Channel Myanmar

Adventure

Get Smart(2008) 6.5
Get Smart(2008) Get Smart(2008) IMDb.......6.5 ဒီကားကိုမကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်... ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံးရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ပြင်ဆင်ပြီဆိုရင် ကျန်တဲ့ ၄ယောက်ပါ TVရှေ့ကိုခေါ်ကြည့်သင့်တယ်....လင်မယား ၂ ယောက်ထဲဆိုလည်း ၂ယောက်လုံးကြည့်ဖြစ် အောင်ကြည့် တစ်ယောက်ထဲကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလား ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့ချစ်သူလေးကတော့ "ကို"တော့ရူးသွားပြီ တံတားလေးပို့ရတော့မယ်လို့ပြောသွားတယ်...... ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ...မင်းသမီးချောလေး Hathaway ရယ် Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်...မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေ လို့မထင်လိုက်နဲ့ ... Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေးဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့ အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ....တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့ အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ မင်းသမီးချော Hathaway ရယ်ကိုလွှတ်လိုက်တယ်..... ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ကြည့်ရဆိုးမယ်လို့ပေါ့ အာ့ဆိုလုံးဝလွဲသွားလိမ့်မယ် သူက အေးဂျင့်ဖြစ်ချင်တာဆိုတော့ အကုန်လေ့ကျင့်ထားတယ် တိုက်ရည်ခိုက်ရည်တွေနဲ့ အားလုံးကို မှတ်မိတတ်တဲ့ သူ့ဦးနှောက်ကို ပေါင်းစပ်လိုက်တော့ အတော်လေးအလုပ်ဖြစ်တယ်.... ရယ်စရာတွေကလည်း ...
movie

Get Smart(2008)

2008
Scoob! (2020) 6.2
Scoob! (2020) Scoob! (2020)============IMDb Rating 6.1/10#Unicode2020 မှာ ရုံတင်ဖို့စီစဥ်ထားတဲ့ Scoob ဟာ အခုတော့ Digital Release အနေနဲ့ထွက်လာခဲ့ပါပြီ။စကူဘီ ဒူဘီ ဒူး ဆိုတဲ့ ခွေးကြီးနဲ့ အတူ ထူးဆန်းတဲ့ အမှုတွေကိုလိုက်စုံစမ်းတဲ့ သူငယ်ချင်းတစ်သိုက်ကို ရင်းနှီးတဲ့သူတွေ များမှာပါ။ဒါကလည်း ၂၀၂၀ အတွက် စကူဘီဒူး ကာတွန်းရုပ်ရှင်အသစ်ပါပဲ။ ဒီရုပ်ရှင်မှာတော့ စကူဘီဒူး နဲ့ ရှက်ဂီတို့ စတင်တွေ့ဆုံပုံကနေသူတို့အဖွဲ့တွေဆုံပြီး ဖြစ်လာတာကနေ စတင်ပြသထားပါတယ်။ ရှက်ဂီ တို့ရဲ့ အဖွဲ့ကို စပွန်ဆာပေးမယ်ဆိုတဲ့သူ တစ်ယောက်ပေါ်လာတာကနေ ဇာတ်လမ်းစတာပါပဲ။ စပွန်ဆာပေးမယ့်သူကတော့ ဆိုင်မွန် ကောင်းဝဲကြီးဖြစ်နေတာပါ။ ဒါပေမယ့် သူက အဖွဲ့ထဲကဖရက်၊ ဗယ်မာ၊ ဒက်ဖနီ တို့ကိုပဲ အသုံးကျတယ်လို့ ထင်တဲ့အတွက် စကူဘီနဲ့ရှက်ဂီ မပါမှ ပေးမယ်လို့ ပြောလာပါတယ်။ ဒါကြောင့်စကု နဲ့ ရှက်ဂီတို့ စိတ်ဆိုးပြီး ထွက်လာရင်း စကုကို ...
movie

Scoob! (2020)

2020
King of Beggars (1992) 6.9
King of Beggars (1992)  King of Beggars (1992)IMDB(6.9)ဇာတ်လမ်း အကျဉ်းလေးကတော့ -ပညာမတတ် အပျော်အပါးလိုက်စားပြီး တချိန်လုံး သောက်စားယစ်မူးလိုက် မိန်းမပျက်တွေနဲ့ ပျော်ပါးလိုက် နေနေတဲ့ စတီဖင်ချောင် တစ်ယောက်သူ့အဖေက တိုက်တွန်းလို့ သိုင်းသင်တန်းကျောင်း ဝင်ခွင့်ဖြေဆိုဖို့ ပီကင်းကိုရောက်လာပါတယ်။ရေးဖြေဖြေဆိုတော့ ကလိမ်ကကျစ်နဲ့ ခိုးချတာမိသွားပါတယ်:3အဲ့ဒီမှာ ဘုရင်ကြီးက ကလိမ်ကကျစ်ကောင်ကို သူတောင်းစား အဖြစ် အပြစ်ပေးလိုက်တဲ့အခါမှာတော့ဉာဏ်နီဉာဏ်နက်များတဲ့ စတီဖင်ချောင်တစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.to/category/stephen-chow/   မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme ...
movie

King of Beggars (1992)

1992
Rescue Dawn(2006) 7.3
Rescue Dawn(2006) Rescue Dawn(2006) IMDb 7.3 ,,,,,rotten tomatoes....90% ဒီဇာတ်ကားကတော့  အမေရိကန်ဗီယက်နမ် စစ်ဖြစ်နေဆဲကာလမှာလေယာဉ်ပိုင်းလော့ တစ်ဦးဖြစ်တဲ့ Dieter Dengler အကြောင်းကို ပြန်လည်ရိုက်ကူးထားတာပါ...ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ရုံမက ခန္ဓာကိုယ်တွေပါပြောင်းပစ်ပြီး ပီပြင်အောင်စွမ်းဆောင်နိုင်တဲ့ Batman မင်းသားChristian Bale ကတော့ ပိုင်းလော့ကြီးနေရာမှာ သရုပ်ဆောင်ထားပါတယ်...ဒီပိုင်းလော့ကြီး ဟာ ဗီယက်နမ်စစ်မြေပြင်ကိုသွားဖို့ ကိစ္စတစ်ခုနဲ့သွားရောက်ဖို့စေလွှတ်ခြင်းခံရတယ်...စစ်ဖြစ်နေဆဲကာလမို့ ဗီယက်နမ်ခရီးဟာ သူ့အတွက် အန္တရယ်များလှ သလို ဖြတ်သန်းသွားရမယ့်  လာအိုနယ်ကလည်း သူ့အတွက် အသက်အချိန်မရွေးပျောက်နိုင်ပါတယ်..တကယ်လည်း သူလေယာဉ်ဟာလာအိုထဲကိုဖြတ်ပျံသန်းစဉ်မှာ ပျက်ကျခဲ့တယ်...ကံကောင်းထောက်မစွာ သူအသက်ရှင်ခဲ့ပေမယ့် သူဖမ်းဆီးခံလိုက်ရတယ်...ကိုင်းသူလွတ်မြောက်နိုင်မလား.... စစ်သုံပန်းဘဝကိုကြံ့ကြံ့ခံနိုင်မလား..ဘယ်လိုအပေးအယူတွေနဲ့ရော သူကြုံတွေ့မလဲ...ဆိုတာကိုတော့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းဖြစ်တဲ့အပြင် IMDb 7.3 နဲ့ rotten tomatoes.90% တေတာင်ရထားလို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ..File Size : (980 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre :  Action, Adventure, Biography Subtitle : Myanmar Subtitle ...
movie

Rescue Dawn(2006)

2006
Heroic Losers (2019) 7.4
Heroic Losers (2019) Warner Bros. Picturesကနေ ဖြန့်ချီလိုက်တဲ့ Dramaကားကောင်းတစ်ကားပါ။လက်ရှိ IMDb Rating 7.4နဲ့ Tomatoesမှာ100%ရထားပါတယ်။1998မှ2002အတွင်း အာဂျင်တီးနားနိုင်ငံမှာCorralitoလို့ခေါ်တဲ့ စီးပွားရေးကပ်ဆိုက်ပါတယ်။အစိုးရကလည်း ဘဏ်အ‌‌ေကာင့်ကနေငွေတွေထုတ်မပေးတော့ပါဘူး။ဘဏ်မှာငွေအပ်ထားတဲ့သူတွေလည်း ဒုက္ခရောက် တစ်နိုင်ငံလုံးလည်းကျပ်တည်းပေါ့။အဲ့လို‌တွေ မဖြစ်ခင်တစ်နေ့မှာ အယ်ဆီနာမြို့ကရိုးသားတဲ့လူတစ်စုကစပ်တူလုပ်ငန်းလုပ်ဖို့ဆိုပြီး ဘဏ်မှာငွေအပ်မိလိုက်တယ်။စီးပွားရေးကပ်ဖြစ်လို့ သူတို့ငွေတွေဆုံးရှုံးလိုက်ရတယ်ထင်နေပေမယ့်ဒီလိုအခြေအနေတွေဖြစ်မှာသိထားတဲ့ ဘဏ်မန်နေဂျာနဲ့အကြံပေးတစ်ယောက်ကပေါင်းကြံပြီး သူတို့ငွေတွေရော၊ တခြားငွေတွေကိုပါ ထုတ်ယူသွားတာကိုသိလိုက်ရပါတော့တယ်။နောက်တော့ ကလိမ်ကျသွားတဲ့သူဆီကနေ သူတို့ပိုက်ဆံတွေကိုပြန်ရဖို့ ကြိုးစားပါတော့တယ်။ဒီကားထဲမှာ အဖိုးကြီးတွေဦးဆောင်တဲ့ရိုးသားတဲ့လူတစ်စုကကလိမ်ကျသွားတဲ့သူစီကနေ သေချာအစီအစဉ်တွေဆွဲပြီးတော့သူတို့ပိုက်ဆံတွေကိုခိုးယူဖို့ကြိုးစားပုံကို ဟာသလေးနှောပြီးရိုက်ကူးတင်ဆက်ထားပါတယ်။ကားကောင်းလေးတစ်ကားဖြစ်တာကြောင့် ခံစားကြည့်ရှုလိုက်ပါအုံးရှင်။ File Size : ( 1 GB , 395 MB) Quality : BluRay 720p Running Time : 1 hr 56 min Format : ...
movie

Heroic Losers (2019)

Balto(1995) 7.1
Balto(1995) Balto(1995)Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ခါမှာတော့ Balto ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးဟာ ၁၉၉၅ ခုနှစ်တည်းက ထွက်ရှိခဲ့တာဖြစ်ပြီး သူရဲကောင်းခွေးလေးတစ်ကောင်အကြောင်း ရိုက်ကူးထားတဲ့ IMdb 7.1 နဲ့ Rotten Tomato 54% ရရှိထားတဲ့ Animated ဇာတ်လမ်းကောင်းလေး တစ်ပုဒ်လည်း ဖြစ်ပါတယ်။ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ဘော်တို လို့အမည်ရတဲ့ ဝံပုလွေသွေးနှောတဲ့   ခွေးလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ ခွေးချစ်သူ တိချစ်သူလေးတွေကတော့ 1925 Serum Run to Nome မှာ ထင်ရှားတဲ့ ဘော်တို တို့ တိုဂို တို့ ကို ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အလက်စကာ မှာရှိတဲ့ နုမ်း မြို့လေးရဲ့ အလွန်ဆိုးရွားတဲ့ ဆောင်းရာသီတစ်ခုမှာ ကလေးငယ်လေးတွေဆီကို ကပ်ရောဂါတစ်ခု ကျရောက်လို့ လာခဲ့ပါတယ်။ နုမ်းမြို့ငယ်လေးရဲ့ တစ်ခုတည်းသောဆေးရုံမှာ ရောဂါဖြေဆေးတွေလည်း ...
movie

Balto(1995)

The Martian (2015) EXTENDED 8.0
The Martian (2015) EXTENDED Nasa ရဲ့ အင်္ဂါဂြိုလ်ပေါ်စူးစမ်းလေ့လာရေး ခရီးစဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ယခုဇာတ်ကားဟာ IMDb rating 8.2/10ထိတောင်ရရှိထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်ကားထဲက တစ်ချို့တစ်ဝက်ကိုပြောပြရရင် အဂါၤဂြိုလ်ပေါ်ကိုလေ့လာမှုပြုလုပ်နေတုန်း ကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခုဝင်လာမှုကြောင့် အင်္ဂါဂြိုလ်ကို စွန့်ခွာရမယ့် အခြေအနေပါ။မစွန့်ခွာခင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှုးနဲ့သူ့အဖွဲ့သား၃ ယောက်တို့MAV ကို မလဲအောင် ထိန်းထားခဲ့ဖို့ ကြိုးစားရာကနေဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဇာတ်လမ်း စတင်ပါတော့တယ်။မုန်တိုင်းကြားထဲမှာ Accident ဖြစ်မှုကြောင့် ကျန်နေခဲ့ရတဲ့ မာခ်ဝပ်နေ .သတိရရချင်းပဲ အဂါၤဂြိုလ်(Mars)ပေါ်မှာ တစ်ယောက်ထဲကျန်နေခဲ့မှန်းသိလိုက်ရပါတယ်။ အဲ့အတွက် သူ့အသက်မသေခင်ဂြိုလ်ပေါ်ကျန်နေခဲ့တဲ့ အစားအသောက်ရိက္ခာကိုတွက်ချက်တဲ့အခါလုံလောက်မှုမရှိမှန်းသိတဲ့အတွက် သူတတ်မြောက်ခဲ့တဲ့ပညာနဲ့အဂါၤဂြိုလ်ပေါ်မှာ အာလူးပင်တွေစိုက်ဖို့ကြံပါတော့တယ်။စနစ်တကျပီပီပြင်ပြင် အပင်စိုက်ပြသွားတာဟာnasa အဖွဲ့ရည်မှန်းချက်ကိုထုတ်ပြသွားတယ်လို့ပြောရမလားပဲအပင်တွေဖြစ်မြောက်အောင်မြင်ခဲ့ပြီးသူ့အတွက်ရိက္ခာပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။World မဟုတ်ဘဲ Mars ပေါ်ဖြစ်နေတဲ့အတွက်ကြုံခဲ့ရတဲ့အခက်အခဲများဟာသာမန်လူတစ်ယောက်အတွက်တော့ကြောက်ရွံ့တုန်လှုပ်တဲ့စိတ် နဲ့တင် အရှုံးပေးလက်မြှောက်လောက်ပေမယ့်ဝပ်နေ ကတော့ အခက်အခဲတွေကို လက်တွေ့ကျကျကျော်ဖြတ်ပြသွားတာဟာတကယ့်ကိုအံ့မခန်းပါပဲ။ ကမ္ဘာမြေပေါ်က ပညာရှင်တွေကလည်းဝပ်နေးကို အဂါၤဂြိုလ်ပေါ်က ပြန်လည်ကယ်တင်ဖို့အမျိုးမျိုးကြိုးစားခဲ့ကြတာဟာ လေးစားအတုယူဖို့ကောင်းလောက်ပါတယ်။ဒါပေမဲ့ ကမ္ဘာပေါ်ကကယ်ဆင်ရေးယာဉ်ကအဂါၤဂြိုလ်ပေါ်ရောက်မယ့်အချိန်နဲ့ ဝပ်နေးရဲ့ ရိက္ခာကျန်ရှိရက်ဟာရက်ပေါင်းများစွာကွာဟနေတာကြောင့် ကယ်ဆင်ရေးယာဉ်မရောက်ခင်မှာပဲအစာပြတ်သေသွားနိုင်တာကြောင့် ပညာရှင်တွေအကြပ်ရိုက်နေတုန်းလူငယ်လေးတစ်ယောက်ရဲ့ ...
movie

The Martian (2015) EXTENDED

2015
Code Geass: Lelouch of the Re;Surrection (2019) 7.4
Code Geass: Lelouch of the Re;Surrection (2019) Code Geass ဇာတ်လမ်းတွေထဲက နောက်ဆုံးထွက်ဇာတ်ကားလေးပါ။Show ရဲ့အကောင်းဆုံးဇာတ်ကောင်တွေစုစည်းပြီးနောက်ဆုံးတိုက်ပွဲကြီးတစ်ပွဲအဖြစ် ဖန်တီးထားတဲ့ကားပါ။Code Geass ဇာတ်လမ်းတွေမထွက်တာလည်း တော်တော်ကြာခဲ့ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့ ၂ နှစ်တုန်းကလီလုချ်က သူ့ကိုယ်သူစတေးပြီး ကမ္ဘာကြီးကို ကာကွယ်ပေးခဲ့ပါတယ်။ဒါကြောင့် ကမ္ဘာကြီးက အခုချိန်မှာ လုံးဝငြိမ်းငြိမ်းချမ်းချမ်းဖြစ်နေပါတယ်။ရုပ်ရှင်ရဲ့နာမည်အတိုင်းပဲ ဒီဇာတ်လမ်းမှာ လီလုချ်ကို အသက်ပြန်သွင်းမှာ ဖြစ်ပါတယ်။လီလုချ်ကို ပြန်အသက်မသွင်းခင်မှာ ဇီလ်ခ်စတန်နိုင်ငံကလူတွေကလီလုချ်ရဲ့ညီမဖြစ်တဲ့ ဂုဏ်ထူးဆောင်အကြံပေး နူနာလီကိုပြန်ပေးဆွဲသွားကြပါတော့တယ်။Code Geass universe ထဲက Geass တိုက်ပွဲတွေmagical mecha တိုက်ပွဲတွေကို တစ်ဝကြီး ကြည့်ရှုခံစားရမှာပါ။ File Size : ( 1 GB , 325 MB) Quality : WEBRip 720p Running Time : 1 hr 52 ...
movie

Code Geass: Lelouch of the Re;Surrection (2019)

The Book of Eli(2010) 6.9
The Book of Eli(2010) The Book of Eli(2010) တစ်ချို့သူတွေအတော်များများ ဇာတ်ကားတစ်ကားကြည့်ဖို့ စုံစမ်းမေးမြန်းကြစဉ်မှာဇာတ်လမ်းအမျိုးအစားဆိုတာထက်  မင်းသားက ဘယ်သူတုန်းဆိုတာကို ပိုမိုစိတ်ဝင်စားကြသည်..မိမိသဘောကျသည့် မင်းသားဆိုလျှင်ဘာကားအမျိုးအစားဖြစ်ဖြစ်ကြည့်ကြလေသည်...ထိုမင်းသားပါဝင်သည့်ကားတိုင်းက ကောင်းမွန်နေတတ်သလို သူ့ရဲ သရုပ်ဆောင်မှုဟန်ပန်ကလည်းကျရာဇာတ်ရုပ်မှာ ခမ်းနားကြီးကျယ်အောင်သရုပ်ဆောင်နိုင်စွမ်းရှိလေသည်...ပြောရလျှင် ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှုကို အမြဲရယူနိုင်သော မင်းသားမျိုးဆိုလျှင်ပိုမှန်ပေမည်..ထိုသို့သောမင်းသားကြီးများစာရင်းတွင်  Denzel Washington ကြီး က ထိပ်ဆုံးတွင်ရှိမည်ထင်ပါသည်..ထို့ကြောင့် သူ့ပရိတ်သတ်များအတွက် ကားဟောင်းဖြစ်သော်ငြား  ကားကောင်းအဖြစ်တည်ရှိနေဆဲဖြစ်သည့်The Book of Eli ကို တင်ဆက်ပါလိုက်ပါသည်...စစ်ပွဲများကြောင့် ကမ္ဘာမြေ ပျက်သုဉ်းပြီး နှစ်ပေါင်း ၃၀ ကျော် အကြာတွင် တစ်ကိုယ်တော် သူရဲကောင်း အီလိုင် ဟာတောတောင် ရေမြေတွေကို ဖြတ်သန်းလို့ လူသားတို့၏ အနာဂတ်ဖြစ်လာမည့် စာ တစ်အုပ်ကို သယ်ဆောင်လာခဲ့သည်။ထိုစာအုပ်၏ ပါဝါကို သိရှိသူမှာ အီလိုင် အပြင် အခြားတစ်ဦးသာ ရှိလေသည်။ထိုသူက ထိုစာအုပ်ကို ကိုယ်ကျိုးအတွက် အသုံးချရန် တောင်းခံလာသည့်အခါ အီလိုင်တစ်ယောက်အသက်ကိုတောင် ပဓာန မထားဘဲ အသည်းအသန် ခုခံခဲ့သည်။ဤမျှ ...
movie

The Book of Eli(2010)

2010
Nathan’s Kingdom(2019) 7.2
Nathan’s Kingdom(2019) Nathan's Kingdom(2019)Nathan's kingdom လို့ အမည်ရတဲ့ ဒီကား​လေးက​တော့ Sci-fi , adventure နဲ့ dramaတို့ကို အချိုးညီညီ ​ပေါင်းစပ်ထားတဲ့ကား​​ကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ​အော်တစ်ဇင်ဖြစ်​နေတဲ့ ​နေသန့်ရဲ့​ခေါင်းထဲမှာ ငယ်ငယ်က သူ့ညီမ​​​လော်ရာ ပြောပြဖူးတဲ့ kingdomဆိုတဲ့​နေရာ​လေးက အမြဲစွဲလမ်း​နေပါတယ်။Kingdom မှာဆိုရင် ဘာအပူအပင်မှ မရှိပဲ အရာအားလုံးဟာ ​ပျော်ရွှင်စရာ​တွေနဲ့ပြည့်​နေမယ်လို့ သူက ယုံကြည်ထားပါတယ်။​ ​အော်တစ်ဇင် ဖြစ်​နေတဲ့ အကိုရဲ့ လုပ်ရပ်တချို့​ကြောင့် ​လော်ရာရဲ့​နေ့စဥ်ဘ၀မှာ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်လာရပါ​တော့တယ်။ ​နောက်ဆုံး ဘာဆုံးရှုံးစရာမှ မရှိ​တော့တဲ့ ​လော်ရာဟာသူ့အကို ရှာချင်​နေတဲ့ kingdomကို လိုက်ရှာ​ပေးဖို့ နှစ်​ယောက်အတူကားတစ်စီးနဲ့ခရီးထွက်ခဲ့ပါ​တော့တယ်။ ​ broken familyက ဆင်းသက်လာတဲ့​အော်တစ်ဇင်တစ်​ယောက်ရဲ့ ခံစားချက်​တွေကို စာနာ​ပေးနိုင်ကြမှာလား....​​​နေသန်ရဲ့ စိတ်ကူးထဲက Kingdomက အပြင်မှာ​ရော လက်​တွေ့ ရှိ​နိုင်ပါ့မလား...... ဒီခရီးမှာ အရမ်းချစ်ကြတဲ့ မောင်နှမနှစ်​​ယောက်ကြားမှာ​ရော ဘာ​တွေ ဖြစ်လာဦးမလဲ...... ...
movie

Nathan’s Kingdom(2019)

Mega Crocodile (2019) 5.2
Mega Crocodile (2019) [Unicode]ဒီတစ်ခါတော့ ၂၀၁၉ ထွက် မိကျောင်း ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...လော်ဟန် ဆိုသူ ဇီဝဗေဒမိကျောင်းကျွမ်းကျင်ပညာရှင်က မိကျောင်းကျွန်းမှာ သုသေတနလုပ်ဖို့သွားရင်းသူ့ရဲ့ဇနီးလောင်းကို ဆုံးရှုံးပြီး‌နောက် ဖြစ်ကတက်ဆန်းနေချင်သလိုနေလာခဲ့တယ် ၊တစ်နေ့ သူနေတဲ့ကျွန်းမှာ ကလေးငယ်တစ်ယောက် မိကျောင်းကိုက်ခံရတယ်...တစ်ဖက်မှာတော့ ...တရုတ်ပြည်ရဲ့ စီးပွားရေးလောကမှာ အသက်အငယ်ဆုံး စီးပွားရေးလုပ်ငန်းရှင် ချန်ရှိုင်း...သူက မောင်ဖြစ်သူကို မိသားစုအမွေဆက်ခံခိုင်းပေမယ့် သူ့မောင်ကငြင်းဆိုပြီးတော့ဝါသနာပါတဲ့ ဇီဝဗေဒဆိုင်ရာ သုသေတနတွေလုပ်ဖို့ ထွက်သွားရာမှာ မုန်တိုင်းမိပြီး မမျှော်လင့်ပဲ မိကျောင်းကျွန်းကို ရောက်သွားပါတယ် ၊ဇီဝဗေဒ မိကျောင်းကျွမ်းကျင်ပညာရှင်နဲ့ တရုတ်ပြည်ရဲ့ အငယ်ဆုံးစီးပွားရေး လုပ်ငန်းရှင်တို့...လူပျောက်ရှာပုံတော်ကို ဘယ်လိုများ ရှာပုံတော်ဖွင့်မလဲဆိုတာ ဆက်လက်ရှုစားကြပါဦး...။( အညွှန်းနဲ့ဘာသာပြန်သူကတော့ Chen Ai Zhen ဖြစ်ပါတယ် )[Zawgyi]ဒီတစ်ခါတော့ ၂၀၁၉ ထွက် မိကျောင်း ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...လော်ဟန် ဆိုသူ ဇီဝဗေဒမိကျောင်းကျွမ်းကျင်ပညာရှင်က မိကျောင်းကျွန်းမှာ သုသေတနလုပ်ဖို့သွားရင်းသူ့ရဲ့ဇနီးလောင်းကို ဆုံးရှုံးပြီး‌နောက် ဖြစ်ကတက်ဆန်းနေချင်သလိုနေလာခဲ့တယ် ၊တစ်နေ့ သူနေတဲ့ကျွန်းမှာ ကလေးငယ်တစ်ယောက် မိကျောင်းကိုက်ခံရတယ်...တစ်ဖက်မှာတော့ ...
movie

Mega Crocodile (2019)

2019
Red Shoes and the Seven Dwarfs (2020) 6.2
Red Shoes and the Seven Dwarfs (2020) Red Shoes and the Seven Dwarfs (2020)==============================IMDb Rating 6.2/10 ထိရရှိထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ် . . .#Unicodeအရင်ကြည့်ဖူးကြတဲ့ စနိုးဝိုက်ဇာတ်လမ်းက​နေတစ်မူကွဲထွက်​နေတဲ့ ကာတွန်း​ကား​ကောင်း​လေးတစ်ကားလို့​ပြောလို့ရပါတယ်။ဒီကားထဲမှာ ပါ​လေရာသူရဲ​ကောင်း မင်းသားမာလင်နဲ့သူ့အ​ပေါင်းအပါ၆​ယောက်က ပါးစပ်သရမ်း​တော့ စုန်းမတစ်​ယောက်ရဲ့ကျိန်စာမိပြီး လူပု​တို​လေး၇​ယောက်ဖြစ်​နေပါတယ်။ သူတို့ကျိန်စာက​နေလွတ်ဖို့အတွက် ကမ္ဘာ​ပေါ်ကအလှဆုံး​သောမိန်းက​​လေးကနမ်းမှသာ ရမှာပါ။ စနိုးဝိုက်ကျ​တော့ တစ်မျိုး သူက ဘုတ်အီးမ​လေး သန်မာတယ် ချစ်ဖို့​ကောင်းတယ်။ သူ့မိ​ထွေးကစုန်းမသူ့အ​ဖေကလည်း သူ့မိ​ထွေးစုန်းမမှန်းသိ​တော့ စနိုးဝိုက်​လေးကို​ဘေးကင်းရာပို့ထားတယ်။ သူကိုယ်တိုင်လည်း​ပျောက်သွားတယ်။စနိုးဝိုက်​လေးက သူ့အ​ဖေကိုရှာဖို့ သူ့မိ​ထွေးဆီအသွား သူ့မိ​ထွေးရဲ့ ထာဝရလှပ​စေမယ့် ​မှော်ဖိနပ်​လေးကိုစီးမိပြီး တအားလှသွား​ရောသူစုန်းမလက်က​နေထွက်​ပြေးရင်း သူ့အ​ဖေမှာခဲ့တဲ့ သူရဲ​ကောင်း၇ဦး ဆိုတာကိုရှာရင်း အလွဲလွဲအ​ချော်​ချော်​လေး​တွေနဲ့ အဆုံးထိကြည့်ချင်​အောင်ဆွဲ​ဆောင်မှု အပြည့်ရှိလွန်းလှတဲ့ လက်ရာ​မြောက် animation ကားကောင်း​လေးဖြစ်ပါတယ်။ အသံ​နောက်ခံ​တွေက​တော့ မင်းသား​ မာလင်​နေရာမှာ Me Before Youထဲက မင်းသား ဖြစ်ပြီး။ မင်းသမီးစနိုးဝိုက်​နေရာမှာက​တော့ ​ကော်ရီး​​တွေရဲ့အချစ်​တော်အကိတ်မ​လေး Chloë ...
movie

Red Shoes and the Seven Dwarfs (2020)

2020
The Revenant (2015) 8.0
The Revenant (2015) အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင်ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်းဖြစ်လာနိုင်ပါတယ်။ အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။ ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများ ကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သားအားလုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိ လုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ Hugh Glass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ။ မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ။ ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင်မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ survival adventure ...
movie

The Revenant (2015)

2015
The Willoughbys(2020) 6.5
The Willoughbys(2020) The Willoughbys(2020)နက်ဖလစ်ရဲ့ ကာတွန်းရုပ်ရှင်အသစ်လာပါပြီ။ ဒီကာတွန်းလေးကတော့ အရင်ကြည့်ဖူးတဲ့ ပုံတွေနဲ့ မတူဘဲ တမူထူးဆန်းပြီး ရယ်ရပါတယ်။ ဇာတ်လမ်းကိုတော့ ကြောင်ဆရာကြီးတစ်ကောင်က ပြောပြနေတဲ့ပုံနဲ့ တည်ဆောက်ထားပါတယ်။ ဆရာကြောင်က ပြောတယ် မိသားစုတွေ ချစ်ခင်တာတွေ စည်းလုံးတာတွေ အဆုံးသတ်မှာ ပြန်ပေါင်းတဲ့ ဇာတ်လမ်းမျိုးတွေကို သဘောကျတတ်ရင် ဒီရုပ်ရှင်က မင်းအတွက် မဟုတ်ပါဘူးတဲ့။ ဟုတ်ပါတယ် ဒီရုပ်ရှင်ထဲက အဓိက မိသားစုကတော့ ဝယ်လိုဘီ မိသားစုပါ။သူတို့တွေဟာ အစဉ်အဆက် သိပ္ပံပညာရှင်တွေ၊အနုပညာရှင်တွေ ကြီးမြတ်တဲ့သူတွေ ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် မျိုးဆက်တစ်ခုအရောက်မှာတော့ တော်နေ တတ်နေကြတာတွေအဆုံးသတ်သွားသလိုပါပဲ။ ဝယ်လိုဘီ ဇနီးမောင်နှံဟာ ဘာမှ မထူးချွန်ပေမယ့်တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပါတယ်။ ချစ်တာမှ အခြား ဘယ်သူ့ကိုမှမချစ်တတ်လောက်အောင်ကို ချစ်တာပါ။ လင်မယားချင်းပဲချစ်ကြပြီး မွေးထားတဲ့ ကလေး ၄ ယောက်ကို တော့မေတ္တာတစ်စက်မှမရှိကြသလို သာမန်ဂရုစိုက်မှုမျိုးလေးတောင် မလုပ်ပါဘူး။နေ့တိုင်းလင်မယားနှစ်ယောက်ထဲ သာယာနေကြတာပါ။ ဒီတော့ ကလေး ၄ ယောက်လည်းမိဘကျေးဇူးဆပ်တဲ့အနေနဲ့ သေဖို့ ရာနှုန်း ...
movie

The Willoughbys(2020)

Fantasy Island (2020) 4.7
Fantasy Island (2020) စိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကား တင်ပေးလိုက်ပါပြီ။Rating နည်းပေမယ့် အတော်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်နေတာ အံ့သြစရာပါပဲ။ဒီရုပ်ရှင်ကတော့ ၁၉၇၇ လောက်က နာမည်ကျော်ခဲ့တဲ့ Fantasy Island ဆိုတဲ့ စီးရီးရဲ့ Prequel ဇာတ်လမ်းအနေနဲ့ ရေးသားရိုက်ကူးထားခဲ့တာပါ။ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းနာမည်အတိုင်းပဲ ကျွန်းကြီးတစ်ကြီးရှိပါတယ်။အဲဒီကျွန်းရဲ့ ပိုင်ရှင် မစ္စတာ ရို့ခ် ဟာ ကျွန်းပေါ်ကို ရောက်လာသမျှလူတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက် (သို့မဟုတ်) အလိုချင်ဆုံး ဆန္ဒ တစ်ခုစီကို ပြည့်စေရမယ် ကြေညာခဲ့ပါတယ်။အဲဒီကျွန်းပေါ်ကို ဖိတ်ခေါ်ခံရတဲ့ ကံထူးရှင်တွေကတော့ သူတို့လိုချင်တာတွေကိုဘယ်လိုဖြည့်ပေးမလဲဆိုပြီး သိချင်စိတ်တွေ၊ မျှော်လင့်ချက်တွေနဲ့ ရောက်လာကြတာပါပဲ။သူတို့ထင်တာတော့ ကစားနည်းလေးတွေ၊ ဆင်ဆင်တူ နေရာလေးတွေ၊ ပုံရိပ်ယောင်ပြစက်လေးတွေနဲ့ လုပ်ပေးမယ် ထင်ခဲ့တာပါ။ဒါပေမယ့် တကယ်တမ်းကျွန်းပေါ်ကို ရောက်လာတဲ့အခါ မဖြစ်နိုင်တဲ့ ဆန္ဒတွေကအစအားလုံးသော ဆန္ဒတွေကို ...
movie

Fantasy Island (2020)

2020
Mortal Kombat Legends: Scorpion’s Revenge (2020)
Mortal Kombat Legends: Scorpion’s Revenge (2020) အသစ္စက္စက္ထြက္ရိွလာတဲ့ Mortal Combat Animation ပါ။တော်တော်လေး ကြည့်လို့ကောင်းပါတယ်။ဂိမ်းသမားတွေကတော့ ဘရုစ်လီနဲ့သံခမောက်ဆိုရင် မသိတဲ့လူ မရှိသလောက်ပါပဲ။သွေးသံတရဲရဲတွေနဲ့မို့ R rated ကြိုက်တဲ့သူတွေအတွက် ရှယ်ပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ စင်္ကြဝဠာကြီးအစမှာElder God တွေက realm တွေဖန်တီးပေးခဲ့ကြတယ်။ကိုယ့်လောကဆီကို တခြားလောကကသူတွေ လာမကျူးကျော်ဖို့generation တစ်ခုမှာတစ်ခါ realm တိုင်းက အတော်ဆုံးတိုက်ခိုက်ရေးသမားတွေစုပြီးယှဉ်ပြိုင်တိုက်ခိုက်စေတယ်။ အဲဒီပြိုင်ပွဲရဲ့နာမည်ကတော့ Mortal Kombat ပေါ့။Mortal Kombat ကို realmတစ်ခုတည်းကနေ ၁၀ ပွဲဆက်တိုက်နိုင်သွားခဲ့ရင် အနိုင်ရတဲ့သူကတခြားrealmတွေနဲ့ပေါင်းပြီး သူအုပ်ချုပ်ချင်သလို အုပ်ချုပ်ခွင့်ရှိတယ်။Earthrealm ကတော့ ပြီးခဲ့တဲ့ ၉ ပွဲမှာ Shao Khan ဆိုတဲ့ဧကရာဇ်ကြီးကို ရှုံးထားလေရဲ့။အခု ၁၀ ပွဲမြောက်က ...
movie


Giant Fish (2020) 6.1
Giant Fish (2020) အခုနောက်ပိုင်းတရုတ်ကားတော်တော်များများ အက်ရှင်ကားမဟုတ်ဘဲဒရာမာကားရိုက်ရင် ဇာတ်အိမ်ကောင်းကောင်းနဲ့အဆုံးမှာတခုခုကို ချပြသွားတာမျိုးတွေတွေ့လာရပါတယ် "Don't regret until we lost it, stop doing any harm to our nature, otherwise we will pay for it" ဒါစာတန်းကဇာတ်ကားအပြီးနောက်ဆုံးထိုးတဲ့စာတန်းပါ ခင်များတို့အတ္တကြီးကြီးနဲ့သူတပါးအပေါ်မကောင်းကြံဖို့စဉ်းစားမိရင် အကျိုးဆက်က ခင်များသို့မဟုတ် ခင်များချစ်ရတဲ့သူတွေအပေါ်ပြန်လည်သက်ရောက်မှာပါ ဒီဇာတ်လမ်းဟာ ငါးဖမ်းလုပ်သားတွေအသက်မွေးမှုပြုကြတဲ့ ကွေးကန်ဆိုတဲ့ဒေသကို ငါးကြီးကနေလူအဖြစ်ပြောင်းထားတဲ့ ကောင်မလေးတယောက်ရောက်လာရာကနေစပါတယ် အဲ့ဒီလိုငါးကြီးမျိုးနွယ်တွေနဲ့ ပေါင်းပြီး စီးပွားရှာနေတဲ့ခေါင်းဆောင်ဟာ လောဘမောဟတွေနဲ့ မကြံသင့်မ ကြံအပ်တာတွေကြံမိချိန်မှာတော့ ..... ဘာဆက်ဖြစ်မလဲ ကြည့်ပေးကြပါလို့ ဘာသာပြန်ပေးထားတာကတော့ Nay Chii ဖြစ်ပြီး XCode မှ တင်ဆက်ပေးထားပါတယ်
movie

Giant Fish (2020)

2020
The Cave(2019) 6.5
The Cave(2019) The Cave(2019)(unicode)Documentary မဟုတ်ပါ...ဇာတ်လမ်းသွားနဲ့ ရိုက်ကူးထားတာပါ...ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ပျောက်သွားတဲ့ ကလေး ၁၂ ယောက်နဲ့ နည်းပြ အကြောင်းကို အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ ဒီကလေးတွေကို ကယ်ဆိုဖို့ ထိုင်းအစိုးရနဲ့ နိုင်ငံစုံက ရေငုပ်သမားတွေဘယ်လို ခက်ခက်ခဲခဲ စွန့်စွန့်စားစား ကယ်တင်ခဲ့တဲ့အကြောင်းရယ် လူသားဆန်လှစွာ ကူညီကြတဲ့သူတွေအကြောင်းကို ရိုက်ကူးပြထားတာပါ... ပျောက်သွားတဲ့အကြောင်းကစလို့ ရေငုတ်သမားတွေ ပညာရှင်တွေ ပူးပေါင်းပြီး အဖြေထုတ်ရင်း ကြိုးစားကြတာကို စိတ်ဝင်စားဖွယ်ကောင်းပါတယ်... ဒီဇာတ်ကားက အင်္ဂလိပ်စကားပြောတွေအတွက် စာဖိုင် မထွက်လို့ ကိုယ်တိုင်စာဖိုင်လုပ်ပြီး နားထောင်ပြီး ဘာသာပြန်ပေးထားပါတယ်။ ရေသံတွေ လှိုင်ဂူသံတွေကြောင့် အသံတွေက သိပ်မရှင်းလို့ ကွက်လပ်လေးတွေ ပါပေမယ့် အရေးကြီးတဲ့အပိုင်းတွေကို အပြည့်စုံဆုံးဖြစ်အောင် ဖြည့်ပေးထားပါတယ်...။ စာဖိုင် အမှန်ရရင်တော့ ထပ်ပြီး တင်ပေးပါဦးမယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်....(zawgyi)ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ပျောက်သွားတဲ့ ကလေး ၁၂ ယောက်နဲ့ နည်းပြ အကြောင်းကို အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ ...
movie

The Cave(2019)

The Untamed: Fatal Journey (2020) 9.0
The Untamed: Fatal Journey (2020) CM Fan တွေ အတွက် သိုင်းကားကောင်းတစ်ခု ထပ်မံ တင်ဆက်ပေးလိုက်ပါတယ် ဓါးဝိဉာဏ် တွေကို စောင့်ရှောက်ရတဲ့ မိသားစု ရဲ့ နောက်ဆုံး မျိုးဆက် ညီအကို ၂ ယောက် ရဲ့ သိုင်း ဒရာမာ ဇတ်လမ်းလေးပါ ဒီဇာတ်လမ်းဟာဆိုရင်တော့ နျဲ့မိသားစုရဲ့ရှေးဘိုးဘွားတွေနဲ့ဆက်နွယ်နေတဲ့ ဓါးဝိဉာဏ်နဲ့ဆက်စပ်နေတဲ့ ဂူအပေါ် အခြေခံဇာတ်အိမ်တည်ထားတာဖြစ်ပါတယ် ဇာတ်ကားနာမည်လိုပဲအသွားသာရှိပြီးအပြန်မရှိတဲ့နေရာတခုပါ ညီအကိုနှစ်ယောက်ရဲ့ကြားကမေတ္တာတွေကိုမြင်တွေ့ရမှာဖြစ်သလို အထူးပြုလုပ်ချက်တွေဝေဝေဆာဆာနဲ့ တချို့နေရာတွေမှာoverဖြစ်သွားပေမယ့် သိုင်းကားကြည့်ချင်သူတွေအတွက်ကတော့ ကြည့်လို့အဆင်ပြေတဲ့ကားမျိုးပါပဲ ဘာသာပြန်ပေးထားတာကတော့ Nay Chii ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်
movie

The Untamed: Fatal Journey (2020)

2020
Spy Intervention (2019) 5.2
Spy Intervention (2019) 2020 မှ လောလောလတ်လတ် ထွက်ထားတဲ့စပိုင်ဟာသကားလေး။ပေါ့ပေါ့ပါးပါးလေးနဲ့ အပျင်းပြေကြည့်လို့အဆင်ပြေတဲ့ကားလေး။မင်းသားက လက်နက် ရဖို့ကြိုးစားနေတဲ့ လူဆိုးနောက်ကို လိုက်ရင်းမင်းသမီးနဲ့ တိုက်မိရင်း တွေ့ကြတယ်။လူဆိုးကတော့ အဲဒါကြောင့် လွတ်သွားတယ်။မင်းသားကတော့ မင်းသမီးကို စတွေ့ကတည်းကသဘောကျသွားတာကြောင့် သူ့အလုပ်ကိုပါ စွန့်လွှတ်ပြီးမင်းသမီးကို လက်ထပ်ဖို့ ကြိုးစားတော့တယ်။သူတို့လက်ထပ်ဖြစ်ပ်ီး မင်းသားက ပုံမှန်ဘဝမှာ အသားကျအောင်ကြိုးစားနေတဲ့အချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ။မင်းသမီးကရော မင်းသားအကြောင်းကို ဘယ်အချိန်မှာသိသွားမှာလဲ။သူ့အလုပ်မှာရော အဆင်ပြေပါ့မလား။အဲလို ရုန်းကန်နေရချိန်မှာ အရင်ကိစ္စတွေနဲ့ ပြန်လည် ပတ်သက်လာရတဲ့အခါမှာတော့......ဇာတ်လမ်းကတော့ သိပ်ထူးထူးဆန်းဆန်းမဟုတ်။မင်းသား မင်းသမီးကလည်း အရမ်းနာမည်ကြီးနေတာတွေ မဟုတ်ပေမယ့်သူ့ဇာတ်လမ်း ဇာတ်ကွက်လေးနဲ့ ကြည့်လို့တော့ အဆင်ပြေပါတယ်။Low budget ဆိုတော့ တချို့နေရာတွေ CGI ထည့်ထားတာတွေတော့ သိပ်မကောင်း။ဒါပေမယ့် ပေါ့ပေါ့ပါးပါး ...
movie

Spy Intervention (2019)