Channel Myanmar

Adventure

Mountain King (2020) 6.5
Mountain King (2020) Wild King (2020)--------------------------ဒီတခါတော့ CMပရိသတ်တွေကို မျောက်ဝံကြီးပါတဲ့ တရုတ်ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားနာမည်လိုပဲ တောထဲမှာနေတဲ့ တာဇံကောင်လေးနဲ့ မျောက်ဝံကြီးအကြောင်းရိုက်ထားတာပေါ့နော်သူငယ်ငယ်ကတောင်ပေါ်မှာနေတဲ့ သူတို့တမျိုးနွယ်လုံး လူဆိုးတွေ သတ်တာခံလိုက်ရကတည်းက သူဟာတောထဲကိုလာတဲ့ဘယ်သူ့မဆို သတ်စားတဲ့ တောဘုရင်တကောင်ဖြစ်သွားခဲ့ပါတယ် ဒီလိုနဲ့ တနေ့မှာ သူတို့ဆီကို ကလေးမလေးတယောက်အကြောင်းတခုနဲ့ ရောက်လာခဲ့ပါတယ် သူက ကလေးမလေးကိုရော ဘာလုပ်ပစ်မှာလဲ ဘယ်လိုတွေဆက်ဖြစ်မလဲ သိချင်ရင်တော့ ဆက်ဆက်ဒေါင်းကြည့်ပါလို့ .... Translated by : Nay ChiEncoded by : YKFile Size : 1.2Gb and 663MBDuration : 1h25minQuality : 1080p WEB Dl and 720p
movie

Mountain King (2020)

2020
Teddy(2021) 7.0
Teddy(2021) Teddy(2021)အညွှန်း******************IMDb...7.0ရှီဗာဆိုတဲ့ လူဟာ ဉာဏ်အရမ်းကောင်းတဲ့ လူတစ်ယောက်ပါ။သူ့ရဲ့ ဉာဏ်ရည်နဲ့ လူအတော်အများကို ကူညီပေးပြီး စာပေတော်တော်များများ နှံ့စပ်သူ တစ်ယောက်ပါ။တနေ့မှာတော့ သူ ရထားပေါ်မှာ မိန်းကလေးတစ်ယောက်ကို လူဆိုးတစ်စုက ရမ်းကားရာကနေ ကယ်တင်ကူညီပေးရင်း သူ့မှာ ထူးဆန်းတဲ့ ဝက်ဝံရုပ်လေးတစ်ရုပ် ရခဲ့ပါတယ်။အဲ့ဒီဝက်ဝံရုပ်လေးဟာ စကားပြောလမ်းလျှောက်တတ်ပြီး သူ့ဆီကို အကူအညီတောင်းခံခဲ့ပါတယ်။ဝက်ဝံရုပ်လေးမှာ ရင်နင့်ဖွယ်ရာ ဇာတ်လမ်းလေးတစ်ခုရှိပြီး တစ်ဆက်တည်း အန္တရယ်များလွန်းတဲ့ပြဿနာကြီးတစ်ခုလည်းရှိနေတာကို သိလိုက်ရချိန်မှာတော့....သူတို့ ၂ယောက်အတူ ဘယ်လို ဖြေရှင်းရမလဲ၊ ဝက်ဝံရုပ်လေးရဲ့ ပြဿနာက ဘာလဲ.....ဇာတ်လမ်းလေးက သဘာဝလွန်ဖြစ်ရပ်ကို အခြေခံထားပေမဲ့ ပေါမနေဘဲတော်တော်ကြည့်လို့ကောင်းတဲ့ အိန္ဒိယ ကားတစ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Myint Thu & Nyi Koe တို့ပဲဖြစ်ပါတယ်...  File Size : (2.5 GB) and (1.03GB) Quality :WEB-DL.1080P.HEVC,720P Format…mp4 Duration…02:16:00 Genre : Animation, Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu & Nyi Koe Encoded by ...
movie

Teddy(2021)

HEVC 1080p 5.1
The Great Wall (2016) 5.9
The Great Wall (2016) The Great Wall (2016)_____IMDb...5.9/10   (အက်ရှင်အလန်းစားနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်သည်နှင့်အညီ Blu-Ray 1080p 5.1 CH,720Pတို့ဖြင့် ပြန်လည်တင်ဆက်ထားပါသည်....) Matt Damon ကို ထည့်သုံးထားတာဖြစ်ပါတယ်။ ဒီကားက Song Dynasty (960 ကနေ 1279) ကြား ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Matt Damon က ဥရောပ ကလာတဲ့ Mercenary ဖြစ်ပြီး သူတို့ က တရုတ်ပြည်က ယမ်းမှုန့်ကိုလိုချင်လို့ လာကြတာဖြစ်ပါတယ်။ဒီကားက Fantasy Si-fi ဖြစ်ပြီး တရုတ်က မဟာတံတိုင်းက လူတွေသိထားသလို မွန်ဂိုတွေရန်ကိုကာကွယ်ဖို့တင်မဟုတ်ပဲ၊ Alien Monster တွေရဲ့ရန်ကို ကာကွယ်ဖို့ ဆောက်ထားတာဖြစ်လို့ စိတ်ကူးယဉ်တင်ဆက်ထားပါတယ်။ Matt Damon တို့က ဒီ Monster တွေနဲ့ တွေ့လို့ ထွက်ပြေးလာရင်းနဲ့ တရုတ် ခံတပ်မှာ အဖမ်းခံရပါတယ်။ ဒီကနေ သူရဲ့ မြှားပစ်စွမ်းရည် ကြောင့်ရယ်၊ တိုက်ရည်ခိုက်ရည်ကောင်းတာကြောင့်ရယ်၊ သူ့ကို မသတ်တော့ပဲ တရုတ်စစ်တပ်နဲ့ အတူ ...
movie

The Great Wall (2016)

2016
HEVC 1080p 6.1
Cosmic Sin (2021) 3.0
Cosmic Sin (2021) Cosmic Sin (2021)==============ကျွန်တော်တို့ နေထိုင်ကြတဲ့ စကြဝဠာကြီးမှာ ကမ္ဘာဂြိုဟ်က သတ္တဝါတွေအပြင် တခြား မျိုးစိတ်တွေ ရှိနေဦးမယ်လို့ထင်ပါသလား ....ရှိနေရင်ရော ဘယ်လိုပုံစံတွေ ဖြစ်မယ်လို့ထင်လဲ၊ သူတို့ကရော ကမ္ဘာဂြိုဟ်ကလူတွေလို အသိဉာဏ်ရှိကြလား၊ဒါမှမဟုတ် နိမ့်ကျမလား သာလွန်နေမလား၊ ဒါတွေဟာ စဉ်းစားကြည့်မယ်ဆို စိတ်၀င်စားစရာပဲ . . .ပိုပြီး စိတ်၀င်စားဖို့ ကောင်းတာက ဒီလိုမျိုးစိတ်တွေသာ တကယ်ရှိပြီး လူတွေထက် အသိဉာဏ်နဲ့ ဖန်တီးနိုင်မှု စွမ်းအားကလည်း ပိုမြင့်နေမယ်၊ သူတို့က လူတွေကို အန္တရာယ်ပေးလာမယ်ဆိုရင် လူသားတွေအနေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာပါပဲ။ ဒါဆိုရင် လူသားတွေအနေနဲ့ ဒီ ကြမ္မာဆိုးကြီးကို ကျော်ဖြတ်နိုင်ပါ့မလား လူသားတွေသက်တမ်းဟာ အဓွန့်ရှည်ပါ့မလား ......ဆိုတာဟာ စဥ်းစားစရာပါပဲ။ဒီဇာတ်ကားမှာ မင်းသားကြီး Bruce Willis က ဂျိမ်းစ် ဖို့ဒ်အမည်ရှိ အာကာသဆိုင်ရာ မဟာမိတ်ကောင်စီရဲ့ ဗိုလ်ချုပ်ဟောင်းကြီးအဖြစ် ပါ၀င်ထားပြီး Frank Grillo က ...
movie

Cosmic Sin (2021)

2021
Scooby-Doo! The Sword and the Scoob (2021) 6.3
Scooby-Doo! The Sword and the Scoob (2021) Scooby-Doo! The Sword and the Scoob (2021)=================================IMDb Rating - 6.3/102021 ရဲ့ Scooby Doo ဇာတ်လမ်းလေးလာပါပြီ။အားလုံးသိကြတဲ့အတိုင်း Scooby Doo ဇာတ်လမ်းတွေဆိုတာ animation ဆိုပေမယ့်လည်းAction တွေ Adventure တွေနဲ့ ခေလှတဲ့ ဇာတ်လမ်းတော့မဟုတ်ပါ။အခုထွက်ရှိလာတဲ့ ဇာတ်လမ်းမှာတော့ Scooby တို့ အဖွဲ့ဟာ အင်္ဂလန်က နော်ဗယ်လ် အောမော်ဂါးနီးယားဆိုတဲ့ ဒေသကို သွားရင်း လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြစ်တွေနဲ့ ကြုံခဲ့ရပါတယ်။မှော်ပညာတွေနဲ့ ပြည့်နက်နေတဲ့မြို့ကို ရောက်သွားတဲ့ Scooby တို့ အုပ်စု မော်ဂန်ဆိုတဲ့ စုန်းမလက်ချက်နဲ့ အာသာဘုရင်အုပ်စိုးခဲ့တဲ့ ခေတ်ကိုရောက်သွားပြီး ပြဿနာတွေ ဖြေရှင်းကြတော့မှာပါ .....မာလင်တို့ခေတ်က အကြောင်းတွေပါတော့ မာလင်ကြိုက်သူကာတွန်းဖန်တို့အတွက်လည်း အဆင်ပြေပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Yoon Sandi Aung မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Yoon Sandi Aung, ...
movie

Scooby-Doo! The Sword and the Scoob (2021)

2021
Tom and Jerry (2021) 5.6
Tom and Jerry (2021) Tom and Jerry (2021)================IMDb Rating - 5.6/10မတည့်အတူနေ ကြောင်နဲ့ကြွက်ကလေး Tom & Jerry တို့ရဲ့ live action ဇာတ်ကားလေးပါ။ဒီတစ်ခါမှာတော့ စန္ဒယားပညာရှင်ကြီးဖြစ်ချင်နေတဲ့ တွမ်နဲ့ ဇိမ်ကျကျအိမ်အကောင်းစားကြီးတစ်လုံးလိုချင်နေတဲ့ ဂျယ်ရီတို့ကို နယူးယောက်မြို့ကြီးမှာ တွေ့မြင်ကြရမှာပါ။ သူတို့အပြင်ရွိုင်ရယ်ဂိတ်ဆိုတဲ့ နယူးယောက်မြို့က ထိပ်တန်းဟိုတယ်ကြီးမှာ သူများစီဗီဖောင်နဲ့ အလုပ်ဝင်ခွင့်ရသွားတဲ့ ကေလာဆိုတဲ့ကောင်မလေးတစ်ယောက်ကလည်း တွမ်နဲ့ဂျယ်ရီတို့ရဲ့ အရှုပ်တော်ပုံထဲပါဝင်လာမှာပါ။ဂျယ်ရီ့အတွက်တော့ တစ်ရန်ပေါ်နှစ်ရန်ဆင့်တယ်ပဲ ပြောရမှာပေါ့။ သူ့ဘာသာ ရွိုင်ရယ်ဂိတ်ဟိုတယ်ကကြွက်တွင်းထဲမှာ ဇိမ်ကျနေတုန်း အလုပ်မပြုတ်ချင်တဲ့ ဝန်ထမ်းသစ်ကလေး ကေလာရော သူ့ကိုမကြေပွဲနွှဲချင်နေတဲ့ တွမ်ရော နှစ်ယောက်ပေါင်းအမဲလိုက်တာကိုခံရမှာပါ။ လှစ်ခနဲလှစ်ခနဲနဲ့ သိပ်သွက်တဲ့ ကြွက်ကလေးဂျယ်ရီ၊ သူ့မွှေသမျှခံနေရရှာတဲ့ ဘော်ဒါကြီးတွမ်နဲ့ အပြောလည်းကောင်း လည်လည်းလည်တဲ့ဟိုတယ်ဝန်ထမ်းမလေး ကေလာတို့ သုံးယောက်ပေါင်း ဘယ်လိုလောင်းကျော်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို MTA မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Yoon Sandi Aung, MTA တို့ ...
movie

Tom and Jerry (2021)

2021
Flora & Ulysses (2021) 6.5
Flora & Ulysses (2021) Flora & Ulysses (2021)=================IMDb Rating - 6.5/10ဒီတစ်ခေါက်မှာတော့ IMDb 6.5/10 ရထားတဲ့ Disney Movies အလန်းစား ComedySuperHero ဇာတ်ကားလေး ဖြစ်တဲ့  Flora and Ulysses ဆိုတဲ့ မိသားစုဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။အသက် ဆယ်နှစ်အရွယ် ဖလော်ရာဆိုတဲ့ကောင်မလေးဟာ  သူမအဖေရေးထားတဲ့ ကောမစ်စာအုပ်တွေဖတ်ရတာကြိုက်ပြီး စိတ်ကူးစိတ်သန်းများစွာရှိတဲ့ ကလေးမလေးဖြစ်ပါတယ်။တစ်နေ့မှာ ယူလစ်စီဆိုတဲ့ ရှဉ့်လေးတစ်ကောင်ကို မထင်မှတ်ထားဘဲ ကယ်တင်လိုက်ပြီးတဲ့နောက်မှာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုအနေနဲ့ အဲ့ရှဉ့်ကလေးဟာ အစွမ်းသတိတွေရှိနေပါတယ်၊ တစ်နေ့မှာတော့ ရှဥ့်လေးကို တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲက လိုက်လံဖမ်းစီးတာကြောင့် အဲ့ ရှဥ့်ကလေးနဲ့အတူထွက်ပြေးရပါတော့တယ်၊ ဒီကားလေးထဲမှာ ရှဥ့်ကလေးရဲ့ အစွမ်းနဲ့  ပေါင်းပြီး ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲ ဆိုတာကို အသည်းတယားယားနဲ့ ကြည့်ကြရမှာဖြစ်ပါတယ်၊  ရှဉ့်ကလေး ယူလစ်စီရဲ့ ချစ်ဖို့ကောင်းတဲ့အပြုအမူတွေအပြင်  ကလေးလေးတွေရဲ့ လောကကြီးအပေါ်ထားတဲ့ အပြစ်ကင်းတဲ့ အမြင်ချစ်ခြင်းမေတ္တာရဲ့ အရေးကြီးတဲ့အချက် စတာလေးတွေကိုပါ ပေါ့ပေါ့ပါးပါး ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်၊(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ...
movie

Flora & Ulysses (2021)

2021
The Croods: A New Age 7.1
The Croods: A New Age The Croods: A New Age (2020) ဂိုင်းဆိုတဲ့တစ်ကောင်ကြွက်လေးတစ်ယောက် မိဘတေ​ွကွယ်လွန်ခါနီးမှာခဲ့တဲ့ "မနက်ဖြန်"ဆိုတဲ့နေရာလေးကို ရှာဖွေရင်း တစ်နေ့မှာ ဂူတေ​ွထဲနေထိုင်ကျက်စားကြတဲ့ ခရုစ်စ်မိသားစုနဲ့တွေ့ပြီး ရင်းနှီးသွားပြီး ခရုစ်မိသားစုရဲ့သမီးပျိုလေး အိနဲ့လည်း ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် ဒီလိုနဲ့ ခရုစ်မိသားစုဟာလည်း ဒီဂူတွေထက်ပိုကောင်းပြီး အစာရေစာပေါများတဲ့ "မနက်ဖြန်"ဆိုတဲ့နေရာလေးကို ဂိုင်းနဲ့တူတူ ရှာပုံတော်ထွက်ခဲ့ကြပါတော့တယ် ဒီလိုနဲ့ခရီးဆက်ရင်း နတ်ပြည္ကြီးလိုလှပပြီး အစာရေစာလည်းပေါများတဲ့ နေရာလေးတစ်ခုကိုရောက်သွားတဲ့အခါမှာ အဲဒီနေရာလေးက ဂိုင်းမိဘတွေရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်တဲ့ ဘတ်တားမန်းမိသားစုရဲ့ အိမ်ကြီးဖြစ်နေတဲ့အခါမှာ ဘတ်တားမန်းမိသားစုရဲ့သမီးပျိုလေး ဒေါန်ကလည်း ဂိုင်းရဲ့အခင်ဆုံးငယ်သူငယ်ချင်းဖြစ်နေတဲ့အခါမှာ မိသားစုရဲ့နှစ်စုရဲ့ မတူညီတဲ့ယဥ်ကျေးမှုတွေကနေ ဘယ်လိုပဋိပက္ခလေးတွေဖြစ်လာမလဲ တောရိုင်းတိရစ္ဆာန်ရဲ့အန္တရာယ်တွေကနေရော ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမှာလဲဆိုတာကို မိဘမေတ္တာ၊ သူငယ်ချင်းသံယောဇဥ်လေးတွေကိုပါ ထည့်သွင်းပုံဖော်ထားတဲ့ ဒီ comedy-adventure animation movie လေးမှာ ခံစားကြည့်ရှုလိုက်ကြပါဦး File Size - 2.2GB, 1GB Quality - 1080P HEVC, 720P Subtitle - Myanamr (Hardsub) Genre - Comedy, Adventure, Animation Translator - August, Jerrica, MTA Encoder - ...
movie

The Croods: A New Age

2020
G-Force (2009) 5.1
G-Force (2009) G-Force (2009)IMDb - 5.1CM ပရိသတ်ကြီးကို စိတ်၀င်စားဖို့ကောင်းပြီး အပန်းလည်းပြေစေမယ့် comedy/family film လေးတစ်ခုတဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပူးလေးတွေကို ချစ်တတ်သူဆိုရင်လည်း ဒီကားလေးကို လက်မလွှတ်သင့်ပါဘူးနော်ဇာတ်လမ်းအကျဉ်းလေးကတော့ဒါ၀င်၊ အောရက်စ်၊ ဘလက်စတာနဲ့ စပါ့ကယ်လ်တို့ဟာ စနစ်တကျ လေ့ကျင့်ပေးထားတဲ့ ပူးလေးတွေပဲဖြစ်ပါတယ်။ သူတို့ကို ထိန်းကျောင်းပေးသူကတော့ ဘန်ပေါ့။သူတို့အဖွဲ့ကို G-Force လို့ခေါ်ပြီး သူတို့ဟာ အစိုးရဘက်က လိုက်နေတဲ့အမှုကြီးတစ်ခုမှာ ပါ၀င်အားဖြည့်စုံစမ်းရတာဖြစ်ပါတယ်။ဒါပေမယ့် သူတို့ရဲ့ စုံစမ်းမှုမှာ အလွဲလေးဖြစ်သွားပြီး အစိုးရက G-Forceကို ထပ်ပြီးမထောက်ပံလွတ်အောင်ပြေးပြီး ဆိုလာရုံမက ဒါ၀င်တို့ကိုပါ ထိန်းချုပ်ဖို့ကြိုးစားပါတော့တယ်ဒီလိုနဲ့ ဒါ၀င်တို့ လေးကောင်လည်း ရန်သူတွေလက်က လွတ်အောင်ပြေးပြီး သူတို့ စုံစမ်းခဲ့တဲ့ အမှုက မမှားကြောင်း သက်သေပြန်ပြဖို့ ကြိုးစားကြပါတော့တယ် ....အစိုးရကရော ဘာအမှုကို လိုက်နေတာလဲ G-Force အဖွဲ့ကရော သူတို့မှန်ကန်ကြောင်း ဘယ်လိုလဲ သက်သေတွေပြကြဦးမှာလဲ .....ဟာသလေးတွေနှောပြီး စိတ်၀င်စားဖို့ကောင်းတာမလို့ ကြည့်ရှူကြဖို့တိုက်တွန်းလိုက်ရပါတယ်  Translated by : ...
movie

G-Force (2009)

Monster Hunter(2020) 6.0
Monster Hunter(2020) Monster Hunter(2020)အညွှန်း**************************Milla Jovovich နဲ့ Tony Jaa တို့ရဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ဗိုလ်ကြီး အာတီမစ်ဟာ သူ့ရဲ့ အထူးတပ်ဖွဲ့နဲ့အတူ စစ်ဆင်ရေး ထွက်ရင်း မုန်တိုင်းတစ်ခုကြားထဲကို ရောက်သွားခဲ့ပါတယ်။မုန်တိုင်းထဲကနေ အပြင်ထွက်လာချိန်မှာတော့ မတူတဲ့ ကမ္ဘာသစ်တစ်ခုထဲကိုရောက်နေပြီး အဖျက်စွမ်းအားကြီးလှသလိုအချိန်မရွေးလူသားတွေကို အရေခွံဆုတ်နိုင်တဲ့ ထူးဆန်းသတ္တဝါကြီးတွေနဲ့ရင်ဆိုင်ရပါတော့တယ်။ ရင်ဆိုင်ရင်းနဲ့ ကမ္ဘာသစ်ထဲက လူသားမိတ်ဆွေသစ်တွေရဲ့အကူအညီကိုယူပြီး မူလကမ္ဘာကိုပါ ပြန်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်...နင်းကန်လန်းတဲ့ အကြမ်းစားအက်ရှင်ခန်းတွေမြင်ရမှာဖြစ်သလို သတ္တဝါဆန်းတွေရဲ့စူပါ ပါဝါတွေကိုလည်းစိတ်လှုပ်ရှားရင်ခုန်စွာနဲ့ ကြည့်ရမှာြဖစ်ပါတယ်....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneoပဲဖြစ်ပါတယ်.....File Size : (1GB) and (469 MB) Quality : WEB-DL 720p Format…mp4 Duration…01:43:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae 
movie

Monster Hunter(2020)

HEVC
HEVC 1080p 5.1
Space Sweepers(2021) 9.3
Space Sweepers(2021) Space Sweepers(2021)အညွှန်း**************************ကမ္ဘာကြီးဟာ အချိန်ကြာလာတာနဲ့အမျှ အမှိုက်သရိုက်တွေ နေထိုင်ဖို့မသင့်လောက်တဲ့အထိဆိုးရွားတဲ့အခြေအနေမျိုးဖြစ်လာတယ်....ဒီအခြေအနေကိုကျော်လွှားဖို့ သိပ္ပံပညာရှင်တစ်ယောက်ဟာ UTSလို့ခေါ်တဲ့အာကာသဇုန်တစ်ခုဖန်တီးပြီး သီခြားကမ္ဘာတစ်ခုတည်ဆောက်ပြီးတော့ နေထိုင်ကြတယ်....အဲ့ဒီနေရာမှာ ထယ်ဟိုခေါင်းဆောင်တဲ့အဖွဲ့ငယ်လေးတစ်ဖွဲ့ရှိတယ်..သူတို့ကတော့ စွန့်ပစ်ပစ္စည်းတွေအာကာသထဲမှာလိုက်ကောက်ပြီး ဈေးကောင်းကောင်းနဲ့ပြန်ရောင်းလေ့ရှိတဲ့အဖွဲ့ပေါ့.....ဆန်တို့ သဘာဝအသီးအနှံတို့ဆိုတာ သိပ်ကိုဈေးကောင်းရတဲ့ပစ္စည်းတွေ...တစ်ရက်စွန့်ပစ္စည်းတွေလိုက်ရှာနေတုန်း မမျှော်လင့်ဘဲ ကလေးလေးတစ်ယောက်ကိုတွေ့တယ်...ပုံမှန်ဆို UTSက ရဲတွေကိုအပ်လိုက်သင့်ပေမဲ့ ထယ်ဟိုတို့အဖွဲ့ဟာ ဒီကလေးမလေးကိုသံယော်ဇဉ်တွယ်မိတာနဲ့တိတ်တဆိတ်ထိန်းသိမ်းထားမိတယ်...အဲ့ဒီလို သူတို့နဲ့အတူခေါ်ထားလိုက်ခြင်းကပဲ ပြဿနာမျိုးစုံကိုလက်ယတ်ခေါ်လိုက်သလိုဖြစ်သွားတော့တာပါပဲ....ဒီကလေးမလေးဟာ ဘယ်ကြောင့်အန္တရယ်များတာလဲ...သူ့ကို ဘယ်လိုရန်သူတွေကများလိုချင်နေတာလဲ...ထယ်ဟိုတို့အဖွဲ့ကရော ကလေးမလေးကိုကယ်နိုင်ပါ့မလား...သူတို့အသက်အန္တရယ်တွေကိုရော ကာကွယ်နိုင်ပါ့မလားဆိုတာကိုတော့ခံစားကြည့်လိုက်ပါဉီး....ဆောင်ဂျွန်ကီရဲ့ကားသစ်ဖြစ်ပြီး  သိပ္ပံအက်ရှင်ကားဖြစ်ပါတယ်...တော်တော်ကြီးကိုကြည့်လို့ကောင်းတာမို့ လက်မလွှတ်သင့်ပါကြောင်း... File Size : (980 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…02:16:00 Genre : Action, Adventure, Drama ,Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung, Khine Khine Wai & Ei Phyu Khin Encoded by Phyo Pyae
movie

Space Sweepers(2021)

HEVC 1080p 5.1
Below Zero – Bajocero (2021) 6.3
Below Zero – Bajocero (2021) Below Zero (2021)===============IMDb Rating - 6.3/10 CM ပရိသတ်ကြီး အကြိုက်တွေ့မယ့် Action, Crime ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။မာတင်ဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့ ရဲတစ်ဦးပါ။ တစ်နေ့ သူပြောင်းတဲ့ ရဲဌာနမှာပထမဆုံးတာ တာ၀န်အနေနဲ့ အကျဉ်းသားတွေကို နေရာပြောင်းရွှေ့တဲ့ တာ၀န်ကို ထမ်းဆောင်ရပါတော့တယ်။ ဒီလိုနဲ့ပဲ မာတင်ဟာ သူအပါအ၀င် နောက်ထပ် ရဲ ၃ ယောက်နဲ့အတူ အကျဉ်းသား ၆ ယောက်ပါတဲ့အချုပ်ကားကို မောင်းပြီး မြူဆိုင်းတဲ့ ညဘက်မှာ တာ၀န်ထမ်းဆောင်ရပါတော့တယ်။ဒီလိုနဲ့ မောင်းလာရင်း လမ်းခုလတ်မှာ ကားဘီးကလည်းပေါက် အရံလိုက်လာတဲ့ ရဲနှစ်ယောက်ရဲ့ကားနဲ့လည်းအဆက်ပြတ်သွားတဲ့အတွက် သူကိုယ်တိုင် မောင်းလာတဲ့ ကားပေါ်က ဆင်းကြည့်တဲ့အခါ ခြုံခိုတိုက်ခိုက်ခံနေရပြီဆိုတာ သိလိုက်ရပါတော့တယ်။ အရံပါလာတဲ့ ရဲ ၃ ယောက်ကလည်း ကျ အချုပ်ကားထဲက အကျဉ်းသား ၆ ယောက်ကလည်း စပြီး ပုန်ကန် အပြင်ကရန်သူတွေက ...
movie

Below Zero – Bajocero (2021)

2021
Finding ‘Ohana (2021) 6.2
Finding ‘Ohana (2021) Finding Ohana (2021)စွန့်စားတဲ့ ဇာတ်လမ်းတွေကို ကြိုက်တတ်ပါသလား? ရတနာရှာဖွေရေး ဇာတ်လမ်းတွေကို ကြိုက်တတ်ပါသလား?Netflix ကနေ ထုတ်လွှင့်ထားတဲ့ အသစ်စက်စက် ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။စွန့်စားရတာကို ကြိုက်တတ်တဲ့ ဖီလီ ဆိုတဲ့ ကောင်မလေးက သူ့အဖိုးဆီက မုခ်စ်ရဲ့စွန့်စားခန်းတွေကို ဖတ်ပြီးတဲ့နောက်မှာ စပိန်ရတနာတွေကို ရှာဖွေဖို့ သူ့ရဲ့မောင်နှမတွေနဲ့အတူ ကြိုးပမ်းပါတော့တယ်။သူတို့ရဲ့စွန့်စားခန်းတွေကတော့ ...... ပြောလိုက်ရင် ပေါ့သွားမှာမို့ အများကြီး မပြောပြတော့ပါဘူး။ရတနာသိုက်ရှာဖွေရေးကားတွေရဲ့ထုံးစံအတိုင်း ဘာဖြစ်မလဲ ဆိုတာကို ဟာဝိုင်အီကျွန်းရဲ့ အလှအပတွေနဲ့ အတူတူ အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမှာပါ။IMDb - 6.2/10 ရထားတဲ့ ဇာတ်ကားအသစ်စက်စက်လေးမို့ ကြည့်ဖြစ်အောင် ကြည့်ကြစေချင်ပါတယ်။File size…1.7 GB and 700MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 2hr 3min Subtitle….Myanmar Subtitle (Hardsub) Translator ..... Shoon Thu Thu Chain, Shin Jinni, Thet Hnin Hsu, Dolly Encoder ...
movie

Finding ‘Ohana (2021)

2021
Anaconda (1997) 5.5
Anaconda (1997) [Unicode]Anaconda (1997)ဒီဇာတ်လမ်းလေးမှာတော့ အမေဇုန်တောနက်ကြီးထဲမှာရှိတဲ့ အလွန်တွေ့ရခဲတဲ့ ရှီရီရှားမားလူမျိုးစုတွေကို ပထမဆုံးမှတ်တမ်းရုပ်ရှင်ရိုက်နိုင်သူတွေဖြစ်ဖို့ ကြိုးစားနေတဲ့ ပရော်ဖက်ဆာ ကေး တို့အဖွဲ့ဟာလူမျိုးစုကိုရှာဖို့ ခရီးစတင်ချိန်မှာ မထင်မှတ်ပဲ ဒေသခံလူတစ်စုရဲ့ Anaconda ကြီးကို ဖမ်းဖို့အတွက်လုပ်ထားတဲ့ အကွက်ချစီစဉ်မှုကြီးထဲရောက်သွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲကြုံလာတဲ့အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့မလား‌သူတို့မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ ကြိုးစားနေတဲ့ ရှီရီရှားမားလူမျိုးစုတွေနဲ့ရော တွေ့ခွင့်ရပါ့မလားဆိုတာကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်နောက်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ ဒီကားထဲမှာ မင်းသမီးအနေနဲ့ပါဝင်ထားတဲ့ မစ်ဖရောရက်စ်က အရမ်း Hot တယ်ဆိုတာပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Aung hein htet ပါ ) [Zawgyi]Anaconda (1997)ဒီဇာတ်လမ်းလေးမှာတော့ အမေဇုန်တောနက်ကြီးထဲမှာရှိတဲ့ အလွန်တွေ့ရခဲတဲ့ ရှီရီရှားမားလူမျိုးစုတွေကို ပထမဆုံးမှတ်တမ်းရုပ်ရှင်ရိုက်နိုင်သူတွေဖြစ်ဖို့ ကြိုးစားနေတဲ့ ပရော်ဖက်ဆာ ကေး တို့အဖွဲ့ဟာလူမျိုးစုကိုရှာဖို့ ခရီးစတင်ချိန်မှာ မထင်မှတ်ပဲ ဒေသခံလူတစ်စုရဲ့ Anaconda ကြီးကို ဖမ်းဖို့အတွက်လုပ်ထားတဲ့ အကွက်ချစီစဉ်မှုကြီးထဲရောက်သွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲကြုံလာတဲ့အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့မလား‌သူတို့မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ ကြိုးစားနေတဲ့ ရှီရီရှားမားလူမျိုးစုတွေနဲ့ရော တွေ့ခွင့်ရပါ့မလားဆိုတာကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်နောက်အရေးကြီးတဲ့အချက်တစ်ချက်ကတော့ ဒီကားထဲမှာ မင်းသမီးအနေနဲ့ပါဝင်ထားတဲ့ ...
movie

Anaconda (1997)

HEVC 1080p 5.1
Anacondas 2: The Hunt for the Blood Orchid (2004) 5.7
Anacondas 2: The Hunt for the Blood Orchid (2004) [Unicode]Anacondas:The hunt for the Blood Orchid(2004) ===========-================== ဒီကားလေးကတော့ (၂၀၀၄) ခုနှစ်ကထွက်ခဲ့တဲ့ Anacondaမြွေကြီးတွေအကြောင်း ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအစမှာ ဒေါက်တာဂျွန်ဘိုက်ရွန် ဂေါ်ဒွန်မစ်ချယ် ဆမ်ရော်ဂျာ ဂေးစထရင်း ကိုးလ်ဘားရစ်တို့နဲ့အတူ ဒေါက်တာဘန်ဒေါက်ဂလပ်စ်တို့ဟာ နယူးယောက်ခ်မြို့ရဲ့ ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ ဝက်ဆဲဟော ရဲ့ရန်ပုံငွေနဲ့ အင်ဒိုနီးယားနိုင်ငံ ဘော်နီယိုမှာရှိတဲ့ တောထဲကို ပန်းရှာဖို့ထွက်လာခဲ့ပါတယ်ဒီပန်းဟာလည်း တစ်ခြားတော့မဟုတ်ပါဘူး လူ့သက်တမ်းတွေကိုဆွဲဆန့်ထားနိုင်တဲ့အစွမ်းရှိတဲ့ တစ်နည်း အသက်ရှည်နုပျိုနေနိုင်တဲ့ အနီရောင်သစ်ခွပန်းပဲဖြစ်ပါတယ်ဒီပန်းထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ လူ့သက်တမ်းကိုရှည်ပြီး ငယ်ရွယ်နုပျိုနေစေနိုင်တဲ့ အစွမ်းရှိတဲ့ဆေး ဖော်စပ်ရာမှာ အသုံးပြုရမှာပဲဖြစ်ပါတယ်သူတို့ဟာပန်းရှိရာတောနက်ထဲကိုရေကြောင်းလမ်းကနေသွားဖို့လှေငှားရင်းနဲ့ပဲ ကပ္ပတိန် ဘေလ်ဂျွန်ဆင်နဲ့သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ထရန်ဝူတို့နဲ့ဆုံခဲ့ပါတယ်ကပ္ပတိန်ဘေဟာသူတို့ကိုအန္တရာယ်ကင်းကင်းခေါ်ဖို့ကြိုးစားရာကနေ မတော်တဆရေတံခွန်အောက် ပြုတ်ကျရာမှစပြီး တစ်ဖွဲ့လုံးငါးပါးမှောက်ကာ မြွေကြီးနဲ့တိုးတဲ့အထိဖြစ်လာခဲ့ပါတော့တယ် ကပ္ပတိန်ဘေလ်ဂျွန်ဆက်နဲ့အဖွဲ့ဟာ မြွေကြီးတွေရန်ကနေပဲ လွတ်မလား သစ်ခွပန်းအနီတွေကိုပဲပိုက်ပြီးပြန်ရမလား ဘယ်သူတွေကအသက်ရှင်နိုင်ကြမလဲ ဘယ်သူတွေ‌ရှောဘရားသားဘောကားမလဲဆိုတာကတော့ ဆက်လက်ပြီးရင်ခုန်စိတ်လှုပ်ရှားပေးပါဦးဗျာ့( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ T Lone ပါ ) [Zawgyi]Anacondas:The hunt for the Blood Orchid(2004) ===========-================== ဒီကားလေးကတော့ (၂၀၀၄) ခုနှစ်ကထွက်ခဲ့တဲ့ Anacondaမြွေကြီးတွေအကြောင်း ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအစမှာ ...
movie


HEVC 1080p 5.1
Anaconda 3: Offspring (2008) 4.8
Anaconda 3: Offspring (2008) [Unicode]အကောင်ပလောင်တွေ သတ္တဝါဆိုးကြီးတွေဇာတ်ကားသမိုင်းမှာ အန်နာကွန်ဒါဆိုရင် မသိသူမရှိလောက်ပါဘူးနော် သတ္တဝါကြီးတွေရဲ့ကား အစလို့တောင်ပြောလို့ရမယ်ထင်ပါတယ်ဒီ Anaconda 3 မှာဆိုရင်တော့ ဒေါက်တာမလေး အမန်ဒါဟာ အန်နာကွန်ဒါမြွေကြီးကို ကင်ဆာနဲ့ အယ်လ်ဇိုင်းမာရောဂါကို ကုသနိုင်မဲ့ ဆေးထုတ်ဖို့အတွက် သူဌေးကြီး မာဒေါ့ခ်လက်အောက်မှာ လျှို့ဝှက်သုတေသန လုပ်နေပါတယ်ခေါင်းစဉ်ကတော့ ကုသဆေးထုတ်ဖို့ဆိုပေမယ့် မာဒေါ့ခ်လို မကောင်းတဲ့စီးပွားရေးသမားကြီးကတော့ မသမာတဲ့မကြံတွေနဲ့ပါဒီလိုနဲ့ မာဒေါ့ခ်ကိုယ်တိုင် သုတေသနကို လာရောက်စစ်ဆေးနေစဉ်အတွင်း မတော်တဆမှုဖြစ်ပြီး အန်နာကွန်ဒါမြွေကြီး သုတေသန နေရာကနေ လွတ်ထွက်သွားတဲ့အခါမှာ အကုန်လုံးဒုက္ခရောက်ရမယ့်အဖြစ်ကို ကြုံရပါတော့တယ်ဒီလိုနဲ့ အမန်ဒါတို့တစ်သိုက် ဒီလိုအဖြစ်ဆိုးကြီးကို ဘယ်လိုတားဆီးကြမလဲဆိုတာ Anaconda 3 မှာ သည်းထိတ်ရင်ဖိုစရာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chuck Chuck ပါ ) [Zawgyi]အကောင်ပလောင်တွေ သတ္တဝါဆိုးကြီးတွေဇာတ်ကားသမိုင်းမှာ အန်နာကွန်ဒါဆိုရင် မသိသူမရှိလောက်ပါဘူးနော် သတ္တဝါကြီးတွေရဲ့ကား အစလို့တောင်ပြောလို့ရမယ်ထင်ပါတယ်ဒီ Anaconda 3 မှာဆိုရင်တော့ ဒေါက်တာမလေး အမန်ဒါဟာ အန်နာကွန်ဒါမြွေကြီးကို ကင်ဆာနဲ့ ...
movie


HEVC 1080p 5.1
Anacondas 4: Trail of Blood (2009) 4.0
Anacondas 4: Trail of Blood (2009) [Unicode]ဒီတစ်ခေါက် ကျွန်တော်တို့မြွေကားကြည့်ရအောင်ဗျာ မြွေကားဆိုလို့ ထိုင်းကားတွေဘာတွေတော့မထင်လိုက်နဲ့ဦးနော် တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့လွန်းလို့ 4ကားအထိထွက်ခဲ့ပြီး Game တွေပါ ထွက်ခဲ့တဲ့ Anaconda ဇာတ်ကားပဲဖြစ်ပါတယ် ဒီနေ့တင်ဆက်မှာက လေးကားမြောက် movie လေး Anacondas:Trail of Blood ဖြစ်ပါတယ်Trail of Blood မှာ မြွေကြီးကဘယ်ကနေပေါ်ပေါက်ခဲ့မှာလဲဆိုတော့ ဆေးဘက်ဆိုင်ရာ ပညာရှင် Peter ရဲ့ စမ်းသပ်ခန်းထဲကပါ Peter က အရမ်းချမ်းသာတဲ့လူတစ်ယောက်ရဲ့ အရိုးကင်ဆာကို ကုသပေးဖို့ပန်းတစ်မျိုးဆီကရတဲ့အရည်ကို ဗီဇအဆင့်မြှင့်ပြီး Serum ထုတ်နေတာပါ သူ့ရဲ့serum အလုပ်ဖြစ်မဖြစ် ဒီမြွေနဲ့စမ်းသပ်ခဲ့ပါတယ် ဒီလိုနဲ့ serum ကအရမ်းတွေ ထိန်းမရသိမ်းမရ အလုပ်ဖြစ်သွားတဲ့အခါ မြွေကြီးက anaconda ကြီးဖြစ်သွားတယ်ပေါ့ဗျာအဲ့ဒီအချိန် တောထဲကို မတူညီတဲ့ရယ်ရွယ်ချက်တွေနဲ့ လူတွေရောက်လာပါတယ် မထင်မှတ်ဘဲဒီလူတွေ ပေါင်းစုမိသွားပြီး ဒီလိုမြွေကြီးက ဒီလူတွေကို ဘယ်လိုအန္တရာယ်ပေးမလဲ လူတွေက ဘယ်လိုခြေမှုန်းမလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းစွာနဲ့ ကြည့်ရှုရမှာပါ2009 ခုနှစ်က ထွက်ထားတဲ့ကားဆိုတော့ CGI တွေက အဲ့ဒီခေတ်ရဲ့အကောင်းဆုံးစနစ်နဲ့လုပ်ထားတာပါ ဆိုတော့ ကျွန်တော်တို့ 2009 ခုနှစ်ကခံစားချက်ကို ...
movie

Anacondas 4: Trail of Blood (2009)

HEVC 1080p 5.1
A.I. Artificial Intelligence(2001) 7.1
A.I. Artificial Intelligence(2001) A.I. Artificial Intelligence(2001)အညွှန်း ***********************************(နင်းကန်ကောင်းတဲ့ကားမို့ HEVC 1080p 5.1, 720pတို့ဖြင့်ပြန်လည်တင်ဆက်ပေးထားပါသည်...) IMDb....7.1,,,,Rotten....73 ဒါရိုက်တာ Steven Spielberg ဆိုတာနဲ့ ခင်ဗျားတို့ ဒီကားကိုနည်းနည်းတော့စိတ်ဝင်စားသွားမယ်ထင်တယ်....ဒီကားရိုက်တော့ သူကိုယ်တိုင်လည်း အော်စကာ ဆန်ကာတင်အဆင့်ပါခဲ့တယ်...ကျွန်တော်တို့တွေဟာ ရုပ်ရှင်ကြည့်သက်ရင့်လာတာနဲ့အမျှ ဇာတ်ကားကြည့်တဲ့နေရာမှာ အစပိုင်းနည်းနည်းကြည့်ပြီးတာနဲ့တစ်ကားလုံးမဟုတ်တောင်  ရှေ့ဆက်ဖြစ်နိုင်ခြေရှိတဲ့ဟာတစ်ချို့ကိုမှန်းဆနိုင်ပါတယ်...ဒါပေမယ့် ဒီကားကိုကြည့်မိရင် ခင်ဗျားတို့ ထင်ထားတာတခြားစီဖြစ်သွားနိုင်တယ်..ဘာလို့ဆို ၁၀မိနစ်လောက်စထားတဲ့ plotတစ်ခုဟာနောက်တစ်နေရာရောက်တော့ ခင်ဗျားတို့လုံးဝထင်မထားတဲ့ရှုထောင့်တစ်ခုကိုချိုးကွေ့လိုက်တယ်.....အချိုးအကွေ့ပေါင်းများစွာနဲ့ဒီကားကိုတည်ဆောက်ထားတယ်...ဒါကြောင့်လည်း Steven Spielberg ဟေ့ဆိုပြီးနာမည်ကြီးတာနေမယ်...ပြီးတော့ကျွန်တော်ပဲ စဉ်းစားဉာဏ်နဲ့ရေးသားမှုပိုင်းညံလေသလားမသိ ဒီကားကိုအညွှန်းဘယ်လိုရေးရမှန်းမသိဘူး...ကောင်းလားလို့မေးရင်တော့ ပြန်ဖြေလို့ရတယ်....ကျွန်တော်တို့တွေလေထဲကအောက်ဆီဂျင်ကိုရှူကြတယ်...တစ်ယောက်ယောက်က လေဘယ်မှာလဲပြဆိုရင် လက်ဆုပ်လက်ကိုင်ပြလို့မရဘူး...ဒီတော့လေမရှိဘူးလားဆိုတော့မဟုတ်ပြန်ဘူး လေဟာနေရာတိုင်းမှာရှိတယ်...ဒီလိုပဲ ဒီကားရဲ့ကောင်းကွက်ကဘာလဲ ဘယ်နေရာဘယ်အပိုင်းကကောင်းတာလဲ music ပိုင်းလား plotပိုင်းလား ..သရုပ်ဆောင်ပိုင်းလား နည်းပညာပိုင်းလား..ဆိုတော့ လေရှိလားဆိုတဲ့မေးခွန်းကိုဖြေသလိုပြန်တုန့်ပြန်ရမယ်ထင်တယ်....အယ် ဒေါင်းမဲ့သူတွေအတွက် ဆင်ခြင်လို့ရအောင်ပြောလို့ရတာတော့တော့ရှိတယ် ..အမိုက်စားအက်ရှင်ခန်းတွေ ...ဘီကီနီဝတ်အလှအပတွေ....၁၅၀၀ဖွဲ့ romantic ဆန်အကွက်တွေ မပါဘူး...File Size…(2.9GB) and (1.4GB) Quality…HEVC 1080p 5.1, Blu-Ray 720p Format…mkv Duration…02:26:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest ...
movie

A.I. Artificial Intelligence(2001)

2001
HEVC 1080p 5.1
Tar (2020) 6.1
Tar (2020) Tar (2020)==========IMDb Rating - 6.1/102020 ခုနှစ်ထွက် Drama/ Thriller ဇာတ်ကားလေးပါ၊ လူနည်းနည်းနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတာတွေ့ရပါတယ်။ဇာတ်လမ်းအကျဉ်းအရတော့ ဇက်ခ်နဲ့ သူ့ဖခင် ဘယ်ရီတို့ဟာ လော့အိန်ဂျလိစ်မြို့မှာ စက်ပြုပြင်ရေးလုပ်ငန်းကို  ဘယ်ရီရဲ့အဖေလက်ထက်တည်းက လုပ်ကိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ စာချုပ်အရ သူတို့ရုံးဖွင့်ထားတဲ့တိုက်ကနေ ဖယ်ပေးရတော့မှာဖြစ်ပါတယ်။ ဖယ်ပေးဖို့ အတွက် ညဘက် ပစ္စည်းပစ္စယတွေထုပ်ပိုးနေတဲ့အချိန်မှာပဲ မီးပျက်သွားပြီး ကြောက်စရာအရိပ်ကြီးတစ်ခု သူတို့တိုက်ထဲကို ဝင်လာပါတော့တယ်။ အဲဒီအရိပ်ကြီးက လူလား တစ္ဆေလား ဘယ်လိုသတ္တဝါလဲ သူနဲ့အတူတူပါလာတဲ့ အနက်ရောင်အရည်တွေကရော ဘာတွေလဲဆိုတာ ရင်တထိတ်ထိတ်ရှုစားကြပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 36minSubtitle – Myanmar HardsubFormat – Mp4Genre : Adventure, TrillerSource : 1080p.WebRipTranslator ...
movie

Tar (2020)

2020
No Man’s Land (2021) 4.3
No Man’s Land (2021) No Man’s Land (2021)==================IMDb Rating - 4.3/10မက္ကဆီကိုနဲ့ တက်စ်ဆက်ပြည်နယ်ကြားက နယ်စပ်မှာဖြစ်ခဲ့ဖူးတဲ့အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘေလ်တို့မိသားစုက တက်စ်ဆက်ပြည်နယ်နဲ့ မက္ကဆီကိုနယ်စပ်မှာ မွေးမြူရေးခြံလုပ်ငန်းလုပ်ကြတဲ့ မိသားစုပါ။ သားအကြီးလူးကပ်စ်က မြင်းစီးတော်သလို သားအငယ်ဂျက်ဆင်ကလည်း ဘေ့စ်ဘောမှာ ပါရမီပါတဲ့ကောလိပ်ကျောင်းသားတစ်ယောက်ပေါ့။ သူတို့ခြံက နယ်စပ်မှာရှိတာကြောင့် မက္ကဆီကိုဘက်က နိုင်ငံရေးခိုလှုံချင်တဲ့သူတွေ တရားမဝင်ဖြတ်သွားတိုင်း သူတို့ခြံစည်းရိုးတွေကို ညှပ်သွားတတ်တာကြောင့် သူတို့ရဲ့ကျွဲတွေနွားတွေလွတ်ကုန်တာမကြာခဏပါပဲ။ဂျက်ဆင်တစ်ယောက် ကောလိပ်ပိတ်တဲ့ နွေရာသီမှာ အိမ်ကိုခဏပြန်ရောက်နေတုန်း ပျော်ရွှင်စရာ သူတို့မိသားစုလေးကိုဂြိုလ်ဆိုးဝင်ပါတော့တယ်။ အဲဒါကတော့ နယ်စပ်က တရားမဝင်ဖြတ်သွားတဲ့ မက္ကဆီကန်အုပ်ထဲက ကောင်လေးတစ်ယောက်ကို ဂျက်ဆင် မတော်တဆသတ်လိုက်မိတာပါပဲ။ ကံတရားက တကယ်ထူးဆန်းပါတယ်...ကိုယ်ပိုင်တဲ့မြေကို ကာကွယ်နေတဲ့ဂျက်ဆင်က ကြမ္မာငင်ပြီး ပြေးရင်းလွှားရင်း မက္ကဆီကိုနိုင်ငံထဲ ရောက်သွားတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲခံစားကြည့်ရှုကြပါဦး။Action, Adventure, Thriller အမျိုးအစားမို့ ပရိတ်သတ်ကြီးလည်း ကြိုက်နှစ်သက်မို့လည်း ယူဆပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality ...
movie

No Man’s Land (2021)

2021