Channel Myanmar

Adventure

The Expendables 2 (2012) 6.6
The Expendables 2 (2012) The Expendables ဟာ လူတိုင်းနီးပါးကြည့်ပြီးသား ကြိုက်ပြီးသားကားဆိုပေမယ့်ဆရာကြီး Sylvester Stallone ကတော့ သိပ်ကျေနပ်ပုံမရပါဘူး။အဲဒါနဲ့ပဲ ပိုပြီးပြည့်စုံခမ်းနားသွားမယ့် The Expendables Director's Cut ဆိုတာကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။မင်းသားကြီးများပြီး အပျော်ကြည့် ရုပ်ရှင်ကားတစ်ကားအနေနဲ့ကြည့်ရှုသူများပြားခဲ့တဲ့ The Expendables ရဲ့ Director's Cut မှာထူးခြားသွားတာက Character တွေကို ပိုပြီး အလေးပေးဖော်ပြထားတယ်၊ရုပ်ထွက်တွေ၊ အသံတွေ အရင်မူရင်းဗားရှင်းထက် ပိုပြီး ကြည်လင်ပြတ်သားသလိုကြည့်ရတာကလည်း ပိုပြီး ချော့မွေ့သွားတယ်လို့ ခံစားရလိမ့်မယ်။ဇာတ်လမ်းက နည်းနည်းလေး ပိုရှည်သယောင်ယောင်ဖြစ်နေရတာကလည်းဒိုင်ယာလော့တွေ၊ ဇာတ်ကွက်တွေကို ပိုပြီး အချိန်ပေးထားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် အရင်က ကြည့်ရ ထောက်နေတာတွေ၊ ဟာ​နေတဲ့ ဇာတ်ကွက်​တွေနာမည်ကြီးမင်းသားတွေရဲ့ Screen Time နည်းတာတွေက ဒီဗားရှင်းမှာဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ပြီးတော့ ယခင်ဗားရှင်းထက် အနည်းငယ်ထူးခြားသွားတာကိုတော့ ကြည့်ရှုရင်းနဲ့ပဲ အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ Quality__1080p HEVC IMDb Rating__6.6/10 Format__mp4 Duration__1h43min Type__Action, Adventure, Triller Subtitle__Myanmar Subtitle (Hardsub) Encoded ...
movie

The Expendables 2 (2012)

2012
HEVC 1080p 5.1
The Expendables (2010) 6.5
The Expendables (2010) The Expendables ဟာ လူတိုင်းနီးပါးကြည့်ပြီးသား ကြိုက်ပြီးသားကားဆိုပေမယ့်ဆရာကြီး Sylvester Stallone ကတော့ သိပ်ကျေနပ်ပုံမရပါဘူး။အဲဒါနဲ့ပဲ ပိုပြီးပြည့်စုံခမ်းနားသွားမယ့် The Expendables Director's Cut ဆိုတာကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။မင်းသားကြီးများပြီး အပျော်ကြည့် ရုပ်ရှင်ကားတစ်ကားအနေနဲ့ကြည့်ရှုသူများပြားခဲ့တဲ့ The Expendables ရဲ့ Director's Cut မှာထူးခြားသွားတာက Character တွေကို ပိုပြီး အလေးပေးဖော်ပြထားတယ်၊ရုပ်ထွက်တွေ၊ အသံတွေ အရင်မူရင်းဗားရှင်းထက် ပိုပြီး ကြည်လင်ပြတ်သားသလိုကြည့်ရတာကလည်း ပိုပြီး ချော့မွေ့သွားတယ်လို့ ခံစားရလိမ့်မယ်။ဇာတ်လမ်းက နည်းနည်းလေး ပိုရှည်သယောင်ယောင်ဖြစ်နေရတာကလည်းဒိုင်ယာလော့တွေ၊ ဇာတ်ကွက်တွေကို ပိုပြီး အချိန်ပေးထားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် အရင်က ကြည့်ရ ထောက်နေတာတွေ၊ ဟာ​နေတဲ့ ဇာတ်ကွက်​တွေနာမည်ကြီးမင်းသားတွေရဲ့ Screen Time နည်းတာတွေက ဒီဗားရှင်းမှာဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ပြီးတော့ ယခင်ဗားရှင်းထက် အနည်းငယ်ထူးခြားသွားတာကိုတော့ ကြည့်ရှုရင်းနဲ့ပဲ အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ Quality__1080p IMDb Rating__6.5/10 Format__mp4 Duration__1h43min Type__Action, Adventure, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie

The Expendables (2010)

2010
HEVC 1080p 5.1
Brotherhood of the Wolf (2001) 7.0
Brotherhood of the Wolf (2001) IMDb Rating (7.0) / Rotten Tomatoes (73%)ပြင်သစ်နိုင်ငံရဲ့ ဝေးလံတဲ့ပြည်နယ်တစ်ခုမှာ လျှို့ဝှက်ဆန်းကြယ်တဲ့သတ္တဝါဆိုးကြီးတစ်ကောင်သောင်းကျန်းလျက်ရှိပါတယ်။ အမျိုးသမီးတွေ ကလေးငယ်တွေကို ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်နေတဲ့ ဒီသတ္တဝါကြီးဟာအကောင်အထည်မမြင်ရ၊ အင်အားကြီးမားလွန်းပြီး လူသားတွေလိုထက်မြက်တဲ့ဉာဏ်ရည်မျိုးကိုပါ ပိုင်ဆိုင်နေတဲ့အတွက် ဘယ်သူမှမနှိမ်နင်းနိုင်သလို ဖမ်းဆီးမှုလက်ကလဲ အစဉ်တစိုက်၊ လွတ်မြောက်နေခဲ့တဲ့နောက် ဘုရင်လူးဝစ်ဟာ နာမည်ကျော် သိပ္ပံသဘာဝလောကဓာတ်ပညာရှင်တစ်ဦးနဲ့သူ့သွေးသောက်ညီအစ်ကို အီရိုကွားမျိုးနွယ်ဝင်တစ်ဦးတို့ကိုစေလွှတ်ပေးခဲ့ပါတယ်။ သူတို့ကျွမ်းကျင်ရာ လိမ္မာရာ အတတ်ပညာတွေနဲ့ ဒီသတ္တဝါကိုလက်ရဖမ်းဆီးဖို့နည်းလမ်းပေါင်းစုံ တွေးတောကြံဆခဲ့ပေမယ့် ဒီသတ္တဝါဟာ ဘယ်သူမှစဉ်းစားမထားနိုင်၊ မမျှော်လင့်နိုင်တဲ့ ဇစ်မြစ်၊ နက်ရှိုင်းတဲ့ အကြောင်းရင်းခံတွေရှိနေခဲ့တဲ့အခါ..။ဒီဇာတ်ကားဟာ သမိုင်းကြောင်း၊အက်ရှင်၊ သည်းထိတ်ရင်ဖို အစရှိတဲ့မတူညီတဲ့ အမျိုးအစားတွေပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်သလို စုံထောက်ကားကောင်းတစ်ကားကိုကြည့်နေရတဲ့ရသမျိုးကိုပါထပ်လောင်းခံစားရစေမှာလဲအသေအချာဖြစ်ပါတယ်၊ ဒီထက်ပိုပြောရင် ဇာတ်အရသာကိုထိခိုက်နိုင်မှာဖြစ်တဲ့အတွက်မပြောတော့ပါဘူး။ပြင်သစ်ကားဆိုပေမယ့် ကမ္ဘာရုပ်ရှင်လောကနဲ့မစိမ်းတဲ့သရုပ်ဆောင်တွေ ဦးဆောင်ပါဝင်ထားပြီး အထူးခြားဆုံးပါဝင်သူတွေကတော့ အလှထိပ်ခေါင်တင်မမကြီး Monica Bellucci ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ပါရာရာဝေးမင်းသားလို့ လူသိကြတဲ့ Mark Dacascos တို့ပဲဖြစ်ပါတယ်။တန်းမြင့် production values, ခမ်းနားတဲ့ရင်သပ်ရှုမောစရာရှေးခေတ်ပြင်သစ်ပြည်ရဲ့ ရှုမျှော်ခင်းတွေ၊ ရဲတိုက်ကြီးတွေနဲ့သေသပ်လှပတဲ့ cinematography တွေနဲ့သရုပ်ဆောင်တွေရဲ့ စွမ်းဆောင်ရည်၊ ဒါရိုက်တာရဲ့အားကောင်းတဲ့ စီစဉ်ညွှန်ကြားမှုတွေဟာ မချီးကျူးပဲမနေနိုင်စရာဖြစ်သလို၊ စီးပွားရေးအရကော အနုပညာအရပါအောင်မြင်မှုရခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်ခန်းတွေနဲ့ ဆောင်ကြာမြိုင်တွင်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတစ်ချို့ကြောင့်တော့ မိသားစုနဲ့ကြည့်လို့အဆင်ပြေမှာမဟုတ်ပါဘူး။ File ...
movie

Brotherhood of the Wolf (2001)

Latte and the Magic Waterstone (2020) 5.7
Latte and the Magic Waterstone (2020)  ဖြူကောင်လေးတွေကို တွေ့ဖူးကြလားဗျဖြူကောင်လေးတွေက အထီးကျန်တဲ့ကောင်လေးတွေတဲ့တခြားအကောင်လေးတွေလို အုပ်စုဖွဲ့နေလေ့မရှိဘဲ သီးခြားနေတတ်တဲ့သူတွေပေါ့အဲ့ဒါကြောင့် အထီးကျန်တဲ့သူတွေကိုဆို ဖြူကောင်လေးတွေနဲ့ တင်စားလေ့ရှိကြတယ်Latte ဆိုတဲ့ ဖြူမလေးကလည်း အဲ့လိုအထီးကျန်နေတဲ့သူပေါ့မွေးကတည်းက တစ်ကောင်တည်းပဲရှိတာမို့ ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့ သူ့အဖေကို တမ်းတရင်း တစ်ကောင်တည်းနေနေရတဲ့သူ...မိဘမရှိတဲ့ကလေးမလေးဆိုတော့ တောထဲမှာ တစ်ခုခုဖြစ်တိုင်း သူ့ကို အပြစ်တင်တတ်လွန်းလို့ သူ့ကိုယ်သူ Princess Latte ဆိုပြီး အားတင်းနေရတဲ့သူပါLatte တို့တောထဲမှာ နှစ်တိုင်းကြုံနေရတဲ့ ရေခမ်းခြောက်မှုကို ဖြေရှင်းဖို့တိရစ္ဆာန်လေးတွေဟာ ရေစုဆောင်းထားလေ့ရှိတယ်တစ်ရက်မှာတော့ ဖြူကောင်မလေး Latte နဲ့ ရှဉ့်လေး Tjum ကြောင့် ရေတွေဖိတ်စင်သွားရတဲ့အခါ အားလုံးအကျပ်ရိုက်ပါလေရော... Princess Latte လေးက ပုံပြင်ဆန်တဲ့ WaterStone ဇာတ်လမ်းကို ယုံကြည်ပြီး အားလုံးရဲ့ ပြဿနာကိုဖြေရှင်းပေးဖို့ ဝက်ဝံဘုရင်ကြီးဆီ ခရီးထွက်ခဲ့ပါတယ်ဒီလိုကနေ သူငယ်ချင်းကိုစိတ်မချလို့ လိုက်လာတဲ့ Tjum နဲ့ နှစ်ယောက်သား လမ်းခရီးတစ်လျှောက် ဘယ်လိုပြဿနာတွေကြုံကြမလဲဆိုတာ ကြည့်ရှူရမှာပါချစ်စရာကောင်းတဲ့ ဖြူကောင်လေးနဲ့ ရှဉ့်ပိစိလေး ၂ ကောင်ရဲ့ ...
movie

Latte and the Magic Waterstone (2020)

LEGO Star Wars Terrifying Tales (2021) 6.6
LEGO Star Wars Terrifying Tales (2021) LEGO Star Wars Terrifying Tales (2021)=============================IMDb Rating - 7.1/10Star Wars universeကို လွမ်း​နေကြတဲ့ ကြယ်တာရာတိုက်ပွဲဖန်​တွေအတွက် Lego Star Wars animation အသစ်​လေးကို တင်ဆက်​ပေးလိုက်ပါတယ်၊ ဒီဇာတ်ကားမှာ​တော့ Lego ရုပ်​လေး​တွေရဲ့ထုံးစံအတိုင်း ချစ်စရာလည်း​ကောင်းသလို ​ခြောက်ခြားစရာ​လေးလည်းနည်းနည်း​တော့ပါတယ်ဗျ။ ဒီဇာတ်ကားထဲမှာ Star Wars verseရဲ့ အကြီးကျယ်ဆုံး၊ အန္တရာယ်အရှိဆုံးဗီလိန်​ကြီး​တွေကို သူတို့ရဲ့ဟာသsense​လေး​တွေနဲ့ ရှားရှားပါးပါး တွဲပြီးမြင်ခွင့်ရမှာပါ၊ဒီAnimationရဲ့ အဓိကဇာတ်​ဆောင် အ​ကြောက်တရားမရှိ​သောပိုင်း​လော့ကြီး Poe Dameronဟာ ယာဉ်ပျံပျက်ပြီး Death Vaderပိုင်တဲ့ဂြိုလ်တစ်လုံး​ပေါ် ​​ရောက်သွားပါတယ်၊ ဖြစ်ချင်​တော့ အဲ့ဒီဂြိုလ်​ပေါ်မှာ Death Vaderက သရဲအိမ်လို ရဲတိုက်ကြီး​ဆောက်​နေတာပါ၊အဲ့ဒီ Vader Castleထဲမှာ Poe Dameronတစ်​ယောက် ဘာ​တွေရင်ဆိုင်ရမလဲ၊ မ​ကြောက်တတ်သူဆိုတဲ့ ဂုဏ်ပုဒ်ကြီးနဲ့တန်​အောင် VaderCastleကြီးက ဘာ​တွေများပညာ​ပေးလိုက်မလဲ၊ Death Vader, Palpatine, Kylo ...
movie

LEGO Star Wars Terrifying Tales (2021)

2021
The Addams Family 2 (2021) 6.2
The Addams Family 2 (2021) The Addams Family 2 (2021)======================IMDb Rating - 6.2/10ဒီတစ်ခါတော့ Animation ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ The Addams Family ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီ Animation ဟာ အပိုင်း(၁)တုန်းကလည်း လူကြိုက်များခဲ့ပြီး . အခုထွက်ရှိတာကတော့ သူ့ရဲ့ အဆက် အပိုင်း(၂)ဖြစ်ပါတယ်။အရင်ကားမှာတုန်းက အက်ဒမ်မိသားစုရဲ့ ထူးဆန်းတဲ့ နေထိုင်ပုံ‌တွေ၊ ပတ်၀န်းကျင်နဲ့ သဟဇာတမဖြစ်မှု‌‌တွေ၊ အလွဲလွဲအချော်ချော်ဖြစ်ရပ်တွေကို ဟာသနှောပြီးတင်ဆက်ခဲ့သလိုမျိုးပဲ၊ ယခုနံပါတ် 2 မှာကတော့ မိသားစုအချင်းချင်း စည်းလုံးမှုပိုမိုရရှိစေရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ခရီးအတူတူထွက်ကြတဲ့အကြောင်းကို လွဲချော်မှုတွေ၊ ရယ်စရာတွေနဲ့ ပေါင်းစပ်ရိုက်ကူးထားတာဖြစ်ပါတယ်။Addam Family Animation ဟာ ထူးဆန်းတဲ့ရေးဆွဲဟန်ကြောင့် Animation တွေထဲမှာ အမြင်တစ်မျိုးတစ်မျိုးဆန်းသစ်ပြီးHotel Transylvania လို Type မျိုးကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ကြည့်ကောင်းတဲ့ ကားကောင်းတစ်ကားဖြစ်ပါလိမ့်မယ်လို့လို့မျှော်လင့်ရင်း တင်ဆက်ပေးလိုက်ရပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Tar Tee Poe ...
movie

The Addams Family 2 (2021)

2021
Tremors: Shrieker Island (2020) 5.5
Tremors: Shrieker Island (2020) ဒီတစ်ခါကြည့်ရှုရမှာက​တော့ Tremors Franchise ရဲ့ ၂၀၂၀မှာ ​အောက်တိုဘာမှာ ထွက်ရှိထားတဲ့ ၇ကား​မြောက် Shrieker Island ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းက​တော့ အမဲလိုက်ဝါသနာထုံတဲ့ ဇီဝပညာရှင် တစ်ဖြစ်လဲ ​အေဗက်စ်ဇီဝရဲ့ သူ​ဌေး ​ဘေလ်က သူ့ရဲ့ ကိုယ်ပိုင်ကျွန်း​ပေါ်မှာ မြုံ​​နေတဲ့ ဂရာဘွိုက်ဥ​တွေကို တစ်ကိုယ်​ကောင်းဆန်စွာ သား​ဖောက်ခဲ့တဲ့ အပြင် အမဲလိုက်စွမ်းရည်မြင့်​စေတဲ့ ဗီဇကိုပါ ​ပြောင်းလဲလိုက်ပါ​သေးတယ် ချမ်းသာတဲ့ လူတချို့နဲ့ သား​ဖောက်ထားတဲ့ ဂရာဘွိုက်​တွေကို အ​မှောင်ကျွန်း​ပေါ်လွှတ်​ပေးပြီး အမဲလိုက်ပါတီကို ​ပျော်​ပျော်ကြီး ဆင်နွှဲ​နေခဲ့ကြပါတယ် ​ဘေလ် မသိလိုက်တာက​တော့ ဗီဇ​ပြောင်းဂရာဘွိုက်​တွေဟာ ရှရစ်ကာ လို့​ခေါ်တဲ့ သားရဲ​ကောင်​တွေကို ​ပေါက်ဖွားပေးနိုင်တယ် ဆိုတာပါပဲဒီအဖြစ်​တွေကို ရိပ်မိသွားတဲ့ တစ်ဖက်ကျွန်း​ပေါ်က သု​တေသီ ​​ဒေါက်တာဝယ်လ်ကာ က ဂရာဘွိုက် ​လောကက​နေ အနားယူ တစ်ကိုယ်ထဲ ​နေ​နေတဲ့ ဘာ့တ်ဂန်မာကို ​​ခေါ်​ဆောင်​ပေးဖို့ လုပ်​ဖော်ကိုင်ဘက် ဂျင်မီကို အကူအညီ​တောင်းရပါ​တော့တယ် ဒဏ္ဍာရီလာ ဘာ့တ်ဂန်မာ က​တော့ ယခုတစ်ခါမှာလည်း ဂရာဘွိုက်လို့ ​ခေါ်တဲ့ ...
movie

Tremors: Shrieker Island (2020)

[James Bond] Moonraker (1979) 6.3
[James Bond] Moonraker (1979) ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Roger Moore ရဲ့  ၄ ကား မြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..အာကာသယာဉ်ကြီးနဲ့ Jaws ဆိုတဲ့ လူကောင်ကြီးကို မှတ်မိနေကြမယ် ထင်ပါတယ်။ရှောင်ကွန်နရီနေရာမှာ အကောင်းဆုံးအစားထိုးနိုင်တဲ့ ဘွန်းအဖြစ် ရော်ဂျာမိုးကို သတ်မှတ်ကြပါတယ်..တည်ငြိမ်ရင့်ကျက်တဲ့ ဘွန်းရဲ့ အရသာကို ခံစားရမှာပါ။IMDb Rating (6.3/10) ရရှိထားပါတယ်…။ File size…(2.3 GB) and (1.3 GB) Quality….BluRay 1080p and 720p Format…mp4 Duration….02:06:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

[James Bond] Moonraker (1979)

Horton Hears a Who! (2008) 7.8
Horton Hears a Who! (2008) IMDb မှာ 6.9/10 ဆိုတော့ ကောင်းလားမကောင်းလားသိပ်မပြောတော့ပါဘူးကျွန်တော်တို့ရဲ့ စကြာဝဠာကြီးဟာ အဆုံးအစမရှိကျယ်ပြန့်တယ်လို့ သိထားပါတယ်ဒါဟာ လက်ခံထားရတဲ့ လက်ရှိအမှန်တရားဆိုလည်းမမှားပါဘူး...ကျွန်တော်တို့လို တခြားသက်ရှိတွေစကြာဝဠာကြီးထဲမှာ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်..ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာကြီးထဲကသက်ရှိတွေအကုန်လုံးကိုတောင် ရှာဖွေလို့ မကုန်နိုင်သေးပါဘူး...ဒီကာတွန်းရုပ်ရှင်လေးက အဲ့ဒီအချက်ကိုအဓိကထားတင်ပြသွားတယ်လို့ ထင်ပါတယ်...ကျွန်တော်တို့လူသားတွေ ကမ္ဘာပေါ်မှာ ထင်တိုင်းကြဲလုပ်ချင်ရာလုပ်နေကြပေမယ့်ကျွန်တော်တို့ မသိသေးတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်.. ဇာတ်လမ်းအကျဉ်းလေးဆီ သွားရအောင်ဟော်တွန်ဆိုတဲ့ ဆင်ကလေးတစ်ကောင်ဟာ ပျော်ပါး ကစားနေရင်းနဲ့ပန်းဝတ်မှုံအရွယ်အစားလောက်ပဲရှိတဲ့ ကမ္ဘာသေးသေးလေးတစ်ခုကိုအမှတ်မထင်တွေ့သွားပါတယ်...မယုံနိုင်ပေမယ့် တကယ့်အစစ်အမှန်ဖြစ်နေမှန်းသိသွားတဲ့အခါမှာကမ္ဘာသေးသေးလေးထဲက သက်ရှိလေးတွေနဲ့ဆက်သွယ်ပြီး အဲ့ဒီကမ္ဘာသေးသေးလေးကိုလုံခြုံအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်...ဒါပေမယ့်လည်း ထုံးစံအတိုင်း အဖျက်တရားကဝင်လာတဲ့အခါမှာတော့..... ဟော်တွန်တစ်ယောက် ကမ္ဘာသေးသေးလေးကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ ဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦး... တစ်ခုပြောချင်တာက ဒီလိုကာတွန်းကာတွန်းရုပ်ရှင်ဆိုတာကလေးတစ်ယောက်လိုကြည့်ရင် ကလေးကာတွန်းကားအနေနဲ့ဖြစ်ပေမယ့်လူကြီးတစ်ယောက်လို ကြည့်ရင်တော့ လူကြီးအတွေးနဲ့ရုပ်ရှင်ကားတစ်ကားဖြစ်သွားမှာပါ...ရုပ်ရှင်ကပေးတဲ့ message လေးကိုသိအောင်လုပ်ရင်းအတွေးပွားစေလိုပါတယ်... ကဲ လေကြောရှည်တာများသွားတဲ့အတွက် ပြောတာလေးရပ်ပြီးကြည့်ရှုခံစားလိုကိကြပါဦး...(သေးသေးလေးတွေတော့ ထပ်သွားတယ် )(ဇာတ်ကားအတွက် ...
movie

Horton Hears a Who! (2008)

2008
The Brothers Grimsby (2016) 6.6
The Brothers Grimsby (2016) ၂၀၁၆ ထွက် စုံထောက် ဟာသကားကို တင်ပေးလိုက်ပါတယ်။ Imdb 6.6 နဲ့ပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂရင်းစ်ဘေးမြို့သား အရမ်းချစ်ကြတဲ့ ညီအစ်ကို ၂ ယောက်ဟာငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ပါတယ်။အစ်ကိုကြီးက အပေအတေ ဘောလုံးအားပေးသူ တစ်ယောက်ဖြစ်လာပြီးညီငယ်ကတော့ MI-6 ရဲ့ လျို့ဝှက်စုံထောက်တစ်ယောက်ဖြစ်လာပါတယ်။နှစ်ပေါင်း ၃၀ ကြာတဲ့ထိ ညီငယ်ဖြစ်သူကို ရှာဖွေနေတဲ့ အစ်ကိုကြီးဟာ ပါတီပွဲတစ်ခုမှာစစ်ဆင်ရေးနဲ့ရောက်နေတဲ့ ညီငယ်ကိုပြန်ရှာတွေ့သွားလို့ ဝမ်းသာအားရ နှုတ်ဆက်မိချိန်မှာ...အလွဲတွေ ဖြစ်ကုန်ပြီး လူသတ်သမားအစစ်လဲ လွတ်မြောက်သွားစေသလိုဟယ်ရီပေါ်တာမင်းသားကို AIDS ကူးသွားစေတဲ့အပြင် WHO ဥက္ကဌပါ သေဆုံးသွားစေတဲ့အခါမှာတော့ညီအစ်ကို ၂ ယောက် ကမ္ဘာပတ်ပြေးပြီး သူတို့ အရှုပ်ထုပ်တွေကို ပြန်ရှင်းရပါတော့တယ်။ဇာတ်လမ်းဟာ လိင်အသားပေးဇာတ်ကားမဟုတ်ပေမဲ့ ညစ်ညမ်းတဲ့ အသုံးအနှုန်းအချို့နဲ့ ပြကွက်အချို့ ပါဝင်နေတာကြောင့်မိသားစုလိုက်ကြည့်ဖို့နဲ့ ကလေးများကြည့်ဖို့ မသင့်တော်ကြောင်း သတိပေးပါတယ်။ File size…(1.4 GB ) / (800 MB) Quality…BluRay 1080p / ...
movie

The Brothers Grimsby (2016)

Back to the Future Part III (1990) 7.4
Back to the Future Part III (1990) ဒီတစ်ခေါက်part 3မှာတော့ part 1 နဲ့ part 2 မှာတုန်းကလို အနာဂတ်ကိုပြန်သွားမှာမဟုတ်ဘဲ အတိတ်ကိုပြန်သွားတာကို ရိုက်ပြထားတာဖြစ်ပါတယ်ခင်ဗျာ.. back to the future 1 ရဲ့ဇာတ်သိမ်းခန်းနဲ့ချိတ်ဆက်ပြီးရိုက်ပြထားပါတယ်။ မာတီနဲ့ဒေါက်တာတို့ရဲ့သံယောဇဉ်ကို ဒီအပိုင်း၃မှာ ပိုပြီးကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာပါ။ ကောင်းဘွိုင်ခေတ်မှာပိတ်မိနေခဲ့တဲ့ဒေါက်တာဟာ အသက်ရှည်ရှည်မနေရဘဲ အသတ်ခံလိုက်ရတဲ့အတွက် မာတီဟာ ဒေါက်တာ့ကိုကယ်ဖို့ အတိတ်ကိုခရီးလွှင့်လာပါတော့တယ်။ ကောင်းဘွိုင်ခေတ်စွန့်စားခန်းတွေနဲ့သိပ္ပံပေါင်းစက်ထားတဲ့ ဤဇာတ်ကားကိုပရိသတ်ကြီးအကြိုက်တွေ့စေမှာအမှန်ပါပဲခင်ဗျာ.. ဤpart 3 ကို part 1 နဲ့ part 2 ကိုကြည့်ပြီးကြည့်မှသာပိုသဘောပေါက်နိုင်မှာမို့ ပထမ၂ကားကိုအရင်ကြည့်ကြပါလို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ.. ပရိသတ်ကြီးပေးလိုက်ရတဲ့အချိန်နဲ့တန်အောင်ရသမျိုးစုံပေးမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။Back to the Furure Trilogy အစအဆုံးကို back to the future – Search Results – Channel Myanmar မှာ ဝင်ပြီး ဒေါင်းလို့ရပါတယ်  Quality__1080p Bluray HEVC IMDb Rating__7.4/10 Format__mp4 Duration__1h 58min Type__Adventure, Comedy, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Yoon Sandi Aung Encoded by ...
movie

Back to the Future Part III (1990)

1990
HEVC 1080p 5.1
Back to the Future Part II (1989) 7.8
Back to the Future Part II (1989) ဒီကားလေးကတော့ Channel Myanmar မှာ တစ်ခါ တင်ပေးဖူးတဲ့ Back To The Future ရဲ့ အဆက်လေးပါ။အဆက်ဆိုတဲ့ အတိုင်း ပထမပိုင်းကို ကြည့်ဖူးမှပဲ ဒီအပိုင်းကို ကြည့်ရတာ အရသာ ပိုရှိမှာပါ။ပထမပိုင်းကို ကြည့်ဖူးတဲ့သူတွေဆိုရင်လဲ ဒီအပိုင်းကို မကြည့်ပဲကို နေနိုင်ကြမှာ မဟုတ်ပါဘူး။ reviewတစ်ခုမှာ ရေးထား သလို ပါပဲ...Back To The Future ကို ရုပ်ရှင် အဖြစ် အသက်မသွင်းခင်ကဖန်တီးသူတွေ ဖြစ်ကြတဲ့ Robert Zemeckis နဲ့ Bob Gale တို့ကိုယ်တိုင်တောင်ဒီလောက် အောင်မြင်မှုနဲ့ ဝင်ငွေတွေ ရလိမ့်မယ်လို့ ထင်မိကြမှာ မဟုတ်ဘူးတဲ့။ ၁၉၈၉ မှာ ထွက်ရှိခဲ့တဲ့ ဒီအချိန်ခရီးသွား ဇာတ်ကားမှာ Marty Mcfly တစ်ယောက်အတိတ်ကနေ ပြန်ရောက်ရောက်ချင်းပဲ Dr.Emmett နဲ့အတူ အနာဂတ်ကို ဆက်သွားရဖို့ အကြောင်းဖန်လာပါတယ်။Marty လုပ်ရမယ့် ...
movie

Back to the Future Part II (1989)

1989
HEVC 1080p 5.1
Back to the Future (1985) 8.5
Back to the Future (1985) ဒီဇာတ်ကားက ၁၉၈၅ ခုနှစ်က ထွက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။Time Machine နဲ့အတိတ်ကိုသွားတဲ့ ပုံစံရိုက်ကူးထားပြီး အဲ့ဒီခေတ်လောက် ကတည်းကဆန်းသစ်တဲ့ Idea...ပစ္စည်းတွေကို သုံးပြီး ရုပ်ရှင်ရိုက်ကူးထားတာ ချီးကျူးဖွယ်ရာပါ။Adventure, Comedy, Sci-Fi အမျိုးအစားဇာတ်ကားဖြစ်ပါတယ်....ရယ်လဲရယ်ရသလို အဲ့ဒီခေတ် အဝတ်အစား ...ဒီဇိုင်း ...ပြောပုံဆိုပုံ... သရုပ်ဆောင်မှုတွေအကုန်လုံးရိုးသားသန့်စင်တဲ့အမူအရာနဲ့ နှစ်သက်ဖို့ကောင်းလွန်းပါတယ်။IMDb Rating (8.5/10) ထိရရှိထားသလို Rotten Tomatoes မှာလဲ (96%) ထိရရှိထားတဲ့ဇာတ်ကားပါ။Time Travel ဇာတ်ကားတွေထဲမှာတော့ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးလို့ သတ်မှတ်ရမယ့် ဇာတ်ကားပါ။Back to the Furure Trilogy အစအဆုံးကို back to the future – Search Results – Channel Myanmar မှာ ဝင်ပြီး ဒေါင်းလို့ရပါတယ် Quality__1080p Bluray HEVC IMDb Rating__8.5/10 Format__mp4 Duration__1h 56min Type__Adventure, Comedy, Sci-Fi Subtitle__Myanmar ...
movie

Back to the Future (1985)

1985
HEVC 1080p 5.1
Baahubali 2: The Conclusion (2017) Bahubali 2 8.7
Baahubali 2: The Conclusion (2017) Bahubali 2 IMDb Rating (8.2) / Rotten Tomatoes (86%)ဘုရင့် သက်တော်စောင့် ကက်တာပါးက မဟစ်ရှ်မာတီ နိုင်ငံတော်က ထီးညွန့်နန်းလျာ အမန်ဒရာဘာဟုဘာလီကို သူ ကိုယ်တိုင် ဘာကြောင့်သတ်ဖြတ် ပစ်ရတဲ့အကြောင်းကို သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီကို ရှင်းပြတဲ့ပုံစံနဲ့ ဇာတ်လမ်းဆက်ထား တာပါ။ဆူပူသောင်းကျန်းတဲ့ မ ကောင်းဆိုးဝါးတွေ နှိမ်နင်းအပြီး မှာတော့ ဘုရင်မကြီးဆီဗာဂါမိ ဟာ သားဖြစ်တဲ့ အမန်ဒရာဘာဟု ဘာလီကို ထီးနန်းဆက်ခံမယ့်သူ အဖြစ် ကြေညာခဲ့ပြီး တူဖြစ်တဲ့ ဘာလာကိုတော့ စစ်သူကြီးအဖြစ် ကြေညာခဲ့ပါတယ်။ ဘုရင်မကြီး က အမန်ဒရာကို တပ်မှူးကက် တာပါးနဲ့အတူ အနီးဝန်းကျင်က နိုင်ငံတွေနဲ့ ပြည်သူတွေကြားကို လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။အဲဒီလိုသွားရင်းနဲ့ တစ်နေ ရာအရောက်မှာတော့ တိုက်ရေး ခိုက်ရေးကျွမ်းကျင်ပြီး ထက်မြက် တဲ့ ကန်တာလာနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ဆုံခဲ့ပြီး မင်းသမီးကို သဘောကျမိတဲ့အတွက် အမန် ...
movie

Baahubali 2: The Conclusion (2017) Bahubali 2

2017
4K HEVC
Baahubali: The Beginning (2015) Bahubali 8.3
Baahubali: The Beginning (2015) Bahubali IMDb Rating (8/10) / Rotten Tomatoes (89%)မူရင်းအသံဖြစ်တဲ့ Telugu အသံနဲ့ International Cut Version ကို HEVC Encode နဲ့ပါ တင်ဆက်လိုက်ပါတယ်။ဗာဟုဘာလီဇာတ်ကားကတော့ Action, Adventure, History အမျိုးအစား ရာဇဝင်ဇာတ်ကားပါ။ရှေးခေတ်အိန္ဒိယတိုင်းပြည် က အင်အားကြီးဘုရင်တွေနဲ့ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ရှီဗာဆိုတဲ့ မွေး ကင်းစကလေးငယ်လေးနဲ့ သူ့ရဲ့ အထိန်းတော်ဖြစ်သူတို့ကို ဘုရင့် မှူးမတ်တွေက လိုက်ပြီးတော့ သုတ်သင်ပါတယ်။ ထွက်ပြေးရင်း လမ်းခုလတ်အရောက်မှာ သူ့ရဲ့ အထိန်းတော်ဖြစ်သူက ကွယ်လွန် သွားခဲ့ပြီး ရှီဗာဆိုတဲ့ ကလေးလေးကို ဒေသခံရွာသားတွေက စောင့်ရှောက်ခဲ့ပါတယ်။ရှီဗာ တဖြည်းဖြည်းကြီးလာ တဲ့အခါ တခြားလူငယ်တွေနဲ့မတူ ဘဲ သန်မာပြီးရဲရင့်တဲ့လူငယ်တစ် ယောက်ဖြစ်လာတယ်။ သူကြီး ပြင်းခဲ့တဲ့ရွာနဲ့ မနီးမဝေး တောင် ပေါ်မှာ ရှေးဟောင်းဘုရင့် တိုင်း ပြည်တစ်ခုရှိပြီး ...
movie

Baahubali: The Beginning (2015) Bahubali

2015
HEVC 1080p BluRay
Free Guy (2021) 7.6
Free Guy (2021)  Free Guy (2021) ===============================IMDb - 7.6/10ကဲ ...... ရေးနိုး ကြီး တစ်ရေးနိုးပါပြီနော့။ မျှော်နေတဲ့လူတွေ အားရကျေနပ်စေဦးမှာပါ။ခေတ်နဲ့ စနစ်နဲ့ အညီ ဖန်တီးပြုလုပ်ထားတဲ့ ရုပ်ရှင်တစ်ကားဆိုလည်း မမှားပါဘူး။မြန်မာနိုင်ငံက ဂိမ်မာတွေအတွက်ဆိုရင်တော့ ရုပ်ရှင်ထက်ပိုတဲ့ ခံစားမှုကို ရနိုင်ပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ..... ဂိုင်း က လူတွေဖန်တီးထားတဲ့ အွန်လိုင်း ဗီဒီယိုဂိမ်းတစ်ခုရဲ့ ကမ္ဘာထဲမှာ နေထိုင်တဲ့ ကွန်ပြူတာဇာတ်ကောင်တစ်ကောင်ပါသူ့ရဲ့ တစ်နေ့တာဟာ ဖန်တီးသူတွေ သတ်မှတ်ထားတဲ့အတိုင်း တစ်သွေမတိမ်းဘဲ နေ့စဥ် ဖြစ်နေပါတယ်။ဒါပေမယ့် တစ်နေ့မှာ မီလီဆိုတဲ့ မိန်းကလေးနဲ့ ဆုံပြီးနောက် သူ့ရဲ့နေ့စဥ်ဘဝကနေ သွေဖယ်ချင်စိတ်တွေ ဖြစ်လာပါတယ်။ သူ့ရဲ့ ဖြစ်တည်မှုကို မေးခွန်းတွေ ထုတ်လာခဲ့တယ်။အဲလိုနဲ့ ဂိုင်းဟာ နေ့စဥ်လုပ်နေကျ လုပ်ငန်းစဥ်တွေကနေ သွေဖယ်ပြီးလုပ်ဖို့ ကြိုးစားကြည့်တဲ့အခါမှာတော့...ဒီကားဟာ GTA Online ကို ရုပ်ရှင်ပြန်ရိုက်ထားတာနဲ့တောင်တူနေလို့ GTA ပရိတ်သတ်တွေဆိုရင် ပိုပြီးသဘောကျကြမှာပါ။ဒီကားဟာ ဂိမ်မာတွေ သဘောကျပြီး စိတ်ဝင်စားမယ့် ကားတစ်ကားပဲဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p File size…2.5GB and 1.3 GB Format…mp4 Duration….1h 55min Subtitle….Myanmar ...
movie

Free Guy (2021)

2021
Silver Skates (2020) 7.1
Silver Skates (2020) Silver Skates (2020)===============IMDb Rating - 7.1/10အချိန်ကတော့ ၁၉ရာစုအကုန် ၂၀ရာစုအစ ရုရှားအင်ပါယာကြီးရဲ့မြိုတော် စိန့်ပီတာဘတ်လမ်းတွေမှာ ရေခဲပြင်အတိဖုံးပြီးနှင်းဖွေးဖွေးလှုပ်နေတဲ့ ဆောင်းရာသီတစ်နေ့ပါ။ ရေခဲပြင်ပွဲဈေးတွေနဲ့ စည်ကားနေတဲ့ လူအုပ်ကြီးကြားမှာ မတ်ဗေးတစ်ယောက်လည်းသူ့စကိတ်လေးတစ်ရံနဲ့ ပိုင်းမုန့်အမီပို့ဖို့ကို ခပ်သွက်သွက်လှုပ်ရှားနေရပါတယ်။ ကံဆိုးချင်တော့ လမ်းခုလတ်မှာ လူကြီးလမ်းကြောင်းရှိလို့လမ်းပိတ်ထားတာနဲ့တိုးပြီး အချိန်မီမုန့်မပိုနိုင်ခဲ့တဲ့အတွက် သူ့ခမျာ အလုပ်ထုတ်ခံလိုက်ရပါတော့တယ်။မတ်ဗေးရဲ့အလုပ်နဲ့ရင်းပြီး ဖြတ်သွားခွင့်ပေးလိုက်ရတဲ့ အရာရှိမြင်းလှည်းကြီးဦးတည်သွားရာ စံအိမ်ကြီးမှာတော့ အလီဆာဆိုတဲ့မိန်းမပျိုလေးတစ်ဦးနေပါတယ်။ အလီဆာဆိုတာကတော့ သိပ္ပံပညာကိုအင်မတန်စိတ်ဝင်စားတဲ့ အထက်တန်းစားမိန်းမပျိုလေးတစ်ဦးပါ။ဒါပေမယ့် အဲဒီ ၁၉ရာစုခေတ်တွေမှာ မိန်းကလေးဆိုတာ အိမ်မှုကိစ္စပိုင်နိုင်ရမယ်၊ ဗိုင်းကောင်းကျောက်ပိနေရမယ်၊ ပညာတတ်စရာမလိုဘူးလို့ခံယူထားကြလေတော့ အလီဆာ့ခမျာ ဖခင်ဖြစ်သူရှေ့မှာ ပညာရေးအကြောင်းမဟရဲဘဲ ဝါသနာပါရာကို ပုန်းလျှိးကွယ်လျှိးလုပ်ရရှာပါတယ်။ ဒီလောက်ဆို ပရိသတ်ကြီးရိပ်မိလောက်ပါပြီ ဟုတ်ပါတယ်။ ရိုမီယိုနဲ့ဂျူးလိယက်ဇာတ်လမ်းကို inspire ယူပြီးရိုက်ကူးထားတဲ့ အထက်တန်းစားသူဌေးသမီးအချောအလှလေးနဲ့ အနုတ်စုတ်ဂုတ်တုတ်ဆင်းရဲသား ကောင်လေးတိုရဲ့ အချစ်ဇာတ်လမ်းလေးပါ။ဪ ဇာတ်ကားနာမည် Silver Skates ဆိုတာကတော့ ဇာတ်လိုက်ကျော်မတ်ဗေးတစ်ယောက် အသက်‌မွေးဝမ်းကျောင်းပြုနိုင်အောင်ကူညီပေးနေတဲ့ စကိတ်ဖိနပ်လေးတစ်စုံပါ။ သူ့ဘဝကို အလှည့်အပြောင်းတွေဖြစ်စေခဲ့တဲ့ ...
movie

Silver Skates (2020)

2021
Secret Magic Control Agency(2021) 6.2
Secret Magic Control Agency(2021) Animation ဇာတ်လမ်း​တွေကိုမှနှစ်သက်သူတို့အတွက် Secret Magic Control Agency ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဂရင်းညီနောင် ပုံပြင်များထဲက ဟန်ဆယ်နဲ့ ဂရေတယ်ကို မသိတဲ့သူတော့ မရှိသလောက်ပါပဲ။ဒါကတော့ သူတို့ရဲ့ နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ပေါ့။ဇာတ်လမ်းအစမှာ​တော့ တိုင်းပြည်တစ်ခုရဲ့ ဘုရင်ကြီးက အသက်ဝင်​နေတဲ့ အစားအသောက်တွေပြန်​ပေးဆွဲတာ ခံလိုက်ရပါတယ်အကယ်၍ ဘုရင်ပြန်​ပေးဆွဲခံလိုက်ရတာသာ သတင်းပေါက်ကြားသွားရင် တစ်တိုင်းပြည်လုံး က​မောက်ကမ ဖြစ်ကုန်မှာပါဒါ​ကြောင့် ဒီကိစ္စကို ​ဖြေရှင်းဖို့ SMCA ကို တာဝန်​ပေးလိုက်ပါ​တော့တယ်​အထူး​အေးဂျင့် ဂ​ရေတယ်နဲ့ သူ့အစ်ကို လူလိမ် ဟန်ဆယ်တို့က ဒီဇာတ်လမ်းထဲမှာတော့ မတည့်ကြတဲ့ မောင်နှမတွေအဖြစ်တွေ့ရပါတယ်။SMCA ရဲ့ ​ခေါင်း​ဆောင်က ပြန်​ပေးသမားကို ဖမ်းဖို့ လူလိမ်အကြီးစားကို သုံးရမယ်လို့ ဆုံးဖြတ်လိုက်ပြီး သူတို့နှစ်​ယောက်ကို တာဝန်​ပေးလိုက်ပါ​တော့တယ်စုံစမ်း​နေရင်း ဟန်ဆယ်ရဲ့ အမှား​ကြောင့် သူတို့နှစ်​ယောက်လုံး က​လေး​ပေါက်စ​လေး​တွေ ပြန်ဖြစ်သွားကြပါတယ်က​လေး​လေး​တွေ အဖြစ်နဲ့ ပဲ ပြန်​ပေးသမားကို လိုက်ရှာရင်း အလွဲ​လေး​တွေနဲ့ စွန့်စားခန်း ဖွင့်ကြပါ​တော့တယ်သူတို့​တွေ ဘုရင်ကြီးကို ရှာ​တွေ့ပါ့မလား ...
movie

Secret Magic Control Agency(2021)

2021
Maleficent (2014) 7.0
Maleficent (2014) Maleficent (2014) IMDb - 7.0/10_____Rotten - 54%  Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်း ဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့ တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ဝင်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက် ပြီကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိးမသေပဲ နှစ်တစ်ရာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ ...
movie

Maleficent (2014)

2014