Channel Myanmar

Adventure

Sharp Teeth ( 2024 ) 5.6
Sharp Teeth ( 2024 ) သဲထိတ်ရင်ဖိုဇာတ်လမ်းတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် Sharp Teeth ဆိုတဲ့ သဲထိတ်ရင်ဖိုဇာတ်ကားကောင်းလေးကို CM ကတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်လမ်းအညွှန်းလေးကတော့ : ဦးလေးနျိုနဲ့သူ့နောက်လိုက်ငယ်သားတွေက ပင်လယ်ထဲကနေ ရှားပါးသတ္တဝါတွေကိုဖမ်းယူပြီး တရားမဝင် ကုန်သွင်းကုန်ပို့လုပ်ငန်းတွေနဲ့ ပိုက်ဆံအများကြီးရှာကြတဲ့သူတွေပါ။တစ်နေ့မှာတော့ ထူးဆန်းတဲ့ငါးအကြီးကြီးကိုဓာတ်တို့ဖမ်းမိလာခဲ့ရာကနေ အဲဒီငါးကြီးနဲ့မျိုးတူငါးပေါက်စလေးတွေပါပါလာခဲ့ပါတော့တယ် ။ ဒီငါးကြီး လူစားတတ်တဲ့အကြောင်းကိုတော့ အပြင်ကိုပေါက်ကြားမသွားအောင် ဖုံးထားဖိထားရင်းနဲ့ပေါ့ ။တစ်ဖက်မှာလည်း မုန့်ရှန်နဲ့သူ့ချစ်သူကျန်းရှောတို့သူငယ်ချင်းအုပ်စုက အရင်တည်းဖို့လုပ်ထားနဲ့ဟိုတယ်ကနေ အကြောင်းအမျိုးမျိုးကြောင့် မတည်းဖြစ်ရာကနေ နောက်ထပ်ဟိုတယ်တစ်ခုရှာရပါတော့တယ် ။ အဲဒီမှာ မထင်မှတ်ထားဘဲ လူသားစားငါးကြီးရှိတဲ့ ဟိုတယ်ကို‌သူငယ်ချင်းအုပ်စုရောက်သွားပါတော့တယ်။အဲဒီမှာ ဟိုတယ်ရဲ့တရားမဝင်အလုပ်တွေကိုဘယ်လိုဖော်ထုတ်သွားမလဲ သူတို့သူငယ်ချင်းအုပ်စုကရော လူသားစားငါးကို ဘ ယ်လိုမျိုးရင်ဆိုင်သွားမလဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 896 MB / 530 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Thriller , Adventure , Mystery Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Sharp Teeth ( 2024 )

The Boy and the Heron (2023) 7.6
The Boy and the Heron (2023) (Digital အကြည် ထွက်လာလို့ ပြန် Update ပေးလိုက်ပါတယ်)IMDb - 7.6/10 Rotten Tomatoes - 97%Studio Ghibliရဲ့နောက်ဆုံးထွက်ဇာတ်ကားလည်းဖြစ်ပြီးSpirited Awayဇာတ်ကားအပြီး ဒုတိယမြောက်Oscarရထားတဲ့ဇာတ်ကားလည်းဖြစ်တဲ့ ဒီကားဟာပြောရရင် နည်းနည်းဆန်းတယ်ပြောရမလားပဲ။ ဒီကားကိုရုံတင်ခါနီးအထိ marketingနဲ့ပတ်သတ်ပြီးဘာမှထွေထွေထူးထူးမလုပ်ခဲ့သလို trailerတောင်မကောင်းတတ်လို့ထုတ်ပေးလိုက်တဲ့ပုံစံမျိုး ချေပြခဲ့တာပါ။ ပြောရမယ်ဆိုရင် ငါတို့Studio Ghibliကထုတ်တာမလို့ဘာမှထွေထွေထူးထူးmarketingဆင်းစရာမလိုဘူး။ကောင်းကိုကောင်းစေရမယ်။လာကြည့်ကြဆိုတဲ့အထာမျိုးပေါ့။ တခြားstudioတွေသာ အဲ့အကွက်လုပ်ရင်ပေါက်သင့်သလောက်မပေါက်ပဲ ဖြစ်မှဖြစ်ပေမဲ့Studio Ghibliက ဆရာကြီးမှ တကယ့်ဆရာကြီးဆိုတော့ရုံလည်းတင်ရော သူတို့studioက တင်တင်ချင်းရက်မှာဝင်ငွေစံချ်န်ချိုးခဲ့တဲ့ Howl's moving castleရဲ့အဖွင့်ရက်ဝင်ငွေကိုတောင် ပြန်ချိုးခဲ့ပြီးJapan box officeမှာ အောင်ပွဲခံခဲ့ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Studio Ghibliရဲ့ အော်စကာဆုရSpirited awayလို နတ်ဖွက်တဲ့ဇာတ်လမ်းပါပဲ။ ဒါပေမဲ့ တူတော့မတူဘူးဗျ။ alice in wonderlandလို အရသာမျိုးလည်းကြည့်နေရင်း ရပါတယ်။ဇာတ်လမ်းအကျဥ်းကတော့မဟိတိုဆိုတဲ့ကောင်လေး အမေဟာ ဆေးရုံမီးလောင်မှုမှာဆုံးပါးသွားခဲ့ပါတယ်။မဟတိုဟာ နောက်တော့ သူ့အဖေနဲ့အတူ တိုကျိုမြို့ကနေထွက်ခွာပြီးနယ်မြေလေးကိုပြောင်းရွှေ့ခဲ့တာပါ။ အဲ့ဒီနယ်မြို့လေးမှာက မဟိတိုရဲ့မိထွေးဖြစ်သူဟာ နေထိုင်နေတာလေ။တရက်ကျတော့ ငဟစ်ငှက်ကြီးတစ်ကောင်ပေါ်လာပြီးမဟိတိုရဲ့အမေမသေသေးကြောင်း မဟိတိုကိုလာပြောပါတယ်။အမေကိုပြန်တွေ့ချင်ရင် သူ့နောက်လိုက်ခဲ့ဖို့ပါထပ်ပြောတယ်လေ။နောက်ရက်အနည်းငယ်ကြာတော့ မဟိတိုရဲ့မိထွေးဟာ ပျောက်သွားခဲ့တယ်။အဲ့လိုနဲ့မဟိတိုဟာ မိထွေးဖြစ်သူကိုလိုက်ရှာရင်းကနေငဟစ်ငှက်ကြီးနဲ့ပြန်ဆုံပါတယ်။ငဟစ်ငှက်ကြီးဟာ တကယ်တော့....... အညွှန်းကိုဒီလောက်နဲ့ရပ်လိုက်ပါမယ်။ ဇာတ်လမ်းကောင်းတာလေးနဲ့အချိန်ကုန်ဆုံးချင်သူတွေကတော့ကြည့်ကိုကြည့်သင့်ပါတယ်။ ရုပ်ရှင်ကားကို ...
movie

The Boy and the Heron (2023)

2023
Wildlike (2014) 6.6
Wildlike (2014)  သိပ်မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Fallout video game ရဲ့live action series ထဲက မင်းသမီး Ella Purnellပါဝင်သရုပ်ဆောင်‌ထားတဲ့ ဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီကားထဲမှာတော့ Ella Purnell ဟာ 14နှစ်အရွယ်ဆယ်ကျော်သက်မလေး Mckenzie နေရာကနေပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ထဲက မက်ကန်ဇီဟာ 13နှစ်အရွယ်မှာပဲ ဖခင်ဖြစ်သူကိုဆုံးရှုံးခဲ့ရပြီး အမေဖြစ်သူကလည်း ဆေးကုသမှု ခံယူနေတာကြောင့် ဦးလေးနဲ့အတူနေထိုင်ဖို့အတွက် အလက်စကာကိုအပို့ခံလိုက်ရပါတယ်။အဲဒီမှာ ဇာတ်လမ်းကို တစ်ဆစ်ချိုးသွားစေတာက ဦးလေးဖြစ်သူဟာ မြီးကောင်ပေါက်အရွယ် မက်ကန်ဇီကို ၅၂၈မေတ္တာမျိုးနဲ့မစောင့်ရှောက်ပေးဘဲ လူ့တိရစ္ဆာန် တဏှာမျက်လုံးနဲ့ကြည့်ပြီး မက်ကန်ဇီအိပ်နေချိန်မှာ sexual harassment တွေတစ်စတစ်စလုပ်လာပါတော့တယ်။ အသက်ကလည်းငယ်၊အားကိုးစရာရယ်လို့လည်းမရှိတဲ့ မက်ကန်ဇီခမျာ ကြံရာမရဘဲအခွင့်အရေးရတုန်း ဦးလေးဆီကနေ ထွက်ပြေးပါတော့တယ်။ဒီလို ထွက်ပြေးရင်းနဲ့ ရီနေး ဘာ့ဒ်လက် ဆိုတဲ့လူတစ်‌ယောက်နဲ့မတာ်တဆ ဆုံမိသွားတဲ့အခါ.......ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…1.53GB / 713MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 44m Genre ….. Adventure , Drama ...
movie

Wildlike (2014)

Justice League: War (2014) 7.2
Justice League: War (2014) Justice League War (2014) IMDB: 7.2 Rotten Tomatoes: 57% Genre: Action/Sci-fiJustice League War ဟာ ၂၀၁၄ ခုနှစ်ထွက် DC Animation ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။အတော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုလည်းဖြစ်ပါတယ်။Justice League အဖွဲ့စတင်ဖြစ်ပေါ်လာပုံကိုရိုက်ထားတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပြီးဆိုက်ဘော့တောင်မှာ ဆိုက်တော့မဖြစ်သေးတဲ့ကာလဖြစ်ပါတယ်။ဇာတ်ညွှန်း မြို့ကြီးတွေတိုင်းမှာ အမည်မသိအကောင်ကြီးတွေက ဗုံးတွေလာထောင်နေပါတယ်။ဘာကြောင့်လည်းမသိသလို ဘယ်ကလာတယ်ဆိုတာလည်းမသိခဲ့ရပါဘူး။ဒီလိုလာရောက်ပြီးကျူးကျော်မှုကို ကာကွယ်ဖို့ ဂရင်းလန်သန် တစ်ယောက်အလုပ်တွေရှုပ်နေပါတယ်။ဒီလိုမျိုးကာကွယ်နေတုန်းမှာ ဘတ်မန်းရောက်ရှိလာကာ ဘုနဲ့ဘောက်ဖြစ်ကြရင်းစူပါမန်းဆီကိုရောက်သွားပါတယ်။ တစ်ဖက်မှာလည်း ဖလက်ရှ်က အဆိုပါဗုံးကိုဒေါက်တာစတုန်း(ဆိုက်ဘော့အဖေ) ဆီကိုအဖြေရှာဖို့အပ်ခဲ့ပါတယ်။ဝါရှင်တန်ဒီစီမြို့ကတော့ ဒိုင်ယာနာကို သံတမန်အနေနဲ့ဆင့်ခေါ်ထားပါတယ်။ တစ်ခုမှတ်ထားရမှာကဒီဇာတ်လမ်းဇာတ်အိမ်တည်ထားတဲ့အချိန်မှာလူတွေက စူပါဟီးရိုးတွေကိုကြောက်ရွံကြပြီးမထောက်ခံတဲ့အချိန်ဖြစ်ပါတယ်။ အမည်မသိအကောင်းကြီးတွေ(ပါရာဒီးမွန်း)တွေရဲံနောက်ကွယ်မှာတော့ဒါ့ခ်ဆိုက်ဒ် ရှိနေပါတယ်။ဒါ့ခ်ဆိုက်ဒ်ကို ဘတ်မန်း၊ စူပါမန်း၊ ဖလက်ရှ်၊ ဆိုက်ဘော့၊ ရှဇမ်း၊ ဝန်ဒါဝူးမန်း၊ ဂရင်းလန်သန် တို့၇ ယောက်ပေါင်းပြီးဘယ်လိုများ ကာကွယ်ကြမှာလဲ။File size…    1.4 GB /  686 MB Quality… BluRay 1080p / 720p Format… ...
movie

Justice League: War (2014)

2014
Furiosa: A Mad Max Saga (2024) 7.8
Furiosa: A Mad Max Saga (2024) ကမ္ဘာကျော် Mad Max ရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ ဖြူရီအိုဆာ လာပါပြီ။ ဒါရိုက်တာ ဂျော့မေလာ ရိုက်ကူးထားပြီး မင်းသမီး အာညာတေလာဂျွိုင်း နဲ့ ခရစ်ဟမ်းဆွာ့တို့ ပါဝင်ထားပါတယ်။IMDb 7.8 အထိ ရရှိထားတာမို့ ရုံတင်ကားတွေထဲမှာတော့ အကောင်းစားလို့ပြောရမှာပါပဲ။ Mad Max နဲ့ မပူးပေါင်းခင် ဖြူရီအိုဆာရဲ့ ရာဇဝင်ကို ပြန်ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ Mad Max ဇာတ်ကား(၄)ကားစလုံးကို 4K BluRay နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။Mad Max ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=mad+max မှာ Download ရယူပါ။)+++++++++++++++++++++++Mad Max ဇာတ်ကားအကုန်လုံးအတွက် ပြည့်စုံလှတဲ့ အောက်ပါအညွှန်းကို International Movie News – IMN Facebook Page ကနေကူးယူဖော်ပြလိုက်ပါတယ်။+++++++++++++++++++++++Mad Max: Fury Roadဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် ...
movie

Furiosa: A Mad Max Saga (2024)

4K HEVC
Son of Batman (2014)
Son of Batman (2014) Son of Batman (2014) IMDb: 6.7/10 Rotten Tomatoes: 64% Genre: Animation/Action/AdventureSon of Batmanဟာ ၂၀၁၄ ခုနှစ်ထွက် DC Animated Original Movies ရဲ့ အခု ၂၀ မြောက် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ထွက် "Batman and Son" comic ကိုအခြေခံထားတာဖြစ်ပါတယ်။ ဘတ်မန်းရဲ့ သားဖြစ်တဲ့ ဒေမီယမ်ဝိန်း ကိုမိတ်ဆက်တဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ အဖေနဲ့သားရဲ့ချစ်စဖွယ် ဇာတ်လမ်းလေးပေါ့ဗျာ :)ဇာတ်ညွှန်း League of Assassins ဦးဆောင်နေသူဟာ ရေရှယ်ဂူးလ် ဖြစ်တယ်ဆိုတာကို ဘတ်မန်းနဲ့ မစိမ်းသူတိုင်းသိပါတယ်။ ဘရုစ်ဝိန်းဆိုတဲ့ လူတစ်ယောက်မရောက်လာခင်အထိ ဆလိတ်ဝီဆင်လ်(Deathstroke) ဟာ ရေရှယ်ဂူးလ် ရဲ့ ညာလက်ရုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘရုစ်ဝိန်းရောက်လာတဲ့အချိန်မှာတော့ ဆလိတ်ကို လက်လွှတ်လိုက်တာသိကြမှာပါ။တစ်ရက်မှာတော့ ဆလိတ်ဝီဆင်လ်ဟာ ရေရှယ်ဂူးလ်တို့တည်ရှိနေတဲ့နေရာကိုလာရောက်တိုက်ခိုက်ခဲ့ပါတယ်။ သေမင်းကိုခဏခဏကလိမ်ကျပြီး အသက်ရှင်ခဲ့တဲ့ ရေရှယ်ဂူးလ် ဟာ ဒီတစ်ကြိမ်မှာတော့ အသက်ဆုံးခဲ့ပါတယ်။ ဒါပေမယ့် မသေပဲလွတ်သွားတဲ့လူနှစ်ယောက်ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ကတော့ တာလီယာနဲ့ ဒေမီယမ်တို့နှစ်ယောက် ဖြစ်ပါတယ်။ တာလီယာကတော့ရေရှယ်ဂူးလ်ရဲ့သမီးဖြစ်ပြီး ...
movie

Son of Batman (2014)

Hellboy (2004) 6.8
Hellboy (2004) Hellboy (2004) IMDb - 6.8/10 Genre - Action, Adventure, FantasyHell Boy ဆိုရင် အားလုံး သိကြတဲ့ အမှီးပါတဲ့ အနီရောင်လူသားကြီး ပေါ့သူ့ ဂျိုတွေကိုလဲ ဖြတ်ထားသေးတယ်...Hell Boy ဇတ်လမ်း အစက နာဇီ ခေတ်ကတည်းက လို့ ဆိုရမယ် ဟစ်တလာ က သူ့ တပ်တွေ အနိုင်ရဖို့ အတွက်မှော်ပညာရှင် အဖွဲ့အစည်းတစ်ခုကို စေခိုင်းပြီး ငရဲတံခါး ကို ဖွင့်ခိုင်းခဲ့တယ်...အဲ့ဒီတံခါးကနေ အတော်ဆုံး မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်ပြီး ဟစ်တလာ ကမ္ဘာကို သိမ်းပိုက်မယ့်အကြံဆိုးနဲ့ပေါ့ ဒါပေမဲ့ အစိုးရ အဖွဲ့က အချိန်မှီ ရောက်လာပြီး တိုက်ပွဲတွေ ဖြစ်ပြီးနောက်ဟစ်တလာ ရဲ့ မကောင်းဆိုးဝါး အဖွဲ့လဲ အစ ပျောက်သွားခဲ့ပါတယ်...ဒါပေမဲ့ စစ်တပ် နဲ့ အတူ ပါလာတဲ့ ဒေါက်တာ ...
movie

Hellboy (2004)

2004
4K HEVC
War of the Worlds (2005) 6.5
War of the Worlds (2005) War of the Worlds (2005)IMDb Rating  (6.5) / Rotten Tomatoes (76%)ဒီဇာတ်ကားက ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသား Tom Cruise , မင်းသမီး Dakota Fanning က ကလေးသရုပ်ဆောင်တို့အဖြစ် အဓိကပါဝင်ထားပါတယ်။ နာမည်ကြီး ဂန္တဝင်စာရေးဆရာ H.G Wells ရဲ့  Science fiction ဝတ္ထုဖြစ်တဲ့ " War of the Worlds ” ကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ရေးဖာရာက သင်္ဘောကျင်းမှာ ကုန်တင်ကုန်ချလုပ်တဲ့ ကရိန်းအော်ပရေတာတစ်ယောက်။ သမီးတစ်ယောက် သားတစ်ယောက်ရှိပေမဲ့ ဇနီးဖြစ်သူနဲ့အိမ်ထောင်ကွဲနေတာကြောင့် သူနဲ့အတူမနေကြပါဘူး။ တစ်ရက် ဇနီးဖြစ်သူက သူ့ရဲ့နောက်ယောကျ်ားနဲ့အတူ ဘော်စတွန်မှာရှိတဲ့မိခင်ဖြစ်သူဆီသွားမှာမို့ ရေးဆီကို ရက်ပိုင်းလောက်နေဖို့ သားနဲ့သမီးကို လာပို့သွားပါတယ်။ သားဖြစ်သူက ဆယ်ကျော်သက်ဆိုတော့ ရေးနဲ့မတည့်ပေမဲ့ ဉာဏ်ကောင်းတဲ့သမီးငယ်လေးကတော့ အဖေကိုချစ်ရှာပါတယ်။အဲ့လိုနေနေကြတုန်းမှာပဲ ရေးတို့သားအဖတွေနေတဲ့နေရာမှာ လျှပ်စီးမုန်တိုင်းတွေတိုက် မိုးကြိုးတွေတရပ်စပ်ပစ်ပါတော့တယ်။ အကုန်ငြိမ်သွားတဲ့အချိန် မြေကြီးမှာ အက်ကြောင်းရာကြီးဖြစ်ပြီး ဘာမှန်းမသိတဲ့အရာကြီးတွေပေါ်လာပါတယ်.... ကမ္ဘာကြီးက ...
movie

War of the Worlds (2005)

4K HEVC
The Deep Dark (2023)
The Deep Dark (2023)  IMDB 5.7/10 ရရှိထားတဲ့ ပြင်သစ် Horror/Adventure ဇာတ်ကားလေးဖြစ်ပြီး ဆု ၁၃ ဆုနဲ့ nomination ၂၅ ခု ဝင်ထားပါတယ်။ horror ဆိုပေမဲ့ အကောင်အထည်မမြင်ရဘဲ ခြောက်တာမျိုးမဟုတ်ဘဲ သွေးထွက်သံယိုတွေနဲ့ တချို့အခန်းတွေမှာ jump scare အခန်းတွေ ပါတာမျိုးပါ။ဇာတ်လမ်းအကျဉ်းကို ပြောရရင် ကျောက်မီးသွေး မိုင်းတွင်းတူးဖော်တဲ့ အဖွဲ့တစ်ဖွဲ့ဆီကို ပါမောက္ခတစ်ယောက်က ရှေးဟောင်းတူးဖော်ရေး နမူနာတွေလိုချင်တယ်ဆိုပြီး ရောက်လာပါတယ်။ အထက်လူကြီးရဲ့အမိန့်နဲ့ ဘောနပ်စ်လည်း ပိုပေးမယ်လို့ဆိုတာမို့ ပါမောက္ခအလိုကျ သူလိုချင်တဲ့ အနက်အထိ ဆင်းပြီး မိုင်းတွင်းထဲ ခေါ်သွားမိတဲ့ အဖွဲ့ခမျာ သူတို့ကို ဘာတွေစောင့်ကြိုနေလဲဆိုတာကို မသိဘဲ အန္တရာယ်တွင်းထဲ သက်ဆင်းမိသွားရာမှာတော့...ပါမောက္ခလိုချင်တဲ့ နမူနာဆိုတာ ဘယ်လိုအရာများလဲ။ သူတို့ကို စောင့်ကြိုနေတဲ့ မမြင်နိုင်တဲ့ အန္တရာယ်ဆီကရော သူတို့တစ်ဖွဲ့လုံး လွတ်အောင်ပြေးနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦး။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်က Emily ပါ) File ...
movie

The Deep Dark (2023)

On Deadly Ground (1994)
On Deadly Ground (1994)  မင်းသားကြီး Steven Seagalရဲ့ အက်ရှင်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ခရစ်ရှန်ဘေးလ်ရဲ့ ဘတ်မန်းရုပ်ရှင်တွေထဲက အိမ်တော်ထိန်းကြီးမစ္စတာအဲလ်ဖရက်ကြီးတစ်ယောက် ဒီထဲမှာတော့ ဗီလိန်ကြီးအဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းပြောရရင် သယံဇာတပေါကြွယ်လှတဲ့ အလက်စကာပြည်နယ်မှာ အေးဂျက်စ်ရေနံကုမ္ပဏီကြီးတစ်ခုရှိတယ်။ ရေနံတူးစင်မှာ မကောင်းတဲ့စက်ကိရိယာတွေကို အသုံးပြုထားတဲ့အတွက် လူတွေသေ၊ သမုဒ္ဒရာထဲကို ဆီတွေယိုဖိတ်၊ သဘာ၀ပတ်ဝန်းကျင်ညစ်ညမ်းရပေမဲ့ အရေးယူခြင်းမခံရပါဘူး။ဖောရက်စ်ကတော့ အေးဂျက်စ်ရေနံကုမ္ပဏီရဲ့ ပြဿနာတွေကို ရှာပြီးဖုံးဖိပေးရတဲ့သူ။ သူ့အလုပ်သူလုပ်ပြီး ဘ၀ကိုအေးဆေးစွာ ဖြတ်သန်းနေပေမဲ့ ကုမ္ပဏီရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို သိလာရတဲ့အခါ။ ကုမ္ပဏီကပါ သူ့ကိုအသက်အန္တရာယ်ပြုလာတဲ့အခါမှာတော့။ အရင်တုန်းက မင်းသားကြီး စတီဗင်ဆေးဂဲရဲ့ အသတ်အပုတ် အတိုက်အခိုက်တွေကို ပြန်လည်ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size…(1.8 GB)/(970 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre... Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

On Deadly Ground (1994)

Batman vs. Robin (2015) 7.1
Batman vs. Robin (2015) Batman Vs Robin (2015) IMDb: 7.1/10 Rotten Tomatoes: 100% Genre: Animation/Action/AdventureBatman Vs Robin ဟာ "Batman: The Court of Owls" ကိုအသက်သွင်းထားတဲ့ DC Universe Animated Original Movies ရဲ့ ၂၃ ခုမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ DC Animation ထဲက အတော်လေးလူသိများတဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ ပြောရရင်တော့ အဇာတသတ် လက်သစ်လေးအကြောင်းပေါ့ဗျာ။ဇာတ်ညွှန်းအတိတ်မှာ ဘရုစ်ဝန်းသိခဲ့တာတစ်ခုရှိတယ်။ အဲဒါကတော့ဂေါ့သမ်မြို့မှာ လူချမ်းသာတွေနဲ့ အာဏာရှိတဲ့လူတွေစုပြီးဖွဲ့ထားတဲ့ ဇီးကွက်အဖွဲ့အစည်းဆိုတာရှိခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှမမြင်ဖူးတော့ ပုံပြင်သာသာပဲဖြစ်နေပါတယ်။ကြီးလာတော့ဒေမီယမ်ဝန်းဟာ ရော်ဘင်အဖြစ် ဘတ်မန်းဘေးကနေ အမှုတွေကိုကူလိုက်နေခဲ့ပါတယ်။ ဒါပေမယ့် ဒေမီယမ်ဟာအတော်လေးငယ်သေးတဲ့အတွက် ဒစ်ဂရေဆန်(Nightwing) လိုမျိုး မရင့်ကျက်သေးပါဘူး။ အားလုံးသိတဲ့အတိုင်း ဂေါ့သမ်မြို့ကြီး ကအရမ်းကိုအန္တရာယ်များလှပါတယ်။ မဖြစ်သင့်တာတွေမဖြစ်ရအောင် ကာကွယ်တဲ့အနေနဲ့ ဒေမီယမ်ကို အိမ်ထဲကနေအိမ်ပြင်မထွက်ခိုင်းခဲ့ပါဘူး။ ဒါပေမယ့်လည်းခိုးထွက်ခဲ့တာပါပဲ။ ထွက်ရင်းနဲ့မှ ဇီးကွက်အဖွဲ့အစည်းက တာလွန်တစ်ယောက်နဲ့သွားတွေ့ခဲ့ပါတယ်။ငယ်သေးတဲ့ ရော်ဘင်လေးဟာအမှန်နဲ့အမှားကိုဆင်ခြင်နိုင်စွမ်းနည်းပါးပြီး ဘက်မှားခဲ့ပါတယ်။ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ဆက်ပြီးကြည့်လိုက်ကြပါ။ အချိန်ပေးကြည့်ရတာ တန်မယ့်ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။File size…    1 GB /  440 ...
movie

Batman vs. Robin (2015)

2015
Green Lantern: First Flight (2009) 7.0
Green Lantern: First Flight (2009) Green Lantern: First Flight 2009 IMDb 7.0/10 Genre: Animation/Action/AdventureGreen Lantern ဆိုတဲ့ Ryan Reynolds ရဲ့ ၂၀၁၁ က ရုပ်ရှင်ကို ကြည့်ဖူးကြမှာပါ။ ဒါက မူလပထမ ကာတွန်းရုပ်ရှင် Green Lantern ဖြစ်ပါတယ်။ Green Lantern တစ်ဖြစ်လဲ ဟဲလ်ဂျော်ဒန်ဟာ ကမ္ဘာမြေပေါ်မှာ လေ့ကျင့်ပျံသန်းနေတုန်း အစိမ်းရောင် ရောင်ခြည်တန်းတွေရဲ့ ခေါ်ဆောင်ရာနောက်ပါသွားပါတယ်။ပျက်ကျလာတဲ့ ယာဥ်ပျံပေါ်မှာပါလာတာက Lantern Corps ရဲ့ ထိပ်သီးတစ်ယောက်ပါ။ သူမသေဆုံးခင် စွမ်းအင်လက်စွပ်ကို ဟဲလ်ဂျော်ဒန်ဆီ လွှဲပေးလိုက်ပြီးနောက်မှာ တာဝန်တွေ ဝတ္တရားတွေက ဟဲလ်ဂျော်ဒန်အတွက် ဖြစ်လာပါတော့တယ်။ ကစဥ့်ကလျား စကြဝဠာကြီးမှာ ဟဲလ်ဂျော်ဒန် တစ်ယောက် အသားကျပါ့မလား။ တာဝန်တွေကို ထမ်းဆောင်နိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရတော့မှာပါFile size…    1.4 GB /  678 MB Quality… BluRay ...
movie

Green Lantern: First Flight (2009)

Superman: Doomsday (2007) 6.9
Superman: Doomsday (2007) Superman: Doomsday (2007) IMDB: 6.9/10 Rotten Tomatoes: 57%Superman: Doomsday (2007) ရုပ်ရှင်ဟာ DC Comics Book တစ်ခုဖြစ်တဲ့ The Death of Superman ကိုအခြေခံကာ ရိုက်ကူးထားတဲ့ DC Animation ဖြစ်ပါတယ်။ဇာတ်ညွှန်းစူပါမန်းရှိတဲ့ ကမ္ဘာဟာငြိမ်းချမ်းပါတယ်။ စူပါမန်းဆိုတာ နှိုင်းယှဉ်လို့မရနိုင်တဲ့ စံပြု ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ခုလိုမျိုး အနှိုင်းမဲ့တဲ့လူတောင်မှ နေဝင်ချိန်ဆိုတာရှိလာတတ်ပါတယ်။ လက်စ်လူသာဟာသူ့ရဲ့ထုံးစံအတိုင်း လက်စ်ကော်ပိုရေးရှင်းကိုအကြောင်းပြပြီး တစ်ဖက်မှာ မှောင်ခိုလုပ်ငန်းတွေကိုလုပ်နေပါတယ်။တစ်ရက်မှာတော့ လက်စ်ကော်ပိုရေးရှင်းက သိပ္ပွံပညာရှင် အချို့ဟာမြေအောက်မှာ လုပ်ငန်းတစ်ခုဆောင်ရွက်နေရင်း ပြင်ပကမ္ဘာကလာတဲ့ ယာဉ်ပျံတစ်စီးကိုတွေ့ခဲ့ပါတယ်။ အဆိုပါယာဉ်ပျံထဲမှာပါနေတဲ့အရာဟာ Doomsday ဖြစ်ပြီး မြင်မြင်သမျှကို ဖျက်ဆီးမယ့်လူတစ်ယောက်ဖြစ်ပါတယ်။ နောက်ဆုံးတော့ Doomsday ကိုတိုက်ခိုက်နိုင်မယ့် တစ်ဦးတည်းသောသူက စူပါမန်းဖြစ်လို့လာပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ....File size…    1.2 GB /  654 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Superman: Doomsday (2007)

Batman Unlimited: Monster Mayhem (2015) 5.6
Batman Unlimited: Monster Mayhem (2015) Batman Unlimited: Monster Mayhem(2015) IMDb: 5.6/10 Rotten Tomatoes : 80%Batman Unlimited: Monster Mayhem ဟာ DC မှထုတ်ထားတဲ့ Animation ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အတော်လေးလည်းကြည့်လို့ကောင်းတဲ့ Animation ဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအညွှန်းဆေးဗားလ် ဘန်ရှီးနဲ့ ဆော်လမွန် ဂရမ်ဒီတို့နှစ်ယောက် အာခမ်ကနေ ဟော်လိုးဝင်းညမှာ ဖောက်ပြေးလာခဲ့ပါတယ်။ နှစ်ယောက်သားထွက်ပြေးရင်း စကဲခရိုးနဲ့တွေ့ခဲ့ပါတယ်။ စကဲခရိုးဟာအစည်းအဝေးလုပ်မယ့်နေရာကိုခေါ်သွားတော့ ရှိနေတဲ့လူဆိုးတွေက စကဲခရိုး၊ ဆော်လမွန်ဂရန်ဒီ၊ ဆေးလ်ဗားဘန်ရှီး၊ ကလေးဖေ့စ် တို့ပဲဖြစ်ပါတယ်။သူတို့အားလုံးကိုအစည်းအဝေးခေါ်လိုက်သူကတော့ ဂျိုကာပဲဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ဂိုဂိုရိုတိုဆိုတဲ့ ဂိမ်းဒီဇိုင်နာတစ်ယောက်ကို ဖမ်း၊ အင်ကာပြတိုက်ထဲကနေပြီး အဖိုးတန်နှင်းဆီ ကျောက်တုံးကိုခိုးခဲ့ပါတယ်။ ဂျိုကာတို့ဘာတွေကြံစည်နေတာလဲ။အဲဒါကို ဘတ်မန်း၊ အိုလီဗာ(ဂရင်းအဲရိုး)၊ တင်မ်ဒရိတ်(ရက်ဒ်ရော်ဘင်)၊ ဆိုက်ဘော့တို့ကဘယ်လိုများတားဆီးသွားမှာလဲ။File size…    1.2 GB /  590 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 21m Genre ..... Animation, Action, Adventure Subtitle…. ...
movie

Batman Unlimited: Monster Mayhem (2015)

The Primevals (2023) 5.5
The Primevals (2023)  နှစ်တွေဘယ်လောက်ကြာကြာ အခုထက်ထိ မဖြေရှင်းနိုင်သေးတဲ့ ကမ္တာကြီးပေါ်က လျှို့ဝှက်ဆန်းကြယ်ဖြစ်စဉ်တွေထဲမှာ ဂြိုလ်သားတွေအပြင် Yeti ဆိုတဲ့နှင်းလူကြီးတွေလည်း ပါဝင်နေပါသေးတယ်။ဟိုနားလေးမှာတွေ့လိုက်ရတယ် ဒီနားလေးမှာတွေ့လိုက်ရတယ်ဆိုပြီး တကယ်ကွက်ကွက်ကွင်းကွင်းမမြင်ရတာတွေ ခိုင်မှာတဲ့သက်သေမပြနိုင်‌တာတွေဆိုမှအများကြီးပါပဲ။အခုတင်ဆက်ပေးမဲ့ဇာတ်ကားကလည်းအဲ့ဒီနှင်းလူကြီးတွေအကြောင်းကို စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။၂၀၂၃ ထွက်ဇာတ်ကားဖြစ်ပေမဲ့အရင်ခေတ်ပုံစံ အရင်ခေတ် CGI တွေနဲ့ပြန်လည်အသက်သွင်းရိုက်ကူးထားတာကိုတွေ့ရမှာပါ။ဇာတ်လမ်းလေးရဲ့နာမည်ကတော့ The Primevals ဖြစ်ပြီးIMDb Rating 5.5 ရရှိထားပါတယ်။ဒေါက်တာကလယ်ရာနဲ့ မက်သရူးတို့ကတက္ကသိုလ်ကဆရာတပည့်တွေဖြစ်ပြီး ၂ ယောက်စလုံးက နှင်းလူကြီးတွေအကြောင်းကိုစိတ်ဝင်စားကြတဲ့သူတွေပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်က မတွေ့ရတာကြာပြီဖြစ်ပြီး တစ်နေ့မှာတော့ကလယ်ရာကျင်းပတဲ့ပွဲတစ်ပွဲမှာ ပြန်လည်တွေ့ရှိခဲ့ပါတော့တယ်။အဲ့ဒီပွဲကတော့ နီပေါနိုင်ငံမှာ အသေဖမ်းမိခဲ့တဲ့ နှင်းလူကြီးကိုပြသတဲ့ပွဲပဲဖြစ်ပါတယ်။ကိုယ့်မျက်စိရှေ့မှာ ဒီလိုနှင်းလူကြီးကိုကွက်ကွက်ကွင်းကွင်းတွေ့နေရပြီ ဖြစ်တဲ့အတွက် နီပေါနိုင်ငံမှာတခြားကျန်လောက်ဦးမဲ့ နှင်းလူတွေကိုသွားရှာဖို့ ဆရာတပည့်နှစ်ယောက်စကားစပ်မိခဲ့ကြပါတော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား နီပေါကို ခရီးနှင်ခဲ့ကြပြီး ခရီးစဉ်မှာလိုအပ်မဲ့တခြားသူတွေကို စုဆောင်းပြီး နှင်းလူရှာဖွေရေးခရီးစဉ်ကိုစတင်ခဲ့ပါတော့တယ်။ဒါပေမယ့် သူတို့ကိုစောင့်ကြိုနေတဲ့အရာက နှင်းလူတွေတင်မကဘဲ တခြားကမ္ဘာက လျှို့ဝှက်ဆန်းကြယ်တဲ့ သက်ရှိတွေပါရှိနေတဲ့အခါမှာတော့ ဒေါက်တာကလယ်ရာတို့ အဖွဲ့ ဘယ်လိုအရာမျိုးတွေကို လေ့လာစူးစမ်းနိုင်ခဲ့မလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…3.64GB / 1.11GB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h ...
movie

The Primevals (2023)

Teen Titans: Trouble in Tokyo (2006) 7.0
Teen Titans: Trouble in Tokyo (2006) ဇာတ်လမ်းအကျဉ်းတစ်ရက်မှာ တင်းန်တိုက်တန်စ်မျှော်စင်ကို သူတို့မမြင်ဖူးတဲ့ လူဆိုးတစ်ယောက်က လာဖျက်ဆီးခဲ့တယ်။လူဆိုးကိုဖမ်းပြီး စစ်မေးတဲ့အခါမှာ သူ့ကိုဂျပန်က ဘရက်ရှိုးဂန်း (Brushogun) ဆိုတဲ့လူဆိုးတစ်ယောက်ကအတင်းခိုင်းလို့ရောက်လာတာပါလို့ ပြောတာကြောင့် တိုက်တန်တို့ တိုကျိုမြို့ကိုသွားဖို့ အကြောင်းဖန်လာပါတယ်။ဂျပန်စကားလည်းမတတ်ကြသလို ဂျပန်စာလည်းမဖတတ်တဲ့ တင်းန်တိုက်တန်အဖွဲ့သားတို့ အမှန်တရားကိုဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကိုသိရဖို့တော့ ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါ။File size…    1.32 GB /  679 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ..... Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Kasashi
movie

Teen Titans: Trouble in Tokyo (2006)

2006
Penduko (2023) 6.0
Penduko (2023)  ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စူပါစွမ်းအားရှင်ဂမ္ဘီရစိတ်ကူးယဉ် ဖိလစ်ပိုင်ရုပ်ရှင်ကားကောင်းတကားဖြစ်သလို ဖျော်ဖြေရေး စွန့်စားခန်းရုပ်ရှင်လည်းပါတယ်။ဒီကားထဲမှာ ဖိလစ်ပိုင်ဒဏ္ဍာရီ‌တွေနဲ့ ရိုးရာပုံပြင်ကိုမီးမောင်းထိုးပြထားပြီး မှော်ပညာဆန်းတွေနဲ့ Harry Potter ကိုဖိလစ်ပိုင်ဗားရှင်းနဲ့ ရိုက်ကူးထားတဲ့ ကွဲပြားခြားနားတဲ့စူပါဟီးရိုးဇာတ်ကားလို့ ချီးကျုးခံထားရပါတယ်။Pedro Penduko ဟာ သူ့ရဲ့ဘိုးဘေးတွေဆီကသဘာဝလွန်စွမ်းအားတွေကို ရရှိထားတဲ့လူငယ်တယောက်ပါ။ သူက ဆင်းရဲနွမ်းပါး ကျေးလက်ဒေသကိုမုန်းတီးပြီး ရေကြည်ရာ မြက်နုရာရှာဖွေဖို့ မနီလာမြို့တော်ကြီးဆီကို ထွက်လာခဲ့တဲ့အခါမှာတော့ တမူထူးခြား မှော်ပညာတွေကို အသက်သွင်းနေတဲ့ ကုမ္ပဏီတခုမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ဒီကုမ္ပဏီက သူ့ရဲ့ဇာတိရွာလေးကို အပိုင်သိမ်းဖို့ ကြံစည်လာတဲ့အခါမှာတော့ ထူးခြားစွမ်းအင်ကို ပိုင်ဆိုင်ထားသူဆေးဆရာဖြစ်တဲ့ သူ့ရဲ့ဖခင်နဲ့ ပြန်လည်ပူးပေါင်းပြီးအောက်လမ်းစုန်းကဝေတွေကို ဘယ်လိုပညာပေး၊မောင်းထုတ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။  File size…1.41GB / 724MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Penduko (2023)

Ultraman: Rising (2024) 7.1
Ultraman: Rising (2024)  Ultraman:Rising ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်ထွက်Netflix က ရိုက်ကူးထားတဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝစူပါဟီးရိုး Ultraman animated ဇာတ်ကားပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ဘဝ Ultraman ကိုမြင်နေကျ တိုက်ခိုက်တာချည်းပဲ မဟုတ်ဘဲလူကြီးဆန်ဆန် family drama လေးနဲ့ပါ တွဲထားတာမို့ဒါက ကလေးကားလို့တောင် မခေါ်နိုင်ပါဘူး။ဇာတ်လမ်းလေးကို ပြောရရင်တော့ Ken Sato ဆိုတဲ့ကျွန်တော်တို့ရဲ့ အဓိက ဇာတ်ကောင်က အိုလာတဲ့သူ့အဖေအရင် Ultraman နေရာကို ဝင်ဖို့အတွက် သူ ဘေ့စ်ဘောနဲ့အောင်မြင်နေတဲ့ အမေရိကန်ကနေ ဂျပန်ကို ပြန်လည်ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ သူ ဂျပန်ပြန်ရောက်လာတဲ့အချိန်မှာ သူ့ရဲ့ Ultraman တာဝန်၊ ဘေ့စ်ဘောပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ရဲ့ တာဝန်တွေပိနေတဲ့အချိန်မှာပဲ မထင်မှတ်ထားတဲ့ မိသားစုတာဝန်တွေပါရောက်လာတဲ့အခါမှာ သူ ဘယ်လို ဒီတာဝန်တွေကြားရုန်းကန်ရမလဲ။ အဆုံးသတ်မှာ သူ့အတွက် ဘယ်လိုဇာတ်သိမ်းမှာလဲ။ သူ့ရဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေကရောဘယ်လို ကူညီစောင့်ရှောက်ပေးနိုင်မှာလဲ စတာတွေကိုအရမ်းမိုက်တဲ့ animation style ...
movie

Ultraman: Rising (2024)