Channel Myanmar
Adventure
Ad Astra (2019) 7.0
Ad Astra (2019) unicodeဘရက်ပစ်ရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်လာပါပြီ။ဇာတ်လမ်းနာမည်ကတော့ လက်တင်ဘာသာစကားလုံးကိုယူထားတာဖြစ်ပြီး “ကြယ်တွေဆီသို့” လို့ အဓိပ္ပါယ်ရပါတယ်။သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် စစ်စစ်ပါပဲ။ဇာတ်လမ်းကတော့ အနာဂတ်ကာလမှာပေါ့။လူတွေဟာ လကမ္ဘာနဲ့ နေအဖွဲ့အစည်းက ဂြိုလ်တွေပေါ်မှာစခန်းတွေဆောက်ပြီး သုတေသနတွေ လုပ်နေကြပါပြီ။ဒီ အာကာသ သုတေသနတွေရဲ့ သူရဲကောင်းကြီးတစ်ယောက်ဖြစ်တဲ့ဒေါက်တာ ကလစ်ဖို့ မက်ဘရိုက်ဟာ အာကာသထဲမှာအသိဉာဏ်ရှိတဲ့ သက်ရှိတွေကို ရှာဖို့ နေအဖွဲ့အစည်းရဲ့ အဆုံးအစွန်ထိ သွားရင်းပျောက်ဆုံးသွားခဲ့ပါတယ်။၁၀ နှစ်ကျော်ကြာလာတဲ့အခါ အဲဒီပျောက်ဆုံးသွားတဲ့ အဖွဲ့ရဲ့ယာဉ်စခန်းကနေ ကမ္ဘာနဲ့ဂြိုလ်တွေအားလုံးကို အန္တရာယ်ပေးမယ်စွမ်းအင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။အဲဒါကြောင့် ဒေါက်တာ မက်ဘရိုက်ကို ရှာဖို့ သူ့ရဲ့ သားဖြစ်သူဗိုလ်မှူး ရွိုင် မက်ဘရိုက်က အာကာသထဲကို စွန့်စားခန်းဖွင့်ရပါတော့တယ်။ဒီရုပ်ရှင်ကတော့ အာကာသထဲကို ခရီးသွားတာတွေကိုသဘာဝကျကျမြင်ချင်ရင်၊ အခက်အခဲတွေကိုရင်တမမနဲ့ ကြည့်ချင်ရင် ကြည့်သင့်တဲ့ ရုပ်ရှင်မျိုးပါပဲ။File Size : ( 1 GB , 437 MB )Quality :  WebRip 720pRunning Time : 2 ...
movie
Ad Astra (2019)
2019
TKKG (2019) 5.5
TKKG (2019) တင်မ်ဆိုတဲ့ကောင်လေးတစ်ယောက်က ပညာသင်ဆုရပြီးကျောင်းအိပ်ကျောင်းစားကျောင်းတစ်ခုကို ပြောင်းလာရပါတယ်။အဲမှာ့ သူ့အခန်းဖော်က သူဌေးသား ဝီလီပေါ့။အဲမှာ ဝီလီကိုကျောင်းလိုက်ပို့တဲ့ ဝီလီ့အဖေရဲ့လက်ထောက်ကအပြန်မှာလေယာဥ်ပျက်ကျသွားတယ်။အဲလေယာဥ်ပေါ်မှာတရုတ်ပြည်ရှောင်လုံကျောင်းတော်ကရွှေရုပ်တုတစ်ခုပါ ပါသွားတဲ့အခါ...တင်မ်နဲ့ဝီလီတို့က ဒီအမှုရဲ့နောက်ကိုလိုက်ပြီး စုံစမ်းကြရင်းဘယ်လိုအခက်အခဲတွေကျော်ဖြတ်သွားရမလဲ...အမှုမှန်ရောပေါ်ပေါက်နိုင်ပါ့မလား...ဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားကြပါ File Size : ( 899 MB , 344 MB )Quality :  WEB-DL 720pRunning Time : 1 hr 35 minFormat : Mp4Genre :  Adventure , Comedy , CrimeSubtitle : Myanmar Subtitle (Hard Sub)Translated by HMOEncoded by Moe Myint Lwin 
movie
TKKG (2019)
2019
The Physician (2013) 7.2
movie
The Physician (2013)
2013
The Knight Before Christmas (2019) N/A
movie
2019
The Climbers ( 2019 ) 5.3
The Climbers ( 2019 ) Zawgyi*******၁၉၆၀ ခုနှစ်၊ ဧဝရက်တောင်ရဲ့ တောင်စောင်းအောက်မှာတရုတ်နိုင်ငံတောင်တက်သမား လေးယောက် အခက်ခဲဆုံးအခြေအနေကို ရင်ဆိုင်နေရတယ်။ဒါဟာ သူတို့ရဲ့ ၅ ကြိမ်မြောက် ကြိုးပမ်းခြင်း ဖြစ်ပြီး အရင် ၄ ကြိမ်ရဲ့ကျရှုံးမှုကြောင့် ခန္တာကိုယ်မှာ ခွန်အား အများအပြား ဆုံးရှုံးထားပြီးဖြစ်တယ်။နောက်ဆုံးမှာ လေပြင်းတိုက်တာ လျော့နည်းလာပြီးတော့ အခွင့်အရေးပေါ်သောအခါ...Climber (2019) က ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပြီးဆုရဒါရိုက်တာကြီး Daniel Lee မှရိုက်ကူပြီး‌တော့ နာမည်ကြီးသရုပ်ဆောင် Wu Jing နဲ့ Zhang Ziyi တို့က ဦးဆောင်ပါဝင်ထားပါတယ်။ဒီဇာတ်လမ်းဟာ ဧဝရက်တောင်ကို မြောက်ဘက်ကနေပထမဆုံးတက်ခဲ့သူများအကြောင်းဖြစ်ပါတယ်။ ဧဝရက်တောင်တက်တဲ့လမ်းတွေထဲမှာ မြောက်ဘက်က အကြမ်းတမ်းအခက်ခဲဆုံးဖြစ်တဲ့အတွက် ဘယ်လိုရင်ခုန်စရာ စွန့်စားခန်းတွေတွေ့ရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။(ဇာတ်လမ်းအဆုံးမှာ surprise လေးတစ်ခုပါတယ်နော်) Unicode*******၁၉၆၀ ခုနှစ်၊ ဧဝရက်တောင်ရဲ့ တောင်စောင်းအောက်မှာတရုတ်နိုင်ငံတောင်တက်သမား လေးယောက် အခက်ခဲဆုံးအခြေအနေကို ရင်ဆိုင်နေရတယ်။ဒါဟာ သူတို့ရဲ့ ၅ ကြိမ်မြောက် ကြိုးပမ်းခြင်း ဖြစ်ပြီး အရင် ၄ ...
movie
The Climbers ( 2019 )
2019
The Nightingale (2019) 7.2
The Nightingale (2019) ဒီတစ်ခါတော့ Channel Myanmar ပရိသတ်သတ်ကြီးအတွက်Imdb Rating 7.2/10, Rotten Tomatoes 86% တောင်ရရှိထားတဲ့ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။အားလုံးချစ်တဲ့ Me before you ဇာတ်ကားထဲကမင်းသားချော Sam Claflin ကိုပုံစံအသစ်တစ်မျိုးနဲ့တွေ့မြင်ရမှာပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲဖော်ပြလိုပါသေးတယ်။လောကဓံနဲ့ရင်ဆိုင်ခဲ့ရတဲ့ တေးသီငှက်လေးအကြောင်းပါပဲ။ကလဲရာဆိုတဲ့ အိုင်ယာလန်သူလေးဟာဗြိတိသျှ စစ်တပ်တွေကို တေးသီချင်းဆိုပြရတဲ့ တေးသီငှက်လေးပေါ့။သူ့မှာ ချစ်ရတဲ့ခင်ပွန်းနဲ့ ချစ်ရတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။သူမအလုပ်အကြွေးပြုနေရတဲ့ ဗြိတိသျှ တပ်ဖွဲ့ငယ်လေးရဲ့လက်ဖတင်နင်ကတော့ သူမကိုထိပါးစော်ကားပြီး ချုပ်ကိုင်ထားတဲ့သူပါ။တစ်နေ့မှာတော့ သူမရဲ့ဘဝထဲကိုကြံကြမ္မာဆိုးတစ်ခုဝင်ရောက်လာပါတော့တယ်။သူမဘယ်လိုဆက်ဖြစ်မယ်?ဘာတွေရင်ဆိုင်ရမယ်ဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့်ကားလေးပါ။လူမျိုးရေးရာခွဲခြားမှုတွေရယ်၊ချစ်ခြင်းမေတ္တာရယ်၊ရိုးသားဖြူစင်မှုတွေရယ် ရောထွေးတင်ဆက်ထားတဲ့ဒီကားလေးနာမည်ကတော့ The Nightingale (2019)ပါ File Size : ( 1 GB , 296 MB )Quality :  WEB-DL 720pRunning Time : 2 hr 16 minFormat ...
movie
The Nightingale (2019)
2018
Dora and the Lost City of Gold (2019) 6.1
Dora and the Lost City of Gold (2019) 2019 ရုံတင်ကား အသစ်လေးတင်ပေးထားပါတယ်။စွန့်စားခန်း ဟာသ ကလေးရုပ်ရှင်မျိုးပါပဲ။ဒိုရာဟာ ကာတွန်းတွေရော ဂိမ်းတွေရော ထွက်ထားခဲ့ပြီးသား ဇာတ်ကောင်တစ်ခုပါ။အဓိကကတော့ စွန့်စားခန်းတွေပဟေဠိတွေ စူးစမ်းရှာဖွေတာတွေကို လုပ်တဲ့ ကောင်မလေးပေါ့။ဒီဇာတ်ကားမှာလည်း ဒိုရာရဲ့မိဘတွေဟာ ဒိုရာနဲ့အတူ တောထဲမှာနေပြီးလေ့လာရေးလုပ်ကြပါတယ်။ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ ပါရာပါတာ ကို ရှာဖို့ပါပဲ။တစ်ရက်မှာ ဒိုရာကြောင့် ပါရာပါတာရဲ့ မြေပုံရသွားပြီးသူတို့ ၂ ယောက် မြို့တော်ကို ရှာဖို့ ခရီးထွက်ပါတော့တယ်။ဒိုရာကိုတော့ မြို့ပေါ်ကကျောင်းကိုပို့ထားပြီး စောင့်နေခိုင်းတာပေါ့။ဒါပေမယ့် ရတနာမုဆိုးတွေက ဒိုရာနဲ့ သူ့မိဘတွေနောက်ကို လိုက်လာတဲ့အခါမှဒိုရာ နဲ့ သူငယ်ချင်းတစ်သိုက် စွန့်စားခန်းတွေ ဖွင့်ရပါတော့တယ်။ဒိုရာ သရုပ်ဆောင်မင်းသမီး အစ်ဇ်ဘယ်လာမွန်နာဟာ၂၀၀၁ မွေးတာ ဖြစ်တာဖြစ်တာကြောင့် ဒီနှစ်ထဲမှာပဲ ၁၈ နှစ်ပြည့်သွားပါပြီ။သိချင်မလားလို့ ထည့်ရေးပေးထားတာပါ။ File ...
movie
2019
Cosmos (2019) 5.7
Cosmos (2019) အာကာသစကြဝဠာအကြောင်းလေ့လာတာကို စိတ်ဝင်စားတဲ့ ပရိတ်သတ်တွေအတွက်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ဒီကားလေးမှာတော့ မိုက်ခ်၊ ရွိုင်းနဲ့ ဟယ်ရီဆိုတဲ့လူသုံးယောက်က ဟိုးကောင်းကင်ကြီးပေါ် ကအရာတွေကိုလေ့လာဖို့ ပစ္စည်းကိရိယာတွေယူပြီးညဘက်ကြီးကွင်ပြင်တစ်ခုကို ထွက်လာခဲ့ကြတယ်။အဲမှာ ထူးဆန်းတဲ့အရာတစ်ခုကို သူတို့ခြေရာခံမိသွားတဲ့အခါ...ဒီလူသုံးယောက်က အတိတ်မှာ ဘယ်လိုအဆက်အစပ်တွေရှိကြလဲ၊သူတို့ရှာတွေ့သွားတဲ့အရာကရော ဘာဖြစ်မလဲ၊အဲအရာကိုကာကွယ်ဖို့ သူတို့ ဘယ်လိုကြိုးစားရမလဲဒါတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါ။သူငယ်ချင်းမိတ်ဆွေအစစ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုလည်းပါးပါးလေးချပြသွားပါသေးတယ်။ဇာတ်လမ်းက အလယ်လောက်အထိတော့နည်းနည်းလေးပျင်းဖို့ကောင်းတယ်လို့ ထင်ရပါလိမ့်မယ်။​ဒါပေမဲ့ နောက်ပိုင်းရောက်လာလေ စိတ်ဝင်စားဖို့ကောင်းလေပါပဲ File Size : (1 GB ,  449 MB )Quality :  WEB-DL 720pRunning Time : 2 hr 08 minFormat : Mp4Genre : Adventure , ...
movie
Cosmos (2019)
2019
Lady and the Tramp (2019) 6.7
Lady and the Tramp (2019) ငယ်ငယ်တုန်းကကြည့်ခဲ့ဖူးတဲ့ Lady and The Tramp ဆိုတဲ့ကာတွန်းကားလေးကိုအားလုံးမှတ်မိကြလားမသိဘူးခွေးလေးနှစ်ကောင် ပါစတာတစ်မျှင်ကိုစားရင်း အတူတူနမ်းမိသွားတဲ့အချိန်ဆိုတာငယ်ဘဝရဲ့ Romance ဆိုတာပေါ့။အခုအဲဒီချစ်ဖို့ကောင်းတဲ့ကာတွန်းကားလေးကို ဆန်းသစ်ရိုက်ကူးထားတဲ့ကားသစ်လေးထွက်ရှိလာပါပြီ။ဇာတ်လမ်းလေးနာမည်ကတော့ Lady and the Tramp (2019)ပါ။Walt Disney ကစီစဉ်ရိုက်ကူးထားတဲ့ ဒီကားလေးကတော့ကောင်းကောင်းနေကောင်းကောင်းစားရတဲ့ ခွေးမလေး လေဒီ နဲ့လမ်းဘေးခွေးလေး ထရမ့်ရဲ့ အချစ်ဇာတ်လမ်းလေးလို့ပြောရမှာပါပဲ။သူတို့ရဲ့ အချစ်တွေ၊စွန့်စားခန်းတွေ၊သူငယ်ချင်းတွေ၊သီချင်းတွေနဲ့ထုံလွှမ်းထားတဲ့ဒီကားလေးကတော့ကြည့်လို့တန်တဲ့ကားလေးလို့ပြောရမှာပါပဲ။ဇာတ်လမ်းကိုတော့ အထွေအထူးမညွှန်းတော့ပါဘူး။ဇာတ်လမ်းအဆုံးအထိ စိတ်ဝင်တစားကြည့်ရှုရမှာပါလို့ ညွှန်းလိုက်ပါတော့မယ် File Size : (963 MB ,  317 MB )Quality :  WEB-DL 720pRunning Time : 1 hr 43 minFormat : Mp4Genre : Adventure , Comedy , DramaSubtitle : ...
movie
Lady and the Tramp (2019)
2019
Peanut Butter Falcon (2019) 8.0
Peanut Butter Falcon (2019) လက်ရှိIMDbမှာ rating 7.9 နဲ့ tomatoမှာ 95%ရထားတဲ့Dramaကားကောင်းတစ်ကားပါ။ရင်းနှီးပြီးသားသရုပ်ဆောင်တွေလည်းပါဝင်ထားပါတယ်(Dakota Johnsonလေး) ဇာတ်လမ်းကတော့ဇက်ခ်ဆိုတဲ့၂၂နှစ်အရွယ်ကောင်လေးတစ်ယောက်ကဉာဏ်ရည်နိမ့်ပါးတဲ့ရောဂါဖြစ်နေပြီး သူ့ကိုစောင့်ရှောက်‌ပေးမယ့်မိသားစုမရှိတာကြောင့်အစိုးရကသူ့ကို သက်ကြီးဘိုးဘွားဂေဟာမှာ နေခိုင်းထားပါတယ်။ဒါပေမယ့် သူ့ရဲ့နပန်းသမားအိပ်မက်ကိုအကောင်အထည်ဖော်ဖို့အတွက်အဲ့ကနေထွက်ပြေးလာရင်း လမ်းမှာပြဿနာဖြစ်လို့ထွက်ပြေးလာတဲ့‌အကြမ်းဗတမ်းအကုန်ရတဲ့တောသားကြီးတိုင်လာနဲ့ တွေ့ဆုံမိသွားတယ်။နောက်တော့ ဇက်ခ်သွားမယ့်နေရာကတိုင်လာသွားမယ့်နေရာနဲ့ တစ်လမ်းတည်းဖြစ်နေတာကြောင့်သူတို့နှစ်ဦးသား အတူတူခရီးနှင်ဖြစ်သွားတာပေါ့။ဇက်ခ်ကိုလည်း ဂေဟာကစောင့်ရှောက်ပေးနေသူလေးကလိုက်ရှာ၊တိုင်လာကိုလည်း သူ့ကိုမကျေနပ်တဲ့သူတွေ(Yelawolfတောင်ပါသေး)ကလိုက်ရှာဆိုတော့ လမ်းမကနေမသွားဘဲပုန်းလျှိုးကွယ်လျှိုးနဲ့သွားလာနေကြရတာပေါ့။အဲ့လိုခရီးအတူတူနှင်ရင်းနဲ့ သူတို့နှစ်ဦးလမ်းခရီးမှာအခက်အခဲတွေကိုကျော်ဖြတ်ရင်း၊ဒုက္ခသုခတွေကိုမျှဝေရင်းနဲ့ဖြစ်လာတဲ့သံယောဇဉ်တွေ၊မေတ္တာတွေကိုညိမ့်ညိမ့်ညောင်းညောင်း‌ဖော်ကျူးတင်ဆက်ထားတဲ့ကားလေးပါ။Ratingတွေလည်းအရမ်းကောင်းနေတာမို့လို့ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။ File Size : ( 908 MB , 342 MB)Quality :  WEB-DL 720pRunning Time : 1 hr ...
movie
Peanut Butter Falcon (2019)
2019
The Angry Birds Movie 2 (2019) 6.5
movie
The Angry Birds Movie 2 (2019)
2019
Invisible Sue(2018) 5.5
Invisible Sue(2018) Invisible Sue(2018)(Zawgyi)ဇာတ်လမ်းအကျဉ်းကတော့ ဆူးဆိုတဲ့ မိန်းကလေးတစ်ယောက်မှာ အရမ်းတော်တဲ့ မျိုးရိုးဗီဇသိပ္ပံပညာရှင်အမေတစ်ယောက်ရှိတယ် သူ့အမေဟာ လူသားတွေကျန်းမာရေးအတွက် အထောက်အကူပြုမယ့် NT26D ပရောဂျက်တစ်ခုကို ပြုလုပ်နေခဲ့တယ် တစ်နေ့မှာဓာတ်ခွဲခန်းမတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး အဲ့ဆေးရည်တွေဟာ ဆူးနဲ့ထိတွေ့ခဲ့ပြီး ဆူးမှာကိုယ်ပျောက်လို့ရတဲ့ စွမ်းအင်တစ်မျိုးပိုင်ဆိုင်လိုက်တယ် ဒီဆေးဖော်မြူလာအကြောင်းကို နားလည်တဲ့သူ့အမေကို မသမာသူတွေက ပြန်ပေးဆွဲသွားကြတဲ့အချိန်မှာတော့ ကိုယ်ပျောက်လူသား ဆူးတစ်ယောက် ဘယ်လိုဆက်ပြီး သူ့အမေကို ကယ်တင်သွားမလဲဆိုတာ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်...(unicode)ဇာတ်လမ်းအကျဉ်းကတော့ ဆူးဆိုတဲ့ မိန်းကလေးတစ်ယောက်မှာ အရမ်းတော်တဲ့ မျိုးရိုးဗီဇသိပ္ပံပညာရှင်အမေတစ်ယောက်ရှိတယ် သူ့အမေဟာ လူသားတွေကျန်းမာရေးအတွက် အထောက်အကူပြုမယ့် NT26D ပရောဂျက်တစ်ခုကို ပြုလုပ်နေခဲ့တယ် တစ်နေ့မှာဓာတ်ခွဲခန်းမတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး အဲ့ဆေးရည်တွေဟာ ဆူးနဲ့ထိတွေ့ခဲ့ပြီး ဆူးမှာကိုယ်ပျောက်လို့ရတဲ့ စွမ်းအင်တစ်မျိုးပိုင်ဆိုင်လိုက်တယ် ဒီဆေးဖော်မြူလာအကြောင်းကို နားလည်တဲ့သူ့အမေကို မသမာသူတွေက ပြန်ပေးဆွဲသွားကြတဲ့အချိန်မှာတော့ ကိုယ်ပျောက်လူသား ဆူးတစ်ယောက် ဘယ်လိုဆက်ပြီး သူ့အမေကို ကယ်တင်သွားမလဲဆိုတာ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwe Zan ...
movie
Invisible Sue(2018)
2018
The Rocketeer (1991) 6.4
The Rocketeer (1991) [ Unicode ]The Rocketeer (1991)Dark Horse Comicက ထုတ်ဖူးခဲ့တဲ့ Rocketeer comic စီးရီးကို Period SuperHero ကားတစ်ကားအဖြစ် ၁၉၉၁မှာ Disneyက ပြန်အသက်သွင်းထားခဲ့ပါတယ်။ဇာတ်ကြောင်းအကျဉ်းကတော့...1938ခုနှစ်မှာ နာမည်ကျော် လေယာဉ်ထုတ်လုပ်သူ Howard Hughesဟာ ကျောမှာတပ်ဆင်ပြီးပျံသန်းလို့ရစေမဲ့ ဒုံးပျံကို အချိန်အင်အား ငွေအင်အား လူအင်အားများစွာသုံးပြီး တီထွင်ခဲ့ပါတယ်။ဒီဒုံးပျံရဲ့ ရှေ့ပြေးပုံစံကို နာဇီတွေလည်း စမ်းသပ်တီထွင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ဇာတ်လမ်းအစမှာတော့ ဒုံးပျံဝတ်ကွန်မန်ဒိုတွေနဲ့ ကမ္ဘာကိုသိမ်းချင်တဲ့ နာဇီတွေဟာ Howardရဲ့ဒုံးပျံကို ခိုးယူပြီး နည်းပညာခိုးဖို့ကြံစည်နေပါပြီ။FBIက ဒီဒုံးပျံသူခိုးတွေနောက်ကိုလိုက်ရင်း သူခိုးတွေချောင်ပိတ်မိနေချိန်မှာတော့ သူခိုးတွေဟာ လေယာဉ်ရုံတစ်ခုထဲမှာ ပစ္စည်းလဲထည့်ခဲ့ကြပြီးပါပြီ။ဒီပစ္စည်းကိုတွေ့သွားတဲ့ စတန့်ပိုင်းလော့ Cliff Secordနဲ့ သူ့ အဖော်စက်ပြင်ဆရာ Peevyတို့နှစ်ယောက်သား ဒီဒုံးပျံကို ပြင်ဆင်စမ်းသပ်ခဲ့ပါတယ်။FBIက ပျက်စီးသွားပြီထင်နေတဲ့ ကြေးစား လူဆိုးတစ်အုပ် မရမနေရှာနေတဲ့ ဒုံးပျံဟာ သတင်းစာရဲ့ ခေါင်းကြီးသတင်းကနေပါလာတဲ့အခါနာဇီတွေနဲ့ FBIအပြိုင်ကြဲရှာကြမယ့်ကြားက မြေစာပင်တွေကတော့ Cliff ...
movie
The Rocketeer (1991)
1991
Insect Master ( 2019 ) 5
Insect Master ( 2019 ) Zawgyi*******ဟိုးအရင်ကတည်းက တချို့တောအုပ်ကြီးတွေထဲမှာထူးဆန်းတဲ့အင်းဆက်ပိုးကောင်တွေရှိနေပြီးသူတို့ကလူ့ကိုယ်ထဲတွင်နေနိုင်ကာသူတို့ရဲ့အဆိပ်ရည်ကလူ့ကိုယ်ထဲရောက်သွားရင်အင်ဇိုင်းပြောင်းလဲခြင်းတွေဖြစ်လာပြီးသေခါနီးလူကိုပြန်ရှင်လာနိုင်စေတဲ့ သာမန်လူထက်သာတဲ့စွမ်းအင်တွေကိုလူကရရှိလာပါတယ်....ဒါပေမဲ့လူကိုစွမ်းအားပေးတဲ့အင်းဆက်အဆိပ်ရည်ကအလွန်တရာမှရှားပါးလို့အဆိပ်ရည်နဲ့လူရဲ့မျိုးဗီဇပြောင်းလဲနိုင်အောင်နှစ်ပေါင်းများစွာစမ်းသပ်မှုတွေတစ်ခုပြီးတစ်ခုလုပ်လာခဲ့တဲ့ပါမောက္ခကြီးလျိုဟုံ....နောက်ပိုင်းသက်ရှိလူတွေနဲ့ပါစမ်းသပ်မှုပြုလုပ်လာသောအခါ....တိုက်ဆိုင်စွာတစ်ချိန်ကညီအစ်ကိုလိုခင်မင်လာခဲ့တဲ့လန်ကျိုရဲ့သမီးလန်ရှန်းထင်ကိုယ်မှာသူလိုချင်တဲ့အစွမ်းထက်အဆိပ်ရှိနေသောအခါ....အစွမ်းထက်အင်းဆက်အဆိပ်ရည်နဲ့လူသားအစွမ်းထက်အောင်ပြုလုပ်ဖို့ဖန်တီးနေတာကသဘာဝတရားကြီးကိုဆန့်ကျင်တဲ့ကိစ္စဖြစ်ပြီးအလွန်အန္တရာယ်လည်းကြီးတဲ့ကိစ္စဖြစ်လို့အဲ့စမ်းသပ်မှုကိုလိုက်တားဆီးနေတဲ့လန်ကျိုသမီးကိုကာကွယ်စောင့်ရှောက်ပေးရမဲ့အဖေ....သူတို့သုံးယောက်ကြားကဘာတွေဆက်ဖြစ်လာမှာလဲဆိုတာ ဆက်လက်ကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါရစေနော် Unicode******ဟိုးအရင်ကတည်းက တချို့တောအုပ်ကြီးတွေထဲမှာထူးဆန်းတဲ့အင်းဆက်ပိုးကောင်တွေရှိနေပြီးသူတို့ကလူ့ကိုယ်ထဲတွင်နေနိုင်ကာသူတို့ရဲ့အဆိပ်ရည်ကလူ့ကိုယ်ထဲရောက်သွားရင်အင်ဇိုင်းပြောင်းလဲခြင်းတွေဖြစ်လာပြီးသေခါနီးလူကိုပြန်ရှင်လာနိုင်စေတဲ့ သာမန်လူထက်သာတဲ့စွမ်းအင်တွေကိုလူကရရှိလာပါတယ်....ဒါပေမဲ့လူကိုစွမ်းအားပေးတဲ့အင်းဆက်အဆိပ်ရည်ကအလွန်တရာမှရှားပါးလို့အဆိပ်ရည်နဲ့လူရဲ့မျိုးဗီဇပြောင်းလဲနိုင်အောင်နှစ်ပေါင်းများစွာစမ်းသပ်မှုတွေတစ်ခုပြီးတစ်ခုလုပ်လာခဲ့တဲ့ပါမောက္ခကြီးလျိုဟုံ....နောက်ပိုင်းသက်ရှိလူတွေနဲ့ပါစမ်းသပ်မှုပြုလုပ်လာသောအခါ....တိုက်ဆိုင်စွာတစ်ချိန်ကညီအစ်ကိုလိုခင်မင်လာခဲ့တဲ့လန်ကျိုရဲ့သမီးလန်ရှန်းထင်ကိုယ်မှာသူလိုချင်တဲ့အစွမ်းထက်အဆိပ်ရှိနေသောအခါ....အစွမ်းထက်အင်းဆက်အဆိပ်ရည်နဲ့လူသားအစွမ်းထက်အောင်ပြုလုပ်ဖို့ဖန်တီးနေတာကသဘာဝတရားကြီးကိုဆန့်ကျင်တဲ့ကိစ္စဖြစ်ပြီးအလွန်အန္တရာယ်လည်းကြီးတဲ့ကိစ္စဖြစ်လို့အဲ့စမ်းသပ်မှုကိုလိုက်တားဆီးနေတဲ့လန်ကျိုသမီးကိုကာကွယ်စောင့်ရှောက်ပေးရမဲ့အဖေ....သူတို့သုံးယောက်ကြားကဘာတွေဆက်ဖြစ်လာမှာလဲဆိုတာ ဆက်လက်ကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါရစေနော် Translated & Review By XiaoEncoded By LK
movie
Insect Master ( 2019 )
The Death and Return of Superman (2019) 6.6
The Death and Return of Superman (2019) မတ်ထရိုပေါလစ်မြို့တော်ကြီးကိုကာကွယ်စောင့်ရှောက်ပေးနေတဲ့စူပါမန်းတစ်ယောက်ဟာဆိုရင် တစ်မြို့လုံးရဲ့အချစ်တော်သူရဲကောင်းတစ်ယောက်ဖြစ်ပါတယ်။ အမြဲပြည်သူတွေအတွက်မားမားမတ်မတ်ကာကွယ်ပေးနေခဲ့တဲ့စူပါမန်းတစ်ယောက် သူချစ်ရတဲ့မြို့တော်ကြီးကိုကမ္ဘာပျက်သွားသလားထင်ရအောင် ကြောက်စရာကောင်းစွာဖျက်ဆီးတဲ့ဂြိုလ်သားတစ်ယောက်နဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ရာကနေ အဆုံးသတ်မှာ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပေမယ့် သူ့ရဲ့အသက်ကိုပါပေးဆပ်လိုက်ရပါတော့တယ်။ စူပါမန်းသေဆုံးမှုဟာ တစ်မြို့လုံးအတွက်တော့ဖြေမဆယ်နိုင်တဲ့ဆုံးရှုံးမှုကြီးတစ်ခုအလား ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် စူပါမန်းအလောင်းဟာရုတ်တရက်ပျောက်ဆုံးသွားခဲ့ပြီးတဲ့နောက် နောက်ထပ်ပုံစံမျိုးနဲ့စူပါမန်းတွေပြန်လည်ရောက်ရှိလို့လာခဲ့ပါတယ်။ သူတို့ကဘယ်သူတွေလဲ???? ဘာကြောင့်မြို့ကိုကာကွယ်ပေးရတဲ့သူရဲကောင်းအလုပ်ကိုလုပ်ရတာလဲဆိုတာ ဇာတ်ကားကိုကြည့်ရှုရင်းနဲ့အဖြေရှာလိုက်ရအောင်ဗျာ။ Unicode မတ္ထရိုပေါလစ်မြို့တော်ကြီးကိုကာကြယ်စောင့်ရွောက်ပေးနေတဲ့စူပါမန်းတစ်ယောက်ဟာဆိုရင် တစ်မြို့လုံးရဲ့အခ်စ်တော်သူရဲကောင်းတစ်ယောက်ျဖစ္ပါတယ်။ အမျြဲပည်သူတြေအတြက္မားမားမတ္မတ္ကာကြယ်ပေးနေခဲ့တဲ့စူပါမန်းတစ်ယောက် သူခ်စ်ရတဲ့မြို့တော်ကြီးကိုကမ္ဘာပ်က်သြားသလားထင်ရေအာင် ကြောက္စရာကောင်းစြာဖ်က္ဆီးတဲ့ဂြိုလ်သားတစ်ယောက္နဲ့ရင္ဆိုင္တိုက္ခိုက္ခဲ့ရာကေန အဆုံးသတ္မွာ အောင်ျမင္စြာတိုက္ခိုက္နိုင္ခဲ့ပေမယ့် သူ့ရဲ့အသက္ကိုပါပေးဆပ္လိုက်ရပါတော့တယ်။ စူပါမန်းသေဆုံးမှုဟာ တစ်မြို့လုံးအတြက်တော့ျေဖမဆယ္နိုင္တဲ့ဆုံးရှုံးမှုကြီးတစ္ခုအလာျးဖစ္ခဲ့ရပါတယ်။ ဒါပေမယ့် စူပါမန်းအေလာင်းဟာရုတ္တရက်ပော်က္ဆုံးသြားခဲ့ပြီးတဲ့နောက် နောက္ထပ္ပုံစံမိုးနဲ့စူပါမန်းတျြေပန္လည်ရောက်ရွိလို့လာခဲ့ပါတယ်။ သူတို့ကဘယ်သူတြေလဲ???? ဘာကြောင့်မြို့ကိုကာကြယ်ပေးရတဲ့သူရဲကောင်းအလုပ္ကိုလုပ်ရတာလဲဆိုတာ ဇာတ္ကားကိုကြည့်ရှုရင်းနဲ့အျေဖရွာလိုက်ရေအာင္ဗ်ာ။File size…(2.3gb) and (1.1gb) Quality…1080p WEB-DL.DD.5.1 H264 FGT Format…mp4 Duration…2h 46min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator…Charm
movie
2019
Arctic Apocalypse ( 2019 ) 2.5
Arctic Apocalypse ( 2019 ) Zawgyi*******ရာသီဥတုဖောက်ပြန်ပြောင်းလဲ လာမှုတွေကြောင့် ရေခဲတောင်တွေအရည်ပျော်ပြီး ကမ္ဘာကြီးရဲ့ အပူချိန်ဟာ တဖြည်းဖြည်းကျဆင်းကာနှင်းမုန်တိုင်းတွေလည်း ဖြစ်လို့လာပါတော့တယ်….ဘရီဆိုတဲ့ကောင်မလေးဟာ သိပ္ပံပညာရှင် လင်မယားနှစ်ဦးရဲ့သမီးလေးဖြစ်ပြီးတော့ မြောက်ကမ္ဘာခြမ်းမှာ ချစ်သူနဲ့ ခရီးထွက်နေတဲ့ကောင်မလေးတစ်ယောက်ပေါ့ … တစ်နေ့ မုန်တိုင်းတွေဖြစ်လာချိန်မှာမိဘတွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီးတော့ ခရီးကနေအိမ်အပြန်လမ်းမှာ လမ်းတွေပြို နှင်းမုန်တိုင်းတွေတိုက်နဲ့စီးလာတဲ့ကားလည်း ဆုံးရှုံးသွားပြီး စာသင်ကျောင်းတစ်ခုမှာသွားရောက် သောင်တင်နေခဲ့ပါတော့တယ်… သိပ္ပံပညာရှင်လင်မယားနှစ်ယောက်လည်း သူတို့သမီးရောက်နေတဲ့နေရာကိုလာရောက်ကယ်တင်ဖို့ ကြိုးစားအားထုတ်ကြပုံကိုစိတ်လှုပ်ရှား ရင်ထိတ်ဖွယ်ရာ ကြည့်ရှုကြရမှာပါ ၂၀၁၉ ထွက်ရှိထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပြီးတော့ သည်းထိတ်ရင်ဖိုကြည့်ရှူချင်သူတွေ အတွက် သဘောကျစေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဒါရိုက်တာကတော့ Eric Paul Erickson, Jon Kondelik တို့ နှစ်ယောက်ပဲဖြစ်ပါတယ် Unicode*******ရာသီဥတုဖောက်ပြန်ပြောင်းလဲ လာမှုတွေကြောင့် ရေခဲတောင်တွေအရည်ပျော်ပြီး ကမ္ဘာကြီးရဲ့ အပူချိန်ဟာ တဖြည်းဖြည်းကျဆင်းကာနှင်းမုန်တိုင်းတွေလည်း ဖြစ်လို့လာပါတော့တယ်….ဘရီဆိုတဲ့ကောင်မလေးဟာ သိပ္ပံပညာရှင် လင်မယားနှစ်ဦးရဲ့သမီးလေးဖြစ်ပြီးတော့ မြောက်ကမ္ဘာခြမ်းမှာ ချစ်သူနဲ့ ခရီးထွက်နေတဲ့ကောင်မလေးတစ်ယောက်ပေါ့ … တစ်နေ့ မုန်တိုင်းတွေဖြစ်လာချိန်မှာမိဘတွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီးတော့ ခရီးကနေအိမ်အပြန်လမ်းမှာ လမ်းတွေပြို နှင်းမုန်တိုင်းတွေတိုက်နဲ့စီးလာတဲ့ကားလည်း ဆုံးရှုံးသွားပြီး စာသင်ကျောင်းတစ်ခုမှာသွားရောက် ...
movie
Arctic Apocalypse ( 2019 )
2019
The Mystery of the Dragon’s Seal ( 2019 ) 5.8
The Mystery of the Dragon’s Seal ( 2019 ) Zawgyi*******မင်းသားကြီးဂျက်ကီချန်းရဲ့ 8လပိုင်း2019မှထွက်ထားတဲ့ဇာတ်ကားသစ်လေးလာပါပြီ. ဒီကားလေးဟာ ရုရှားနဲ့တရုတ်ပူးပေါင်းရိုက်ထားတဲ့adventureအမျိုးအစား ဇာတ်လမ်းဖြစ်ပြီး ကမ္ဘာကျော်Universal Picturesကဖြန့်ချီပေးတာဖြစ်ပါတယ်.. budgetအနေနဲ့,$49.1millionအကုန်ခံပြီးရိုက်ကူးထားတဲ့အပြင် ခုချိန်ထိbox officeမှာ$5.7 million အမြတ်အစွန်းရရှိထားပါတယ်..Journey to the chinaဆိုတဲ့ဇာတ်လမ်းအတိုင်း တရုတ်ပြည်ရဲ့အထွဋ်အမြတ်ထားရာနဂါးအကြောင်းကို အခြေပြုပြီးရိုက်ထားတာတွေ့ရပါတယ်..ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် အင်္ဂလိပ်လူမျိုးမြေပုံတိုင်းတာရေးဆွဲတဲ့ကျွမ်းကျင်ပညာရှင်တစ်ယောက်ဟာ Peter the Great ဘုရင်ရဲ့စေခိုင်းမှုအရရုရှားရဲ့အရှေ့ဘက်ပိုင်းကိုခြေဆန်ဖို့ဖြစ်လာပါတယ်..သူ့ရဲ့ခရီးစဉ်တစ်လျှောက်မှာ ခက်ခဲမှုတွေစွန့်စားမှုတွေကိုရင်ဆိုင်ကျော်ဖြတ်ရင်း တရုတ်ပြည်ထိရောက်ဖို့ဖြစ်လာပါတယ်..လမ်းခရီးမှာ အံသြဖွယ်တွေအများကြီးကြုံတွေ့ရရင်းတရုတ်ပြည်ကမင်းသမီးနဲ့အမှတ်မထင်တွေ့ဆုံခဲ့ရတဲ့အပြင်နဂါးဘုရင်နဲ့ တွေ့ဖို့ဖြစ်လာပါတယ်...ဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမှာလဲ.. အကောင်းနဲ့အဆိုးကြားကအားပြိုင်မှုတွေကိုကြည့်ရှုခံစားရမှာပါ... Unicode*******မင်းသားကြီးဂျက်ကီချန်းရဲ့ 8လပိုင်း2019မှထွက်ထားတဲ့ဇာတ်ကားသစ်လေးလာပါပြီ. ဒီကားလေးဟာ ရုရှားနဲ့တရုတ်ပူးပေါင်းရိုက်ထားတဲ့adventureအမျိုးအစား ဇာတ်လမ်းဖြစ်ပြီး ကမ္ဘာကျော်Universal Picturesကဖြန့်ချီပေးတာဖြစ်ပါတယ်.. budgetအနေနဲ့,$49.1millionအကုန်ခံပြီးရိုက်ကူးထားတဲ့အပြင် ခုချိန်ထိbox officeမှာ$5.7 million အမြတ်အစွန်းရရှိထားပါတယ်..Journey to the chinaဆိုတဲ့ဇာတ်လမ်းအတိုင်း တရုတ်ပြည်ရဲ့အထွဋ်အမြတ်ထားရာနဂါးအကြောင်းကို အခြေပြုပြီးရိုက်ထားတာတွေ့ရပါတယ်..ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် အင်္ဂလိပ်လူမျိူးမြေပုံတိုင်းတာရေးဆွဲတဲ့ကျွမ်းကျင်ပညာရှင်တစ်ယောက်ဟာ Peter the Great ဘုရင်ရဲ့စေခိုင်းမှုအရရုရှားရဲ့အရှေ့ဘက်ပိုင်းကိုခြေဆန်ဖို့ဖြစ်လာပါတယ်..သူ့ရဲ့ခရီးစဉ်တစ်လျှောက်မှာ ခက်ခဲမှုတွေစွန့်စားမှုတွေကိုရင်ဆိုင်ကျော်ဖြတ်ရင်း တရုတ်ပြည်ထိရောက်ဖို့ဖြစ်လာပါတယ်..လမ်းခရီးမှာ အံသြဖွယ်တွေအများကြီးကြုံတွေ့ရရင်းတရုတ်ပြည်ကမင်းသမီးနဲ့အမှတ်မထင်တွေ့ဆုံခဲ့ရတဲ့အပြင်နဂါးဘုရင်နဲ့ တွေ့ဖို့ဖြစ်လာပါတယ်...ဘယ်လိုအန ္တရာယ်တွေကေစာင့်ကြိုနေမှာလဲ.. အကောင်းနဲ့အဆိုးကြားကအားပြိုင်မှုတွေကိုကြည့်ရှုခံစားရမှာပါ... Translated & Review By Phyo ZawEncoded ...
movie
The Mystery of the Dragon’s Seal ( 2019 )
2019
Teen Titans Go! vs. Teen Titans (2019) 7.7
Teen Titans Go! vs. Teen Titans (2019) ဒါကတော့superhero fanတွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတော့တဲ့Teen Titans animated movieဖြစ်ပါတယ်။ကိုယ်တွေရဲ့ Deep and Dark အမှောင်ရပ်ကွက်ကဆိုပေမယ့်Teen Titansတွေဆိုတော့အရောင်အသွေးစုံစုံလင်လင်နဲ့ပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ရေဗန်ရဲ့inner demonကိုထိန်းသိမ်းထားတဲ့ နဖူးကကျောက်ကအက်သွားပါတယ်။ဒါကိုအခွင့်ကောင်းယူပြီး ထရိုင်ဂွန်က multiverseက တခြားပါဝါပိုကြီးတဲ့ထရိုင်ဂွန်တစ်ယောက်ကို ပြန်ခေါ်ပြီး multiverseတစ်ခုလုံးကို သိမ်းပိုက်ဖို့ကြံစဉ်ပါတော့တယ်။ရေဗန်ရဲ့demon powerကိုအရယူဖို့ ဖမ်းခေါ်သွားတာကိုTeen Titansတွေကတခြား alternate earthကသူတို့ထက်ပြီးအသက်ကြီးတဲ့ အတည်အတန့်Teen Titansတစ်ဖွဲ့နဲ့ပူးပေါင်းပြီး ပြန်ကယ်ဆယ်ကြတာပါ။ဒီကားထဲမှာ Teen Titansသောက်ကလေးတွေသောက်ခွက်ပြောင်ချက်ပဲ ? File Size : ( 575 GB , 170 MB)Quality :  WEB-DL 720pRunning Time : 1 hr 17 minFormat : Mp4Genre ...
movie
2019
Stardust (2007) 7.6
Stardust (2007) "အချစ်ရယ် မင်းအချစ်ကိုသာရမယ်ဆို မိုးပေါ်ကကြယ်ကို ဆွတ်ခူးရ ဆွတ်ခူးရပါ" တဲ့ ဒါပေမဲ့ မိုးပေါ်ကကြယ်လေးက ကောင်မလေးချောချောလေးဖြစ်နေခဲ့ရင်ရော?? ဟုတ်ပါတယ်။ ထရစ်စတန်သရုန်းတစ်ယောက် သူ့အချစ်ကိုသက်သေပြဖို့ ကြယ်ကိုလိုက်ရှာရာကနေ ကြယ်ကကောင်မလေးဖြစ်နေတဲ့အခါ… သူ့ချစ်သူဆီခေါ်ဆောင်သွားရာကနေ လမ်းခရီးမှာ ကြယ်လေးက သူထင်သလောက်ရိုးရှင်းမနေဘဲ အနှောင့်အယှက်မျိုးစုံနဲ့ ရင်ဆိုင်ရပါတော့တယ်။ ထရစ်စတန်သရုန်းကောင်လေးရဲ့နောက်ကြောင်းကလည်း သူထင်ထားသလို သာမာန်ဘဝလေးမဟုတ်ပါဘူး။ ဒီကားလေးက romance, mystery အကုန်ရောစပ်ထားဖြစ်တဲ့အတွက် စိတ်ကူးယဉ်ဆန်ဆန် ရိုတဲ့ကားကောင်းလေးတွေကြိုက်တတ်ရင်… အချစ်ကအရာရာကျော်ဖြတ်ရဲလောက်အောင် အစွမ်းရှိကြောင်း ပြောပြထားတဲ့ကားကောင်းလေးမို့ မလွတ်တမ်းကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။File size…(1.79 GB) and (923.5 MB) Quality…1080p Blu-Ray H264 FGT Format…mp4 Duration…2h 7min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Ngeu Mon
movie
Stardust (2007)
2007
Doom: Annihilation (2019) N/A
Doom: Annihilation (2019) ဒီကားလေးကတော့ Horror နဲ့ Sci-fi ပေါင်းစပ်ထားတဲ့ကားလေးပါကက်ပတိန်ဆာဗေ့နဲ့သူ့အဖွဲ့ဟာ အဖွဲ့သားတစ်ဦးဖြစ်သူဗိုလ်ကြီးဂျိုအန်ရဲ့ အပြစ်တစ်ခုကြောင့် ဖိုးဘာ့စ်လို့ခေါ်တဲ့သုတေသနစခန်းတစ်ခုဆီကို အပြစ်ဒဏ်တစ်ခုအနေနဲ့သွားရောက် လုံခြုံရေးယူပေးဖို့ ဖြစ်လာပါတယ်သူတို့ ဖိုးဘာ့စ်ဆီလာနေတဲ့အချိန်မှာ ဖိုးဘာ့စ်မှာ လူသားသမိုင်းတစ်လျှောက်မှာအကြီးကျယ်ဆုံးလို့ ဆိုရမယ့်သုတေသနစမ်းသပ်ချက်ကြီးတစ်ခုကို လုပ်နေလျက်သားရှိပါတယ်..ကမ္ဘာမှာဝင်ပေါက်တစ်ခု လပေါ်မှာဝင်ပေါက်တစ်ခုထားပြီးစက္ကန့်ပိုင်းအတွင်း လနဲ့ ကမ္ဘာကြားကူးနိုင်ဖို့ စမ်းသပ် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဒါပေမယ့်စမ်းသပ်နေစဉ်အတွင်းမှာ မထင်မှတ်ထားတာတွေဖြစ်လာပြီးဖိုးဘာ့စ်စခန်းတစ်ခုလုံး အဆက်အသွယ် ပြတ်တောက်သွားပါတော့တယ်သူတို့ရောက်ရှိချိန်မှာတော့ စခန်းတစ်ခုလုံး အမှောင်ကျနေပြီးဝင်မရတဲ့အနေအထားဖြစ်နေပါတော့တယ်ဘာဖြစ်နေမှန်းလည်း သူတို့ကိုယ်တိုင်မသိရှိပေမယ့်..ဓာတ်ပေါင်းဖိုပျော်ကျမှာ စိုးရိမ်တာအတွက်ဒီစခန်းကို ဓာတ်အားပြန်ရဖို့ မဖြစ်မနေ ပြန်ကြိုးစားရမယ့်အနေအထားကြုံလာရတဲ့အခါမှာတော့..သူတို့စခန်းထဲဝင်နိုင်ပါ့မလား စခန်းထဲမှာ ဘာအမှားအယွင်းတွေဖြစ်ခဲ့ပြီးဘာကောင်တွေရှိနေမှာလဲ ကမ္ဘာ့အပြင်ဘက်ရောက်နေပြီးပြေးစရာမြေမရှိတဲ့သူတို့တွေ စခန်းကနေ အသက်ရှင်လျက်ပြန်ထွက်နိုင်ပါ့မလား ဆိုတာကို ထိတ်လန့်သည်းဖိုဆန်ဆန် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File Size ...
movie
2019