Channel Myanmar

Adventure

Returner ( 2002 ) 6.5
Returner ( 2002 ) IMDb Rate 6.5 ရရှိထားတဲ့ဂျပန်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်Action / Adventure / Sci-Fi အမျိုးအစားတွေကိုကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေအတွက်တော့ အတော်လေးကိုသဘောကျမယ့်ဇာတ်ကားပါပဲ ဇာတ်လမ်းအညွှန်းကတော့Spoil မဖြစ်အောင်နည်းနည်းရှောင်ရေးလိုက်ပါမယ်ဂြိုလ်သားတွေကျုးကျော်မှုကို အသေအကြေတိုက်ခိုက်နေရတဲ့လူသားတွေထဲက မီလိဆိုတဲ့ ကောင်မလေးတစ်ယောက်တာဝန်ကြီးတစ်ခုကို ထမ်းဆောင်ဖို့ အချိန်ယန္တရားအကူအညီနဲ့အတိတ်ကို ပြန်လည်ရောက်ရှိခဲ့တယ်။ဒီတာဝန်ကို ထမ်းဆောင်ရာမှာ မိယာမိုတိုဆိုတဲ့ ကြေးစားလူသတ်သမားပါ ပါဝင်လာခဲ့ရတယ်။ဒီတာဝန်ကြီးက ဘာတာဝန်လဲ...ဒီကျူးကျော်ဂြိုလ်သားတွေရဲ့နောက်ကွယ်မှာရော ဘာတွေရှိနေမှာလဲ...မီယာမိုတိုကရော ဒီတာဝန်ကို ဘယ်လို ကူညီပေးမှာလဲ...ခံစားချက်ကောင်းတစ်ခုကို ပေးနိုင်မယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ Translated & Review By Chu ChuEncoded By LK
movie

Returner ( 2002 )

2002
Pokémon Detective Pikachu (2019) 6.9
Pokémon Detective Pikachu (2019) CM Fan အားလုံး စောင့်မျှော်နေကြတဲ့ ချစ်ဖို့ကောင်းတဲ့ပီကာချူး လေး ရဲ့ ပိုကီမွန် ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါပြီ ဇတ်လမ်းပုံစံ ကတော့ တင်မ် ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ပိုကီမွန်ထရိန်နာ ဖြစ်ချင်နေသူပါ တစ်ရက်မှာတော့ တင်မ် ရဲ့ အဖေ ကွယ်လွန်သွားပြီလို့အကြောင်းကြားလာတာကြောင့် ရိုင်းမ်မြို့တော်ကိုထွက်လာခဲ့ပါတယ်... ပိုကီမွန် တွေ နဲ့ လူတွေ တစ်သားထဲ ရင်ဘောင်တန်းနေနိုင်တဲ့မြို့ဖြစ်ပြီး ပိုကီမွန်တွေကလဲ လူသားတွေ နဲ့ အလုပ်တူတူလုပ်ကြပါတယ် ဖခင်ဖြစ်သူ ရဲ့ အိမ်ကို ရောက်လာတဲ့ တင်မ် ဟာပီကာချူး နဲ့ အမှတ်မထင် တွေ့ဆုံကြရင်းပီကာချူး စကားပြောတာကို နားလည်ပြီးကြားနိုင်စွမ်းရှိတာတင်မ် တစ်ယောက်ထဲ ရှိတာကို သိသွားတဲ့ နောက်မှတော့တင်မ် ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားတဲ့ ကိစ္စမှာတင်မ် နဲ့ ပီကာချူး တို့ တွဲဖက်ညီညီ ပူးပေါင်းပြီးအဖြေရှာကြတဲ့ အခါမှာတော့.... ဒီဇတ်လမ်းဟာ ပီကာချူး မူလ Animation ကားတွေနဲ့မတူညီပဲ ကွဲထွက်နေမှာဖြစ်ပြီး ရသ ...
movie

Pokémon Detective Pikachu (2019)

2019
Missing Link(2019) 7.0
Missing Link(2019) Missing Link(2019) IMDb.....7.0 Animation ဇာတ်ကားကောင်းတွေကို တမ်းတလွမ်းဆွတ်နေကြတဲ့ ပရိသတ်ကြီးအတွက် ၂၀၁၉ထဲမှာ ပူပူနွေးနွေး ထွက်ထားတဲ့ Missing Link (ပျောက်ဆုံးနေသော ကွင်းဆက်) ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်… ဇာတ်ကားလေးဟာ ၁၈ရာစု ပတ်ဝန်းကျင်ကို ဇာတ်အိမ်တည်ထားပြီးတော့ လိုင်နယ် ဖရော့စ်ဆိုတဲ့ စွန့်စားရှာဖွေသူတစ် ဦးဟာ နယူးယောက်က အကြီးမားဆုံး စွန့်စားရှာဖွေသူတွေရဲ့ အသင်းကိုဝင်ချင်တဲ့အတွက် ဒဏ္ဍာရီလာ သတ္တဝါတွေ ကို လိုက်လံစွန့်စား ရှာဖွေပါသော်လည်း အချည်းနှီးသာ ရလဒ်နောက်ဆုံး နိဂုံးချုပ်နေကျဖြစ်တဲ့အတွက် ကလပ်ကလူတွေအတွက် သူဟာ လှောင်ပြောင်စရာပဲဖြစ်နေခဲ့ပါတယ် … တစ်နေ့တော့ ကလပ်ကလူကြီးနဲ့အလောင်းအစားတစ်ခုပြုလုပ်ပြီး နှင်းလူမျိုးနွယ် ဒဏ္ဍာရီလာ ခြေရာကြီးသတ္တဝါကို ရှာဖွေဖို့ ဟိမဝန္တာတောင်တန်းကြီးဆီကို စွန့်စားခန်းထွက်လာပါတော့တယ်။ ကိုင်း...သူစွန့်စားခန်းကြီးအောင်မြင်ပါ့မလား...လူတွေရဲ့ အထင်သေးတဲ့အမြင်တွေကို ပြောင်းလဲပေးနိုင်မလား....သူ့စွန့်စားခန်းတွေမှာရော ဘယ်လိုအန္တရယ်မျိုးစုံနဲ့တွေ့ဆုံမလဲ... သူကရောဖြတ်ကျော်နိုင်ပါ့မလား..... ဒီဇာတ်ကားလေးမှာ နောက်ခံအသံသရုပ်ဆောင်များအဖြစ် နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Hugh Jackman…Zach Galifianakis….Zoe Saldana စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်… ဟာသအသောလေးတွေနဲ့ စွန့်စားခန်းတွေရင်ထိတ်စရာတွေ တွေ့ကြုံခံစားရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူကြပါဦး… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်....  File Size ...
movie

Missing Link(2019)

2019
Dreadout: Tower of Hell (2019) 5.7
Dreadout: Tower of Hell (2019) အရှေ့တောင်အာရှရုပ်ရှင်စျေးကွက်မှာ ထိုင်း၊အင်ဒိုနီးရှား နိုင်ငံများရဲ့ရုပ်တွေက တော်တော်လေးလေးပေါက်ပေါက်ရောက်ရောက်ရှိပါတယ်။သရဲကားဆိုရင်လည်း ထိုင်း၊ အင်ဒို၊ မလေးရှား အစရှိတဲ့ဇာတ်ကားတွေသာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ဒီတစ်ခါမှာတော့ မကြာခင်ကမှထွက်ရှိထားတဲ့ အင်ဒိုနီးရှားသရဲကား DreadOut ကိုတင်ဆက်ပေးချင်ပါတယ်။Jump scare တွေများများစားစားမပါဘဲ အဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့် Horror ကားမျိုး ကြည့်ချင်သူတွေဆိုရင် ဒီကားကိုကြည့်ဖို့ လက်တို့ပါရစေ။ဇာတ်လမ်းအကျဉ်းကတော့... Jessica, Beni, Dian တို့သုံးယောက်က အထက်တန်းကျောင်းသူ/သား တွေပါ။မျက်မှောက်ခေတ်ဆယ်ကျော်သက်တွေရဲ့ထုံးစံအတိုင်း Social Network တွေရဲ့လွှမ်းမိုးမှုကို အကြီးအကျယ်ခံထားရတဲ့သူတွေပေါ့။သူတို့သုံးယောက်က Social Network ပေါ်မှာ ပေါ်ပြူလာဖြစ်ချင်တာကြောင့် နှစ်အတော်ကြာစွန့်ပစ်ထားတဲ့ တိုက်အိုကြီးပေါ်သွားပြီး Live လွှင့်ကာ Follower ရှာဖို့ကြံကြပါတယ်။အဲဒီမှာ Alex ဆိုတဲ့ခပ်ရမ်းရမ်းကျောင်းသားတစ်ယောက်ရယ်၊ Erik ဆိုတဲ့စော်ကြည်ဘဲတစ်ယောက်ကိုပါ ချောဆွဲကြပါတယ်။နောက်ထပ်ချောဆွဲခံလိုက်ရတာက Linda၊ Linda က သူတို့တွေရဲ့ ဂျူနီယာတစ်ယောက်၊ မိသားစုအဆင်မပြေလို့ စတိုးဆိုင်မှာ ကျောင်းတစ်ဖက်နဲ့အလုပ်လုပ်နေရတဲ့သူ။သူ့ကိုခေါ်ရတဲ့အကြောင်းအရင်းက တိုက်အိုကြီးရဲ့အစောင့်နဲ့ ရင်းနှီးတာကြောင့် သူတို့အသာတကြည်ဝင်ခွင့်ရအောင် ခေါ်ချင်တာ။Linda ...
movie

Dreadout: Tower of Hell (2019)

2019
Reindeer Games (2000) 5.7
Reindeer Games (2000) ရူဒီဒွန်ကန်နဲ့ နစ်ခ်ဟာ တစ်ခန်းတည်း အတူကျနေသလို လွတ်ရက်ကလဲ နှစ်ရက်လောက်ပဲလိုတော့တဲ့ အခန်းဖော် အကျဉ်းသား သူငယ်ချင်းနှစ်ယောက်ပါ။ ထောင်ကနေလွတ်တဲ့အခါ ရူဒီက မွေးရပ်မြေကိုပြန်ပြီး သူ့အဖေနဲ့ ဘောလုံးပွဲကြည့် ခရစ်စမတ် ညစာစားဖို့ စိတ်ကူးယဉ်သလို နစ်ခ်ကလဲ သူနဲ့ လူချင်းမတွေ့ဖူးပဲ စာတွေနဲ့ပဲ ရင်းနှီးနေတဲ့ မိန်းမလှလေး အက်ရှ်လေနဲ့ တွေ့ဆုံ ဘ၀ခရီးဆက်ဖို့ မျှော်လင့်ထားပါတယ်။ သူ့အခန်းနံရံတွေပေါ်မှာလဲ အက်ရှ်လေ ပုံတွေချည်းပါပဲ။ တကယ်တမ်းထောင်ကလွတ်ဖို့ ရက်ပိုင်းအလိုမှာတော့ ထောင်တွင်းအကြမ်းဖက်မှုတစ်ခုမှာ ရူဒီကိုယ်စားဝင်ခံရင်း နစ်ခ် အသက်ဆုံးရှုံးခဲ့ရတယ်။ ရူဒီ ထောင်ကအထွက် နစ်ခ်ကိုလာကြိုနေတဲ့ အက်ရှ်လေ အလှမှာ မိန်းမောရာကနေ နစ်ခ်အယောင်ဆောင်ဝင်ရောမိပါတော့တယ်။ သူ ပျော်ရွှင်နေသေးလို့မ၀ခင်မှာပဲ လက်နက်ကိုင် လူတစ်စုက သူတို့တည်းခိုတဲ့အခန်းကို ၀င်စီးပြီး သူနဲ့အက်ရှ်လေကို ဖမ်းခေါ်သွားတဲ့အချိန်ကျမှ သိလိုက်ရတာက နစ်ခ်နဲ့ အက်ရှ်လေဟာ ထောင်ကလွတ်ရင် နစ်ခ် အရင်က အလုပ်လုပ်ဖူးတဲ့ ကတ်စီနို တစ်ခုကို ၀င်စီးဖို့ တိုင်ပင်ထားတယ်။ သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်နက်ကိုင်ခေါင်းဆောင်ဟာ အက်ရှ်လေ အစ်ကို ဖြစ်ပြီး ကတ်စီနိုကို ၀င်စီးတဲ့အခါကျရင် အဲ့ဒီနေရာကိုရင်းနှီးကျွမ်းဝင်ပြီးသား ...
movie

Reindeer Games (2000)

2000
See You Yesterday (2019) 5.0
See You Yesterday (2019) ကိုယ်ချစ်တဲ့အရာတွေကို ဆုံးရှုံးရပြီးတော့ ပြန်လည်ပြင်ဆင်ဖို့အခွင့်အရေးလည်း သင့်မှာရှိတယ်ဆိုရင် သင်ဘာလုပ်မှာလဲ။ဒီတစ်ခါတော့ Netflix က ထုတ်ထားတဲ့ Sci-fi ကားလေးတစ်ကားဖြစ်တဲ့Time Machine ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးကတော့ စီဂျေနဲ့ ဆဘတ်ရှန်ဆိုတဲ့ အထက်တန်းကျောင်းသားကျောင်းသူလေးနှစ်ယောက်က တစ်နေ့မှာ Time Machine ကို တီထွင်နိုင်ခဲ့ပြီးအဲဒီ့အချိန်မှာပဲ သူချစ်ရတဲ့အကိုဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အခါမှာဒီစက်ကို အသုံးပြုပြီးတော့ သူတို့ဘာတွေ ဆက်လုပ်ကြမှာလဲ။ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာဖြစ်ပါတယ်။အားပေးကြပါဦးဗျာ File Size : ( 811 MB) & ( 264 MB)Quality :Web DL 720pRunning Time :1hr 24 minFormat : Mp4Genre :Animation , Adventures , ...
movie

See You Yesterday (2019)

2019
Iron Sky: The Coming Race (2019) 5.1
Iron Sky: The Coming Race (2019) ကမ္ဘာကြီးဘယ်လိုဖြစ်တည်လာတယ်ဆိုတာရယ်ဘယ်လိုပျက်စီးသွားမယ်ဆိုတာနဲ့ ပတ်သက်ပြီး သီအိုရီတွေ၊အတွေးအခေါ်တွေ၊ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေများစွာရှိသလိုအခုရုပ်ရှင်လေးဟာလည်း မတူညီတဲ့ အတွေးအမြင်တစ်ခုနဲ ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်တော်တော်များများရဲ့ သီအိုရီတွေကို သုံးထားသလိုဆန်းသစ်တဲ့အမြင်စိတ်ကူးအသစ်ကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ ကမ္ဘာကြီးပျက်စီးသွားလို့ လကမ္ဘာပေါ်မှာနေထိုင်နေရတဲ့ လူသားမျိုးနွယ်တွေဟာ ရှင်သန်ဖို့အတွက် ဘယ်လိုအခက်အခဲတွေကြားမှာလှုပ်ရှားရုန်းကန်ပြီး ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။တွေးစရာလေးတွေ ဖြစ်လာစေနိုင်တဲ့ ကားကောင်းတစ်ကားမို့ ကြည့်ရှုအားပေးကြပါဦး File Size : ( 869 MB) & (322 MB)Quality :Web DL 720pRunning Time :1hr 29 minFormat : Mp4Genre :Animation , Adventures , ComedySubtitle : Myanmar Subtitle (Hard Sub)Translated by Tar ...
movie

Iron Sky: The Coming Race (2019)

2019
Two Tails (2018) 5.5
Two Tails (2018) ဒီကာတွန်းကားလေးကတော့ ဂြိုဟ်သားတစ်စု ကမ္ဘာမြေပေါ်ကို စွမ်းအင်အရင်းအမြစ်တစ်ခုရှာဖွေဖို့ ရောက်လာရင်း ကိစ္စပေါင်းစုံ ကြုံရတဲ့အကြောင်းကိုချစ်စဖွယ်ရိုက်ကူးထားခြင်းပဲ ဖြစ်ပါတယ်မက်စ်ဆိုတဲ့ကြောင်လေးက အင်မတန်မှကို နာမည်ကြီးချင်တဲ့ကြောင်လေးပါအဆိုကိုလည်းအင်မတန်ဝါသနာပါပါသေးတယ်ဒါပေမယ့်လည်း သူသီချင်းဆိုရင် ကားပေါ်က ကန်ချတဲ့သူက ကန်ချ၊နားပိတ်ထားတဲ့သူကပိတ်ထား ထွက်ပြေးတဲ့သူကပြေး ဖြစ်ရလောက်တဲ့အထိသီချင်းဆိုကောင်းသူပါ ဘော့ကတော့ သူ့သူငယ်ချင်းဖျံလေးပါတောအုပ်ထဲမှာအလုပ်အကြိုးစားဆုံးဖျံလေးပါပဲသူတို့နှစ်ယောက်အေးရာအေးကြောင်း နေလာရင်းနဲ့ တစ်ရက်မှာတော့သူတို့နားကို ပန်းကန်ပြားပျံကြီး ပျက်ကျလာပါတော့တယ်ဂြိုဟ်သားလေးတွေက ခင်မင်နှစ်လိုဖွယ်ရှိပေမယ့်သူတို့နောက်ကိုလိုက်လာတဲ့ တစ်ဖွဲ့ကတော့ ရန်လိုတာမှ အတိုင်းထက်အလွန်ပါ.ရောက်လာတာနဲ့အကုန်လျှောက်ဖမ်းရင်း မက်စ်နဲ့သူငယ်ချင်းတွေပါပါသွားတဲ့အခါမှာတော့ မက်စ်ခမျာ ပြန်လည်ကယ်တင်ဖို့လုပ်ရပါတော့တယ်ဒီကြားထဲမှာ ဂြိုဟ်သားတွေကိုဖမ်းချင်နေတဲ့ညီအစ်ကိုနှစ်ယောက်ကိုလည်း ရှောင်ရပါသေးတယ်နောက်ဆုံး မက်စ်ဘယ်လိုဖြေရှင်းလိုက်နိုင်မလဲဆိုတာ ပိတ်ကားထက်မှာဆက်လက်ကြည့်ရှုကြပါစို့ မတူညီပေမယ့် ကွာခြားပေမယ့်သူငယ်ချင်းတွေအဖြစ်ရပ်တည်နိုင်ပြီး သူငယ်ချင်းအတွက်ဆိုအသက်ပဲပေးရ ပေးရ ဆိုတဲ့ သံယောဇဉ်တွေကိုလည်းဒီဇာတ်ကားလေးထဲမှာ ...
movie

Two Tails (2018)

2018
Bee Movie(2007) 6.1
Bee Movie(2007) Bee Movie(2007)IMDb....6.1ပျော်စရာကာတွန်းကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ် Bee Movie ဆိုတဲ့၂၀၀၇ ခုနှစ်ကထွက်ရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်  Animationပရိသတ်တွေနဲ့ ကလေးတွေအကြိုက်တွေ့စေမယ့်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် …ဇာတ်ကားလေးထဲမှာပျားကလေးတွေ ဘယ်လိုအလုပ်လုပ်ကြတယ်ဆိုတာကိုဗဟုသုတအနေနဲ့မြင်တွေ့ရမှာဖြစ်ပြီးပျားတွေနဲ့လူတွေသာစကားပြောဖြစ်ကြရင် ဘယ်လိုတွေဖြစ်လာမလဲဆိုပြီးစိတ်ကူးယဉ်ဇာတ်လမ်းလေးဖွဲ့ထားတာပဲဖြစ်ပါတယ်...ပျားတွေဟာ နှစ်သန်းပေါင်း ၂၇နှစ်ကြာအောင် ကမ္ဘာပေါ်မှာတစ်ရက်မနားဘဲအလုပ်လုပ်နေကြတဲ့ အကောင်လေးတွေဖြစ်ပါတယ်…တစ်ရက်မှာဘယ်ရီဆိုတဲ့ ပျားကလေးတစ်ကောင်ဟာကျောင်းပြီးဘွဲ့ရလို့ အလုပ်ခွင်ဝင်ရမယ့် အချိန်ရောက်လာခဲ့ပေမယ့်ပျားတွေလုပ်ရမယ့် သာမန်အလုပ်ကိုမလုပ်ချင်ဘဲစူးစမ်းချင်စိတ်ရှိတဲ့ ဘယ်ရီဟာပျားအုံရဲ့အပြင်ကိုထွက်သွားမိရာကနေ …လူသားတွေနဲ့ တွေ့ဆုံမိတဲ့အခါမှာဘယ်လိုစွန့်စားမှုမျိုးတွေ ကြုံရမှာလဲ ကိုယ်တိုင်ကြည့်ရှုခံစားနေတော်မူကြပါ…။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်...... File Size : (850 MB) and (350 MB) Quality : Blu-Ray 720p Format…mp4 Duration…01:31:00 Genre :  Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Phyo Pyae
movie

Bee Movie(2007)

2007
Last Sunrise ( 2019 ) 6.6
Last Sunrise ( 2019 ) ဒီကား​လေးဟာ Imdb 6.6ရထားတဲ့2019ထွက်​ဇာတ်​ကား​ကောင်း​လေးတစ်​ပုဒ်​ဖြစ်​ပါတယ်​Helio´sရဲ့ CEO ဝမ်​ယွင်​ဟာ​နေ​ရောင်​ခြည်​စွမ်းအင်​အသုံးပြုပြီးလူသား​တွေအတွက်​ နယ်​​မြေသစ်​တစ်​ခုကိုဖန်​တီး​ပေးခဲ့ပါတယ်​...ဒီလိုနဲ့တစ်​​နေ့မှာ​နေမင်းကြီးရုတ်​တရက်​​ပျောက်​ကွယ်​သွားတဲ့အခါ​နေ​ရောင်​ခြည်​စွမ်းအင်​သုံးစနစ်​​တွေအားလုံးရပ်​တန့်​သွားပြီးမထိန်းချုပ်​နိုင်​​တော့တဲ့အခါ အရာအားလုံးက​မောက်​ကမဖြစ်​ကုန်​ပါတယ်​..​နေမင်းကြီး မ​ပျောက်​ကွယ်​ခင်​မှာအ​ကြောင်းအချက်​အလက်​​တွေကိုကြိုသုံးသပ်​နိုင်​ခဲ့တဲ့နက္ခတ်​ပညာရှင်​စွင်းယန်​ နဲ့သူ့အိမ်​နီးချင်းမိန်းက​လေ​နေမင်းတို့ဟာ​နေမင်းကြီး​ပျောက်​ကွယ်​ပြီး​နောက်​ပိုင်းမှာ က​မောက်​ကမ​တွေဖြစ်​​နေတဲ့နယ်​​မြေ​တွေကိုဘယ်​လို​ကျော်​ဖြတ်​သွားမလဲ...စွမ်းအင်​အပြည့်​အဝရရှိထား​သေးတဲ့ နယ်​​မြေ၄ဆိုတာရှိတယ်​လို့သိလိုက်​ရချိန်​မှာ အဲ့​နေရာကိုအ​ရောက်​သွားနိုင်​ပါ့မလား...ဘယ်​လိုအခက်​အခဲ​တွေကြုံ​တွေ့ရမှာလဲ...ဇာတ်​လမ်းတစ်​ခုလုံးကိုစိတ်​လှုပ်​ရှားဖွယ်​ကြည့်​ရှုရမှာဖြစ်​ပါတယ်​ Translated & Review By Phyo ZawEncoded  By LK
movie

Last Sunrise ( 2019 )

2019