့တယ်။ သူ့အကိုတွေရဲ့ပယောဂနဲ့ ကျွန်ကုန်သည်တွေဆီကိုရောင်းစားခံလိုက်ရတဲ့ဂျိုးဆက်ဟာ သူ့ရဲ့မွေးရာပါ ပါရမီဖြစ်တဲ့ အိပ်မက်အတိတ်နိမိတ်ကောက်ခြင်း အတတ်ပညာနဲ့ညဏ်အမြော်အမြင်ရှိမှူတွေကြောင့် ကျွန်ဘဝကနေ ဟိုးအမြင့်ဆုံးဘဝအထိဘယ်လိုတက်လှမ်းသွားမယ်ဆိုတာ စိတ်ဝင်စားဖွယ်မြင်တွေ့ကြရမှာဖြစ်ပါတယ်။ IMDB မှာ 6.4 ရရှိထားတဲ့ဒီဇတ်ကားလေးဟာ ကြည့်မိလို့လူံးဝနောင်တမရစေဘဲ ဇာတ်လမ်းအစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်တယ်ဆိုတာ ရဲရဲကြီးအာမခံနိုင်တာမို့ အခုပဲ Download ဆွဲပြီးကြည့်ရှုလိုက်ကြပါဦးလို့။ File size… 1.27 GB / 502 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai Wai Thin
movie
Joseph: King of Dreams (2000)
2000
6.1
Bambi II (2006)
ambi 2 ကတော့ Disney ရဲ့ ဂန္တဝင်ကာတွန်း (Bambi) ရဲ့ကြည်နူးစရာကမ္ဘာဆီကိုပြန်လည်ခေါ်ဆောင်ပေးသွားမယ့်နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။Bambi 2 ရဲ့ ထူးခြားတဲ့အင်္ဂါရပ်တွေထဲကတစ်ခုကတော့ရုပ်ရှင်ကိုအဆင့်မြင့်နည်းပညာတွေသုံးပြီးပြန်ရေးဆွဲတဲ့အချိန်မှာ မူရင်းလက်နဲ့ရေးဆွဲထားတဲ့ကာတွန်းပုံစံကိုလည်းဂုဏ်ပြုတဲ့အနေနဲ့မပျောက်ပျက်အောင်ထိန်းသိမ်းပေးထားတာဖြစ်ပါတယ်။စိမ်းလန်းစိုပြေတဲ့တောအုပ်တွေ ချစ်စရာကောင်းတဲ့တောအုပ်ထဲကသတ္တဝါလေးတွေနဲ့ ဘမ်ဘီနဲ့သမ်ပါတို့လိုအဓိကဇာတ်ကောင်လေးတွေဟာအရင်အတိုင်းတက်ကြွတဲ့ပုံစံနဲ့နှစ်ခြိုက်ဖွယ်ကောင်းနေတုန်းပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုအမှန်တကယ်ထူးခြားစေတာကသူ့ဖခင်ရဲ့စောင့်ရှောက်မှုအောက်မှာ အရွယ်ရောက်လာမယ့်ဘမ်ဘီရဲ့ စိန်ခေါ်မှုတွေ အောင်မြင်မှုတွေပြသထားပြီးအဖေနဲ့သားကြားက ဆက်ဆံရေးအပေါ်အာရုံစိုက်ဖော်ထုတ်ထားတဲ့အတွက်ကြည်ရှုသူတွေကို အသက်အရွယ်မရွေးဘဲဇာတ်ကောင်နဲ့ချိတ်ဆက်ခေါ်ဆောင်ပေးသွားနိုင်တာဖြစ်ပါတယ်။Bambi 2 မှာ ရွန်နိုနဲ့မီနာတို့လိုဇာတ်ကောင်အသစ်တွေကိုလည်းမိတ်ဆက်ပေးထားပြီးတော့ ဇာတ်လမ်းရဲ့ဆွဲဆောင်မှုရှိစေမယ့်အစိတ်အပိုင်းတစ်ခုအနေနဲ့ ဘမ်ဘီနဲ့ရွန်နိုတို့ရဲ့ပြိုင်ဆိုင်မှုတွေ ပဋိပက္ခတွေကိုလည်းပေါင်းထည့်ပေးထားပါတယ်။မူရင်းကအရမ်းကောင်းမွန်နေရင် နောက်ဆက်တွဲထွက်လာတဲ့ဇာတ်ကားကပိုကောင်းမွန်တဲ့မှတ်ချက်ရဖို့အင်မတန်ရုန်းကန်ရပါတယ်။နောက်ဆက်တွဲဇာတ်ကားတွေကမူရင်းအရသာကိုဖျက်မိတဲ့များပြားလှတဲ့ဇာတ်ကားတွေကြားထဲမှာ Bambi 2 လေးကတော့ကောင်းမွန်တဲ့ဥပမာတစ်ခုရဲ့ပြယုဂ်တစ်ခုအနေနဲ့အခိုင်အမာရပ်တည်နေပါတယ်။သင်နဲ့သင့်မိသားစုရဲ့အပြုံးတွေပြန်လည်အသက်ဝင်ပြီး ပျော်ရွှင်ကြည်နူးအေးချမ်းမှုဆိုတဲ့ကောင်းမွန်တဲ့စိတ်ခံစားချက်လေးတွေပြန်လည်ခံစားနိုင်စေဖို့Bambi 2 ကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။ File size… 1 GB / 502 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ..... Adventure , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by ...
movie
Bambi II (2006)
2006
7.2
No Dogs or Italians Allowed (2022)
၂၀ရာစုအစပိုင်းကာလရဲ့နိုင်ငံရေးနဲ့ စီးပွားရေးအပြောင်းအလဲတွေကြားမှာ လုပ်ရှားရုန်းကန်ခဲ့ရတဲ့ မိသားစုလေးအကြောင်းကိုရိုက်ပြထားတဲ့ Animation/Coloring Cartoon ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးရဲ့ထူးခြားချက်ကတော့ အဲဒီကာလအတွင်းမှာဖြစ်ပျက်ခဲ့တဲ့ မိသားစုနဲ့ နိုင်ငံရေးအခက်အခဲတွေကို သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်တာမဟုတ်ဘဲနဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ သရုပ်ဆောင်ပြီးတော့ ဇာတ်ကွက်ကို ပုံဖော်သွားတာပဲဖြစ်ပါတယ်အီတလီနိုင်ငံမြောက်ပိုင်း အူတဲရာ ကျေးရွာလေးမှာနေထိုင်တဲ့မိသားစုလေးရဲ့ဘဝဇာတ်ကြောင်းကို မြေးတော်စပ်သူတစ်ယောက်ကနေ Background Story အနေနဲ့ပြန်လည်တမ်းတတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ဒီဇာတ်ကားလေးကို ကြည့်ရင်းကြည့်ရင်းနဲ့ ရင်ထဲမှာ ခံစားချက်တစ်ခုခုကျန်ခဲ့မယ့် Feeling မျိုးပေးစွမ်းမယ့် အကြောင်းအရာတွေကို ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ Rating ကလည်းကောင်းကောင်းနဲ့ဆိုတော့ ပြောစရာမလိုတော့ဘူးပေါ့ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။ File size…(930 Mb)/(470 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:10:00 Genre...Animation Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie
No Dogs or Italians Allowed (2022)
6.6
Titan A.E. (2000)
Titan A.E. (2000)~ IMDb - 6.6/10, Rotten Tomatoes - 50% ~အဟောင်းထဲက ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Matt Damon နဲ့ Drew Barrymore တို့လို နာမည်ကြီးတွေ အသံသရုပ်ဆောင်ထားတဲ့ Animation ဇာတ်ကားကောင်းတစ်ခုပေါ့။ဂလက်ဆီ တစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ ဒရက်ဂ်ျ ဆိုတဲ့ မျိုးနွယ်စုကြီးတစ်ခု ရှိပါတယ်။ 3028 ခုနှစ်မှာတော့ ကမ္ဘာမြေမှာ အရမ်းကို စွမ်းအားကြီးတဲ့ တိုက်တန် ပရောဂျက်တစ်ခုကို လူသားမျိုးနွယ်တွေ ပြင်ဆင်ထားခဲ့ပါတယ်။ ဒရက်ဂ်ျတွေဟာ ဒီတိုက်တန်ပရောဂျက်ကို တားဆီးဖို့အတွက် လူသားမျိုးနွယ်ကို မျိုးသုဉ်းဖျက်ဆီးပြီး ကမ္ဘာမြေကို ဖောက်ခွဲပစ်ခဲ့ပါတယ်။ တိုက်တန်ပရောဂျက်ရဲ့ အဓိက ခေါင်းဆောင် ဆမ်ဟာ လူမမယ်သားလေး ကေးလ်ကိုတော့ လွတ်မြောက်ရေးယာဉ်ထဲ ထည့်ပေးလိုက်ပြီး သူကတော့ ဒရက်ဂ်ျတွေနဲ့ ရင်ဆိုင်ခဲ့ပါတယ်။နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ အနည်းငယ်သာ ကျန်ရှိတော့တဲ့ လူသားမျိုးနွယ်စု ဆက်လက်ရှင်သန်ရေးက ...
movie
Titan A.E. (2000)
2000
6.2
Scarygirl (2023)
ပေါ့ပေါ့ပါးပါးနဲ့ ကာတွန်းလေးပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်လတ်တလောကမှထွက်ရှိထားတဲ့ ကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ဂြိုဟ်တစ်ခုပေါ်က အလင်းမြို့တော်ဆိုတဲ့ မြို့မှာ Doctor Maybeeဆိုတဲ့သိပ္ပံပညာရှင်တစ်ဦးရှိပါတယ်။ သူဟာအဲ့ဂြိုဟ်ရဲ့ နေလုံးကနေစွမ်းအားတွေစုပ်ယူပြီးစမ်းသပ်ချက်တွေပြုလုပ်နေသူပါ။ ဒါ့အပြင် အဲ့ဂြိုဟ်မှာအရမ်းရှားတဲ့ရေဘဝဲတွေကိုလည်း ကြေးစားတွေငှားပြီးရှာဖမ်းခိုင်းထားပါသေးတယ်။တစ်ဖက်က အလင်းမြို့တော်နဲ့ဝေးတဲ့ နေရာမှာတော့ ဘလစ်စတာဆိုတဲ့ရေဘဝဲကြီးရှိပြီးနေရောင်ခြည်စွမ်းအင်လျော့ကျလာတာကြောင့် သေဆုံးကုန်ကြတဲ့အပင်တွေကိုသူ့အစွမ်းနဲ့ပြန်လည်ရှင်သန်အောင်ကူညီပေးနေသူပါ။ သူ့မှာ အာကီ လို့ခေါ်တဲ့သမီးလေးတစ်ယောက်ရှိပြီး အာကီက စက်တွေတီထွင်ရတာကိုဝါသနာပါသူဖြစ်ပါတယ်။တစ်နေ့မှာတော့ အလောင်းကစားတွေလုပ်တာကြောင့် အကြွေးတွေဝိုင်းနေလို့ရေဘဝဲလာရှာတဲ့ ဘန်နီဂုရု နဲ့ ဥ တို့နှစ်ယောက်ရယ် အာကီရယ်ဆုံမိကြပြီးအလင်းမြို့တော်ကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ဇာတ်လမ်းသွားလေးကလည်း ပျင်းစရာမကောင်းဘဲပေါ့ပေါ့ပါးပါးရှိပြီးanimation တွေကလည်း အတော်ကိုကောင်းလှပါတယ်။ Australia ကရိုက်တဲ့ကားမို့Australian accent ကိုလေ့လာချင်တဲ့သူတွေလည်းကြည့်သင့်တဲ့ကာတွန်းလေးပါ။ဒီတော့ ဇာတ်ကားလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…1.56GB / 743MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Animation , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
movie
Scarygirl (2023)
First
9
10
11
12
13
Last
Previous
Next